တခြားသူတွေနဲ့ သဟဇာတဖြစ်အောင် ပူးပေါင်းလုပ်ဖို့ ကျွန်တော် သင်ယူခဲ့ရ
ဖန်းကျန့်၊ တရုတ်ပြည်၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ပြောတယ်။ ညီအစ်ကို ဝမ်ကျင့်နဲ့ ကျွန်တော် စာနဲ့ပတ်သက်တဲ့ တာဝန်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၂ ခုနှစ်မှာ ကျွန်မ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့် ကျွန်မတို့ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က ရလဒ်တချို့ ထွက်လာပြီး အသင်းတော်သစ် နှစ်ခုကိုလည်း တည်ထောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ညီအစ်ကို မောင်နှမတွေက အသင်းတော်ရဲ့ ရွေးကောက်ပွဲအလုပ်ကို ဦးစီးဖို့ ကျွန်မကို အမည်စာရင်း တင်သွင်းခဲ့ကြတယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေ မကောင်းတဲ့အခါမျိုးမှာ သူတို့နဲ့ မိတ်သဟာယဖွဲ့ပြီး ကူညီပေးဖို့ ကျွန်မကိုပဲ အကူအညီ တောင်းကြတယ်။ ကျွန်မ မိတ်သဟာယဖွဲ့ပေးပြီးရင် သူတို့ရဲ့ အခြေအနေတွေကို သူတို့ ပြောင်းလဲနိုင်ခဲ့ကြတယ်။ အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ စုဝေးပွဲတွေမှာဆိုရင် ကျွန်မတို့ အသင်းတော်က လူသစ်တွေ အများဆုံး ခေါ်ဆောင်နိုင်ခဲ့တာ၊ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေ အပြည့်အဝ ရှိနေတာ၊ ပြီးတော့ အလုပ်တွေက ဘက်စုံကနေ ချောချောမွေ့မွေ့ တိုးတက်နေတာကို မြင်ရတဲ့အခါ ကျွန်မ အရမ်းကို ဝမ်းသာခဲ့ရတယ်။ ကျွန်မမှာ တကယ့်ကို အလုပ်လုပ်နိုင်စွမ်းရှိပြီး လူတွေကို ရွေးချယ် အသုံးပြုတဲ့နေရာမှာ တော်တယ်လို့ ကိုယ့်ဘာသာ တွေးမိခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မက တရားဟောဆရာမအဖြစ် ရွေးချယ်ခံရတယ်။ တစ်ခါတော့ အသင်းတော် ရွေးကောက်ပွဲတစ်ခုကို ဦးစီးဖို့ ကျွန်မ သွားခဲ့တယ်။ ပထမအလှည့် ရွေးကောက်ပွဲမှာ ဝမ်ချန်လို့ခေါ်တဲ့ အစ်မတစ်ယောက်က မဲအများဆုံး ရခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားမိတယ်၊ “ဝမ်ချန်က အဆင့်အတန်းကို တော်တော်ခုံမင်ပြီး ကြွားဝါတာကို နှစ်သက်ပေမဲ့၊ ငါတို့ သုံးလေးခေါက်လောက် ဆက်ဆံခဲ့ရတဲ့အချိန်မှာ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူ နားလည်သဘောပေါက်မှု တချို့ရှိတာကို ငါ သတိထားမိတယ်။ သူက ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်တယ်” ပေါ့။ အဲဒီနေ့မှာပဲ အရင်က အသင်းတော် ခေါင်းဆောင်ရာထူးကနေ ဖြုတ်ချခံထားရတဲ့ ကျန်းလင်းကို ကျွန်မ တွေ့ခဲ့တယ်။ ကျန်းလင်းက ကျွန်မကို ပြောတယ်၊ “ဝမ်ချန်က သူ့ကိုယ်သူ ခဏခဏ သက်သေခံပြီး ကြွားဝါတတ်တယ်။ သူ့အခြေအနေနဲ့ ပတ်သက်ပြီး မိတ်သဟာယဖွဲ့တဲ့အခါ သူ့ရဲ့ ကောင်းတဲ့အချက်တွေကိုပဲ ပြောပြီး သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းကို ဘယ်တော့မှ မပြောဘူး။ အဲဒါကြောင့် ညီအစ်ကို မောင်နှမတွေက သူ့ကို အထင်ကြီးပြီး လေးစားကုန်ကြတာ၊ သမ္မာတရားနဲ့ ပတ်သက်လို့ မိတ်သဟာယဖွဲ့နိုင်တယ်၊ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ ပြောကြတာ။ ပြီးတော့ ခေါင်းဆောင်ရာထူးကနေ သူ ဖြုတ်ချခံခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ နားလည်သဘောပေါက်မှု တစ်စက်မှ မရခဲ့ဘူး။ သူ့ကို ခေါင်းဆောင်အဖြစ် ရွေးတာ မသင့်တော်ဘူး” တဲ့။ ဒါကိုကြားတော့ ကျန်းလင်းနဲ့ ပတ်သက်ပြီး ကျွန်မမှာ ကိုယ်ပိုင် အမြင်တချို့ ဖြစ်လာတယ်။ ကျွန်မ တွေးလိုက်တယ်၊ “နင်က အခုလေးတင် ဖြုတ်ချခံလိုက်ရတာဆိုတော့ ဝမ်ချန် ရွေးချယ်ခံရတာကို မြင်ပြီး မခံမရပ်နိုင် ဖြစ်နေတာ မဟုတ်လား။ ပြီးတော့ ငါ ဝမ်ချန်နဲ့ သုံးလေးကြိမ် ဆက်ဆံဖူးတယ်။ အရင်က သူ ဖြုတ်ချခံရတာနဲ့ ပတ်သက်ပြီး သူ နားလည်သဘောပေါက်မှု တချို့ ရှိတယ်လို့ ငါထင်တယ်။ နင်ပြောသလို လုံးဝ မဟုတ်ဘူး။ နင့်စကားတွေ နောက်ကွယ်က ရည်ရွယ်ချက်တွေကို နင် ဆင်ခြင်သုံးသပ်သင့်တယ်” ပေါ့။ အရင်တုန်းက အသင်းတော်ရဲ့ ရွေးကောက်ပွဲ အားလုံးနီးပါးကို ကျွန်မပဲ ဦးစီးခဲ့တာဖြစ်ပြီး ရွေးချယ်ခံရတဲ့သူတွေကလည်း သူတို့အလုပ်နဲ့ သူတို့ အနည်းနဲ့အများဆိုသလို သင့်တော်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မရဲ့ အကဲဖြတ်မှုက ကောင်းတယ်လို့ ထင်ပြီး ကျန်းလင်းရဲ့ အကြံပေးချက်ကို လက်မခံချင်ခဲ့ဘူး။ အိမ်ပြန်ရောက်တော့ ဒီရွေးကောက်ပွဲမှာ ဝမ်ချန်က မဲအများဆုံးရခဲ့တယ်ဆိုတဲ့အကြောင်းကို ကျွန်မရဲ့ တွဲဖက်အစ်မကို ပြောပြလိုက်တယ်။ ဒါကိုကြားတော့ သူက အံ့သြသွားပြီး ပြောတယ်၊ “ဝမ်ချန်က အဆင့်အတန်းကို အရမ်းလိုချင်တဲ့ ဆန္ဒရှိပြီး သူ့ကိုယ်သူကြွားဝါတဲ့ ပြဿနာကလည်း တော်တော်ကြီးတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်အကြောင်း အစီရင်ခံတဲ့အခါ သူ့ရဲ့ ကောင်းတဲ့ဘက်ကိုပဲ အာရုံစိုက်ပြီး သူ လမ်းလွဲတာတွေအကြောင်းကို တစ်ခါမှ မပြောခဲ့ဘူး။ သူ့အခြေအနေအကြောင်း ပြောရင်လည်း အပြုသဘောဆောင်တာတွေချည်းပဲ၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ဘက်ကို ဘယ်သူ့ကိုမှ အမြင်မခံဘူး။ တစ်ခုခုဆိုရင် ညီအစ်ကို မောင်နှမတွေအားလုံး သူ့ကိုပဲ လာတိုင်ပင်ကြတယ်၊ ဒါပေမဲ့ စည်းမျဉ်းတွေကိုတော့ မရှာဖွေကြဘူးလို့ သူက ပြောတယ်။ အဲဒီတုန်းက သူ့ရဲ့ ကြွားဝါတတ်တဲ့ ပြဿနာတွေနဲ့ သူ့ကိုယ်သူ သက်သေခံတတ်တဲ့အကြောင်းကို သူနဲ့ မိတ်သဟာယဖွဲ့ပြီး ကျွန်မတို့ ထောက်ပြခဲ့ကြတယ်။ ဒါပေမဲ့ သူ့မှာ အဲဒီလို ရည်ရွယ်ချက်မရှိပါဘူးတဲ့၊ ညီအစ်ကို မောင်နှမတွေကသာ သူ့ကို အထင်ကြီးချင်နေကြတာပါလို့ သူက ပြောတယ်။ ဖြုတ်ချခံရပြီးတဲ့နောက်မှာလည်း သူ့ကိုယ်သူ နားလည်သဘောပေါက်မှု တစ်စက်မှ မရခဲ့ဘူး။ ဝမ်ချန်အကြောင်းကို ကျွန်မတို့ မသိနိုင်သေးဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်မ သမ္မာတရားကို ဆက်ရှာဖွေသင့်တယ်” တဲ့။ ကျွန်မ ရွေးချယ်ထားတဲ့သူကို ဒီအစ်မကလည်း ငြင်းပယ်လိုက်တာကို ကြားရတော့ ကျွန်မ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ရှင်ပြောနေတာတွေက လွန်ခဲ့တဲ့ သုံးလေးနှစ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေလေ။ အခုနောက်ပိုင်း ဝမ်ချန်နဲ့ ဆက်ဆံရတဲ့ သုံးလေးကြိမ်မှာ သူက သူ့ကိုယ်သူ နားလည်သဘောပေါက်နိုင်စွမ်း ရှိတာကို ကျွန်မမြင်ခဲ့တယ်။ ရှင်ပြောသလိုမျိုး မဟုတ်ဘူး။ သူ့ကို ချက်ချင်းကြီး ပုံသေမသတ်မှတ်လိုက်နဲ့။ နောက်ပြီးတော့လည်း ကျွန်မ ခေါင်းဆောင်လုပ်လာတာ သုံးလေးနှစ်ရှိနေပြီ။ လူအများကြီးနဲ့ ဆက်ဆံခဲ့ရလို့ ပိုင်းခြားသိမြင်တတ်တယ်။ လူတွေကို ရွေးချယ်အသုံးပြုတဲ့နေရာမှာ ရှင့်ထက် ကျွန်မက ပိုပြီး အတွေ့အကြုံရှိတာ၊ ဒါနဲ့ပတ်သက်ပြီး ကျွန်မက တကယ်ပဲ မှားနေမလား” ပေါ့။ ဒါပေမဲ့ အပြင်ပန်းမှာတော့ ကျွန်မက သူ့ကို ညင်ညင်သာသာပဲ ပြောလိုက်တယ်၊ “အစ်မပြောနေတာတွေက လွန်ခဲ့တဲ့ နှစ်အတော်ကြာက ဖြစ်ခဲ့တာတွေလေ၊ အခု ဝမ်ချန်မှာ သူ့ကိုယ်သူ နားလည်သဘောပေါက်မှု တချို့ ရှိနေပါပြီ။ လူတွေရဲ့ အတိတ်ကိုချည်းပဲ ကြည့်နေလို့ မရဘူး၊ သူတို့ကို ကျွန်မတို့ မှန်မှန်ကန်ကန် ရှုမြင်သင့်တယ်” ပေါ့။ အဲဒီအစ်မက ဘာမှ ပြန်မပြောတော့တဲ့အခါ ကျွန်မက မှန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့တောင် ယုံကြည်သွားပါတော့တယ်။
နောက်တစ်ခါ လီလီလို့ခေါ်တဲ့ အစ်မတစ်ယောက်ကို ကျွန်မ တွေ့ခဲ့တယ်။ သူက ခေါင်းဆောင်တာဝန်ကနေ ဖြုတ်ချခံထားရပြီး အရမ်းကို အပျက်သဘော ဆောင်နေတယ်။ သူ့အတွက် တာဝန်တစ်ခုခု စီစဉ်ပေးလိုက်ရင် ဒီအပျက်သဘောဆောင်တဲ့ အခြေအနေကနေ မြန်မြန် ရုန်းထွက်နိုင်ဖို့ ကူညီပေးရာ ရောက်မလားလို့ ကျွန်မ တွေးမိတယ်။ အသင်းတော်မှာ အထွေထွေ သင်းထောက်တစ်ယောက် လိုအပ်နေတာကို တွေ့တော့ လီလီ့ကို သတိရသွားပြီး သူ့ကို ဒီတာဝန် ယူခိုင်းဖို့ စဉ်းစားခဲ့တယ်။ အသင်းတော် ခေါင်းဆောင် ကျန်းဟွေဆီကို ကျွန်မ သွားတွေ့တယ်။ လီလီ့ကို အထွေထွေ သင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးမယ့်ကိစ္စ ဆွေးနွေးဖို့ပေါ့။ ကျန်းဟွေက ပြောတယ်၊ “လီလီက ဖြုတ်ချခံရပြီးတဲ့နောက်မှာ သူ့ကိုယ်သူ သိမြင်မှု တစ်စက်မှ မပြဘူး။ ညီအစ်ကို မောင်နှမတွေက သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ သူက လက်မခံဘဲ ပြန်ပက်ပြီး ငြင်းခုံတဲ့အတွက် လူတိုင်းက သူ့ကြောင့် ဘောင်ခတ်ခံရတယ်လို့ ခံစားနေကြရတယ်။ သူ့မှာ လူ့သဘာဝ ညံ့ဖျင်းပြီး သမ္မာတရားကို လက်မခံဘူးလို့ ညီအစ်ကို မောင်နှမတွေက အစီရင်ခံထားကြတယ်။ စည်းမျဉ်းအရဆိုရင် သူက အထွေထွေ သင်းထောက်ဖြစ်ဖို့ မသင့်တော်ပါဘူး” တဲ့။ ကျန်းဟွေရဲ့ စကားကို ကြားတော့ ကျွန်မ တော်တော်လေး အထင်သေးသွားတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “လီလီက အခုလေးတင် ဖြုတ်ချခံထားရတာလေ၊ သူ့ကိုယ်သူ သိပ်သိမြင်နိုင်သေးတာ မဟုတ်တာ ပုံမှန်ပါပဲ။ ပြီးတော့ အရင်က ငါသူနဲ့ ဆက်ဆံဖူးတဲ့အခါ သူ့ရဲ့ လူ့သဘာဝ ညံ့တယ်လို့ ငါ သတိမထားမိပါဘူး။ ရှင်တို့ လူတွေကို ဘယ်လို အကဲဖြတ်ရမလဲဆိုတာ တကယ်ကော သိရဲ့လား။ လီလီက ဂုဏ်သတင်းကို တော်တော်လေး အလေးထားပြီး သူ့ပြဿနာကို ထောက်ပြတဲ့သူတွေနဲ့ တစ်ခါတလေ အကြောင်းပြချက် ပေးတတ်ပေမဲ့၊ ပြဿနာဖြစ်ပြီးသွားရင် သူက ဆင်ခြင်သုံးသပ်ပြီး သူ့ကိုယ်သူ သိအောင် ကြိုးစားတတ်တယ်၊ ပြီးတော့ သူ စိတ်မကြည်တာကြောင့်နဲ့ တာဝန်မှာ အနှောင့်အယှက်အဖြစ်မခံဘူး။ သူက ဝန်တာထားစိတ်နဲ့ တာဝန်ကို သဘောထားတယ်” ပေါ့။ ဒါနဲ့ ကျွန်မက ကျန်းဟွေကို ပြောလိုက်တယ်၊ “ဒီအစ်မကို ကျွန်မ တော်တော်လေး သိပါတယ်။ သူ့ရဲ့ လူ့သဘာဝ ညံ့ဖျင်းတာကို ကျွန်မ သတိမထားမိခဲ့ပါဘူး။ သူ အထွေထွေတာဝန်ကို လုပ်ဖို့ အဆင်ပြေပါတယ်။” ပေါ့။ အပြင်ပန်းမှာတော့ ကျွန်မက အရမ်းကြီး ခေါင်းမာတဲ့ပုံ မပြပေမဲ့ ကျွန်မ စိတ်ထဲမှာတော့ တွေးနေတုန်းပဲ၊ “ငါ ခေါင်းဆောင် လုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ ဒီကိစ္စကို ငါ တကယ်ပဲ အကဲဖြတ်မှားနေမလား။ ငါပြောတဲ့အတိုင်းပဲ လုပ်ကြမယ်။ ကျွန်မဒီကိုလာတာ ရှင့်ကို အသိပေးရုံသက်သက်ပဲ။ နောက်ဆုံး ဆုံးဖြတ်ချက်က ကျွန်မအပေါ်မှာပဲ မူတည်တယ်” ပေါ့။ အဲဒီနောက်မှာ လီလီ့ကို အထွေထွေ သင်းထောက်အဖြစ် ကျွန်မ တိုက်ရိုက် စီစဉ်ပေးလိုက်တယ်။ အဲဒီလိုနဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်နေတဲ့ အခြေအနေထဲမှာ ကျွန်မ အသက်ရှင်နေထိုင်ခဲ့တယ်။ ငါတကော ကောပြီး သူများတွေရဲ့ အကြံပေးချက်တွေကို လက်မခံခဲ့ဘူး။ ကျွန်မက တော်တယ်၊ ပြဿနာတွေကို မြင်တဲ့နေရာမှာ အမြင်နက်ရှိုင်းတယ်လို့ ထင်နေခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ တွဲဖက်အစ်မနဲ့ အလုပ်ကိစ္စ ဆွေးနွေးတဲ့အခါတိုင်း သူ့ထက်စာရင် ကျွန်မရဲ့ အကဲဖြတ်မှုက ပိုကောင်းတယ်လို့ အမြဲခံစားရပြီး ကျွန်မရဲ့ အမြင်တွေကိုပဲ ဆုပ်ကိုင်ထားခဲ့တယ်။ ဒါတွေ ဖြစ်ပြီးတဲ့နောက်မှာ ကျွန်မတာဝန်ရဲ့ ရလဒ်တွေ စတင် ကျဆင်းလာပြီး ကျွန်မရဲ့ အခြေအနေကလည်း ပိုပိုပြီး ဆိုးလာတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့တဲ့ အခါမှာတောင် ဘာအလင်းမှ မပြောနိုင်တော့ဘူး။ တာဝန်လုပ်တဲ့အခါ အမြဲတမ်း ငိုက်မျဉ်းနေတတ်ပြီး ည ၈ နာရီ၊ ၉ နာရီလောက်ဆိုရင်ကို အိပ်ချင်နေပြီ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးသွားသလို၊ ဘုရားသခင်က သူ့မျက်နှာတော်ကို ကျွန်မဆီကနေ ကွယ်ဝှက်ထားသလို ခံစားရတယ်။ အဲဒီအချိန်မှာ ကျွန်မဆီက ဒီပြဿနာတွေကို ကျွန်မ သတိမပြုမိနိုင်သေးဘူး။ ရက်နည်းနည်း ကြာတော့ ဘုရားသခင်ရဲ့ ရိုက်နှက်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းကို ကျွန်မ ရင်ဆိုင်လိုက်ရတယ်။
ညနေခင်းတစ်ခုမှာ အစီရင်ခံစာတစ်စောင်ကို ကျွန်မ မတော်တဆ ဖွင့်ဖတ်မိတယ်။ စာထဲမှာ ရေးထားတာက ကျွန်မ တရားဟောသူအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ကိစ္စတွေကို စည်းမျဉ်းတွေနဲ့အညီ မကိုင်တွယ်ခဲ့ဘူးတဲ့။ ဝမ်ချန်က ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အစီရင်ခံတဲ့အခါ ကျွန်မက လက်မခံခဲ့သလို၊ အခြေအနေမှန်ကို နားလည်အောင်လည်း မကြိုးစားခဲ့ဘူးတဲ့လေ။ ဝမ်ချန် ခေါင်းဆောင်ဖြစ်နေတဲ့ အချိန်အတွင်းမှာ ညီအစ်ကို မောင်နှမတွေ အခြေအနေ မကောင်းတဲ့အခါ မိတ်သဟာယဖွဲ့ပြီး ကူညီပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေကို သူ မရှာဖွေခဲ့ဘူး။ အဲဒီအစား သမ္မာတရားကို မလိုက်စားဘူးဆိုပြီး သူတို့ကို ဆူပူကြိမ်းမောင်းခဲ့တယ်။ သူ့ရဲ့ တွဲဖြစ်တဲ့ ရှောင်ရွှီက သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ သူက လက်မခံတဲ့အပြင် ရှောင်ရွှီအပေါ် ထားတဲ့ သူ့ရဲ့ မလိုမုန်းထားမှုတွေကို ညီအစ်ကို မောင်နှမတွေကြားထဲ ဖြန့်ဝေခဲ့သေးတယ်။ အဲဒါကြောင့် လူတိုင်းက ဝမ်ချန်ဘက်ကို ပါသွားပြီး ရှောင်ရွှီက ခေါင်းဆောင် အယောင်ဆောင်ပဲလို့ ထင်ကုန်ကြတယ်။ ဒီကိစ္စကြောင့် အသင်းတော်မှာ ဖရိုဖရဲဖြစ်ခဲ့ပြီး ညီအစ်ကို မောင်နှမတွေက နှစ်လကျော်ကြာအောင် ပုံမှန် အသင်းတော် အသက်တာနဲ့ မနေထိုင်နိုင်ခဲ့ကြဘူး။ သူတို့ရဲ့ အသက်ဝင်ရောက်မှုမှာ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပြီး အသင်းတော်အလုပ်ကလည်း နှောင့်ယှက်ခြင်းနဲ့ အဖျက်အမှောင့်လုပ်ခြင်းကို ဆိုးဆိုးရွားရွား ခံခဲ့ရတယ်။ ဒီအစီရင်ခံစာကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ရင်တွေလည်း အရမ်းခုန်လာတယ်။ စာထဲက စကားလုံးတိုင်းက ကျွန်မရဲ့ နှလုံးသားကို ထိုးဖောက်သွားပြီး ရှုတ်ချခံလိုက်ရသလို ဖြစ်သွားတယ်။ ကျွန်မ စိုးရိမ်ထိတ်လန့်ပြီး ကြောက်လန့်တကြား ဖြစ်သွားတယ်။ ကိုယ့်ဘာသာ တွေးမိတယ်၊ “အခုတော့ ငါ တကယ် ဇာတ်သိမ်းပြီပဲ။ အထက်ခေါင်းဆောင်က ငါ့ကို ဖြုတ်ချတော့မှာလား။” “ဘုရားသခင်ရဲ့ အလုပ်က အခု အဆုံးသတ်တော့မယ်။ ဒီအချိန်မှာ ငါ ဖြုတ်ချခံရရင် ငါ ထုတ်ဖော်ခံလိုက်ရပြီဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။ ကယ်တင်ခံရဖို့ ငါ့မှာ မျှော်လင့်ချက် မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား” ပေါ့။ ကျွန်မရဲ့ ရင်ဘတ်ပေါ်မှာ အလေးအပင်ကြီး ဖိချထားသလို ခံစားရတယ်။ အဲဒီရက်ပိုင်းတွေမှာ ကျွန်မ ထမင်းလည်း ကောင်းကောင်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်ဘဲ ခေါင်းဆောင်က ကျွန်မကို အချိန်မရွေး ဖြုတ်ချမှာပဲဆိုပြီး ကြောက်နေခဲ့တယ်။ မကြာခင်မှာ အထက်ခေါင်းဆောင်က ကျွန်မနဲ့ တွေ့ဖို့ စီစဉ်တယ်။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရှိတာကို သူတွေ့တော့ ကျွန်မကို ဖော်ထုတ်ပြီး ပြုပြင်တယ်။ ကျွန်မက အရမ်းကို မာနထောင်လွှားတယ်၊ ညီအစ်ကို မောင်နှမတွေရဲ့ အကြံပေးချက်ကို လက်မခံဘူး၊ တာဝန်မှာ ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်းပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ် နှောင့်ယှက်နေတယ်လို့ သူက ပြောတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်က ကျွန်မကို ဖြုတ်ချလိုက်တယ်။ ဖြုတ်ချခံရပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို အပျက်သဘော ဆောင်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း မစားသောက်ချင်၊ ဆုလည်း မတောင်းချင်တော့ဘူး။ ခေါင်းဆောင်က ကျွန်မကို ဘယ်လို ဖော်ထုတ်ခဲ့လဲဆိုတာ တွေးမိတာနဲ့ ရင်ကွဲမတတ်ကို ခံစားရတာပဲ။ ကျွန်မတော့ တကယ် ဇာတ်သိမ်းပြီ၊ ကျွန်မက မာနထောင်လွှားလွန်းလို့ ပြုပြင်လို့ မရနိုင်တော့ဘူးလို့ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် လက်လျှော့ပြီး ဝမ်းနည်းပူဆွေးမှုတွေထဲမှာ နစ်မွန်းနေခဲ့တယ်။ အချိန်ရရင်တောင် ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ဘဲ နာကျင်မှုကို မေ့ဖျောက်ဖို့ တီဗီရှိုးတွေချည်းပဲ ထိုင်ကြည့်နေခဲ့တယ်။ နားဝေတိမ်တောင်နဲ့ တွေဝေငေးမောပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင်လို နေ့ရက်တွေကို ဖြတ်သန်းနေခဲ့တာ။ တစ်ခါတလေကျရင် ကျွန်မ တွေးမိတယ်၊ “ငါ ဘုရားသခင်ကို ယုံကြည်နေတာ အတိအကျ ဘာအတွက်လဲ။ အခု ဖြုတ်ချခံရပြီဆိုတော့ ငါတကယ်ပဲ ဆက်မလိုက်စားတော့ဘူးလား။ အရင်တုန်းက လိုက်စားခဲ့တဲ့ အင်အားတွေ အခု ဘာလို့ ပျောက်ကုန်တာလဲ။ ငါက ဘုရားသခင်ကို တကယ် ယုံကြည်တဲ့သူရော ဟုတ်ရဲ့လား” ပေါ့။ ဒါကို တွေးမိတော့ ဘုရားသခင်ရှေ့မှောက် သွားပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်။ ဖြုတ်ချခံရပြီးတဲ့နောက်မှာ သမီး အပျက်သဘောဆောင်တဲ့အထဲ ကျဆင်းသွားပြီး ဒီလိုအခြေအနေမျိုး ဖြစ်သွားရပါတယ်။ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက တကယ်ကို သေးငယ်လွန်းတာကို သမီး မြင်တွေ့ရပါတယ်။ ဘုရားသခင်၊ ဒီအပျက်သဘောဆောင်တဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ သမီးကို လမ်းပြပေးတော်မူပါ” ပေါ့။
တစ်နေ့မှာ ကျွန်မ ဘုရားဝတ်ပြုနေတုန်း ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “လူအချို့က လူတစ်ဦးအနေဖြင့် တရားစီရင်၊ ပြစ်တင်ဆုံးမခြင်းခံရကာ ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့၏ စစ်မှန်သော စရိုက်များ ထုတ်ဖော်ခံရပြီးနောက်တွင် ၎င်းတို့၏ အဆုံးသတ် ချမှတ်ခြင်းခံရကာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိရန် သေချာသည်ဟု တွေးထင်ကြသည်။ လူအများစုက ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြချေ။ ၎င်းတို့သည် ရှေ့တွင်ရှိသည့် လမ်းကြောင်းအား မည်သို့လျှောက်ရမည်ကို မသိဘဲ လမ်းဆုံတွင် ချီတုံချတုံဖြစ်နေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အမှုတော်အပေါ် စစ်မှန်သည့် အသိ ကင်းမဲ့သေးသည်ဟု ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်နှင့် လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းအကြောင်း သံသယများ အမြဲရှိသူတို့သည် စစ်မှန်သည့် ယုံကြည်ခြင်း တစ်ခုတလေ လုံးဝ ရှိကြသလော။ သာမန်အားဖြင့် လူအချို့သည် ပြုပြင်ခြင်းကို မခံရသေးဘဲ ဆုတ်ဆိုင်းမှု တစ်စုံတစ်ခုမျှ မခံစားရသည့်အခါ ၎င်းတို့သည် မိမိတို့၏ယုံကြည်မှုတွင် သမ္မာတရားကို လိုက်စားသင့်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်သင့်သည်ဟု ခံစားကြရသည်။ သို့သော် ၎င်းတို့သည် ဒုက္ခခံစားရပြီးသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သစ္စာဖောက်သော သဘာဝက ပေါ်ထွက်လာသည်။ ယင်းကို မြင်ရသည်မှာ အော့နှလုံးနာစရာ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အော့နှလုံးနာစရာ ဖြစ်သည်ဟု ခံစားကြရပြီး နောက်ဆုံးတွင် ‘ငါတော့ ပွဲသိမ်းသွားပြီ။ ငါက ဒီလိုအရာတွေကို လုပ်နိုင်စွမ်းရှိရင် ငါ့ဘဝ ဇတ်သိမ်းပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား။ ဘုရားသခင်က ငါ့ကို ဘယ်တော့မှ ကယ်တင်မှာ မဟုတ်ဘူး’ ဟု ပြောလျက် ၎င်းတို့၏ ကိုယ်ပိုင် အဆုံးသတ်ကို စီရင်ချက်ချကြသည်။ လူများစွာတို့သည် ဤအခြေအနေတွင် ရှိကြသည်။ လူတိုင်းသည် ဤကဲ့သို့ ဖြစ်သည်ဟုပင် ဆိုနိုင်သည်။ လူများသည် အဘယ့်ကြောင့် မိမိတို့ကိုယ်ကို ထိုသို့ စီရင်ချက်ချကြသနည်း။ ယင်းက ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်သေးဟု သက်သေပြနေသည်။ တစ်ကြိမ်တစ်ခါ ပြုပြင်ခံရခြင်းက သင်သည် ရုန်းထွက်ရန် အားထုတ်နိုင်ခြင်း မရှိဘဲ သင်၏ တာဝန်ကို စွန့်လွှတ်ကောင်း စွန့်လွှတ်လိုက်နိုင်သည့်အတိုင်းအတာထိတိုင်အောင် အချိန်ကာလကြာမြင့်စွာ အပျက်သဘောဆောင်ခြင်းထဲသို့ သင့်အား ကျဆင်းစေနိုင်သည်။ သေးငယ်သည့် အခြေအနေတစ်ခုသည်ပင်လျှင် သင့်ကို သမ္မာတရား မလိုက်စားတော့ဘဲ ပိတ်မိသွားစေနိုင်သည့်အဖြစ်သို့ ခြောက်လှန့်နိုင်သည်။ ယင်းမှာ လူတို့သည် မိမိတို့က အပြစ်အနာအဆာကင်းပြီး အပြစ်တင်စရာ မရှိကြောင်း ခံစားရသည့်အခါတွင်သာ ၎င်းတို့၏ လိုက်စားမှုတွင် စိတ်ထက်သန်ကြသည့်တိုင် ၎င်းတို့ အလွန်အကျွံ ဖောက်ပြန်ပျက်စီးသည်ကို သိရှိလိုက်ရသည့်အခါ ၎င်းတို့ သမ္မာတရား ဆက်လက်လိုက်စားရန် စိတ်မပါကြသည့်အလား ဖြစ်သည်။ များစွာသောလူတို့သည် ‘ကျွန်ုပ်အတွက် သေချာပေါက် ဇာတ်သိမ်းသွားပေပြီ။ ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်လိမ့်မည် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ခွင့်လွှတ်လျှင်ပင် ကျွန်ုပ်ကိုယ်ကျွန်ုပ် မခွင့်လွှတ်နိုင်ပါ။ ကျွန်ုပ် လုံးဝ မပြောင်းလဲနိုင်ပါ’ဟူသကဲ့သို့သော အားမလိုအားမရဖြစ်ကာ အပျက်သဘောဆောင်သည့် စကားများ ပြောဆိုကြပြီးဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူတို့ နားမလည်ကြပေ။ ယင်းက သူ၏ အမှုတော်ကို ၎င်းတို့ နားမလည်ကြကြောင်းကို ပြသသည်။ အမှန်တွင် လူတို့အတွက် ၎င်းတို့၏ အတွေ့အကြုံများတစ်လျှောက်တွင် တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်ခြင်း သို့မဟုတ် မသမာသောပုံစံဖြင့် သို့မဟုတ် တာဝန်မဲ့စွာ သို့မဟုတ် ဝတ်ကျေတမ်းကျေနှင့် သစ္စာစောင့်သိမှုမရှိဘဲ ပြုမူဆောင်ရွက်ခြင်းက သဘာဝအလျောက်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲမရသော နိယာမဖြစ်သည်။ ဤထုတ်ဖော်မှုများကြောင့်သာ မဟုတ်လျှင် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားများဟု အဘယ်ကြောင့် ခေါ်မည်နည်း။ လူသားများ ဖောက်ပြန်ပျက်စီးခြင်းမရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်သည် အဓိပ္ပာယ်မဲ့သွားပေမည်။ ယခုတွင် ပြဿနာမှာ လူတို့သည် သမ္မာတရားကို နားမလည်ကြသောကြောင့် သို့မဟုတ် မိမိတို့ကိုယ်ကို နားမလည်ကြသောကြောင့်လည်းကောင်း၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေများကို ရှင်းလင်းစွာ မမြင်နိုင်သောကြောင့်လည်းကောင်း အလင်းကို မြင်ရန်အလို့ငှာ ဘုရားသခင်က သူ၏ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ဖော်ပြရန် ၎င်းတို့ လိုအပ်ကြခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့သည် နုံအကာ ဉာဏ်ထိုင်းနေကြမည်ဖြစ်သည်။ ဘုရားသခင်သည် ဤနည်းဖြင့် အမှုမပြုလျှင် လူတို့ လုံးဝ ပြောင်းလဲကြမည် မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်က နွေးထွေးတဲ့ ရေစီးကြောင်းလေးတစ်ခုလို ကျွန်မရဲ့ နှလုံးသားကို နွေးထွေးသွားစေပြီး နှစ်သိမ့်ခွန်အားပေးခဲ့တယ်။ ဘုရားသခင်ရဲ့ အလုပ်ကို ကျွန်မ နားမလည်နိုင်ခဲ့လို့သာ ဒီလို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေထဲမှာ အသက်ရှင်နေခဲ့တာကို နောက်ဆုံးမှာ ကျွန်မ သတိပြုမိသွားတယ်။ ကိုယ့်သဘောနဲ့ကိုယ် လူတွေကို ရွေးချယ် အသုံးပြုခဲ့ပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့မိလို့ ဘုရားသခင်က ကျွန်မကို ကယ်တင်တော့မှာ မဟုတ်ဘူးလို့ ကျွန်မ တွေးခဲ့တာလေ။ တကယ်တမ်းကျတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို နားလည်စေဖို့ ဘုရားသခင်က ဒီထုတ်ဖော်ချက်ကို အသုံးပြုနေခဲ့တာပါ။ ဒီအဖြစ်မှန်တွေ ထုတ်ဖော်တာသာ မခံရဘူး၊ ဒီလို ပြုပြင်ခြင်းသာ မခံရဘူးဆိုရင်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ဘယ်လောက်တောင် ဆိုးရွားနေတာကို၊ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ကိစ္စတွေ အများကြီးကို လုပ်နိုင်စွမ်း ရှိနေခဲ့တာကို ကျွန်မ မြင်နိုင်မှာ မဟုတ်ဘူး။ အခု ကျွန်မ ဖြုတ်ချခံရတာဟာ ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးနေတာပဲ ဖြစ်တယ်။ မကောင်းမှုလုပ်နေတာကို ချက်ချင်း ရပ်တန့်နိုင်ဖို့နဲ့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နောင်တရဖို့၊ ပြောင်းလဲနိုင်ဖို့အတွက်ပေါ့။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းနေတာလို့ ကျွန်မ တွေးပြီးဘုရားသခင်ကို အထင်လွဲနေတုန်းပဲ။ ဒါကြောင့် အပျက်သဘောဆောင်တာတွေထဲမှာ အသက်ရှင်နေခဲ့ပြီး မျှော်လင့်ချက်မဲ့စွာနဲ့ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ထားခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ အရမ်း နာကျင်စေခဲ့တာပဲ။ ဘုရားသခင်အပေါ် အရမ်းကို အကြွေးတင်သလို ခံစားရလို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲကနေ ပြောလိုက်တယ်၊ “ငါ ဘယ်လောက်ပဲ ဖောက်ပြန်ပျက်စီးနေပါစေ၊ ပိုကောင်းအောင် ကြိုးစားဖို့တော့ အကောင်းဆုံး လုပ်ရမယ်။ အပျက်သဘောဆောင်တဲ့အထဲ ဆက်ပြီး နစ်မွန်းနေလို့ မဖြစ်ဘူး” ပေါ့။ အဲဒီနောက်မှာတော့ ဘုရားနှုတ်ကပတ်တော်တွေကို ပုံမှန် စားသောက်ပြီး နေ့တိုင်း ဆုတောင်းခဲ့တယ်၊ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ အခြေအနေက စပြီး တိုးတက်လာခဲ့တယ်။
အဲဒီအချိန်အတောအတွင်းမှာ ဘာကြောင့် ကျွန်မ ကျရှုံးပြီး ယိမ်းယိုင်ခဲ့ရတာလဲဆိုတာကိုလည်း ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ရတယ်။ “‘ထင်ရာစိုင်းကာ မဆင်မခြင်ပြုလုပ်ခြင်း’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းသည် ကိစ္စတစ်ခုခု တွေ့ကြုံသည့်အခါ တွေးခေါ်မြော်မြင်ခြင်း၊ သို့မဟုတ် ရှာဖွေခြင်းအတွက် မည်သည့်နည်းစနစ်မှ မရှိဘဲ မိမိသင့်တော်သလို ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုသည်။ အခြားသူတစ်ဦးတလေ ပြောသည့် မည်သည့်အရာမျှ သင့်စိတ်နှလုံးကို မတို့ထိနိုင်၊ သို့မဟုတ် သင့်စိတ်ကို မပြောင်းလဲနိုင်ပေ။ သင့်ကို သမ္မာတရား မိတ်သဟာယဖွဲ့သည့်အခါတွင် သင်သည် လက်ပင်မခံနိုင်ပေ။ အခြားလူများက အမှန်တစ်ခုတလေကို ပြောသည့်အခါတွင် သင်နားမထောင်ဘဲ သင့်ကိုယ်သင် မှန်ကန်သည်ဟု ယုံကြည်ပြီး သင်၏ကိုယ်ပိုင် စိတ်ကူးများကို ဖက်တွယ်ထားလျက် မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကိုသာ ဆုပ်ကိုင်ထားသည်။ သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည်။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင် ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။ မိမိကိုယ်ကို မှန်သည်ဟု အလွန်အမင်း မှတ်ယူပြီး တစ်ဇွတ်ထိုးဆန်သော လူများအတွက်မူ သမ္မာတရားကို လက်ခံဖို့ မလွယ်ကူပေ။ သင်သည် မှားသည့်အရာတစ်စုံတစ်ခု လုပ်ပြီး အခြားလူများက ‘သင်သည် သမ္မာတရားအတိုင်း လုပ်ဆောင်နေခြင်း မဟုတ်’ ဟု ပြောလျက် သင့်အား ဝေဖန်လျှင်၊ သင်က ‘ကျွန်ုပ် သမ္မာတရားအတိုင်း မလုပ်လျှင်ပင် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်ပုံစံ ဖြစ်နေဆဲ ဖြစ်သည်’ ဟု ပြန်ပြောပြီး ထို့နောက်တွင် ဤအရာမှာ မှန်ကန်ကြောင်း ၎င်းတို့အား တွေးစေဖို့ သင်သည် အကြောင်းပြချက်အချို့ရှာသည်။ ၎င်းတို့က ‘သင် ဤသို့ပြုလုပ်ခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး အသင်းတော်အလုပ်ကို ထိခိုက်လိမ့်မည်’ ဟု ပြောလျက် သင့်အား ပြစ်တင်မောင်းမဲလျှင် သင်က နားမထောင်ရုံမျှမက ‘ဤသည်မှာ မှန်ကန်သည့်နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ် ထင်သည်၊ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်နည်းလမ်းဖြစ်သည်’ ဟူ၍ ဆင်ခြေများ သင့်နှုတ်မှ ဆက်တိုက်ထွက်လာသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) မာနထောင်လွှားခြင်းဖြစ်သည်။ မာနထောင်လွှားသော သဘာဝသည် သင့်ကို တစ်ဇွတ်ထိုး လုပ်စေသည်။ သင်က မာနထောင်လွှားသော သဘာဝရှိလျှင် သင်သည် မည်သူမဆိုက ပြောသည့်အရာကို အရေးမစိုက်ဘဲ ထင်ရာမြင်ရာ၊ မဆင်မခြင် ပြုမူလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင် ဖော်ထုတ်ထားတာက ကျွန်မရဲ့ အပြုအမူ အတိအကျပါပဲ။ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး ထင်ရာစိုင်းပြီး ကိုယ့်သဘောနဲ့ကိုယ် လုပ်တတ်တဲ့သူဆိုပြီး ဘုရားသခင် ဖော်ပြထားတဲ့အတိုင်း ကျွန်မ ဖြစ်နေခဲ့တာပါ။ လူတွေကို ရွေးချယ် အသုံးပြုတဲ့နေရာမှာ ကျွန်မ တော်တော်လေး အတွေ့အကြုံရှိတယ်၊ စည်းမျဉ်းတွေအပေါ် အခြေခံပြီး လူတွေကို ဘယ်လို အကဲဖြတ်ရမလဲဆိုတာ ကျွန်မ သိတယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် ညီအစ်ကို မောင်နှမတွေရဲ့ အကြံပေးချက်တွေကို နားမထောင်ချင်ခဲ့ဘူး၊ ကျွန်မ မှန်တယ်၊ လူတစ်ယောက်ကို ကျွန်မ အကဲဖြတ်မှားမှာ မဟုတ်ဘူးလို့ ထင်နေခဲ့တာ။ အသင်းတော် ခေါင်းဆောင် ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ဆိုရင်၊ ဝမ်ချန်က အမြဲတမ်း ကြွားဝါပြီး သူ့ကိုယ်သူ သက်သေခံတတ်တယ်၊ ဖြုတ်ချခံခဲ့ရတာနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ သိမြင်မှု မရခဲ့ဘူး၊ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ကျန်းလင်းနဲ့ ကျွန်မရဲ့ တွဲဖက်အစ်မတို့က ကျွန်မကို သတိပေးခဲ့ကြတယ်။ ဒါပေမဲ့ ဒီအစ်မတွေရဲ့ အကြံပေးချက်ကို ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မက ခေါင်းဆောင်လုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ လူတွေကို အကဲဖြတ်တဲ့နေရာမှာ ပိုတော်တယ်လို့ ယုံကြည်နေတုန်းပဲ။ ဒီကိစ္စကို ထပ်ပြီး စုံစမ်းလေ့လာတာ၊ နားလည်အောင် လုပ်တာမျိုး မလုပ်ခဲ့တဲ့အပြင်၊ အဲဒီအစ်မတွေကိုတောင် ပြန်ငြင်းခုံပြီး ကျွန်မပြောတဲ့အတိုင်းပဲ သူတို့ကို လုပ်ခိုင်းချင်ခဲ့တယ်။ ကျွန်မက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်ခဲ့လို့၊ ကိုယ့်အမြင်တွေကိုပဲ ဆုပ်ကိုင်ထားပြီး ထင်ရာစိုင်းခဲ့လို့၊ ဝမ်ချန်က ခေါင်းဆောင် ဖြစ်သွားခဲ့တယ်။ အဲဒါက အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်ဖြစ်စေခဲ့တယ်။ ပြီးတော့ လီလီ့ကို မြှင့်တင်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း သူက အခုလေးတင် ဖြုတ်ချခံထားရတာ၊ သူ့ကိုယ်သူ နားလည်မှုလည်း မရှိဘူး၊ လူ့သဘာဝလည်း ညံ့ဖျင်းတယ်၊ သူများတွေရဲ့ အကြံပေးချက်ကိုလည်း လက်မခံဘူး၊ အထွေထွေ သင်းထောက်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ကျန်းဟွေက ကျွန်မကို ပြောခဲ့တယ်။ ကျန်းဟွေ ပြောတာက ယုတ္တိရှိတယ်ဆိုတာ ကျွန်မ သိပေမဲ့၊ လီလီ့ကို တာဝန်တစ်ခု ပေးလိုက်တာက သူ့ရဲ့ အခြေအနေ မြန်မြန် တိုးတက်လာဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ သူ့ကို ကျွန်မ တော်တော်လေး သိပါတယ်လို့လည်း တွေးပြီး သူ့ကို မြှင့်တင်ပေးဖို့ချည်းပဲ တဇွတ်ထိုး လုပ်ခဲ့တာပါ။ လူတွေကို ရွေးချယ်အသုံးပြုခဲ့တဲ့ ဒီကိစ္စနှစ်ခုမှာ ညီအစ်ကို မောင်နှမတွေက နှစ်ခါလုံးမှာ ကျွန်မကို အကြံဉာဏ်တချို့ ပေးခဲ့ကြပေမဲ့ သူတို့ပြောတာကို ကျွန်မ နည်းနည်းလေးမှ နားမထောင်ခဲ့ဘူး။ ရလဒ်အနေနဲ့ အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ ညီအစ်ကို မောင်နှမတွေက နှစ်လကျော်ကြာအောင် ပုံမှန် အသင်းတော် အသက်တာနဲ့ မနေထိုင်ခဲ့ကြဘူး။ ဒါဟာ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်း လုပ်ဆောင်ခဲ့တာ၊ ထင်ရာစိုင်းခဲ့တာနဲ့ သူများတွေရဲ့ အကြံပေးချက်ကို လက်မခံခဲ့တာတွေရဲ့ အကျိုးဆက်ပါပဲ။ ဒါကို နားလည်သွားတော့ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးသာ အတိုင်မခံရဘူး၊ ဖြုတ်ချမခံရဘူး၊ မကောင်းမှုလုပ်တာကို တားဆီးမခံရဘူးဆိုရင် သမီး နောက်ထပ် ဒုစရိုက်အမှုတွေ ဘယ်လောက်တောင် များများ လုပ်မိဦးမလဲဆိုတာ မသိတော့ပါဘူး။ ဘုရားသခင်၊ သမီးကို ထုတ်ဖော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမီး နောင်တရချင်ပါတယ်” ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်လာရပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပတ်သက်လို့ နားလည်သဘောပေါက်မှု တချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ ပို၍ ဆင်ခြင်တုံတရားကင်းမဲ့လေဖြစ်ကာ ပို၍ ဆင်ခြင်တုံတရားကင်းမဲ့လေ ဘုရားသခင်ကို ပို၍အတိုက်အခံပြုလုပ်ဖွယ်ရှိလေ ဖြစ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ လူတို့၌ မာနထောင်လွှားသော စိတ်သဘောထားများ ရှိကြသောကြောင့် ၎င်းတို့သည် အခြားသူတိုင်းကို မိမိတို့အောက်နိမ့်သည်ဟု သတ်မှတ်ကြသည်သာမက အဆိုးဆုံးမှာမူကား ဘုရားသခင်ကိုပင် အရေးစိုက်ခြင်းမရှိဘဲ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလည်း လုံးဝမရှိကြပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်ကြသော်လည်း ကိုယ်တော့်အား ဘုရားသခင်အဖြစ် လုံးဝ မဆက်ဆံကြပေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် ကျိုးနွံနာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာနှင့် ထိန်းချုပ်မှုရှိရေးအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားကျိုးနွံနာခံခြင်းကို မဆိုထားနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ မရှိပေ။ မာနထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် မာနထောင်လွှားလွန်းသဖြင့် ဆင်ခြင်တုံတရား ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) မာနထောင်လွှားတဲ့ စိတ်သဘောထားရှိသူတွေဟာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တာတွေ၊ စည်းမျဉ်းတွေကို ချိုးဖောက်တာတွေကို လုပ်နိုင်စွမ်းရှိပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်အတော်ကြာပြီ ဖြစ်သလို တာဝန်မှာလည်း ရလဒ်တချို့ ထွက်ခဲ့လို့ ဒါတွေကို အရင်းအနှီးတစ်ခုလို သတ်မှတ်ထားခဲ့တယ်။ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု နည်းနည်းရှိတယ်၊ ကျွန်မက ပင်ကိုစွမ်းရည်ရှိတယ်၊ သူများတွေအားလုံးထက် ကျွန်မက ပိုတော်တယ်လို့ တွေးခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းကို ယုံကြည်မှု ရှိနေခဲ့တယ်။ ပြဿနာတိုင်းကို ရှုမြင်တဲ့နေရာမှာ ကျွန်မ မှန်တယ်လို့ တွေးတယ်။ လူတွေကို ရွေးချယ်အသုံးပြုခဲ့တဲ့ အဲဒီအကြိမ် နှစ်ကြိမ်စလုံးမှာ၊ ဒီလူတွေကို အသုံးပြုတာက စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးဆိုတာကို ညီအစ်ကို မောင်နှမတွေကတစ်ဆင့် ဘုရားသခင်က ကျွန်မကို ထပ်တလဲလဲ သတိပေးခဲ့ပေမဲ့၊ ကျွန်မက အဲဒါတွေကို လုံးဝ အလေးအနက် မထားခဲ့ဘူး။ ကျွန်မက သမ္မာတရားကို နားလည်ပြီး လူတွေကို အကဲဖြတ်တဲ့နေရာမှာ တော်တယ်လို့ တွေးပြီးတော့ ကျွန်မနည်းအတိုင်း မရမကလုပ်ခဲ့တယ်။ ကိုယ်ပိုင်အယူအဆတွေအတိုင်း လူတွေကို ရွေးချယ်အသုံးပြုပြီး သမ္မာတရားစည်းမျဉ်းတွေကို လျစ်လျူရှုထားခဲ့တယ်။ လူတိုင်းက ကျွန်မအောက်မှာရှိတယ်လို့ တွေးပြီး ဘုရားသခင်ကို ကျွန်မ စိတ်နှလုံးထဲမှာ မထားခဲ့ဘူး။ ကျွန်မရဲ့ မာနထောင်လွှားမှုက အတိုင်းအဆမရှိခဲ့ဘူး။ အရင်တုန်းက ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့အခါ ရလဒ်တချို့ မြင်တွေ့ခဲ့ရတာဟာ ကျွန်မမှာ အစွမ်းအစကောင်းပြီး သမ္မာတရားကို နားလည်လို့ မဟုတ်ပါဘူး။ တကယ်တော့ တာဝန်ကို စထမ်းဆောင်ခါစအချိန်တုန်းက ကျွန်မ နားမလည်တာတွေ အများကြီး ရှိခဲ့ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကို ဆုတောင်းပြီး ကိုးစားခဲ့တယ်၊ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေပြီး စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ကျွန်မ ရရှိခဲ့ပြီး တာဝန်မှာ ရလဒ်တချို့ ရရှိခဲ့တာပါ။ ဒါပေမဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကနေတစ်ဆင့် ရရှိခဲ့တဲ့ ရလဒ်တွေကို ကျွန်မကိုယ်ပိုင် အရင်းအနှီးတစ်ခုလို သတ်မှတ်ခဲ့ပြီး ကျွန်မက သမ္မာတရားကို နားလည်တယ်လို့ အမြဲ တွေးနေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အကြံပေးချက်ကို လက်မခံသလို၊ သမ္မာတရား စည်းမျဉ်းတွေကိုလည်း မရှာဖွေခဲ့ဘူး၊ ထင်ရာစိုင်းပြီး ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်ခဲ့လို့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးပြီး ဖြုတ်ချခံခဲ့ရတယ်။ ဒါဟာ ကျွန်မ ကျရှုံးရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ။ ခရစ်တော်က စုဝေးပွဲတိုင်းမှာ သမ္မာတရားကို မိတ်သဟာယဖွဲ့တဲ့အခါ ဘယ်လိုလုပ်သလဲဆိုတာကို ကျွန်မ တွေးမိတယ်။ ကိုယ်တော် စကားပြောပြီးတဲ့နောက်မှာ ညီအစ်ကို မောင်နှမတွေကို စကားပြောခွင့်ပေးပြီး မေးခွန်းတွေ မေးခွင့်ပြုတယ်၊ ပြီးတော့ တစ်ယောက်ယောက်က ကောင်းတဲ့ အကြံပေးချက်တွေ တင်ပြရင် ခရစ်တော်က အဲဒါတွေကို လက်ခံပြီး တစ်ခုချင်းစီကို ပြန်လည် တုံ့ပြန်ဖြေကြားပေးတယ်။ ခရစ်တော်ရဲ့ နှိမ့်ချမှုနဲ့ ဖုံးကွယ်မှု အနှစ်သာရအပြင် လှပမှုနဲ့ ကောင်းမြတ်မှုတွေကို မြင်တွေ့ရတဲ့အခါ ကျွန်မ ပိုပြီးတောင် ရှက်ရွံ့မိတယ်။ ကျွန်မက ဘာမှမဟုတ်ပါဘူး။ အယူဝါဒ နည်းနည်းပါးပါးကို နားလည်ပြီး အလုပ်အတွေ့အကြုံ တချို့ရလာတာနဲ့ ဘယ်သူ့စကားကိုမှ နားမထောင်တော့ဘဲ “ငါတကော ကောတဲ့” သဘောထားနဲ့ လုပ်ဆောင်ခဲ့တယ်။ အဲဒီတုန်းကသာ ညီအစ်ကို မောင်နှမတွေရဲ့ အကြံပေးချက်တွေကို ပွင့်လင်းတဲ့ စိတ်နှလုံးနဲ့ နားထောင်နိုင်ခဲ့ပြီး သမ္မာတရားကို လက်ခံတဲ့ သဘောထား ရှိခဲ့မယ်ဆိုရင်၊ လူတွေကို ကိုယ်လုပ်ချင်သလို ရွေးချယ်အသုံးပြုခဲ့မှာ မဟုတ်သလို အလုပ်ကိုလည်း အဲဒီလောက် ထိခိုက်နစ်နာစေခဲ့မှာ မဟုတ်ပါဘူး။ ဒါကို တွေးမိတော့ ကျွန်မ အရမ်းကို နောင်တရမိတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို တိုင်တာ၊ ဖြုတ်ချတာတွေကို အသုံးပြုပြီး ကျွန်မ မကောင်းမှုလုပ်နေတာကို ရပ်တန့်အောင် ဘုရားသခင်က လုပ်ဆောင်ခဲ့တယ်။ ဒါဟာ ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးနေတာပါ။ ကိုယ်တော့်ရဲ့ ကာကွယ်မှုသာ မရှိဘူးဆိုရင်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝနဲ့ဆို ဘယ်လို ဒုစရိုက်အမှုမျိုးတွေကို ကျူးလွန်မိမလဲဆိုတာ ပြောလို့တောင် မရပါဘူး။ အခုတော့ ဆင်ခြင်သုံးသပ်ပြီး နောင်တရဖို့ ဘုရားသခင်က ကျွန်မကို အခွင့်အရေး ပေးခဲ့ပါပြီ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက အရမ်းကြီးမားတယ်လို့ ခံစားရပြီး၊ ကျွန်မ စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်၊ “နောင်ကျရင် ဘာပဲလုပ်လုပ်၊ ငါ ပိုပြီး ရှာဖွေရမယ်၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးကို ထားရှိရမယ်။ ကိုယ့်အကြံအစည်တွေအပေါ် အခြေခံပြီး ထင်ရာစိုင်းလို့ မဖြစ်တော့ဘူး” ပေါ့။
၂၀၂၀ ခုနှစ်မှာတော့ ကျွန်မဟာ အသင်းတော် ခေါင်းဆောင်အဖြစ် နောက်တစ်ကြိမ် ရွေးချယ်ခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့ အသင်းတော်မှာ ရေလောင်း သင်းထောက် တာဝန်ကို ထမ်းဆောင်ဖို့ လူတစ်ယောက် လိုအပ်နေတယ်။ ကျန်ရှင်းလို့ခေါ်တဲ့ အစ်မက တာဝန်မှာ တက်ကြွတယ်၊ စိတ်နှလုံး ဖြူစင်တယ်၊ မှန်ကန်တဲ့သူတစ်ယောက် ဖြစ်ပြီး ပျိုးထောင်ပေးလို့ရနိုင်တယ်လို့ ကျွန်မရဲ့ တွဲဖက်အစ်မက ပြောတယ်။ ဒါကို ကြားတော့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ ဒီအစ်မနဲ့ နှစ်ခေါက်လောက် ဆက်ဆံဖူးတယ်။ သူ့ရဲ့ မိတ်သဟာယက တော်တော် လေးနက်မှုမရှိဘူး၊ ပြီးတော့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေအကြောင်းကိုလည်း မပြောဘူး။ ဒီလိုလူမျိုးက ရေလောင်း သင်းထောက် ဖြစ်နိုင်ပါ့မလား” ပေါ့။ အဲဒီအချိန်မှာပဲ တခြား အစ်မနှစ်ယောက်ကလည်း ကျန်ရှင်းဟာ အလုပ်တွေလုပ်တဲ့အခါ တက်ကြွပေမဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့တာနဲ့ ပြဿနာတွေကို ဖြေရှင်းပေးတဲ့ အပိုင်းတွေမှာတော့ နည်းနည်း လိုအပ်ချက် ရှိတယ်လို့ ပြောကြတယ်။ အဲဒီနောက်မှာတော့ ကျွန်မရဲ့ အကဲဖြတ်မှု မှန်ကန်တယ်ဆိုတာကို ပိုပြီးတော့တောင် သေချာသွားတယ်၊ ကျန်ရှင်းက ရေလောင်း သင်းထောက်ဖြစ်ဖို့ မသင့်တော်ဘူးဆိုတာကိုပေါ့။ ဒီလို တွေးမိတဲ့အခါမှာပဲ ကျွန်မ ထပ်ပြီး မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်နေပြန်ပြီဆိုတာကို သတိပြုမိလိုက်တယ်။ အရင်တုန်းက ကိုယ့်အမြင်တွေကိုပဲ ဆုပ်ကိုင်ထားခဲ့လို့ ပြစ်မှားခဲ့တာတွေကို တွေးမိပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ဆက်ပြီး အသက်မရှင်သင့်တော့ဘူး၊ သမ္မာတရားကို နားလည်တဲ့သူတွေဆီကနေ ရှာဖွေဖို့ လိုအပ်တယ်လို့ ကျွန်မ ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ထင်ရာမြင်ရာနှင့် ကမူးရှူးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သို့လက်တွေ့လုပ်ဆောင်နိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်။ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင် ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ယင်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက် သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံအကြောင်းရင်း ရှာသင့်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ လူများသည် လူတိုင်း အတူတကွ မိတ်သဟာယပြုဖို့နှင့် ရှာဖွေဖို့ သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို တင်ပြသည့်အချိန်သည် သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်အလင်းပေးခြင်းကို ထောက်ပံ့ပေးသည့်အချိန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ကျွန်မ ရရှိခဲ့တယ်။ တွဲဖက်အစ်မက ကွဲပြားတဲ့ အကြံပေးချက်တစ်ခုကို တင်ပြလာတာဖြစ်လို့၊ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်တွေကို အရင် ဘေးဖယ်ထားပြီး သမ္မာတရားကို ရှာဖွေရမှာ ဖြစ်တယ်။ ဒါနဲ့ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့ တွဲဖက်က ကျန်ရှင်းဟာ ရေလောင်း သင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ပြောပေမဲ့ သမီးကတော့ သူ မသင့်တော်ဘူးလို့ ခံစားရပါတယ်။ သမီးမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး ဒီကိစ္စကို အကဲဖြတ်တာ မှန်ချင်မှ မှန်မယ်ဆိုတာ သမီး သိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားနိုင်ဖို့၊ စည်းမျဉ်းတွေနဲ့ ကိုက်ညီပြီး အသင်းတော်အလုပ်အတွက် အကျိုးရှိမယ့် နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ဖို့ သမီးကို လမ်းပြပေးတော်မူပါ” ပေါ့။ စုဝေးပွဲမှာ တရားဟောသူ ရှိနေတုန်းကြုံတာနဲ့ သူ့ဆီကနေ ကျွန်မ ရှာဖွေခဲ့တယ်။ တရားဟောသူက ကျွန်မတို့နဲ့ မိတ်သဟာယဖွဲ့ပြီး၊ ကျန်ရှင်းကို ညီအစ်ကို မောင်နှမ အများစုက ဘယ်လို အကဲဖြတ်သလဲဆိုတာအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချလို့ ရနိုင်တယ်လို့ ပြောတယ်။ ကျွန်မ လိုက်မေးကြည့်တဲ့အခါ ကျန်ရှင်းမှာ လူ့သဘာဝ ကောင်းတယ်၊ စိတ်ရှည်တယ်၊ ပြီးတော့ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ သူ့ကိုယ်သူ ဖြူဖြူစင်စင်နဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟနိုင်တယ်လို့ လူတိုင်းက ထင်ကြတာကို သိလိုက်ရတယ်။ သူ့ရဲ့ အသက် ဝင်ရောက်မှုက နည်းနည်း မလေးနက်ပေမဲ့၊ သူ့တာဝန်မှာ ဝန်တာထားစိတ် ရှိတယ်လို့ သူတို့က ပြောကြတယ်။ အဲဒီအချိန်က အသင်းတော်မှာ လူအင်အား လိုအပ်နေပြီး သူ့ထက် ပိုသင့်တော်တဲ့သူလည်း မရှိဘူး။ ဒါကြောင့် သူ့ကို ရေလောင်း သင်းထောက်အဖြစ် ရွေးချယ်တာဟာ သင့်တော်ပါတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အကဲဖြတ်မှုတွေအပေါ် အခြေခံပြီး နောက်ဆုံးမှာတော့ ကျန်ရှင်းကို ရေလောင်း သင်းထောက်အဖြစ် ကျွန်မတို့ ရွေးချယ်ခဲ့ကြတယ်။ ဒီနောက်ပိုင်း ကျန်ရှင်းနဲ့ ကျွန်မ တွဲဖက်လုပ်တဲ့အခါ၊ သူ့မှာ အမှုကိစ္စတွေဖြစ်လာရင် သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူ သိမြင်နိုင်ပြီး၊ သူ့မှာ တရားမျှတစိတ်လည်း ရှိတာကို ကျွန်မ သတိထားမိတယ်။ အရင်က လူတိုင်းရဲ့ အကြံပေးချက်တွေကို နားထောင်ခဲ့ပြီး ကျွန်မရဲ့ ကိုယ်ပိုင်အမြင်တွေကိုပဲ ဆုပ်ကိုင်မထားခဲ့မိတာ တော်သေးတာပေါ့။ နောက်ပိုင်းရက်တွေမှာ ညီအစ်ကို မောင်နှမတွေနဲ့ ကိစ္စတွေ ဆွေးနွေးတဲ့အခါ၊ ကျွန်မက မှန်တယ်လို့ ခံစားရရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားသူတွေက ကွဲပြားတဲ့ အကြံပေးချက်တွေ တင်ပြလာရင်ဖြစ်ဖြစ်၊ ဘုရားသခင်ကို အသိရှိရှိ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ခဲ့တယ်၊ ညီအစ်ကို မောင်နှမတွေရဲ့ အကြံပေးချက်တွေကို ရှာဖွေတဲ့ စိတ်နှလုံးနဲ့ နားထောင်ခဲ့တယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်တဲ့အခါ သူတို့ရဲ့ အကြံပေးချက်တွေထဲမှာ နားထောင်သင့်တဲ့အရာတွေ ပါတတ်ပြီး ကျွန်မရဲ့ လိုအပ်ချက်တွေကိုလည်း ပြသပေးတယ်ဆိုတာကို ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ဒါက တာဝန်ထမ်းဆောင်ရာမှာ ကျွန်မကို အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်။ ကျွန်မ အနည်းငယ် ပြောင်းလဲလာနိုင်တာဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရလဒ်ပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဖန်းကျန့်၊ တရုတ်ပြည်၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ပြောတယ်။ ညီအစ်ကို ဝမ်ကျင့်နဲ့ ကျွန်တော် စာနဲ့ပတ်သက်တဲ့ တာဝန်ကို...
ချီဟန် ကိုးရီးယားနိုင်ငံ အသင်းတော်စာအုပ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော် စီမံခန့်ခွဲရတယ်။ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲပြီး သိမ်းဆည်းထားလား၊...
ကျောက်ယံ တရုတ်နိုင်ငံ၂၀၁၆ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်အဖြစ် အမှုဆောင်ဖို့ ကျွန်တော် အရွေးခံခဲ့ရတယ်။ ပထမဆုံး ဒီတာ၀န်ကို ယူတဲ့အချိန်မှာ...
ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်နှစ်ယောက်က ကျွန်မကို ပြဿနာတစ်ခုပြောပြတယ်။ ဧဝံဂေလိအလုပ်ကို ဦးဆောင်တဲ့...