လူတို့ကို မတူမတန် အပြစ်တင်ခြင်းက ကျွန်ုပ်၏ အကျည်းတန်မှုကို ဖော်ထုတ်သည်
အေးမှုံ မြန်မာနိုင်ငံ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော်ကြီးကြပ်နေခဲ့တယ်။ အသင်းတော်မှာ သူတို့တာဝန်တွေကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
တစ်နေ့မှာ ညီအစ်ကိုတစ်ယောက်ဆီကနေ စာတစ်စောင် ရခဲ့တယ်။ သူ့တာဝန်တွေမှာ ပြဿနာတချို့ရှိနေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော့်အမြင်ကို မေးချင်တယ်ဆိုပြီး ရေးထားတာပါ။ စာဖတ်ပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ဘူး။ ကိုယ့်ဘာသာ တွေးမိတယ်၊ “အဲဒီအသင်းတော်ကနေ ထွက်လာတာ နှစ်နှစ်နီးပါး ရှိနေပြီ၊ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကြုံရတဲ့အခါ ငါ့ကို မေးနေကြတုန်းပဲ။ ကြည့်ရတာ ငါ့မှာ သမ္မာတရား လက်တွေ့ကျမှုတချို့ ရှိပြီး သူတို့ထက် ပိုနားလည်ပုံရတယ်” လို့ပေါ့။ အဲဒီအသင်းတော်မှာ ခေါင်းဆောင်အနေနဲ့ တာဝန် ထမ်းဆောင်တုန်းက ကျွန်တော် ဘုရားသခင်ကို ယုံကြည်တာ သိပ်မကြာသေးပေမဲ့ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ အခက်အခဲတွေရှိတဲ့အခါ သူတို့ကို ကူညီပေးဖို့ သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေ ကျွန်တော် ရှာပေးနိုင်ခဲ့ပုံကို ပြန်တွေးမိတယ်။ သူတို့ အခက်အခဲရှိတဲ့အခါ အများစုက ကျွန်တော့်ဆီလာပြီး ရှာဖွေမိတ်သဟာယဖွဲ့ချင်ကြတယ်။ ခေါင်းဆောင်အနေနဲ့ ကို ကျွန်တော် ထမ်းဆောင်ခဲ့ပုံကိုလည်း သူတို့ အသိအမှတ်ပြုကြတယ်။ ပြဿနာတွေ ရှိပြီး မမှန်မကန် လက်တွေ့လုပ်မိမှာကို ကြောက်တဲ့အခါ ညီအစ်ကိုက သူ့ရဲ့ ဝိညာဉ်ရင့်ကျက်မှု အားနည်းလို့ ကျွန်တော့်အမြင်ကို မေးတာက ယုတ္တိတန်ပါတယ်။ အဲဒါကို တွေးမိတော့ ကျွန်တော် အရမ်းပျော်သွားပြီး ဂုဏ်ယူပြီး မပြုံးဘဲမနေနိုင်ခဲ့ဘူး။ အစ်ကိုဝမ်က အဲဒီအပြုံးကို သတိပြုမိသွားပြီး မေးတယ်။ “ဘာတွေများ ဒီလောက်ပျော်နေလို့ အဲဒီလို ပြုံးနေရတာလဲ” တဲ့။ ဒါနဲ့ ညီအစ်ကိုဆီက စာအကြောင်း သူ့ကို ပြောပြလိုက်တယ်။ ကျွန်တော် ဘယ်လို ပြန်စာရေးချင်တယ် ဆိုတာကိုလည်း ပြောပြလိုက်တာပေါ့။ သူ အသိအမှတ်ပြုမယ်လို့ ကျွန်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ သူက ကျွန်တော့်ကို လေးလေးနက်နက်နဲ့ ပြောလာတယ်။ “အဲဒီအသင်းတော်က ညီအစ်ကိုမောင်နှမတွေက ခင်ဗျားကို တော်တော် အထင်ကြီးတာပဲ။ ခင်ဗျားကို စသိကတည်းက အဲဒီအသင်းတော်က လူတိုင်း ခင်ဗျားကို အရမ်းမှီခိုနေတာ ကျွန်တော် သတိထားမိတယ်။ ကိစ္စတိုင်းအတွက် ခင်ဗျားဆီ လာကြတယ်၊ ခင်ဗျားရဲ့ ထင်မြင်ချက်ကို မေးကြတယ်၊ ပြီးတော့ သူတို့ရဲ့ ထောက်ခံအားပေးမှုကို ရတာ ခင်ဗျားက အထူးသဖြင့် နှစ်သက်ပြီး တောင်းဆိုတာမှန်သမျှ လက်ခံပေးတယ်လေ။ ခင်ဗျားတာဝန်ကို ဒီလိုလုပ်တာရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို စဉ်းစားပြီးပြီလား။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကို ဘယ်လိုဆုတောင်းပြီး မှီခိုအားထားရမယ်၊ သမ္မာတရား စည်းမျဉ်းတွေကို ဘယ်လို ရှာဖွေရမယ်ဆိုတာတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ပေးမဲ့အစား ညီအစ်ကိုမောင်နှမတွေက ခင်ဗျားကို အားကိုးအောင်၊ ကိုးကွယ်ပြီး သူတို့စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိအောင် သူတို့ကို ဖြေရှင်းချက်တွေ ခင်ဗျား ပေးလိုက်တယ်။ ခင်ဗျားက အန္တိခရစ်လမ်းကြောင်းပေါ် ရောက်နေပြီ” တဲ့။ အစ်ကိုဝမ်ရဲ့ စကားတွေက ပြင်းထန်တဲ့ ရိုက်ချက်တစ်ခုလိုပါပဲ။ ကျွန်တော် မှင်သက်သွားတယ်။ သူပြောတာက အထူးသဖြင့် စူးရှပြီး နာကျင်သလို ခံစားရတယ်။ အဲဒီအချိန်မှာ ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ ကျွန်တော့် စိတ်နှလုံးက ဝရုန်းသုန်းကားဖြစ်နေတယ်။ ကျွန်တော်တွေးမိတယ်၊ “အဲဒီလောက်ကြီး မဆိုးနိုင်ပါဘူး။ ညီအစ်ကိုမောင်နှမတွေအတွက် ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ငါ့တာဝန်ကို ငါ ထမ်းဆောင်နေတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ရလဒ်တချို့လည်း ရပြီးပြီလေ။ အဲဒီအသင်းတော်မှာရှိတဲ့ အလုပ်က မူလက သိပ်ထိရောက်မှု မရှိခဲ့ဘူး။ ခေါင်းဆောင်အနေနဲ့ ငါ့တာဝန်ကို စလုပ်ပြီးတဲ့နောက်မှာ၊ တာဝန်မထမ်းဆောင်ဘဲနေတဲ့ ညီအစ်ကိုမောင်နှမ အများစုက အဲဒီအတိုင်း စလုပ်လာကြတယ်၊ ဧဝံဂေလိဟောပြောတာကနေ လူတချို့ကို တဖြည်းဖြည်း ရရှိခဲ့ပြီး အလုပ်ရဲ့ ကဏ္ဍတိုင်း တိုးတက်လာခဲ့တာပါ။ ဒါ့အပြင် ငါက အလုပ်အစီအစဉ်တွေကို ဆန့်ကျင်ပြီး တခြားဟာတစ်ခုခုကို လုပ်ခဲ့တာ မဟုတ်သလို၊ ကိုယ်ပိုင်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားနေတာလည်း မဟုတ်ဘူးလေ။ ငါက အန္တိခရစ်လမ်းကြောင်း လျှောက်နေတယ်လို့ သူ ဘယ်လို ပြောနိုင်ရတာလဲ။ ဝိညာဉ်ရင့်ကျက်မှု အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေကို သူတို့တာဝန်မှာရှိတဲ့ ပြဿနာတွေ ကူဖြေရှင်းပေးတာက ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်သင့်တာပါ။ ဒါပေမဲ့ ငါက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး အန္တိခရစ်လမ်းကြောင်း လျှောက်နေတယ်လို့ သူက ပြောတယ်။ ဒါက ပုံကြီးချဲ့ပြီး ငါ့ကို တလွဲသတ်မှတ်နေတာ မဟုတ်ဘူးလား” လို့ပေါ့။ စဉ်းစားလေ ပိုပြီး မချင့်မရဲဖြစ်လေပဲ။ အစ်ကိုဝမ် ပြောတာကို ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ၊ အရင်တုန်းက ပြုပြင်တာကို ကျွန်တော် လက်မခံနိုင်ခဲ့လို့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် အရှက်တကွဲ ဖြစ်ခဲ့ရတာကို ပြန်စဉ်းစားမိတယ်။ ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကိုလည်း ကျွန်တော် တွေးမိတယ်။ “လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံလိုသည့် ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒအပြင် ဤသို့ ကျိုးနွံနာခံခြင်း၏ လက်တွေ့ကျမှုကိုပါ ဖော်ပြသော မည်သည့်စိတ်သဘောထားကို ကျင့်သုံးသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ကျွန်တော့်အတွက် ဒီပြုပြင်မှုမှာ ဘုရားရဲ့ ရည်ရွယ်ချက် ပါရှိတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော့် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လက်ခံရပြီး နာခံရမယ်။ အစ်ကိုဝမ်ပြောတာ မှန်တယ်ဆိုရင်၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသနေလို့ ရလဒ်အနေနဲ့ ညီအစ်ကိုမောင်နှမတွေက ဘုရားကို မှီခိုအားထားပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေရမဲ့အစား ကျွန်တော့်ကို အထင်ကြီးလေးစားပြီး ကိုးကွယ်နေတဲ့အပြင် ကျွန်တော်က အန္တိခရစ်လမ်းကြောင်းကို လျှောက်နေတာ ဆိုရင်တော့ ဒါက အရမ်း အန္တရာယ်များတယ်။ အဲဒါကို တွေးမိတော့ ကျွန်တော့်စိတ်နှလုံးထဲမှာ အတိုက်အခံမဖြစ်တော့ဘူး။ ဘုရားသခင်ဆီ ဆုတောင်းပြီး အဲဒါကို လက်ခံလိုက်တယ်။ ကျွန်တော် အစ်ကိုဝမ်ကို ပြောလိုက်တယ်။ “ကျွန်တော့်ပြဿနာ ဘယ်လောက် ဆိုးရွားလဲဆိုတာကို ကျွန်တော် သဘောမပေါက်သေးပေမဲ့၊ အစ်ကို ထောက်ပြလာမှတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ရှာဖွေပါ့မယ်” လို့ပေါ့။ အဲဒီနောက်မှာ ကျွန်တော် စပြီး စိတ်ငြိမ်သွားပြီး ကိုယ့်လုပ်ရပ်တွေကို ပြန်လည် ဆင်ခြင်သုံးသပ်မိတယ်။
ဘုရားသခင်ကို ကျွန်တော် စယုံကြည်ပြီး သိပ်မကြာခင်မှာပဲ ညီအစ်ကို မောင်နှမတွေက သူတို့ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက သမ္မာတရား မိတ်သဟာယဖွဲ့ပေးတဲ့အခါ အရမ်းဝမ်းသာခဲ့ကြပုံကိုအပြင်၊ အဲဒီလို စုဝေးပွဲတွေကို တက်ပြီး ဖြေရှင်းချက်တွေ သူတို့ မေးချင်ခဲ့ကြပုံတွေကို ကျွန်တော် သတိရမိတယ်။ ကျွန်တော် အရမ်းအားကျခဲ့ပြီး အဲဒီ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေလို ဖြစ်လာနိုင်ဖို့၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ ကျွန်တော့်ကို အထင်ကြီးပြီး အသိအမှတ်ပြုလာအောင် သူတို့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယ ဖွဲ့ပေးနိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါကြောင့် အဲဒီရည်ရွယ်ချက်နဲ့ လိုအင်ဆန္ဒနဲ့ပဲ ဘုရားနှုတ်ကပတ်တော် ဖတ်တာကို ကျွန်တော် စပြီး အာရုံစိုက်လာတယ်၊ စုဝေးပွဲတွေကို တက်ကြွစွာ တက်ရောက်ပြီး ညီအစ်ကိုမောင်နှမတွေ အခက်အခဲ ပြဿနာရှိတဲ့အခါ သူတို့ကို ကူညီဖို့ သမ္မာတရားကို ရှာဖွေခဲ့တယ်။ ကျွန်တော့်ရဲ့ ထက်သန်တဲ့ လိုက်စားမှုက သူတို့ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပြီး ကျွန်တော်က တာဝန်တွေမှာ ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်တယ်၊ သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာ သိတယ်လို့ လူတိုင်းက ပြောကြတယ်။ နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်တော် ရွေးချယ်ခံရပြီး ကိုယ့်တာဝန်တွေကို ပိုပြီး စိတ်အားထက်သန်မှု၊ ကြိုးပမ်းအားထုတ်မှုတွေနဲ့ လုပ်ဆောင်ခဲ့တယ်။ အဖွဲ့လိုက် စုဝေးပွဲတက်တာ၊ လူတွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတာ အပါအဝင် ကိစ္စတိုင်းမှာ ကျွန်တော်က အမြဲတမ်း ရှေ့ဆုံးကပဲ၊ ဘယ်တော့မှ နောက်မကျခဲ့ဘူး။ တစ်ခါတလေ ကျွန်တော် အပျက်သဘောဆောင်ပြီး အားနည်းတယ်လို့ ခံစားရရင်တောင် ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို စံနှုန်းမီတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ မြင်နိုင်အောင် ကိုယ့်အခြေအနေကို အမြဲ အမြန် ညှိပြီး အသင်းတော်အလုပ်ကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တယ်။ တစ်ခါတုန်းကဆိုရင် ညီအစ်မတစ်ယောက်က သူ့ခင်ပွန်းရဲ့ ဘောင်ခတ်တာကို ခံနေရတာ ကျွန်တော် မှတ်မိတယ်။ သူက စုဝေးပွဲတွေကို ပုံမှန် မတက်နိုင်ဘူး၊ သူ့တာဝန်တွေကို မထမ်းဆောင်နိုင်တဲ့အပြင် အပျက်သဘောဆောင်ပြီး အားနည်းနေခဲ့တယ်။ အဲဒါကို သိပြီးတဲ့နောက် ကျွန်တော် တွေးလိုက်တယ်။ “ငါ့မှာလည်း အလားတူ အတွေ့အကြုံမျိုး ရှိတာပဲ။ သူ အပျက်သဘောဆောင်တာကနေ ပိုမြန်မြန် လွတ်မြောက်အောင် ကူညီဖို့ ငါ့ရဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံကို သုံးလို့ရမှန်း ငါသိတယ်၊ ပြီးတော့ ငါက ပြဿနာတွေ ဖြေရှင်းနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုတွေ ရှိတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေကို ပြမယ်” လို့ပေါ့။ ဒါနဲ့ သူ့အခြေအနေကို ရည်ရွယ်တဲ့ ဘုရားနှုတ်ကပတ်တော် အပိုဒ်တွေကို ကျွန်တော် ရှာတယ်၊ ကိုယ့်အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး သူနဲ့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ကျွန်တော့်မှာ ဝိညာဉ်ရင့်ကျက်မှုရှိမှန်း သူမြင်တာ သေချာအောင်လို့၊ မိတ်သဟာယဖွဲ့ရာမှာ အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှု အကြောင်းပဲ ပြောခဲ့ပြီး ကျွန်တော် ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှု၊ အပျက်သဘောဆောင်တာ၊ ဒါမှမဟုတ် အားနည်းတာတွေနဲ့ ပတ်သက်ပြီး တစ်ခွန်းမှ မဟခဲ့ဘူး။ ကျွန်တော့်ရဲ့ မိတ်သဟာယဖွဲ့တာက သူ့ကို စိတ်အားတက်ကြွစေခဲ့ပြီး သူ့အခြေအနေက အများကြီး တိုးတက်လာတယ်။ အဲဒီနောက် စုဝေးပွဲတစ်ခုမှာ သူက လူတိုင်းကို ပြောတယ်။ “အစ်ကိုရန်က သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ် ဆိုတာ သိပြီး ဝိညာဉ်ရင့်ကျက်မှု ရှိတယ်။ သူ့သားရဲ့ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုရှိပေမဲ့ သူ့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်၊ ပြီးတော့ ဧဝံဂေလိတရား ဆက်ဟောပြီး ဘုရားသခင်အတွက် သက်သေခံခဲ့တယ်။ သူ့ရဲ့ မိတ်သဟာယကို ကြားပြီးမှပဲ ကျွန်မ စိတ်အားတက်ကြွလာတာ” လို့ပေါ့။ အဲဒါကို ကြားတော့ ကျွန်တော် တိတ်တိတ်လေး ကျေနပ်ပီတိဖြစ်နေခဲ့တယ်။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေကို ကူညီရင်းနဲ့ ကျွန်တော့်အချိန်ရှိသမျှ ကုန်ဆုံးခဲ့တယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်က သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ပြီး လက်တွေ့ကျတဲ့ ပြဿနာတွေကို မဖြေရှင်းဘူးလို့ ကြားရင်၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတစ်ယောက် အခြေအနေဆိုးပြီး တာဝန်တွေကို ပုံမှန် မလုပ်နိုင်ဘူးလို့ ကြားရင် ကျွန်တော် ကိုယ်တိုင်သွားပြီး ကိုင်တွယ်ဖြေရှင်းလေ့ရှိတယ်။ လေဒဏ်၊ မိုးဒဏ်၊ အပူဒဏ်၊ အအေးဒဏ်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့တယ်။ ဘယ်အရာကိုမှ လစ်လျူမရှုခဲ့ဘူး၊ ပြီးတော့ သူတို့ပြဿနာတွေကို ဖြေရှင်းပြီး ကိုင်တွယ်လို့ မပြီးမချင်း ကျွန်တော် စိတ်မအေးခဲ့ဘူး။ တစ်ခါတုန်းက အသင်းတော်မှာ လူတစ်ယောက်က အုပ်စုဖွဲ့ပြီး အပျက်သဘောဆောင်တာတွေကို ဖြန့်ဝေနေတယ်လို့ ကြားခဲ့ရတာ ကျွန်တော် မှတ်မိတယ်။ ညီအစ်ကိုမောင်နှမတချို့က ခွဲခြားသိမြင်မှု မရှိတော့ သူတို့မှာ အမြင်စောင်းတာတွေရှိခဲ့ပြီး အလုပ်ကို ညီညီညွှတ်ညွှတ် မလုပ်နိုင်ကြဘူး။ ကျွန်တော် သူတို့နဲ့ မိတ်သဟာယဖွဲ့ဖို့ ချက်ချင်း သွားခဲ့တယ်။ အဲဒီလူရဲ့ အပြုအမူကို ကျွန်တော် ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာပြတယ်၊ ပြီးတော့ သူ့ရဲ့ ဒုစရိုက်အမှုတွေကို တားဆီးလိုက်တယ်။ ကျွန်တော် မိတ်သဟာယဖွဲ့ပေးတာကတစ်ဆင့် ညီအစ်ကိုမောင်နှမတွေက ခွဲခြားသိမြင်မှု ရရှိပြီး အဲဒီလူရဲ့ အထင်အမြင်မှားစေတာ၊ အဖျက်အမှောင့်လုပ်တာတွေကို မခံရတော့ဘူး။ ဒီလိုနဲ့ ကျွန်တော့်အပေါ် ညီအစ်ကိုမောင်နှမတွေရဲ့ အမြင်က ဆက်ပြီး ကောင်းလာခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့က ကျွန်တော့်အကြောင်း ပြောကြတယ်။ “အစ်ကိုရန်က သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ် ဆိုတာ အသိဆုံးပဲ၊ လူတွေ၊ ကိစ္စတွေကို ငါတို့ထက် ပိုတိကျမှန်ကန်စွာ ရှုမြင်တတ်တယ်၊ ပြီးတော့ ထိုးထွင်းသိမြင်မှုရှိရှိ ပြောတတ်တယ်။ သူက ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တယ် ဆိုတာတော့ ဝန်ခံရမယ်” လို့ပေါ့။ အဲဒါကို ကြားတော့ ကျွန်တော် အရမ်းပျော်ပြီး ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်နေတယ်လို့ ခံစားမိတယ်။ မသိလိုက်ခင်မှာပဲ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုတဲ့ အခြေအနေထဲ ရှိနေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေရှေ့မှာ တမင်သက်သက် ကြွားဝါခဲ့တယ်။ “အဲဒီလူက အရမ်း ဉာဏ်များပြီး လှည့်ဖြားတတ်တယ်၊ အသင်းတော်ထဲမှာ ဟုတ်မလိုလိုနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူဝါဒတွေကို ဖြန့်နေတာ။ သမ္မာတရားကို နားမလည်ဘဲနဲ့ သူ့ကို ခွဲခြားသိမြင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကံကောင်းလို့ ကျွန်တော်က သူ့ကို အဖြစ်အတိုင်းမြင်ပြီး မိတ်သဟာယဖွဲ့နိုင်ခဲ့တဲ့အပြင် သူ့အပြုအမူကို ဖော်ထုတ်နိုင်ခဲ့တယ်။ သူက တခြားလူကိုတော့ အထင်အမြင်မှားအောင် လုပ်နိုင်ချင်လုပ်နိုင်မယ်၊ ကျွန်တော့်ကိုတော့ မရဘူး” လို့ပေါ့။ ကျွန်တော့် မိတ်သဟာယကို ကြားပြီးနောက် ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို တော်တော် အထင်ကြီးသွားတယ်။ နောက်ပိုင်း သူ့မှာ ပြဿနာရှိတိုင်း ကျွန်တော်ကို လာဖြေရှင်းခိုင်းတယ်။ ကျွန်တော့်တာဝန်တွေမှာ ဘုရားရဲ့ အလိုတော်ကို ရှာဖွေဖို့ ဘယ်လိုဆုတောင်းတယ်၊ ဘယ်လို ဒုက္ခခံပြီး အဖိုးအခပေးဆပ်တယ် ဆိုတာတွေကိုလည်း ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်တော် မကြာခဏ ပြောလေ့ရှိတယ်။ ကျွန်တော့်မှာ ယုံကြည်ခြင်းရှိပြီး သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ် ဆိုတာ သိမှန်းကို သက်သေပြဖို့ပေါ့။ တစ်ခါတုန်းက အစ်ကိုကျန်းနဲ့ ကျွန်တော် လူသစ်တွေကို ရေလောင်းဖို့ သွားကြတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါက အရင်အသင်းတော်မှာ ခေါင်းဆောင်ဖြစ်လေ့ရှိခဲ့ပြီး ဘာသာတရားထဲမှာရှိတဲ့ လူတွေရဲ့ အခြေအနေကို တော်တော် ကောင်းကောင်း နားလည်တယ်၊ ဒါကြောင့် လူသစ်တွေကို ရေလောင်းတဲ့နေရာမှာ ငါ တကယ်တော်တယ်” လို့ပေါ့။ လူသစ်တွေက မေးခွန်းတချို့ မေးတဲ့အခါ ကျွန်တော်က တက်ကြွစွာ ဝင်ပြောပြီး ကိုယ့်အယူအဆတွေကို ပြောင်းလဲခဲ့တဲ့ ကိုယ်ပိုင်အတွေ့အကြုံအကြောင်း သူတို့နဲ့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် မိတ်သဟာယထဲမှာ သမ္မာတရားကို ကျွန်တော် ဘယ်လို ရှာဖွေပြီး လက်ခံခဲ့တယ် ဆိုတာပဲ ပြောခဲ့တယ်။ ကျွန်တော့်အပေါ် သူတို့ရဲ့ အမြင်ကောင်းတွေ ပျောက်သွားမှာ ကြောက်လို့ ကိုယ့်အယူအဆတွေကြောင့် အသင်းတော်ကို ပိတ်ပင်တားဆီးပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ခဲ့ပုံနဲ့ ပတ်သက်ပြီး တစ်ခွန်းမှ မဟခဲ့ဘူး။ ကျွန်တော့် မိတ်သဟာယကို နားထောင်ရင်းနဲ့ ဒီလူသစ်တွေက သဘောတူ ခေါင်းညိတ်ကြတာကို မြင်တော့ ကျွန်တော့်တာဝန် ထမ်းဆောင်ပုံက စံနှုန်းမီပြီး ဘုရားသခင် လက်သင့်ခံနိုင်ဖွယ်ဖြစ်တယ်လို့ စိတ်ရင်းမှန်နဲ့ ခံစားမိတယ်။ ဒီလူသစ်တွေက ကျွန်တော့် မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ အားကျစွာနဲ့ ပြောကြတယ်။ “ဒီလို ထိတွေ့ဆက်ဆံတဲ့ ကာလပြီးတဲ့နောက်မှာ အစ်ကိုက အစ်ကိုကျန်းထက် ပိုပြီး ဝန်တာထားတယ်လို့ ထင်တယ်။ အစ်ကိုက ပိုအသေးစိတ် မိတ်သဟာယဖွဲ့ပေးတယ်၊ အစ်ကို့ မိတ်သဟာယက နားလည်ရ ပိုလွယ်ပြီး စိတ်ပြင်းပြအောင် ပိုလှုံ့ဆော်ပေးနိုင်တယ်” တဲ့။ လူသစ်တွေက ဒီလိုပြောတာကို ကြားတော့ ကျွန်တော့်မှာ သမ္မာတရား လက်တွေ့ကျမှုတချို့ ပိုင်ဆိုင်တယ်လို့ ပိုတောင် ထင်မိသွားတယ်။ နောက်ပိုင်းမှာ တခြားနေရာက တာဝန်တွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အဲဒီအသင်းတော်ကနေ ကျွန်တော် ထွက်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီလူသစ်တွေက ကျွန်တော့်အကြောင်း ရံဖန်ရံခါ ပြောနေကြတုန်းပဲ။ “အစ်ကိုရန်က ဘာလို့ ဒီမှာမရှိတာလဲ။ သူ့မိတ်သဟာယက ကျွန်မတို့အတွက် အရမ်း အထောက်အကူဖြစ်တာ” လို့ပေါ့။ အဲဒီအကြောင်း ကြားတော့ ကျွန်တော် မတွေးဘဲ မနေနိုင်ဘူး။ “ကြည့်ရတာ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု ပြဿနာတွေကို ဖြေရှင်းပေးတာအပြင်၊ လူသစ်တွေရဲ့ ဘာသာရေး အယူအဆတွေကိုလည်း ငါ ဖြေရှင်းပေးနိုင်တာပဲ။ ငါက တကယ်ကို အသင်းတော်မှာ ထင်ပေါ်တဲ့ ပင်ကိုစွမ်းရည်ရှိသူပဲ” လို့ပေါ့။ အဲဒီအချိန်တုန်းက ကိုယ့်ရဲ့ လမ်းကြောင်းကို ဆင်ခြင်သုံးသပ်ဖို့ လုံးဝ မတွေးခဲ့ဘူး။ ကျွန်တော့်မှာ တကယ် ဝိညာဉ်ရင့်ကျက်မှုရှိတယ်၊ သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ် ဆိုတာ သိတယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေမှာ သစ္စာရှိတယ်၊ ဒါကြောင့်ပဲ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အားကိုးပြီး လေးစားကြတာလို့ ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် သတိပြုမိတာ တစ်ခုမှ မရှိဘဲ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုတဲ့ အခြေအနေတစ်ခုထဲမှာ ကျွန်တော် နေထိုင်ခဲ့တာ။ အစ်ကိုဝမ် ပြောပြီးတဲ့နောက်၊ ပြီးတော့ အဲဒါကို ကျွန်တော့်ရဲ့ အတိတ်က အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်ပြီးတဲ့နောက်မှပဲ ကျွန်တော်က အရမ်း မာနထောင်လွှားပြီး ဆင်ခြင်တုံတရား မရှိခဲ့မှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော်က အမြဲ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့ဘူးပဲ။
အဲဒီနောက်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တာ၊ သက်သေခံတာနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်ကို တက်တက်ကြွကြွ ဖတ်ရှုခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်းဟူသည့် ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ အဖိုးအခမည်မျှကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ သူတို့သည် လူတို့၏ စိတ်နှလုံးများတွင် ပို၍ မြင့်မားပြီး ခိုင်မာကာ လုံခြုံသော နေရာတစ်ခုကို ရရှိရန်အလို့ငှာ မိမိတို့၏ အရင်းအနှီးကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်ကြပြီး ထိုသို့ဖြင့် လူအများက သူတို့ကို တန်ဖိုးထား၊ အထင်ကြီး၊ မနာလိုဖြစ်စေရန်၊ ထို့ပြင် ကိုးကွယ်သည်အထိ ကိုးစားကာ သူတို့နောက်သို့ လိုက်လာစေရန် ဖြစ်ပေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန် သူတို့၏ နည်းလမ်းများအနက် တစ်ခုမှာ မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါကာ အခြားသူများကို နှိမ့်ချခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် မိမိတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များနှင့် လိုအပ်နေမှုများကို လူတို့ထံမှ ဖုံးကွယ်ထားပြီး မိမိတို့၏ ထူးချွန်ပြောင်မြောက်မှုများကိုသာ အစဉ်ပြသခြင်းဖြင့် မိမိကိုယ်ကို အယောင်ဆောင်၍ အလှဆင်ကြသည်။ သူတို့သည် အပျက်သဘောဆောင်သော ခံစားချက်များ ဖြစ်ပေါ်လာသည့်အခါတွင်ပင် အခြားသူများကို ပြောပြရန် မဝံ့ကြသည့်အပြင် သူတို့နှင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၍ မိတ်သဟာယဖွဲ့ရန်လည်း သတ္တိမရှိကြချေ။ ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ အသည်းအသန်ဖြစ်ကြသည်။ ဤသည်တို့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းများ မဟုတ်သလော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ မည်သည့်စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ဤသည်မှာ ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ စကားများသည် စဉ်းလဲသော ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေပြီး မိမိတို့ကိုယ်ကို ကြွားဝါနေသည့်တိုင် ၎င်းတို့သည် ဤအချက်ကို ဖုံးကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်ကို မသမာသော နည်းလမ်းများမှတစ်ဆင့် စွမ်းဆောင်ရရှိထားခြင်းဖြစ်သည် မဟုတ်သလော။ ထိုသို့သော နည်းလမ်းများ၏ နောက်ကွယ်တွင်မည်သည့် စိတ်သဘောထား ရှိသနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဆင်ခြင်သုံးသပ်ပြီး ကိုယ့်လုပ်ရပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့တယ်။ ကျွန်တော်က ကိုယ့်တာဝန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါနေကျဖြစ်တဲ့အပြင် တကယ်ပဲ အန္တိခရစ် လမ်းကြောင်းပေါ် ရှိနေခဲ့တာကို မြင်လိုက်ရတယ်။ ဘုရားသခင်ကို စယုံကြည်ခါစ အချိန်ကို ကျွန်တော် ပြန်တွေးမိတယ်။ လူတွေက ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို သူတို့ မိတ်သဟာယအတွက် လေးစားပြီး အားကိုးကြတာကို ကျွန်တော် မြင်တဲ့အခါ၊ ကျွန်တော် အားကျခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အလေးထားမှုနဲ့ လေးစားမှုကို ရဖို့အတွက် ကျွန်တော်က ဒုက္ခခံပြီး ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ လိုလားခဲ့တယ်။ ကျွန်တော့်အလုပ်က ရလဒ်တချို့ကို မြင်ရတာနဲ့တစ်ပြိုင်နက်၊ ကျွန်တော်က ဘယ်လို ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့တယ်၊ ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်ဖို့ ဘယ်လို ကြိုးပမ်းခဲ့ရတယ်ဆိုတာနဲ့ သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကို ညီအစ်ကိုမောင်နှမတွေရှေ့မှာ မကြာခဏ သက်သေခံလေ့ရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အပျက်သဘောဆောင်တာ၊ အားနည်းတာ၊ ပုန်ကန်တာနဲ့ အတိုက်အခံလုပ်တာတွေ အကြောင်းကိုတော့ ဘယ်တော့မှ မပြောခဲ့ဘူး။ ဘာလို့လဲဆိုတော့ လူတွေက ကျွန်တော့်အကြောင်းကို ဖောက်ထွင်းမြင်သွားပြီး အရည်အချင်းမပြည့်မီတဲ့ ခေါင်းဆောင်လို့ ခေါ်ကြမှာကို အရမ်းကြောက်လို့လေ။ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ကိုယ့်ပုံရိပ်ကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာကိုပဲ တွေးခဲ့တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ အားလုံး ကျွန်တော့်ကို အထင်ကြီးပြီး အားကိုးလာအောင် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၊ ကြွားဝါဖို့အတွက် ကိုယ့်တာဝန်ကို အခွင့်အရေးတစ်ခုအနေနဲ့ သုံးခဲ့တယ်။ ကျွန်တော်က ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ကျွန်တော်က ထုံထိုင်းနေပြီး အဲဒါကို လုံးဝ သတိမထားမိခဲ့ဘူး။ ကျွန်တော့်မှာ သမ္မာတရား လက်တွေ့ကျမှုတွေ ပိုင်ဆိုင်ထားတယ်လို့ ထင်နေရင်းနဲ့ အရှက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပြီး ကြွားဝါနေတုန်းပဲ။ ကျွန်တော့်မှာ လူ့သဘာဝ၊ ဒါမှမဟုတ် ဆင်ခြင်တုံတရား မရှိခဲ့ဘူး။ ကျွန်တော် လုပ်ခဲ့တာတွေက ဘုရားသခင်အတွက် မနှစ်မြို့စရာဖြစ်ပြီး စက်ဆုပ်ရွံရှာစရာဖြစ်တယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ နက်ရှိုင်းတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ခံစားလိုက်ရတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ မပြောနဲ့၊ ဘုရားရှေ့မှောက်မှာ အသက်ရှင်ဖို့တောင် တကယ် မထိုက်တန်ဘူးလို့ ခံစားခဲ့ရတယ်။
ဒီအရာတွေကို သဘောပေါက်ပြီးနောက် ကျွန်တော် စပြီး ဆင်ခြင်သုံးသပ်မိတယ်။ “ငါက ဘာလို့ အမြဲတမ်း သတိလက်လွတ် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါနေမိတာလဲ။ ဘာလို့ အန္တိခရစ် လမ်းကြောင်းကို လျှောက်နေတာလဲ၊ မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေရတာလဲ။ အကြောင်းရင်းက ဘာလဲ” လို့ပေါ့။ ကျွန်တော် ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်တွေကို ဖတ်မိတယ်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) “အချို့သောလူတို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ မိန့်ခွန်းများပြောခြင်းနှင့် အလုပ်လုပ်ခြင်းကို နှစ်သက်ကြသည်၊ စုဝေးပွဲများ ကျင်းပခြင်းနှင့် တရားဟောခြင်းကို နှစ်သက်ကြပြီး လူတို့အား ၎င်းတို့စကားကို နားထောင်အောင်လုပ်ခြင်း၊ ၎င်းတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်အောင် လုပ်ခြင်းနှင့် ၎င်းတို့ကို ဝန်းရံအောင်လုပ်ခြင်းတို့ကို နှစ်သက်ကြသည်။ ၎င်းတို့သည် အခြားသူများ၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ရယူခြင်းကို နှစ်သက်ကြပြီး ၎င်းတို့ တင်ပြသည့် ပုံရိပ်ကို အခြားသူများက အာရုံစိုက်ခြင်းကို နှစ်သက်ကြသည်။ ဤသရုပ်သကန်များမှ ၎င်းတို့၏ သဘာဝကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ၎င်းတို့၏ သဘာဝသည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် ဤသရုပ်သကန်များကို အမှန်တကယ် ပြသပါက ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်သောသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ဝတ်ပြုကိုးကွယ်ခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် မြင့်မားသော အဆင့်အတန်းကို လိုက်စားပြီး အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူတို့ကို ပိုင်ဆိုင်လိုပြီး ထိုသူတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ရယူလိုကြောင်းတို့ကို သက်သေပြရန် လုံလောက်သည်။ ဤသည်မှာ စာတန်နှင့်သက်ဆိုင်သော စံပြပုံရိပ် ဖြစ်သည်။ ၎င်းတို့၏ သဘာဝနှင့်ပတ်သက်၍ အထူးသဖြင့် ထင်ရှားသော အသွင်အပြင်များမှာ ၎င်းတို့သည် မာနထောင်လွှား၍ စိတ်ကြီးဝင်ကြသည်၊ ဘုရားသခင်ကို မကိုးကွယ်ကြဘဲ အခြားသူများကို ၎င်းတို့အား ကိုးကွယ်လာစေရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ ထိုသို့သော သရုပ်သကန်များက သင့်ကို ၎င်းတို့၏ သဘာဝထဲသို့ အလွန်ရှင်းလင်းစွာ ထိုးထွင်းသိမြင်စေနိုင်ပါသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော် ဖော်ထုတ်ပြတာကတစ်ဆင့် ကျွန်တော် နားလည်သွားတယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ စာတန်ဆန်တဲ့ သဘာဝက ထိန်းချုပ်ထားလို့ ကျွန်တော်က အရာရာမှာ အလေးစားခံချင်ပြီး လူတွေရဲ့ စိတ်နှလုံးထဲမှာ မြင့်မားတဲ့ နေရာတစ်ခု လိုချင်ခဲ့တာပါ။ ကျွန်တော်က ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ အန္တိခရစ်တွေရဲ့ လမ်းကြောင်းပေါ် လျှောက်နေခဲ့တာ။ ကျွန်တော် တာဝန်တွေ စထမ်းဆောင်ကတည်းက ကျွန်တော့်တာဝန်မှာ ဘယ်လို ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့တယ်၊ ဇာတိပကတိကို ဘယ်လို ဆန့်ကျင်တွန်းလှန်ခဲ့တယ်ဆိုတာနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုရှာဖွေခဲ့တယ်ဆိုတာတွေကို ညီအစ်ကို မောင်နှမတွေရှေ့မှာ အရှက်မရှိ ကြွားဝါခဲ့တယ်။ ကျွန်တော်က သာမန်လူတွေရဲ့ အထက်မှာရှိတယ်၊ တခြားလူတွေထက် တော်တယ် ဆိုတာကို ပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ကျွန်တော်က လူတွေကို ကျွန်တော့်အပေါ် အားကိုးပြီး ကိုးကွယ်စေချင်ခဲ့တယ်။ ပေါလုအကြောင်း တွေးမိတယ်။ သူက သူ့ရဲ့ ဆုကျေးဇူးတွေနဲ့ အသိပညာတွေကို ထုတ်ပြဖို့ သူ့ရဲ့တရားဟောခြင်းနဲ့ အလုပ်ကို အသုံးပြုခဲ့ပုံ၊ တခြားလူတွေ သူ့ကို အားကိုးအောင် ကြွားဝါခဲ့တဲ့အပြင်၊ လူတွေကို စည်းရုံးပြီး လူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်ဖို့ သခင့်အတွက် သူ ဘယ်လောက် အလုပ်လုပ်ပြီး ဒုက္ခခံခဲ့ရတယ် ဆိုတာတွေကို သက်သေခံဖို့ မတူညီတဲ့ အသင်းတော်တွေဆီ သွားခဲ့ပုံတွေပေါ့။ သူ့အလုပ်နဲ့ သူ့စာတွေထဲမှာ သခင်ယေရှု ဖော်ပြခဲ့တဲ့ သမ္မာတရားကို သက်သေမခံခဲ့တဲ့အပြင်၊ သခင်ယေရှုရဲ့ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကိုလည်း သက်သေမခံခဲ့ဘူး၊ သခင့်စကားတွေကို နာခံဖို့လည်း ယုံကြည်သူတွေကို တိုက်တွန်းနှိုးဆော်တာ မလုပ်ခဲ့ဘူး။ အဲဒီအစား သူက သခင်ယေရှုရဲ့ စကားတွေကို ကိုယ်ပိုင်အမြင်တွေပေါ် အခြေခံပြီး လွဲချောအောင်လုပ်ခဲ့တယ်။ သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ပေါလုက တခြားလူတွေ သူ့ကို ကိုးကွယ်စေဖို့နဲ့ လူတိုင်းကို သူ့ဖက်ပါလာအောင်လုပ်ဖို့အတွက် သူ့ရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို မှီခိုရင်းနဲ့ အလုပ်လုပ်ခဲ့တယ်။ နောက်ဆုံးမှာ ခရစ်တော်လို သူအသက်ရှင်ခဲ့တယ်လို့ အရှက်မရှိ သက်သေခံခဲ့ပြီး လူတွေရဲ့ စိတ်နှလုံးထဲက သခင်ယေရှုရဲ့ နေရာကို ယူခဲ့တယ်။ လူတွေက သူ့စကားတွေကို နားထောင်ပြီး သခင့်စကားကို အာရုံမစိုက်အောင်လို့ သူက သခင့်ကို ယုံကြည်သူ မျိုးဆက်တွေကို မျက်စိကွယ်စေခဲ့ပြီး ဘုရားသခင်အပေါ် အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ကျွန်တော့် လုပ်ရပ်တွေက ပေါလုနဲ့ အတူတူပဲ ဆိုတာကို မြင်လိုက်ရတယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ စာတန်ဆန်တဲ့ သဘာဝရဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်တော်က အကြိမ်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက် ကြွားဝါခဲ့ပြီး လူတွေ ကျွန်တော့်ကို ကိုးကွယ်အောင် လုပ်ခဲ့တယ်။ ရလဒ်ကတော့ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိတော့ဘူး၊ ပြီးတော့ ကိစ္စတွေ ဖြစ်လာတဲ့အခါ သူတို့က ဘုရားသခင်ကို မှီခိုအားထားတာ၊ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေတာ မလုပ်ကြဘူး။ အဲဒီအစား ကျွန်တော့်ဆီမှာပဲ သမ္မာတရား ရှိသလိုမျိုး ကျွန်တော့်ကိုပဲ မှီခိုကြတယ်။ ဒီအတိုင်းသာ ကျွန်တော် ဆက်သွားနေရင် ညီအစ်ကိုမောင်နှမတွေကို ကျွန်တော့်ရှေ့မှောက် ခေါ်ဆောင်လာနေတာ မဟုတ်ဘူးလား။ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့ အရာတစ်ခုပဲ။ ဒါကို သဘောပေါက်လိုက်တာနဲ့ ကျွန်တော့်စိတ်နှလုံးထဲမှာ ကြောက်ရွံ့မှုက စိုးမိုးသွားတယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ သဘာဝနဲ့ တာဝန်ထမ်းဆောင်တာကနေ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ဒီလို မကောင်းမှုမျိုး လုပ်မိစေနိုင်မယ်လို့ တကယ်ကို တစ်ခါမှ စိတ်မကူးမိခဲ့ဘူး။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “အချို့လူများသည် မိမိတို့ကိုယ်ကိုယ်အကြောင်း ထပ်တလဲလဲ သက်သေခံဖို့၊ မိမိတို့၏ သြဇာအာဏာ အရှိန်အဝါကို မြှင့်တင်ဖို့နှင့် လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် မိမိတို့၏ ရာထူးများကို အသုံးပြုကောင်း အသုံးပြုကြသည်။ ၎င်းတို့သည် လူများကို သိမ်းသွင်းနိုင်ဖို့နှင့် ထိန်းချုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားရင်း၊ လူတို့ကို ၎င်းတို့အား ကိုးကွယ်စေရန် နည်းလမ်းအမျိုးမျိုးနှင့် ဆောင်ရွက်မှုအမျိုးမျိုးကို အသုံးပြုကြလေသည်။ အချို့သည် ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းတို့မှာ ဘုရားသခင် ဖြစ်သည်ဟု တွေးထင်စေရန် လူများကို တမင်တကာ လှည့်စားကြသည်။ ၎င်းတို့သည် ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရဖူးသည်။ ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးပြီး မာနထောင်လွှားသော သူများဖြစ်သည်၊ ၎င်းတို့ကို မကိုးကွယ်ကြဖို့နှင့် သူတို့မည်မျှကောင်းစွာ လုပ်ဆောင်ကြသည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ ပြောမည်မဟုတ်။ အဘယ့်ကြောင့် ဤအရာများကို ၎င်းတို့ မပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို အလွန်အမင်း စိုးရွံ့ကြသောကြောင့် ဖြစ်သည်။ ဤအကြောင်းကြောင့် ထိုသို့သော လူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ ချီးမြှောက်ခြင်း၊ မည်သည့်အခါမျှ သက်သေမခံခြင်း ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတာ ကျွန်တော့်နှလုံးသားကို ဆူးသလို ခံစားရတယ်။ ဘုရားအိမ်တော်က ကျွန်တော့်ကို ခေါင်းဆောင်ဖြစ်ခွင့်ပေးခဲ့တာက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု ပြဿနာတွေကို ဖြေရှင်းပြီး လူတွေကို သမ္မာတရား နားလည်အောင်၊ ဘုရားသခင်ကို သိကျွမ်းပြီး ကျိုးနွံနာခံအောင် လမ်းပြဖို့အတွက် သမ္မာတရား မိဿဟာယဖွဲ့တာကို လက်တွေ့လုပ်ဆောင်ခွင့်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံတာကို အာရုံစိုက်မဲ့အစား ကြွားဝါဖို့နဲ့ ကိုယ့်ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ကျွန်တော့်တာဝန်တွေကို သုံးခဲ့မိတယ်။ ကျွန်တော့်ရဲ့ ဦးဆောင်မှုကြောင့် ညီအစ်ကိုမောင်နှမတွေ အားလုံး ကျွန်တော့်ကို ကိုးကွယ်ပြီး အားကိုးခဲ့ကြတယ်၊ ကိစ္စတွေ ဖြစ်လာတဲ့အခါ ဘုရားသခင်အစား ကျွန်တော့်ကိုပဲ မှီခိုအားထားကြပြီး သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေကြဘူး။ ဒီအတိုင်းသာ ကျွန်တော် ဆက်သွားနေရင် လူတွေကို ကိုယ့်ရှေ့မှောက် ခေါ်ဆောင်လာနေတာ မဟုတ်ဘူးလား။ ဘုရားသခင်က အထွတ်အမြတ်ဖြစ်တယ်၊ သန့်ရှင်းပြီး ကြီးမြတ်တယ်၊ ဒါပေမဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူဇာတိခံယူခြင်းနဲ့ဆိုင်တဲ့ ကြီးမားတဲ့ အရှက်ရခြင်းကို သည်းခံခဲ့တယ်။ လူတွေကြားမှာ နှိမ့်ချဖုံးကွယ်ပြီး အလုပ်လုပ်ခဲ့တယ်၊ လူတွေကို ထောက်ပံ့ဖို့နဲ့ လမ်းပြဖို့ ထင်ပေါ်ခြင်းမရှိဘဲ သမ္မာတရားကို ဖော်ပြခဲ့ပြီး လူသားမျိုးနွယ်အတွက် အရာအားလုံး ပေးဆပ်ခဲ့တယ်။ ဘုရားသခင်က ကြွားဝါဖို့ လုံးဝ မကြိုးပမ်းခဲ့ဘူး။ သူ့ရဲ့ အနှစ်သာရက တကယ်ကို နှစ်သက်စရာကောင်းတယ်။ ကျွန်တော်က ပိုးတစ်ကောင်ထက် အရေးမပါဘူး။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ခံရလွန်းလို့ လူသားပုံသဏ္ဌာန် မရှိတော့ဘူး၊ ဒါပေမဲ့ တခြားလူတွေ ကျွန်တော့်ကို အားကျပြီး ကိုးကွယ်စေချင်ခဲ့တယ်။ ကျွန်တော်က အရမ်း အရှက်မဲ့ပြီး ကိုယ့်ရဲ့ သင့်တော်တဲ့နေရာကို မသိခဲ့ဘူး။ ကျွန်တော် လုပ်ခဲ့တာတွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်တော် စက်ဆုပ်ပြီး ရှက်မိတဲ့အပြင်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး ရွံရှာမိတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဘုရားရဲ့ ကျေးဇူးတော်နဲ့ ချီးမြှောက်ခြင်းတွေနဲ့အညီ ကျွန်တော် အသက်မရှင်နိုင်ခဲ့ဘူး။ ဒီဒုစရိုက်အမှုတွေအတွက် ကျွန်တော်က ကျိန်ခြင်းခံရပြီး အပြစ်ဒဏ်ပေးခံရထိုက်တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံတာက ဘာလဲဆိုတာ ကျွန်တော် နားလည်သွားတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တာနဲ့ အန္တိခရစ် လမ်းကြောင်း လျှောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကို တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) “သို့ဆိုလျှင် မည်သည့် ပြုမူလုပ်ဆောင်နည်းသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မဟုတ်သနည်း။ အကယ်၍ သင်သည် အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ကြွားလုံးထုတ်ပြီး မိမိကိုယ်ကို သက်သေခံပါက လူအချို့အား သင့်ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိမည် ဖြစ်သည်။ သို့သော် သင်သည် ထိုတူညီသော အကြောင်းအရာနှင့် ပတ်သက်၍ မိမိကိုယ်ကို ဖော်ထုတ်ပြပြီး သင်၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းကို ဝေမျှလျှင် ဤအရာ၏ သဘာဝမှာ ကွဲပြား၏။ ဤသည်မှာ မမှန်ကန်သလော။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောပြဖို့အတွက် မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်၏။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိနားလည်ပြီး မိမိ၏အခြေအနေအကြောင်း မှန်ကန်စွာ၊ စစ်မှန်စွာနှင့် တိကျစွာ ပြောပြလျှင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံသည့် အသိပညာအကြောင်း ပြောပြလျှင်၊ သင့်အား နားထောင်သောသူတို့သည် တည်ဆောက်ပေးခြင်း ခံရပြီး ယင်းမှနေ၍ အကျိုးဖြစ်လျှင်၊ ထို့ပြင် ဘုရားသခင်၏ အလုပ်ကို သက်သေခံပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလျှင် ယင်းသည် ဘုရားသခင်အား သက်သေခံနေခြင်း ဖြစ်၏။ အကယ်၍ မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းအားဖြင့် သင်သည် သင်၏ စွမ်းပကားများ၊ သင်သည် မည်ကဲ့သို့ ဆင်းရဲဒုက္ခခံရပြီး အဖိုးအခပေးခဲ့ကာ သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ပြီဖြစ်ကြောင်း များစွာ ပြောပြ၍ ရလဒ်အနေဖြင့် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်ပါက ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ ဤအပြုအမူနှစ်ခုကြားမှ ခြားနားချက်ကို ပြောပြနိုင်ဖို့ လိုသည်။ ဥပမာ စမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါ သင်သည် မည်ကဲ့သို့ အားနည်းပြီး အပျက်သဘောဆောင်ကြောင်းနှင့် ဆုတောင်း၍ သမ္မာတရားကို ရှာဖွေပြီးနောက် သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့ နားလည်ကာ ယုံကြည်ခြင်းကို ရရှိပြီး သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ကြောင်း ရှင်းပြခြင်းသည် ဘုရားသခင်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း ဖြစ်၏။ ယင်းမှာ မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း လုံးဝ မဟုတ်ပေ။ ထို့ကြောင့် မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း ဟုတ်မဟုတ်က သင်၏ တကယ့်အတွေ့အကြုံများကို ပြောပြနေခြင်း ဟုတ်မဟုတ်နှင့် ဘုရားသခင်အကြောင်း သက်သေခံခြင်းဟူသည့် သဘောသက်ရောက်ခြင်း ရှိမရှိအပေါ် လုံးလုံးလျားလျား မူတည်သည်။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ပြောသောအခါ သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက မည်သည့်အရာ ဖြစ်သည်ကို ကြည့်ဖို့လည်း လိုအပ်သည်။ ထိုသို့ပြုခြင်းက သင်သည် မည်သည့်အပြုအမူမျိုး၌ ပါဝင်နေကြောင်း ပိုင်းခြားသိမြင်ဖို့ လွယ်ကူစေမည် ဖြစ်သည်။ သင်သည် မိမိ၏ သက်သေခံချက်ကို ဝေမျှသောအခါတွင် မှန်ကန်သော ရည်ရွယ်ချက်ရှိပါက လူတို့က သင့်အား အထင်ကြီးပြီး ကိုးကွယ်လျှင်ပင် ယင်းက တကယ့် ပြဿနာမဟုတ်ပေ။ အကယ်၍ သင်၌ မှားယွင်းသော ရည်ရွယ်ချက်ရှိပါက မည်သူမျှ သင့်ကို အထင်ကြီးခြင်း မရှိလျှင်ပင်၊ သို့မဟုတ် မကိုးကွယ်လျှင်ပင် ယင်းက ပြဿနာဖြစ်နေဆဲပင်။ ထို့ပြင် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်လျှင် ယင်းက ပို၍ပင် ပြဿနာဖြစ်ပေသည်။ ထို့ကြောင့် လူတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေခြင်း ဟုတ်မဟုတ် အဆုံးအဖြတ် ပေးရန်အတွက် ရလဒ်များကိုသာ အဓိကထား ကြည့်၍မရပေ။ သူ၏ ရည်ရွယ်ချက်ကို အဓိကအားဖြင့် ကြည့်ရမည်ဖြစ်သည်။ ဤအပြုအမူနှစ်ခုကို ခွဲခြားသိမြင်ဖို့ မှန်ကန်သောနည်းလမ်းမှာ ရည်ရွယ်ချက်များအပေါ် အခြေခံ၏။ အကယ်၍ ဤအရာကို ရလဒ်များအပေါ် အခြေခံ၍သာ ပိုင်းခြားသိမြင်ဖို့ ကြိုးစားလျှင် သင်သည် လူကောင်းတို့ကို မှားယွင်းစွာ စွပ်စွဲမိနိုင်ဖွယ် ရှိပေမည်။ လူအချို့သည် အထူးသဖြင့် စစ်မှန်သော သက်သေခံချက်ကို မျှဝေကြပြီး အကျိုးဆက်အားဖြင့် တချို့တလေက သူတို့ကို အထင်ကြီးကာ ကိုးကွယ်ကြသည်။ ထိုလူတို့က မိမိတို့ကိုယ်ကို သက်သေခံနေကြသည်ဟု သင်ဆိုနိုင်သလော။ မဆိုနိုင်ပေ။ ထိုလူတို့နှင့်ပတ်သက်၍ ပြဿနာ မရှိပေ။ သူတို့မျှဝေသော သက်သေခံချက်နှင့် သူတို့လုပ်ဆောင်သော တာဝန်သည် အခြားသူများအတွက် အကျိုးရှိပြီး လွဲချော်သော သဘောပေါက်နားလည်မှု ရှိသည့် စဉ်းစားဉာဏ်မဲ့ပြီး ပညာမဲ့သော လူတို့ကသာ အခြားလူများကို ကိုးကွယ်ကြလေသည်။ လူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြခြင်း ဟုတ်မဟုတ် ပိုင်းခြားသိမြင်ဖို့ အဓိကသော့ချက်မှာ စကားပြောသူ၏ ရည်ရွယ်ချက်ကို ကြည့်ခြင်းဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းက မည်ကဲ့သို့ ထုတ်ဖော်ကြောင်းနှင့် သင် မည်ကဲ့သို့ ပြောင်းလဲသွားကြောင်း လူတိုင်းကို ပြသရန်နှင့် အခြားသူများကို ဤအရာမှ အကျိုးရှိအောင် ထောက်ကူပေးရန်ဖြစ်လျှင် သင်၏ စကားများသည် အလွန် အလေးအနက်ထားပြီး မှန်ကန်သည့်အပြင် အဖြစ်မှန်နှင့် ကိုက်ညီသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်များက မှန်ကန်ပြီး သင်သည် ကြွားလုံးထုတ်နေခြင်း သို့မဟုတ် မိမိကိုယ်ကို သက်သေခံနေခြင်း မဟုတ်ပေ။ သင်၏ ရည်ရွယ်ချက်မှာ လူတိုင်း သင့်ကို အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် သင်၌ တကယ့် အတွေ့အကြုံများ ရှိကြောင်း၊ သင်သည် ပြောင်းလဲသွားပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ထားကြောင်း သူတို့ကို ပြဖို့ဆိုပါက ဤရည်ရွယ်ချက်များမှာ မမှန်ကန်ပေ။ ယင်းက ကြွားလုံးထုတ်ခြင်းနှင့် မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ အကယ်၍ သင်ပြောပြနေသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က မှားယွင်းပြီး မစင်ကြယ်သည့်အပြင် လူတို့ကို လိမ်လည်ရန်၊ သူတို့ကို သင်၏ စစ်မှန်သော အခြေအနေအား မြင်တွေ့ခြင်းမှ တားဆီးရန်နှင့် သင်၏ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးမှု၊ အားနည်းချက် သို့မဟုတ် အပျက်သဘောဆောင်ခြင်းကို အခြားသူများထံ ထုတ်ဖော်ခံရခြင်းမှ ကာကွယ်ရန်အတွက် ရည်ရွယ်ပါက ထိုသို့သော စကားများသည် လှည့်စားပြီး အထင်အမြင်မှားစေသည်။ ဤသည်မှာ အတုအယောင် သက်သေခံချက်ဖြစ်ကာ ဘုရားသခင်ကို လှည့်စားပြီး ဘုရားသခင်ကို အရှက်ရစေသည့်အပြင် ယင်းသည် ဘုရားသခင် အမုန်းဆုံးအရာပင် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံဖို့အတွက်၊ ကျွန်တော်တို့ အရင်ဆုံး မှန်ကန်တဲ့ ရည်ရွယ်ချက်တွေရှိရမှာဖြစ်ပြီး မှန်မှန်ကန်ကန် စကားပြောရမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်သွားတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေမှာ ဘယ်လို ပုန်ကန်မှု၊ အားနည်းမှုနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်မိတယ်၊ ဘုရားနှုတ်ကပတ်တော်နဲ့ ချိန်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆင်ခြင်သုံးသပ်ပြီး သိမြင်လာတယ်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ဘယ်လို လက်ခံခဲ့တယ်ဆိုတာနဲ့ ဘုရားသခင်နဲ့ပတ်သက်ပြီး ဘယ်လို စစ်မှန်တဲ့ အသိပညာ ရရှိခဲ့တယ်ဆိုတာတွေအရတော့၊ ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ၊ အတွေးတွေနဲ့ စိတ်ကူးတွေကို အမြဲ ဆင်ခြင်သုံးသပ်သင့်တယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါချင်တဲ့အခါ ဆုတောင်းပြီး ကိုယ့်ကိုယ်ကို ဆန့်ကျင်တွန်းလှန်သင့်တယ်၊ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ ရှိသင့်တယ်၊ ကိုယ့်ရဲ့ သင့်တော်တဲ့နေရာကို စောင့်ထိန်းသင့်တယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ အများကြီး ဖွင့်ဟရမယ်၊ ပြီးတော့ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံဖို့ ဘုရားနှုတ်ကပတ်တော်အပေါ် ကိုယ်ပိုင် အတွေ့အကြုံဆိုင်ရာ အသိပညာကို သုံးသင့်တယ်။ ဒါက ဖန်ဆင်းခံတွေမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားနဲ့ သူတို့ လုပ်ဆောင်သင့်တဲ့ တာဝန်ပါပဲ။
ဒါကို သဘောပေါက်လိုက်တာနဲ့ ကျွန်တော် အစ်ကိုဝမ်ကို ပြောလိုက်တယ်။ “အစ်ကို့ရဲ့ လမ်းပြမှုက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်လာဖို့ ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ဒါက ကျွန်တော့်အတွက် ဘုရားရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ အခု ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် သိနားလည်မှုတစ်ခုခု ကျွန်တော့်မှာရှိတယ်။ ဘုရားသခင်ဆီ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဖြာလေ့လာဖို့နဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ဖွင့်ချဖို့ လိုလားပါတယ်” လို့ပေါ့။ နောက်ပိုင်း အဲဒီညီအစ်ကိုဆီ စာပြန်ရေးတဲ့အခါ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ချီးမြှောက်ပြီး ကြွားဝါခဲ့တယ်၊ ကျွန်တော့်ရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်က အန္တိခရစ် လမ်းကြောင်းကို လျှောက်ခဲ့တယ် ဆိုတာတွေကို အဲဒီညီအစ်ကိုနဲ့အတူ ကျွန်တော် ဖွင့်ဟ၊ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ဒုစရိုက်အမှုတွေကို ခွဲခြားသိမြင်နိုင်အောင်၊ ပြီးတော့ ကျွန်တော့်ကို အားမကျတော့အောင်၊ ကျွန်တော်ရဲ့ အထင်အမြင်မှားအောင် လုပ်တာကို မခံရတော့အောင်လို့ပေါ့။ အရာရာမှာ ဘုရားသခင်ကို မှီခိုအားထားဖို့နဲ့ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေကို ရှာဖွေဖို့လည်း သူတို့ကို ကျွန်တော် လမ်းပြခဲ့တယ်။ ပြီးတော့ တခြားသူတွေနဲ့ မိတ်သဟာယဖွဲ့တဲ့အခါမှာတောင် မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ ရှိရမယ်၊ အရာရာကို ဘုရားသခင်ဆီကနေ လက်ခံရမယ်၊ ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရား ကိုက်ညီတဲ့ မိတ်သဟာယကိုပဲ လက်ခံရမယ်ဆိုတာနဲ့ ဘယ်လူပုဂ္ဂိုလ်ကိုမှ မကိုးကွယ်ရဘူး၊ နောက်မလိုက်ရဘူး၊ ဘာလို့လဲဆိုတော့ ဒါက ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားတဲ့သူတွေ လျှောက်လှမ်းသင့်တဲ့ လမ်းကြောင်းဖြစ်လို့ဖြစ်တယ်ဆိုတာတွေပေါ့။ စာရေးပြီးတဲ့နောက်မှာ တစ်ခါမှ မရဖူးတဲ့ စိတ်သက်သာရာရမှုနဲ့ အေးချမ်းမှုကို ကျွန်တော် ခံစားလိုက်ရတယ်။
နောက်ပိုင်း ကျွန်တော့်တာဝန်တွေထဲမှာ ဘုရားနှုတ်ကပတ်တော်ကို သတိရှိရှိနဲ့ လက်တွေ့လုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်အလုပ်မှာ ရလဒ်တွေထွက်ပြီး ညီအစ်ကို မောင်နှမတွေရဲ့ ချီးမွမ်းတာကို ခံရတဲ့အပြင်၊ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး နောက်တစ်ခါ ကြွားဝါချင်တဲ့အခါ၊ ဘုရားသခင်ဆီ အမြန် ဆုတောင်းပြီး၊ ကိုယ်ထုတ်ဖော်ပြမိတဲ့ အန္တိခရစ် စိတ်သဘောထားကို ဆင်ခြင်သုံးသပ်၊ နားလည်ဖို့ ဘုရားနှုတ်ကပတ်တော်ကို သုံးတယ်။ ကိုယ့်ရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို အချိန်မီ ဆန့်ကျင်တွန်းလှန်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားက အတော်အတန် ချုပ်ထိန်းခံရပြီး ကျွန်တော် အရင်လို ကိုယ့်ကိုယ်ကိုယ် မချီးမြှောက်တော့ဘူး၊ မကြွားဝါတော့ဘူး။ တစ်ခါ စုဝေးပွဲတစ်ခုကို ကျွန်တော် သွားခဲ့ပြီး၊ ညီအစ်ကိုတစ်ယောက်က ပြောတယ်။ “အစ်ကို့တွဲဖက်ရဲ့ မိတ်သဟာယက အစ်ကို့လောက် လမ်းကြောင်းမပေးဘူး...” တဲ့။ အဲဒါကို ကြားတော့ ကျွန်တော် စပြီး ကျေနပ်ဂုဏ်ယူလာမိတယ်၊ ဒါပေမဲ့ ကိုယ့်အခြေအနေ မှားနေမှန်း ချက်ချင်း သဘောပေါက်မိပြီး နည်းနည်း ကြောက်သွားတယ်။ ဒါနဲ့ အတိတ်တုန်းက ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ချီးမြှောက်ပြီး ကြွားဝါခဲ့တယ်ဆိုတာနဲ့ အဲဒါက ဘယ်လို အကျိုးဆက်တွေ ဖြစ်စေခဲ့တယ်၊ ပြီးတော့ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ဘယ်လို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်လာတယ် ဆိုတာတွေကို ကျွန်တော် ထုတ်ဖော်ပြောခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန်နဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ ရုပ်ဆိုးတဲ့ အဖြစ်မှန်ကို မြင်နိုင်အောင် ဒီအရာတွေ အားလုံးကို ကျွန်တော် စိတ်ဖြာလေ့လာပြီး ဖွင့်ဟပြခဲ့တယ်။ ပြီးတော့ ကျွန်တော်က ဘယ်သူ့ထက်မှ မတော်ဘူး၊ ကျွန်တော့်တာဝန်ရဲ့ ရလဒ်တွေက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကြောင့် ရရှိခဲ့တာပါလို့ လူတိုင်းကို ပြောပြခဲ့တယ်။ ကျွန်တော် မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့ကြတယ်၊ သူတို့ ကျွန်တော့်ကို အားကိုးတာ၊ လေးစားအားကျတာတွေ မလုပ်ကြတော့ဘူး၊ ပြီးတော့ ကျွန်တော် အရမ်းကို အေးချမ်းတဲ့စိတ်ခံစားရတယ်။ ကျွန်တော့်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီး ရှိနေသေးပေမဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခံစားဖို့ အာရုံစိုက်နေသရွေ့၊ ကိုယ့်ရည်ရွယ်ချက်တွေကို မကြာခဏ ဆင်ခြင်သုံးသပ်နေသရွေ့၊ အရာခပ်သိမ်းမှာ သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်တွေကို ပြုမူဆောင်ရွက်ခြင်းနဲ့ ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက်အဖြစ် သုံးနေသရွေ့ ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်တော် ရရှိမယ်၊ ဖောက်ပြန်ပျက်စီးမှုတွေကို တဖြည်းဖြည်း ဖယ်ရှားနိုင်ပြီး ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အေးမှုံ မြန်မာနိုင်ငံ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော်ကြီးကြပ်နေခဲ့တယ်။ အသင်းတော်မှာ သူတို့တာဝန်တွေကို...
ဘားနဒ် ကင်မာရွန်းနိုင်ငံ အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့...
ချီဟန် ကိုးရီးယားနိုင်ငံ အသင်းတော်စာအုပ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော် စီမံခန့်ခွဲရတယ်။ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲပြီး သိမ်းဆည်းထားလား၊...
သင်းလိ အမေရိကန်နိုင်ငံ အရင် သုံးလေးနှစ်လောက်က ကျွန်မက အသင်းတော်မှာ သီချင်းရေးလေ့ကျင့်နေတာ။ ဒီအလုပ်နဲ့ စည်းမျဉ်းတွေကို ကျွန်မ...