ကျွန်မအမေ ဆုံးပါးသွားမှန်း သိလိုက်ရပြီးနောက်
ကျန်းမင်၊ တရုတ်ပြည်။ကျွန်မအသက် တစ်နှစ်မပြည့်ခင်မှာပဲ အဖေက နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့တယ်။ အမေက ကျွန်မတို့ မောင်နှမငါးယောက်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မအဖေက သားသမီးဝတ်အရမ်းကျေပွန်တဲ့သူဆိုပြီး ကျွန်မတို့ဆီမှာ နာမည်ကြီးတာလေ။ ကြီးပြင်းလာတဲ့တစ်လျှောက် ထမင်းစားပွဲမှာ အဖေပြောတာကို ကျွန်မ ခဏခဏ ကြားဖူးတယ်။ “သားသမီးဝတ်ဆိုတာ အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမယ့် သူတော်ကောင်းတရားပဲ။ ကျင့်ကြံပြုမူတဲ့နေရာမှာ ကိုယ့်မိဘတွေကို အရင်ဆုံး သားသမီးဝတ်ကျေပွန်ရမယ်၊ ဒါက အခြေခံပဲ။ ကြည့်စမ်း၊ မွေးခါစ သိုးသငယ်လေးတောင် နို့စို့ဖို့ ဒူးထောက်ရမှန်း သိတယ်၊ ဒါကြောင့် ကိုယ့်မိဘကို သားသမီးဝတ်မကျေပွန်တဲ့သူက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ် တဲ့။ သမီးရဲ့ အဖွား နေမကောင်းဖြစ်တုန်းကဆို အဖေက တစ်ညပြီးတစ်ည သူ့အနားမှာ တစ်ညလုံး မအိပ်ဘဲ စောင့်ပေးခဲ့တာ။ တကယ်တော့ အဘိုးနဲ့အဘွားကို ပြုစုဖို့အတွက် သူတို့နှစ်ယောက်လုံး ဆုံးပါးသွားတဲ့အထိ အဖေက အိမ်ထောင်ပြုဖို့တောင် မစဉ်းစားခဲ့ဘူး” ပေါ့။ အဲဒါက ကျွန်မရဲ့ ငယ်ရွယ်တဲ့ စိတ်နှလုံးထဲမှာ သားသမီးဝတ်ကျေပွန်ခြင်းဆိုတဲ့ မျိုးစေ့ကို စိုက်ပျိုးပေးလိုက်သလိုပဲ။ ကြီးလာရင် မိဘတွေအပေါ် ကောင်းရမယ်၊ မဟုတ်ရင် ငါ့မှာ အသိစိတ်မရှိဘူးဖြစ်သွားမယ်လို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မ အသက် ဆယ့်ခုနစ်နှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လို့ ကွန်မြူနစ်ပါတီက အဖေ့ကို ဖမ်းပြီး အလုပ်ကြမ်းနဲ့ပညာပေး နှစ်နှစ် ချမှတ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မက အိမ်နဲ့ဝေးတဲ့နေရာမှာ အလုပ်လုပ်နေတာလေ။ အဖေ့ကို အလုပ်ကြမ်းစခန်းမှာ ရံဖန်ရံခါ သွားသွားတွေ့ပြီး စားစရာတွေ ယူသွားပေးတယ်၊ ပြီးတော့ ကျန်တဲ့လစာကို အိမ်ကို ထောက်ပံ့ဖို့ပို့ပေးခဲ့တယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း တရုတ်နှစ်သစ်ကူးရောက်တိုင်း မိဘတွေအတွက် အဝတ်အစားတွေ၊ စားကောင်းသောက်ဖွယ်တွေ အဲဒီလိုမျိုး ဝယ်ပေးလေ့ရှိတယ်။ နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာပြီး အိမ်နဲ့ဝေးတဲ့နေရာမှာ တာဝန် ထမ်းဆောင်ခဲ့တယ်။ မိဘတွေက အရမ်းကိုအားပေးပြီး ကျွန်မကို ပိုက်ဆံတောင် ပေးသေးတယ်။ အဲဒီအတွက် ကျွန်မ တော်တော် စိတ်မကောင်းဖြစ်မိတယ်၊ “မိဘတွေက ငါ့ကို ပြုစုပျိုးထောင်ခဲ့တာ၊ အခု ငါက သူတို့ကို ပြန်စောင့်ရှောက်ရမှာ။ အဲဒီအစား သူတို့က ငါ့ကို စောင့်ရှောက်နေရတုန်းပဲ” ဆိုပြီး တွေးမိတာပေါ့။ အဲဒီတုန်းက မိဘတွေ အသက်ကြီးလာတဲ့အခါ ကျွန်မက အိမ်ပြန်ပြီး ကောင်းကောင်း စောင့်ရှောက်ပေးနိုင်အောင်လို့ ကွန်မြူနစ်ပါတီ ပြုတ်ကျသွားဖို့ အမြဲ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ ခရစ်ယာန်တွေအပေါ် ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုက ပိုပိုပြီး ဆိုးရွားလာတယ်။ ကျွန်မတို့ မိသားစုက အဲဒီဒေသမှာ ဘုရားသခင်ကို ယုံကြည်တာနဲ့ပတ်သက်ပြီးနာမည်ကြီးတယ်၊ အဖေကလည်း ရဲမှတ်တမ်းရှိတော့ ကျွန်မတို့ မိသားစုက ကွန်မြူနစ်ပါတီရဲ့ အဓိက ပစ်မှတ် ဖြစ်လာတော့တာပဲ။ ၂၀၁၆ ခုနှစ်မှာ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ဖို့အတွက် နိုင်ငံခြားက ဒီမိုကရေစီနိုင်ငံတစ်ခုဆီ ကျွန်မ ထွက်ပြေးခဲ့တယ်။ အေးအေးဆေးဆေး ရှိတဲ့အချိန်တိုင်း နိုင်ငံကနေ ထွက်သွားတဲ့ ကျွန်မကို မိဘတွေ လိုက်ပို့တဲ့ မြင်ကွင်းကို ကျွန်မ ပုံဖော်ကြည့်တယ်။ အဲဒီ အမှတ်ရစရာတွေက ကျွန်မရဲ့ စိတ်နှလုံးကို အမြဲ နာကျင်စေခဲ့တယ်။ သူတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ အနားမှာ မရှိနိုင်တဲ့အတွက် ကျွန်မ အရမ်း အပြစ်ရှိသလို ခံစားရတယ်။ အထူးသဖြင့် သူတို့ အသက်ကြီးလာတဲ့အချိန်မှာပေါ့။
၂၀၁၉ ခုနှစ် နွေရာသီမှာ မိသားစုအကြောင်း သိရအောင်လို့ နေရပ်က အသင်းတော် ခေါင်းဆောင်ဆီ စာရေးပြီး မေးခဲ့တယ်။ အချိန်အတန်ကြာတော့ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက အဖေ နေမကောင်းဖြစ်ပြီး ဆုံးပါးသွားပြီဆိုတဲ့ အကြောင်းပြန်စာကို ကျွန်မ ရခဲ့တယ်။ ဒါကို ကျွန်မ လုံးဝ မယုံနိုင်ခဲ့ဘူး။ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျလာတော့တာပဲ။ အဖွဲ့ခေါင်းဆောင်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော် အပိုဒ်တချို့ကို ဖတ်ပြတယ်၊ ဒါပေမဲ့ ကျွန်မ ခေါင်းထဲမှာတော့ အိမ်က အဖေ့ရဲ့ မေတ္တာပါတဲ့ စောင့်ရှောက်မှု အမှတ်တရတွေနဲ့ ပြည့်နေတော့ သူ မိတ်သဟာယဖွဲ့ပေးတာ ဘာတစ်ခုမှ ခေါင်းထဲ မဝင်ခဲ့ဘူး။ အခန်းထဲက ထွက်လာတော့ ကောင်းကင်ကြီးက အုံ့မှိုင်းနေပြီး လောကကြီးတစ်ခုလုံး အရောင်အသွေးတွေ ကင်းမဲ့သွားသလိုပဲ။ ကျွန်မရဲ့ ဝိညာဉ်က ထွက်ခွာသွားသလိုမျိုး ခံစားနေရရင်းနဲ့ ကျွန်မ အိမ်ပြန်လာခဲ့တယ်။ ကျွန်မ ခေါင်းထဲမှာ အဖေ့ရဲ့ ကြင်နာတဲ့ မျက်နှာနဲ့ “သမီး ဘာစားချင်လဲ။ အပြင်မှာ အဆင်ပြေရဲ့လား” လို့ မေးနေတာတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ သူ့အသံကို ကျွန်မ ဘယ်တော့မှ ထပ်ကြားရတော့မှာ မဟုတ်ဘူး။ အဲဒါကို တွေးလေ ပိုပြီး နာကျင်ရလေပဲ၊ ပြီးတော့ စိတ်မထိန်းနိုင်ဘဲ ချုံးပွဲချ ငိုမိတော့တယ်။ အဲဒီရက်တွေမှာ အဖေ ကျွန်မအပေါ် ကောင်းခဲ့တဲ့ အမှတ်တရတွေက စိတ်ထဲကို ဆက်တိုက် ဝင်လာခဲ့တယ်။ မူလတန်းကျောင်းတုန်းကဆို အဖေက မုန့်စားဖို့ မုန့်ဖိုး ခဏခဏ ပေးပြီး အိမ်အလုပ် တစ်ခုမှ ပေးမလုပ်ခဲ့ဘူး။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ အဖေက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိတရား ဟောပြောခဲ့တယ်။ ကျွန်မတို့ အတူတူ ဓမ္မတေးသီချင်းတွေ ဆိုကြပြီး အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေအကြောင်းကို အတူတူ မိတ်သဟာယဖွဲ့ခဲ့ကြတယ်။ တာဝန် ထမ်းဆောင်ဖို့ အိမ်က ထွက်လာပြီးတဲ့နောက်မှာလည်း မိဘတွေက အရမ်းအားပေးပြီး ငွေကြေးပိုင်းမှာ ခဏခဏ ကူညီပေးခဲ့တယ်။ ကျွန်မ ပြန်လာတိုင်း သူတို့က အသစ်အဆန်းဖြစ်ပြီး အရသာရှိတဲ့ အစားအစာမျိုးစုံကို အမြဲ ချက်ကျွေးပြီး ကျွန်မကို တုန်နေအောင်ချစ်ကြတယ်။ အဖေက ကျွန်မအပေါ် အရမ်းကောင်းခဲ့တာ၊ သူ့ကို ကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေး မရခင်မှာပဲ သူ ထွက်သွားခဲ့တယ်။ ကျွန်မ အရမ်းကို အပြစ်ရှိသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒီလောက် စောစောစီးစီး အိမ်ထောင်ပြုခဲ့မိတာရယ်၊ ကိုယ့်တာဝန်နဲ့ အရမ်းအလုပ်များပြီး သူ့ကို သားသမီးဝတ်ကျေပွန်ဖို့ အနားမှာ မရှိခဲ့တာတွေကိုတောင် ကျွန်မ နောင်တရမိတယ်။ အခုတော့ သူ ထွက်သွားပြီ၊ အဲဒါကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးအားလုံးကို ကျွန်မ ဆုံးရှုံးသွားပြီ။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ နောင်တတွေ၊ အပြစ်ရှိတယ်လို့ ခံစားရတာတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေနဲ့ ပြည့်နေပြီး ကျွန်မရဲ့ တာဝန်မှာလည်း စိတ်မပါတော့ဘူး။ အဲဒီတုန်းက ပြဇာတ်တိုလေးတစ်ခု ကျွန်မတို့ လေ့ကျင့်နေခဲ့တာ။ ကျွန်မက တံခါးကို ဖွင့်ပြီး “ဦးလေး၊ သမီး ရောက်ပြီ” လို့ အော်ရမှာ။ ဒါပေမဲ့ လေ့ကျင့်နေတုန်း တံခါးကို ဖွင့်လိုက်ပြီး “အဖေ၊ သမီး ပြန်ရောက်ပြီ” လို့ ကျွန်မ အော်လိုက်မိတယ်။ ချက်ချင်းပဲ မျက်ရည်တွေ ကျလာပြီး ကျွန်မတို့ ဆက်မလေ့ကျင့်နိုင်တော့ဘူး။ အဲဒီအချိန်အတောအတွင်းမှာ နေ့တိုင်း တာဝန်ထမ်းဆောင်နေပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးက ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရတယ်။ ဘာပဲလုပ်လုပ် စိတ်က မပါနေတော့ဘဲ လေ့ကျင့်ဖို့ အားအင်ကို လုံးဝ ရှာမတွေ့နိုင်ခဲ့ဘူး။ ကျွန်မရဲ့ အခြေအနေက မမှန်ဘူးဆိုတာ သတိထားမိလို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့ အဖေ ဆုံးပါးသွားပြီ၊ သမီးရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးသွားသလို ခံစားရတယ်။ သမီးရဲ့ စိတ်နှလုံးထဲမှာ အရမ်းကို ဝမ်းနည်းနေပါတယ်။ ဒါကို ဘယ်လို တွေ့ကြုံရမလဲ သမီး မသိတော့ဘူး။ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” ပေါ့။
ရှာဖွေနေတုန်းမှာ အဖေ့ရဲ့ သေဆုံးခြင်းကို ရှင်းရှင်းလင်းလင်း မြင်လာအောင် ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ယောက်၏ မွေးဖွားခြင်းက ထိုလူ၏ ယခင်ဘဝအားဖြင့် လျာထားပြီးဖြစ်သည်ဆိုပါက သူ့သေခြင်းက ထိုကံတရား၏ အဆုံးသတ်အတွက် အမှတ်သညာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် ထိုလူ၏ အထူးတာဝန်အစဖြစ်လျှင် သူ့သေခြင်းက ထိုတာဝန်၏ အဆုံးသတ်အတွက် အမှတ်သညာဖြစ်၏။ ဖန်ဆင်းရှင်သည် လူတစ်ယောက်ချင်းစီ၏ မွေးဖွားခြင်းအတွက် ပုံသေဖြစ်သည့် အခြေအနေများ သတ်မှတ်ပြီးဖြစ်သည့်အတွက် ၎င်းတို့၏သေခြင်း အတွက်လည်း ပုံသေဖြစ်သည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ သေချာပေသည်။ တစ်နည်းပြောရလျှင် မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေဆုံးခြင်းကမျှ ရုတ်တရက်ဖြစ်ခြင်း မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သက်ဆိုင်သည့် အခြေအနေများသည် မည်သို့ရှိသည်၊ ပြီးလျှင် သေဆုံးခြင်းနှင့်သက်ဆိုင်သည့် အခြေအနေများက မည်သည့်အရာဖြစ်သည်တို့သည် ဖန်ဆင်းရှင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းတို့နှင့် ဆက်နွှယ်နေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားမှုအတွက် ရှင်းပြချက်များစွာ ရှိသည့်အတွက် လူတစ်ယောက်၏ သေခြင်းအတွက် မျိုးစုံသော ထူးခြားသည့် အခြေအနေများလည်း သေချာပေါက် ရှိရမည် ဖြစ်သည်။ ဤသို့ဖြင့် လူသားမျိုးနွယ်ထဲတွင် လူတို့၏ သေခြင်းတရားနှင့်ဆိုင်သော ခြားနားသည့် သက်တမ်းများ၊ ကွဲပြားသည့် နည်းလမ်းများနှင့် အချိန်များ ဖြစ်ပေါ်လာသည်။ လူအချို့က ကျန်းမာသန်စွမ်းသည့်တိုင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးကြသည်။ အချို့က အားနည်းပြီး ဖျားနာသည့်တိုင် အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ အချို့မှာ သဘာဝမဟုတ်သည့် အကြောင်းများကြောင့်သေဆုံးပြီး အခြားသူများက သဘာဝအလျောက် သေဆုံးကြသည်။ အချို့က မိမိအိမ်နှင့် အဝေးတွင် သေဆုံးကြသည်။ အခြားလူတို့က မိမိတို့၏ နံဘေးတွင် ချစ်ရသူများဖြင့်နေလျက် အပြီးအပိုင် မျက်လုံးမှိတ်သွားကြသည်။ တချို့လူတို့က လေထဲတွင် သေဆုံးကြသည်။ အခြားသူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ အချို့က ရေထဲတွင် နစ်မြုပ်သည်။ အချို့က ကပ်ဘေးများထဲတွင် သေဆုံးသွားကြသည်။ အချို့က မနက်တွင်သေသည်။ အချို့က ညတွင်သေသည်။...လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် လူတိုင်းရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဘုရားသခင်က ဟိုးအရင်ကတည်းက ကြိုတင်ပြဋ္ဌာန်းထားတယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ လူတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာ ရှိကြတာလေ။ ကျွန်မ အဖေ ဆုံးပါးသွားတာ ရုတ်တရက်ကြီးတော့ မဟုတ်ဘူး။ သူ့အချိန် စေ့သွားလို့ပါ။ သွားရမယ့်အချိန် ရောက်တော့ သူ သွားတာပဲ။ ဒါက ဘယ်သူမှ မပြောင်းလဲနိုင်တဲ့ ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားတဲ့ နိယာမတစ်ခုပဲလေ၊ သူ့အနားမှာ ကျွန်မ အမြဲရှိနေခဲ့ရင်တောင် အဲဒီအဖြစ်မှန်ကို ကျွန်မ ပြောင်းလဲနိုင်ခဲ့မှာ မဟုတ်ဘူး။ တကယ်တော့ ကျွန်မအဖေ တစ်ယောက်တည်းမှ မဟုတ်တာ။ မွေးဖွားလာကတည်းက တစ်နေ့နေ့မှာ ဒီလောကကြီးကနေ ထွက်သွားရမယ်ဆိုတာ ကျွန်မတို့အားလုံးအတွက် သတ်မှတ်ထားပြီးသားပဲ။ လူတစ်ယောက်ချင်းစီ ထွက်သွားရမယ့် အချိန်နဲ့ ပုံစံ ကွာခြားတာလေးပဲ ရှိတာ။ တချို့က အသက်ကြီးလို့ သေတယ်၊ တချို့က ရေနစ်သေတယ်၊ တချို့ကျတော့လည်း ရုတ်တရက် ရောဂါတစ်ခုခုကြောင့် သေကြတယ်။ ဒါတွေက ဘယ်သူမှ ကြိုမသိနိုင်သလို တားဆီးလို့လည်း မရတဲ့အရာတွေလေ။ အားလုံးက ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်တွေချည်းပါပဲ။ ကျွန်မတို့က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်ပြီး အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို မှန်မှန်ကန်ကန် သဘောထားသင့်တယ်။ အဲဒါကို သဘောပေါက်လိုက်တော့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အတော်အတန် ငြိမ်းချမ်းသွားပြီး၊ တဖြည်းဖြည်းနဲ့ စိတ်တည်ငြိမ်သွားပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ဇာတိမြေက ညီအစ်မတစ်ယောက်ဆီကနေ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက အမေပါ ဆုံးပါးသွားပြီဆိုတာကို ကျွန်မ သိလိုက်ရတယ်။ ကျွန်မ တော်တော်ကို ရင်ကွဲမတတ် ခံစားခဲ့ရတယ်။ နိုင်ငံကနေ ထွက်သွားတုန်းက အမေ မေးခဲ့တဲ့ “ငါ့ ချစ်သမီးလေးရယ်၊ အမေ မသေခင် သမီးကို ပြန်မတွေ့ရတော့ဘူးများလား” ဆိုတဲ့ စကားကို ကျွန်မ မှတ်မိနေတယ်။ အဲဒီစကားတွေက တကယ်ဖြစ်လာလိမ့်မယ်လို့ ကျွန်မ လုံးဝ မတွေးမိခဲ့ဘူး။ အဖေ ဆုံးပါးသွားတုန်းက သေဆုံးခြင်းကို ဘယ်လိုသဘောထားရမလဲဆိုတာနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော် တချို့ကို ဖတ်ခဲ့ဖူးပြီး သူတို့ ဆုံးပါးသွားတာကို လက်ခံနိုင်ခဲ့ပေမဲ့၊ “သားသမီးက မိဘကို ပြုစုချင်ပေမဲ့ မိဘတွေက မရှိတော့ဘူး” ဆိုတဲ့ ခံစားချက်ကတော့ ပိုပိုပြီး ပြင်းထန်လာခဲ့တယ်။ မိဘတွေအပေါ် အပြစ်ရှိတယ်လို့ ခံစားရတာက ပြန်ဖြည်လို့မရတဲ့ ကျွန်မ ရင်ထဲက အထုံးအဖွဲ့တစ်ခုလို ဖြစ်နေခဲ့တာ။ အထူးသဖြင့် သူတို့ နေမကောင်းဖြစ်ချိန်မှာ ပြုစုပေးဖို့ အနားမှာ မရှိခဲ့ဘူးဆိုတာကို တွေးမိတိုင်း၊ ကျွန်မ သိပ်ပြီး ဘာမှ လုပ်ပေးနိုင်ခဲ့မှာမဟုတ်ပေမဲ့ အရမ်းကို အပြစ်ရှိသလို ခံစားရတယ်။ သူတို့အနားမှာနေပြီး ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြတာလေးကတောင် သူတို့ရဲ့ အထီးကျန်မှုနဲ့ နာကျင်မှုတွေကို နည်းနည်းလောက်တော့ သက်သာစေနိုင်မှာပဲ ပေါ့။ ဒါပေမဲ့ သူတို့ကို တကယ် ကောင်းကောင်း စောင့်ရှောက်ပေးဖို့ အခွင့်အရေး မရခင်မှာပဲ သူတို့က ထွက်သွားခဲ့ပြီ၊ ပြီးတော့ မသေခင် ကျွန်မကို နောက်ဆုံးတစ်ကြိမ်လေးတောင် သူတို့ မတွေ့ခဲ့ရဘူးလေ။ မိဘတွေ ဆုံးတဲ့အချိန်မှာ ကျွန်မက အနားမှာ မရှိခဲ့ဘူးဆိုတော့ ဆွေမျိုးတွေက ကျွန်မကို ကျေးဇူးကန်းတဲ့ အကောင်လို့ သေချာပေါက် ခေါ်ကြမှာပဲ၊ ပြီးတော့ မိဘတွေရဲ့ မေတ္တာတွေ ကျွန်မအပေါ် ပေးခဲ့တာ အလကားပဲလို့လည်း ပြောကြမှာပဲ။ တွေးလေလေ ကျွန်မ ပိုပြီး စိတ်ဆင်းရဲရလေပဲ။ အမှတ်တရတွေက ရုပ်ရှင်ပြသလိုပဲ ခေါင်းထဲမှာ တစ်ခုပြီးတစ်ခု ပြန်ပေါ်လာတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့ ရုပ်ရှင်တစ်ကား ရိုက်နေခဲ့တာ။ ရိုးရှင်းတဲ့ ဇာတ်ဝင်ခန်း နှစ်ခန်းကို ကျွန်မ သရုပ်ဆောင်ဖို့ ခံစားချက် လုံးဝ သွင်းလို့မရခဲ့ဘူး၊ နောက်ဆုံးတော့ ရိုက်ကူးရေးကို ရပ်ထားလိုက်ရတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ အခြေအနေ မမှန်တာကို မြင်တော့ “ဒီလို ဇာတ်ဝင်ခန်းမျိုးက အစ်မအတွက် မခက်သင့်ပါဘူး။ အစ်မရဲ့ အခြေအနေကို ပြန်ထိန်းဖို့ အချိန်နည်းနည်းယူလိုက်ပါ၊ ပြီးမှ ကျွန်မတို့ ပြန်စမ်းကြည့်ကြတာပေါ့” လို့ သတိပေးခဲ့ကြတယ်။ အဲဒီအချိန်အတောအတွင်းမှာ မိဘတွေ ဆုံးပါးသွားတာက ကျွန်မ စိတ်နှလုံးကို အနာကျင်ရဆုံး အရာ ဖြစ်နေခဲ့တယ်။ တစ်ခါတလေ ကျွန်မ မိဘတွေအရွယ်လောက်ရှိတဲ့ ညီအစ်ကို မောင်နှမတွေကို မြင်ရင် သူတို့ကို သတိရမိတယ်။ ရင်ထဲမှာ နာကျင်လာပြီး ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ ငိုမိတော့တာပဲ။ ညလယ်ခေါင်မှာ သူတို့ကို အိပ်မက်မက်ပြီး ငိုရင်း လန့်နိုးလာတာမျိုးတောင် ရှိတယ်။ ပြီးရင် နာရီပေါင်းများစွာ အိပ်မပျော်တော့ဘဲ သူတို့ရဲ့ မျက်နှာတွေ၊ အသံတွေက ကျွန်မ ခေါင်းထဲမှာ ပလုံစီနေအောင် ပေါ်လာပြီး၊ သူတို့ကို ကျွန်မ အရမ်း အကြွေးတင်နေတယ်လို့ ခံစားရတယ်။ ဒီနောင်တတရားက ကျွန်မရဲ့ စိတ်နှလုံးပေါ်မှာ လေးလံတဲ့ ကျောက်တုံးကြီးတစ်ခုနဲ့ ဖိထားသလို ခံစားရတယ်။ တစ်နေ့ကျတော့ မိဘတွေကို သားသမီးဝတ်ကျေပွန်ခြင်းနဲ့ ပတ်သက်တဲ့ သမ္မာတရားကို ဘုရားသခင်က မိတ်သဟာယဖွဲ့ပေးလာတဲ့ အချိန်ကျမှပဲ ကျွန်မရဲ့ စိတ်နှလုံးက နောက်ဆုံးတော့ လင်းလက်သွားခဲ့တယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သားသမီးဝတ်ကျေပွန်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အနည်းဆုံးအနေဖြင့် ကျိုးနွံနာခံမှုရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိရမည်။ ပတ်ဝန်းကျင်က အခွင့်ပေးပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် လူအင်အားငွေအင်းအားရှိလျှင် သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်မပေးသကဲ့သို့ သင့်ထံတွင် လူအင်အားငွေအင်းအားကင်းမဲ့လျှင် အတင်းမကြိုးစားနှင့်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ (ကျိုးနွံနာခံမှုဖြစ်သည်။) ဤအရာကို ကျိုးနွံနာခံမှုဟု ခေါ်သည်။ ဤကျိုးနွံနာခံမှုသည် အဘယ်သို့ ဖြစ်လာသနည်း။ ကျိုးနွံနာခံမှုအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာသည် ဘုရားသခင် စီစဉ်ထားပြီး ဘုရားသခင် အုပ်စိုးထားသည့် ဤအရာများအားလုံးပေါ်တွင် အခြေခံပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) “အရာရာက ဘုရားလက်ထဲတွင်ရှိသည်ဟု သင် အမှန်တကယ် ယုံကြည်လျှင် ၎င်းတို့၏ ဘဝများတစ်လျှောက်လုံး အခက်အခဲမည်မျှ ၎င်းတို့ ခံစားရပြီး ပျော်ရွှင်မှုမည်မျှ ၎င်းတို့ မွေ့လျော်ခံစားရသည်ဟူသော ကိစ္စသည်လည်း ဘုရားလက်ထဲတွင် ရှိသည်ဟု သင် ယုံကြည်သင့်ပေသည်။ သင်က သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဆိုသည်က မည်သည့်အရာကိုမျှ ပြောင်းလဲစေလိမ့်မည် မဟုတ်။ သင်သားသမီးဝတ်ကျေပွန်သောကြောင့် သင်၏ မိဘများက ဆင်းရဲဒုက္ခခံရခြင်း လျော့နည်းသွားလိမ့်မည် မဟုတ်သကဲ့သို့ သင် သားသမီးဝတ်မကျေပွန်သောကြောင့် ၎င်းတို့က သာ၍ ဆင်းရဲဒုက္ခ ခံစားရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာများကို အချိန်ကြာမြင့်စွာကပင် စီမံခဲ့ကာ ၎င်းတို့အပေါ် သင်၏ သဘောထား သို့မဟုတ် သင်တို့ကြားက ခံစားချက် အတိမ်အနက်ကြောင့် ဤအရာတစ်ခုမျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်။ ၎င်းတို့တွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် ၎င်းတို့ ဆင်းရဲကြသည်ဖြစ်စေ၊ ချမ်းသာကြွယ်ဝကြသည်ဖြစ်စေ၊ ၎င်းတို့အတွက် အမှုအရာများက အဆင်ပြေချောမွေ့သည်ဖြစ်စေ၊ မချောမွေ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ဘဝအဆင့်အတန်း၊ ရုပ်ဝတ္ထု အကျိုးအမြတ်များ၊ လူမှု အဆင့်အတန်းနှင့် အသက်ရှင်နေထိုင်မှု အခြေအနေများကို ၎င်းတို့ မွေ့လျော်ခံစားကြသည်ဖြစ်စေ ဤအရာတစ်ခုမျှသည် သင်နှင့် ထိုမျှပတ်သက်မှု မရှိပေ။...လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် လွမ်းဆွတ်သတိရခြင်းများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက ဗလာ မရှိပေ။ ပြင်ပ အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် ပြင်ပ အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆောင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ခရိုင်များ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ ရောက်ရှိသွားခြင်းမျိုး မဟုတ်ပေ။ သင်သည် သင်၏ ဝတ္တရားကို မဖြည့်ဆည်းနိုင်သည့် သင် အမျိုးမျိုးသော ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) မိဘတွေက သားသမီးတွေရဲ့ သားသမီးဝတ်ကျေပွန်တဲ့ စောင့်ရှောက်မှုကို ခံစားရမရဆိုတာ ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်အပေါ်မှာပဲ မူတည်တယ်ဆိုတာကို နားလည်အောင် ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ကူညီပေးခဲ့တယ်။ လူတိုင်းက ကိုယ့်သားသမီးတွေကို အနားမှာ ရှိစေချင်ပြီး အသက်ကြီးလာတဲ့အချိန်မှာ သားသမီး မြေးမြစ်တွေ ဝိုင်းဝိုင်းလည်နေတာမျိုးကို ခံစားချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ မိဘတချို့ကတော့ သားသမီးတွေရဲ့ အဖော်ပြုပေးတာနဲ့ စောင့်ရှောက်မှုကို တကယ် ခံစားရပြီး သူတို့ ဆုံးပါးသွားတဲ့အချိန်မှာ သားသမီးတွေက အနားမှာ ရှိနေပေးကြတယ်၊ တခြားအခြေအနေတွေမှာတော့ သားသမီးတွေက အလုပ် ဒါမှမဟုတ် အိမ်ထောင်ရေးစတဲ့ အကြောင်းအမျိုးမျိုးကြောင့် သူတို့ကို စောင့်ရှောက်ဖို့ အနားမှာ မရှိပေးနိုင်ကြဘူး၊ ဒါနဲ့ပဲ မိဘတွေက သူတို့ရဲ့ အိုမင်းတဲ့အချိန်တွေကို တစ်ယောက်တည်း ဖြတ်သန်းရတော့တာပဲ။ ဒါက လူတိုင်းအတွက် ဘုရားသခင် စီစဉ်ထားတဲ့ ကံကြမ္မာလေ။ ဘယ်သူမှ အတင်းအကျပ် လုပ်လို့မရသလို၊ ဘယ်သူမှလည်း ပြောင်းလဲလို့ မရဘူး။ မိဘတွေ မသေခင်မှာ သူတို့ကို စောင့်ရှောက်ဖို့ ကျွန်မ အနားမှာ မရှိနိုင်ခဲ့တာက ကျွန်မ မိဘတွေရဲ့ ကံကြမ္မာပဲ၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်တာပေါ့။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ သမ္မာတရားကို ကျွန်မ နားမလည်ခဲ့တဲ့အတွက်၊ သူတို့နဲ့အတူ အနားမှာ မရှိခဲ့ရတဲ့အတွက် နောင်တတွေ၊ ဝမ်းနည်းမှုတွေနဲ့ အမြဲတမ်း ပြည့်နေခဲ့တာ။ အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် သူတို့အနားမှာပဲ နေပြီး ဘယ်တော့မှ ထွက်မသွားတော့ဘူးလို့တောင် တွေးမိခဲ့တယ်။ သူတို့ အသည်းအသန် နေမကောင်းဖြစ်ပြီး ဆုံးပါးသွားတဲ့အချိန်မှာ သူတို့ကို စောင့်ရှောက်ဖို့ ကျွန်မသာ အနားမှာ ရှိနေခဲ့ရင် သူတို့ရဲ့ နာကျင်မှုတွေကို လျှော့ချပေးနိုင်ကောင်းရဲ့လို့ ယုံကြည်ခဲ့တာ။ ကျွန်မ အရမ်းကို မသိနားမလည်ခဲ့တာပဲ။ ကျွန်မက ဖန်ဆင်းခံတစ်ဦး သက်သက်ပါပဲ၊ ကျွန်မ မိဘတွေရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ကျွန်မမှာ ဘာစွမ်းအားမှ လုံးဝ မရှိဘူး။ မိဘတချို့က သားသမီးတွေရဲ့ စောင့်ရှောက်မှုကို ခံစားရပေမဲ့ ဆက်တိုက် နေမကောင်းဖြစ်တာတွေကို ခံစားရတုန်းပဲ၊ နေ့တိုင်း ဆေးသောက်ပြီး ဆင်းရဲဒုက္ခထဲမှာ အသက်ရှင်နေရတုန်းပဲ။ တခြားမိဘတွေကျတော့ ကျန်းမာတယ်၊ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တယ်၊ သားသမီးတွေ အနားမှာ မရှိပေမဲ့ တော်တော်လေး ကောင်းကောင်း နေနိုင်ကြတယ်။ ကျွန်မ အဖွားအကြောင်းကို တွေးမိတယ်။ အဖေက သူ့ကို အရမ်း ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ပေမဲ့ သူ့ရောဂါရဲ့ နာကျင်မှုကို နည်းနည်းလေးမှ မသက်သာစေခဲ့ဘူး၊ နောက်ဆုံးမှာတော့ သူ့ရောဂါနဲ့ပဲ သူ ဆုံးပါးသွားခဲ့တာပဲ။ ပြီးတော့ ကျွန်မ မိဘတွေ ခံစားခဲ့ရတဲ့ ရောဂါတွေနဲ့ သူတို့ သေဆုံးသွားတဲ့ ပုံစံကို ကျွန်မ တွေးကြည့်လိုက်တယ်။ ဒါတွေအားလုံးက ဟိုးအရင်ကတည်းက ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းခဲ့တာပါ။ ကျွန်မ အဲဒီမှာ ရှိနေခဲ့ရင်တောင် သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို နည်းနည်းလေးမှ လျှော့ချပေးနိုင်ခဲ့မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်မရဲ့ စောင့်ရှောက်မှုက သူတို့ရဲ့ အသက်ကို တစ်စက္ကန့်လေးတောင် ဆွဲဆန့်ပေးနိုင်ခဲ့မှာ မဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ သားသမီးဝတ်ကျေပွန်တာနဲ့ သားသမီးဝတ်မကျေပွန်တာရဲ့ ကွာခြားချက်ကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ အခြေအနေတွေက ခွင့်ပြုနေရက်နဲ့ သားသမီးတွေက သူတို့ရဲ့ တာဝန်တွေကို ရှောင်လွှဲပြီး မိဘတွေ နေမကောင်းဖြစ်ချိန် ဒါမှမဟုတ် ဒုက္ခရောက်ချိန်မှာ လျစ်လျူရှုထားမယ်ဆိုရင် အဲဒါက သားသမီးဝတ်မကျေပွန်တာပဲ။ ဒါပေမဲ့ ကိုယ်မထိန်းချုပ်နိုင်တဲ့ တကယ့်အခြေအနေတွေကြောင့် မိဘတွေကို မစောင့်ရှောက်နိုင်ဘူးဆိုရင် အဲဒါက လူ့သဘာဝ မရှိတာ ဒါမှမဟုတ် သားသမီးဝတ်မကျေပွန်တာ မဟုတ်ပါဘူး။ ကျွန်မ အိမ်မှာ ရှိနေတုန်းက မိဘတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးအောင် ကျွန်မ တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်။ သားသမီးဝတ်မကျေပွန်ချင်လို့ မဟုတ်ပါဘူး၊ ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နိုင်ငံခြားကို ထွက်ပြေးခဲ့ရတာပါ။ ဒါက တကယ့် အခြေအနေတွေကြောင့် အတင်းအကျပ် ဖြစ်လာရတာပါ၊ ကျွန်မက သားသမီးဝတ်မကျေပွန်တာ မဟုတ်ပါဘူး။ ဒါကို နားလည်လိုက်တာက ကျွန်မရဲ့ ရင်ထဲမှာ အများကြီး လင်းလက်သွားစေပြီး မိဘတွေကို မစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ၊ ဝမ်းနည်းနေတာတွေကို ရပ်တန့်နိုင်ခဲ့တယ်။
နောက်ပိုင်းမှာ “မိဘတွေအပေါ် ဘာလို့ အမြဲတမ်း အကြွေးတင်နေတယ်လို့ ခံစားနေရတာလဲ” ဆိုတာကို ကျွန်မ ဆင်ခြင်တွေးတောမိတယ်။ ရှာဖွေနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “အပြင်ပန်းတွင် သင့်မိဘများက သင်၏ ဇာတိပကတိ အသက်ကို မွေးဖွားပေးခဲ့သည့်ပုံစံရပြီး သင့်အား အသက်ကိုပေးသည်မှာ သင့်မိဘများဖြစ်သည့် ပုံရှိသည်။ သို့သော် ဘုရားသခင်၏ အမြင်ရှုထောင့်မှလည်းကောင်း၊ ဤအမှုကိစ္စ၏ အရင်းအမြစ်မှလည်းကောင်း သင်၏ ဇာတိပကတိအသက်ကို သင့်မိဘများက သင့်အားပေးခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အသက်ကို မဖန်တီးနိုင်သောကြောင့် ဖြစ်သည်။ ရိုးရှင်းစွာဆိုရလျှင် မည်သူကမျှ လူ၏ ဇီဝအသက်ကို မဖန်တီးနိုင်ပေ။ လူတစ်ယောက်ချင်းစီ၏ အသွေးအသားက လူတစ်ယောက်ဖြစ်လာနိုင်သည့် အကြောင်းရင်းမှာ ထိုဇီဝအသက်ရှိသောကြောင့်ဖြစ်သည်။ လူ၏အသက်သည် ဤဇီဝအသက်တွင် တည်ရှိသည်။ ပြီးလျှင် ယင်းသည် သက်ရှိလူတစ်ယောက်၏ လက္ခဏာဖြစ်သည်။ လူတို့၌ ဤဇီဝအသက်နှင့် အသက်တို့ရှိပြီး ဤအရာများ၏ အရင်းအမြစ်နှင့် ဇာစ်မြစ်မှာ ၎င်းတို့မိဘများမဟုတ်ပေ။ လူတို့အား ၎င်းတို့မိဘများက ၎င်းတို့ကို မွေးဖွားသည့်နည်းဖြင့် ဖြစ်ပေါ်စေခြင်းသာ ဖြစ်သည်။ အရင်းအမြစ်ကို ကြည့်လျှင် ဤအရာများကို လူတို့အားပေးသည်မှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်များမဟုတ်ပေ။ သင့်ဘဝ၏ အရှင်သခင်သည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည်။ လူသားမျိုးနွယ်၏ အသက်များကို ဖန်ဆင်းပြီး သူသည် လူသားမျိုးနွယ်အား လူ့အသက်၏ အရင်းအမြစ်ဖြစ်သော အသက်၏ ဇီဝအသက်ကို ပေးသည်။ ထို့ကြောင့် ‘သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်မဟုတ်’ ဆိုသည့် စာကြောင်းသည် နားလည်ရန် မလွယ်ကူသလော။ သင်၏ ဇီဝအသက်ကို သင့်မိဘများက ပေးခဲ့ခြင်းမဟုတ်။ ပြီးလျှင် ထိုဇီဝအသက်က ဆက်လက်၍ တည်ရှိနေခြင်းကို သင့်မိဘများက ပေးသည်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ ဘုရားသခင်က သင့်ဘဝ၏ နေ့စဉ်နေ့တိုင်းကို ကြည့်ရှုစောင့်ရှောက်ပြီး အုပ်စိုးသည်။ သင့်ဘဝ၏ နေ့စဉ်နေ့ရက်တိုင်းက မည်သို့ဖြစ်သည်၊ တစ်ရက်ချင်းစီက ပျော်ရွှင်ပြီး အဆင်ပြေချောမွေ့ခြင်းရှိမရှိ၊ နေ့စဉ် မည်သူ့ကို သင်တွေ့သည်၊ သို့မဟုတ် နေ့စဉ် မည်သည့်ပတ်ဝန်းကျင်၌ သင်နေသည်ဆိုသည်တို့ကို သင့်မိဘများက မဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်က သင့်မိဘများမှတစ်ဆင့် သင့်အား ကြည့်ရှုစောင့်ရှောက်ခြင်းသာ ဖြစ်သည်။ သင့်မိဘများသည် သင့်အား ကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်က စေလွှတ်သည့်သူများသာဖြစ်သည်။ သင်မွေးဖွားလာသောအခါ သင့်အား အသက်ပေးသူမှာ သင့်မိဘများမဟုတ်ပေ။ ဤသို့ဆိုလျှင် ယခုအထိ အသက်ရှင်စေသည့် အသက်ကို သင့်အားပေးခဲ့သည်မှာ သင့်မိဘများဖြစ်သလော။ မဟုတ်သေးပေ။ သင့်အသက်၏ အရင်းအမြစ်သည် ဘုရားသခင်သာ ဖြစ်ဆဲဖြစ်ပြီး သင့်မိဘများမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “ဘုရားသခင်သည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ သင့်မိသားစု၏ နောက်ခံသမိုင်း၊ သင့်မိဘများ၊ သင့်ဘိုးဘေးများ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင် ရွေးချယ်သည်။ တစ်နည်းဆိုရသော် ဘုရားသခင်သည် ဤဆုံးဖြတ်ချက်တို့ကို စိတ်ကူးပေါက်ရာ လုပ်ခြင်းမဟုတ်၊ ယင်းထက် အချိန်ကြာမြင့်စွာ ကတည်းက ဤအမှုကို သူစတင်ခဲ့ခြင်းဖြစ်သည်။ သင့်အတွက် မိသားစုတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည်နှင့် သင်မွေးဖွားလာမည့် နေ့စွဲကို သူ ရွေးချယ်၏။ ထို့နောက်တွင် သင် ငိုယိုမွေးဖွားကာ လောကထဲ ရောက်လာစဉ် ဘုရားသခင်က သင့်အား စောင့်ကြည့်၏။ သင်၏ မွေးဖွားခြင်းကို သူစောင့်ကြည့်၏၊ သင်က ပထမဆုံးသော စကားများ ဟသည်ကို စောင့်ကြည့်၏၊ သင်က မည်သို့ လမ်းလျှောက်ရမည်ကို သင်ယူသည်နှင့်အမျှ သင်၏ ပထမဆုံးခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်ကာ ယိမ်းထိုးယိုင်တိုင် ဖြစ်သည်ကို သူစောင့်ကြည့်၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို လှမ်း၏။ ယခုသော် သင်သည် ပြေးနိုင်သည်၊ ခုန်နိုင်သည်၊ စကားပြောနိုင်ပြီး သင်၏ခံစားချက်တို့ကို ဖော်ပြနိုင်သည်...လူသားက ကြီးပြင်းလာသည်နှင့်အမျှ စာတန်၏ စူးစိုက်သော အကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ လူတိုင်းအပေါ်တွင် စူးစိုက်ကြည့်လေသည်။ သို့ရာတွင် ကိုယ်တော်၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများ၊ အချိန်နှင့် နေရာတို့မှ ထွက်ပေါ်သည့် ကန့်သတ်ချက်များကို လုံးဝ မခံရပေ။ သူသည် ပြုသင့်သည်ကို ပြုကာ သူ ပြုရမည့်အရာကို ပြုလေသည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် သင် မကြိုက်နှစ်သက်သည့် အရာများစွာအပြင် နာမကျန်း ဖြစ်ခြင်းနှင့် အားမလိုအားမရဖြစ်ခြင်းများကိုပါ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက် သင်၏ဘေးတွင် ရှိနေသည့်အတွက် သူသည် သင်၏အသက်တာ တစ်ခုလုံးကို တည်တံ့စေဖို့ စစ်မှန်သည့် အာမခံချက်တစ်ခုကို ပေးလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “တစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးသည် သံသယရှိစရာ မလိုအပ်ပေ။ သူသည် လူတိုင်းကို လက်ဆွဲခေါ်ကာ ဦးဆောင်ပြီး၊ သင့်အား ကုန်လွန်သွားသည့် အချိန်တိုင်းတွင် စောင့်ရှောက်သကဲ့သို့၊ သင့်အနားမှလည်း တစ်ခါမျှ မခွာခဲ့ချေ။ လူတို့သည် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးနှင့် ဤကဲ့သို့သော နောက်ခံမျိုးတွင် ကြီးပြင်းသည်နှင့်အမျှ၊ လူတို့သည် အမှန်တွင် ဘုရားသခင်၏ လက်ဖဝါးပေါ်တွင် ကြီးပြင်းသည်ဟု ငါတို့ ဆိုနိုင်မည်လော။ (ဆိုနိုင်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) မိဘတွေအပေါ် အကြွေးတင်တယ်လို့ ခံစားရတဲ့ အဓိကအကြောင်းရင်းက သူတို့က ကျွန်မကို အသက်ပေးခဲ့တယ်၊ ပြုစုပျိုးထောင်ခဲ့တယ်၊ စောင့်ရှောက်ခဲ့တယ်၊ ဒါကြောင့် သူတို့ကို သားသမီးဝတ်ကျေပွန်ရမယ်လို့ ယုံကြည်ခဲ့တာကြောင့်ပဲ။ အဲဒီလိုမှ မလုပ်ရင် သူတို့ ပြုစုပျိုးထောင်ခဲ့တဲ့ အကြင်နာတရားကို စိတ်ပျက်အောင်လုပ်ရာကျပြီး ကျေးဇူးကန်းတဲ့သူ ဖြစ်သွားမယ်လို့ တွေးခဲ့တာ။ ကျွန်မရဲ့ အသက်က ဘုရားသခင်ဆီက လာတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်က လူတိုင်းကို နေရောင်ခြည်၊ မိုးရေ၊ လေထုနဲ့ အသက်ရှူဖို့ လေကိုပါ ထောက်ပံ့ပေးထားတာလေ။ အဲဒီအထဲက တစ်ခုခုကိုသာ ဘုရားသခင် ရုပ်သိမ်းလိုက်ရင် ကျွန်မ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီလောကထဲကို ကျွန်မ ရောက်မလာခင်ကတည်းက ဘုရားသခင်က ကျွန်မရဲ့ မိဘတွေနဲ့ မိသားစုကို ရွေးချယ်ထားပြီးသား၊ ပြီးတော့ ကျွန်မ ကြီးပြင်းလာမယ့် ပတ်ဝန်းကျင်ကိုလည်း ကြိုတင်ပြဋ္ဌာန်းထားပြီးသားပဲ။ ငယ်ဘဝကနေ အရွယ်ရောက်လာတဲ့အထိ၊ အိမ်ထောင်ကျပြီး ကလေးမွေးတဲ့အထိ ဘုရားသခင်က ကျွန်မအနားမှာ အမြဲရှိနေပြီး ခြေလှမ်းတိုင်းကို စောင့်ကြည့်ပေးနေခဲ့တာ။ ကျွန်မ မိဘတွေက ကျွန်မကို မွေးဖွားပေးပြီး စောင့်ရှောက်ရမယ့် သူတို့ရဲ့ တာဝန်ကို ဖြည့်ဆည်းပေးခဲ့ရုံပါပဲ၊ ကျွန်မရဲ့ အသက်ကို သူတို့ ထိန်းချုပ်ပိုင်ခွင့် မရှိပါဘူး။ ဥပမာအနေနဲ့ ကျွန်မ အသက် ဆယ့်ရှစ်နှစ်တုန်းက ကျောက်မီးသွေး ဘယ်လိုမီးမွှေးရမလဲ မသိလို့ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး သတိလစ်သွားခဲ့တယ်။ အဲဒီတုန်းက မိဘတွေ အိမ်မှာ မရှိဘူး၊ အိမ်နီးနားချင်း တစ်ယောက်က ကျွန်မကို အပြင်ကို ပွေ့ချီသွားပေးလို့ လူနာတင်ယာဉ် ရောက်လာတဲ့အချိန်မှာ ကျွန်မ သတိပြန်လည်စပြုနေပြီ။ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုသာ မပါခဲ့ရင် ကျွန်မ ဟိုးအရင်ကတည်းက သေနေလောက်ပြီ။ ဒါကို သဘောပေါက်လိုက်တာက ကျွန်မရဲ့ ရင်ထဲမှာ လင်းလက်သွားစေခဲ့တယ်။ ကျွန်မမှာ ရှိသမျှ အရာအားလုံးက ဘုရားသခင်ဆီက လာတာ၊ ပြီးတော့ ကျွန်မ အရာအားလုံးထက် ပိုပြီး ပြန်ပေးဆပ်ရမှာက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပဲလေ။ ကျွန်မ နာကျင်ရတဲ့ အဓိက အကြောင်းရင်းက ဇာတိပကတိနဲ့ဆိုင်တဲ့ မိသားစု သံယောဇဉ်တွေကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့လို့ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ တကယ်တော့ ဝိညာဉ်ရေးရာနယ်ပယ်မှာ မိဘတွေနဲ့ သားသမီးတွေဆိုတာ ဘာပတ်သက်မှုမှ မရှိတဲ့ သီးခြားလူတွေပဲလေ။ ဘုရားသခင်က လူတွေကို ဒီလောကကြီးမှာ အထီးကျန်စွာ အသက်မရှင်စေချင်လို့ မိသားစုတွေ၊ မိဘတွေနဲ့ သားသမီးတွေကို ကျွန်မတို့အတွက် စီစဉ်ပေးရုံ သက်သက်ပါပဲ။ လူတစ်ယောက် ဆုံးပါးသွားတဲ့အခါ အဲဒီ ဇာတိပကတိ ဆက်ဆံရေးကလည်း ပျောက်ကွယ်သွားတာပဲ။ ပြီးတော့ ကျွန်မက မိဘတွေရဲ့ သမီးသက်သက် မဟုတ်ဘူး၊ ကျွန်မက ဖန်ဆင်းခံတစ်ဦးပါ။ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ဖြည့်ဆည်းတာက ကျွန်မရဲ့ တာဝန်ဖြစ်ပြီး ကျွန်မရဲ့ အထူးတာဝန်လည်း ဖြစ်တယ်။ ဒီသမ္မာတရားကို နားလည်လိုက်တာက ကျွန်မရဲ့ စိတ်နှလုံးကို အများကြီး ပိုပြီး လွတ်မြောက်သွားသလို ခံစားရစေတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်လာပြီး “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏” ဆိုတဲ့ ရိုးရာ ယဉ်ကျေးမှု အယူအဆနဲ့ ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု တချို့ကို ကျွန်မ ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤအရာများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ ပြစ်တင်ရှုတ်ချခြင်းကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် သန္နိဋ္ဌာန် ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ခြင်းပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်းလည်း မရှိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်းကနေတစ်ဆင့်၊ မိဘတွေအပေါ် အမြဲတမ်း အကြွေးတင်နေတယ်လို့ ခံစားရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုက “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏” ဆိုတာနဲ့ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” ဆိုတဲ့ အယူအဆတွေကို ကျွန်မရဲ့ ကျင့်ကြံပြုမူမှု စည်းမျဉ်းတွေအနေနဲ့ သတ်မှတ်ထားခဲ့လို့ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကိုယ့်မိဘကို သားသမီးဝတ်ကျေပွန်တဲ့သူမှပဲ အသိစိတ်နဲ့ လူ့သဘာဝ ရှိတယ်လို့ ကျွန်မ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီအမြင်က သမ္မာတရားနဲ့ လုံးဝ မကိုက်ညီဘူးလေ။ ဘုရားသခင်နောက်လိုက်ပြီး ကိုယ်တော့်ရဲ့ ဧဝံဂေလိတရား ဖြန့်ချိဖို့အတွက် မိဘတွေနဲ့ မိသားစုကို စွန့်လွှတ်ခဲ့ကြတဲ့ သမိုင်းတစ်လျှောက်က သန့်ရှင်းသူတွေကို ကျွန်မ တွေးမိတယ်။ သူတို့ လုပ်ခဲ့တဲ့အရာတွေက လူသားတွေရဲ့ အဖြောင့်မတ်ဆုံးသော လုပ်ရပ်တွေဖြစ်ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ အမှတ်ရခြင်းကို ခံရတယ်။ ဒါပေမဲ့ ကျွန်မကတော့ ရိုးရာယဉ်ကျေးမှုက ဖောက်ပြန်ပျက်စီးအောင်လုပ်တာ၊ ပုံစံသွင်းတာကို ခံထားရပြီး မိဘတွေကို သားသမီးဝတ်ကျေပွန်တာက အရေးအကြီးဆုံးပဲလို့ သဘောထားခဲ့တယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့နဲ့ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေတဲ့နေရာမှာ ကိုယ့်အပိုင်းကနေ ပါဝင်ဖို့ နိုင်ငံခြားကို ထွက်လာတာက ရှင်းရှင်းလင်းလင်းကို အပြုသဘောဆောင်တဲ့အရာ ဖြစ်နေရက်နဲ့၊ မိဘတွေကို မစောင့်ရှောက်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးကန်းတဲ့သူ၊ သားသမီးဝတ်မကျေပွန်တဲ့ ကလေးလို့ မြင်ခဲ့မိတာ။ ကျွန်မရဲ့ အသိစိတ်က ကိုယ့်ကိုယ်ကိုယ် ခဏခဏ ပြစ်တင်ရှုတ်ချနေခဲ့ပြီး တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ဒီလောက် စောစောစီးစီး ထွက်လာခဲ့မိတာကိုတောင် နောင်တရမိခဲ့တယ်။ ဒီရိုးရာ ယဉ်ကျေးမှု အယူအဆတွေက ကျွန်မရဲ့ အမှားအမှန် ခွဲခြားနိုင်စွမ်းကို ဘယ်လောက်တောင် လုံးလုံးလျားလျား ဖောက်ပြန်လွဲမှားစေခဲ့သလဲဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မက ဖန်ဆင်းခံတစ်ဦးပါ၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်လေ။ ဒါပေမဲ့ မိဘတွေ သေဆုံးသွားပြီဆိုတာကို ကြားပြီးတဲ့နောက်မှာ အပြစ်ရှိတယ်ဆိုတဲ့ အခြေအနေထဲမှာ ကျွန်မ ပိတ်မိနေခဲ့တယ်။ ကျွန်မတာဝန်မှာ စိတ်က တခြားရောက်နေခဲ့တယ်၊ သရုပ်ဆောင်တဲ့အခါ ခံစားချက် သွင်းလို့မရခဲ့ဘူး၊ ပြီးတော့ ရုပ်ရှင်ရိုက်ကူးရေး ကြန့်ကြာသွားတာကိုတောင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရကောင်းမှန်း မသိခဲ့ဘူး။ အဲဒါကမှ အသိစိတ် အစစ်အမှန် ကင်းမဲ့နေတာပဲ။ တကယ်တော့ မိဘတွေ ဆုံးပါးသွားတာက အရမ်းကို ပုံမှန်ကိစ္စတစ်ခုပါ။ လူတိုင်းက မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နေမကောင်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းကို ဖြတ်သန်းရတာပဲလေ။ ဒါပေမဲ့ ကျွန်မကတော့ စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေထဲမှာ ပိတ်မိနေပြီး ရုန်းမထွက်နိုင်ခဲ့ဘူး၊ ဒါက ဘုရားသခင်ကို တိတ်တဆိတ် ညည်းညူနေတာပဲ။ အဲဒီအချိန်ကျမှ ရိုးရာယဉ်ကျေးမှုဆိုတာ ဘုရားသခင်ရဲ့ ရန်သူပဲဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ အဲဒါက အဆိပ်ပဲ။ အဲဒီအတိုင်း အသက်ရှင်တာက ကျွန်မကို ဘုရားသခင်အပေါ် ပိုပြီး ပုန်ကန်ပြီး အတိုက်အခံလုပ်လာစေဖို့ပဲ ရှိတယ်။ ဒါကို သဘောပေါက်လိုက်တော့ ဘုရားသခင် ဖော်ပြထားတဲ့ ဒီသမ္မာတရားတွေက ဘယ်လောက်တောင် အဖိုးတန်သလဲဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ သမ္မာတရား တစ်ခုတည်းကသာ စာတန်ရဲ့ ချည်နှောင်မှုနဲ့ အန္တရာယ်ပြုမှုတွေကနေ ကျွန်မကို လွတ်မြောက်စေနိုင်တာပါ။ အဲဒီနောက်မှာ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ စာတန်က သမီးကို ဖောက်ပြန်ပျက်စီးအောင်လုပ်တာကို အရမ်း နက်နက်ရှိုင်းရှိုင်း ခံထားရပါတယ်။ ‘သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏’ ဆိုတဲ့ မှားယွင်းတဲ့ အယူအဆရဲ့ ချည်နှောင်တာ၊ တုပ်နှောင်တာကို ခံခဲ့ရပါတယ်။ မိဘတွေအပေါ် အပြစ်ရှိတယ်ဆိုတဲ့ အခြေအနေထဲမှာ ပိတ်မိနေပြီး သမီးရဲ့ တာဝန်ကို အလေးအနက် မထမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါက လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်ရဲ့ လှည့်ကွက်တွေထဲက တစ်ခုဆိုတာကို အခု သမီး နားလည်ပါပြီ။ အခုကစပြီး လူတွေ၊ ကိစ္စတွေကို ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ရှုမြင်ချင်ပါတယ်၊ အရာရာတိုင်းမှာ သမ္မာတရားကို ရှာဖွေပြီး သမီးရဲ့ တာဝန်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားချင်ပါတယ်” ပေါ့။
အခုတော့ မိဘတွေ ဆုံးပါးသွားတာက ကျွန်မကို မထိခိုက်တော့ပါဘူး။ ကျွန်မရဲ့ အချိန်နဲ့ ခွန်အား အားလုံးကို တာဝန်ထဲမှာပဲ နှစ်မြှုပ်ထားလိုက်တယ်။ ကျွန်မ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တိုင်းကို သေသေချာချာ ဆင်ခြင်တွေးတောပြီး ကျွန်မရဲ့ ကိုယ်ပိုင် အခြေအနေ ဒါမှမဟုတ် ခံစားချက်တွေကို တာဝန်မှာ အနှောင့်အယှက် မဖြစ်စေတော့ပါဘူး။ မိဘတွေ ဆုံးပါးသွားတာကို တွေ့ကြုံရတာက အရမ်းကို နာကျင်ရပေမဲ့၊ သမ္မာတရား တချို့ကိုတော့ ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်မအတွက်တော့ ဒါက ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကယ်တင်ခြင်းပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျန်းမင်၊ တရုတ်ပြည်။ကျွန်မအသက် တစ်နှစ်မပြည့်ခင်မှာပဲ အဖေက နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့တယ်။ အမေက ကျွန်မတို့ မောင်နှမငါးယောက်ကို...
မြောင်ရှောင်၊ တရုတ်ပြည်ကျွန်မက ဆင်းရဲတဲ့ တောင်သူလယ်သမား မိသားစုမှာ ကြီးပြင်းလာခဲ့တာပါ။ ကျွန်မမိဘတွေက အသက် ၄၀ နားနီးမှ ကျွန်မကို...
စူးဝေ၊ တရုတ်နိုင်ငံငယ်ငယ်ကတည်းက ကျွန်မတို့မိသားစုက တော်တော်လေး ဆင်းရဲခဲ့တယ်။ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ကျွန်မတို့ကို အထင်သေးကြတယ်၊...
လန်ယွီ၊ တရုတ်ပြည်ဆောင်းရာသီရဲ့ နေ့လယ်ခင်းနေရောင်ခြည်က နူးညံ့ပြီး နွေးထွေးနေတယ်။ ပြတင်းပေါက်ကနေတစ်ဆင့် အပင်တွေနဲ့ ပြည့်နေတဲ့...