မိသားစုရဲ့ ကျွေးမွေးပြုစုစောင့်ရှောက်မှု ကျေးဇူးအပေါ် ဘယ်လိုသဘောထားရမလဲ

15.04.2026

ချန်လီ၊ တရုတ်ပြည်

ကျွန်တော့်ကို စီးပွားရေး သိပ်မဖွံ့ဖြိုးတဲ့ ခရိုင်မြို့လေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေ၊ အဘိုးအဘွားတွေ အားလုံးက လယ်သမားတွေဆိုတော့ ကျွန်တော်တို့ မိသားစုအခြေအနေက သိပ်မကောင်းဘူးပေါ့။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို အရမ်းချစ်တော့ ကျွန်တော်လိုချင်တာမှန်သမျှ ရအောင် အမြဲ ရှာကြံပေးတတ်ကြတယ်။ နောက်ပိုင်းကျမှ အဲဒါတွေအကုန်လုံးက သူတို့ ခြိုးခြံချွေတာပြီး ရခဲ့တာတွေမှန်း ကျွန်တော် သိလိုက်ရတာ။ နောက်ပိုင်းမှာ ကျွန်တော့်ဘဝ ပိုကောင်းအောင်ဆိုပြီး မိဘတွေက ငွေချေးငှားပြီးတော့ လယ်လုပ်ငန်းတစ်ခု စလုပ်ခဲ့တယ်။ မိဘတွေ နေ့တိုင်း နေ့ရောညပါ အလုပ်လုပ်ရင်း ရောဂါတွေရတဲ့အထိ အပင်ပန်းခံနေကြတာကို မြင်မိတော့ ကျွန်တော် သူတို့ကို နားခိုင်းခဲ့တယ်။ အဖေက သူလည်း ဒါတွေ အားလုံးကို တကယ်တော့ မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ နောင်ကျရင် ကျွန်တော်က ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်လာမှာမို့လို့ ကျွန်တော့်အတွက် ပိုက်ဆံနည်းနည်း ပိုစုပေးချင်တယ်၊ သူခံစားခဲ့ရတဲ့ ဒုက္ခတွေကို ကျွန်တော့်ကို မခံစားစေချင်ဘူးလို့ ပြောတယ်။ အဖေပြောတာ ကြားတော့ ကျွန်တော် စိတ်မကောင်းဖြစ်ရသလို ကျေးဇူးလည်း တင်မိတယ်။ မိဘတွေ ကျွန်တော့်အတွက် အနစ်နာခံတာတွေ အကုန်မြင်ရတော့ သူတို့ကို ကျွန်တော် အများကြီး အကြွေးတင်နေတယ်လို့ ခံစားရတယ်။ အဘိုးနဲ့အဘွားကျတော့လည်း နှစ်ယောက်စလုံး အသက် ၇၀ ကျော်နေပြီဆိုတော့ တဖြည်းဖြည်းနဲ့ အားနည်းလာကြပြီ။ ဒါပေမဲ့ ဒါတောင်မှ သူတို့က အစားအသောက်၊ အဝတ်အစားအတွက် ပိုက်ဆံသုံးဖို့ လက်တွန့်ကြတယ်။ နေမကောင်းရင်တောင် ပိုက်ဆံပိုကုန်မှာကြောက်လို့ ဆေးရုံသွားဖို့ စိတ်ကူးမရှိကြဘူး။ နောက်ပိုင်း အဘွားက သူတို့ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်အတွက် ပိုက်ဆံတချို့ စုထားတယ်လို့ ပြောပြတယ်။ ဒါကိုကြားတော့ ကျွန်တော် ဘဝင်မကျဖြစ်သွားတယ်။ သူတို့ ဒီလောက် အသက်ကြီးနေပြီကိုတောင် ကျွန်တော့်အတွက် ပိုက်ဆံစုဖို့ ဒုက္ခခံနေကြတုန်းပဲ။ ကျွန်တော့်အပေါ် မိဘတွေနဲ့ ဘိုးဘွားတွေရဲ့ ကြင်နာမှုတွေကို တွေ့ကြုံခံစားရတော့ သူတို့ကို ကျွန်တော် ဘယ်လိုမှ ကျေးဇူးမဆပ်နိုင်ဘူးလို့ ခံစားရတယ်။ ကြီးလာရင် သူတို့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပြီး လုပ်ကျွေးပြုစုမယ်လို့ ကျွန်တော့်စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။

၂၀၁၂ ခုနှစ်ရောက်တော့၊ အမေက ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော် ဟောပြောခဲ့တယ်။ ပြီးတော့ ကျွန်တော် စုဝေးပွဲတွေတက်ပြီး တာဝန်တွေ စထမ်းဆောင်ခဲ့တယ်။ မထင်မှတ်ဘဲ ၂၀၁၈ ခုနှစ် ဆောင်းဦးရာသီမှာ အဖေ လေဖြတ်ပြီး ဆုံးသွားခဲ့တယ်။ အဖေက ကျွန်တော့်အတွက် ပိုက်ဆံရှာဖို့ အရမ်းပင်ပန်းခဲ့တာ၊ သူသာ နေ့မနား ညမနား အလုပ်မလုပ်ခဲ့ရင် ခန္ဓာကိုယ် ပင်ပန်းပြီး လေဖြတ်မှာ မဟုတ်ဘူးလို့ ယုံကြည်မိတဲ့အတွက် ကျွန်တော် အရမ်း နာကျင်ရပြီး အပြစ်ရှိသလို ခံစားရတယ်။ ကျွန်တော် တွေးမိတယ်၊ “ငါ့အဖေက တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာ၊ ဒါပေမဲ့ ငါ့ကျေးဇူးဆပ်တာကို မမြင်တွေ့သွားရဘဲ ထွက်ခွာသွားခဲ့ပြီ။ အခု အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ အဘိုးနဲ့အဘွားလည်း ခြိုးခြံချွေတာပြီး နေနေရတုန်းပဲ၊ သားသမီးမြေးမြစ်တွေဆီက အကျိုးကျေးဇူး ဘာမှ မခံစားရသေးဘူး။ အဖေလည်း မရှိတော့ဘူးဆိုတော့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ကို ငါယူရမယ်၊ ပြီးတော့ သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို အေးအေးချမ်းချမ်း ကုန်ဆုံးခွင့်ပေးရမယ်။ ဒါမှ ငါ နောင်တရစရာ မရှိမှာ” လို့ပေါ့။ နောက်ပိုင်းမှာ အမေက သူ့တာဝန်တွေ ထမ်းဆောင်ဖို့ တခြားနေရာတစ်ခုကို ထွက်သွားပြီး၊ ကျွန်တော်က အဘိုးအဘွားကို ပြုစုဖို့ အိမ်မှာပဲ နေခဲ့တယ်။ သူတို့အတွက် ကောင်းမွန်တဲ့ အစားအစာတွေ ချက်ပြုတ်ပေးဖို့နဲ့ အဝတ်အစားကောင်းတွေ ဝယ်ပေးဖို့ ရနိုင်သမျှ နည်းတိုင်းနဲ့ ကျွန်တော် အမြဲတမ်း ကြိုးစားခဲ့တယ်၊ သူတို့ နေမကောင်းတဲ့အခါကျရင်လည်း ကျန်းမာစေချင်လို့ ကုသဖို့ ရနိုင်သမျှ နည်းလမ်းရှာခဲ့တယ်။ တစ်နေ့ကျတော့ အဘိုး ရုတ်တရက် အသက်ရှူကျပ်လာလို့ ဆေးရုံမှာ စစ်ဆေးကြည့်လိုက်တော့ နှလုံး အကြီးအကျယ် ပျက်စီးနေပြီ၊ ချက်ချင်း ဆေးရုံတက်ဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်။ ဆရာဝန်က ကျွန်တော့်ကို စိတ်ကိုပြင်ဆင်ထားဖို့လည်း ပြောတယ်။ အဘိုးက စိုးရိမ်ရတဲ့ အချိန်ရောက်နေပြီ၊ အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်တယ်တဲ့။ ဒီစိုးရိမ်ရတဲ့အချိန်ကို ကျော်ဖြတ်နိုင်ရင်တောင် သူ့နှလုံးစွမ်းဆောင်ရည်က ဆက်ကျဆင်းနေဦးမှာပဲတဲ့။ ကောင်းကောင်း ပြုစုရင်တော့ နောက်ထပ် နှစ်နှစ်လောက် နေရနိုင်သေးတယ်လို့ ပြောတယ်။ ဆရာဝန် အဲဒီလိုပြောတာ ကြားတော့ ကျွန်တော် တော်တော် အပြစ်ရှိသလို ခံစားရတယ်။ အဘိုးကို ကျွန်တော် ဂရုမစိုက်နိုင်ခဲ့လို့ သူ့အခြေအနေ ဒီလောက် ဆိုးသွားရတာလို့ တွေးမိပြီးတော့ပေါ့။ အထူးသဖြင့် ကောင်းကောင်း ပြုစုရင် နောက်ထပ် နှစ်နှစ်လောက်ပဲ နေရနိုင်မယ်လို့ ဆရာဝန်ပြောတာ ကြားလိုက်ရတဲ့အခါ ဒီတိုတောင်းတဲ့အချိန်လေးကို ကျွန်တော် ပိုတန်ဖိုးထားလာတယ်။ အခုကစပြီး အဘိုးကို ကောင်းကောင်း ပြုစုစောင့်ရှောက်ရမယ်၊ သူ တစ်နှစ်နှစ်နှစ်လောက် ပိုအသက်ရှည်အောင် ကူကြိုးစားပေးရမယ်လို့ တွေးမိတယ်။ နောက်ပိုင်း ကုသမှုတချို့ ခံယူပြီးတော့ အဘိုးအခြေအနေ နည်းနည်း သက်သာလာတယ်၊ ပြီးတော့ ကျွန်တော်တို့ ဆေးရုံဆင်းပြီး အိမ်ပြန်လာခဲ့ကြတယ်။

၂၀၂၃ မေလ ရောက်တော့၊ အသင်းတော် ခေါင်းဆောင်တွေဆီက စာတစ်စောင် ရုတ်တရက် ရလိုက်တယ်။ အလုပ်တစ်ခုကို လုပ်ဖို့ လူတစ်ယောက် အရေးတကြီး လိုနေတယ်၊ ကျွန်တော်နဲ့ သင့်တော်တယ်တဲ့။ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်လာနိုင်မလားလို့ မေးထားတယ်။ ဒီစာကို မြင်တော့ ကျွန်တော်က တာဝန်ကို ရွေးချယ်သင့်မှန်း သိပေမဲ့ အဘိုးအဘွား ကျန်းမာရေး မကောင်းတာရယ်၊ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ ဘယ်သူမှ မရှိတာရယ်ကို တွေးမိတော့ ကျွန်တော် စိတ်မချနိုင်ဘူး။ နောက်ဆုံးတော့ တာဝန်ကို ကျွန်တော် ငြင်းလိုက်တယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ မလုံမလဲ ဖြစ်နေခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “သင်တို့၏ ဆက်ကပ်မှုမှာ အဘယ်မှာနည်း။ သင်တို့၏ ကျိုးနွံနာခံမှုမှာ အဘယ်မှာနည်း။...အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်။ သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို လည်စင်းခံကြလျက်၊ မိမိတို့အသွေးကို သွန်းကြလျက် မိမိတို့ကိုယ်ကို အနစ်နာခံခဲ့ကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်)ငါ လိုအင်ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ လက်ရှိတွင် သက်သေခံချက်က အဘယ်အရာဖြစ်သည်၊ ချစ်ခြင်းမေတ္တာက အဘယ်အရာဖြစ်သည်ကို သင်မသိလျှင်ပင် ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး သင်၌ တစ်ခုတည်းသော ရတနာများဖြစ်သည့် သင်၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံခြင်းကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် ကျိုးနွံနာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ ကျိုးနွံနာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံလိုမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိုလိမ့်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားသခင်ရဲ့ ပြစ်တင်မေးမြန်းတဲ့ နှုတ်ကပတ်တော်တွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်တော် အရမ်း နာကျင်ရတယ်။ ယောဘ စမ်းသပ်မှုတွေ ကြုံရတုန်းက သူ့ရဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ သားသမီးတွေ အကုန်ဆုံးရှုံးခဲ့ရပြီး သူ့တစ်ကိုယ်လုံးမှာလည်း နာကျင်ရတဲ့ အနာစိမ်းတွေ ပေါက်ခဲ့တယ်။ ဒါပေမဲ့ ယောဘက ဘာမှ မညည်းညူခဲ့ဘဲ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းခဲ့တယ်။ ယောဘမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ စစ်မှန်တဲ့ ကျိုးနွံနာခံမှု ရှိခဲ့တယ်။ နောက်ပြီး အာဗြဟံလည်း ရှိသေးတယ်၊ သူက ဘုရားသခင်ရဲ့ အမိန့်ကို နာခံပြီး သူ့ရဲ့ တစ်ဦးတည်းသောသား ဣဇာတ်ကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ဖို့ ဓားကို မြှောက်ခဲ့ပါတယ်။ အာဗြဟံမှာလည်း ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံမှု ရှိခဲ့တယ်။ ယောဘနဲ့ အာဗြဟံတို့က အရာအားလုံးကို ဘုရားသခင်ဆီ ပူဇော်ဆက်ကပ်နိုင်တာကို မြင်တော့ ကျွန်တော် ရှက်လည်းရှက်၊ မျက်နှာလည်း ပူမိတယ်။ ဘုရားသခင်ကို ယုံကြည်လာတာ ဆယ်နှစ်ကျော်ပြီ၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းတာနဲ့ ထောက်ပံ့တာတွေကို အများကြီး ခံစားခဲ့ရပေမဲ့ ဘုရားသခင်ကို ကျေးဇူးဆပ်ဖို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဘူး၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ခံစားဖို့ပဲ သိခဲ့တယ်။ အသင်းတော်က ကျွန်တော့်ကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတွေ ပေးတဲ့အခါမှာ ကျွန်တော်က ခေါင်းရှောင်ဖို့ ဆင်ခြေတွေတောင် ပေးခဲ့သေးတယ်။ ကျွန်တော့် လူ့သဘာဝက တကယ်ကို နိမ့်ကျလွန်းတယ်။ အခု အသင်းတော်အလုပ်က ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပြီ၊ ကျွန်တော့်ရဲ့ သံယောဇဉ်တွေကြားမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ယုတ်ညံ့ညံ့နဲ့ ဆက်အသက်မရှင်နိုင်တော့ဘူး။ တာဝန်ထမ်းဆောင်ပြီး ဘုရားသခင်အတွက် တစ်ကြိမ်လောက်တော့ အသက်ရှင်ရမယ်။ ဒါနဲ့ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော် အိမ်က ထွက်လာခဲ့တယ်။

ဒါပေမဲ့ ကျွန်တော် မထင်မှတ်ထားတာတစ်ခု ဖြစ်လာတယ်။ တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လာပြီး နှစ်လလောက်အကြာမှာပဲ အသင်းတော် ခေါင်းဆောင်တွေက ကျွန်တော့်ကို အကြောင်းကြားလာတယ်။ ကျွန်တော်နဲ့အတူ တာဝန်ထမ်းဆောင်တဲ့သူ အဖမ်းခံလိုက်ရပြီး ယုဒတစ်ယောက်အနေနဲ့ ကျွန်တော့်ကို သစ္စာဖောက်လိုက်တယ်တဲ့။ ပြီးတော့ ဘုရားယုံကြည်တဲ့ ကျွန်တော့်ဆွေမျိုးတချို့လည်း ရဲဖမ်းတာ ခံလိုက်ရတယ်တဲ့။ ရဲဆယ်ယောက်ကျော် ကျွန်တော့်အိမ်ကို ရောက်လာပြီး အမေနဲ့ ကျွန်တော့်ကို ဖမ်းဖို့ လုပ်ကြတယ်၊ ကျွန်တော်တို့ရဲ့ အစားအသောက်တွေ၊ ပိုက်ဆံတွေကို ရဲတွေက ယူသွားပြီး ကျွန်တော့်ကို စပြီး လိုက်ဖမ်းတော့တာပဲ။ ကျွန်တော် အိမ်ကထွက်လာပြီး မကြာခင်မှာပဲ အဘိုး ဆေးရုံတင်လိုက်ရတယ်ဆိုတာကိုလည်း ကျွန်တော် သိလိုက်ရတယ်။ ဒါကို ကြားတော့ ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ ရဲတွေက ကျွန်တော်တို့အိမ်ကို ဝင်မွှေပြီး အိမ်ကို မွှေနှောက်ဖျက်ဆီးသွားတာတွေ၊ အဘိုးအဘွားတွေဆိုရင်လည်း ကြောက်လန့်နေကြမှာတွေကို ကျွန်တော် တွေးမိတယ်။ သူတို့အသက်အရွယ်နဲ့ဆိုရင် မှီခိုအားထားစရာ လူတစ်ယောက်နဲ့အတူ သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို အေးအေးဆေးဆေး ဖြတ်သန်းသင့်တာ၊ ဒါပေမဲ့ ကျွန်တော့်ကြောင့် ဒီဒုက္ခတွေထဲ သူတို့ ဆွဲသွင်းခံရရှာတယ်။ တွေးမိလေလေ သူတို့အတွက် ကျွန်တော် ပိုအပြစ်ရှိသလို ခံစားရလေလေဖြစ်ပြီး ကျွန်တော့်အခြေအနေက ပိုဆိုးလာတယ်။ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ အိမ်ကို တိတ်တိတ်လေး ပြန်သွားဖို့တောင် ကျွန်တော် တွေးမိတယ်။ နာကျင်နေတဲ့ကြားကနေ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ဒီအခြေအနေမှာ သား နည်းနည်း အားနည်းနေပါတယ်။ ဒီမှားယွင်းတဲ့ အခြေအနေထဲကနေ ရုန်းထွက်နိုင်အောင် သားကို လမ်းပြပေးပါ၊ ကူညီပေးပါ” လို့ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် သတိရှိရှိနဲ့ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တချို့ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “ဘာသာတရားမရှိသော လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့သော်ငြားလည်း ယင်းတို့သည် သက်ရှိလောကအတွင်းရှိ ဖြစ်စဉ်များမျှသာ ဖြစ်ကြသည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ လူသားများအပါအဝင် သက်ရှိသတ္တဝါအမျိုးမျိုးတို့သည် ဤနိယာမကို လိုက်နာကြပြီး ဤသည်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းတော်မူကြောင်းကို ထပ်မံ၍ သက်သေပြနေခြင်းလည်း ဖြစ်၏။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။ ခြင်္သေ့နှင့် ကျားတို့ကဲ့သို့သော အတော်အတန် ရက်စက်သော အသားစားသတ္တဝါများသည်ပင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ပြီး အရွယ်မရောက်မီတွင် ကလေးများကို မကိုက်ပေ။ ဤသည်မှာ တိရစ္ဆာန် ဗီဇစိတ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်မျိုးစိတ်ဖြစ်ပါစေ၊ ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်ဖြစ်စေ တိရစ္ဆာန်အားလုံးက ဤဗီဇစိတ်ကို ပိုင်ဆိုင်သည်။ လူသားများအပါအဝင် သတ္တဝါမျိုးစုံတို့သည် ဤဗီဇစိတ်နှင့် နိယာမကို လိုက်နာခြင်းအားဖြင့်သာ ဆက်လက်၍ မျိုးပွားပြီး ရှင်သန်နိုင်သည်။ ၎င်းတို့က ဤနိယာမကို မလိုက်နာလျှင်၊ သို့မဟုတ် ဤနိယာမနှင့် ဗီဇစိတ်မရှိလျှင် မျိုးပွားပြီး ရှင်သန်နိုင်မည်မဟုတ်ပေ။ ဇီဝကွင်းဆက်က တည်ရှိမည်မဟုတ် ဤကမ္ဘာလည်း တည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက သက်ရှိလောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်ဘဲ ဤဗီဇ ကင်းမဲ့နေလျှင် လူသားများသည် တိရစ္ဆာန်များထက် ပို၍ ယုတ်ညံ့သည် မဟုတ်ပေလော။ သို့ဖြစ်၍ သင်၏မိဘများက သင့်ကို ပြုစုပျိုးထောင်စဉ်တွင် သင့်ကို မည်မျှစောင့်ရှောက်ခဲ့သည်ဖြစ်စေ၊ သင့်အပေါ်၌ ၎င်းတို့၏ တာဝန်ကို မည်မျှပင် ဖြည့်ဆည်းခဲ့သည်ဖြစ်စေ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်အပ်သည့်အရာကိုသာ လုပ်ဆောင်နေခြင်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ ဗီဇဖြစ်၏။...သက်ရှိသတ္တဝါနှင့် တိရစ္ဆာန်မျိုးစုံသည် ဤဗီဇစိတ်နှင့် နိယာမများကို ပိုင်ဆိုင်ကြသည်။ ပြီးလျှင် ယင်းတို့ကို အလွန်ကောင်းစွာ လိုက်နာကြကာ ပြည့်စုံစွာ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်လူကမျှ မဖျက်ဆီးနိုင်သောအရာတစ်ခုဖြစ်သည်။ ကျား၊ ခြင်္သေ့များကဲ့သို့သော ထူးခြားသော တိရစ္ဆာန်အချို့လည်းရှိသည်။ ဤတိရစ္ဆာန်များက အရွယ်ရောက်သောအခါတွင် ၎င်းတို့မိဘများကို စွန့်ခွာပြီး အချို့သောအထီးများက ယှဉ်ပြိုင်ဘက်များဖြစ်လာကာ လိုအပ်သလို ကိုက်ကြသည်။ ယှဉ်ပြိုင်ကြသည်။ တိုက်ခိုက်ကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ နိယာမတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလွန်ကြင်နာယုယမှုမရှိပေ။ ထို့အပြင် လူတို့ကဲ့သို့ ‘ကျွန်ုပ်သည် သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်။ သူတို့ကို ကျွန်ုပ် နစ်နာကြေးပြန်ပေးရမည်။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်နာခံရမည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်လျှင် အခြားသူများက ကျွန်ုပ်ကို ရှုတ်ချကြလိမ့်မည်၊ ဒေါသဖြင့်ပြောဆိုကာ ကျွန်ုပ်၏ နောက်ကွယ်တွင် ဝေဖန်ကြလိမ့်မည်။ ယင်းကို ကျွန်ုပ် မခံနိုင်ပါ’ ဟု ပြောလျက် ၎င်းတို့၏ ခံစားချက်များဖြင့် အသက်မရှင်ကြပေ။ တိရစ္ဆာန်လောကတွင် ဤသို့သောအရာများကို မပြောပေ။ လူတို့သည် အဘယ်ကြောင့် ဤသို့သောအရာများကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းနှင့် လူအုပ်စုများအတွင်းတွင် မမှန်ကန်သော အယူအဆနှင့် သဘောတူညီမှုအမျိုးမျိုး ရှိသောကြောင့်ဖြစ်သည်။ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်ယွင်းစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့အတွင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးအပေါ် မတူညီသော အနက်ဖွင့်ဆိုခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်းများ ဖြစ်ပေါ်လာသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို ၎င်းတို့၏ ကြွေးရှင်များအဖြစ်၊ ၎င်းတို့၏ တစ်ဘဝလုံး မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်သည့် ကြွေးရှင်များအဖြစ် ဆက်ဆံကြသည်။ မိမိတို့၏ မိဘများကို မပျော်ရွှင်စေသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သို့မဟုတ် မိမိတို့၏ မိဘများက အလိုရှိသည့်လမ်းကို မသွားခဲ့သောကြောင့် မိမိတို့၏ မိဘများသေဆုံးပြီးနောက်တွင် တစ်ဘဝလုံး အပြစ်ရှိသလိုခံစားနေရပြီး မိဘများ၏ ကြင်နာမှုဖြင့် မထိုက်တန်ဟု မိမိတို့ကိုယ်ကို ထင်သောသူအချို့ပင်ရှိသည်။ ငါ့ကို ပြောလော့။ ဤသည်မှာ အလွန်အကျွံဖြစ်ခြင်း မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ခံစားချက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤခံစားချက်များမှ အရင်းခံသည့် အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကိုသာ ခံရနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်စနစ်က အရောင်ဆိုးသည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်သောကြောင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရသည်။ ယင်းကြောင့် ၎င်းတို့ဘဝသည် မောပန်းပြီး အခြားသော သက်ရှိသတ္တဝါများထက်ပို၍ ရှုပ်ထွေးသည်။ သို့ရာတွင် ယခုအချိန်၌ ဘုရားသခင်က အလုပ်လုပ်နေသောကြောင့်၊ ဤအမှန်တရားများ အားလုံး၏ အဖြစ်မှန် လူတို့အား ပြောပြရန်၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့ ထောက်ကူပေးရန် သမ္မာတရားကို ဖော်ပြနေသောကြောင့် သမ္မာတရားကို သင်နားလည်ပြီးနောက်တွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များသည် သင့်အပေါ် ဝန်လေးစေမည်မဟုတ်တော့ပေ။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်ရန်နည်းလမ်းအတွက် လမ်းညွှန်အဖြစ် အသုံးတည့်တော့မည် မဟုတ်တော့ပေ။ ဤအခြေအနေတွင် သင်၏ဘဝသည် ပို၍ စိုးရိမ်သောက ကင်းလိမ့်မည်။ စိုးရိမ်သောကကင်းသောဘဝကို နေထိုင်ခြင်းက သင်သည် သင်၏တာဝန်များနှင့် ဝတ္တရားများကို သိမည်မဟုတ်ဟု မဆိုလိုပေ။ ဤအရာများကို သင်သိဦးမည်ဖြစ်သည်။ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ချဉ်းကပ်ရန်အတွက် မည်သည့်ရှုထောင့်နှင့် နည်းလမ်းများကို သင်ရွေးချယ်သည်ဆိုသည့်အပေါ်သာ မူတည်သည်။ လမ်းကြောင်းတစ်ခုမှာ ခံစားချက်များနှင့် သက်ဆိုင်သော လမ်းကို ရွေးချယ်ရန်ဖြစ်ပြီး စိတ်ခံစားချက်ဆိုင်ရာ နည်းလမ်းများအပြင် စာတန်က လူကို လမ်းညွှန်သည့် နည်းလမ်း၊ အယူအဆ၊ အမြင်များကို အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ အခြားလမ်းမှာ ဘုရားသခင်က လူကို သွန်သင်ပေးခဲ့သည့် နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။ လူတို့က စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူအဆများနှင့် အမြင်များအတိုင်း ဤအမှုကိစ္စများကို ကိုင်တွယ်သောအခါ ၎င်းတို့သည် ၎င်းတို့ခံစားချက်များ၏ နှောင်ဖွဲ့မှုများအတွင်းတွင်သာ နေထိုင်နိုင်သည်။ ပြီးလျှင် အမှန်နှင့် အမှားကို မည်သည့်အခါမျှ မခွဲခြားနိုင်ပေ။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် ကျော့ကွင်းထဲတွင် နေထိုင်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိဘဲ ‘သင် မှန်သည်။ ကျွန်ုပ်က မှားသည်။ သင်က ကျွန်ုပ်ကို ပို၍ပေးသည်။ ကျွန်ုပ်က သင့်ကို သိပ်မပေးပါ။ သင်သည် ကျေးဇူးမသိတတ်ပါ။ သင်သည် စည်းကျော်နေခြင်းဖြစ်သည်’ ဟူသကဲ့သို့သော အမှုကိစ္စများနှင့် အစဉ် ရှုပ်ထွေးနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ရှင်းလင်းစွာ စကားပြောသောအချိန် မည်သည့်အခါမျှ မရှိပေ။ သို့သော်လည်း လူတို့သည် သမ္မာတရားကို နားလည်ပြီးနောက်တွင် ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များအပြင် ခံစားချက်များ၏ ကွန်ရက်မှ လွတ်မြောက်သောအခါတွင် ဤအမှုကိစ္စများသည် ၎င်းတို့အတွက် ရိုးရှင်းလာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားကြည့်လိုက်တော့ မိဘတွေ၊ အဘိုးအဘွားတွေက ကျွန်တော့်ကို ကျွေးမွေးပြုစုပြီး ဂရုစိုက်စောင့်ရှောက်တာဟာ သူတို့ရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းနေတာသက်သက်ပဲဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ သူတို့က ဘုရားသခင် တည်ထောင်ထားတဲ့ နိယာမတွေနဲ့ စည်းမျဉ်းတွေကို လိုက်နာနေတာဖြစ်သလို ဒါက လူ့ဗီဇလည်း ဖြစ်ပါတယ်။ ဘုရားသခင် ဖန်ဆင်းထားတဲ့ သတ္တဝါတွေ အားလုံးလိုပါပဲ၊ သူတို့က ဘုရားသခင် သတ်မှတ်ထားတဲ့ နိယာမတွေ၊ စည်းမျဉ်းတွေအတိုင်း အသက်ရှင်နေကြတာပါ။ တိရစ္ဆာန်တစ်ကောင်က ကြမ်းကြုတ်သည်ဖြစ်စေ၊ ယဉ်သည်ဖြစ်စေ သူတို့ရဲ့ သားသမီးတွေကို ကျွေးမွေးပြုစုတာက သူတို့ရဲ့ ဗီဇဖြစ်သလို သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားလည်း ဖြစ်ပါတယ်။ လူတွေလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ မိဘတွေ၊ အဘိုးအဘွားတွေ ကျွန်တော့်ကို ကျွေးမွေးပြုစုတာကို အကြင်နာတရားလို့ သတ်မှတ်ခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့ အနစ်နာခံမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ကျွန်တော် ပြန်မဆပ်နိုင်ဘူးဆိုတာ တွေ့ရတော့ အမြဲတမ်း အပြစ်ရှိသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အသက်ရှင်ခဲ့တယ်။ လူ့အသိုင်းအဝိုင်း၊ ကျောင်းနဲ့ မိသားစုကနေ ရိုက်သွင်းပေးလိုက်တဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေ အများကြီးကို ကျွန်တော် လက်ခံထားမိလို့ ဖြစ်မှန်း အခု ကျွန်တော် နားလည်လိုက်ပြီ။ ဥပမာ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏” ဆိုတာမျိုးနဲ့ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်” ဆိုတာမျိုးတွေပေါ့။ ကျွန်တော့်အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိတဲ့ စကားတစ်ခွန်း ရှိတယ်၊ အဲဒါက “သစ်ပင်က ငြိမ်ချင်ပေမဲ့ လေက မစဲဘူး၊ သားသမီးက ပြုစုချင်ပေမဲ့ မိဘက မရှိတော့ဘူး” ဆိုတာပါပဲ။ ဒီမှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေက ကျွန်တော့်စိတ်နှလုံးထဲမှာ အမြစ်တွယ်နေပြီး ကျွန်တော့်ရဲ့ ကျင့်ကြံပြုမူပုံအတွက် စံနှုန်းတွေ ဖြစ်လာခဲ့တယ်။ အဖေ ရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက်မှာ ကျွန်တော် အမြဲ ခံစားခဲ့ရတာက အဖေဟာ တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ပေမဲ့ သူအသက်ကြီးတဲ့အချိန်မှာ ကျွန်တော် မပြုစုနိုင်ခဲ့ဘူး၊ သူအသက်ရှင်နေတုန်းမှာ ကျွန်တော့်ရဲ့ သားသမီးဝတ်ကို မကျေပွန်ခဲ့ဘူးဆိုတာပါပဲ။ ဒါကြောင့် အဘိုးအဘွားတွေနဲ့ပတ်သက်ပြီး နောင်တမရရအောင် သူတို့ရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ သူတို့ကို ပြုစုစောင့်ရှောက်ရမည့် တာဝန်ကို ကျွန်တော် ပခုံးပြောင်းယူရမယ်လို့ တွေးခဲ့တယ်။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို အေးအေးဆေးဆေး ဖြတ်သန်းရအောင် ကျွန်တော် မလုပ်ပေးနိုင်တဲ့အခါ ကျွန်တော်က သားသမီးဝတ် အရမ်း မကျေဘူးလို့ ခံစားရပြီး သူတို့ကို အကြွေးတင်နေသလို ခံစားချက်နဲ့ အသက်ရှင်ခဲ့တယ်။ စာတန်က ကျွန်တော့်ခေါင်းထဲ ရိုက်သွင်းပေးခဲ့တဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေက မိဘတွေနဲ့ အဘိုးအဘွားတွေရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ပဲ ကျွန်တော့်ကို အမြဲ တွေးစေခဲ့တယ်၊ ပြီးတော့ သူတို့အပေါ် သားသမီးဝတ်ကျေပွန်တာက ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်တွေကို ထမ်းဆောင်တာထက် ပိုအရေးကြီးတယ်လို့တောင် ကျွန်တော့်ကို သတ်မှတ်စေခဲ့တယ်။ ဒီရိုးရာယဉ်ကျေးမှု အယူအဆတွေဟာ စာတန်က လူတွေကို လမ်းလွဲစေပြီး ဖောက်ပြန်ပျက်စီးစေတဲ့ နည်းလမ်းတွေမှန်း၊ ပြီးတော့ အဲဒီအတိုင်း အသက်ရှင်တာက ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်တာဆီကိုပဲ ဦးတည်စေမှန်း ကျွန်တော် မြင်လိုက်ရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ဖတ်မိပြီး သားသမီးဝတ်ကျေတဲ့ အပြုအမူနဲ့ သားသမီးဝတ်မကျေတဲ့ အပြုအမူကို ဘယ်လို ပိုင်းခြားရမလဲဆိုတာ သိလိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် လွမ်းဆွတ်သတိရခြင်းများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက ဗလာ မရှိပေ။ ပြင်ပ အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် ပြင်ပ အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆောင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ခရိုင်များ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ ရောက်ရှိသွားခြင်းမျိုး မဟုတ်ပေ။ သင်သည် သင်၏ ဝတ္တရားကို မဖြည့်ဆည်းနိုင်သည့် သင် အမျိုးမျိုးသော ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် ဉာဏ်ပွင့်သွားသလို ခံစားရတယ်။ အရင်တုန်းကဆိုရင် “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်” ဆိုတာနဲ့ “အသက်ကြီးတဲ့အခါ ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးပါ” ဆိုတဲ့ အယူအဆတွေနဲ့ ကျွန်တော် အမြဲ အသက်ရှင်ခဲ့တယ်။ မိဘတွေနဲ့ အဘိုးအဘွားတွေက ကျွန်တော့်ကို ကျွေးမွေးပြုစုခဲ့တာမို့လို့ သူတို့ အသက်ကြီးလာတဲ့အခါ သူတို့ကို ပြုစုစောင့်ရှောက်ဖို့နဲ့ သားသမီးဝတ်ကျေဖို့ ကျွန်တော် သူတို့ဘေးမှာ ရှိနေသင့်တယ်၊ အဲဒီလို မလုပ်နိုင်ရင် ကျွန်တော်က သားသမီးဝတ်မကျေတာ၊ လူ့သဘာဝ ကင်းမဲ့တာလို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ အရင်တုန်းကလိုပါပဲ၊ အဘိုးအဘွားတွေကို ပြုစုဖို့ သူတို့နားမှာ ကျွန်တော် မရှိနိုင်တဲ့အခါ ကျွန်တော့်အသိစိတ်က ကျွန်တော့်ကို အမြဲတမ်း ပြစ်တင်စွပ်စွဲနေခဲ့တယ်၊ ပြီးတော့ သူတို့ကို အကြွေးတင်နေသလို၊ အပြစ်ရှိသလို၊ သူတို့ကို စိတ်ပျက်အောင် လုပ်မိသလို ကျွန်တော် ခံစားခဲ့ရတယ်။ တကယ်တမ်းကျတော့ သူတို့နားမှာနေပြီး သူတို့ကို ပြုစုစောင့်ရှောက်ဖို့ သားသမီးဝတ်ကျေဖို့ မလုပ်နိုင်ခဲ့တာက ကျွန်တော်က သားသမီးဝတ် မကျေပွန်ချင်လို့၊ ကိုယ့်ဝတ္တရားကို မဖြည့်ဆည်းချင်လို့ မဟုတ်ပါဘူး။ လက်တွေ့အခြေအနေက အဲဒီလိုလုပ်ဖို့ ခွင့်မပြုခဲ့လို့ပါ။ တစ်ဖက်မှာ ကျွန်တော်က တာဝန်တွေနဲ့ အလုပ်ရှုပ်နေတယ်၊ နောက်တစ်ဖက်မှာကျတော့ ရဲတွေက ကျွန်တော့်ကို နှိပ်ကွပ်ပြီး လိုက်ဖမ်းနေတော့ မိသားစုကို ပြုစုဖို့ အိမ်ပြန်လို့ မရခဲ့ဘူး။ ဒါက သားသမီးဝတ်မကျေတာ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော့်မှာ အဲဒီလိုလုပ်နိုင်တဲ့ အခြေအနေရှိလျက်နဲ့ အဘိုးအဘွားကို မပြုစုဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ အဲဒါက တကယ်ပဲ သားသမီးဝတ်မကျေတာ၊ လူ့သဘာဝ ကင်းမဲ့တာ ဖြစ်မှာပေါ့။

တစ်နေ့ကျတော့ ဝတ်ပြုနေတုန်း ကျွန်တော့်ကို ပိုပြီးတော့တောင် ရှင်းသွားစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အရာရာက ဘုရားလက်ထဲတွင်ရှိသည်ဟု သင် အမှန်တကယ် ယုံကြည်လျှင် ၎င်းတို့၏ ဘဝများတစ်လျှောက်လုံး အခက်အခဲမည်မျှ ၎င်းတို့ ခံစားရပြီး ပျော်ရွှင်မှုမည်မျှ ၎င်းတို့ မွေ့လျော်ခံစားရသည်ဟူသော ကိစ္စသည်လည်း ဘုရားလက်ထဲတွင် ရှိသည်ဟု သင် ယုံကြည်သင့်ပေသည်။ သင်က သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဆိုသည်က မည်သည့်အရာကိုမျှ ပြောင်းလဲစေလိမ့်မည် မဟုတ်။ သင်သားသမီးဝတ်ကျေပွန်သောကြောင့် သင်၏ မိဘများက ဆင်းရဲဒုက္ခခံရခြင်း လျော့နည်းသွားလိမ့်မည် မဟုတ်သကဲ့သို့ သင် သားသမီးဝတ်မကျေပွန်သောကြောင့် ၎င်းတို့က သာ၍ ဆင်းရဲဒုက္ခ ခံစားရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာများကို အချိန်ကြာမြင့်စွာကပင် စီမံခဲ့ကာ ၎င်းတို့အပေါ် သင်၏ သဘောထား သို့မဟုတ် သင်တို့ကြားက ခံစားချက် အတိမ်အနက်ကြောင့် ဤအရာတစ်ခုမျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်။ ၎င်းတို့တွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် ၎င်းတို့ ဆင်းရဲကြသည်ဖြစ်စေ၊ ချမ်းသာကြွယ်ဝကြသည်ဖြစ်စေ၊ ၎င်းတို့အတွက် အမှုအရာများက အဆင်ပြေချောမွေ့သည်ဖြစ်စေ၊ မချောမွေ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ဘဝအဆင့်အတန်း၊ ရုပ်ဝတ္ထု အကျိုးအမြတ်များ၊ လူမှု အဆင့်အတန်းနှင့် အသက်ရှင်နေထိုင်မှု အခြေအနေများကို ၎င်းတို့ မွေ့လျော်ခံစားကြသည်ဖြစ်စေ ဤအရာတစ်ခုမျှသည် သင်နှင့် ထိုမျှပတ်သက်မှု မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆))ဘဝတွင် လူတို့မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း၊ အမှုကြီး အမှုငယ် အမျိုးမျိုးကို ကြုံရခြင်းသည် အလွန်ပုံမှန်ဖြစ်သော ဖြစ်ရပ်များဖြစ်သည်။ သင်သည် အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်လျှင် ရင့်ကျက်သော အတွေးအခေါ်ပုံစံ ရှိသင့်သည်။ ဤအမှုကိစ္စကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ ‘ငါ့မိဘများသည် မကျန်းမာကြပါ။ ဤသည်မှာ သူတို့ ငါ့ကို အရမ်းသတိရသောကြောင့် ဖြစ်ရသည်ဟု အချို့လူများက ပြောကြသည်။ ဤသည်မှာ ဖြစ်နိုင်သလား။ သူတို့က သေချာပေါက် ငါ့ကို သတိရပါသည်။ လူတစ်ယောက်က သူ့သားသမီးကို မည်သို့များ သတိမရဘဲ နေမည်နည်း။ ငါလည်း သူတို့ကို သတိရသည်။ သို့ဆိုလျှင် ငါက အဘယ်ကြောင့် နေမကောင်း မဖြစ်ရသနည်း’ ဟူ၍ ဖြစ်သည်။ လူတစ်ယောက်ယောက်က သူ၏ သားသမီးများကို သတိရသောကြောင့် နေမကောင်းဖြစ်သလော။ ဤသည်မှာ မမှန်ပေ။ ဤသို့ဆိုလျှင် သင့်မိဘများက ဤအရေးပါသောအရာများကို ကြုံရသောအခါ၌ မည်သို့ ဖြစ်သနည်း။ ၎င်းတို့ဘဝတွင် ဤအမှုအရာမျိုးကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ဟုသာ ဆိုနိုင်သည်။ ဘုရားသခင်၏ လက်ဖြင့် စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သင်သည် အရှိအတိုင်းဖြစ်သော အကြောင်းပြချက်များ၊ အကြောင်းတရားများကို အာရုံစိုက်၍ မရပေ။ သင့်မိဘများက ဤအသက်အရွယ်သို့ ရောက်သောအခါတွင် ဤအမှုကိစ္စကို ကြုံရမည်ဖြစ်သည်။ ၎င်းတို့သည် ဤရောဂါ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရမည်ဖြစ်သည်။ သင်ရှိနေခဲ့လျှင် ၎င်းတို့သည် ထိုရောဂါကို ရှောင်နိုင်မည်လော။ ဘုရားသခင်က ၎င်းတို့ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နာမကျန်းဖြစ်ရန်အတွက် ၎င်းတို့ကို မစီစဉ်ခဲ့လျှင် သင်က ၎င်းတို့နှင့်အတူ မရှိနေခဲ့လျှင်ပင် ၎င်းတို့အပေါ်၌ မည်သည့်အရာမျှ ဖြစ်ပျက်မည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ဘဝတွင် ဤကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရရန် ကံစီမံပြီးဖြစ်လျှင် သင်က ၎င်းတို့အနီး၌ ရှိနေခဲ့လျှင် မည်သည့်သက်ရောက်မှုကို သင်ပြုလုပ်နိုင်မည်နည်း။ ၎င်းတို့သည် ရှောင်နိုင်ဦးမည် မဟုတ်ပေ။ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်ကို မယုံကြည်သော ထိုလူများအကြောင်းကို စဉ်းစားကြည့်လော့။ ၎င်းတို့မိသားစုများသည် တစ်နှစ်ပြီးတစ်နှစ် အတူတကွ ရှိသည်မဟုတ်လော။ ထိုမိဘများက ကြီးမားသော ကံဆိုးမှုနှင့် ကြုံရသောအခါ ၎င်းတို့၏ မိသားစုဆွေမျိုးနီးစပ်များနှင့် ၎င်းတို့၏ သားသမီးများအားလုံးက ၎င်းတို့နှင့်အတူ ရှိနေသည်မဟုတ်လော။ မိဘများက နေမကောင်းဖြစ်သောအခါ၊ သို့မဟုတ် ၎င်းတို့ရောဂါက ပို၍ဆိုးလာသောအခါ ၎င်းတို့၏ သားသမီးများက ၎င်းတို့ထံမှ ထွက်ခွာသွားသောကြောင့် ဖြစ်သလော။ ဤသို့မဟုတ်ပေ။ ဤသို့ဖြစ်လာဖို့ ကံပါလာခြင်းဖြစ်သည်။ သင်က ၎င်းတို့၏ သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများနှင့် သွေးသားတော်စပ်သောကြောင့် ၎င်းတို့က နေမကောင်းဖြစ်သည်ဟု သင်ကြားသောအခါ၌ သင်သည် စိတ်မကောင်းဖြစ်မည်ဖြစ်ပြီး အခြားလူများက မည်သို့မျှ ခံစားရမည်မဟုတ်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ သို့ရာတွင် သင့်မိဘများက ဤသို့သော ကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရခြင်းသည် သင်က ယင်းအား မည်သို့ ဖယ်ရှားရမည်၊ သို့မဟုတ် ဖြေရှင်းရမည်ဆိုသည်ကို စိစစ်ရန်၊ စုံစမ်းစစ်ဆေးရန်၊ တွေးတောရန် လိုအပ်သည်ဟု မဆိုလိုပေ။ သင့်မိဘများသည် အရွယ်ရောက်ပြီးသူများ ဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ဤအရာကို အကြိမ်ရေအနည်းငယ်ထက် ပိုပြီး ကြုံခဲ့ရပြီးဖြစ်သည်။ ဘုရားသခင်က ဤအမှုကိစ္စကို ၎င်းတို့ထံမှ ဖယ်ရှားရန် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်လျှင် ယင်းသည် အနှေးနှင့် အမြန်ဆိုသလို လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။ ဤအမှုကိစ္စသည် ၎င်းတို့အတွက် ဘဝအခက်အခဲတစ်ခုဖြစ်လျှင်၊ ၎င်းတို့သည် ယင်းကို တွေ့ကြုံရမည်ဆိုလျှင် ၎င်းတို့သည် ယင်းအား မည်မျှကြာရှည်စွာ တွေ့ကြုံရမည်ဆိုသည်မှာ ဘုရားသခင်အပေါ် မူတည်သည်။ ယင်းသည် ၎င်းတို့တွေ့ကြုံရမည့်အရာတစ်ခု ဖြစ်ပြီး မရှောင်ရှားနိုင်ပေ။ သင်သည် ဤအမှုကိစ္စကို တစ်ကိုယ်တည်း ဖြေရှင်းလိုလျှင်၊ ဤအမှုကိစ္စ၏ အရင်းအမြစ်၊ အကြောင်းရင်းနှင့် အကျိုးဆက်များကို စိစစ်ပြီး စုံစမ်းစစ်ဆေးလိုလျှင် ယင်းသည် မိုက်မဲသောအတွေးဖြစ်သည်။ အကျိုးမရှိသကဲ့သို့ မလိုလားအပ်ပေ။ သင်သည် ဤသို့ မလုပ်ဆောင်သင့်ပေ။ စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ သင့်အတန်းဖော်များနှင့် မိတ်ဆွေများအား အကူအညီတောင်းရန် ဆက်သွယ်ခြင်း၊ သင့်မိဘများအတွက် ဆေးရုံကို ဆက်သွယ်ခြင်း၊ အကောင်းဆုံးဆရာဝန်များကို ဆက်သွယ်ခြင်း၊ ၎င်းတို့အတွက် အကောင်းဆုံးဆေးရုံအိပ်ရာ စီစဉ်ပေးခြင်းတို့ မပြုလုပ်သင့်ပေ။ သင်သည် ဦးနှောက်ခြောက်ခံပြီး ဤအရာအားလုံးကို လုပ်ဆောင်ရန် မလိုပေ။ သင်သည် အမှန်ပင် ပိုလွန်သောအားအင်ရှိနေလျှင် ယခု သင်ထမ်းဆောင်ရမည့် တာဝန်၌ ကောင်းစွာ လုပ်ဆောင်သင့်သည်။ သင့်မိဘများ၌ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာများ ရှိသည်။ မည်သူကမျှ ၎င်းတို့သေရမည့် အရွယ်တွင် မလွတ်မြောက်နိုင်ပေ။ သင့်မိဘများသည် သင့်ကံကြမ္မာ၏ အရှင်သခင်များမဟုတ်။ ပြီးလျှင် အလားတူပင် သင်သည် သင့်မိဘများ၏ ကံကြမ္မာ၏ အရှင်သခင်မဟုတ်ပေ။ တစ်စုံတစ်ခုသည် ၎င်းတို့တွင် ဖြစ်ပျက်ရန် ကံပါလာလျှင် သင်သည် ယင်းနှင့်ပတ်သက်ပြီး မည်သို့ လုပ်ဆောင်နိုင်သနည်း။ သင်က စိတ်သောကရောက်ပြီး ဖြေရှင်းချက်များကို ရှာဖွေခြင်းက မည်သည့်သက်ရောက်မှုကို ရရှိနိုင်သနည်း။ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ်တွင် မူတည်သည်။ ဘုရားသခင်က ၎င်းတို့ကို ခေါ်ဆောင်သွားလိုပြီး သင့်တာဝန်ကို အနှောင့်အယှက်ကင်းစွာ ထမ်းဆောင်ရန် သင့်အား အထောက်အကူပြုလျှင် သင်သည် ဤအရာကို ကြားဝင်စွက်ဖက်နိုင်သလော။ သင်သည် ဘုရားသခင်နှင့် သတ်မှတ်ချက်များကို ဆွေးနွေးနိုင်သလော။ ဤအချိန်တွင် သင် ဘာလုပ်သင့်သနည်း။ ဦးနှောက်ခြောက်ခံစဉ်းစားပြီး ဖြေရှင်းချက်များထုတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ စိစစ်ခြင်း၊ သင့်ကိုယ်သင်အပေါ် အပြစ်ပုံချခြင်း၊ သင့်မိဘများအား ရင်ဆိုင်ရန် ရှက်ရွံ့ခြင်းတို့သည် လူတစ်ယောက်ရှိသင့်သည့် အတွေးနှင့် လုပ်ရပ်များ ဖြစ်သလော။ ဤသည်တို့အားလုံးမှာ ဘုရားသခင်နှင့် သမ္မာတရားအပေါ် နာခံမှုကင်းမဲ့ခြင်း၏ သရုပ်သကန်များဖြစ်သည်။ ယင်းတို့သည် ဆင်ခြင်တုံတရားမရှိ၊ ဉာဏ်ပညာမရှိ၊ ဘုရားသခင်အပေါ် ပုန်ကန်သည်။ လူတို့တွင် ဤသို့သော သရုပ်သကန်များ မရှိသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်ရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်း၊ တက်ခြင်းကျခြင်း၊ ဘယ်သူကမှ ဒီအရာတွေကို မထိန်းချုပ်နိုင်ပါဘူး။ ဒီအရာအားလုံးကို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြဋ္ဌာန်းချက်ကပဲ ဆုံးဖြတ်တာပါ။ တကယ်တော့ ကျွန်တော်က မိဘတွေ၊ အဘိုးအဘွားတွေဘေးမှာ နေပြီး သူတို့ကို ရနိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ပြုစုစောင့်ရှောက်နေရင်တောင် သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အချိန်တန်ရင် သူတို့ နေမကောင်း ဖြစ်ဦးမှာပဲ၊ ပြီးတော့ သူတို့အချိန်စေ့ရင် သူတို့ သေဆုံးကြရဦးမှာပဲလေ။ အဖေ လေဖြတ်တုန်းကလိုပါပဲ။ ကျွန်တော် သူ့ကို ဆယ်မိနစ်လောက်နဲ့ ဆေးရုံ အရောက်မောင်းပို့ခဲ့ပေမဲ့ ဆရာဝန်တွေ ဘာမှ မတတ်နိုင်ခဲ့ဘူး၊ နောက်ဆုံးကျတော့ အဖေ ဆုံးသွားတာကို ကျွန်တော် ထိုင်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တာ။ ပြန်စဉ်းစားကြည့်လိုက်ရင် အဖေဆုံးတာက ကျွန်တော့်အတွက် ပိုက်ဆံရှာဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့လို့၊ ပြီးတော့ အဘိုးအဘွား ကျန်းမာရေး မကောင်းတာက သူတို့ ခြိုးခြံချွေတာလို့ အာဟာရပြတ်ပြီး ဖြစ်ရတာလို့ ကျွန်တော် အမြဲ ခံစားခဲ့ရတယ်။ ဒီအတွေးတွေက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြဋ္ဌာန်းချက်အပေါ် ကျွန်တော့်ရဲ့ ယုံကြည်မှု အားနည်းတာကနေ လာတာပါ။ ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးပါတယ်လို့ ကျွန်တော် ခဏခဏ ဝန်ခံပြောဆိုခဲ့ပေမဲ့ တကယ်တမ်း လက်တွေ့ကြုံလာရတဲ့အခါကျတော့ မယုံကြည်သူတစ်ယောက်လို ကျွန်တော် ပြုမူခဲ့တယ်။ ဘုရားသခင်က လူတွေရဲ့ ကံကြမ္မာကို အုပ်စိုးပြီး သူတို့ရဲ့ အသက်နဲ့ ကံကြမ္မာကို ဆုံးဖြတ်တယ်ဆိုတာကို ကျွန်တော် လုံးဝ မယုံကြည်ခဲ့ဘူး။ ကျွန်တော့်မှာ ဘုရားသခင်အပေါ် ဘယ်လို စစ်မှန်တဲ့ ယုံကြည်ခြင်းမျိုး ရှိခဲ့လို့လဲ။ ဒီအရာတွေကို နားလည်သွားတဲ့အခါ ကျွန်တော့်စိတ်နှလုံးထဲမှာ ပိုငြိမ်သက်သွားတယ်၊ အဘိုးအဘွားတွေကို သူတို့နဲ့ပတ်သက်သမျှ အရာအားလုံးကို တာဝန်ယူစီစဉ်ဖို့ ဘုရားသခင်ကို ခွင့်ပြုပြီး သူတို့ကို ဘုရားသခင်ရဲ့လက်ထဲအပ်နှံဖို့ ကျွန်တော် လိုလားလာခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “ဘုရားသခင်သည် လူတို့အား မိမိတို့၏ မိဘများကို ဦးစွာပထမ ရိုသေစွာပြုရန် ပြောဆိုခဲ့ပြီး ထို့နောက်တွင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းတို့နှင့် စပ်လျဉ်း၍ သာ၍ မြင့်မားသော သတ်မှတ်ချက်များကို လူတို့အတွက် ဘုရားသခင် ချမှတ်လေသည်။ ဤအရာများထဲမှ မည်သည့်အရာကို သင် လိုက်နာစောင့်ထိန်းသင့်သနည်း။ (သာ၍ မြင့်မားသော သတ်မှတ်ချက်များ ဖြစ်သည်။) သာ၍ မြင့်မားသော သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်တင့်လျောက်ပတ်သလော။ သမ္မာတရားကို သာ၍ မြင့်မားပြီး သာ၍ နိမ့်ကျသော သမ္မာတရားများအဖြစ်၊ သို့မဟုတ် သာ၍ သစ်လွင်ပြီး သာ၍ အိုဟောင်းသော သမ္မာတရားများအဖြစ် ခွဲခြား၍ရနိုင်သလော။ (မရနိုင်ပါ။) ထို့ကြောင့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ မည်သည့်အရာအတိုင်း သင် လက်တွေ့လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်ခြင်းဖြစ်သည်။) စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်ခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူကွဲပြားသည့် အချိန်များ၊ နေရာများ၊ ပတ်ဝန်းကျင်များနှင့် ဆက်စပ်အကြောင်းအရာများ၌ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အမှုအရာများအတွက် စည်းမျဉ်းများကို ခေါင်းမာမာဖြင့် ကျင့်သုံးခြင်းအကြောင်း မဟုတ်ပေ။ သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအကြောင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင် ချမှတ်သည့် သတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းခြင်းတို့ကြား တကယ်ကို ကွဲလွဲဆန့်ကျင်မှု မရှိပေ။ သာ၍ ခိုင်မာစွာပြောရလျှင် သင်၏ မိဘများကို ရိုသေစွာပြုခြင်းနှင့် သင့်ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်နှင့် တာဝန်ကို ပြီးပြည့်စုံစေခြင်းတို့ကြားတွင် ကွဲလွဲဆန့်ကျင်မှု လုံးဝ မရှိပေ။ ဤအရာများထဲမှ မည်သည့်အရာသည် ဘုရားသခင်၏ လတ်တလော နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များ ဖြစ်သနည်း။ ဤမေးခွန်းကို သင် ဦးစွာပထမ စဉ်းစားသင့်သည်။ ဘုရားသခင်သည် မတူကွဲပြားသော လူတို့ထံမှ မတူကွဲပြားသောအရာများကို တောင်းဆို၏။ ၎င်းတို့အတွက် ကွဲပြားသော သတ်မှတ်ချက်များ သူ့ထံတွင် ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသောသူတို့သည် ဘုရားသခင်၏ ခေါ်ခြင်းခံရပြီးဖြစ်သောကြောင့် ၎င်းတို့ စွန့်လွှတ်ရမည်ဖြစ်ပြီး မိမိတို့၏ မိဘများကို ရိုသေစွာပြုလျက် အတူ နေ၍မရပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံပြီး သူ့နောက်လိုက်ရန် အရာရာကို စွန့်လွှတ်သင့်သည်။ ဤသည်မှာ အခြေအနေတစ်မျိုး ဖြစ်သည်။ ပုံမှန်နောက်လိုက်များသည် ဘုရားသခင်၏ ခေါ်ခြင်းမခံရသေးသောကြောင့် မိမိတို့၏ မိဘများနှင့်အတူ နေပြီး ၎င်းတို့ကို ရိုသေစွာပြုနိုင်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် ဆုလာဘ်များမရှိသကဲ့သို့ ရလဒ်တစ်ခုအနေဖြင့် မည်သည့် ကောင်းချီးမျှ ရရှိကြလိမ့်မည် မဟုတ်။ သို့သော် ၎င်းတို့သည် သားသမီးဝတ်ကို မပြပါက လူ့သဘာဝ ကင်းမဲ့ကြပေသည်။ အမှန်တွင် မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် တာဝန်ဝတ္တရားတစ်မျိုးသာ ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံကို မမီပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခုမှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်များ ဖြစ်သောသူတို့မှာ မိမိတို့တာဝန်များကို လုပ်ဆောင်ရန် အရာရာကို စွန့်လွှတ်သောသူများ ဖြစ်သည်။ အနှစ်ချုပ်လျှင် သင့်ရှေ့တွင် ရှိနေသည့် အရေးအကြီးဆုံးသော အလုပ်မှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခု လူတို့ အဓိကအားဖြင့် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (မိမိတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏၊ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိတာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်ခြင်းမရှိပါက ၎င်းတို့သည် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄))ဖန်ဆင်းရှင်၏ မျက်မှောက်တွင် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ဤဘဝတွင် သင် လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ မိဘများထံ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းသာ မဟုတ်ဘဲဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်သည် သင်၏ မိဘများအတွက် သင်၏ ဝတ္တရားများကို သင်၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များ၊ သို့မဟုတ် သင့်အသိစိတ်၏ လိုအပ်ချက်များကို အခြေခံ၍ ၎င်းတို့အတွက် တစ်ခုခု လုပ်ဆောင်ခြင်းအားဖြင့်မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းမျာကို အခြေခံ၍သာ ဖြည့်ဆည်းနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ မိဘအပေါ် သားသမီးဝတ်ကျေပွန်တာက လူတွေ ဖြည့်ဆည်းသင့်တဲ့ ဝတ္တရားတစ်ခုသာ ဖြစ်ပြီး အဲဒါကို သမ္မာတရား လက်တွေ့လုပ်ဆောင်တာလို့ မသတ်မှတ်ဘူးဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ ဘုရားသခင်နောက်လိုက်ဖို့ အရာအားလုံးကို စွန့်လွှတ်တာ၊ ပြီးတော့ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်တာကသာ ဘုရားသခင် အမှန်တကယ် မှတ်မိတဲ့အရာ ဖြစ်ပါတယ်။ သခင်ယေရှုရဲ့ တပည့်တော်တွေဖြစ်တဲ့ ပေတရု၊ ယောဟန်နဲ့ ယာကုပ်တို့ကို ကျွန်တော် သွားသတိရတယ်။ သူတို့အားလုံး သခင့်ရဲ့ ဧဝံဂေလိတရား ဟောပြောဖို့ သူတို့မိသားစုတွေကို စွန့်လွှတ်ပြီး မိဘတွေကို ထားခဲ့ကြတယ်။ သူတို့က မိဘအပေါ် သားသမီးဝတ်ကျေပွန်ရမည့် ဝတ္တရားကို မဖြည့်ဆည်းခဲ့ပေမဲ့ သူတို့လုပ်ဆောင်သမျှ အရာအားလုံးက ဘုရားသခင်အတွက် သက်သေခံချက် ဖြစ်ခဲ့သလို ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကိုလည်း ခံခဲ့ရတယ်။ ဒီနေ့ ဘုရားသခင်နောက်ကို လိုက်ခွင့်ရတာ၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားကို နားလည်ခွင့်ရတာ ကျွန်တော် ကံကောင်းခဲ့ပြီ၊ ဒါကြောင့် ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကျွန်တော် ထမ်းဆောင်သင့်တယ်။ ဒါကသာ ကျွန်တော့်ရဲ့ အထူးတာဝန် ဖြစ်ပါတယ်။

တစ်ခါတလေ အဘိုးအဘွားတွေကို ကျွန်တော် သတိရမိသေးပေမဲ့ အဲဒါက ကျွန်တော့်အခြေအနေကို မထိခိုက်တော့ဘူး၊ ဘာလို့လဲဆိုတော့ အရာအားလုံး ဘုရားသခင် လက်ထဲမှာ ရှိမှန်း ကျွန်တော် သိလို့ပါ။ အဘိုးအဘွားမှာ သူတို့ ကံကြမ္မာနဲ့သူတို့ ရှိသလို၊ ကျွန်တော့်မှာလည်း ကိုယ့်အထူးတာဝန်နဲ့ကိုယ် ရှိပါတယ်။ ဘုရားသခင် ကျေနပ်ဖို့ ကျွန်တော့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်၊ ဒါမှသာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝကို ကျွန်တော် ရှင်သန်နိုင်မှာပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိဘများ၏ ကြင်နာမှုကို မည်သို့ သဘောထားရမည်နည်း

စူးဝေ၊ တရုတ်နိုင်ငံငယ်ငယ်ကတည်းက ကျွန်မတို့မိသားစုက တော်တော်လေး ဆင်းရဲခဲ့တယ်။ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ကျွန်မတို့ကို အထင်သေးကြတယ်၊...

ကျွန်ုပ်တို့ မိဘများ၏ ပြုစုပျိုးထောင်ပေးသော ကြင်နာမှုကို မည်သို့မှတ်ယူရမည်နည်း

၂၀၁၂ မှာ ကျွန်မတို့ တစ်မိသားစုလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊...

ကျွန်တော့်မိဘတွေရဲ့ ကြင်နာမှုကို ဘယ်လိုသဘောထားရမယ်ဆိုတာ ကျွန်တော် သိလာခဲ့ပါပြီ

ကျွန်တော်အသက် သုံးနှစ်အရွယ်မှာ ကျွန်တော့် မိဘတွေက စိတ်သဘောထားမတိုက်ဆိုင်ကြလို့ ကွာရှင်းခဲ့ကြပြီး လေးနှစ်အရွယ်ရောက်တော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။