ကျွန်မရဲ့ မိဘတွေကို အရှိအတိုင်း မြင်တယ်
ရှင်းချယ် တောင်ကိုရီးယားနိုင်ငံကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ဘုရားရဲ့နောက်ကိုလိုက်တဲ့အတွက် စံပြတွေအဖြစ် ကျွန်မက အမြဲတမ်းမြင်ခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ငယ်ငယ်တုန်းက အဘွားပြောတာကို ကျွန်မ ခဏခဏ ကြားရတယ်။ “ဟိုဘက်အိမ်က ကလေးကို ကြည့်စမ်း၊ စာနာစိတ်မရှိဘဲ ကျေးဇူးကန်းလိုက်တာ၊ မိဘကျေးဇူးမသိတဲ့ ကလေး။ သူ့မိဘတွေက သူ့ကို ပင်ပင်ပန်းပန်းနဲ့ ပြုစုပျိုးထောင်ခဲ့ရတာ၊ ဒါပေမဲ့ သူက မိဘကို တစ်စက်လေးမှ ရိုသေလေးစားမှုမရှိဘူး။ ကံကြီးထိုက်ဦးမှာ” တဲ့။ ကြီးလာရင် မိဘတွေကို ကောင်းကောင်းဆက်ဆံဖို့၊ ယောက္ခမတွေကို ရိုသေဖို့ ကျွန်မကို သူ သင်ပေးတယ်။ ပြီးတော့ မိဘကို ရိုသေတာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်၊ မိဘကို မရိုသေရင် အကြီးအကျယ် ပုန်ကန်ရာရောက်ပြီး အသိစိတ် မရှိဘူးလို့လည်း ပြောတယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက မိဘတွေ ကျွန်မကို ဘယ်လိုပဲ ဆက်ဆံပါစေ ကျွန်မ သူတို့ကို ရိုသေရမယ်၊ မရိုသေရင် အကြီးအကျယ် ပုန်ကန်ရာရောက်ပြီး ကံကြီးထိုက်မှာပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ငယ်ငယ်ကတည်းက မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့တယ်၊ အလုပ်စလုပ်ပြီး ပိုက်ဆံရှာနိုင်တဲ့အခါကျတော့ သားသမီးဝတ် ကျေပွန်ဖို့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ သူတို့ နေမကောင်းဖြစ်တဲ့အခါ အချိန်ရရင်ရသလို သူတို့အနားမှာနေပြီး ပြုစုစောင့်ရှောက်တယ်၊ အားလပ်ရက်တွေဆိုရင်လည်း သူတို့အတွက် လက်ဆောင်မျိုးစုံ ဝယ်ပေးတယ်။ မိဘတွေ ပျော်ပြီး ကျေနပ်နေတာကို မြင်ရတော့ ကျွန်မ အရမ်းပျော်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ခဏကြာတော့ အသင်းတော်မှာ စပြီး တာဝန်ထမ်းဆောင်ခဲ့ပေမဲ့ အိမ်ပြန်ပြီး မိဘတွေကို သွားတွေ့ဖို့ အချိန်ပေးခဲ့ပါသေးတယ်။ ဆယ်နှစ်ကျော်ကျော်လေး ရှိလာတော့ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် ရဲတွေက ကျွန်မကို ဖမ်းဖို့ အိမ်ကို ရောက်လာတယ်။ ဘုရားသခင် ကာကွယ်လို့ ကျွန်မ လွတ်အောင် ပြေးနိုင်ခဲ့ပေမဲ့ အရမ်း အလျင်လိုနေတော့ မိဘတွေကို မရှင်းပြခဲ့ရတဲ့ ကိစ္စတွေ အများကြီး ရှိခဲ့တယ်။ အသက်ကြီးနေတဲ့ ယောက္ခမက ကျွန်မကလေးကို စောင့်ရှောက်နေရတုန်းပဲ၊ မိဘတွေနဲ့ ယောက္ခမပါ ရောပြီး အမှုပတ်မှာကို တွေးမိရုံနဲ့ ကျွန်မ ပြဿနာလုပ်မိသလို ခံစားလိုက်ရတယ်။ မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ အများကြီး အားထုတ်ခဲ့ရတာတွေ၊ အစားအသောက်၊ အဝတ်အစားနဲ့ ကျောင်းထားပေးဖို့ ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာတွေကို ကျွန်မ တွေးမိတယ်။ အခု သူတို့ အသက်ကြီးလာတော့ သူတို့အနားမှာနေပြီး ပြုစုစောင့်ရှောက်မဲ့ သားသမီးတွေကို လိုအပ်နေတာ၊ ဒါပေမဲ့ ကျွန်မက သမီးတစ်ယောက်ရဲ့ တာဝန်တွေကို မဖြည့်ဆည်းခဲ့တဲ့အပြင် သူတို့ကိုပါ ရောပြီး အမှုပတ်စေခဲ့တယ်၊ ကျွန်မအတွက် သူတို့ကို စိတ်ပူပန်အောင် လုပ်မိခဲ့တယ်။ မိဘတွေနဲ့ အိမ်နီးချင်းတွေက ကျွန်မကို အသိစိတ်မရှိဘူး၊ လူ့သဘာဝ မရှိဘူးလို့ ပြောကြမလား၊ သားသမီးဝတ်မကျေပွန်တဲ့ သမီးလို့ ခေါ်ကြမလားဆိုပြီး ကျွန်မ တွေးမိတယ်။ အဲဒီတုန်းက အဆင်းနီတဲ့ နဂါးကြီးရဲ့ စောင့်ကြည့်မှုကြောင့် ကျွန်မ အိမ်ကို ဖုန်းမဆက်ရဲခဲ့ဘူး။ မိဘတွေ ဘယ်လိုနေလဲဆိုတာ ကျွန်မ မသိရတော့ စိတ်ပူမိတာပေါ့။ တာဝန်ထမ်းဆောင်နေတုန်းမှာ စိတ်နှလုံး မငြိမ်မသက်နိုင်ဖြစ်ပြီး ခဏခဏ အတွေးတွေနဲ့မျောနေတတ်တယ်။ ဒါက ကျွန်မရဲ့ အလုပ်ပြီးမြောက်မှုကို ထိခိုက်ခဲ့တယ်။ ဒီအခြေအနေကို အမြန်ဆုံး ပြောင်းလဲပစ်ရမယ်ဆိုတာ ကျွန်မ သိလို့ အရာအားလုံးကို ဘုရားသခင်ဆီ အပ်နှံပြီး လမ်းပြပေးဖို့ တောင်းလျှောက်ဆုတောင်းခဲ့တယ်။
ဝတ်ပြုနေတုန်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤအရာများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ ပြစ်တင်ရှုတ်ချခြင်းကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် သန္နိဋ္ဌာန် ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ခြင်းပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်းလည်း မရှိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားကြည့်လိုက်တော့ မိဘတွေအပေါ်မှာ အကြွေးတင်နေသလို၊ အပြစ်ရှိသလို အမြဲခံစားနေရတဲ့ အခြေအနေထဲမှာ ကျွန်မ ရှင်သန်နေခဲ့မိမှန်း ရုတ်တရက် သဘောပေါက်သွားတယ်၊ ဒါဟာ စာတန်ရဲ့ ရိုးရာအတွေးအခေါ်တွေ ကျွန်မစိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလို့ပဲ။ ကျွန်မ အဘွား ခဏခဏ သင်ပေးသလိုပေါ့၊ “မိဘကို ရိုသေရမယ်၊ မရိုသေရင် အကြီးအကျယ် ပုန်ကန်ရာရောက်တယ်၊” “မိဘကို ကျေးဇူးဆပ်ရမယ်၊ မဆပ်ရင် ကံကြီးထိုက်မယ်” ဆိုတာမျိုးပေါ့။ ဒီစကားတွေကို ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံပြုမူရမဲ့ စည်းမျဉ်းတွေအနေနဲ့ ကျွန်မ အမြဲ မှတ်ယူထားခဲ့တာ။ ငယ်ငယ်ကတည်းက မိဘစကားကို နားထောင်ဖို့၊ မိဘစိတ်ဆိုးအောင် မလုပ်ဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ပိုက်ဆံစရှာနိုင်တဲ့အခါကျတော့ သားသမီးဝတ်ကျေပွန်ဖို့ ကျွန်မ အတတ်နိုင်ဆုံး လုပ်ခဲ့တယ်။ အားလပ်ရက်တွေဆိုရင် သူတို့အတွက် လက်ဆောင်မျိုးစုံ ဝယ်ပေးတယ်၊ သူတို့ နေမကောင်းဖြစ်တဲ့အခါ ကုသဖို့အတွက် ဆေးရုံကို ခေါ်သွားပေးတယ်။ မိဘတွေ ပျော်တာကို မြင်ရတော့ ကျွန်မလည်း ပျော်တယ်။ အဆင်းနီတဲ့ နဂါးကြီး လိုက်ဖမ်းတာကို ခံရပြီး အိမ်ကနေ မဖြစ်မနေ ထွက်ပြေးရတဲ့အခါ မိဘတွေကို မစောင့်ရှောက်နိုင်ရုံတင်မကဘဲ သူတို့ကိုပါ ရောပြီး အမှုပတ်စေခဲ့တယ်၊ ကျွန်မအတွက် သူတို့ကို စိတ်ပူစေခဲ့တယ်။ မိဘတွေအပေါ် အကြွေးတင်နေသလို ခံစားရပြီး တာဝန်ကို အာရုံမစိုက်နိုင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်မရဲ့အလုပ်က ကြန့်ကြာသွားတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်ဟာ လုံးဝ ရှောင်လွှဲလို့မရနိုင်တဲ့ ဝတ္တရားတစ်ခုဖြစ်မှန်း သိပေမဲ့ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏။” နဲ့ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်” ဆိုတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေနဲ့ ကျွန်မ အသက်ရှင်နေတုန်းပဲ။ သားသမီးဝတ် မကျေပွန်နိုင်ခဲ့လို့ လိပ်ပြာ မလုံမလဲဖြစ်မိပြီး တာဝန်ထမ်းဆောင်နေတုန်းမှာ အတွေးတွေ လွင့်မျောနေတာကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ရိုးရာယဉ်ကျေးမှုက ကျွန်မကို ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ထိခိုက်နစ်နာစေခဲ့လဲဆိုတာ ကျွန်မ မြင်လိုက်ရတယ်။
ရှာဖွေနေတဲ့အချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်လိုက်ရတယ်။ “မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်ခြင်းသည် မှန်ကန်ပြီး အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သော်လည်း သမ္မာတရား မဟုတ်ဟု ငါတို့ အဘယ်ကြောင့် ဆိုရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ မိဘများကို စည်းမျဉ်းများဖြင့် သားသမီးဝတ်ကျေပွန်ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ မိဘများက အမှန်တကယ် မည်သည့်လူစားမျိုးများဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသောကြောင့် ဖြစ်ပါသည်။) လူတစ်ဦးက မိမိ၏ မိဘများအား မည်သို့ ဆက်ဆံသင့်သည်ဆိုသည်မှာ သမ္မာတရားနှင့် ဆက်စပ်ပေသည်။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ပြီး သင့်ကို ကောင်းစွာ ဆက်ဆံပါက သင်သည် ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်သင့်သလော။ (ကျေပွန်သင့်ပါသည်။) သင်သည် မည်သို့ သားသမီးဝတ်ကျေပွန်သနည်း။ သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမများနှင့် ကွဲပြားစွာ ဆက်ဆံ၏။ သင်သည် ၎င်းတို့ပြောသမျှကို လုပ်ဆောင်ပြီး ၎င်းတို့အိုမင်းလျှင် သင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ဖို့ ၎င်းတို့ဘေးတွင် နေပေးရမည် ဖြစ်သည်။ ယင်းက သင်၏တာဝန်ကို သွားရောက်ထမ်းဆောင်ခြင်းမှ တားဆီးသည်။ ယင်းကို လုပ်ဆောင်သည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုသို့သော အချိန်များတွင် သင်သည် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်က အခြေအနေများပေါ်တွင် မူတည်သည်။ သင်သည် သင်၏နေအိမ် အနီးအနားတွင် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ကို ပြုစုစောင့်ရှောက်နိုင်သေးပါက၊ ပြီးလျှင် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏မိဘများက မကန့်ကွက်ပါက သင်သည် သားတစ်ဦး၊ သို့မဟုတ် သမီးတစ်ဦးအဖြစ် မိမိ၏တာဝန်ကို ဖြည့်ဆည်းသင့်ပြီး သင်၏မိဘများကို အလုပ်ကိစ္စအချို့တွင် ကူညီပေးသင့်သည်။ ၎င်းတို့က နာမကျန်းဖြစ်လျှင် ၎င်းတို့ကို စောင့်ရှောက်လော့။ တစ်စုံတစ်ခုကြောင့် ၎င်းတို့စိတ်ညစ်နေလျှင် ၎င်းတို့ကို နှစ်သိမ့်ပေးလော့။ သင်၏ငွေရေးကြေးရေးက အခြေအနေ ပေးလျှင် သင်၏ ရသုံးငွေစာရင်းနှင့် ကိုက်ညီစွာ ၎င်းတို့အတွက် အာဟာရ ဖြည့်စွက်စာများ ဝယ်ပေးလော့။ သို့ရာတွင် သင်သည် သင်၏ တာဝန်နှင့်အလုပ်ရှုပ်နေကာ သင်၏မိဘများကို ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ ၎င်းတို့ကလည်း ဘုရားသခင်ကို ယုံကြည်ပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရွေးချယ်သင့်သနည်း။ သင်သည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိဘအပေါ် သားသမီးဝတ်ကျေခြင်းသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ တာဝန်နှင့် ဝတ္တရားသာဖြစ်သောကြောင့် သင်၏ ဝတ္တရားသည် သင်၏အလုပ်တာဝန်ဖြင့် ကွဲလွဲဆန့်ကျင်နေလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်၏ တာဝန်ကို ဦးစားပေးပြီး တာဝန်ကို ရှေ့တန်းတင်ရမည်။) ဝတ္တရားတစ်ခုသည် လူတစ်ဦး၏ အလုပ်တာဝန်တစ်ခု သေချာပေါက် မဟုတ်ပေ။ မိမိ၏အလုပ်တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဝတ္တရားတစ်ခုကို ဖြည့်ဆည်းခြင်းမှာမူ ဤသို့မဟုတ်ပေ။ သင့်၌ ဤအခြေအနေရှိလျှင် ဤတာဝန်၊ သို့မဟုတ် ဝတ္တရားကို သင် ဖြည့်ဆည်းနိုင်သည်။ သို့သော် လက်ရှိအနေအထားက ခွင့်မပြုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်က ‘ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်ရမည်။ ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းသည် ကျွန်ုပ်၏ အသိစိတ်အားဖြင့် အသက်ရှင်သန်ခြင်းဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စံမမီပါ’ ဟု ပြောသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဦးစားပေးပြီး ထိန်းသိမ်းသင့်၏။ သင်သည် ယခုအခါတွင် တာဝန်မရှိလျှင်၊ အိမ်နှင့် ဝေးကွာစွာ အလုပ်မလုပ်ရဘဲ သင်၏ မိဘများနှင့် နီးကပ်စွာ နေထိုင်လျှင် ၎င်းတို့အား စောင့်ရှောက်ရန် နည်းလမ်းများကို ရှာလော့။ ၎င်းတို့ အနည်းငယ် ပို၍ ကောင်းစွာ အသက်ရှင်နိုင်ပြီး ဒုက္ခလျော့နည်းစေရန် အကောင်းဆုံး လုပ်ဆောင်လော့။ သို့သော် ဤသည်မှာလည်း သင်၏ မိဘများက မည်သို့သော လူစားမျိုးဖြစ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်၏ မိဘများက ညံ့ဖျင်းသော လူ့သဘာဝရှိပြီး သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းမှ အစဉ် ဟန့်တားလျှင်၊ ထို့ပြင် ဘုရားသခင်အား သင် ယုံကြည်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်အား အဝေးသို့ မပြတ် ဆွဲခေါ်နေလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (ပစ်ပယ်ခြင်းဖြစ်ပါသည်။) ဤအချိန်တွင် ၎င်းတို့ကို သင်ပစ်ပယ်ရမည်။ သင်၏ ဝတ္တရားကို သင် ဖြည့်ဆည်းပြီးဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် ၎င်းတို့အပေါ် သားသမီးဝတ်နှင့်အညီ လေးစားမှုပေးရန် သင့်တွင် ဝတ္တရားမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့သည် မိသားစုဖြစ်သည်။ သင်၏ မိဘများဖြစ်သည်။ မယုံကြည်လျှင် သင်တို့သည် မတူညီသော လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စာတန်ကို ယုံကြည်ပြီး နတ်ဆိုးဘုရင်ကို ကိုးကွယ်သည်။ ပြီးလျှင် စာတန်၏လမ်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းနှင့် မတူသော လမ်းကြောင်းများကို လျှောက်နေကြသည့်လူများဖြစ်၏။ သင်တို့သည် မိသားစု မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို ၎င်းတို့၏ ပြိုင်ဘက်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို စောင့်ရှောက်ရန် ဝတ္တရားမရှိတော့ဘဲ ၎င်းတို့ကို လုံးဝ အဆက်အသွယ်ဖြတ်ရမည်။ မည်သည့်အရာက သမ္မာတရား ဖြစ်သနည်း။ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းလော၊ သို့မဟုတ် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းလော။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းက သမ္မာတရား ဖြစ်သည်မှာ မှန်သည်။ ဘုရားသခင်၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်းသည် မိမိဝတ္တရားကို ဖြည့်ဆည်းခြင်း၊ လုပ်ရမည့်အရာကို လုပ်ခြင်းသက်သက် မဟုတ်ပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤတွင် ဘုရားသခင်၏ စေခိုင်းချက် ပါဝင်သည်။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော တာဝန်ဖြစ်သည်။ ဖန်ဆင်းရှင်ရှေ့တွင် သင်၏တာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အပေါ် ဖန်ဆင်းရှင်၏ တောင်းဆိုချက်ဖြစ်သည်။ ပြီးလျှင် ဘဝ၏ ကြီးမြတ်သော ကိစ္စဖြစ်သည်။ သို့သော် မိဘများကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် သားတစ်ယောက်၏ သို့မဟုတ် သမီးတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားမျှသာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က တာဝန်ပေးစေခိုင်းခြင်း သေချာပေါက် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ပို၍ပင် မကိုက်ညီချေ။ ထို့ကြောင့် မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းကြားတွင် မိမိ၏တာဝန်ထမ်းဆောင်ခြင်း တစ်ခုတည်းသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် သမ္မာတရားဖြစ်သည်။ ရှောင်လွှဲမရသော တာဝန်တစ်ခုဖြစ်သည်။ မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် လူတို့အပေါ် သားသမီးဝတ်ကျေခြင်းနှင့်ပတ်သက်သည်။ ယင်းမှာ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု အဓိပ္ပာယ်မရသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟူ၍လည်း အဓိပ္ပာယ်မရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ သဘောထားပြုမူသင့်သည်မှာ အလွန်အရေးကြီးပေသည်။ ဤသည်မှာ အလွန်ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို အပ်နှံသည့်အရာကို သင် မပြီးမြောက်နိုင်ပါက သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်သည့်အပြင် သင့်အား အပြစ်ဒဏ်ပေးခြင်းကို လက်ခံသင့်သည်။ လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။ လူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို မည်သို့ သဘောထားပြုမူရမည်ကို နှံ့စပ်သေချာသော နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်က လူကို တာဝန်ပေးစေခိုင်းချက်များ အပ်နှံခြင်းသည် လူကို သူ၏ ချီးမြှောက်ခြင်းဖြစ်ကာ လူကို သူ အထူးကျေးဇူးပြုခြင်းဖြစ်ပြီး ယင်းမှာ ဘုန်းအသရေအရှိဆုံးသော အမှုအရာလည်း ဖြစ်ကြောင်းကို ၎င်းတို့သည် နားလည်ရမည်။ ပြီးလျှင် မိမိ၏ အသက်ပင် အပါအဝင် အခြားအရာအားလုံးကို စွန့်လွှတ်နိုင်သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကိုမူ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် မိဘတွေကို ဆက်ဆံရမဲ့ စည်းမျဉ်းတွေကို ကျွန်မ နားလည်သွားတယ်။ သားသမီးဝတ် ကျေပွန်တာနဲ့ တာဝန်ထမ်းဆောင်တာ ပဋိပက္ခဖြစ်လာတဲ့အခါ တာဝန်ကို ဦးစားပေးသင့်တယ်၊ ဘာလို့လဲဆိုတော့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာဟာ လူ့ဘဝမှာ အရေးအကြီးဆုံးအရာ ဖြစ်လို့ပဲ။ သားသမီးဝတ် ကျေပွန်တာက တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းတာပဲ ဖြစ်တယ်၊ ဒါပေမဲ့ ဒီအရာတွေကို ဘယ်လောက်ပဲ ကောင်းကောင်းလုပ်ပါစေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ မဟုတ်ဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာကမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ တာဝန်တွေဆိုတာ ဖန်ဆင်းခံတွေအပေါ် ဖန်ဆင်းရှင်ရဲ့ တာဝန်ပေးစေခိုင်းချက်ဖြစ်လို့ပဲ၊ အဲဒါတွေက အမြင့်မားဆုံး တာဝန်ဖြစ်ပြီး ပြီးမြောက်အောင်လုပ်ဖို့ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်။ ကျွန်မက သမ္မာတရားကို နားမလည်ခဲ့ဘဲ သားသမီးဝတ် ကျေပွန်တာကို ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံပြုမူရမဲ့ စည်းမျဉ်းတစ်ခုအဖြစ် မှတ်ယူခဲ့တယ်။ တာဝန်နဲ့ အလုပ်ရှုပ်နေတဲ့အခါ၊ ဒါမှမဟုတ် လိုက်ဖမ်းခံရပြီး ထွက်ပြေးနေရလို့ မိဘတွေကို မစောင့်ရှောက်နိုင်တဲ့အခါ မိဘတွေအပေါ် အကြွေးတင်နေသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် သားသမီးဝတ်မကျေပွန်တဲ့ သမီးလို့ ထင်ခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးမှပဲ ကျွန်မရဲ့ ဒီအမြင်က မှားမှန်း သဘောပေါက်သွားတယ်။ ကျွန်မက ကံကောင်းလို့ ဘုရားသခင်ရဲ့ အသံတော်ကို ကြားခွင့်ရခဲ့တယ်။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မ ရရှိခဲ့တယ်၊ နှုတ်ကပတ်တော်အများကြီးကို စားသောက်ပြီး သမ္မာတရားတချို့ကို နားလည်လာခဲ့ပေမဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျွန်မက တကယ်ကို လူ့သဘာဝနဲ့ အသိစိတ် ကင်းမဲ့နေခဲ့တာ။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာက ပထမ ဦးစားပေးဖြစ်ပြီး၊ ကိုယ့်အသက်လောက် အရေးကြီးတယ်ဆိုတာနဲ့ ပြီးမြောက်အောင် မလုပ်ရင် အကြီးအကျယ် ပုန်ကန်ရာရောက်မှာဖြစ်လို့ ပြီးမြောက်အောင် အစွမ်းကုန် လုပ်ရမယ်ဆိုတာကို အခု ကျွန်မ သိသွားပြီ။ အဲဒီနောက်မှာ ကျွန်မ စိတ်နှလုံး တည်ငြိမ်သွားပြီး တာဝန်ကို အာရုံစိုက်နိုင်လာတယ်။
၂၀၂၀ မေလလယ်မှာ ကျွန်မ မိဘတွေအိမ်ကို တိတ်တဆိတ် ပြန်သွားတယ်။ အဖေ့ပုံစံက စတွေ့တုန်းကတော့ ကောင်းကောင်းမွန်မွန်ပါပဲ၊ ဒါပေမဲ့ ခဏကြာတော့ သူ့မျက်နှာထား ရုတ်တရက် ပြောင်းသွားပြီး ကျွန်မကို စပြီး ဆူပူကြိမ်းမောင်းတော့တာပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ်မှာ ကျွန်မ ဘာတွေလုပ်နေလဲဆိုတာကို သူ စစ်မေးတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်က သူ အကြီးအကျယ် နေမကောင်းဖြစ်ပြီး အသက်ပါ ပျောက်လုနီးပါး ဖြစ်ခဲ့ပေမဲ့ ကျွန်မ အရိပ်အယောင် တစ်စက်မှ မတွေ့ခဲ့ရဘူးလို့လည်း ပြောတယ်။ ဧဝံဂေလိတရား ဟောပြောရင်းနဲ့ ကျွန်မတို့ လင်မယားနှစ်ယောက် အဖမ်းခံရမှာကို စိုးရိမ်ပြီး သူ ညဘက်တွေ အိပ်မပျော်နိုင်ဘူးတဲ့၊ သူ အတော်လေး စိတ်ဆင်းရဲရတယ်ပေါ့။ ကျွန်မကို ဂရုမစိုက်တတ်တဲ့ ကျေးဇူးကန်းတဲ့သူ၊ သားသမီးဝတ်မကျေပွန်တဲ့ ကလေးလို့တောင် ခေါ်တယ်။ သူ အသက်ကြီးလာတဲ့အခါ ကျွန်မ သူ့ကို ပြုစုစောင့်ရှောက်မယ်လို့ အစက မျှော်လင့်ထားခဲ့တာ၊ ဒါပေမဲ့ ကျွန်မအတွက် သူ အကုန်လုပ်ပေးခဲ့ပြီးမှ ကျွန်မက သူ့ကို ဒေါသထွက်ပြီး သေအောင်လုပ်လုနီးပါး ဖြစ်ခဲ့တယ်တဲ့။ သူပြောတာကို နားထောင်ရတာ ကျွန်မနှလုံးသားကို အပ်နဲ့ဆွသလို နာကျင်ရတယ်။ အဖေက ကျွန်မကို ပြုစုပျိုးထောင်ဖို့၊ အစားအသောက်၊ အဝတ်အစားနဲ့ ကျောင်းထားပေးဖို့ အရမ်းကြိုးစားခဲ့ရတာ၊ ကျွန်မက သမီးတစ်ယောက်ရဲ့ တာဝန်မကျေခဲ့ရုံတင်မကဘဲ ကျွန်မအတွက် သူ့ကို စိတ်ပူအောင်လည်း လုပ်ခဲ့မိတယ်။ သူ အကြီးအကျယ် နေမကောင်းဖြစ်တုန်းကတောင် သူ့ကို ပြုစုဖို့၊ သူ့အနားမှာနေဖို့ ကျွန်မ မရှိခဲ့ဘူး။ ကျွန်မ တကယ်ကို သားသမီးဝတ် မကျေပွန်ခဲ့တာပဲ။ မိဘတွေအပေါ် အရမ်း အကြွေးတင်နေသလို ခံစားရတယ်။ နားထောင်ရင်းနဲ့ မျက်ရည်တွေ စီးကျလာပြီး မိဘတွေကို ကောင်းကောင်း ပြုစုစောင့်ရှောက်နိုင်ဖို့၊ စိတ်နှလုံးထဲက ဒီအကြွေးကို ပြန်ဆပ်နိုင်ဖို့အတွက် တကယ်ပဲ အိမ်မှာ နည်းနည်းလောက် ပိုနေချင်စိတ် ပေါက်သွားတယ်။ အဲဒီအချိန်တုန်းက စိတ်နှလုံး မငြိမ်မသက်နိုင်တာတော်တော်ကြာသွားတယ်၊ ဒါနဲ့ စိတ်နှလုံး အနှောင့်အယှက်မဖြစ်အောင် ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ တိတ်တဆိတ် တောင်းလျှောက် ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် စိတ်နှလုံး တော်တော်ငြိမ်သက်သွားပြီး စားသောက်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ပြန်သတိရတယ်။ သားသမီးဝတ်ကျေပွန်တာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ မဟုတ်ဘူး၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာကမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး၊ မိဘအနားမှာနေပြီး သားသမီးတာဝန်ကို ဖြည့်ဆည်းဖို့ ကိုယ့်တာဝန်ကို စွန့်လွှတ်လိုက်တာဟာ ဘုရားသခင်ကို သစ္စာဖောက်တာဖြစ်ပြီး အကြီးအကျယ် ပုန်ကန်ရာရောက်တယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်လိုက်တယ်။ အဲဒီနောက်မှာ အဖေနဲ့ ကျွန်မ အေးအေးဆေးဆေး အကျိုးအကြောင်း ပြောပြလိုက်တော့ တဖြည်းဖြည်းနဲ့ သူ့သဘောထား ပျော့ပြောင်းသွားတယ်၊ ကျွန်မလည်း လာလုပ်တဲ့ကိစ္စကို ပြီးအောင်လုပ်ပြီး အမြန်ထွက်လာခဲ့တယ်။
ပြီးတော့ အဖေပြောတဲ့ စကားတွေကို တွေးမိတိုင်း ကျွန်မရင်ထဲမှာ စူးခနဲ နာကျင်ရတယ်။ တခြားလူတွေ ကျွန်မကို နားမလည်တာကို လက်ခံနိုင်ပေမဲ့ အဖေက ဘာလို့ ကျွန်မကို ဒီလိုစကားတွေ ပြောရက်တာလဲပေါ့။ အဲဒီအချိန်တုန်းက နေ့တိုင်း တာဝန်ထမ်းဆောင်နေပေမဲ့ စိတ်နှလုံးက လေးလံနေခဲ့တယ်၊ ဝန်ထုပ်ကြီးတစ်ခု ထမ်းထားရသလိုပဲ၊ အမြဲတမ်း လိပ်ပြာမလုံ ဖြစ်နေခဲ့တယ်။ ဒီလို အပျက်သဘောဆောင်တဲ့ ခံစားချက်တွေနဲ့ နေထိုင်နေတုန်းမှာ ကျွန်မစိတ်ထဲ မှောင်မိုက်ပြီး ဖိစီးနေတယ်၊ တာဝန်မှာလည်း ထိရောက်မှု အများကြီး ကျဆင်းသွားတယ်။ တစ်လ၊ နှစ်လလောက်ကြာမှ ကျွန်မအခြေအနေ တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်လာတယ်။ နောက်ပိုင်းမှာ မိဘတွေဟာ ကိုယ့်ရဲ့ အကြွေးရှင်တွေ မဟုတ်တဲ့အကြောင်း ဘုရားသခင် မိတ်သဟာယပြုထားတဲ့ သမ္မာတရားကို ဖတ်ပြီးတဲ့နောက် မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကို ကျွန်မ ပိုရှင်းရှင်းလင်းလင်း မြင်လာပြီး ဒီဖိစီးတဲ့ ခံစားချက်တွေကနေ လွတ်မြောက်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့၌ ဤဇီဝအသက်နှင့် အသက်တို့ရှိပြီး ဤအရာများ၏ အရင်းအမြစ်နှင့် ဇာစ်မြစ်မှာ ၎င်းတို့မိဘများမဟုတ်ပေ။ လူတို့အား ၎င်းတို့မိဘများက ၎င်းတို့ကို မွေးဖွားသည့်နည်းဖြင့် ဖြစ်ပေါ်စေခြင်းသာ ဖြစ်သည်။ အရင်းအမြစ်ကို ကြည့်လျှင် ဤအရာများကို လူတို့အားပေးသည်မှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်များမဟုတ်ပေ။ သင့်ဘဝ၏ အရှင်သခင်သည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည်။ လူသားမျိုးနွယ်၏ အသက်များကို ဖန်ဆင်းပြီး သူသည် လူသားမျိုးနွယ်အား လူ့အသက်၏ အရင်းအမြစ်ဖြစ်သော အသက်၏ ဇီဝအသက်ကို ပေးသည်။ ထို့ကြောင့် ‘သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်မဟုတ်’ ဆိုသည့် စာကြောင်းသည် နားလည်ရန် မလွယ်ကူသလော။ သင်၏ ဇီဝအသက်ကို သင့်မိဘများက ပေးခဲ့ခြင်းမဟုတ်။ ပြီးလျှင် ထိုဇီဝအသက်က ဆက်လက်၍ တည်ရှိနေခြင်းကို သင့်မိဘများက ပေးသည်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ ဘုရားသခင်က သင့်ဘဝ၏ နေ့စဉ်နေ့တိုင်းကို ကြည့်ရှုစောင့်ရှောက်ပြီး အုပ်စိုးသည်။ သင့်ဘဝ၏ နေ့စဉ်နေ့ရက်တိုင်းက မည်သို့ဖြစ်သည်၊ တစ်ရက်ချင်းစီက ပျော်ရွှင်ပြီး အဆင်ပြေချောမွေ့ခြင်းရှိမရှိ၊ နေ့စဉ် မည်သူ့ကို သင်တွေ့သည်၊ သို့မဟုတ် နေ့စဉ် မည်သည့်ပတ်ဝန်းကျင်၌ သင်နေသည်ဆိုသည်တို့ကို သင့်မိဘများက မဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်က သင့်မိဘများမှတစ်ဆင့် သင့်အား ကြည့်ရှုစောင့်ရှောက်ခြင်းသာ ဖြစ်သည်။ သင့်မိဘများသည် သင့်အား ကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်က စေလွှတ်သည့်သူများသာဖြစ်သည်။...ရိုးရှင်းစွာဆိုလျှင် ၎င်းတို့သည် သာမန်ဖန်ဆင်းခံများသာ ဖြစ်သည်။ သင်၏ အမြင်ရှုထောင့်၌ ၎င်းတို့တွင် ထူးခြားသော ပင်ကိုလက္ခဏာရှိနေခြင်း၊ ၎င်းတို့က သင့်အားမွေးဖွားပြီး ပျိုးထောင်ပေးခြင်း၊ ၎င်းတို့သည် သင်၏ အထက်လူကြီးများဖြစ်ပြီး သင့်မိဘများ ဖြစ်နေခြင်းသာ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမြင်ရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် သာမန်လူသားများသာဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များသာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့နှင့်ပတ်သက်ပြီး ထူးခြားမှု လုံးဝမရှိပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင်ဘဝ၏ အရှင်သခင်များပင် မဟုတ်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ သင့်ဘဝ၏ အရှင်သခင်များ ဖြစ်နိုင်မည်နည်း။ ၎င်းတို့က သင့်အား မွေးဖွားပေးခဲ့သော်လည်း သင်၏ အသက်က မည်သည့်နေရာမှ လာသည်ကို ၎င်းတို့မသိသကဲ့သို့ မည်သည့်အချိန်၊ မည်သည့်နာရီ၊ ပြီးလျှင် မည်သည့်နေရာတွင် သင်၏ အသက် ရောက်ရှိမည်၊ သို့မဟုတ် သင်၏ ဘဝက မည်သို့ဖြစ်မည်ဆိုသည်ကို ၎င်းတို့ မဆုံးဖြတ်နိုင်ပေ။ ဤသို့သော အရာတစ်ခုကိုမျှ ၎င်းတို့ မသိပေ။ ၎င်းတို့အတွက်မူ ၎င်းတို့သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေခြင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အစီအစဉ်များကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က ယင်းတို့နှင့်ပတ်သက်ပြီး ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ၊ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်ပါစေ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်အတွင်းတွင် စီစဉ်ညွှန်ကြားပြီး ဖြစ်ပေါ်သည်။ သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်များ မဟုတ်ဟူသည့် ဤအမှုကိစ္စသည် နားလည်ရန် မလွယ်ကူသလော။ (လွယ်ကူပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ထို့ကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန် သင့်၌ ဝတ္တရားမရှိပေ။ သင်သည် ၎င်းတို့၏ မျှော်မှန်းချက်များအတွက် ဒကာခံရန် ဝတ္တရားမရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့တွင် ကိုယ့်ကိုယ်ပိုင်မျှော်မှန်းချက်များနှင့်ကိုယ် ရှိနိုင်သည်။ သင့်တွင် ကိုယ်ပိုင်ရွေးချယ်မှုများရှိသည်။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ဘဝလမ်းကြောင်းနှင့် ကံကြမ္မာရှိသည်။ ယင်းတို့သည် သင့်မိဘများနှင့် သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် သင့်မိဘက ‘သင်က သားသမီးဝတ်မကျေပွန်သည့် သားသမီးဖြစ်သည်။ ငါ့ကို နှစ်ပေါင်းများစွာ ကြာအောင် ပြန်လာမတွေ့ခဲ့။ ပြီးလျှင် သင်ငါ့ကို ဖုန်းမခေါ်သည်မှာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ ငါ့မှာ နေထိုင်မကောင်းသည့်အပြင် ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိပါ။ ငါသင့်ကို ပျိုးထောင်ပေးခဲ့သည်မှာ အလကားဖြစ်ရလေသည်။ သင်က တကယ်ကို စာနာစိတ်မရှိသည့် ကျေးဇူးကန်းသည့်သူ၊ ကျေးဇူးမတင်တတ်သည့် သားသမီးတစ်ဦးဖြစ်သည်’ ဟု ဆိုသောအခါ၌ သင်က ‘သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်’ ဆိုသည့် သမ္မာတရားကို နားမလည်လျှင် ဤစကားများအား ကြားရခြင်းသည် သင်၏ နှလုံးသို့ ဓါးဖြင့်ထိုးသကဲ့သို့ နာကျင်လိမ့်မည်။ ပြီးလျှင် သင်သည် လိပ်ပြာမလုံသကဲ့သို့ ခံစားရမည်။ ဤစကားလုံးတိုင်းက သင့်စိတ်နှလုံး၌ စွဲနေလိမ့်မည်ဖြစ်ပြီး သင့်မိဘကို ရင်ဆိုင်ဖို့ ရှက်ရွံ့စေလိမ့်မည်။ သင့်မိဘအပေါ် အကြွေးတင်သည်ဟု ခံစားရပြီး ၎င်းတို့အပေါ် အပြစ်များစွာရှိသည်ဟု ခံစားရမည်။ သင်သည် စာနာစိတ်မရှိသော ကျေးဇူးကန်းသူဟု သင့်မိဘများက ဆိုသောအခါ သင်သည် ‘သူတို့ပြောသည်မှာ လုံးဝ မှန်သည်။ သူတို့က ငါ့ကို ဤအရွယ်အထိ ပျိုးထောင်ပေးခဲ့သည်။ ငါ့ကြောင့် သူတို့ကောင်းစားခြင်း မရှိခဲ့ပါ။ ယခု သူတို့က နေမကောင်းဖြစ်နေသည်။ ပြီးလျှင် သူတို့ အိပ်ရာနားမှာ ငါနေပြီး သူတို့ကို ပြုစု၍ အဖော်ပြုပေးနိုင်ဖို့ သူတို့က မျှော်လင့်ကြသည်။ သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ ငါ့ကို လိုအပ်ခဲ့သော်လည်း ငါက မရှိခဲ့ပါ။ ငါက တကယ်ကို စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူတစ်ဦးဖြစ်သည်’ ဟု အမှန်တကယ် ခံစားရမည်။ သင်သည် သင့်ကိုယ်သင် စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူဟု အမျိုးအစားသတ်မှတ်လိမ့်မည်။ ဤသည်မှာ ကျိုးကြောင်းသင့်သလော။ သင်သည် စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူဖြစ်သလော။ သင်သည် သင့်တာဝန်ကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် အိမ်မှ မထွက်ခွာဘဲ သင့်မိဘများအနီးတွင် နေခဲ့လျှင် ၎င်းတို့ နေမကောင်းဖြစ်ခြင်းကို သင်တားဆီးနိုင်ခဲ့မည်လော။ (မတားဆီးနိုင်ပါ။) သင့်မိဘများအသက်ရှင်မည်လော၊ သေမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ ၎င်းတို့ ချမ်းသာမည်လော၊ ဆင်းရဲမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်အစွမ်းဆောင်နိုင်ဆုံးမှာ ၎င်းတို့၏ ဇာတိပကတိ ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်လျှော့ချဖို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အချိန်၌ ဖျားနာသည်၊ မည်သည့်ရောဂါ ကူးစက်သည်၊ မည်သည့်အချိန်တွင် သေသည်၊ မည်သည့်နေရာတွင် သေသည်တို့အတွက်မူ ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ မရှိပေ။ သင်က သားသမီးဝတ်ကျေပွန်လျှင်၊ သင်က စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဟုတ်လျှင်၊ ထို့အပြင် သင်က ၎င်းတို့နှင့်အတူ တစ်နေကုန် နေထိုင်ပြီး ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်လျှင် ၎င်းတို့သည် ဖျားနာခြင်းမရှိမည်လော။ ၎င်းတို့သည် မသေဘဲ နေမည်လော။ ၎င်းတို့သည် ဖျားနာဖို့ရှိသည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဖျားနာလိမ့်မည်သာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် သေတော့မည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ သေမည်မဟုတ်လော။ ဤသို့ မဟုတ်သလော။...သင့်မိဘများက သင့်အား စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဟု ခေါ်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ဖန်ဆင်းရှင်ရှေ့တွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမြင်တွင် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဖြစ်သရွေ့ လုံလောက်ပြီဖြစ်သည်။ လူတို့ပြောသည့်အရာက အရေးမကြီးပေ။ သင်နှင့်ပတ်သက်ပြီး သင့်မိဘများက ပြောသည့်အရာသည် သေချာပေါက် မှန်ကန်ခြင်းမဟုတ်ပေ။ ၎င်းတို့ပြောသည့်အရာသည်လည်း အသုံးမဝင်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို အခြေပြုချက်အဖြစ် ယူဖို့ လိုအပ်သည်။ သင်က သတ်မှတ်ချက်ပြည့်မီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်ဟု ဘုရားသခင်က ဆိုလျှင် လူတို့က သင့်အား စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဟု ခေါ်သည်က အရေးမပါပေ။ ၎င်းတို့က မည်သည့်အရာကိုမျှ မဖြစ်မြောက်နိုင်ပေ။ လူတို့သည် ၎င်းတို့၏ အသိစိတ်၏ သက်ရောက်မှုကြောင့်၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ နားမလည်ဘဲ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်သောအခါ၌ ထိခိုက်ခံရမည်ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် အနည်းအကျဉ်း စိတ်မကြည်မလင်ဖြစ်ကာ အနည်းငယ် စိတ်ဓာတ်ကျလိမ့်မည်။ သို့သော် ဘုရားရှေ့သို့ ၎င်းတို့ ပြန်လာသောအခါ ဤအရာအားလုံး ပြေလည်သွားလိမ့်မည်။ ၎င်းတို့အတွက် ပြဿနာဖြစ်လိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ သင်သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရန်သာ အလေးထားပါက ဤသည်မှာ သင် လုပ်ဆောင်သင့်သည့် တာဝန်များစွာကို အတားအဆီးဖြစ်စေလိမ့်မည်။ သင်၏ ဘဝတွင် သင် လုပ်ဆောင်ရမည့်အရာများစွာ ရှိပြီး သင် လုပ်ဆောင်သင့်သည့် ဤတာဝန်များသည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းရှင်က သင့်အား အပ်နှင်းထားခဲ့သည့်အရာများ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို သင် ပြန်လည်ပေးဆပ်ခြင်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏အထူးတာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် သင်သည် အခါအခွင့်သင့်သည့်အခါ၌ သင်သည် ဤအရာကို အနည်းငယ် လုပ်ဆောင်နိုင်ပြီး သင်၏ တာဝန်များကို အနည်းငယ် ဖြည့်ဆည်းနိုင်သည်၊ အခါအခွင့်မသင့်လျှင်မူ ထိုသို့ အတင်းအကျပ်ပြုလုပ်ရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်ရန် သင်၏ တာဝန်ကို မဖြည့်ဆည်းနိုင်ပါက ဤသည်မှာ ဆိုးရွားသော အမှားတစ်ခု မဟုတ်ပေ၊ ယင်းမှာ သင်၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုကို အနည်းငယ် ဆန့်ကျင်ရုံသာဖြစ်ပြီး သင်သည် အချို့လူများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်၊ ဤမျှသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားကို ဆန့်ကျင်ခြင်း မရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့အတွက် ဖြစ်ပါက သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကိုပင် ခံရလိမ့်မည်။ ထို့ကြောင့် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုခြင်းနှင့်ပတ်သက်၍ သင်သည် သမ္မာတရားကို နားလည်ပြီး လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များကို နားလည်သရွေ့ သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုရန် အခါအခွင့်မသင့်လျှင်ပင် သင်သည် လိပ်ပြာသန့်ပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားသခင်ဟာ အရာခပ်သိမ်းရဲ့ အသက်အရင်းအမြစ်ဖြစ်ပြီး ကျွန်မအသက်က ဘုရားသခင်ဆီက လာတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ဘုရားသခင် ပေးထားတဲ့ ထွက်သက်ဝင်သက်ကို ကျွန်မ ရှူရှိုက်နေပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ ထောက်ပံ့မှုကို ခံစားနေရတယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော် အများကြီးကိုလည်း ခံစားခဲ့ရတယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရမယ်၊ ဒါကမှ အသိစိတ်နဲ့ လူ့သဘာဝရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်ဆိုတာ ကျွန်မသိလိုက်တယ်။ အပြင်ပန်းမှာတော့ မိဘတွေက ကျွန်မကို မွေးပြီး ပြုစုပျိုးထောင်ခဲ့တာ၊ ကျွန်မကို ပြုစုပျိုးထောင်ဖို့ အစားအသောက်၊ အဝတ်အစားနဲ့ ပညာရေး ထောက်ပံ့ဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့တာလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဒီအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး ကြိုတင်ပြဋ္ဌာန်းထားတာပါ။ မိဘတွေက သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းရုံသက်သက်ပါပဲ၊ ဒါကို ကျေးဇူးတရားလို့ ခေါ်လို့မရဘူး၊ ကျွန်မအနေနဲ့ ဒါကို ပြန်ပေးဆပ်ဖို့၊ တုံ့ပြန်ဖို့ မလိုဘူး။ ကျွန်မက သမ္မာတရားကို မရှာဖွေဘဲ စာတန်ရဲ့ အတွေးတွေ၊ အမြင်တွေနဲ့ အသက်ရှင်နေခဲ့တာ၊ မိဘတွေက ကျွန်မကို ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့လို့ မိဘကျေးဇူးကို ပြန်ဆပ်သင့်တယ်လို့ တွေးပြီး မိဘတွေကို အကြွေးရှင်တွေလို ဆက်ဆံခဲ့တာကိုး။ အဖေ အကြီးအကျယ် နေမကောင်းဖြစ်တုန်းက သူ့ကို ပြုစုဖို့ အနားမှာ ကျွန်မ မရှိခဲ့တော့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တဲ့ ကျေးဇူးကန်းတဲ့သူ၊ သားသမီးဝတ်မကျေပွန်တဲ့ ကလေးလို့ ထင်ခဲ့တယ်၊ ပြီးတော့ ကျွန်မစိတ်နှလုံးမှာ လိပ်ပြာမလုံတာတွေနဲ့ ခဏခဏ ပြည့်နေတတ်တယ်။ တာဝန်ထမ်းဆောင်နေတယ်လို့ ထင်ရပေမဲ့ ကျွန်မရဲ့ လိပ်ပြာမလုံဖြစ်တဲ့ ခံစားချက်တွေက အလုပ်ထိရောက်မှုကို ထိခိုက်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီးတဲ့နောက် ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မ ဒီလောကထဲကို ရောက်လာတာဟာ သားသမီးဝတ် ကျေပွန်ဖို့ မဟုတ်ဘဲ၊ ကျွန်မရဲ့ စေခိုင်းချက်ကို ပြီးမြောက်အောင်လုပ်ဖို့နဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့က ပိုအရေးကြီးမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဒါကမှ အသိစိတ်နဲ့ လူ့သဘာဝရှိတဲ့သူတစ်ယောက် လုပ်သင့်တဲ့အရာပဲ။ ပြီးတော့ မိဘတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ ရှိရမယ်ဆိုတာကိုလည်း ကျွန်မ နားလည်သွားတယ်။ အခြေအနေပေးရင် သမီးတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းပြီး မိဘတွေကို ကျွန်မ စောင့်ရှောက်နိုင်တယ်၊ ဒါပေမဲ့ အခြေအနေမပေးရင် အပြစ်ရှိသလို ခံစားနေစရာ မလိုဘူး၊ ပြီးတော့ တာဝန်ထမ်းဆောင်နေတုန်းမှာ ဒီကိစ္စကြောင့် ဝန်ပိနေစရာလည်း မလိုဘူး။ တကယ်တမ်းကျတော့ မိဘနဲ့ သားသမီး ဆက်ဆံရေးဆိုတာ အသွေးအသား တော်စပ်မှု သက်သက်ပါပဲ၊ ဘယ်သူကမှ ဘယ်သူ့ကို ဘာမှ အကြွေးမတင်ပါဘူး။ မိဘကျေးဇူး ပြန်ဆပ်ဖို့ အိမ်ပြန်ပြီး သားသမီးဝတ်ကျေပွန်တဲ့ သမီး လုပ်ဖို့အတွက် ကိုယ့်တာဝန်ကို စွန့်လွှတ်လိုက်မယ်ဆိုရင်၊ ဒါမှမဟုတ် သားသမီးဝတ် မကျေပွန်နိုင်လို့ အပြစ်ရှိသလို ခံစားရပြီး စိတ်မချမ်းမသာဖြစ်လို့ တာဝန်ကို နှောင့်နှေးစေမယ်ဆိုရင် ကျွန်မမှာ တကယ်ကို အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့မှာပဲ။
အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်လိုက်ရတယ်။ “သင်သည် လမ်းမှန်ကို လျှောက်သည်။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ဖို့နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန်အတွက် ဖန်ဆင်းခြင်းသခင်၏ ရှေ့သို့ လာရောက်ဖို့ သင် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ဤကမ္ဘာတွင် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်း ဖြစ်သည်။ သင်သည် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ သင့်မိဘများအပါအဝင် မယုံကြည်သောသူတို့က သင့်အား မည်မျှနားလည်မှုလွဲပါစေ၊ သင့်ကြောင့် စိတ်ပျက်ကြပါစေ ယင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကို လျှောက်လှမ်းရန် သင်၏ ရွေးချယ်မှုကိုဖြစ်စေ၊ သင်၏တာဝန်ထမ်းဆောင်ရန် သင်၏ စိတ်ပိုင်းဖြတ်ချက်ကိုဖြစ်စေ မထိခိုက်သင့်သကဲ့သို့ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကိုလည်း မထိခိုက်သင့်ပေ။ သင်သည် လမ်းမှန်ကို လျှောက်လှမ်းနေခြင်း ဖြစ်သောကြောင့် ဇွဲရှိသင့်သည်။ ထို့အပြင် သင့်မိဘများ၏ မျှော်မှန်းချက်များကို လက်လွှတ်သင့်သည်။ ယင်းတို့သည် လမ်းမှန်အား သင်လျှောက်လှမ်းနေစဉ်တွင် သင့်အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်မလာသင့်ပေ။ သင်သည် လမ်းမှန်နောက်သို့ လိုက်နေခြင်းဖြစ်သည်။ သင်သည် ဘဝတွင် အမှန်ကန်ဆုံးသော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ သင့်မိဘများက သင့်ကို မပံ့ပိုးလျှင်၊ ၎င်းတို့က သင့်ကို စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် ဖြစ်ခြင်းအတွက် အစဉ် ဆူငေါက်လျှင် သင်သည် ၎င်းတို့အပေါ် ပို၍ပင် ပိုင်းခြားသိမြင်မှုရှိသင့်သည်။ ပြီးလျှင် စိတ်ခံစားမှုဆိုင်ရာ အဆင့်တွင် ၎င်းတို့ကို လက်လွှတ်သင့်ပြီး ၎င်းတို့အားဖြင့် စိတ်မကျဉ်းကျပ်သင့်ပေ။ ၎င်းတို့က သင့်ကို ပံ့ပိုးခြင်း၊ အားပေးခြင်း၊ သို့မဟုတ် နှစ်သိမ့်ခြင်းမရှိလျှင်လည်း သင်သည် ပြဿနာရှိမည်မဟုတ်ပေ။ သင်သည် ဤအရာများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သည့်အရာကိုမျှ ရရှိမည်၊ ဆုံးရှုံးမည်မဟုတ်ပေ။ အရေးကြီးဆုံးအရာမှာ သင့်အတွက် ဘုရားသခင်၏ မျှော်မှန်းချက်များဖြစ်သည်။ ဘုရားသခင်က သင့်အား အားပေးနေခြင်း၊ ပံ့ပိုးနေခြင်းနှင့် လမ်းပြနေခြင်း ဖြစ်သည်။ သင်သည် တစ်ယောက်တည်းမဟုတ်ပေ။ သင့်မိဘများ၏ မျှော်မှန်းချက်များမရှိဘဲလည်း သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းနိုင်ဆဲသာဖြစ်သည်။ ပြီးလျှင် ဤအရာကို အခြေခံပြီး သင်သည် လူကောင်းတစ်ယောက် ဖြစ်နေဦးမည် ဖြစ်သည်။ သင့်မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ခြင်းက သင်သည် သင်၏ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားပျောက်သွားသည်ဟု မဆိုလိုပေ။ ပြီးလျှင် သင်သည် သင်၏လူ့သဘာဝကို၊ သို့မဟုတ် ကိုယ်ကျင့်တရားနှင့် တရားမျှတမှုကို စွန့်ပစ်ခဲ့သည်ဟု အသေအချာပင် မဆိုလိုပေ။ သင့်မိဘများ၏ မျှော်မှန်းချက်များအတိုင်း ပြည့်မီအောင် သင်မလုပ်ဆောင်ခဲ့သည့် အကြောင်းရင်းမှာ အပြုသဘောဆောင်သောအရာများကို သင် ရွေးချယ်ခဲ့သောကြောင့်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန် သင် ရွေးချယ်ခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လုံးဝ မှားယွင်းခြင်းမရှိပေ။ အမှန်ကန်ဆုံး လမ်းကြောင်းဖြစ်သည်။ သင်သည် သင်၏ ယုံကြည်မှုတွင် ဇွဲရှိပြီး ဆက်လက်၍ ခိုင်မာနေသင့်သည်။ သင်သည် သင့်မိဘများ၏ ပံ့ပိုးမှုကို မရဖို့ ဖြစ်နိုင်သလို ၎င်းတို့၏ ကောင်းချီးများကို သေချာပေါက် ရနိုင်ခြေမရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်သောကြောင့် ဖြစ်သည်။ သို့သော် ဤသည်မှာ အရေးမပါပေ။ အရေးမကြီးပေ။ သင်သည် မည်သည့်အရာကိုမျှ မဆုံးရှုံးခဲ့ပေ။ အရေးအကြီးဆုံးအရာမှာ သင်သည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းနှင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းလမ်းကြောင်းကို လျှောက်ရန် ရွေးချယ်သောအခါ ဘုရားသခင်က သင့်အပေါ် စတင်၍ မျှော်မှန်းချက်များရှိပြီး မြင့်မားသော မျှော်လင့်ချက်များ ရှိခြင်းဖြစ်သည်။ လူတို့သည် ဤကမ္ဘာ၌ နေထိုင်စဉ်တွင် ၎င်းတို့၏ မိတ်ဆွေများ၊ ဆွေမျိုးများထံမှ လမ်းလွဲသွားလျှင် ၎င်းတို့သည် ကောင်းစွာ အသက်ရှင်နိုင်ဆဲ ဖြစ်သည်။ ၎င်းတို့မိဘများထံမှ လမ်းလွဲသွားလျှင်လည်း သာမန်အသက်ရှင်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးများထံမှ လမ်းလွဲသွားသောအခါမှသာ ၎င်းတို့သည် မှောင်မိုက်ထဲသို့ သက်ဆင်းကြသည်။ လူတို့အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့် သူ၏ လမ်းပြမှုနှင့် ယှဉ်ကြည့်လျှင် မိဘများ၏ မျှော်မှန်းချက်များသည် အရေးမပါဘဲ ထုတ်ပြောပြရန် မထိုက်တန်ခြင်းသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “ဤကမ္ဘာတွင် မည်သည့်လူမျိုးက လေးစားမှုနှင့် အထိုက်တန်ဆုံး ဖြစ်သနည်း။ လမ်းမှန်ကို လျှောက်သောသူများ မဟုတ်သလော။ ဤတွင် ‘လမ်းမှန်’ ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းအား လက်ခံခြင်းကို မဆိုလိုသလော။ လမ်းမှန်ကို လျှောက်သောသူတို့သည် ဘုရားသခင်နောက်လိုက်ပြီး ကျိုးနွံနာခံသောသူများ မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤသို့သောသူမျိုးဖြစ်လျှင်၊ သို့မဟုတ် ဤသို့သောသူမျိုးဖြစ်ရန် ကြိုးပမ်းအားထုတ်လျှင်၊ သင့်မိဘများက သင့်ကို နားမလည်ဘဲ သင့်အား အစဉ်သဖြင့် ကျိန်ဆဲခြင်းပင် ပြုလျှင်၊ သင်က အားနည်းသောအခါ၊ စိတ်ဓာတ်ကျပြီး လမ်းပျောက်သောအခါတွင် ၎င်းတို့က သင့်အား ပံ့ပိုးရန်၊ နှစ်သိမ့်ရန်၊ သို့မဟုတ် အားပေးရန် ပျက်ကွက်ရုံသာမကဘဲ ၎င်းတို့အား သားသမီးဝတ်ကျေပွန်ဖို့၊ ပိုက်ဆံများစွာရှာပြီး ၎င်းတို့ကို ပြုစုစောင့်ရှောက်ဖို့၊ ၎င်းတို့အား တာဝန်မပျက်ကွက်ဖို့၊ ၎င်းတို့အား သင်နှင့်အတူ ကောင်းစားအောင် ထောက်ကူပေးဖို့၊ ပြီးလျှင် သင်နှင့်အတူ ကောင်းမွန်သောဘဝကို နေထိုင်ဖို့ သင့်အား ပြန်လာရန် ၎င်းတို့က မကြာခဏတောင်းဆိုလျှင် ဤသို့သောမိဘများကို ဘေးဖယ်မထားသင့်သလော။ (ဘေးဖယ်ထားသင့်ပါသည်။) ဤသို့သော မိဘများသည် သင်၏ လေးစားမှုဖြင့် ထိုက်တန်သလော။ ၎င်းတို့သည် သင်၏ သားသမီးဝတ်ဖြင့် ထိုက်တန်သလော။ ၎င်းတို့သည် ၎င်းတို့အပေါ် သင်၏ တာဝန်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ထိုက်တန်သလော။ (မထိုက်တန်ပါ။) အဘယ်ကြောင့် မထိုက်တန်သနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့သောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရား မဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို ၎င်းတို့ မုန်းတီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရား တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းမှာ လမ်းမှန်အား သင်လျှောက်ခြင်းကို ၎င်းတို့က အထင်သေးသောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် တရားမျှတသော အကြောင်းတရားကို ပါဝင်လုပ်ဆောင်သောသူများကို အထင်သေးသည်။ သင်သည် ဘုရားနောက်လိုက်ပြီး သင်၏ တာဝန်ထမ်းဆောင်သောကြောင့် ၎င်းတို့က သင့်အား အရေးမစိုက်ဘဲ အထင်သေးသည်။ မည်သို့သော မိဘမျိုး ဖြစ်သနည်း။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်မာသော မိဘများ မဟုတ်သလော။ တစ်ကိုယ်ကောင်းဆန်သော မိဘများ မဟုတ်သလော။ ကောက်ကျစ်ဆိုးယုတ်သော မိဘများ မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် ဘုရားသခင်အား သင်၏ ယုံကြည်မှုကြောင့် အလိုရှိသောစာရင်းထဲတွင် အထည့်ခံရပြီး အဆင်းနီသော နဂါးကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်သည်။ သင်သည် ပြေးလွှားနေရပြီး အိမ်သို့ မပြန်နိုင်ပေ။ ပြီးနောက် လူအချို့ဆိုလျှင် နိုင်ငံခြားသို့ပင် သွားရသည်။ သင်၏ ဆွေမျိုးများ၊ မိတ်ဆွေများ၊ အတန်းဖော်များအားလုံးက သင်သည် ဝရမ်းပြေးဖြစ်သွားပြီဟု ပြောကြသည်။ ပြီးလျှင် ဤပြင်ပ ကောလာဟလများနှင့် အတင်းအဖျင်းစကားများကြောင့် သင့်မိဘများက သင်သည် ၎င်းတို့ကို မျှတမှုမရှိစွာဖြင့် ဒုက္ခရောက်စေသည်၊ ၎င်းတို့ကို အရှက်ရစေသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် သင့်အား နားလည်ခြင်း၊ ပံ့ပိုးခြင်း၊ သို့မဟုတ် မျှဝေခံစားကြည့်ခြင်းမရှိရုံမကဘဲ၊ ထိုကောလာဟလများကို ဖြန့်နေသည့်လူတို့ကို၊ သင့်အား အထင်အမြင်သေးပြီး ခွဲခြားဆက်ဆံသူတို့ကို အပြစ်မတင်ရုံသာမကဘဲ သင့်မိဘများက သင့်ကိုလည်း မုန်းတီးသည်။ ၎င်းတို့သည် သင်နှင့်ပတ်သက်ပြီး ဘုရားသခင်ကို မယုံကြည်သောသူများနှင့် အာဏာပိုင်များကဲ့သို့ပင် တစ်ထပ်တည်းသော အရာများကို ပြောဆိုသည်။ ဤမိဘများကို သင်မည်သို့ ထင်မြင်သနည်း။ ၎င်းတို့သည် ကောင်းသလော။ (မကောင်းပါ။) ဤသို့ဆိုလျှင် သင်တို့သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ခံစားရဆဲဖြစ်သလော။ (မခံစားရပါ။)...အချို့မိဘများက ‘မင်းကို ပျိုးထောင်ရသည်မှာ ခွေးတစ်ကောင်ကို ပျိုးထောင်ရသည်ထက်ပင် ပို၍ ဆိုးလေသည်။ ခွေးကို ပျိုးထောင်လျှင် ခွေးက သခင်ကို မြင်ပါက အလွန်ခင်မင်ပြီး အမြီးနန့်ရမည်ကို သိသည်။ မင်းကို ပျိုးထောင်သဖြင့် မည်သည့်အရာကို မျှော်လင့်၍ရသနည်း။ မင်းက တစ်နေကုန် ဘုရားကို ယုံကြည်ပြီး မင်းတာဝန်ကို ထမ်းဆောင်နေသည်။ စီးပွားရေးမလုပ်သလို အလုပ်ကိုလည်း မသွားပါ။ လုံခြုံစိတ်ချရသည့် အသက်မွေးဝမ်းကျောင်းကိုပင် မင်း မလိုချင်ပါ။ ပြီးလျှင် နောက်ဆုံး၌ ငါတို့ အိမ်နီးချင်းများအားလုံးက ငါတို့ကို စတင်လှောင်ရီလာကြပြီဖြစ်သည်။ မင်းထံမှ ငါတို့ မည်သည့်အရာများ ရခဲ့သနည်း။ မင်းထံမှ တစ်ခုမျှ ငါမရသေးပါ။ သို့မဟုတ် လုံးဝ မကောင်းစားသေးပါ’ ဟု မကြာခဏ ပြောသည်။ သင်သည် လောကီကမ္ဘာ၏ ဆိုးယုတ်သော ရေပန်းစားမှုများနောက်သို့လိုက်ပြီး ထိုနေရာ၌ အောင်မြင်ရန် ကြိုးပမ်းလျှင် သင်သည် ဒုက္ခခံရလျှင်၊ နာမကျန်းဖြစ်လျှင်၊ သို့မဟုတ် ဝမ်းနည်းလျှင် သင့်မိဘများက ပံ့ပိုးခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ခြင်းတို့ ပြုလုပ်ဖို့ များလိမ့်မည်။ သို့တိုင်အောင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ကယ်တင်ခြင်းခံရရန် အခွင့်အလမ်း ရှိသည်ဆိုသည့်အချက်ကို ၎င်းတို့ မကျေနပ်ပေ၊ သို့မဟုတ် ဝမ်းမမြောက်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ သင့်အား မုန်းတီးပြီး ကျိန်ဆဲသည်။ ၎င်းတို့၏ အနှစ်သာရကို အခြေခံလျှင် ဤမိဘများသည် သင်၏ ရန်သူများဖြစ်ပြီး ကမ္ဘာရန်များဖြစ်သည်။ ၎င်းတို့သည် သင်ကဲ့သို့သော လူစားမျိုးမဟုတ်။ ပြီးလျှင် သင်နှင့်တူညီသောလမ်းကြောင်းကို လျှောက်နေခြင်း မဟုတ်ပေ။ သင်တို့သည် အပေါ်ယံတွင် မိသားစုဖြစ်သည့် ပုံစံရှိသော်လည်း သင်၏ အနှစ်သာရ၊ လိုက်စားမှု၊ နှစ်သက်မှု၊ သင်လိုက်လျှောက်သည့်လမ်းကြောင်း၊ အပြုသဘောဆောင်သောအရာများ၊ ဘုရားသခင်နှင့် သမ္မာတရားကို သင်ချဉ်းကပ်သည့် သဘောထားမျိုးမျိုးတို့ကို အခြေခံကြည့်လျှင် ၎င်းတို့သည် သင်နှင့်တူညီသော လူစားမျိုးမဟုတ်ပေ။ ထို့ကြောင့် ‘ကျွန်ုပ်တွင် ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ရှိသည်။ ဘဝတွင် မှန်ကန်သော လမ်းကြောင်းပေါ် တက်ရောက် လျှောက်လှမ်းနေပြီဖြစ်သည်’ ဟု သင် မည်မျှပြောသည်ဖြစ်စေ ၎င်းတို့သည် စိတ်လှုပ်ရှားမည်မဟုတ်။ ပြီးလျှင် သင့်အတွက် ပျော်ရွှင်မည်မဟုတ်၊ သို့မဟုတ် ဝမ်းမြောက်မည်မဟုတ်ပေ။ ထိုအစား ရှက်ရွံ့လိမ့်မည်။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အဆင့်တွင် ဤမိဘများသည် သင့်မိသားစုဖြစ်သည်။ သို့သော် သင်၏ သဘာဝအနှစ်သာရကို အခြေခံလျှင် ၎င်းတို့သည် သင့်မိသားစုမဟုတ်ပေ။ သင်၏ ရန်သူများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မစိတ်နှလုံး ပိုလင်းသွားတယ်။ မိဘတွေကို ဆက်ဆံရမဲ့ စည်းမျဉ်းတွေကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပေးထားတယ်။ မိဘပြောသမျှကို မျက်စိမှိတ်ပြီး နားထောင်ရမှာ မဟုတ်ဘူး၊ သူတို့က ဘယ်လိုလူစားမျိုးလဲဆိုတာ ခွဲခြားသိမြင်ရမယ်။ တာဝန်ထမ်းဆောင်နေတုန်းမှာ အဖေပြောတဲ့စကားတွေရဲ့ လွှမ်းမိုးမှုကို ခဏခဏ ခံခဲ့ရတဲ့အကြောင်း ပြန်သတိရမိတယ်၊ ဒါဟာ သူပြောတဲ့ ဟုတ်မလိုလိုနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ စကားတွေကို ကျွန်မ မခွဲခြားနိုင်ခဲ့လို့၊ ပြီးတော့ လူကိုကြည့်တာ၊ အမှုအရာကို ကြည့်တာ၊ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံပြုမူတာတွေကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေမခံခဲ့လို့ပဲ။ အဖေက ကျွန်မကို ပိုက်ဆံရှာပြီး သားသမီးဝတ် ကျေစေချင်တယ်၊ သူတို့ အသက်ကြီးတဲ့အခါ ထောက်ပံ့ပြီး သူတို့ဂုဏ်ရှိအောင် လုပ်ပေးစေချင်တယ်။ အရင် ကျွန်မ အိမ်မှာ ရှိတုန်းက၊ အားလပ်ရက်တွေဆိုရင် အဖေ့ကို သွားတွေ့တိုင်း စီးကရက်ကောင်းကောင်း၊ အရက်နဲ့ စားစရာကောင်းကောင်းတွေ ကျွန်မ ယူသွားဖြစ်တယ်။ သူ နေမကောင်းဖြစ်တဲ့အခါ ကုသဖို့အတွက် ဆေးရုံကို လိုက်ပို့ပေးတယ်၊ အဲဒီအခါကျရင် သူက ကျွန်မကို စကားနားထောင်တယ်၊ လိမ္မာတယ်၊ သမီးလိမ္မာလေးဆိုပြီး ချီးမွမ်းတတ်တယ်။ ဒါပေမဲ့ အခု ကျွန်မ သူ့ကို သွားမတွေ့နိုင်တော့ဘူး၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်တော့ သူ ကျွန်မကို မကျေနပ်တော့ဘူး။ အဆင်းနီတဲ့ နဂါးကြီး လိုက်ဖမ်းနေလို့ ကျွန်မ အိမ်မပြန်နိုင်တာကို သူက အဆင်းနီတဲ့ နဂါးကြီးကို မမုန်းဘဲ ကျွန်မက သူ့ကို အရှက်ခွဲတယ်လို့ ခံစားရပြီး ဂရုမစိုက်တဲ့ ကျေးဇူးကန်းတဲ့သူ၊ သားသမီးဝတ်မကျေပွန်တဲ့ သမီးဆိုပြီး ဆဲရေးတိုင်းထွာတယ်၊ သူ စဉ်းစားလို့ရသမျှ ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ကျွန်မကို ပစ်ပေါက်တယ်။ သားအဖ သံယောဇဉ်ကိုတောင် သူ ပစ်ပယ်လိုက်တယ်။ အဖေက ကျွန်မ ကောင်းဖို့အတွက် ဒီလိုလုပ်နေတာ မဟုတ်ဘူး။ ကျွန်မကို တကယ် ဂရုစိုက်ရင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားတဲ့ လူ့ဘဝ လမ်းကြောင်းမှန်ကို လျှောက်လှမ်းရာမှာ သူ ကျွန်မကို ထောက်ခံပေးသင့်တာပေါ့။ အဲဒီအစား သူက မထောက်ခံတဲ့အပြင် ကျွန်မကို စော်ကားတယ်၊ တစ်ခါတုန်းကဆိုရင် မြစ်ထဲကို ခုန်ချပြီး သူ့အသက်ကို သုံးဖို့ကြိုးစားပြီး ကျွန်မကို အကျပ်ကိုင်ခဲ့သေးတယ်။ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းတီးတဲ့ သူ့ရဲ့ စစ်မှန်တဲ့ သဘာဝကို ကျွန်မ မြင်လိုက်ရသလို သူ့ရဲ့ အနှစ်သာရဟာ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ နတ်ဆိုးနဲ့ စာတန် ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ရန်သူဖြစ်တယ်ဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ဒီလိုအဖေမျိုးက ကျွန်မ စိတ်ပူပေးဖို့၊ သားသမီးဝတ်ကျေပွန်ဖို့ မထိုက်တန်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အနှစ်သာရကို ကျွန်မ ပိုင်းခြားသိမြင်မှု မရှိခဲ့ဘဲ သူ့ကို စိတ်ပျက်အောင်လုပ်မိတယ်လို့ အမြဲ ခံစားခဲ့ရတယ်။ ကျွန်မဟာ တကယ်ကို အမှားအမှန် မခွဲခြားမမြင်ဘဲ၊ မိုက်မဲပြီး နားဝေတိမ်တောင်ဖြစ်တဲ့သူပါပဲ။ အဖေ့ရဲ့ အနှစ်သာရကို ကျွန်မ ပိုင်းခြားသိမြင်လိုက်တာနဲ့ သူ့အပေါ် အကြွေးတင်နေတယ်လို့ မခံစားရတော့ဘူး။
ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး မိဘတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ ကျွန်မ သင်ယူခဲ့ရတယ်၊ ပြီးတော့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီး သမ္မာတရားကို လိုက်စားတာကမှ လူ့ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်မှန်း၊ နောက်လှည့်မကြည့်ဘဲ ဒီလမ်းကြောင်းအတိုင်း ကျွန်မ ဆက်လျှောက်သွားသင့်မှန်းလည်း နားလည်လာခဲ့တယ်။ အဲဒီနောက်မှာ စိတ်နှလုံးထဲက ဝန်ထုပ်ဝန်ပိုးကို လွှတ်ချလိုက်ပြီး ကိုယ့်တာဝန်တွေမှာ စိတ်နှစ်ခဲ့တယ်၊ အချိန်ကြာလာတာနဲ့အမျှ တာဝန်ထမ်းဆောင်ရာမှာ ထိရောက်မှု အများကြီး တိုးတက်လာတယ်။ ဒီလို နားလည်မှုတွေနဲ့ အကျိုးကျေးဇူးတွေ ကျွန်မ ရရှိနိုင်ခဲ့တာဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်ပွင့်စေမှုနဲ့ လမ်းပြမှုကြောင့်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှင်းချယ် တောင်ကိုရီးယားနိုင်ငံကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ဘုရားရဲ့နောက်ကိုလိုက်တဲ့အတွက် စံပြတွေအဖြစ် ကျွန်မက အမြဲတမ်းမြင်ခဲ့တယ်။...
ကျွန်မ ငယ်ရွယ်တုန်းက၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုချူချာပြီး ခဏခဏ နေမကောင်းဖြစ်တယ်။ တစ်ခါတလေ ကျွန်မ မိဘတွေက ညသန်းခေါင်မှာ ကျွန်မကို...
၂၀၁၂ မှာ ကျွန်မတို့ တစ်မိသားစုလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊...
ကျွန်တော်အသက် သုံးနှစ်အရွယ်မှာ ကျွန်တော့် မိဘတွေက စိတ်သဘောထားမတိုက်ဆိုင်ကြလို့ ကွာရှင်းခဲ့ကြပြီး လေးနှစ်အရွယ်ရောက်တော့...