မိခင်ကွယ်လွန်ခြင်းကြောင့် ဖြစ်ရတဲ့ ဝမ်းနည်းကြေကွဲမှုကို ကျွန်မ ဘယ်လိုကျော်လွှားခဲ့သလဲ

18.03.2026

ဇီဟန်၊ တရုတ်ပြည်

၂၀၁၉ ခုနှစ်၊ ဇွန်လတုန်းက ကျွန်မ တာဝန်ထမ်းဆောင်ဖို့ တခြားဒေသတစ်ခုကို သွားခဲ့တယ်။ အိမ်မပြန်ဖြစ်တာ တစ်နှစ်ကျော်ကြာတော့ ဘာသာတရားမရှိတဲ့ ကျွန်မရဲ့ ယောကျာ်းက ကျွန်မနဲ့ အမေ့ကို ရဲတိုင်လိုက်ပါတယ်။ ရဲဖမ်းတာကို ရှောင်ဖို့အတွက် အဲဒီအချိန်ကစပြီး ကျွန်မ အိမ်မပြန်ရဲတော့သလို အမေ့ကိုလည်း သွားမတွေ့ရဲတော့ဘူး။ အမေ့အကြောင်းကို ခဏခဏ တွေးမိတယ်။ “အမေက အသက်ကြီးလာပြီ၊ အဖေကလည်း စောစောစီးစီး ဆုံးသွားတော့ သူ့ကို ဂရုစိုက်မဲ့ ဆွေမျိုးရယ်လို့လည်း မရှိဘူး။ အခု ယောကျာ်းက သူ့ကို တိုင်လိုက်တော့ ညီအစ်ကိုမောင်နှမတွေနဲ့လည်း သူ ဆက်သွယ်ရဲမှာမဟုတ်ဘူး။ သူ့အခြေအနေ ဘယ်လိုရှိလဲ၊ အခုလောလောဆယ် သူ ဘယ်လိုနေထိုင်နေရလဲ ငါ မသိဘူး” လို့ပေါ့။ အမေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ရှာတာ၊ အခု သူအသက်ကြီးပြီး သူ့ကို ပြုစုစောင့်ရှောက်ဖို့ လူတစ်ယောက် လိုအပ်နေတဲ့အချိန်မှာ ကျွန်မက သမီးတစ်ယောက်ရဲ့ ဝတ္တရားကို ဖြည့်ဆည်းဖို့ သူ့ဘေးမှာ မရှိနိုင်ရုံတင်မကဘဲ သူ့ကိုပါ အမှုပတ်ပြီး ကြောက်လန့်တကြား နေထိုင်မိစေခဲ့တယ်။ ဒါကို တွေးမိတိုင်း ကျွန်မ တော်တော်လေး စိတ်ဆင်းရဲရပြီး အမေ့အပေါ် အကြွေးတင်တယ်လို့ ခံစားခဲ့ရတယ်။ အမေ့ဆီကို ပြန်သွားတွေ့ပြီး သမီးတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်မဲ့နေ့ကို တောင့်တခဲ့တယ်။ ဒါပေမဲ့ အိမ်ပြန်ရင် ရဲဖမ်းခံရမှာကို ကြောက်တာရယ်၊ ကိုယ့်တာဝန်တွေနဲ့ အလုပ်ရှုပ်နေတာရယ်ကြောင့် သူ့ကိုသွားတွေ့ဖို့ အိမ်မပြန်နိုင်ခဲ့ပါဘူး။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လက စုဝေးပွဲတစ်ခုမှာ အမေ သူငယ်ပြန်ရောဂါ ဖြစ်နေပြီဆိုတာကို ညီအစ်မတစ်ယောက်ဆီကနေ သိလိုက်ရတယ်။ အမေက ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တော့လို့ အခု ဘိုးဘွားရိပ်သာမှာ နေနေရတယ်တဲ့လေ။ ကျွန်မ ကိုယ့်နားကိုယ်တောင် မယုံနိုင်ခဲ့ပါဘူး။ အမေက ဘယ်လိုလုပ်ပြီး သူငယ်ပြန်ရောဂါ ဖြစ်သွားရတာလဲ။ သူက ကိုယ့်ကိုယ်ကိုယ်လည်း မစောင့်ရှောက်နိုင်ဘူး၊ သူ့ကို ဂရုစိုက်ပေးမဲ့ ဆွေမျိုးသားချင်းတွေလည်း အနားမှာမရှိဘူး။ သူ ဘယ်လောက်တောင် ဒုက္ခခံစားနေရမလဲဆိုတာ ကျွန်မ တွေးတောင် မတွေးကြည့်ရဲဘူး။ စုဝေးပွဲမှာတော့ ကျွန်မ ခံစားချက်တွေကို ထိန်းထားခဲ့ပါတယ်။ နောက်ပိုင်း ညဘက်မှာ စိတ်ငြိမ်သွားတဲ့အခါ ကျွန်မ တွေးမိတယ်၊ “အမေက ဘယ်လိုလုပ်ပြီး သူငယ်ပြန်ရောဂါ ဖြစ်သွားရတာလဲ။ တခြားရောဂါတစ်ခုခု ဖြစ်တာဆိုရင်တောင် အနည်းဆုံးတော့ သူ့စိတ်က ကြည်နေဦးမှာ၊ နေမကောင်းဖြစ်နေရင်းနဲ့ သူ ဆင်ခြင်သုံးသပ်နိုင်မယ်၊ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး သင်ခန်းစာယူနိုင်မယ်ဆိုရင် ရောဂါကနေ ပြန်ကောင်းလာနိုင်ဦးမှာ။ ဒါပေမဲ့ အခု သူက ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်တော့ ကယ်တင်ခြင်းခံရဖို့ ဘယ်လိုလုပ် မျှော်လင့်ချက်တစ်ခုတစ်လေ ရှိနိုင်ဦးမှာလဲ” လို့ပေါ့။ ပြီးတော့ ယောကျာ်းက ကျွန်မနဲ့ အမေ့ကို တိုင်လိုက်လို့ အမေ ဒီလို သူငယ်ပြန်ရောဂါရတာ ဖြစ်နိုင်တယ်လို့လည်း ကျွန်မ ခံစားမိတယ်။ ဒီကိစ္စကြောင့် သူ စုဝေးပွဲတွေ မတက်ရတော့ဘူး၊ တာဝန်တွေ မထမ်းဆောင်ရတော့ဘူး၊ ပြီးတော့ ကျွန်မအတွက်လည်း သူ စိတ်ပူနေခဲ့ရတာလေ။ ဒါက သူ့စိတ်ကို ထိခိုက်သွားစေနိုင်တာပေါ့။ ကျွန်မသာ ကိုယ့်ဇာတိမြေမှာပဲ တာဝန်ထမ်းဆောင်နိုင်ခဲ့ရင် သူ့ကို ပြုစုစောင့်ရှောက်နိုင်မှာဖြစ်သလို၊ ဘုရားနှုတ်ကပတ်တော်တွေကို သူနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ကို ထောက်ပံ့ပေးနိုင်ခဲ့မှာ၊ ဒါဆိုရင် သူ ဒီရောဂါ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ အမေ ကျွန်မရဲ့ ပြုစုစောင့်ရှောက်မှုကို အလိုအပ်ဆုံးဖြစ်တဲ့ ဒီအချိန်မှာ ကျွန်မက သူ့ဘေးမှာ မရှိနိုင်ခဲ့ဘူး။ ကျွန်မလို သမီးမျိုးကို ပြုစုပျိုးထောင်ခဲ့တာ သူ့အတွက် ဘာအဓိပ္ပာယ်ရှိလို့လဲ။ အမေ့အပေါ် ကျွန်မ တော်တော်လေး အကြွေးတင်တယ်လို့ ခံစားရတယ်။ တာဝန်ထမ်းဆောင်ဖို့လည်း စိတ်မပါတော့ဘူး၊ ဒီဒေသကို တာဝန်ထမ်းဆောင်ဖို့ လာခဲ့မိတာကိုတောင် နောင်တရမိတယ်။

ကျွန်မရဲ့ အခြေအနေကို ကြီးကြပ်ရေးမှူး သိသွားပြီးနောက်မှာ ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြခဲ့တယ်။ “သင့်မိဘများက အလွန်အမင်း နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် အလွန်ကံဆိုးမှုတစ်ခုနှင့် ကြုံရခြင်းနှင့်သက်ဆိုင်သော ကိစ္စကို သင်က အလွန်အကျွံ ပိုင်းခြားစိစစ်ရန်၊ သို့မဟုတ် စုံစမ်းစစ်ဆေးရန် မလိုပေ။ ပြီးလျှင် သင်သည် အသေအချာပင် ယင်းကို အားမစိုက်သင့်ပေ။ ဤသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိမည်မဟုတ်ပေ။ ဘဝတွင် လူတို့မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း၊ အမှုကြီး အမှုငယ် အမျိုးမျိုးကို ကြုံရခြင်းသည် အလွန်ပုံမှန်ဖြစ်သော ဖြစ်ရပ်များဖြစ်သည်။ သင်သည် အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်လျှင် ရင့်ကျက်သော အတွေးအခေါ်ပုံစံ ရှိသင့်သည်။ ဤအမှုကိစ္စကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ ‘ငါ့မိဘများသည် မကျန်းမာကြပါ။ ဤသည်မှာ သူတို့ ငါ့ကို အရမ်းသတိရသောကြောင့် ဖြစ်ရသည်ဟု အချို့လူများက ပြောကြသည်။ ဤသည်မှာ ဖြစ်နိုင်သလား။ သူတို့က သေချာပေါက် ငါ့ကို သတိရပါသည်။ လူတစ်ယောက်က သူ့သားသမီးကို မည်သို့များ သတိမရဘဲ နေမည်နည်း။ ငါလည်း သူတို့ကို သတိရသည်။ သို့ဆိုလျှင် ငါက အဘယ်ကြောင့် နေမကောင်း မဖြစ်ရသနည်း’ ဟူ၍ ဖြစ်သည်။ လူတစ်ယောက်ယောက်က သူ၏ သားသမီးများကို သတိရသောကြောင့် နေမကောင်းဖြစ်သလော။ ဤသည်မှာ မမှန်ပေ။ ဤသို့ဆိုလျှင် သင့်မိဘများက ဤအရေးပါသောအရာများကို ကြုံရသောအခါ၌ မည်သို့ ဖြစ်သနည်း။ ၎င်းတို့ဘဝတွင် ဤအမှုအရာမျိုးကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ဟုသာ ဆိုနိုင်သည်။ ဘုရားသခင်၏ လက်ဖြင့် စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သင်သည် အရှိအတိုင်းဖြစ်သော အကြောင်းပြချက်များ၊ အကြောင်းတရားများကို အာရုံစိုက်၍ မရပေ။ သင့်မိဘများက ဤအသက်အရွယ်သို့ ရောက်သောအခါတွင် ဤအမှုကိစ္စကို ကြုံရမည်ဖြစ်သည်။ ၎င်းတို့သည် ဤရောဂါ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရမည်ဖြစ်သည်။ သင်ရှိနေခဲ့လျှင် ၎င်းတို့သည် ထိုရောဂါကို ရှောင်နိုင်မည်လော။ ဘုရားသခင်က ၎င်းတို့ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နာမကျန်းဖြစ်ရန်အတွက် ၎င်းတို့ကို မစီစဉ်ခဲ့လျှင် သင်က ၎င်းတို့နှင့်အတူ မရှိနေခဲ့လျှင်ပင် ၎င်းတို့အပေါ်၌ မည်သည့်အရာမျှ ဖြစ်ပျက်မည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ဘဝတွင် ဤကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရရန် ကံစီမံပြီးဖြစ်လျှင် သင်က ၎င်းတို့အနီး၌ ရှိနေခဲ့လျှင် မည်သည့်သက်ရောက်မှုကို သင်ပြုလုပ်နိုင်မည်နည်း။ ၎င်းတို့သည် ရှောင်နိုင်ဦးမည် မဟုတ်ပေ။ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်ကို မယုံကြည်သော ထိုလူများအကြောင်းကို စဉ်းစားကြည့်လော့။ ၎င်းတို့မိသားစုများသည် တစ်နှစ်ပြီးတစ်နှစ် အတူတကွ ရှိသည်မဟုတ်လော။ ထိုမိဘများက ကြီးမားသော ကံဆိုးမှုနှင့် ကြုံရသောအခါ ၎င်းတို့၏ မိသားစုဆွေမျိုးနီးစပ်များနှင့် ၎င်းတို့၏ သားသမီးများအားလုံးက ၎င်းတို့နှင့်အတူ ရှိနေသည်မဟုတ်လော။ မိဘများက နေမကောင်းဖြစ်သောအခါ၊ သို့မဟုတ် ၎င်းတို့ရောဂါက ပို၍ဆိုးလာသောအခါ ၎င်းတို့၏ သားသမီးများက ၎င်းတို့ထံမှ ထွက်ခွာသွားသောကြောင့် ဖြစ်သလော။ ဤသို့မဟုတ်ပေ။ ဤသို့ဖြစ်လာဖို့ ကံပါလာခြင်းဖြစ်သည်။ သင်က ၎င်းတို့၏ သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများနှင့် သွေးသားတော်စပ်သောကြောင့် ၎င်းတို့က နေမကောင်းဖြစ်သည်ဟု သင်ကြားသောအခါ၌ သင်သည် စိတ်မကောင်းဖြစ်မည်ဖြစ်ပြီး အခြားလူများက မည်သို့မျှ ခံစားရမည်မဟုတ်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ သို့ရာတွင် သင့်မိဘများက ဤသို့သော ကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရခြင်းသည် သင်က ယင်းအား မည်သို့ ဖယ်ရှားရမည်၊ သို့မဟုတ် ဖြေရှင်းရမည်ဆိုသည်ကို စိစစ်ရန်၊ စုံစမ်းစစ်ဆေးရန်၊ တွေးတောရန် လိုအပ်သည်ဟု မဆိုလိုပေ။ သင့်မိဘများသည် အရွယ်ရောက်ပြီးသူများ ဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ဤအရာကို အကြိမ်ရေအနည်းငယ်ထက် ပိုပြီး ကြုံခဲ့ရပြီးဖြစ်သည်။ ဘုရားသခင်က ဤအမှုကိစ္စကို ၎င်းတို့ထံမှ ဖယ်ရှားရန် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်လျှင် ယင်းသည် အနှေးနှင့် အမြန်ဆိုသလို လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။ ဤအမှုကိစ္စသည် ၎င်းတို့အတွက် ဘဝအခက်အခဲတစ်ခုဖြစ်လျှင်၊ ၎င်းတို့သည် ယင်းကို တွေ့ကြုံရမည်ဆိုလျှင် ၎င်းတို့သည် ယင်းအား မည်မျှကြာရှည်စွာ တွေ့ကြုံရမည်ဆိုသည်မှာ ဘုရားသခင်အပေါ် မူတည်သည်။ ယင်းသည် ၎င်းတို့တွေ့ကြုံရမည့်အရာတစ်ခု ဖြစ်ပြီး မရှောင်ရှားနိုင်ပေ။ သင်သည် ဤအမှုကိစ္စကို တစ်ကိုယ်တည်း ဖြေရှင်းလိုလျှင်၊ ဤအမှုကိစ္စ၏ အရင်းအမြစ်၊ အကြောင်းရင်းနှင့် အကျိုးဆက်များကို စိစစ်ပြီး စုံစမ်းစစ်ဆေးလိုလျှင် ယင်းသည် မိုက်မဲသောအတွေးဖြစ်သည်။ အကျိုးမရှိသကဲ့သို့ မလိုလားအပ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတွေရဲ့ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနဲ့ သေခြင်းတွေဟာ ဘုရားသခင် ပြဋ္ဌာန်းထားတဲ့ နိယာမတရားတွေ ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက် ဘဝမှာ ဖြတ်သန်းရမဲ့ အခက်အခဲတွေနဲ့ ဆင်းရဲဒုက္ခတွေ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပါ၊ ဒီအရာတွေကို လူ့အမြင်ရှုထောင့်ကနေ ကျွန်မ ခွဲခြမ်းစိတ်ဖြာတာ၊ လေ့လာဆန်းစစ်တာမျိုး မလုပ်သင့်ဘူးလေ။ ကျွန်မ လုပ်သင့်တာက ဘုရားသခင်ဆီကနေ ဒီအရာတွေကို ခံယူပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံတတ်အောင် သင်ယူရမှာပါ။ အမေ သူငယ်ပြန်ရောဂါ ဖြစ်သွားတာဟာ ဒီအရာက သူ ခါးစည်းခံသင့်တဲ့ ဆင်းရဲဒုက္ခဖြစ်ပြီး သူ့ရဲ့ ကံကြမ္မာနဲ့ပဲ ဆိုင်တယ်။ ကျွန်မအတွက် စိတ်ပူလို့ ဖြစ်သွားတာ မဟုတ်သလို၊ သူ့ကို ပြုစုစောင့်ရှောက်ဖို့ ကျွန်မ သူ့အနားမှာ မရှိလို့ ဖြစ်သွားတာလည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ သူ့ကို ပြုစုစောင့်ရှောက်ပေးဖို့ ကျွန်မ အနားရှိပြီး သူ့ရဲ့ အသက် ဝင်ရောက်မှုမှာ ကူညီပေးမယ်ဆိုရင် သူ ဒီရောဂါ ဖြစ်လာမှာ မဟုတ်ဘူးလို့ အထင်မှားခဲ့မိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို နားလည်မှုလွဲတာ ဖြစ်သလို၊ လွဲချော်နေတဲ့ အတွေးတစ်ခုပါပဲ။ ကျွန်မ ဒီလောကထဲက မိဘတွေကို ပြန်စဉ်းစားမိတယ်။ တချို့မိဘတွေဆိုရင် သူတို့အနားမှာ အဖော်ပြုပေးပြီး ပြုစုစောင့်ရှောက်ပေးတဲ့ သားသမီးတွေ ရှိကြတာပဲ။ ဒါပေမဲ့ သူတို့ဆီ ကျရောက်လာတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရတုန်းပဲဖြစ်ပြီး သူတို့သေရမယ့်အချိန်မှာ ကွယ်လွန်ကြတာပါပဲ။ သားသမီးတွေက အနားမှာနေပြီး ပြုစုစောင့်ရှောက်ပေးလို့ သူတို့ရဲ့ ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကနေ ကင်းလွတ်သွားတာမှ မဟုတ်တာ။ အမေ့ရဲ့ ရောဂါနဲ့ ရောဂါအခြေအနေ ဆိုးရွားမှုတွေ အားလုံးကို ဘုရားသခင်က သတ်မှတ်ထားပြီးသားပါ။ ကျွန်မ အိမ်ပြန်သွားရင်တောင် ပြုစုစောင့်ရှောက်မှု တချို့ပဲ ပေးနိုင်မှာပါ၊ သူ့ရဲ့ ဆင်းရဲဒုက္ခကို ကျွန်မ လျော့ပါးအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မ ကျိုးနွံနာခံရမယ်၊ အမေ့ရဲ့ ရောဂါကို ဘုရားသခင်လက်ထဲ အပ်နှံပြီး အရာအားလုံးကို ကိုယ်တော် စီစဉ်ညွှန်ကြားဖို့၊ စီစဉ်ဖို့ ခွင့်ပြုရမယ်၊ ပြီးတော့ ကိုယ့်တာဝန်မှာ စိတ်နှလုံးနှစ်မြုပ်ထားရမယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာတော့ အမေက လွန်ခဲ့တဲ့ တစ်လက ရောဂါနဲ့ ဆုံးသွားပြီဆိုတာကို ရုတ်တရက် သိလိုက်ရတယ်။ ဒီသတင်းကြောင့် ကျွန်မ အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့တယ်။ အမေ ဒီလောက်မြန်မြန် ဆုံးသွားမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ အိမ်ပြန်ပြီး အမေ့ကို တွေ့ခွင့်ရဖို့ ကျွန်မ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ သားသမီးဝတ် မကျေနိုင်ခင်မှာပဲ အမေက ဒီလောကကြီးကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ပြီ။ သူ့အပေါ် သားသမီးဝတ် ကျေဖို့ အခွင့်အရေး ကျွန်မမှာ မရှိတော့ဘူးလေ။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲရပြီး မျက်ရည်မကျမိအောင် မနည်း ထိန်းခဲ့ရတယ်။ ဘုရားသခင်ကို ညည်းညူတာမျိုး၊ နားလည်မှုလွဲတာမျိုး မဖြစ်ရအောင် ထိန်းသိမ်းပေးဖို့ ဘုရားသခင်ဆီ ကျွန်မ ဆက်တိုက် တောင်းလျှောက်ခဲ့တယ်။ နေ့လည်ခင်း တစ်ခုလုံး ကွန်ပျူတာရှေ့မှာ မှိုင်တွေတွေနဲ့ ထိုင်နေမိပြီး တာဝန်ထမ်းဆောင်ဖို့လည်း စိတ်မပါတော့ဘူး။ အမေ နေမကောင်းဖြစ်နေတုန်းက သူ့ကို မပြုစုခဲ့ရတာတွေ၊ မသေခင်မှာ သူ့ကို နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရတာတွေကို တွေးမိပြီး ကျွန်မ တော်တော်လေး အပြစ်ရှိသလို ခံစားရပြီး အကြွေးတင်သလို ခံစားရတယ်။ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ကျွန်မကို အသိစိတ် မရှိဘူးလို့ ဝေဖန်ကြမယ်၊ ကျေးဇူးကန်းပြီး သားသမီးဝတ် မကျေတဲ့ သမီးလို့ ခေါ်ကြမယ်ဆိုတာ ကျွန်မ သိနေတယ်လေ။ နောက်သုံးလေးရက်ကြာတော့ ကျွန်မ တာဝန်ထမ်းဆောင်နေပေမဲ့ လူက လုံးဝကို နုံးခွေနေတယ်။ အမေ ရောဂါဝေဒနာ ခံစားနေရတဲ့ ပုံရိပ်တွေက ကျွန်မ ခေါင်းထဲမှာ ပြည့်နှက်နေပြီး သူ မကွယ်လွန်ခင် နောက်ဆုံးတစ်ကြိမ်လောက်တော့ ကျွန်မ အိမ်ပြန်လာတွေ့ဖို့ တောင့်တနေမှာပဲဆိုတာကို တွေးနေမိခဲ့တယ်။ တွေးလေလေ အမေ့အပေါ် ပိုပြီး အကြွေးတင်နေသလို ခံစားရလေလေဖြစ်ပြီး မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ အဲဒီရက်ပိုင်းတွေမှာ ကျွန်မ လုံးဝကို မှိုင်မှိုင်တွေတွေ ရှိခဲ့တယ်။ နောက်ပိုင်းမှာ ဒီလိုပုံစံနဲ့ ဆက်သွားနေရင် အန္တရာယ်ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်မိလိုက်တယ်။ ဒါကြောင့် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ သံယောဇဉ် အနှောင်အဖွဲ့တွေကနေ လွတ်မြောက်ပြီး အနှောင့်အယှက် မဖြစ်ရအောင် ဦးဆောင်ပေးဖို့ တောင်းလျှောက်ခဲ့တာပေါ့။ ကျွန်မအတွက် တော်တော်လေး အထောက်အကူဖြစ်စေတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင့်မိဘများက ဖျားနာခြင်းသည်ပင် သင့်အတွက် အလွန်ပင် အံ့အားသင့်ဖွယ်ရာတစ်ခု ဖြစ်နေပြီ ဖြစ်လိမ့်မည်။ ထို့ကြောင့် သင့်မိဘများ ကွယ်လွန်ခြင်းသည် ပို၍ပင် ကြီးမားသော အံ့အားသင့်မှု ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဤသို့ မဖြစ်ပျက်မီတွင် သင့်တာဝန်ထမ်းဆောင်ခြင်း၊ သို့မဟုတ် သင်လျှောက်သည့် လမ်းကြောင်းကို မထိခိုက်ရန်၊ ကြားဝင်မစွက်ဖက်ရန်၊ သို့မဟုတ် သက်ရောက်မှု မရှိရန်အတွက် သင့်အပေါ်တွင် ကျရောက်မည်ဖြစ်သော မျှော်လင့်မထားသည့် ထိတ်လန့်တုန်လှုပ်မှုကို သင်မည်သို့ ဖြေရှင်းသင့်သနည်း။ ဦးစွာ သေခြင်းက အတိအကျ မည်သည့်အရာဖြစ်သည်၊ ကွယ်လွန်ခြင်းက အတိအကျမည်သည့်အရာ ဖြစ်သည်ကို ကြည့်ကြစို့။ ယင်းမှာ လူတစ်ယောက်က ဤကမ္ဘာမှ ထွက်ခွာခြင်းကို ဆိုလိုသည်မဟုတ်လော။ (ဟုတ်ပါသည်။) ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတစ်ခုရှိသော လူတစ်ယောက်ပိုင်ဆိုင်သည့် အသက်သည် လူသားက မြင်နိုင်သော ရုပ်ဝတ္ထုဆိုင်ရာကမ္ဘာမှ ဖယ်ရှားခြင်းခံရပြီး ပျောက်ကွယ်သွားသည်ကို ဆိုလိုသည်။ ထို့နောက်တွင် ထိုလူသည် အခြားကမ္ဘာတစ်ခုတွင်၊ အခြားပုံစံဖြင့် ဆက်လက်၍ အသက်ရှင်သည်။ သင့်မိဘများ၏ အသက် ထွက်ခွာခြင်းက ဤကမ္ဘာတွင် ၎င်းတို့နှင့်ရှိသော သင်၏ ဆက်ဆံရေးသည် ပပျောက်သွားသည်၊ ပျောက်ကွယ်သွားသည်၊ ပြီးလျှင် အဆုံးသတ်သွားသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အခြားကမ္ဘာတစ်ခုတွင်၊ အခြားသောပုံစံဖြင့် အသက်ရှင်နေကြသည်။ ထိုအခြားကမ္ဘာ၌ ၎င်းတို့၏ ဘဝများက မည်သို့ရှိမည်၊ ၎င်းတို့က ဤကမ္ဘာသို့ ပြန်လာခြင်း၊ သင့်အား နောက်တစ်ဖန် တွေ့ဆုံခြင်းရှိမရှိ၊ သို့မဟုတ် သင်နှင့် သွေးသားတော်စပ်မှု၊ သို့မဟုတ် စိတ်ခံစားချက်ပိုင်းဆိုင်ရာ နှောင်ဖွဲ့မှုတစ်ခုခု ရှိမရှိတို့အတွက်မူ ဘုရားသခင်က ကြိုတင်စီမံပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အနှစ်ချုပ်လျှင် ၎င်းတို့ ကွယ်လွန်ခြင်းသည် ဤကမ္ဘာတွင် ၎င်းတို့၏ တာဝန် ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဇာတ်သိမ်းသွားပြီဟု ဆိုလိုသည်။ ဤဘဝနှင့် ဤကမ္ဘာတွင် ၎င်းတို့၏ တာဝန်သည် ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည်လည်း ပြီးဆုံးသွားသည်။...သင့်မိဘများ ကွယ်လွန်ခြင်းသည် ဤကမ္ဘာတွင် ၎င်းတို့နှင့်ပတ်သက်ပြီး သင် ကြားသိရသော နောက်ဆုံးသတင်း၊ ၎င်းတို့ဘဝတွင် ၎င်းတို့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အပေါ် ၎င်းတို့၏ အတွေ့အကြုံများနှင့်ပတ်သက်လျှင် သင်မြင်ရသော၊ သို့မဟုတ် ကြားရသော နောက်ဆုံး အကျပ်အတည်းများသာ ဖြစ်လိမ့်မည်။ ဤမျှသာ ဖြစ်သည်။ ၎င်းတို့၏ သေဆုံးခြင်းက သင့်ထံမှ မည်သည့်အရာကိုမျှ ယူဆောင်သွားမည်မဟုတ်၊ သို့မဟုတ် သင့်အား မည်သည့်အရာကိုမျှ ပေးမည်မဟုတ်။ ၎င်းတို့သည် ရိုးရှင်းစွာပင် သေဆုံးသွားခဲ့ပြီးဖြစ်လိမ့်မည်။ လူတို့အနေဖြင့် ၎င်းတို့၏ ခရီးသည် အဆုံးသတ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့ ကွယ်လွန်ခြင်းနှင့်ပတ်သက်လျှင် မတော်တဆ သေဆုံးခြင်းဖြစ်စေ၊ ပုံမှန်သေဆုံးခြင်းဖြစ်စေ၊ နာမကျန်းဖြစ်ပြီး သေဆုံးခြင်းဖြစ်စေ စသည်တို့သည် အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများကြောင့် မည်သူ၊ သို့မဟုတ် မည်သည့်အင်အားစုကမျှ ၎င်းတို့အသက်ကို မနုတ်ယူနိုင်ပေ။ ၎င်းတို့ ကွယ်လွန်ခြင်းသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘဝများ အဆုံးသတ်ခြင်းကိုသာ ဆိုလိုသည်။ သင်သည် ၎င်းတို့ကို သတိရလျှင်၊ ၎င်းတို့ကို တောင့်တလျှင်၊ သို့မဟုတ် သင့်ခံစားချက်များကြောင့် သင့်ကိုယ်သင် ရှက်ရွံ့လျှင် ဤသို့သော မည်သည့်အရာကိုမျှ သင်မခံစားသင့်ပေ။ ပြီးလျှင် ၎င်းတို့ကို ခံစားရန် မလိုအပ်ပေ။ သင့်မိဘများသည် ဤကမ္ဘာလောကမှ ထွက်ခွာပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား သတိရခြင်းသည် မလိုအပ်သည်မှာ မဟုတ်လော။ သင်က ‘ဤနှစ်များတစ်လျှောက်တွင် ငါ့မိဘများက ငါ့ကို သတိရခဲ့သလော။ ငါက နှစ်များစွာကြာမြင့်အောင် သူတို့အနားတွင် မရှိဘဲ သားသမီးဝတ် မကျေပွန်ခဲ့သောကြောင့် သူတို့ မည်မျှပိုပြီး ဒုက္ခခံခဲ့ရသနည်း။ ဤနှစ်များတစ်လျှောက်တွင် ငါက သူတို့နှင့်အတူ သုံးလေးရက်လောက် နေနိုင်ဖို့ အမြဲတမ်း ဆန္ဒရှိခဲ့သည်။ သူတို့ ကွယ်လွန်သည်မှာ အလွန်မြန်မည်ဟု ငါ လုံးဝ မမျှော်လင့်ခဲ့ပါ။ ငါ ဝမ်းနည်းပြီး အပြစ်ရှိသလို ခံစားရသည်’ ဟု တွေးလျှင် သင် ဤသို့ တွေးသည်မှာ မလိုအပ်ပေ။ ၎င်းတို့၏ သေခြင်းသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ၎င်းတို့သည် အဘယ်ကြောင့် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသနည်း။ အဘယ်ကြောင့်ဆိုသော် သင်က ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်လျှင်ပင်၊ သို့မဟုတ် အဖော်ပြုပေးလျှင်ပင် ဤသည်မှာ ဘုရားသခင်က သင့်အားပေးသော တာဝန်၊ သို့မဟုတ် အလုပ်မဟုတ်သောကြောင့် ဖြစ်သည်။ သင့်မိဘများသည် သင့်ထံမှ ကောင်းသောကံမည်မျှနှင့် ဒုက္ခမည်မျှအား ကြုံရမည်ကို ဘုရားသခင်က စီမံပြီး ဖြစ်သည်။ သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ သင်က ၎င်းတို့နှင့်အတူရှိသောကြောင့် ၎င်းတို့က ပို၍ ကြာရှည်စွာ အသက်ရှင်မည်မဟုတ်ပေ။ ပြီးလျှင် သင်က ၎င်းတို့နှင့် ဝေးနေပြီး ၎င်းတို့နှင့် မကြာခဏ အတူမရှိနိုင်သောကြောင့် ၎င်းတို့က ပို၍ တိုတောင်းသောဘဝကို နေထိုင်ရမည်မဟုတ်ပေ။ ၎င်းတို့ အသက်မည်မျှရှင်မည်ကို ဘုရားသခင်က စီမံပြီး ဖြစ်ကာ သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သင်သည် သင့်ဘဝသက်တမ်းအတွင်းတွင် သင့်မိဘများ ကွယ်လွန်သွားသည်ဆိုသည့် သတင်းကို ကြားရလျှင် အပြစ်ရှိသည်ဟု ခံစားရန် မလိုအပ်ပေ။ သင်သည် ဤအမှုကိစ္စကို မှန်ကန်သောနည်းလမ်းဖြင့် ချဉ်းကပ်ပြီး လက်ခံသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းပါတယ်။ လူတွေရဲ့ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနဲ့ သေခြင်းတွေ အားလုံးကို ဘုရားသခင်က ပြဋ္ဌာန်းထားတာပါ။ လူတစ်ယောက်က အသက်ဘယ်လောက်ကြီးကြီး၊ ဘယ်လိုပဲသေသေ၊ သာမန်အတိုင်း သေတာပဲဖြစ်ဖြစ်၊ မတော်တဆ သေတာပဲဖြစ်ဖြစ်၊ ဒီအရာတွေ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာ ဖြစ်လို့ ဘယ်သူကမှ မပြောင်းလဲနိုင်ပါဘူး။ အမေ ဆုံးပါးသွားတဲ့ ပုံစံကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ၊ အဲဒါကို အမေ မွေးတောင် မမွေးခင်ကတည်းက ဘုရားသခင် ကြိုတင်သတ်မှတ်ထားပြီးသားပါ၊ အခု သူ့အချိန်ရောက်လာပြီဆိုတော့ သူထွက်ခွာသွားရတာ သဘာဝကျပါတယ်လေ။ ကျွန်မ သူ့အနားမှာနေပြီး ပြုစုစောင့်ရှောက်ပေးရင်တောင်မှ သူ့ကို အသက်ရှင်အောင် လုပ်ပေးနိုင်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မ သတိရမိတာက အဖေ နေမကောင်းဖြစ်တုန်းက ကျွန်မ သူ့ကို ဆေးကုဖို့ ဆေးရုံခေါ်သွားပြီး လချီကြာအောင် သူ့ဘေးမှာနေပြီး ဂရုတစိုက် ပြုစုပေးခဲ့တာကိုပါ။ ဒါပေမဲ့ သူ့ရဲ့ ဆင်းရဲဒုက္ခကို ကျွန်မ မလျော့ပါးစေနိုင်ခဲ့ပါဘူး၊ နောက်ဆုံးကျတော့လည်း ရောဂါနဲ့ သူ ဆုံးပါးသွားခဲ့တုန်းပါပဲ။ လူတွေရဲ့ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနဲ့ သေခြင်းတွေ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပါ။ ကျွန်မ မိဘတွေရဲ့ ဆင်းရဲဒုက္ခကို မလျော့ပါးစေနိုင်သလို၊ သူတို့ရဲ့ အသက်ကိုလည်း မဆွဲဆန့်နိုင်ပါဘူး။ ဒါကြောင့် ဆင်ခြင်တုံတရားရှိတဲ့ သဘောထားမျိုး ကျွန်မ ထားရှိရမှာဖြစ်သလို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအမံတွေကို ကျိုးနွံနာခံရမှာပါ။ ပြီးတော့ အမေ ဘုရားသခင်ကို မတွေ့ခဲ့တုန်းက သူ့မှာ ရောဂါမျိုးစုံ ရှိခဲ့တာကိုလည်း ကျွန်မ တွေးမိတယ်။ ဆရာဝန်တွေ အားလုံးက သူအသက်ရှည်ရှည်နေရမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပေမဲ့ ဘုရားသခင်ကို သူ စတွေ့ကတည်းက သူ့ရောဂါအမျိုးမျိုးက သက်သာလာခဲ့တာလေ။ အမေ အသက် ခုနစ်ဆယ်ကျော်အထိ နေရတာကိုက ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးပါပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ အတော်အသင့် စိတ်ပေါ့ပါးသွားပြီး အမေ ဆုံးပါးသွားတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ၊ အပြစ်ရှိသလို ခံစားရတာတွေ သိပ်မရှိတော့ဘူး။

အဲဒီနောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “ဘာသာတရားမရှိသော လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့သော်ငြားလည်း ယင်းတို့သည် သက်ရှိလောကအတွင်းရှိ ဖြစ်စဉ်များမျှသာ ဖြစ်ကြသည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ လူသားများအပါအဝင် သက်ရှိသတ္တဝါအမျိုးမျိုးတို့သည် ဤနိယာမကို လိုက်နာကြပြီး ဤသည်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းတော်မူကြောင်းကို ထပ်မံ၍ သက်သေပြနေခြင်းလည်း ဖြစ်၏။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။ ခြင်္သေ့နှင့် ကျားတို့ကဲ့သို့သော အတော်အတန် ရက်စက်သော အသားစားသတ္တဝါများသည်ပင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ပြီး အရွယ်မရောက်မီတွင် ကလေးများကို မကိုက်ပေ။ ဤသည်မှာ တိရစ္ဆာန် ဗီဇစိတ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်မျိုးစိတ်ဖြစ်ပါစေ၊ ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်ဖြစ်စေ တိရစ္ဆာန်အားလုံးက ဤဗီဇစိတ်ကို ပိုင်ဆိုင်သည်။ လူသားများအပါအဝင် သတ္တဝါမျိုးစုံတို့သည် ဤဗီဇစိတ်နှင့် နိယာမကို လိုက်နာခြင်းအားဖြင့်သာ ဆက်လက်၍ မျိုးပွားပြီး ရှင်သန်နိုင်သည်။ ၎င်းတို့က ဤနိယာမကို မလိုက်နာလျှင်၊ သို့မဟုတ် ဤနိယာမနှင့် ဗီဇစိတ်မရှိလျှင် မျိုးပွားပြီး ရှင်သန်နိုင်မည်မဟုတ်ပေ။ ဇီဝကွင်းဆက်က တည်ရှိမည်မဟုတ် ဤကမ္ဘာလည်း တည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက သက်ရှိလောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်ဘဲ ဤဗီဇ ကင်းမဲ့နေလျှင် လူသားများသည် တိရစ္ဆာန်များထက် ပို၍ ယုတ်ညံ့သည် မဟုတ်ပေလော။ သို့ဖြစ်၍ သင်၏မိဘများက သင့်ကို ပြုစုပျိုးထောင်စဉ်တွင် သင့်ကို မည်မျှစောင့်ရှောက်ခဲ့သည်ဖြစ်စေ၊ သင့်အပေါ်၌ ၎င်းတို့၏ တာဝန်ကို မည်မျှပင် ဖြည့်ဆည်းခဲ့သည်ဖြစ်စေ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်အပ်သည့်အရာကိုသာ လုပ်ဆောင်နေခြင်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ ဗီဇဖြစ်၏။...သက်ရှိသတ္တဝါနှင့် တိရစ္ဆာန်မျိုးစုံသည် ဤဗီဇစိတ်နှင့် နိယာမများကို ပိုင်ဆိုင်ကြသည်။ ပြီးလျှင် ယင်းတို့ကို အလွန်ကောင်းစွာ လိုက်နာကြကာ ပြည့်စုံစွာ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်လူကမျှ မဖျက်ဆီးနိုင်သောအရာတစ်ခုဖြစ်သည်။ ကျား၊ ခြင်္သေ့များကဲ့သို့သော ထူးခြားသော တိရစ္ဆာန်အချို့လည်းရှိသည်။ ဤတိရစ္ဆာန်များက အရွယ်ရောက်သောအခါတွင် ၎င်းတို့မိဘများကို စွန့်ခွာပြီး အချို့သောအထီးများက ယှဉ်ပြိုင်ဘက်များဖြစ်လာကာ လိုအပ်သလို ကိုက်ကြသည်။ ယှဉ်ပြိုင်ကြသည်။ တိုက်ခိုက်ကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ နိယာမတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလွန်ကြင်နာယုယမှုမရှိပေ။ ထို့အပြင် လူတို့ကဲ့သို့ ‘ကျွန်ုပ်သည် သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်။ သူတို့ကို ကျွန်ုပ် နစ်နာကြေးပြန်ပေးရမည်။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်နာခံရမည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်လျှင် အခြားသူများက ကျွန်ုပ်ကို ရှုတ်ချကြလိမ့်မည်၊ ဒေါသဖြင့်ပြောဆိုကာ ကျွန်ုပ်၏ နောက်ကွယ်တွင် ဝေဖန်ကြလိမ့်မည်။ ယင်းကို ကျွန်ုပ် မခံနိုင်ပါ’ ဟု ပြောလျက် ၎င်းတို့၏ ခံစားချက်များဖြင့် အသက်မရှင်ကြပေ။ တိရစ္ဆာန်လောကတွင် ဤသို့သောအရာများကို မပြောပေ။ လူတို့သည် အဘယ်ကြောင့် ဤသို့သောအရာများကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းနှင့် လူအုပ်စုများအတွင်းတွင် မမှန်ကန်သော အယူအဆနှင့် သဘောတူညီမှုအမျိုးမျိုး ရှိသောကြောင့်ဖြစ်သည်။ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်ယွင်းစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့အတွင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးအပေါ် မတူညီသော အနက်ဖွင့်ဆိုခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်းများ ဖြစ်ပေါ်လာသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို ၎င်းတို့၏ ကြွေးရှင်များအဖြစ်၊ ၎င်းတို့၏ တစ်ဘဝလုံး မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်သည့် ကြွေးရှင်များအဖြစ် ဆက်ဆံကြသည်။ မိမိတို့၏ မိဘများကို မပျော်ရွှင်စေသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သို့မဟုတ် မိမိတို့၏ မိဘများက အလိုရှိသည့်လမ်းကို မသွားခဲ့သောကြောင့် မိမိတို့၏ မိဘများသေဆုံးပြီးနောက်တွင် တစ်ဘဝလုံး အပြစ်ရှိသလိုခံစားနေရပြီး မိဘများ၏ ကြင်နာမှုဖြင့် မထိုက်တန်ဟု မိမိတို့ကိုယ်ကို ထင်သောသူအချို့ပင်ရှိသည်။ ငါ့ကို ပြောလော့။ ဤသည်မှာ အလွန်အကျွံဖြစ်ခြင်း မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ခံစားချက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤခံစားချက်များမှ အရင်းခံသည့် အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကိုသာ ခံရနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ဒီလောက်တောင် နာကျင်ခံစားခဲ့ရတဲ့ အကြောင်းရင်းကို နားလည်သွားတယ်။ အဲဒါကတော့ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” တို့၊ “အသက်ကြီးလာရင် အားကိုးရအောင် သားသမီး မွေးရမယ်” စတဲ့ ရိုးရာယဉ်ကျေးမှု အဆိပ်အတောက်တွေ စွဲကပ်နေခဲ့လို့ပါပဲ။ ကျွန်မ ယုံကြည်ခဲ့တာက မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ကြတယ်၊ အစားအသောက်၊ အဝတ်အထည်နဲ့ ပညာရေးတွေကို ထောက်ပံ့ပေးခဲ့ကြတယ်၊ အဖေ မဆုံးခင်မှာ သူ့ရဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို ကျွန်မ ပြန်ဆပ်ခွင့်မရခဲ့ဘူး၊ နောက်ပြီး အမေ့ ကျေးဇူးကို ပြန်မဆပ်ခဲ့ရင် ကျွန်မဟာ တကယ်ကို သိက္ခာမဲ့တဲ့သူ၊ တိရစ္ဆာန်ထက်တောင် နိမ့်ကျတဲ့သူ ဖြစ်သွားမှာပဲလို့ ယုံကြည်ခဲ့တယ်။ ကျွန်မက ဒီလို ရိုးရာတန်ဖိုးထားမှုတွေကို အပြုသဘောဆောင်တဲ့အရာတွေ၊ လိုက်နာရမဲ့ စည်းမျဉ်းတွေအဖြစ် သတ်မှတ်ခဲ့ပြီး၊ ကျွန်မရဲ့ အသက်က ဘုရားသခင်ဆီက လာတယ်ဆိုတာကို သဘောမပေါက်ခဲ့ဘူး။ အမေက ကျွန်မကို မွေးဖွားပေးပြီး ပြုစုပျိုးထောင်ပေးခဲ့ရုံပါ၊ မိဘတွေ ကျွန်မအတွက် လုပ်ပေးခဲ့သမျှ အရာအားလုံးက သူတို့ရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းနေတာ သက်သက်ပါပဲ၊ ဒါကို ကျေးဇူးတရားတစ်ခုအနေနဲ့ မယူဆနိုင်ပါဘူး။ ဆင်ခြင်သုံးသပ်ကြည့်ရင် ကျွန်မ ကြီးပြင်းလာတဲ့အချိန်တွေမှာသာ ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ကာကွယ်မှု မရှိခဲ့ရင် ကျွန်မ အခု အသက်ရှင်နေမှာ မဟုတ်ဘူး။ ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ လှေစီးသွားတုန်း လှေမှောက်သွားဖူးတယ်။ ကျွန်မတို့နှစ်ယောက်စလုံး မြစ်ထဲကျသွားပြီး ရေနစ်လုနီးပါး ဖြစ်ခဲ့ပေမဲ့ ကံကောင်းပြီး မြစ်နားမှာ ငါးမျှားနေတဲ့ လူကြီးနှစ်ယောက်က ကျွန်မတို့ကို ကယ်လိုက်ကြတယ်။ အဲဒီတုန်းကတော့ ဒါ ကံကောင်းတာသက်သက်ပဲလို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဘုရားသခင်က လူသားတွေကို နေ့ညမပြတ် စောင့်ရှောက်နေတယ်ဆိုတာ တွေ့လိုက်ရတော့မှ၊ ဒါဟာ တကယ်တော့ ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ကာကွယ်မှု ဖြစ်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဒါ့အပြင် မိဘတွေက ကျွန်မကို ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးတာကလည်း ဘုရားသခင်ရဲ့ ငြဋ္ဌာန်းချက်ပါပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ကာကွယ်မှုကို ကျေးဇူးမတင်ခဲ့သလို ကိုယ့်တာဝန်ကိုလည်း ကောင်းကောင်း မထမ်းဆောင်ခဲ့ဘူး။ အဲဒီအစား အမေ့ကို မပြုစုနိုင်ခဲ့လို့ သူ့အပေါ် အကြွေးတင်တယ်လို့ပဲ အမြဲခံစားခဲ့ရပြီး ဒါက ကျွန်မရဲ့ တာဝန်တွေကိုတောင် ထိခိုက်ခဲ့တယ်။ အထူးသဖြင့် အမေ ဆုံးသွားပြီလို့ သိလိုက်ရတဲ့နောက်မှာ၊ သူအသက်ကြီးတဲ့အချိန် သူ့ကို မပြုစုနိုင်ခဲ့တာ၊ ကောင်းကောင်းမွန်မွန် မြေမချပေးနိုင်ခဲ့တာတွေကြောင့် ကျွန်မ ပိုပြီး အပြစ်ရှိသလို ခံစားရပြီး ညှဉ်းပန်းခံခဲ့ရတယ်။ တာဝန်ထမ်းဆောင်ဖို့ အိမ်က ထွက်လာခဲ့မိတာကိုတောင် နောင်တရခဲ့မိတာ။ ကျွန်မဟာ တကယ်ကို အသိစိတ် ကင်းမဲ့နေတာ မဟုတ်ဘူးလား။ ကျွန်မဟာ ရိုးရာယဉ်ကျေးမှု အတွေးအခေါ်တွေရဲ့ လွှမ်းမိုး၊ ထိခိုက်မှုကို ခံခဲ့ရလို့ အမှားအမှန်ကို တကယ် မခွဲခြားနိုင်ခဲ့ပါဘူး။

နောက်ပိုင်းမှာ မိဘတွေကို ဘယ်လိုသဘောထားရမလဲဆိုတာ သင်ပေးတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏ မိဘများနှင့် ဆက်ဆံသည့်အခါ သားသမီးတစ်ဦးအဖြစ် ၎င်းတို့ကို စောင့်ရှောက်ရန် သင်၏ ဝတ္တရားများကို သင် ကျေပွန်အောင် ဆောင်ရွက်ခြင်း ရှိမရှိဟူသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ အခြေအနေများနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအပေါ် လုံးဝ အခြေခံရမည်။ ဤအရာက ထိုကိစ္စရပ်ကို ပြည့်စုံစွာ ရှင်းပြသည် မဟုတ်လော။ လူအချို့က မိမိတို့ မိဘများကို စွန့်ခွာကြသည့်အခါ မိမိတို့မိဘများကို များစွာ အကြွေးတင်ရှိသည်ဟုလည်းကောင်း၊ မိမိတို့ မိဘများအတွက် မည်သည့်အရာမျှ မလုပ်ဆောင်ပေးဖြစ်ဟုလည်းကောင်း ခံစားကြရသည်။ သို့ရာတွင် ထို့နောက် ၎င်းတို့ အတူတကွ နေထိုင်ကြသည့်အခါ ၎င်းတို့၏ မိဘများကို သားသမီးဝတ် လုံးဝ ကျေပွန်ခြင်း မရှိကြသကဲ့သို့ မိမိတို့၏ ဝတ္တရားတစ်ခုကိုမျှ မဖြည့်ဆည်းကြပေ။ ဤသည်မှာ အမှန်တကယ် သားသမီးဝတ်ကျေပွန်သည့် လူတစ်ဦးဖြစ်သလော။ ဤသည်မှာ အနှစ်မဲ့သော စကားများကို ပြောဆိုခြင်းဖြစ်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ မည်သည့်အရာကို စီစဉ်သည်ဖြစ်စေ၊ ထိုအရာများသည် အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ဖန်ဆင်းခံအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် နားလည်နိုင်ကာ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိမရှိဖြစ်သည်။ မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သားသမီးဝတ်ကျေပွန်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အနည်းဆုံးအနေဖြင့် ကျိုးနွံနာခံမှုရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိရမည်။ ပတ်ဝန်းကျင်က အခွင့်ပေးပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် လူအင်အားငွေအင်းအားရှိလျှင် သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်မပေးသကဲ့သို့ သင့်ထံတွင် လူအင်အားငွေအင်းအားကင်းမဲ့လျှင် အတင်းမကြိုးစားနှင့်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ (ကျိုးနွံနာခံမှုဖြစ်သည်။) ဤအရာကို ကျိုးနွံနာခံမှုဟု ခေါ်သည်။ ဤကျိုးနွံနာခံမှုသည် အဘယ်သို့ ဖြစ်လာသနည်း။ ကျိုးနွံနာခံမှုအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာသည် ဘုရားသခင် စီစဉ်ထားပြီး ဘုရားသခင် အုပ်စိုးထားသည့် ဤအရာများအားလုံးပေါ်တွင် အခြေခံပေသည်။ လူတို့အနေဖြင့် ရွေးချယ်ရန် ဆန္ဒရှိကောင်းရှိနိုင်သော်လည်း မရွေးချယ်နိုင်ကြ၊ ရွေးချယ်ပိုင်ခွင့်မရှိကြဘဲ ၎င်းတို့ ကျိုးနွံနာခံသင့်ကြပေသည်။ လူတို့ ကျိုးနွံနာခံသင့်ပြီး အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားကြောင်းကို သင် ခံစားရသည့်အခါ သင်၏ စိတ်နှလုံးတွင် သာ၍ ငြိမ်သက်မှုခံစားရသည်မဟုတ်လော။ (ခံစားရပါသည်။) ထို့နောက်တွင် သင်၏ အသိစိတ်ထဲတွင် လိပ်ပြာမသန့်ဆဲ ဖြစ်လိမ့်မည်လော။ စဉ်ဆက်မပြတ် လိပ်ပြာမသန့်ဟု ခံစားရလိမ့်မည် မဟုတ်တော့ဘဲ သင်၏ မိဘများကို သားသမီးဝတ်မကျေပွန်သည့် စိတ်ကူးသည် သင့်ကို စိုးမိုးထားတော့မည် မဟုတ်ပေ။ ဤသည်တို့မှာ လူ့သဘာဝအတွင်းရှိ ပုံမှန်အတွေး သို့မဟုတ် ဗီဇအချို့ဖြစ်ပြီး မည်သူမျှ မရှောင်လွှဲနိုင်ကြသည်နှင့်အမျှ ထိုအကြောင်းကို သင် ရံဖန်ရံခါ တွေးကောင်းတွေးနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။)သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ သင်သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရန်သာ အလေးထားပါက ဤသည်မှာ သင် လုပ်ဆောင်သင့်သည့် တာဝန်များစွာကို အတားအဆီးဖြစ်စေလိမ့်မည်။ သင်၏ ဘဝတွင် သင် လုပ်ဆောင်ရမည့်အရာများစွာ ရှိပြီး သင် လုပ်ဆောင်သင့်သည့် ဤတာဝန်များသည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းရှင်က သင့်အား အပ်နှင်းထားခဲ့သည့်အရာများ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို သင် ပြန်လည်ပေးဆပ်ခြင်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏အထူးတာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် သင်သည် အခါအခွင့်သင့်သည့်အခါ၌ သင်သည် ဤအရာကို အနည်းငယ် လုပ်ဆောင်နိုင်ပြီး သင်၏ တာဝန်များကို အနည်းငယ် ဖြည့်ဆည်းနိုင်သည်၊ အခါအခွင့်မသင့်လျှင်မူ ထိုသို့ အတင်းအကျပ်ပြုလုပ်ရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်ရန် သင်၏ တာဝန်ကို မဖြည့်ဆည်းနိုင်ပါက ဤသည်မှာ ဆိုးရွားသော အမှားတစ်ခု မဟုတ်ပေ၊ ယင်းမှာ သင်၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုကို အနည်းငယ် ဆန့်ကျင်ရုံသာဖြစ်ပြီး သင်သည် အချို့လူများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်၊ ဤမျှသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားကို ဆန့်ကျင်ခြင်း မရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့အတွက် ဖြစ်ပါက သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကိုပင် ခံရလိမ့်မည်။ ထို့ကြောင့် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုခြင်းနှင့်ပတ်သက်၍ သင်သည် သမ္မာတရားကို နားလည်ပြီး လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များကို နားလည်သရွေ့ သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုရန် အခါအခွင့်မသင့်လျှင်ပင် သင်သည် လိပ်ပြာသန့်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေက မိဘတွေကို သဘောထားရမယ့် နည်းလမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါက ကျွန်မတို့ရဲ့ အခြေအနေတွေနဲ့ စွမ်းဆောင်နိုင်ရည်တွေအပေါ်မှာပဲ အဓိက မူတည်ပါတယ်။ အခြေအနေတွေက ခွင့်ပြုပြီး ကျွန်မတို့အစွမ်းအစက တတ်နိုင်မယ်ဆိုရင် ကိုယ့်တာဝန်ကို ဖြည့်ဆည်းနိုင်ပြီး မိဘတွေအပေါ် သားသမီးဝတ် ကျေနိုင်ပါတယ်၊ ဒါပေမဲ့ အခြေအနေတွေက ခွင့်မပြုရင်တော့ ဒါကို လုပ်ဖို့အတွက် အတင်းအကျပ် လုပ်စရာ မလိုပါဘူး၊ နောက်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့အစီအစဉ်တွေကို ကျွန်မတို့ ကျိုးနွံနာခံရပါမယ်။ အမေ နေမကောင်းဖြစ်တာနဲ့ ဆုံးပါးသွားတာကြားက အချိန်တွေမှာ ကျွန်မ သူ့ကို မပြုစုနိုင်ခဲ့တာက ကျွန်မ ခံစားချက်မရှိလို့၊ ကျေးဇူးမသိတတ်လို့ မဟုတ်ပါဘူး။ အမေ့အပေါ် ကျွန်မ သားသမီးဝတ် ကျေချင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဘုရားမဲ့ဝါဒီ နိုင်ငံမှာ ဘုရားသခင်ကို ယုံကြည်လို့ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်တာ၊ လိုက်လံဖမ်းဆီးတာ ခံနေရလို့ ကျွန်မ အိမ်မပြန်နိုင်ခဲ့တာပါ။ ဒါက ကျွန်မဘက်က အသိစိတ် ကင်းမဲ့တာကို ပြနေတာ မဟုတ်ပါဘူး။ ဒါ့အပြင် ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မကိုယ်ပိုင် အထူးတာဝန် ရှိပါတယ်၊ အဲဒါကတော့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ပါပဲ။ တကယ်လို့ အမေ့အပေါ် သားသမီးဝတ် ကျေဖို့ကိုပဲ အာရုံစိုက်နေလို့ ကိုယ့်တာဝန်တွေကို မထမ်းဆောင်နိုင်တော့ရင် အဲဒါမှ ကျွန်မ တကယ် အသိစိတ် ကင်းမဲ့ရာ ရောက်မှာပါ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မရဲ့ အသိစိတ်က အပြစ်တင်တာမျိုး မခံစားရတော့ဘဲ၊ တာဝန်တွေမှာ စိတ်နှလုံး တည်ငြိမ်နိုင်ခဲ့တယ်။ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို ပြောင်းလဲပေးခဲ့တာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ၊ အဲဒါကြောင့် အမေ ဆုံးပါးသွားတာကို ကျွန်မ မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့ပြီး စိတ်နှလုံးထဲမှာ လွတ်မြောက်မှုကို ရှာတွေ့ခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်တို့ မိဘများ၏ ပြုစုပျိုးထောင်ပေးသော ကြင်နာမှုကို မည်သို့မှတ်ယူရမည်နည်း

၂၀၁၂ မှာ ကျွန်မတို့ တစ်မိသားစုလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊...

ကျေးဇူးတုံ့ပြန်ခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းခြင်း

ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...

အမေ အသည်းအသန် နေမကောင်းဖြစ်နေတဲ့ သတင်းကို ကျွန်မ ကြားလိုက်ရတဲ့အခါ

မော်ဒေး၊ အမေရိကန်ပြည်ထောင်စုကျွန်မက သာမန်ကျေးလက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့တာပါ။ အဖေက တစ်နှစ်ပတ်လုံး အပြင်မှာ အလုပ်လုပ်တော့ အိမ်ကို...

တာဝန် ထမ်းဆောင်ခြင်းက သားသမီးဝတ်ကျေပွန်ခြင်းနှင့် ဆန့်ကျင်လာသောအခါ

လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက အိမ်နဲ့အဝေးမှာ တာဝန်တွေကို ကျွန်တော် ထမ်းဆောင်ရတယ်။ တစ်ခါတလေ ကျွန်တော့်အမေကို သတိရတယ်။ ဒါပေမဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။