ခက်ခဲသည့် ဆုံးဖြတ်ချက်

20.05.2026

ကျုံးကျန်၊ တရုတ်ပြည်

အရင်တုန်းက ကျွန်မမှာ မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးတစ်ခု ရှိခဲ့ဖူးတယ်။ ကွာရှင်းပြီးတဲ့နောက်၊ သမီးလေးတွေကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရတဲ့ ဘဝက အရမ်းကို ခက်ခဲခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်မတို့ ကျောင်းက လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ ကျွန်မ လက်တွဲဖြစ်ခဲ့တယ်။ ကျွန်မတို့ လက်ထပ်ပြီးတဲ့နောက်မှာ သူက ကျွန်မနဲ့ ကျွန်မသမီးတွေအပေါ် အရမ်းကောင်းခဲ့ပြီး၊ အိမ်မှာဆိုရင် ကျွန်မ ဘာတစ်ခုမှ ပူပန်စရာ မလိုခဲ့ပါဘူး။ ကျွန်မ သူ့ကို အရမ်းကျေးဇူးတင်ခဲ့တယ်။ ကျွန်မဘဝက တည်ငြိမ်နေပေမဲ့၊ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘာကြောင့်မှန်းမသိတဲ့ ဟာတာတာ ခံစားချက်မျိုး အမြဲရှိနေခဲ့တယ်။ ၂၀၁၂ ခုနှစ် ဩဂုတ်လမှာ၊ ကျွန်မရဲ့ ဝမ်းကွဲအစ်မက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားဟောခဲ့တယ်။ ကျွန်မက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဖတ်ပြီး စနေ၊ တနင်္ဂနွေတွေမှာ ဝမ်းကွဲအစ်မနဲ့အတူ စပြီး စုဝေးဖြစ်ခဲ့ပါတယ်။ လူကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့ရတယ်။ ကျွန်မတို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အာဒံနဲ့ ဧဝတို့ဟာ စာတန်ရဲ့ သွေးဆောင်တာကိုခံရပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့တဲ့အတွက် လူသားမျိုးနွယ်ဟာ အပြစ်ထဲမှာ အသက်ရှင်နေထိုင်ခဲ့ရတယ်။ ဒီလောကမှာရှိတဲ့ ဆိုးညစ်မှုနဲ့ ဖောက်ပြန်ယိုယွင်းမှု အားလုံးဟာ စာတန် ဖောက်ပြန်ဖျက်ဆီးထားတဲ့ ရလဒ်ဖြစ်တယ်ဆိုတာပါပဲ။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို အမြဲတမ်း ကယ်တင်နေခဲ့တယ်ဆိုတာကိုလည်း ကျွန်မ သိခဲ့ရတယ်။ ကျေးဇူးတော်ခေတ်မှာ၊ ဘုရားသခင်ဟာ လူဇာတိခံခဲ့ပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ် ဖြစ်လာဖို့ လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တယ်။ နောက်ဆုံးသော ကာလမှာတော့၊ ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြဖို့နဲ့ သူ့ရဲ့ တရားစီရင်မှုနဲ့ သန့်စင်ခြင်း အလုပ်ကို လုပ်ဆောင်ဖို့အတွက် နောက်တစ်ကြိမ် လူဇာတိခံယူခဲ့ပြန်တယ်။ အဲဒီလိုလုပ်တာဟာ လူ့အပြစ်ရဲ့ အရင်းအမြစ်ကို ဖြေရှင်းပေးဖို့၊ လူတွေကို ပြတ်ပြတ်သားသား သန့်စင်ပြီး ကယ်တင်ဖို့နဲ့ လူတွေကို အံ့သြဖွယ်ကောင်းတဲ့ ပန်းတိုင်ဆီ ခေါ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်မ နားလည်သွားတဲ့အခါ၊ ကျွန်မဘဝနဲ့ ဒီလောကကြီးထဲက ပဟေဠိတော်တော်များများအတွက် အဖြေတွေကို ကျွန်မ ရရှိခဲ့တယ်။ နှစ်ချီအောင် ကျွန်မကို ဒုက္ခပေးနေခဲ့တဲ့ အိပ်မပျော်တဲ့ရောဂါကလည်း ကျွန်မ သတိမထားမိလိုက်ဘဲ ပျောက်ကင်းသွားခဲ့ပြီး၊ ကျွန်မစိတ်ထဲက ကြောက်ရွံ့မှုနဲ့ အထီးကျန်မှုတွေလည်း ပျောက်ကွယ်သွားခဲ့တယ်။ ဟာလာဟင်းလင်းဖြစ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့ တောကန္တာရထဲကနေ လင်းလက်ပြီး နွေးထွေးတဲ့ နေရာတစ်ခုကို ခေါ်ဆောင်ခံလိုက်ရသလို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ငြိမ်းချမ်းပြီး စိတ်အေးလက်အေး ဖြစ်သွားခဲ့တယ်။ ဘုရားသခင်ကလွဲရင် ဘယ်သူကမှ လူတွေကို သမ္မာတရား မပေးနိုင်ဘူး၊ လူတွေရဲ့ စိတ်နှလုံးကိုလည်း ငြိမ်သက်ခြင်း မဆောင်ကြဉ်းပေးနိုင်ဘူးဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မဟာ ဘုရားသခင်ကို ယုံကြည်ရမယ်၊ ဘုရားသခင်ကို ကိုးကွယ်ရမယ်၊ ပြီးတော့ သမ္မာတရားကို ရဖို့ လိုက်စားရမယ်။ အဲဒီလိုမှ မဟုတ်ရင် ဘဝဟာ ဟာလာဟင်းလင်းဖြစ်ပြီး အဓိပ္ပာယ်မရှိဘူးလေ။ ကျွန်မ ဘုရားသခင်ကို စတင်ယုံကြည်ကတည်းက ကျွန်မရဲ့ စိတ်ဓာတ်တွေ ဘယ်လောက် လန်းဆန်းတက်ကြွလာသလဲဆိုတာကို ကျွန်မယောက်ျား မြင်တဲ့အခါ၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို သူ ထောက်ခံခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချဖို့ တရုတ်ကွန်မြူနစ်ပါတီက ဖြန့်ဝေထားတဲ့ အင်တာနက်ပေါ်က အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ကျွန်မယောက်ျားက ဖတ်မိသွားတယ်။ ကျွန်မ အဖမ်းခံရမှာကို သူ ကြောက်တဲ့အတွက်၊ ကျွန်မ ဘုရားသခင်ကို မယုံကြည်အောင် သူ စပြီး တားဆီးဖို့ ကြိုးစားလာတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူ ကျွန်မကို ပေးမဖတ်တော့ဘူး၊ ပြီးတော့ ဝမ်းကွဲအစ်မကိုလည်း အိမ်လာပြီး ကျွန်မနဲ့အတူ စုဝေးခွင့် မပေးတော့ဘူး။ အဲဒီအချိန်တုန်းက ဘုရားသခင်ကို ယုံကြည်ရင် အဖမ်းခံရပြီး ထောင်ကျမှာကို ကျွန်မလည်း စိုးရိမ်ခဲ့ပေမဲ့ ရှေးခေတ်ကတည်းက မှန်တဲ့ လမ်းခရီးဟာ အမြဲတမ်း နှိပ်စက်ညှဉ်းပန်းခံခဲ့ရပုံအကြောင်းကို ဝမ်းကွဲအစ်မက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ သမ္မာကျမ်းစာထဲမှာလည်း၊ သခင်ယေရှုနဲ့ သူ့ရဲ့ တပည့်တော်တွေ ဘယ်လို နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်ဆိုတာကို ကျွန်မ ဖတ်ခဲ့ရပြီး၊ ဒီလောကမှာ စာတန်က ဘယ်လို အုပ်စိုးနေတယ်ဆိုတာကို မြင်တွေ့ခဲ့ရတယ်။ လောကကြီးက အရမ်းကို ဆိုးညစ်ပြီး မှောင်မိုက်လွန်းတယ်၊ အပြုသဘောဆောင်သောအရာတွေကို တည်ရှိခွင့် မပေးဘူးလေ။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်တာဟာ ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာဖြစ်လို့၊ ကျွန်မ နှိပ်စက်ညှဉ်းပန်းခံရရင်တောင်မှ အဲဒါကို လုံးဝ စွန့်လွှတ်လို့မဖြစ်ဘူး။ ကျွန်မ နားလည်ထားသမျှ အရာအားလုံးကို ကျွန်မယောက်ျားကို ပြောပြခဲ့ပေမဲ့ သူက လုံးဝ နားမထောင်ခဲ့ဘူး။ သူ အိမ်မှာမရှိတဲ့အချိန်တွေမှာ ကျွန်မက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ခိုးဖတ်ပြီး စုဝေးပွဲတွေကို တက်ခဲ့ရတယ်။ ၂၀၁၃ ခုနှစ် ဧပြီလမှာ၊ ကျွန်မရဲ့ ခါးဆစ်ရိုးလေးဘက်နာရောဂါက ပိုဆိုးလာတယ်။ ကျွန်မ ထိုင်လို့မရ၊ မတ်တပ်ရပ်လို့မရဘူး။ ပက်လက်ပဲ အိပ်နေလို့ရတယ်။ ကျွန်မယောက်ျားက ကျွန်မ အလုပ်ရှင်ဆီမှာ သုံးလေးလ ခွင့်ရဖို့ ကူပြီးလျှောက်ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ကွယ်ကာမှုကြောင့်၊ ဆေးကပ်ခွာ နည်းနည်း ကပ်လိုက်ရုံနဲ့ ကျွန်မရဲ့ ရောဂါက လုံးဝနီးပါး ပျောက်ကင်းသွားခဲ့တယ်။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ ခွင့်ရက်ကို အသုံးချလို့ စပြီး ဧဝံဂေလိတရားဟောခဲ့တယ်၊ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်မယောက်ျားက ရိပ်မိသွားတယ်။ သူက သူ့ရဲ့ နေ့လယ်စာစားချိန် နားချိန်ကို အသုံးချပြီး ကျွန်မ အိမ်မှာ ရှိ၊ မရှိဆိုတာကို လာကြည့်တတ်တယ်။ ကျွန်မ အိမ်နည်းနည်း နောက်ကျမှပြန်ရောက်ပြီး အောက်ထပ်မှာ သူ့ကား ရပ်ထားတာကို မြင်လိုက်ရရင်၊ ကျွန်မရင်ထဲမှာ ချက်ချင်းကို ထိတ်လန့်သွားတာပဲ။ ကျွန်မတို့ လက်ထပ်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ သူက ကျွန်မကို အမြဲတမ်း ကောင်းကောင်း ဂရုစိုက်စောင့်ရှောက်ပေးခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူပြောတဲ့အတိုင်း ကျွန်မ မလုပ်တဲ့အခါ၊ သူ စိတ်ပျက်အောင် လုပ်မိပြီလို့ ခံစားခဲ့ရတယ်၊ ပြီးတော့ သူ ကျွန်မကို အပြစ်တင်ဆူပူပြီး အော်ငေါက်တဲ့အခါမှာလည်း၊ ကျွန်မက သည်းခံနေလိုက်ခဲ့ရတယ်။ စုဝေးပွဲတွေကို ပိုပိုပြီး တက်ဖြစ်လာတာနဲ့အမျှ၊ ဘုရားသခင်ဟာ လူသားအသက်ရဲ့ အရင်းအမြစ်ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ လူတိုင်း အသက်ရှင်နိုင်တာဟာ ဘုရားသခင်ရဲ့ ထောက်ပံ့မှု၊ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုတွေကြောင့်ပဲလေ။ လူတွေက ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ အဲဒါဟာ တရားမျှတဆုံး ကိစ္စပါပဲ။ ဘုရားသခင်နောက်လိုက်ရာမှာ မှန်ကန်တဲ့ လမ်းကြောင်းကို ကျွန်မ ရွေးချယ်ခဲ့တယ်လို့ ပိုပိုပြီး ခံစားလာရတယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ခွန်အားတွေရလာပြီး၊ ကျွန်မယောက်ျား ဒေါသထွက်မှာကို သိပ်မကြောက်တော့ဘူး။ တစ်ခါတလေမှာ၊ သူ့ကို ကျွန်မက ယုတ္တိရှိရှိ ငြင်းခုံတာမျိုးတောင် ရှိလာတယ်။ တစ်ခါကဆိုရင်၊ သူက ကျွန်မကို ဒေါသတကြီးနဲ့ လက်ညှိုးထိုးပြီး အော်တယ်၊ “အခုဆို မင်း ငါပြောတာ ဘာတစ်ခုမှ နားမထောင်တော့ဘူး။ နိုင်ငံတော်က လူတွေကို ယုံကြည်ခွင့်မပေးဘူးလို့ ငါပြောခဲ့တယ်လေ၊ ဒါပေမဲ့ မင်း နားမထောင်ခဲ့ဘူး။ ဘုရားကို မယုံကြည်ရင် မင်း အသက်ရှင်မှာ မဟုတ်တော့ဘူးလို့ တကယ်ထင်နေတာလား” တဲ့။ ကျွန်မက ပြောလိုက်တယ်၊ “အခု ဒီလောကကြီးက အရမ်းကို ဆိုးညစ်ပြီး မှောင်မိုက်နေတယ်။ ကျွန်မတို့ကျောင်းကိုပဲ ကြည့်လေ။ တစ်နေကုန် လိမ်ညာလှည့်စားတာတွေချည်းပဲ ဖြစ်နေတာ။ ကျွန်မ အဲဒါတွေကို တကယ်ကို စိတ်ကုန်နေပြီ။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့နဲ့ လူတွေကို ကယ်တင်ဖို့ ကြွလာတာဟာ အံ့သြစရာကောင်းတဲ့ ကိစ္စပဲ။ ဘုရားသခင်ကို မယုံကြည်ရင် ဘဝမှာ ဘာအဓိပ္ပာယ်မှ ရှိမယ်မထင်ဘူး” လို့ပေါ့။ သူက ကျွန်မကို ကြည့်ပြီး ပြောတယ်၊ “ဘုရားသခင်ကို ယုံကြည်တာ မဆိုးဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ကွန်မြူနစ်ပါတီက ဒါတွေကို ဂရုမစိုက်ဘူးလေ။ မင်း ဆက်ယုံကြည်နေရင် အဖမ်းခံရဖို့များတယ်။ အဲဒီလိုဖြစ်လာရင် မင်း အလုပ်ပြုတ်မယ်၊ ပြီးတော့ ထောင်ထဲမှာ ဒုက္ခရောက်လိမ့်မယ်။ ဘာလို့ အဲဒီလောက် ဒုက္ခခံနေတာလဲ။ ယုံတာကို တော်လိုက်ပါတော့” တဲ့။ ဒါကို ကြားတာနဲ့၊ ကျွန်မယောက်ျားဟာ ကွန်မြူနစ်ပါတီရဲ့ နည်းစနစ်တွေကို ကောင်းကောင်းသိထားတဲ့အတွက် ကြောက်နေလို့ ကျွန်မကို တားဆီးဖို့ ကြိုးစားနေတယ်ဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ တကယ်တော့၊ အဖမ်းခံရပြီး ထောင်ကျတဲ့အပြင် ရဲတွေ ရိုက်သတ်တာကိုတောင် ခံရနိုင်တယ်ဆိုတာ ကျွန်မလည်း စိုးရိမ်မိတယ်။ စီစီပီ အစိုးရက လူ့အသက်ကို လုံးဝကို မထီမဲ့မြင်စိတ် ဆက်ဆံတဲ့ ဖြစ်ရပ်တွေက အရမ်းကို များလွန်းတယ်လေ။ နောက်ပိုင်းမှာ၊ သခင်ယေရှု ပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ “မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ကျွန်မ စိတ်ထဲမှာ အရမ်းကို အလင်းရသွားတယ်။ လူ့သက်တမ်းက အရမ်းတိုတောင်းပါတယ်။ ဇာတိပကတိနဲ့ စားဝတ်နေရေးအတွက် နေ့တိုင်း လုံးပန်းနေရတာဟာ လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်မှပဲ ထာဝရအသက်ကို ရနိုင်မယ်။ ဒါဟာ အရမ်းကို တန်ဖိုးရှိတဲ့အရာပါပဲ။ အဖမ်းခံရမှာကြောက်လို့ ဘုရားသခင်ကို ကျွန်မ မယုံကြည်ရဲဘူးဆိုရင်၊ ကျွန်မ ဘယ်တော့မှ ထာဝရအသက်ကို ရမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်၊ ဘုရားသခင်ကို ယုံကြည်တာကို ကျွန်မ စွန့်လွှတ်လို့မဖြစ်ဘူး။ ဒါပေမဲ့၊ ကျွန်မယောက်ျားက ကျွန်မကို လုံးဝယုံကြည်ခွင့် မပေးဘူးလို့ တင်းခံနေခဲ့တယ်။ ကျွန်မ စိတ်ထဲမှာ စိုးရိမ်မိတယ်၊ “ငါတို့ အိမ်ထောင်သက် ခြောက်နှစ်နီးပါး ရှိနေပြီ၊ သူက ဒီမိသားစုကို အမြဲတမ်း ဂရုစိုက်စောင့်ရှောက်ပြီး ငါ့ကိုလည်း အလေးထားခဲ့တယ်။ အိမ်တစ်လုံးနဲ့ ကားတစ်စီး ဝယ်ဖို့ ငါတို့ အတူတူ ကြိုးစားခဲ့ကြတယ်။ ငါတို့ဘဝတွေ တဖြည်းဖြည်း ပိုပိုကောင်းလာတာကို မြင်တွေ့နေရတယ်။ ငါ့လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကလည်း ငါမှာ နောက်ဆုံးတော့ မိသားစုကောင်းကောင်း ရသွားပြီလို့ ပြောကြတယ်။ ငါကလည်း ဒီမိသားစုက ဒီဘဝမှာ ငါနဲ့ သက်ဆိုင်တဲ့နေရာပဲလို့ ထင်ထားပြီး ဒီလို တည်ငြိမ်အေးချမ်းတဲ့ ဘဝမျိုးကို နေထိုင်ရတာကို စိတ်ထဲအသည်းထဲကနေ နှစ်သက်မိတယ်။ ဒါပေမဲ့ ငါ့ယောက်ျားက ဘုရားသခင်ကို ယုံကြည်ခွင့် လုံးဝမပေးဘူးလို့ မရမက တားနေရင် ငါ ဘာလုပ်သင့်လဲ။ ဘုရားသခင်နောက်ကို ငါ ဆက်လိုက်လို့ ရပါဦးမလား” လို့ပေါ့။ ဒီအတွေးတွေနဲ့ ဗျာများနေချိန်မှာ၊ ကျွန်မကို ရှေ့ဆက် ဦးဆောင်ပေးဖို့ ဘုရားသခင်ဆီ ကျွန်မ အဆက်မပြတ် ဆုတောင်းခဲ့တယ်။

စုဝေးပွဲတစ်ခုမှာ၊ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ညီအစ်ကိုမောင်နှမတွေကို ပြောပြခဲ့တော့၊ သူတို့က ကျွန်မနဲ့အတူ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ကြတယ်။ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်မွေ့မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်မွေ့မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မ စိတ်ထဲမှာ တဖြည်းဖြည်းနဲ့ ခွန်အားတွေ ရလာတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ ရောက်လာခဲ့ပြီး၊ ဘုရားသခင် ဖော်ပြထားတဲ့ ဒီသမ္မာတရား အားလုံးကို တွေ့မြင်ရတဲ့အတွက်၊ အဲဒါတွေကို သေသေချာချာ လိုက်စားဖို့ဆိုတာ ကျိုးကြောင်းဆီလျော်ပါတယ်။ ဆင်းရဲဒုက္ခခံရရင်တောင် အဲဒါက တန်ပါတယ်။ သဟဇာတဖြစ်တဲ့ မိသားစုတစ်ခုက ကျွန်မအတွက် အရမ်းအရေးကြီးပေမဲ့ သမ္မာတရားကို လိုက်စားတာက အဓိပ္ပာယ်အရှိဆုံး အရာပါပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ရခင်တုန်းက၊ ကျွန်မ ဘယ်ကလာတယ်၊ ဘာအတွက် အသက်ရှင်နေရသလဲဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ဒီလောကကြီးက ဘာလို့ ဒီလောက် ဆိုးညစ်ပြီး မှောင်မိုက်နေရသလဲဆိုတာကို ကျွန်မ မသိခဲ့ဘဲ၊ နေ့တိုင်း အမှောင်ထဲမှာ အသက်ရှင်နေထိုင်ရင်း၊ နေ့ရက်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ဘဝက အရမ်းကို စိတ်ဆင်းရဲစရာကောင်းခဲ့တယ်။ အခုတော့၊ အရမ်းကို ခက်ခက်ခဲခဲနဲ့ မှန်တဲ့ လမ်းခရီးကို ကျွန်မ ရှာတွေ့နိုင်ခဲ့ပြီး အလင်းကို မြင်တွေ့ခဲ့ရပြီ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဆီကနေ ဘဝရဲ့ နက်နဲမှုတော်တော်များများကို ကျွန်မ နားလည်ခဲ့ပြီး၊ အသက်ရှင်ရတဲ့ တန်ဖိုးက ဘာလဲဆိုတာကို ရှာတွေ့ခဲ့တယ်။ သာယာတဲ့ မိသားစုတစ်ခုအတွက်နဲ့ ကျွန်မက သမ္မာတရားကို စွန့်လွှတ်လိုက်ရင် ဒီလိုအသက်ရှင်ရတာဟာ ဟာတာတာကြီး ဖြစ်နေပြီး၊ လုံးဝ အဓိပ္ပာယ်မဲ့နေမှာ မဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဆက်ဖတ်ခဲ့တယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဇနီးမောင်နှံကြားက ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ကျိုးစီးပွား အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ကျွန်မ စဉ်းစားကြည့်တယ်။ အရင်တုန်းက ကျွန်မယောက်ျားက ကျွန်မအပေါ် ဘာလို့ ကောင်းခဲ့တာလဲ။ အဲဒါက ကျွန်မ ရုပ်ရည် ကြည့်ပျော်ရှုပျော်ရှိလို့၊ ပြီးတော့ ပိုက်ဆံစီမံခန့်ခွဲတာကို ကျွန်မ မကြိုက်တဲ့အတွက်၊ မိသားစုရဲ့ ဘဏ္ဍာရေးကို သူ့ကို ထိန်းချုပ်ခွင့် ပေးထားလို့ပဲ။ စံပြဇနီးတစ်ယောက်အတွက် သူ့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကျွန်မက အတော်လေး ကိုက်ညီနေတော့၊ သူ့ကို ကျေနပ်စေခဲ့တာပေါ့။ ဒါပေမဲ့၊ ကျွန်မမှာ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ဘဝ လိုက်စားမှုမျိုး ရှိလာတဲ့အခါ၊ အဲဒါတွေကို ဒီနိုင်ငံမှာ လက်မခံတဲ့အတွက်၊ ကျွန်မက သူ့အတွက် အကျိုးမရှိတော့ဘူးလို့ သူ စခံစားလာရပြီး ကျွန်မအပေါ် ဘယ်တော့မှ ပြန်ကောင်းတော့မှာ မဟုတ်ဘူးလေ။ တစ်ဖက်မှာလည်း၊ သူက ကျွန်မကို အလေးထားပြီး ဂရုစိုက်ပေးတဲ့အပြင်၊ အိမ်မှာဆိုလည်း ကိစ္စတော်တော်များများအတွက် ကျွန်မ ပူပန်စရာမလိုလို့ ကျွန်မယောက်ျားကို ကျွန်မ ခွဲခွာဖို့ အင်တင်တင်ဖြစ်ခဲ့ရတယ်။ လူတွေက အားလုံး တစ်ကိုယ်ကောင်းဆန်ကြတယ်၊ လင်မယားဆိုတာလည်း တစ်ယောက်ကိုတစ်ယောက် အသုံးချနေကြတာပဲ။ စစ်မှန်တဲ့ ချစ်ခင်တွယ်တာမှုဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ဒီအိမ်ထောင်ရေး ခံစားချက်လေးနည်းနည်းအတွက်နဲ့ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မ စွန့်လွှတ်လိုက်လို့ မဖြစ်ဘူး။ အဲဒီနောက်မှာတော့၊ စုဝေးပွဲတွေ တက်ဖို့နဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ မရမက ဆက်လုပ်ခဲ့တယ်။

၂၀၁၃ ခုနှစ် ဇွန်လရဲ့ တစ်နေ့မှာ၊ ဧဝံဂေလိတရားဟောရာကနေ ပြန်ရောက်ပြီးတဲ့နောက်မှာ ကျွန်မ ညစာ ချက်နေခဲ့တယ်။ ကျွန်မယောက်ျား အိမ်ပြန်ရောက်လာတော့၊ သူ့မျက်နှာက အရမ်းကို သုန်မှုန်နေပေမဲ့ ကျွန်မ သူ့ကို လျစ်လျူရှုထားလိုက်တယ်။ ညစာစားပြီးတဲ့နောက်၊ သမီးလေးနှစ်ယောက်ကို ကျမ်းစာထဲက ပုံပြင်တွေ ပြောပြဖို့ ကျွန်မ အခန်းထဲ ဝင်သွားတယ်။ သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ နားထောင်နေကြတုန်း၊ ကျွန်မယောက်ျားက တံခါးဝမှာ ရုတ်တရက် လာရပ်ပြီး ကျွန်မကို ဆူပူအော်ငေါက်တော့တာပဲ။ သမီးလေးတွေက အရမ်းလန့်သွားပြီး ဘာမှတောင် မပြောရဲကြတော့ဘူး၊ ဒါနဲ့ သူတို့ကို နှစ်သိမ့်ပေးဖို့ ကမန်းကတန်း တစ်ခုခု ပြောလိုက်တယ်။ ပြောပြီးတော့ ကျွန်မ လမ်းလျှောက်ဖို့ အပြင်ထွက်လာခဲ့တယ်။ ကျွန်မယောက်ျားက နောက်ကနေ လိုက်လာမယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။ ကျွန်မတို့တိုက်နဲ့ သိပ်မဝေးတဲ့ ထောင့်ချိုးတစ်ခုကို ရောက်တဲ့အခါ၊ သူက ကျွန်မလက်မောင်းကို ဆွဲပြီး ဘေးက လှေကားထစ်ပေါ်ကို ဆောင့်တွန်းလိုက်တယ်။ ကျွန်မရဲ့ လက်မောင်းထဲမှာ တော်တော်နာသွားပြီး ကျွန်မ ဖြည်းဖြည်းချင်း ထလာရင်း ဘာစကားမှမပြောဘဲ အိမ်ဘက်ကို လမ်းလျှောက်ပြန်လာခဲ့တယ်။ သူက ကျွန်မလက်မောင်းကို ထပ်ဆွဲပြီး အကြမ်းပတမ်း ဆောင့်လိုက်ပြန်တော့၊ ကျွန်မ မြေကြီးပေါ် ထပ်လဲကျသွားတယ်။ သူက ကျွန်မနှာခေါင်းကို လက်ညှိုးထိုးပြီး ဆဲဆိုကြိမ်းမောင်းတယ်။ “မင်း ဘာလို့ ဘုရားကို ယုံကြည်နေရတာလဲ။ ဘုရားဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ မင်းကို ငါ ဒီလိုဆက်ဆံနေတဲ့အချိန်မှာ မင်းရဲ့ဘုရားက ဘယ်မှာလဲ။ သူက မင်းကို ဘာလို့ မကာကွယ်ပေးတာလဲ” တဲ့။ သူဟာ အသိခေါက်ခက် အဝင်နက်တယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ ကျွန်မ စိတ်ထဲမှာ တွေးလိုက်တယ်၊ “နင်က ဘုရားသခင်ကိုမှ မယုံကြည်တာ။ နင် ဘာသိလို့လဲ။ ဘုရားသခင်ကို ကျွန်မ သံသယဝင်ပြီး ငြင်းပယ်သွားအောင်လို့ ရှင်က ကျွန်မကို ဒီလို ရိုက်ချင်နေတာပဲ။ နင့်ရဲ့ ရည်ရွယ်ချက်တွေက တကယ်ကို ယုတ်မာလွန်းတယ်” လို့ပေါ့။ သူက ထပ်ပြောတယ်၊ “ငါ ဘာပြောပြော မင်းက နားကိုမထောင်ဘူး။ မင်းက ယုံကြည်လေလေ ပိုပြီး စွဲလမ်းရူးသွပ်လာလေလေပဲ။ အခုဆို မင်းက လျှောက်သွားပြီး ဧဝံဂေလိတောင် တရားဟောနေသေးတယ်။ ယောက်ဖကတောင် ပြောသေးတယ်၊ မင်းက ပြောမရဆိုမရဖြစ်နေရင် မင်းကို ကြမ်းကြမ်းတမ်းတမ်း ရိုက်သင့်တယ်တဲ့။ မင်းကို မဆုံးမနိုင်ဘူးလို့ ငါတို့ မယုံဘူး။ ကဲ ပြောစမ်း၊ မင်း ဆက်ယုံဦးမှာလား၊ မယုံတော့ဘူးလား” တဲ့။ ကျွန်မက အသံတစ်ချက်တောင် မထွက်တာကို သူမြင်တော့၊ ကျွန်မနောက်ကို လျှောက်သွားပြီး ကျွန်မရဲ့ ခါးတင်ပါးစပ်ကို အားရပါးရ ကန်ချလိုက်တယ်။ ကျွန်မရဲ့ ခါးတင်ပါးစပ်က နာလိုက်တာဆိုတာ နှလုံးကို ထိုးဖောက်သွားမတတ်ပဲ၊ မျက်ရည်တွေက ချက်ချင်းကို ကျလာတော့တာပဲ။ ဒါပေမဲ့ ကျွန်မယောက်ျားကတော့ သနားညှာတာမှု လုံးဝ မပြဘဲ နေတုန်းပဲ။ သူက ကျွန်မကို ကန်လိုက်ပြီးတော့ “မင်း ယုံကြည်တာကို ငါ ဘယ်တော့မှ ခွင့်မပြုဘူး။ မင်း အောက်ပိုင်းသေသွားတဲ့အထိကို ငါကန်မယ်။ မင်းကို ငါ တစ်သက်လုံး ပြုစုရပါစေတော့၊ ဘုရားကိုတော့ ယုံကြည်ခွင့်ပြုမှာ မဟုတ်ဘူး” လို့ ပြောတယ်။ သူ့စကားကို ကြားလိုက်ရတဲ့အခါ၊ ကျွန်မ ကျောချမ်းသွားတယ်။ အရင်တုန်းကတော့၊ ကျွန်မယောက်ျားရဲ့ လူ့သဘာဝက အတော်လေး ကောင်းမွန်ပြီး၊ သူက ကျွန်မကို အမြဲတမ်း အတော်လေး အလေးထားခဲ့တယ်လို့ ကျွန်မ အမြဲ ခံစားခဲ့ရတာ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အယူအဆတွေကို သူယုံကြည်ပြီး ဘုရားသခင်ကို ကျွန်မ ယုံကြည်နေတာကို တားဆီးဖို့ ကြိုးစားရုံတင်မကဘူး၊ ကျွန်မ အောက်ပိုင်းသေသွားတဲ့အထိ ကန်ဖို့တောင် ကြိုးစားလာလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မထင်ထားခဲ့ဘူး။ သူက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းတယ်။ ပြီးတော့ သူက “မင်း အိမ်မှာ တစ်ယောက်တည်းရှိနေရင် စုဝေးပွဲတွေ သွားဖို့များတယ်။ မင်းကို ငါ နှင်ပဲထုတ်တော့မယ်။ မင်းလိုလူမျိုးက ငါ့ရဲ့ အိမ်ကောင်းကောင်းမှာ နေဖို့တောင် မတန်ဘူး။ ထစမ်း” လို့ ပြောတယ်။ ပြောပြောဆိုဆိုနဲ့ပဲ သူက ကျွန်မကို ဆွဲထူပြီး ကားထဲကို တွန်းထည့်လို့ ကျွန်မအမေအိမ်ကို ခေါ်သွားခဲ့တယ်။ ကျွန်မအမေက ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို အရမ်းထောက်ခံပေးလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ကျွန်မက အမေ့ကို ဧဝံဂေလိတရားဟောခဲ့ပြီး အမေကလည်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ဒါပေမဲ့၊ ကျွန်မရဲ့ မောင်လေးကတော့ ကျွန်မယောက်ျားဘက်ချည်းပဲ အမြဲတမ်း ဝင်ပြောနေခဲ့တယ်။ သူက ကျွန်မကို နားချဖို့လည်း ကြိုးစားသေးတယ်၊ “အစ်မ၊ ဒီလောကကြီးမှာ ကိုယ်ဘာမှ မတတ်နိုင်တဲ့ အချိန်တွေ ရှိတယ်လေ။ လက်တွေ့ကျကျ တွေးပါဦး။ ဒီမှာ သုံးလေးရက်လောက် နားပြီးရင် အိမ်ပြန်သွားပြီး ကောင်းကောင်းမွန်မွန် နေလိုက်ပါ။” တဲ့။ မောင်လေး ပြောတဲ့စကားကြောင့် ကျွန်မ တော်တော်ကို စဉ်းစားမိသွားတယ်၊ “ဒီလောကကြီးမှာ တကယ်ပဲ လက်တွေ့ကျဖို့ လိုတယ်လေ။ ငါ အသက် လေးဆယ်နီးပါး ရှိနေပြီ။ အခုလို ဘဝမျိုးရဖို့ ငါ့ဘဝတစ်ဝက်လောက် ရုန်းကန်ခဲ့ရတာ။ ဘုရားသခင်ကို ယုံကြည်တဲ့ ကိစ္စကလွဲရင် ကျန်တဲ့အရာတိုင်းမှာ ငါ့ယောက်ျားက ငါ့အပေါ် အရမ်းကောင်းပါတယ်။ ဘုရားသခင်ကို ငါ ယုံကြည်တာကြောင့်သာ သူက တခြားလူတစ်ယောက်လို ပြောင်းလဲသွားတာပါ။ သူ့ရဲ့ အပြုအမူကို ကြည့်ရတာ၊ ဘုရားသခင်ကို ငါ ဆက်ပြီး ယုံကြည်နေရင် သူက ငါ့ကို ကွာရှင်းဖို့ အရမ်းများတယ်။ အဲဒီအခါကျရင် ငါ့ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် မှီခိုနေရတဲ့ ဒီမိသားစုကို ငါ ဆုံးရှုံးရလိမ့်မယ်။ အဲဒီနောက်ပိုင်း ငါ့ဘဝကို ဘယ်လို ရှေ့ဆက်ရမလဲ။ အားကိုးရာမဲ့ အထီးကျန်ပြီး ကလေးတွေကို စောင့်ရှောက်ရမယ့် ဘဝကို ငါ ပြန်သွားရတော့မှာလား” လို့ပေါ့။ ဒီလိုဘဝမျိုးကို ပြန်ရောက်သွားမှာ ကျွန်မ ကြောက်ပေမဲ့၊ ဘုရားသခင်ကို ယုံကြည်တာကိုလည်း ကျွန်မ မစွန့်လွှတ်ချင်ဘူး။ ကျွန်မ အကျပ်ရိုက်သွားတယ်။ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ ခဏလောက် နောက်ဆုတ်နေလိုက်ရင် ကောင်းမလား။ စုဝေးပွဲတွေ မသွားဘဲ၊ ငါ့တာဝန်ကိုလည်း မလုပ်ဘဲ၊ အိမ်မှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ခိုးဖတ်နေရင်ကော။ ဒါပေမဲ့ အဲဒါလည်း အဆင်မပြေဘူးလေ။ ငါ ဘာလုပ်ရမလဲ” လို့ပေါ့။

အဲဒီရက်တွေအတွင်းမှာ၊ ဘုရားသခင်ဆီ အဆက်မပြတ် ဆုတောင်းခဲ့ပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရလာခဲ့တယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ ပြီးလျှင် ယင်း၏ အညစ်အကြေးဖြင့် ဖုံးအုပ်သည်အထိ ယင်း၏ နင်းချေခြင်းကို ခံရသည်။ ၎င်းသည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်သေး၊ သို့မဟုတ် မှန်သော လမ်းခရီးကို မရရှိသေး၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို ရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်တွေးတောတာက ကျွန်မကို ခွန်အားတွေ ပေးခဲ့တယ်။ ကျွန်မ ရွေးချယ်သင့်တဲ့ ဘဝလမ်းကြောင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ ဦးတည်ချက်တစ်ခုကို ရသွားတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ကို ကိုးကွယ်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နေထိုင်ချင်ရင်၊ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံရမယ်၊ ဘယ်လူ၊ ဘယ်ဖြစ်ရပ်၊ ဘယ်အမှုအရာရဲ့ တားဆီးမှုကိုမှ မခံရဘဲ၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ခါးစည်းခံရမယ်။ ယောဘလိုမျိုးပေါ့။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ သားသမီးတွေ အားလုံး ဆုံးရှုံးသွားပေမဲ့၊ သူက ဘုရားသခင်ကို ကိုးကွယ်ပြီး ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းခဲ့တုန်းပဲလေ။ ပြီးတော့ ပေတရုဆိုရင်လည်း သခင့်နောက်ကို လိုက်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ပြီး သူ့ဘဝတစ်သက်တာလုံးကို သခင့်အတွက် အသုံးခံခဲ့တယ်။ အဆုံးမှာတော့၊ သူဟာ ဘုရားသခင်ကို အဆုံးစွန်ထိ ချစ်မြတ်နိုးပြီး သေတဲ့အထိ ဘုရားသခင်ကို ကျိုးနွံနာခံမှုကို ရရှိခဲ့တဲ့အပြင် အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နေထိုင်သွားခဲ့တယ်။ အခွန်ခံ မဿဲဟာလည်း အဲဒီလိုပါပဲ။ သခင်ယေရှု ခေါ်လိုက်တာနဲ့၊ သူက တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ သခင့်နောက်ကို လိုက်သွားခဲ့တာပဲ။ ဘုရားသခင်အပေါ်ထားတဲ့ သူတို့ရဲ့ ယုံကြည်ခြင်းက အရမ်းကို အားကျစရာကောင်းလိုက်တာ။ ကျွန်မက ဘုရားသခင်နောက်လိုက်ဖို့ လိုလားပေမဲ့၊ ဒီမိသားစုကို မစွန့်လွှတ်နိုင်သေးဘူး ဖြစ်နေတယ်။ ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အရာအားလုံးကို စွန့်လွှတ်ဖို့ ကျွန်မ လိုလားမှု မရှိသေးဘူး။ အဲဒီသန့်ရှင်းသူတွေနဲ့ ယှဉ်လိုက်ရင်၊ ကျွန်မ တကယ်ကို အရှက်ရပါတယ်။ အခုတော့၊ မှန်ကန်တဲ့ ဘဝလမ်းကြောင်းက ကျွန်မရှေ့မှာ ချခင်းထားပြီးသားပါ။ ကျွန်မ ထပ်ပြီး အားနည်းနေလို့ မရတော့ဘူး။ ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားနဲ့ အသက်ကို ရရှိဖို့ ဒီအခွင့်အရေးကို ကျွန်မ လုံးဝ စွန့်လွှတ်လို့မဖြစ်ဘူး။ အဲဒီအချိန်မှာ၊ ကျွန်မကို အသင်းတော်ရဲ့ ခေါင်းဆောင်အနေနဲ့ ရွေးကောက်တင်မြှောက်ထားပြီးဖြစ်လို့၊ နေ့တိုင်း ကျွန်မတာဝန်ကို ထမ်းဆောင်ရင်း အလုပ်များနေခဲ့တယ်။ သိပ်မကြာခင်မှာပဲ၊ ကျွန်မယောက်ျားက ကျွန်မကို အိမ်ပြန်ခေါ်သွားတယ်။ အဲဒီအချိန်က နွေရာသီကျောင်းပိတ်ရက်ဖြစ်နေတော့ သူ အလုပ်သွားစရာ မလိုဘူးလေ။ သူက ကျွန်မကို နေ့တိုင်း စောင့်ကြည့်နေတော့တာပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ခွင့်၊ စုဝေးပွဲတွေ သွားခွင့်၊ ပြီးတော့ ကျွန်မတာဝန်ကို ထမ်းဆောင်ခွင့်တွေ သူ မပေးတော့ဘူး။ နေ့တိုင်း၊ သူနဲ့အတူ အိမ်မှုကိစ္စတွေလုပ်ပြီး ကလေးတွေကို ထိန်းဖို့ပဲ ကျွန်မ လုပ်နိုင်တော့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ထောက်ပံ့မှုကို မရရှိတဲ့အခါ၊ ကျွန်မဟာ ရေပြတ်နေတဲ့ ငါးတစ်ကောင်လို ဖြစ်နေပြီး၊ စိတ်နှလုံးထဲမှာ အရမ်းကို နာကျင်ပြီး မချိတင်ကဲ ဖြစ်နေခဲ့တယ်။ တစ်နေ့တော့၊ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများသည် ပင်ကိုအားဖြင့် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဒါဟာ တကယ့်ကို အမှန်ပါပဲ။ ကျွန်မယောက်ျားက ဘုရားသခင်ကို မယုံကြည်တဲ့အပြင် ကျွန်မ ယုံကြည်မှာကိုလည်း ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တယ်။ နေ့တိုင်း၊ အကျဉ်းသားတစ်ယောက်ကို စောင့်ကြပ်နေသလို သူက ကျွန်မကို စောင့်ကြည့်နေခဲ့တယ်။ သူဟာ ခင်ပွန်းတစ်ယောက် မဟုတ်ဘူး။ သူက ကျွန်မရဲ့ ရန်သူဖြစ်နေတာ သိသာလွန်းတယ်။ ကျွန်မ တကယ်ကို ဆက်ပြီး သည်းမခံနိုင်တော့တဲ့အချိန်ကတော့ သူ့ကို ကျွန်မ ပြောလိုက်တယ်၊ “ရှင်က ကျွန်မကို ရိုက်နှက်ရုံတင်မကဘူး၊ လွတ်လပ်ခွင့်လည်း တစ်စက်မှ မပေးဘူး။ ဒီလိုပုံစံနဲ့ ကျွန်မ ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး။ ကျွန်မတို့ ကွာရှင်းပြီး ကိုယ့်လမ်းကိုယ် လျှောက်ကြတာပေါ့။ အဲဒါက ကျွန်မတို့ နှစ်ယောက်လုံးအတွက် ပိုလွယ်ပါတယ်။” လို့ပေါ့။ ဒါပေမဲ့ သူက “မင်းကို ရိုက်မိတာ ငါမှားသွားပါတယ်။ ငါ တောင်းပန်ပါတယ်။ မင်းကို ငါ ဘယ်လို ပြန်ပေးဆပ်ရမလဲ၊ အကုန်လုံး ရပါတယ်။ ကွာရှင်းဖို့ တစ်ခုတော့ မရဘူးနော်။ မင်းက လူကောင်းတစ်ယောက်ပါ။ ဒီမိသားစုလေးဖြစ်လာဖို့ ငါတို့ အများကြီး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာလေ။ ငါတို့က ဘာလို့ ကွာရှင်းရမှာလဲ။ မင်း ကောင်းဖို့အတွက် မင်းကို ငါ စောင့်ကြည့်နေတာပါ။ အချိန်တန်ရင်၊ ဘုရားကို ယုံကြည်တဲ့ကိစ္စကို မင်း မေ့သွားပြီး အကုန်လုံး အဆင်ပြေသွားလိမ့်မယ်။ မင်း အိမ်ထဲမှာချည်းပဲ အောင်းနေရလို့ စိတ်မွန်းကျပ်နေရင် ငါ မင်းကို အပြင်ခေါ်သွားပြီး လမ်းလျှောက်ထွက်ရအောင်လေ” တဲ့။ သူ့စကားကို ကြားလိုက်ရတဲ့အခါ၊ ကျွန်မကို ဒီမှာ ဆွဲထားပြီး ဘုရားသခင်နဲ့ တဖြည်းဖြည်း ဝေးကွာသွားအောင် ကြိုးစားရင်း သူက အပျော့ဆွဲနဲ့ ချည်နှောင်နေတာပဲ ဆိုတာကို ကျွန်မ သိလိုက်တယ်။ ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဘုရားသခင်ကို ကျွန်မ ဆက်ယုံကြည်ချင်ပေမဲ့၊ ဒီမိသားစုနဲ့ ကျွန်မယောက်ျားကို စွန့်လွှတ်ဖို့ကျတော့ ဝန်လေးနေမိတယ်။ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်ဆီကနေ ဘယ်အချိန်မှာမှ ထွက်မသွားအောင် စောင့်ရှောက်ပေးဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့ပြီး၊ အသင်းတော်ကို ပြန်သွားတဲ့အပြင် ကျွန်မတာဝန်ကို ထမ်းဆောင်နိုင်အောင် လမ်းစတစ်ခု ဖွင့်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။

တစ်နေ့တော့၊ စုဝေးပွဲလုပ်ရမယ့် အချိန်ရောက်လာတယ်။ ကျွန်မက ဉာဏ်သုံးပြီး ကျွန်မယောက်ျားကို စက်ဘီးစီးထွက်ရအောင်လို့ ပြောလိုက်တယ်။ သူ့ကို စက်ဘီးစီးခိုင်းပြီး၊ ကျွန်မကတော့ လျှပ်စစ်ဆိုင်ကယ် စီးသွားတာပေါ့။ သူက သဘောတူတယ်။ လမ်းတစ်ဝက်လောက်လည်း ရောက်ရော၊ ကျွန်မက အရှိန်တင်ပြီး သူ့ကို အဝေးကြီးမှာ ဖြတ်ချန်ခဲ့လိုက်တယ်။ စုဝေးမယ့်နေရာကို မရောက်ခင် လမ်းတွေကို သုံးလေးကြိမ် ပတ်မောင်းလိုက်သေးတယ်။ ဒီလိုအခက်အခဲတွေကြားကနေ၊ နောက်ဆုံးတော့ စုဝေးပွဲတစ်ခုကို ကျွန်မ တက်ရောက်နိုင်ခဲ့ပါတယ်။ ညနေပိုင်း အိမ်ပြန်ရောက်တဲ့အခါ၊ ကျွန်မယောက်ျားက အထူးသဖြင့်ကို ဒေါသထွက်နေတော့တာပဲ။ သူက “မင်းက တဖြည်းဖြည်း ပိုပိုပြီး ရဲတင်းလာပါလား။ ငါ့ကို ထားခဲ့ပြီး စုဝေးပွဲ သွားရဲတယ်ပေါ့လေ။ သတ္တိရှိရင် ပြန်မလာနဲ့” လို့ ပြောတယ်။ ကျွန်မကလည်း “ကျွန်မမှာ ရွေးချယ်စရာ ချန်ထားပေးလို့လား။ ကျွန်မမှာ လွတ်လပ်ခွင့်ဆိုတာ တစ်စက်မှ မရှိဘူး။ အကျဉ်းသားတစ်ယောက်လို ရှင်က ကျွန်မကို စောင့်ကြည့်နေတာလေ။ ရှင်သာ ဒီပုံအတိုင်း ဆက်လုပ်နေရင် ကျွန်မတို့ နှစ်ယောက် ရှေ့ဆက်ဖို့ အနာဂတ်ဆိုတာ မရှိတော့ဘူး” လို့ ပြန်ပြောလိုက်တယ်။ မထင်မှတ်ထားဘဲ၊ အဲဒီနောက်ပိုင်းမှာ သူက ကျွန်မကို အရင်ကထက်တောင် ပိုပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်လာတယ်။ ကျောင်းပြန်ဖွင့်တဲ့အခါ၊ သူနဲ့အတူ အလုပ်သွားဖို့ ကျွန်မကို အတင်းအကျပ်ခိုင်းပြီး၊ စနေ၊ တနင်္ဂနွေတွေမှာဆိုရင်လည်း အချိန်ပိုမဆင်းရသရွေ့ ကျွန်မသွားလေရာ ထပ်ကြပ်မကွာ လိုက်နေတော့တာပဲ။ စုဝေးပွဲတွေလည်း မတက်ရ၊ ကျွန်မတာဝန်ကိုလည်း ထမ်းဆောင်လို့မရတော့တဲ့အတွက်၊ ငရဲမှာ နေရသလိုကို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ မျက်ရည်တွေ ကျလာတာကို မတားဆီးနိုင်ခဲ့ဘဲ၊ ဒါ ဘယ်လို လောကကြီးလဲ။ လူတွေကို ဘုရားသခင် ယုံကြည်ခွင့်နဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းခွင့် ဘာလို့ မပေးရတာလဲ လို့ ကိုယ့်ကိုယ်ကိုယ် မမေးဘဲ မနေနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရက်စက်ကြမ်းကြုတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် ပြင်းပြင်းထန်ထန် အကြိမ်ကြိမ်ရန်ပြုပြီး အဓမ္မလုယူကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို မေ့မျောခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် မကောင်းမှုကို ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို အိပ်မက်ထဲကနေ လန့်နိုးသွားစေပြီး၊ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ကို အတိုက်အခံလုပ်နေတဲ့ ဆိုးညစ်တဲ့ အနှစ်သာရကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားစေခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကွန်မြူနစ်ပါတီရဲ့ ပညာရေးကို ကျွန်မ သင်ယူခဲ့ရပြီး၊ ပါတီကို အမြဲတမ်း အရမ်း အထင်ကြီးလေးစားခဲ့တာလေ။ လူ့အဖွဲ့အစည်းထဲက ဆိုးညစ်မှုနဲ့ မှောင်မိုက်မှုတွေကို မြင်ရတဲ့အခါမှာတောင်၊ အဲဒါတွေက ပါတီရဲ့ အုပ်ချုပ်မှုကြောင့် ဖြစ်ရတာလို့ ကျွန်မ မယုံကြည်ခဲ့ဘူး။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဏာရှင်စနစ်မှာ ပြဿနာတချို့ ရှိနေပေမဲ့၊ အခြေခံအားဖြင့်တော့ တော်တော်လေး အမြော်အမြင်ရှိပါတယ်လို့ ကျွန်မ ယုံကြည်ခဲ့တာ။ တရုတ်ကွန်မြူနစ်ပါတီဟာ ဘုရားမဲ့ဝါဒီ ပါတီတစ်ခုဖြစ်တယ်ဆိုတာကို အခုမှပဲ ကျွန်မ သဘောပေါက်သွားတယ်။ သူက လောကကြီးကို လှည့်စားပြီး နာမည်ကောင်းကို ခိုးယူထားတယ်၊ တရုတ်နိုင်ငံသားတွေဟာ ဘာသာရေး လွတ်လပ်ခွင့် ရှိတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတုအယောင် ပြဋ္ဌာန်းထားပေမဲ့၊ တကယ်တမ်းကျတော့ တရုတ်လူမျိုးတွေကို ဘုရားသခင်ကို ယုံကြည်ခွင့် လုံးဝ မပေးပါဘူး။ သူက တရုတ်ပြည်သူတွေကို လှည့်ဖြားရုံတင်မကဘူး၊ တစ်ကမ္ဘာလုံးကိုပါ လှည့်ဖြားနေတာပါ။ အစိုးရရဲ့ အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ထိန်းသိမ်းထားဖို့အတွက်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်တဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို အင်တာနက် မီဒီယာတွေပေါ်မှာ ထင်ရာမြင်ရာ ဖြန့်ဝေပြီး ခရစ်ယာန်တွေကို လက်လွတ်စပယ် ဖမ်းဆီးဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုတယ်။ ဒါကြောင့် ကျွန်မယောက်ျားက အထင်အမြင်မှားသွားပြီး ကျွန်မကို နည်းလမ်းအမျိုးမျိုးနဲ့ ဟန့်တားတဲ့အပြင် နှိပ်စက်ညှဉ်းပန်းခဲ့တာလေ။ ဒီကိစ္စတွေ အားလုံးမှာ ကွန်မြူနစ်ပါတီရဲ့ နောက်ကွယ်က လက်မည်းကြီးက ဒုက္ခပေးနေတာပါပဲ။ သူက လူတွေကို ဘုရားသခင် ယုံကြည်ပြီး ကယ်တင်ခံရဖို့ အလိုမရှိရုံတင်မကဘူး၊ လူတွေကို သူ့နောက်လိုက်စေပြီး ငရဲအထိဆင်းတဲ့အပြင် အပြစ်ဒဏ်ပေးခံရအောင် လုပ်ချင်တာပါ။ ဒါဟာ သူ့ရဲ့ ဆိုးညစ်တဲ့ ရည်ရွယ်ချက်ပဲလေ။ ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ မရောက်လာခဲ့ဘူးဆိုရင်၊ သူ့ရဲ့ စစ်မှန်တဲ့ သရုပ်မှန်ကို ကျွန်မ ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မြင်ခဲ့မှာ မဟုတ်ဘူး။

နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “‘ချစ်ခြင်းမေတ္တာ’ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော ချစ်ခင်တွယ်တာမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် အလေးထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်နေရာကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အပေးအယူ မရှိသည့်အပြင် မသန့်စင်မှုများ လုံးဝဥဿုံ မရှိချေ။ သင်ချစ်ပါက၊ လှည့်ဖြားမည် မဟုတ်၊ စောဒကတက်မည် မဟုတ်၊ သစ္စာဖောက်မည် မဟုတ်၊ ပုန်ကန်မည် မဟုတ်၊ တောင်းဆိုမည် မဟုတ်၊ သို့မဟုတ် တစ်စုံတစ်ခုကို ရရှိဖို့၊ ပမာဏတစ်ခုခုကို ရရှိဖို့ ကြိုးစားမည် မဟုတ်ပေ။ သင်ချစ်လျှင်၊ သင်သည် သင့်ကိုယ်သင် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံလိမ့်မည်၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ ခံစားလိမ့်မည်။ သင်သည် ငါနှင့်သဟဇာတဖြစ်လိမ့်မည်၊ ငါ့အတွက် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်လိမ့်မည်၊ သင်၏ မိသားစု၊ သင်၏ အနာဂတ်၊ သင်၏ ငယ်ရွယ်နုပျိုမှုနှင့် သင်၏ အိမ်ထောင်ရေးကို စွန့်လွှတ်လိမ့်မည်။ ထိုသို့မဟုတ်ပါက၊ သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာ လုံးဝ ဖြစ်မည်မဟုတ်ဘဲ၊ လှည့်ဖြားခြင်းနှင့် သစ္စာဖောက်ခြင်းတို့သာ ဖြစ်ပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့တယ်။ သန့်စင်ပြီး အစွန်းအထင်းမရှိတဲ့ ဒီလိုချစ်ခြင်းမေတ္တာမျိုးက လူတွေကို အရမ်းကို ဆွဲဆောင်နိုင်ပြီး၊ ကျွန်မကိုလည်း အရမ်းကို ရှက်ရွံ့သွားစေခဲ့တယ်။ ကျေးဇူးတော်ခေတ်တုန်းက၊ ဘုရားသခင်ဟာ လူဇာတိခံပြီး ကောင်းကင်ဘုံကနေ မြေကြီးပေါ်ကို ကြွဆင်းလာတဲ့အပြင် လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့အတွက် ကျွန်မတို့အတွက် ကားစင်အတင်ခံပြီး သူ့ရဲ့ တန်ဖိုးရှိတဲ့ အသွေးတော် တစ်စက်ချင်းစီကို သွန်းလောင်းပေးခဲ့ပုံကို ကျွန်မ တွေးမိတယ်။ နောက်ဆုံးသော ကာလမှာတော့၊ လူသားမျိုးနွယ် ကယ်တင်ခြင်းကို လက်ခံရရှိဖို့ လိုအပ်တဲ့ သမ္မာတရားတွေ ထောက်ပံ့ပေးဖို့ ဘုရားသခင်ဟာ မြေကြီးပေါ်ကို နောက်တစ်ကြိမ် လူဇာတိခံယူပြီး ကြွလာခဲ့ပြန်တယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ လိုက်လံဖမ်းဆီးမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ဘာသာရေးလောကရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ ပြစ်မှားစော်ကားမှုတွေကို သူ သည်းခံရုံတင်မကဘဲ၊ ကျွန်မတို့ ယုံကြည်သူတွေရဲ့ ပုန်ကန်မှုနဲ့ နားလည်မှုလွဲတာတွေကိုပါ သူ သည်းခံရရှာတယ်။ လူတွေကို ထောက်ပံ့ဖို့နဲ့ ဦးဆောင်ဖို့အတွက် လူတွေရဲ့ အသိစိတ်တွေ နိုးကြားလာမယ့်အချိန်ကို စောင့်ဆိုင်းရင်း ဘုရားသခင်ဟာ သမ္မာတရားကို တိတ်တဆိတ် ဖော်ပြနေပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက တကယ်ကို စစ်မှန်လိုက်တာ။ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးဟာ လူသားမျိုးနွယ် အတွက်ချည်းပါပဲ။ အခုချိန်မှာ ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ပေးခဲ့တယ်၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းရမယ်။

နောက်ပိုင်းမှာ ကျွန်မယောက်ျားက ကျွန်မကို တားလို့မရတော့ဘူးဆိုတာကို မြင်သွားတော့ “အခုတော့ ငါ ရှင်းရှင်းလင်းလင်း မြင်သွားပြီထင်တယ်။ မင်း ဘုရားကို ယုံကြည်တာကို ဘယ်သူမှ တားလို့မရဘူးပဲ။ အဲဒီလိုဆိုမှတော့၊ မင်း ယုံကြည်ချင်သလိုသာ ယုံကြည်ပေတော့။ ငါ ဂရုမစိုက်တော့ဘူး။ ဒါပေမဲ့ မင်း အိမ်မှာပဲ ယုံကြည်လို့ရမယ်။ အပြင်ထွက်လို့မရဘူး၊ ပြီးတော့ တခြားလူတွေကိုလည်း ငါတို့အိမ်ကို လာခွင့်မပေးနိုင်ဘူး။ မင်း သဘောတူတယ်ဆိုရင်တော့၊ ငါတို့ ဆက်ပြီး အတူတူ နေလို့ရတယ်၊ သဘောမတူဘူးဆိုရင်တော့ ငါတို့ ကွာရှင်းရလိမ့်မယ်” လို့ ပြောတယ်။ သူ့စကားကို ကြားလိုက်ရတဲ့အခါ၊ သူက ကျွန်မကို အပြင်ထွက်ခွင့် လုံးဝ ပေးဦးမှာမဟုတ်သေးဘူးဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ သူက ကျွန်မကို လတ်တလော ငြိမ်သွားအောင် ချွေးသိပ်နေတာဖြစ်ပြီး၊ အဲဒီနောက် အသင်းတော်နဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မရဲ့ ဆက်သွယ်မှုကို တဖြည်းဖြည်း ဖြတ်တောက်ပြီး၊ အဆုံးမှာတော့ ကျွန်မ ဆက်မယုံကြည်နိုင်တော့အောင် လုပ်ဖို့ ကြိုးစားနေတာပဲဆိုတာကို ကျွန်မ သိလိုက်တယ်။ သူ့ရဲ့ ထောင်ချောက်ထဲကို ကျွန်မ ကျသွားလို့ မဖြစ်ဘူးလေ။ ဒါကြောင့် ကျွန်မက “ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို ရှင် တကယ် သဘောတူတယ်ဆိုရင်၊ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ ပေါင်းသင်းဆက်ဆံတာကို မကန့်သတ်ပါနဲ့၊ စုဝေးပွဲတွေ သွားတာ ဒါမှမဟုတ် ကျွန်မတာဝန်ကို ထမ်းဆောင်တာတွေကိုလည်း မကန့်သတ်ပါနဲ့။ ကျွန်မ ဘယ်လို ယုံကြည်ရမလဲဆိုတာကို ရှင် ဆုံးဖြတ်ခွင့် မရှိဘူး” လို့ ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။ သူက စိုးရိမ်တကြီးနဲ့ “မင်းရဲ့ လမ်းခရီးကို မင်းယုံကြည်နေရင် မင်း အနှေးနဲ့အမြန် အဖမ်းခံရလိမ့်မယ်။ မင်း အဖမ်းခံရတာနဲ့၊ ငါလည်း ငြိစွန်းပြီး ဘာအလားအလာမှ ရှိတော့မှာ မဟုတ်ဘူး။ မင်းက ဒီလိုပဲ ဖြစ်ချင်တယ်ဆိုရင်တော့ ငါတို့ ကွာရှင်းရမှာပဲ” လို့ ပြောတယ်။ သူက သူ့စိတ်ထဲမှာ ရှိသမျှ အရာအားလုံးကို ထုတ်ပြောလာတာပါ။ ကျွန်မ တစ်ခဏလောက် ကြက်သေသေသွားတယ်။ သူက ကျွန်မ အဖမ်းခံရပြီး ဒုက္ခရောက်မှာကို စိုးရိမ်နေတာ မဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ပိုင် အနာဂတ် ထိခိုက်သွားမှာကို သူ စိုးရိမ်နေတာပဲ။ ဒီလိုအခြေအနေမျိုး ဖြစ်နေမှတော့၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မ လေးစားရမှာပေါ့။ ဒါနဲ့ ကျွန်မက “ကောင်းပြီလေ။ ကွာရှင်းဖို့ ကျွန်မ သဘောတူတယ်။ ဘယ်တော့ သွားလုပ်ကြမလဲ” လို့ ပြောလိုက်တယ်။ သူလည်း မှင်တက်သွားပြီး၊ မေးတယ်။ “မင်း သေသေချာချာ စဉ်းစားပြီးပြီလား။ နောင်ကျရင် မင်း တကယ် နောင်တမရဘူးမဟုတ်လား” တဲ့။ ကျွန်မကလည်း “လူတိုင်းက ကိုယ့်ရွေးချယ်မှုကိုယ် လုပ်နိုင်တယ်လေ၊ ပြီးတော့ လူတိုင်းမှာ လျှောက်စရာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ရှိကြတာပဲ။ ကျွန်မ နောင်တမရပါဘူး” လို့ ပြောလိုက်တယ်။ အဲဒီလိုနဲ့ပဲ ကွာရှင်းဖို့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရအောင် ကျွန်မတို့ သွားခဲ့ကြတယ်။ ပြည်သူ့ရေးရာဌာနကနေ ထွက်လာပြီး ကားပေါ် ပြန်ထိုင်လိုက်တဲ့အခါ၊ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ချထားလိုက်ရသလို ကျွန်မ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူကတော့ ငိုပြီး၊ ပြောတယ်။ “ဒီကွာရှင်းတာက ငါ့ဘဝမှာ အဝမ်းနည်းဆုံး ကိစ္စပဲ။ မင်းကို ငါ တကယ် မကွာရှင်းချင်ခဲ့ပါဘူး၊ ဒါပေမဲ့ မင်းက ဘုရားကို ယုံကြည်ဖို့ပဲ မရမက ရွေးချယ်နေတော့၊ ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့လို့ပါ” တဲ့။ သူ့ပါးပြင်ပေါ်ကို မျက်ရည်ပေါက်တွေ စီးကျလာတာကို ကျွန်မ မြင်တော့၊ တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။ ကျွန်မ စိတ်ထဲမှာ တွေးလိုက်တယ်၊ “ရှင်က ဘုရားသခင်ကို မယုံကြည်တော့၊ ရှင် နားမလည်ပါဘူးလေ။ ဒီကိစ္စတွေ အားလုံးက ကွန်မြူနစ်ပါတီကြောင့် ဖြစ်ရတာပါ။ သူက ဘုရားသခင်ကို အတိုက်အခံလုပ်တယ်၊ ဘုရားသခင်နောက်လိုက်တဲ့ သူတွေကို နှိပ်စက်ညှဉ်းပန်းတယ်၊ ပြီးတော့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ဖြန့်ဝေပြီး၊ လူတွေ ဘုရားသခင်နောက် မလိုက်အောင် တားဆီးဖို့အတွက် မိသားစုဝင်တွေကို အသုံးချတယ်။ ရှင်က ကွန်မြူနစ်ပါတီရဲ့ ဆိုးညစ်မှုကို ထိုးထွင်းမမြင်နိုင်ဘဲ ကွန်မြူနစ်ပါတီ စနစ်ထဲမှာ အရာရှိတစ်ယောက်အနေနဲ့ အလုပ်လုပ်ပြီး ရှင့်ရဲ့ အသက်မွေးဝမ်းကျောင်းကို လိုက်စားဖို့ပဲ မရမက ရွေးချယ်နေတာ။ ကျွန်မတို့ ဘယ်လိုလုပ် အတူတူ လျှောက်လှမ်းလို့ ရနိုင်တော့မှာလဲ” လို့ပေါ့။ ကားကတော့ ဆက်ထွက်လာခဲ့တယ်၊ ဒါပေမဲ့ ကျွန်မတို့ဟာ အဆုံးမှာတော့ လမ်းခွဲပြီး မတူညီတဲ့ လမ်းကြောင်းတွေဆီကို သွားကြရတော့မယ်ဆိုတာကို ကျွန်မ သိနေခဲ့တယ်။

အဲဒီအချိန်ကစပြီး၊ နောက်ဆုံးတော့ ချုပ်ချယ်မှုတွေမရှိဘဲ ဘုရားသခင်ကို လွတ်လွတ်လပ်လပ် ယုံကြည်ပြီး ကျွန်မတာဝန်ကို ထမ်းဆောင်နိုင်ခဲ့ပါပြီ။ အိမ်ထောင်ရေးနဲ့ မိသားစုဆိုတဲ့ ကျော့ကွင်းထဲကနေ တစ်ဆင့်ပြီးတစ်ဆင့် ရုန်းထွက်လွတ်မြောက်ဖို့ ကျွန်မကို ကူညီပေးခဲ့တဲ့ ဘုရားသခင်ရဲ့ ဦးဆောင်မှုအတွက် ကျွန်မ အရမ်းကို ကျေးဇူးတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင်းအုပ်ဆရာတွေနဲ့ ကျွန်တော်ရဲ့ ငြင်းခုံဆွေးနွေးမှု

ကျဲမုန် အိန္ဒိယ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို...

စိတ်ကျန်းမာရေးဆေးရုံကနေ ကျွန်မ လွတ်မြောက်လာခဲ့ပုံ

ချန်ရှောင်၊ တရုတ်ပြည်၂၀၀၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

အဖေအရင်း၏ “အကျဉ်းချမှု” ကို ခံရခြင်း

ခိုင်အန်းန ယူကရိန်းနိုင်ငံ ၂၀၂၀၊ နွေရာသီမှာပါ။ အဲဒီအချိန်တုန်းက ကျွန်မအစ်မ အယ်ဘီနာနဲ့ ကျွန်မက အိပ်မက်မှ နိုးထလာခြင်းဆိုတဲ့ အနန္တတန်ခိုးရှင်...

လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု

ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။