မိသားစု၏ ညှဉ်းပန်းနှိပ်စက်မှုကြားမှ ရွေးချယ်မှု

20.05.2026

ချင်ဖန်း၊ တရုတ်ပြည်

တစ်ချိန်တုန်းက ကျွန်မမှာ သာယာပျော်ရွှင်တဲ့ မိသားစုလေး တစ်ခုရှိခဲ့တယ်။ ကျွန်မတို့က စားဝတ်နေရေးအတွက် ပူစရာမလိုဘဲ နေထိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်မ ဒုတိယကိုယ်ဝန် လွယ်ထားရတဲ့ အစောပိုင်းကာလမှာ သွေးလေလည်ပတ်မှုကောင်းစေတဲ့ တရုတ်တိုင်းရင်းဆေးတစ်မျိုးကို ကျွန်မ သတိမထားမိဘဲ သောက်မိလိုက်တာ ကိုယ်ဝန်ပျက်ကျလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆေးကုသမှု ခံယူပြီး ကျွန်မသားလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။ ကျွန်မရော ကလေးပါ ဘေးကင်းခဲ့ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်မိရင် ကလေးက လူပုလေး ဖြစ်သွားတတ်တယ်လို့ အွန်လိုင်းမှာ ကျွန်မ ဖတ်မိလိုက်တယ်။ ဒါက ကျွန်မစိတ်နှလုံးထဲမှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာခဲ့တာပေါ့။ ကျွန်မသားထက် ငယ်တဲ့ တခြားကလေးတွေက အရပ်ပိုရှည်နေတာကို မြင်ရတိုင်း ကျွန်မရင်ထဲမှာ တော်တော်လေး နာကျင်ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ ခဏခဏ နေထိုင်ခဲ့ရတယ်လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ မျက်ရည်ကျခဲ့ရတာတွေကတော့ ဘယ်နကြိမ်မှန်းကို မသိတော့ဘူး။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှာ ကျွန်မဆွေမျိုးတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မဆီမှာ သက်သေခံခဲ့တယ်။ ပြီးတော့ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ဆိုတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သူ ကျွန်မကို ပြခဲ့တယ်။ အဲဒီထဲက စာတစ်ပိုဒ်က ကျွန်မကို အရမ်း စွဲမှတ်သွားစေခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဤကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်၍ ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းရာဇဝင်က မည်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်ပါစေ၊ သင့်ရှေ့ဆက်ခရီးတို့ မည်သည့်အရာ ဖြစ်ကောင်း ဖြစ်နိုင်ပါစေ၊ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်ခြင်းများကို မရှောင်နိုင်ပေ၊ ပြီးလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲထားသော သူတစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်း တို့ထိခဲ့တယ်။ လူ့အသက်က ဘုရားသခင်ဆီက လာတယ်၊ ကိုယ်က ဘယ်လိုကလေးမျိုး ရမယ်ဆိုတာ ကိုယ့်အပေါ် မူတည်တာမဟုတ်ဘူး၊ ပြီးတော့ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာတွေကို ကျွန်မ သိလာရတယ်။ အဲဒီအချိန်မှာ ကျွန်မ မငိုဘဲ မနေနိုင်တော့ဘူး။ ဒါနဲ့ ကျွန်မရဲ့ နာကျင်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ အားလုံးကို ဘုရားသခင်ဆီ ဖွင့်ချလိုက်တယ်။ အရင်က တစ်ခါမှ မခံစားဖူးတဲ့ လွတ်မြောက်မှုမျိုးကို ကျွန်မစိတ်နှလုံးထဲမှာ ခံစားလိုက်ရတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး ဒီလောကမှာ လူတစ်ယောက်က ယောက်ျားလေးဖြစ်မလား၊ မိန်းကလေး ဖြစ်မလား၊ သူ့ရုပ်ရည်သွင်ပြင်နဲ့ အရပ်အမောင်းတွေ အားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားတာဖြစ်ပြီး ပြင်ပအခြေအနေတွေကြောင့် ပြောင်းလဲသက်ရောက်သွားတာမျိုး မရှိဘူးဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မကလေး ကျန်းမာဖို့ ဘုရားသခင်က ပြဌာန်းထားပြီးသားဆိုရင် ကျွန်မ ဆေးသောက်မိရင်တောင်မှ သူ့ကျန်းမာရေးကို ထိခိုက်မှာ မဟုတ်ဘူးလေ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အတွင်းက သောကတွေကို ဖယ်ရှားပေးတဲ့ ကုသဆေးတစ်လက်လို့ ကျွန်မ ခံစားခဲ့ရပြီး ကျွန်မစိတ်နှလုံးထဲမှာ အရမ်းကို အေးချမ်းပြီး လွတ်မြောက်သွားသလို ခံစားခဲ့ရတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး ခြောက်လအကြာမှာ အသင်းတော်မှာ ကျွန်မ တာဝန်တွေ စထမ်းဆောင်ခဲ့တယ်။ အစတုန်းကတော့ ကျွန်မယောက်ျားက ဒါကို မကန့်ကွက်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်၊ မေလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကဲ့ရဲ့ရှုတ်ချဖို့၊ ပုတ်ခတ်စော်ကားဖို့နဲ့ နာမည်ဖျက်ဖို့အတွက် စီစီပီက ဖြန့်ဝေထားတဲ့ အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်မှုတွေ အားလုံးကို တီဗွီနဲ့ အင်တာနက်မှာ သူ မြင်သွားခဲ့ပြီး ကျွန်မရဲ့ ယုံကြည်ခြင်းကို သူ စပြီး တားဆီးပါတော့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့ ကျွန်မသုံးတဲ့ MP5 စက်ကိုတောင် သူ ရိုက်ခွဲပြီး ပြောတယ်၊ “အွန်လိုင်းမှာ သူတို့ ဘာပြောလဲ ကြည့်စမ်း။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မင်း ယုံကြည်တာကို နိုင်ငံတော်က ဆန့်ကျင်တယ်၊ ရဲတွေက မင်းကို ဖမ်းမှာ။ မင်းသာ အဖမ်းခံရရင် အရမ်း အရှက်ရဖို့ ကောင်းမှာပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေက မိသားစုတွေကို စွန့်ပစ်ပြီး ပုံမှန်ဘဝနဲ့ မနေထိုင်ကြဘူးလို့လည်း အင်တာနက်မှာ ပြောထားတယ်” တဲ့။ ကျွန်မက၊ “ဘုရားသခင်ကို ကျွန်မ စယုံကြည်ကတည်းက အခုချိန်အထိ မိသားစုကို ကျွန်မ စွန့်ပစ်ခဲ့ဖူးလား၊ ဒါမှမဟုတ် ပုံမှန်ဘဝနဲ့ နေထိုင်တာကို ရပ်တန့်ခဲ့ဖူးလား။ ကျွန်မတို့ စုဝေးတာက ဘုရားနှုတ်ကပတ်တော်တွေကို အတူတူ ဖတ်ကြရုံပါပဲ၊ ရှင်အမြင်ပဲလေ။ ကျွန်မတို့က တရားမဝင်တာ ဘာမှမလုပ်ခဲ့ဘူး၊ ဒီတော့ ရဲတွေက ကျွန်မတို့ကို ဖမ်းတာ တရားဝင်လို့လား။ ခိုးတာ၊ လုတာ၊ လောင်းကစားတာ၊ ပြည့်တန်ဆာလုပ်တာတွေကျတော့ အရေးမယူဘဲ ယုံကြည်သူတွေကိုကျတော့ သီးသန့် လိုက်ဖမ်းတယ်။ ဒါက အမှားအမှန် ပြောင်းပြန်ဖြစ်နေတာ မဟုတ်ဘူးလား” လို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လိုပဲပြောပြော ကျွန်မယောက်ျားက လုံးဝ နားမထောင်ပါဘူး။ နောက်ပိုင်းမှာ ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့အတွက် သူက ကျွန်မကို အမြဲတမ်း ညှဉ်းပန်းနှိပ်စက်တော့တာပဲ၊ ပြီးတော့ သူ စိတ်မပျော်မရွှင်ဖြစ်တိုင်း ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့အကြောင်းကိုပဲ အစဖော်တယ်။ အလုပ်ကနေ အိမ်ပြန်ရောက်လို့ ကျွန်မ မရှိတာကို မြင်တိုင်း သူက ဒေါသပေါက်ကွဲပြီး အော်ပြောတယ်၊ “ငါတို့ ဘယ်လိုလုပ် ဒီလို ဆက်နေလို့ရမှာလဲ။ မင်း ဒီလိုပုံစံနဲ့ ဆက်ယုံကြည်နေရင် ငါ ရဲခေါ်လိုက်မယ်” တဲ့။ သူက ညဘက်တွေမှာ မူးပြီး အိမ်ပြန်ရောက်လာတတ်တယ်၊ ပြီးရင် ကျွန်မကို အော်ဟစ်ပြီး ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ဖျက်ဆီးပစ်မယ်ဆိုပြီး ကျွန်မပစ္စည်းတွေကို မွှေနှောက်ရှာတော့တာပဲ။ သူက ကျွန်မ ဆံပင်ကို ဆွဲပြီး ကြမ်းပြင်ပေါ် တရွတ်တိုက်ဆွဲတဲ့အပြင်၊ သန်းခေါင်ယံကြီးမှာ ကျွန်မကို အိမ်ပေါ်က အတင်းဆင်းခိုင်းသေးတယ်။ ကျွန်မ ဒေါသထွက်ပြီး တွေးမိတယ်၊ “ငါ ဘုရားသခင်ကို ယုံကြည်တာက ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ကြရုံလေးပါ၊ ဒါကို ငါ့ယောက်ျားက ငါ့ကို ဒီလိုဆက်ဆံတယ်၊ သူက တကယ့် နတ်ဆိုးပဲ” လို့ပေါ့။ ဒေါသထွက်တဲ့အချိန်မှာ၊ ကျွန်မလည်း အိမ်ပေါ်က ဆင်းသွားဖို့ တွေးမိတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ငယ်ရွယ်တဲ့ ကလေးနှစ်ယောက်ကို တွေးမိတဲ့အခါ၊ ပြီးတော့ ကြိုးစားတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို ဒီလိုမျိုး အပျက်စီးမခံချင်တာနဲ့ပဲ ကျွန်မ သည်းခံခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ကျွန်မယောက်ျားရဲ့ ညှဉ်းပန်းနှိပ်စက်မှုက ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာပေါ့၊ နေ့လယ်စာ စားပြီးတဲ့အချိန်မှာ ကျွန်မက စုဝေးပွဲသွားဖို့ ပြင်ဆင်နေတုန်း ကျွန်မယောက်ျားက “မင်း ထပ်သွားဦးမလို့လား။ မင်း ပုံမှန်ဘဝနဲ့ မနေတော့ဘူးလား” လို့ အော်ပြောတယ်။ ကျွန်မက ပြန်ပြောတာပေါ့၊ “ကျွန်မ ပုံမှန်ဘဝနဲ့ မနေဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ အိမ်မှုကိစ္စတွေကို ကျွန်မ ဘာမှ မပျက်ကွက်ခဲ့ပါဘူး။ ထမင်းဟင်းလည်း ချက်တယ်၊ အိမ်သန့်ရှင်းရေးလည်း လုပ်တယ်၊ ပြီးတော့ ကျွန်မအတွက် ကိုယ်ပိုင်အချိန်လည်း ရှိဖို့လိုတယ်လေ” လို့ပေါ့။ ကျွန်မ တံခါးဖွင့်တော့မယ့်အချိန်မှာပဲ သူက ရုတ်တရက် တံခါးကို သော့ခတ်လိုက်ပြီး ကျွန်မ ထွက်မသွားနိုင်အောင် ပိတ်ရပ်လိုက်တယ်။ ပြီးတော့ သူ့ဖုန်းနဲ့ ကျွန်မကို ခြိမ်းခြောက်ပြီးပြောတယ်၊ “မင်း ထပ်ထွက်သွားရင် ငါ ရဲခေါ်လိုက်မယ်” တဲ့။ ပြောရင်းနဲ့ အရေးပေါ်ဖုန်းနံပါတ် ၁၁၀ ကို ရိုက်ထည့်လိုက်တယ်။ ကျွန်မ အရမ်း ထိတ်လန့်သွားတယ်။ အစိမ်းရောင် ခေါ်ဆိုမှု ခလုတ်ကို သူ နှိပ်တော့မယ့်ဆဲဆဲ ဖြစ်နေတာ မြင်တော့ ကျွန်မက “ဒီနေ့ ရှင်သာ အဲဒီဖုန်းကို ခေါ်လိုက်ရင် နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာ သိရဲ့လား။ မကောင်းမှုလုပ်ရင် ဝဋ်လည်တတ်တယ်နော်” လို့ အလျင်စလို ပြောလိုက်တယ်။ ဖုန်းကို ကိုင်ထားရင်းနဲ့ သူ့လက်တွေ ခဏလောက် တုန်ရီသွားတယ်၊ ပြီးတော့ ဖုန်းခေါ်တဲ့ နေရာကနေ ပြန်ထွက်လိုက်ပြီး ဒေါသတကြီးနဲ့ ပြောတယ်၊ “ငါ ဒီလိုပုံစံနဲ့ ဆက်မနေနိုင်တော့ဘူး။ ဒီနေ့ ငါ အလုပ်မသွားတော့ဘူး။ ဒီနေ့ မင်း တစ်ခုကို ရွေးချယ်ရမယ်။ ငါတို့ ကွာရှင်းဖို့ကိစ္စ ဆွေးနွေးရအောင် မင်းအဖေနဲ့ ငါ့အမေကို ငါ ဖုန်းခေါ်လိုက်မယ်” တဲ့။ ပြီးတော့ သူက ကျွန်မမိဘတွေနဲ့ သူ့အမေကို ဖုန်းခေါ်လိုက်တယ်။ ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး၊ ပြီးတော့ တော်တော်လေး အားနည်းသွားသလို ခံစားလိုက်ရတယ်။ နံရံပေါ်က မိသားစုဓာတ်ပုံကို ကြည့်ရင်း ကျွန်မ မတွေးဘဲ မနေနိုင်တော့ဘူး၊ “ငါတို့ ဒီအခြေအနေထိရောက်ဖို့ မလွယ်ကူခဲ့ဘူး။ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တယ်၊ အရင်တုန်းကဆိုရင် သူ့အလုပ်ကြောင့် ငါတို့ အတူတူရှိတဲ့အချိန်တွေက အရမ်း နည်းခဲ့တာ။ ဒါပေမဲ့ အခုတော့ သူလည်း အလုပ်အတည်တကျ ဖြစ်နေပြီ၊ အိမ်အကြီးကြီးနဲ့ နေနေရပြီ၊ ငါတို့ဘဝက ပူပင်စရာ မရှိဘူး။ သားလေးနဲ့ သမီးလေးက နှစ်ယောက်လုံး ထက်မြက်ပြီး ကျန်းမာကြတယ်။ မိသားစုရော၊ အလုပ်အကိုင်ရော ငါတို့ တကယ် အဆင်ပြေနေပြီ။ ငါတို့သာ ကွာရှင်းလိုက်ရင် ငါ ဒါတွေအားလုံး ဆုံးရှုံးရမှာ။ ဘုရားသခင်ကို ယုံကြည်လို့ ညှဉ်းပန်းနှိပ်စက်မှုတချို့ကို ငါ ရင်ဆိုင်နေရပေမဲ့ အနည်းဆုံးတော့ ငါ့မှာ ပြည့်စုံတဲ့ မိသားစုလေး ရှိနေတယ်၊ ကလေးတွေမှာလည်း အဖေရော အမေရော ရှိနေကြတာ။ ငါတို့ ဘယ်လိုလုပ် ဒီလိုပဲ လွယ်လွယ်ကူကူ ကွာရှင်းလိုက်လို့ ဖြစ်မှာလဲ။ အဲဒီအဆင့်ထိ ငါ ရောက်မသွားစေချင်ဘူး” လို့ပေါ့။ မိဘတွေကို ဖုန်းမခေါ်အောင် သူ့ကို မတားမိခဲ့တဲ့အတွက် ကျွန်မ နောင်တရမိတယ်။ ကျွန်မသာ သူ့သဘောကျ လိုက်ပြောလိုက်ပြီး ခဏလောက် အပြင်မထွက်ဘဲ နေဖို့ သဘောတူလိုက်ရင် သူ ကွာရှင်းဖို့အကြောင်း ထုတ်ပြောချင်မှ ပြောမှာ။ ဒီကိစ္စတွေကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ ကျွန်မ မသိတာနဲ့ ဘုရားသခင် ကျွန်မကို လမ်းပြပေးဖို့ မျှော်လင့်ရင်း သူ့ဆီ ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာ သခင်ယေရှု ပြောခဲ့တဲ့ စကားကို ကျွန်မ သတိရလိုက်တယ်။ “ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်။(ရှင်လုကာခရစ်ဝင် ၉:၆၂) အလင်းတန်းတစ်ခုက ကျွန်မ နှလုံးသားထဲကို ထိုးဖောက်ဝင်သွားသလို ခံစားလိုက်ရပြီး ချက်ချင်း လင်းလက်သွားသလိုပါပဲ။ ပြီးတော့ ကျွန်မ တွေးမိတယ်၊ “ငါက ကိုယ့်ဇာတိပကတိအတွက်ပဲ စဉ်းစားနေတာ မဟုတ်ဘူးလား။ ငါ့မိသားစုနဲ့ ယုံကြည်ခြင်းကြားမှာ ငါက မိသားစု ဆုံးရှုံးရမှာ ကြောက်နေပြီး ငါ့ယောက်ျားကို သူ့သဘောကျ လိုက်မပြောမိခဲ့လို့ နောင်တရနေတာပဲ။ ငါက သူ့ကို အလျှော့ပေးပြီး ဘုရားသခင်ကို သစ္စာဖောက်ပြီးတော့ ငါ့မိသားစုကို ထိန်းသိမ်းဖို့ ကြိုးစားနေတာပဲ။ ငါက ဘုရားသခင်အတွက် ဘယ်လိုများ သက်သေခံနေလို့လဲ” လို့ပေါ့။ သားလေးရဲ့ ကိစ္စတွေကြောင့် ကျွန်မ ဆိုးဆိုးရွားရွား ဒုက္ခခံစားခဲ့ရတဲ့ နေ့ရက်တွေကို ပြန်ပြောင်းသတိရမိတယ်၊ ပြီးတော့ “ဘုရားသခင်သာ ငါ့ကို မကယ်တင်ခဲ့ရင် အခုလို ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် နေနိုင်မှာလဲ။ ငါ ဒီလောက် ကျေးဇူးကန်းလို့ မဖြစ်ဘူး၊ အသိစိတ် ကင်းမဲ့လို့ မဖြစ်ဘူး” လို့ တွေးမိတယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးကို ယုံကြည်ခြင်း ပေးသနားတော်မူပါ။ နောက်ဆက်တွဲ ဘာပဲဖြစ်လာပါစေ၊ သမီးတို့ တကယ် ကွာရှင်းရရင်တောင်မှ ကိုယ်တော့်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ဖို့ကိုပဲ သမီး ရွေးချယ်ဦးမှာပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မရင်ထဲ လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။

အဲဒီနေ့ မွန်းလွဲပိုင်းမှာ ကျွန်မအဖေ၊ ညီမလေးနှစ်ယောက်နဲ့ ယောက္ခမတွေ အကုန်လုံး ရောက်လာကြတယ်။ သူတို့အားလုံးက ကျွန်မယောက်ျားစကားကို ယုံပြီး သူနဲ့ပေါင်းပြီး ကျွန်မကို ညှဉ်းပန်းနှိပ်စက်ကြတော့တာပါပဲ။ နောက်ဆုံးကျတော့ အဖေနဲ့ ညီမလေးတွေက ကျွန်မကို ကားပေါ် အတင်းဆွဲတင်ပြီး ကျွန်မရဲ့ ဇာတိမြို့ကို ပြန်ခေါ်သွားကြတယ်။ မိဘတွေအိမ် ရောက်တော့ သူတို့က နေ့တိုင်း ကျွန်မကို ဝိုင်းပြီး ဖိအားပေးကြတယ်။ ကျွန်မက ဘုရားသခင်ကို ဇွဲနဲနဲ ယုံကြည်နေတာကို အဖေ မြင်သွားတယ်၊ နောက်တော့ တစ်နေ့ နေ့လယ်စာ စားနေတုန်း သူက ပြောတယ်၊ “နိုင်ငံတော်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းပြီး ဖမ်းဆီးနေတာကွ။ မင်းသာ အဖမ်းခံရပြီး နှစ်နှစ်သုံးနှစ် ထောင်ကျသွားရင် မင်းယောက်ျားက မင်းကို လိုချင်ဦးမယ် ထင်လို့လား။ နောက်ဆုံးကျရင် မင်း အိမ်ရာမဲ့ ဖြစ်သွားမှာ။ ဘာလို့ ဒီလို ဒုက္ခခံနေမှာလဲ။ ငါတို့စကား နားထောင်စမ်းပါ၊ မင်းရဲ့ ဒီယုံကြည်ခြင်းကို စွန့်လွှတ်လိုက်ပါ။ တီဗီမှာ ပြောတာက မင်းတို့အဖွဲ့က နိုင်ငံတော်ကို ဆန့်ကျင်နေတာတဲ့၊ နိုင်ငံတော်ကို ဆန့်ကျင်လို့ ဘာကောင်းတာရလာမှာလဲ။ ကိုယ့်မိသားစုကိုယ် အခု ကြည့်စမ်းပါဦး၊ အိမ်ပိုင်၊ ကားပိုင်တယ်၊ ကလေးနှစ်ယောက်က ထက်မြက်ပြီး လိမ်မာတယ်။ ဒီလောက်ကောင်းတဲ့ ဘဝကို စွန့်လွှတ်ပြီး ဘာလို့ ဘုရားသခင်ကို ဆက်ယုံကြည်နေရတာလဲ။ မင်းက ဘယ်လောက် ကံကောင်းလဲဆိုတာ တကယ် မသိတာပဲ” တဲ့။ နားထောင်လေလေ ကျွန်မ ပိုဒေါသထွက်လေလေပါပဲ။ သူ ဘာတွေ ပြောနေတာလဲ၊ ကျွန်မကို နိုင်ငံတော် ဆန့်ကျင်သူလို့ ခေါ်တယ်ပေါ့။ နိုင်ငံတော်ကို ဆန့်ကျင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘုရားနှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ “ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သည့်တိုင် နိုင်ငံနှင့် လူမျိုးတိုင်း၏ ကံကြမ္မာကို သူ ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဒါနဲ့ ကျွန်မက တည်တည်ငြိမ်ငြိမ်နဲ့ လေးလေးနက်နက် ပြောလိုက်တယ်၊ “အဖေ၊ ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာ သမီးတို့က ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ စုဝေးကြတာပါ။ ဘုရားသခင်က သမီးတို့ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်ဖို့နဲ့ ပုံမှန် လူ့သဘာဝနဲ့ အသက်ရှင်နေထိုင်ဖို့ လမ်းပြပေးတာပါ။ သမီးတို့က ဘယ်လိုလုပ် နိုင်ငံတော်ကို ဆန့်ကျင်ရာ ရောက်မှာလဲ။ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယုံလို့မဖြစ်ဘူးလေ” လို့ပေါ့။ ဒါပေမဲ့ ကျွန်မအမေက ကျွန်မ နားမထောင်တာကို မြင်တော့ ကျွန်မကို အော်ပြောတယ်၊ “ညည်း ဒီလိုပဲ ဆက်လုပ်နေရင် အဖမ်းခံရပြီး အကုန် ဆုံးရှုံးကုန်မှာပဲ။ အဲဒီကျရင် မင်းဘဝ ဘယ်လိုဖြစ်သွားမလဲ။ ညည်း ယုံကြည်ချင်ရင် ငါနဲ့သာလိုက်ခဲ့၊ ဘုရားကျောင်းသွားပြီး ‘သရီးဆဲလ်’ အသင်းတော်မှာ ဘုရားသခင်ကို ယုံကြည်လိုက်” တဲ့။ ဒါနဲ့ ကျွန်မက “စီစီပီက ‘သရီးဆဲလ်’ အသင်းတော်က လူတွေကို မဖမ်းဘူး၊ ဘာလို့လဲဆိုတော့ အဲဒီ ဘုရားကျောင်းက လူတွေက စီစီပီ စကား နားထောင်လို့လေ။ သူတို့က သခင်ယေရှုကို ယုံကြည်တယ်လို့ ပြောပေမဲ့ တကယ်တမ်းကျတော့ လူ့စကား နားထောင်ပြီး လူကို ယုံကြည်နေကြတာ၊ ဘုရားသခင်ကို ယုံကြည်တာ မဟုတ်ဘူး။ မှန်ကန်တဲ့ လမ်းခရီးက အမြဲတမ်း ညှဉ်းပန်းနှိပ်စက် ခံရတာပဲ။ ယုဒပြည်မှာ သခင်ယေရှု အမှုပြုတုန်းက၊ ရောမအစိုးရနဲ့ ဖာရိရှဲတွေရဲ့ နာမည်ဖျက်တာ၊ ပြစ်တင်ရှုတ်ချတာ ခံခဲ့ရတာပဲ။ သခင်ဘုရားနောက်လိုက်တဲ့ တပည့်တော်တွေက ဧဝံဂေလိ ဟောပြောလို့ ရောမအစိုးရရဲ့ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရတာပဲ။ သခင်ယေရှုက စစ်မှန်တဲ့ ဘုရားသခင် မဟုတ်ဘူး၊ မှန်ကန်တဲ့ လမ်းခရီး မဟုတ်ဘူးလို့ အမေ ပြောနိုင်လား။ ဒီနေ့ ကျွန်မတို့က စစ်မှန်တဲ့ ဘုရားသခင်ကို ယုံကြည်တာ၊ ဒီတော့ စာတန်ဆန်တဲ့ စီစီပီအစိုးရရဲ့ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာကို ကျွန်မတို့ ရှောင်လွှဲလို့ မရဘူး။ အမေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ကိုယ်တော်က ကျေးဇူးတော်ခေတ် အုတ်မြစ်ပေါ်မှာ အမှုတော် အဆင့်သစ်တစ်ရပ်ကို ဆောင်ရွက်နေတဲ့ ဘုရားသခင်ပါ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့ ကိုယ်တော် ကြွလာတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာ ဘုရားသခင်ရဲ့ အမှုတော်အသစ်နောက်ကို သမီးတို့ လိုက်လျှောက်နေတာပါ။ အမေတို့ သခင်ယေရှုကို ယုံကြည်နိုင်ခဲ့တာက၊ သာသနာပြုတွေ အများကြီးက မိသားစုတွေ၊ အလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး တရုတ်ပြည်ကို လာ ဧဝံဂေလိ ဟောခဲ့ကြလို့ပဲ မဟုတ်ဘူးလား” လို့ ပြောလိုက်တယ်။ ကျွန်မရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်ချက်ကို အဖေ မြင်တော့ ကျွန်မစကားကို ဖြတ်ပြောပြီး ဒေါသတကြီး မေးတယ်၊ “ဒါဆို မင်း နောက်ပြန်လှည့်စရာ လမ်းမရှိတော့ဘူးလို့ ပြောချင်တာလား။ မင်းရဲ့ ယုံကြည်ခြင်းကိုပဲ ဆက်ပြီး ဖက်တွယ်ထားတော့မယ်ပေါ့။ ငါတို့က မိဘတွေအနေနဲ့ မင်းကောင်းဖို့အတွက် လုပ်နေတာ။ မင်း အဖမ်းခံရရင် ငါတို့ သတိမပေးခဲ့လို့ဆိုပြီး အပြစ်မတင်နဲ့။ ငါတို့ပြောတာ နားမထောင်ဘဲ မင်း ဒီဆက်ပြီး ယုံကြည်နေမယ်ဆိုရင် ငါ မင်းကို သမီးအဖြစ်ကနေ စွန့်လွှတ်လိုက်မယ်။ ကွာရှင်းပြီးရင် မင်း ကြိုက်တဲ့ဆီ သွားနိုင်တယ်။ ဒီမိသားစုက မင်းကို မလိုချင်တော့ဘူး” တဲ့။ အဖေ ပြောပြီးတဲ့နောက်မှာ မျက်ရည်တွေ ကျလာတယ်။ သူ ဝမ်းနည်းပက်လက် ဖြစ်နေတာကို မြင်တော့ ကျွန်မပါ လိုက်ငိုမိတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ရှေ့မှာ သမီးရဲ့ စိတ်နှလုံးကို ငြိမ်သက်စေတော်မူပါ။ ဒီလို အခြေအနေမျိုးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သမီး မသိပါဘူး။ သမီးကို ယုံကြည်ခြင်း ပေးသနားပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုနဲ့အတူ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်။ အဖေက ကျွန်မကို ဖျောင်းဖျဖို့ ကြိုးစားနေသလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ စာတန်က ကျွန်မရဲ့ သံယောဇဉ်ကို အသုံးချပြီး ကျွန်မကို သူ့ဘက်ကို ပါလာအောင်၊ ဘုရားသခင်ကို စွန့်ခွာပြီး သစ္စာဖောက်လာအောင် ကြိုးစားနေတာပဲ။ ကျွန်မသာ အဖေတို့ဘက် ပါသွားရင် စာတန်ရဲ့ လှည့်ကွက်ထဲ မိသွားမှာပဲ မဟုတ်ဘူးလား။ ရုတ်တရက် သခင်ယေရှု ပြောခဲ့တဲ့ စကားတွေကို ကျွန်မ သတိရလိုက်တယ်။ “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၇) ကျွန်မ ပိုင်ဆိုင်သမျှ အရာအားလုံးက ဘုရားသခင်ဆီက လာတာ၊ ကျွန်မရဲ့ အသက်ကလည်း ကိုယ်တော်ဆီက လာတာပဲ။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ ဒီတော့ အဖေ့ရဲ့ ခံစားချက်ကို ငဲ့ညှာဖို့အတွက်နဲ့ ဘုရားသခင်ကို ယုံကြည်တာကို ကျွန်မ မစွန့်လွှတ်နိုင်ပါဘူး။ ပေတရုရဲ့ အတွေ့အကြုံကိုလည်း ကျွန်မ တွေးမိတယ်။ ပေတရုရဲ့ မိဘတွေက သူ့ကို အရာရှိလုပ်ပြီး အောင်မြင်ကျော်ကြားဖို့ မျှော်လင့်ခဲ့ကြတယ်၊ ပြီးတော့ ပေတရုက ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ်တော့်အတွက် သူ့ကိုယ်သူ အသုံးခံတာကို သူတို့က ဆန့်ကျင်ပြီး တားဆီးခဲ့ကြတယ်။ ဒါပေမဲ့ ပေတရုကတော့ မိဘတွေကို ပြတ်ပြတ်သားသား စွန့်ခွာခဲ့ပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါကို စိတ်ထဲမှာ တွေးမိတော့ ကျွန်မ ယုံကြည်ခြင်း ရရှိလာပြီး ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မရဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာတယ်။ အဖေ ဘာပဲပြောပြော စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မ မြင်အောင်ကြည့်ပြီး အလှည့်စားမခံရဖို့ လိုတယ်။ ကျွန်မ ဘာမှ ပြန်မပြောတာကို အဖေ မြင်တော့ ဒေါသတကြီးနဲ့ ထပ်ပြီး ဖိအားပေးတယ်၊ “ဒါဆို မင်းက ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီပေါ့။ မင်းကို ဘာကမှ တားလို့မရတော့ဘူးပေါ့” တဲ့။ ကျွန်မက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်တယ်၊ “လုံးဝ ဘယ်အရာကမှ တားလို့မရပါဘူး။ ဘုရားသခင်ကိုပဲ သမီး ဆက်ပြီး ခိုင်ခိုင်မြဲမြဲ ယုံကြည်နေမှာပါ။ ကျွန်မ ကျေးဇူးကန်းတဲ့သူ မဖြစ်ချင်ပါဘူး။ အရင်တုန်းက သမီးရဲ့သားလေး လူပု ဖြစ်သွားမှာကို ကျွန်မ အမြဲ စိုးရိမ်ခဲ့တာ။ နေ့တိုင်း ကြောက်ရွံ့မှု၊ နာကျင်မှု၊ အပြစ်ရှိစိတ်တွေနဲ့ သမီး နေခဲ့ရတယ်။ အဲဒီတုန်းက အဖေတို့ အားလုံးက ကံစီမံရာအတိုင်းပဲ နေဖို့ သမီးကို အကြံပေးခဲ့ကြပေမဲ့ သမီးရင်ထဲက နာကျင်မှုကို သမီးပဲ နားလည်ခဲ့တာပါ။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို လက်ခံပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုလိုက်လို့ သမ္မာတရားကို နားလည်လာမှပဲ သမီး ရင်ထဲက နာကျင်မှုတွေ သက်သာသွားခဲ့တာ။ ဘုရားသခင်သာ သမီးကို မကယ်တင်ခဲ့ရင် ဘယ်သူသိမှာလဲ၊ တစ်နေ့ကျရင် သမီး မခံစားနိုင်တော့ဘဲ သေဖို့ ရွေးချယ်မိရင် ရွေးချယ်မိမှာ၊ အဲဒီကျရင် အဖေတို့ သမီးတစ်ယောက် ဆုံးရှုံးရမှာ။ သမီးအတွက် အကောင်းဆုံး ဖြစ်တာကို အဖေတို့ မလိုချင်ဘူးလား” လို့ပေါ့။ ကျွန်မရဲ့ စိတ်ပိုင်းဖြတ်ချက်ကို အဖေ မြင်တော့ စူပုပ်ပြီး ငြိမ်ကျသွားတယ်။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို တိတ်တဆိတ် ဖတ်နေတာကို အဖေ ထပ်မြင်သွားပြီး ဒေါသတကြီး ပြောတယ်၊ “မင်းရဲ့ ဘုရားသခင်ကို ဒီလိုပဲ ဆက်ယုံကြည်နေမယ်ဆိုရင် ငါ ရဲခေါ်ပြီး မင်းကို ဖမ်းခိုင်းလိုက်မယ်။ ပြီးရင် မင်းကို သတိလစ်တဲ့အထိ ရိုက်ခိုင်းလိုက်မယ်။ မင်း မပြောင်းလဲဘူးဆိုတာ ငါ မယုံဘူး” တဲ့။ အဖေ့မျက်လုံးတွေ ဒေါသကြောင့် နီရဲနေပြီး သူ့မျက်နှာထားက မဲမှောင်နေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ဘုရားသခင်ကို ကျွန်မ မယုံကြည်အောင် တားဆီးဖို့သက်သက်နဲ့ သူက ကျွန်မကို ထောင်ထဲပို့ပြီး စီစီပီ နှိပ်စက်တာကိုခံရဖို့တောင် လိုလားနေခဲ့တာ။ သူ ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ။ ဒါ ကျွန်မ အမြဲ သိကျွမ်းခဲ့တဲ့ ဖခင်အရင်း ဟုတ်ရဲ့လား။ သူက စီစီပီရဲ့ ကြံရာပါနဲ့ စာတန်ရဲ့ အစေခံ ဖြစ်သွားပြီ မဟုတ်ဘူးလား။ အဖေ့ရဲ့ အနှစ်သာရက ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်တာဖြစ်မှန်း ကျွန်မ တွေ့လိုက်ရတယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တဲ့သူတွေက ကျွန်မ ချစ်သင့်တဲ့သူတွေပါ။ ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်တဲ့သူတွေ အားလုံးက ဘုရားသခင်ရဲ့ ရန်သူတွေပါ။ သူတို့က နတ်ဆိုးတွေပါ။ ဘုရားသခင်က သူတို့ကို ရွံရှာတဲ့အတွက် ကျွန်မကလည်း သူတို့ကို စွန့်ပယ်သင့်ပါတယ်။ ကျွန်မအနေနဲ့ မိဘတွေရဲ့ ဘောင်ခတ်တာကို မခံဘဲ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ပြီး ဘုရားသခင်နောက်ကို ပြတ်ပြတ်သားသား လိုက်ရပါမယ်။

ကျွန်မ မိဘတွေအိမ်မှာ နှစ်လခွဲ နေခဲ့တယ်။ ကျွန်မ ကိုယ့်အိမ် ပြန်ရောက်တော့ ကျွန်မယောက်ျားက ကျွန်မ ဘုရားသခင်ကို မယုံကြည်တော့ဘူး ထင်ပြီး ကျွန်မအပေါ်ထားတဲ့ သူ့သဘောထားက အများကြီး ပျော့ပျောင်းသွားတယ်။ နှစ်ပတ်သုံးပတ်လောက် ကြာတော့ ကျွန်မ ဘုရားသခင်ကို ယုံကြည်နေတုန်းပဲဆိုတာ သူ သိသွားပြီး ဒေါသတကြီးနဲ့ ပြောတယ်၊ “မင်း စုဝေးပွဲတွေ တက်ပြီး ဘုရားသခင်ကို ယုံကြည်နေတုန်းပဲလား။ ဒီကနေ အခုချက်ချင်း ထွက်သွားစမ်း” တဲ့။ အဲဒီလိုပြောပြီး သူက တံခါးဆီကို ခြေလှမ်းကျဲကြီးနဲ့ လျှောက်သွားပြီး တံခါးဖွင့်လိုက်တယ်၊ ပြီးတော့ ကျွန်မကို အော်ပြောတယ်၊ “ထွက်သွား။ ဒီမိသားစုက မင်းကို မလိုချင်တော့ဘူး။ မင်း ကြိုက်တဲ့ဆီ သွားတော့” တဲ့။ အမှန်တကယ်တော့ ကျွန်မ အိမ်ကနေ မထွက်သွားချင်ပါဘူး၊ သူ့ကို ဟန်လုပ်ပြချင်ရုံ သက်သက်ပါ။ ကျွန်မ အိပ်ခန်းထဲ ဝင်သွားပြီး အဝတ်ဘီဒိုထဲက ခရီးဆောင်အိတ်ကို ယူလိုက်တယ်၊ ပြီးတော့ ကျွန်မရဲ့ အဝတ်အစားတွေကို သိမ်းဆည်းပြီး အိတ်ထဲကို ထည့်လိုက်တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ အဝတ်အစားတွေ သိမ်းနေတာကို သူ မြင်ရင် လင်မယား သံယောဇဉ်ကို သတိရလောက်မယ်။ ငါ တကယ် ထွက်သွားတော့မယ်ဆိုတာ သူ မြင်ရင် သူ အလျှော့ပေးရင် အလျှော့ပေးမှာ” လို့ပေါ့။ မမျှော်လင့်ဘဲ ကျွန်မယောက်ျားက ဧည့်ခန်းထဲကနေ ဝင်လာပြီး ကျွန်မဆီက ခရီးဆောင်အိတ်ကို ဆွဲလုလိုက်တယ်။ သူက အဝတ်အစားတွေ အကုန်လုံးကို ကုတင်ပေါ် မှောက်ချလိုက်ပြီး မွှေနှောက်ရှာဖွေရင်း ကျွန်မကို ဆဲဆိုပြီး ပြောတယ်၊ “ငါ့အိမ်က တန်ဖိုးကြီးပစ္စည်းတွေအကုန် မင်း ယူသွားသလားဆိုတာ ငါ ကြည့်မယ်” တဲ့။ ကျွန်မယောက်ျား ရှုပ်ပွအောင် လုပ်ထားတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ကျွန်မ ဒေါသထွက်မိတယ်။ ကျွန်မတို့ အတူတူ နေလာတာ ဆယ်နှစ်ရှိပြီ၊ သူ ဘယ်လိုလုပ် ကျွန်မကို ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ။ သူက ကျွန်မကို သူခိုးတစ်ယောက်လို ဆက်ဆံနေတာပဲ၊ ကျွန်မ ရင်ထဲမှာ လုံးဝ အေးစက်သွားတယ်။ ကျွန်မ အဝတ်အစားတွေကို ခရီးဆောင်အိတ်ထဲ ပြန်ထည့်ပြီး တံခါးပေါက်ကနေ ထွက်လာခဲ့တယ်။ ခုနလေးတင် ဖြစ်ပျက်ခဲ့တာတွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မ ရင်ထဲ နာကျင်ရပြီး မငိုဘဲ မနေနိုင်တော့ဘူး။ ပြီးတော့ တွေးမိတယ်၊ “ငါ့ယောက်ျားက တကယ်ကို ရက်စက်တာပဲ။ ငါက ဘုရားသခင်ကို ယုံကြည်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာပါ၊ ဒါကို သူက ငါ့ကို အိမ်ကနေ ထပ်ပြီး အတင်းနှင်ချနေတယ်။ ငါ့မိသားစုက တကယ်ပဲ ဒီလိုနဲ့ ပြိုကွဲရတော့မှာလား” လို့ပေါ့။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်ရတာ သမီးအတွက် အရမ်း ခက်ခဲပါတယ်။ သမီးစိတ်နှလုံးက အရမ်း အားနည်းနေပါတယ်။ ရှေ့ဆက်ရမယ့် လမ်းကို ဘယ်လို လျှောက်ရမလဲဆိုတာ သမီး မသိပါဘူး။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးပါ” လို့ပေါ့။ ဒီနောက်ပိုင်း ကျွန်မ ညီအစ်မတစ်ယောက်ရဲ့ အိမ်မှာ သွားနေလိုက်တယ်။

နောက်ရက် မွန်းလွဲပိုင်းရောက်တော့ ကျွန်မ လုံးဝ စိတ်မငြိမ်နိုင်ဘူး ဖြစ်နေတယ်။ ငါးနှစ်ပဲ ရှိသေးပြီး ကျွန်မနဲ့ တစ်ခါမှ မခွဲဖူးတဲ့ သားလေးကို ကျွန်မ သတိရမိတယ်။ ကျွန်မ သူ့ဘေးမှာ မရှိဘဲ သူ တကယ် နေနိုင်ပါ့မလား။ ကလေးရဲ့ နုနယ်တဲ့ မျက်နှာလေးနဲ့ သူ့အနာဂတ်ကို တွေးမိရုံနဲ့တင် ကျွန်မနှလုံးသားက အစိတ်စိတ်အမွှာမွှာကွဲသွားတယ်။ သူ သူ့အမေကို ရှာနေရင် ဘယ်လိုလုပ်မလဲလို့ ကျွန်မ စိတ်ပူမိတယ်။ ကျွန်မယောက်ျားက ဒေါသနဲ့ တစ်ခုခု လုပ်လိုက်မလား။ ဒီကိစ္စတွေ အားလုံးက အသင်းတော်နဲ့ ညီအစ်ကိုမောင်နှမတွေကို ပတ်သက်သွားစေမလားပေါ့။ အဲဒီညမှာပဲ ကျွန်မ အိမ်ပြန်သွားခဲ့တယ်။ ကျွန်မရဲ့ ယောက္ခမတွေက အဲဒီမှာ ရှိနေကြပြီး ကျွန်မယောကျာ်းကတော့ ကလေးတွေနဲ့ အပြင်မှာ ထမင်းစားနေခဲ့တယ်။ ကျွန်မ ယောက္ခမက ပြောတယ်၊ “မင်း ထွက်သွားပြီးကတည်းက ငါတို့အားလုံး မင်းအတွက် အရမ်း စိတ်ပူနေခဲ့ကြတာ။ ပုံမှန်ဘဝနဲ့ပဲ နေပြီး မင်းရဲ့ ဒီယုံကြည်ခြင်းကို စွန့်လွှတ်လိုက်ပါတော့။ မင်းက တကယ်ပဲ ဒီလောက်ပြဿနာကြီးလုပ်ပြီး ကွာရှင်းတဲ့အထိ ဖြစ်ချင်နေတာလား” တဲ့။ ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ်၊ “အမေ၊ ကျွန်မက ပုံမှန်ဘဝနဲ့ မနေချင်တာ မဟုတ်ပါဘူး၊ အမေ့သားက ကျွန်မကို လက်မခံနိုင်တာပါ” လို့ပေါ့။ ကျွန်မ ယောက္ခမက စိုးရိမ်တကြီး ပြောတယ်၊ “ကွာရှင်းတာက လူကြီးတွေအတွက် ဘာမှ မဟုတ်ပေမဲ့ ပြဿနာက ကလေးတွေ ဒုက္ခရောက်မှာ။ သူတို့က အရမ်း ငယ်သေးတာ။ ကျေးဇူးပြုပြီး ကလေးတွေအတွက် ထည့်စဉ်းစားပါဦး” တဲ့။ ယောက္ခမ ဒီလိုပြောတာ ကြားတော့ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်ရပြီး မျက်ရည်တွေ ဝဲလာတယ်။ အမှန်တကယ်တော့ ကျွန်မ အစိုးရိမ်ဆုံးက ကလေးတွေပါ။ ကျွန်မသာ ထွက်သွားရင် သူတို့ဘဝ ဘယ်လို ဖြစ်သွားမလဲ။ သိပ်မကြာခင်မှာပဲ ကျွန်မယောက်ျားက ကလေးတွေနဲ့အတူ ပြန်ရောက်လာတယ်။ သူတို့ အိမ်ထဲ ဝင်လာတာနဲ့ ကလေးတွေက ကျွန်မကို မြင်ပြီး ကျွန်မဆီ လျှောက်လာကြတယ်။ ဒါပေမဲ့ ကျွန်မယောက်ျားက ကျွန်မနား မကပ်ဖို့ လှမ်းအော်ပြောတယ်၊ ပြီးတော့ သားလေး ညအိပ်ဖို့အတွက် သမီးလေးကို သွားသိပ်ခိုင်းလိုက်တယ်။ ကလေးတွေက အိပ်ခန်းထဲကို လိမ်လိမ်မာမာနဲ့ သွားနေတာကို မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေက မလိုအပ်ပါလားလို့ ကျွန်မ ခံစားလိုက်ရတယ်။ ဘုရားသခင်က လူ့အသက်ရဲ့ ရင်းမြစ် ဖြစ်ပြီး အရာခပ်သိမ်းကို အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲထားပါတယ်။ ကျွန်မ ကလေးတွေရဲ့ အနာဂတ် ကံကြမ္မာကလည်း ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေအောက်မှာ ရှိပါတယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်ခြင်းများကို မရှောင်နိုင်ပေ၊ ပြီးလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲထားသော သူတစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ ကနဦးတွင် လူသားစတင်ဖြစ်တည်လာကတည်းက ဘုရားသခင်သည် သူ၏အမှုကို ဤနည်းဖြင့် အစဉ်သဖြင့် ထမ်းဆောင်နေခဲ့ကာ စကြဝဠာကို စီမံခန့်ခွဲနေခဲ့ပြီး အရာခပ်သိမ်းအတွက် ပြောင်းလဲမှုဥပဒေသများနှင့် ယင်းတို့၏ ရွေ့လျားခြင်း လမ်းကြောင်းတို့ကို လမ်းညွှန်ပေးနေခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်မှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးခံရခြင်းကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်။ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏ လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး သူ၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအရာအားလုံးကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျား၊ ပြောင်းလဲကာ အသစ်ပြန်ဖြစ်ပြီး ကွယ်ပျောက်သွားမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည့်ပုံစံဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ကျွန်မတို့ တစ်ယောက်စီတိုင်းက မွေးဖွားလာတဲ့ အခိုက်အတန့်ကစပြီး ဘုရားသခင် ပြဌာန်းထားတဲ့ ဘဝလမ်းကြောင်းအတိုင်း အသက်ရှင်ကြရတာ၊ ကိုယ့်အခန်းကဏ္ဍအလိုက် ပါဝင်ရတာပါ။ ဘဝမှာ ကျွန်မတို့ ကြုံတွေ့ရတဲ့ အခြေအနေ အမျိုးအစားတွေ အားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ထားရှိမှုရဲ့ အစိတ်အပိုင်းတွေပါပဲ။ လူတွေမှာ ဒါတွေအားလုံးကို ပြောင်းလဲဖို့ တန်ခိုးအာဏာ လုံးဝ မရှိပါဘူး။ ကျွန်မ ကလေးတွေ ကြီးပြင်းလာတဲ့အခါ ဘယ်လို ဒုက္ခဆင်းရဲတွေ ခံစားရမယ်၊ ဘယ်လို ကောင်းချီးတွေ ခံစားရမယ်၊ လူတွေက သူတို့ကို ဘယ်လို ဆက်ဆံမယ်၊ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ် အခြေအနေ ဘယ်လို ရှိမယ်ဆိုတာတွေ အားလုံးက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေအောက်မှာ ရှိပါတယ်။ ကျွန်မ ကလေးတွေရဲ့ ကံကြမ္မာက ကျွန်မရဲ့ ဂရုစိုက် ပြုစုပျိုးထောင်မှုကြောင့် ပြောင်းလဲသွားမှာ မဟုတ်သလို၊ ကျွန်မ ထွက်ခွာသွားတာကလည်း သူတို့ရဲ့ ကြီးထွားမှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ကျွန်မ ကလေးတွေရဲ့ ကံကြမ္မာ ဘယ်လို ဖြစ်မယ်ဆိုတာကို ဘုရားသခင်က ဟိုးအရင်ကတည်းက စီစဉ်ထားပြီးသားပါ။ အဲဒီနေ့က သမီးလေးက သားလေးကို ဂရုစိုက်ပေးနေတာက လူတစ်ယောက်က နောက်လူတစ်ယောက် မရှိဘဲနဲ့နေနိုင်ပြီး တစ်ယောက်စီမှာ ကိုယ်ပိုင် အသက်ရှင်နည်း ရှိတယ်ဆိုတာကို ကျွန်မကို ပြောပြနေတဲ့ပုံပါပဲ။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် လူ၊ ဖြစ်ရပ်နဲ့ အမှုအရာ အားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးမှာပါ၊ ပြီးတော့ လူတစ်ယောက်စီရဲ့ ကြီးထွားမှုအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တွေကို ပြင်ဆင်ပေးမှာပါ။ ဒါကို စိတ်ထဲမှာ တွေးမိတော့ ကျွန်မ ပိုပြီး စိတ်အေးသွားတယ်၊ ပြီးတော့ ကျွန်မ ကလေးတွေကို ဘုရားသခင်ဆီ အပ်နှံဖို့ ဆန္ဒရှိလာတယ်။ အံ့ဩစရာကောင်းတာက ကလေးတွေ အိပ်သွားပြီးတဲ့နောက်မှာ ကျွန်မယောက်ျားက တံခါးကို ထပ်ဖွင့်ပြီး ကျွန်မကို မောင်းထုတ်ဖို့ ကြိုးစားပြန်တယ်၊ ယောက္ခမတွေက သူ့ကို ဝိုင်းဖျောင်းဖျမှပဲ သူက သောင်းကျန်းတာကို ရပ်လိုက်တာ။

အဲဒီညက ကျွန်မ ကုတင်ပေါ် လှဲရင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မယောက်ျားက စီစီပီ ဖြန့်တဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ နတ်ဆိုးဆန်တဲ့ စကားတွေကို ယုံကြည်ပြီးကတည်းက သူ့အကျိုးစီးပွားတွေကို ထိခိုက်မှာ ကြောက်ပြီး ဒေါသထွက်လာခဲ့တာပါ၊ လင်မယား သံယောဇဉ်ကိုတောင် ထည့်မတွက်ဘဲ ကျွန်မရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်လာအောင် သူက ကျွန်မကို အိမ်ကနေ မောင်းထုတ်ဖို့ ကြိုးစားလိုက်၊ ကွာရှင်းမယ်လို့ ခြိမ်းခြောက်လိုက်နဲ့ အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ ပြီးတော့ ကျွန်မကို ထိန်းချုပ်ပြီး စောင့်ကြည့်ဖို့ ကျွန်မ မိဘတွေကို ခိုင်းခဲ့တဲ့အပြင်၊ ကျွန်မကို အိမ်ကနေတောင် နှင်ချတာလည်း သုံးလေးခါပါပဲ။ ကျွန်မက ဘုရားသခင်ကို တွေ့ရှိပြီးနောက်ပိုင်းမှာ မိသားစုကိုရော၊ ကလေးတွေကိုရော လျစ်လျူမရှုခဲ့ပါဘူး၊ ဒါပေမဲ့ သူက ကျွန်မကို အဲဒီလို ဆက်ဆံတယ်။ လူတွေကြားထဲမှာ စစ်မှန်တဲ့ သံယောဇဉ်ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေက လုံးဝ မှန်ကန်ပါတယ်။ လူတွေကြားက ဆက်ဆံရေးတွေ အားလုံးက အကျိုးစီးပွားအပေါ် အခြေခံပြီး သူတို့အားလုံးက ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် တစ်ယောက်ကို တစ်ယောက် အသုံးချကြတာပါ။ အရင်တုန်းက ကျွန်မယောက်ျား ကျွန်မအပေါ် ကောင်းခဲ့တာက ကျွန်မက သူ့အကျိုးစီးပွားကို မထိခိုက်စေခဲ့လို့၊ မိသားစုကို ရှိသမျှနည်းလမ်းပေါင်းစုံနဲ့ ဂရုစိုက်ခဲ့လို့၊ သူ့အပေါ် အရမ်း စာနာထောက်ထားပြီး သူ့မျက်နှာရအောင် ကူညီပေးခဲ့လို့ပါ။ ဒါပေမဲ့ အခု ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်နေတယ်၊ ပြီးတော့ အချိန်မရွေး စီစီပီ ဖမ်းဆီးတာ ခံရနိုင်ပြီး သူ့ကိုပါ အမှုပတ်စေမှာဖြစ်လို့ သူက တခြားလူတစ်ယောက်လို လုံးဝ ပြောင်းလဲသွားခဲ့တာ။ အမှန်တရား ထုတ်ဖော်တာကို မြင်လိုက်ရတော့ လူတွေကြားထဲမှာ မေတ္တာ သို့မဟုတ် သံယောဇဉ်ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲလို့ ကျွန်မ တွေးမိတယ်။ ကျွန်မယောက်ျားက ကျွန်မကို အိမ်ကနေ သုံးလေးခါ နှင်ထုတ်ခဲ့ပေမဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ထိန်းသိမ်းချင်ခဲ့ပါသေးတယ်။ “လင်မယားတစ်နေ့၊ သံယောဇဉ်တစ်သက်” ဆိုတာကို ကျွန်မ ယုံကြည်ခဲ့လို့ ဒါတွေအားလုံးက ကျွန်မဘက်က တစ်ဖက်သတ် စိတ်ကူးယဉ်မှုတွေပဲ ဆိုတာကို ကျွန်မ သတိမထားမိခဲ့ဘူး။ ပိုတွေးမိလေလေ၊ ကျွန်မ ဘယ်လောက်တောင် မိုက်မဲခဲ့သလဲဆိုတာ ပိုပြီး သဘောပေါက်မိလေလေပဲ။ ကျွန်မက ဒီမိသားစုကို ထိန်းသိမ်းဖို့ပဲ အမြဲ ကြိုးစားခဲ့တာ၊ ပြီးတော့ ကျွန်မယောက်ျားရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဘုရားနှုတ်ကပတ်တော်ကို သိပ်ပြီး မစားသောက်ခဲ့ရဘူး၊ စုဝေးပွဲတွေက အကန့်အသတ်နဲ့ ရှိခဲ့ပြီး ဘာတာဝန်မှ မထမ်းဆောင်နိုင်ခဲ့ဘူး။ ဒါက ဘယ်လိုလုပ် ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်း ဖြစ်မှာလဲ။ နောက်ပြီး ကျွန်မသာ တာဝန်မထမ်းဆောင်နိုင်ရင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့မခံစားနိုင်ဘူး၊ ပြီးတော့ ကျွန်မသာ သမ္မာတရားကို မရရှိရင် ဘုရားသခင်ရဲ့ ကယ်တင်တာကို ဘယ်လို ခံရနိုင်မှာလဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းက ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုရားသခင်က မိန့်ဆိုထားပါတယ်။ တာဝန်ထမ်းဆောင်တဲ့အခါမှာ သမ္မာတရားကို ရရှိဖို့ အခွင့်အရေးတွေ အများကြီး ရှိသလို၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်နဲ့ လမ်းပြမှုကို လက်ခံရရှိတဲ့ အခိုက်အတန့်တွေ အများကြီး ရှိတဲ့အတွက် တာဝန်ထမ်းဆောင်ရင်း သမ္မာတရားကို လိုက်စားခြင်းက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားခွင့်ရစေပြီး ဘုရားသခင်ရဲ့ စုံလင်အောင် ပြုတာကို ခံရဖို့ အခွင့်အရေးတွေ ပိုရစေပါတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းက လူတစ်ယောက် လုပ်ဆောင်နိုင်တဲ့ အရာတွေထဲမှာ တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးပါပဲ။ မိသားစုနဲ့ ယုံကြည်ခြင်းကြားမှာ ကျွန်မ ရွေးချယ်ရတော့မယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး တာဝန်ထမ်းဆောင်ချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးအတွက် လမ်းကြောင်းဖွင့်ပေးတော်မူပါ။ ကိုယ်တော့်အတွက် သမီးကိုယ်သမီး လုံးဝ ပေးအပ်ဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နောက်ထပ် အဖြစ်အပျက်တစ်ခုက အိမ်ကနေ ထွက်ခွာပြီး တာဝန်ထမ်းဆောင်ဖို့ ကျွန်မရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေခဲ့တာပါ။ အဲဒါကတော့ နှစ်ပတ်သုံးပတ်လောက်အကြာ တစ်နေ့မှာ ကျွန်မ စုဝေးပွဲကနေ အိမ်ပြန်ရောက်ပြီး ထမင်းချက်နေတုန်း ကျွန်မယောက်ျားက နောက်ကနေ ရောက်လာတယ်၊ ပြီးတော့ ကျွန်မ ဆံပင်ကို ဆောင့်ဆွဲပြီး၊ မေးတယ်၊ “မင်းရဲ့ ဘုရားသခင်ကို ယုံကြည်ဖို့ စုဝေးပွဲ ထပ်သွားပြန်ပြီလား” တဲ့။ ကျွန်မ ဘာမှ ပြန်မပြောတာကို သူ မြင်တော့ ကျွန်မ ဆံပင်ကို ထပ်ပြီး ပြင်းပြင်းထန်ထန် ဆောင့်ဆွဲလိုက်တာ ခေါင်းရေခွံတောင် နာသွားတယ်။ ကျွန်မက “ကျွန်မ အသက်ရှိနေသရွေ့ ဘုရားသခင်ကို ယုံကြည်မှာပဲ” လို့ ပြောလိုက်တယ်။ ကျွန်မယောက်ျားက ဒေါသပေါက်ကွဲပြီး အော်ပြောတယ်၊ “ဒီနေ့ မင်းကို ငါ သတ်ပစ်မယ်ဆိုတာ ယုံလား” တဲ့။ ပြီးတော့ သူက ကျွန်မကို အတင်း တွန်းလိုက်ပြီး စားပွဲတင် ဗီဒိုထဲက သစ်သီးလှီးဓားကို ယူလိုက်တယ်၊ သူ့ညာလက်မောင်းနဲ့ ကျွန်မလည်ပင်းကို သိုင်းချုပ်လိုက်ပြီး ဘယ်လက်က ဓားကို ကိုင်ထားတယ်။ သူက ဓားကျောနဲ့ ကျွန်မလည်ပင်းကို ဖိပြီး အော်ပြောတယ်၊ “မင်းကို ငါ တကယ် သတ်ချင်နေတာ” တဲ့။ ကျွန်မလည်း ကြံရာမရဖြစ်နေတဲ့ကြားက သမီးလေးကို အမြန် လှမ်းခေါ်လိုက်ပြီး သူ့အဘွားကို ဖုန်းဆက်ခိုင်းလိုက်တယ်။ အဲဒီတော့မှ ကျွန်မယောက်ျားက ထမင်းစားပွဲပေါ် ဓားကို ဆောင့်ချလိုက်တယ်။ ဒီအဖြစ်အပျက်တွေ အားလုံးက ကျွန်မယောက်ျားရဲ့ ဘုရားသခင်ကို မုန်းတီးတဲ့ အနှစ်သာရနဲ့ ဘုရားသခင်ကို ကျွန်မ မယုံကြည်အောင် တားဆီးဖို့အတွက် သူက ကျွန်မကို တကယ် သတ်ဖို့ ဝန်မလေးဘူးဆိုတာ ကျွန်မကို ထပ်ပြီး ပြသလိုက်တာပါပဲ။ သူက တကယ်ကို ဆိုးယုတ်တဲ့သူဖြစ်သလို နတ်ဆိုးတစ်ယောက်ပါပဲ။ ဒီလို နတ်ဆိုးနဲ့ အတူနေရတာ ဘာပျော်ရွှင်မှု ရှိနိုင်မှာလဲ။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “ယုံကြည်သူ ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် ပင်ကိုအားဖြင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိသည့်အပြင် ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ၎င်းတို့ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှုဟူ၍ ပြောဆိုစရာ ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မိမိတို့၏ တာဝန်ကို မထမ်းဆောင်သူများသည် တစ်ဦးနှင့်တစ်ဦး ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံများသည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။ သင်သည် ဖန်ဆင်းခံ တစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ခင်ပွန်းကို ချစ်သလော။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ဇနီးကို ချစ်သလော။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘာသာတရားမရှိသော သင်၏မိဘများကို ဝတ္တရားကျေသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူသား၏ အမြင်သည် မှန်သလော၊ သို့မဟုတ် မှားသလော။ ဘုရားသခင်ကို အဘယ်ကြောင့် သင်ယုံကြည်သနည်း။ သင်သည် အဘယ်အရာကို ရရှိရန် ဆန္ဒရှိသနည်း။ ဘုရားသခင်ကို သင် မည်သို့ချစ်သနည်း။ ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏တာဝန်များကို မဖြည့်ဆည်းနိုင်သူများနှင့် အပြည့်အဝ အားထုတ်မှု မပြုနိုင်သူတို့သည် ဖျက်ဆီးခြင်း ခံကြရမည့်သူများ ဖြစ်လာကြလိမ့်မည်။ ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများသည် ပင်ကိုအားဖြင့် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာ၌ ရှိသည့် လူများအားလုံးတို့သည် ဘုရားသခင် တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံကြသည်၊ ဘုရားသခင်ကို ပုန်ကန်သော သူတို့အားလုံးမှာမူ ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ တည်ရှိတော့မည် မဟုတ်။ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့ရှိနိုင်မည်နည်း။ ယုံကြည်မှုနှင့် မယုံကြည်မှု၏ လွန်စွာ သဟဇာတမဖြစ်ခြင်းသည် ထိုသို့သော ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ယုံကြည်သူနဲ့ မယုံကြည်သူတွေက အခြေခံအားဖြင့် သဟဇာတမဖြစ်ကြပါဘူး၊ ပြီးတော့ သူတို့ လျှောက်လှမ်းတဲ့ လမ်းကြောင်းတွေက လုံးဝ မတူညီကြပါဘူး။ ကျွန်မယောက်ျားက ဘုရားသခင်ကို မယုံကြည်တဲ့အပြင် ကိုယ်တော့်ကို မုန်းတီးပါသေးတယ်၊ သူက အနှစ်သာရအားဖြင့် နတ်ဆိုးတစ်ကောင်ပါ။ သူနဲ့ အတူနေရတာ ပျော်ရွှင်မှု လုံးဝ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံစားနေရရုံသာမကဘဲ ကျွန်မရဲ့ သမ္မာတရား လိုက်စားမှုနဲ့ အသက်ကြီးထွားမှုမှာလည်း အနှောင့်အယှက် ဖြစ်စေလို့ပါပဲ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ဘူး၊ နောက်ဆုံးကျရင် သူ့လိုပဲ ဘေးဒုက္ခထဲ ကျွန်မ ကျရောက်သွားမှာပါ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထဲက နေ့တစ်နေ့မှာ ကျွန်မယောက်ျားအတွက် “ကျွန်မ သွားပြီ။ ကျေးဇူးပြုပြီး ကျွန်မကို ဘယ်တော့မှ ထပ်မရှာပါနဲ့” ဆိုတဲ့ စာတစ်စောင် ရေးထားခဲ့လိုက်တယ်။ အိမ်တံခါးဝကနေ ခြေလှမ်းလှမ်းထွက်လိုက်တဲ့ အခိုက်အတန့်မှာ ကျွန်မ ရင်ထဲ လွတ်မြောက်သွားသလို ခံစားလိုက်ရပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။

ဒီအဖြစ်အပျက်တွေ အားလုံးကို ဖြတ်ကျော်ရာမှာ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါ၊ ကျွန်မ မိသားစုရဲ့ မှောင်မိုက်တဲ့ ဩဇာလွှမ်းမိုးမှုအောက်ကနေ တစ်ဆင့်ချင်း လွတ်မြောက်အောင်၊ ပြီးတော့ ဘုရားသခင်နောက်လိုက်ပြီး တာဝန်ထမ်းဆောင်နိုင်အောင် လမ်းပြပေးခဲ့တာပါ။ ဒါတွေအားလုံးက ဘုရားနှုတ်ကပတ်တော်ကြောင့်ရတဲ့ ရလဒ်တွေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မအဖေ၏ ပိတ်ပင်တားဆီးမှုများနှင့် ဖိနှိပ်မှုများကို ကျွန်မ ဖြတ်ကျော်ခဲ့ပုံ

စင်းအိုင်၊ တရုတ်နိုင်ငံကျွန်မငယ်ငယ်တုန်းက မိဘတွေနှစ်ယောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့ကြတယ်။ သိချင်စိတ်နဲ့ ကျွန်မလည်း...

၂၁ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ခက်ခဲသော ဆုံးဖြတ်ချက်

လိလီ၊ တရုတ်ပြည်ကျွန်မ ငယ်ငယ်တုန်းက အဖေနဲ့အမေက ပြောပြခဲ့ဖူးတယ်။ လူကို ဘုရားသခင်က ဖန်ဆင်းတာ၊ ဒါကြောင့်လူဆိုတာ ဖန်ဆင်းရှင်ကို ကိုးကွယ်ရင်း...

ဘုရားသခင်ကို မယုံကြည်အောင် မိသားစုက ကျွန်ုပ်ကို တားဆီးရန် ကြိုးစားသည့်အခါ

ကျင်ယွဲ့ မလေးရှားနိုင်ငံ ၂၀၁၈ခုနှစ် မတ်လမှာ၊ ကျွန်မအမျိုးတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မဆီ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။