ဘုရားသခင်ကို မယုံကြည်အောင် မိသားစုက ကျွန်ုပ်ကို တားဆီးရန် ကြိုးစားသည့်အခါ

08.02.2023

ကျင်ယွဲ့ မလေးရှားနိုင်ငံ

၂၀၁၈ခုနှစ် မတ်လမှာ၊ ကျွန်မအမျိုးတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မဆီ ဟောခဲ့ကြပြီး၊ အွန်လိုင်းစုဝေးပွဲတက်ဖို့ ဖိတ်ခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရာကတစ်ဆင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုပေါ် အခြေခံပြီး တရားစီရင်ခြင်း အမှုလုပ်နေသလို လူတွေကို လုံးလုံးလျားလျား သန့်စင်၊ ကယ်တင်ဖို့၊ အပြစ်ကနေ လွတ်စေဖို့နဲ့ ဘုရားရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်ဖို့ ကြွလာပြီဆိုတာ သိရတယ်။ အရင်က သခင့်ကို ကျွန်မယုံကြည်ခဲ့သလို၊ အသင်းတော် ဝတ်ပြုအစီအစဉ်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ အပြစ်လုပ်ပြီး ဝန်ချတဲ့ သံသရာနဲ့ နေ့ရက်တွေကို ကုန်ဆုံးခဲ့တယ်၊ သခင့်နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်နိုင်ခဲ့သလို၊ နာကျင်မှုနဲ့ အသက်ရှင်ခဲ့တယ်။ အခု နောက်ဆုံးမှာ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခံရဖို့ လမ်းခရီးတစ်ခုကို ရှာတွေ့လို့ ကျွန်မ အရမ်းဝမ်းသာမိသလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ဒုတိယအကြိမ် ကြွလာခြင်းဖြစ်မှန်း သေချာသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမတွေနဲ့ အွန်လိုင်း စုဝေးပွဲတွေ စတက်သလို၊ စုဝေးပွဲတွေမှာ ရခဲ့တဲ့ သိနားလည်မှုတွေကို အမေ့ကို ကျွန်မ ပြောပြတယ်။ ကျွန်မ သူ့ကို ပြောပြတာတွေက အကျိုးရှိသလို၊ အွန်လိုင်းမှာ ကျွန်မကြားရတဲ့ ဒေသနာတွေကို သူစိတ်ဝင်စားတယ်လို့ ပြောလို့၊ ကျွန်မနဲ့ အွန်လိုင်းစုဝေပွဲတွေကို တက်ဖို့ ကျွန်မ ဖိတ်ခဲ့တယ်။ မမျှော်လင့်ဘဲနဲ့၊ နားထောင်တာကို တစ်ဝက်တစ်ပျက်နဲ့ သူရပ်လိုက်ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းကနေ ကျွန်မကို တားဖို့ ကြိုးစားတယ်။

တစ်နေ့မှာ ကျွန်မအမေက ရုတ်တရက် မေးတယ်။ “ဟိုတစ်နေ့ စုဝေးပွဲက မိတ်သဟာယက အရှေ့အရပ်မှ လျှပ်ပြက်ခြင်း တရားဒေသနာလား”တဲ့။ အမေ ရုတ်တရက် မေးတာကို ခံရတော့၊ ပထမက ဘယ်လိုဖြေရမှန်း မသိခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “ငါအမေက သင်းအုပ်ပြောတာ အမြဲ နားထောင်တယ်။ ငါ့ကို သူ ဒီလိုမေးနေပုံထောက်ရင်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ရှုတ်ချတဲ့ သင်းအုပ်ရဲ့ ကောလာဟလတွေရဲ့ လှည့်ဖြားတာ သူခံလိုက်ရပြီလား”ပေါ့။ တွေးရင်းနဲ့ပဲ၊ ကျွန်မ စကားပြောတာ ပြီးတာနဲ့ သူက စွပ်စွဲတဲ့လေသံနဲ့ ပြောတယ်။ “ကျမ်းစာပြောတာကို စဉ်းစားကြည့်။ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) သင်းအုပ်က ဒီကျမ်းချက်တွေကို အကြိမ်တော်တော်များများ ပြောခဲ့တယ်။ နောက်ဆုံးသော ကာလမှာ၊ အယောင်ဆောင် ခရစ်တော်တွေအများကြီး လူတွေကို လှည့်စားဖို့ ပေါ်လာမယ်။ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ကိစ္စမှာပေါ့၊ သခင်ယေရှုက လူ့ဇာတိခံ ပြန်ကြွလာပြီလို့ သူတို့ သက်သေခံတယ်။ ဒါမှားတာဖြစ်ရမယ်။ အဲဒါကို လုံးဝ မယုံကြည်ဖို့နဲ့ သူတို့ ဒေသနာတွေကို လုံးဝ နားမထောင်ဖို့ သင်းအုပ်က ပြောတယ်။ သင်းအုပ်ဆရာ ပြောတာကိုလည်း သမီး လုပ်သင့်တယ်။ အဲဒီဒေသနာတွေကို နားမထောင်နဲ့တော့”တဲ့။ ကျွန်မအမေ အဲဒီလိုပြောတာ ကြားရတော့ ကျွန်မ စိတ်ဆိုးမိတယ်။ သင်းအုပ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မကြားဖူးဘူး၊ နောက်ဆုံးသော ကာလထဲက သူ့အမှုတော်ကို မစုံစမ်းဖူးဘူးလေ။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို အလွယ်တကူ သူ ဘယ်လိုလုပ် ရှုတ်ချနိုင်ရတာလဲ။ အမေကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖတ်ဖူးတာ မဟုတ်ဘူး။ သူ ဘယ်လိုလုပ် အပြစ်ရှာတတ်ပြီး မှားတယ်လို့ သင်းအုပ်ရဲ့ အခိုင်အမာ ပြောဆိုချက်ကို ဒီအတိုင်း လိုက်နာရတာလဲ။ သခင့်ကို အစစ်အမှန်ယုံကြည်သူ အများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ ဘုရားအသံတော်ဖြစ်တယ်လို့ အသိအမှတ်ပြုခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို ဖတ်ပြီးတဲ့နောက်မှာ၊ အဲဒါတွေရဲ့ ဩဇာအာဏာနဲ့ တန်ခိုးကို ကျွန်မလည်း ခံစားခဲ့ရတယ်။ အဲဒါတွေက သခင်ယေရှုရဲ့ စကားတွေလိုပဲ တူညီတဲ့ အရင်းအမြစ်ကနေ လာပြီး ဘုရားကိုယ်တိုင်ရဲ့ အသံတော်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ သူဟာ လှည့်ဖြားတဲ့ အယောင်ဆောင် ခရစ်တော်ဖြစ်တယ်လို့ ဘယ်လိုလုပ် ပြောနိုင်ကြတာလဲ။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကို ချန်က ဒီသမ္မာတရား ရှုထောင့်အပေါ် မိတ်သဟာယပြုခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့တယ်။ “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမအသီးသီးတွင် ထိုခေတ်၏ ဂုဏ်အင်္ဂါကို သရုပ်ဖော်ချက် ပါဝင်လေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း) ဘုရားနှုတ်ကပတ်တော်အကြောင်းကိုလည်း အစ်ကိုချန်က မိတ်သဟာယပြုခဲ့တယ်။ “စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင် ခရစ်တော်ကြား ပိုင်းခြားရာမှာ၊ သူတို့ သမ္မာတရား၊ ဘုရားရဲ့ စိတ်သဘောထားနဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတို့ကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု ပြုနိုင်ခြင်း ရှိမရှိဆိုတာကို ပထမဆုံး ကြည့်ရမယ်။ ဒါက အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး စည်းမျဉ်းပဲ။ ခရစ်တော်ကပဲ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ သမ္မာတရား မဖော်ပြနိုင်သူတစ်ယောက်က ခရစ်တော်မဟုတ်တာ သေချာတယ်။ အယောင်ဆောင် ခရစ်တော်တွေက ဘုရားရဲ့ အနှစ်သာရကို မပိုင်ဆိုင်သလို၊ သမ္မာတရားကို မဖော်ပြနိုင်ဘူး။ သခင်ယေရှုကိုပဲ အတုခိုးနိုင်ပြီး နားဝေတိမ်တောင်ဖြစ်ပြီး သိမြင်မှု မရှိတဲ့သူတွေကို လှည့်ဖြားဖို့ ရိုးရှင်းနဲ့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကိုပဲ ပြနိုင်တယ်။ ဒါကြောင့် ခရစ်တော်ရဲ့ ကြွလာခြင်းလို့ အခိုင်အမာပြောပေမဲ့၊ သမ္မာတရားကို နည်းနည်းမှ မဖော်ပြနိုင်သလို၊ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတွေကိုပဲ ပြနိုင်ရင်၊ သူတို့က နတ်ဆိုးတွေ အတုခိုးတာ၊ လူတွေကို လှည့်ဖြားဖို့ အယောင်ဆောင် ခရစ်တော် လာတာပဲ။ ခရစ်တော်ကပဲ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ပြီး၊ သူကသာ သမ္မာတရားကို ဖော်ပြနိုင်သလို၊ လူသားမျိုးနွယ်ကို ကယ်တင်တဲ့အမှု လုပ်ဆောင်နိုင်တယ်။ သခင်ယေရှုက သူ ပေါ်ထွန်းပြီး အမှုပြုတဲ့အချိန်မှာ သမ္မာတရားအများကြီး ဖော်ပြခဲ့တယ်၊ နောင်တလမ်းကို ပေးပြီး လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ကယ်တင်ခဲ့သလို၊ ကျေးဇူးတော်ခေတ်ကို အစပြုပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့တယ်။ ဒါကြောင့် သခင်ယေရှုက လူ့ဇာတိခံ ဘုရား၊ ခရစ်တော်ဖြစ်မှန်း အားလုံးက သိမြင်နိုင်ကြတာပဲ။ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းအတွက် လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြဖို့ ကြွလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဩဇာအာဏာနဲ့ တန်ခိုးရှိပြီး၊ အဲဒါတွေ ထုတ်ဖော်ပြတာက ဘုရားရဲ့ စိတ်သဘောထားနဲ့ အရာအားလုံး ဖြစ်ခြင်းပဲ။ စာစောင်ကို သူဖွင့်တယ်၊ တံဆိပ်ခုနှစ်ခု ဖွင့်တယ်၊ ကျမ်းစာရဲ့ နက်နဲမှုတွေကို ဖွင့်ပြတယ်၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်တယ်၊ နိုင်ငံတော်ခေတ်ကို စတင်ပြီး၊ လူသားမျိုးနွယ်ကို လုံးဝ ကယ်တင်ဖို့ တရားစီရင်ခြင်း အမှုကို ပြုတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က သူဟာ လူ့ဇာတိခံ ဘုရားဖြစ်မှန်း၊ နောက်ဆုံးသော ကာလ ခရစ်တော်ရဲ့ ပေါ်ထွန်းခြင်း ဖြစ်မှန်း အပြည့်အဝ သက်သေပြတယ်။” ဒါကိုတွေးမိတော့၊ ကျွန်မစိတ်နှလုံး လင်းလက်သွားတယ်။ ကျွန်မအမေကို ကျွန်မပြောလိုက်တယ်။ “သင်းအုပ်ရဲ့ စကားတွေကို အမေဘာလို့ အရမ်းယုံရတာလဲ။ သခင့်ကို သမီးတို့ ယုံကြည်တာဖြစ်လို့ သူ့စကားတွေကို နားထောင်သင့်တယ်။ သခင်ယေရှုက ဒီလိုပြောခဲ့တယ်၊ ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက စစ်မှန်တဲ့ ခရစ်တော်၊ အယောင်ဆောင်တွေနဲ့ ဆိုင်တဲ့ သမ္မာတရားကို ရှင်းရှင်း မိတ်သဟာယပြုတယ်။ ခရစ်တော်က လူသားအနေနဲ့ လူ့ဇာတိခံ ဘုရားဖြစ်တယ်။ သူဟာ ဘုရားကိုယ်တိုင်ဖြစ်လို့၊ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူတွေကို ကယ်တင်ဖို့ အမှုပြုနိုင်တယ်။ အယောင်ဆောင် ခရစ်တော်တွေကတော့ သမ္မာတရားကို မဖော်ပြနိုင်၊ လူသားမျိုးနွယ်ကို မကယ်တင်နိုင်သလို၊ လူတွေကို လှည့်ဖြားဖို့ နိမိတ်လက္ခာတွေနဲ့ အံ့ဖွယ်ရာတွေပဲ လုပ်နိုင်တဲ့ အယောင်ဆောင် ခရစ်တော်တွေနဲ့ အတုတွေပဲ။ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှုကို ပြုတယ်၊ ဆိုလိုတာက လူတွေကို လုံးလုံးလျားလျား သန့်စင်၊ ကယ်တင်ဖို့ သမ္မာတရားကို သူ ဖော်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်တွေကို ပိုဖတ်ရင်၊ စစ်မှန်တဲ့ ခရစ်တော်တွေနဲ့ အယောင်ဆောင်တွေကြား ကျွန်မတို့ ပိုင်းခြားလို့ရပြီး၊ ဘုရားအသံကို ကြားနိုင်သလို၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်တယ်”လို့ပေါ့။ ကျွန်မ မပြီးနိုင်ခင်မှာပဲ၊ ကျွန်မအမေက နားမထောင်တော့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကျွန်မပိုဖတ်ပြချင်ပေမဲ့ အမေက ဒေါသတကြီး ထွက်သွားတယ်။ အဲဒီအကြောင်းကို ညီအစ်ကို မောင်နှမတွေက ကြားတော့၊ သင်းအုပ်ရဲ့လှည့်ဖြားတာကို ကျွန်မအမေခံခဲ့ရပြီး၊ စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်တွေကြား ပိုင်းခြားသိမြင်တဲ့ သမ္မာတရားကို သူ နားမလည်ဘူး၊ အဲဒါကြောင့် ဘုရားရဲ့ အမှုကို သူနားလည်မှုလွဲခဲ့တာလို့ ပြောကြတယ်။ သူနဲ့ သမ္မာတရားကို ပိုမိတ်သဟာယပြုပြီး သူ့အယူအဆတွေနဲ့ မရှင်းလင်းတာတွေကို ချစ်ချစ်ခင်ခင် ဖြေရှင်းပေးဖို့လည်း ပြောကြတယ်။ အဲဒီနောက်မှာ၊ စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်တွေကို ပိုင်းခြားရမဲ့ပုံကို သူနဲ့ မိတ်သဟာယပြုဖို့ အခွင့်အရေး ကျွန်မရှာခဲ့တယ်။ ကျွန်မပြောတာကို သူကြားပြီးတဲ့နောက်မှာ၊ အဓိပ္ပာယ်ရှိပြီး ကျမ်းစာနဲ့ ကိုက်တယ်လို့ သူ ခံစားခဲ့ရတယ်၊ ကျွန်မရဲ့ အွန်လိုင်းစုဝေးပွဲတွေကို သူ သိပ်မဆန့်ကျင်တော့သလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ချင်တယ်လို့ ပြောတယ်။ ကျွန်မ အရမ်းဝမ်းသာမိတယ်။ ဒါကြောင့် ကျွန်မအမေအတွက် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အက်ပလီကေးရှင်းကို ဒေါင်းလုပ်ပြီး သူ့ကို စုဝေးပွဲတစ်ခု ပါဝင်ခိုင်းတယ်။ ဒါပေမဲ့ စုဝေးပွဲမတိုင်ခင်မှာ၊ အွန်လိုင်းမှာ သင်းအုပ် တင်ထားတဲ့ ကောလာဟလတွေကို မြင်ပြီး ကျွန်မကို စပြီး ထပ်ဟန့်တားပြန်တယ်။

တစ်နေ့ အလုပ်မှာ ကျွန်မရှိနေတုန်း၊ ဘာသာရေး သင်းအုပ်တွေက အသင်းတော်ကို ပြစ်မှားစော်ကာပြီး ရှုတ်ချတဲ့ ဗီဒီယိုတစ်ခုရဲ့ စက်ခရင်မ်ရိုက်ချက်တစ်ခု ကျွန်မဆီ အမေက ပို့ပြီး၊ ဗီဒီယိုကို ကြည့်ခိုင်းတယ်။ စက်ခရင်မ်ရိုက်ချက်ကို ကြည့်တော့ ကျွန်မ အရမ်းဒေါသထွက်သွားတယ်။ ဒီဘာသာရေး သင်းအုပ်တွေက ဘုရားကို ကြောက်ရွံ့မှုတစ်စက်မှတောင် ဘာလို့ မရှိရတာလဲ။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ရှုတ်ချပြီး စစ်မှန်တဲ့လမ်းခရီးကို ယုံကြည်သူတွေ စုံစမ်းစစ်ဆေးရာကနေ ဟန့်တားဖို့ အလိမ်အညာတွေနဲ့ ကောလာဟလတွေကို ဖြန့်ကြတယ်။ သူတို့ အရမ်းဆိုးယုတ်ကြတာပဲ။ ကျွန်မ နားမလည်နိုင်ဘူး။ ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့၊ သင်းအုပ်တွေက အသင်းတော်မှာ ဘုရားကို အစေခံသူတွေပဲ။ သခင်ယေရှု ပြန်ကြွလာတဲ့အခါ၊ ဘာလို့ သူတို့က မကြိုဆိုကြဘဲ၊ အဲဒီအစား သခင့်ရဲ့ ပြန်ကြလာခြင်းကို ဒီလိုဆန့်ကျင်ကြတာလဲ။ ရှာဖွေဖို့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ၊ “ရှေးကာလကတည်းက၊ စစ်မှန်တဲ့ လမ်းခရီးက ဖိနှိပ်ခံခဲ့ရတယ်”ဆိုတဲ့ စကားစုကို ပြန်သတိရမိတယ်။ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်။ ကျေးဇူးတော်ခေတ်မှာ၊ အမှုပြုဖို့ သခင်ယေရှု ကြွလာခဲ့ချိန်မှာ၊ ယုဒဘာသာရဲ့ ယဇ်ပရောဟိတ်အကြီးအကဲ၊ ကျမ်းတတ်ဆရာတွေနဲ့ ဖာရိရှဲတွေရဲ့ နှိပ်စက်ခြင်းနဲ့ ရှုတ်ချခြင်းကိုလည်း သူခံခဲ့ရတယ်။ အဲဒီလူတွေက တရားဇရပ်တွေမှာ ကျမ်းစာရှင်းပြပြီး ဘုရားကို အစေခံကြတဲ့လူတွေပဲ။ ဒါကိုတွေးရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်တယ်။ “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်သော်လည်း မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်ရတယ်၊ သခင်ယေရှုအပေါ် ဖာရိရှဲတွေရဲ့ ခုခံခြင်းနဲ့ ရှုတ်ချခြင်း ဖြစ်ကြောင်းရင်းမြစ်က သမ္မာတရားကို မုန်းပြီး ဘုရားကို ရန်လိုနေတဲ့ သူတို့ရဲ့ သဘာဝနဲ့ အနှစ်သာရပဲ။ သူတို့က ဘုရားကို မကြောက်ဘူး၊ သမ္မာတရားကို လုံးဝ မရှာကြဘူး။ သခင်ယေရှုရဲ့ စကားတွေနဲ့ အမှုတော်က ဩဇာအာဏာနဲ့ တန်ခိုးရှိတာကို သူတို့ ရှင်းရှင်း မြင်ခဲ့ကြပေမဲ့၊ သူတို့ရဲ့ အယူအဆတွေနဲ့ မကိုက်တော့၊ သခင်ယေရှုကို ငြင်းဆန်၊ ပစ်ပယ်၊ အသရေဖျက်ပြီး ရှုတ်ချခဲ့ကြသလို၊ နောက်ဆုံး ကားတိုင်းမှာ သံမှိုရိုက်နှက်ခဲ့ကြတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်အပေါ်၊ ဒီခေတ် ဘာသာရေးလောကကလည်း ဘာသာရေး အယူအဆတွေကို ခေါင်းမာမာ ဖက်တွယ်နေကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရား ဘယ်လောက်ပဲများပါစေ၊ သူ့စကားတွေ ဘယ်လိုပဲ ဩဇာအာဏာရှိပါစေ၊ သူတို့ အယူအဆတွေနဲ့ မကိုက်ရင်၊ အရူးအမူး ခုခံပြီး ရှုတ်ချကြသလို၊ ကျွန်မတို့ကို လုံးဝ ထိန်းချုပ်ဖို့နဲ့ ဘုရားအသံတော် ကြားပြီး သခင့်ကို ကြိုဆိုခြင်းကနေ တားဆီးဖို့ မျှော်လင့်ရင်းနဲ့ စုံစမ်းစစ်ဆေးတာရပ်အောင် ကောလာဟလတွေကို ဖြန့်ကြတယ်။ အရမ်းရက်စက်ကြတာပဲ။ ဒါက သခင်ယေရှုကို ခုခံ၊ ရှုတ်ချတဲ့ ဖာရိရှဲတွေလိုပဲ အနှစ်သာရ အတူတူပဲ မဟုတ်လား။ သူတို့က ဖာရိရှဲတွေထက်တောင် ပိုပြီး ဆိုးဆိုးရွားရွား ဘုရားကို ခုခံကြတယ်။ ဘာသာရေး လောကထဲက အန္တိခရစ်တွေရဲ့ အနှစ်သာရက သမ္မာတရားကို မုန်းတီးတာဖြစ်လို့၊ ဘယ်ခေတ်၊ ဘယ်နေရာမှာ ဘုရားပေါ်ထွန်းသည်ဖြစ်စေ၊ သူ့ကို သူတို့က အမြဲ ငြင်းပယ်၊ ခုခံကြမယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်မ တွေ့ခဲ့ရတယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဒီအချိန်မှာ ကျွန်မ နားလည်သွားတယ်၊ မရှုတ်ထွေးတော့သလို၊ အိမ်ရောက်တဲ့အခါ အမေ့ကို ကောင်းကောင်း မိတ်သဟာယဖွဲ့ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

ကျွန်မရောက်တော့၊ သူပို့တဲ့ ဗီဒီယိုကို ကျွန်မမကြည့်ခဲ့တာ သူသိတော့ အရမ်းစိတ်ဆိုးပြီး၊ ကျွန်မ မရှင်းပြနိုင်ခင်မှာ၊ ဘာလို့ မကြည့်ခဲ့တာလဲလို့ ထပ်တလဲလဲ သူ မေးတယ်။ ကျွန်မသူ့ကို ပြန်မေးလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတာ အရမ်းရှင်းပေမဲ့၊ အမေ မရှာဖွေ၊ မစုံစမ်းဘူး။ ဒီပြစ်မှားစော်ကားတဲ့ ဗီဒီယိုတွေကျ ဘာလို့ ကြည့်တာလဲ”လို့ပေါ့။ ဒီအချိန်မှာ သူ ပိုလို့တောင် စိတ်ဆိုးသွားပြီး ယုံကြည်မှုမှားတဲ့အပေါ် ကျွန်မကို စွပ်စွဲတယ်။ သူအရမ်းဒေါသထွက်တာ မြင်ရတော့ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို ကျွန်မအမေ မရမက ဟန့်တားရတဲ့ အကြောင်းရင်းက သင်းအုပ်ရဲ့ ကောလာဟလတွေနဲ့ လှည့်ဖြားခံခဲ့ရလို့ပဲလေ။ ဒါကြောင့် သင်းအုပ်တွေကို ကျွန်မ ပိုလို့တောင် မုန်းမိတယ်။ သူတို့က ဖာရိရှဲတွေကို သခင်ယေရှု ကျိန်ဆဲတဲ့အချိန်မှာ ပြောခဲ့တဲ့အရာအတိုင်း အတိအကျပဲ။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) အဲဒီနောက်မှာ လူတွေရဲ့ စကားတွေ မဟုတ်ဘဲ ဘုရားစကားတွေကို နားထောင်ဖို့ အမေ့ကို ကျွန်မ တိုက်တွန်းခဲ့တယ်၊ မဟုတ်ရင် ဘုရားရဲ့ ကယ်တင်ခြင်းကို အလွယ်တကူ သူ ဆုံးရှုံးသွားနိုင်တယ်လေ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာ လုံးဝရပ်မှာ မဟုတ်ဘူးလို့လည်း ပြောလိုက်တယ်။ ကျွန်မ လက်လျော့ဖို့ ရည်ရွယ်ချက်မရှိတာကို မြင်တော့၊ အမေ့လေသံက နည်းနည်း စိုးရိမ်တဲ့ပုံပြောင်းသွားပြီး၊ စုဝေးပွဲတွေတက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မ ယုံကြည်တာကို ရပ်ခိုင်းတယ်။ ကျွန်မအမေကို မိတ်သဟာယပြုပေးဖို့ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပေမဲ့၊ ကျွန်မပြောတဲ့ ဘယ်အရာကိုမှ သူ နားမထောင်ခဲ့သလို၊ သခင်ပြန်ကြွလာခဲ့ပြီဆိုတဲ့ အချက်ကို သူ လက်မခံနိုင်ဘူးလို့ ပြောတယ်။ နည်းနည်းကြာတော့ သူမျက်နှာကိုလက်နဲ့ကာပြီး စငိုတယ်။ သူငိုနေတာ မြင်တော့ ကျွန်မ အရမ်းဝမ်းနည်းတယ်။ အရွယ်ရောက်လာတော့၊ အမေငိုပြီး ဝမ်းနည်းတာကို မြင်ရမှာကို ကျွန်မ အကြောက်ဆုံးပဲ။ ကျွန်မအမေရဲ့ အမြင်မှာ၊ ကျွန်မက နာခံတတ်တဲ့ ကလေး အမြဲ ဖြစ်ခဲ့တာလေ။ ဒါပေမဲ့ ကျွန်မနဲ့ပတ်သက်လို့ သူ့ကို စိုးရိမ်စေပြီး ဝမ်းနည်းစေမိခဲ့တယ်။ သူပြောတာ နားထောင်ပြီး ခဏတော့ စုဝေးပွဲတွေတက်တာကို ရပ်လိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ တွေးမိတယ်။ ဒါပေမဲ့ ပြန်တွေးကြည့်တော့၊ အရင်က သခင့်ကို ကျွန်မ ယုံကြည်ခဲ့ချိန်မှာ၊ အသင်းတော်အတွက် အစေခံတာကို အ‌မြဲ ဦးစားပေးခဲ့ပြီး ကိုယ်ပိုင် အရေးကိစ္စတွေကို ဒုတိယမှာ ထားခဲ့တယ်။ အခုတော့ ဘုရားရဲ့ အမှုတော်သစ်ကို ကျွန်မ လက်ခံခဲ့ပြီ၊ ဘုရားကို ဦးစားပေးဖို့က အရင်ထက် ပိုအရေးကြီးသွားပြီ။ သမ္မာတရားကို ကျွန်မ သိပ်နားမလည်လို့၊ အထူးသဖြင့် စုဝေးပွဲတွေကို ကျွန်မ တက်ဖို့ လိုတယ်။ စုဝေးပွဲတွေ မရှိဘဲနဲ့၊ ညီအစ်ကို မောင်နှမတွေရဲ့ ကူညီ၊ ပံ့ပိုးတာကို ကျွန်မ ရနိုင်မှာ မဟုတ်ဘူး။ ကျွန်မ စုံစမ်း၊ နှောင့်ယှက်ခံရပြီး ကျွန်မ မခံနိုင်ခဲ့ရင် ဘာလုပ်မလဲ။ ဒါပေမဲ့ စုဝေးပွဲတွေ တက်တာကို မရပ်ပြန်ရင်လည်း၊ အမေအရမ်းဝမ်းနည်းတာကို နေ့တိုင်း မြင်ရတာက ကျွန်မအတွက် စိတ်ဆင်းရဲစရာလေ။ ကျွန်မ လှောင်ပိတ်မိလို့၊ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်ရာမှာ လမ်းပြဖို့ ဘုရားဆီ တောင်းလျှောက်ဖို့ ဆုတောင်းခဲ့တယ်။

အဲဒီညနေ စုဝေးပွဲအတောအတွင်းမှာ၊ ကိုယ့်အခြေအနေကို ညီအစ်မတစ်ယောက်ဆီ ပြောပြပြီး၊ သူက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ “ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး လက်ခံသည့်အခါ၊ စာတန်ကလည်း ထိုလူကို လှည့်စားပြီး ထိခိုက်စေဖို့ ကြိုးစားရင်း၊ အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) သူက မိတ်သဟာယပြုတယ်။ “အစ်မဆီ ဖြစ်နေတာက အပြင်ပန်းမှာ မိသားစုက အနန္တတန်ခိုးရှင် ဘုရားသခင်နောက် အစ်မလိုက်တာကို နှောင့်ယှက်၊ ဟန့်တားနေသလို ထင်ရပေမဲ့၊ အဲဒါရဲ့နောက်ကွယ်မှာ စာတန်ရဲ့ ကြိုးကိုင်မှုရှိတယ်။ ဒါက ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုပဲ။ ဘုရားက လူတွေကို ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံပေမဲ့၊ ဘုရားရဲ့ ကယ်တင်ခြင်းကို လူတွေရသွားမှာ စာတန်က မလိုချင်ဘူး။ ဒါကြောင့် ကျွန်မတို့ကို နှောင့်ယှက်၊ ဟန့်တားဖို့၊ ဘုရားကို ငြင်းပယ်၊ သစ္စာဖောက်စေဖို့ အနီးအနားက လူတွေကို သူ အသုံးပြုပြီး၊ နောက်ဆုံးမှာ ကျွန်မတို့ကို သိမ်းပိုက်တယ်၊ ထိန်းချုပ်ပြီး သူနဲ့အတူ ငရဲထဲကို ဆွဲချသွားတယ်။ ဒီအချိန်လိုပဲပေါ့၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို အစ်မ လက်ခံရုံပဲရှိသေးတယ်၊ အစ်မရဲ့ အမေကို အမေနာခံအောင်၊ ဘုရားကို ယုံကြည်တာ စွန့်ပြီး ဘုရားရဲ့ ကယ်တင်ခြင်း ဆုံးရှုံးအောင်လို့ အစ်မရဲ့ အမေကတစ်ဆင့် စာတန်က အစ်မကို တိုက်ခိုက်၊ နှောင့်ယှက်နေတာပဲ။ ဒါကစာတန်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ပဲ။ စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မတို့ ရိပ်စားမိပြီး ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ဘုရားပေါ် မှီခိုဖို့လိုတယ်။ ယောဘအကြောင်း တွေးကြည့်။ ဘုရားကို စွန့်လွှတ်အောင် သူ့မိန်းမရဲ့ မကျေနပ်ချက်တွေကို စာတန်က အသုံးပြုချိန်မှာ၊ ယောဘက သူ့ယုံကြည်ခြင်းနဲ့ ဘုရားအပေါ် နာခံမှုကို ထိန်းသိမ်းခဲ့တယ်၊ ဘုရားအတွက် သူ့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ နောက်ဆုံးမှာ ဘုရားရဲ့ လက်ခံမှုကို ယောဘရဲ့ ယုံကြည်ခြင်းက ရခဲ့တယ်။ ကျွန်မတို့လည်း ခိုင်ခိုင်မာမာရပ်တည်ပြီး စာတန်ရဲ့ လှည့်ကွက်တွေ အလှည့်စားမခံရဖို့ ယုံကြည်ခြင်းလိုတယ်”တဲ့။ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မအစ်မရဲ့ သက်သေခံချက်က အရမ်းတို့ထိစရာဖြစ်ခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ ခြေလှမ်းတိုင်းမှာ အဆီးအတားတွေ အများကြီး ရင်ဆိုင်ခဲ့ပြီး၊ လက်စသတ်တော့ အဲဒါရဲ့နောက်ကွယ်မှာ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု ရှိနေခဲ့တာကိုး။ ကျွန်မအမေကို ကျွန်မ ထောက်ထားပြီး သူပြောတာကို နားထောင်တာ စာတန်က သိလို့၊ ကျွန်မကို အကြိမ်ကြိမ် နှောင့်ယှက်ဖို့၊ အယူအဆတွေ၊ အတွေးမှားတွေနဲ့ ပြည့်စေဖို့၊ ကျွန်မကို လှည့်ဖြားဖို့ ကောလာဟလတွေ ဖြန့်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်တာကို အတင်းရပ်စေဖို့ သူ့ကို သုံးတာပဲ။ စာတန်ရဲ့ ရည်ရွယ်ချက်တွေက တကယ်ကို မသိမသာအန္တရာယ်ရှိပြီး ဆိုးယုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် စာတန်လှည့်စားတာ ခံခွင့်ပေးလို့ မဖြစ်ဘူး။ ကျွန်မအမေက ကျွန်မကို ဘယ်လိုနှောင့်ယှက်ပါစေ၊ ဘုရားကို ဆက်ယုံကြည်ပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ သမ္မာတရားကို ပိုရှာဖွေပြီး နားလည်အောင် စုဝေးမယ်လို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။

နောက်ရက်အနည်းငယ်အတွင်းမှာ၊ ကျွန်မအမေက နေ့တိုင်း ဝမ်းနည်းပုံရ‌ပြီး သက်ပြင်းချနေသလို၊ ကျွန်မ အွန်လိုင်းမှာ စုဝေးနေတာကို မြင်တော့၊ ကျွန်မကို မချေမငံဆက်ဆံတယ်။ ကျွန်မအမေကို ဒီလိုမြင်ရတော့၊ နည်းနည်း စိတ်ကျဉ်းကျပ်သလို ခံစားရတုန်းပဲ။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့ ကိစ္စနဲ့ပတ်သက်လို့ အထိခိုက်ခံလို့ မဖြစ်တော့တာ သိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့်ကြုံလျှင် မူရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အမြစ်စွဲခွင့် မပေးနှင့်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်ကို သိသိသာသာ ရှင်းသွားစေတယ်။ စာတန်ရဲ့ အကြံတွေ ကျွန်မဆီ ထပ်ရောက်လာမှန်း သဘောပေါက်လိုက်တယ်။ ဘုရားကို ယုံကြည်တာ ကျွန်မ လက်မလျော့မှန်း စာတန်က မြင်ခဲ့လို့၊ ကျွန်မကို တိုက်ခိုက်၊ နှောင့်ယှက်ဖို့ အမေ့ကို အသုံးပြုနေတုန်းပဲ။ အဲဒါမှ စုဝေးပွဲတွေကို ကောင်းကောင်းမွန်မွန် တက်ဖို့ ဆိတ်ငြိမ်မှု ကျွန်မ ရှာတွေ့ဖို့ မဖြစ်နိုင်မှာလေ။ စာတန်ရဲ့ စုံစမ်းနှောင့်ယှက်မှုတွေကို အောင်မြင်ကျော်လွှားပြီး စာတန်ကို လုံးဝ အရှက်ရစေဖို့ ဘုရားပေါ် ကျွန်မ မှီခိုခဲ့ရတယ်။ အဲဒီနောက်မှာ၊ အမေ့ကို ကျွန်မ နေ့တိုင်း တက်တက်ကြွကြွ စကားပြောတယ်။ ကျွန်မရဲ့ ခါတိုင်း ပူပန်မှုနဲ့ ဂရုစိုက်မှုကို ပြပေမဲ့၊ စုဝေးပွဲနဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့အချိန်ရောက်တဲ့အခါ သူ့ကို ရှောင်ဖို့ ကြိုးစားခဲ့တယ်။ တဖြည်းဖြည်းနဲ့ အမေက ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်မှုမှာ အရမ်းပတ်သက်တာကို ရပ်လိုက်သလို၊ ကျွန်မ အွန်လိုင်း စုဝေးပွဲတွေတက်တာကို မြင်တော့ ဘာမှတောင် မပြောတော့ဘူး။ စာတန်ရဲ့ စုံစမ်းနှောင့်ယှက်မှုကို အောင်မြင်ကျော်လွှားရာမှာ ဘုရားရဲ့ လမ်းပြမှုအတွက် အရမ်းကျေးဇူးတင်မိတယ်။

ဒါပေမဲ့ မမျှော်လင့်ဘဲ၊ နည်းနည်း ကြာပြီးတဲ့နောက်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်မှန်း အဖေနဲ့ အစ်ကို သိသွားပြီး၊ ကျွန်မကို ဟန့်တားပြီး ဘာသာတရားဆီ ပြန်ခေါ်ဖို့ ကြိုးစားကြတယ်။ တစ်နေ့ ကျွန်မအစ်ကိုက ကျွန်မကို အရမ်းဒေါသထွက်ပြီး စွပ်စွဲတယ်။ “ဘာလို့ နင်အရမ်း ခေါင်းမာရတာလဲ။ အမေက ဘုရားအပေါ် နင့်ရဲ့ယုံကြည်မှုနဲ့ ပတ်သက်လို့ အရမ်းစိုးရိမ်နေတာ။ ဘာလို့ ကိုယ့်ဘာသာ အသက်ရှင်နိုင်ရတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် နင့်ရဲ့ ယုံကြည်မှုကို ငါတို့ တစ်မိသားစုလုံးက သဘောမတူဘူး။ အမေနဲ့ အဖေ ဝမ်းသာအောင် နင် ဒီအတိုင်း လက်လျော့လိုက်လို့ မရဘူးလား”တဲ့။ ကျွန်မမိသားစုရဲ့ အထင်လွဲမှုတွေ၊ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မ မတရားခံရသလို ခံစားရပြီး၊ မျက်ရည်တွေ ကျနေတာကို မထိန်းနိုင်ခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှုကနေ ကျွန်မ ရခဲ့သမျှအားလုံးကို သူတို့ကို တကယ်ပြောပြချင်ခဲ့ပေမဲ့၊ သူတို့ပြောတဲ့ စကားလုံးတိုင်းနဲ့ ကျွန်မကို စွပ်စွဲပြီး ဆူကြတယ်။ ကျွန်မ နည်းနည်း အားနည်းသလို မခံစားရဘဲ မနေနိုင်ခဲ့ဘူး။ ခိုင်ခိုင်မာမာ ရပ်တည်အောင် ယုံကြည်ခြင်းပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတော့ သခင်ယေရှု ပြောခဲ့တာကို သတိရမိတယ်။ “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၇)ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏။ ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘ၀၌ ထာဝရအသက်ကို၎င်း ခံရလတံ့။(ရှင်လုကာခရစ်ဝင် ၁၈:၂၉-၃၀) အခု မိသားစုက ဘုရားကို ယုံကြည်ခြင်းကနေ ကျွန်မကို ဟန့်တားနေတယ်။ ဘုရားနောက်လိုက်ချင်ရင်၊ ကျွန်မ ရွေးချယ်မှု လုပ်ရမယ်။ ကျွန်မမိသားစုရဲ့ ဟန့်တားမှုနဲ့ ကျွန်မအပေါ် နားမလည်နိုင်မှုကြောင့် ဘုရားနောက်လိုက်တာကို ရပ်လို့မဖြစ်ဘူး။ ပေတရုကို ကျွန်မ တွေးမိတယ်။ သခင်ယေရှုနောက် သူလိုက်တဲ့အချိန်မှာ၊ သူလည်း နှိပ်စက်ခံရပြီး သူ့မိဘတွေရဲ့ တားဆီးတာကို ခံခဲ့ရတယ်။ ဒါပေမဲ့ တုံ့ဆိုင်းမှုမရှိဘဲ သခင့်နောက်လိုက်ဖို့ သူရွေးချယ်တုန်းပဲ။ ဘယ်အရာမဆိုထက် ဘုရားကို သူ ပိုချစ်ခဲ့ပြီး၊ သူ့ပုံသက်သေနောက် လိုက်သင့်မှန်း ကျွန်မ သိခဲ့တယ်။ ဒါကို စဉ်းစားမိတော့၊ ကျွန်မ နည်းနည်း ပိုတည်ငြိမ်သွားတယ်။ ကျွန်မယုံကြည်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တာကို သိခွင့်ပေးဖို့ သူတို့နဲ့ ကောင်းကောင်း စကားပြောချင်ခဲ့ပေမဲ့၊ အဖေနဲ့ အစ်ကိုက ပြောခွင့်မပေးခဲ့သလို၊ သခင့်ကို ယုံကြည်ဖို့ အသင်းတော်ကို ပြန်လာဖို့ပဲ မရမကပြောခဲ့ကြတယ်။ ကူကယ်ရာမဲ့သလို ကျွန်မ ခံစားရတယ်။ ဘုရားကို ယုံကြည်ခြင်းကနေ မိသားစုက ကျွန်မကို ဟန့်တားခဲ့ပုံကို အခါခါ တွေးကြည့်တော့၊ ကလေးဘဝကတည်းက မိဘနဲ့ အစ်ကိုရဲ့ ဂရုစိုက်၊ ချစ်ခင်တာ ခံခဲ့ရတာကိုလည်း သတိရမိတယ်။ အခု သူတို့က ကျွန်မကို ဆူပြီး၊ တောင်းဆိုကြသလို၊ အဲဒါက ခံရခက်တယ်။ ဘုရားကို ယုံကြည်ဖို့ ဘာလို့ အရမ်းခက်ရတာလဲ။ ကျွန်မကို တားဆီးဖို့ နောက်ထပ် သူတို့ ဘာလုပ်မလဲ ကျွန်မ တကယ်မသိဘူး။ ကျွန်မ ဘာလုပ်ရမှာလဲ။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ရုတ်တရက် သတိရသွားတယ်။ “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှ ပေါ့ဆလိုက်ရုံနှင့် ငါတို့ ခလုတ်တိုက်မိကောင်း တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြသည်အထိ ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နားလည်စေတယ်။ မိသားစုရဲ့ ဝိုင်းရံတာ ကျွန်မ ခံခဲ့ရပေမဲ့၊ ကျွန်မကို သမ္မာတရား၊ ချင့်ချိန်နိုင်စွမ်းနဲ့ ပြင်ဆင်ပြီး ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီပတ်ဝန်းကျင်ကို ကျွန်မဆီ ရောက်လာခွင့် ဘုရားပေးခဲ့တယ်။ အကြိမ်ကြိမ်၊ မိသားစုက ဘုရားကို ယုံကြည်ရာကနေ ကျွန်မကို တားဆီးခဲ့ပြီး၊ ကျွန်မ ဝမ်းနည်း၊ အားနည်းခဲ့ပေမဲ့၊ ဘုရားက ကျွန်မကို မစွန့်ခဲ့သလို၊ သူ့နှုတ်ကပတ်တော်နဲ့ ကျွန်မကို ဦးဆောင် လမ်းပြနေခဲ့တယ်။ အဲဒါက ကျွန်မမိသားစုရဲ့ နှောင့်ယှက်၊ ဟန့်တားမှုကို ရင်ဆိုင်ရာမှာ ခိုင်ခိုင်မာမာ ရပ်တည်ခွင့်ပေးခဲ့တယ်။ အဲဒါကို ဖြတ်သန်းရပြီးတဲ့နောက်မှာ၊ သမ္မာတရားတချို့ကို နားလည်ခဲ့တယ်။ ဘာသာရေး သင်းအုပ်တွေရဲ့ ဘုရားကိုခုခံမှုရဲ့ အနှစ်သာရနဲ့ စာတန်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို သိမြင်ခဲ့ပြီး၊ ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်ခြင်း တိုးပွားခဲ့တယ်။ ဘုရားအမှုတော်က အရမ်းအမြော်အမြင်ရှိပြီး လက်တွေ့ကျတယ်။ နောင်မှာ ဘာအခက်အခဲတွေ ကျွန်မ ရင်ဆိုင်ရပါစေ၊ ကျွန်မ စိုးရိမ်စရာ၊ ကြောက်စရာ လိုမှာမဟုတ်ဘူး။ ဘုရားပေါ် တကယ် မှီခိုရင်၊ ဘုရားက ကျွန်မကို ဦးဆောင်၊ လမ်းပြမယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။ ဒါကိုတွေးမိတော့၊ ဘုရားနောက်လိုက်ဖို့ ဆန္ဒက ပိုလို့တောင် အားကောင်းသွားတယ်။

တစ်နေ့၊ ကျွန်မအဖေက တံခါးကို ခပ်ပြင်းပြင်း ခေါက်ပြီး၊ ကျွန်မ ဖွင့်ပေးလိုက်တာနဲ့၊ ကျွန်မအမေက ငိုရင်း ပြောတယ်၊ “သဲရေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်ပါနဲ့တော့။ သင်းအုပ်ပြောတာကိုပဲ နားထောင်လိုက်ပါ၊ အသင်းတော်မှာ သခင့်ကို ယုံကြည်ရင် အတူတူပဲ မဟုတ်လား”တဲ့။ ဒီလိုသူ့ကို မြင်ရတော့ ကျွန်မ ဒေါသလည်း ထွက်သလို၊ ဝမ်းလည်းနည်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးနဲ့ ရင်ဆိုင်ရာမှာ၊ အမေက ရှာဖွေ၊ လက်ခံတဲ့ သဘောထား မပြခဲ့ဘူး။ သင်းအုပ်ပြောတာကို လုံးဝ နားထောင်ပြီး သင်းအုပ်ရဲ့ စကားတွေကို အမှန်တရားလို သဘောထားခဲ့တယ်။ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ ကယ်တင်ခြင်းကို ငြင်းပယ်ပြီး၊ ဘုရားနောက်လိုက်ရာကနေ ကျွန်မကို နှောင့်ယှက်၊ ဟန့်တားဖို့ အကောင်းဆုံး လုပ်ခဲ့တယ်။ ကျွန်မအမေက ဘုရားကို တကယ်ယုံကြည်တဲ့သူ မဟုတ်မှန်း၊ လူတွေနောက်လိုက်မှန်း ကျွန်မ မြင်ခဲ့တယ်။ နောက်ဆုံးသော ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားက လူအမျိုးအစား အားလုံးကို အမှန် ထုတ်ဖော်ပြတယ်။ စစ်မှန်တဲ့ ယုံကြည်သူတွေနဲ့ အယောင်ဆောင်တွေလိုပဲ၊ ဂျုံပင်နဲ့ တောပင်တွေ ခွဲခြားခံရတယ်။ ကျွန်မတို့က မိသားစုဆိုပေမဲ့၊ သမ္မာတရားအပေါ် မတူညီတဲ့ သဘောထားတွေကြောင့်၊ မတူညီတဲ့ လမ်းကြောင်းတွေ လျှောက်ခဲ့ကြတယ်။ အမေက ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ငြင်းနေတုန်းပဲဆိုရင်၊ သူနဲ့ ကျွန်မက မတူညီတဲ့ လမ်းကြောင်းတွေ လျှောက်နေကြတာပဲ။ အခု၊ ကျွန်မ ကိုယ့်ရပ်တည်ချက်နဲ့ ရပ်တည်ရမယ်၊ ခံစားချက်တွေ အုပ်စိုးတာ မခံရဘူး။ ပြီးတော့ ကိုယ့်သက်သေမှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ဘုရားကို မှီခိုရမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေပြီး အမေ့ကို ပြောလိုက်တယ်။ “ယုံကြည်သူတွေအနေနဲ့၊ သခင့်ရဲ့ ကြွလာခြင်းကို သမီးတို့ မျှော်လင့်စောင့်စားကြတယ် မဟုတ်လား။ အခု သခင် ပြန်ကြွလာပြီဖြစ်သလို၊ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုစနေပြီ။ ဒီတော့ အမေ့အနေနဲ့ သေချာ စုံစမ်းပြီး သင်းအုပ်စကားကိုပဲ အမြဲ နားထောင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရင်၊ ကယ်တင်ခြင်း အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားကြမှာ”လို့ပေါ့။ ကျွန်မအမေက ခဏ နှုတ်ဆိတ်သွားပေမဲ့၊ အဖေက ဒေါသထွက်သွားပြီး ပြောတယ်။ “နင့်အတွက် ငါ့မှာ မေးစရာတစ်ခုပဲ ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ ရပ်မှာလား”တဲ့။ ကျွန်မ သူ့ကို ကြည့်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တယ်။ “ရပ်မှာမဟုတ်ဘူး”လို့။ ဒါကို ကျွန်မပြောတဲ့အချိန်မှာ၊ နက်ရှိုင်းတဲ့ အေးချမ်း၊ လုံခြုံမှု ခံစားချက် ခံစားခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခိုင်မာတဲ့ ရပ်တည်ချက် ကျွန်မ ဖော်ပြခဲ့ပြီပဲ။ ကျွန်မအဖေက ပိုတောင်စိတ်ဆိုးသွားပြီး အလေးအနက် ပြောတယ်။ “နင့်ကို ထိန်းချုပ်ရအောင်က နင် အရမ်းအသက်ကြီးနေပြီ။ နင် ကိုယ့်လမ်းကိုယ် ရွေးလို့ရတယ်။ နောက်မှ နောင်တမရအောင်‌ သေချာလုပ်ပေါ့”တဲ့။ ကျွန်မအဖေရဲ့ စကားတွေကြောင့် သဘောပေါက်သွားတယ်။ ကျွန်မ အရွယ်ရောက်ပြီဖြစ်သလို၊ ကိုယ့်ဘဝအတွက် တာဝန်ယူရမဲ့ အချိန်ရောက်ပြီပဲ။ အခု ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး ဘုရားရဲ့ ခြေလှမ်းတွေနောက် လိုက်ခဲ့ပြီ။ ဒီတော့ တုံ့ဆိုင်းမှုမရှိဘဲ ကျွန်မလမ်းကြောင်း ကျွန်မ လျှောက်သင့်တယ်။

အဲဒီနောက်၊ ကျွန်မရဲ့ ယုံကြည်မှုကို မိဘတွေက မနှောင့်ယှက်တော့ဘူး။ ဒီဝိညာဉ်ရေးရာ တိုက်ပွဲပြီးသွားတဲ့နောက်မှာ၊ ဘုရားက အနန္တတန်ခိုးရှိပြီး ဉာဏ်ပညာ ရှိတာကို တကယ် နားလည်သွားတယ်။ စာတန်က စက်ဆုပ်စရာဖြစ်ပြီး ဆိုးယုတ်တယ်။ ဘုရားက ကျွန်မရဲ့ အားထားမှုဖြစ်မှန်း တကယ် ခံစားရတယ်။ အခု ကျွန်မ သမ္မာတရားကို မှန်မှန်ကန်ကန် လိုက်စားပြီး အဆုံးထိ ဘုရားနောက်လိုက်ချင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

စာတန်၏ တင်းကျပ်သော ဝန်းရံမှုမှ ထိုးဖောက်ထွက်ခြင်း

ဇောက်ဂန်း၊ တရုတ်ပြည်ဤပြီးခဲ့သည့် နိုဝင်ဘာလတွင် တရုတ်ပြည်မြောက်ပိုင်း၌ ခါးသီးစွာ အေးချမ်းလေသည်၊ မြေပေါ်သို့ကျသည့် မည်သည့်နှင်းမျှ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။