မိသားစု၏ ဖိနှိပ်မှုကို ကျွန်ုပ် ရင်ဆိုင်ခဲ့ပုံ
ငယ်ငယ်တုန်းက၊ ကျွန်မ မိခင်က ကျွန်မကို မကြာခဏပြောပြတယ်၊ “မိန်းမတစ်ယောက်အတွက်၊ လင်ကောင်းသားကောင်း ရှာတွေ့ပြီး လိုက်ဖက်ညီတဲ့ မိသားစုရှိဖို့ထက် ပိုကောင်းတာ ဘဝမှာမရှိဘူး။ ဒီအရာတွေနဲ့ပဲ မိန်းမတစ်ယောက်က ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နိုင်တယ်”တဲ့။ ဒီတွေးပုံတွေးနည်းကို ကျွန်မစိတ်သဘောထဲမှာ နက်နက် သွတ်သွင်းခံလာရပြီး၊ အရွယ်ရောက်တာနဲ့ ကိုယ့်ကို ဂရုစိုက်ပေးမဲ့ အမျိုးသားကောင်းကို ရှာတွေ့ဖို့ တမ်းတခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာခဲ့ဘူး။ ကျွန်မရဲ့ ပထမအိမ်ထောင်က အရမ်းစိတ်မချမ်းသာစရာ ဖြစ်ခဲ့တယ်၊ အဲဒါ သခင်ယေရှုအပေါ် ကျွန်မကို ယုံကြည်ခြင်း ရှိစေခဲ့တယ်။ သခင့်ရဲ့ ကျေးဇူးတော်ကတစ်ဆင့်၊ ကျွန်မ စိတ်နှလုံး နှစ်သိမ့်မှုတချို့ ရခဲ့တယ်။ ဒါပေမဲ့ ယုံကြည်ခြင်းကြောင့် ယောက်ျားက ကျွန်မကို မကြာခဏ ရိုက်နှက်ခဲ့သလို၊ ယုံကြည်ခြင်းကို ဆက်လက်တွေ့လုပ်ဖို့ သူ့ကို ကွာရှင်းရုံကလွဲလို့ ရွေးစရာမရှိခဲ့ဘူး။ နောက်ပိုင်းမှာ၊ ယန်လို့ခေါ်တဲ့ အသင်းတော် လုပ်ဖော်ကိုင်ဖက်ရဲ့ မိတ်ဆက်ပေးခြင်းကတစ်ဆင့်၊ အစ်ကိုဝမ်နဲ့ ကျွန်မ ဆက်ဆံရေးထူထောင်ခဲ့တယ်။ သူ့တစ်မိသားစုလုံးက သခင့်ကို ယုံကြည်ပြီး ကျွန်မကို တကယ် ကောင်းကြတာ မြင်ရတော့ တကယ် ဝမ်းသာမိခဲ့တယ်။ သခင့်အတွက် အလုပ်ကြိုးစားပြီး သူ့ရဲ့ ပြန်ကြွလာခြင်းကို အတူစောင့်မယ်လို့ အစ်ကိုဝမ်နဲ့ ကျွန်မ ဆုံးဖြတ်ခဲ့ကြတယ်။
တစ်နှစ်အကြာမှာ၊ ညီအစ်မတစ်ယောက်က ဒေသနာတစ်ပုဒ်နားထောင်ဖို့ ဖိတ်တယ်။ ကျွန်မတို့ ရက်အနည်းငယ် မိတ်သဟာယပြုပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အများကြီး ဖတ်ခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေကို ဖော်ထုတ်ရင်းနဲ့ နောက်ဆုံးသော ကာလရဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ရင်း၊ သမ္မာတရား အများကြီး ဖော်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ကျွန်မ သေချာလာခဲ့တယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားပြီး၊ အိမ်ပြန်ရောက်တော့၊ သတင်းကောင်းကို ယောက်ျားဆီ အမြန်ပြောလိုက်တယ်၊ သူလည်း ဝမ်းပန်းတသာ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ အသင်းတော်မှာ ညီအစ်ကို မောင်နှမတွေကို ဧဝံဂေလိ ဝေမျှခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြားရတဲ့အခါ သူတို့အတော်များများက ဘုရားရဲ့ အသံဖြစ်မှန်း စိတ်ပိုင်းဖြတ်ခဲ့ကြပြီး၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။
ဒါပေမဲ့ အံ့ဩစရာကောင်းတာက၊ ဒီအကြောင်းကို ယန်က သိလိုက်တာနဲ့ အနီးအနားက အသင်းတော်တချို့ဆီ တခြား လုပ်ဖော်ကိုင်ဖက်တချို့နဲ့ အဲဒီညမှာ အမြန်သွားပြီး၊ ဘုရားရဲ့ နောက်ဆုံးသော ကာလထဲက အမှုတော်ကို လက်ခံရုံပဲရှိသေးတဲ့ သူအများကြီးကို သူတို့ ယုံကြည်ခြင်းကနေ ခြောက်ထုတ်ခဲ့တယ်။ နောက်နေ့မနက်စောစောမှာ၊ ကျွန်မဆီ သူက ကိစ္စတွေကို ကျွဲမြီးတိုပြီး ရိုင်းရိုင်းစိုင်းစိုင်း မေးလာတယ်။ “နင်က အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်ခံရုံမက၊ တခြားညီအစ်ကို မောင်နှမတွေကိုလည်း ယုံကြည်အောင် လုပ်ခဲ့တယ်။ သခင့်ကို နင် သစ္စာဖောက်နေတာ မဟုတ်လား”တဲ့။ ကျွန်မ ပြန်ဖြေလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာက သခင့်ကို ကြိုဆိုတာပဲ။ သခင်ပြန်ကြွလာပြီးပြီဆိုတာကို သိပြီး သူ့ကို လက်မခံသေးတာက သခင့်ကို သစ္စာဖောက်တာပဲ”လို့ပေါ့။ ဒါပေမဲ့ သူတို့က ကျွန်မပြောတာ လုံးဝ နားမထောင်သလို၊ ရှုတ်ပဲရှုတ်ချနေခဲ့ကြတယ်။ “နင်က ငါတို့အသင်းတော်တွေရဲ့ သိုးတွေကို ခိုးဖမ်းတာပဲ။ သခင့်ဆီ နင့်အပြစ်တွေကို ချက်ချင်း ဝန်ချရမယ်၊ မဟုတ်ရင်၊ သခင်က နင့်ကို ကျိန်ဆဲပြီး အပြစ်ပေးမှာ”တဲ့။ နောက်ကွယ်မှာရှိတဲ့ ကျွန်မရဲ့ ခံယူချက်ခွန်အားနဲ့ ပြန်ပြောလိုက်တယ်၊ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၁၀:၁၄) သိုးတွေက ဘုရားနဲ့ဆိုင်တယ်၊ ဘယ်လူနဲ့မှ မဆိုင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေက ဘုရားအသံကို ကြားသူတွေ၊ သခင့်ကို ကြိုဆိုပြီး ဘုရားခြေလှမ်းနောက် လိုက်နေသူတွေပဲ”လို့ပေါ့။ ကျွန်မကို နိုင်အောင် မငြင်းနိုင်တာတွေ့တော့၊ သူတို့က စိတ်တိုတိုနဲ့ ပြောကြတယ်။ “ငါတို့က ဒီအသင်းတော်တွေကို ထောင်ခဲ့တာ၊ ဒီလူတွေကို သခင့်ကို ယုံကြည်အောင် ပြောင်းလဲစေခဲ့ကြတာ။ ဒီသိုးတွေက ငါတို့ဟာတွေဖြစ်ပြီး၊ နင်နဲ့အတူလိုက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ ငါတို့တားမြစ်တယ်”တဲ့။ ကျွန်မယောက်ျားနဲ့ ယောက္ခမကိုလည်း ခြိမ်းခြောက်ကြတယ်။ “ရှင်တို့မိသားစုကို ခက်ခဲချိန်တွေမှာ အသင်းတော်က အမြဲ ကူညီခဲ့တယ်၊ ဒါပေမဲ့ ကျန်းလန်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆက်ယုံကြည်နေတယ်။ ရှင်တို့ကို ကျွန်မတို့ အဆက်အသွယ်ဖြတ်ပြီး လုံးဝ ထပ်ကူညီတော့မှာ မဟုတ်ဘူး”တဲ့။ ဒါကိုကြားတော့ ကျွန်မ ယောက္ခမက လန့်သွားပြီး ခေါင်းညိတ်သဘောတူတယ်၊ “မစိုးရိမ်ပါနဲ့။ ကျွန်မ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို မယုံကြည်သလို ကျန်းလန်ကိုလည်း ယုံခွင့်ပေးမှာ မဟုတ်ပါဘူး”လို့ ပြောတယ်။ ပြီးတော့ ကျွန်မကို သူပြောတယ်၊ “သခင့်အပေါ် ငါ့ကို ပထမဆုံး ယုံကြည်စေတာက ယန်ဖြစ်ပြီး အခြေအနေ တော်တော်များများမှာ သူ ကူညီခဲ့တယ်။ သူပြောတာကို ငါတို့ နားထောင်ရမယ်။ သူ့ကို စိတ်ပျက်စေလို့မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နင်ယုံကြည်လို့မရဘူး။ ဒီမိသားစုမှာ၊ ငါပြောတာ အတည်ဖြစ်လို့၊ ယုံကြည်ခြင်းမှာ ငါ့နောက်နင်တို့အားလုံး လိုက်ရမယ်”တဲ့။ သူတို့ပြောတာ နားထောင်ပြီးတော့၊ သူလည်း အလျှော့ပေးပြီး ပြောတယ်။ “နင်နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငါ ထပ်ယုံကြည်လို့မရတော့ဘူး။ ယန်က ငါတို့ကို အများကြီးကူညီခဲ့သလို သူ မိတ်ဆက်ပေးလို့ ငါတို့ အိမ်ထောင်ပြုခဲ့တာလေ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ သူ့ကို ငါ စိတ်ပျက်စေမိမှာပဲ။ ငါ့အမေက အဲဒါကို အရမ်းဆန့်ကျင်တဲ့ အတွက်၊ နေ့တိုင်း မဟုတ်တာလေးကို ငါငြင်းခုံမနေနိုင်ဘူး”တဲ့။ အဲဒါကိုကြားတော့ ကျွန်မ အရမ်းဒေါသထွက်ပြီး၊ ပြောလိုက်တယ်၊ “ရှင်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အများကြီး ဖတ်ခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း သိတယ်၊ ဒါပေမဲ့ ယန်နဲ့ ဆက်ဆံရေးကို ကာကွယ်ချင်တာသက်သက်နဲ့ သူ့နောက်လိုက်ဖို့ မလိုမလားဖြစ်နေတယ်။ လူတွေကို ယုံကြည်တာလား၊ ဘုရားကို ယုံကြည်တာလား”လို့ပေါ့။ ကျွန်မယောက်ျားက တုံ့ဆိုင်းသွားပြီးတော့ ပြောတယ်၊ “ဒါကလမ်းမှန်ဆိုတာ ငါ အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ယုံကြည်နေရင် ငါတို့ကို ကူညီတော့မှာ မဟုတ်ဘူးလို့ ယန်ကပြောတယ်။ ဒီယုံကြည်ခြင်းကို ငါ ဆက်မထားနိုင်ဘူး”တဲ့။
ဒါပြီးတော့၊ ကျွန်မယောက္ခမက ကျွန်မကို အရမ်းတားဆီးခဲ့တယ်။ တစ်ခါ၊ သူက ကျွန်မကို ပြောတယ်။ “သခင့်အပေါ် ယုံကြည်မှုကို ငါတို့ အတူလက်တွေ့လုပ်ရင် ငါတို့မိသားစုက ဝမ်းသာမှာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နင်မရမက ဆက်ယုံကြည်ပြီး၊ ငါ့သားနဲ့ ငါက သခင်ယေရှုကို ယုံကြည်ရင်၊ မတူညီတဲ့ စံတွေ၊ လမ်းကြောင်းတွေနဲ့ အချိန်ကြာတာနဲ့အမျှ နင်တို့နှစ်ယောက် အတူနေလို့ရပါ့မလား။ တစ်ချိန်ချိန်မှာ မိန်းမတစ်ယောက်က မိသားစုကို ထူထောင်ဖို့လိုတယ် မဟုတ်လား။ နင်အိုတဲ့အခါ ဘယ်သူ စောင့်ရှောက်ပေးမှာလဲ။ ခေါင်းကိုက်တာ၊ ဖျားတာတွေ ရှိတဲ့အခါ၊ ဘယ်သူက ဂရုစိုက်ပေးမှာလဲ။ ငါ့သားက နင့်ကို အရမ်းချစ်တာ၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နင် မရမကယုံကြည်ရင်၊ နင်တို့နှစ်ယောက် ကွာရှင်းသွားရမှာပဲ၊ ပြီးတော့ အဲဒီလိုဖြစ်တဲ့အခါ၊ နင် အိမ်ပြင်ကို ရောက်မှာ။ နင်ကောင်းဖို့ ဒါတွေအားလုံးကို ငါ ပြောနေရတာ။ အဲဒါကို ကောင်းကောင်း စဉ်းစား”တဲ့။ အဲဒီတုန်းက၊ နည်းနည်း မရေမရာ ဖြစ်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ဆက်ယုံကြည်ရင် မိသားစုကွဲသွားမှာလား။ ဘဝမှာ မိန်းမတစ်ယောက်ရဲ့ အကြီးမားဆုံး ဝမ်းမြောက်မှုက လင်ကောင်းသားကောင်းရပြီး တည်ငြိမ်တဲ့ မိသားစုရှိတာပဲလေ။ ဒီမိသားစုကို ကျွန်မ မဆုံးရှုံးချင်ခဲ့ဘူး။ ဒါကြောင့် ယောက္ခမစကားနားထောင်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းကို လက်လျော့သင့်လား။ အဲဒီလိုတွေးမိတော့ တကယ်ကို အပြစ်ရှိတဲ့စိတ် ခံစားခဲ့ရတယ်။ သခင့်ကို ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တွေမှာ သခင့်ရဲ့ ပြန်ကြွလာခြင်းကို တောင့်တမနေခဲ့ဘူးလား။ သခင်ယေရှုက ပြန်လာပြီ။ ဒီတော့ သူ့နောက်မလိုက်ရင်၊ ယုံကြည်သူလို့ သတ်မှတ်လို့ရပါဦးမလား။ ဘုရားနောက်လိုက်တာကို လက်လျော့လို့ မဖြစ်ဘူး။ အဲဒီအချိန်မှာ၊ ကျွန်မယောက်ျားအတွက် ကျွန်မမှာ မျှော်လင့်ချက်ရေးရေး ရှိနေတုန်းပဲ။ သူ့ကို နေ့တိုင်း ဘုရားနှုတ်ကပတ်တော် ဆက်ဖတ်ပေးနေသရွေ့၊ သူ နားလည်လာပြီး၊ ကျွန်မနဲ့ ဆက်ယုံကြည်နေနိုင်မယ်လို့ ကျွန်မ ခံစားမိခဲ့တယ်။ အဲဒီနောက်မှာ အချိန်ရတိုင်း ကျွန်မယောက်ျားကို ဘုရားနှုတ်ကပတ်တော် ဖတ်ပြခဲ့တယ်။ မိသားစုအတွက် အစားအသောက်ကောင်းတွေ အမြဲလုပ်ပေးပြီး တစ်အိမ်လုံးကို သန့်ရှင်း၊ သပ်ရပ်စေတယ်။ ကျွန်မအကြောင်း ကျွန်မယောက္ခမက ဘာပဲပြောပါစေ၊ လုပ်မြဲအတိုင်း သူ့ကို မပြောင်းလဲတဲ့ သားသမီးဝတ် ကျေပွန်ခဲ့တယ်။ အဲဒါက ကျွန်မယောက်ျားကို တို့ထိပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ အတူဆက်ယုံကြည်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်အကြောင်း ပြောတဲ့အခါအတိုင်း ကျွန်မယောက်ျားက စိတ်အနှောင့်အယှက်ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြတိုင်းမှာ သူ အိပ်ပျော်သွားတယ်။ ကျွန်မယောက်ျားကို ဒီလိုမြင်ရတာက ကျွန်မစိတ်နှလုံးကို အေးစက်သွားစေတယ်။ ဒီအချိန်မှာ၊ ဘုရားသိုးတွေက သူ့အသံကို ကြားကြောင်းနဲ့ ကျွန်မယောက်ျားရဲ့ ယုံကြည်ခြင်းက မမှန်မှန်း၊ သူက သမ္မာတရားကို လိုက်စားသူ မဟုတ်ကြောင်းနဲ့ ဒါ ဘုရားအလိုတော်နဲ့ မကိုက်ညီတာနဲ့အမျှ သူ့ကို ဆွဲခေါ်ဖို့ ကိုယ့်ခံစားချက်တွေပေါ် မှီခိုမနေသင့်မှန်း သဘောပေါက်ခဲ့တယ်။ တစ်ယောက်ယောက်က ဘုရားရဲ့ သုံးမဟုတ်သလို၊ သမ္မာတရားကို မချစ်ရင်၊ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အားလုံး အချည်းနှီးပဲ။ တစ်မိသားစုလုံးက ယုံကြည်ကောင်း ယုံကြည်နိုင်ပေမဲ့၊ အားလုံး ချီဆောင်ခံရဖို့ အာမခံချက်မရှိဘူး။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကိုလည်း ပြည့်စုံစေတယ်။ “ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။” (ရှင်လုကာခရစ်ဝင် ၁၇:၃၄) “ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၄၀)
နည်းနည်းကြာတော့၊ ကျွန်မယောက်ျားနဲ့ ယောက္ခမရဲ့ နှိပ်စက်မှုက တိုးပြီး ပြင်းထန်လာတယ်။ တစ်နေ့မှာ၊ အစ်မလီက ဘုရားနှုတ်ကပတ်တော် စာအုပ်တချို့ လာပေးပြီး၊ ကျွန်မယောက္ခမက သူ့ကို အော်ဟစ်ဆဲရေးရင်းနဲ့၊ ဆူပူအုံကြွတာကို အာရုံရောက်စေရင်း ဝင်းထဲမှာ ရပ်နေတယ်။ အစ်မလီကို ထွက်သွားခိုင်းတော့မဲ့ဆဲဆဲမှာပဲ ကျွန်မယောက္ခမက ကျွန်မယောက်ျားကို အော်တယ်။ “ငါ့အတွက် ကျန်းလန်ကို ရိုက်ပေးစမ်းပါ”တဲ့။ အဲဒီအခါ ကျွန်မယောက်ျားက ကြက်တစ်ကောင်ကို ဖမ်းဆွဲပြီး အရူးလို ကျွန်မဆီ သဲကြီးမဲကြီး လွှဲတယ်။ ကျွန်မရှောင်လိုက်ပြီး၊ ကြက်က ကျွန်မဘေးမှာရှိတဲ့ သံတံခါးကို ပစ်တိုက်မိပြီး လဲကျသေသွားခဲ့တယ်။ ကျွန်မယောက်ျားက ကျွန်မကို မရိုက်တာမြင်တော့၊ ယောက္ခမက အသံကုန် ဟစ်တယ်။ “သူ့ကို ရိုက်၊ သူ့ကို ရိုက်”တဲ့။ ကျွန်မယောက်ျားရဲ့ မျက်လုံးတွေ နီရဲသွားပြီး၊ ကျွန်မဆီ အော်ရင်း ပြေးလာတယ်။ “မင်းက အရိုက်တောင်းနေသလိုပဲ။ ဒီနေ့ပဲ မင်း အရိုက်ခံရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ယုံကြည်ရင်၊ မင်း ထွက်သွားနိုင်တယ်”တဲ့။ ကျွန်မနဲ့ပတ်သက်လို့ အမြဲ သိပ်နူးညံ့ခဲ့တဲ့ ကျွန်မယောက်ျားက ရုတ်တရက် အရမ်းရက်စက်ပြီး၊ ဘီလူးသရဲစီးလာတာ မြင်တော့ ကျွန်မ အရမ်းလန့်သွားတယ်။ သူက ဘယ်လိုလုပ် ရန်သူလို ကျွန်မပေါ် အရမ်းမုန်းတီးနိုင်ရတာလဲ။ သူ့အထဲက အမုန်းတရားကို ရှင်းထုတ်ဖို့ ကျွန်မကို သတ်ဖို့ သူတရွရွဖြစ်နေတာ တွေ့တော့၊ ကျွန်မ အရမ်းစိတ်ပျက်သွားတယ်။ ကျွန်မကို သူ့လက်ရွယ်လိုက်တာ မြင်တော့၊ ကိုယ့်စိတ်နှလုံးမှာ ဘုရားရဲ့ ကွယ်ကာမှုကို အမြန်တောင်းလျှာက်လိုက်မိတယ်။ ကျွန်မယောက်ျားကို တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။ “ရန်သူတွေကိုတောင် ချစ်ဖို့ သခင်ယေရှုက ကျွန်မတို့ကို သွန်သင်ခဲ့တယ်။ ကျွန်မက ရှင့်ရန်သူမဟုတ်သလို၊ ဘယ်နည်းနဲ့မှ ရှင့်ကို မတရားမဆက်ဆံခဲ့ဘူး၊ ဒီတော့ ဘာလို့ ကျွန်မကို ရိုက်နေရတာလဲ။ ဒီလိုလုပ်ရာမှာ ရှင်က သခင့်ကို ယုံကြည်သေးရဲ့လား”လို့ပေါ့။ ကျွန်မအဲဒီလိုပြောတာ့ သူ ရိုက်တာရပ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မယောက္ခမက မလျှော့တမ်း ပြောတယ်၊ “ကျန်းလန်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ယုံကြည်ရင် ငါ့ဒေါသက ငါ့ကို သတ်မိတော့မှာပဲ။ ဒီမိသားစုမှာ သူ မဟုတ်ရင် ငါပဲ ရှိရမယ်။ နင့်မိန်းမကိုလိုချင်လား၊ ငါ့ကို လိုချင်လား”တဲ့။ နောက်ပိုင်းမှာ ကျွန်မယောက်ျားက ကျွန်မရှေ့ ဒူးထောက်ပြီး မျက်ရည်တွေနဲ့ ပြောတယ်၊ “ငါ မင်းကို တောင်းပန်နေတာပါ၊ ကျေးဇူးပြုပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်ပါနဲ့တော့။ ငါ ဒေါသမထွက်သင့်သလို၊ မင်းကို လုံးဝ ထပ်ပြီး ရိုက်မှာ မဟုတ်ပါဘူး။ ဒီတစ်ခါပဲ ငါပြောတာ နားထောင်ပြီး အဲဒီစာအုပ်တွေကို ပြန်ပေးလိုက်ပါ။ တကယ် ငါ့အမေကို ဒေါသနဲ့သေခိုင်းရင်၊ သားသမီးဝတ်မကျေတဲ့အတွက် ငါတို့ နာမည်ကြီးသွားမှာဖြစ်ပြီး၊ ကျန်တဲ့ဘဝမှာ အရှက်တကွဲနဲ့ အသက်ရှင်ကြရလိမ့်မယ်။ ငါ့အမေကို မင်းဒေါသမထွက်စေသရွေ့၊ တစ်နေ့ မြို့မှာနေဖို့ မင်းကို ငါ ခေါ်သွားပါ့မယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငါတို့ အတူယုံကြည်လို့ရတယ်”တဲ့။ ကျွန်မယောက်ျား အရမ်းဝမ်းနည်းတာကို မြင်တော့၊ ကျွန်မ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူကိုကယ်တင်ဖို့ သမ္မာတရားအများကြီး ဖော်ပြပြီး၊ သူ့ကို ယုံကြည်ရမယ်မှန်း ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ဒီမိသားစုကို ကျွန်မ မဆုံးရှုံးချင်ဘူး။ ကျွန်မ မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ သူ့စိတ်ကို သူပြောင်းလဲပြီး ကျွန်မနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နိုင်မယ်ဆိုရင်၊ အဲဒါ သိပ်ကောင်းမှာပဲ။ ဒါပေမဲ့ ကျွန်မ သူပြောတာ နားမထောင်သလို၊ သူက ကိစ္စတွေကို ပြင်းပြင်းထန်ထန် သဘောထားပြီး၊ မဟုတ်တာတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါ့အပြင်၊ ယောက္ခမကို ကျွန်မ တကယ် ဒေါသထွက်စေရင်၊ ကျွန်မက သားသမီးဝတ်မကျေဘူးလို့ တံဆိပ်တပ်ခံရရုံမက၊ ကျွန်မယောက်ျားက ကျွန်မကို နှင်ထုတ်မှာပဲ။ ဒီအကျိုးဆက်တွေကို တွေးမိတော့ ကျွန်မ တစ်ကိုယ်လုံး ခွေယိုင်ပြီး အားနည်းသွားတယ်။ ကျွန်မ တကယ် ချည်နှောင်ခံရပြီး ဒီအခြေအနေကို မကျော်လွှားနိုင်ဘူးလို့ ခံစားရတယ်။ နောက်တော့ ဒီနေ့ထိ နောင်တရမိတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့မိတယ်။
ရက်နည်းနည်းကြာတော့၊ ကျွန်မနဲ့အတူ စုဝေးဖို့ အစ်မတစ်ယောက် ရောက်လာပြီး၊ ကူကယ်ရာမဲ့ ခံစားချက်နဲ့ သူ့ကို ကျွန်မ ပြောပြလိုက်တယ်။ “ကျွန်မယောက္ခမ စိတ်ငြိမ်သွားအောင် ဒီဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို အစ်မ ပြန်ယူသွားဖို့လိုတယ်။ ကျွန်မတို့ ရွေ့ပြောင်းတာနဲ့ ကျွန်မယောက်ျားနဲ့ ကျွန်မက ယုံကြည်ခြင်းကို ပြန်လက်တွေ့လုပ်ပါ့မယ်”လို့ပေါ့။ အဲဒီအစ်မက ကျွန်မကို ပြန်စဉ်းစားဖို့ တိုက်တွန်းပေမဲ့၊ မိသားစုကို ကာကွယ်ဖို့၊ အတော်များများ တုံ့ဆိုင်းပြီးတဲ့နောက်မှာ၊ သူ့ကို ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ ယူသွားခိုင်းခဲ့တယ်။ စာအုပ်တွေ ယူသွားပြီးတာနဲ့တစ်ပြိုင်နက်၊ ကျွန်မစိတ်နှလုံးက အခေါင်းပေါက်ဖြစ်သွားသလိုမျိုး စိတ်မသက်မသာနဲ့ ဝမ်းနည်းအားငယ်ပြီး ကိုယ့်နေ့ရက်တွေကို ကုန်ဆုံးခဲ့တယ်။ ကျွန်မ မအိပ်နိုင်၊ မစားနိုင်ဖြစ်ခဲ့ပြီး၊ စိတ်နှလုံး တကယ် ဆို့နင့်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ မဖတ်တာ၊ စုဝေးပွဲတွေ မတက်တော့တာကို မြင်တော့ ယောက္ခမ အရမ်းဝမ်းသာသွားပြီး၊ ဝင်းထဲမှာ သီချင်းဆိုရင်းနဲ့ ရပ်နေပြီး၊ သူ ကျွန်မကို မြင်တိုင်း ပုံမှန်ထက် အသံပိုကျယ်ကျယ် သီချင်းဆိုခဲ့တယ်။ ဒါဟာ စာတန်က ကျွန်မကို လှောင်ပြောင်နေသလို ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ပေးပစ်လိုက်မိတဲ့အတွက် အရမ်းနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ နေ့တိုင်း ကျွန်မ နုံးချည့်နေပုံကို မြင်တော့၊ ယောက်ျားက ကျွန်မကို စျေးဝယ်ထွက်ပြီး အမျိုးတွေဆီလည်ဖို့ ခေါ်သွားတယ်။ ယုံကြည်သူတွေကြားမှာ ကျွန်မယောက်ျားက ယုံကြည်သူနဲ့ တူတာဆိုလို့ ဘာဆိုဘာမှမရှိဘဲ ဆေးလိပ်သောက်၊ အရက်သောက်၊ ဂိမ်းကစားပြီး အရက်မူးနေတာကို မြင်ရတော့၊ ကျွန်မတကယ် စိတ်ပျက်မိတယ်။ နောက်ဆုံးမှာ ကျွန်မ အသိစိတ်ဝင်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ကျွန်မယောက်ျားက ရှင်းရှင်း သိခဲ့ပေမဲ့၊ ယန်နဲ့ ကျွန်မယောက္ခမပြောတာကို နားထောင်ဖို့ သူ ရွေးချယ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်ခဲ့ရုံမက၊ ကျွန်မကိုလည်း နှိပ်စက်ပြီး မယုံကြည်အောင်တားခဲ့တယ်။ သခင်ယေရှုရဲ့ စကားတွေကိုတောင် သူ မလိုက်နာတော့ဘူး၊ သခင့်ကို ဆုတောင်းမနေဘူး၊ ကျမ်းစာမဖတ်ဘဲ၊ ဆေးလိပ် အရက်သောက်နေတယ်။ သူ့စကားနဲ့ အပြုအမူက လုံးဝ ခရစ်ယာန်မဟုတ်ဘူး။ မယုံကြည်သူတစ်ယောက်ပဲ။ ဒီတော့ သူက ကျွန်မနဲ့အတူ ဘယ်လိုလုပ် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နိုင်မှာလဲ။ တစ်နေ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မနဲ့အတူ ယုံကြည်မယ်လို့ ကျွန်မယောက်ျားပြောခဲ့တာက ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို အဝေးကို ပို့ခိုင်းအောင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်ရာကနေ ကျွန်မကိုတားဆီးဖို့၊ သူ့မိခင်ကို ချွေးသိပ်ပြီး ကျွန်မကို သူတို့မိသားစုပေါ် စိတ်နှလုံးအကြွင်းမဲ့ အစေခံစေဖို့ လှည့်ကွက်တစ်ခုသက်သက် ဖြစ်မှန်း သတိပြုမိလိုက်တယ်။ ဒါက ဘုရားဆီကနေ ကျွန်မကို ခွဲပြီး သူ့ကို သစ္စာဖောက်စေဖို့ စာတန်ရဲ့ လှည့်ကွက်တွေထဲက တစ်ခုပဲ မဟုတ်လား။ စာတန်ရဲ့လှည့်ကွက်ကိုအောင်မြင်ခွင့်ပေးဖို့ ကျွန်မအရမ်း မျက်ကန်းဖြစ်ပြီး မသိနားမလည်ခဲ့တာပဲ။ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော် ဖတ်ခဲ့တဲ့နေ့တွေကို အရမ်းလွမ်းမိတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်ကို အဖော်ပြုခြင်းနဲ့အတူ လာတဲ့ ဝမ်းမြောက်မှုကို လွမ်းမိတယ်။ နောက်ပိုင်းမှာ၊ ကျွန်မနဲ့ စုဝေးခဲ့တဲ့ ညီအစ်မတစ်ယောက်ကို သွားရှာခဲ့ပေမဲ့၊ သူက အဝေးကို ပြောင်းရွေ့ပြီးသား ဖြစ်နေခဲ့ပြီး၊ တခြားညီအစ်ကို မောင်နှမတွေ ဘယ်မှာ နေမှန်း ကျွန်မ မသိခဲ့ဘူး။ ငိုရင်းနဲ့ ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားဆီ ဆုတောင်းခဲ့တယ်။ အိမ်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းခွေတစ်ခု ရှိသေးမှန်း သတိရလိုက်တယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး ဘုရားကို အကြိမ်ကြိမ် ကျေးဇူးတင်မိပါတယ်။ ပထမဆုံးဖွင့်တဲ့ ဓမ္မသီချင်းက “ဘုရားမရှိသောနေ့ရက်တွေမှာ ဒုက္ခဆင်းရဲက ပြည့်နှက်နေတယ်”ဆိုတာပဲ။ “လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) နားထောင်ရင်းနဲ့ မျက်ရည်မကျဘဲ မနေနိုင်ခဲ့ဘူး။ ဒူးထောက်ပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ ကိုယ်တော်မရှိတဲ့ ကျွန်မရဲ့ နေ့ရက်တွေက တကယ် မှောင်မိုက်ပြီး နာကျင်စရာပါ။ ကျွန်မဘဝက မျှော်လင့်ချက်လုံးဝ မရှိခဲ့သလို၊ သေလိုက်တာ ပိုကောင်းမယ်လို့ ခံစားခဲ့ရပါတယ်။ လူတွေအများကြီးထဲကနေ၊ ကိုယ်တော့်ရှေ့လာဖို့ ကျွန်မကို ကိုယ်တော်ရွေးချယ်ခဲ့ပြီး၊ ကျွန်မကို ဆက်ရေလောင်း၊ ထောက်ပံ့ဖို့ ညီအစ်ကို မောင်နှမတွေကို ကိုယ်တော် တို့ထိခဲ့တယ်။ ဒါက ကိုယ်တော့်ရဲ့ မေတ္တာသက်သက်ပါ။ ဒါပေမဲ့ ဒါကို ဘယ်လို တန်ဖိုးထားရမှန်း ကျွန်မ မသိခဲ့သလို၊ ကိုယ့်မိသားစုကို ကာကွယ်ဖို့ ကိုယ်တော့်ကို အဝင်မခံခဲ့ဘူး။ တကယ်ကို အသိစိတ်မရှိခဲ့တာပါ။ ဘုရားသခင်၊ ကျွန်မ အရမ်းပုန်ကန်ခဲ့ပေမဲ့၊ ကိုယ်တော် ကယ်တင်တုန်းပဲ။ ကိုယ်တော့်ကို ကျွန်မ တကယ်အကြွေးတင်မိပါတယ်။ ကျွန်မနည်းလမ်းတွေကို ပြုပြင်ချင်ပါတယ်။ မိသားစုက ကျွန်မကို ဘယ်လိုပဲ ဖိနှိပ်ပါစေ၊ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်နောက် လိုက်ပါမယ်”လို့ပေါ့။ ဆုတောင်းပြီးတော့၊ ကျွန်မ တကယ် အေးချမ်းပြီး စိတ်အေးသွားတယ်။ အံ့ဩစရာက၊ နောက်တစ်နေ့မှာ လမ်းမှာ ညီအစ်မတစ်ယောက်နဲ့ ကျွန်မဆုံရတယ်။ ကျွန်မ အချိန်အတော်ကြာ ပျောက်ဆုံးခဲ့တဲ့ အမျိုးကို တွေ့နေရသလိုမျိုး အရမ်းဝမ်းသာခဲ့တယ်။ ဒါက ကျွန်မအတွက် ဘုရားရဲ့ မေတ္တာသက်သက်ဖြစ်မှန်း သိခဲ့သလို၊ ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။
စုဝေးပွဲတွေကို ကျွန်မ စပြီး ပြန်သွားနေခဲ့တာကို ယောက်ျားက သိတော့၊ ကျွန်မစက်ဘီးကို ရိုက်ချိူးချင်ခဲ့ပြီး ကျွန်မကို ရိုက်ဖို့ ခြိမ်းခြောက်ခဲ့တယ်။ ကျွန်မယောက္ခမလည်း ကျွန်မကို အရင်လို ပြန်ဖိနှိပ်နေပေမဲ့၊ သူတို့ ကျွန်မကို ဘယ်လိုပဲ နှိပ်စက်ပါစေ၊ ကျွန်မ သူတို့ကို အလျော့ပေးမှာ မဟုတ်ဘူး။ ပုံမှန်အတိုင်း စုဝေးဖို့၊ ကျွန်မရဲ့ အိမ်အလုပ်အားလုံး ဖြစ်နိုင်သမျှ မြန်မြန် ပြီးအောင် နေ့တိုင်း မနက်စောစောထပြီး အိပ်ရာဝင်နောက်ကျ ခဲ့ရတယ်။ အဲဒါမှ စုဝေးပြီး ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့ အချိန်ရနိုင်မှာလေ။ အိမ်အလုပ်အားလုံးကို ထမ်းနေရပြီး တစ်ခါတလေ လုံးဝ ဖတ်ဖတ်မောခဲ့ရပေမဲ့၊ ကျွန်မအပေါ် ကျွန်မယောက်ျားနဲ့ ယောက္ခမရဲ့ သဘောထားက နည်းနည်းမှ မတိုးတက်ခဲ့ဘူး။ ဖိနှိပ်မှုက တကယ်ကို ဆိုးသွားခဲ့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော် ဖတ်တာကို သူတို့ တွေ့တော့၊ လှောင်ကြတယ်။ “စာအုပ်တစ်အုပ်ကို ဖတ်တာက အစာစားတာကို အစားထိုးနိုင်လား။ နင် ပျင်းနေရင် ဘယ်သူ အလုပ်လုပ်နေတာလဲ”တဲ့။ တစ်ခါ၊ ကျွန်မ ဗိုက်နာပြီး အလုပ်မလုပ်နိုင်လို့ တစ်နေ့တာ နားချင်နေခဲ့ချိန်မှာ၊ ကျွန်မယောက်ျားက ဒေါသတကြီး ပြောတယ်၊ “ငါမင်းကို လုပ်စေချင်တဲ့အရာတွေကရော။ မင်းမလုပ်ရင်၊ ဘယ်သူလုပ်မလဲ”တဲ့။ နောက်တော့ ကျွန်မယောက္ခမက အကိုက်အခဲပျောက်ဆေးတွေ ယူလာပြီး၊ ကျွန်မကို သောက်ခိုင်းပြီး အလုပ်ပြန်လုပ်ခိုင်းတယ်။ ကျွန်မကို သူတို့ဒီလိုဆက်ဆံကြတာ မြင်ရတာ တကယ် နှလုံးကြေကွဲရတယ်။ ဒီမိသားစုအတွက် တစ်နေဝင်၊ တစ်နေထွက် ခွေးတစ်ကောင်လို ကျွန်မ ဆင်းရဲဒုက္ခခံပြီး အလုပ်လုပ်ခဲ့ရပေမဲ့၊ ကျွန်မအတွက် သူတို့မှာ နည်းနည်းမှတောင် ဂရုစိုက်တာ၊ စဉ်းစားပေးတာ မရှိခဲ့ဘူး။ ဒီအိမ်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ မဖတ်နိုင်ခဲ့သလို၊ နေမကောင်းတဲ့အခါ နားပိုင်ခွင့်တောင် မရှိခဲ့ဘူး။ ဒါက ကျွန်မလိုချင်ခဲ့တဲ့ မိသားစုလား။ ဒါက “ပျော်ရွှင်မှု”လား။ ဒီလိုအသက်ရှင်ရတာ အရမ်းစိတ်လေးစရာ၊ နာကျင်စရာပါပဲ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့ရတယ်။ “နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် ‘မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်’ က လူသား၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ချန်ခဲ့သည့် မသိမသာနှင့် ဖျက်လိုဖျက်ဆီး လုပ်သည့်သဘောရှိသော လွှမ်းမိုးမှုများအပြင်၊ လွတ်လပ်မှု တစ်စက်မျှမရှိဘဲ၊ ဆန္ဒပြင်းပြဖို့ သို့မဟုတ် မဆုတ်မနစ် လုံ့လထုတ်ဖို့ လိုအင်ဆန္ဒမရှိဘဲနှင့်၊ တိုးတက်စေဖို့ ဆန္ဒမရှိဘဲ၊ ယင်းအစား မတုန်မလှုပ်နှင့် ခေတ်နောက်ပြန် ဆွဲမြဲဆွဲနေရင်း၊ ကျေးကျွန်စိတ်နေသဘောထားတွင် ခိုင်မာစွာ အမြစ်တွယ်လျက်၊ လူတို့ ပိတ်မိပြီး ချည်နှောင်ခံရသည့် ရှေးရိုးစွဲ အတွေးအခေါ် စသဖြင့်- ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ သဘောတရားဆိုင်ရာ အမြင်၊ စံများ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့ထံ ဖျက်မရသည့် ညစ်ညူးပြီး အကျည်းတန်သော အသွင်ကို ပေးပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့ထဲမှ မည်သူမျှ ကျော်လွန်ဖို့ မကြိုးစားကြသည့် အကြမ်းဖက်မှု အမှောင်ကမ္ဘာ၌ အသက်ရှင်နေကြသည်ဟု ထင်ရပြီး အကောင်းဆုံး လောကတစ်ခုသို့ ပြောင်းရွှေ့ခြင်းငှာ ၎င်းတို့ထဲမှ မည်သူမျှ မစဉ်းစားကြချေ။ ယင်းထက်၊ ၎င်းတို့သည် အသက်တာထဲတွင် မိမိတို့၏ နေ့ရက်များကို သားသမီးများမွေးကာ ပြုစုပျိုးထောင်ရင်း၊ ကြိုးပမ်းရင်း၊ ချွေးပြန်ရင်း၊ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်ရင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုတစ်ခု၊ အိမ်ထောင်ရေး ချစ်ခင်မှု၊ သားသမီးဝတ်ကျေပွန်သော သားသမီးများကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း၊ မိမိတို့၏ ဘဝများကို အေးချမ်းစွာ အသက်ရှင်နေထိုင်ကြသည်နှင့်အမျှ ဘဝ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုတို့ကို စိတ်ကူးယဉ်အိပ်မက်မက်ရင်းဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို ရောင့်ရဲတင်းတိမ်နေကြလေသည်...ဆယ်စုနှစ်၊ ထောင်စုနှစ်၊ သောင်းစုနှစ်ချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏အလိုကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့အချိန်မှာ၊ မျက်ရည်တွေက ပါးပြင်တွေမှာ ကျလာတယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို ထုတ်ဖော်ပြနေခဲ့တာပဲ။ ကျွန်မမှာ လွတ်လပ်မှုမရှိဘူးဆိုတဲ့ ဒီတွေးပုံတွေးနည်းရဲ့ ချည်နှောင်တာကို ကျွန်မ အရမ်းခံခဲ့ရတာပဲ။ ငယ်တဲ့အရွယ်ကတည်းက “အသက်ကြီးတဲ့အခါ အဖော်ရှိဖို့ ငယ်ရွယ်ချိန်မှာ အိမ်ထောင်ပြုပါ” ဆိုတာနဲ့ “သင့်ယောက်ျားသည် သင်၏ ကျောက်ဆောင်၊ မိသားစုက ခိုလှုံရာဖြစ်သည်” ဆိုတဲ့ စိတ်ကူးတွေရဲ့ ထိန်းချုပ်တာခံခဲ့ရတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့ မိသားစု၊ အိမ်ထောင်ရေး အတိသုခ၊ လိုက်ဖက်ညီတဲ့ မိသားစုနဲ့ ဝမ်းမြောက်မှုပြည့်တဲ့ ဘဝတစ်ခုကို အမြဲ အိပ်မက်မက်ခဲ့တယ်။ ဒါပေမဲ့ တကယ်က ကျွန်မလိုချင်တာနဲ့ လုံးဝ ကွာခြားခဲ့တယ်။ ကျွန်မရဲ့ ပထမဆုံး အိမ်ထောင်က မပျော်မရွှင်ဖြစ်ခဲ့ရပြီး၊ ယုံကြည်ခြင်းမှာ ယောက်ျားက ကျွန်မကို ဖိနှိပ်ပြီး အရမ်းရိုက်နှက်ခဲ့တယ်။ နောက်ယောက်ျားနဲ့ အိမ်ထောင်တစ်ခု ထူထောင်ပြီးတဲ့နောက်မှာ၊ အဲဒီမိသားစုကို ကျွန်မတကယ် တန်ဖိုးထားခဲ့ပြီး၊ ပျော်ရွှင်တဲ့ဘဝတစ်ခု အသက်ရှင်ဖို့၊ အိမ်အလုပ်စီမံဖို့ မညည်းညူဘဲ နေထွက်က နေဝင် ကျောနာတဲ့အထိ ခြေကုန်လက်ပန်းကျ အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မယောက်ျားနဲ့ ယောက္ခမက ကျွန်မကို ဂရုမစိုက်ခဲ့ရုံမက၊ ကျွန်မကို ဖိနှိပ်ခဲ့တယ်၊ တားဆီးခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ခွင့်မပေးခဲ့သလို၊ နေမကောင်းဖြစ်ချိန်မှာတောင် ကျွန်မကို အတင်းဆက်အလုပ်လုပ်စေခဲ့တယ်။ ကျွန်တစ်ယောက်လိုဖြစ်ခဲ့တာ။ ဒါမိသားစု မဟုတ်ဘူး။ ဒီမိသားစုမရှိရင်၊ အနည်းဆုံးတော့ ဘုရားကို လွတ်လွတ်လပ်လပ် ယုံကြည်နိုင်မယ်၊ သူ့နှုတ်ကပတ်တော် ဖတ်ပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ မကြာခဏ စုဝေး၊ မိတ်သဟာယပြုနိုင်မှာပဲ။ ဒီမိသားစုက ကျွန်မဆီကနေ အသက်ကို ညှစ်သတ်နေတာပဲ။ ကျွန်မကို ထောင်ဖမ်းတာ၊ ကျွန်မရဲ့ အချုပ်အနှောင်တွေ ဖြစ်လာခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်း၊ ကျွန်မတာဝန် ထမ်းဆောင်ခြင်းအတွက် အကျိုးမပြုခဲ့ဘူး။ ဒီမိသားစုက ကျွန်မဘဝကို ဖျက်ဆီးမှာပဲ။ နောက်ဆုံးမှာ ကျွန်မနိုးထသွားတယ်။ ပျော်ရွှင်တဲ့ မိသားစုရှိတာကို ကျွန်မ အမြဲ စိတ်ကူးယဉ်ခဲ့ပေမဲ့၊ လူတွေအားလုံးက စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပြည့်ကြတယ်။ အရမ်းမာနထောင်လွှား၊ စိတ်ကြီးဝင်၊ ကောက်ကျစ်၊ သစ္စာပျက်ပြီး တစ်ကိုယ်ကောင်းဆန်ကြတယ်။ တစ်ချိန်က ကျွန်မ တမ်းတခဲ့တဲ့ ပျော်ရွှင်စရာ အိမ်ထောင်က ဒီလောကမှာ ရှိမဲ့အခွင့်အရေး မရှိဘူး။ “အသက်ကြီးတဲ့အခါ အဖော်ရှိဖို့ ငယ်ရွယ်ချိန်မှာ အိမ်ထောင်ပြုပါ” ဆိုတာနဲ့ “သင့်ယောက်ျားသည် သင်၏ ကျောက်ဆောင်၊ မိသားစုက ခိုလှုံရာဖြစ်သည်”ဆိုတဲ့ စိတ်ကူးတွေက စာတန်က လူတွေကို လှည့်ဖြားဖို့ သုံးတဲ့ အလိမ်အညာတွေနဲ့ နာကျင်စေဖို့ လှည့်ကွက်တွေပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြချက်ကတစ်ဆင့်၊ ကျွန်မမိသားစုရဲ့ အနှစ်သာရကို သိမြင်မှု နည်းနည်း ရခဲ့တယ်။ အရင်က ကျွန်မအရမ်း မျက်ကန်းဖြစ်ခဲ့ပြီး မသိနားမလည်ဖြစ်ခဲ့တာပဲ။ ဘုရားကို ယုံကြည်ခြင်းအားဖြင့်၊ ကျွန်မက မှန်တဲ့ အသက်လမ်းကြောင်းပေါ် ရှိခဲ့ပြီး၊ အဲဒါတွေရဲ့ ကန့်သတ်တာ ခံလို့မရတော့ဘူး။ မလျော့တမ်း စုဝေးပြီး တစ်ချိန်လုံး ကိုယ့်တာဝန်ကို ထမ်းဆောင်ရမယ်။ ဒါကြောင့် ကျွန်မယောက်ျားကို ပြောလိုက်တယ်၊ “ဘုရားကို ယုံကြည်ခြင်းကြောင့်ပဲ ရှင်နဲ့အတူနေဖို့ ကျွန်မလာခဲ့တာ။ အခု သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်မ ကြိုဆိုနေပြီဖြစ်သလို၊ ရှင်မယုံရင်တောင် ကျွန်မ ယုံကြည်ရမယ်။ ကျွန်မတို့ ကွာရှင်းရင်တောင်၊ ကျွန်မ ဆက်စုဝေးပြီး ဧဝံဂေလိ ဖြန့်နေမှာပဲ”လို့ပေါ့။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုမြင်တော့၊ ကျွန်မကို မတားဆီးတော့ဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ ကောင်းတဲ့အရာက တာရှည်မခံသလို၊ မကြာခင်မှာ ကျွန်မကို သူ ပြန်ဖိနှိပ်လာခဲ့တယ်။
တစ်ခါ၊ ညီအစ်ကို မောင်နှမတချို့က စုဝေးဖို့အတွက် ကျွန်မအိမ်ကို လာကြတယ်။ ညီအစ်မတစ်ယောက်က သူ့ဘီးလေပြားနေခဲ့တယ်။ ဒီတော့ လေနည်းနည်းဖြည့်ဖို့ ကျွန်မ လေထိုးတံ ယူတယ်။ ဒါပေမဲ့ ဒါကိုမြင်တော့၊ ကျွန်မယောက္ခမက မျက်နှာမှာ ကြမ်းတမ်းတဲ့ အကြည့်နဲ့ ဝုန်းဒိုင်းပြေးလာပြီး လေထိုးတံကို ဆွဲလုသွားတယ်။ အဲဒီညီအစ်မက ကြောက်လန့်သွားသလို၊ ယောက္ခမက ကျွန်မကို အံကြိတ်ပြီး ဆူတယ်။ “နင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခွင့်မပေးပေမဲ့၊ မရမက နင်ယုံတယ်။ ဘာကဘာလဲဆိုတာ နင့်ကို ငါ ပြမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံခွင့်ပေးဖို့ထက် နင့်ကို ဒီကနေ ထွက်သွားခိုင်းလိုက်မယ်...”တဲ့။ ဒါကိုပြောရင်းနဲ့ သူ ကျွန်မကို စရိုက်ပြီး တစ်ချိန်တည်းမှာပဲ အော်နေတယ်။ ကျွန်မ ခေါင်းအူသွားတဲ့အထိ ကျွန်မကို သူရိုက်နှက်ခဲ့တယ်။ ကျွန်မ အရိုက်ခံနေရတာမြင်တော့၊ ညီအစ်ကို မောင်နှမတွေက ယောက္ခမကို ကြိုးစားတားဖို့ လာကြပေမဲ့၊ သူတို့ကို သူက အော်လိုက်တယ်။ “နင်တို့အားလုံးကို ပြည်သူ့လုံခြုံရေးငှာနကို ပို့ခိုင်းလိုက်မယ်၊ အဲဒီအခါ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နိုင်လား ကြည့်ရတာပေါ့”တဲ့။ ဒီအချိန်မှာပဲ၊ ပွတ်လောရိုက်တာကို ကြည့်ဖို့ လမ်းမှာ လူတစ်အုပ်လုံး စုဝေးသွားတယ်။ သူ့ကို ကျွန်မယောက်ျားက ကူဖျောင်းဖျပေးမယ်လို့ ကျွန်မ ထင်ခဲ့ပေမဲ့၊ အံ့ဩစရာကောင်းတာက သူ့အမေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် နောက်စေ့ကနေ ကျွန်မကို သူ ထိုးတယ်၊ ကျွန်မကို အံ့အားသင့်သွားစေခဲ့တယ်။ ကျွန်မယောက်ျားရဲ့ ရိုက်နှက်ချက်က နှလုံးသားကို လုံးဝ အေးစက်သွားစေခဲ့ပြီး၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်မိတယ်။ ဒီမိသားစုကို ကျွန်မ ထိန်းသိမ်းနေရတဲ့ အကြောင်းရင်းက ဘာလဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို သတိရမိတယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။...ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) လူတွေအားလုံးဟာ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့ပြီး၊ လူအားလုံး တစ်ကိုယ်ကောင်းဆန်ကြမှန်း ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြချက်ကနေ နားလည်ရတယ်။ လင်နဲ့မယားက သူတို့ကိုယ်ပိုင် စိတ်ဆန္ဒတွေကို ဖြည့်ဆည်းဖို့နဲ့ အချင်းချင်း အသုံးချဖို့ပဲ အတူနေကြတာ။ ကျွန်မအတွက် ကျွန်မယောက်ျားရဲ့ ချိုမြိန်တဲ့ စကားနဲ့ ဂရုစိုက်မှုက ကလေးတွေနဲ့ လူကြီးကို တာဝန်ယူပြီး သူ့အတွက် အိမ်အလုပ်လုပ်ပေးအောင်လို့ ကျွန်မကို အသုံးချဖို့သက်သက်ပဲဖြစ်သလို၊ အကွယ်အကာလို သူဆောင်ရွက်ပေးဖို့ သူ့ကို ကျွန်မလက်ထပ်ခဲ့တာပဲ။ အဲဒီလို ဆက်ဆံရေးမျိုးမှာ ဘယ်လိုဖြစ်ပြီး စစ်မှန်တဲ့အချစ် တည်ရှိနိုင်မှာလဲ။ ဒါက စစ်မှန်တဲ့ အချစ်မဟုတ်ဘူး။ ဘုရားကို ယုံကြည်ခြင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရာမှာ ကျွန်မယောက်ျားက ကျွန်မကို အမြဲတားဆီးခဲ့သလို၊ ဘုရားကို တကယ် မယုံကြည်သူအနေနဲ့ ဘုရားရဲ့ ဖော်ထုတ်တာကို သူ ခံခဲ့ရတာ ကြာခဲ့ပါပြီ။ ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်ပြတဲ့အတိုင်းပါပဲ။ “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။” ဒါပေမဲ့ သူ့ကို ကျွန်မ လုံးဝ လက်မလွတ်နိုင်ခဲ့သလို၊ ဒီမိသားစုကို အမြဲ ဆက်ရှိနေစေချင်ခဲ့တယ်။ ကျွန်မ တကယ်ကို မိုက်မဲခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်ကို ထပ်ဖတ်ခဲ့တယ်။ “ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့၊ ကျွန်မယောက်ျားရဲ့ အနှစ်သာရကို ပိုပြီး ရှင်းရှင်း မြင်နိုင်သွားတယ်။ ကျွန်မယောက်ျားက သခင်ယေရှုကို အမည်ခံ ယုံကြည်ခဲ့တာပဲ။ အနှစ်သာရအနေနဲ့၊ ဘုရားဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေပဲ သူလိုချင်ခဲ့တာ။ ရစရာတစ်ခုခုရှိရင် သူ ယုံကြည်မှာဖြစ်ပေမဲ့ မရှိရင် ယုံကြည်မှာ မဟုတ်ဘူး။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြားတဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ပြီး ဆက်အသက်ရှင်နိုင်မယ်လို့ သူ ထင်ခဲ့လို့၊ ဒါကို ဝမ်းသာအားရ သူ လက်ခံခဲ့တယ်။ ဒါပေမဲ့ ဘာသာရေးသမားတွေရဲ့ နှောင့်ယှက်၊ ငြင်းပယ်တာ ခံရတဲ့အခါ၊ ယုံကြည်တာကို သူ ရပ်လိုက်ရုံမက၊ ကျွန်မကိုလည်း နှိပ်စက်ပြီး ဟန့်တားခဲ့တယ်။ သူ့ရဲ့ အနှစ်သာရက စာတန်နတ်ဆိုး အနှစ်သာရ၊ ဘုရားရဲ့ ရန်သူပဲ။ လူတွေရဲ့ အနှစ်သာရက သူတို့ လျှောက်တဲ့ လမ်းကြောင်းတွေလို မတူကြဘူး။ ပြီးတော့ မိသားစုတွေတောင် ရန်သူတွေ ဖြစ်လာနိုင်တယ်။ ဒါက သခင်ယေရှု ပြောခဲ့တာကို တကယ် အတည်ပြုတယ်။ “ကိုယ့်အိမ်သူအိမ်သားတို့သည်လည်း ကိုယ့်ရန်သူ ဖြစ်ကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၆) နောက်ထပ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန် ဂရုမစိုက်ရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲကို တိတ်တဆိတ် လျစ်လျူရှုသလော။ အမှောင်မှ အလင်းသို့ သူပြောင်းလဲနိုင်သည့် နေ့ရက်ကို သူသည် မတောင့်တသလော။ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတို့အပေါ် မတရားမှုများကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒမရှိသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်ကာ အမှန်တရားများအား ပြောင်းလဲပစ်သည်ကို သူသည် ကြည့်ရှုပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဖို့ လိုလားနေသလော။ ဤညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံမြဲ ကြံ့ကြံ့ခံရသည်ကို သူပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် လိုလားနေသလော။ သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့် အတူတကွ ဘုရားသခင်၏ လက်ထဲတွင် ပျက်စီးဆုံးရှုံးရန် လိုလားနေသလော။ သင်၏ စိတ်ဆုံးဖြတ်ချက်ကား အဘယ်မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာနည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်းကား အဘယ်မှာနည်း။...သူသည် တတ်နိုင်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ချီတုံချတုံဖြစ်သေးသနည်း။ ဘုရားသခင်၏ အမှုကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ထိုသို့ဖြင့် ရောက်တတ်ရာရာ နှိပ်စက်ခံရာ ဖိနှိပ်ခံရလျက်၊ သူ၏ ဘဝ တစ်ခုလုံးသည် နောက်ဆုံးတွင် အချည်းနှီး ကုန်ဆုံးပြီးဖြစ်လိမ့်မည်။ အဘယ်ကြောင့် သူသည် ရောက်လာရန် ထိုသို့ အလောတကြီး ဖြစ်ပြီး၊ ထွက်ခွာသွားရန် ထိုသို့ အလျင်လိုရသနည်း။ ဘုရားသခင်အား ပေးရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို မသိမ်းထားရသနည်း။ နှစ်ထောင်ချီ မုန်းတီးခြင်းကို သူသည် မေ့လျော့လေပြီလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားနှုတ်ကပတ်တော်တွေက သူ့ရဲ့ အရေးပေါ် ရည်ရွယ်ချက်တွေကို နားလည်စေတယ်။ လူသားမျိုးနွယ်အတွက် ဘုရားက စိုးရိမ်သလို၊ ကျွန်မတို့ဘဝတွေကို စာတန်ရဲ့ အချုပ်အနှောင်နဲ့ ညှဉ်းဆဲမှုထဲမှာ ထာဝရ အသက်မရှင်စေချင်ဘူး။ အမှောင်အင်အားစုတွေရဲ့ ကန့်သတ်မှုတွေကနေ ကျွန်မတို့ကို လွတ်စေချင်တယ်။ သူ့ဆီ ကျွန်မတို့ ဘဝတွေကို ပေးပြီး အလင်းမှာ အသက်ရှင်စေချင်တယ်။ ဒါပေမဲ့ ကျွန်မက သူရဲဘောကြောင်သူဖြစ်ခဲ့တယ်။ ကျွန်မယောက်ျားနဲ့ ယောက္ခမက နတ်ဆိုးနဲ့ဆိုင်ကြသလို၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို တားဆီးနေခဲ့ကြတယ်၊ ကျွန်မကိုရိုက်နှက်၊ ဆူဆဲပြီး နှိပ်စက်နေခဲ့ကြပေမဲ့၊ ဒီမိသားစုကို ကျွန်မ မခွဲရက်နိုင်ခဲ့ဘူး။ ဒါကြောင့် မတရားမှုနဲ့ အရှက်ကွဲခြင်းကို ကျွန်မ သည်းခံခဲ့ပြီး၊ ကျွန်လို၊ ကျွန်မဘဝက ကျွန်မယောက်ျားနဲ့ မိသားစုကို ဗဟိုပြုနေခဲ့သလို၊ အဓိပ္ပာယ်မရှိတဲ့ အရာတွေကို ကျွန်မ လိုက်စားခဲ့တယ်။ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းဖို့ ဘုရားက ကျွန်မကို ဦးဆောင်နေခဲ့တယ်။ လူ့ဘဝရဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးကို နားလည်ခွင့်ပေးတဲ့ သမ္မာတရားတွေကို သူ ဖော်ပြခဲ့ပြီးပြီဖြစ်ပေမဲ့၊ အဲဒါကို လိုက်စားဖို့ ကျွန်မမှာ ဆုံးဖြတ်ချက် မရှိခဲ့ဘူး။ ကျွန်မက သုံးမရတဲ့သူတစ်ယောက်ပဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၇) ဘုရားက ကျွန်မကို ရွေးချယ်ပြီး ကယ်တင်ခဲ့တယ်— သမ္မာတရားနဲ့ အသက်ပေးခဲ့တယ်။ ဘုရားနောက် ကျွန်မလိုက်ပြီး သူ့ကို ချစ်သင့်တယ်။ ကျွန်မယောက်ျားနဲ့ ယောက္ခမနှစ်ယောက်လုံးက ဘုရားကို ခုခံကြသလို၊ ကျွန်မရဲ့ မေတ္တာ၊ အားအင်တွေနဲ့ မတန်ကြဘူး။ ကျွန်မက အရမ်းမသိနားမလည်ဖြစ်ပြီး ကြောင်းကျိုးမမြင်လေ့ ရှိခဲ့တယ်။ အိမ်ထောင်ရေး လိုက်ဖက်မှုနဲ့ မိသားစု ချမ်းသာသုခကို ကျွန်မအမြဲ လိုက်စားခဲ့တယ်။ ကျွန်မရဲ့ ဘဝထက်ဝက်က အချည်းနှီးကုန်သွားခဲ့ပြီ။ ကျွန်မရဲ့ ကျန်တဲ့အချိန်တွေကို ဘုရားကို ဖြည့်ဆည်းဖို့ သုံးသင့်တယ်။ အခု ကျွန်မတို့က နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေတဲ့ အဓိကအချိန်မှာ ရှိနေသလို၊ ပိုများတဲ့ လူတွေက နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်အောင် နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ အမှုတော်ကို ပိုများတဲ့ လူတွေဆီ သက်သေခံဖို့ လိုတယ်။ ကျွန်မ ဘုရားနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ကျွန်မတာဝန်ကို အစွမ်းကုန် ထမ်းဆောင်သင့်တယ်။ ဒါက အဓိပ္ပာယ်နဲ့ တန်ဖိုးရှိတဲ့ ဘဝတစ်ခု အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။
အဲဒီနောက် မကြာခင်မှာ၊ ဧဝံဂေလိဖြန့်ဖို့ ကျွန်မ အိမ်ကို စွန့်ခွာခဲ့တယ်။ နေ့တိုင်း ညီအစ်ကို မောင်နှမတွေနဲ့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုပြီး တာဝန်ထမ်းသလို၊ ကျွန်မစိတ်နှလုံးက အေးချမ်းပြီး လွတ်မြောက်ခဲ့တယ်။ အခုတစ်ခါတလေ ကျွန်မတာဝန်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ၊ ကျွန်မ နေမကောင်းဖြစ်တဲ့အခါ၊ ညီအစ်မတွေက ကျွန်မကို အမြဲကူညီပြီး ဂရုစိုက်ပေးကြတယ်။ မိသားစုလို ကျွန်မကို ဆက်ဆံကြတယ်။ ဒါက ဘုရားရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဘုရားက ကျွန်မရဲ့ စစ်မှန်တဲ့ ကျောက်ဆောင်ဖြစ်ပြီး ဘုရားအိမ်တော်က ကျွန်မရဲ့ တကယ့်မိသားစုဖြစ်မှန်း အခု သဘောပေါက်သွားပြီ။ ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။