ယုံကြည်ခြင်း- ခွန်အား၏ အရင်းအမြစ်

22.05.2022

ကျိုးလျန် မြန်မာနိုင်ငံ

ပြီးခဲ့တဲ့ နွေမှာပေါ့။ အဲဒါကို အွန်လိုင်းမှာ ကြည့်နေတာ၊ တခြားလူတွေကလည်း ကျွန်တော့်ကို သမ္မာတရားအများကြီး မျှဝေပေးကြတယ်၊ ဘယ်လို သခင်ပြန်ကြွလာတယ်၊ ဘုရားအသံကို ဘယ်လိုနားထောင်ပြီး သခင့်ကို ဘယ်လိုကြိုဆိုရမယ်၊ စစ်မှန်တဲ့ ခရစ်တော်ကို အယောင်ဆောင်တွေကနေ ဘယ်လိုခွဲခြားရမယ်၊ ဘုရားရဲ့ အနှစ် ၆၀၀၀ အစီအစဉ်ဆိုတာတွေနဲ့ တခြားသမ္မာတရား သွင်ပြင်တွေ အများကြီးကိုပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အများကြီးကိုလည်း ကျွန်တော်ဖတ်တယ်။ အဲဒါကို နှစ်လလောက် လေ့လာစစ်ဆေးခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း သေချာလာခဲ့တာ။ ကျွန်တော်သိပ်ပျော်သွားပြီး သူ့ရဲ့ နောက်ဆုံးသော ကာလအမှုကို လက်ခံခဲ့တယ်။ ကျွန်တော့်မိသားစုကို ဘုရားရှေ့ခေါ်ဖို့အတွက် သခင့်ရဲ့ ပြန်ကြွလာခြင်းအကြောင်း သတင်းကောင်းကို ပြောပြဖို့ မစောင့်နိုင်အောင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ဧဝံဂေလိ ဝေမျှဖို့ အခွင့်မရခင်မှာ တပ်ရင်းမှူးက ကျွန်တော့်ကို ပြန်လာဖို့ ခေါ်ရော။

နောက်ပိုင်း ဖုန်းနဲ့ သူတို့ကို ဧဝံဂေလိ ဝေမျှခဲ့တယ်။ တစ်ခါ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က သခင့်ကို ဘယ်လိုကြိုဆိုရမယ်ဆိုတဲ့အကြောင်း စပြောကြတော့ သူကျွန်တော့်ကို မေးတယ်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ကျွန်တော်ယုံလားတဲ့။ အဲဒီလူတွေဟာ မိသားစုတွေကို စွန့်ပစ်တယ်လို့ သင်းအုပ်ဆရာက ပြောတယ်၊ ကျွန်တော့်အနေနဲ့ အဲဒီယုံကြည်ခြင်းကို စွန့်သင့်တယ်တဲ့။ အဲဒါကြားရတော့ စိတ်မသက်မသာဖြစ်ပြီး စိတ်ဆိုးမိတယ်။ ကျွန်တော်ပြောလိုက်တယ်၊ “မမိုက်စမ်းပါနဲ့။ သင်းအုပ်ဆရာပြောတာကို ဘယ်လိုလုပ် မမြင်မကန်း ယုံလိုက်နိုင်တာလဲ။ ဘာကို အခြေခံပြီး သူအဲဒီလိုပြောတာတဲ့လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငါယုံကြည်တာ လေးလကျော်သွားပြီ။ မင်းကို ငါစွန့်ပစ်ခဲ့လို့လား။ မိသားစုကို ငါဂရုစိုက်ဘူးလား။ စီစီပီက ယုံကြည်သူမိသားစု အများကြီးကို ခွဲရင်း ယုံကြည်သူတွေကို အရူးအမူး ဖမ်းပြီး ဖိနှိပ်နေတာပဲ ငါသိတယ်။ ဘယ်လိုလုပ် အချက်အလက်တွေကို လှည့်ပြီး ငါတို့က ကိုယ့်မိသားစုကို မလိုချင်ဘူးလို့ ပြောရတာလဲ။ အဲဒါတွေက အလိမ်အညာတွေ။ သူတို့ရဲ့ ကောလာဟလနဲ့ အလိမ်အညာတွေကို လုံးဝ နားထောင်လို့ မဖြစ်ဘူးနော်” လို့ပေါ့။ အဲဒီနောက် သူ့ကို ကျွန်တော်ပြောလိုက်တယ်၊ “လက်တွေ့ကျတဲ့သူက သခင့်ကြွလာခြင်းအကြောင်းနဲ့ပတ်သက်လို့ နည်းနည်းရှာဖွေတာလုပ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက ဘုရားရဲ့အသံ ဟုတ်လားဆိုတာ ကြည့်သင့်တယ်။ ရောမ ၁၀:၁၇ မှာ ပြောထားတယ်၊ ‘သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။’ သခင်ယေရှုကလည်း ပြောခဲ့တယ်၊ ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဘုရားရဲ့သိုးတွေက သူ့အသံကို ကြားတယ်၊ ဒီတော့ သခင့်ကြွလာခြင်းနဲ့စပ်လျဉ်းတဲ့ ဘယ်အရာကိုမဆို ငါတို့လေ့လာပြီး သူ့အသံတော်ကို နားထောင်သင့်တယ်။ ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရားပဲ၊ တန်ခိုးနဲ့ပြည့်ပြီး ဩဇာအာဏာရှိတယ်။ လူတစ်ယောက်ဆီက လာတာ မဖြစ်နိုင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုလို့ ငါသတ်မှတ်လိုက်ပြီးပြီ၊ သူ့စကားတွေအားလုံးက သမ္မာတရားဖြစ်တယ်၊ ဘုရားရဲ့အသံဖြစ်တယ်ဆိုတာ ငါတွေ့ခဲ့ရလို့ပဲ” လို့ပေါ့။ သူလုံးဝနားမထောင်ဘူး။ ဖုန်းချလိုက်ဖို့ပဲ ကျွန်တော်တတ်နိုင်ခဲ့တယ်။ နှစ်ပတ်လောက်ကြာပြီးတဲ့နောက် သူ့ကို ဖုန်းထပ်ဆက်ခဲ့ပေမဲ့ သူက ဖုန်းပိတ်ထားလိုက်တယ်။ နောက်တော့ ညနေစုဝေးပွဲအချိန် ကျလာတာနဲ့ သူကျွန်တော့်ကို အထပ်ထပ် ဖုန်းစခေါ်ရော။ စုဝေးပွဲမှာ ကျွန်တော်ငြိမ်ငြိမ်နေလို့မရဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကနေ ဘာဉာဏ်အလင်းပေးတာမှ မရခဲ့ဘူး။ ကျွန်တော်ဘာလုပ်ရမယ်မှန်း မသိတော့ အခြေအနေတစ်လျှောက် ကျွန်တော့်ကို လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားဆီ ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် ကျွန်တော်တွေးမိတယ်၊ အဲဒီအရာထဲမှာ ဘုရားအလိုတော်ကို ကျွန်တော်နားမလည်သေးပေမဲ့ ယုံကြည်ခြင်း ရှိရမယ်။ အဲဒါကြောင့် စိတ်ကျဉ်းကျပ်နေလို့မရဘဲ စုဝေးပွဲကို အာရုံစိုက်ရမယ်လို့ပေါ့။ အဲဒီအခါ နည်းနည်းပိုတည်ငြိမ်သွားတယ်။

ဒါပေမဲ့ နောက်နေ့မှာ ကျွန်တော့်မိန်းမက ရုတ်တရက် ဖုန်းခေါ်ပြီး ပြောတယ်၊ “ရှင်က အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားဟောတာ နားထောင်ဖို့ ဖုန်းဝယ်ပေမဲ့ ကျွန်မတို့ သမီးက နေမကောင်းဖြစ်နေတယ်၊ သူဆေးကုဖို့အတွက် ကျွန်မတို့မှာ ငွေမရှိတော့ဘူး။ ရှင့်ရဲ့ ယုံကြည်ခြင်းကြောင့် ရှင့်သမီးကို ရှင်က ဂရုမစိုက်တာပဲ” တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်စေချင်လို့ပဲ သူအဲဒါကို ပြောမှန်း ကျွန်တော်သိတယ်။ လိုအပ်ရင် ငွေချေးလို့ ရတယ်လေ၊ ပြီးတော့ ကလေးတွေ နေမကောင်းဖြစ်တတ်တာ တကယ့်ကို ပုံမှန်ပါပဲ။ ကျွန်တော်ယုံကြည်သူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူဖျားနိုင်တာပဲလေ။ ကျွန်တော်လည်း သူ့အတွက် အကောင်းဆုံး ဖြစ်စေချင်တာပါပဲ။ ကျွန်တော့်မိန်းမက ဘယ်လိုလုပ် အဲဒီလိုအထင်လွဲနိုင်ရတာလဲ။ ကျွန်တော့်ယုံကြည်ခြင်းကို တားဖို့ ဆင်ခြေအနေနဲ့ ကလေးရဲ့ နေမကောင်းဖြစ်တာကို သူအသုံးချတာတွေ့ရတော့ သူ့ကို ကျွန်တော်စိတ်ပျက်မိတယ်။ ကျွန်တော် ဘာကိုမှ မပြောရသေးခင် သူဆက်ပြောတယ်၊ “ဒါကို ရှင်မရမက ဆက်ယုံကြည်မယ်ဆိုရင် နောင်မှာ ကျွန်မတို့ မိသားစုတောင် ဖြစ်နိုင်မှာ မဟုတ်တော့ဘူး” တဲ့။ ဒါကို ကြားရတော့ စိတ်နှလုံးကြေကွဲသွားတာပဲဗျာ။ ကျွန်တော်တို့ကလေးက သိပ်ငယ်သေးတာကို သူတကယ်ကွာရှင်းချင်တာများလားလို့ တွေးမိတယ်။ စိတ်မသက်မသာဖြစ်ပြီး ဘာကိုမှ ထပ်မပြောတော့ဘဲ ကျွန်တော်ဖုန်းချလိုက်တယ်။ ဒါပေမဲ့ သူပြောလိုက်တဲ့အရာကြောင့် ကျွန်တော်တနုံ့နုံ့ စိတ်အနှောင့်အယှက် ဖြစ်ပြီး ဘုရားကို စအပြစ်မတင်ဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်တော်တွေးနေမိတယ်၊ ကျွန်တော်တို့မိသားစု သဟဇာတဖြစ်ခြင်းနဲ့ သမီးရဲ့ ကျန်းမာရေးကို သူဘာလို့ မကွယ်ကာပေးခဲ့တာလဲလို့ပေါ့။

ခဏတော့ စုဝေးပွဲတွေအတွင်း ဘုရားရှေ့မှာ ကျွန်တော် မတည်ငြိမ်နိုင်ခဲ့ဘူး၊ ပြီးတော့ မိတ်သဟာယအတွက် ဘာဉာဏ်အလင်းပေးတာမှ မရှိခဲ့ဘူး။ ဒါကြောင့် ဘုရားရှေ့ ဒူးထောက်ပြီး “ဘုရားသခင်၊ ကျွန်တော့်ဝိညာဉ်ရင့်ကျက်မှုက နုနယ်ပါတယ်။ ဟိုစကားတွေကို ကျွန်တော့်မိန်းမပြောကတည်းက ကျွန်တော်သိပ်စိတ်ဓာတ်ကျနေပြီး အားနည်းနေပါတယ်။ ကျွန်တော်နဲ့အတူ နေပြီး ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ လမ်းပြတော်မူပါ” လို့ ပြောလိုက်တယ်။ အဲဒီညနေမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်တော်ဖတ်ခဲ့တယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) သူ့နိုင်ငံတော်ဆီ သွားတဲ့ လမ်းကြောင်းက အားလုံး မချောမွေ့မှန်း သူ့နှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ အခက်အခဲနဲ့ စမ်းသပ်မှုမျိုးစုံ ရှိတဲ့အပြင် ကျွန်တော်တို့ မဖြစ်စေချင်တဲ့ အရာတွေအများကြီး ဖြစ်လာမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိ၊ မရှိဆိုတာနဲ့ သူ့အတွက် ထူးကဲတဲ့ သက်သေ ခံနိုင်ခြင်းရှိ၊ မရှိဆိုတာကို ထုတ်ဖော်ပြဖို့ ဒါတွေအားလုံးကို ဖြတ်သန်းရမှာပဲ။ ကျွန်တော့်မိန်းမက ကျွန်တော့်ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ယုံကြည်မှုကို ဆန့်ကျင်နေချိန်မှာ ပထမတော့ သူ့ဆီ ဆက်သက်သေခံဖို့ ယုံကြည်ချက် ရှိခဲ့တယ်။ ဒါပေမဲ့ ကွာရှင်းဖို့ သူစခြိမ်းခြောက်ပြီး ကလေးနေမကောင်းဖြစ်လာတော့ ကျွန်တော်စပြီး ညည်းညူလာတယ်။ ကျွန်တော့်မိသားစု ကောင်းစားရေးကို မကာကွယ်ပေးတဲ့အတွက်၊ ကလေးရဲ့ နာမကျန်းဖြစ်ခြင်းအတွက် ဘုရားကို အပြစ်တင်ခဲ့တာ။ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့မှန်း တွေ့ရတယ်။ မကောင်းတဲ့အရာ နှစ်ခုလောက်ဖြစ်တာနဲ့ ကျွန်တော်ဘုရားကို စအပြစ်တင်လာတယ်၊ အဲဒါ ဘယ်လိုလုပ် သက်သေခံချက်ဖြစ်မှာလဲ။ နောက်တော့ ကျွန်တော်စတွေးမိလာတယ်၊ ကိုယ့်မိသားစုမှာ တစ်ခုခုဖြစ်တာနဲ့ ဘာလို့ ဘုရားအပေါ် ယုံကြည်ခြင်း ပျောက်ဆုံးခဲ့တာလဲ။ ဘာလို့သူ့ကို အပြစ်မတင်ဘဲ မနေနိုင်ဖြစ်ခဲ့တာလဲပေါ့။

ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ မမှန်တဲ့ အမြင်တွေအပေါ် သိနားလည်မှုတချို့ ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ ပုံမှန်ထက်ပိုခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။...သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဒီထဲမှာ ကျွန်တော်အဖြေတွေ့ခဲ့ရတယ်။ ယုံကြည်ခြင်းမှာ ကျွန်တော့်ရည်မှန်းချက်နဲ့ ရှုထောင့်အမြင်တွေက မှားခဲ့တာပဲ။ အဲဒါက သမ္မာတရား ရဖို့ မဟုတ်ခဲ့ဘဲ ကိုယ့်မိသားစု အဆင်ပြေပြီး ဘေးကင်းဖို့၊ ကျွန်တော်တို့ ဘဝတွေ မခက်ခဲဖို့အတွက်ပဲ။ ဘုရားရဲ့ ထွေးပွေ့မှုထဲမှာပဲ အသက်ရှင်ချင်ခဲ့ပြီး သူ့ကျေးဇူးတော်ကို မွေ့လျော်ချင်ခဲ့တာ။ သူ့ကောင်းချီးတွေ ရှိနေချိန်မှာ သူ့နောက်လိုက်ဖို့ ယုံကြည်ခြင်း ရှိခဲ့ပေမဲ့ အိမ်မှာ ပြဿနာတွေ ရှိတော့၊ ကိုယ့်ကလေး နေမကောင်းဖြစ်တော့ ကိုယ့်မိသားစုကို မကာကွယ်ပေးတဲ့အတွက် ဘုရားကို စောဒကတက်ပြီး အပြစ်တင်ခဲ့တယ်။ တကယ်ကို ယုံကြည်ခြင်း မရှိခဲ့တာပါ။ ကိုယ့်ယုံကြည်ခြင်းအတွက် ဘုရားက ကျွန်တော့်ကို ကောင်းချီးပေးသင့်တယ်၊ အဲဒီလိုအရာမျိုး ကျွန်တော်မကြုံသင့်ဘူးလို့ ခံစားရင်း ကျွန်တော့်မှာ ဖြစ်နေတာနဲ့ပတ်သက်လို့ မတရားခံရသလိုတောင် ထင်ခဲ့တာ။ နောက်တော့ ကျွန်တော့်ယုံကြည်ခြင်းက ကောင်းချီးတွေ ရရှိခြင်းအပေါ် လုံးလုံး တည်ဆောက်ထားပြီး စစ်ဆေးတာ တကယ်ကို မခံနိုင်မှန်း သဘောပေါက်သွားတယ်။ ယုံကြည်ခြင်း ရှိတာ၊ ဘုရားကို ကိုးကွယ်တာက မှန်ကန်ပြီး သဘာဝကျတယ်။ အဲဒါက မိဘတွေအပေါ် သားသမီးဝတ် ကျေပွန်သလိုပဲလေ၊ ကျွန်တော်ဘုရားနဲ့ အပေးအယူ မလုပ်သင့်ဘူး။ ဒါပေမဲ့ ဘုရားဆီကနေ တစ်ခုခုရအောင်၊ သူ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရအောင် အမြဲ ကြိုးစားနေမိခဲ့တယ်။ ကျွန်တော့်မှာ အသိစိတ်၊ ဆင်ခြင်တုံတရား ဘာတစ်ခုမှ မရှိခဲ့ဘူး။ ကျွန်တော်က ဘုရားပြောနေခဲ့တဲ့ လူစားမျိုး အတိအကျပဲ၊ နှလုံးသား မရှိဘူး၊ ဝိညာဉ်မရှိဘူး။ အဲဒီလို ယုံကြည်ခြင်းမျိုးက ဘယ်လိုလုပ် သူ့အလိုတော်နဲ့ ညီနိုင်မှာလဲ။ အဲဒီအချိန်မှာ ဒီခက်ခဲတဲ့အရာတွေက ဘုရားခွင့်ပြုချက်နဲ့ ဖြစ်ပျက်ခဲ့မှန်း ကျွန်တော်တွေ့ခဲ့ရတယ်။ ဒါတွေအားလုံးကို ဖြန်သန်းရတာဟာ ယုံကြည်ခြင်းအပေါ် ကျွန်တော့်ရဲ့ မမှန်ကန်တဲ့ ရှုထောင့်အမြင်တွေ ဖော်ထုတ်ခံရတာပဲ။ ဒီတော့ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆက်သုံးသပ်ပြီး သိနိုင်ခဲ့တယ်၊ ကိုယ့်ရဲ့ မမှန်တဲ့ စိတ်ကူးတွေကို ပြောင်းလဲနိုင်ခဲ့ပြီး ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ရရှိနိုင်ခဲ့တယ်။ အဲဒါ ကျွန်တော့်အတွက် ဘုရားရဲ့ သန့်စင်ပေးခြင်းနဲ့ ကယ်တင်ခြင်းပဲ။ ဘုရားအလိုတော်ကို နားလည်သွားတော့ သူ့အပေါ် ယုံကြည်ခြင်း ရှိသွားတယ်။ ကျွန်တော့်မိသားစုအတွက် ငြိမ်သက်ခြင်းနဲ့ ကောင်းချီးတွေကို ကျွန်တော်ဆက်မလိုက်စားချင်တော့ဘူး။ ရှိသင့်တဲ့အချိန်မှာ စုဝေးပွဲတွေမှာ ကျွန်တော်ရှိဖို့လိုတယ်။ ဘုရားရှေ့မှာ သန္နိဋ္ဌာန်လည်း ချလိုက်တယ်၊ နောင်မှာ ဘာပဲဖြစ်ပါစေ သမ္မာတရားကို ဆက်လိုက်စားနေမယ်လို့ပေါ့။

အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “‘ယုံကြည်ခြင်း’ ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ကိစ္စတွေ အဆင်ပြေသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ဘုရားကို သံသယထားလို့၊ အပြစ်တင်လို့မရမှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော်သင်ယူလိုက်ရတယ်။ ဘုရားအလိုတော်ကို ရှာရမယ်၊ သူ့ဘက်မှာ ရပ်တည်ရမယ်၊ သူ့နှုတ်ကပတ်တော်တွေအတိုင်း ပြုမူဆောင်ရွက်ပြီး ကျွန်တော်တို့ ဘယ်လောက်ဆင်းရဲဒုက္ခခံရပါစေ သူ့ကို စိတ်ကျေနပ်စေရမယ်။ အဲဒါကသာ စစ်မှန်တဲ့ ယုံကြည်ခြင်းပဲ။ ဒီနားလည်မှုကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းနဲ့ ဘုရားနောက်လိုက်ဖို့ ယုံကြည်ခြင်း ရသွားတယ်။

နောက်ပိုင်းမှာ ကျွန်တော့်အမေကို ဖုန်းဆက်ပြီး ကျွန်တော့်မိန်းမအဆင်ပြေလားလို့ မေးခဲ့တယ်။ အမေက ပြောတယ်၊ ကျွန်တော့်မိန်းမက ကိုယ့်အိမ်ကို ဂရုစိုက်ရမဲ့အစား သူ့မိဘဆီမှာ ရက်နဲ့ချီ နေနေတယ်၊ သူ့ကိုကြည့်ရတာ လုံးဝမတူတဲ့ လူတစ်ယောက်လိုပဲတဲ့။ ပြီးတော့ အမေက ပြောသေးတယ်၊ သင်းအုပ်က ကျွန်တော်လမ်းကြောင်းမှားပေါ် ရောက်နေတယ်၊ ကျွန်တော့်ယုံကြည်ခြင်းက သခင်ယေရှုကို သစ္စာဖောက်တာလို့ ပြောတယ်တဲ့။ ကျွန်တော့်ကို အသင်းတော်ဆီ ပြန်သွားခိုင်းဖို့၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို စွန့်ခိုင်းဖို့ အမေ့ကို သူပြောတယ်။ အဲဒါကို ကြားတော့ ကျွန်တော်အရမ်းဒေါသထွက်သွားတာ။ အဲဒီလို အလိမ်အညာတွေကို ဓမ္မဆရာက ဘာလို့လေရှည်ရတာလဲဆိုတာကိုပဲ တွေးနေမိတယ်။ ကျွန်တော့်မိန်းမက အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော့်ယုံကြည်ခြင်းကို ဆန့်ကျင့်တာ သူတို့ရဲ့ လှည့်ဖြားတတ်တဲ့ ကောလာဟလတွေကြောင့်ပဲ။ သူတို့ကို ကျွန်တော့်အပေါ် ချုပ်ထိန်းခွင့် ပေးလို့မရမှန်း သိလိုက်တယ်။ သူတို့ဘာပဲပြောပြော သူတို့စကားကို နားထောင်လို့ မဖြစ်ဘူး။ အဲဒါကို သေချာတွေးပြီးတဲ့နောက်မှာ အမေ့ကို ကျွန်တော်ပြောလိုက်တယ်၊ “အမေ၊ ဓမ္မဆရာပြောနေတာတွေကို နားမထောင်နဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား အများကြီး ဖော်ပြပြီးပြီ၊ အဲဒါ ဘုရားရဲ့ အသံပဲ။ သူက ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ သူနဲ့ သခင်ယေရှုက ဘုရားတစ်ပါးတည်းပဲ။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော့်ရဲ့ ယုံကြည်ခြင်းက သခင်ယေရှုကို သစ္စာဖောက်တာ မဟုတ်ဘူး။ အဲဒါ သိုးသငယ် ခြေလှမ်းတွေကို အမီလိုက်တာဖြစ်ပြီး သခင့်ကို ကြိုဆိုတာပဲ” လို့ပေါ့။ အဲဒီတုန်းကတော့ သူဘာကိုမှ ပြန်မဖြေခဲ့ဘူး။

နောက်တော့ ကျွန်တော့်မိန်းမကို ကျွန်တော်ဖုန်းဆက်တယ်။ သူစိတ်ဆိုးတာ တွေ့ရတော့ ကျွန်တော်အံ့ဩမိတယ်။ သူက “ဘာလို့ ကျွန်မကို ဖုန်းခေါ်နေရတာလဲ။ ကျွန်မတို့ကို ရှင်ဂရုမစိုက်တော့ဘူးလို့ ထင်တာ။ အခုပဲ ရှင်ရွေးချယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းလား၊ ကျွန်မတို့ မိသားစုလား။ ကျွန်မကို မစဉ်းစားပေးရင် ရတယ်၊ ဒါပေမဲ့ ကျွန်မတို့ ကလေးကို ရှင်စဉ်းစားရမယ်လေ။ သူက ရှစ်လပဲ ရှိသေးတာ” တဲ့။ တကယ်ကို စိတ်မချမ်းသာစရာပါ။ ကျွန်တော်နားမလည်ခဲ့ဘူး။ ကျွန်တော်က စုဝေးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုပဲ ဖတ်နေတာလေ။ လမ်းကြောင်းမှန်ပေါ်မှာ ရှိတာကို။ ကိုယ့်မိသားစုကို မလိုချင်ဘူး၊ ကျွန်တော်တို့ သမီးလေးကို ဂရိုစိုက်ဘူးလို့ ကျွန်တော်လုံးဝပြောခဲ့တာ မဟုတ်ဘူး။ သူဘာလို့ အဲဒီလိုရွေးချယ်မှုမျိုးကို အတင်းအကျပ် လုပ်ခိုင်းရတာတဲ့လဲ။ နောက်တော့ တွေးမိတာက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာက ဘာလဲဆိုတာ သူမသိတော့ ကျွန်တော်ဘာပြောပြော နားထောင်မှာ မဟုတ်ဘူးလို့ပေါ့။ ဒါပေမဲ့ ကိုယ့်ယုံကြည်ချက်ကို စွန့်ခိုင်းတာကတော့ ဖြစ်ကိုမဖြစ်နိုင်တာပါ။ ကိုယ်တော်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ကျွန်တော်သေချာနှင့်ပြီးသားလေ။ ဒါကြောင့် သူဘာကိုပဲပြောပြော အနန္တတန်ခိုးရှင် ဘုရားသခင်နောက် ကျွန်တော်ဆက်လိုက်နေမှာ သိတယ်။ ကျွန်တော်ပြန်မဖြေတော့ သူဖုန်းချသွားရော။ ကျွန်တော့်မိန်းမ ပြောခဲ့တာတွေက ကျွန်တော့်အတွက် အနှောင့်အယှက်ဖြစ်စရာပါ။ ဒါပေမဲ့ အရင်လို ဘုရားကို ဆက်အပြစ်တင်နေလို့ မဖြစ်မှန်း သိခဲ့တယ်။ ကျွန်တော့်မှာ ယုံကြည်ခြင်း ရှိရမယ်၊ အဲဒါကို ကျော်ဖြတ်ဖို့ ဘုရားအပေါ် အားကိုးရမယ်။ နောက်တော့ “သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကြားရတယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့တယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ သမ္မာတရားကို လိုက်စားတာက တစ်ခုတည်းသော အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်နည်းဖြစ်မှန်း ကျွန်တော်သိလိုက်တယ်။ အိမ်က ပြဿနာတချို့၊ ဇာတိဆိုင်ရာ အခက်အခဲတချို့ကြောင့် ကိုယ့်ယုံကြည်ခြင်းကို ဆုံးရှုံးသွားလို့ မဖြစ်ဘူး။ ယုံကြည်ခြင်း ကင်းမဲ့တာ၊ ဘုရားကို မကိုးကွယ်တာက အဓိပ္ပာယ်မဲ့၊ တန်ဖိုးမဲ့တဲ့ ဘဝတစ်ခု ဖြစ်မှာ။ ကိုယ့်မိသားစုရဲ့ ချုပ်ထိန်းတာ ခံလို့ မဖြစ်ဘူး။ ကျွန်တော့်မိသားစုနဲ့ ကလေးရဲ့ ကျန်းမာရေးက ဘုရားလက်ထဲမှာပဲ ရှိတယ်။ ဒီတော့ သူတို့ကို ဘုရားဆီ လက်လွှဲပြီး သူ့အစီအစဉ်တွေကို ကျွန်တော်ကျိုးနွံနာခံသင့်တယ်။ တတ်နိုင်သမျှ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကျေပွန်ရမယ်။

ကျွန်တော့်မှတ်ပုံတင်ကို အသစ်လုပ်ဖို့ ကျွန်တော်အိမ်ပြန်သွားခဲ့ရတယ်လေ။ အဲဒါ သူတို့ကို ဧဝံဂေလိ ဝေမျှဖို့ အခွင့်ကောင်းပဲလို့ ခံစားရတယ်။ ကျွန်တော် တကယ်စိတ်လှုပ်ရှားမိတာ။ ဒါပေမဲ့ စိုးလည်းစိုးရိမ်မိတယ်၊ ကျွန်တော့်မိန်းမနဲ့ အမေက ကျွန်တော့်ယုံကြည်ခြင်းကို ဆန့်ကျင်တဲ့အပြင် ကျွန်တော်ယုံကြည်တာကို အဲဒီမှာရှိတဲ့သူတိုင်းက သိကြလို့လေ။ ကျွန်တော်ပြန်လာမှန်း နယ်ခံဓမ္မဆရာက သိသွားရင် ကျွန်တော့်ကို သေချာပေါက် တားဖို့ ကြိုးစားမှာပဲ။ အဲဒီမှာ ဘာဖြစ်မလဲ ကျွန်တော်မသိဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “အို၊ ဘုရားသခင်။ ကျွန်တော့်မှတ်ပုံတင်အတွက် ဒီအိမ်အပြန်ခရီးမှာ ကျွန်တော့်မိသားစုကို ဧဝံဂေလိ ဝေမျှချင်ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ဖိနှိပ်နေခဲ့တဲ့အပြင် ဓမ္မဆရာကလည်း ဝင်စွက်ဖက်နေခဲ့တာပါ။ ကျွန်တော့်မိတ်သဟာယကို သူတို့နားမထောင်မှာ စိုးမိပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်အပေါ် ကျွန်တော် မှီခိုချင်ပါတယ်၊ ကျွန်တော့်မိသားစုကို ကိုယ်တော့်လက်ထဲ ထားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူပါရှိပြီး ကျွန်တော့်အတွက် လမ်းကြောင်းဖွင့်ပေးပါ” လို့ပေါ့။

အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးနောက်တစ်ပုဒ် ကြားလိုက်ရတယ်။ “သင်ကြုံတွေ့ရသည့် လူတိုင်း၊ အရေးကိစ္စတိုင်းနှင့် အမှုအရာတိုင်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ အလိုတော်အတိုင်း သင်ပြုမူဆောင်ရွက်ဖို့ လမ်းပြလျက် သင့်ထံသို့ အချိန်မရွေး ပေါ်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါက၊ ဘုရားသခင်က သင့်လုပ်ရပ်တစ်ခုချင်းစီတွင် သင်ရှေ့ဆက်ဖို့ ဦးဆောင်လမ်းပြ လိမ့်မည်။ သင်သည် မည်သည့်အခါမျှ လမ်းလွဲမည်မဟုတ်ပေ၊ ထို့ပြင် သင်သည် ပို၍ပင် သစ်လွင်သော ဉာဏ်အလင်းပေးခြင်းများဖြင့် အလင်းသစ်ထဲ၌ အသက်ရှင် နေထိုင်နိုင်လိမ့်မည်။ လုပ်ဆောင်ဖို့အရာအား စဉ်းစားချင့်ချိန်ရန် လူသား၏အယူအဆများကို သင်အသုံးပြု၍မရပေ။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုကို သင် နာခံသင့်သည်၊ ရှင်းလင်းသည့် နှလုံးသား ရှိသင့်သည်၊ ဘုရားသခင်၏ရှေ့မှောက်တွင် ဆိတ်ငြိမ်သင့်သည်၊ ပြီးလျှင် ဆင်ခြင် တွေးတောခြင်း ကို ပို၍ပြုသင့်သည်။ သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များ အတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ နှုတ်ကပတ်တော်များနောက် လိုက်ပါက၊ သင် လမ်းမပျောက်နိုင်ပေ”) ဒီဓမ္မတေးကို နားထောင်လိုက်ရတော့ ဒီအိမ်အပြန်ခရီးမှာ ဘုရားအလိုတော်ပါနေမှန်း ကျွန်တော်သိလိုက်တယ်။ ကျွန်တော်က ယုံကြည်ချက် သေးငယ်ပြီး ဘုရားအလိုတော်ကို နားမလည်တာ သက်သက်ပါပဲ။ ဒါပေမဲ့ အဲဒါကို ကျော်ဖြတ်ဖို့ ဘုရားကို ကျွန်တော်အားကိုးရမှာပါ။ “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့” ဆိုတဲ့အပိုင်းက ကျွန်တော့်အတွက် တကယ်သိသာတယ်။ ဘုရားနှုတ်ကပတ်တော်က ယုံကြည်ချက်ပေးခဲ့တာ။ နေ့စဉ် ကျွန်တော်ကြုံရတာတွေတိုင်းက ဘုရားခွင့်ပြုတဲ့အရာ ဖြစ်တယ်ဆိုတာကို ကျွန်တော်တွေးနေမိတယ်။ ဘုရားအပေါ် ကျွန်တော်တကယ်မှီခိုပြီး အားကိုးတကြီး မျှော်နေသရွေ့ အဲဒီအရာအားလုံးကို ရင်ဆိုင်ဖို့ သူ့နှုတ်ကပတ်တော်တွေနဲ့ သူလမ်းပြမယ်ဆိုတာကို ယုံတယ်။

အိမ်ကို စရောက်တော့ ကျွန်တော့်မိန်းမက ကျွန်တော့်ကို မသိချင်ယောင်ဆောင်တယ်။ ဒါပေမဲ့ အဲဒါက သူ့အပေါ် သင်းအုပ်ရဲ့ လွှမ်းမိုးမှုကြောင့်ပဲဆိုတာ ကျွန်တော်သိတယ်။ သူ့အနေနဲ့ သမ္မာတရားသိပြီး သင်းအုပ်ရဲ့ လှည့်စားတာ မခံရအောင် ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်အကြောင်း သူ့ကို ပြောပြဖို့ အခွင့်အရေး ရှာရမယ်ဆိုတာ သိခဲ့တယ်။ ဒါကြောင့် ဘုရားဆီ သူ့ရဲ့ လမ်းပြမှုကို တောင်းလျှောက်ရင်း ဆုတောင်းခဲ့တယ်။ နောက်တော့ သူ့ကို စိတ်ထဲရှိတဲ့ စကားတချို့ စိတ်ရှည်ရှည် ဝေမျှခဲ့တယ်။ ကျွန်တော်က “မင်းနဲ့ အမေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို တကယ်လေ့လာပြီး သူ့နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်သင့်တယ်။ အဲဒီအခါ ဒါဘုရားရဲ့ အသံဖြစ်တယ်၊ လူသားမျိုးနွယ်အတွက် ဘုရားနှုတ်ကပတ်တော်တွေဖြစ်ပြီး သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း မြင်နိုင်မှာ။ အဲဒါကို မလေ့လာမစစ်ဆေးသလို ဘုရားကိုယ်တိုင်ရဲ့ အသံကို နားမထောင်ဘဲ အဲဒီအစား ဓမ္မဆရာရဲ့ ကောလာဟလတွေနဲ့ အလိမ်အညာတွေကို နားထောင်ရင် သခင့်ကို မင်းတို့ ဘယ်လိုကြိုဆိုကြမလဲ။ တစ်ခါတုန်းက သခင်ယေရှုပြောခဲ့တယ်၊ ‘တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) သခင်က သစ္စာရှိတယ်။ ငါတို့တကယ်ရှာဖွေသရွေ့ ဘုရားရဲ့အသံကို ငါတို့ကြားပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုရမှာပဲ” လို့ ပြောလိုက်တယ်။ အံ့ဩစရာပဲ။ သူက ငြိမ်ငြိမ်လေးပဲ နားထောင်ပြီး အရင်လို အာခံမဲ့ပုံ၊ ငြင်းခုံမဲ့ပုံ မရဘူး။ အဲဒါ ဘုရားရဲ့ လမ်းပြမှုပဲလို့ သိရင်း စိတ်နှလုံးကနေ သူ့ကို ကျေးဇူးတင်မိခဲ့တယ်။ ဘုရားရဲ့ အမှုတော်အကြောင်း သူတို့ကို ဆက်ပြောပြဖို့ စိတ်ချယုံကြည်မှုလည်း ရှိသွားတယ်။

နောက်နေ့မှာ သူ့ကိုရော အမေ့ကိုပါ ကျွန်တော်ဧဝံဂေလိ ဝေမျှခဲ့တယ်။ ကျွန်တော်ပြောလိုက်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော်ဘာလို့လက်ခံလဲ သိလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်ပြီး အားလုံး သမ္မာတရားဖြစ်မှန်း၊ ဘုရားရဲ့ အသံတော်မှန်း တွေ့ခဲ့ရသလို သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ကျွန်တော်သေချာလာခဲ့လို့ပဲ။ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ သမ္မာကျမ်းစာရဲ့ နက်နဲမှုအားလုံးအပြင် လူသားမျိုးနွယ်က ဒီနေ့ခေတ်ထိ ဘယ်လိုတိုးတက်ခဲ့ပုံ၊ စာတန်က ကျွန်တော်တို့ကို ဖောက်ပြန်ပျက်စီးစေခဲ့ပုံ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ တစ်ဆင့်ပြီးတစ်ဆင့် ဘုရားအမှုပြုခဲ့ပုံ၊ ကျွန်တော်တို့ရဲ့ အဆုံးသတ်နဲ့ နောက်ဆုံး ခရီးပန်းတိုင်တွေကို သူသတ်မှတ်ပုံ၊ ဘယ်လိုလူစားမျိုးက အပြည့်အဝ ကယ်တင်ခံရပြီး နိုင်ငံတော်ထဲ ဝင်ရောက်နိုင်တယ်ဆိုတာနဲ့ ဘယ်သူအပြစ်ဒဏ်ပေးခံရမယ်ဆိုတာတွေကို ထုတ်ဖော်ပြရင်း နှုတ်ကပတ်တော် သန်းနဲ့ချီ ပြောပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က အဲဒီအရာအားလုံးကို ပြောပြပြီးပြီ။ လူက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ဘယ်လိုခံထားရတယ်ဆိုတာနဲ့ ဘုရားကို ကျွန်တော်တို့ရဲ့ အာခံမှုရင်းမြစ်ကိုလည်း ပြောပြခဲ့တယ်။ ဒါ့အပြင် ကျွန်တော်တို့အပြစ်တွေ အပြည့်အဝ သန့်စင်ခံရမဲ့ လမ်းကြောင်းကို ပြခဲ့တယ်။ စကားလုံး တစ်လုံးစီတိုင်းက သမ္မာတရားဖြစ်ပြီး အားလုံးက တန်ခိုးနဲ့ သိပ်ပြည့်သလို သိပ်ဩဇာအာဏာရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ကို သန့်စင်ပြောင်းလဲစေဖို့၊ စာတန်ရဲ့ တန်ခိုးကနေ လုံးဝ ကယ်တင်ဖို့ ဒီအရာအားလုံးကို ဖော်ပြပြီးပြီ” လို့ပေါ့။ အဲဒီအချိန်မှာ သူတို့ကို ကျွန်တော်မေးလိုက်တယ်၊ “ဘယ်သူက သမ္မာတရားတွေကို ဖော်ပြပြီး လူတွေကို ကယ်တင်နိုင်တယ်လို့ အမေတို့ထင်လဲ။ ဘုရားပဲ တတ်နိုင်တာ။ လူတွေက သမ္မာတရား မပိုင်ဆိုင်ဘူး။ ခရစ်တော်ကသာ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ဖြစ်တယ်” လို့ပေါ့။ အဲဒီနောက် ကျွန်တော်ဆက်ပြောလိုက်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အမေတို့ အကုန်အစင် ဖတ်သင့်တယ်၊ အဲဒီအခါ အဲဒါက သမ္မာတရားဖြစ်တယ်၊ ဘုရားရဲ့ အသံဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း အမေတို့ မြင်မှာ။ သခင်ပြန်ကြွလာပြီလို့ တစ်ယောက်ယောက် သက်သေခံတာ ကြားပြီး မလေ့လာမစစ်ဆေးဘဲ သင်းအုပ်ပြောခဲ့တဲ့အရာကြောင့် သာမန်ကာလျှံကာပဲ ရှုတ်ချလိုက်ရင် သခင့်ကို ကြိုဆိုရမဲ့ အမေတို့ရဲ့ အခွင့်အရေးကို ဖျက်ဆီးမိသွားမှာပဲ။ အဲဒါအရမ်းကို ဝမ်းနည်းစရာ ဖြစ်သွားမှာပဲ” လို့ပေါ့။ အဲဒါကိုကြားတော့ အမေက ပြောတယ်၊ “ဟုတ်ပါတယ်၊ သားမှန်ပါတယ်။ ဘုရားက လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့လို့ တခြားလူတွေကို မဟုတ်ဘဲ ဘုရားပြောတာကို အမေတို့ နားထောင်သင့်တယ်” တဲ့။ သူအဲဒီလိုပြောတာ ကြားရတော့ ကျွန်တော်သိပ်ဝမ်းသာသွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်မိခဲ့တယ်။ နောက်တော့ သူက ကျွန်တော့်ကို ဆက်ပြောတယ်၊ “တစ်ခါ အမေတို့မိသားစုကိစ္စတစ်ခုအတွက် သင်းအုပ်ကို အမေဆုတောင်းခိုင်းပေမဲ့ သူက ပြောတယ်၊ ‘နင့်သားက ဓမ္မဆရာတွေဖြစ်တဲ့ ငါတို့စကား နားမထောင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်ဖို့ သူ့မှာ ငါတို့ခွင့်ပြုချက် မရှိဘူး။ နင်က ငါတို့ကို လုံးဝ အရေးမစိုက်တာပဲ။ ဒီတော့ ကိုယ့်မိသားစု အရေးကိစ္စနဲ့ပတ်သက်လို့ ငါတို့ကို နောက်ထပ်ဘာအကူအညီမှ မတောင်းဘဲ ကိုယ့်ဘာသာ ကိုင်တွယ်ကြ’ လို့ပြောတယ်” တဲ့။ အဲဒီစကားတွေကိုကြားတော့ ကျွန်တော်အရမ်းဒေါသထွက်သွားတာပဲ။ အမေ့ကို ပြောလိုက်တယ်၊ “ဓမ္မဆရာအဖွဲ့ဝင်တွေအနေနဲ့ သခင်ပြန်ကြွလာတဲ့ ဘယ်သတင်းကိုမဆို လေ့လာစုံစမ်းဖို့ ယုံကြည်သူတွေကို ဦးဆောင်သင့်တာကို။ အဲဒီလိုလုပ်ဖို့ သူတို့ ငြင်းရုံမက ယုံကြည်သူတွေကို ဘုရားသံ မကြားအောင်၊ သခင့်ကို မကြိုဆိုအောင် တားရင်း ခြိမ်းခြောက်တယ်။ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်တွေက ဘာလဲ။ လူတိုင်းကို သူတို့ရဲ့လက်ခုပ်ထဲမှာပဲ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းဖို့ ကြိုးစားနေကြတာပဲ မဟုတ်လား။ သခင်ယေရှုက ဖာရိရှဲတွေကို ကျိန်ဆဲခဲ့တယ်၊ ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) သခင်ယေရှုပေါ်ထွန်းပြီး အမှုပြုခဲ့ချိန်တုန်းက ဂျူးလူမျိုးတွေကို သူတို့ရဲ့အာဏာစက်ထဲမှာ တင်းတင်း ထိန်းသိမ်းထားနိုင်အောင် ဖာရိရှဲတွေက သူ့ကို အရူးအမူး ဆန့်ကျင်၊ ရှုတ်ချခဲ့ကြတယ်။ နောက်ဆုံးမှာ သခင်ယေရှုကို ကားစင်တင်ခဲ့ကြတယ်။ အဲဒီနောက် ဘုရားကျိန်ဆဲပြီး အပြစ်ပေးတာ ခံခဲ့ကြရတယ်။ ဒီခေတ် ဓမ္မဆရာတွေက ဖာရိရှဲတွေအတိုင်းပါပဲ။ ရှာဖွေပြီး လေ့လာစစ်ဆေးဖို့ ငြင်းကြရုံမက ယုံကြည်သူတွေကို မှန်တဲ့လမ်းခရီးကနေ တားဆီးကြတယ်။ ဘုရားရဲ့ ရန်သူတွေလို ပြုမူနေကြတာပဲ။ နောက်ဆုံးမှာ သူတို့လည်း ကျိန်ဆဲခံရပြီး အပြစ်ဒဏ်ပေးခံရမှာပဲ” လို့ပေါ့။

အဲဒီနောက် သခင့်ကို ကြိုဆိုဖို့ ဘုရားအသံတော်ကို ဘယ်လိုနားထောင်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သူတို့ကို ကျွန်တော်မိတ်သဟာယပြုပေးခဲ့တယ်။ ပြီးတော့ အဲဒါက ပညာရှိသတို့သမီးဖြစ်ပြီး သခင့်ကို ကြိုဆိုဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ပေါ့။ အဲဒီနောက် ကျွန်တော်သူတို့ကို တိုက်တွန်းတယ်၊ “ဘုရားရဲ့အသံတော် တကယ်ဟုတ်လားဆိုတာ မြင်အောင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို အမေတို့ အကုန်အစင် လေ့လာပြီး သူ့နှုတ်ကပတ်တော်တွေကို ဖတ်မယ်လို့ ကျွန်တော်တကယ်မျှော်လင့်ပါတယ်။ ဓမ္မဆရာရဲ့ လှည့်စား၊ ထိန်းချုပ်တာ အမေတို့ ခံရတာကို ကျွန်တော်မြင်ရတာ မကြိုက်ဘူး။ အမေတို့ ချင့်ချိန်နိုင်စွမ်း ရှိဖို့လိုတယ်” လို့ပေါ့။ အမေက ကျွန်တော့်စကားကို နားထောင်ပြီး ပြောတယ်၊ “သားမှန်ပါတယ်။ သားလမ်းကြောင်းမှား လျှောက်နေမိမှာစိုးလို့ ဓမ္မဆရာစကားပဲ အမေတို့ အမြဲနားထောင်ခဲ့ကြတယ်။ အဲဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်အောင် သားကို တားဖို့ အမေကြိုးစားခဲ့တာ။ ဒါပေမဲ့ သားရဲ့မိတ်သဟာယက ကျမ်းစာအရ ကျိုးကြောင်းခိုင်လုံပြီး ကိစ္စတွေက ဓမ္မဆရာပြောသလို တကယ်မဟုတ်မှန်း အမေမြင်ပါပြီ။ အမေလေ့လာကြည့်လိုက်ပါ့မယ်” တဲ့။ သူက တစ်ချိန်လုံး စူးစူးစိုက်စိုက် နားထောင်နေခဲ့တာ။ အဲဒီနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး ကျွန်တော်ဖတ်ပြခဲ့တယ်၊ ပြီးတော့ ဘုရားနောက်လိုက်တာနဲ့ လူနောက်လိုက်တာတွေကြား ခြားနားချက်၊ ဘုရားက ဘာလို့အခု လူ့ဇာတိနဲ့ သူ့ရဲ့ နောက်ဆုံး တရားစီရင်ခြင်းအမှုကို ပြုနေတယ်ဆိုတာနဲ့ နောက်ဆုံးသော ကာလထဲက ဘုရားအမှုရဲ့ အရေးပါမှုဆိုတာတွေကို မိတ်သဟာယပြုခဲ့တယ်။ နည်းနည်းမိတ်သဟာယပြုပြီးတဲ့နောက်မှာ နှစ်ယောက်လုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ဘုရားရှေ့ကို နှစ်ယောက်လုံးလာတာ တွေ့ရတာ ကျွန်တော့်အတွက် သိပ်ကို စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့သလို စိတ်နှလုံးထဲကနေလည်း ဘုရားကို ကျေးဇူးတင်မိခဲ့တယ်။ အဲဒါ ဘုရားရဲ့မေတ္တာသက်သက်ပါ။

နောက်ပိုင်းမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို ဖွင့်ပြောခဲ့တယ်။ သူက၊ “ကျွန်မရှင့်အပေါ် ဖိနှိပ်ခဲ့ပြီး ကွာရှင်းဖို့တောင် အတင်းလုပ်ခိုင်းခဲ့တယ်၊ အားလုံးက သင်းအုပ်ဆရာစကား နားထောင်ခဲ့လို့ပဲ။ ဘုရားကျောင်းကို သွားတဲ့အခါတိုင်း ရှင်က လမ်းကြောင်းမှားပေါ် ရောက်နေတယ်လို့ သူပြောပြီး ရှင့်ကို ပြန်လှည့်လာဖို့ ကျွန်မကို တိုက်တွန်းခိုင်းတယ်။ သူမှန်နေမှာစိုးလို့ ရှင့်ကို ကျွန်မအမြဲငြင်းခုံခဲ့ပြီး ရှင့်စကားကို လုံးဝနားမထောင်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ရှင့်မိတ်သဟာယကို ကြားလိုက်တော့ ကျွန်မထင်တာနဲ့ လုံးဝ တခြားစီဖြစ်မှန်း ကျွန်မ မြင်သွားပါပြီ” တဲ့။ ပြီးတော့ ပြောသေးတယ်၊ “ဘုရားရဲ့ အမှုသစ်အပေါ် ကျွန်မရဲ့ သဘောထားအကြောင်း တွေးကြည့်တော့ တကယ်လန့်မိတယ်။ ဘုရားကို ကျွန်မဆန့်ကျင်တိုက်ခိုက်နေမိခဲ့တာ၊ ပြီးတော့ သခင့်ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်မရဲ့ အခွင့်အရေးကို ဆုံးရှုံးခါနီးလေးပဲ” တဲ့။ အဲဒီနောက် သူကျွန်တော့်ကို တောင်းပန်တယ်၊ “ကျွန်မ ရှင့်ကို အဲဒီလို မဆက်ဆံခဲ့သင့်ဘူး။ တကယ်တောင်းပန်ပါတယ်” တဲ့။ “တောင်းပန်ပါတယ်” ဆိုပြီး ကျွန်တော့်မိန်းမပြောတာ ကြားရတော့ ကျွန်တော်သိပ်တို့ထိခံစားသွားရတာ။ စငိုမိတော့မတတ်ပဲ။ ဘုရားကို သိပ်ကျေးဇူးတင်မိတယ်။

ဒါပေမဲ့ အဲဒီအတွေ့အကြုံကတစ်ဆင့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ စိတ်နှလုံးပါပါ အားထုတ်မှုတွေကို ခံစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဖို့၊ သူ့အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ သူက ဒီအခက်အခဲတွေကို ကျွန်တော်တို့အပေါ် ဖြစ်ခွင့်ပေးတာပဲ။ တစ်ခါတလေ ကျွန်တော်ဒုက္ခခံရပြီး အားနည်းတယ်လို့ ခံစားရသလို စိတ်လည်းဆင်းရဲခဲ့ပေမဲ့ ဘုရားက ကျွန်တော့်အနားကနေ ဘယ်တော့မှာ မစွန့်ခွာဘဲ သူ့နှုတ်ကပတ်တော်တွေနဲ့ အမြဲလမ်းပြတယ်။ ဒါက ယုံကြည်ခြင်းနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ အမြင်မှားတွေကို မြင်တွေ့စေခဲ့ပြီး သမ္မာတရားတချို့ကို သင်ယူစေတယ်၊ ပြီးတော့ ဘုရားအပေါ် ကျွန်တော့်ယုံကြည်ခြင်းကို အားဖြည့်ပေးတယ်။ ဘုရားရဲ့ လမ်းပြမှုသက်သက်ဖြစ်ပါတယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြွယ်ဝသော ဂုဏ်ပြုညစာစားပွဲတစ်ပွဲကို ကျွန်မ မွေ့လျော်ခဲ့သည်

ချင်ဝေ၊ ဇီကျင်းစီရင်စု ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေနှင့် ၂၆ ရက်နေ့များသည် ကျွန်မအတွက် မမေ့နိုင်သော နေ့ များဖြစ်သည်။ ကျွန်မတို့၏ နယ်မှာ...

သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ

ရှင်တောက် တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...

ကိုယ့်ထက်သာသွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် အလွန်စိုးရွံ့ရသနည်း

ယန်ဖေချီ တရုတ်နိုင်ငံ ၂၀၁၇ မှာ ဘွဲ့ယူပြီးတဲ့နောက်၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို စခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကြားမှာ ကျွန်မက...

နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အမှန်အတိုင်းမြင်နိုင်ခဲ့ပြီဖြစ်သည်

ရှန်ရှင်းဝေ့ အီတလီနိုင်ငံကျွန်မ၏တာဝန်က ၂၀၁၈ ခုနှစ်က အသင်းတော်မှာ စာရွက်စာတမ်းများကို အစ်မကျန်း အစ်မလျူတို့နှင့်အတူတူ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။