မိသားစုတစ်ခု ပြိုလဲမှု၏ နောက်ကွယ်
ရှောင်ချိုး တရုတ်နိုင်ငံကျွန်မအမျိုးသားနှင့် ကျွန်မသည် ၂၀၁၂ ခုနှစ်၊ မေလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းက ကျွန်မက ပထမနှစ်ကျောင်းသူပေါ့။ ကပ်ရောဂါကြောင့် အတန်းတွေကို အွန်လိုင်းကနေပဲ တက်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေကြောင့်ပဲ အွန်လိုင်းကနေ ညီအစ်မတစ်ယောက်နဲ့ ခင်မင်ခွင့်ရခဲ့ပြီး သူက ကျွန်မကို အွန်လိုင်း စုဝေးပွဲတွေတက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သခင်ယေရှု ပြန်ကြွလာပြီးပြီ၊ ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်လို့ အဲဒီညီအစ်မက ကျွန်မကို သက်သေခံတဲ့အခါ ကျွန်မ အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ ကျွန်မရဲ့ စုံစမ်းလေ့လာတဲ့ ကာလအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးကို ဖတ်ရှုခဲ့ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို အတည်ပြုခဲ့ပါတယ်။ လူပိုများများဆီ ဧဝံဂေလိတရား ဟောဖို့ ကျွန်မ အရမ်းစိတ်အားထက်သန်ခဲ့ပြီး ကိုယ့်မိသားစုကို သတိရမိတယ်။ ကျွန်မ တွေးမိတယ်။ “သခင် ပြန်ကြွလာပြီဆိုတာကို ကြားရင် သူတို့ သေချာပေါက် ဝမ်းသာကြမှာပဲ” ပေါ့။ စုဝေးပွဲ အတူတူတက်ဖို့ မိဘတွေနဲ့ အဖွားကို ကျွန်မ ဖိတ်ခေါ်ခဲ့ပေမဲ့ သူတို့က အွန်လိုင်းပေါ်က အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယုံထားကြတော့ ဘယ်သူမှ ရှာဖွေပြီး စုံစမ်းဖို့ ဆန္ဒမရှိကြဘူး။ သူတို့က ကျွန်မကို “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ စုဝေးပွဲတွေကို မသွားနဲ့။ ဘာသာရေး အသင်းတော်ကို သွားရင် လုံလောက်ပြီ” ဆိုပြီးတော့တောင် ပြောတယ်။ ပြီးတော့ စာကို အာရုံစိုက်ဖို့ ပြောတယ်။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဇွတ်ဆက်ယုံကြည်နေတော့ မိဘတွေက အရမ်းဒေါသထွက်ကြတာပေါ့။ သူတို့က ကျွန်မရဲ့ လက်ကိုင်ဖုန်းကို ခဏခဏ လုယူပြီး အွန်လိုင်း စုဝေးပွဲတွေ မတက်ခိုင်းဘူး။ ဖုန်းပြန်ရဖို့ ကျွန်မ အကြိမ်ကြိမ် ကြိုးစားပေမဲ့ အဖေက စိတ်ဆတ်တော့ ကျွန်မကို ခဏခဏ အော်ငေါက်ပြီး ရိုက်တောင် ရိုက်သေးတယ်။ တစ်ခါတုန်းကဆို သူက ကျွန်မ ဆံပင်ကိုဆွဲပြီး အိမ်ပြင်ဘက်ကို တွန်းထုတ်ပစ်တယ်။ အမေက မြင်ပေမဲ့ သူ့ကို ဝင်မတားတဲ့အပြင် ကျွန်မက အဲဒီလိုဖြစ်တာနဲ့ တန်တယ်၊ ကျွန်မက ခရစ်တော်အယောင်ဆောင်တစ်ယောက်က အထင်အမြင်မှားအောင်လုပ်တာကို ခံထားရတာလို့ ပြောပြီး ကျွန်မကို ကျိန်တောင်ကျိန်ဆဲတယ်။ ကျွန်မက အထင်အမြင်မှားအောင်လုပ်တာ မခံခဲ့ရမှန်း ကိုယ့်ကိုယ်ကိုယ် သိတာပေါ့။ သခင်ယေရှု ပြောခဲ့သည်မှာ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမှာ ခရစ်တော်၏ အယောင်ကို ဆောင်သောသူများနှင့် အယောင်ဆောင် ပရောဖက်များသည် ပေါ်လာ၍ ကြီးမားသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြကြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် ရွေးချယ်သောသူတို့ကိုပင် ဖြစ်နိုင်လျှင် အထင်အမြင်မှားစေမည်ဖြစ်သည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ခရစ်တော်အယောင်ဆောင်တွေက ဘုရားသခင်ရဲ့ အရင်က အလုပ်ကိုပဲ အတုခိုးနိုင်ပြီး လူတွေကို အထင်အမြင်မှားစေဖို့ ကြီးမားတဲ့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကိုပဲ ပြနိုင်တာလေ။ ဒါပေမဲ့ ဘုရားသခင်က အမြဲသစ်လွင်ပြီး ဘယ်တော့မှ မဟောင်းနွမ်းဘူး။ အရင်က သူလုပ်ခဲ့တဲ့ အလုပ်ကို ထပ်မလုပ်ဘူး။ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ အလုပ်လုပ်တယ်။ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှုကို ပြုဖို့အတွက် သမ္မာတရားကို ဖော်ပြတယ်၊ လူသားမျိုးနွယ်ကို သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကနေ သန့်စင်ပေးတယ်။ ဒါပေမဲ့ ခရစ်တော်အယောင်ဆောင်တွေကတော့ သမ္မာတရားကို မဖော်ပြနိုင်ဘူး၊ လူတွေကို သန့်စင်ပေးဖို့၊ ဒါမှမဟုတ် ကယ်တင်ပေးဖို့ဆိုတာ ဝေလာဝေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်တော်အယောင်ဆောင်တွေမှာ သမ္မာတရား မရှိလို့ပါပဲ။ ဒါ့အပြင် အဲဒီအချိန်ကာလအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့် အရင်က ကျွန်မ နားမလည်ခဲ့တဲ့ သမ္မာတရားတွေနဲ့ နက်နဲတဲ့အရာတွေအများကြီးကို နားလည်လာခဲ့တယ်။ ဘုရားသခင်ရဲ့ နှစ်ပေါင်း ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ ကိုယ်တော်ရဲ့ လူ့ဇာတိခံယူခြင်းတို့ရဲ့ နက်နဲမှုတွေကို ကျွန်မ သိခဲ့ရတယ်။ ဘုရားသခင်က လူတွေကို ဦးဆောင်ဖို့ ဘယ်လိုအလုပ်လုပ်တယ်၊ လူတွေကို ဘယ်လို သန့်စင်ပေးတယ်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်လို ပြောင်းလဲပေးတယ်၊ လူတွေကို သူတို့ရဲ့ အမျိုးအစားအလိုက် ဘယ်လို ခွဲခြားသတ်မှတ်တယ် ဆိုတာတွေနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မ သိခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် သခင်ယေရှု ပြန်ကြွလာပြီးပြီ၊ ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်ဆိုတာကို ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။ ကျွန်မက မိဘတွေကို ပြောလိုက်တယ်၊ “ဘာပဲဖြစ်ဖြစ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို သမီး စွန့်လွှတ်မှာ မဟုတ်ဘူး” ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်မ ဇွတ်အတင်းလုပ်နေတာကို မြင်တော့ အမေက ကျွန်မပါးကို ရိုက်တယ်။ အမေက ကျွန်မကို အရင်က တစ်ခါမှ မရိုက်ဖူးတော့ ကျွန်မ အရမ်းကို စိတ်ဆင်းရဲရပြီး ငိုမိပါလေရော။
နောက်ထပ် လေးရက်လောက်အထိ မိဘတွေက ဖုန်းပြန်မပေးသေးဘူး။ သူတို့က ကျွန်မကို ကောလိပ်မသွားခိုင်းဘဲ အိမ်မှာပဲနေပြီး အိမ်အလုပ်လုပ်ဖို့၊ မောင်လေးနဲ့ ညီမလေးကို စောင့်ရှောက်ဖို့ ပြောတယ်။ ပြီးတော့ ဘုရားသခင်ကို ယုံကြည်တာနဲ့ပတ်သက်ပြီး မောင်လေးနဲ့ ညီမလေးကို ဘာမှမပြောဖို့လည်း သတိပေးတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးကို ရင်ဆိုင်ရတော့ ကျွန်မ နည်းနည်း အားနည်းသွားတယ်။ ဘယ်သူမှ ကျွန်မကို နားမလည်ဘူးလို့ ခံစားရတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားမလည်ခဲ့ဘူး။ ဘုရားသခင်က ဘာလို့ ကျွန်မအတွက် ဒီလိုပတ်ဝန်းကျင်မျိုး စီစဉ်ပေးရတာလဲပေါ့။ စုဝေးပွဲတွေ တက်တာ၊ တာဝန်ထမ်းဆောင်တာတွေကို ရပ်လိုက်ချင်စိတ်တောင် ဖြစ်မိတယ်။ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။...လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ ကြီးမားသော အဖိုးအခ၏ ပမာဏ တစ်ခုခုကို လိုအပ်သည်။ အမှန်တကယ် ဆင်းရဲဒုက္ခမခံဘဲ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ငါသည် သင့်ထံ အမှုအရာများကို ထုတ်ဖော်ပြမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ ဈေးမပေါလေခြင်း။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ရဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သည့်အပြင် သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အသေးအဖွဲအခြေအနေများသာ ပါရှိလျှင်ပင် အယောက်တိုင်း ဤစမ်းသပ်မှုများကို ကျော်ဖြတ်ရလိမ့်မည်။ စမ်းသပ်မှုများ၏ ပြင်းထန်မှုက အမျိုးမျိုးရှိမည်သာ ဖြစ်၏။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့မှောက်တွင် မကြာခဏ ဒူးထောက်လျက် ငါ၏ ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အစဉ်သဖြင့် ယူဆ ကြသည့်တိုင် ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်ကို သင်တို့ မည်သည့်အခါမျှ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ခွန်အားပေးခဲ့တယ်၊ ပြီးတော့ အပေါ်ယံမှာတော့ မိဘတွေက ဘုရားသခင်ကို မယုံကြည်အောင် တားဖို့ ကျွန်မကို ရိုက်နှက်နေတာ၊ ကျိန်ဆဲနေတာ၊ ဖုန်းလုယူနေတာလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဒါတွေရဲ့နောက်ကွယ်မှာ စာတန်ရဲ့ လှည့်ကွက်တွေ ရှိနေမှန်း ကျွန်မ နားလည်ခဲ့တယ်။ ယောဘလိုပေါ့၊ စာတန်က ယောဘကို နည်းလမ်းအမျိုးမျိုးနဲ့ စုံစမ်းသွေးဆောင်ခဲ့တယ်လေ၊ သူ့ရဲ့ သားသမီးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးစေပြီး သူ့တစ်ကိုယ်လုံးမှာ အနာစိမ်းတွေ ပေါက်စေခဲ့တယ်။ စာတန်က ဒါကို အသုံးပြုပြီး ဘုရားသခင်ကို ယောဘ ငြင်းပယ်အောင် လုပ်ချင်ခဲ့တာ၊ ဒါပေမဲ့ ယောဘက ဘုရားသခင်ရဲ့ နာမတော်ကို မစွန့်ပယ်ခဲ့ဘူး၊ အဲဒီအစား ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းပြီး ဘုရားသခင်အတွက် သူ့ရဲ့ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ခဲ့တယ်။ ကျွန်မအပေါ် ကျရောက်လာတဲ့ ဒီအရာတွေအားလုံးရဲ့ နောက်ကွယ်မှာ စာတန်ရဲ့ အကြံအစည်တွေ ရှိနေခဲ့တာ၊ ပြီးတော့ ဒါဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်လာတာလေ။ ကျွန်မ အားနည်းနေပေမဲ့ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ချင်ခဲ့တယ်။ မိဘတွေက ကျွန်မကို ဘယ်လောက်ပဲ ရိုက်နှက်ပါစေ၊ ကျွန်မကို တားဖို့ ဘယ်လိုနည်းလမ်းတွေပဲ သုံးပါစေ၊ ဘုရားသခင်ကို ကျွန်မ ယုံကြည်ရမယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရမယ်။ စာတန်ရဲ့ အကြံအစည်တွေကို အောင်မြင်ခွင့် မပေးနိုင်ဘူး။ အိမ်မှာ ဘုရားသခင်ကို ယုံကြည်ဖို့ အရမ်းခက်ခဲတယ်လို့ ခံစားရပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အာရုံမစိုက်နိုင်ခဲ့ဘူး။ ဒါနဲ့ အိမ်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်ဆက်တွဲဖြစ်လာတာတွေက ကျွန်မထင်သလောက် မရိုးရှင်းခဲ့ပါဘူး။ ကျွန်မ ထွက်သွားပြီးတဲ့နောက်မှာ မိသားစုက ရဲစခန်းကို တိုင်လိုက်တယ်။ ကျွန်မ ပျောက်နေတယ်၊ ဘယ်သူမဆို ကျွန်မကို တွေ့ရင် ရဲကို ဖုန်းဆက်ပေးပါဆိုပြီးတော့ပေါ့။ ဒီလိုသာ ဆက်ဖြစ်နေရင် ညီအစ်ကို မောင်နှမတွေနဲ့ အသင်းတော်အတွက် ဒုက္ခရောက်စေမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါနဲ့ တစ်နေ့ကျရင် ပြန်လာပါ့မယ်လို့ ပြောပြီး သူတို့ကို ဖုန်းဆက်လိုက်တယ်။ ဒါပေမဲ့ သူတို့က လက်မလျှော့ခဲ့ကြဘူး။ ညီအစ်မတစ်ယောက်ရဲ့ အိမ်ကိုသွားပြီး ကျွန်မ ဘယ်မှာလဲလို့ မေးကြတယ်။ အဲဒီညီအစ်မကိုတောင် ခြိမ်းခြောက်ခဲ့ကြသေးတယ်။ အဲဒီညီအစ်မကို အမှုမပတ်စေချင်တာနဲ့ ကျွန်မ အိမ်ပြန်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ အိမ်ရောက်တော့ ရွာသားတွေနဲ့ ဆွေမျိုးတွေ အများကြီး အိမ်မှာ စုရုံးနေကြတာကို တွေ့လိုက်ရတယ်။ မိဘတွေက မီဒီယာတွေကို ခေါ်ထားတာကိုး။ မီဒီယာတွေက မေးတယ်။ “ဘယ်ကို ရောက်နေတာလဲ။ ဘာလို့ မိဘတွေကို ထားခဲ့တာလဲ။ ဘာလို့ အိမ်ပြန်မလာတာလဲ” ပေါ့။ ပြီးတော့...မနှစ်မြို့စရာ စကားတွေ အများကြီး ပြောကြသေးတယ်။ ကျွန်မကို မိဘစကား နားမထောင်တဲ့ သားသမီး၊ ပုန်ကန်တတ်တဲ့ ကလေး၊ စာသင်ဖို့ စိတ်မဝင်စားဘူး ဆိုပြီးတော့။ အဲဒီအချိန်တုန်းက ကျွန်မ ပတ်ဝန်းကျင်က လူတိုင်းဟာ ဘာသာတရား မရှိသူတွေလေ။ ဘယ်သူမှ ကျွန်မကို နားမလည်ကြဘူး။ ကျွန်မ တစ်ကောင်ကြွက်ဖြစ်ပြီး အရမ်း အထီးကျန်ဆန်တယ်လို့ ခံစားရတယ်၊ ဒါနဲ့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “ချစ်ရပါသော ဘုရားသခင်၊ နောက်ဆက်တွဲ ဘာတွေပဲဖြစ်လာပါစေ၊ ဒါတွေအားလုံးကို ရင်ဆိုင်ဖို့ သမီးကို သတ္တိပေးသနားတော်မူပါ” ပေါ့။ အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်မွေ့မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်လိုက်တာက သမ္မာတရားအတွက် ဒုက္ခခံရမယ်၊ သမ္မာတရားအတွက် အရှက်ခွဲခံရတာကို သည်းခံရမယ်၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ခြင်း ရှိရမယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို ဘယ်တော့မှ စွန့်လွှတ်လို့ မရဘူး ဆိုတာပါပဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် အများကြီး ဒုက္ခခံခဲ့ရတယ်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ပြစ်တင်ရှုတ်ချတာ၊ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရပြီး ဒီမျိုးဆက်တစ်ခုလုံးရဲ့ ငြင်းပယ်တာကို ခံခဲ့ရတယ်လေ။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အများကြီး အနစ်နာခံခဲ့ပြီးပြီ။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ အများကြီးရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့ခြင်းကို ခံစားခဲ့ရပြီးပြီပဲ၊ ဒီဒုက္ခ နည်းနည်းလောက်က ဘာပြောစရာ ရှိတော့မှာလဲ။ ဒါ့အပြင် ဒီနာကျင်မှုကို ကျွန်မ ခံစားနေရတဲ့အချိန်မှာ ဘုရားသခင်က ကျွန်မဘေးမှာ ရှိနေခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဦးဆောင်ပြီး လမ်းပြပေးမှာ။ ဒါကို နားလည်လိုက်တဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ရှိလာပြီး အထီးကျန်တယ်လို့ မခံစားရတော့ဘူး။ ဒီလူတွေ ကျွန်မကို ဘယ်လိုထင်လဲ ဆိုတာကိုလည်း ဂရုမစိုက်တော့ဘူး။ ဦးလေးနဲ့ မိသားစုက ကျွန်မကို အတင်းအင်တာဗျူး ဖြေခိုင်းတယ်။ ကျွန်မ ဘာပဲပြောပြော သူတို့က ယုံမှာ မဟုတ်ဘူးလေ။ နောက်ပိုင်းမှာ မိသားစုက ကျွန်မကို စောင့်ကြည့်လာတယ်။ ကျွန်မ အိပ်နေရင်တောင် သူတို့က အပြင်ကနေ တံခါးသောခတ်ထားကြတာ။ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရတယ်။ ကျွန်မ ဘာမကောင်းတာမှ မလုပ်ခဲ့ဘူးလေ။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့ရုံပဲ ရှိတာကို သူတို့က ကျွန်မအပေါ် ဒီလို ဆက်ဆံကြတယ်။
ကျွန်မ ဝမ်းနည်းပြီး စိတ်ဆင်းရဲနေတုန်းမှာ မောင်လေးက ကျွန်မအခန်းထဲ ရုတ်တရက် ဝင်လာပြီး ကျွန်မကို အဖော်ပြုပေးချင်တယ်လို့ ပြောတယ်။ သူက ဖုန်းဟောင်းလေးတစ်လုံး ပေးပြီး အင်တာနက်ချိတ်ဖို့ ကူညီပေးတယ်။ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ကြားခြင်း ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်ကို သင် ယနေ့ မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် သင်ခန်းစာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင်ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ် သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဒုက္ခခံနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင် လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကြောင့်ဖြစ်သည်။ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဒုက္ခမခံရစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပို၍ ထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ပတ်သက်သော သင်ခန်းစာကို သင်မည်ကဲ့သို့ သင်ယူရရှိမည်နည်း။ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့သာဖြစ်ပါက ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ အောက်တန်းကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် ပတ်ဝန်းကျင်တစ်ခုခုကို လူသား အတွက် စီစဉ်ဖွဲ့စည်းပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း ယင်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှချစ်ခင်နှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဒီလိုအကျပ်အတည်းထဲမှာ အားနည်းနေတယ်လို့ ခံစားရပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့တယ်။ ကျွန်မအပေါ် ကျရောက်လာတဲ့ အရာရာတိုင်းက ချောမွေ့နေမယ်၊ အခက်အခဲတွေ မရှိဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်၊ သနားကရုဏာနဲ့ ချစ်ခြင်းမေတ္တာကိုပဲ ရနေမယ်ဆိုရင် ဘုရားသခင်ရဲ့ အလုပ်အပေါ် ကျွန်မရဲ့ နားလည်မှုက အရမ်းကို အကန့်အသတ် ရှိနေမယ်ဆိုတာကို နားလည်လိုက်တယ်။ ဆင်းရဲဒုက္ခနဲ့ စမ်းသပ်မှုတွေဆိုတာ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ရှိနေတာပဲ။ မိသားစုရဲ့ ကန့်သတ်တာ၊ ဖိနှိပ်တာကို ခံရတာ၊ ပတ်ဝန်းကျင်က လူတွေရဲ့ အထင်သေးတာ၊ နှိမ့်ချတာကို ခံရတာတွေကို ကျွန်မ မခံနိုင်တော့ဘူးလို့ ခံစားခဲ့ရတယ်။ ထွက်ပေါက်မရှိတဲ့ ထောင်ထဲမှာ နေနေရသလိုပဲ။ ဒါပေမဲ့ ဒီပတ်ဝန်းကျင်ကနေတစ်ဆင့် ကျွန်မရဲ့ လိုအပ်ချက်တွေကို သဘောပေါက်လာတယ်။ ကျွန်မ အရမ်းအားနည်းပြီး ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းငယ်သေးတာကို တွေ့လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို စယုံကြည်တုန်းကတော့ ဘုရားသခင်ကို ယုံကြည်ခြင်း အများကြီးရှိတယ်၊ ဘယ်လိုပတ်ဝန်းကျင်မျိုးပဲ ကြုံလာပါစေ ရင်ဆိုင်နိုင်တယ်လို့ ခံစားခဲ့ရတာ။ ဒါပေမဲ့ ဆင်းရဲဒုက္ခနဲ့ အခက်အခဲတွေကို တကယ်တမ်း ရင်ဆိုင်လာရတဲ့အခါ အရမ်းခက်ခဲတယ်လို့ ခံစားရပြီး ဘုရားသခင်က ဘာလို့ ဒီလိုပတ်ဝန်းကျင်မျိုး ပေးရတာလဲဆိုပြီး စိတ်ထဲမှာ ညည်းတွားမိတယ်။ အဲဒီအချိန်ကျမှ ကိုယ့်ချို့တဲ့မှုတွေကို ကျွန်မ တကယ် နားလည်သွားပြီး ဆင်းရဲဒုက္ခ ပတ်ဝန်းကျင်ကို တွေ့ကြုံမှသာ ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ နားလည်မှုနဲ့ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ရှိလာနိုင်မယ်ဆိုတာကို နားလည်သွားတယ်။
နောက်ပိုင်းမှာ မိဘတွေက ကျွန်မကို သင်းအုပ်ဆရာတစ်ယောက်ဆီ အတင်းခေါ်သွားပြီး သင်းအုပ်ဆရာကို ကျွန်မအတွက် ဆုတောင်းပေးခိုင်းတယ်။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို ကျွန်မ စွန့်လွှတ်အောင်လုပ်ဖို့ သူတို့နဲ့အတူ သမ္မာကျမ်းစာ လေ့လာဖို့လည်း ဖိအားပေးကြတယ်။ သူတို့က ပြောကြတယ်။ “နင်က အထင်အမြင်မှားအောင် လုပ်တာခံနေရတာ။ နင်က ပျောက်ဆုံးသွားတဲ့ သားမိုက်ပဲ။ မိဘတွေရင်ခွင်ကို ပြန်လာနိုင်ရင် သခင်က စောင့်ရှောက်နေဦးမှာ။ ဆက်ပြီး ပုန်ကန်နေရင် သခင်က စောင့်ရှောက်တော့မှာ မဟုတ်ဘူး။ နင်က မိဘစကားနားထောင်တဲ့ လိမ္မာတဲ့ သားသမီး ဖြစ်ရမယ်၊ မိဘတွေကို ရိုသေလေးစားပြီး ချစ်ရမယ်။ အခု နင်က လမ်းမှား လျှောက်နေတာ” တဲ့။ ဒါက စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုပဲဆိုတာ ကျွန်မ သိတာပေါ့။ ကျွန်မ အထင်အမြင်မှားခံရပြီး မဟုတ်မမှန်တာကို ယုံကြည်နေတယ်လို့ သူတို့ပြောပေမဲ့ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့် သမ္မာတရားတချို့ကို နားလည်ထားပြီးပြီ၊ ပြီးတော့ သခင်ယေရှု ပြန်ကြွလာပြီးပြီ၊ ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာ ယုံကြည်ထားပြီးသား။ ဘုရားသခင်ရဲ့ အသံတော်ကို ကြားရပြီး ဘုရားအိမ်တော်ကို ပြန်ရောက်လာတာလေ။ ကျွန်မ အထင်အမြင်မှားမခံရပါဘူး။ စစ်မှန်တဲ့ ဘုရားသခင်ကို ယုံကြည်ဖို့ မလွယ်ကူဘူးဆိုတာ ကျွန်မ သိတယ်။ ကျေးဇူးတော်ခေတ်တုန်းက သခင်ယေရှုကို ယုံကြည်ခဲ့တဲ့ လူတွေလိုပဲပေါ့။ အဲဒီတုန်းက လူအများကြီးက သခင်ယေရှုကို ယုံကြည်တာ မှားတယ်လို့ ပြောခဲ့ကြတယ်၊ တချို့လူတွေဆို ဖာရိရှဲတွေနောက်လိုက်ပြီး ကိုယ်တော့်ကို ငြင်းပယ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သခင်ယေရှုက လက်ဝါးကပ်တိုင်မှာ အသေခံတော်မူပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်တဲ့ အမှုတော်ကို ပြီးစီးစေခဲ့တယ်။ ကိုယ်တော့်နောက်လိုက်တဲ့ တပည့်တော်တွေက သူများတွေ ဘာပြောပြော ဂရုမစိုက်ခဲ့ကြဘူး။ လမ်းခရီးဆုံးအထိ သခင့်နောက်လိုက်ဖို့အတွက် သူတို့က ဒုက္ခခံဖို့ ဆန္ဒရှိခဲ့ကြတယ်၊ အသက်ကိုတောင် စွန့်လွှတ်ကြမှာပဲ။ အခု ကျွန်မက ဘုရားသခင်ရဲ့ အသံတော်ကို ကြားရပြီး သမ္မာတရားတွေနဲ့ နက်နဲမှုတွေ အများကြီးကို နားလည်ထားပြီးပြီမို့ ဘာသာရေးထဲကို ထပ်ပြီး ပြန်မသွားချင်တော့ဘူး။ ဘာသာရေးမှာ အလင်းသစ် မရှိဘူး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်လည်း မရှိဘူး။ ဘာသာရေးထဲမှာ သမ္မာတရားနဲ့ အသက်ကို ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ဘုရားသခင်နောက် မလိုက်အောင် တားချင်လို့သာ သူတို့က အဲဒီစကားတွေ ပြောနေကြတာ၊ ဒါပေမဲ့ သူတို့ပြောတာတွေက ကျွန်မကို တစ်စက်မှ မထိခိုက်စေခဲ့ပါဘူး။
တစ်ပတ်ကြာတော့ မိဘတွေရဲ့ ဖိအားပေးမှုအောက်မှာ ကျွန်မ ကောလိပ်ပြန်တက်ခဲ့ရတယ်။ အမေက ဘုရားသခင်ကို ပြစ်တင်ရှုတ်ချဖို့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ခဏခဏ ဖြန့်ပြီး ကျွန်မကို စကားနားမထောင်ဘူးလို့ ပြောတယ်။ အတန်းဖော်တွေကလည်း ကျွန်မကို အထင်လွဲကြတယ်၊ မကောင်းမြင်ပြီး အထင်သေးကြတယ်။ ကောလိပ်ကျောင်းအုပ်ကြီးကတောင် “မင်းက အသင်းတော်မှာ ခေါင်းဆောင်လား။ အတန်းဖော်တွေ ဘယ်သူ့ကိုမှ မင်းတို့ စုဝေးပွဲ လာတက်ဖို့ မခေါ်ရဘူးနော်။ မင်းအမေက မင်းကို အရမ်းဂရုစိုက်တာ။ စာကိုပဲ အာရုံစိုက်ပြီး မိဘစကား နားထောင်သင့်တယ်။ ဒါမှမဟုတ်ရင် ကျောင်းထုတ်ခံရလိမ့်မယ်။ ဘုရားသခင်ကို ယုံကြည်ချင်ရင် ဘာသာရေး အသင်းတော်ကို သွားပြီး ယေရှုကို ဆုတောင်းလို့ ရတာပဲ။ အဲဒါဆို ရပြီ” တဲ့။ မိဘတွေနဲ့ ကျောင်းအုပ်ကြီးက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ စုဝေးပွဲတွေကို မသွားခိုင်းဘူး။ နေ့တိုင်း ကျွန်မကို စောင့်ကြည့်ဖို့ လူစီစဉ်ထားကြတယ်။ ဆရာတွေ၊ အတန်းဖော်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ကျောင်းလုံခြုံရေး ဝန်ထမ်းတွေအထိ အားလုံးက ကျွန်မကို စောင့်ကြည့်နေကြတာ။ မိဘတွေက ကျောင်းအကြိုအပို့ကို အချိန်မှန် လုပ်ကြတယ်။ အမေက အလုပ်ဆင်းတာ နောက်ကျရင် လုံခြုံရေး ဝန်ထမ်းကို ကျွန်မကို စောင့်ကြည့်ခိုင်းထားတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းနားမှာ အမေလာတာကို စောင့်နေရတာပေါ့။ အမေက ကျွန်မ ဘုရားသခင်ကို ဆက်ယုံကြည်နေမှာ ကြောက်လို့ ကျွန်မကို သတိပေးတယ်။ “နင် ဘုရားသခင်ကို ယုံကြည်နေတာ ထပ်တွေ့ရင် ရဲတိုင်ပစ်မယ်၊ ပြီးတော့ နင်နဲ့အတူ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့ တခြားလူတွေ အကုန်လုံးကိုပါ သူတို့ ဖမ်းမှာ” တဲ့။ ဒီစကားတွေ ကြားရတော့ ကျွန်မ တွေးမိတယ်။ “အမေက သမီးအမေ ဟုတ်သေးရဲ့လား။ အမေက သမီးရဲ့ အရာရာတိုင်းကို ထိန်းချုပ်နေပြီး သမီး ဘယ်လိုခံစားရလဲ ဆိုတာကို တစ်စက်မှ ဂရုမစိုက်ပါလား” ပေါ့။ အဒေါ်ကလည်း ပြောတယ်။ “နင် ထွက်ပြေးဖို့များ စိတ်ကူးနေရင် ခြေထောက်တွေ ရိုက်ချိုးပစ်မယ်၊ ပြေးနိုင်သေးလား ကြည့်ကြသေးတာပေါ့” တဲ့။ အဲဒီအချိန်တုန်းက စုဝေးပွဲလည်း မတက်နိုင်၊ တာဝန်လည်း မထမ်းဆောင်နိုင်ဘူး။ နေ့တိုင်း အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။ တစ်ခါတလေဆို “ဒီလို အသက်ရှင်နေရတာထက် သေတာကမှ ပိုကောင်းဦးမယ်” လို့တောင် တွေးမိတယ်။ ဒီအတွေးတွေက စာတန်ဆီက လာတာမှန်း သတိပြုမိလိုက်လို့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ ဘုရားသခင်ကို အားကိုးရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်တယ်။
နောက်ပိုင်းမှာ ကောလိပ်က သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ သူကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူလေ။ သူက ကျွန်မကို ဖုန်းပေးပြီး ညီအစ်မ ကလိုအီ နဲ့ ဆက်သွယ်ခိုင်းတယ်။ ညီအစ်မကလိုအီက ထောင်ထဲမှာ ညီအစ်ကိုတွေ ဘုရားနှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းခဲ့ကြတဲ့ “ကျွန်တော့်ရဲ့ ဇာတ်လမ်း၊ ကျွန်တော်တို့ရဲ့ ဇာတ်လမ်း” ဆိုတဲ့ ရုပ်ရှင်အကြောင်း ပြောပြတယ်။ သူက ပြောတယ်။ “အဲဒီ ညီအစ်ကိုတချို့ဆိုရင် ထောင်ထဲမှာ ဆယ်နှစ်လောက် နေခဲ့ရတာ။ သူတို့မှာ ထမ်းဆောင်စရာ တာဝန်လည်း မရှိ၊ အသင်းတော် အသက်တာလည်း မရှိပေမဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ဘယ်တော့မှ မပျောက်ဆုံးခဲ့ဘူး။ ထောင်ထဲမှာ ဘုရားသခင်ကို အမြဲမပြတ် ဆုတောင်းပြီး အားကိုးခဲ့ကြတော့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေကို မြင်တွေ့ခဲ့ရပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဦးဆောင်မှုကို ခံစားခဲ့ကြရတယ်” တဲ့။ ထောင်ထဲမှာ ဆယ်စုနှစ်တစ်ခုလောက် နေခဲ့ရတဲ့ အဲဒီ ညီအစ်ကိုတွေကို ကျွန်မ တွေးမိတယ်၊ ကျွန်မကျတော့ မိသားစုရဲ့ ဟန့်တားမှုနဲ့ ကန့်သတ်မှုလောက်ပဲ ကြုံနေရတာ။ ကျွန်မ ဒီလောက် မအားနည်းသင့်ဘူးဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မလည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်း ရှိရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အပိုဒ်တချို့ကို ကျွန်မ ဖတ်လိုက်တယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း၊ စိတ်ထဲ၌ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်အခြေအနေတွင်မဆို သင်သည် ဘုရားသခင်၏ အမှုတော်၌ ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ယောဘကဲ့သို့ပင် ဘုရားသခင်ကို မငြင်းဆန်ရပေ။ ယောဘသည် အားနည်းပြီး သူ၏မွေးနေ့မွေးရက်ကို ကျိန်ဆဲခဲ့သော်လည်း လူတို့မွေးဖွားပြီးနောက်တွင် လူတို့ပိုင်ဆိုင်သည့် အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့ကို နုတ်ယူသည့် သူလည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သည့်စမ်းသပ်မှုများကို သူကြုံတွေ့ရသည်ဖြစ်စေ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံများထဲ၌ ဘုရားနှုတ်ကပတ်တော်များမှ သင် ကြုံတွေ့ရသော စစ်ဆေးခြင်းက မည်သည့်အရာဖြစ်ပါစေ ခြုံငုံကြည့်လျှင် ဘုရားသခင် လိုချင်သည့်အရာမှာ သင်၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြစ်၏။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် စိတ်ပိုင်းဖြတ်ချက်တို့ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ မထိနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ ယုံကြည်ခြင်း လိုအပ်သည်။ သင်၏ ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါတွင် ယုံကြည်ခြင်းကို လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ လိုအပ်သောအရာမှာ သင့်အနေဖြင့် ယုံကြည်ခြင်းရှိရန်၊ ခိုင်မာသော ရပ်တည်ချက်ရှိရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်ထွန်းခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ ဆိုလိုသည်မှာ သင် ယုံကြည်ခြင်း ရှိသည့်အချိန်တွင်သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်သည်။ သင်၌ ယုံကြည်ခြင်းရှိသည့်အခါ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ချေ။...‘ယုံကြည်ခြင်း’ သည် မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ ပိုင်ဆိုင်သင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားစစ်မှန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) “လက်တွေ့ဘဝတွင် ပြဿနာများကို ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏ အချုပ်အခြာအာဏာကို မည်သို့ နားလည်ပြီး တွေ့ကြုံခံစားသင့်သနည်း။ သင်သည် ဤပြဿနာများနှင့် ရင်ဆိုင်ရပြီး ယင်းတို့ကို မည်သို့ နားလည်ရန်၊ ကိုင်တွယ်ရန်နှင့် တွေ့ကြုံရန် မသိသည့်အခါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ရည်ရွယ်ချက်နှင့် ဆန္ဒအပြင် ဤကျိုးနွံနာခံခြင်း၏ လက်တွေ့ကျမှု သင့်တွင် ရှိကြောင်း သရုပ်ပြရန် သင်သည် မည်သည့် သဘောထားကို ခံယူသင့်သနည်း။ ပထမဦးစွာ သင်သည် စောင့်ဆိုင်းတတ်ရန် သင်ယူရမည်၊ ထို့နောက် သင်သည် ရှာဖွေရန် သင်ယူရမည်၊ ထို့နောက် သင်သည် ကျိုးနွံနာခံရန် သင်ယူရမည် ဖြစ်သည်။ ‘စောင့်ဆိုင်းခြင်း’ ဟူသည်မှာ ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းခြင်း၊ သူက သင့်အတွက် စီစဉ်ပေးထားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စောင့်ဆိုင်းခြင်းနှင့် ကိုယ်တော်၏ ရည်ရွယ်ချက်များကို သင့်အား တဖြည်းဖြည်း ထုတ်ဖော်ပြသရန် စောင့်ဆိုင်းခြင်းကို ဆိုလိုပေသည်။ ‘ရှာဖွေခြင်း’ ဟူသည်မှာ ကိုယ်တော် စီစဉ်ညွှန်ကြားထားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှတစ်ဆင့် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို ဆန်းစစ်ခြင်းနှင့် နားလည်ခြင်း၊ ယင်းတို့ထဲရှိ သမ္မာတရားများကို နားလည်ခြင်း၊ လူသားများ လုပ်ဆောင်သင့်သည့်အရာနှင့် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်သည့် လမ်းကြောင်းများကို နားလည်ခြင်း၊ ပြီးလျှင် ဘုရားသခင်က လူသားများတွင် မည်သည့် ရလဒ်များကို ရရှိရန် ရည်ရွယ်သည်နှင့် ၎င်းတို့တွင် မည်သည့် အောင်မြင်မှုများကို ရရှိရန် ကိုယ်တော် ရည်ရွယ်သည်ကို နားလည်ခြင်းတို့ကို ဆိုလိုပေသည်။ ‘ကျိုးနွံနာခံခြင်း’ ဟူသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားထားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လက်ခံခြင်း၊ ကိုယ်တော်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ယင်းမှတစ်ဆင့် ဖန်ဆင်းရှင်သည် လူ့ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို မည်သို့ ကိုင်စွဲထားသည်၊ သူသည် လူကို သူ၏ အသက်ဖြင့် မည်သို့ ထောက်ပံ့သည်နှင့် သူသည် သမ္မာတရားကို လူ့အထဲသို့ မည်သို့ သွတ်သွင်းသည်တို့ကို တွေ့ကြုံခြင်းကို ရည်ညွှန်းသည်မှာ သေချာပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ မိသားစုဝင်တွေနဲ့ ဆရာတွေဆီက ဖိနှိပ်မှုနဲ့ ဟန့်တားမှုတွေ ကြုံလာရတဲ့အခါ ကျွန်မ အားနည်းချက်တွေ ရှိပေမဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလို့မဖြစ်ဘူး၊ ဘုရားသခင်ကို ငြင်းပယ်လို့မဖြစ်ဘူး၊ ညည်းတွားလို့မဖြစ်ဘူး ဆိုတာကို နားလည်လိုက်တယ်။ ယောဘကို အတုယူရမယ်လေ။ ယောဘက စမ်းသပ်မှုတွေ ကြုံလာရတဲ့အခါ သူ မွေးဖွားတဲ့နေ့ရက်ကို ကျိန်ဆဲခဲ့ပေမဲ့ ဘုရားသခင်ကို ဘယ်တော့မှ မငြင်းပယ်ခဲ့ဘူး၊ ဘုရားသခင်ကို မညည်းတွားခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကတော့ ဒီညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံလာရတဲ့အခါ ဘုရားသခင်ကို အမြဲတမ်း ညည်းညူနေမိတယ်၊ ဘာလို့ ဘုရားသခင်က ဒီအရာတွေအားလုံးကို ကျွန်မအပေါ် ကျရောက်ခွင့်ပေးရတာလဲ။ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါလျက်နဲ့ ဘာလို့ ဒီဆင်းရဲဒုက္ခတွေနဲ့ အရှက်ခွဲခံရတာတွေ ကျရောက်လာရတာလဲ ပေါ့။ ဒီလိုပတ်ဝန်းကျင်မျိုးကို မကြုံချင်ဘူး၊ ထွက်ပြေးချင်ခဲ့တယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ဘုရားသခင်ကို ကျွန်မ မကျိုးနွံမနာခံနိုင်ခဲ့ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်တစ်ခုခု ကြုံလာရတဲ့အခါ ဦးဆုံး စောင့်ဆိုင်းရမယ်၊ ပြီးမှ ရှာဖွေပြီး ကျိုးနွံနာခံရမယ်လို့ ဘုရားနှုတ်ကပတ်တော်က အတိအလင်း ဆိုထားတယ်။ စောင့်ဆိုင်းဖို့၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှာဖွေဖို့နဲ့ နောက်ဆုံးမှာ ဘုရားသခင် စီစဉ်ပေးတဲ့ လူ၊ ဖြစ်ရပ်နှင့် အမှုအရာ အားလုံးကို လက်ခံပြီး ကျိုးနွံနာခံဖို့ ကျွန်မ သင်ယူရမယ်။ ဘုရားသခင် စီစဉ်ပေးသမျှ အရာအားလုံးက ကောင်းပါတယ်။ ကျွန်မ ပိုပြီး ဆုတောင်းရမယ်၊ အရာအားလုံးကို ဘုရားသခင် လက်ထဲ အပ်နှံရမယ်။ ကျွန်မ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ချစ်ရပါသော ဘုရားသခင်၊ ဒီလိုပတ်ဝန်းကျင်တွေက ခက်ခဲတယ်လို့ ခံစားရပြီး သမီးစိတ်နှလုံးထဲမှာ အားနည်းချက်တွေ ရှိနေပေမဲ့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေက သမီးကို ခွန်အားပေးခဲ့ပါတယ်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေက သမီးစိတ်နှလုံးကို ငြိမ်းချမ်းစေခဲ့ပါတယ်။ အရာအားလုံးကို ကိုယ်တော့်လက်ထဲ အပ်နှံဖို့ သမီး ဆန္ဒရှိပါတယ်” ပေါ့။
နောက်ပိုင်းရက်တွေမှာ အမေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို အဆက်မပြတ် အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချနေတုန်းပဲ။ ညတိုင်း သူက လူတိုင်းကို ကျွန်မအတွက် ဆုတောင်းခိုင်းတယ်၊ ဆုတောင်းတဲ့အခါ ဘုရားသခင်ကို ပြစ်မှားပြောဆိုတာတွေတောင် လုပ်သေးတယ်။ သူ့စကားတွေက ကျွန်မရင်ကို ဓားနဲ့မွှန်းသလိုပဲ ခံစားရတယ်။ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်တဲ့ အဲဒီစကားတွေကို ကျွန်မ သည်းမခံနိုင်ခဲ့ဘူး။ ပြီးတော့ အဖေလည်း ရှိသေးတယ်။ သူ မူးလာရင် ကျွန်မ ဘုရားသခင်ကို ယုံကြည်လို့ဆိုပြီး ကျိန်ဆဲတယ်၊ ရိုက်တောင် ရိုက်သေးတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်။ ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။...လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည် ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်သောသူများ ဖြစ်ကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် မိဘတွေနဲ့ ကျွန်မက လုံးဝ မတူညီတဲ့လမ်းကြောင်းတွေကို လျှောက်နေတယ်ဆိုတာကို ကျွန်မနားလည်လိုက်တယ်။ မိဘတွေက လူ့ဇာတိခံ ဘုရားသခင်ကို လက်မခံကြဘူး၊ ကိုယ်တော့်ကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချတာတွေတောင် လုပ်ကြတယ်။ အထူးသဖြင့် အမေက ဘုရားသခင်ကို အဆက်မပြတ် ပြစ်မှားပြောဆိုပြီး ပြစ်တင်ရှုတ်ချနေတာလေ။ သူတို့ရဲ့ အနှစ်သာရကိုက ဘုရားသခင်ကို အတိုက်အခံလုပ်တယ်၊ ဘုရားသခင်ရဲ့ ရန်သူတွေ ဖြစ်ပြီးနတ်ဆိုးတွေနဲ့ စာတန်တွေပဲ။ နောက်ဆုံးမှာ သူတို့က ဘုရားသခင်ရဲ့ ဖျက်ဆီးခြင်းကို ခံရလိမ့်မယ်။ သူတို့ရဲ့ ချုပ်နှောင်မှုကို ကျွန်မ ဆက်ခံလို့ မဖြစ်တော့ဘူး။
အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ထပ်ဖတ်တယ်။ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပါစေ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံမှုပေးခြင်းဟူသည့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ လိုက်နာရန်နှင့် အဖြည့်ခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ အစေခံရန် ဖြစ်၏။ ယင်းမှာ စာတန်၏ အခြေအမြစ်နှင့် မူလနေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ အစေခံမှုအတွက် ဘုရားသခင် အသုံးချသည့် စက်ယန္တရားတစ်လုံးသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ အခု ကျွန်မဘေးနားမှာ ဘုရားမယုံကြည်သူတွေ ဝိုင်းနေပြီး မိဘတွေကလည်း ကျွန်မ ဘုရားသခင်ကို မယုံကြည်အောင် တားဖို့ နည်းလမ်းပေါင်းစုံ သုံးနေကြတာ။ ကောလိပ်မှာပဲနေနေ၊ အိမ်မှာပဲနေနေ သူတို့က နေ့တိုင်း စောင့်ကြည့်ကြတယ်၊ ဘုရားနှုတ်ကပတ်တော် မဖတ်နိုင်အောင်၊ ဆုမတောင်းနိုင်အောင် တားဖို့ အကြံအစည်တွေ၊ နည်းလမ်းတွေ အများကြီး သုံးကြတယ်။ ကျွန်မ ဘဝတစ်ခုလုံးကို သူတို့ ထိန်းချုပ်ထားတာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို မျှော်လင့်ချက် ပေးခဲ့တယ်။ အပြင်ပန်းမှာ သူတို့ ဘယ်လောက်ပဲ အာဏာရှိပုံပေါက်ပါစေ၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး တာဝန်ယူထားတယ် ဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ ကျွန်မနဲ့ဆိုင်တဲ့ အရာရာတိုင်းက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။ စာတန်က မိသားစုကို အသုံးပြုပြီး ကျွန်မကို ဘယ်လောက်ပဲ နှောင့်ယှက်ပါစေ၊ စာတန်က ဘုရားသခင်အတွက် အစေခံပေးနေရုံ သက်သက်ပါပဲ။ ဒီအရာတွေသာ မဖြစ်ခဲ့ရင် ဘုရားသခင်ကို အတိုက်အခံတဲ့ ကျွန်မမိသားစုရဲ့ အနှစ်သာရကို ကျွန်မ ထိုးထွင်းမြင်နိုင်မှာ မဟုတ်ဘူး။ မိသားစုရဲ့ ဖိနှိအ်မှုကို ကြုံရတာက ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာစေခဲ့တယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ ဘုရားသခင်ကို အားကိုးပြီး သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်သင့်တယ်။ ဒါကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံးထဲမှာ မကြောက်တော့ဘူး။
နောက်ပိုင်းမှာ စာကူးစရာတွေ အရမ်းများလို့ မိဘတွေက ကျွန်မကို လက်ပ်တော့ပ် တစ်လုံး ဝယ်ပေးတယ်။ ကျောင်းမှာ CCTV တွေ အပြည့်တပ်ထားပြီး သူငယ်ချင်းတွေနဲ့ အတန်းဖော်တွေကလည်း စောင့်ကြည့်နေကြတော့ လက်ပ်တော့ပ်ကို ရေချိုးခန်းထဲ ယူသွားပြီး ကျောင်း Wi-Fi နဲ့ချိတ်မှပဲ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေနဲ့ ဘုရားသခင်ကို ချီးမွမ်းတဲ့ ဓမ္မတေး ဗီဒီယိုတချို့ကို ကြည့်လို့ရတယ်။ မိဘတွေက သူငယ်ချင်းတွေကို ကျွန်မကို စောင့်ကြည့်ခိုင်းထားတော့ ဘုရားနှုတ်ကပတ်တော်ကို လွတ်လွတ်လပ်လပ် မဖတ်နိုင်ဘူး၊ အသင်းတော် အသက်တာ အသက်မရှင်နိုင်ဘူး၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့ဆိုတာ ဝေလာဝေးပေါ့။ ဒီလိုအသက်ရှင်ရတာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ခံစားရတယ်။ ဒါနဲ့ တစ်မနက် အစောကြီးမှာပဲ အိမ်ကနေ ထွက်ပြေးလာခဲ့တယ်။ အခုတော့ မိသားစုရဲ့ ချုပ်နှောင်မှုထဲကနေ ကျွန်မ လွတ်မြောက်လာခဲ့ပြီး ညီအစ်ကို မောင်နှမတွေနဲ့အတူ အသင်းတော် အသက်တာ အသက်ရှင်နိုင်ပါပြီ။ ဘုရားနှုတ်ကပတ်တော်ကို လွတ်လွတ်လပ်လပ် ဖတ်နိုင်ပြီ၊ တာဝန်ထမ်းဆောင်နိုင်ပြီမို့ ကျွန်မစိတ်နှလုံးက အရမ်းကို ငြိမ်းချမ်းပြီး လွတ်မြောက်မှု ခံစားရပါတယ်။ ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ဘုရားသခင်ကို အရမ်း ကျေးဇူးတင်ပါတယ်ရှင်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်ချိုး တရုတ်နိုင်ငံကျွန်မအမျိုးသားနှင့် ကျွန်မသည် ၂၀၁၂ ခုနှစ်၊ မေလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို...
လင်းရှီ တရုတ်နိုင်ငံ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ၂၀၀ ၅ခုနှစ်မှာ လက်ခံခဲ့တယ်။ အဲဒီအတောအတွင်းမှာ၊...
ယွမ်ဝင်ဆန် ဗီယက်နမ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ညီအစ်ကို တစ်ယောက်က အွန်လိုင်း စုဝေးပွဲတစ်ခုမှာ ပါဝင်ဖို့ ကျွန်တော့်ကို ဖိတ်တယ်။...
ချင်ဖန်း၊ တရုတ်ပြည်တစ်ချိန်တုန်းက ကျွန်မမှာ သာယာပျော်ရွှင်တဲ့ မိသားစုလေး တစ်ခုရှိခဲ့တယ်။ ကျွန်မတို့က စားဝတ်နေရေးအတွက် ပူစရာမလိုဘဲ...