သခင့်ကို ကြိုဆိုခွင့်နှင့် လွဲလုနီးပါး ဖြစ်ခဲ့ရသည်

23.01.2022

ဝမ်လီ တရုတ်နိုင်ငံ

ကျွန်တော်တို့လင်မယားက ၁၉၉၅ မှာ ခရစ်ယာန်တွေ ဖြစ်လာကြတာ။ အဲဒီအချိန်ကစပြီး တကယ်ကို ထက်ထက်သန်သန်နဲ့ ရှာဖွေအားထုတ်ခဲ့ကြတာပါ။ သိပ်မကြာခင်ပဲ ဆိုလိုဖီးဒယ်အသင်းတော်မှာ တွဲဖက်အမှုတော်ဆောင်တွေ ဖြစ်သွားကြတယ်။ နောက်တော့ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ၊ အဲဒီအသင်းတော်ဝင်တွေ တော်တော်များများက အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ ဧဝံဂေလိကို ကြားပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ကုန်ကြရော။ အဲဒီအချိန်ကစပြီး သင်းအုပ်တွေ၊ အကြီးအကဲတွေက တွဲဖက်အမှုတော်ဆောင်များစည်းဝေးပွဲတွေမှာ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို အမြဲတမ်း ဆန့်ကျင် ဟောပြောကြတော့တာပဲ။ တစ်ခါတော့ သင်းအုပ်ဝမ်ဆိုတဲ့တစ်ယောက်က ပြောတယ်ဗျ။ သမ္မာကျမ်းမှာ ရှင်ပေါလုက ပြောထားတယ်ပေါ့၊ “ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ။” (ဂလာတိ သြဝါဒစာ ၁:၆-၈) သူက ပြောသေးတယ်၊ ကျွန်တော်တို့က သခင့်လမ်းကိုပဲ လိုက်ရမယ်တဲ့။ တခြားဧဝံဂေလိတစ်ခုခုကို နားထောင်တာက သခင့်ကို သစ္စာဖောက်တာပဲ။ ကျွန်တော်တို့ ဒုက္ခရောက်လိမ့်မယ်ပေါ့။ သခင်က ပြန်ကြွလာခဲ့ပြီ။ သူ့နှုတ်ကပတ်တော်တွေကတစ်ဆင့် နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်ဆိုပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်းက ဟောပြောတယ်။ ဒါက တခြားသောဧဝံဂေလိပဲဆိုပြီး သူက ပြောတာ။ ကျွန်တော်တို့က အဲဒါကို နားထောင်လို့မဖြစ်ဘူး၊ အထူးသဖြင့် မယုံကြည်ရဘူးလို့ သူက ပြောတယ်။ သခင့်ကို သစ္စာဖောက်မိလိမ့်မယ်ပေါ့။ တစ်ယောက်ယောက်က အရှေ့အရပ်မှလျှပ်ပြက်ခြင်းအကြောင်း ပြောလာရင်၊ ချက်ချင်း မောင်းထုတ်ဖို့လည်း သူ တိုက်တွန်းတယ်။ သင်းအုပ်တွေက ဒီသမ္မာကျမ်းစာပိုဒ်တွေကို ဆွေးနွေးပြီဆိုတာနဲ့၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး သတိပေးလိုက်တယ်၊ “ဆရာတော်တွေက ငါတို့ကို အရှေ့အရပ်မှလျှပ်ပြက်ခြင်းနဲ့ ဆက်သွယ်ခွင့် ပေးမှာမဟုတ်ဘူး။ အဲဒါကလည်း ငါတို့ ကောင်းဖို့အတွက်ပဲ။ ငါက ကျမ်းစာကို ကောင်းကောင်း နားမလည်ဘူး၊ ဝိညာဉ်ရင့်ကျက်မှုလည်း နည်းတယ်။ ဒါကြောင့် တခြားဘာကိုမှ နားထောင်လို့မဖြစ်ဘူး။ ငါက သခင့်ကျေးဇူးတော်ကို အများကြီး ခံစားထားရတာ။ ကိုယ်တော့်ကို သစ္စာဖောက်လို့ မဖြစ်ဘူး” ပေါ့။ ကျွန်တော့်ကို ဧဝံဂေလိ အကြိမ်ကြိမ် မျှဝေပေးခဲ့တဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့အားလုံးကို ငြင်းပစ်တာချည်းပဲ။ ကျွန်တော့်အနေနဲ့ သခင့်လမ်းမှာပဲ ရှိနေရမယ်၊ တခြားဘာကိုမှ နားထောင်လို့မဖြစ်ဘူးဆိုပြီး မှတ်ထားတာ။ ကျွန်တော် လှည့်စားခံရပြီးတော့ သခင်က ပစ်ပယ်သွားတယ်ဆိုရင်၊ ကျွန်တော် ဘယ်လိုလုပ်မလဲပေါ့။ တစ်ရက်ကျတော့ ကျွန်တော့်တူမက ကျွန်တော်တို့လင်မယားကို ဧဝံဂေလိ မျှဝေဖို့ ရောက်လာရော။ ကျွန်တော်လည်း ခပ်မာမာပဲ ပြောလိုက်တယ်၊ “သမ္မာကျမ်းမှာ ပြောထားတယ်၊ ‘သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ။’ (ဂလာတိ သြဝါဒစာ ၁:၈) ငါတို့က သခင်ယေရှုကိုပဲ ယုံကြည်တာ။ တခြားလမ်းတစ်ခုခုကို လိုက်မယ်ဆိုရင်၊ ယုံကြည်ခြင်းကို စွန့်ပစ်တာ၊ သခင့်ကို သစ္စာဖောက်တာ ဖြစ်သွားမယ်။ ငါတို့ ဒုက္ခရောက်သွားမှာ။ နင်လည်း ချက်ချင်း အပြစ်ဝန်ခံပြီး၊ သခင့်ဆီမှာ နောင်တရသင့်တယ်” ပေါ့ဗျာ။ ကျွန်တော်က သင်းအုပ် ပြောထားတာတွေကို နားထောင်နေခဲ့တာ။ ဘုရားရဲ့နောက်ဆုံးသောကာလ ဧဝံဂေလိအကြောင်း ဘယ်သူပဲ လာပြီး မျှဝေမျှဝေ၊ ကျွန်တော် လုံးဝကို နားမထောင်ခဲ့ဘူး။ သူတို့ကို မောင်းထုတ်ဖို့ ရှိသမျှဆင်ခြေအကုန် ပေးတာ။

နောက်တစ်ခါကျတော့ စိုက်ခင်းထဲမှာ ကျွန်တော်တို့လင်မယား အလုပ်လုပ်နေကြတုန်း၊ မိန်းမက ကျွန်တော့်ကို၊ “သခင်ယေရှုက ပြန်ကြွလာပြီ။ ကိုယ်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်ပဲ”ဆိုပြီး အရမ်းကို သတိထားပြီး ပြောလာတယ်။ ဒီလိုပြောပြီဆိုတော့ သူက အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ ဧဝံဂေလိကို နားထောင်နေရုံမကဘူး၊ လက်ခံလိုက်ပြီဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်လည်း ဒေါသထွက်ပြီး၊ သူ့ကို တော်တော် ပြောလိုက်မိတယ်၊ “အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို နားမထောင်ရဘူးလို့ ဆရာတော်တွေက အကြိမ်ကြိမ် သေချာပြောထားတယ်။ မင်း ဘာလို့ သူတို့ပြောတာကို နားမထောင်ခဲ့တာလဲ။ တခြားလမ်းတစ်ခုကို လက်ခံတယ်ဆိုတာ သခင့်ကို သစ္စာဖောက်တာပဲ။ မင်းတော့ ဘုရားရဲ့နိုင်ငံတော်ထဲဝင်နိုင်တော့မှာမဟုတ်ဘူး” ဆိုပြီးပေါ့။ ကျွန်တော်လည်း ပိုပြီးတော့ စိတ်မချမ်းမသာဖြစ်လာတယ်။ ဒီ သမ္မာကျမ်းပိုဒ်ကိုလည်း တွေးမိတယ်၊ “သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။” (တိမောသေ ဩဝါဒစာ ပဋ္ဌမစောင် ၅:၂၂) သူက အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို လက်ခံပြီး၊ သခင့်ကို သစ္စာဖောက်လိုက်ပြီဆိုတော့၊ ကျွန်တော့်အနေနဲ့ သူ့အပြစ်တွေထဲ ဝင်ပါလို့ မဖြစ်ဘူးလို့ပဲ စဉ်းစားတယ်။ ကျွန်တော်က သင်းအုပ်ကို အဲဒီအကြောင်း ချက်ချင်း ပြောပြတယ်။ ဒါမှ သူ စိတ်ပြောင်းအောင် တိုက်တွန်းနိုင်မှာလေ။ သင်းအုပ်ကလည်း ဒါကိုကြားတော့ တော်တော် စိတ်မချမ်းမသာဖြစ်ပြီး ပြောတော့တာပဲ၊ “တခြားယုံကြည်ခြင်းအကြောင်း ဟောပြောတတွေကို နားထောင်တယ်ဆိုတာ သခင့်ကို သစ္စာဖောက်တာ။ သူ အသင်းတော်ကနေ မောင်းထုတ်ခံရလိမ့်မယ်။ သူ့မှာ စာအုပ်တရှိလား ရှာကြည့်။ ပြီးရင် တွေ့သမျှကို ဖျက်ဆီးပစ်။ သူ့ကို စောင့်ကြည့်ဖို့ ချက်ချင်း အိမ်ပြန်လိုက်။ သူ အပြင်ထွက်ပြီး အဲဒီလူတွေ ဟောသမျှ နားထောင်တာကို ခွင့်ပြုလို့မဖြစ်ဘူး” တဲ့။ ဒါကို ကြားရတော့ ကျွန်တော် စဉ်းစားတယ်၊ “ဟုတ်တယ်၊ ငါ့မိန်းမကို ကယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက သင်းအုပ် ပြောသလို လုပ်ဖို့ပဲ။ မဟုတ်ရင် သူ့ကို သခင်က ပစ်ပယ်လိမ့်မယ်။ ပြီးတော့ ကောင်းကင်ဘုံကို သွားခွင့်လည်း သူဆုံးရှုံးလိမ့်မယ်” ပေါ့။ အဲဒီအချိန်ကစပြီး ကျွန်တော့်မိန်းမကို သေချာ စောင့်ကြည့်တယ်။ ကျွန်တော် အနီးအနားမှာ ရှိနေသရွေ့၊ သူ့ကို အရှေ့အရပ်မှလျှပ်ပြက်ခြင်းက လူတွေနဲ့ ဆက်သွယ်ခွင့်မပေးတော့ဘူး။ ကျွန်တော် အလုပ်သွားတဲ့အချိန်လည်း သမီးနှစ်ယောက်ကို စောင့်ကြည့်ခိုင်းတယ်။ ဒါပေမဲ့ သူက စည်းဝေးပွဲတွေဆီ ခိုးပြီးသွားနေတုန်းပဲ။ တစ်ရက်မှာ ကျွန်တော် အလုပ်ကပြန်ရောက်တော့၊ ကျွန်တော့်မိန်းမကို မတွေ့တာနဲ့၊ နောက်ထပ် စည်းဝေးပွဲတစ်ခုကို ရောက်နေပြန်ပြီဆိုတာ သိလိုက်တယ်။ ကျွန်တော် တကယ် ဒေါသထွက်သွားတာ။ ကျွန်တော် ဘယ်လိုလုပ်လုပ် သူ့ကို ထိန်းလို့မရဘူးလေ။ ဒါနဲ့ ပိုပြီးကြမ်းသင့်ပြီလို့ စဉ်းစားမိတယ်ဗျ။ သူ သခင့်ကို သစ္စာဖောက်ပြီး စွန့်ပစ်ခံရမှာကို ကျွန်တော် ရပ်ကြည့်မနေနိုင်ဘူး။ သူ ပြန်ရောက်လာတော့၊ ကျွန်တော်လည်း ရိုက်မလို့ လက်ရွယ်မိတယ်။ ကျွန်တော်တို့အိမ်ထောင်သက်တစ်လျှောက်လုံးမှာ သူ့ကို တစ်ခါမှ မရိုက်ခဲ့ဖူးဘူး။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားတာ။ ဒါပေမဲ့ စဉ်းစားကြည့်တော့၊ ကျွန်တော်က သူ လမ်းမှားရောက်ပြီး သခင့်ကယ်တင်ခြင်းကို ဆုံးရှုံးသွားမှာ စိုးရိမ်တာပါ။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုပဲလုပ်လုပ်၊ သူက အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို စွဲစွဲမြဲမြဲ ယုံကြည်နေတုန်းပဲ။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတာနဲ့၊ သူ့စာအုပ်တွေ ဖျက်ဆီးဖို့ သင်းအုပ်ဝမ် ပြောထားတာကို စဉ်းစားမိတယ်။ သင်းအုပ် ပြောတာ မှန်တယ်ပေါ့ဗျာ။ ဖတ်ဖို့ စာအုပ်တွေ မရှိရင်၊ သူ့ယုံကြည်ခြင်းကို ဘယ်လိုလုပ် လက်တွေ့လုပ်ဆောင်နိုင်မှာလဲ။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့၊ သူ့စာအုပ်တွေကို တိတ်တိတ်လေး ရှာပြီး ဖျက်ဆီးလိုက်ရော။ ဒါပေမဲ့ သူက နောက်ပြန်လှည့်ဖို့ ရည်ရွယ်ချက် မရှိသေးဘူးဗျ။ ကျွန်တော် စောင့်ကြည့်တာတွေကို အမြဲတမ်း လွတ်အောင်ရှောင်ပြီး စည်းဝေးပွဲတွေဆီ သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဘုရားရဲ့အသံတော် ဟုတ်မဟုတ်သိအောင် ဖတ်ကြည့်သင့်တယ်ဆိုပြီး ကျွန်တော့်ကို အမြဲပြောတယ်။ အမှန်ပြောရရင် ကျွန်တော် ဝေခွဲမရခဲ့ဘူး။ ကျွန်တော့်မိန်းမက အမြဲတမ်း ခပ်ပေါ့ပေါ့ နေခဲ့တာချည်းပဲ။ ဘယ်တုန်းကမှ တကယ်ကို ခေါင်းမာတဲ့လူမျိုး မဟုတ်ခဲ့ဘူး။ ဒီတစ်ခါ သူ ဘာလို့ အလျှော့မပေးလဲဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက ဘာတွေ ဟောပြောနေလဲ၊ သူ့ကို ဘာလို့ အားကောင်းကောင်းနဲ့ ဆွဲဆောင်ထားတာလဲဆိုတာ သိချင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် တကယ် ဖတ်ကြည့်ချင်တာ။ ဒါပေမဲ့ သင်းအုပ် ပြောထားတာကို သတိရလိုက်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်၊ “ငါတို့က ယုံကြည်ခြင်းမှာ သခင့်လမ်းခရီးအတိုင်း ရှိနေရမယ်။ သွေဖည်တယ်ဆိုတာ သခင့်ကို သစ္စာဖောက်တာပဲ” ပေါ့။ ဒါနဲ့ ကျွန်တော် ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။

တစ်ရက်မှာ ကျွန်တော် ကျောက်မီးသွေးတွင်းထဲ ရောက်နေတုန်း၊ အတူလုပ်တဲ့တစ်ယောက်က စနက်တံကို မီးညှိရင်းနဲ့ သူ့ပေါ်မှာ ရုတ်တရက် ထပေါက်ရော။ သူက ချက်ချင်း မျက်လုံးကန်းသွားတာ။ ကျွန်တော်နဲ့လည်း အဝေးကြီးမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ဘာမှမဖြစ်ခဲ့ဘူး။ ကျွန်တော်လည်း ကြောက်လန့်ပြီး တုန်နေတာ။ ကျွန်တော့်ရဲ့ တွဲဖက် အမှုတော်ဆောင်အတွက်တော့ တကယ် ဝမ်းနည်းတာပါ။ ဒါပေမဲ့ ဘုရားက ငါ့ကို ကာကွယ်တယ်ဆိုပြီးတော့လည်း အရမ်း ပျော်မိတယ်။ အိမ်ပြန်ရောက်တဲ့အထိ ကျွန်တော် တုန်လှုပ်နေတုန်းပဲ။ ကျွန်တော့်မိန်းမကိုလည်း ဖြစ်ခဲ့တာတွေ ပြောပြလိုက်တယ်။ သူက ဘာပြန်ပြောလဲဆိုတော့၊ “အဲဒီလူက ရုပ်ပိုင်းဆိုင်ရာ ကန်းသွားတယ်။ ရှင်ကျတော့ ဝိညာဉ်ပိုင်းဆိုင်ရာ ကန်းနေတာ။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်သင့်တယ်လို့ ရှင့်ကို အမြဲပြောတယ်။ ဒါပေမဲ့ ရှင်က ငြင်းရုံတင်မကဘူး၊ ကိုယ်တော့်ကိုတောင် ရှုတ်ချတယ်။ ရှင် အကောင်းတိုင်းပြန်ရောက်လာတယ်ဆိုတာ ဘုရားရဲ့ကာကွယ်မှုကြောင့်ပဲ။ ဒါပေမဲ့ အဲဒါက ရှင့်အတွက် သတိပေးချက်လည်း ဖြစ်တယ်” တဲ့။ သူ ဒီလိုပြောတာကို ကြားတော့ ကျွန်တော့်စိတ်ထဲ လှုပ်ရှားသွားတယ်။ ငါ့ကို သတိပေးနေတာ တကယ်ကို ဘုရားသခင်ပဲဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ နောက် သုံးလေးရက်ကြာတော့ မိုင်းတွင်းထဲမှာ ကျွန်တော်က စက်ခါးပတ်ကို စစ်ဆေးနေတုန်း၊ ရုတ်တရက် တကယ်ကို မူးသလိုဖြစ်ပြီး၊ စက်ခါးပတ်ပေါ် ပြုတ်ကျလုနီးပါး ဖြစ်သွားတာ။ ကျွန်တော် ဇောချွေးတွေပြန်သွားတာ။ အဲဒီပေါ် ပြုတ်ကျသွားရင် ကျွန်တော် အသားစဉ်းကော ဖြစ်နေလောက်ပြီဆိုတာလည်း သိတယ်။ ကျွန်တော် ပြောမပြတတ်အောင် ချောက်ချားသွားတာ။ အိမ်ပြန်ရောက်တော့ ကျွန်တော့်မိန်းမကို အဲဒီအကြောင်း ပြောပြတယ်။ “ငါက ယုံကြည်သူတစ်ယောက်အနေနဲ့ ဘာဖြစ်လို့ လုံခြုံဘေးကင်းမှု မရှိတာလဲ။ ဘာတွေဖြစ်နေတာလဲ” ဆိုပြီး သူ့ကို မေးမိတယ်။ သူက ပြောတယ်ဗျ၊ “သခင်ယေရှုက အမှန်တကယ် ပြန်ကြွလာပြီ။ ကိုယ်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်ပဲ။ ရှင်က ကိုယ်တော့်ကို ဆက်ပြီး ခုခံနေတယ်။ အဲဒါကြောင့် ဒါက ရှင့်ကို ဘုရားက သတိပေးနေတာ။ ရှင် ကိုယ်တော့်ကို ဆန့်ကျင်နေတာ ရပ်ပစ်ရမယ်” တဲ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော် တကယ် ကြောက်မိတယ်။ သူ့ကိုလည်း ဆက်ပြီး မတားသင့်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ သင်းအုပ် ပြောတာတွေကို တွေးမိပြန်ရော၊ သူက သခင့်ကို သစ္စာဖောက်ပြီး တခြားလမ်းကို လျှောက်နေတာ။ ဘုရားက ကျွန်တော့်ကို စမ်းသပ်နေတာပဲ။ ကျွန်တော်က ကိုယ်တော့်ဘက်မှာပဲ လုံးဝ ရပ်တည်ရမယ်ပေါ့။ ကျွန်တော် အဲဒီအကြောင်းကို ထပ်မစဉ်းစားရဲတော့ဘူး။ သူက စည်းရုံးလို့ ကျွန်တော် ဝေခွဲမရဖြစ်သွားမှာကို ကြောက်တာ။ ကျွန်တော်လည်း သူ စည်းဝေးပွဲ တက်တာကို တားဆီးတာတွေ၊ အပြစ်ဝန်ခံပြီး နောင်တရဖို့ တိုက်တွန်းတာတွေပဲ ဆက်လုပ်တယ်။ ဒါပေမဲ့ သူ့ကို တားဖို့ကြိုးစားပြီဆိုရင်၊ ကျွန်တော့်တစ်ကိုယ်လုံးက ဘာဖြစ်မှန်းမသိဘူး၊ အားနည်းပြီး ပျော့ခွေသွားရောဗျာ။ ခွန်အားဆိုလို့ တစ်စက်မှမရှိတော့သလို၊ အလုပ်တောင် မသွားနိုင်တော့ဘူး။ အသေကောင်ကြီးလိုပဲ အိပ်ရာပေါ် လဲနေတာ။ သခင့်ကို အခါခါ ဆုတောင်းလည်း မသက်သာလာဘူး။ ကျွန်တော့်မိန်းမကတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို တောင်းလျှောက်ခိုင်းတယ်။ ကျွန်တော့်ကို သူကပဲ ကယ်တင်နိုင်တယ်တဲ့။ ကျွန်တော်လည်း ကြံရာမရဖြစ်လာတော့ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ စိတ်နှလုံးထဲကနေ “အို..အနန္တတန်ခိုးရှင်ဘုရားသခင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်...”ဆိုပြီး တိတ်တိတ်လေး တောင်းလျှောက်ကြည့်တယ်။ အံ့သြစရာပဲဗျာ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို တောင်းလျှောက်ပြီးပြီးချင်း ခွန်အားတွေက စပြီး တဖြည်းဖြည်း ပြန်ရသွားတယ်။ ဒီလိုမျိုး သုံးလေးကြိမ်လောက် ထပ်ဖြစ်သေးတယ်။ ကျွန်တော့်မိန်းမကို တားဆီးမိပြီဆိုတာနဲ့၊ ခွန်အားတွေ အကုန်ပျောက်သွားရော။ အလုပ်တောင် မသွားနိုင်ဘူး။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားကို ဆုတောင်းလိုက်တာနဲ့၊ ခွန်အားတွေက တဖြည်းဖြည်း ပြန်ရလာပြန်ရော။ အဲဒီနောက်ပိုင်း ကျွန်တော် နောက်ထပ် မာမာတင်းတင်းစိတ်မျိုး မရှိတော့ဘူး။ စပြီး အလျှော့ပေးလာတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နိုင်လားဆိုတာ သိချင်တယ်။ ကျွန်တော့်မိန်းမက လမ်းမှန်ကို စူးစမ်းဖို့ နောက်တစ်ခါ တိုက်တွန်းတဲ့အချိန်ကျတော့ ကျွန်တော် လက်ခံလိုက်တယ်။

အဲဒီနေ့မှာပဲ ကျွန်တော့်ခယ်မရဲ့အိမ်မှာ လူတချို့က အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ ဧဝံဂေလိကို မျှဝေနေတယ်ဗျ။ ပညတ်တော်ခေတ်က စပြီး ကျေးဇူးတော်ခေတ်တစ်လျှောက်လုံး ရှိခဲ့တဲ့ ဘုရားရဲ့အမှုတော်အကြောင်း၊ ကျွန်တော်တို့အပြစ်တွေကို ရွေးနုတ်ပြီး ကားစင်တင်ခံခဲ့တဲ့ သခင်ယေရှုရဲ့အမှုတော်အကြောင်းတွေကို အစ်မတစ်ယောက်က ဆွေးနွေးတယ်။ ပြီးတော့ နောက်ဆုံးသောကာလမှာ ဘုရား ပြန်ကြွတာတွေ၊ သမ္မာတရားကို ဖော်ပြရင်း တရားစီရင်ခြင်းအမှု ပြုတာတွေ၊ လူသားရဲ့ လွဲမှားတဲ့သဘာဝကို ဖယ်ရှားပေးတာတွေ၊ ကျွန်တော်တို့ကို အလုံးစုံ သန့်စင်ကယ်တင်ပြီး နိုင်ငံတော်ဆီ ခေါ်ဆောင်တာတွေအကြောင်း မိတ်သဟာယပြုဖို့၊ သခင်ယေရှုရဲ့ပြောစကားတွေနဲ့ရော၊ ကျမ်းစာထဲက ပရောဖက်ပြုချက်တွေနဲ့ပါ ဆက်စပ်ပြတယ်။ ပြီးတော့ ချီဆောင်ခြင်းဆိုတာ ဘာလဲ၊ ပညာရှိ သတို့သမီးနဲ့ ပညာမဲ့တဲ့ သတို့သမီးတွေဆိုတာ ဘာလဲ၊ စသဖြင့် သူက ဆွေးနွေးပြတယ်။ သူတို့မိတ်သဟာယက တကယ်ကို ရှင်းပြီး၊ သမ္မာကျမ်းနဲ့လည်း လုံးဝ ကိုက်ညီတယ်။ ရင်ထဲမှာ တကယ်ကို ရှင်းလင်း နားလည်သွားတာ။ ခရစ်ယာန်တစ်ယောက် ဖြစ်လာတဲ့ နှစ်တွေတစ်လျှောက်လုံး အဲဒါမျိုး လုံးဝ မကြားဖူးခဲ့ဘူး။ ကိုယ့်ဘာသာ စဉ်းစားကြည့်တယ်ဗျ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ တရားတွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်က သိသိသာသာ ပါနေတယ်။ ငါ့ကိုလည်း တကယ် အာဟာရပေးသလို ခံစားရတယ်ပေါ့။ အသင်းတော်ဆရာတော်တွေက အဲဒါကို ဘာလို့ ဝေးဝေးရှောင်ခိုင်းလဲဆိုတာ ကျွန်တော် သိချင်သွားတယ်။ အသင်းတော်ကို ရောက်တဲ့အခါလည်း သူတို့နဲ့ ဆွေးနွေးကြည့်ချင်တယ်။ ဒါမှ အရှေ့အရပ်မှလျှပ်ပြက်ခြင်းအကြောင်းကို သူတို့အားလုံး ကြားနိုင်မှာဖြစ်ပြီး၊ လမ်းမှန် ဟုတ်မဟုတ်ဆိုတာ စဉ်းစားနိုင်ကြမယ်ပေါ့။ ကျွန်တော်က သူတို့ကို သွားမတွေ့နိုင်ခင်၊ သူတို့က အိမ်ကို ရောက်လာရောဗျာ၊ ကျွန်တော့်မိန်းမကို အရှေ့အရပ်မှလျှပ်ပြက်ခြင်းကနေ မရမက ထွက်ခိုင်းကြတယ်။ သူလည်း သူတို့နဲ့ နှစ်နာရီ သုံးနာရီလောက် အချေအတင် ဆွေးနွေးတယ်။ သူက အဲဒါကိုပဲ ဆက်ပြီးယုံကြည်နေတယ်ဆိုတာ မြင်သွားကြတော့ သင်းအုပ်ဝမ်က သူ့ကို အော်ရော၊ “မင်းက စကားနားမထောင်ဘဲ၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုပဲ မရမက ယုံကြည်နေတယ်။ ဒါက ယုံကြည်ခြင်းကို စွန့်ပစ်တာ၊ သခင့်ကို သစ္စာဖောက်တာ။ သခင့်ဆီက သွေဖည်ရင် မင်း လုံခြုံတော့မှာမဟုတ်ဘူး။ တစ်ခုခုဖြစ်ရင်လည်း အသင်းတော်က မင်းအတွက် ရှိနေမှာမဟုတ်ဘူး” တဲ့။ နောက်ထပ်သင်းအုပ်တစ်ယောက်ကလည်း သူ့ကို၊ “မင်းက သခင့်ကို ကျောခိုင်းနေတာ။ မင်းအနေနဲ့ အပြစ်ဝန်ခံပြီး ချက်ချင်း နောင်တရဖို့ လိုတယ်။ မဟုတ်ရင် အသင်းတော်ကနေ မောင်းထုတ်ခံရမယ်” ဆိုပြီး အကျယ်ကြီး ကြိမ်းရော။ သူတို့က ကျွန်တော့်မိန်းမကို မြေပေါ် အတင်းဒူးထောက်ခိုင်းပြီး သခင့်ဆီ အပြစ်ဝန်ခံတာမျိုးလည်း ဖြစ်စေချင်တာ။ သူတို့ ကြမ်းကြမ်းတမ်းတမ်း ဖြေရှင်းတာကို ကျွန်တော် တကယ် သည်းမခံနိုင်ဘူး။ စိတ်ထဲမှာလည်း တွေးတယ်၊ “ကျွန်တော့်မိန်းမ ယုံကြည်တာက မှားတယ်ဆိုရင်တောင်၊ ခင်ဗျားတို့က တစ်ဖက်သတ် ဝေဖန်ရှုတ်ချလို့မရဘူး။ ခွင့်လွှတ်ပေးရမယ်၊ ချစ်ခြင်းမေတ္တာနဲ့ ကူညီရမယ်။ သူ့ကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာယပြုပေးသင့်တယ်။ သခင့်ရဲ့အလိုတော်က အဲဒါပဲလေ။ ခင်ဗျားတို့က ဘယ်လိုဖြစ်ပြီး အရမ်းဗိုလ်ကျလွန်းရတာလဲ” ပေါ့။

အဲဒီညမှာ ကျွန်တော်လည်း ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်လို့မရဘူး။ သူတို့သင်းအုပ်တွေက ညီအစ်ကိုမောင်နှမတွေကို ဘာဖြစ်လို့ အဲဒီလိုဆက်ဆံရတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်တို့မှာ ရှိသင့်တယ်လို့ သခင် ဆုံးမခဲ့တဲ့ မေတ္တာ၊ သနားကရုဏာနဲ့ သည်းခံစိတ်ဆိုတာ သူတို့မှာ နည်းနည်းလေးမှ မရှိဘူး။ သူတို့က ဘယ်လိုဆရာတော်မျိုးတွေလဲ။ ကျွန်တော် တကယ် အံ့သြခဲ့ရတာက၊ ကျွန်တော့်မိန်းမနဲ့ပတ်သက်တဲ့ သတင်းတွေက အသင်းတော်မှာ တကယ်ကို မြန်မြန်ဆန်ဆန်ပဲ ပြန့်သွားတယ်။ သူက အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ယုံကြည်တယ်၊ သူ ရူးသွားပြီဆိုပြီး လူတိုင်းက ပြောကုန်ရော။ ကျွန်တော် တော်တော် ဒေါသထွက်သွားတယ်။ စည်းဝေးပွဲတစ်ခုမှာ ကျွန်တော်က သင်းအုပ်ဝမ်ကို၊ “ကျွန်တော့်မိန်းမက ဘာမှမဖြစ်ဘူးဆိုတာ အသိသာကြီးပါ။ အဲဒါကို ဘာလို့ သူ့ကို ရူးနေပြီဆိုပြီး ပြောနေတာလဲ။ ဒီကောလာဟလတွေကို လုပ်ကြံပြောရသလား” ဆိုပြီး မေးလိုက်ရော။ သူက ဂရုမစိုက်သလိုနဲ့ ပြောလာတော့၊ ကျွန်တော် အံ့သြသွားတယ်။ “တခြားယုံကြည်သူတွေကပါ အရှေ့အရပ်မှလျှပ်ပြက်ခြင်းနောက်လိုက်ပြီး၊ သခင့်ကို သစ္စာဖောက်ကြမှာကို ငါတို့က စိုးရိမ်တယ်။ အဲဒါကြောင့် ဒါက သူတို့အသက်တာတွေကို ငါတို့က ဂရုစိုက်လို့ပါ” တဲ့။ သင်းအုပ်တစ်ယောက်ရဲ့ပါးစပ်ကနေ အဲဒါမျိုး ထွက်လာတယ်ဆိုတာ ကျွန်တော် မယုံနိုင်ခဲ့ဘူး။ သခင်ယေရှုက ရှင်းရှင်းလင်းလင်း မိန့်ခဲ့တာပါ၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၃၇) ကျွန်တော်တို့အနေနဲ့ ရိုးရိုးသားသား ပြောဆိုဖို့၊ အမှန်ကို အမှန်တိုင်းပြောဖို့၊ မလိမ်ညာရဘူး၊ လုပ်ကြံမပြောရဘူးဆိုတာတွေကို ကိုယ်တော်က ဆုံးမခဲ့တယ်။ ဒါပေမဲ့ သင်းအုပ်တွေက အလိမ်အညာတွေကို မျက်နှာပြောင်တိုက် ပြောရုံမကဘူး၊ အဲဒီအတွက် စိတ်မကောင်းတောင် မဖြစ်ကြဘူး။ သင်းအုပ်ဝမ်ဆိုရင် အသင်းဝင်တွေအတွက် စဉ်းစားပြီး လုပ်တာပဲဆိုပြီး မထီလေးစား ပြောသွားတာ။ သူတို့က ယုံကြည်သူတွေလို လုံးဝ မပြုမူကြဘူး။ ကျွန်တော်လည်း အဲဒီစည်းဝေးပွဲမှာ ဘာမှကို အာရုံစိုက်လို့မရခဲ့ဘူး။ တကယ်ကို အစောကြီး ပြန်လာလိုက်တယ်။ သင်းအုပ်တွေက အလိမ်အညာသတင်းတွေ ဖြန့်ထားတော့၊ ဆွေမျိုးတွေ မိတ်ဆွေတွေက ကျွန်တော့်မိန်းမအကြောင်း လာမေးကြတာပေါ့။ တစ်ရပ်ကွက်လုံးကလည်း အဲဒီအကြောင်းပဲ တိုးတိုး တိုးတိုးနဲ့ ပြောနေကြတယ်။ အဲဒီတော့ ကျွန်တော်တို့လင်မယား တကယ်ကို အခက်အခဲဖြစ်တယ်။ သင်းအုပ်တွေရဲ့အပြုအမူကို စိတ်နာတာရော၊ စိတ်ပျက်တာရော ဖြစ်သွားတော့၊ ကျွန်တော် အမြဲ ဆုတောင်းတယ်၊ “သခင်၊ ယုံကြည်သူတွေအနေနဲ့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို မစူးစမ်းမိအောင်၊ သင်းအုပ်တွေက အမှန်ကိုပုံဖျက်ပြီး၊ ကျွန်တော့်မိန်းမအကြောင်း လိမ်ညာနေကြပါတယ်။ သူတို့လုပ်ရပ်တွေကို ကျွန်တော် နည်းနည်းမှ လက်မခံပါဘူး။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ဟောပြောတာတွေကို ကျွန်တော် ကြားပြီးပါပြီ၊ သခင်။ သိပ်ကောင်းတယ်၊ တကယ် လက်တွေ့ကျတယ်လို့ ကျွန်တော် ခံစားရတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို သစ္စာဖောက်မိမှာ စိုးပါတယ်။ ကျွန်တော် ဘာလုပ်ရမှန်း မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိဉာဏ်ဖွင့်ပေးပြီး၊ ချင့်ချိန်နိုင်စွမ်း ပေးတော်မူပါ” ဆိုပြီးပေါ့။

အချိန်ခဏလောက်ထိ ကျွန်တော် တကယ် လမ်းပျောက်သလို ဖြစ်သွားတာ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက လူတွေနဲ့ မိတ်သဟာယပြုခဲ့တာတွေကိုပဲ တွေးမိနေတယ်။ သူတို့အားလုံးက တော်တော် သိက္ခာရှိရှိနဲ့ တကယ်ကို နွေးနွေးထွေးထွေး ပြောဆိုတယ်။ တကယ် ကိုင်းရှိုင်းသူတွေလို့ ထင်ရတယ်ဗျ။ ပြီးတော့ သခင့်နှုတ်ကပတ်တော်တွေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ မိတ်သဟာယကလည်း တကယ် အသိဉာဏ်ပွင့်စေတယ်။ သင်းအုပ်တွေ ပြောတာကို နားထောင်ရတာနဲ့ လုံးဝမတူဘူး။ ဒါပေမဲ့ အဲဒါက လမ်းမှန်ဖြစ်တယ်ဆိုရင်၊ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက ဘာလို့ လက်မခံရတာလဲ။ ယုံကြည်သူတွေကို ဘာလို့ စူးစမ်းခွင့်မပေးတာလဲ။ ကျွန်တော်လည်း ဒီကိစ္စကို အပြန်ပြန်အလှန်လှန် သေချာစဉ်းစားကြည့်ရင်းနဲ့၊ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်သလို ထင်မိတယ်။ ဘုန်းအာနုဘော်နဲ့ သြဇာပြည့်လွန်းတဲ့ အသံဗျ၊ “သံသယမရှိနှင့်၊ အစဉ်အမြဲ ယုံကြည်ခြင်း ရှိလော့” တဲ့။ အဲဒီအသံကို ကြားရတာ ဘုရားသခင်ကို မျက်နှာချင်းဆိုင်ဖူးပြီး နားထောင်လိုက်ရသလိုမျိုးပဲ။ ကျွန်တော် လုံးဝ အံ့သြသွားတာ။ အဲဒီနေရာမှာပဲ ရှိနေရင်းနဲ့၊ ကြောက်သလိုလို ခံစားရတယ်။ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကိုလည်း တွေးမိတယ်၊ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) အနန္တတန်ခိုးရှင်ဘုရားက နှုတ်ကပတ်တော်တွေ အများကြီး ဖော်ပြခဲ့ပြီးပြီဆိုပြီး ကျွန်တော့်မိန်းမ အမြဲပြောနေတာတွေကိုလည်း စဉ်းစားမိတယ်။ ဝိညာဉ်တော်က အသင်းတော်တွေဆီ မိန့်ဆိုတယ်ဆိုတာ အဲဒီနှုတ်ကပတ်တော်တွေ ဖြစ်နိုင်မလားပေါ့။ အဲဒီအချိန်မှာတင် ကျွန်တော်လည်း အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို စူးစမ်းဖို့ ဆုံးဖြတ်လိုက်တာ။ ကျွန်တော့်မိန်းမက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အစ်ကိုကျိုးကို အိမ်ကိုဖိတ်တယ်။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံပေးဖို့ပေါ့ဗျာ။ ကျွန်တော်က အဲဒီအစ်ကိုကို မေးတယ်၊ “သမ္မာကျမ်းမှာ ရှင်ပေါလုက ပြောခဲ့တယ်၊ ‘ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ။’ (ဂလာတိ သြဝါဒစာ ၁:၆-၈) ဒါက ကျွန်တော်တို့အနေနဲ့ သခင့်လမ်းကို သွေဖည်ပြီး တခြားဧဝံဂေလိကို ခံယူတယ်ဆိုရင်၊ ယုံကြည်ခြင်းကို စွန့်ပစ်တယ်၊ သခင့်ကို သစ္စာဖောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဆိုပြီး သင်းအုပ်တွေ၊ အကြီးအကဲတွေက အမြဲပြောကြတယ်။ ကျွန်တော်လည်း စိုးရိမ်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားကို ယုံကြည်တာက သခင့်ကို သစ္စာဖောက်တာ ဖြစ်မသွားဘူးလား” လို့ပေါ့။ သူက ပြန်ဖြေတဲ့အနေနဲ့၊ ကျွန်တော့်ကို မေးတယ်ဗျ၊ “အနန္တတန်ခိုးရှင်ဘုရားကို ယုံကြည်တယ်ဆိုတာ သခင့်လမ်းကို သွေဖည်တာ၊ တခြားဧဝံဂေလိကို လက်ခံတာ၊ ကိုယ်တော့်ကို သစ္စာဖောက်တာဆိုပြီး၊ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက ဒီကျမ်းပိုဒ်ကို အဓိပ္ပာယ်ဖွင့်ကြတယ်။ ဒါက ရှင်ပေါလု ပြောခဲ့တာကို မှန်မှန်ကန်ကန် နားလည်တာ ဟုတ်ရဲ့လား။ ‘အခြားသောဧဝံဂေလိတရား’ဆိုတာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ပြန်ကြွခြင်းဆိုတဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို ရှင်ပေါလုက ရည်ညွှန်းခဲ့တာပါဆိုပြီး သူတို့က အာမခံရဲသလား။ ရှင်ပေါလုက အဲဒီလိုပြောခဲ့လို့လား” တဲ့။ ကျွန်တော်လည်း ဘာပြောရမှန်းမသိတော့ဘူး။ ရှင်ပေါလုက အဲဒီလို လုံးဝမပြောခဲ့ဘူးဆိုတာတော့ နားလည်သွားတယ်။ ပြီးတော့ သူက ဆက်ပြီး မိတ်သဟာယပြုတယ်ဗျ၊ “ရှင်ပေါလု သတိပေးချက်ရဲ့ဆက်စပ်အခြေအနေက သခင်ယေရှုရဲ့ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့နေတဲ့အချိန်၊ သူ့ရဲ့ ရွေးနုတ်ခြင်းအမှုတော်ကို သခင်ယေရှုပြီးစီးသွားတဲ့ မရှေးမနှောင်းမှာ သူက ဒါကို ပြောခဲ့တာ။ ဂလာတိလူတွေ တော်တော်များများက သခင်ယေရှုကို လက်ခံခဲ့ကြပေမဲ့၊ တချို့က လှည့်စားခံရပြီးတော့၊ တခြားဧဝံဂေလိတရားကို စပြီး ယုံကြည်လာကြတယ်။ ဒီ သြဝါဒစာကို ရှင်ပေါလု ရေးခဲ့တဲ့ နောက်ခံအခြေအနေက ဒါပဲ။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုဆိုတဲ့ ဧဝံဂေလိတရားတစ်ခုတည်း ရှိတယ်ဆိုတာကို သူက ဂလာတိလူတွေကို သတိပေးနေတာ၊ တိုက်တွန်းနေတာ။ တစ်ယောက်ယောက်က သခင်ယေရှုရဲ့ဧဝံဂေလိနဲ့ မတူတဲ့ တခြားဧဝံဂေလိတစ်မျိုးကို ဟောပြောခဲ့တယ်ဆိုရင်၊ အဲဒါက ‘အခြားသော ဧဝံဂေလိတရား’ ပဲ။ လူတွေကို လမ်းလွဲစေဖို့ပဲ။ ရှင်ပေါလုက ဒါကို ပြောတဲ့အချိန်မှာ၊ ဘုရားက သူ့ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို မလုပ်ဆောင်ရသေးသလို၊ နောက်ဆုံးသောကာလရဲ့ ဧဝံဂေလိတရားကိုလည်း ဘယ်သူမှ ဖြန့်ဝေမနေခဲ့ဘူး။ အဲဒါကြောင့် ရှင်ပေါလု ပြောခဲ့တာက နောက်ဆုံးသောကာလမှာ သခင်ပြန်လာခြင်းဆိုတဲ့ ဧဝံဂေလိကို ရည်ညွှန်းခဲ့တာ မဟုတ်ဘူး။ ဘုရားရဲ့ နောက်ဆုံးသောကာလ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ရှုတ်ချဖို့ဆိုပြီး၊ ကျေးဇူးတော်ခေတ်ရဲ့အသင်းတော်တွေဆီ ရှင်ပေါလု ပြောခဲ့တဲ့ စကားတွေကို ထင်ရာမြင်ရာ အသုံးချတယ်ဆိုတော့၊ သူတို့က ကျမ်းစာကို အဆက်အစပ်မရှိ ယူပြီး၊ အဓိပ္ပာယ်ကောက်လွဲနေကြတာ။ အဲဒါက ရယ်စရာမကောင်းဘူးလား” တဲ့။

သင်းအုပ် ပြောထားတာတွေကို အစ်ကိုကျိုးရဲ့ မိတ်သဟာယကြောင့် ကျွန်တော် နည်းနည်း သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ သံသယနည်းနည်း ရှိနေတုန်းပဲ။ သခင့်ကို ယုံကြည်တယ်ဆိုတာ သူ့နာမတော်နဲ့ လမ်းခရီးကို သစ္စာစောင့်သိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျွန်တော်က အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့လမ်းခရီးကို လက်ခံတယ်ဆိုရင်၊ သခင့်ကို သစ္စာဖောက်တာ ဖြစ်မသွားဘူးလား။ သူက ပြောတယ်ဗျ၊ “စဉ်းစားကြည့်ပါ။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ပြုတဲ့အချိန်မှာ၊ ယေဟောဝါဘုရားသခင်ကို ယုံကြည်သူတွေ အများကြီးက သခင့်လမ်းခရီးကို ကြားပြီး၊ သူ့နောက်ကို စပြီးလိုက်ကြတယ်။ ဒါဆို သူတို့က ယေဟောဝါဘုရားသခင်ကို သစ္စာဖောက်ကြတာလား။ ဒါက ယုံကြည်ခြင်းကို စွန့်ပစ်တာလား။ လုံးဝ မဟုတ်ဘူးလေ။ သူတို့က သိုးသငယ်ရဲ့ခြေလှမ်းတွေနောက် လိုက်ခဲ့ကြတာ။ ဘုရားသခင်ရဲ့ ရိုးသားဖြူစင်တဲ့ နောက်လိုက်တွေပဲ။ ဒါပေမဲ့ ဓမ္မဟောင်းကျမ်းပညတ်ကို ခေါင်းမာမာနဲ့ ဖက်တွယ်ပြီး သခင်ယေရှုကို ပစ်ပယ်ခဲ့တဲ့ လူတွေကျတော့၊ ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုင်းရှိုင်းတယ်လို့ ထင်ရပေမဲ့၊ တကယ်တော့ သူတို့က ဘုရားကို အပုန်ကန်၊ အဆန့်ကျင်ဆုံး လူတွေပဲ။ သူတို့က ဘုရားရဲ့အတိတ်က အမှုတော်ကိုပဲ ထိန်းသိမ်းခဲ့ကြတာ။ ဘုရားရဲ့ လောလောလတ်လတ် အမှုတော်နဲ့ နှုတ်ကပတ်တော်တွေဆိုရင် လက်ခံ၊ နာခံမှာ မဟုတ်ဘူး။ အဲဒါတွေကို ဆန့်ကျင်ရှုတ်ချတာတောင် လုပ်ခဲ့ကြတာ။ အဲဒါကြောင့် သူတို့က သခင့်ကို သစ္စာဖောက်ခဲ့တဲ့လူတွေပဲ။ ပြီးတော့ သူ့ရဲ့ ပစ်ပယ်၊ ဖယ်ရှင်းတာကို ခံခဲ့ကြရတယ်” တဲ့။ အစ်ကိုကျိုးက ပြောသေးတယ်ဗျ၊ “ဘုရားရဲ့အမှုတော်က အမြဲတမ်း ရှေ့ဆက်နေတယ်။ သူ့ရဲ့စီမံခန့်ခွဲမှု အစီအစဉ်နဲ့ လူသားရဲ့ လိုအပ်ချက်တွေနဲ့အညီ ပိုပြီး သစ်လွင်တဲ့ မြင့်မားတဲ့ အမှုတော်ကို အမြဲတမ်း လုပ်ဆောင်နေတယ်” တဲ့။ “ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုဆိုတာ ကျွန်တော်တို့ကို အပြစ်ကနေ ရွေးနုတ်ဖို့သက်သက်ပဲ။ ဒါမှ ကျွန်တော်တို့ အပြစ်လုပ်မိတဲ့နောက်၊ သခင်ယေရှုဆီ ဆုတောင်းလိုက်တာနဲ့ ခွင့်လွှတ်ခံရနိုင်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့အတွင်းထဲမှာ ရှိတဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝကို ဖယ်ရှားပေးခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့က အပြစ်လုပ်မိရင် အပြစ်ဝန်ခံတယ်၊ ဝန်ခံပြီးရင် အပြစ်လုပ်တယ်ဆိုတဲ့ သံသရာထဲမှာ နေနေကြတုန်းပဲ။ အပြစ်ရဲ့အချုပ်အနှောင်တွေကနေ လုံးဝ မလွတ်နိုင်သေးဘူး။ ပြီးတော့ ဒီနေ့ခေတ်မှာ သခင့်ကို ယုံကြည်သူတွေက ဘယ်လိုအခြေအနေမျိုးမှာ ရှင်သန်နေကြတာလဲ။ သူတို့က ဂုဏ်နဲ့အဆင့်အတန်းအတွက် အမြဲတမ်း လိမ်ညာလှည့်ဖြားနေကြတယ်။ ခေတ်ရေစီးတွေနောက် လိုက်ကြတယ်။ ငွေအတွက် လောဘတက်ကြတယ်။ ယုံကြည်သူတွေကြားမှာ မနာလိုတာတွေ၊ ခွက်စောင်းခုတ်တာတွေ၊ ဝေဖန်တာတွေ၊ မေတ္တာမရှိတာတွေ ဖြစ်ကြတယ်။ တွဲဖက်အမှုတော်ဆောင်တွေက ကျိတ်ကြံတာတွေ၊ အာဏာလုတာတွေ လုပ်ကြတော့၊ အသင်းတော်တွေ ပြိုကွဲကုန်တယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေက ပြန်ကြွလာတဲ့သခင်ရဲ့ အမှုတော်ကို စူးစမ်းတာတောင် မလုပ်ချင်ကြဘူး။ အဲဒီအစား ကောလာဟလတွေ လုပ်ကြံပြောတယ်၊ ဆန့်ကျင်ခုခံကြပြီး၊ လမ်းမှန်ကို တခြားသူတွေ မရှာဖွေအောင် ပိတ်ပင်ကြတယ်။ တချို့ဆို တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူးပေါင်းပြီး၊ နောက်ဆုံးသောကာလရဲ့ ဧဝံဂေလိ မျှဝေနေသူတွေ အဖမ်းခံရအောင် ရဲတွေကို ကူညီတယ်” တဲ့။ သူက ပြောသေးတယ်၊ “ဘုရားသခင်က ဖြောင့်မတ်၊ သန့်ရှင်းတယ်။ သူ့နိုင်ငံတော်ဆိုတာ သန့်ရှင်းတဲ့မြေပဲ။ အမြဲတမ်း အပြစ်လုပ်ပြီး သူ့ကို ခုခံနေသူတွေကို ဘုရားက သူ့နိုင်ငံတော်ထဲကိုဘယ်လိုလုပ် ဝင်ခွင့်ပြုနိုင်မှာလဲ။ အဲဒါကြောင့် သူ တဖန်ပြန်ကြွလာဦးမယ်ဆိုပြီး သခင်ယေရှုက ကတိတော်ပေးခဲ့တာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာပါပြီ။ သူက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး သမ္မာတရားတွေကို ဖော်ပြနေတယ်၊ တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝကို ဖြေရှင်းပေးဖို့ပါပဲ။ ဒါမှ ကျွန်တော်တို့က အပြစ်ကို လုံးဝ စွန့်ပစ်နိုင်မယ်၊ ဘုရားသခင်အားဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်မယ်။ ပြီးတော့မှ ကျွန်တော်တို့ကို သူ့နိုင်ငံတော်ထဲခေါ်ဆောင်နိုင်မယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတာပါ၊ ‘ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

အစ်ကိုကျိုးက မိတ်သဟာယပြုရင်းနဲ့ အဲဒီနေရာရောက်တော့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုလောက်ကို ဖတ်ပြတယ်ဗျ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ယေရှုသည် လူတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံခဲ့သည်။ သူ၏အမှုကို သီးခြား မဆောင်ရွက်ခဲ့ဘဲ၊ ယေဟောဝါ၏ အမှုပေါ်တွင် အခြေခံ၍ ဆက်လက် အကောင် အထည်ဖော်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးသည် အမြဲ ရှေ့ဆက် တိုးတက်နေသောကြောင့်၊ ယေရှု၏အမှု အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခေတ်ဟောင်း ကုန်လွန်သည့်အချိန်တွင်၊ ယင်းကို ခေတ်သစ်တစ်ခုဖြင့် အစားထိုးလိမ့်မည် ဖြစ်ပြီး၊ အမှုဟောင်း ပြည့်စုံသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်မည့် အမှုသစ် ရှိလိမ့်မည်။ ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင်၊ လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) သူက ဒါကိုဖတ်ပြပြီးတော့ ဆက်ပြောတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်က တရားစီရင်ခြင်းအမှုတော်ကို ပြုတယ်။ ဒီအမှုတော်က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုတော်နဲ့ရော၊ ပညတ်တော်ခေတ်က ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်နဲ့ပါ မတူဘူးဆိုပေမဲ့၊ အဲဒီအမှုတော် အဆင့်နှစ်ခုရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတယ်။ အဲဒါက လူတွေကို အပြည့်အဝ သန့်စင်ကယ်တင်ဖို့ နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်တဲ့ အမှုတော်အဆင့်ပါပဲ။ အမှုတော်ရဲ့အဆင့်တစ်ခုစီက ပြီးခဲ့တဲ့ အဆင့်ထက် ပိုပြီး မြင့်မားလာပေမဲ့၊ အားလုံးကို ဘုရားသခင်တစ်ပါးတည်းက လုပ်ဆောင်တာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ကျွန်တော်တို့အနေနဲ့ အမှန်တကယ် အပြစ်နဲ့ လွတ်ကင်းပြီး၊ သန့်စင်ခံရဖို့ တစ်ခုတည်းသောနည်းလမ်းက အနန္တတန်ခိုးရှင်ဘုရားရဲ့ တရားစီရင်ခြင်းအမှုတော်ကို လက်ခံဖို့ပဲ။ အဲဒီတော့မှ ကျွန်တော်တို့က ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ဖို့ ထိုက်တန်နိုင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံတယ်ဆိုတာ သခင့်အသံကို ကြားပြီး သူ့ကို ကြိုဆိုတဲ့ ပညာရှိသတို့သမီးတစ်ယောက် ဖြစ်ခြင်းပဲ။ ပလ္လင်တော်ရှေ့ကို ချီမ ခံရတဲ့အဖြစ်ပဲ။ ပြီးတော့ သခင့်မင်္ဂလာစားပွဲကို တက်ရောက်နေရတာပဲ။ အဲဒါက သခင့်လမ်းခရီးကနေ သွေဖည်တာ၊ သူ့ကို သစ္စာဖောက်တာ ဘယ်လိုဖြစ်နိုင်မှာလဲ” တဲ့။ ဒါကို ကြားရတော့ ကျွန်တော် တကယ် စိတ်လှုပ်ရှားသွားတယ်ဗျ။ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်ဆိုတာ ကျွန်တော်တို့အပြစ်တွေကို ခွင့်လွှတ်ဖို့သက်သက်ပဲ၊ အပြစ်နဲ့ပြည့်တဲ့ ကျွန်တော်တို့သဘာဝကို ဖြေရှင်းပေးခဲ့တာ မဟုတ်မှန်း ကျွန်တော် နားလည်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားက တရားစီရင်ခြင်းအမှုအတွက် နောက်ဆုံးသောကာလမှာ ကြွရောက်လာပြီ။ အဲဒါက အပြစ်နဲ့ပြည့်တဲ့ ကျွန်တော်တို့သဘာဝကို ဖယ်ရှားပေးဖို့၊ ကျွန်တော်တို့ကို အပြည့်အဝ သန့်စင်ကယ်တင်ပေးဖို့၊ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်အောင် ကျွန်တော်တို့ကို ကယ်တင်ခြင်း ယူဆောင်ပေးဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို နာခံတယ်ဆိုတာ သခင့်ကို သစ္စာဖောက်တာ မဟုတ်ဘဲ၊ ကိုယ်တော့်အသံကို ကြားပြီး ကြိုဆိုတာပဲဆိုတာ ကျွန်တော် သိသွားတယ်။ အဲဒါက သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက် လိုက်နေတာပဲ။ ဗျာဒိတ်ကျမ်းထဲက ဒီကျမ်းချက်ကို သွားသတိရမိတယ်၊ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) အခုဆို သခင်က ပြန်ကြွလာပြီ။ ပြန်ကြွလာတဲ့သခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို လက်မခံတာကပဲ သူ့ကို သစ္စာဖောက်တာ့ဖြစ်မယ်။ အဲဒီအချိန်မှာ ကျွန်တော် ခံစားရတာတွေက ဗရပွပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ကျွန်တော် နှစ်ပေါင်းများစွာ စောင့်လာခဲ့တဲ့ သခင်ယေရှု ပြန်ကြွလာတာလေ။ နောက်ဆုံးတော့ သခင့်ကို ကျွန်တော် ကြိုဆိုနိုင်ပြီ။ ကိုယ့်တစ်သက်တာအတွင်းမှာ သခင့်အသံကို ကြားရပြီး သူ့ကို ကြိုဆိုနိုင်ခဲ့တယ်။ ကောင်းချီးမင်္ဂလာကြီးပေါ့ဗျာ။ ဒါပေမဲ့ သခင့်ကို အဲဒီလိုနည်းလမ်းနဲ့ ကြိုဆိုရလိမ့်မယ်လို့ လုံးဝ ထင်မထားမိခဲ့ဘူး။ လူတွေက နှစ်နဲ့ချီ ကျွန်တော့်ကို ဧဝံဂေလိတရား မျှဝေပေးခဲ့ကြတာ ဒါပေမဲ့ ကျွန်တော်က ဆရာတော်တွေရဲ့အလိမ်အညာတွေကိုပဲ နားထောင်နေခဲ့တယ်။ ဒီတော့ ဘုရားကို အကြိမ်ကြိမ် ငြင်းပယ်မိတယ်။ ကျွန်တော့်မိန်းမကိုလည်း အနန္တတန်ခိုးရှင်ဘုရားကို မယုံကြည်အောင် ရနိုင်သမျှ တားခဲ့မိတယ်။ ဆရာတော်တွေ သွေးထိုးတာကို ခံထားရတော့၊ ကျွန်တော့်မိန်းမရဲ့ ဘုရားနှုတ်ကပတ်တော်ကျမ်းစာအုပ်တွေကိုတောင် ဖျက်ဆီးမိတယ်။ ကျွန်တော်က တကယ်ကို ငရဲကျခဲ့သင့်တာဗျ။ ဘုရားရှေ့မှောက် လာဖို့ မထိုက်တန်ခဲ့ဘူးလေ။

သင်းအုပ်တွေ၊ အကြီးအကဲတွေအားလုံးက ကျမ်းစာကို ကောင်းကောင်းသိကြပြီး၊ သခင့်ကို နှစ်ပေါင်းများစွာ အစေခံလာကြတာ။ အဲဒီလိုလူတွေက ဘာဖြစ်လို့ ကျမ်းစာကို စံရွေးကြပြီး၊ လူတွေကို လှည့်စားဖို့ တလွဲအဓိပ္ပာယ်ဖွင့်ကြတာလဲ။ ပြီးတော့ ယုံကြည်သူတွေ လမ်းမှန်ကို မစူးစမ်းမိအောင် ဘာဖြစ်လို့ ကောလာဟလတွေပါ ဖန်တီးကြတာလဲ။ စည်းဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ နည်းနည်းလောက် မိတ်သဟာယပြုပြီးတော့မှ ပိုပြီး နားလည်သွားတာ။ သခင်ယေရှု အမှုတော်ပြုဖို့ ကြွလာခဲ့တဲ့အချိန်ကို အစ်ကို စဉ်းစားကြည့်ဗျာ။ ဖာရိရှဲတွေက သူ့ကို ရှုတ်ချဖို့ ခုခံဖို့ဆိုပြီး ဘာဖြစ်လို့ အလိမ်အညာတွေ ဖန်တီးခဲ့ကြတာလဲ။ ရှင်ယောဟန်ခရစ်ဝင် အခန်း ၁၁၊ အပိုဒ် ၄၇-၄၈ မှာ ပြောတာက၊ “ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကို၎င်း၊ ငါတို့အမျိုးကို၎င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။” ပြီးတော့ ရှင်မဿဲခရစ်ဝင် အခန်း ၂၃၊ အပိုဒ် ၁၃-၁၄ မှာလည်း သခင်ယေရှုက ဖာရိရှဲတွေကို ပြစ်တင်ဆုံးမထားတယ်၊ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။” ဒီကျမ်းစာပိုဒ်တွေက ဘာကိုပြလဲဆိုရင်၊ ဖာရိရှဲတွေက သူတို့ရဲ့ဂုဏ်အဆင့်အတန်းတွေနဲ့ အသက်မွေးမှုတွေကို ဆက်ထိန်းထားနိုင်အောင်ဆိုပြီး၊ သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချတယ်၊ ယုံကြည်သူတွေကို လှည့်စားတယ်။ ကိုယ့်အလိမ်အညာတွေနဲ့ကိုယ် ထိန်းမရဖြစ်သွားတာပဲ။ သခင်ယေရှုရဲ့လမ်းစဉ်က ပညတ်တရားကို ချိုးဖောက်တယ်၊ မိစ္ဆာဒိဋ္ဌိပဲ၊ လူတွေကို လမ်းလွဲစေတယ်ဆိုပြီး သူတို့က အခိုင်အမာပြောခဲ့ကြတာ။ သူတို့က ကိုယ်တော်ဟာ နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြုပြီး နတ်ဆိုးတွေကို နှင်ထုတ်တာပါဆိုပြီး အသရေဖျက် ပြစ်မှားစော်ကားခဲ့ကြတာ။ သခင်ယေရှုရဲ့ ရှင်ပြန်ခြင်းအကြောင်းကို ဖုံးဖိလိမ်ညာဖို့ စစ်သည်တွေကိုတောင် လာဘ်ထိုးခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ ယုံကြည်သူအများစုက လှည့်စားခံခဲ့ရသလို၊ သခင်ယေရှုကို ငြင်းပယ်ကြတော့ သူ့ရဲ့ကယ်တင်ခြင်းကို ဆုံးရှုံးကြရော။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပေါ်ထွန်းပြီဖြစ်သလို၊ နောက်ဆုံးသောကာလမှာ အမှုတော်ပြုနေတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ဘယ်လို ဩဇာအာဏာရှိပြီး တန်ခိုးကြီးမားတယ်ဆိုတာနဲ့ လူတွေအနေနဲ့ ဘုရားရဲ့အသံတော်ဖြစ်မှန်း ချက်ချင်း သိနိုင်ပြီး၊ ် အနန္တတန်ခိုးရှင်ဘုရားနောက် လိုက်ကြလိမ့်မယ်ဆိုတာတွေကို ဘာသာရေးလောကထဲက ဆရာတော်တွေက မြင်ကြတယ်။ ဒီတော့ ဒါက သင်းအုပ်တွေ၊ အကြီးအကဲတွေအတွက် တကယ်ကို ခြိမ်းခြောက်နေတဲ့အရာ ဖြစ်နေတာပေါ့။ စဉ်းစားကြည့်ဗျာ။ လူတိုင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သွားရင်၊ သူတို့ကို ဘယ်သူက နာခံတော့မှာလဲ။ ဘယ်သူက သူတို့ကို ဆက်ပြီး လှူဒါန်းတော့မှာလဲ။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားကို လွန်လွန်ကြူးကြူး အသရေဖျက်ပြီး ရှုတ်ချတာတွေ၊ လူတွေကို လှည့်စားတာတွေ၊ ဘုရားအသံတော်ကို ကြားပြီး သခင့်ကို မကြိုဆိုမိအောင် တားဆီးတာတွေ လုပ်ရင်း၊ သူတို့အဆင့်အတန်းနဲ့ ဝင်ငွေကို ကာကွယ်ဖို့ ကြိုးစားကြတာ။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ခုခံရှုတ်ချနေတယ်ဆိုတာ သခင်ယေရှုအပေါ် ဖာရိရှဲတွေ လုပ်ခဲ့တာတွေနဲ့ ဘယ်လိုများ ကွာခြားလို့လဲ။ သူတို့က ဘုရားသခင်ဆီ လူတွေ ဦးမလှည့်အောင် တားဆီးနေတဲ့ အန္တိခရစ်တွေ မဟုတ်ဘူးလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ကြည့်ရအောင်ဗျာ။ သင်းအုပ်တွေရဲ့အနှစ်သာရကို ခင်ဗျား နားလည်သွားလိမ့်မယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) သင်းအုပ်တွေက သူတို့သိုးအုပ်တွေကို ကာကွယ်နေတာပါလို့ အခိုင်အမာဆိုကြတယ်။ ဒါပေမဲ့ တကယ်တော့ သူတို့အဆင့်အတန်းနဲ့ ဝင်ငွေကို ကာကွယ်နေကြတာပါ။ ကျွန်တော်ဆို အပြင်ပန်းအရ သင်းအုပ်တွေက ရိုသေကိုင်းရှိုင်းမှု ရှိတယ်လို့ပဲ မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့လုပ်ရပ်တွေနောက်ကွယ်က ရည်ရွယ်ချက်တွေကို မမြင်တတ်ခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော့်ကို လှည့်စားသွားနိုင်ခဲ့တာ။ စဉ်းစားကြည့်ရင်ဗျာ၊ သခင့်ကို ကြိုဆိုတယ်ဆိုတာ တကယ့် အရေးကိစ္စကြီးမှန်း ကျွန်တော်တို့ သိကြတယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေအနေနဲ့၊ တစ်ယောက်ယောက်က သခင် ပြန်ကြွလာပြီလို့ သက်သေခံတာကို ကြားရတဲ့အခါမှာ၊ အဲဒီကိစ္စကို ချက်ချင်း ရှာဖွေစူးစမ်းသင့်တယ်။ သခင့်အသံကို ကြားရဖို့နဲ့ ကြိုဆိုဖို့အတွက် ညီအစ်ကိုမောင်နှမတွေကို ဦးဆောင်သင့်တယ်။ ဒါပေမဲ့ သူတို့ဂုဏ်ပုဒ်နဲ့ ဝင်ငွေကိုပဲ ပိုပြီးပူပန်ကြတော့၊ ကျမ်းစာကို အဓိပ္ပာယ်ကောက်လွဲတာတွေ၊ လူတွေကို လှည့်စားတာတွေ၊ လမ်းမှန်ကို မစူးစမ်းမိအောင် တားဆီးတာတွေကိုပဲ ခေါင်းမဖော်ဘဲ လုပ်မိကြတာ။ တစ်ယောက်ယောက်က အနန္တတန်ခိုးရှင်ဘုရားကို အမှန်တကယ် လက်ခံပြီဆိုရင်၊ အဲဒီလူကို တခြားယုံကြည်သူတွေက ရှုတ်ချပစ်ပယ်အောင်ဆိုပြီး၊ သူတို့က အမှန်တွေကို လိုရာဆွဲပြောသလို၊ အသရေဖျက်တဲ့စကားနဲ့ တမင်ဖျက်ဆီးကြရော။ အသင်းတော်ဆရာတော်တွေက ဉာဏ်များလွန်းတာ၊ ယုတ်မာလွန်းတာဗျ။ သူတို့ရာထူးနဲ့ အသက်မွေးမှုအတွက်ဆိုရင်၊ ညီအစ်ကိုမောင်နှမတွေရဲ့ နိုင်ငံတော်ထဲဝင်ရောက်ခွင့်တွေကို ဖျက်ဆီးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ စက်ဆုပ်စရာပဲ။ အဲဒီအသင်းတော်ဆရာတော်တွေဆိုတာ ဘုရားကိုဆန့်ကျင်တဲ့ အန္တိခရစ်တွေပဲ။ ဘုရားရဲ့ရန်သူတွေပဲ။ အခု ကျွန်တော် အရင်တုန်းကုမိုက်မဲပြီး မသိနားမလည်နိုင်ခဲ့ပုံကို တွေးမိတယ်။ ကျွန်တော်က သခင့်စကားတွေကို မနာခံဘူး၊ သင်းအုပ်တွေရဲ့ အလိမ်အညာတွေကိုပဲ နားထောင်ရင်း သခင့်ကို ယုံကြည်ခဲ့တာ။ ဘာသာရေးအယူအဆတွေကို အသည်းအသန် ဖက်တွယ်ပြီး၊ ဘုရားကို အကြိမ်ကြိမ် ငြင်းပယ်မိခဲ့တာဗျ။ ကျွန်တော်က ဆရာတော်တွေနဲ့အတူ ဘုရားကို ဆန့်ကျင်ရင်းနဲ့၊ အနန္တတန်ခိုးရှင်ဘုရားကို ကျွန်တော့်မိန်းမ လက်ခံတာကိုတောင် တားဖို့ကြိုးစားခဲ့တာ။ သူတို့ကြောင့် ကျွန်တော် ပျက်စီးလုနီးပါး ဖြစ်ခဲ့တယ်။ ကြောက်ဖို့ကောင်းတဲ့ အကြံအစည်ပဲဗျာ။ အသင်းတော်ဆရာတော်တွေဆိုတာ ဘုရားကိုဆန့်ကျင်တဲ့ ဖာရိရှဲတွေ၊ အန္တိခရစ်တွေ ဖြစ်မှန်း မြင်နိုင်အောင်၊ ပြီးတော့ သူတို့လှည့်စားထိန်းချုပ်တာတွေကနေ လွတ်နိုင်အောင်၊ သူတို့ရဲ့သရုပ်မှန်တွေကို ထုတ်ဖော်ပြခဲ့တာက ဘုရားရဲ့နောက်ဆုံးသောကာလ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ပါပဲ။ ဘုရားသခင်ရဲ့အမှုတော်က သိပ်ပြီး စစ်မှန်တယ်ဗျ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကွာရှင်းပြတ်စဲခြင်း မုန်တိုင်း ချုပ်ငြိမ်းသည်

လုရှီ၊ ဂျပန်နိုင်ငံ၂၀၁၅ ခုနှစ်တွင်၊ ကျွန်မ၏ မိတ်ဆွေတစ်ဦးက ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်ကို စတင်ယုံကြည်စေ ခဲ့သည်။ အနန္တတန်ခိုးရှင်...

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျော့ကွင်းကိုဖြတ်၍ကျွန်မကို လမ်းပြသည်

တီရန်နာ၊ ဟောင်ကောင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဆောင်းပါး “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ” ကို...

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

စာတန်၏ တင်းကျပ်သော ဝန်းရံမှုမှ ထိုးဖောက်ထွက်ခြင်း

ဇောက်ဂန်း၊ တရုတ်ပြည်ဤပြီးခဲ့သည့် နိုဝင်ဘာလတွင် တရုတ်ပြည်မြောက်ပိုင်း၌ ခါးသီးစွာ အေးချမ်းလေသည်၊ မြေပေါ်သို့ကျသည့် မည်သည့်နှင်းမျှ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။