ချုပ်နှောင်ခံရခြင်း

10.04.2022

လီမော့ တရုတ်နိုင်ငံ

၂၀၀၄ ခုနှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီး၊ သိပ်မကြာခင်မှာ၊ ဧဝံဂေလိ ဖြန့်ဝေတဲ့အတွက် ကျွန်မ တိုင်ကြားခံလိုက်ရတယ်။ အဲဒီနေ့မှာ ကျွန်မ ဆေးရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး၊ ဆေးရုံဥက္ကဌက ကျွန်မကို ရှာနေတယ်လို့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က ပြောတယ်။ ဥက္ကဌရုံးခန်းထဲ ကျွန်မ သွားခဲ့ပြီး ဝတ်စုံဝတ်ထားတဲ့ ရဲနှစ်ယောက် အဲဒီမှာ ရပ်နေတာ တွေ့လိုက်ရတယ်။ သူတို့က ကျွန်မကို ပြောတယ်၊ “အရှေ့အရပ်က လျှပ်ပြက်ခြင်းကို မင်းယုံကြည်ပြီး ဧဝံဂေလိကို နေရာတကာ ဟောနေတယ်လို့ တစ်ယောက်ယောက်က တိုင်ထားတယ်။ အရှေ့အရပ်က လျှပ်ပြက်ခြင်းက နိုင်ငံတော်ရဲ့ အဓိက ဖြိုခွင့်ရမယ့် ပစ်မှတ်တစ်ခုဖြစ်ပြီး၊ အရှေ့အရပ်က လျှပ်ပြက်ခြင်း ယုံကြည်သူအားလုံးဟာ ထောင်ချခံရမယ့် နိုင်ငံရေး ရာဇဝတ်သားတွေပဲ”လို့ပေါ့။ ဘုရားကို ကျွန်မ ဆက်ယုံကြည်ရင်၊ ကျွန်မကို အချိန်မရွေး အလုပ်ကနေ ထုတ်ပစ်လို့ရသလို၊ ကျွန်မ အလုပ်သွားရင်တောင် လုပ်ခရမှာမဟုတ်ဘူး။ ကျွန်မ ယောက်ျားရဲ့ အလုပ်နဲ့ ကျွန်မသားရဲ့ တက္ကသိုလ်တက်ဖို့၊ စစ်သားတစ်ယောက်ဖြစ်လာဖို့၊ ဒါမှမဟုတ် နိုင်ငံခြားသွားဖို့ အရည်အချင်းပြည့်မီတာတောင် ထိခိုက်မယ်လို့လည်း ပြောပြီး ကျွန်မကို ခြိမ်းခြောက်ကြတယ်။ တကယ်လို့ တစ်နေ့မှာ ကျွန်မ ဧဝံဂေလိ ဟောနေတာ သူတို့ မိရင်၊ ကျွန်မ ထောင်ထဲသွားရမယ်လို့ သူတို့ ပြောတယ်။ အဲဒီတုန်းက၊ ကျွန်မ နည်းနည်း စိုးရိမ်သွားတယ်။ ကျွန်မ တွေးမိတာက၊ “ငါ့ရဲ့ ဘုရားယုံကြည်မှုကို ငါမစွန့်ရင်၊ ရဲတွေက အလွတ်ပေးမှာ မဟုတ်ဘူး။ ငါ့အလုပ်ကို ငါ ဆုံးရှုံးပြီး ငါ့ယောက်ျားရဲ့ စီးပွားရေး ထိခိုက်ရင်၊ အနာဂတ်မှာ ငါတို့ ဘယ်လို အသက်ရှင်ရမှာလဲ။ ငါ အဖမ်းခံရပြီး ထောင်ထဲအပို့ခံရရင်၊ ငယ်ရွယ်တဲ့ ငါ့သားလေးကို ဘယ်သူ စောင့်ရှောက်ပေးမှာလဲ။ ငါ့ရဲ့ ဘုရားကို ယုံကြည်မှုကြောင့် ငါ့သားလေးရဲ့ အနာဂတ်ထိခိုက်ရင်၊ သူ့ကို ငါ အကြွေးအများကြီး တင်သွားမှာ...” ဆိုပြီးပေါ့။ အဲဒီအကြောင်း တွေးလေ၊ ကျွန်မ ပိုစိတ်မကောင်းဖြစ်လေပဲ။ ကျွန်မကို ကွယ်ကာဖို့ ဘုရားကို ဟစ်ခေါ်ခဲ့တယ်။ အဲဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် တွေးမိလိုက်တယ်။ “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ချမှတ်ဆုံးဖြတ်မှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ပြီးတဲ့နောက် နားလည်လိုက်တာက- လူတိုင်းရဲ့ ကံကြမ္မာဟာ ဘုရားရဲ့ အချုပ်အခြာ အာဏာအောက်မှာရှိတယ်ဆိုတာပါပဲ။ ကျွန်မ မိသားစုဆီ ဖြစ်ပျက်သမျှက ဘုရားလက်ထဲမှာ ရှိပြီး၊ ဘယ်သူကမှ ဆုံးဖြတ်ပေးလို့ မရဘူး။ ဘုရားက ဖန်ဆင်းရှင်ဖြစ်ပြီး၊ ဘုရားကို လူတွေ ယုံကြည်ပြီး ကိုးကွယ်တာ သဘာဝဖြစ်သလို မှန်ကန်တယ်။ ရဲတွေက ကျွန်မကို ခြိမ်းခြောက်ဖို့၊ မှန်တဲ့လမ်းခရီးကို အတင်းစွန့်ပစ်စေပြီး ဘုရားကို သစ္စာဖောက်စေဖို့ ကျွန်မယောက်ျားနဲ့ ကျွန်မရဲ့ အလုပ်၊ ပြီးတော့ ကျွန်မသားရဲ့ အနာဂတ်ကို အသုံးချချင်တာ။ အရမ်း စက်ဆုပ်စရာကောင်းတာပဲ။ အဲဒီတုန်းက အနာဂတ်မှာ ကျွန်မဘဝ ဘာပဲဖြစ်လာပါစေ၊ စာတန်နဲ့ ကျွန်မ လုံးဝ အပေးအယူ လုပ်မှာမဟုတ်ဘူးဆိုပြီး စိတ်ပိုင်းဖြတ်ခဲ့တယ်။ အဲဒီနောက် ကျွန်မ ညီအစ်ကို မောင်နှမတွေအကြောင်း ကျွန်မကို သတင်းပို့ခိုင်းပေမယ့်၊ ကျွန်မ ငြင်းလိုက်ပြီး ရဲတွေက ထွက်သွားဖို့ပဲ ရှိတော့တယ်။

အဲဒီနောက်ပိုင်းမှာ၊ ရဲတွေက ကျွန်မ ဘုရားကို ယုံကြည်သေးလား၊ ဧဝံဂေလိ ဖြန့်သေးလာ မေးဖို့ ဆေးရုံကို မကြာခဏ လာကြတယ်။ တစ်ခါတလေ လူနာတစ်ယောက်ကို ကျွန်မ ခွဲစိပ်နေတာ ဖြစ်ပေမယ့်၊ ဘယ်လိုပဲ အရေးတကြီးဖြစ်နေပါစေ၊ နှောင့်ယှက်ခံလိုက်ရတာပါပဲ။ အဲဒါက ကျွန်မကို စဒေါသထွက်စေတယ်။ “ငါ ဘုရားကို ယုံကြည်ပြီး မှန်တဲ့လမ်းကြောင်းကို လိုက်လျှောက်ရုံလိုက်လျှောက်တာလေ၊ မကောင်းတာ တစ်ခုမှ မလုပ်ခဲ့တာပဲ၊ ဒီတော့ ငါ့အလုပ်ကိုတောင် အေးအေးဆေးဆေး လုပ်လို့မရအောင် ရဲတွေက ဘာလို့ ငါ့ကို နှောင့်ယှက်ဖို့ အမြဲလာကြတာလဲ။” ကျွန်မအပေါ် အတောမသတ်တဲ့ စုံစမ်းစစ်ဆေးမှုက ဆေးရုံတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့တယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို အန္တရာယ်များတဲ့သူလို မြင်ကြတယ်။ တချို့က ကျွန်မနောက်ကွယ်မှာ ကျွန်မအကြောင်းပြောကြပြီး၊ တချို့က တိုက်ရိုက်မေးကြတယ်၊ “ဘုရားကို ယုံကြည်နေတုန်း ရှင် ဘာလုပ်ခဲ့တာလဲ။ ရှင့်ကို စုံစမ်းစစ်ဆေးဖို့ ရဲတွေ ဘာလို့ အမြဲ လာကြတာလဲ။ ရှင့်ရဲ့ ဘုရားကိုယုံကြည်မှုက ရဲတွေကို ကျွန်မတို့တံခါးဝဆီ တည့်တည့်ပို့နေတယ်။ ဒါက ဆိုးရွားတဲ့ကိစ္စတစ်ခုပဲ”ဆိုပြီးပေါ့။ ကျွန်မအပေါ် ဥက္ကဌရဲ့ သဘောထားလည်း ပြောင်းသွားတယ်။ သူ ကျွန်မကို အလေးအနက် အမြဲထားခဲ့ပေမယ့်၊ အဲဒါဖြစ်ပြီးတဲ့နောက်၊ ကျွန်မကို မြင်တိုင်း၊ အမြဲမေးတယ်၊ “မင်း အပြင်ထွက်ပြီး သွားတရားမဟောပါဘူးနော်၊ ဟုတ်လား” တဲ့။ ကျွန်မကို အမြဲဆက်သွယ်လို့ရအောင် ကျွန်မဖုန်းကို ၂၄ နာရီ ဖွင့်မြဲဖွင့်ထားဖို့လည်း ပြောတယ်။ တစ်ခါ၊ ဥက္ကဌက ကျွန်မကို ပြောတယ်၊ “ရဲတွေက မင်းရဲ့ ဘုရားကိုယုံကြည်မှုနဲ့ပတ်သက်ပြီး မင်းကို ရှာရင်းနဲ့ ဒီကို အကြိမ်အများကြီး လာသွားပြီးပြီ။ ဘုရားကို မယုံကြည်နဲ့တော့။ မင်းအလုပ်ကို မင်း အမြဲ ကောင်းကောင်းလုပ်ခဲ့သလို၊ မင်းအပေါ် လူတိုင်းရဲ့ ထင်မြင်ချက်က ကောင်းတယ်။ မင်းရဲ့ ဘုရားကိုယုံကြည်မှုနဲ့ပတ်သက်ပြီး ကိုယ့်အနာဂတ်ကို မဖျက်ဆီးလိုက်နဲ့။ မတန်ပါဘူး။ မင်း အဖမ်းခံရရင်၊ ဒါမှမဟုတ် ပိုဆိုးတာ ဖြစ်သွားရင်၊ မင်းရဲ့ သူ‌ဌေးအနေနဲ့ ငါ့အတွက်လည်း ရှင်းပြဖို့ လွယ်မှာ မဟုတ်ဘူး...” လို့ပေါ့။ အဲဒီအချိန်အတောအတွင်းမှာ၊ ကျွန်မသူဌေးရဲ့ အမြဲ စောင့်ကြည့်မှုနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို နေ့တိုင်း ရင်ဆိုင်ရပြီး ကျွန်မ စိတ်မချမ်းသာသလို မသက်မသာဖြစ်ခဲ့တယ်။ ယုံကြည်ခြင်းနဲ့ ခွန်အားကို တောင်းဖို့ ဘုရားဆီ ဆုတောင်းခဲ့ပြီး၊ အဲဒီအခြေအနေထဲမှာ ခိုင်ခိုင်မာမာရပ်နိုင်အောင် ကူညီဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်တော့၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်၊ “အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး...ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်တွကနေ၊ သူ့အလိုတော်ကို ကျွန်မနားလည်ခဲ့တယ်။ တရုတ်ပြည်က ကွန်မြူနစ်ပါတီ အုပ်စိုးတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ ဘုရားကို အဆိုးရွားဆုံး ဆန့်ကျင်တဲ့ နေရာပဲ။ တရုတ်ပြည်မှာ ဘုရားကိုယုံကြည်သူတွေဟာ မလွဲမသွေ နှိပ်စက်ခံရပြီး အရှက်ခွဲခံရမှာပါ၊ ဒါပေမယ့် ဘုရားက ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ကွန်မြူနစ်ပါတီကို အစေခံသူတစ်ဦးအနေနဲ့ အသုံးပြုပြီး၊ ဒီလိုနဲ့ အောင်မြင်သောသူတစ်စုကို ဖန်တီးတယ်။ ဒါက ဘုရားရဲ့ ဉာဏ်ပညာဖြစ်ပါတယ်။ ဘုရားကို ယုံကြည်ပြီး မှန်တဲ့ လမ်းကြောင်းလျှောက်လို့ ကျွန်မ ဘယ်လို ရဲတွေရဲ့ နှောင့်ယှက်တာနဲ့ စောင့်ကြည့်တာ ခံရသလို၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေဆီက အရှက်ခွဲတာနဲ့ ဝေဖန်တာကိုလည်း ကြံ့ကြံ့ခံခဲ့ရပုံကို ကျွန်မ တွေးမိခဲ့သလို၊ ဒါဟာ ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက် ခံရတာဖြစ်ပြီး၊ ကျက်သရေရှိတဲ့ အရာတစ်ခုမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကို ကျွန်မ နားလည်လိုက်တာနဲ့၊ အရမ်း စိတ်မချမ်းမြေ့တာ မဖြစ်တော့သလို၊ ကျွန်မကို ကွန်မြူနစ်ပါတီက တားဆီးပြီး နှိပ်စက်ဖို့ ဘယ်လို ကြိုးစားပါစေ၊ အဆုံးထိ ဘုရားနောက်လိုက်မယ်လို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကတိပြုလိုက်တယ်။

အဲဒီအတောအတွင်း၊ ကျွန်မ ယောက်ျားက စီးပွားရေးနဲ့ပတ်သက်ပြီး တခြားနယ်ကို ရောက်နေခဲ့တယ်။ သူ ကျွန်မနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှာစိုးလို့ ကျွန်မ သူ့ကို လုံးဝ မပြောခဲ့ဘူး။ ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှာ၊ ကျွန်မယောက်ျားက သူ့ရဲ့ အလုပ်ကိစ္စ ခရီးသွားရာကနေ ပြန်လာခဲ့ပြီး၊ အဲဒီအကြောင်း သူသိသွားတော့၊ သူ အရမ်းကို လှန့်သွားတယ်။ စိုးရိမ်တဲ့ မျက်နာနဲ့ သူ ကျွန်မကို ပြောတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေဟာ နိုင်ငံရေး ရာဇဝတ်သားတွေ ဖြစ်သလို အချိန်မရွေး ဖမ်းပြီး ထောင်ချလို့ရတယ်လို့ အစိုးရက ပြောတယ်။ ပြီးတော့ စီစီပီက မင်းကို ဖမ်းမိရင်၊ မင်းကို မသေမရှင်ဖြစ်အောင် ရိုက်နှက်ပြီး မင်းမိသားစုရဲ့ ဘဝတွေကို ဖျက်ဆီးမှာ”တဲ့။ ကျွန်မတို့ သားလေးရဲ့ အနာဂတ်နဲ့ သူ့စီးပွားရေး နှစ်ခုလုံးကို ထိခိုက်မယ်လို့ သူက ပြောပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ ရပ်လိုက်ဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “သခင့်ကို ငါ့ယောက်ျား ယုံကြည်တာက အမည်ခံသက်သက်ပါပဲ။ သူ ဘာကိုမှ တကယ်နားမလည်ဘူးပဲ။ သူ တချို့တလေ ပူပန်တာတာက ပုံမှန်ပါပဲ။ ကွန်မြူနစ်ပါတီက ဘုရားကိုယုံကြည်သူတွေဖြစ်တဲ့ ငါတို့ကို အရမ်းပဲ နှိပ်စက်သလို၊ ငါတို့ မိသားစုဝင်တွေနောက်တောင် လိုက်ကြတယ်။ ဘယ်သူ မကြောက်ဘဲနေမှာလဲ”လို့ပေါ့။ တစ်ချိန်လုံး စီးပွားရေးကိစ္စနဲ့ အဝေးကို သူခရီးသွားနေခဲ့ပုံကိုလည်း ကျွန်မ တွေးမိတယ်။ သူ့ဆီ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို သက်သေခံဖို့ အချိန်မရှိခဲ့ဘူး။ ဒီတော့ သူနဲ့အတူ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ပိုဖတ်ဖို့ ဒီအခွင့်အရေးကို ကျွန်မ အသုံးချသင့်တယ်။ သူနဲ့ ကျွန်မ မိတ်သဟာယအများကြီး လုပ်ခဲ့တယ်။ သူ လုံးဝ နားမထောင်ခဲ့ဘူး။ သူက ဝတ်ကျေတမ်းကျေနဲ့၊ “ငါတို့ ဘဝက အဆင်ပြေနေတာပဲလေ၊ ဒီတော့ သခင်ယေရှုရဲ့ ကျေးဇူးတော်ကိုပဲ မွေ့လျော်ခံစားလိုက်ရအောင်ပါ။ တရားစီရင်တဲ့ အမှုတော်ကို လက်ခံစရာမလိုပါဘူး”လို့ပြောတယ်။ ကျွန်မ အဖမ်းခံရရင် ငြိစွန်းသွားမှာကို သူ ကြောက်နေခဲ့လို့၊ ဘုရားကို ယုံကြည်ရာကနေ ကျွန်မကို တားဖို့ သူ စကြိုးစားတယ်။ အဲဒီနောက်၊ ကျွန်မကို သူ အရမ်းကို နီးနီးကပ်ကပ် စစောင့်ကြည့်ခဲ့တယ်။ အလုပ်နားပြီးတဲ့နောက် အချိန်မီ အိမ်ပြန်မလာခဲ့ရင်၊ ကျွန်မ ဘယ်မှာရှိတယ်ဆိုတာ ဖုန်းခေါ်မေးပြီး အိမ်ပြန်လာဖို့ တိုက်တွန်းတယ်။ ပြီးတော့ ထူးထူးခြားခြား ညဘက်မှာ သူ့မိတ်ဆွေတွေကို အပြင်သွားပြီး တွေ့တာ ရပ်လိုက်တယ်။ အဲဒီအစား၊ ကျွန်မကို စောင့်ကြည်ရင်းနဲ့ အိမ်မှာ ထိုင်ပဲထိုင်နေတယ်။ အစည်းအဝေးတွေ သွားဖို့ ကျွန်မအတွက် ထွက်ရမယ့်အချိန်ရောက်တဲ့အခါ၊ ကိစ္စတွေနဲ့ပတ်သက်လို့ သူ့ကို တမင်ကူခိုင်းတယ်။ ဘုရားကို ယုံကြည်တာ၊ ကျွန်မတာဝန်ကို ထမ်းဆောင်တာကနေ ကျွန်မကို တားဖို့ အခြေခံအားဖြင့် နည်းလမ်းရှိသမျှ သူ ကြိုးစားခဲ့တယ်။ အစတော့၊ အရမ်းဘောင်ခတ်ခံရတယ်လို့ ခံစားခဲ့ရပေမယ့်၊ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိခဲ့တယ်။ ဘုရားသခင်က ပြောသည်- “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့၊ ကျွန်မ နားလည်လိုက်တာက၊ အပြင်ပန်းမှာ ကျွန်မယောက်ျားက ကျွန်မရဲ့ ဘုရားယုံကြည်မှုကို တားဆီးဖို့ ကြိုးစားနေပေမယ့်၊ ဒါရဲ့နောက်ကွယ်မှာ စာတန်ရဲ့ လှည့်ကွက်တွေရှိပြီး၊ စာတန်ကို ကျွန်မ အလျှော့ပေးလို့မဖြစ်ဘူးဆိုတာပဲ။ နောက်ပိုင်းမှာ၊ ကျွန်မယောက်ျားရဲ့ စောင့်ကြည့်မှုကို ရှောင်ရှားဖို့ ဆင်ခြေတွေ ကျွန်မ ရှာခဲ့ပြီး၊ အစည်းအဝေးတွေ သွားခဲ့သလို ကျွန်မတာဝန်တွေကို တိတ်တဆိတ် ဖြည့်ဆည်းခဲ့တယ်။ တစ်ချိန်တည်းမှာပဲ၊ ကျွန်မယောက်ျားက အနန္တတန်ခိုးရှင် ဘုရားရဲ့ အမှုတော်ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးမယ်လို့ မျှော်လင့်ရင်းနဲ့ သူ့ကို စကားပြောဖို့ အခွင့်အရေးတွေလည်း ရှာခဲ့တယ်။ ဒါပေမယ့် ကျွန်မ ယောက်ျားက ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေက စယုံတဲ့အခါ သူလည်း ယုံကြည်မယ်လို့ ပြောပြီး အဲဒါကို ထပ်သလဲလဲ ရှောင်ရှားခဲ့တယ်။ ကျွန်မကိုလည်း အဖမ်းခံရပြီး ထောင်ထဲအပို့ခံရတာ မဖြစ်အောင် အစည်းအဝေးတွေ မသွားဖို့၊ ဧဝံဂေလိ မဖြန့်ဖို့ တောင်းဆိုခဲ့တယ်။ ကျွန်မယောက်ျားက သမ္မာတရား ဒါမှမဟုတ် သခင့်ရဲ့ ကြွလာခြင်းကို လက်ခံဖို့ လုံးဝ စိတ်မဝင်စားမှန်း ကျွန်မ တွေ့လိုက်ရတယ်။ ဒါကြောင့် အဲဒီအကြောင်း သူ့ကိုပြောတာ ကျွန်မ ရပ်လိုက်တယ်။ ကျွန်မ တွေးမိတာက၊ “ဘာပဲဖြစ်ဖြစ်၊ ဘုရားကို ငါ ယုံကြည်ပြီး ငါ့တာဝန်ကို ဖြည့်ဆည်းရမယ်။ သူ့ကြောင့် ငါ ဘောင်ခတ်ခံရလို့ မဖြစ်ဘူး” ဆိုတာပါပဲ။

အရင်တုန်းက၊ တရုတ်နှစ်သစ်ကူး‌ပြီးရင် စီးပွားရေးကိစ္စနဲ့ သူ ခရီးသွားခဲ့ပေမယ့်၊ အဲဒီနှစ်မှာ ဘယ်ကိုမှ မသွားခဲ့ဘူး။ တစ်နေ့၊ သူ မြေပေါ် ရုတ်တရက် ဒူးထောက်ပြီး၊ ငိုရင်းနဲ့ ကျွန်မကို တောင်းပန်တယ်၊ “အစည်းအဝေးတွေနဲ့ ဧဝံဂေလိ ဟောဖို့ မင်း မကြာခဏ အပြင်ထွက်တယ်။ မင်း အဖမ်းခံရပြီး ထောင်ထဲအပို့ခံရရင်၊ အနာဂတ်မှာ ငါတို့ ဘယ်လိုအဆင်ပြေမှာလဲ။ ဒီမိသားစုနဲ့ ငါတို့ သားလေးကို ဘာဖြစ်သွားမလဲ။ ငါတို့ မိသားစုနဲ့ ငါတို့ သား အနာဂတ်နဲ့ပတ်သက်ပြီး မင်း တွေးမှဖြစ်မယ်...”ဆိုပြီးပေါ့။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ၊ ကျွန်မယောက်ျား ငိုတာ ကျွန်မလုံးဝ မတွေးခဲ့ဖူးဘူး။ ဒူးထောက်ပြီး သူ ငိုနေသလို ကျွန်မကို တောင်းပန်နေတာ မြင်ရတော့၊ ကျွန်မ စိတ်မသက်မသာ ခံစားရသလို ကျွန်မလည်း စငိုမိတယ်။ သူ့ကို နှစ်သိမ့်ဖို့ ကျွန်မပြောလိုက်တယ်၊ “အရာရာ ဘုရားလက်ထဲမှာ ရှိပါတယ်။ ကျွန်မ အဖမ်းခံရသည်ဖြစ်စေ၊ အနာဂတ်မှာ ကျွန်မတို့ သား ဘာဖြစ်ပါစေ၊ အဲဒါတွေအားလုံးက ဘုရားလက်ထဲမှာပါ။ ကျွန်မတို့ လုပ်နိုင်သမျှက ကိစ္စတွေကို တွေ့ကြုံဖို့ ဘုရားကို အားကိုးဖို့ပါ။ ကျွန်မတို့ အရမ်းကြီး မစိုးရိမ်သင့်ဘူး” လို့ပေါ့။ ကျွန်မယောက်ျားက မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ သူ့ခေါင်းကို ခါပြီးပြောတယ်၊ “ရဲတွေက မင်းကို သိထားနှင့်ပြီးပြီ။ ဒီလို မင်း ဆက်ယုံကြည်နေရင်၊ အနှေးနဲ့အမြန် အဖမ်းခံရမှာပဲ။ အဲဒါဆိုရင် အရာရာ ပျက်စီးသွားမှာ”တဲ့။ ကျွန်မယောက်ျား အဲလောက် မချိတင်ကဲဖြစ်တာ မြင်တော့၊ ကျွန်မ အရမ်းဝမ်းနည်းသလို မကျေမချမ်းလည်း ဖြစ်မိတယ်။ ဒီအရာအားလုံးကို ကွန်မြူနစ်ပါတီ လုပ်တာ။ ဘုရားရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို လူတွေ လက်ခံပြီး ကပ်ဘေးကို ရှင်သန်နိုင်အောင်လို့ ကျွန်မတို့က ဘုရားကိုယုံကြည်ပြီး ဧဝံဂေလိ ဟောတာလေ။ ဒါက လူတွေကို ကယ်တင်တာဖြစ်ပြီး နောက်ထပ် ဘာမှမပိုဘူး၊ ဒါပေမယ့် ကွန်မြူနစ်ပါတီက ကျွန်မတို့ကို တားဆီး၊ နှောင့်ယှက်ဖို့ ကသုတ်ကရက် ကြိုးစားတယ်။ သူတို့က ဘုရားကို ဆန့်ကျင်တဲ့ စာတန်နဲ့ မကောင်းဆိုးဝါး တစ်စုပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်၊ “ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) အပြင်ပန်းအနေနဲ့ ကွန်မြူနစ်ပါတီက ဘာသာရေး လွတ်လပ်ခွင့်ကို အားပေးပေမယ့်၊ တကယ်တော့ ဘုရားယုံကြည်သူတွေကို ဖိနှိပ်၊ ဖမ်းဆီးဖို့ နည်းမျိုးစုံ သူတို့ သုံးနေကြတာ၊ ပြီးတော့ လူတွေကို ဘုရားကို အတင်းငြင်းပယ်ခိုင်းပြီး သစ္စာဖောက်ခိုင်းဖို့ အလုပ်နဲ့ မိသားစုကိုတောင် သူတို့ အသုံးချကြတယ်။ အရမ်း စက်ဆုပ်စရာကောင်းလိုက်တာ။ ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်မှုကြောင့် မဟုတ်ရင်၊ ကျွန်မယောက်ျားက ကြောက်ရာကနေ ကျွန်မကို တားဖို့ ကြိုးစားမှာ မဟုတ်ဘူး။ ကွန်မြူနစ်ပါတီရဲ့ မကောင်းတဲ့လက် အလှမ်းမီတဲ့ ဘယ်နေရာမဆို ဘေးဒုက္ခရောက်ရတာပဲ။ အဲဒီအချိန်မှာ၊ ကျွန်မယောက်ျားက ကွန်မြူနစ်ပါတီနောက် လိုက်နေခဲ့သလို၊ သူ့အလုပ်နဲ့ မိသားစုကို ကာကွယ်ဖို့ ကျွန်မရဲ့ ဘုရားယုံကြည်မှုကို စွန့်ဖို့ ကျွန်မကို တိုက်တွန်းနေလို့ ကျွန်မ သူပြောတာကို နားမထောင်နိုင်ခဲ့ဘူး။

အဲဒီနောက်၊ ကျွန်မယောက်ျားက အွန်လိုင်းမှာ ကွန်မြူနစ်ပါတီရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် အသရေဖျက်တဲ့စကား အများကြီးကိုလည်း ဖတ်တယ်၊ အခြေခံအားဖြင့် စီးပွားရေးကိစ္စ ခရီးသွားတာတွေ သူ ရပ်လိုက်ပြီး ကျွန်မကို စောင့်ကြည့်ဖို့ အိမ်မှာနေတယ်။ ကျွန်မ ဘယ်သူနဲ့ ဆက်သွယ်ပြီး ဘယ်သူ့ကို ဖုန်းဆက်တယ်ဆိုတာ သိရဖို့လည်း ဟိုဟိုသည်သည် မေးတယ်။ ကျွန်မရဲ့ ခြောက်လတာ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ထုတ်ယူဖို့ ဆက်သွယ်ရေး ကုမ္ပဏီကိုတောင် သွားခဲ့တယ်။ အဲဒီနောက် ဖုန်းနံပါတ်တွေနဲ့ပတ်သက်လို့ တစ်ခုပြီးတစ်ခု ကျွန်မကို မေးတယ်။ ကျွန်မကို စောင့်ကြည့်ဖို့၊ နေ့တိုင်း အလုပ်ဆီ ကျွန်မကို ကြိုပို့ခဲ့ပြီး၊ ကျွန်မ သွားတဲ့နေရာတိုင်း နောက်ကလိုက်တယ်။ ကျွန်မ လွတ်လပ်မှု တစ်ခုမှ လုံးဝ မရှိဘဲ၊ အချည်နှောင်ခံရသလို ခံစားရတယ်။ အသင်းတော် အသက်တာကို ကျွန်မ အသက်ရှင်လို့မရသလို၊ ကျွန်မတာဝန်ကို မဖြည့်ဆည်းနိုင်ခဲ့ဘူး၊ အဲဒါက ကျွန်မကို အရမ်းဝမ်းနည်းစေခဲ့တယ်၊ ဒါကြောင့် ကျွန်မ ယောက်ျားရဲ့ အမှတ်တမဲ့ဖြစ်တာကို အပြင်ခိုးထွက်ပြီး ဧဝံဂေလိ ဟောဖို့ ကျွန်မ အခွင့်ကောင်းယူခဲ့တယ်။ ကျွန်မယောက်ျားက သိသွားတဲ့နောက်၊ သူက ဒေါသတကြီးနဲ့၊ “မင်းကို ဒီလို ငါစောင့်ကြည့်နေတုန်းမှာတောင် အပြင်ထွက်ပြီး ဧဝံဂေလိ ဟောနိုင်နေတုန်းပဲဆိုရင်၊ ငါ မင်းကို တကယ် ကူညီလို့မရတော့ဘူး။ အခု ကွန်မြူနစ်ပါတီက အာဏာကို ကိုင်ထားတာ၊ ဒီတော့ ဒီလို မင်း ဆက်ယုံကြည်နေရင်၊ အနှေးနဲ့အမြန် အဖမ်းခံရပြီး ငါတို့ မိသားစု ပြိုကွဲသွားမှာပဲ။ ဒါကြောင့် ကွာရှင်းလိုက်ရအောင်ပါ။ ငါတို့ ကွာရှင်းလိုက်တာနဲ့ မင်း ယုံချင်တာ ယုံလို့ရသလို အဲဒါက ငါတို့ သားလေပဲဖြစ်ဖြစ် တခြား ဘယ်သူ့ကိုမှ ထိခိုက်မှာ မဟုတ်ဘူး” လို့ပြောတယ်။ သူ ကျွန်မကို ကွာရှင်းချင်တာ ကြားရတဲ့အခါ၊ ကျွန်မ မယုံနိုင်ခဲ့ဘူး။ ကျွန်မ လုပ်ခဲ့သမျှက ဘုရားကို ယုံကြည်တာလေ။ ကွာရှင်းဖို့အထိ ဘယ်လိုရောက်သွားရတာလဲ။ ကျွန်မတို့ အတူနေခဲ့တဲ့ နှစ်တွေအားလုံးက ဘာအတွက်မှ အရေးမပါခဲ့ဘူးလား။ ကျွန်မ ကိုယ်တိုင်ရဲ့ ပြည့်စုံကောင်းမွန်တဲ့ မိသားစုက ကွန်မြူနစ်ပါတီကြောင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမယ့်ပုံကို တွေးမိတော့ ကျွန်မ စိတ်မချမ်းမြေ့ဖြစ်ရပြီး ကျွန်မ လက်ခံလို့မရနိုင်တဲ့ အမှန်တရားတစ်ခု ဖြစ်ခဲ့တယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းတယ်၊ “ဘုရားသခင်၊ ဒီပတ်ဝန်းကျင်မှာ ကျွန်မ ခိုင်ခိုင်မာမာ ရပ်နိုင်အောင် ကျေးဇူးပြုပြီး ယုံကြည်ခြင်းနဲ့ ခွန်အား ပေးတော်မူပါ”လို့ပေါ့။ ကျွန်မ ဆုတောင်းပြီးတဲ့နောက်၊ ဒီဘုရားနှုတ်ကပတ်တော်ကို သတိရခဲ့တယ်၊ “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြသည်အထိ ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်တဲ့နောက် နားလည်လိုက်တာက၊ သူ့ရဲ့ နောက်ဆုံးသော ကာလ အမှုတော်မှာ၊ ဘုရားက လူတွေရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ သူ့နှုတ်ကပတ်တော်တွေနဲ့ စမ်းသပ်မှု၊ စစ်ဆေးမှု အမျိုးမျိုးကို အသုံးပြုတယ်ဆိုတာပါပဲ။ ယောဘပေါ် စာတန်ရဲ့စုံစမ်းနှောင့်ယှက်ခြင်းကို တွေးမိတယ်။ သူက သူ့သားသမီးတွေနဲ့ ကျန်းမာရေးကို ညတွင်းချင်း ဆုံးရှုံးခဲ့ပြီးတဲ့နောက် ဆိုးရွားတဲ့ အနာစိမ်းတွေနဲ့ ပြည့်သွားခဲ့တယ်။ အဲဒီလောက် ကြီးမားတဲ့ စမ်းသပ်မှုအလယ်မှာ၊ ယောဘက ဘုရားကို လုံးဝ စောဒကမတက်ခဲ့ဘဲ၊ ဘုရားရဲ့ နာမကို ဆက်ချီးမွမ်းခဲ့တယ်။ သူ့ရဲ့ စမ်းသပ်မှုထဲမှာ အခိုင်အမာ ရပ်တည်ပြီး ဘုရားအတွက် သက်သေခံခဲ့တယ်။ အဲဒီနောက် ကိုယ့်အကြောင်းကိုယ် ကျွန်မ တွေးမိတယ်၊ ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ကျွန်မ မိသားစု ပြိုကွဲနေသလို၊ ကျွန်မက စောဒကတက်နှင့်နေပြီ။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက တကယ်ကို သေးငယ်ပြီး သက်သေခံချက် လုံးဝ မရှိတာကို တွေ့ရတယ်။ အဲဒါကို တွေးမိတော့၊ ကျွန်မ အရမ်းနောင်တရမိတယ်၊ ဒါကြောင့် ကျွန်မယောက်ျားက ကျွန်မကို ကွာရှင်းခဲ့ရင်တောင် ကျွန်မရဲ့ ဘုရားယုံကြည်မှုကို စွန့်မှာမဟုတ်ဘူးဆိုပြီး ကတိပြုဖို့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။

မမျှော်လင့်ဘဲနဲ့၊ ရက်နည်းနည်းကြာပြီးတဲ့နောက်၊ ကျွန်မ ယောက်ျားက ကျွန်မကို တောင်းပန်ပြီး သူမှားသွားတယ်လို့ ပြောတယ်။ ကွာရှင်းတာကို မပြောသင့်သလို ကွန်မြူနစ်ပါတီရဲ့ ဖိအားပေးတာ သူခံစားခဲ့ရတယ်လို့ ပြောတယ်။ ခဏကြာပြီးတဲ့နောက်၊ ကျွန်မယောက်ျားက ကျွန်မကို ရုတ်တရက်ပြောတယ်၊ “မင်းကို ငါ မဖျောင်းဖျနိုင်မှတော့၊ ငါ မင်းနဲ့အတူ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မယ်”တဲ့။ အဲဒီတုန်းက ကျွန်မလည်း အတော်လေး အံ့ဩသွားတယ်။ သူ အဲဒါကို တကယ်ကို အသေအချာ စဉ်းစားပြီးပြီပဲလို့ တွေးမိလို့၊ ကျွန်မတို့နှစ်ယောက် အိမ်မှာ ဘုရားနှုတ်ကပတ်တော်ကို အတူ ဖတ်ခဲ့ကြတယ်။ တစ်ပတ်ကြာပြီးတဲ့နောက်၊ အစည်းအဝေးကို သူ့ကို ခေါ်သွားဖို့ ကျွန်မကို သူတောင်းဆိုတယ်။ သူ့ အပြုအမူက နည်းနည်း ထူးဆန်းနေမှန်း တွေးမိလို့ ကျွန်မ လက်မခံခဲ့ဘူး။ သူ ကျွန်မဘက်လှည့်ပြီး၊ “အစည်းအဝေးကို ငါ့ကို မင်း ခေါ်မသွားရင်၊ ငါ မယုံတော့ဘူး”လို့ ပြောတော့ ကျွန်မ အံ့ဩသွားတယ်။ ကျွန်မ စိတ်ပြောင်းအောင် ဖျောင်းဖျဖို့ သူ ဒါကိုလုပ်တာလို့လည်း ပြောတယ်။ အဲဒီအခါမှပဲ ကျွန်မယောက်ျားက ဘုရားကို ယုံကြည်ဟန်ဆောင်နေခဲ့ပြီး၊ သူ့ရဲ့ ရည်ရွယ်ချက်က ကျွန်မကို စောင့်ကြည့်၊ ထိန်းချုပ်ဖို့ ကျွန်မတို့ရဲ့ အစည်းအဝေး ကျင်းပတဲ့နေရာကို ရှာတွေ့ဖို့ဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒီလို ကိစ္စတစ်ခုကို ကျွန်မ ယောက်ျားက လုပ်မယ်မှန်း ကျွန်မ တကယ် မျှော်လင့်မထားခဲ့ဘူး။ အဲဒီနောက်၊ ကျွန်မတို့နှစ်ယောက်က အေးတိအေးစက် စစ်ပွဲတစ်ခု ဖြစ်ခဲ့ကြတယ်။ တစ်နေ့မှာ၊ ကျွန်မကို ဘုရားနှုတ်ကပတ်တော်ကို အိမ်မှာ ဖတ်နေတုန်း၊ ကျွန်မယောက်ျားက၊ “ငါ ဒီလို ဘယ်လိုမှထပ် အသက်မရှင်နိုင်တော့ဘူး။ ငါတို့နှစ်ယောက် ဘယ်လိုလုပ် ဒီအထိ ရောက်ရတာလဲ” လို့ပြောရင်းနဲ့ တံခါးကို ရုတ်တရက် စထုနေခဲ့တယ်။ ကျွန်မ တံခါးကို ဖွင့်လိုက်ပြီး၊ သူက အရူးတစ်ယောက်လို ကျွန်မဆီ ပြေးလာ၊ ကျွန်မ လည်ပင်းကို ဖမ်းကိုင်ပြီး အော်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့ မင်း ဘာလို့ အရမ်း စိတ်ပိုင်းဖြတ်ထားရတာလဲ။ ငါတို့ မိသားစုနဲ့ သားလေက မင်းအတွက် အရေးမကြီးဘူးလား။ သူတို့က မင်းယုံကြည်တဲ့ ဘုရားထက် တကယ်ကို ပိုအရေးမပါဘူးပေါ့”တဲ့။ ကျွန်မ အရမ်းကို ဆိုးဆိုးဝါးဝါး မွန်းကျပ်ပြီး အသက်မရှူနိုင်လို့၊ ကျွန်မကို ကယ်ဖို့ ဘုရားဆီ အသည်းအသန် ဟစ်အော်ခဲ့တယ်။ ကျွန်မ ရုန်းလိုက်တော့ သူက လွတ်ပေးလိုက်တယ်။ အဲဒီတုန်းက၊ ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး အရမ်းလည်း စိတ်ပျက်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရာနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ရင်းနဲ့၊ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “ငါ့ယောက်ျားက ငါ့ကို တကယ်ချစ်ရဲ့လား”လို့ပေါ့။ ကျွန်မတို့ရဲ့ အိမ်ထောင်သက် နှစ်ကာလအားလုံးကို ပြန်တွေးကြည့်တယ်။ ကျွန်မတို့မိသားစုအတွက် ကျွန်မစတေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်သူမဆိုထက် ကျွန်မယောက်ျားက ရှင်းရှင်းလင်းလင်း ပိုသိသလို၊ ငယ်ငယ်ကတည်းက သခင့်ကို ကျွန်မ ယုံကြည်ခဲ့ပြီး သခင့်ရဲ့ ကြွလာခြင်းကို စောင့်မျှော်နေခဲ့မှန်း သူ သိတယ်၊ ဒါပေမယ့် သခင့်ကို ကျွန်မ လက်ခံတော့၊ သူ ကျွန်မကို အားမပေးခဲ့ရုံမက၊ သူ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကွန်မြူနစ်ပါတီနဲ့အတူ ရပ်တည်ပြီး ကျွန်မကို ဆန့်ကျင်ခဲ့တယ်၊ ကွာရှင်းတာနဲ့ ကျွန်မကို ခြိမ်းခြောက်ပြီး ရက်ရက်စက်စက် အသက်ရှူတောင် ကျပ်စေခဲ့တယ်။ ကျွန်မတို့ကြားမှာ လင်နဲ့မယားကြားက အနိမ်ဆုံး လေးစားမှုလေးတောင် မရှိဘူး။ ဒါကို ဘယ်လိုလုပ် စစ်မှန်တဲ့ အချစ်လို့ ခေါ်လို့ရမှာလဲ။ ကျွန်မယောက်ျားက သခင်ယေရှုကို ယုံကြည်ပေမယ့်၊ ကျေးဇူးတော်ကို တောင်းဆိုဖို့ နည်းလမ်းတစ်ခုအနေနဲ့ပဲ အဲဒီလို လုပ်ခဲ့ပုံကိုလည်း ကျွန်မ တွေးမိတယ်။ သခင့် ကြွလာခြင်းကို သူ လုံးဝ စောင့်မျှော်နေခဲ့တာ မဟုတ်ဘူး။ သမ္မာတရားကို ဖော်ပြပြီး ကယ်တင်ခြင်း အမှုကို လုပ်ဆောင်ဖို့ နောက်ဆုံးသော ကာလမှာ ဘုရားကြွလာတဲ့အခါ၊ ကွန်မြူနစ်ပါတီနဲ့ စာတန် အစိုးရရဲ့ ဖမ်းတာခံရမှာ ကြောက်ရာကနေ၊ ဘုရားရဲ့ အမှုသစ်ကို သူ လက်မခံခဲ့သလို၊ ကျွန်မကို ယုံကြည်မှုရပ်အောင် ဖိအားပေးရာမှာ ကွန်မြူနစ်ပါတီနောက်လိုက်ခဲ့တယ်။ ကျွန်မယောက်ျားက ဘုရားကို စစ်မှန်တဲ့ ယုံကြည်သူ လုံးဝ မဟုတ်မှန်း ကျွန်မ တွေ့လိုက်ရတယ်။ သူက မယုံကြည်သူတစ်ယောက်ပဲ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မယောက်ျားနဲ့ ကျွန်မက လျှောက်တဲ့လမ်း လုံးဝ မတူဘူး၊ ဒီတော့ ကျွန်မကို ဘောင်ခတ်ခွင့် သူ့ကို ပေးလို့ မဖြစ်ဘူး။

အဲဒီနောက်၊ ကျွန်မကို ဘုရားယုံကြည်တာ ရပ်အောင် ဖိအားပေးဖို့ ကျွန်မယောက်ျားက ကျွန်မကို ကွာရှင်းခြင်းနဲ့ နောက်ထပ် အကြိမ်ရေတချို့ ခြိမ်းခြောက်ခဲ့တယ်။ ကျွန်မ မိသားစုကို တကယ် ဆုံးရှုံးရမှာ တွေးမိတဲ့အခါ၊ အဲဒါကို လက်လွတ်ဖို့ ကျွန်မ မခံနိုင်သေးဘူး။ အဲဒီအချိန်မှာ၊ ကျွန်မကို လမ်းပြဖို့ ဘုရားကို နေ့တိုင်း တောင်းလျှောက် ဆုတောင်းခဲ့တယ်။ တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မတွေ့တယ်။ “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အရေးပါမှုရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အရေးပါမှု ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသော ဤလူအုပ်စုသည်သာ အဆုံးစွန် အရေးပါမှုရှိသည့် အသက်တာဖြင့် အသက်ရှင်နိုင်ကြသည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်မရှင်နိုင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ပျော်ရွင်တဲ့ မိသားစုတစ်ခု၊ ကျွန်မ ယောက်ျားနဲ့ နှစ်သက်စရာ ဆက်ဆံရေးတစ်ခုရှိတာ၊ ပြီးတော့ ကျွန်မရဲ့ ရုပ်ဝတ္ထုလိုအပ်ချက်တွေ ဖြည့်ဆည်းခံရတာက ပျော်ရွှင်ခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပြီး အဲဒီလို အသက်ရှင်တာက အဓိပ္ပာယ်ရှိတယ်လို့ ကျွန်မ တွေးလေ့ရှိခဲ့တယ်။ ဒါပေမယ့် အခု ရှင်းရှင်းလင်းလင်း တွေ့ရတာက၊ လင်နဲ့ မယားကြားက အချစ်လို့ခေါ်တဲ့အရာက အချင်းချင်းရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို မထိခိုက်တဲ့အပေါ်မှာပဲ အခြေပြုထားတယ်ဆိုတာပဲ။ “အိမ်ထောင်သည် စုံတွဲတွေဟာ အခက်အခဲက တစ်ကောင်ချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျံသန်းစေတဲ့အချိန်ထိ အချစ်ငှက်လေးတွေ ဖြစ်တယ်”ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ အရင်တုန်းက၊ ကျွန်မမိသားစုနဲ့ ယောက်ျားအတွက် ကျွန်မ အလုပ်ကြိုးစားခဲ့ချိန်မှာ၊ ကျွန်မယောက်ျားက ကျွန်မကို အရမ်းဂရုစိုက်ခဲ့ပေမယ့်၊ အခု ဘုရားကို ကျွန်မယုံကြည်ပြီး၊ သူ့အကျိုးစီးပွားတွေ အန္တရာယ်ရှိတာကို တွေ့တော့၊ သူ ကျွန်မကို စနှိပ်ကွပ်ပြီး ကွာရှင်းချင်ခဲ့တယ်။ တဲ့တိုး ပြောရရင်၊ လင်နဲ့မယားကြားနဲ့ အချစ်လို့ခေါ်တဲ့အရာက တစ်ယောက်နဲ့တစ်ယောက် အသုံးချတာ သက်သက်ပါပဲ။ အဲဒီလို အသက်တာမှာ ဘာပျော်ရွှင်ခြင်း ရှိနိုင်မှာလဲ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သူ ကျွန်မကို စောင့်ကြည့်ခဲ့ပုံနဲ့ အစည်းအဝေးသွားတာ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တာကနေ သူ ကျွန်မကို တားမြစ်ခဲ့ပုံကို တွေးမိတယ်။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ မတွေ့နိုင်ခဲ့ဘူး၊ အိမ်မှာ ဘုရားနှုတ်ကပတ်တော် ဖတ်တဲ့အခါ ကျွန်မစိတ်နှလုံး မအေးချမ်းခဲ့ဘူး။ ပြီးတော့ ကျွန်မ အပြင်ထွက် ဧဝံဂေလိ ဟောတဲ့အခါ ကျွန်မယောက်ျားကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ စဉ်းစားရတယ်။ လွတ်လပ်မှု လုံးဝ မရှိခဲ့တာ။ မမြင်ရတဲ့ ကြိုးတစ်ချောင်နဲ့ အချည်ခံရပြီး အသက်ရှူကျပ်ရသလိုဖြစ်ခဲ့တယ်၊ ကိစ္စတွေက ဒီအတိုင်း ဆက်ဖြစ်ရင်၊ ကျွန်မဘဝ ဆင်းရဲဒုက္ခခံရရုံမက၊ သမ္မာတရားနဲ့ ဘုရားရဲ့ ကယ်တင်ခြင်း ရဖို့ အခွင့်အရေးလည်း ဆုံးရှုံးသွားမှာပါ။ မတန်ပါဘူး။ ဒါဟာ မိသားစုဘဝနဲ့ဆိုင်တဲ့ လင်မယား အချစ်က စစ်မှန်တဲ့ ပျော်ရွှင်ခြင်းမဟုတ်မှန်း ရှင်းရှင်းလင်းလင်း ကျွန်မ ပိုပိုပြီး သဘောပေါက်လိုက်တဲ့အချိန်ပေါ့။ သမ္မာတရားကို လိုက်စားခြင်းနဲ့ အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို လုပ်ဆောင်ခြင်းအားဖြင့်ပဲ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ကျွန်မ ရှင်သန်နိုင်မှာပါ။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကိုလည်း ကျွန်မ အမှတ်ရခဲ့တယ်၊ “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၇-၃၈) ခေတ်ကာလတစ်လျှောက်က သန့်ရှင်းသူတွေ အများကြီးနဲ့ ဘုရားစေခိုင်းချက်တာဝန်ကို ဆောင်ရွက်ဖို့ သူတို့အိမ်တွေနဲ့ အလုပ်တွေကို သူတို့ စွန့်လွှတ်ပြီး ဧဝံဂေလိဖြန့်ဖို့နဲ့ ဘုရားကို သက်သေခံဖို့ သမုဒ္ဒရာတွေကို ဖြတ်ခရီးနှင်ခဲ့ကြပုံ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး သူတို့ အသက်တွေကိုတောင် စွန့်ခဲ့ကြပုံတွေကို ကျွန်မ တွေးမိခဲ့တယ်။ သူတို့ရဲ့ သက်သေခံချက်က ဘုရားရဲ့ ထောက်ခံမှုကို ရခဲ့တယ်။ နောက်ဆုံးသော ကာလမှာ ကျွန်မ မွေးဖွားမယ်ဆိုပြီး ဘုရားက စီမံခဲ့သလို၊ သူ့ရဲ့ ကယ်တင်ခြင်းကို ကျွန်မ ရနိုင်အောင် သူ့ဆီလာဖို့ ကျွန်မကို ရွေးချယ်ခဲ့တယ်။ ဒါက အရမ်းအရမ်းကို ရှားပါးတဲ့ အခွင့်အရေးဖြစ်ပြီး ကျွန်မအတွက် ဘုရားရဲ့ ကျေးဇူးတော်နဲ့ ချီးမြှောက်ခြင်းပဲ။ ကျွန်မယောက်ျားရဲ့ ဖိအားတွေကြောင့် ကျွန်မတာဝန်တွေကို ကောင်းကောင်း မထမ်းဆောင်နိုင်ရင်၊ ဘုရားကို အရမ်းပဲ ကျွန်မ အကြွေးတင်မိမှာဖြစ်သလို၊ ကျွန်မမှာ အသိစိတ်ရှိမှာ မဟုတ်ဘူး။ အဲဒါ အသိတရားရလိုက်တော့၊ ကျွန်မအနေနဲ့ အရင်က သန့်ရှင်းသူတွေလိုပဲ လုပ်ဆောင်ပြီး အရာရာကို စွန့်လွှတ်မယ်၊ ဘုရားနောက်လိုက်ပြီး၊ အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်မယ်ဆိုတဲ့ ကျမ်းသစ္စာဆိုလိုက်တယ်။

တစ်ညမှာ၊ အစည်းအဝေးကနေ ကျွန်မ အိမ်ရောက်တာနဲ့ တံခါးကို ဖွင့်လိုက်တော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မယောက်ျားရဲ့ မိတ်ဆွေနဲ့ ဆွေမျိုးတွေအပါအဝင်၊ လူတွေအများကြီး အိမ်ကိုလာကြတာတွေ့လိုက်ရပြီး၊ ကျွန်မကို သူတို့တွေ့လိုက်တာနဲ့၊ ဘုရားကို ယုံကြည်တာ ရပ်အောင် ကျွန်မကို ဖျောင်းဖျဖို့ စကားကျယ်ကျယ်ပြောတယ်။ တချို့က၊ ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေအများကြီးကို ခုတလော ဖမ်းပြီး တချို့က ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ချခံရတာကို တီဗွီမှာ ထုတ်လွှင်နေတာတွေ တွေ့ရတယ်လို့ ပြောတယ်။ တခြားလူတွေက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေဟာ အဖမ်းခံရရင်၊ ထောင်ဒဏ်ပဲချခံရမှာမဟုတ်ဘူး၊ အများကြီး အချုပ်ခန်းမှာ ဒုက္ခိတဖြစ်သွားတယ်၊ ဒါမှမဟုတ် အသတ်ခံရပြီး သူတို့ မိသားစုတွေလည်း ဒုက္ခခံစားရတယ်လို့ပြောကြတယ်။ တချို့ကလည်း အသင်းတော်ကို အသရေဖျက်ဖို့ ကွန်မြူနစ်ပါတီဆီက အတွေးမှားတွေနဲ့ ကောလာဟလတွေကို ထပ်ပြောကြပြီး၊ ဘုရားကို ယုံကြည်သူတွေက သူတို့မိသားစုတွေကို စွန့်ပစ်တယ်လို့ ပြောကြတယ်။ ဒါတွေအားလုံးကို ကြားရတာ ကျွန်မကို အရမ်းဒေါသထွက်စေတယ်။ ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်ညှဉ်းပန်မှုကြောင့်သာ မဟုတ်ရင်၊ ကျွန်မမိသားစုနဲ့ မိတ်ဆွေတွေက ဒီလို ကျွန်မကို ဆန့်ကျင်၊ တိုက်ခိုက်ကြမှာ မဟုတ်ဘူး။ အမှန်တရားတွေကို မသိတဲ့သူတွေက သူတို့နဲ့အတူ ဘုရားသခင်ကို ခုခံပြီး ဘုရားရဲ့ ရှုတ်ချတာ ခံရအောင်၊ ပြီးတော့ နောက်ဆုံးမှာ သူတို့နဲ့ ဖျက်ဆီးခံရအောင်လို့ ကွန်မြူနစ်ပါတီက အချက်အလက်တွေကို လိုရာဆွဲ မမှန်မကန်ပြောပြီး ကောလာဟလတွေကို ဖြန့်တာပဲ။ အဲဒါ မကောင်းမှုသက်သက်ပဲ။ ဒါတွေအားလုံး စိတ်ထဲမှာတွေးရင်းနဲ့ သူတို့ကို ကျွန်မ ချေပတယ်၊ “ဘုရားကို ယုံကြည်တာ ဘာမှန်း နားမလည်ရင်၊ အဲဒါနဲ့ပတ်သက်လို့ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့။ ဒီအန္တရာယ်တွေရှိပေမယ့် ကျွန်မ ဘာလို့ ဘုရားကို မရမကယုံကြည်နေလဲ သိကြလား။ ဘာလို့လဲဆိုတော့ ကယ်တင်ရှင် ကြွလာပြီးပြီဖြစ်သလို လူတွေကို ကယ်တင်ဖို့၊ စာတန်ရဲ့ စွမ်းအားကနေ ကျွန်မတို့ကို လွတ်မြောက်စေဖို့နဲ့ ကပ်ဘေးကို လွတ်စေဖို့ သမ္မာတရားအများကြီး ဖော်ပြပြီးပြီ ဖြစ်လို့ပဲ။ ဒါက အရမ်းအရမ်းကို ရှားပါးတဲ့ အခွင့်အရေးပဲ။ ကွန်မြူနစ်ပါတီက လူတွေကို ဘုရားကို ယုံကြည်ခွင့်မပေးဘူး၊ ဘုရားကို ယုံကြည်သူတွေကို ကသုတ်ကရက် ဖိနှိပ်ပြီး နှိပ်စက်တယ်၊ လူအများကြီးကို ဖမ်းပြီး ထောင်ချတယ်။ အိမ်ကို မပြန်နိုင်တဲ့သူတွေ အများကြီးရှိတယ်၊ အများအပြားက ဒုက္ခိတဖြစ်သွားကြသလို သေတဲ့အထိ အရိုက်ခံရပြီး၊ မိသားစုတွေ ပြိုကွဲခဲ့ရတဲ့ ခရစ်ယာန်တွေ အများကြီး ရှိတယ်။ အဲဒါတွေအားလုံးက ကွန်မြူနစ်ပါတီ လုပ်တာ မဟုတ်လား။ သိသိသာသာပဲ ဘုရားကို ယုံကြည်တဲ့လူတွေကို နှိပ်စက်ပြီး ခရစ်ယာန်မိသားစုတွေကို ပြိုကွဲစေတာ ကွန်မြူနစ်ပါတီဖြစ်ပေမယ့်၊ သူတို့က အကြောင်းအရာကို ပြောင်းပြီး ဘုရားကိုယုံကြည်သူတွေက သူတို့ မိသားစုတွေကို စွန့်ပစ်တယ်လို့ ပြောကြတယ်။ အဲဒါက အမှန်နဲ့ အမှားကို လှည့်တာ မဟုတ်လား။ ရှင်တို့က စီစီပီကို မမုန်းရုံမက၊ ဘုရားကို ယုံကြည်ရာကနေ ကျွန်မကို တားဖို့ ကြိုးစားနေကြတယ်။ အမှန်နဲ့ အမှားကြားက ခြားနားချက်ကို ရှင်တို့ သိကြရဲ့လား။ ဘုရားကို ယုံကြည်မှု လမ်းကြောင်းက ကျွန်မရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲ။ ထောင်ထဲသွားရမယ်ဆိုရင်တောင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ထားတယ်”လို့ပေါ့။ ကျွန်မကို သူတို့ မဖျောင်းဖျနိုင်မှန်း တွေ့တော့၊ သူတို့လုပ်နိုင်သမျှက ထွက်သွားဖို့ပဲလို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်မ ယောက်ျားက ခိုကိုးရာမဲ့စွာနဲ့ ကျွန်မကို ပြောတယ်၊ “ဘယ်သူမှ မင်းစိတ်ကို မပြောင်းလဲနိုင်တဲ့ပုံပဲ၊ ဒီတော့ ကွာရှင်းလိုက်ကြတာပေါ့။ မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံပြီး အစိုးက မင်းလိုလူတွေကို နှိမ်နှင်းတာတွေ လုပ်နေတယ်။ အဲဒါဖြစ်တဲ့အခါ၊ မင်းအလုပ်ကို မင်း ထိန်းနိုင်မှာမဟုတ်သလို မင်းရဲ့ အသက်ကိုတောင် ထိန်းနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ အသက်တွေကို ငါတို့ ထိန်းသိမ်းချင်တယ်၊ ဒီတော့ တခြားရွေးစရာ မရှိတဲ့ပုံပဲ။ ကွန်မြူနစ်ပါတီက လူတွေကို မဖြစ်နိုင်တဲ့ အကျဉ်းအကျပ်တွေထဲ တွန်းပို့တယ်”လို့ပေါ့။ ဒါကို ကြားပြီးတဲ့နောက် နည်းနည်း ဝမ်းနည်းမိပေမယ့်၊ ရွေးချယ်ရမယ့် အချိန်ရောက်လာပြီဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သိသွားတယ်။ ကျွန်မက ဘုရားကို ယုံကြည်ဖို့၊ ဘုရားနောက်လိုက်ဖို့ နဲ့ သမ္မာတရားနဲ့ အသက်ရဖို့ ရွေးချယ်ခဲ့ပြီး၊ ကျွန်မယောက်ျားက သူ့အလုပ်နဲ့ အနာဂတ်ကို ကာကွယ်ဖို့ ကွန်မြူနစ်ပါတီနောက်လို့ဖို့ ရွေးခဲ့တယ်။ ကျွန်မတို့ ကိုယ့်ရဲ့ သီးခြားလမ်းတွေကိုပဲ သွားနိုင်ကြတယ်။ အဲဒီအချိန်မှာ၊ ဘုရားဆီ ကျွန်မဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မ ကိုယ့်ဘာသာ ဘယ်ပတ်ဝန်းကျင်မျိုးမှာပဲ ရှိပါစေ၊ ကိုယ်တော့်နောက် အဆုံးထိ လိုက်မှာပါ”လို့ပေါ့။

နောက်နေ့မနက်မှာ၊ ကွာရှင်းပြတ်ဆဲခြင်း လုပ်ထုံးလုပ်နည်းတွေ အပြီးလုပ်ဖို့ ကျွန်မယောက်ျားနဲ့ ကျွန်မ ပြည်သူ့ရေးရာငှာနကို သွားကြပြီး၊ အိမ်ထောင်သက် ၁၂ နှစ်တာကာလကို အဆုံးသတ်လိုက်ကြတယ်။ အဲဒီကတည်းက၊ ကျွန်မ ပုံမှန်အတိုင်း အစည်းအဝေးတွေ သွားနိုင်ခဲ့ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုငခဲ့သလို၊ အရမ်းတည်ကြည်ခိုင်မာပြီး အေးချမ်းတာ ခံစားခဲ့ရတယ်။ တစ်ခုတည်းသော အဓိပ္ပာယ်ရှိတဲ့ ဘဝဆိုတာ အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်တယ်လို့ ကျွန်မ ထင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အသွင်အပြင်အားဖြင့် အကဲဖြတ်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့သည်

ယိဖန်၊ ဟေနန်စီရင်စု ယခင်က၊ ကျွန်မသည် နှစ်လိုဖွယ်ကောင်းကာ၊ သုတကြွယ်ပြီး စကားပြောကောင်းသော လူတို့ကို အထူးသဖြင့် အထင်ကြီးလေးစားမှု ထားရင်း၊...

ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်ုပ် ရရှိခဲ့သည့်အရာ

ဝေရံ အီတလီနိုင်ငံ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ ဗီဒီယိုအလုပ်ကို ကျွန်မ စကြီးကြပ်တယ်။ အလုပ်ပမာဏများလို့ နေ့တိုင်း တုန်လှုပ်နေခဲ့ရတယ်။...

ဧဝံဂေလိဟောခြင်း လမ်းကြောင်း

ဧဝံဂေလိ ဝေမျှဖို့ ပထမဆုံး သင်ယူတဲ့အချိန်ကို ကျွန်တော် အမှတ်ရမိတယ်။ ဟူဘေးမှာ ကြီးမားသော ချီးမွမ်းခြင်း အသင်းတော်ရဲ့ အသင်းသား အစ်ကိုဆူးနဲ့...

ချည်နှောင်ထားသည့် သံယောဇဉ်များကို ဖြေလွှတ်ခြင်း

ကူရီဘိုင် အီတလီနိုင်ငံဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောထားသည်- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။