ကျွန်မအဖေ၏ ဝင်ရောက်စွက်ဖက်မှုများကို ကျွန်မ ဖြတ်သန်းခဲ့ပုံ

16.12.2022

ဒေလိယာ မက္ကစီကိုနိုင်ငံ

၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၈ရက်မှာ အင်တာနက်ကနေ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ သိခွင့်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်ပြီး သူတို့ မိတ်သဟာယကို နားထောင်ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်မ လက်ခံယုံကြည်သွားတယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံခဲ့တယ်။ ဒီပျော်စရာသတင်းကို ကျွန်မ မိသားစုနဲ့ အမြန်မျှဝေချင်တာပေါ့။ အထူးသဖြင့် ကျွန်မ အဖေကိုပေါ့။ သူက အသက်သုံးဆယ်ကတည်းက ခရစ်ယာန်ဖြစ်လာခဲ့တာ။ အခု သူက ခြောက်ဆယ်ရှိပြီ။ သူက သခင်ပြန်ကြွလာတာကို တစ်ချိန်လုံး တောင့်တနေခဲ့တာ။ သခင်ယေရှုက ပြန်ကြွလာခဲ့ပြီဆိုတာကို သူသိရင် ကျွန်မလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံမှာ သေချာတယ်။ မျှော်လင့်မထားဘဲ ကျွန်မက သခင်ပြန်ကြွလာတဲ့သတင်းကို အဖေ့ကိုပြောတော့ သူက ဒါကို မယုံဖို့ ကျွန်မကို တကယ်ကိုပြောတယ်။ “ဘုရားသခင်က လူ့ဇာတိခံပြီး ပြန်ကြွလာမယ်လို့ ကျမ်းစာက မပြောဘူး ဆိုပြီးတော့ သူကပြောတယ်။ ဘုရားသခင်က ယုံကြည်သူတွေကို ကောင်းကင်နိုင်ငံတော်ကို ခေါ်ဆောင်ဖို့ မိုးတိမ်စီးပြီး ကြွဆင်းလာမယ်လို့ ပြောတာ”တဲ့။ ကျွန်မက သူ့ကိုပြောတယ်။ “အဖေ တကယ်တမ်းက သခင်ယေရှုက ခဏခဏပြောတယ်။ နောက်ဆုံးသောကာလမှာ သူက လူသားအဖြစ် ကြွလာမယ်ဆိုပြီးတော့။ ဥပမာ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၇)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄) သခင်က လူသားအဖြစ်ကြွလာမယ်လို့ ဒီကျမ်းပိုဒ်တွေအားလုံးက ပြောထားတယ်။ ဒါဆို ဘုရားသခင်က လူသားအဖြစ် လူ့ဇာတိခံကြွလာတယ်ဆိုတဲ့ သဘောပဲ” ပေါ့။ ကျွန်မ ပြောလို့မပြီးခင်မှာပဲ။ ကျွန်မအဖေက ကြားဖြတ်ပြီးပြောတယ်။ “သခင်ယေရှုက လူသားဖြစ်တယ်။ သူက လူသားအဖြစ် ပြန်ကြွလာဖို့က မဖြစ်နိုင်ဘူး။ သခင်က ကောင်းကင်နိုင်ငံတော်ကို အဖေတို့ကို ခေါ်ဆောင်ဖို့ မိုးတိမ်စီးပြီးတော့ပဲ ကြွလာမယ်”တဲ့။ ကျွန်မက ပြောတယ်။ “မိုးတိမ်စီးပြီးကြွလာတာက သခင်ပြန်ကြွလာတဲ့ပုံစံတစ်မျိုးထဲမဟုတ်ဘူး။ ကျမ်းစာထဲမှာ ပရောဖက်ပြုထားတဲ့ သူပြန်ကြွလာတဲ့ ပုံစံနှစ်မျိုးရှိတယ်။ သူက လျှို့ဝှက်ပြီး လူ့ဇာတိခံကြွလာတယ်။ ပြီးတော့ မိုးတိမ်စီးပြီး ပွင့်လင်းစွာကြွလာတယ်။ ဗျာဒိတ်ကျမ်းက ပရောဖက်ပြုတယ်။ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)ထို့ကြောင့် စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။(ဗျာဒိတ်ကျမ်း ၃:၃) ပြီးတော့ မဿဲ ၂၅:၆ မှာပြောတယ်။ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ သခင်ယေရှုက သူခိုးတစ်ယောက်လို ပြန်ကြွလာမယ်လို့ ဒီပရောဖက်ပြုချက်တွေအားလုံးကပြောတယ်။ ဒါဆိုရင် သူက ဘယ်သူမှမသိဘဲ တိတ်တဆိတ်ကြွလာတဲ့ သဘောပဲ။ သခင်ယေရှုက ကောင်းကင်ပေါ်မှာ မိုးတိမ်စီးပြီး ပွင့်ပွင့်လင်းလင်းကြွလာရင် လူတိုင်းက သူ့ကို မြင်မယ်။ ဒါဆို ဒီပရောဖက်ပြုချက်တွေက ဘယ်လို ပြည့်စုံမှာလဲ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကိုပြုဖို့ လူ့ဇာတိခံလူသားအဖြစ် တိတ်တဆိတ်ကြွလာတယ်။ ပညာရှိသတို့သမီးတွေက ဘုရားရဲ့ အသံကိုကြားပြီး သခင့်ကို ကြိုဆိုတယ်။ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ သန့်စင်ခြင်းကို ခံရတယ်။ ဘုရားသခင်က အောင်မြင်သူတွေအဖြစ် လုပ်ပေးတယ်။ ပြီးတော့ ကပ်ဘေးကြီးတွေက စပြီး ကျရောက်လာတယ်။ ဘုရားသခင်ရဲ့ လူ့ဇာတိနဲ့ လျှို့ဝှက်လုပ်ဆောင်မှုက အဆုံးသတ်တယ်။ ကပ်ဘေးကြီးတွေပြီးတဲ့နောက်မှာ ဘုရားသခင်က မိုးတိမ်စီးပြီးကြွလာပြီး အားလုံးဆီကို ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းတယ်။ ဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေပါတယ်။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)” ကျွန်မက အဖေ့ကို ပြောလိုက်တယ်။ “အဖေ၊ စဉ်းစားကြည့်ပါဦး။ သခင်ယေရှုက မိုးတိမ်စီးပြီးကြွလာတဲ့အခါ လူတိုင်းက ကယ်တင်ရှင်ကြွလာတဲ့အတွက် ပျော်ကြလိမ့်မယ်ဆိုတာ ကျိုးကြောင်းသင့်တယ်လေ။ ဒါဆို ‘မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်’ လို့ ဘာလို့ ပြောတာလဲ။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က လူ့ဇာတိခံ လူသားအဖြစ် အလုပ်လုပ်တော့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ပြီးမြောက်တာကြောင့်ပဲ။ သခင်က မိုးတိမ်စီးကြွလာတာကိုပဲစောင့်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံရှုတ်ချတဲ့သူတွေက နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်ခံရဖို့ အခွင့်အရေးနဲ့ လွဲချော်ရမယ်။ လူကောင်းတွေကို ဆုချီးမြှင့်ပြီး လူဆိုးတွေကို အပြစ်ဒဏ်ပေးဖို့အတွက် သခင်က မိုးတိမ်စီးပြီးကြွလာတဲ့အခါ သူတို့က ကပ်ဘေးတွေထဲကျရောက်ပြီး ခါးခါးသီးသီး ငိုကြွေးရမယ်” ပေါ့။ ကျွန်မပြောပြီးသွားတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ဧဝံဂေလိသက်သေခံချက် ဗီဒီယိုတစ်ခုကို သူ့ကို ပြလိုက်တယ်။ ဒါပေမဲ့ သူက သူ့အမြင်ကို ဖက်တွယ်ထားတုန်းပဲ။ သူက ကျွန်မအပေါ် အရမ်းမာနထောင်လွှားပြီး စိတ်ဆိုးတဲ့ သဘောထားရှိတယ်။ ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံဖို့ ပြောတယ်။

နောက်ပိုင်းမှာ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ စုဝေးပွဲတွေကို ခဏခဏတက်တာကို သူမြင်တယ်။ အဲဒါနဲ့ ကျွန်မကို တားဆီးဖို့ ဆင်ခြေအနေနဲ့ သူကပြောတယ်။ “သမီးက ရက်အများစုမှာ သမီးဖုန်းထဲကနေ စုဝေးပွဲတွေတက်ပြီး အချိန်ကုန်တယ်။ အိမ်အသုံးစရိတ်အတွက် ပေးဖို့ သမီးအလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့လိုတယ်။ အခုကစပြီး အဖေ သမီးကို ပိုက်ဆံ လုံးဝ ထပ်မပေးတော့ဘူး။ သမီးက အလုပ်မရှာဘူးဆိုရင် အိမ်က ထွက်သွားလို့ရတယ်”တဲ့။ ကျွန်မအဖေပြောတာကြောင့် ကျွန်မ တော်တော်စိတ်ပူသွားတယ်။ ကျွန်မက အလုပ်လုပ်ရရင် စုဝေးပွဲတွေတက်ပြီး ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့ အချိန်ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက အလုပ်မရရင် ကျွန်မအဖေက ကျွန်မကို နှင်ထုတ်ပြီး နေဖို့ နေစရာရှိမှာမဟုတ်ဘူး။ ကျွန်မ အရမ်းကြောက်မိတယ်။ အဲဒါနဲ့ အလုပ်ရှာပြီးတော့ မနက်ခြောက်နာရီကနေ ညနေလေးနာရီအထိအလုပ်လုပ်တယ်။ အချိန်ကြာလာတော့ ကျွန်မတာဝန်ကို ကျွန်မ လျစ်လျူရှုလာတယ်။ ကျွန်မက အလုပ်လုပ်နေတုန်းမှာ ဖုံးသုံးလို့မရတော့ လူသစ်တွေကို ရေမလောင်းနိုင်ဘူး။ နေ့တိုင်းပဲ ကျွန်မ အလုပ်ကနေ အိမ်ပြန်ရောက်ပြီးရင် မောနေပြီ။ အဲဒါနဲ့ စုဝေးပွဲတွေမှာ တော်တော်ပင်ပန်းနေတယ်။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့အတွက် လမ်းဖွင့်ပေးဖို့ ဘုရားကို ဆုတောင်းတယ်။ သုံးလေးရက်ကြာတော့ အဲဒီအလုပ်ကနေ ထွက်လိုက်တယ်။ အိမ်သန့်ရှင်းရေးအလုပ်တစ်ခုကို ကျွန်မ ရသွားတယ်။ အဲဒီမှာ တစ်ရက်ကို လေးနာရီပဲလုပ်ရတယ်။ ပိုက်ဆံအများကြီးမရပေမဲ့ စုဝေးပွဲတွေတက်ပြီး တာဝန်ထမ်းဆောင်ဖို့ အချိန်ရတယ်။ ကျွန်မအဖေက ကျွန်မ စုဝေးပွဲတွေကို ပုံမှန်ပြန်တက်နေတာမြင်တော့ ဆက်ပြီးတော့ ဝင်စွက်ဖက်တယ်။ သူက စုဝေးပွဲကို ကျွန်မမလုပ်ခင်မှာ ကျွန်မကို သူ့အတွက် တစ်ခုခုလုပ်ပေးခိုင်းတယ်။ တစ်ခါတလေမှာ ကျွန်မက အွန်လိုင်းကနေ စုဝေးပွဲတစ်ခုတက်နေတာကိုမြင်တော့ သူနဲ့အတူ အပြင်သွားကြဖို့ ကျွန်မကိုပြောတယ်။ အစတော့ ဘာဖြစ်တာလဲဆိုတာ ကျွန်မ သိပ်နားမလည်ဘူး။ သူက ကျွန်မ အဖေဆိုတော့ ကျွန်မနာခံရမယ်လို့ပဲ တွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မအတွက် ခက်ခဲတယ်။ ကျွန်မက စုဝေးပွဲတွေနဲ့ မလွဲချင်ဘူးလေ။ တစ်ခါတော့ သူက သူနဲ့အတူ အပြင်သွားကြဖို့ ကျွန်မကို ပြောပြန်တယ်။ ကျွန်မက စုဝေးပွဲရှိတယ်လို့ ပြောလိုက်တယ်။ အဲဒီမှာ သူက တော်တော် စိတ်မချမ်းမသာဖြစ်သွားတယ်။ အစတော့ ကျွန်မ ဒါကို ဘယ်လိုကိုင်တွယ်ရမှန်းမသိဘူး။

နောက်ပိုင်းမှာ စုဝေးပွဲတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်တယ်။ အဲဒါကြောင့် အကြောင်းအရာတွေကို ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်)ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး လက်ခံသည့်အခါ၊ စာတန်ကလည်း ထိုလူကို လှည့်စားပြီး ထိခိုက်စေဖို့ ကြိုးစားရင်း၊ အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မ နည်းနည်းနားလည်လာတယ်။ ဘုရားသခင်က လူတစ်ယောက်ကို ကယ်တင်ချင်တဲ့အခါမှာ စာတန်က သူတို့ကို ဘုရားသခင်က ရယူတာကိုတားဆီးဖို့အတွက် နည်းလမ်းတိုင်းကို သုံးပြီး လူတွေ၊ အကြောင်းအရာတွေအားလုံးကို အသုံးပြုတယ်။ ဒါ ကျွန်မဆီမှာ ဖြစ်နေတာပါ။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်လို့ အဖေက သိပြီးတဲ့နောက်မှာ ကျွန်မကို တားဆီးဖို့၊ နှောင့်ယှက်ဖို့ အစွမ်းကုန်ကြိုးစားတယ်။ ကျွန်မ အလုပ်လုပ်ရမယ်ဆိုတဲ့ ဆင်ခြေကို သုံးတယ်။ စုဝေးပွဲမလုပ်ခင်တိုင်းမှာ ကျွန်မကို လုပ်စရာတွေခိုင်းတယ်။ စုဝေးပွဲကို တမင် ကြားဖြတ်ဝင်ပြီး သူနဲ့အတူ တောက်တိုမည်ရတွေလုပ်ခိုင်းတယ်။ ဒါတွေအားလုံးက စာတန်က ကျွန်မကို စုဝေးပွဲတွေတက်ဖို့၊ ဘုရားနှုတ်ကပတ်တော်ကို ပုံမှန်ဖတ်ဖို့ မဖြစ်နိုင်အောင်လုပ်ဖို့အတွက် ကျွန်မကို နှောင့်ယှက်ဖို့ ကျွန်မအဖေကို အသုံးပြုနေတာပဲ။ ကျွန်မက စာတန်ရဲ့ လှည့်ကွက်တွေကို မရိပ်စားမိဘူး။ အဲဒါနဲ့ ကျွန်မအဖေက ကျွန်မကို ခြိမ်းခြောက်တော့ ကျွန်မက အိမ်ကနှင်ထုတ်ခံရမှာကြောက်ပြီး နားထောင်ခဲ့တယ်။ စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းမှာ ကျွန်မ လဲကျသွားတယ်။ အဲဒါနဲ့ စုဝေးပွဲတွေ ပုံမှန်မတက်နိုင်ဘူး။ တာဝန်ကို ကောင်းကောင်းမလုပ်နိုင်ဘူး။ အခုတော့ ကျွန်မ နားလည်သွားပြီ။ စာတန်က ကျွန်မကို ဘုရားသခင်ဆီက ဝေးကွာပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရအောင် ကျွန်မအဖေရဲ့ နှောင့်ယှက်မှုတွေကို အသုံးပြုနေတာပဲ။ စာတန်က အရမ်းဆိုးယုတ်ပါတယ်။ ဒါပေမဲ့ ဘုရားရဲ့ ဉာဏ်ပညာက စာတန်ရဲ့လှည့်ကွက်တွေကို အခြေခံပြီး အသုံးပြုပါတယ်။ ဒီပတ်ဝန်းကျင်ကို တွေ့ကြုံခြင်းအားဖြင့် ကျွန်မက သမ္မာတရားကို ရှာဖွေနိုင်တယ်။ သင်ခန်းစာတွေ ရနိုင်တယ်။ စာတန်ရဲ့ လှည့်ကွက်တွေကို ရိပ်စားမိဖို့ သင်ယူနိုင်တယ်။ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်ပြီး စာတန်ကို အရှက်ရစေနိုင်ပါတယ်။ ဘုရားရဲ့ ဉာဏ်အလင်းဖွင့်ပြခြင်းနဲ့ လမ်းပြခြင်းကြောင့်သာ အကြောင်းအရာတွေရဲ့ တကယ့်အခြေအနေကို ကျွန်မ နည်းနည်းသိမြင်လာတာပါ။ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ရမယ်။ စာတန်ရဲ့ ထောင်ချောက်တွေထဲကို မကျဆင်းရတော့ဘူး။

အဲဒီနောက်တော့ စုဝေးပွဲတွေတက်ပြီး တာဝန်ထမ်းဆောင်တာကို မရမကဆက်လုပ်တယ်။ ကျွန်မအဖေက ကျွန်မကိုဆက်ပြီး တားဆီးတယ်၊ နှောင့်ယှက်တယ်။ ကျွန်မကို အိမ်ကနေတောင် သုံးလေးခါလောက် နှင်ထုတ်ချင်ခဲ့တယ်။ သူက ကျွန်မကို အရမ်းစိတ်ဆိုးပြီး လုံးဝကို စကားမပြောချင်ဘူး။ သူ ကျွန်မအပေါ် ဘာပဲလုပ်လုပ် ကျွန်မ သူ့ကို စကားပြောရမယ်ဆိုတာ ကျွန်မသိခဲ့တယ်။ တစ်နေ့တော့ ကျွန်မ သူ့ကို မေးတယ်။ “အဖေ၊ ဘာလို့ သမီးကို စကားမပြောတာလဲ။ ဘာလို့ သမီးကို အိမ်ကနေနှင်ထုတ်ချင်တာလဲ” ပေါ့။ သူက ပြောတယ်။ “သမီးက စုဝေးပွဲတွေကိုပဲ ဂရုစိုက်တယ်။ တော်တော်ကို မနာခံဘူး”တဲ့။ ကျွန်မက ပြောတယ်။ “ဘုရားသခင်က သမီးတို့ကို မိဘတွေကို လေးစားဖို့ပြောတယ်။ ဒါကြောင့် သမီးက အဖေ့ကို စကားမပြောဘဲ မနေပါဘူး။ ဒါပေမဲ့ စုဝေးပွဲတွေတက်တာကိုလည်း ရပ်မှာမဟုတ်ဘူး” ပေါ့။ သူက တိတ်ဆိတ်နေပြီး အဲဒီနောက်တော့ ကျွန်မကို ဘာမှမပြောဘူး။ နောက်ပိုင်းမှာ ကျွန်မရဲ့ မိထွေးကို ကျွန်မ ဧဝံဂေလိဟောတယ်။ သူက ကောင်းတယ်လို့ မြင်ပြီး စုဝေးပွဲတွေကို တစ်လကြာတက်တယ်။ ဒါပေမဲ့ ကျွန်မအဖေသိသွားတော့ သူစုဝေးပွဲတက်တာကိုတားပြီး ကျွန်မကို အိမ်ကနေ နှင်ထုတ်ချင်တယ်။ ဒီဟာကြောင့် ကျွန်မ ဝမ်းနည်းသွားတယ်။ ကျွန်မအဖေနဲ့ ဆက်ဆံရေးကို ပျက်စီးမသွားစေချင်ဘူး။ တစ်မနက်မှာ ကျွန်မက ဖုန်းထဲကနေ ဘုရားနှုတ်ကပတ်တော်ကိုဖတ်နေတယ်။ ကျွန်မအဖေက မြင်တော့ ကျွန်မကို ဆူတယ်။ “ဖုန်းနဲ့ စုဝေးပွဲတွေ တက်နေတုန်းပဲဆိုရင် ဖုန်းကို သိမ်းပစ်လိုက်မယ်”တဲ့။ ပြီးတော့ သူက ကျွန်မလက်ထဲက ဖုန်းကို ယူဖို့ကြိုးစားတယ်။ ကျွန်မက မပေးဘူး။ အဲဒါနဲ့ သူက စိတ်ဆိုးပြီးပြောတယ်။ “သမီး အဖေပြောတာကို မနာခံရင် ကိုယ့်ပစ္စည်းကိုယ်ယူပြီး ဒီအိမ်ကနေ ထွက်သွားလို့ရတယ်”တဲ့။ တော်တော်ဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွန်မအဖေနဲ့ ကျွန်မဆက်ဆံရေးက အမြဲတမ်း ကောင်းတယ်။ သူ့ဆီကနေ၊ ဒါမှမဟုတ် သူ့အိမ်ကနေ ကျွန်မ လုံးဝ ထွက်မသွားချင်ဘူး။ ဒါပေမဲ့ ကျွန်မအပေါ် အဖေ့ရဲ့ သဘောထားနဲ့ ဒီနာကျင်စရာစကားတွေက ပြောပြလို့မရအောင်ကို နာကျင်ရတယ်။ ကျွန်မက အိမ်ကနေ နှင်ထုတ်ခံရရင် ဘယ်မှသွားစရာရှိမှာမဟုတ်ဘူး။ ပိုက်ဆံလည်းမရှိဘူး။ ဘာလုပ်ရမှန်းမသိခဲ့ဘူး။ ကျွန်မ စပြီးငိုမိတယ်။ ရင်ဘတ်ထဲမှာ နာကျင်နေတယ်။ ကျွန်မအဖေရဲ့ နှောင့်ယှက်တားဆီးမှုကြောင့် တော်တော်စိတ်ဒုက္ခခံရတယ်။ ပြီးတော့ တော်တော်အားနည်းပြီး စိတ်ဆင်းရဲရတယ်။ ဒီအခက်အခဲတွေ၊ ရွေးချယ်မှုတွေကို ဆက်ပြီး ရင်ဆိုင်မနေချင်တော့ဘူး။ အဲဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားမိတယ်။

ကျွန်မစဉ်းစားပုံက မှားနေတယ်ဆိုတာ ကျွန်မသိတယ်။ အဲဒါနဲ့ ရှာဖွေဖို့အတွက် ဘုရားကို ဆုတောင်းတယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မအခြေအနေကို ပြောပြလိုက်တယ်။ သူတို့က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေ ဝေမျှတယ်။ “အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။...ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ နိုင်ငံတော်ကို သွားတဲ့လမ်းက လွယ်ကူတဲ့အရာမဟုတ်ဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ လက်ခံခြင်းနဲ့ ကောင်းချီးတွေကို ရရှိဖို့အတွက် အဖိုးအခပေးဆပ်ပြီး ခက်ခဲတဲ့ ပတ်ဝန်းကျင်မျိုးစုံရဲ့ စမ်းသပ်မှုကို တောင့်ခံရမယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းကြောင်းမှာ ဒုက္ခခံခြင်း၊ စစ်ဆေးခြင်းမရှိဘဲနဲ့ ဘုရားအပေါ် စစ်မှန်တဲ့ ချစ်ခြင်းဖြစ်မလာနိုင်ဘူး။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကြောင့် အဖေက ကျွန်မကို ဆန့်ကျင်တယ်။ ကျွန်မကို တားဆီးပြီးတော့ စုဝေးပွဲတွေ၊ တာဝန်တွေကို နှောင့်ယှက်ဖို့ ကြိုးစားတယ်။ အိမ်ကနေ သုံးလေးခါလောက်တောင် နှင်ထုတ်ချင်ခဲ့တယ်။ ဒါက ကျွန်မအတွက် တော်တော်နာကျင်ရတဲ့အရာတစ်ခုပဲ။ ဘုရားသခင်က ကျွန်မကို ဘာကြောင့်ဒီလိုအခက်အခဲကို ခံစားစေသလဲဆိုတာ ကျွန်မ နားမလည်ဘူး။ ဒါပေမဲ့ ကျွန်မက ဘုရားအလိုတော်ကို၊ ဒါမှမဟုတ် ဒီပတ်ဝန်းကျင်ကို ဘယ်လိုကြုံတွေ့ရမယ်ဆိုတာကို မရှာဖွေခဲ့ဘူး။ အဲဒီအစား ကျွန်မက စိတ်ပဲညစ်နေတယ်။ စိတ်ဖိစီးပြီး စိတ်ပူလာတယ်။ နှင်ထုတ်ခံရတဲ့အခါ ကျွန်မရင်ဆိုင်ရမယ့် ဆင်းရဲဒုက္ခတွေကို ကြောက်နေတယ်။ ကျွန်မက အရမ်းအားနည်းပါတယ်။ အကောင်းဆုံးလွတ်လမ်းက သေခြင်းပဲလို့ တွေးတဲ့အထိပေါ့။ အပျက်သဘောဆောင်တဲ့ အတွေးတွေက ကျွန်မကို လုံးဝ ထိန်းချုပ်သွားတယ်။ အခုတော့ ကျွန်မစိတ်ကူးတွေက ဘယ်လောက်မှားနေလဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ သိခဲ့ရတယ်။ ကျွန်မက ငကြောက်တစ်ယောက်ပဲ။ ကျွန်မက ဘာအခက်အခဲကိုမဆို ရင်ဆိုင်ဖို့အတွက် ရဲရင့်ပြီး စိတ်ဓာတ်ခိုင်မာသင့်တယ်။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က ဒီအခြေအနေတွေကတစ်ဆင့် ကျွန်မယုံကြည်ခြင်းကို စုံလင်စေချင်တယ်။ ဘယ်လိုအခက်အခဲတွေကိုပဲ ကြုံတွေ့ပါစေ ကျွန်မကို နာခံပြီး လက်ခံနိုင်စေချင်တယ်။ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်ဖို့အတွက် ဆုတောင်းပြီး ဘုရားကို အားကိုးပြီးတော့ စာတန်ကို အရှက်ရအောင် လုပ်နိုင်စေချင်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ရင်းနဲ့ ကျွန်မစိတ်နှလုံးက လင်းလက်သွားတယ်။ ကျွန်မကြောက်နေလို့မဖြစ်ဘူး။ ရှေ့ဆက်ရမယ်။ ဘုရားသခင်က ကျွန်မနဲ့အတူရှိပြီး ဘုရားသခင်က ကျွန်မကို ကူညီမှာဖြစ်တဲ့အတွက်ကြောင့်ပဲ။ အဲဒါနဲ့ ကျွန်မက စုဝေးပွဲတွေတက်ပြီး တာဝန်ထမ်းဆောင်တာကို မရပ်ခဲ့ဘူး။

သုံးလေးရက်ကြာတော့ ကျွန်မရဲ့ အစ်ကို ပြန်ရောက်လာတယ်။ ကျွန်မက သူ့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံပြီး စုဝေးပွဲတွေတက်ဖို့ ဖိတ်တယ်။ သူက ကျွန်မဖိတ်တာကို လက်ခံတယ်။ ဒါပေမဲ့ နောက်ကျတော့ ကျွန်မအဖေက သိသွားပြီး သူ့ကို တားဆီးတာ၊ နှောင့်ယှက်တာတွေ လုပ်လာတယ်။ အဲဒါနဲ့ ကျွန်မအစ်ကိုက စုဝေးပွဲတွေကို မတက်တော့ဘူး။ ကျွန်မကိုလည်း အဖေက ကျွန်မမိသားစုကို နောက်ထပ် ဧဝံဂေလိမဟောဖို့ သတိပေးတယ်။ ကျွန်မ နည်းနည်းဝမ်းနည်းမိတယ်။ ဒါပေမဲ့ ဒါက အပြင်ပန်းမှာ ကျွန်မအဖေရဲ့ တားဆီးမှုဖြစ်ပေမဲ့ တကယ်တမ်းမှာ စာတန်ရဲ့နှောင့်ယှက်မှုဖြစ်တယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်မ စိတ်ငြိမ်အောင်လုပ်တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ ဒါကိုဖတ်ရတယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့်ကြုံလျှင် မူရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အမြစ်စွဲခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) “လူတို့သည် အခြားသူများကို အဘယ်အခြေခံသဘောတရားဖြင့် ဆက်ဆံဖို့ ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသနည်း။ ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး ဘုရားသခင် မုန်းသည့်အရာကို မုန်းလော့။ ဤသည်မှာ လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံသဘောတရားဖြစ်သည်။ သမ္မာတရား လိုက်စားပြီး သူ၏အလိုတော်ကို နာခံနိုင်သည့်သူများကို ဘုရားသခင်ချစ်သည်။ ငါတို့ချစ်သင့်သည့် လူများလည်း ရှိသည်။ ဘုရားသခင်၏အလိုတော်ကို မနာခံနိုင်သည့်၊ ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်ပုန်ကန်သည့်သူများ— ဤလူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသကဲ့သို့၊ ငါတို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည့်အရာဖြစ်သည်။ သင့်မိဘများသည် ဘုရားသခင်ကို မယုံကြည်ပါက၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လမ်းမှန်ဖြစ်သည်၊ ကယ်တင်ခြင်းသို့ ဦးတည်နိုင်သည်ဆိုသည်ကို ၎င်းတို့က ကောင်းစွာသိသည့်တိုင်အောင် လက်ခံရန်အသင့်မရှိဘဲနေလျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်သောသူ၊ သမ္မာတရားကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ၎င်းတို့သည် ဘုရားကို အာခံသော၊ မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်က ၎င်းတို့ကို အလိုအလျောက်ပင် မုန်းတီးစက်ဆုပ်သည်။ ထိုသို့သော မိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်တတ်သကဲ့သို့ ပုတ်ခတ်ဝေဖန်တတ်သည်— ဤသို့ဖြစ်ပါက ၎င်းတို့သည် မကောင်းဆိုးဝါးများ၊ စာတန်များဖြစ်သည်။ သင်ရော ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး ကျိန်နိုင်သလော။ ဤအရာအားလုံးသည် စစ်မှန်သော မေးခွန်းများဖြစ်သည်။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင့်အား ဟန့်တားပါက၊ သင်သည် ၎င်းတို့ကို အဘယ်သို့ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုထားသကဲ့သို့ပင်၊ ဘုရားသခင် ချစ်သည့်အရာကို သင်ချစ်ပြီး ဘုရားသခင်မုန်းတီးသည့်အရာကို သင်မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ ‘ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။’ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။’ (ရှင်မဿဲခရစ်ဝင် ၁၂:၄၈၊ ၅၀) ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းနေသည်။ ‘ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။’ ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ် အဓိပ္ပာယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့ကတည်းက ကျွန်မအဖေရဲ့ အပြုအမူအမျိုးမျိုးကို ပြန်အမှတ်ရမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သူ့ကို ခဏခဏဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံတယ်။ ကျွန်မအဖေက ကျွန်မကို ပြန်မချေပနိုင်ရင်တောင် သူ့အယူအဆတွေကို စွဲကိုင်ထားပြီး လုံးဝ မလေ့လာဘူး။ ဘုရားရဲ့အမှုတော်ကို ငြင်းဆန်ပြီး ရှုတ်ချတယ်။ ကျွန်မနဲ့ တခြားလူတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားတယ်။ ကျွန်မအဖေက ကျွန်မတို့ကို ဆန့်ကျင်ပြီး ဖိနှိပ်တာက သူဟာ သမ္မာတရားကို မချစ်တာကြောင့်ပဲဆိုတာ ကျွန်မ အခု ရှင်းရှင်းလင်းလင်းမြင်သွားတယ်။ သမ္မာတရားကို သူမုန်းတီးတယ်။ သူက သခင်ယေရှုကို အာခံခဲ့တဲ့ ဖာရိရှဲတွေလိုပဲ။ ဖာရိရှဲတွေက သခင်ယေရှုက အမှုတော်အသစ်ကို ပြုဖို့ ကြွလာတာကို ကြားတဲ့အခါ ရှာဖွေစုံစမ်းရမယ့်အစား အာခံပြီး ရှုတ်ချတယ်။ ဒါက သမ္မာတရားကို မုန်းတီးပြီး ဘုရားကို အာခံတဲ့ သူတို့ရဲ့ သဘာဝကို လုံးဝ ဖွင့်ပြတယ်။ ကျွန်မအဖေက ဘုရားသခင်ကို ယုံကြည်တာ နှစ် ၃၀ ကျော်ပြီ။ ဒါပေမဲ့ သခင်ယေရှု ပြန်ကြွလာတာကို ရင်ဆိုင်ရတော့ သူက ဘာသာရေးအယူအဆတွေကို ခေါင်းမာမာနဲ့ စွဲကိုင်ထားတယ်။ လေ့လာဖို့ ဆန္ဒမရှိဘူး။ ဘုရားအသံကို နားထောင်ဖို့ ငြင်းဆန်ပြီး ကျွန်မတို့ကို တားဆီးဖို့ ကြိုးစားတယ်။ သူက ကျွန်မတို့ကို ဆန့်ကျင်တာမဟုတ်ဘူး။ သမ္မာတရားနဲ့ ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပါ။ သူက ဘုရားရဲ့ သိုးမဟုတ်ဘူး။ ဘုရားသခင်က သူ့ကို လက်မခံဘူး။ ကိုယ်က သခင့်ကို ဘယ်လောက်ကြာတဲ့အထိ ယုံကြည်ခဲ့တယ်၊ ကိုယ်က အဆင့်အတန်းရှိသလား၊ ကျမ်းစာကို ဘယ်လောက်ကောင်းကောင်းသိတယ်ဆိုတာတွေကို ဘုရားက ဂရုမစိုက်ဘူး။ ကိုယ်က သမ္မာတရားကို နှိမ့်ချစွာနဲ့ ရှာဖွေနိုင်သလား၊ ဘုရားရဲ့ အသံကို နားလည်သဘောပေါက်ပြီး ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို လက်ခံသလားဆိုတာကို ဘုရားက ကြည့်ပါတယ်။ ကျွန်မအဖေက ဘုရားကို တကယ်ယုံကြည်ပြီး သမ္မာတရားကို ရှာဖွေသူမဟုတ်ဘူး။ သခင့်ကို သူယုံကြည်တာ ဘယ်လောက်ကြာသည်ဖြစ်စေ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သူ လက်မခံရင် ဒီလိုမျိုး အာခံရှုတ်ချရင် ဘုရားရဲ့ ကယ်တင်ခြင်းကို လုံးဝ ရမှာမဟုတ်ဘူး။ ဘုရားက ရှုတ်ချပြီး ကျိန်ဆဲတာကို ခံရမှာပဲ။ ကျွန်မကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြခဲ့တာ၊ သမ္မာတရားတချို့ကို နားလည်စေတာ ကျွန်မအဖေရဲ့ သဘာဝနဲ့ အနှစ်သာရကို ရိပ်စားမိလာစေတာက ဘုရားနှုတ်ကပတ်တော်ပါ။ စိတ်ခံစားချက်နဲ့ ကျွန်မ ဆက်ပြီး ပြုမူလို့ မဖြစ်တော့ဘူး။ သမ္မာတရားစည်းမျဉ်းတွေနဲ့ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကျွန်မ လုပ်ဆောင်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းကို ထိန်းသိမ်းရမယ်။ ဘုရားကို သစ္စာရှိရမယ်။

ဒီပတ်ဝန်းကျင်ကို ကျွန်မ ကြုံတွေ့ပြီးတဲ့နောက်မှာ ကျွန်မအဖေကို ပိုပြီး ရိပ်စားမိလာတယ်။ သူ ကျွန်မကို တားဆီးတဲ့အချိန်တိုင်းမှာ ကျွန်မ ဘုရားကို ဆုတောင်းပြီး အားကိုးတယ်။ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကိုကူညီဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မနဲ့ ဝေမျှတယ်။ ဒါကြောင့် ဘုရားအလိုတော်ကို ကျွန်မ နားလည်ပြီး ဘုရားနောက်ကိုလိုက်ဖို့ ယုံကြည်ခြင်းရခဲ့ပါတယ်။ ဘုရားရဲ့ ချစ်ခြင်းကို ခံစားရတာကြောင့် ကျွန်မ အရမ်းပျော်တယ်။ ဘုရားကို အရမ်းကျေးဇူးတင်တယ်။ အဲဒီနောက်မှာ အဖေက ကျွန်မကို တားဆီးနှောင့်ယှက်တော့ ကျွန်မက စိတ်မကျဉ်းကျပ်တော့ဘူး။ ကျွန်မ သူနဲ့ ရင်ဆိုင်ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ယုံပြီး စုဝေးပွဲတွေတက်မယ်၊ ကျွန်မတာဝန်က ဘာဆိုတာ ကျွန်မသိတယ်၊ ကျွန်မတာဝန်ကို ဦးစားပေးရမယ်၊ ဧဝံဂေလိဖြန့်ဝေပြီး ကျွန်မတာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်လို့ ပြောနိုင်ခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်တယ်။ “ယနေ့တွင် ငါ၏အလို‌တော်ကို လုပ်ဆောင်နိုင်သော မည်သူ့ကိုမဆို၊ ငါ၏ဝန်ထုပ်ဝန်ပိုးများကို အရေးထားသော မည်သူ့ကိုမဆိုနှင့် စစ်မှန်သော နှလုံးသားတစ်ခု၊ ရိုးသားမှုဖြင့် မိမိတို့၏အရာအားလုံးကို ငါ့အတွက် ပေးနိုင်သည့် မည်သူ့ကိုမဆို ငါချစ်၏။ ငါသည် ထိုသူတို့ကို အဆက်မပြတ် အသိဉာဏ်ပွင့်လင်းစေလိမ့်မည်ဖြစ်ပြီး ငါ့ထံမှ တစ်စတစ်စ လက်လွတ်ဆုံးရှုံးစေလိမ့်မည် မဟုတ်ပေ။ ‘ငါ့အတွက် ရိုးသားစွာ အသုံးခံသော သူတို့အဖို့ ငါသည် သင်တို့ကို ဧကန်အမှန်ပင် ကြီးကျယ်စွာ ကောင်းချီးပေးအံ့’ ဟု မကြာခဏ ငါပြောသည်။ ‘ကောင်းချီးပေးသည်’ ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ သင်သိသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် စပ်လျဉ်း၍ ၎င်းသည် သင့်ထံ ငါပေးသော ဝန်ထုပ်ဝန်ပိုးများကို ရည်ညွှန်းသည်။ အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်နိုင်သူအားလုံးနှင့် ငါ့အတွက် သူတို့ကိုယ်သူတို့ ရိုးသားစွာ ဆက်ကပ်သူအားလုံးအတွက် သူတို့၏ ဝန်ထုပ်ဝန်ပိုးများနှင့် သူတို့၏ အလွန်စိတ်ထက်သန်မှုတို့သည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။ ထပ်လောင်းအနေဖြင့် သူတို့ထံ ငါ၏ထုတ်ဖော်ခြင်းများသည်လည်း ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈၂)) “ထကာ ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်လော့။ ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသူ မည်သူကိုမဆို ငါသည် ဧကန်မုချ တော်ရိလျော်ရိ ဆက်ဆံမည် မဟုတ်။ ငါ့ထံ မိမိတို့ကိုယ်ကိုယ် လေးလေးနက်နက် ဆက်ကပ်သောသူတို့အတွက်မူ၊ သင့်အပေါ် ငါ၏ ကောင်းချီးမင်္ဂလာများအားလုံးကို ငါ အပ်နှင်းမည်။ ငါ့ထံ သင်ကိုယ်သင် အပြည့်အဝ ဆက်ကပ်လော့။ သင် စားသည့်အရာ၊ ဝတ်သည့်အရာနှင့် သင်၏ အနာဂတ် အားလုံးသည် ငါ၏ လက်ထဲတွင် ရှိ၏။ ဘယ်သောအခါမျှ သုံးကုန်မည်မဟုတ်သည့် မဆုံးနိုင်သော ပျော်မွေ့မှုကို သင် ရရှိဖို့အလို့ငှာ အရာရာကို သင့်တင့်လျောက်ပတ်စွာ ငါ စီစဉ်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ငါက၊ ‘ငါ့အတွက် ရိုးသားစွာ အသုံးခံသော သူတို့အဖို့၊ ငါသည် သင့်ကို ဧကန်အမှန်ပင် ကြီးစွာသော ကောင်းချီးပေးမည်။’ ဟု ဆိုလေပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းချီးမင်္ဂလာများ အားလုံးသည် ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသည့် လူတိုင်းထံ ရောက်လာလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၀)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ တာဝန်ခံယူမှုရှိပြီး ရိုးသားစစ်မှန်ခြင်းက အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မေးတယ်။ “ငါက နိုင်ငံတော်ဧဝံဂေလိတရားဟောဖို့ တကယ် ဆက်ကပ်အပ်နှံထားသလား။ ဘုရားရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ငါ့တာဝန်ကို ထမ်းဆောင်ပြီးပြီလား” ပေါ့။ ကျွန်မအဖေက ကျွန်မစုဝေးပွဲတွေနဲ့ တာဝန်အတွက် အိမ်မှာပိုပြီးအချိန်ကုန်ခွင့်ပေးမှာမဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ သူက ကျွန်မကို အမြဲတမ်း တားဆီးနှောင့်ယှက်ဖို့ ကြိုးစားနေလို့လေ။ ကျွန်မက ဧဝံဂေလိအလုပ်အပေါ် ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ စိတ်နှစ်လုပ်ချင်ရင် ဧဝံဂေလိဟောဖို့အတွက် အိမ်ကနေထွက်ပြီး တခြားတစ်နေရာရာကို သွားရမယ်။ ဘုရားသခင်က နိုင်ငံတော် ဧဝံဂေလိတရားကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပျံ့နှံ့စေချင်တယ်။ နောက်ဆုံးသောကာလမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို လူတွေ ပိုပိုပြီးရလာနိုင်အောင်ပေါ့။ ဘုရားရဲ့အသံကို လူတွေပိုပြီးတော့ ကြားနိုင်ပြီး သခင့်ကို ကြိုဆိုနိုင်ဖို့အတွက် ဘုရားရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို ဖြန့်ဖို့ ကျွန်မမှာ တာဝန်ရှိတယ်။ အဲဒါနဲ့ ကျွန်မအထုပ်အပိုးတွေနဲ့ အိမ်ကနေထွက်ခဲ့ပြီး တခြားမြို့တစ်မြို့ကို သွားတယ်။ နောက်ဆုံးတော့ ဧဝံဂေလိဟောဖို့ ကျွန်မ လွတ်လပ်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်ုပ်ကို အဘယ်သူ တားဆီးနေသနည်း။

ကျွန်မ ကက်သလစ် အသင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ကျွန်မ ငယ်ရွယ်တုန်းက ကက်သလစ် ကျောင်းကို တက်ခဲ့ပြီး အသင်းတော် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ...

ကျွန်မ မိုက်မဲသော သတို့သမီးတစ်ဦး ဖြစ်လာလုနီးပါး ဖြစ်ခဲ့ပုံ

လီဖန်း၊ တရုတ်နိုင်ငံ၂၀၀၂ ခုနှစ်၏ ဆောင်းဦးရာသီတွင်၊ ကျွန်မ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော သမ္မာတရား အသင်းတော်မှ အစ်မ ကျောက်က ကျွန်မကို သခင့်၏...

အလင်းရောင်ကို မြင်ဖို့ မြူကို ထိုးဖောက်ထွက်ခြင်း

ရှင်းရှင်၊ တရုတ်ပြည်ကျွန်တော်က သာမာန်အလုပ်သမားတစ်ယောက် ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အကုန်တွင်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော်နှင့်...

မိသားစု၏ အကျဉ်းသား ကျွန်ုပ်

ကျင့်ရွှင် ထိုင်းနိုင်ငံ ၂၀၁၉မှာ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေဖတ်ရင်း အနန္တတန်ခိုးရှင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။