ဤလမ်းကြောင်းပေါ် ကျွန်ုပ် ဆုံးဖြတ်ချက်ခိုင်မာသည်

22.05.2022

ဟန်ချန် တရုတ်နိုင်ငံ

ဟိုတစ်နှစ်က ဧဝံဂေလိဟောမှုနဲ့ အစ်မအဖမ်းခံရတယ်။ အစ်မကို ကွန်မြူနစ်ပါတီက အစွန်းရောက်ဂိုဏ်းကို စုစည်းအသုံးပြုပြီး ဥပဒေစိုးမိုးရေးကို ထိခိုက်စေမှုနဲ့ ထောင်သုံးနှစ်ချခဲ့တယ်။ အစ်မပြန်လွတ်လာတော့ စုဝေးပွဲတွေကို ပြန်တက်ပြီး ကိုယ့်တာဝန်တွေ ပြန်ထမ်းနိုင်ပြီ ထင်ခဲ့တာ။ အစ်မကို ရဲတွေက ဆက်စောင့်ကြည့်ပြီး လွတ်လပ်ခွင့် ကန့်သတ်မယ်လို့ မထင်ခဲ့ဘူး။ အိမ်ထောင်စုစာရင်းလုပ်ဖို့ အမေတို့နဲ့ ရဲစခန်းလိုက်သွားတော့ တာဝန်ကျရဲအရာရှိက အစ်မကို ခပ်ကြမ်းကြမ်းပဲ ပြောတယ်လေ။ “ဒီနယ်မြေကနေ မင်းထွက်သွားချင်ရင် ငါ့ကို လာသတင်းပို့ရမယ်။ ဒီမြို့ကနေ ထွက်သွားခွင့်ရယ်၊ ပြည်ပထွက်ခွာခွင့်ရယ်ကို ငါးနှစ်ပိတ်လိုက်ပြီ။ မင်းယုံကြည်သက်ဝင်ခွင့်လည်း မရှိဘူး။ ဘာသာရေးစုဝေးပွဲတွေ သွားတဲ့သတင်းရရင် ထောင်တန်းချပစ်မယ်။ အဲဒီအခါ လုံးဝပြန်မလွတ်ဘူးသာမှတ်” တဲ့။ အဲဒီစကား ကြားရတော့ အမေတို့က အစ်မထပ်အဖမ်းခံရမှာ ကြောက်ပြီး အစ်မလတ်ကို ဒေါက်ထောက်ကြည့်ခိုင်းတာ။ နှုတ်ကပတ်တော် မဖတ်အောင်နဲ့ ညီအစ်ကိုမောင်နှမတွေကို မဆက်သွယ်အောင်လို့ပေါ့။ အစ်မလတ်က ညီမအတွက် အရောင်းစာရေးအလုပ် ရှာပေးခဲ့တယ်။ ညီမအိမ်ပြန်နောက်ကျတာနဲ့ သူဖုန်းဆက်မေးတော့တာပဲ။ “နင်ဘယ်မှာလဲ။ ဘာလုပ်နေလဲ” ပေါ့။ တစ်ကြိမ်ဆို တက်ဘလက်နဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်နေတုန်းမှာ အစ်မလတ်က ရိပ်မိသွားပြီး နှုတ်ကပတ်တော် ဖတ်နေတာလားလို့ အတင်းလာမေးတယ်လေ။ တက်ဘလက်ကိုတောင် လုယူဖို့ လုပ်သေးတယ် ဝတ္ထုဖတ်နေတာပါလို့ အမြန်ပြောချလိုက်မှပဲ သူမနှောင့်ယှက်တော့တာ။ နောက်ပိုင်းတော့ သူအိပ်ပျော်ပြီးသွားမှပဲ စောင်အောက်မှာ နှုတ်ကပတ်တော်ကို ခိုးဖတ်ခဲ့ရတယ်။ စုဝေးပွဲတွေကိုလည်း အလုပ်ပြီးမှ ခိုးသွားခဲ့ရတာ။

တစ်ရက်တော့ အစ်မချရေးထားတဲ့ နှုတ်ကပတ်တော်တချို့ကို သူတွေ့သွားပြီး စစ်မေးတော့တာပဲ။ “နင်အခုထိယုံပြီး စုဝေးပွဲတက်တုန်း မဟုတ်လား” တဲ့။ အစ်မဒေါသတကြီး ဖြေလိုက်တယ်။ “ဘုရားကို ယုံပြီး ကိုးကွယ်တာက မှန်ကန်ပြီး သဘာဝကျတာပဲ ညီမကို လာမနှောင့်ယှက်နဲ့” ပေါ့။ ဒီတော့ အစ်မကြီးကို သူဖုန်းပြေးဆက်တော့တာပဲ။ အစ်မကြီးက ကားနဲ့ရောက်ချလာပြီး အိမ်ထဲဝင်ဝင်ချင်းပဲ ညီမကို ပါးချရင်း အော်မေးတယ်လေ။ “နင်အတင့်ရဲပြီး ယုံကြည်နိုင်သေးတယ်ပေါ့။ နင့်ယုံကြည်မှုကြောင့် နင်ထောင်ကျပြီးပြီ။ အမေလည်း အဲဒီကိစ္စကြောင့် နေ့တိုင်း ချုံးပွဲချ ငိုခဲ့ရတယ်။ နင်ထောင်ပြန်ချခံရရင် အမေဘယ်လိုဖြစ်သွားမလဲ စဉ်းစားကြည့်။ ဒီဘုရားကိစ္စ စွန့်ပြီး အမေ့ကို နည်းနည်းမညှာပေးနိုင်ဘူးလား” တဲ့။ သူ့စကားကို ကြားလိုက်ရတော့ လုံးဝစိတ်မထိန်းနိုင်ခဲ့ဘူး။ မျက်ရည်တွေလည်း ဒလဟော စီးကျလာတာပဲ။ အမေက အစ်မကို ကလေးကတည်းက သိပ်ချစ်ခဲ့တာ အခု ကိုယ်အရွယ်ရောက်လာတော့ သူစိတ်ပူအောင် လုပ်နေမိတယ်လေ။ အစ်မသာ ထပ်အဖမ်းခံရရင် သူခံနိုင်ပါ့မလား မသိဘူး။ နည်းနည်းစိတ်အားလျော့လာလို့ သမီးစိတ်နှလုံးကို ကာကွယ်ပေးပါဆိုပြီး ဘုရားကို အမြန်ဆုတောင်းခဲ့တယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို တွေ့ခဲ့ရတာပဲ။ “ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဟုတ်တယ်။ ထွက်သက်၊ ဝင်သက်မှန်သမျှက ဘုရားဆီက လာတာပဲ။ အစ်မကြီးပြင်းလာအောင် သူစောင့်ရှောက်ပြီး ကာကွယ်ပေးနေခဲ့တာ။ ကြင်နာပြီး ကူညီဖော်ရတဲ့ လူမှန်သမျှ၊ အထူးသဖြင့် မိဘတွေရဲ့ မေတ္တာနဲ့ စောင့်ရှောက်မှုတွေက ဘုရားသခင်စီစဉ်ပေးထားတာတွေပဲ။ ဘုရားကို ကျေးဇူးတင်ပြီး သူ့မေတ္တာကို ပြန်ဆပ်ရမယ်။ ဘုရားကို ငြင်းပယ်တာ သစ္စာဖောက်တာက ယုတ္တိမတန်ရာကျမှာပဲ။ အစ်မပြန်တွေးမိတယ် ဘုရားကို ယုံကြည်လို့ ထောင်ချခံခဲ့ရတာတွေ၊ အမေစိတ်ဖိစီးပြီး ကျန်းမာရေး ယိုယွင်းလာတာတွေကိုပေါ့။ ဒါတွေအားလုံးက ကွန်မြူနစ်ပါတီကြောင့်ပဲ မဟုတ်လား။ သူတို့သာ ညီမကို မဖမ်းဆီး မနှိပ်စက်ခဲ့ရင် ညီမမိဘတွေလည်း ကြောက်စရာလိုမှာ မဟုတ်ဘူး။ ကွန်မြူနစ်ပါတီက အစ်မကို ဘုရားအပေါ် သစ္စာဖောက်စေချင်တာ။ သူတို့အကြံ အောင်မြင်ခွင့် မပေးနိုင်ဘူး။ ဒီလိုတွေးမိတော့ သန္နိဋ္ဌာန်ပြန်ခိုင်သွားတယ်။ မိသားစုက ဘယ်လောက်ဟန့်တားပါစေ၊ ဘုရားကို ယုံပြီး သူ့နောက်လိုက်မှဖြစ်မှာ သိလိုက်တယ်။ အဲဒီနောက်တော့ အလုပ်ဆက်လုပ်ရင်း စုဝေးပွဲလည်းတက်၊ ဧဝံဂေလိလည်း ဝေမျှခဲ့တယ်။

၂၀၁၇ ဖေဖော်ဝါရီလ တစ်မနက်မှာ အလုပ်သွားဖို့ အသင့်ပြင်နေတုန်း မသိတဲ့ နံပါတ်တစ်ခုကနေ ဖုန်းဝင်လာတယ်လေ။ ဖုန်းဆက်တဲ့သူက ဒီလိုပြောတယ်။ “ငါက နိုင်ငံရေးနဲ့ ဥပဒေရုံးက ဌာနမှူးပဲ။ နောက်နှစ်ရက်အတွင်း ဒီကိုလာပြီး ဘုရားကို မင်းမယုံကြည်ကြောင်း လက်မှတ်လာထိုး။ ဖမ်းခံရပြီး ပြန်လွတ်လာတဲ့ တခြားနယ်ခံယုံကြည်သူအကုန် လက်မှတ်ထိုးပြီးပြီ၊ မင်းပဲ ကျန်တယ်” တဲ့။ အဲဒီစကား ကြားလိုက်ရတော့ အစ်မဖြင့် ဒေါသူပုန်ထသွားတာပဲ။ ကိုယ့်ယုံကြည်မှုအရ စုဝေးပွဲတက်ပြီး နှုတ်ကပတ်တော် ဖတ်ရုံလေးပဲကို။ အဲဒါကို သူတို့က ထောင်ချပြီး နှိပ်စက်တဲ့အပြင် အယူဝါဒရိုက်သွင်းဖို့ပါ လုပ်သေးတယ်။ အခု ပြန်လွတ်လာတော့လည်း ဆက်စောင့်ကြည့်ခံနေရတုန်းပဲ။ ယုံကြည်ခွင့်၊ စုဝေးခွင့် မပေးဘူး။ ယုံကြည်မှု စွန့်လွှတ်ကြောင်းတောင် အတင်းလက်မှတ်ထိုးခိုင်းတယ်။ တကယ်စက်ဆုပ်ဖို့ကောင်းပြီး ယုတ်မာကြတာပဲ။ ဒါပေမဲ့ ဒီလိုတွေးမိသွားတယ်။ လက်မှတ်မထိုးဘူးလို့ ပြောလိုက်ရင် အစ်မကို အလုပ်ခွင်မှာ သူတို့လာဖမ်းပြီး ထောင်ပြန်ချလိမ့်မလားပေါ့။ ထောင်ပြန်ကျပြီး လူမဆန်တဲ့ ဘဝမျိုးနဲ့ နေရမှာ မလိုချင်ခဲ့ဘူး။ ဒီတော့ ဒီလိုပြောလိုက်တယ်။ “လာမဲ့နှစ်ရက်အတွင်း အလုပ်များနေလို့ အချိန်မရှိဘူး။ ရက်အနည်းငယ်အတွင်း လာပါ့မယ်” ပေါ့။ အံ့သြစရာက နောက်မနက်မှာပဲ အဲဒီဌာနမှူးက မက်ဆေ့ပို့လာတယ်လေ။ “မင်းရဲ့ကျန်းမာရေးအာမခံကတ် ထွက်လာပြီ။ ဒီနေ့ လာဝင်ယူလှည့်” တဲ့။ အဲဒီမက်ဆေ့ကို ကြည့်ပြီး စဉ်းစားမိတယ်။ “ဒီကတ်မျိုး ငါလုံးဝမလျှောက်ဖူးပါဘူး။ ဒါက စာတန်ရဲ့ လှည့်ကွက်များလား” ပေါ့။ ဘုရားသခင်ပြောထားတာကို တွေးမိသွားတယ်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သိရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇)) စာတန်မှာ လှည့်ကွက်အများကြီး ရှိတာကို နှုတ်ကပတ်တော်က သတိရစေခဲ့တယ်။ အစ်မကလွဲလို့ ဖမ်းခံရပြီး ပြန်လွတ်လာတဲ့ နယ်ခံယုံကြည်သူအားလုံးက လက်မှတ်ထိုးပြီးပြီဆိုပြီး အဲဒီဌာနမှူးက အစ်မလာအောင် လိမ်တာလေ။ အဲဒီလှည့်ကွက်က မအောင်မြင်တော့ ကျန်းမာရေးအာမခံကတ်နဲ့ မျှားတာပဲ။ သူတို့က တကယ်ပါးနပ်ကြတယ်။ အားလုံးကို သေချာစဉ်းစားပြီး မသွားဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အဖေက အလုပ်ခွင်ကို အမောတကောနဲ့ ရောက်လာပြီး ဒီလိုပြောတယ်လေ။ “မနေ့ည ဌာနမှူးက မိုးလင်းတာနဲ့ သူ့ရုံးကို လာခဲ့ဖို့ ငါ့ကို ဖုန်းဆက်ခေါ်တယ်။ မြို့တော်က နင်ယုံကြည်သက်ဝင်နေတုန်းလားဆိုတာ အထူးစုံစမ်းစစ်ဆေးနေတယ်တဲ့။ နင်မယုံကြည်ကြောင်း စာချုပ်လက်မှတ်ကို ထိုးမယ်ဆိုရင် တခြားလူတွေလို နင်လည်း လူလိုသူလို နေသွားနိုင်မယ်။ နင့်ကို ဘယ်သူမှ မစောင့်ကြည့်ဘူး၊ လာလည်းမရှာတော့ဘူးတဲ့။ ဒါပေမဲ့ လက်မှတ်မထိုးရင် နင့်ကိုဖမ်းပြီး ထောင်မှာ ပုံစံပြန်သွင်းပစ်မယ်တဲ့။ အဖေပြောတာ နားထောင် နင့်ယုံကြည်မှုကို စွန့်ပြီး နင့်လက်မှတ်သာ သွားထိုးလိုက်ပါ” တဲ့လေ။ အဲဒါကို ကြားလိုက်ရတော့ မခံမရပ်နိုင်ဖြစ်ပြီး စက်ဆုပ်သွားတာပဲ။ အဖေ့ကို ဒီလိုပြောလိုက်တယ်။ “အဖေ ဘုရားကို ယုံကြည်တာက လမ်းမှန်ဆိုတာ အဖေသိတာပဲ။ ကပ်ဘေးတွေက အခုပိုဆိုးလာပြီ။ နောက်ဆုံးကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြနေတယ်။ အဲဒါ ယိုယွင်းမှုနဲ့ ကပ်ဘေးတွေကနေ လူတွေကို ဆေးကြောကယ်တင်ဖို့ပဲ။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို မဟားတရား လိုက်ဖမ်းပြီး နှိပ်စက်နေတယ်။ သူတို့ငရဲကျအောင်လို့ ဘုရားကို အတင်းသစ္စာဖောက်ခိုင်းနေတယ်။ သမီးလက်မှတ်ထိုးရင် ဘုရားကို သစ္စာဖောက်တယ်လို့ ဆိုလိုတာပဲ။ ဒါဆို အဆုံးသတ်ရောက်တဲ့အခါ သမီးချေမှုန်းဖျက်ဆီးခံရလိမ့်မယ်။ သမီးလက်မှတ်မထိုးနိုင်ဘူး” ပေါ့။ အဖေက ချောက်ချားသွားပြီး ဒီလိုပြောတယ်။ “နင်လက်မှတ်မထိုးရင် ရဲတွေက နင့်ကို ထောင်တန်းချပစ်မှာ။ ထောင်ထဲမှာ နင်တကယ် ပြန်ဒုက္ခခံချင်တာလား။ နင့်အတွက်နင် မတွေးဘူးဆိုရင်တောင် နင့်ညီမအတွက် မတွေးပေးဘူးလား။ ကွန်မြူနစ်ပါတီက ယုံကြည်သူရဲ့ တစ်မိသားစုလုံးကို ဒုက္ခပေးတာ။ နင့်အစ်မလတ်ကိုကြည့်။ သာမန်တက္ကသိုလ်ဘွဲ့နဲ့ သူ့လိုလူက မူလတန်းကျောင်းကောင်းကောင်းမှာ အလုပ်တစ်ခု ရသင့်တာ။ ဒါပေမဲ့ နင့်ယုံကြည်မှုကြောင့် နိုင်ငံရေးစစ်ဆေးမှုမှာ သူကျသွားတယ်။ ရိုးရိုးကျောင်းမှာ သူအလုပ်ရဖို့တောင် နင့်ဝမ်းကွဲက ဆိုင်ရာပိုင်ရာကို ခလုတ်နှိပ်ပြီး ငွေအောတိုက်သုံးခဲ့ရတာ။ ရာထူးဝင်စာမေးပွဲ အောင်ထားတဲ့ နင့်ဝမ်းကွဲလည်း နင့်အဖွားက ယုံကြည်သူဖြစ်နေလို့ နိုင်ငံရေးစစ်ဆေးမှုမှာ ကျသွားတယ်။ ဒီနှစ် နင့်ညီမက သာမန်တက္ကသိုလ်ကနေ ဘွဲ့ရပြီးရင် အလုပ်ရှာတော့မှာ၊ နင်လက်မှတ်မထိုးရင် သူလည်း နိုင်ငံရေးစစ်ဆေးမှုမှာ ကျပြီး အလုပ်ကောင်း လုံးဝရမှာ မဟုတ်ဘူး။ သူ့ရှေ့ရေးကို နင်ဖျက်ဆီးနေရာ မကျဘူးလား။ အဖေပြောတာနားထောင် အံကြိတ်ပြီးသာ လက်မှတ်ထိုးလိုက်။ တိတ်တဆိတ် နင်ယုံကြည်လို့ မရဘူးလား။ ဘာလို့ သိပ်ခေါင်းမာရတာလဲ” တဲ့။ ချောင်ကျနေတဲ့ အဖေ့မျက်နှာရယ်၊ မျက်ရည်ဝဲနေတဲ့ သူ့အကြည့်တွေအပြင် သောကရောက်လွန်းလို့ ခြောက်နေတဲ့ သူ့နှုတ်ခမ်းကိုပါ မြင်ရတော့ သိပ်စိတ်ထိခိုက်ပြီး စိတ်နှစ်ခွဖြစ်ခဲ့တယ်။ လက်မှတ်ထိုးမယ်ဆိုရင်လည်း ဘုရားကို သစ္စာဖောက်မိပြီး သားရဲတံဆိပ် အခတ်ခံရမှာလေ။ ကယ်တင်ခြင်း မျှော်လင့်ချက် မရှိဘဲ စာတန်ရဲ့ လုံးဝဖမ်းတာကို ခံရမှာပဲ။ မထိုးဘူးဆိုရင်လည်း အဖမ်းခံရပြီး ထောင်ပြန်ကျလို့ နှိပ်စက်ခံရမှာ။ ကာယဝေဒနာခံရမှာ အသာထားဦး၊ အသေရိုက်သတ်ခံရရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ညီမလေးက နိုင်ငံရေးစစ်ဆေးမှု မအောင်ဘဲ သူ့ရှေ့ရေးက ထိခိုက်သွားရင် တစ်မိသားစုလုံးက အစ်မကို တစ်သက်လုံး မုန်းသွားကြတော့မှာ။ ဒါတွေ တွေးရတာက ရင်ဘတ်ကို ဓားစိုက်ခံလိုက်ရသလိုပဲ။ ဘာလုပ်ရမယ်မှန်း မသိခဲ့ဘူး။ အဖေ့ကို ဒီလိုပြောလိုက်တယ်။ “သမီးတွေးကြည့်လိုက်ပါ့မယ်” ပေါ့။ အဖေပြန်သွားပြီးနောက် ဘုရားကို မျက်ရည်စက်လက် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ရဲအဖမ်းခံရပြီး ထောင်ပြန်ကျလို့ နှိပ်စက်ခံရမှာကို သမီးကြောက်ပါတယ်။ တစ်မိသားစုလုံး ဆွဲသွင်းခံရမှာကိုလည်း စိတ်ပူတယ်။ သမီးအားနည်းလာပါပြီ။ အို၊ ဘုရားသခင်၊ သမီးကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ၊ သက်သေရပ်တည်ချက် ခိုင်မာဖို့ လမ်းပြပါ” ပေါ့။

ဆုတောင်းပြီးနောက် နှုတ်ကပတ်တော်တချို့ကို အမှတ်မထင် တွေ့သွားတယ်။ “လူတို့သည် ကယ်တင်ခြင်းကို မခံရသေးချိန်တွင်၊ ၎င်းတို့၏ အသက်တာများသည် စာတန်၏ ဝင်ရောက် နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရလေသည်။ တစ်နည်းအားဖြင့်၊ ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်အဖို့ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ စွန့်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောစရာ လုပ်ပိုင်ခွင့်မရှိကြသည့်အပြင်၊ ၎င်းတို့သည် ပြောစရာ ဂုဏ်သိက္ခာ မရှိကြပေ။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း၊ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ဖို့အလို့ငှာ၊ ထရပ်ကာ စာတန်နှင့် တိုက်မှသာ ထိုသို့ဖြင့် သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေကာ သူရဲဘောကြောင်လာစေပေသည်- ထိုအခါမှသာ သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည့်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း၊ စာတန် ရှုံးနိမ့်စေရန် သင့်အား အထောက်အကူပေးမည့် လက်နက်များဖြင့် အသင့်မပြင်ထားပါက၊ သင်သည် အန္တရာယ်ထဲ၌ ရှိလိမ့်ဦးမည်ဖြစ်သည်။ အချိန်ကုန်လွန်သည် နှင့်အမျှ၊ သင်သည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်စက်မျှ မကျန်ရှိသော်လည်း၊ သင်သည် သက်သေမခံနိုင်သေးသည့်အချိန်တွင်၊ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများမှ သင့်ကိုယ်သင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးချိန်တွင်၊ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အမှုပြီးဆုံးခြင်း ကြေညာသည့်အခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင်ဘဲ စာတန်၏ လက်တွင်း၌သာ ရှိနေဦးမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သင်သည် မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဆိုလိုချက်မှာ ထိုသို့သော လူများသည် စာတန်၏ အကျဉ်းချခံရခြင်းတွင် လုံးလုံးလျားလျား ရှိကြလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) နှုတ်ကပတ်တော်ကို ဆင်ခြင်ကြည့်တော့ သဘောပေါက်သွားတယ်။ ကွန်မြူနစ်ပါတီရဲ့ နှိပ်ကွပ်မှုနဲ့ မိသားစုအနှောင့်အယှက်က စာတန်ရဲ့ သွေးဆောင်တိုက်ခိုက်မှုတွေပဲပေါ့။ စာတန်သွေးဆောင်တာ ယောဘခံခဲ့ရချိန်ကို ပြန်တွေးမိတယ်။ သူပိုင်ဆိုင်သမျှ အကုန်အယူခံရပြီး သားသမီးတွေကိုပါ ဆုံးရှုံးခဲ့ရတယ်။ သူ့တစ်ကိုယ်လုံးလည်း အနာစိမ်းတွေ ပေါက်ခဲ့တာ။ ဇနီးကတောင် သူ့ကို တိုက်ခိုက်ပြီး ဘုရားကို စွန့်ပြီး သေလိုက်ဖို့ ပြောတယ်။ ဒါပေမဲ့ ယောဘက ဘုရားအပေါ် ယုံကြည်မှုနဲ့ ကြောက်ရွံ့မှုကို အမှီပြုလို့ သက်သေရပ်တည်ခဲ့တယ်။ ဘုရားကို မကျေမနပ်မပြောခဲ့သလို မငြင်းပယ်ခဲ့ဘဲ ဒီလိုတောင် ချီးမွမ်းခဲ့တယ်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္တု ၁:၂၁) ယောဘက စာတန်ရဲ့သွေးဆောင်မှုကို အနိုင်ယူရင်း ဘုရားအတွက် ထူးကဲတဲ့ သက်သေကို ခံခဲ့တယ်။ စာတန်ကို အရှက်ခွဲပြီး အနိုင်ယူခဲ့တာ။ ယောဘက လွတ်လပ်တဲ့လူ ဖြစ်သွားတယ်။ ထောင်ကနေ အစ်မပြန်လွတ်လာတဲ့နောက် ကွန်မြူနစ်ပါတီက မိသားစုကို သုံးပြီး ယုံကြည်မှုစွန့်ကြောင်း အတင်းလက်မှတ်ထိုးခိုင်းဖို့ လုပ်တာ။ အကြိမ်တိုင်း၊ အကြိမ်တိုင်းက စာတန်ရဲ့သွေးဆောင်မှုနဲ့ တိုက်ခိုက်မှုပဲ။ စာတန်က အစ်မရဲ့ မိသားစုချစ်စိတ်နဲ့ ညီမရှေ့ရေးအတွက် ပူပန်မှုကို သုံးလို့ ဘုရားကို သစ္စာဖောက်အောင် လုပ်တာ။ ဘုရားကို သစ္စာဖောက်ပြီး မိသားစုနဲ့ ဇာတိအကျိုးတွေကို ကာကွယ်လိုက်ရင် စာတန့်ကျော့ကွင်းထဲ ရောက်သွားမယ် မဟုတ်လား။ စာတန့်လှည့်ကွက်တွေမှာ မိသွားလို့မဖြစ်ဘဲ ယောဘပုံသက်သေနောက် လိုက်ပြီး ဘုရားကို သက်သေခံလို့ စာတန်ကို အရှက်ခွဲရမှာ သိခဲ့တယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြထားတဲ့ ဗီဒီယိုတစ်ခု တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စာတန်က မည်မျှပင် ‘အစွမ်းထက်’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်နှင့် ဆန့်ကျင်သည့်အချက်ကို ပံ့ပိုးခြင်းဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဒါကို ကြည့်မိတော့ ဘုရားရဲ့သြဇာအာဏာနဲ့ အချုပ်အခြာအာဏာအပေါ် ထိုးထွင်းအမြင်တချို့ ရခဲ့တယ်။ စာတန်က ဘယ်လောက်ပဲရက်စက်ပါစေ၊ ဘုရားလက်ထဲမှာဆို သူက အသုံးခံသက်သက် ဘုရားကို အစေခံရတဲ့ တန်ဆာပလာသက်သက်ပဲ။ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတာ ပြန်တွေးကြည့်ရင် ခန္ဓာအားနည်းချိန်မှာ ဘုရားနှုတ်ကပတ်တော်က အစ်မယုံကြည်ခြင်းကို ဖေးမပေးခဲ့တာ။ အခက်အခဲတစ်ခုစီတိုင်းမှာလည်း ပို့ဆောင်လမ်းပြပေးခဲ့တယ်။ အစ်မပြန်လွတ်လာတဲ့နောက် ကွန်မြူနစ်ပါတီက ဆက်စောင့်ကြည့်တုန်းပဲ။ သူတို့ရဲ့မဟုတ်တမ်းတရမ်းတွေ ယုံနေတဲ့ မိသားစုရဲ့ စောင့်ကြပ်တာလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ နှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကြောင့် သမ္မာတရားတချို့ကို နားလည်လာတယ်။ သွေးဆောင်မှုတစ်ခုပြီးတစ်ခု အနိုင်ယူခဲ့တယ်။ ဘုရားနောက်လိုက်ဖို့ ဆုံးဖြတ်ချက်လည်း ပိုခိုင်သွားတယ်။ ဒါတွေကတစ်ဆင့် စာတန်ဟာ ဘုရားက ရွေးချယ်ခံလူတွေကို စုံလင်စေဖို့ သုံးတဲ့ တန်ဆာပလာပဲဆိုတာ မြင်ခဲ့တယ်။ အစ်မကြောက်စရာ ဘာမှမရှိဘူး။ အရာရာကို ဘုရားအုပ်စိုးတယ်၊ လူတိုင်းရဲ့ ကံကြမ္မာကို သူတာဝန်ယူထားတာ။ ညီမရဲ့သေရေး၊ ရှင်ရေးက ဘုရားလက်ထဲမှာပဲ။ တခြားဘယ်သူမှ မဆုံးဖြတ်ပေးနိုင်ဘူး။ အစ်မညီမက အလုပ်ရှာနိုင်တာပဲဖြစ်ဖြစ်၊ သူ့ရှေ့ရေးက ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို ဘုရားကပဲ အဆုံးအဖြတ်ပေးတာ။ ကွန်မြူနစ်ပါတီက ကိုယ့်ကံကြမ္မာကိုတောင် ကိုယ်မထိန်းချုပ်နိုင်ဘူး။ ဒီတော့ အစ်မရဲ့သေရေး၊ ရှင်ရေးနဲ့ အစ်မညီမရဲ့ ရှေ့ရေးကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ။ တကယ်လို့ တစ်နေ့ ရဲတွေရဲ့ ဖမ်းဆီးနှိပ်စက်တာကို အစ်မခံရမယ်ဆိုရင်တောင် ဘုရားခွင့်ပြုလို့ပဲ ဖြစ်မှာ။ အစ်မဖြင့် ဘုရားကို အမှီပြုပြီး သက်သေရပ်တည်မှာပဲ။ ကိုယ့်အသက်ကို မြတ်နိုးတဲ့အပြင် မိသားစုအကျိုးကို တွေးပူပြီး ဘုရားကို သစ္စာဖောက်တဲ့ စာချုပ်လက်မှတ်ထိုးလိုက်ရင် အရှက်ရစရာ အမှတ်အသားဖြစ်သွားမှာ။ အသက်ဆက်ရှင်နေရင်တောင် အလောင်းကောင်နဲ့ ဘာမှမခြားလောက်ဘူး။ ဒါကို နှလုံးသွင်းပြီး အစ်မစိတ်တင်းလိုက်တယ်။ စာတန်ရဲ့ သွေးဆောင်တိုက်ခိုက်မှုတိုင်းကို ခုခံဖို့နဲ့ သက်သေအခိုင်အမာ ရပ်တည်လို့ စာတန်ကို အရှက်ခွဲဖို့ပေါ့။

အဲဒီည အိမ်ပြန်ရောက်တော့ အစ်မလတ်က ဟောက်တယ်လေ။ “နိုင်ငံရေးနဲ့ ဥပဒေရုံးက သုံးရက်အချိန်ပေးထားတာ မနက်ဖြန် နောက်ဆုံးနေ့ပဲ။ နင်လက်မှတ်ထိုးမှာလား၊ မထိုးဘူးလား။ အမေနဲ့အဖေက အသက်ကြီးနေပြီ။ သူတို့က နင့်ကို တစ်ချိန်လုံး စိတ်ပူနေရတယ်။ နင်ထောင်ကျနေတဲ့ သုံးနှစ်လုံး သူတို့က လုံးဝစားမဝင်အိပ်မပျော် ဖြစ်ခဲ့ရတာ။ အခု နင်ပြန်လွတ်လာတော့လည်း ယုံကြည်သူဖြစ်နေသေးတော့ သူတို့ပူပန်နေရတုန်းပဲ။ သူတို့စိတ်ပျက်လည်း ရတယ်လား။ နင့်မှာ အသိစိတ်ရော ရှိသေးရဲ့လား။ အဲဒါကို လက်မှတ်ထိုးလိုက်ရင် နင်သေသွားမှာလား” တဲ့။ ဒါဟာ စာတန်က မိသားစုကို သုံးပြီး ထပ်တိုက်ခိုက်နေတာပဲဆိုတာ သိခဲ့တယ်။ ဒီနှုတ်ကပတ်တော်ကို တွေးမိသွားတယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။ ငါ့ကို ကျေနပ်စေခြင်းဖြင့်၊ သင်သည် ထာဝရတည်ပြီး ရာသက်ပန်ဖြစ်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် သာ၍ပင် ပြည့်လိမ့်မည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားကို ယုံကြည်ခြင်းက လမ်းမှန်ပဲလို့ သိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို သစ္စာရှိရမယ်ဆိုတာရောပေါ့။ ကွန်မြူနစ်ပါတီက အစ်မ မယုံအောင်လုပ်ဖို့ မိသားစုကို လှည့်စား၊ ဖိအားပေးတာ။ ဒါက သမ္မာတရားကို မုန်းပြီး ဘုရားရန်သူဖြစ်တဲ့ ကွန်မြူနစ်ပါတီရဲ့ နတ်ဆိုးအဖြစ်အနေကို အသေအချာ ပြတာပဲ။ သူတို့ကို ညီမတူးတူးခါးခါး စက်ဆုပ်ပြီး ပယ်ချခဲ့တယ်။ ဘုရားကလည်း သူ့အပေါ် အစ်မရဲ့ယုံကြည်မှုနဲ့ ဆက်ကပ်မှုကို ဒီအခြေအနေတွေအောက်မှာ စမ်းသပ်နေခဲ့တာ။ တခြားလူတွေရဲ့ နားလည်မှုနဲ့ အားပေးမှုမရှိရင်တောင် သက်သေရပ်တည်ပြီး စာတန်ကို အရှက်ခွဲရမှာပဲ။ ဒီလိုတွေးမိတော့ အစ်မလတ်ကို ပြောလိုက်တယ်။ “အမေနဲ့အဖေက စားမဝင် အိပ်မပျော်ဖြစ်ပြီး အမြဲစိတ်ပူနေရတာက ဘယ်သူ့လက်ချက်လို့ထင်လဲ။ အားလုံးက ပါတီရဲ့လက်ချက်ပဲ မဟုတ်ဘူးလား။ ဘုရားကိုယုံပြီး လူကောင်းလုပ်၊ လမ်းမှန်လိုက်တာက မှန်ကန်ပြီး သဘာဝကျတယ်။ ဒါပေမဲ့ ပါတီက ညီမကို ဖမ်းရုံတင်မကဘူး၊ တစ်မိသားစုလုံးကိုပါ ဆွဲသွင်းပြီး ချောင်ပိတ်ဒုက္ခပေးခဲ့တာလေ။ ပါတီက လက်သည်တရားခံပဲ” လို့ပေါ့။ အဲဒီအချိန်မှာ အစ်မကြီးက ဖုန်းဆက်လာပြီး မရမက မေးတယ်။ “မနက်ဖြန် နင်လက်မှတ်သွားထိုးမှာလား မထိုးဘူးလား။ နင့်မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်။ ဘုရားကို မယုံကြောင်း လက်မှတ်ထိုးပြီး အလုပ်ဆက်လုပ်၊ ငွေရှာပြီး လူလိုသူလို နေသွားမလား။ လက်မှတ်မထိုးဘဲ ထောင်ချခံရမှာကို စောင့်မလား” တဲ့။ အပြတ်ပဲ ပြန်ဖြေလိုက်တယ်။ “ထောင်ပြန်ကျရမယ်ဆိုရင်တောင် အဲဒီစာချုပ်ကို လက်မှတ်မထိုးဘူး” လို့ပေါ့။ သူဒေါသတကြီး ဖုန်းချသွားတယ်။ အစ်မလတ်လည်း လျစ်လျူရှုသွားတာပဲ။

နောက်တော့ တာဝန်နဲ့ တခြားမြို့ကို ပြောင်းခဲ့ရတယ်။ စာတန်ရဲ့ ချည်နှောင်မှုတွေကို ဖယ်ရှားပြီး ဘုရားအတွက် ကိုယ်ရောစိတ်ပါ အသုံးခံခဲ့တယ်။ အခုဆို သုံးနှစ်ကျော် ရှိသွားပြီ။ အဲဒီအတွေ့အကြုံတစ်ခုလုံးကို ပြန်တွေးကြည့်မိတိုင်း နှလုံးသားထဲမှာ ငြိမ်သက်မှုကို ခံစားရတယ်။ ကိုယ့်ရွေးချယ်မှုတွေထဲမှာ အဲဒါက အကောင်းဆုံးပဲလို့ ခံစားရတယ်၊ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တန်ခိုးကြီးသော သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည်

ဂျုံးကျင် အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က...

ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်၏- လူကို အဘယ်ကြောင့် ကိုးကွယ်ရမည်နည်း

ယိုရှင်း တောင်ကိုရီးယားနိုင်ငံ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတဲ့အချိန်တုန်းက ကျွန်မတို့အဖွဲ့လုပ်တာ သိပ်မကောင်းဘူး။...

ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။