ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်ုပ်ကို အဘယ်သူ တားဆီးနေသနည်း။

03.04.2021

ကျွန်မ ကက်သလစ် အသင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ကျွန်မ ငယ်ရွယ်တုန်းက ကက်သလစ် ကျောင်းကို တက်ခဲ့ပြီး အသင်းတော် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ အမြဲ ပါဝင်ခဲ့တယ်။ ဆုတောင်းပွဲတွေ၊ မိတ်သဟာယတွေကို အပတ်တိုင်း ကျွန်မ သွားခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် တစ်လျှောက်မှာ ယဇ်ပုရောဟိတ်ရဲ့ တရားဒေသနာကနေ ကျွန်မ ဘာမှမရခဲ့သလို ကျွန်မမှာ အဖြေမရတဲ့ မေးခွန်းတွေ အများကြီး ရှိနေဆဲပဲ ဒါကြောင့် အဖြေရဖို့ ကျွန်မ အွန်လိုင်းမှာ ရှာခဲ့တယ်။

၂၀၁၈ ခုနှစ်၊ ဩဂုတ်လတုန်းက၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝက်ဘ်ဆိုက်ကို ကျွန်မ ကြည့်နေခဲ့တယ်၊ မြို့တော် ကျဆုံးလိမ့်မည်၊ ပြန်လာခဲ့သူ ဘယ်သူပါလဲ မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ၊ ကျမ်းစာအကြောင်း နက်နဲမှုကို ဖွင့်ပြခြင်း၊ ဘုရား နာမတော် ပြောင်းလဲပြီ၊ ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း၊ ကြီးမားသော ဘေးအန္တရာယ်ထဲက ချီဆောင်ခြင်း တို့လို ဧဝံဂေလိ ရုပ်ရှင်အများကြီးကို တွေ့ခဲ့ရတဲ့ အချိန်တုန်းကပေါ့။ ဒီ ရုပ်ရှင် ခေါင်းစဉ်တွေက ကျွန်မရဲ့ အာရုံကို ဖမ်းစားခဲ့တယ်။ “ငါ့ အသင်းတော်က အခု အရမ်းခြောက်ကပ်ပြီး ယဇ်ပရောဟိတ်တွေက ဟောင်းတဲ့အရာတွေပဲ ဟောကြတယ်။ ငါတို့ရဲ့ ဝိညာဉ်တွေကို အားမဖြည့်ပေးသလို သခင်ယေရှု ပြန်ကြွလာဖို့ ငါတို့အားလုံး တောင့်တနေကြတာ။ ဒီရုပ်ရှင်တွေက သခင့်ကို ကြိုဆိုဖို့ ကူညီကောင်းကူညီနိုင်မှာပဲ” လို့ တွေးမိခဲ့တယ်။ ‌နောက်ဆုံးတော့ ရုပ်ရှင်တွေကို ကျွန်မ ကြည့်မိပြီး ဇာတ်ကောင်ရဲ့ မိတ်သဟာယ အရေးကြီးတဲ့ အပိုင်းတွေအားလုံးကို မှတ်သားခဲ့တယ်။ သခင်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ ခရစ်တော်အနေနဲ့ ကြွလာပြီးပြီဖြစ်သလို သူဟာ သမ္မာတရားကို ဖော်ပြနေပြီး၊ လူကို တရားစီရင်ဖို့နဲ့ သန့်ရှင်းစေဖို့ အလုပ်လုပ်နေတယ်ဆိုတာကို ဒီရုပ်ရှင်တွေကနေ ကျွန်မ သိလိုက်ရတယ်။ ဘုရား နာမတော်တွေရဲ့ နက်နဲမှု၊ သူ့ရဲ့ လူ့ဇာတိခံယူခြင်း နက်နဲမှု၊ ကျမ်းစာနောက်က အမှန်တရား၊ စစ်မှန်သော ခရစ်တော်၊ စစ်မှန်သော လမ်းခရီးကို မှားသော လမ်းခရီးကနေ ဘယ်လို ခွဲခြားရမယ်၊ ဘယ်သူ့ကို ဘုရားကယ်တင်ပြီး၊ ဘယ်သူ့ကို ဖယ်ရှင်းတယ်၊ ကောင်းကင်နိုင်ငံထဲကို ဘယ်သူ ဝင်နိုင်တယ်ဆိုတာနဲ့ နောက်ထပ်အကြောင်းအရာတွေကို ကျွန်မ သိခဲ့တယ်။ ဒီသမ္မာတရားတွေကို အရင်က ကျွန်မ တစ်ခုမှ မကြားဖူးဘူး။ ကျွန်မရဲ့ မေးခွန်းအများကြီးအတွက် အဖြေတွေလည်း တွေ့ခဲ့ပြီး၊ ကျွန်မ ဝိညာဉ် ဝဲပျံသလို တကယ် ခံစားခဲ့ရတယ်။ အွန်လိုင်းကို ခြောက်လ ကြည့်ပြီးတဲ့နောက်၊ အဲဒါ ဘုရားအသံတော်‌ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြန်ကြွလာပြီလို့ ကျွန်မ သေချာလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ပျော်ပျော်ပဲ ကျွန်မ လက်ခံခဲ့တယ်။

၂၀၁၉ ခုနှစ်၊ မတ်လ၊ ရက်တစ်ရက်မှာ ကျွန်မက ဖေ့စ်ဘုတ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့၊ ရုပ်ရှင်တွေနဲ့ ဓမ္မတေးတွေ မျှဝေနေတာကို မြင်တော့ ကျွန်မ ဝမ်းကွဲညီမက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ အခု ယုံကြည်မှန်း သိသွားခဲ့တယ်။ သူ ကျွန်မ အဖေဆီသွားပြီး အဲဒီအကြောင်း ပြောဖို့ နှစ်ယောက်သား ကျွန်မဆီ လာခဲ့ကြတယ်။ ကျွန်မရဲ့ ဝမ်းကွဲညီမနဲ့ အဖေက အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ အကြီးအကဲနဲ့ သင်းအုပ်ဆရာတွေဖြစ်မှန်း ကျွန်မ တွေးမိတော့၊ ကျွန်မ ကိုယ့်ဖာသာ လက်ခံတုန်းဖြစ်လို့ ဘုရားရဲ့ အမှုတော်သစ်ကို ကောင်းကောင်း သက်သေမခံနိုင်မှာ စိုးမိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရာကနေ ကျွန်မကို တားကြမှာ ကျွန်မ စိုးရွံ့ခဲ့တယ်။ ဒါကြောင့် စိတ်ထဲမှာ ဘုရားသခင်ဆီ တိတ်တဆိတ် ကျွန်မ ဆုတောင်းခဲ့တယ်။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဘယ်လိုသက်သေခံရမယ်ဆိုတာသိအောင် ပြောရမဲ့ မှန်ကန်တဲ့ စကားတွေပေးဖို့ ဆုတောင်းခဲ့တယ်။

မျက်နှတင်းတင်းနဲ့ ကျွန်မအဖေက မေးတယ်၊ “ဘာလို့ သမီးက သခင့်ကို မဟုတ်ဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သွားရတာလဲ” တဲ့။ အနန္တတန်ခိုးရှင် ဘုရား၊ နောက်ဆုံးသော ကာလ ခရစ်တော်အဖြစ်၊ သခင်ယေရှု ပြန်ကြွလာပြီ၊ သမ္မာတရားကို ဖော်ပြပြီးပြီဖြစ်သလို အမှုတော်ရဲ့ အဆင့်သစ်ကို ဆောင်ရွက်နေပြီး ဗျာဒိတ်ကျမ်းထဲမှာ ဟောကိန်းထုတ်ထားတဲ့ စာစောင်ငယ်ကို ဖွင့်လိုက်ပြီလို့ သူ့ကို ကျွန်မ ပြောခဲ့တယ်။ သူ့ကို ပိုပြီး ကျွန်မ လေ့လာစေချင်ခဲ့တယ်။ အဲဒီအစား၊ ကျွန်မအဖေက၊ စိတ်ဆိုးမာန်ဆိုးနဲ့ “အမှုသစ်၊ နှုတ်ကပတ်တော် အသစ်တွေ၊ ဟုတ်လား။ ဘုရားရဲ့ အမှုနဲ့ နှုတ်ကပတ်တော်တွေအားလုံးက ကျမ်းစားထဲမှာရှိတယ်။ ကျမ်းစာပြင်ပမှာ ဘုရားဆီက အမှုသစ်၊ နှုတ်ကပတ်တော်သစ်တွေ မရှိဘူး။ ကျမ်းစာကို ကျော်လွန်တဲ့ အရာဘယ်အရာမဆိုက မိစ္ဆာအယူလွဲတာပဲ။ အဲဒါကို နားမလည်ဘူးလား” တဲ့။ ကျွန်မ ဝမ်းကွဲညီမက ကျွန်မအဖေ ပြောခဲ့ပြီးတဲ့အရာကို သံယောင်လိုက်ပြောခဲ့တယ်။

ကျွန်မအဖေ စိတ်ဆိုးတာမြင်တော့၊ ကျွန်မ ငြိမ်ငြိမ်နေလိုက်ပြီး၊ “အဖေ၊ ဘုရားရဲ့ အမှုနဲ့ နှုတ်ကပတ်တော်တွေအားလုံးက ကျမ်းစားထဲမှာရှိတယ်၊ ကျမ်းစာပြင်ပမှာ ဘုရားရဲ့ နှုတ်ကပတ်တော်၊ အမှုတော် မရှိဘူး၊ ပြီးတော့ ကျမ်းစာကို ကျော်လွန်တဲ့ အရာဘယ်အရာမဆိုက မိစ္ဆာအယူလွဲဖြစ်တယ်လို့ အဖေ ပြောတယ်။ ဒါပေမယ့် အချက်အလက်တွေက ဒီပြောဆိုချက်ကို ထောက်ခံလား။ သခင်ယေရှုက သုံးနှစ်ခွဲ တရားဝင် အမှုပြုခဲ့တာ သမီးတို့ သိတယ်။ သွားတဲ့နေရာတိုင်းမှာ သူ တရားဟောပြီး အမှုပြုခဲ့သလို၊ ကိစ္စတွေအများကြီး ပြောခဲ့၊ လုပ်ခဲ့မှာပဲ။ ခရစ်ဝင်ကျမ်းလေးကျမ်းထဲမှာ ရေးမှတ်ထားတဲ့ သူ ပြောခဲ့တဲ့အရာတွေကို ပြောဖို့ နာရီနည်းနည်းပဲ ကြာမှာ။ ဒီတော့၊ သခင်ပြောခဲ့သမျှတိုင်းကို ဓမ္မသစ်ကျမ်းထဲမှာ ရေးမှတ်ထားတယ်လို့ အဖေ ဘယ်လို ပြောနိုင်တာလဲ။” ကျွန်မ ဝမ်းကွဲညီမနဲ့ အဖေက အဲဒါနဲ့ အခက်တွေ့သွားကြတယ်။ ကျွန်မ ဆက်ပြောခဲ့တယ်- “ကျမ်းစာထဲမှာ ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။’ (ရှင်ယောဟန် ၂၁:၂၅)” လို့ ပြောထားတယ်။ “ဒီကျမ်းချက်တွေက သခင် လုပ်ဆောင်ခဲ့တဲ့ အရာတွေအများကြီး ကျမ်းစာမှ မမှတ်ထားဘူးလို့ ပြောတာပဲ။ ဒီတော့ ဘုရားရဲ့ အမှုနဲ့ စကားတွေအားလုံး ကျမ်းစာထဲမှာ ရှိပြီး၊ ကျမ်းစာပြင်ပမှာ အမှုတော်၊ စကားတွေ မရှိဘူးလို့ ပြောတာက တကယ် မခိုင်လုံပါဘူး။” “ဒါ့အပြင်၊ ကျေးဇူးတော်ခေတ်မှာ သခင် အမှုပြုတုန်းက၊ ဓမ္မသစ်ကျမ်း ရှိတောင်မရှိခဲ့ဘူး။ လူတွေကို ဝန်ချပြီး နောင်တရဖို့ သူ သွန်သင်ခဲ့ပြီး နိမိတ်လက္ခဏာတွေ အများကြီး လုပ်ခဲ့တယ်။ နှုတ်ကပတ်တော်သစ်နဲ့ အမှုသစ်တွေ ချည်းပါပဲ။ ဘာကိုမှ ဓမ္မဟောင်းထဲမှာ မမှတ်ထားဘူး— အားလုံးက ဓမ္မဟောင်းကျမ်းကို ကျော်လွန်ခဲ့တယ်လေ။” “ကျမ်းစာကို ကျော်လွန်တဲ့ အရာဘယ်အရာမဆိုက မိစ္ဆာအယူဖြစ်တယ်လို့ ပြောရင်၊ သခင်ယေရှုရဲ့ အမှုနဲ့ နှုတ်ကပတ်တော်တွေကို သမီးတို့ ရှုတ်ချနေမိမှာ မဟုတ်ဘူးလား။”

ဆက်ပြီးတော့၊ ရုပ်ရှင်တွေကြည့်တုန်းက ကျွန်မ ယူထားခဲ့တဲ့ အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော် မှတ်စုတွေကို ကျွန်မ ဖွင့်ပြီး ဖတ်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) ဒါကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မအဖေကို ပြောလိုက်တယ်၊ “ဘုရားက ကျမ်းစာအတိုင်း အလုပ်မလုပ်ဘူး၊ အမှန်တော့၊ ဘုရားအမှုက အရင်လာပြီး၊ နောက်မှ ကျမ်းစာမှာ မှတ်ထားခဲ့တာပါ။ အစမှာ ဘုရားက အရာအားလုံးကို ဖန်ဆင်းခဲ့တယ်။ အာဒံနဲ့ ဧဝကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာကို ရေလွှမ်းမိုးခြင်းနဲ့ ဖျက်ဆီးခဲ့တယ်။ အဲဂုတ္တုကနေ ဣသရေလလူတွေကို သူ ခေါ်ဆောင်ခဲ့တယ်၊ ပညတ်တရား၊ ပညတ်တော်တွေနဲ့ နောက်ထပ် အများကြီး သူ ထုတ်ပြန်ခဲ့တယ်။ ဒီအရာတွေတစ်ခုမှ ကျမ်းစာအတိုင်း လုပ်ခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းက ဓမ္မဟောင်းကျမ်း မရှိခဲ့ဘူး” လို့ပေါ့။ “အမှုပြုဖို့ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု ကြွလာတော့၊ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ဖို့၊ သူတပါးကို ကိုယ့်ကိုယ်ကိုယ်လို ချစ်ဖို့နဲ့၊ ခုနှစ်ဆယ်ကြိမ် ခုနှစ်လီ ခွင့်လွှတ်ဖို့ သွန်သင်ခဲ့တယ်။ မကျန်းမာသူတွေကို ကုသပြီး နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ နိမိတ်လက္ခဏာတွေအများကြီး၊ စသဖြင့် သူ လုပ်ခဲ့တယ်။ သူ့ရဲ့ စကား၊ အလုပ်တွေကို တစ်ခုမှ ဓမ္မဟောင်းကျမ်းမှာ မမှတ်ထားခဲ့ဘဲ၊ အဲဒီအစား ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့တယ်။” “ဒါပေမယ့် ဖာရိရှဲတွေက သခင်ယေရှုရဲ့ အမှုကို နားမလည်ခဲ့ကြဘူး။ သူ့ရဲ့ အလုပ်က ကျမ်းစာကို ကျော်လွန်မှန်း မြင်တဲ့အခါ၊ သူ့ရဲ့ အမှုသစ်ကို ရှုတ်ချဖို့ ကျမ်းစာရဲ့ တိုက်ရိုက်စကားတွေကို သူတို့ သုံးခဲ့ကြတယ်။ ဥပုသ်နေ့ကို သူ မစောင့်ထိန်းသလို ယောက်ျားလေးတွေ အရေဖျားလှီးစရာ မလိုဘူး၊ စသဖြင့် သူသွန်သင်တယ်လို့ သူတို့ ပြောခဲ့ကြတယ်။ နတ်ဆိုးမင်းနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တယ်လို့တောင် ပြောပြီး သူ့ကို ပြစ်မှား စော်ကားခဲ့ကြတယ်။ နောက်ဆုံးမှာ သခင့်ကို ကားစင်တင်ခဲ့ကြပြီး၊ ဘုရားကို ဆန့်ကျင်တဲ့ အလွန်ယုတ်မာတဲ့ အပြစ်ကို ကျူးလွန်ခဲ့ကြတယ်။ အဖေ၊ ဒီရှေးခေတ် ဝမ်းနည်းစရာအဖြစ်ကနေ သင်ခန်းစားတွေ သမီးတို့ သင်ယူသင့်တယ်။ အခု သမီးတို့က နောက်ဆုံးသော ကာလမှာ ရှိပြီး၊ သခင်က၊ ‘သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။(ရှင်ယောဟန် ၁၆:၁၂-၁၃)” လို့ ပရောဖက်ပြုခဲ့တယ်။ “ကျမ်းစာထဲမှာ၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂၊၃)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(၁ ပေ ၄:၁၇) လို့လည်း ပရောဖက်ပြုထားတယ်။ ဗျာဒိတ်ကျမ်းထဲမှာ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေကို ကျွန်မတို့ ကြားစေဖို့ ဝိညာဉ်တော်က နောက်ဆုံးသော ကာလမှာ အသင်းတော်တွေကို စကားပြောမယ်လို့ အကြိမ်အများကြီး ပြောထားတယ်။” “သခင်က နောက်ဆုံးသော ကာလမှာ သမ္မာတရားတွေ ပိုဖော်ပြဖို့နဲ့ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ဖို့ လိုတယ်။ ဘယ်လိုလုပ်ပြီး ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုနဲ့ စကားတွေကို ကျမ်းစာထဲမှာ ကြိုမှတ်တမ်းတင်ထားနိုင်မှာလဲ။ သူ့ရဲ့ နောက်ဆုံးသော ကာလ အမှုတော်က ကျမ်းစာကို မကျော်လွန်ခဲ့ရင်၊ သူ ပြန်ကြွလာချိန် သခင်ယေရှု ပြောပြီး လုပ်ဆောင်မယ့် အရာနဲ့ပတ်သက်လို့ ပရောဖက်ပြုချက်တွေ ဘယ်လိုပြည့်စုံမှာလဲ။” “ဘုရားက အနန္တတန်ခိုးနဲ့ ဉာဏ်ပညာရှိတယ်။ သူဟာ ဥပုသ်နေ့ နဲ့ ကျမ်းစာရဲ့ အရှင်ဖြစ်တယ်။ ကျမ်းစာမှာ ရေးမှတ်ထားတာကို ကျော်လွန်တဲ့ အမှုသစ်ကို လုပ်နိုင်စွမ်း လုံးဝရှိတယ်။ ဒါကြောင့် ဘုရားရဲ့ အမှုနဲ့ စကားတွေက ကျမ်းစာထဲမှာ အားလုံးရှိတယ်၊ ကျမ်းစာထဲမှာပဲ အဲဒါတွေရှိပြီး၊ ကျမ်းစာကို ကျော်လွန်တဲ့ အရာဘယ်အရာမဆိုက မိစ္ဆာအယူဖြစ်တယ်လို့ဆိုတာက သမီးတို့ရဲ့ အယူအဆပဲဖြစ်ပြီး၊ ဘုရားအမှုတော်ရဲ့ အမှန်တရားတွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်။ အဖေ၊ ဒီမှားတဲ့အမြင်ကို ကျွန်မတို့ ဆက်စွဲကိုင်ထားလို့ မဖြစ်ဘူး၊ မဟုတ်ရင် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ရဲ့ စိတ်သဘောထားကို ပြစ်မှားပုန်ကန်မိလိမ့်မယ်” လို့ ပြောခဲ့တယ်။ ကျွန်မ ညီမဝမ်းကွဲနဲ့ အဖေက အဲဒါကို ပြန်မဖြေခဲ့ကြဘဲ၊ ဘုရားရဲ့ အမှုနဲ့ စကားတွေအားလုံး ကျမ်းစာထဲမှာ ရှိတယ်လို့ မရမကပြောခဲ့ကြသလို၊ အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လေ့လာဖို့ ငြင်းခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားကို ရှုတ်ချ၊ ဆန့်ကျင်တဲ့ အရာတစ်ချို့ကိုတောင် သူတို့ ပြောခဲ့တယ်။

ဘုရားကို မပြစ်မှားမစော်ကားဖို့ ကျွန်မ ပြောခဲ့ပြီး၊ ကျွန်မအဖေက ရုတ်တရက် တကယ် စိတ်ဆိုးပြီး ကျွန်မကို အော်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားကို နင် မရမက ယုံနေရင်၊ နောက်နင် ငါ့သမီး မဟုတ်တောဘူး” တဲ့။ သူ အဲဒါပြောတာ ကျွန်မ ကြားတော့ အရမ်းအံ့အားသင့်သွားတယ်။ သူက အသင်းတော် အကြီးအကဲဖြစ်ပြီး သခင် ပြန်ကြွလာဖို့ အမြဲ တောင့်တခဲ့တာလေ။ ဒါပေမယ့်၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြားတော့ သူ့အယူအဆတွေကို လက်လွှတ်ဖို့ ငြင်းပြီး၊ ထပ်လေ့လာဖို့ စိတ်မဝင်စားခဲ့ဘူး။ ကျွန်မကိုတောင် စွန့်လွှတ်ချင်ခဲ့တယ်။ အဲဒီညမှာ၊ အိပ်မရဘဲ အိပ်ရာမှာ ကျွန်မ လှဲနေခဲ့တယ်။ ကျွန်မနဲ့ပတ်သက်လို့ နှောင်ကြိုးတွေအားလုံး ဖြတ်ချင်နေလောက်အောင် ကျွန်မအဖေက အဲဒါကို အရမ်းဆန့်ကျင်မယ်မှန်း လုံးဝ မတွေးမိခဲ့ဘူး။ ကျွန်မ တကယ် စိတ်မချမ်းမြေ့ဖြစ်ရသလို ကျွန်မအဖေကို အရမ်း စိတ်ပျက်သွားခဲ့တယ်။ ကျွန်မရဲ့ ခေါင်းက ချာချာလည်နေပြီး၊ စကားပြောဖို့ တစ်ယောက်ယောက် လိုသလို ခံစားရတယ်၊ ဒါကြောင့် ကျွန်မရဲ့ ယုံကြည်ခြင်းကို တားဆီးဖို့ ကြိုးစားနေတဲ့ ကျွန်မ အဖေနဲ့ ညီမဝမ်းကွဲအကြောင်း ပြောပြရင်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေဆီ စာတိုပို့လိုက်တယ်။ အဲဒီနောက် ညီအစ်မတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ကျွန်မဆီ ပို့ခဲ့တယ်။ “ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ညီအစ်မက နောက်တော့ ကျွန်မကို၊ “မိသားစုဝင်တွေက ကျွန်မတို့ကို တားဆီးဖို့ ကြိုးစားတဲ့အခါ၊ နောက်ကွယ်မှာ ဝိညာဉ်တိုက်ပွဲဖြစ်နေတယ်။ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံနိုင်ဖို့၊ သန့်စင်ခံရပြီး ကယ်တင်ခံရနိုင်ဖို့နဲ့ သူ့ရဲ့နိုင်ငံတော်ထဲ ဝင်နိုင်ဖို့ ဘုရားသခင်က သူ့ကို တကယ်ယုံကြည်ပြီး သမ္မာတရား ချစ်သူအားလုံးကို နောက်ဆုံးသော ကာလမှာ သူ့ရှေ့ဆောင်ယူချင်တာလေ၊ တစ်ဖက်မှာ စာတန်က လူတွေကို ထာဝရ ပိုင်ဆိုင်ပြီး ထိန်းချုပ်ချင်တယ်။ ကျွန်မတို့ကို တားဆီးဖို့ လူတွေ၊ အဖြစ်အပျက်တွေနဲ့ ကိစ္စမျိုးစုံကို သူ သုံးတယ်။ သူနဲ့ နောက်ဆုံးပျက်စီးဖို့ ကျွန်မတို့ကို ဘုရားရဲ့ ကယ်တင်ခြင်းက‌နေ တားဆီးဖို့ မျှော်လင့်ရင်းနဲ့လေ” လို့ စပြောခဲ့တယ်။ ညီအစ်မဆီက သင်ယူရင်းနဲ့၊ နောက်ဆုံး ကျွန်မ နားလည်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရာကနေ ကျွန်မအဖေနဲ့ ဝမ်းကွဲညီမက ကျွန်မကိုတားဆီးဖို့ ကြိုးစားနေပုံရပြီး၊ ကျွန်မအဖေက ကျွန်မနဲ့ပတ်သက်လို့ အဆက်အသွယ်အားလုံးကိုတောင် ဖြတ်ချင်ပုံရခဲ့တယ်။ ဒါပေမယ့် အားလုံးနောက်ကွယ်မှာ စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံရှိနေခဲ့တယ်။ မှန်တဲ့ လမ်းကို စွန့်ပြီး နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးအောင် အတင်းလုပ်ဖို့ ကျွန်မအဖေရဲ့ ခြိမ်းခြောက်မှုကို စာတန်က အသုံးပြုချင်ခဲ့တယ်။ စာတန်က မယုံနိုင်လောက်အောင် အရမ်းဆိုးတယ်။ သူလိုချင်တဲ့အရာကို ကျွန်မ မလုပ်နိုင်ဘူး။ ဘယ်လောက်ပဲ နာကျင်ပါစေ၊ မှန်တဲ့လမ်းကို ထိန်းသိမ်းပြီး ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။

ကျွန်မအဖေက သူ့အသင်းတော်က သင်းအုပ်နှစ်ပါး နဲ့ ကက်သလစ် ဘုန်းတော်ကြီး သုံးပါးခေါ်လာခဲ့ပြီး၊ သူတို့အားလုံး ကျွန်မကို နှောင့်ယှက်ဖို့ လာခဲ့ကြတယ်။ ကျွန်မအဖေနဲ့ ဝမ်းကွဲညီမတို့ ရှေ့ကိုလာချိန်မှာ ခိုင်ခိုင်ရပ်တည်ဖို့ ဘုရားလမ်းပြခဲ့ပုံကို သတိရတော့၊ ဒီသင်းအုပ်ဆရာတွေနဲ့ ဘုန်းတော်ကြီးတွေကို ရင်ဆိုင်ဖို့ မကြောက်သလို၊ မစိုးရွံ့ခဲ့ဘူး။ ကျွန်မနားလည်နိုင်တဲ့ ဘုရားနှုတ်ကပတ်တော်ကို ဟောပြီး စာတန်ကို သမ္မာတရားနဲ့ အနိုင်ယူဖို့ ဘုရားကို မှီခိုရမယ်မှန်း ကျွန်မ သိခဲ့တယ်။ ကျွန်မကို လုံးဝ ခြိမ်းခြောက်ခွင့်ပေးမှာ မဟုတ်ဘူး။ ကျွန်မကို ကူညီပြီး ဉာဏ်ပညာပေးဖို့ ဘုရားဆီ တောင်းရင်း ကျွန်မ စိတ်နှလုံးမှာ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဒါမှ ဒီဝိညာဉ်ရေး တိုက်ပွဲမှာ ကျွန်မ သက်သေရပ်တည်နိုင်မှာလေ။ သင်းအုပ်ဆရာ လျူက၊ “အပြစ်ကနေ ကျွန်တော်တို့ကို ရွေးနုတ်ဖို့ သခင်ယေရှု ကားစင်တင်ခံခဲ့ရတယ်။ သခင့်ရဲ့ ရွေးနုတ်ခြင်းကို ကျွန်တော်တို့ ရရှိပြီး၊ သူ့ရဲ့ အလျှံပယ် ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို မွေ့လျော်ပြီးပြီ။ သူ့ကို စွန့်ပြီး အနန္တတန်ခိုးရှင် ဘုရားကို ယုံကြည်တာက သခင့်ကို သစ္စာဖောက်တာပဲ” လို့ စပြောခဲ့တယ်။ ကျွန်မ ပြန်ဖြေခဲ့တယ်၊ “သင်းအုပ် လျူရေ၊ အနန္တတန်ခိုးရှင် ဘုရားရဲ့ အမှုကို ခြောက်လတာ ကျွန်မ စုံစမ်းစစ်ဆေးပြီး၊ သူ့နှုတ်ကပတ်တော်တွေ အများကြီး ဖတ်ပြီးပြီ။ သူ့နှုတ်ကပတ်တော်တွေက အခွင့်အာဏာရှိပြီး တန်းခိုးကြီးတယ်— သမ္မာတရား ဖြစ်မှန်း တွေ့ခဲ့ရတယ်။ ဒီနှုတ်ကပတ်တော်တွေက ဘုရားအသံဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားက သခင်ယေရှု ပြန်ကြွလာတာဖြစ်မှန် စိတ်နှလုံးထဲ ကျွန်မ သိလိုက်တယ်။” “အနန္တတန်ခိုးရှင် ဘုရားကို ကျွန်မ ယုံကြည်တာက သခင့်ကို ကျွန်မ ကြိုဆိုပြီးပြီလို့ ဆိုလိုပါတယ်။ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားကို ကျွန်မ ယုံကြည်သည်က သခင့်ကို သစ္စာဖောက်တာ ဘယ်လိုလုပ်ဖြစ်မှာလဲ။” “ယေဟောဝါ၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားတွေဟာ တကယ်တော့ ဘုရားတစ်ပါးတည်းဖြစ်တယ်။ ဒါတွေက မတူညီတဲ့ ခေတ်တွေမှာ မတူညီတဲ့ အလုပ်တွေလုပ်ဖို့ သူ ယူတဲ့ နာမည်တွေပါပဲ။ ပညတ်တော်ခေတ်က လူတွေက ယေဟောဝါ ဘုရားကို ယုံကြည်ခဲ့ကြတယ်။ သူ့ကို ကိုးကွယ်ခဲ့ကြပြီး ကြီးမြတ်သူအဖြစ် ထင်ရှားစေခဲ့ကြတယ်။ ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဖို့ သခင်ယေရှု ကြွလာခဲ့ပြီး၊ ပညတ်တော်ကို နောက်ချန်ခဲ့ပြီး သခင်ယေရှုနောက်လိုက်ခဲ့ကြသူတွေဟာ ယေဟောဝါ ဘုရားကို သစ္စာဖောက်တာ မဟုတ်ဘဲ၊ သခင့်ရဲ့ ခြေလှမ်းနောက်လိုက်နေခဲ့ကြတာပါ— သူ့ရဲ့ ရွေးနုတ်ခြင်းကို သူတို့ ရခဲ့ကြတယ်။” “သခင်ယေရှုရဲ့ အလုပ်ကို လက်ခံဖို့ ငြင်းခဲ့တဲ့ ဖာရိရှဲတွေကတော့ ယေဟောဝါ ဘုရားကို တကယ် သစ္စာဖောက်ခဲ့ကြသူတွေ ဖြစ်တယ်” လို့ပေါ့။ အဲဒီနောက်မှာပဲ ဘုရား နာမတော် ပြောင်းလဲပြီဆိုတဲ့ ကျွန်မ ကြည့်ပြီးတဲ့ ရုပ်ရှင်တစ်ခုနဲ့ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်ဆိုတဲ့ ဘုရား နှုတ်ကပတ်တော် ဖတ်ရွတ်မှု ဗီဒီယိုတစ်ခုကို စဉ်းစားမိသွားတယ်။ ဒီဗီဒီယိုတွေက ဘုရားရဲ့ အမှု အဆင့်သုံးဆင့်အကြောင်း သမ္မာတရားတွေကို ဆွေးနွေးထားတာလေ။ “စာတန်က လူကို ဖောက်ပြန်ပျက်စီးစေကတည်းက၊ လူကို ကယ်ဖို့ ဘုရားက အမှုရဲ့ အဆင့်သုံးဆင့် လုပ်ပြီးပြီ။ ပထမအဆင့်က ပညတ်တရားနဲ့ ပညတ်ချက်တွေကို ယေဟောဝါ ဘုရား ထုတ်ပြန်ခဲ့ပြီး ဘုရားကို ကိုးကွယ်ပုံ သွန်သင်ပေးရင်း ကမ္ဘာမြေပေါ်က လူသားကို လမ်းပြခဲ့တဲ့အချိန် ပညတ်တော်ခေတ်ရဲ့ အမှု ဖြစ်တယ်။ အပြစ်က ဘယ်အရာဖြစ်မှန်း လူကို သူပြခဲ့တယ်။ ဒုတိယ အဆင့်က ကျေးဇူးတော်ခေတ်ထဲမှာပါ။ လူကို ရွေးနှုတ်ခြင်းအမှုကို သခင်ယေရှု ပြုခဲ့ပြီး နောင်တလမ်းကို ဆောင်ကြဉ်းခဲ့တယ်။ ဘယ်လို ဝန်ချပြီး နောင်တရရမယ်ဆိုတာ လူတွေကို သူပြခဲ့တယ်။ တတိယအဆင့်က နောက်ဆုံးသော ကာလထဲက နိုင်ငံတော် ခေတ် ဖြစ်တယ်။ သခင်ယေရှုရဲ့ အမှုအပေါ် တည်ဆောက်ရင်းနဲ့ ပိုသစ်၊ ပိုမြင့်တဲ့ အလုပ်ကို အနန္တတန်ခိုးရှင် ဘုရားက လုပ်တယ်။ သမ္မာတရားကို ဖော်ပြတယ်၊ လူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို စီရင်ပြီး သန့်စင်စေသလို၊ အပြစ်ရဲ့ ချုပ်ချယ်မှုကနေ အပြီးတိုင် ကျွန်မတို့ကို ကယ်တင်တယ်။ ကျွန်မတို့ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ပြီး သူ့နိုင်ငံတော်ထဲ ဝင်ဖို့ သင့်တော်အောင်လို့ ကျွန်မတို့ဆီက အပြစ်အားလုံးကို ဖျက်ပစ်ခဲ့တယ်။ ဘုရားရဲ့ အမှုက အမြဲ ရှေ့ဆက်တယ်။ အဆင့်အသီးသီးက အရင်ထက် ပိုမြင့်သလို ပိုနက်နဲပြီး အဆင့်သုံးဆင့်လုံးက ပဓာနကျတယ်။ ဘုရားအမှုက နောက်ဆုံးသောကာလမှ သူ့နာမနဲ့အတူ လိုက်ပြောင်းလဲသွားပေမဲ့၊ ဘုရားတစ်ပါးတည်းရဲ့ အမှု ဖြစ်နေတုန်းပါပဲ။ အဲဒါက နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားအမှုကို လက်ခံတာက ဘုရားရဲ့ ခြေလှမ်းတွေကို အမှီလိုက်ခြင်း ဖြစ်ရတဲ့ အကြောင်းရင်းပဲ။ သခင့်ကို သစ္စာဖောက်တာ မဟုတ်ဘူး။ ကျေးဇူးတော်ခေတ်မှာ ကျွန်မတို့ ရပ်ပြီး နိုင်ငံတော်ခေတ်ရဲ့ အမှုကို လက်ခံဖို့ ငြင်းရင်၊ သခင့်ကို တကယ် သစ္စာဖောက်မိနေမှာဖြစ်သလို၊ ဖာရိရှဲတွေလို နောက်ဆုံး စီရင်ခံရပြီး ဖယ်ရှင်းခံရရုံသာ ရှိမယ် လို့ပေါ့။”

အဲဒီနောက်၊ ရုပ်ရှင်ကြည့်တုန်း ရေးချထားတဲ့ အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော်အချို့ကို ကျွန်မ ဖတ်လိုက်တယ်။ “အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ရူပါရုံဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းဆီသို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တော်တိုင်သာ လုပ်ဆောင်နိုင်ပြီးဖြစ်ကာ မည်သည့်လူသားမျှ သူ၏ ကိုယ်စား ထိုသို့သော အမှုကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူ၏ ကိုယ်ပိုင်အမှုကို အစမှ ယနေ့ထိတိုင် ဆောင်ရွက်နိုင်ပြီးဖြစ်သည်ဟု ဆိုရပေမည်။...အမှု၏ အဆင့်သုံးဆင့်တွင် ယင်းတို့ကို ဘုရားသခင်ကိုယ်တော်တိုင်က မတူကွဲပြားသော အချိန်ကာလများ၊ ကွဲပြားသော နေရာများနှင့် ကွဲပြားသော လူများတွင် ဆောင်ရွက်ခဲ့သည်ကို လူသားက မြင်နိုင်ပါက၊ အမှုသည် ကွဲပြားသော်လည်း ယင်းအားလုံးကို တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ပြီး၊ ယင်းသည် တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်သည့်အမှု ဖြစ်သည့်အတွက် မှန်ကန်ရမည် ဖြစ်ပြီး အမှားရှိရမည် မဟုတ်သကဲ့သို့၊ ယင်းသည် လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသော်လည်း၊ တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်ကြောင်း ငြင်းပယ်စရာ မရှိသည်ကို လူသားအနေဖြင့် မြင်နိုင်ပါက- ယင်းသည် တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်သည်ကို လူသားက အသေအချာ ပြောနိုင်ပါက၊ လူသား၏ အယူအဆများသည် အသေးအဖွဲများ၊ ပြောဆိုရန် ထိုက်သင့်ခြင်း မရှိသော အရာများမျှအဖြစ်သို့သာ လျော့သွားလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) ကျွန်မ ဖတ်တာမပြီးခင်မှာ၊ သင်းအုပ်ဆရာတွေက ဖြတ်ပြောလိုက်တယ်။ သူတို့က၊ “သခင်ယေရှုကိုပဲ ငါတို့ သခင်အဖြစ် ယုံတယ်။ အနန္တတန်ခိုးရှင် ဘုရားကို ငါတို့ ယုံမှာ မဟုတ်ဘူး” လို့ မျက်နှာထားတင်းတင်းနဲ့ ပြောကြတယ်။ ကျွန်မအဖေကလည်း စိတ်ဆိုးမာန်ဆိုးနဲ့၊ “နင့်ရဲ့ သခင့်ကိုယုံကြည်တာ ငါ အားပေးပေမယ့်၊ အနန္တတန်ခိုးရှင် ဘုရားကို ယုံကြည်တာတော့ လုံးဝ ဆန့်ကျင်တယ်။ နင် ပြန်စဉ်းစားတာ ကောင်းမယ်” လို့ ပြောတယ်။ အနန္တတန်ခိုးရှင် ဘုရားကို ကျွန်မ ယုံကြည်တာ သူ ဆန့်ကျင်တုန်းပဲဆိုတာကို မြင်ရတော့၊ “အနန္တတန်ခိုးရှင် ဘုရားက ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်။ အဖေ ဘာပြောပြော သူ့ကို သမီး ယုံတယ်” လို့ တွေးမိခဲ့တယ်။ ဒါကြောင့် ကျွန်မက ပြတ်ပြတ်သားသားနဲ့၊ “အဖေ၊ အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရား၊ ဘုရားအသံတော်ဖြစ်တယ်ဆိုတာ သမီးသေချာတယ်။ အနန္တတန်ခိုးရှင် ဘုရားနောက်လိုက်တာနဲ့ပတ်သက်လို့ သမီး စိတ်ပြောင်းမှာ မဟုတ်ဘူး။ သမီး အရွယ်ရောက်သူတစ်ဦးဖြစ်သလို ဘာကို ယုံရမယ်ဆိုတာ ရွေးပိုင်ခွင့်ရှိတယ်။ ချက်ချင်း ရမ်းသမ်းကောက်ချက်ချမယ့်အစား အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုအကြောင်းကို အဖေ ပိုလေ့လာသင့်တယ်” ပြောလိုက်တယ်။ ဒါကို ကျွန်မပြောချိန်မှာ သင်းအုပ်ဆရာတွေက အကြည့်ဖလှယ်ကြတယ်။ တစ်နည်းအားဖြင့် ကျွန်မကို အယုံသွင်းလို့ မရမှန်း သိသွားလို့ သူတို့ ထွက်သွားကြတယ်။

သူတို့ သွားတဲ့နောက်၊ အသင်းတော်ထဲက ခြောက်ကပ်မှုကို ကျွန်မ တွေးမိခဲ့တယ်။ လူအများကြီးက ယုံကြည်ခြင်း ပျောက်ဆုံးပြီး၊ အပျက်သဘောဆောင်၊ အားနည်းလာကြတယ်၊ ဒါပေမယ့် ဒီသင်းအုပ်တွေနဲ့ ဘုန်းတော်ကြီးတွေက ဂရုမစိုက်ဘူး။ ချစ်ခြင်း ဘာဆိုဘာမှ မရှိသလို၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်ရှိတဲ့ အသင်းတော်ကို ရှာဖို့ ယုံကြည်သူတွေကို မဦးဆောင်ကြဘူး။ ဒါပေမယ့် အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုကို ကျွန်မလက်ခံမှန်း သူတို့ သိသွားတော့၊ ကျွန်မကို တားဖို့ ကြိုးစားဖို့ အတူစုရုံးကြတယ်။ ကျမ်းစာကို သူတို့အယူအဆနဲ့ တလွဲအနက်ပြန်ပြီး၊ ကျွန်မကို လှည့်စား၊ နှောင့်ယှက်ဖို့ အတွေးမှားတွေ ဖြန့်တယ်။ သူတို့ရဲ့ အပြုအမူက ကျွန်မကို ပြင်းပြင်းထန်ထန် စိတ်ပျက်စေခဲ့တယ်။ အထူးသဖြင့် ကျွန်မ အဖေပေါ့... သူက ယေဘုယျအားဖြင့် သခင်ယေရှုနဲ့ ပတ်သက်လာရင် အရမ်း ဆည်းကပ်ပြီး၊ ကျွန်မကို အမြဲကောင်းခဲ့တယ်။ သခင့်ရဲ့ သွန်သင်မှုနောက်လိုက်ဖို့ ကျွန်မကို အားပေးပြီး သခင်ပြန်လာတဲ့အခါ အတူ ကြိုဆိုဖို့ ပြောခဲ့တယ်။ ပြန်ကြွလာတဲ့ သခင့်ရဲ့ အမှုကို ကျွန်မ သက်သေခံတော့ သူ လုံးဝ စိတ်မဝင်စားဘဲ၊ အဲဒီအစား အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသော ကာလအမှုကို ရှုတ်ချရင်းနဲ့ ကျွန်မနဲ့ ဆက်သွယ်မှုအားလုံး ဖြတ်ဖို့ ခြိမ်းခြောက်ရင်း ကျွန်မကို တားဆီး၊ နှောင့်ယှက်ဖို့ တတ်နိုင်သမျှ သူ လုပ်လိမ့်မယ်လို့ ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဘူး။ သူက လုံးဝ တစ်ခြားလူတစ်ယောက်လို ဖြစ်သွားခဲ့တယ်။ ကျွန်မအဖေ ဘာဖြစ်သွားခဲ့ပြီလဲ။ အခု သူက ကျွန်မရဲ့ ကောင်းကင်နိုင်ငံသွားတဲ့ လမ်းမှာ အတားအဆီးတစ်ခု ဖြစ်တယ်မဟုတ်လား။ သူတော်ကောင်းယောင်ဆောင် ဖာရိရှဲ၊ အန္တိခရစ်တစ်ယောက် ဖြစ်လာခဲ့ပြီပဲ။ သခင့်ကို ယုံကြည်ခြင်းမှာ သင်းအုပ်တွေ၊ အကြီးအကဲတွေနဲ့ ဘုန်းတော်ကြီးတွေနောက်လိုက်ရင်းနဲ့၊ ယုံကြည်သူတွေရဲ့ သခင့်ကို ကြိုဆိုခြင်းနဲ့ သူ့နိုင်ငံထဲ ဝင်ရောက်ခြင်း အခွင့်အရေးတွေ ပျက်သွားခဲ့တယ် မဟုတ်လား။ ဒါက ဖာရိရှဲတွေနဲ့ပတ်သက်လို့ သခင်ယေရှုရဲ့ ပြစ်တင်မောင်းမဲတာကို တွေးမိစေခဲ့တယ်- “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲ ၂၃:၁၃) အနန္တတန်ခိုးရှင်ဘုရားသခင် ပြောတဲ့ နှုတ်ကပတ်တော်တွေ ရှိသေးတယ်- “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဒီဖြစ်ရပ်ကနေတစ်ဆင့်၊ ဒီသင်းအုပ်နဲ့ ဘုန်းတော်ကြီးတွေရဲ့ အန္တိခရစ် အနှစ်သာရကို ကျွန်မ စသိမြင်ခဲ့ပြီး၊ သူတို့သာ ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ရာကနေ လူတွေကို တားဆီးနေခဲ့ကြသူတွေမှန်း နားလည်သွားတယ်။ ဘုရားက ကျွန်မကို အမြဲ ကွယ်ကာနေတယ်၊ ယုံကြည်ခြင်း၊ ခွန်အားနဲ့ ပြောဖို့ မှန်တဲ့ စကားတွေ၊ သင်းအုပ်နဲ့ ဘုန်းတော်ကြီးတွေကို ပြန်ချေပဖို့ ယုံကြည်စိတ်ချမှု ပေးနေခဲ့မှန်းလည်း ခံစားခဲ့ရတယ်။ မှန်တဲ့ လမ်းမှာ ခိုင်ခိုင်ရပ်နိုင်စေရင်းနဲ့ စာတန်ရဲ့ စုံစမ်းမှုတွေကို အောင်မြင်ကျော်လွှားဖို့ လမ်းပြလို့ ဘုရားကို ကျေးဇူးတင်တယ်။ အဆုံးထိ အနန္တတန်ခိုးရှင် ဘုရားနောက်လိုက်ဖို့ ကျွန်မရဲ့ ယုံကြည်ခြင်းက ပိုလို့တောင် အားကောင်းခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကွာရှင်းပြတ်စဲခြင်း မုန်တိုင်း ချုပ်ငြိမ်းသည်

လုရှီ၊ ဂျပန်နိုင်ငံ၂၀၁၅ ခုနှစ်တွင်၊ ကျွန်မ၏ မိတ်ဆွေတစ်ဦးက ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်ကို စတင်ယုံကြည်စေ ခဲ့သည်။ အနန္တတန်ခိုးရှင်...

မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းတစ်ခုပြီးနောက် နွေးထွေးသော အလင်းတစ်ခု

ဝမ်းရူပင်း၊ တရုတ်ပြည်သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ငတ်မွတ်ကြသည့် အခြား ညီအစ်ကိုမောင်နှမများ အားလုံးကဲ့သို့၊ ကျွန်မ သည်လည်း သခင်မကြာမီ...

ကျွန်မ မိုက်မဲသော သတို့သမီးတစ်ဦး ဖြစ်လာလုနီးပါး ဖြစ်ခဲ့ပုံ

လီဖန်း၊ တရုတ်နိုင်ငံ၂၀၀၂ ခုနှစ်၏ ဆောင်းဦးရာသီတွင်၊ ကျွန်မ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော သမ္မာတရား အသင်းတော်မှ အစ်မ ကျောက်က ကျွန်မကို သခင့်၏...

ကောလာဟလသမားများကို ရှောင်ရှားခြင်း

၂၀၁၆ အောက်တိုဘာမှာ ကျွန်တော်က အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်တယ်။ နောက်တော့ တရုတ်အသင်းတော်တစ်ခုမှာ သခင်ယေရှုရဲ့နာမနဲ့ နှစ်ခြင်းခံပါတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။