ကျွန်မရဲ့ရွေးချယ်မှု

03.04.2021

၂၀၁၂ မတ်လတုန်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မအမေက ကျွန်မကိုမျှဝေခဲ့တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မစပြီး နေ့တိုင်းဖတ်ခဲ့ပြီးတော့ တခြားလူတွေနဲ့လည်း မကြာခဏစုဝေးပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့လေ့ရှိတယ်။ တစ်ရက်မှာ ကျွန်မဝတ်ပြုဆုတောင်းတုန်းက ဖတ်ခဲ့ရတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အပိုဒ်တစ်ပိုဒ်ကိုသွားသတိရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်သကဲ့သို့၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ ထိုက်တန်လိမ့်မည် မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားသခင်ကလူသားမျိုးနွယ်ကို ဖန်ဆင်းပြီးတော့ ကျွန်မပိုင်ဆိုင်သမျှဟာ သူပေးထားတာပဲဆိုတာကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မသိလိုက်ရတယ်။ သူ့ရဲ့မေတ္တာတရားကိုတုံ့ပြန်ပြီးတော့ ဖန်ဆင်းခံတစ်ယောက်ရဲ့ အမှုတော်ကိုကျွန်မလုပ်ဆောင်သင့်တယ်။ အဲဒါကြောင့် ကျွန်မနဲ့သိတဲ့လူတွေကို ဧဝံဂေလိတရားကိုစပြီး မျှဝေခဲ့တယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလရဲ့ နေ့တစ်နေ့မှာ ဧဝံဂေလိတရားကို ဟောပြောလို့ဆိုပြီး “လူမှုပတ်ဝန်းကျင်ကို နှောင့်ယှက်ဖျက်ဆီးမှု” နဲ့ ရဲတွေက တရားဝင်မဟုတ်ဘဲ ဖမ်းဆီးပြီး ၁၄ ရက်ချုပ်နှောင်တာ ခံခဲ့ရတယ်။ တစ်ပတ်ပြည့်တဲ့နေ့ကျတော့ ကျွန်မမိဘတွေနဲ့ အမျိုးသားက ထိန်းသိမ်းရေးစခန်းမှာ ကျွန်မကိုလာတွေ့ကြတယ်။ ဧည့်တွေ့ခန်းကိုကျွန်မဝင်သွားတော့ အမေနဲ့အဖေကမတ်တပ်ရပ်စောင့်ပြီး ကျွန်မအမျိုးသးက ကျွန်မတို့ရဲ့တစ်နှစ်အရွယ် သားလေးကိုချီထားတာကိုတွေ့ရတယ်။ သူတို့ကိုအဲဒီမှာတွေ့လိုက်ရတော့ ကျွန်မမျက်ရည်ဝဲလာတယ်။ ကျွန်မမိဘတွေကို တိုးတိုးတိတ်တိတ်ပဲနှုတ်ဆက်ပြီးတော့ ကျွန်မအမျိုးသားဆီသွားပြီး ကလေးကိုချီလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မအရမ်းဝမ်းနည်းမိတယ်။ ကျွန်မတို့အားလုံးအတူတူ မိသားစုအနေနဲ့နေခဲ့ကြပြီးတော့ ကျွန်မက ကိုးကွယ်ယုံကြည်မှုရှိပြီး ဧဝံဂေလိတရားကိုမျှဝေလို့ဆိုပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီက ရုတ်တရက် တရားမဝင် ဖမ်းဆီးတာကိုခံလိုက်ရတယ်။ အခုတော့ ကျွန်မရဲ့မိသားစုကို ထိန်းသိမ်းရေးစခန်းမှာတွေ့နေရတယ်။ ကျွန်မအမျိုးသားကပြောတယ် “မင်းအဖမ်းခံရတာကို ငါသိပြီး ငါ့ရဲ့တပ်ဖွဲ့ခေါင်းဆောင်ကို အဲဒီအကြောင်းပြောပြတော့ သူတို့က မင်းရဲ့ယုံကြည်မှုကိုစွန့်လွှတ်သင့်တယ်လို့ပြောတယ်။ မင်းကကောလိပ်ဘွဲ့ရ ပညာတတ်တစ်ယောက်ပဲ။ ဘုရားသခင်ကိုသာဆက်ယုံကြည်နေရင် မင်းရဲ့အနာဂတ်ပျက်စီးသွားလိမ့်မယ်။ မင်းရဲ့ယုံကြည်မှုကိုသာမစွန့်လွှတ်ရင် ငါလည်းပါတီနဲ့ စစ်တပ်ကနေ အထုတ်ခံရလိမ့်မယ် လို့လည်း ပြောကြတယ်။ နောက်နှစ်မှာရမယ့် ငါ့ရဲ့အလုပ်ပြောင်းဆုကြေးကိုတောင် ဆုံးရှုံးရလိမ့်မယ်။ ငါက ဒါတွေအားလုံးကို လျစ်လျူရှုနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့သားလေးနဲ့ မိသားစုအတွက်တော့စဉ်းစားရမယ်။ မင်းသာနောက်တစ်ခါထပ်အဖမ်းခံရရင် ဒီလောက်နဲ့ပြီးမှာမဟုတ်တော့ဘူး။ မင်း ထောင်ချခံရမှာ။ ဒါဆိုရင် ငါတို့သားက ဘယ်လိုလုပ်မလဲ။ သူဘယ်တော့မှတက္ကသိုလ်တက်လို့ရမှာမဟုတ်ဘူး၊ လူမှုဝန်ထမ်းတို့ စစ်တပ်တို့ကိုလည်းဝင်လို့မရတော့ဘူး။ လောကကြီးထဲမှာ သူဘယ်လိုရပ်တည်မလဲ။ သူ့ဘဝကိုအရှက်တကွဲနဲ့နေရမှာလား” တဲ့။ သူအဲဒီလိုပြောတော့ ကျွန်မပိုပြီးစိတ်ညစ်သွားတယ်။ ကျွန်မသားလေးကိုချီထားရင်းနဲ့ ကျွန်မရင်နာလာပြီးတော့ “တစ်နေ့နေ့မှာ ငါသာထောင်ကျသွားရင် ငါ့သားလေးက ငယ်ငယ်ရွယ်ရွယ်မှာ အမေနဲ့ခွဲနေရပြီးတော့ ကျန်းကျန်းမာမာနဲ့ကြီးပြင်းနိုင်ပါ့မလား။ သူများတွေလှောင်ပြောင်ပြီး ခွဲခြားဆက်ဆံတာကိုခံရမလား။ ငါ့အမျိုးသားသာ ပါတီနဲ့စစ်တပ်ကအထုတ်ခံရရင် သူ့အနာဂတ်တော့သွားပြီ” လို့တွေးမိတယ်။ ကျွန်မဆက်မတွေးရဲတော့ဘူး။ ကျွန်မငိုချင်တာကိုထိန်းပြီးတော့ ဘာစကားမှမပြောခဲ့ဘူး။ ကျွန်မဘာမှမပြောတော့ ကျွန်မအမျိုးသားက “ငါတို့ခေါင်းဆောင်ကပြောတယ်။ မင်းကယုံကြည်မှုကိုစွန့်လွှတ်ပါမယ်လို့ ကတိမပေးရင် ငါမင်းနဲ့ကွာရှင်းသင့်တယ်တဲ့။ မင်း ရွေးချယ်မှဖြစ်မယ်။” လို့ ဒေါသတကြီးနဲ့ပြောတယ်။ ကျွန်မကအဲဒါလည်းဘာမှမပြောတော့ သူကသားကိုခေါ်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတယ်။ ကျွန်မရင်ထဲကို ဓားနဲ့အထိုးခံရသလိုခံစားရပြီး မျက်ရည်ကိုမထိန်းနိုင်တော့ဘူး။ ကျွန်မရဲ့အကျဉ်းခန်းထဲကိုပြန်တော့ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ ဘာလို့များ ကျွန်မအမျိုးသားက ကျွန်မအဖမ်းခံရတဲ့အကြောင်းကို သူ့ခေါင်းဆောင်ကိုချက်ချင်းသွားပြောရတာလဲ။ အဲဒီလိုပြောလို့ ကျွန်မရော သူ့အတွက်ရော ဘာအကူအညီမှရမှာမဟုတ်ဘူးဆိုတာကို သူသိလျက်နဲ့ ဘာလို့များအကုန်လုံးကို လွယ်လွယ်လျှောက်ပြောရတာလဲ။ ကျွန်မအဲဒါကိုနည်းနည်းတွေးမိပြီးတော့ သူကိုယ်လွတ်ရုန်းတာပဲဖြစ်မယ်လို့ ခံစားရတယ်။ အဲဒီလိုဖြစ်လာတော့ ကျွန်မလုံးဝလက်မခံချင်ခဲ့ဘူး။ အရမ်းခံစားခဲ့ရတယ်။ ဘုရားသခင်ကိုယုံကြည်တာက မှန်ကန်ပြီးတော့ သဘာဝကျတယ်။ ရာဇဝတ်မှုမဟုတ်ဘူးလို့ပဲကျွန်မတွေးမိတယ်။ ယုံကြည်သူတွေ တွေ့ဆုံကြတဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေကိုဖတ်ကြတယ်၊ တာဝန်ထမ်းဆောင်ကြတယ်၊ ဧဝံဂေလိတရားကိုမျှဝေပြီးတော့ သမ္မာတရားကိုလိုက်စားကြတာပဲရှိတယ်။ ပြီးတော့ အမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အတိအလင်းပြဌာန်းထားတယ်မဟုတ်ဘူးလား။ အဲဒါကိုဘာလို့ ကွန်မြူနစ်ပါတီက ကျွန်မတို့ကိုအရမ်းဖိနှိပ်ပြီးတော့ ကျွန်မအမျိုးသားကို ကျွန်မနဲ့ကွာရှင်းဖို့ဖိအားပေးရတာလဲ။ ကျွန်မလုံးဝနားမလည်နိုင်ဘူး။

အချုပ်ခန်းထဲကိုပြန်ရောက်တော့ ကျွန်မစိတ်ရှုပ်ထွေးနေတာကို အသင်းတော်က ညီအစ်မတစ်ယောက်ကို ပြောပြခဲ့တယ်။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တချို့ကို ကျွန်မကို ခပ်တိုးတိုး ရွတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇))ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ပြီးတော့ သူက ဒီ မိတ်သဟာယကို ဝေမျှတယ်။ “နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူ့ဇာတိခံပြီးတော့ ကမ္ဘာကိုလာပြီး ပြောဆိုလုပ်ဆောင်တယ်။ သူကလူသားမျိုးနွယ်ကိုကယ်တင်ပြီးတော့ သန့်စင်စေမယ့်သမ္မာတရားတွေကို ဖော်ထုတ်ပြီးတော့ နှလုံးသားနဲ့ စိတ်ဝိညာဉ်ရှိတဲ့သူတွေက ဘုရားသခင်ရဲ့အသံကိုကြားပြီး အနန္တတန်ခိုးရှင်ဘုရားသခင် နောက်ကိုလိုက်ကြတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီကတော့ ဘုရားမဲ့ဝါဒပါတီလေ။ သူတို့က ဘုရားသခင်နဲ့ သမ္မာတရားကိုပြင်းပြင်းထန်ထန်မုန်းကြပြီးတော့ လူတိုင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် သမ္မာတရားကိုသိသွားမယ်၊ ပြီးတော့ အဲဒီလူတွေက ခရစ်တော်နောက်ကိုလိုက်ပြီး သက်သေခံပြီးတော့ သူတို့ပါတီကိုပစ်ပယ်ပြီး လက်မခံကြတော့မှာကို သူတို့ကြောက်ကြတယ်။ အဲဒီအခါကျရင် ဘယ်သူကမှ သူတို့ကိုထောက်ခံတော့မှာမဟုတ်ဘဲနဲ့ သူတို့ရဲ့တရုတ်ပြည်သူတွေကို ချုပ်နှောင်ပြီးတော့ ထာဝရထိန်းချုပ်ချင်တဲ့ မကောင်းတဲ့ရည်ရွယ်ချက်လည်း ပျက်စီးသွားမယ်” “အဲဒါကြောင့်သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဝေဖန်ရှုတ်ချပြီးတော့ နာမည်ပျက်အောင်လုပ်ဖို့ အလိမ်အညာနဲ့ ကောလဟာလမျိုးစုံကို လုပ်ကြံဖန်တီးကြတာ။ တစ်နိုင်ငံလုံးမှာ အင်နဲ့အားနဲ့ကို ခရစ်တော်ကိုလိုက်နှိမ်နင်းပြီး ခရစ်ယာန်တွေကိုလိုက်နှိပ်ကွပ်ကြတာ” “သူတို့က သူတို့ရဲ့ဘုရားမဲ့ဝါဒ အာဏာရှင်စနစ်ကိုကာကွယ်ဖို့ ကမ္ဘာပေါ်ကဘုရားသခင်ရဲ့လုပ်ဆောင်မှုကို အပြီးအပိုင်ရှင်းလင်းချင်နေတာ” ဆိုပြီးတော့ ပြောပြတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီက သူတို့ရဲ့ဆိုးယုတ်တဲ့ ဘာသာရေးယုံကြည်မှုတွေအပေါ်ဖိနှပ်မှုကို ဖုံးကွယ်ဖို့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိပါတယ်လို့အခိုင်အမာပြောပြီး လှည့်ကွက်အဖြစ် အသုံးချပြီး ကမ္ဘာကိုအရူးလုပ်နေတာ တဲ့။ တရုတ်ပြည်မှာ စစ်မှန်တဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့ လူ့အခွင့်အရေးဆိုတာမရှိဘူး။ တရုတ်ပြည်မှာ ကိုးကွယ်ယုံကြည်မှုရှိတယ်ဆိုရင် ကွန်မြူပါတီရဲ့ ဆိုးယုတ်တဲ့အစိုးရရဲ့ ဖိနှိပ်တာကိုခံရတာပဲ။ ဒါ အမှန်တရားပဲ။ သူ့ရဲ့မိတ်သဟာယပြီးတော့ ကွန်မြူနစ်ပါတီရဲ့ ဘုရားသခင်နဲ့ သမ္မာတရားကိုမုန်းတီးတဲ့ ဆိုးယုတ်တဲ့သဘာဝကို ကျွန်မပိုပြီးရှင်းရှင်းလင်းလင်းမြင်လာပြီးတော့ တော်တော်ကိုဆိုးယုတ်တာပဲလို့လည်း တကယ်ခံစားလိုက်ရတယ်။ ကျွန်မငယ်ငယ်ကတည်းက သူတို့ရဲ့ဘုရားမဲ့ဝါဒပညာရေးက အဆိပ်ခတ်တာကို တော်တော်ခံခဲ့ရတယ်။ ပါတီကို လူတွေရဲ့ “ကယ်တင်ရှင်ကြီး” အဖြစ်အမြဲတမ်းမြင်ခဲ့ပြီးတော့ တကယ်ချစ်မြတ်နိုးခဲ့တယ်။ သူတို့ပြောတာကို သံသယလုံးဝမရှိဘဲ ယုံကြည်ပြီးလိုက်လုပ်ခဲ့တယ်။ အခုတော့ အဲဒါဟာဘယ်လောက်ရူးမိုက်သလဲဆိုတာကို ကျွန်မသိခဲ့ပြီ။ ကျွန်မအမျိုးသားကို ဧဝံဂေလိတရားမျှဝေတုန်းက သူပြောတာကိုတစ်ခုကိုလည်း သွားသတိရတယ်။ သူက “ဗဟိုကော်မတီက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အသင်းတော်ကို ရှင်းလင်းဖို့အမိန့်ထုတ်ထားပြီးတော့ ငါတို့တပ်ဖွဲ့ရဲ့ တိုက်ခိုက်ချေမှုန်းရန်အသင့်အနေအထားကိုလည်း အဆင့်သုံးအထိတိုးထားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သက်ဝင်တဲ့သူမှန်သမျှကို ရန်သူအဖြစ်သတ်မှတ်တယ်။ ပြီးတော့ ငါတို့ရဲ့ပါတီတွင်းသင်တန်းက အပတ်စဉ်နိုင်ငံရေးသင်ခန်းစာမှာ အခု အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အသင်းတော် အကြောင်းကိုသင်နေတယ်။ မင်းရဲ့ယုံကြည်မှုက ကောင်းမွန်တယ်ဆိုတာကိုငါသိပေမယ့် ကွန်မြူနစ်ပါတီကအာဏာရှိပြီးတော့ အားနည်းသူတွေက အာဏာရှိတဲ့သူကို အနိုင်မရနိုင်ဘူး။ သူတို့ကို နာခံရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ လို့သူကပြောတယ်။” သူပြောခဲ့တာတွေကိုပြန်တွေးမိတော့ ကျွန်မအရမ်းစိတ်တိုမိတယ်။ ကွန်မြူနစ်ပါတီက ကောင်းကင်ဘုံနဲ့ဆန့်ကျင်ဘက်ကို သွားနေတာ။ သူတို့ကဘုရားသခင်ကို အစွမ်းကုန်ဆန့်ကျင်ချင်တယ်၊ ယုံကြည်သူတွေကို တစ်မျိုးသားလုံးရဲ့ရာဇဝတ်ကောင်လို ဆက်ဆံပြီး ဖိနှိပ်ရှုတ်ချရုံတင်မကဘဲ လူထုကိုလည်းသူတို့ဘက်ပါအောင်လို့ ခြောက်လှန့်ပြီးဝါဒဖြန့်ဝေနေတယ်။ ကျွန်မအမျိုးသားတောင်မှ ကြောက်ပြီးတော့ လှည့်စားခံခဲ့ရတယ်။ သူကအမှန်အမှားကိုမခွဲနိုင်ဘဲနဲ့ ကျွန်မရဲ့ယုံကြည်မှုကို ဖိနှိပ်ခဲ့တယ်။ ကွန်မြူနစ်ပါတီက ဘယ်သူ့ကိုမှ လမ်းကြောင်းမှန်ကိုလျှောက်ပြီး ဘုရားသခင်ကို မကိုးကွယ်စေချင်ဘဲနဲ့ သူတို့ကိုပဲယုံကြည်ပြီး ထောက်ခံစေချင်တယ်။ အဲဒါဟာ ဆိုးယုတ်၊ စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မရှိတာပဲ။ အဲဒီကွန်မြူနစ်မိစ္ဆာတွေကို ကျွန်မရင်ထဲ အသည်းထဲကကိုမုန်းပြီး ကျိန်ဆဲခဲ့တယ်။ ကျွန်မဘုရားသခင်ကို သစ္စာဖောက်အောင်လို့ သူတို့က ကျွန်မရဲ့သားနဲ့ အမျိုးသားရဲ့အနာဂတ်နဲ့ ခြိမ်းခြောက်နေတယ်။ ကျွန်မသူတို့ရဲ့လှည့်ကွက်ထဲမှာ ကျရှုံးလို့မဖြစ်မှန်းသိတယ်။ ကျွန်မအမျိုးသားက ဘယ်လိုပဲဖိအားပေးပါစေ၊ တကယ်လို့ ကျွန်မထောင်ထဲသွားရမယ်ဆိုရင်တောင် ကျွန်မဘုရားသခင်ကို ဆက်ပြီးကိုးကွယ်မှာပဲ။

ညဘက်ကျတော့ ကျွန်မအိပ်ရာပေါ်မှာလှဲပြီး ကျွန်မသားလေးနဲ့အတူရှိခဲ့တဲ့ ပျော်စရာအချိန်တွေကိုပြန်စဉ်းစားမိတယ်။ သူကငယ်ငယ်လေးပဲရှိသေးပြီးတော့ အရှေ့မှာအနာဂတ်အများကြီးရှိသေးတယ်။ ကျွန်မရဲ့ယုံကြည်မှုကြောင့် သူ့အနာဂတ်ထိခိုက်သွားမလားလို့ တွေးမိတယ်။ အဲဒီလိုတွေးမိတော့ ကျွန်မ စပြီးအားငယ်လာတာနဲ့ ဘုရားသခင်ကို တိတ်တိတ်လေးဆုတောင်းပြီးတော့ ကျွန်မရဲ့နှလုံးသားကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဆုတောင်းပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကိုစဉ်းစားမိတယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) “အမှန်ပဲ။ ဘုရားသခင်က အရာရာကိုအုပ်စိုးပြီးတော့ ငါ့သားရဲ့ကံကြမ္မာကလည်း သူ့လက်ထဲမှာပဲ။ နောက်ဆုံးရလဒ်ကို ဘုရားသခင်ကပဲဆုံးဖြတ်မှာ၊ ဘယ်လူသားကမှ ဆုံးဖြတ်မှာမဟုတ်ဘူး။” “စိတ်ပူနေလို့ဘာထူးမှာလဲ” လို့တွေးမိတယ်။ အဲဒါနဲ့ကျွန်မဆုတောင်းပြီးတော့ ကျွန်မသားလေးကို ဘုရားသခင်ဆီအပ်နှံလိုက်တယ်။ အဲဒါပြီးတော့ ကျွန်မအများကြီးပိုနေလို့ကောင်းသွားပြီးတော့ အရင်လောက်စိတ်မပူတော့ဘူး။ ဘုရားသခင်ကပေးအပ်တဲ့ ခွန်အားနဲ့ ယုံကြည်မှုတွေရဲ့ကျေးဇူးကြောင့် ကျွန်မအဖမ်းခံရတဲ့ ၁၄ ရက်ကိုဖြတ်သန်းနိုင်ခဲ့ပါတယ်။ ကျွန်မပြန်လွတ်တော့ ကျွန်မအဖေက ကားမောင်းပို့ပြီးတော့ ကျွန်မအမျိုးသားက နောက်ခန်းမှာထိုင်တယ်။ ကျွန်မအမျိုးသားရဲ့ မျက်လုံးတွေက ငိုထားလို့ နီရဲနေပြီးတော့ ကျွန်မကိုပြောတယ်။ “ဒီကာလတစ်လျှောက်လုံးမှာ ခေါင်းဆောင်က ငါ့ရဲ့အတွေးအခေါ် အယူအဆကိုလေ့လာနေခဲ့တယ်။ ငါမင်းအကြောင်းကို အစီရင်ခံရမယ်။ မင်းသာဘုရားသခင်ကို ဆက်ယုံကြည်နေမယ်ဆိုရင် ငါမင်းနဲ့ကွာရှင်းရင်ကွာရှင်း မဟုတ်ရင် အထုတ်ခံရမယ်လို့သူတို့ကပြောတယ်။ ငါလည်းရူးချင်တာပဲ။ ငါမင်းကိုတောင်းပန်ပါတယ်။ ဆက်မကိုးကွယ်ပါနဲ့တော့။ အဖမ်းခံရရင်မင်းထောင်ကျပြီးတော့ ငါတို့မိသားစုလည်း တစ်ကွဲတစ်ပြားဖြစ်လိမ့်မယ်” တဲ့။ ပြောနေရင်းနဲ့ သူငိုပြီးတော့ ကျွန်မလည်းအရမ်းခံစားရတယ်။ ကျွန်မဘုရားသခင်ကို စိတ်နှလုံးထဲကနေ အမြန်ဆုတောင်းပြီးတော့ ကျွန်မကိုဆက်ပြီး ကြံ့ခိုင်အောင်ထားပေးဖို့ တောင်းဆိုခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်မစဉ်းစားမိတယ်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) အဲဒါဟာစာတန်ရဲ့လှည့်ကွက်တစ်ခုပဲဆိုတာ ကျွန်မသဘောပေါက်လိုက်တယ်။ စာတန်က ကျွန်မအမျိုးသားက ကျွန်မနဲ့ကွာရှင်းမယ်ဆိုပြီး ခြိမ်းခြောက်တာကိုအသုံးချပြီး ကျွန်မဘုရားသခင်ကိုသစ္စာဖောက်အောင်လုပ်နေတာ။ အဲဒီထောင်ချောက်ထဲ ကျွန်မဝင်သွားလို့မဖြစ်ဘူး။ အဲဒါကြောင့် ကျွန်မအမျိုးသားကို “ကျွန်မဒီမိသားစုကို မပြိုကွဲစေချင်ပါဘူး။ ကျွန်မယုံကြည်သူဖြစ်လာကတည်းက ပြောင်းလဲလာတွေကို ရှင်လည်းသိတာပဲ။ ကျွန်မတို့ရန်မဖြစ်တော့ဘဲနဲ့ မိသားစုပိုပြီးအဆင်ပြေလာတယ်လေ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ သက်သေခံချက်တွေကိုရှင်ကြားဖူးတယ်။ ကိုးကွယ်ယုံကြည်မှုရှိတာ ကောင်းတယ်ဆိုတာရှင်သိပါတယ်။ ဒါပေမဲ့ အခုကျတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ကျွန်မကိုပြစ်ဒဏ်ချမှတ်ပြီး ဖမ်းဆီးချင်တယ်၊ ရှင့်ကိုအလုပ်ဖြုတ်၊ စစ်တပ်ကထုတ်ပြီး ကျွန်မနဲ့ကွာရှင်းစေချင်တယ်။ မိသားစုပြိုကွဲအောင် တကယ်လုပ်နေတာကဘယ်သူလဲ။ တရုတ်ပြည်ကွန်မြူနစ်ပါတီကို မုန်းရမယ့်အစား ရှင်ကပါ ကျွန်မရဲ့ယုံကြည်မှုကို ဖိနှိပ်နေတယ်။ ရှင်အမှန်နဲ့အမှား မခွဲခြားတတ်တော့ဘူးမဟုတ်လား။ ကွန်မြူနစ်ပါတီက ဘယ်လိုပါတီမျိုးလဲဆိုတာ ရှင်လည်းသိတာပဲ။ သူတို့ကသမ္မာတရားနဲ့ ဘုရားသခင်ကိုမုန်းတီးပြီးတော့ ဘုရားသခင်နဲ့ ထာဝရရန်သူပဲ။ ခရစ်ယာန်တွေအများကြီးကို ဖမ်းဆီးဖိနှိပ်ခဲ့တယ်၊ မကောင်းတာတွေအများကြီးလုပ်ခဲ့တယ်။ သူတို့တွေဘုရားသခင်ရဲ့ပြစ်ဒဏ်ပေးမှုကနေ တကယ်လွတ်နိုင်ပါ့မလား” “ဟိုရှေးရှေးတုန်းက ဘုရားသခင်ကပြောခဲ့တယ် ‘လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းသည် ရန်သူ မျိုးဖြုတ်ခံရသည့် နေရာတစ်ခုမှ ဖြစ်သည်။ တရုတ်ပြည်သည် ဦးစွာပထမ အမြစ်ဖြတ်ချေမှုန်းခံရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လက်ဖြင့် သုံးမရအောင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် တရုတ်ပြည်အား လုံးဝ သနားညှာတာမည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀))” ဟုတ်တယ်။ ဘုရားသခင်က အဲဒီလိုပဲပြောခဲ့တယ်။ “ဘေးအန္တရာယ်တွေက အမြဲတမ်းဖြစ်နေတယ်။ တကယ်ကြီးမားတဲ့ ဘေးအန္တရာယ်တွေကျရောက်လာရင် ကွန်မြူနစ်ပါတီဟာ ဘုရားသခင်ရဲ့ချေမှုန်းခြင်းကို အရင်ဆုံးခံရလိမ့်မယ်။ ပြီးတော့ အဲဒီလိုဖြစ်တဲ့အချိန်ကျရင် သူတို့ကိုထောက်ခံပြီးတော့ ဘုရားသခင်ကိုဆန့်ကျင်တဲ့သူတွေအကုန်လုံး သေကြေပျက်စီးကြလိမ့်မယ်။ သူတို့ဘဝတွေက ဘယ်တော့မှအေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး။ ကျွန်မရဲ့ယုံကြည်မှုကို စွန့်လွှတ်ဖို့ ထပ်မပြောပါနဲ့။ ဘုရားသခင်ကိုယုံကြည်တာကို ကျွန်မဘယ်တော့မှရပ်မှာမဟုတ်ဘူး” လို့ပြောလိုက်တယ်။ ကျွန်မကအလျှော့ပေးမယ့်ပုံမပေါ်တာကိုလည်း သူတွေ့ရော စိတ်အရမ်းတိုပြီးတော့ ကျွန်မကိုပါးရိုက်လိုက်တယ်။ သူ့ကို ကွန်မြူနစ်ပါတီက ကျွန်မကို ဒီလိုဆက်ဆံဖို့ မြှောက်ပေးထားတာဆိုတာ ကျွန်မ သိတယ်။ ကျွန်မအရမ်းနာကျင်ရပြီးတော့ ပါတီကိုရင်ထဲ အသည်းထဲကကိုမုန်းမိတယ်။ ကျွန်မစဉ်းစားတယ် “ကျွန်မကိုဖိနှိပ်လေလေ ကျွန်မရဲ့ယုံကြည်မှုကခိုင်မာလေလေပဲ” လို့။

အိမ်မှာဆိုရင် ကျွန်မအမျိုးသားက အလျှော့မပေးဘူး။ “မင်းကိုးကွယ်ချင်ရင် အိမ်မှာပဲကိုးကွယ်။ ငါခေါင်းဆောင်ကိုမတိုင်ဘူး ဟုတ်ပြီလား” တဲ့ ကျွန်မစဉ်းစားတယ် “ဘုရားသခင်ရဲ့ကျေးဇူးတော်၊ ကောင်းချီးနဲ့ သမ္မာတရားရဲ့အာဟာရကို ငါအရမ်းနှစ်သက်ခံစားခဲ့တယ်။ ဧဝံဂေလိတရားကိုမမျှဝေရင်၊ ငါရဲ့ တာဝန်ကိုမထမ်းဆောင်ရင် အဲဒါကိုယုံကြည်မှုလို့ပြောလို့ရပါဦးမလား။ ပြီးတော့ တွေ့ဆုံပွဲတွေမလုပ်ရ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မိတ်သဟာယမဖွဲ့ရဘဲ အိမ်မှာပဲနေနေရင် ငါ့ဘဝက ဘာမှတိုးတက်တော့မှာမဟုတ်ဘူး” လို့။ ကျွန်မအမျိုးသားပြောတာကို နားမထောင်နိုင်မှန်းကျွန်မသိတယ်။ အဲဒီအခါကျတော့ သူကကျွန်မကို အချိုသပ်တယ်။ “ငါမင်းကိုကောင်းကောင်းဂရုမစိုက်ခဲ့မိဘူး။ ငါမှားခဲ့ပါတယ်။ ငါအလုပ်ကို ခဏလောက်မသွားဘဲနေမယ်။ အိမ်မှာပဲ မင်းရယ် ငါတို့သားလေးရယ်နဲ့နေမယ်။ မင်းသွားချင်တဲ့နေရာတိုင်းကို လိုက်ပို့ပေးပြီး မင်းလိုချင်တာအကုန်ဝယ်ပေးမယ်။ ငါမင်းကိုပျော်စေချင်ရုံသက်သက်ပါ” တဲ့။ သူကအဲဒီလိုအရမ်းချိုချိုသာသာလေးပြောတော့ ကျွန်မနည်းနည်းစိတ်ယိုင်သွားတယ် ဒါပေမဲ့ ဒါကလည်း စာတန်ရဲ့နောက်ထပ်လှည့်ကွက်တစ်ခုပဲဆိုတာကို ကျွန်မအမြန်သဘောပေါက်လိုက်တယ်။ ဘာတွေပဲဖြစ်ဖြစ် ကျွန်မရဲ့ယုံကြည်မှုကိုမစွန့်လွှတ်ဘဲနဲ့ တာဝန်ကိုဆက်ထမ်းဆောင်မယ်ဆိုပြီး ကျွန်မတိတ်တိတ်လေးဆုတောင်းခဲ့တယ်။ ဒါပေမဲ့ အဲဒါပြီးတော့ ကျွန်မအမျိုးသားက ကျွန်မဘယ်သွားသွားလိုက်လာတယ်။ သူကသာ ကျွန်မကိုတိုင်ရင် သူများတွေပါဒုက္ခရောက်မှာကို စိတ်ပူမိတယ်။ အဲဒါကြောင့် ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့ မတွေ့ရဲခဲ့ဘူး။ ကျွန်မအဖမ်းမခံရခင်တုန်းကဘဝကို တကယ်သတိရမိတယ်။ အဲဒီအချိန်ကိုပြန်တွေးမိတယ် ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံပြီး မိတ်သဟာယဖွဲပြီး ကျွန်မရဲ့တာဝန်ကိုထမ်းဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုကျတော့ ကျွန်မတွေ့ဆုံပွဲတွေကိုသွားလို့မရသလို ဘာလုပ်လုပ်ချုပ်ချယ်ခံနေရတယ်။ ကျွန်မရဲ့ယုံကြည်သက်ဝင်မှုကို လုပ်ဆောင်လို့မရသလို သာမာန်လူလိုနေလို့မရဘူး။ ပြီးတော့ ကျွန်မရဲ့အမျိုးသားကလည်း အစိုးရကိုကြောက်ပြီးတော့ ကျွန်မရဲ့ယုံကြည်မှုကို စွန့်လွှတ်အောင်လုပ်ဖို့စိတ်အားထက်သန်နေတယ်။ အဲဒီလိုမှမဟုတ်ရင် သူကကျွန်မနဲ့ကွာရှင်းလိမ့်မယ်။ ကျွန်မရင်ဆိုင်နေရတဲ့ ရွေးချယ်စရာတွေကိုစဉ်းစားလိုက်ရင် အရမ်းစိတ်ဆင်းရဲမိတယ်။ အမှန်အတိုင်းပြောရရင် ကျွန်မရဲ့အမျိုးသားကလည်း ကျွန်မလိုပဲယုံကြည်သက်ဝင်မယ် အဲဒါဆို ကျွန်မတို့ကွဲစရာမလိုဘူးလို့ မျှော်လင့်နေမိတာ။ အဲဒီအချိန်တွေတုန်းက နေ့ရက်တိုင်းဟာ အရမ်းကြာသလိုခံစားခဲ့ရတယ်။ ကျွန်မ မျက်ရည်ကျရင်းနဲ့ ဘုရားသခင်ရဲ့ရှေ့မှောက်ကို သွားပြီး ဆုတောင်းခဲ့တယ်။ “အဖ ဘုရားသခင် ကျွန်မရွေးချယ်ရမယ့်အရာတွေအတွက် အရမ်းနာကျင်ပြီး အားနည်းနေပါတယ်။ ဘာလုပ်ရမလဲမသိတော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကိုလမ်းပြပေးပါ” လို့ဆုတောင်းခဲ့တယ်။ အဲဒါပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုဖတ်ခဲ့ပါတယ် “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။...ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) အဲဒါကိုဖတ်ပြီးတော့ ကျွန်မအဖမ်းခံရကတည်းက ကျွန်မအမျိုးသားရဲ့အပြုအမူတွေကို ပြန်စဉ်းစားမိတယ်။ ကျွန်မရဲ့ယုံကြည်မှုကိုစွန့်လွှတ်ဖို့အတွက် သူကတောက်လျှောက် တွန်းအားပေးခဲ့တယ်၊ ဂရုစိုက်တဲ့ပုံမျိုးပြပြီး ဆွဲဆောင်တယ်၊ ကွာရှင်းမယ်လို့လည်း ဖိအားပေးပြီးတော့ ကျွန်မကိုတောင်ရိုက်ခဲ့သေးတယ်။ အဲဒါတွေအကုန်လုံးက ကျွန်မဘုရားသခင်ကိုသစ္စာဖောက်အောင်လုပ်တာပဲမဟုတ်ဘူးလား။ သူကဘုရားသခင်ပြောခဲ့တဲ့ “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ” ထဲကတစ်ယောက်ပဲမဟုတ်ဘူးလား။ ကျွန်မအဖမ်းခံရတယ်ဆိုတာကိုသိတော့ သူပထမဆုံးလုပ်ခဲ့တာက သူ့ရဲ့တပ်ဖွဲ့ခေါင်းဆောင်ကို သွားပြောတာပဲ။ အဲဒါကသူ့ကိုယ်သူကာကွယ်ဖို့လုပ်တာပဲမဟုတ်ဘူးလား။ ကျွန်မအတွက်ဘာမှမစဉ်းစားခဲ့ဘူး။ ကျွန်မအတွက်ထက် သူ့ရဲ့အနာဂတ်ကိုပဲ သူအများကြီးပိုဂရုစိုက်ခဲ့တယ်။ ကျွန်မကို အချိန်ပြည့် အချိုသပ်ပြီးပြောခဲ့သမျှက ဟန်ဆောင်နေတာတွေပဲ။ သူကတရုတ်ပြည်ကွန်မြူနစ်ပါတီကို ရွေးချယ်ခဲ့ပြီးတော့ ကျွန်မက ဘုရားသခင်ကို ရွေးချယ်ခဲ့တယ်။ ကျွန်မတို့က ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ကျွန်မတို့ အတူတူ မရှာဖွေနိုင်ခဲ့ဘူး။ အဲဒီလိုစဉ်းစားမိတော့ ကျွန်မအနေနဲ့ မိသားစုနဲ့ ယုံကြည်မှုကိုရွေးချယ်ရတော့မှာသေချာနေပြီဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မအမျိုးသားနဲ့ အတူတူဖြတ်သန်းခဲ့တဲ့နှစ်တွေကို ပြန်တွေးကြည့်လိုက်ရင် ကျွန်မအရမ်းစိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းမိတယ်။ ကျွန်မဘုရားသခင်ရဲ့ရှေ့မှောက်ကို ထပ်သွားပြီးတော့ ဆုတောင်းပြီး သူ့ရဲ့ကာကွယ်မှုကို တောင်းခံခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲမှာ ဒါကိုဖတ်ရတယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မလက်တွေ့လုပ်ဆောင်ရမယ့်လမ်းကြောင်းကိုပေးပြီးတာ့ ကျွန်မရဲ့ယုံကြည်မှုကို ပြန်လည်ရှင်သန်စေခဲ့တယ်။ ကျွန်မဘုရားသခင်ရဲ့ရှေ့မှောက်ကို သွားပြီးတော့ ဆုတောင်းတယ်။ “အဖ ဘုရားသခင် တကယ်လို့ကွာရှင်းရမယ်ဆိုရင်တောင် ကျွန်မအရှင့်ကိုဆက်ပြီးကိုးကွယ်ပါ့မယ်” “အရှင့်အတွက်သက်သေခံဖို့ ကျေးဇူးပြုပြီးတော့ ကျွန်မကိုယုံကြည်မှုကိုပေးပြီး ဆက်ပြီးစိတ်ဓာတ်ခိုင်မာအောင်လုပ်ပေးပါ” လို့။

တစ်ရက်ကျတော့ ကျွန်မအမျိုးသားကိုလစ်ထွက်ပြီးတော့ ညီအစ်ကိုမောင်နှမတွေဆီကို သွားလည်ခဲ့တယ်။ ကျွန်မအိမ်ပြန်ရောက်တော့ ကျွန်မအမျိုးသားက မတ်တပ်ရပ်နေပြီးတော့ သူ့ရဲ့မိသားစုတွေလည်းရောက်နေတယ်။ သူ့မျက်လုံးတွေနီရဲနေပြီးတော့ အရမ်းစိတ်ဆိုးနေတဲ့ပုံပဲ။ ကျွန်မတို့အမျိုးတွေထဲက တချို့ကတော့ ဝမ်းနည်းပြီး စိတ်ညစ်နေကြတဲ့ပုံပေါက်ပြီးတော့ တချို့ကျတော့ အရမ်းစိတ်ဆိုးနေတဲ့ပုံပဲ။ ဒီတစ်ခါက်ကျတော့ စာတန်က ကျွန်မရဲ့မိသားစုကိုသုံးပြီးတော့ ကျွန်မကိုဘေးကြပ်နံကြပ်ဖြစ်အောင်လုပ်ပြန်ပြီဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မအမြန်ပဲ ဘုရားသခင်ကို တိတ်တိတ်လေးဆုတောင်းခဲ့တယ်။ သူ့ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုတွေးမိတယ်။ “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကိုယုံကြည်မှုနဲ့ ခွန်အားတွေပေးပြီးတော့ ကျွန်မရဲ့မိသားစုကဘာပဲလုပ်လုပ် ကျွန်မဘယ်တော့မှ ဘုရားသခင်ကိုသစ္စာမဖောက်ဘူးလို့ စိတ်ထဲမှာ သန္နိဌာန်ချခဲ့တယ်။ ကျွန်မသူ့အတွက် သက်သေခံမယ်။

အရမ်းစိတ်ဆိုးနေတဲ့ မျက်နှာထားနဲ့ ကျွန်မအဒေါ်က ကျွန်မကိုမေးတယ် “နင်တွေ့ဆုံပွဲသွားတယ်မဟုတ်လား။ ဒီမိသားစုကိုရော နင်လိုချင်သေးရဲ့လား” တဲ့။ ပြီးတော့ ကျွန်မဦးလေးက ကျွန်မကိုအော်တယ်။ “ဘုရားသခင်ဟုတ်လား။ ဘုရားသခင်ဆိုတာမရှိဘူးကွ။ တရုတ်ပြည်က ဘုရားမဲ့ဝါဒတိုင်းပြည်ဖြစ်ပြီးတော့ ကွန်မြူနစ်ပါတီက အုပ်ချုပ်နေတာ။ နင်ယုံကြည်ချင်ရင် ပါတီကိုပဲယုံကြည်” တဲ့။ ပြီးတော့ သူကကွန်မြူနစ်ပါတီရဲ့အလိမ်အညာတွေကို သူ့ဖုန်းနဲ့လာပြပြီးတော့ ပြောတယ် “ကြည့်။ ဒါနင်ကိုးကွယ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာပဲ။ ဒါက နိုင်ငံတော်ရဲ့ အဓိကပစ်မှတ်တစ်ခုပဲ။ ယုံကြည်တဲ့သူတွေက သူ့တို့ရဲ့မိသားစုကိုပါ ဒုက္ခရောက်အောင်လုပ်တာပဲ။ နင့်အတွက်မတွေးရင်တောင် နင့်ကလေးအတွက်တော့စဉ်းစားကြည့်ပါဦး” တဲ့။ တခြားအဒေါ်တစ်ယောက်ကလည်းပြောတယ်။ “နင်တို့အိမ်ထောင်သက်မကြာသေးတော့ တချို့အရာတွေကအရမ်းအဆင်မပြေသေးဘူးပေါ့။ ဒီလိုကိစ္စအတွက်နဲ့တော့ မိသားစုပြိုကွဲလို့မဖြစ်ဘူးလေ။ နင်သာဘုရားသခင်ကို မကိုးကွယ်ရင် နင့်မိသားစုအခုလိုပြဿနာဖြစ်ပါ့မလား” တဲ့။ အကုန်လုံးကလည်း သူ့ဘက်ကထောက်ခံပြီး ဝင်ပြောကြတယ်။ သူတို့အဲဒါတွေပြောတာ ကြားတော့ ကျွန်မအရမ်းစိတ်တိုမိတယ်။ ကျွန်မသူတို့ကို “ဘယ်သူကဒီမိသားစုကို ပြိုကွဲစေချင်တာလဲ။ မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာ ဘာများမှားလို့လဲ။ ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို ဖိနှိပ်ဖမ်းဆီးပြီးတော့ ကျွန်မကိုလည်းထောင်ထဲပို့ချင်နေတာ။ အဒေါ်တို့ ဦးလေးတို့အကုန်လုံးကိုလည်း ခြိမ်းခြောက်ပြီးတော့ ကျွန်မရဲ့အမျိုးသားကိုလည်း ကျွန်မနဲ့ကွာရှင်းဖို့တွန်းအားပေးတယ်။ ဒါတွေအားလုံးက ကွန်မြူနစ်ပါတီကလုပ်တာပဲ” လို့ တည်တည်ငြိမ်ငြိမ် မာမာထန်ထန်နဲ့ပြောလိုက်တယ်။ “ဦးလေးတို့ အဒေါ်တို့က တရုတ်ပြည်ကွန်မြူနစ်ပါတီကို မုန်းတီးရမယ့်အစား သူတို့ဘက်နေပြီးတော့ ကျွန်မကိုဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖိအားပေးနေကြတယ်။ အဲဒါက ကျွန်မနဲ့ ကျွန်မမိသားစုအတွက် အကောင်းဆုံးပဲလား” လို့လည်းပြောလိုက်တယ်။ ကျွန်မအဲဒီလိုပြောတော့ တခြားဦးလေးတစ်ယောက်က “ဟုတ်တယ်။ ပါတီကိုယုံလို့မရဘူး။ ဒါပေမဲ့ သူတို့ကအခုအာဏာရှိတဲ့သူလေ။ နင်ကဘုရားသခင်ကိုကိုးကွယ်ရင် သူတို့ကနင့်ကိုညှာမှာမဟုတ်ဘူး။ နင်ထောင်ကျလိမ့်မယ်။ ငါတို့ကသာမာန်လူတွေ။ ပါတီကိုဘယ်လိုလုပ်ဆန့်ကျင်နိုင်မှာလဲ။ ငါပြောတာကိုနားထောင်ပါ။ ဆက်မကိုးကွယ်ပါနဲ့တော့။ မိသားစုမပြိုကွဲဖို့က အရေးကြီးဆုံးပါ” လို့ပြောတယ်။ ကျွန်မပြန်ပြောလိုက်တယ် “ဘေးအန္တရာယ်တွေက ပိုကြီးလာနေတယ်။ တကယ်ကြီးမားတဲ့ ဘေးအန္တရာယ်တွေဖြစ်လာတဲ့အခါကျရင် ဘုရားသခင်ကိုဆန့်ကျင်တဲ့သူတွေအကုန်လုံး ပြစ်ဒဏ်ခတ်တာကိုခံရလိမ့်မယ်။ ယုံကြည်သက်ဝင်ပြီးတော့ ဘုရားသခင်ကို ဝန်ချတောင်းပန်တဲ့သူတွေပဲ သူ့ရဲ့ကာကွယ်မှုကိုရလိမ့်မယ်။ စစ်မှန်တဲ့ယုံကြည်သူတွေပဲ ကောင်းမွန်တဲ့အနာဂတ်နဲ့ ကံကြမ္မာကိုပိုင်ဆိုင်ရလိမ့်မယ်။ ယုံကြည်သက်ဝင်မှုမရှိရင် ဘာအနာဂတ်ရှိမှာလဲ” “ကျွန်မအကုန်လုံးကိုချစ်ပါတယ်။ ဦးတို့ အဒေါ်တို့အကုန်လုံးကို ဘုရားသခင်ကကယ်တင်ပြီးတော့ ဘေးအန္တရာယ်တွေမကျရောက်ဖို့လည်း တကယ်မျှော်လင့်တယ်။ အဲဒါကြောင့်လည်း ကျွန်မ ဧဝံဂေလိတရားကို ခဏ ခဏမျှဝေခဲ့တာ။ ဒါပေမဲ့ အဲဒါက လမ်းကြောင်းမှန်ဖြစ်တယ်ဆိုတာကို သိပေမဲ့လည်း အဖမ်းခံရမှာကိုကြောက်ပြီးတော့ ဦးတို့မယုံကြည်ရဲကြဘူး။ အခုကျွန်မကိုပါပိတ်ပင်ပြီးတော့ ဘုရားသခင်ကိုသစ္စာဖောက်အောင်ဖိအားပေးနေကြတယ်။ ဘေးအန္တရာယ်တွေကျရောက်လာရင် ကွန်မြူနစ်ပါတီနဲ့အတူတူ ပြစ်ဒဏ်ပေးခံရမှာမကြောက်ကြဘူးလား” လို့ပြောလိုက်တယ်။ ကျွန်မအဲဒီလိုပြောတော့ ပထမဆုံးပြောတဲ့ ဦးလေးရဲ့မျက်နှာက ဒေါသကြောင့် နီရဲသွားပြီးတော့ “နင်ဆက်ပြီးကိုးကွယ်နေမယ်ဆိုရင် ငါပြစ်ဒဏ်ပေးတာကိုခံရလိမ့်မယ်။ ငါနင့်ကိုရဲတိုင်မယ်။ နင်ထောင်ထဲသွားရမယ်” လို့ ဒေါသတကြီးနဲ့ခြိမ်းခြောက်တယ်။ အဲဒီလိုပြောပြီးတော့ သူ့ဖုန်းကိုထုတ်ပြီးတော့ ဖုန်းခေါ်တယ်။ ကျွန်မအဒေါ်က သူ့ဆီကိုပြေးပြီးတော့ ဖုန်းကိုလုလိုက်တယ်။ ကျွန်မရဲ့ဦးလေးကအဲဒီလိုလုပ်တာကိုမြင်ရတော့ ကျွန်မအရမ်းစိတ်ပျက်သွားတယ်။ ဒါကဘယ်လိုမိသားစုမျိုးလဲ။ ဒါမကောင်းဆိုးဝါး ရဲ့လုပ်ဆောင်မှုပဲ။ ကျွန်မသူတို့ကိုပြောလိုက်တယ် “ဦးလေးတို့ အဒေါ်တို့က လူကြီးတွေပါ။ ကျွန်မရိုသေလေးစားပါတယ်။ ဒါပေမဲ့ ကျွန်မ ယုံကြည်တဲ့လမ်းကိုရွေးတဲ့နေရာမှာတော့ သူများတွေက ကျွန်မကိုအမိန့်ပေးတာကို လုံးဝ လက်ခံမှာမဟုတ်ဘူး။ ဦးလေးတို့ အဒေါ်တို့ ဖြစ်စေချင်သလိုမျိုး ကျွန်မရဲ့ယုံကြည်မှုကိုစွန့်လွှတ်၊ ဘုရားသခင်ကိုသစ္စာဖောက်ပြီးတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီနောက်ကိုလိုက်ဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး” လို့။ ပြီးတော့ ကျွန်မအမျိုးသားက ကျွန်မကိုရိုက်လိုက်တာ ပြင်းလွန်းလို့ ကျွန်မလွင့်ပြီး ကြမ်းပြင်ပေါ်လဲကျသွားတယ်။ ကျွန်မမျက်မှန်လည်းကျွတ်ပြီးတော့ တခြားနေရာမှာ သွားကျတယ်။ သူကကျွန်မကိုလက်ညှိုးထိုးပြီးတော့ အော်တယ်။ “မင်းဘုရားသခင်နဲ့ ဒီမိသားစုဘာကိုရွေးမှာလဲ။ ဆက်ကိုးကွယ်နေမယ်ဆိုရင် ငါအခုချက်ချင်းမင်းနဲ့ကွာရှင်းမယ်” တဲ့။ ကျွန်မအမျိုးသားက သူ့ရဲ့အနာဂတ်ကိုကာကွယ်ဖို့အတွက် ကျွန်မကိုကွာရှင်းချင်တာကိုတွေ့လိုက်ရတယ်။ ကျွန်မအရမ်းနာကျင်ပြီးတော့ ကွန်မြူနစ်ပါတီကို တူးတူးခါးခါးကိုမုန်းတီးမိတယ်။ ကျွန်မဘုရားသခင်ကို တိတ်တိတ်လေးဆုတောင်းတယ် “ကျွန်မချစ်တာကိုဆုံးရှုံးရရင်တောင် ဘုရားသခင်ကျေနပ်အောင်နေပါ့မယ်” လို့။ နှစ်လကြာတော့ ကျွန်မတို့ကွာရှင်းရမယ့်ရက်ရောက်လာခဲ့တယ်။ ကျွန်မအမျိုးသားက ကျွန်မကိုဖုန်းဆက်ပြီးတော့ ပြောတယ် “မနက်ဖြန်ကျရင် ပြည်သူ့ရေးရာဗြူရိုကိုသွားပြီးတော့ ကွာရှင်းဖို့ကိစ္စတွေလုပ်ဖို့ ငါ့ရဲ့တပ်ဖွဲ့ခေါင်းဆောင်လည်း ငါတို့နဲ့လိုက်လာလိမ့်မယ်။” တဲ့။ သူအဲဒီလိုပြောတာကိုကြားတော့ ကျွန်မတို့ရဲ့ပျော်စရာမိသားစုလေး တရုတ်ပြည်ကွန်မြူနစ်ပါတီကြောင့် ပြိုကွဲသွားတာကိုတွေးမိတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီက တကယ်ကိုဆိုးယုတ်ပြီး စက်ဆုပ်ဖွယ်ကောင်းလှပါတယ်။ နောက်နေ့ကျတော့ တပ်ဖွဲ့ခေါင်းဆောင်ရဲ့ရှေ့မှာပဲ ကျွန်မတို့တရားဝင်ကွာရှင်းပြတ်စဲလိုက်ကြပါတယ်။ ကျွန်မအမျိုးသားနဲ့ ကျွန်မ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ခဲ့ကြတယ်။ ကျွန်မကဘုရားသခင်ကို ဆက်ကိုးကွယ်တယ်၊ ဧဝံဂေလိတရားကိုဖြန့်ဝေပြီးတော့ ကျွန်မရဲ့ တာဝန်ကို ဆက်ထမ်းဆောင်ခဲ့တယ်။ ဒါကကျွန်မရဲ့ရွေးချယ်မှုဖြစ်ပြီးတော့ ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ကျေးဇူးတော်ပါပဲ။

အောက်ခြေမှတ်စု(များ)-

၁။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။

၂။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

“ခေါင်းဆောင်ကောင်း”တစ်ယောက်၏ ဆင်ခြင်သုံးသပ်မှု

ရူဘီလင် ဖိလစ်ပိုင်နိုင်ငံ ကျွန်မ ကလေးကတည်းက မိဘတွေက ကျွန်မကို လူတွေနဲ့ ဖော်ရွေဖို့ ချဉ်းကပ်ရလွယ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့သူဖြစ်ဖို့...

တစ်ကိုယ်ကောင်းဆန်မှုကို လက်လွှတ်ခြင်းဖြင့် ကျွန်တော်လွတ်မြောက်သည်

ရှောင်ဝေ့ တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။