ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်ုပ်ကို အဘယ်သူ တားဆီးနေသနည်း။
ကျွန်မ ကက်သလစ် အသင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ကျွန်မ ငယ်ရွယ်တုန်းက ကက်သလစ် ကျောင်းကို တက်ခဲ့ပြီး အသင်းတော် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ချန်ရှောင်မှာ နွေးထွေးပြီး သဟဇာတဖြစ်တဲ့ မိသားစုလေးတစ်ခု ရှိခဲ့ပြီး သူ့ယောကျာ်းကလည်း သူ့ကို တုန်နေအောင်ချစ်ရှာတယ်။ ယောက္ခမတွေ၊ အိမ်နီးချင်းတွေနဲ့လည်း သူက တော်တော်လေး အဆင်ပြေတော့ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေက သူ့ကိုဆို အရမ်းအားကျကြတာပေါ့။ ၂၀၀၈ ခုနှစ် နွေဦးပေါက်မှာ ချန်ရှောင်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကံကောင်းပြီး လက်ခံရရှိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီးတော့ လူသားတွေကို ဘုရားသခင်က ဖန်ဆင်းထားတာဖြစ်ကြောင်း၊ သူတို့ မွေ့လျော်ခံစားရတဲ့ နေရောင်၊ လေနဲ့ မိုးရေတွေ အားလုံးကို ဘုရားသခင်က ထောက်ပံ့ပေးထားတာဖြစ်ကြောင်း၊ ပြီးတော့ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ချိဖို့နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားရှေ့မှောက်ကို လူတွေအများကြီး ခေါ်ဆောင်လာဖို့ဆိုတဲ့ သူ့တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာကို ချန်ရှောင် နားလည်သွားတယ်။ ချန်ရှောင်က ဧဝံဂေလိဟောပြောသူတွေရဲ့ အဖွဲ့ထဲကို ပျော်ပျော်ရွှင်ရွှင်ပဲ ဝင်ရောက်ခဲ့တာပေါ့။ ဒါပေမဲ့ စီစီပီက ဘုရားသခင်ရဲ့ အသင်းတော်ကို ဖယ်ရှားရှင်းလင်းဖို့ ကြိုးစားပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပုတ်ခတ်ဖို့နဲ့ အသရေဖျက်ဖို့ ကောလာဟလအမျိုးမျိုးကို လုပ်ကြံဖန်တီးတာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေကို လက်လွတ်စပယ် လိုက်လံဖမ်းဆီးတာတွေ လုပ်လာတဲ့အတွက် ဒီလိုကောင်းမွန်တဲ့ အခြေအနေက ကြာကြာမခံခဲ့ပါဘူး။ အဝေးမှာ အလုပ်သွားလုပ်နေတဲ့ သူ့ယောကျာ်းက ကောလာဟလတွေကို ယုံပြီး သူ့ရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ ဖုန်းဆက်ပြီး ခဏခဏ တိုက်တွန်းတယ်။ သူ့မိသားစုကလည်း သူ့ကို ဝိုင်းပြီး ဖိအားပေးလာကြတယ်။
၂၀၁၀ ဆောင်းတွင်းရဲ့ နေ့ခင်းတစ်ရက်မှာ ချန်ရှောင် ဧဝံဂေလိဟောရာကနေ အိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့အစ်ကို ရောက်လာပြီး ချန်ရှောင့်ကို လက်ညှိုးထိုးပြီး မေးတော့တာပဲ။ “နင် ဘုရားသခင်ကို ယုံပြီး ဧဝံဂေလိ လိုက်ဟောနေတုန်းလား။ ငါ့ကို အရူးမမှတ်နဲ့နော်။ နိုင်ငံတော်က ဒီလို ဘုရားသခင် ယုံကြည်တာကို ခွင့်မပြုဘူး။ နင် တကယ် အဖမ်းခံရရင် ငါတို့ လူတောတိုးလို့ရတော့မှာ မဟုတ်ဘူး” လို့ပေါ့။ ပြောပြောဆိုဆိုနဲ့ သူတို့မိဘတွေကို ဖုန်းထုတ်ဆက်လိုက်တယ်။ မကြာခင်မှာပဲ သူတို့အားလုံး ရောက်လာကြတယ်။ သူ ဘုရားသခင်ကို မယုံကြည်အောင် တားဖို့ သူ့အစ်ကိုက မိဘတွေကို ခေါ်လိုက်မှန်း ချန်ရှောင် သဘောပေါက်သွားတယ်။ ဒါကြောင့် သူ့စိတ်နှလုံး အနှောင့်အယှက် မဖြစ်ရအောင် ထိန်းသိမ်းပေးဖို့ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ သူ့အမေက သူ့ကို တောင်းပန်ရှာတယ်။ “သမီးရယ်၊ သမီးရဲ့ ယုံကြည်ခြင်းကြောင့် အမေ တစ်နေကုန် စိတ်ပူနေရတယ်။ တစ်နေ့ ရဲလာဖမ်းသွားပြီး အဲဒါကြောင့် တစ်မိသားစုလုံး ဒုက္ခရောက်မှာ အမေ ကြောက်တယ်။ အမေ့စကား နားထောင်ပြီး သမီးရဲ့ ဒီယုံကြည်ခြင်းကို စွန့်လိုက်ပါတော့နော်” တဲ့။ သူ့အမေက ဇွဲမလျှော့ဘဲ တောင်းပန်နေတာကို မြင်တော့ ချန်ရှောင် တွေးမိတယ်။ “ငါ့ကို မွေးထားရတာ သူ့အတွက် မလွယ်ကူခဲ့ဘူး။ အခု ငါက သူ့ကို စိတ်ပူအောင်၊ ကြောက်အောင် လုပ်နေမိပြီ။ ဒါ ငါ မိဘမသိတတ်ရာ ကျမနေဘူးလား” လို့ပေါ့။ ချန်ရှောင်ဟာ သူ့အမေရဲ့ မျက်နှာကို ဆက်မကြည့်ရက်နိုင်တော့လို့ မျက်နှာလွှဲလိုက်တယ်။ အဲဒီအချိန်မှာ သူ့အဖေက ဆေးလိပ်သောက်ရင်း တည်တည်ငြိမ်ငြိမ် ပြောတယ်။ “သမီး၊ နားထောင်စမ်း။ ငါတို့ပြောသလိုပဲ လုပ်ပါ။ ‘လူကြီးတွေ ပြောတဲ့စကားကို နားမထောင်ရင် ဒုက္ခရောက်မယ်’ လို့ ပြောကြတယ်မဟုတ်လား။ ငါတို့ရဲ့ ဒီလောကကြီးမှာ လူကောင်းတွေက ဘယ်လို အသက်ရှင်ရမှာလဲ။ ငါတို့မှာ အာဏာရှိတဲ့ ဆွေမျိုးလဲ မရှိဘူး။ တကယ်လို့ နင် အဖမ်းခံရရင် နင် ဒုက္ခရောက်မှာတင်မကဘူး၊ ဒဏ်ငွေလဲ ဆောင်ရမယ်။ အခြေအနေမကောင်းရင် အကုန်ဆုံးရှုံးသွားနိုင်တယ်။ ယဉ်ကျေးမှုတော်လှန်ရေးတုန်းက ‘ဘာသာရေးအဖွဲ့’ဝင်လို့ဆိုပြီး နင့်ဘကြီးကို အစိုးရကဖမ်းပြီး ထောင်ဒဏ် အကြာကြီး ကျဖူးတယ်။ ထောင်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့တာ။ ပညာရှိတဲ့သူဟာ ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာ သိတယ်၊ ကျောက်တုံးကို ကြက်ဥနဲ့ မပေါက်သင့်ဘူး။ သမီး၊ အဖေ့စကားကိုပဲ နားထောင်ပြီး ဒီယုံကြည်ခြင်းကို စွန့်လွှတ်လိုက်ပါ။ တစ်မိသားစုလုံး ဒီကိစ္စထဲ ပါမသွားအောင် အေးအေးဆေးဆေးပဲ နေကြရအောင်” တဲ့။ ချန်ရှောင်က သူ့ရဲ့ အသက်ကြီးနေတဲ့ မိဘတွေကို ဒီလောက်အထိ စိုးရိမ်ရအောင် မလုပ်ရက်ခဲ့ဘူးလေ၊ တကယ်လို့များ ရဲဖမ်းတာခံရပြီး မိသားစုပါ ဒုက္ခရောက်ကုန်ရင် သူ ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူသွားတယ်။ တစ်ဖက်မှာက သူ့ရဲ့ အိုမင်းနေတဲ့ မိဘတွေ၊ တစ်ဖက်မှာက စစ်မှန်တဲ့ ဘုရားသခင်ကို ယုံကြည်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လိုက်လျှောက်တာ။ ချန်ရှောင်ခမျာ အကျပ်ရိုက်နေတော့တာပေါ့။ အဲဒီနောက် သူ့အစ်ကိုက ပြတ်ပြတ်သားသား ပြောတယ်။ “စီစီပီ အစိုးရက ဘာသာမဲ့အစိုးရလေ။ နင် ဘုရားသခင်ကို ယုံနေသရွေ့ အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး။ နင် ဒုက္ခရောက်မှာတင် မကဘူး၊ ငါတို့ တစ်မိသားစုလုံးပါ ဒုက္ခရောက်ကုန်ကြမှာ။ နင်က ဒီလောက်တောင် ခေါင်းမာရမလား။ မိဘစကား နားထောင်ပြီး ဒီယုံကြည်ခြင်းကို စွန့်လိုက်စမ်းပါ” တဲ့။ ဒီအချိန်မှာ ချန်ရှောင်ခမျာ စိတ်ရှုပ်ထွေးနေပြီး ဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘူး။ သူ စိတ်နှလုံးထဲကနေ တိတ်တိတ်လေး ဆုတောင်းရုံပဲ တတ်နိုင်တော့တယ်။ “ဘုရားသခင်၊ မိသားစု အတားအဆီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သမီး အားနည်းသလို ခံစားရပါတယ်။ ကျေးဇူးပြုပြီး သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် ချန်ရှောင်က ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ပြန်သတိရလိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ချန်ရှောင် နားလည်လိုက်တာကတော့၊ သူ့မိသားစုက သူ့ကို တားဆီးနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ စာတန်က သူ့မိသားစုရဲ့ နှောင့်ယှက်မှုကို အသုံးပြုပြီးတော့ ဘုရားသခင်ကို သူစွန့်လွှတ်ပြီး သစ္စာဖောက်အောင် လုပ်ချင်တာ၊ အဲဒီလိုနဲ့ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားစေချင်တာပေါ့။ စာတန်က တကယ်ကို ကောက်ကျစ်ပြီး ယုတ်မာတာပဲ။ ဒါ့အပြင် လူတိုင်းရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိနေပြီး လူတစ်ယောက် ဘဝမှာ ကြုံတွေ့သင့်တဲ့ အမှုအရာတွေ၊ ခံစားသင့်တဲ့ နာကျင်မှုတွေ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီးသားလေ။ သူ အဖမ်းခံရမှာလား၊ သူ့မိသားစု အမှုပတ်မှာလား ဆိုတာကိုလည်း ဘုရားသခင်က ဆုံးဖြတ်ထားပြီးသားပဲ။ သူက အရာအားလုံးကို ဘုရားသခင်ဆီ အပ်နှံပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမှာပေါ့။ ချန်ရှောင်က ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် တိတ်တိတ်လေး ကျေးဇူးတင်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ သူ့မိသားစုက သူ့ကို ဘယ်လောက်ပဲ တားဆီးပိတ်ပင်ပါစေ သူ သူတို့ကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး၊ စာတန်ရဲ့ အကြံအစည်တွေကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ပေါ့။ သူက သူ့မိသားစုကို ပြတ်ပြတ်သားသား ပြောလိုက်တယ်။ “ကျွန်မ ဘုရားသခင်ကို ယုံကြည်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်နေတာ။ ဥပဒေနဲ့မလွတ်ကင်းတာတွေ ကျွန်မ မလုပ်ဘူး၊ နိုင်ငံရေးမှာလည်း မပါဘူး။ လူတွေအများကြီး ကယ်တင်ခြင်းရဖို့ ဘုရားရှေ့မှောက် ရောက်လာအောင် ကျွန်မ ဧဝံဂေလိ ဟောနေတာ။ ဒါ ကောင်းတဲ့အလုပ်ပဲ။ အမေတို့က အဖမ်းခံရမှာ ကြောက်လို့ ဘုရားသခင်ကို မယုံရဲရင် အမေတို့ကို ကျွန်မ အတင်းအကျပ်မလုပ်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းကို လာနှောင့်ယှက်ခွင့်တော့ မပေးနိုင်ဘူး။ ဘုရားသခင်ကို အဆုံးထိ ယုံကြည်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ထားပြီးသား” တဲ့။ ဒါကို ကြားတော့ သူ့ခင်ပွန်းခမျာ ဘာမှမတတ်နိုင်တဲ့ပုံစံနဲ့ ခေါင်းငိုက်စိုက်ချပြီး ဆေးလိပ်ပဲ ဖွာနေတော့တယ်။ ချန်ရှောင်ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို မြင်တော့ မိဘတွေက စိတ်ဆိုးပြီး ပြန်သွားကြတာပေါ့။ အဲဒီတော့ သူ့အစ်ကိုက ချန်ရှောင်ရဲ့ ခင်ပွန်းကို ကြမ်းကြမ်းတမ်းတမ်း ပြောတယ်။ “သူ စကားနားမထောင်ဘဲ ဒီလိုဆက်ယုံကြည်နေမယ်ဆိုရင် သူ့ခြေထောက်တွေကို ချိုးပစ်လိုက်” တဲ့။ အဲဒီလိုပြောပြီး ဒေါသတကြီး ထွက်သွားတယ်။ အစ်ကိုဖြစ်သူရဲ့ စကားကို ကြားပြီးနောက် ချန်ရှောင် ကြောက်လန့်ပြီး စိတ်ရှုပ်ထွေးသွားတယ်။ “နင်က ငါ့အစ်ကိုလေ။ ငါ ဘုရားသခင်ကို ယုံတာ ကောင်းတဲ့ကိစ္စပဲဟာ၊ နင် ငါ့အပေါ် ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ” ပေါ့။ ဘုရားသခင်ကို ယုံကြည်တာဟာ ဆွေမျိုးတွေရဲ့ အထင်အမြင်လွဲတာနဲ့ ငြင်းပယ်တာကို ခံရတာပါလားလို့ တွေးမိရင်း ရှေ့ဆက်ရမဲ့လမ်းကို သူ ဘယ်လိုလျှောက်ရမလဲလို့ စဉ်းစားနေမိတာပေါ့။ ချန်ရှောင်ခမျာ နည်းနည်း အားနည်းသလို ခံစားမိပြီး စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ မြန်မြန် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျေးဇူးပြုပြီး သမီးကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးသနားတော်မူပါ။ ရှေ့ဆက်ရမဲ့လမ်းမှာ သမီးကို ဦးဆောင်ပေးတော်မူပါ” လို့ပေါ့။
အဲဒီနောက်မှာ ချန်ရှောင်က ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ပြန်သတိရလိုက်တယ်။ “သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ။ ယင်းအစား၊ သင်တို့သည် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ။ သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို ‘စွန့်ပစ်’ သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) စီစီပီက ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်တယ်ဆိုတာ၊ စီစီပီ အုပ်ချုပ်တဲ့ ဘာသာမဲ့ နိုင်ငံတစ်ခုမှာ ဘုရားသခင်ကို ယုံကြည်မယ်ဆိုရင် စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဖမ်းဆီးတာကို ခံရမှာဖြစ်သလို မိသားစုရဲ့ အထင်လွဲတာ၊ ဒါမှမဟုတ် ပစ်ပယ်တာကိုတောင် ခံရနိုင်တယ်ဆိုတာ၊ ပြီးတော့ ဒီအရာတွေအားလုံးဟာ ရှောင်လွှဲလို့မရဘူးဆိုတာတွေကို ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီး ချန်ရှောင် နားလည်သွားတယ်။ နောက်ဆုံးသောကာလမှာ လူသားတွေကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြပေးဖို့ ဘုရားသခင် ကြွလာခဲ့ပေမဲ့ စီစီပီက ခရစ်တော်ကို ရူးရူးမူးမူး ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချတယ်၊ ခရစ်ယာန်တွေကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တယ်၊ လူတွေ ဘုရားသခင်ကို မယုံကြည်အောင်၊ နောက်တော်မလိုက်အောင် တားဆီးဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံကို သုံးတယ်၊ နေရာအနှံ့အပြားမှာ ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ တပ်ပြီး ကောလာဟလတွေ ဖြန့်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ပြီး နာမည်ဖျက်တယ်၊ ဘုရားသခင်ရဲ့ အမှုတော်ကို စော်ကားပုတ်ခတ်ဖို့နဲ့ ပြစ်တင်ရှုတ်ချဖို့ မုသားအမျိုးမျိုးကို လုပ်ကြံပြောဆိုတယ်။ ခရစ်ယာန်တွေရဲ့ မိသားစုဝင်တွေတောင် ဖိနှိပ်ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတယ်၊ တစ်ယောက် ယုံကြည်တာနဲ့ တစ်မိသားစုလုံး အမှုပတ်ကုန်ကြတာပေါ့။ ဒါက ခရစ်ယာန်မိသားစုတွေက ခရစ်ယာန်တွေအပေါ် မကျေနပ်မှုနဲ့ မုန်းတီးမှုတွေ ဖြစ်ပေါ်လာစေဖို့အတွက် လုပ်ဆောင်တာ ဖြစ်ပါတယ်။ သမ္မာတရားကို နားမလည်တဲ့သူ အများအပြားဟာ စီစီပီကြောင့် အမြင်ကွယ်ပြီး သူ့ရဲ့ ကြံရာပါတွေ ဖြစ်လာခဲ့ကြတယ်။ အခြေအမြစ်မရှိတဲ့ ဒီကောလာဟလတွေကြောင့် သူ့သွေးသားရင်းဖြစ်တဲ့ မိသားစုက အထင်အမြင်မှားပြီး ခြိမ်းခြောက်ခံရတာတွေကို ချန်ရှောင် တွေးမိတယ်။ သူတို့က အမှုပတ်မှာ ကြောက်လို့ စီစီပီဘက်က ရပ်တည်ပြီး သူ့ရဲ့ ဘုရားသခင် ယုံကြည်မှုကို ညှဉ်းပန်းနှိပ်စက်ပြီး တားဆီးပိတ်ပင်ကြတယ်၊ တစ်ချိန်တုန်းက သဟဇာတဖြစ်ခဲ့တဲ့ မိသားစုကိုလည်း ဖရိုဖရဲဖြစ်အောင် လုပ်ကြတယ်။ ဒါတွေအားလုံးရဲ့ နောက်ကွယ်က တရားခံဟာ စာတန်ဆန်တဲ့ အစိုးရဖြစ်တဲ့ စီစီပီပါပဲ။ စီစီပီဟာ လူတွေကို ဝါးမျိုတဲ့ ဆိုးယုတ်တဲ့ နတ်ဆိုး၊ စာတန်ရဲ့ လူ့ဇာတိခံယူခြင်းဖြစ်မှန်း ချန်ရှောင် ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်။ သူဟာ ဒီဆိုးယုတ်တဲ့ နတ်ဆိုးကို အူလှိုက်သည်းလှိုက် မုန်းတီးပြီး သူ့ရဲ့ ချည်နှောင်မှုတွေ၊ ဘောင်ခတ်မှုတွေကနေ လွတ်မြောက်ပြီး ဘုရားသခင်နောက်ကို ထာဝရလိုက်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
၂၀၁၁ ခုနှစ် ဆောင်းတွင်းရဲ့ တစ်ရက်မှာပေါ့၊ မနက်စာစားပြီးချိန်မှာ ချန်ရှောင်က ဧဝံဂေလိဟောဖို့ ထွက်သွားတယ်။ အဲဒီအချိန်မှာ သူ့ယောကျာ်းက သူငယ်ချင်းတွေနဲ့ အပြင်ထွက် သောက်စားနေတုန်း သူငယ်ချင်းတစ်ယောက်က သူ့ခင်ပွန်းကို မြှောက်ပေးတယ်။ “နိုင်ငံတော်က လူတွေကို ဘုရားသခင် ယုံကြည်ခွင့်မပေးဘူးကွ။ ချန်ရှောင်က ဘုရားသခင်ကို ယုံပြီး နေရာတကာလျှောက်သွားပြီး ဧဝံဂေလိ လိုက်ဟောနေတာ။ မင်းသာ သူ့ကို မထိန်းနိုင်ဘဲ သူ အဖမ်းခံရရင် မင်း ဒုက္ခရောက်နိုင်တယ်” လို့ပေါ့။ နေ့လယ်ဘက် ချန်ရှောင် အိမ်ပြန်ရောက်တော့ သူ့ခင်ပွန်းက ပစ္စည်းတွေကို မွှေနှောက်ရှာနေတာ မြင်လိုက်ရပြီး သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ သူ့ယောကျာ်းက အပ်ချုပ်တဲ့နေရာမှာ သုံးတဲ့ ပျဉ်ပြားအောက်မှာ ဘုရားနှုတ်ကပတ်တော်တွေ ရေးထားတဲ့ စက္ကူတစ်ရွက်ကို ရှာတွေ့သွားပြီး အဲဒါကို ဆွဲဖြဲရင်း ဒေါသတကြီး အော်ပြောတော့တာပဲ။ “ငါ နင့်ကို ဘယ်နှခါပြောရမလဲ။ နိုင်ငံတော်က ဘုရားသခင် ယုံကြည်တာကို ခွင့်မပြုဘူးလို့ ပြောနေတာတောင် နင်က ယုံနေတုန်းပဲလား။ ဘာလို့ နားမထောင်တာလဲ” တဲ့။ ပြောပြောဆိုဆိုနဲ့ ချန်ရှောင့် ရင်ဘတ်ကို လက်သီးနဲ့ သုံးလေးကြိမ် ထိုးတယ်။ ထိုးချက်တွေကြောင့် ချန်ရှောင် နောက်ကို ခြေလှမ်းနည်းနည်း ယိုင်သွားပေမဲ့ ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဒေါသတကြီး ပြန်ပြောတယ်။ “ငါ ဘုရားသခင်ကို ယုံလို့ ဘာအန္တရာယ်မှ မပေးပါဘူး၊ နင်က ဘာလို့ ငါ့ကို ဒီအတိုင်း ယုံကြည်ခွင့် မပေးရတာလဲ” လို့ပေါ့။ ချန်ရှောင် ဒီလိုပြောလိုက်တော့ သူ့ခင်ပွန်းက သူ့ခြေထောက်ကို အားကုန် ကန်တော့တာပဲ။ ကန်ရင်းနဲ့ ပြောတာက၊ “ငါ အပြင်ထွက်ရင် ငါ့သူငယ်ချင်းတွေက ကိုယ့်မိန်းမကိုယ်တောင် မထိန်းနိုင်ဘူးဆိုပြီး လှောင်ကြတယ်။ ငါ သိက္ခာကျရတယ်။ ဘယ်သူက အိမ်ဦးနတ်လဲဆိုတာ သူတို့ကို ပြရသေးတာပေါ့” တဲ့။ သူတို့သားလေးက ဝင်ဆွဲဖို့ အပြေးရောက်လာပေမဲ့ ယောကျာ်းဖြစ်သူက ဆက်ကန်နေတာကြောင့် ချန်ရှောင်ခမျာ ယိုင်ထိုးပြီး လဲလုနီးပါး ဖြစ်သွားတယ်။ ခင်ပွန်းသည် ရိုက်တာကို ရှောင်ဖို့ ချန်ရှောင်က တံခါးပေါက်ဆီ ပြေးထွက်သွားတယ်။ သူ့ခင်ပွန်းက နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာပြီး လမ်းဘေးက အုတ်ခဲတစ်ခဲကို ကောက်ပြီး ပစ်လိုက်တာ ချန်ရှောင့် ခြေဖနောင့်ကို ထိသွားတာပေါ့။ သူကတော့ အသက်လုပြီး ပြေးရတာပေါ့လေ။ နောက်လှည့်ကြည့်လိုက်တော့ သူ့ခင်ပွန်းက နှစ်ပေသုံးပေလောက်ရှည်တဲ့ တုတ်ချောင်းအထူကြီးနဲ့ သူ့နောက်ကို လိုက်နေတာ မြင်လိုက်ရတယ်။ ချန်ရှောင် လန့်ဖျပ်သွားပြီး မလှမ်းမကမ်းမှာပဲ ခင်ပွန်းသည် ရိုက်လိုက်တဲ့ တုတ်ချက်မိပြီး လဲကျသွားတယ်။ သူ့ခင်ပွန်းက တုတ်ကို ထပ်မြှောက်ပြီး ချန်ရှောင့်ကို ပြင်းပြင်းထန်ထန် ရိုက်တော့တာပေါ့၊ ရိုက်နေရင်းနဲ့ သူက ဆဲတယ်။ “နင့်ရဲ့ ဒီယုံကြည်ခြင်းကို မစွန့်လွှတ်ရင် ငါ နင့်ကို သေအောင်ရိုက်မယ်” တဲ့။ တုတ်ချောင်း နှစ်ပိုင်းကျိုးသွားတဲ့အထိ သူ မရပ်ခဲ့ဘူး။ ချန်ရှောင်က စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တောက်လျှောက် အော်ဟစ်ဆုတောင်းနေတုန်းမှာပဲ အိမ်နီးချင်းတစ်ယောက် ထွက်လာပြီး သူ့ခင်ပွန်းကို ဆွဲခေါ်သွားတယ်။ ချန်ရှောင်ခမျာ ရိုက်နှက်ခံရလွန်းလို့ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် နာကျင်နေတာပေါ့။ သူ မနည်းကုန်းထပြီး သူ့အစ်မအိမ်ကို ထော့နဲ့ထော့နဲ့ လျှောက်သွားတယ်။ သူ့အစ်မက ချန်ရှောင့်ရဲ့ လက်မောင်းတွေ၊ ခြေထောက်တွေမှာ အညိုအမည်းတွေ စွဲနေတာကို မြင်တော့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေဝဲရင်း ပြောတယ်။ “နင်က ဘုရားသခင်ကို ယုံတာလေးပဲ ရှိတာကို၊ သူက ရက်စက်လိုက်တာဟာ။ သူ နင့်ကို ဘယ်လိုလုပ် ဒီလို ရိုက်ရက်နိုင်ရတာလဲ” တဲ့။
အဲဒီညမှာ ချန်ရှောင် အိပ်ရာထဲလှဲရင်း နာကျင်လွန်းလို့ လူးလိမ့်နေပြီး အိပ်မပျော်နိုင်ဘူး။ အရင်က သူ့မိသားစု သဟဇာတဖြစ်ခဲ့ပုံတွေ၊ ခင်ပွန်းသည်က သူ့ကို ဘယ်တုန်းကမှ မရန်တွေ့ခဲ့ဖူးပုံတွေကို သူ တွေးမိတယ်။ ဒါပေမဲ့ သူ ဘုရားသခင်ကို ယုံကြည်တာလေးတစ်ခုတည်းကြောင့် သူ့ခင်ပွန်းက သူ့ကို ရိုက်နှက်ဆဲဆိုတဲ့အထိ ဖြစ်လာခဲ့တယ်။ ချန်ရှောင် စိတ်နှလုံးက အားငယ်လာပြီး ဘုရားသခင်ကို တောက်လျှောက် အော်ဟစ်ဆုတောင်းမိတယ်။ “ဘုရားသခင်၊ မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ပစ်ပယ်မှုတွေနဲ့ စီစီပီရဲ့ ဖမ်းဆီးမှုတွေကို ရင်ဆိုင်ရတဲ့အခါ သမီး အရမ်းအားနည်းသလို ခံစားရပါတယ်။ သမီး ဘယ်လို ရှေ့ဆက်ရမလဲ” လို့ပေါ့။ ဆုတောင်းပြီးနောက် အစည်းအဝေးတစ်ခုမှာ ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ချန်ရှောင် ပြန်သတိရလိုက်တယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏ စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်ရှိ လူများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုကြောင့် အရှက်ကွဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံကြရပြီး အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ချန်ရှောင် နားလည်လိုက်တယ်။ အခု နောက်ဆုံးသောကာလမှာ ဘုရားသခင်က အတိုက်အခံလုပ်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာ အဆိုးရွားဆုံးဖြစ်တဲ့ နိုင်ငံမှာ လူတွေကို ကယ်တင်ဖို့ အမှုတော်ပြုနေတာဖြစ်လို့ ဘုရားသခင်ကို ယုံကြည်သူတွေဟာ ဒီညှဉ်းပန်းနှိပ်စက်မှုနဲ့ ဆင်းရဲဒုက္ခကို ကြုံတွေ့ရမှာဖြစ်ပြီး ဒီအခက်အခဲတွေကို သည်းခံရမှာပဲ။ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဆင်းရဲဒုက္ခတွေကြားမှာ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဆိုးယုတ်တဲ့၊ စက်ဆုပ်စရာ ကောင်းတဲ့၊ ကောက်ကျစ်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝကို လူတွေမြင်နိုင်ဖို့၊ ဘုရားသခင်ရဲ့ ရန်သူဖြစ်တဲ့ သူ့ရဲ့ နတ်ဆိုးမျက်နှာကို မှတ်မိနိုင်ဖို့အတွက် ဘုရားသခင်က ဒီလိုအခြေအနေတွေကို အသုံးပြုပြီး လူတွေကို သမ္မာတရား ပေးသနားတာလေ။ ဒါမှ လူတွေက သူ့ကို ငြင်းပယ်နိုင်မယ်၊ စွန့်ပစ်နိုင်မယ်၊ ပြီးတော့ စာတန်ကို အရှက်ခွဲပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်မှာပေါ့။ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဆင်းရဲဒုက္ခကို ကြုံတွေ့ပြီးနောက် အဆုံးမှာ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သူတွေသာ ထာဝရကောင်းချီးမင်္ဂလာတွေကို ရရှိဖို့ အရည်အချင်း ပြည့်မီကြတယ်။ အမြင့်ဆုံးသော ဘုရားသခင်က ဘာသာမဲ့နိုင်ငံတစ်ခုမှာ လူသားတွေကို ကယ်တင်ဖို့ အမှုတော်ပြုရင်း လောကသားတွေရဲ့ လှောင်ပြောင်တာ၊ စော်ကားတာ၊ အသရေဖျက်တာ၊ ငြင်းပယ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိုက်လံဖမ်းဆီးတာတွေကို ဘယ်လိုသည်းခံခဲ့ရတယ် ဆိုတာကိုလည်း သူ တွေးမိတယ်။ ကိုယ်တော်မှာ ခေါင်းချစရာနေရာ မရှိခဲ့ပေမဲ့ လူသားတွေကို ကယ်တင်ဖို့ ဘယ်တော့မှ လက်မလျှော့ခဲ့ဘူးလေ။ ချန်ရှောင် ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ “အဲဒါနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ ဆင်းရဲဒုက္ခအသေးမွှားလေးက ဘာများ ဟုတ်လို့လဲ” လို့ပေါ့။ ဒီလိုတွေးမိတော့ ချန်ရှောင်က သူ့ယုံကြည်ခြင်းက သေးငယ်လွန်းတယ်လို့ ခံစားလိုက်ရတယ်။ ဒီဆင်းရဲဒုက္ခ အသေးမွှားလေးကြောင့် အပျက်သဘောဆောင်ပြီး အားနည်းနေတာ၊ ဘုရားသခင်ကို အထင်လွဲပြီးတော့တောင် ညည်းတွားနေတာတွေက သူဟာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ်ကင်းမဲ့နေတဲ့ အဓိပ္ပါယ်ပဲဆိုတာ သူ သဘောပေါက်သွားတယ်။ သူ့ယုံကြည်ခြင်းမှာ ကယ်တင်ခြင်းရဖို့ ဒုက္ခခံရတာဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမှန်းကိုလည်း သူ အသိအမှတ်ပြုလိုက်ပြီး စိတ်နှလုံးထဲမှာ ဘုရားသခင်ကို တောက်လျှောက် ကျေးဇူးတင်ပြီး ချီးမွမ်းနေမိတော့တယ်။ သူ့စိတ်နှလုံးထဲမှာ ပိုပြီး လွတ်မြောက်သလို ခံစားလိုက်ရတဲ့အခါ သူ့ခန္ဓာကိုယ်က နာကျင်မှုတွေလည်း သိသိသာသာ လျော့နည်းသွားပြီး သူ မသိလိုက်ဘာသာပဲ အိပ်ပျော်သွားတယ်။
နောက်တစ်နေ့မနက်မှာ ချန်ရှောင် အိမ်ပြန်ရောက်တယ်။ သူ့ယောကျာ်းက သူ့ကို လက်ညှိုးထိုးပြီး ပြောတယ်။ “နင်သာ ယုံကြည်ခြင်းကို စွန့်လွှတ်မယ်လို့ ပြောရင် ငါ နင့်ကို မင်းသမီးတစ်ပါးလို ထားပြီး ကျွေးမွေးမယ်၊ နင် ဘာအလုပ်မှ လုပ်စရာမလိုဘူး။ နင့်ယုံကြည်ခြင်းကိုသာ စွန့်လိုက်ရင် နင် လုပ်ချင်တာအကုန်လုပ်နိုင်တယ်” တဲ့။ ဒါကို ကြားတော့ ချန်ရှောင် သူ့ဘာသာသူ တွေးတာပေါ့။ “ငါတို့ လက်ထပ်ကတည်းက ငါက အိမ်ထောင်ကို ထောက်ပံ့ဖို့ သူများတွေအတွက် အဝတ်အစားတွေချုပ်ရင်း ညဉ့်နက်တဲ့အထိ မနားမနေ အရိုးကြေမတတ် အလုပ်လုပ်ခဲ့ရတာ။ ငါ့မှာ ရောဂါအမျိုးမျိုး ရတဲ့အထိ အသေအကြေလုပ်ခဲ့ရတယ်၊ ငါ့ရဲ့ နေ့ရက်တွေကို ဒီမိသားစုအတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့တာ။ အခု ငါ့ယုံကြည်ခြင်း တစ်ခုတည်းကြောင့် နင်က ငါတို့ရဲ့ လင်မယားသံယောဇဉ်ကို လစ်လျူရှုပြီး ငါ့ကို မညှာမတာ ရိုက်နှက်တယ်။ နင် လူရော ဟုတ်သေးရဲ့လား” လို့ပေါ့။ သူ့ခင်ပွန်းက သူ ဘုရားသခင်ကို သစ္စာဖောက်တဲ့အထိ အတင်းလုပ်နေမယ်ဆိုတာ ချန်ရှောင် သဘောပေါက်လိုက်တယ်။ သူ ဒါကို ပိုတွေးလေလေ ပိုဒေါသထွက်လာလေလေပဲ။ အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သူ ပြန်သတိရလိုက်တယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။...ယုံကြည်သူ ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် ပင်ကိုအားဖြင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိသည့်အပြင် ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ၎င်းတို့ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှုဟူ၍ ပြောဆိုစရာ ရှိတော့မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) သခင်ယေရှု ပြောခဲ့တာကိုလည်း သူ ပြန်သတိရလိုက်တယ်။ “လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၈-၁၉) ဘုရားနှုတ်ကပတ်တော်တွေကို ချန်ရှောင် တွေးဆကြည့်တယ်။ ပိုက်ဆံရှာဖို့နဲ့ သူ့မိသားစုကို ထောက်ပံ့ဖို့၊ လူကြီးရော ကလေးပါ စောင့်ရှောက်ဖို့ သူ ဘယ်လို အရိုးကြေမတတ် အလုပ်လုပ်ခဲ့ရပုံတွေကို ပြန်တွေးမိတယ်။ သူ့ခင်ပွန်းက အကျိုးအမြတ်ရမှသာ သူ့ကို ဂရုစိုက်မှု ပြတာ။ သူ ဘုရားသခင်ကို တွေ့ရှိပြီးနောက်မှာတော့ စီစီပီက သူ့မိန်းမကို ဖမ်းရင် သူပါ ဒုက္ခရောက်ပြီး သူ့အကျိုးစီးပွားတွေ ထိခိုက်မှာ ကြောက်လို့ သူ့ခင်ပွန်းရဲ့ မျက်နှာဖုံး ကွာကျသွားခဲ့တယ်။ သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သူတို့ရဲ့ လင်မယားသံယောဇဉ်ကို လုံးဝ လျစ်လျူရှုပြီး သူ့ယုံကြည်ခြင်းကို တားဆီးဖို့ ဘာမဆိုလုပ်တယ်၊ အကြမ်းဖက်တဲ့အထိတောင် လုပ်လာတယ်လေ။ အဲဒီအချိန်ကျမှ သူ့ယောကျာ်းမှာ သူ့အပေါ် စစ်မှန်တဲ့ သံယောဇဉ် လုံးဝမရှိမှန်း ချန်ရှောင် သဘောပေါက်လိုက်တယ်။ ယုံကြည်သူတွေနဲ့ မယုံကြည်သူတွေဟာ တကယ်ကို သဟဇာတမဖြစ်ပါဘူး။ သူ့ခင်ပွန်းရဲ့ အနှစ်သာရဟာ ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်နေတာကိုး။ သူက ဘုရားသခင်ရဲ့ ရန်သူလေ။ ဒါကို တွေးမိတော့ သူ ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ ချန်ရှောင် နားလည်သွားတယ်။ အစည်းအဝေးသွားရမဲ့အချိန် နီးလာတာကို မြင်တော့ သူက ပညာသားပါပါနဲ့ သူ့ခင်ပွန်းကို ပြောလိုက်တယ်။ “နင် ငါ့အပေါ် ဒီလောက်ရက်စက်မှတော့ နင် ဘယ်လိုလူလဲဆိုတာ ငါ ရှင်းရှင်းလင်းလင်း မြင်သွားပြီ။ ငါကတော့ ဘုရားသခင်ကို ယုံကြည်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ နင်ရိုက်ထားလို့ ငါ့တစ်ကိုယ်လုံး နာနေတုန်းပဲ၊ ဆေးသွားထိုးပြီး ဆေးသောက်ဖို့ လိုတယ်” လို့ပေါ့။ အဲဒီလိုပြောပြီးနောက် ချန်ရှောင်က အစည်းအဝေးကို ထွက်သွားတယ်။
၂၀၁၇ ခုနှစ် နွေရာသီမှာ ချန်ရှောင်က ပုံမှန်လိုပဲ မနက်စာစားပြီးနောက် အစည်းအဝေး သွားတက်တယ်။ အစည်းအဝေးပြီးလို့ အိမ်တံခါးဝ ရောက်ရောက်ချင်းမှာပဲ သူ့ယောက္ခမနဲ့ သူ့အမေ အပြင်မှာ ထိုင်နေကြတာကို တွေ့လိုက်ရတယ်။ သူတို့မျက်နှာတွေ ဖြူဖျော့နေပြီး မျက်ရည်တွေ စိုရွှဲနေသေးတာကို ချန်ရှောင် မြင်လိုက်ရပေမဲ့ ဘာဖြစ်ခဲ့မှန်းတော့ မသိဘူးပေါ့။ ချန်ရှောင့်ကို မြင်တော့ သူ့ယောက္ခမက အမြန် ပြောတယ်။ “ဒီမနက်လေ ရဲကားနှစ်စီးနဲ့ ရဲတစ်ဖွဲ့ ရောက်လာပြီး နင် ဘုရားသခင်ကို ယုံတယ်လို့ တစ်ယောက်ယောက်က တိုင်ထားတယ်တဲ့၊ နင့်ကို ‘ပြန်လည်ပြုပြင်ရေး’ အတွက် ရဲစခန်း ခေါ်သွားချင်တယ်လို့ ပြောကြတယ်။ နင် ခရီးသွားနေတယ်လို့ ငါ ပြောလိုက်ပေမဲ့ သူတို့က မယုံဘဲ နင် ဘယ်ရောက်နေလဲဆိုတာကိုပဲ ဇွတ်မေးနေကြတာ။ နင်ပြန်ရောက်တာနဲ့ သူတို့ကို ချက်ချင်းဖုန်းဆက်ရမယ်၊ မဆက်ရင် ငါတို့ကို ရာဇဝတ်သားတစ်ယောက်ကို လက်ခံထားတယ်လို့ သတ်မှတ်မယ်” တဲ့။ သူ့အမေက မျက်ရည်တွေကို သုတ်ရင်း တုန်တုန်ရီရီနဲ့ ပြောတယ်။ “ရဲတွေ ပြန်သွားပြီးပြီးချင်း နင် ပြန်ရောက်လာတာ၊ တကယ် ကပ်သီးလေးပဲ။ နင် မြန်မြန်သွက်သွက်လုပ်သင့်တယ်၊ နင့်အစ်မအိမ်မှာ သွားပုန်းနေတော့” တဲ့။ ရဲတွေက သူ့ကိုဖမ်းဖို့ လာခဲ့မှန်း ကြားလိုက်ရတော့ ချန်ရှောင် အရမ်းလန့်သွားပြီး ရင်တွေတဒိန်းဒိန်းခုန်လာတယ်။ ဘာမှ သိပ်မစဉ်းစားတော့ဘဲ အိမ်ထဲကို ပြေးဝင်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေနဲ့ အဝတ်အစားတချို့ကို ကောက်ထည့်ပြီး လျှပ်စစ်စက်ဘီးနဲ့ အမြန်မောင်းထွက်လာခဲ့တယ်။ ရဲတွေက ချန်ရှောင့်ကို ဖမ်းဖို့ လာခဲ့မှန်း ကြားတော့ သူ့ယောကျာ်းက ဝမ်းကွဲတစ်ယောက်နဲ့အတူ ချန်ရှောင့်အစ်မအိမ်ကို လိုက်သွားတယ်။ သူ့ဝမ်းကွဲက သူ့ကို အကြံပေးတယ်။ “အစိုးရက အခု နေရာတကာမှာ ယုံကြည်သူတွေကို လိုက်ဖမ်းနေတာ။ တရုတ်ပြည်မှာ ဘုရားသခင်ကို ယုံကြည်တာဟာ ဥပဒေနဲ့ မလွတ်ကင်းဘူးလို့ ရဲတွေက ပြောတယ်။ မိသားစုထဲမှာ ဘုရားသခင်ကို ယုံတဲ့သူ တစ်ယောက်ယောက်ရှိရင် ကလေးတွေ တက္ကသိုလ်ဝင်ခွင့် မရဘူး၊ စစ်မှုထမ်းခွင့် မရဘူး၊ လူကြီးတွေဆိုရင်လည်း သက်သာချောင်ချိရေး အခွင့်အရေးတွေ ရပ်စဲခံရမယ်တဲ့။ နင်သာ ဒီယုံကြည်ခြင်းကို ဆက်လုပ်နေရင် လူကြီးတွေရော ကလေးတွေပါ နင်နဲ့အတူ ဒုက္ခရောက်ကုန်ကြမှာ။ နင် တစ်မိသားစုလုံးအတွက် ထည့်တွေးပေးမှပေါ့” တဲ့။ သူ့ယောကျာ်းကလည်း ပြောတယ်။ “ဘယ်လိုပဲပြောပြော အားမတန် မာန်လျှော့ရမှာပေါ့။ နင်သာ နင့်ဘုရားသခင်ကို ဆက်ယုံနေရင် ငါတို့မိသားစု ဆက်ပြီး အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်ဘူး” တဲ့။ သူ့ယောကျာ်းစကားကို ကြားတော့ ချန်ရှောင် နည်းနည်း အားလျော့သလို ခံစားလိုက်ရပြီး တွေးမိတယ်။ “ငါတို့ကလေးက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေတော့မှာ။ တကယ်လို့ ငါ ဘုရားသခင်ကို ယုံလို့ ငါ့ကလေး တက္ကသိုလ်တက်ခွင့်မရဘဲ နေရင်၊ ပြီးတော့ ငါ့မိသားစုပါ အမှုပတ်ကုန်ရင် အဲဒီအခါ ငါ့မိသားစုက ငါ့ကို အပြစ်တင်ကြမှာ သေချာတယ်” လို့ပေါ့။ ချန်ရှောင် စိတ်ဆင်းရဲမှုကို အလုံးအရင်းနဲ့ ခံစားလိုက်ရတာကြောင့် ဘုရားသခင်ဆီ အရေးတကြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီနေ့ ကိုယ်တော် ခွင့်ပြုလို့ သမီး ဒီအခြေအနေကို ရင်ဆိုင်နေရတာပါ။ စီစီပီကလည်း ကိုယ်တော့်လက်ထဲမှာ ရှိတယ်ဆိုတာ သမီး သိပါတယ်။ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက် အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်သုံးပိုဒ်ကို ချန်ရှောင် ပြန်သတိရလိုက်တယ်။ “ဤကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်၍ ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းရာဇဝင်က မည်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်ပါစေ၊ သင့်ရှေ့ဆက်ခရီးတို့ မည်သည့်အရာ ဖြစ်ကောင်း ဖြစ်နိုင်ပါစေ၊ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်ခြင်းများကို မရှောင်နိုင်ပေ၊ ပြီးလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲထားသော သူတစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) “လူတစ်ဦး လုပ်ကိုင်သည့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းပြုသည့်အရာနှင့် ဘဝတွင် ပိုင်ဆိုင်သည့် ဥစ္စာဓနမည်မျှသည် ၎င်းတို့၏ မိဘများ၊ ၎င်းတို့၏ အရည်အချင်းများ သို့မဟုတ် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများနှင့် ရည်မှန်းချက်များအပေါ် မူမတည်ပေ၊ ယင်းမှာ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအပေါ် မူတည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) လူတစ်ယောက်ရဲ့ ကံကြမ္မာကို ကောင်းကင်ဘုံက ကြိုတင်ပြဋ္ဌာန်းထားတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ချန်ရှောင် နားလည်သွားတယ်။ သူ တွေးမိတယ်။ “ငါက ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်တဲ့ ဖန်ဆင်းခံအသေးမွှားလေး တစ်ယောက်ပဲလေ။ ဒါ့အပြင် ငါ့ကလေးရဲ့ ကံကြမ္မာကလည်း ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား။ ငါ့ကလေး တက္ကသိုလ်တက်နိုင်မလား ဆိုတာကို ဘယ်အစိုးရ၊ ဘယ်လူပုဂ္ဂိုလ်ကမှ ဆုံးဖြတ်တာ မဟုတ်ဘူး။ ငါ ရဲဖမ်းတာခံရမလား ဆိုတာကိုလည်း ရဲက ဆုံးဖြတ်တာ မဟုတ်ဘူး” လို့ပေါ့။ ဒါကို နားလည်ပြီးနောက် ချန်ရှောင်က ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ သိသွားတယ်။ သူ့ကလေး တက္ကသိုလ်တက်နိုင်မလား ဆိုတာနဲ့ သူ အဖမ်းခံရပြီး ထောင်ကျမလား ဆိုတာတွေကို ဘုရားသခင်လက်ထဲ အားလုံးအပ်နှံပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ထားရှိမှုတွေကို ကျိုးနွံနာခံဖို့ သူ လိုလားခဲ့တယ်။
ချန်ရှောင်ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ယုံကြည်ခြင်းကို ဆက်လက်လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတာကို သူ့ယောကျာ်းက မြင်လိုက်တယ်။ သူ့ယောကျာ်းက သူ့ကိုပြောတယ်၊ “ရဲတွေက နင့်ကို အာရုံစိုက်နေပြီ၊ နင် ပုန်းနေမှဖြစ်မယ်။ နင် ဆက်ပြီး လူလုံးထွက်ပြလို့ မဖြစ်တော့ဘူး။ ငါနဲ့အတူ ရှင်းကျန်းကို လိုက်ပြီး ခဏလောက် အလုပ်လုပ်ရင်း ပုန်းနေပါလား” တဲ့။ သူ့ယောကျာ်းက သူ့ကို သဲကန္တာရကြီးထဲ ခေါ်သွားချင်နေမှန်း ချန်ရှောင် သဘောပေါက်လိုက်တယ်။ အဲဒီမှာဆို သူ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လို့ရမှာ မဟုတ်သလို ညီအစ်ကိုမောင်နှမတွေနဲ့လည်း အစည်းအဝေးတက်လို့ရမှာ မဟုတ်ဘူးလေ။ သူ့ရည်ရွယ်ချက်က ချန်ရှောင့် ယုံကြည်ခြင်းကို တားဆီးဖို့ ဖြစ်နေတုန်းပါပဲ။ စာတန်ရဲ့ အကြံအစည်တွေကို ကျော်လွှားနိုင်မဲ့ ယုံကြည်ခြင်း ပေးသနားဖို့ ဘုရားသခင်ကို တောင်းလျှောက်ရင်း ချန်ရှောင်က စိတ်နှလုံးထဲမှာ တောက်လျှောက် ဆုတောင်းနေခဲ့တယ်။ ဆုတောင်းပြီးနောက် သူက ပြတ်ပြတ်သားသား ပြောလိုက်တယ်။ “ကျွန်မ ကျန်းမာရေး သိပ်မကောင်းလို့ အဲဒီမှာ အလုပ်မလုပ်နိုင်ဘူး။ ကျွန်မ မလိုက်ဘူး” လို့ပေါ့။ သူ့ကို ဖျောင်းဖျလို့ မရမှန်းမြင်တော့ သူ့ယောကျာ်းက ဒေါသတကြီး ပြောတယ်။ “နင့်ကိုနင်ပဲ ပြန်ကြည့်စမ်း၊ နင်က ရဲစခန်းတစ်ခုလုံးကို မွှေထားတာလေ။ တက္ကသိုလ်ဝင်ခွင့်ကိစ္စမှာလည်း ငါတို့ကလေးက ထိခိုက်ဦးမယ်။ ငါ ဒီကိစ္စကြောင့် မျက်နှာပျက်မခံနိုင်ဘူး၊ ငါ ကွာရှင်းချင်တယ်” တဲ့။ သူ့ယောကျာ်း ဒီလိုပြောတာကို ကြားတော့ ချန်ရှောင် သူ့စိတ်ထဲမှာ ပြင်းပြင်းထန်ထန် ဗျာများသွားတယ်။ “တကယ်လို့ ငါ့ယောကျ်ားက ငါ့ကို တကယ်ကွာရှင်းလိုက်ရင် ငါတို့ကလေးကို ဘယ်သူ စောင့်ရှောက်မလဲ။ ငါ ဘယ်လို ရှေ့ဆက်ရမလဲ” လို့ သူ တွေးမိတယ်။ ဒါတွေကို တွေးမိရင်း ချန်ရှောင် တော်တော်ကို ညှဉ်းပန်းခံလိုက်ရတယ်။ နာကျင်နေတဲ့ကြားက အရင်က သူဆိုနေကျ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ချန်ရှောင် သတိရလိုက်တယ်။
သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်
၁ သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်မွေ့မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။
၂ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်မွေ့မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ
သမ္မာတရားကို ရရှိဖို့အတွက် ခဏတာ ဇာတိပကတိ မွေ့လျော်မှုတွေကို စွန့်လွှတ်သင့်တယ်၊ ဘုရားသခင်အတွက် သက်သေခံဖို့ စံနှုန်းပြည့်မီတဲ့ ဖန်ဆင်းခံတစ်ဦးဖြစ်လာအောင် ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်၊ အဲဒီအခါမှသာ အသက်ရှင်ရတာ အဓိပ္ပာယ်ရှိတယ်ဆိုတာ ချန်ရှောင် နားလည်လိုက်တယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်တာဟာ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်၊ တကယ်လို့ ရုပ်ပိုင်းဆိုင်ရာ သာယာမှုတွေကို တပ်မက်ပြီး မိသားစု သဟဇာတဖြစ်မှုကို မွေ့လျော်ခံစားဖို့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို စွန့်လွှတ်လိုက်မယ်ဆိုရင် သူဟာ ဘုရားရှေ့မှောက်မှာ အသက်ရှင်ဖို့ မထိုက်တန်တော့ဘဲ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်ဆိုတာ သူ မြင်သွားတယ်။ ဒါကြောင့် ချန်ရှောင်က သူ့ယောကျာ်းကို ပြောလိုက်တယ်။ “ရှင် ကွာရှင်းချင်ရင် ကွာလေ။ ကျွန်မတို့ ကွာရှင်းရင်တောင်မှ ကျွန်မကတော့ ဘုရားသခင်ကို ဆက်ယုံပြီး ကိုယ်တော့်နောက်ကို ထာဝရလိုက်ဦးမှာပဲ” လို့ပေါ့။ သူ့ယောကျာ်းခမျာ ပြောစရာစကားမရှိဖြစ်ပြီး သူ့အစ်မအိမ်ကနေ ဒေါသတကြီး ထွက်သွားတယ်။ နောက်ပိုင်းမှာ သူ့ယောကျာ်းနဲ့ မိသားစုက သူ့ကို ဘယ်လိုပဲ တားဆီးပိတ်ပင်ပါစေ ချန်ရှောင်က အလျှော့မပေးဘူးဆိုတာ မြင်လိုက်ရတော့ သူ့ယုံကြည်ခြင်းကို ဂရုမစိုက်ကြတော့ဘူး။ အဲဒီအချိန်ကစလို့ ချန်ရှောင်ဟာ လွတ်လွတ်လပ်လပ်ပဲ အစည်းအဝေးတက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တာပေါ့။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မ ကက်သလစ် အသင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ကျွန်မ ငယ်ရွယ်တုန်းက ကက်သလစ် ကျောင်းကို တက်ခဲ့ပြီး အသင်းတော် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ...
ကျင်ယွဲ့ မလေးရှားနိုင်ငံ ၂၀၁၈ခုနှစ် မတ်လမှာ၊ ကျွန်မအမျိုးတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မဆီ...
လုရှီ၊ ဂျပန်နိုင်ငံ၂၀၁၅ ခုနှစ်တွင်၊ ကျွန်မ၏ မိတ်ဆွေတစ်ဦးက ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်ကို စတင်ယုံကြည်စေ ခဲ့သည်။ အနန္တတန်ခိုးရှင်...
ဝမ်ကျိ တရုတ်နိုင်ငံ ၂၀၁၀ နှစ်ဦးပိုင်းတုန်းကပါ။ ကျွန်တော့်မိန်းမက တီဗီမှာ ကွန်မြူနစ်ပါတီက ဖြန့်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်...