ပြင်းထန်သေ ဝိညာဉ်ရေးရာ တိုက်ပွဲ

06.06.2026

လီကျင်း၊ တရုတ်နိုင်ငံ

၁၉၉၃ ခုနှစ်မှာ ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့ပြီးတဲ့နောက် သင်းအုပ်ဆရာမလျူနဲ့ တွေ့ခဲ့တယ်။ အပြင်ပန်းကြည့်ရင်တော့ သူက သဘောထားကောင်းပုံရပြီး ရယ်စရာမောစရာလေးတွေ ပြောတတ်သလိုထင်ရတယ်။ သူ့မှာ သမ္မာကျမ်းစာ အသိဉာဏ်အများကြီးရှိပြီး အတွေ့အကြုံလည်း များတယ်။ ပြီးတော့ လေ့လာဖို့အတွက် နေရာစုံကို ခဏခဏသွားပြီး အသင်းတော်အများကြီးမှာ တရားဟောခဲ့တယ်။ သူက မေတ္တာလည်းရှိတယ်။ ယုံကြည်သူတွေ ဘယ်လိုအခက်အခဲမျိုးပဲ ကြုံရပါစေ သူက အမြဲတမ်း စိတ်ရှည်လက်ရှည် ကူညီပေးတယ်။ ယုံကြည်သူအများစုက သူ့ကို လေးစားကြတယ်။ ကျွန်မလည်း သူ့ကို တကယ် လေးစားကြည်ညိုခဲ့တာ။ သူက သခင့်ကို တကယ် ယုံကြည်သူတစ်ယောက်လို့ ကျွန်မ ထင်ခဲ့တယ်။ သင်းအုပ်ဆရာမလျူက ကျွန်မကို တကယ် တန်ဖိုးထားပြီး ဓမ္မတေးအဖွဲ့ကို တာဝန်ယူဖို့ စီစဉ်ပေးခဲ့တယ်။ သူ လေ့လာဖို့ တခြားနေရာကို သွားတဲ့အခါဆိုရင် အသင်းတော်ကို တာဝန်ယူဖို့ ကျွန်မကို လွှဲပေးခဲ့တယ်။

၁၉၉၉ ခုနှစ်၊ မတ်လမှာ ကျွန်မရဲ့ ဆွေစပ်မျိုးစပ်တစ်ယောက်က ညီအစ်ကိုနှစ်ယောက်ကို ခေါ်လာပြီး ကျွန်မကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရား ဟောကြတယ်။ သခင့်ကို တကယ် ယုံကြည်တဲ့ တခြားညီအစ်ကိုမောင်နှမ နည်းနည်းလောက်ကိုပါ အတူတူ နားထောင်ရအောင် ခေါ်လာပေးဖို့ သူတို့က ကျွန်မကို ပြောတယ်။ ကျွန်မ ပထမဆုံး သတိရမိတဲ့လူက သင်းအုပ်ဆရာမလျူပါပဲ၊ ဒါနဲ့ လာနားထောင်ဖို့ သူ့ကို ကျွန်မ ဖိတ်လိုက်တယ်။ မထင်မှတ်ဘဲ သူကပြောတယ်၊ နောက်ဆုံးသောကာလမှာ လူတွေကို အထင်အမြင်မှားအောင်လုပ်ဖို့ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာလိမ့်မယ်တဲ့။ ပြီးတော့ နားမထောင်ဖို့ ကျွန်မကို ပြောပြီး အဲဒီညီအစ်ကိုနှစ်ယောက်ကို မောင်းထုတ်ခိုင်းတယ်။ အဲဒီညီအစ်ကိုနှစ်ယောက်က သိက္ခာရှိပြီး ရည်ရည်မွန်မွန်ရှိတာကို ကျွန်မ တွေ့ရသလို၊ သူတို့က သမ္မာကျမ်းစာနဲ့အညီ မိတ်သဟာယပြုတာဆိုတော့ ကျွန်မ သူ့စကားကို နားမထောင်ခဲ့ဘူး။ သူ့ကို မပြောဘဲနဲ့ သူတို့ဟောတာကို နားထောင်ဖို့ တွဲဖက်အမှုဆောင်တချို့ကိုတောင် ကျွန်မ ခေါ်သွားခဲ့သေးတယ်။ အဲဒီညီအစ်ကိုနှစ်ယောက်က အသင်းတော် လူသူကင်းမဲ့ပြီး ခြောက်ကပ်ရတဲ့ အကြောင်းရင်းတွေ၊ ဘုရားသခင်ရဲ့ အမှုတော်အဆင့်သုံးဆင့်၊ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ဘယ်လိုခွဲခြားရမလဲဆိုတာတွေ၊ ပြီးတော့ နောက်ဆုံးသောကာလမှာ လူတွေကို သန့်စင်ဖို့အတွက် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်တယ် ဆိုတာတွေနဲ့ပတ်သက်ပြီး ကျွန်မတို့နဲ့ မိတ်သဟာယပြုပေးတယ်။ ကျွန်မတို့ နားထောင်လေလေ၊ ပိုကြားချင်လေလေပါပဲ။ ကျွန်မတို့ရဲ့ ဝိညာဉ်တွေက အရမ်းကို အာဟာရရသလို ခံစားရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ ဖတ်ကြည့်ပြီးတော့ ဒါတွေက တကယ်ပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ခဲ့တယ်။ ဒီနှုတ်ကပတ်တော်တွေမှာ အာဏာနဲ့ တန်ခိုး ပါရှိပြီးတော့ ဒါတွေက ဘုရားသခင်ရဲ့ အသံတော် ဖြစ်ပါတယ်။ ဘယ်လူသားကမှ ဒီလိုစကားမျိုး ပြောနိုင်မှာ မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာကို စူးစမ်းလေ့လာပြီးတော့ ကျွန်မတို့ သေချာသွားခဲ့တယ်။ ကျွန်မတို့အားလုံး အရမ်းကို စိတ်လှုပ်ရှားခဲ့ကြတာ။ ကျွန်မတို့ နှစ်တွေအများကြီး မျှော်လင့်စောင့်စားနေခဲ့တဲ့ သခင်ယေရှု တကယ် ပြန်ကြွလာခဲ့ပြီဆိုတာကို ကျွန်မတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ကျွန်မတို့ အရမ်းကို တကယ် ကောင်းချီးပေးခံရတာပါပဲ။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “သင်းအုပ်ဆရာမလျူက သခင့်ကို တကယ် ယုံကြည်သူပါ။ သူက သခင့်အတွက် အမှုအရာတွေကို စွန့်လွှတ်ပြီး အသုံးခံနိုင်သလို သမ္မာကျမ်းစာကိုလည်း နားလည်တယ်။ ပြီးခဲ့တဲ့တစ်ခါတုန်းက အထင်အမြင်မှားခံရမှာကို စိုးရိမ်လို့ သူ နားမထောင်ခဲ့တာပါ။ သခင်ယေရှု ပြန်ကြွလာပြီဆိုတာကို သိသွားရင် သူ သေချာပေါက် လက်ခံမှာပါ” လို့ပေါ့။ ဒါကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့ပဲ သူ့ကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရား ဟောပေးဖို့ အဲဒီညီအစ်ကိုနှစ်ယောက်ကို ကျွန်မ ခေါ်သွားခဲ့တယ်။ ကျွန်မက ပြောလိုက်တယ်၊ “သင်းအုပ်ဆရာမလျူ၊ သခင်ယေရှု တကယ် ပြန်ကြွလာပါပြီ၊ ပြီးတော့ အခု ဘုရားသခင်ရဲ့ အိမ်တော်ကနေ အစပြုတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေပါတယ်။ ခရစ်တော်အယောင်ဆောင်သူတွေ အထင်အမြင်မှားတာ ခံရမှာကို ဆရာမ စိုးရိမ်နေတာ မဟုတ်လား။ ဒီညီအစ်ကိုနှစ်ယောက်က ခရစ်တော်အယောင်ဆောင်သူတွေနဲ့ စစ်မှန်တဲ့ ခရစ်တော်ကို ဘယ်လိုခွဲခြားရမလဲဆိုတာ အရမ်းကို ရှင်းလင်းအောင် မိတ်သဟာယပြုပေးပါတယ်။ ဆရာမ သူတို့ပြောတာကို နားထောင်သင့်ပါတယ်” လို့ပေါ့။ သူက အင်တင်တင်နဲ့ပဲ ကျွန်မတို့ကို လက်ခံတယ်။ ညီအစ်ကိုနှစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူ့ကို ဖတ်ပြပြီးတော့ ခရစ်တော်အယောင်ဆောင်သူတွေနဲ့ စစ်မှန်တဲ့ ခရစ်တော်ကို ဘယ်လိုခွဲခြားရမလဲဆိုတဲ့ သမ္မာတရားအကြောင်း မိတ်သဟာယပြုပေးတယ်။ မထင်မှတ်ဘဲနဲ့ သူက စိတ်မရှည်တဲ့ပုံစံနဲ့ ပြောပါလေရော၊ “တော်ပါတော့၊ ငါ နားလည်ရင်တောင်မှ လက်မခံဘူး။ အဲဒါက မှန်သော လမ်းခရီး ဖြစ်ရင်တောင်မှ ငါ လက်ခံမှာ မဟုတ်ဘူး။ နင်တို့ဟောတာကို ငါ့ကို နားထောင်စေချင်တာလား။ ငါ အသင်းတော်မှာ အလုပ်လုပ်ပြီး တရားဟောလာတာ နှစ်တွေ ကြာလှပြီ။ အစည်းအဝေးတွေနဲ့ လေ့လာမှုတွေအတွက်လည်း နေရာအနှံ့ ငါရောက်ဖူးတယ်။ နှစ်တိုင်းလည်း နောက်ထပ်လေ့လာဖို့ ကျမ်းစာသင်ကျောင်းကို လပိုင်းလောက် ငါသွားနေတာ။ အဲဒါတွေက အလကားပဲလို့ နင်တို့ ပြောနေတာလား” တဲ့။ သူက သူ့လက်ချောင်းလေးတွေကို ချိုးရေရင်း ဆက်ပြောတယ်၊ “ငါက အသင်းတော်ခြောက်ခုကို တာဝန်ယူထားတာ။ ဒီယုံကြည်သူတွေအကုန်လုံးကို ငါပဲ ထိန်းကျောင်းလာတာ။ ဒီအသင်းတော်က ငါ့ကို လာဆုတောင်းခိုင်းတယ်၊ ဟိုအသင်းတော်က ငါ့ကို လာတရားဟောခိုင်းတယ်။ နင်တို့ဟောတာကို ငါ လုံးဝ နားမထောင်ဘူး။ ငါ့ရဲ့ ယုံကြည်သူတွေအတွက် ငါ တာဝန်ယူရမယ်။ ငါ့သိုးတွေကို ငါ ကာကွယ်ရမယ်” တဲ့။ သူက မျက်လုံးတွေ ပြူးကျယ်ပြီး ကျွန်မကို လက်ညှိုးထိုးကာ လေသံတင်းတင်းနဲ့ ပြောတယ်၊ “နားမထောင်နဲ့လို့ ငါ ပြောရက်သားနဲ့ နင် ငါ့စကားကို နားမထောင်ဘူး။ နင် အထင်အမြင်မှားအောင်လုပ်တာ ခံလိုက်ရပြီ၊ အခု ငါ့ကိုပါ နင်နဲ့အတူ အထင်အမြင်မှားစေချင်နေတာလား။ အဲဒီလို ဖြစ်လာမယ်လို့ နင် ထင်နေသလား။ ငါကရော နင့်လိုပဲ နားဝေတိမ်တောင် ဖြစ်နေမယ်လို့ နင် ထင်နေတာလား။ နင် သမ္မာကျမ်းစာကို နားမလည်ပါဘူး။ ငါ နင့်ကို အကြံပေးမယ်၊ အခုချက်ချင်း ပြန်လှည့်လာခဲ့” တဲ့။ ညီအစ်ကိုတစ်ယောက်က ပြောတယ်၊ “ကျွန်တော်တို့အားလုံး သခင့်ကို ယုံကြည်ပြီး သခင်ပြန်ကြွလာမှာကို မျှော်လင့်စောင့်စားနေကြတာပါ။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်ပါတယ်” လို့ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ ‘ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်း မရှိသူများအတွက် ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း မပြုသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကျိုးနွံနာခံပြီး သမ္မာတရားကို ဆာငတ်ကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)” သင်းအုပ်ဆရာမလျူက ဒါကို ကြားတော့ ဒေါသပေါက်ကွဲသွားတယ်။ သူက အဲဒီညီအစ်ကိုနှစ်ယောက်ကို လက်ညှိုးထိုးပြီး ရန်လိုတဲ့ပုံစံနဲ့ ပြောတယ်၊ “ပါးစပ်ပိတ်ထား။ အခုချက်ချင်း ထွက်သွား။ ငါ တာဝန်ယူထားတဲ့ နယ်မြေထဲမှာ ဧဝံဂေလိတရား ဟောနေတာကို ထပ်မိလို့ကတော့ နင်တို့ကို ပြည်သူ့လုံခြုံရေးဗျူရိုဆီ ချက်ချင်း ပို့ပစ်လိုက်မယ်” တဲ့။ သင်းအုပ်ဆရာမလျူ ဒီလိုပြောလိုက်တော့ ကျွန်မ တုန်လှုပ်သွားတယ်။ ပုံမှန်ဆိုရင် သူ သမ္မာကျမ်းစာကို ရှင်းပြတဲ့အခါ သူ့လေသံက အရမ်း ကြင်ကြင်နာနာရှိတာ။ ဒီနေ့ သခင် ပြန်ကြွလာပြီလို့ သူ့ကို ပြောပြရင် သူ ဝမ်းမြောက်ဝမ်းသာ လက်ခံမယ်လို့ ကျွန်မ ထင်ထားခဲ့တာ။ သူ့ဆီမှာ ဒီလိုသဘောထားမျိုး ရှိမယ်လို့ ကျွန်မ မမျှော်လင့်ထားမိဘူး။ ကျွန်မ လုံးဝ ဇဝေဇဝါ ဖြစ်သွားပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ကျွန်မတို့က သခင့်ကို ယုံကြည်ကြတယ်၊ ပြီးတော့ ကျွန်မတို့အားလုံး သခင် ပြန်ကြွလာမှာကို မျှော်လင့်စောင့်စားနေကြတာ။ သခင် ပြန်ကြွလာပြီး သမ္မာတရားကို ဖော်ပြနေပြီ၊ ဒါပေမဲ့ သူက လက်မခံဘူး။ သူက ဒေါသတကြီးနဲ့တောင် ကျွန်မတို့ကို မောင်းထုတ်လိုက်သေးတယ်။ အဲဒါက မှန်သော လမ်းခရီး ဖြစ်ရင်တောင်မှ သူ လက်ခံဦးမှာ မဟုတ်ဘူးလို့လည်း ပြောသေးတယ်။ ဒါဆိုရင် သူက သခင့်ကို ဘာကြောင့် ယုံကြည်နေရတာလဲ” လို့ပေါ့။

ဧပြီလထဲက ရက်တစ်ရက်မှာ အဲဒီညီအစ်ကိုနှစ်ယောက် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း သက်သေခံတာကို အသင်းတော်က အဓိကကျတဲ့ တွဲဖက်အမှုဆောင် ခုနစ်ယောက်လည်း ကြားရအောင်လို့ သူတို့ကို ကျွန်မအိမ် ဖိတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရား ဖြစ်တယ်ဆိုတာကို လူတိုင်း တွေ့မြင်သွားကြပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုခရစ်တော် ဖြစ်တယ်ဆိုတာကို သေချာသွားကြတယ်။ တချို့ဆိုရင် မျက်ရည်တွေပါကျတဲ့အထိ အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်။ အဲဒီအချိန်မှာ သင်းအုပ်ဆရာမလျူက ဒေါသတကြီးနဲ့ ဝင်လာပါလေရော။ အဓိကကျတဲ့ တွဲဖက်အမှုဆောင်တွေ အဲဒီမှာ ရောက်နေတာကို တွေ့တော့ သူက ကျွန်မတို့ကို လက်ညှိုးထိုးပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတယ်၊ “အသင်းတော် စုဝေးပွဲမှာ ဘယ်သူမှ မရှိတာ မဆန်းပါဘူး။ နင်တို့အကုန်လုံး ဒီမှာ ရောက်နေကြတာကိုး” တဲ့။ ပြီးတော့ ဘုရားသခင်ကို သူ စပြီး စော်ကားပြောဆိုတော့တာပဲ။ ကျွန်မ အရမ်း ဒေါသထွက်ပြီး ပြောလိုက်တယ်၊ “ဆရာမ နားမလည်တဲ့အရာကို မပြောသင့်ဘူးနော်။ သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားပြောဆိုတဲ့ အပြစ်ဟာ ဒီဘဝမှာရော နောင်ဘဝမှာပါ ဘယ်တော့မှ ခွင့်လွှတ်ခြင်း ခံရမှာ မဟုတ်ဘူး။ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိမှာ ဆရာမ မကြောက်ဘူးလား” လို့ပေါ့။ ကျွန်မ ဒီလိုပြောတာကို ကြားတော့ သူ ပိုပြီးတော့တောင် ဒေါသထွက်သွားတယ်။ သူက ကျွန်မကို လက်ညှိုးထိုးပြီး ပြောတယ်၊ “သူတို့ဟောတာကို နားမထောင်နဲ့လို့ ငါ နင့်ကို ပြောထားရက်သားနဲ့ နင် ငါ့စကားကို နားမထောင်ဘူး။ နင်က တွဲဖက်အမှုဆောင်တွေ အများကြီးကိုတောင် သူတို့ပြောတာ နားထောင်ဖို့ ခေါ်လိုက်သေးတယ်။ ငါ နင့်ကို ပျိုးထောင်ပေးလာတာ သုံးလေးနှစ်ရှိပြီ။ အရာရာကို နင်နဲ့ ငါ တိုင်ပင်ခဲ့တာ။ အခုတော့ နင်က ငါ့ကို တကယ် သစ္စာဖောက်ပြီး အပြင်လူတွေကိုတောင် ငါတို့အသင်းတော်ထဲ တရားဟောဖို့ ခေါ်လာတယ်။ ငါ နင့်ကို ပျိုးထောင်ပေးခဲ့တာတွေ အလကားဖြစ်ကုန်ပြီ” တဲ့။ ကျွန်မက ပြောလိုက်တယ်၊ “ကျွန်မတို့က သခင့်ကို ယုံကြည်ကြတယ်၊ ပြီးတော့ ကျွန်မတို့အားလုံး သခင် ပြန်ကြွလာမှာကို မျှော်လင့်စောင့်စားနေကြတာပါ။ အခု သခင် ပြန်ကြွလာပြီး သမ္မာတရားတွေ အများကြီး ဖော်ပြနေပါပြီ။ ညီအစ်ကိုမောင်နှမတွေကို နားထောင်ခွင့် ဘာလို့ မပေးရတာလဲ” လို့ပေါ့။ တွဲဖက်အမှုဆောင်တွေအားလုံးကလည်း ပြောကြတယ်၊ “ဟုတ်ပါတယ်၊ သင်းအုပ်ဆရာမလျူ။ ဒါက မှန်သော လမ်းခရီးပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပါ” လို့ပေါ့။ သင်းအုပ်ဆရာမလျူက သူတို့ကို လက်ညှိုးထိုးပြီး ပြောတယ်၊ “နင်တို့ တရားဒေသနာ နားထောင်ချင်ရင် ငါ နင်တို့ကို တစ်ပုဒ် ဟောပေးမယ်။ နင်တို့အားလုံးက တွဲဖက်အမှုဆောင်တွေလေ။ နင်တို့က အသင်းတော်ရဲ့ ကျောရိုးတွေပဲ။ ငါ နင်တို့ကို ထောက်ပံ့ပြီး ပျိုးထောင်ပေးလာတာ နှစ်တွေ ကြာလှပြီ၊ အခုတော့ နင်တို့က ဒီတရားဒေသနာကို နားထောင်ဖို့ ဒီကို ပြေးလာကြတယ်။ နောက်ဆုံးသောကာလမှာ လူတွေကို အထင်အမြင်မှားအောင်လုပ်ဖို့ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာလိမ့်မယ်လို့ သမ္မာကျမ်းစာက ပြောထားတယ်။ နင်တို့ ဒါကို ဘယ်လိုလုပ် မသိနိုင်ရတာလဲ။ နင်တို့ အထင်အမြင်မှားသွားရင်၊ အဲဒီအခါကျရင် အသင်းတော်ထဲက လူတွေအကုန်လုံးကို မှားတဲ့လမ်းကြောင်းပေါ် ရောက်အောင် နင်တို့ ခေါ်သွားတာပဲ မဟုတ်ဘူးလား။ ဒီအတွက် သခင့်ကို ငါ ဘယ်လို ပြန်လျှောက်လဲရမှာလဲ။ အဲဒီလူနှစ်ယောက်က သခင် ပြန်ကြွလာပြီလို့ ပြောတာနဲ့ပဲ သခင် တကယ် ပြန်ကြွလာပြီလို့ နင်တို့ ထင်နေတာလား။ နင်တို့က အရမ်း အတာပဲ။ ဒါကို နားမထောင်ကြနဲ့၊ တစ်ယောက်မှ နားမထောင်နဲ့” တဲ့။ အဲဒီမှာ ရှိနေတဲ့ တွဲဖက်အမှုဆောင် သုံးယောက်က သင်းအုပ်ဆရာမလျူရဲ့ နှောင့်ယှက်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဆက်နားမထောင်ရဲကြတော့ဘူး။ သင်းအုပ်ဆရာမလျူ အဲဒီလို ပြောတာ မှားတယ်ဆိုတာ ကျွန်မ သိတယ်။ နောက်ဆုံးသောကာလမှာ လူတွေကို အထင်အမြင်မှားအောင်လုပ်မယ့် ခရစ်တော်အယောင်ဆောင်သူတွေ ရှိလာလိမ့်မယ်လို့ သခင်ယေရှု တကယ် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ခရစ်တော်အယောင်ဆောင်သူတွေက ကြီးမားတဲ့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကို ပြပြီး လူတွေကို အထင်အမြင်မှားအောင်လုပ်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့ ပိုင်းခြားသိမြင်မှုတချို့ ရှိလာမှာလို့လည်း သခင်ယေရှုက ပြောခဲ့ပါတယ်။ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်ထွန်းလာမှာ ဖြစ်တဲ့အတွက် သခင့်ကို မကြိုဆိုသင့်ဘူး၊ သခင်ရဲ့ အသံတော်ကို နားမထောင်သင့်ဘူးလို့ သခင်က လုံးဝ မပြောခဲ့ပါဘူး။ ဒီနေရာမှာ သခင့်စကားကို သူ အဓိပ္ပာယ်ကောက်လွဲပြီး ပြောနေတာ မဟုတ်ဘူးလား။ အဲဒီအချိန်မှာ သင်းအုပ်ဆရာမလျူက ဧဝံဂေလိတရား ဟောတဲ့ ညီအစ်ကိုတွေကို လက်ညှိုးထိုးပြီး ပြောတယ်၊ “နင်တို့ ဟောနေတာက မိစ္ဆာဒိဋ္ဌိအယူဝါဒပဲ။ ဘုရားသခင် ကြွလာပြီဆိုရင် ဘယ်မှာလဲ။ နင်တို့ မြင်ဖူးသလား။ ငါက ဒီအသင်းတော်ရဲ့ တရားဝင် ကိုယ်စားလှယ်ပဲ၊ ပြီးတော့ ဒီလူတွေက ငါ့အသင်းတော်ထဲက လူတွေ။ ငါ့ကို ကျော်ပြီး ဒီမှာ လာဟောလို့ မရဘူး” တဲ့။ ညီအစ်ကိုနှစ်ယောက်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောတယ်၊ “သင်းအုပ်ဆရာမလျူ၊ သိုးတွေက ဘုရားသခင် ပိုင်တာပါ၊ ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမှ ပိုင်တာ မဟုတ်ပါဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) သခင်က သမ္မာတရားကို ဖော်ပြဖို့နဲ့ သူ့သိုးတွေကို ရှာဖွေဖို့ ပြန်ကြွလာတာပါ။ လူတွေ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်တာကို ဆရာမ တားဆီးလို့ မရပါဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ မညီပါဘူး” လို့ပေါ့။ သင်းအုပ်ဆရာမလျူက အမိန့်ပေးတဲ့ လေသံနဲ့ ပြောတယ်၊ “ဒီမှာ တရားဟောဖို့ ငါ ခွင့်မပြုရင် နင်တို့ လုံးဝ ဟောလို့ မရဘူး။ နင်တို့ ဆက်ဟောနေရင် ရဲစခန်းကို ငါ အခုချက်ချင်း ပို့လိုက်မယ်” တဲ့။ သင်းအုပ်ဆရာမလျူ ဘယ်လောက် ရက်စက်ကြမ်းကြုတ်သလဲ ဆိုတာကို မြင်လိုက်ရတော့ သမ္မာကျမ်းစာထဲမှာ သခင်ယေရှု ပြောခဲ့တဲ့ ဆိုးညစ်တဲ့ ဥယျာဉ်လုပ်သားများ ပုံဥပမာကို ကျွန်မ သတိရမိတယ်။ မြေရှင်က အသီးအနှံတွေကို ကောက်သိမ်းဖို့ သူ့အစေခံတွေနဲ့ သားကို လွှတ်လိုက်တဲ့အခါ လုပ်သားတွေက သူတို့အားလုံးကို သတ်ပစ်ပြီး မြေရှင်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ချင်ကြတယ်။ သင်းအုပ်ဆရာမလျူရဲ့ လုပ်ပုံက အဲဒီလုပ်သားတွေရဲ့လုပ်ပုံနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဒီညီအစ်ကိုနှစ်ယောက်က သခင် ကြွလာခြင်း ဧဝံဂေလိတရားကို ဟောနေတာ ကောင်းတဲ့အရာပါ။ သူတို့က ဝမ်းမြောက်စရာ သတင်းစကား၊ သတင်းကောင်းကို ဟောပြောနေကြတာလေ။ ဒါပေမဲ့ သူက ဧဝံဂေလိတရား ဟောတဲ့သူတွေကို ဒီလို ဆက်ဆံနိုင်စွမ်းရှိတယ်၊ ပြီးတော့ ရဲကိုဖုန်းဆက်ပြီး ရဲစခန်းပို့မယ်လို့တောင် ခြိမ်းခြောက်သေးတယ်။ ဒါက သူတို့ကို ဒုက္ခပေးဖို့ နတ်ဆိုးတွေလက်ထဲ အပ်လိုက်တာပဲ။ ဒါက သူဟာ တကယ်ကို ဆိုးညစ်တဲ့ အစေခံ ဖြစ်တယ်ဆိုတာ ပြနေတာပဲ။ သင်းအုပ်ဆရာမလျူအပေါ် ကျွန်မ ပိုင်းခြားသိမြင်မှု တချို့ ရလာပြီး ပြောလိုက်တယ်၊ “သင်းအုပ်ဆရာမလျူ၊ ကျွန်မတို့အားလုံးက ဘုရားသခင်ကို ယုံကြည်သူတွေပါ။ ဆရာမက ဒီညီအစ်ကိုတွေကို ဘယ်လိုလုပ် ရဲစခန်း ပို့နိုင်ရက်တာလဲ။ ဒါက ယုဒတစ်ယောက်လိုလုပ်နေတာ မဟုတ်ဘူးလား။ ယုဒရဲ့ အဆုံးသတ်က ဘာလဲ ဆိုတာကို ဆရာမ ကောင်းကောင်း သိမှာပါ၊ ဟုတ်တယ်မဟုတ်လား” လို့ပေါ့။ ကျွန်မ ဒီလိုပြောတာကို မြင်တော့ သူ ဘာမှ ထပ်မပြောတော့ဘူး။ ကျွန်မက ဆက်ပြောလိုက်တယ်၊ “သင်းအုပ်ဆရာမလျူ၊ ဆရာမရဲ့ ခံစားချက်ကို ကျွန်မ နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ သခင့်ကို ယုံကြည်တာက သခင်ပြန်ကြွလာမှာကို မျှော်လင့်စောင့်စားဖို့အတွက် မဟုတ်ဘူးလား။ အခု သခင် ကြွလာပြီလို့ လူတွေ ဟောလာကြတယ်။ ရှာဖွေတာ၊ စူးစမ်းလေ့လာတာ မလုပ်ဘဲနဲ့ အဲဒါ မှားတယ်လို့ ဆရာမ ပြောတာက တဖက်သတ်ဆန်လွန်းရာ မကျဘူးလား။ ဒီညီအစ်ကိုနှစ်ယောက် ပြောသွားတာတွေ အကုန်လုံးက သမ္မာကျမ်းစာနဲ့ ကိုက်ညီပါတယ်။ သခင်က သူ့ရဲ့ အမှုတော်အသစ်ကို လုပ်ဆောင်ဖို့ ကြွလာပါပြီ...” သင်းအုပ်ဆရာလျူက စိတ်မရှည်တဲ့ပုံစံနဲ့ ပြောတယ်၊ “တော်ပါတော့၊ နင် ဘာသိလို့လဲ။ နင် အမြန်ဆုံး အသိတရားရရင် ကောင်းမယ်” တဲ့။ သူ ပြောပြီးတာနဲ့ မကျေမနပ်နဲ့ ထွက်သွားတယ်။ အဲဒီအချိန်မှာ စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့ တွဲဖက်အမှုဆောင် သုံးယောက်က သင်းအုပ်ဆရာမလျူနဲ့အတူ ထွက်သွားကြတယ်။ ကျန်ခဲ့တဲ့ တွဲဖက်အမှုဆောင်တွေကတော့ ဆက်ပြီး ရှာဖွေ စူးစမ်းလေ့လာကြပြီး အဆုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလိုက်ကြတယ်။

အဲဒီနောက်မှာတော့ မှန်သော လမ်းခရီးကို လူတွေ မစူးစမ်းလေ့လာနိုင်အောင်လို့ သင်းအုပ်ဆရာလျူက အသင်းတော်ထဲမှာ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဖြန့်ပါလေရော။ သူက ပြောတယ်၊ “လီကျင်း ယုံကြည်တာက မိစ္ဆာဒိဋ္ဌိအယူဝါဒပဲ။ သူပြောတာ နားမထောင်ကြနဲ့။ ငါ ဘာသာရေးရာဌာနမှာ အစည်းအဝေး သွားတက်တုန်းက ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ သုံးပါးတပေါင်း အသင်းတော်က အမြဲတမ်း ကော်မတီဝင်တွေကို ဒီအကြောင်း မေးကြည့်တယ်။ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးက အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ဆန့်ကျင်ကြပြီး နိုင်ငံတော်ကလည်း အသင်းတော် ယုံကြည်သူတွေကို ဖိနှိပ်ပြီး ဖမ်းဆီးနေတယ်လို့ သူတို့အားလုံး ပြောကြတယ်။ နင်တို့ အဲဒါကို ယုံရင် အဖမ်းခံရလိမ့်မယ်၊ ပြီးတော့ နင်တို့ မိသားစုဝင် အားလုံးပါ အမှုပတ်လိမ့်မယ်” တဲ့။ သင်းအုပ်ဆရာမလျူက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံထားတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အိမ်တွေကိုပါ တစ်အိမ်တက်ဆင်း သွားပြီး သူတို့ကို နှောင့်ယှက်တယ်၊ ခြိမ်းခြောက်တယ်။ တချို့ဆိုရင် သူ အထင်အမြင်မှားအောင် လုပ်တာကို ခံရလွန်းလို့ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ ပြန်ဆုတ်သွားကြတယ်။ အရင်တုန်းက အသင်းတော်ထဲက ညီအစ်ကိုမောင်နှမတွေက ကျွန်မနဲ့ ဆက်ဆံရေး ကောင်းခဲ့ပေမဲ့ သင်းအုပ်ဆရာမလျူရဲ့ နှောင့်ယှက်မှုတွေကြောင့် လူတိုင်းက ကျွန်မကို တွေ့ရင် ရှောင်ဖယ်လာကြတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ နာကျင်ပြီး အားနည်းသလို ခံစားရလို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ အသင်းတော်ထဲမှာ အရင်က သမီးနဲ့ ဆက်ဆံရေး ကောင်းခဲ့တဲ့ သူတွေက အခု သမီးကို လျစ်လျူရှုနေကြပါပြီ။ သူတို့ သမီးကို တွေ့ရင် ကပ်ရောဂါတစ်ခုကို ရှောင်သလိုမျိုး ပုန်းရှောင်ကြပါတယ်။ သမီး အရမ်း နာကျင်ရပါတယ်။ ကိုယ်တော့် ရည်ရွယ်ချက်ကို နားလည်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး ဦးဆောင်တော်မူပါ” လို့ပေါ့။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်လိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးမှပဲ ဒီနေ့ ကျွန်မ ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဟာ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု ဖြစ်တယ်ဆိုတာကို နားလည်သွားတယ်။ အပေါ်ယံ ကြည့်ရင်တော့ လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မတို့ လက်မခံနိုင်အောင် တားဆီးနေပုံရပေမဲ့၊ တကယ်တမ်းမှာတော့ ဘုရားသခင်ဆီ ကျွန်မတို့ ပြန်လာမှာကို တားဆီးဖို့ စာတန်က ဒီလူတွေကို အသုံးပြုနေတာပါ။ ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ အမှုလာပြုတာ ဖြစ်ပြီး စာတန်ကတော့ ဒါကို လာပြီး နှောင့်ယှက် ဖျက်ဆီးတာပါ။ စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မ ထိုးထွင်းမြင်မှရမယ်၊ ပြီးတော့ ဒီလူ၊ ဖြစ်ရပ်နဲ့ အမှုအရာတွေရဲ့ ဘောင်ခတ်တာကို မခံရဘဲ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ပြီးတော့ ကျွန်မ တွေးမိတယ်၊ ဘာလို့ ကျွန်မ ဒီလောက် နာကျင်နေရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အစတုန်းက ဒီလူတွေနဲ့ ကျွန်မ ဆက်ဆံရေး တကယ် ကောင်းခဲ့တာလေ။ တချို့ဆို ကျွန်မကို လေးစားတောင် လေးစားခဲ့ကြတာ။ အခုကျတော့ သူတို့ ကျွန်မကို လျစ်လျူရှုကြတယ်။ ရုတ်တရက်ကြီး အပယ်ခံလိုက်ရသလို ကျွန်မ ခံစားရတယ်။ သခင်ယေရှု ပြောခဲ့တာကို ကျွန်မ သတိရလိုက်တယ်။ “အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၈) သခင်ယေရှုဟာ လူတွေကို ကယ်တင်ဖို့ အမှုလာပြုရာမှာ လှောင်ပြောင်တာ၊ အသရေဖျက်တာ၊ ရှုတ်ချတာနဲ့ ငြင်းပယ်တာတွေကို သည်းခံခဲ့တယ်။ ဘုရားသခင်က ဒါတွေအားလုံးကို ဟိုးအရင်ကတည်းက ဒုက္ခခံခဲ့ပြီးသားဆိုတော့ ဘုရားနောက်လိုက်တဲ့ လူတိုင်းက ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ချိဖို့အတွက် ဒီငြင်းပယ်ခံရခြင်း ဒုက္ခတွေကို ခံသင့်တာ မမှန်ဘူးလား။ ဒါကို တွေးမိလိုက်တဲ့အခါ ကျွန်မ စိတ်နှလုံးထဲမှာ သိပ်မနာကျင်တော့ဘူး။

နောက်ပိုင်းမှာ သင်းအုပ်ဆရာမလျူက မှန်သော လမ်းခရီးကို လူတွေ လက်မခံနိုင်အောင် ရှေ့ကနေ နှောင့်ယှက်နေတဲ့အချိန်မှာ ကျွန်မနဲ့ ညီအစ်ကိုမောင်နှမတွေက နောက်ကနေ အမြန် ပံ့ပိုးပြီး ရေလောင်းပေးကြတယ်၊ အသင်းတော်ထဲမှာ ဧဝံဂေလိတရားကို ဆက်ဟောကြတယ်။ ကျွန်မတို့က လူ ရှစ်ဆယ်၊ ကိုးဆယ်လောက်ကို တစ်ယောက်ပြီးတစ်ယောက် ခေါ်လာခဲ့တယ်။ ဩဂုတ်လရောက်တော့ အသင်းတော်မှာ လူတွေ တဖြည်းဖြည်း နည်းသွားတာကို သင်းအုပ်ဆရာမလျူ တွေ့သွားပြီး အလှူငွေတွေလည်း နည်းလာတာကို သတိထားမိသွားတယ်။ ဒါကြောင့် သူက တားဆီး နှောင့်ယှက်ဖို့ ပိုပြီးတော့တောင် အရူးအမူးဖြစ်လာတယ်။ တစ်နေ့မှာ သင်းအုပ်ဆရာလျူ ကျွန်မအိမ်ကို ရောက်လာပြီး ပြုံးပြုံးလေးနဲ့ ပြောတယ်၊ “အခုတလော ငါတို့ ဆက်ဆံရေးက နည်းနည်း အနေခက်သလို ဖြစ်နေတယ်၊ ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော် နေမထိထိုင်မသာ ဖြစ်မိတယ်၊ နင့်အတွက်လည်း ငါ စိတ်ပူတယ်။ နင် မြင်တဲ့အတိုင်းပဲ၊ အသင်းတော်က တကယ် ကြီးတယ်၊ ငါ အရာအားလုံးကို ဂရုမစိုက်နိုင်ဘူး။ တခြားသူ လက်ထဲ အပ်လိုက်ရင် ငါ စိတ်ချရမှာ မဟုတ်ဘူး၊ ဒါကြောင့် နင့်ကို ဒီအသင်းတော် တာဝန်ယူခိုင်းဖို့ ငါ ပြင်ဆင်နေတာ။ နင် ဘယ်လိုသဘောရလဲ” တဲ့။ ကျွန်မကို ပြန်ဆွဲခေါ်ဖို့ သင်းအုပ်ဆရာလျူ ဒီလိုပြောနေတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ အရင်က အသင်းတော်မှာ သခင့်ကို ယုံကြည်တုန်းက ကျွန်မ ညှဉ်းပန်းနှိပ်စက် မခံခဲ့ရဘူး၊ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို သိပ်ယဉ်ကျေးကြတာ။ ကျွန်မသာ ပြန်သွားမယ်ဆိုရင် လူတိုင်းက ကျွန်မကို ပြန်လေးစားကြမှာပဲ၊ ပြီးတော့ ငြင်းပယ်ခံရတဲ့ ဒုက္ခကို ခံစားရမှာ မဟုတ်ဘူး။ ကျွန်မ စိတ်ထဲမှာ နည်းနည်း တွန့်ဆုတ်သွားတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “တောင်များ ရွေ့လျားသောအခါ ယင်းတို့သည် သင်၏ အဆင့်အတန်းအတွက် ကွေ့ရှောင်သွားခြင်းကို ပြုနိုင်မည်လော။ ရေများသည် စီးဆင်းသောအခါ ယင်းတို့သည် လူ၏ အဆင့်အတန်းရှေ့တွင် ရပ်တန့်နိုင်မည်လော။ လူ၏ အဆင့်အတန်းအားဖြင့် ကောင်းကင်နှင့် မြေကြီးသည် ပြောင်းပြန်ဖြစ်နိုင်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂)) အဆင့်အတန်းက လူတွေကို မကယ်တင်နိုင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားတယ်။ အဆင့်အတန်းက ကျွန်မရဲ့ မာနအတွက် ယာယီ ကျေနပ်မှုကိုပဲ ပေးနိုင်တာပါ၊ ဘေးဒုက္ခ ရောက်လာတဲ့အခါ အဆင့်အတန်းက ကျွန်မကို အကျပ်အတည်းထဲကနေ လွတ်မြောက်အောင် မကူညီနိုင်ပါဘူး။ ဘာသာရေး အသင်းတော်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိတာကို ကျွန်မ ကောင်းကောင်း သိတာပဲ၊ အဲဒီကို ပြန်သွားပြီး ကျွန်မ ဘာလုပ်ရမှာလဲ။ ကျွန်မ တော်တော် တုံးတာပဲ။ ဒါဟာ စာတန်ရဲ့ လှည့်ကွက်ပဲ၊ ကျွန်မ အရူးလုပ်ခံလို့ မဖြစ်ဘူး။ ဒါနဲ့ သင်းအုပ်ဆရာမလျူကို ကျွန်မ ပြောလိုက်တယ်၊ “ကျွန်မတို့က သခင့်ကို ယုံကြည်ပြီး သခင်ပြန်ကြွလာမှာကို အမြဲ မျှော်လင့်စောင့်စားနေကြတာပါ။ အခု သခင့်ကို ကျွန်မ ကြိုဆိုပြီးပြီပဲ၊ ဘယ်လိုလုပ် နောက်ပြန်လှည့်သွားနိုင်မှာလဲ။ ဘုရားသခင်ရဲ့ တတိယအဆင့် အမှုတော်ဖြစ်တဲ့ လူတွေရဲ့ အပြစ်ရှိတဲ့ သဘာဝကို ဖြေရှင်းပေးမယ့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ကျွန်မ လက်ခံပြီးပါပြီ။ ဘုရားသခင်ရဲ့ အမှုတော်က ရှေ့ဆက်သွားနေပြီပဲ၊ အသင်းတော်ကို ကျွန်မ ဘယ်လိုလုပ် ပြန်သွားနိုင်ဦးမှာလဲ။ အဲဒါက နောက်ပြန်လှည့်သွားတာ မဟုတ်ဘူးလား။ အလယ်တန်း ရောက်နေမှ မူလတန်းကို ပြန်တက်သလို ဖြစ်နေမှာပေါ့။ အဲဒါ အဓိပ္ပာယ် ရှိပါ့မလား” လို့ပေါ့။ သင်းအုပ်ဆရာမလျူက ဒေါသတကြီးနဲ့ ပြောတယ်၊ “ငါ နင့်ကို မျက်နှာသာပေးနေတာတောင် နင်က မသိတတ်ဘူး၊ နင်က မှားနေတဲ့ လမ်းကြောင်းကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားတာပဲ။ နင် တော်တော်ကြီးကို အထင်အမြင်မှားအောင်လုပ်တာခံထားရပြီ။ နောက်နောင် သိုးခိုးဖို့ အသင်းတော်ကို နင် ထပ်လာလို့ကတော့ ငါ နင့်ကို ညှာတာမှာ မဟုတ်ဘူး၊ ရဲစခန်းကို တန်းပို့ပစ်လိုက်မယ်” တဲ့။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဘုရားသခင်ကို ယုံကြည်သူတွေကို ရဲစခန်း ပို့နိုင်ရက်တယ် ဆိုရင်တော့ ရှင်က ယုဒပါပဲ” လို့ပေါ့။ သင်းအုပ်ဆရာမလျူက ဒေါသတကြီးနဲ့ ထွက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုနဲ့ ဦးဆောင်မှုကြောင့် စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မ ထိုးထွင်းမြင်ခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ တကယ်ပဲ သက်သာရာ ရသွားတယ်။

စက်တင်ဘာလမှာ ကျွန်မနဲ့ ညီအစ်ကိုမောင်နှမတွေက အနီးအနားက အသင်းတော်တစ်ခုကနေ လူတစ်ဒါဇင်ကျော်လောက်ကို ခေါ်ခဲ့တယ်။ သင်းအုပ်ဆရာမလျူက ဒါကို သိသွားတော့ ပြဿနာရှာဖို့ ကျွန်မအိမ်ကို ရောက်လာတယ်။ ကျွန်မ ယောကျ်ားရှေ့မှာ သူက ပြဿနာတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို နိုင်ငံတော်က ဆန့်ကျင်တယ်၊ ပြီးတော့ တစ်နေ့နေ့မှာ ကျွန်မ အဖမ်းခံရရင် ကျွန်မတို့သား တက္ကသိုလ် တက်နိုင်ဖို့ ဆိုတာ အိပ်မက်တောင် မက်လို့မရဘူးလို့လည်း သူက ပြောတယ်။ ကျွန်မ ယောကျ်ားက သင်းအုပ်ဆရာမလျူရဲ့ စကားကို ယုံပြီး ဘုရားသခင်ကို ကျွန်မ ယုံကြည်တာက သားရဲ့ အနာဂတ်ကို ထိခိုက်မှာ စိုးရိမ်သွားတယ်။ သူ ကျွန်မကို စပြီး ညှဉ်းပန်းနှိပ်စက်တော့တာပဲ၊ ကွာရှင်းမယ်လို့လည်း ခြိမ်းခြောက်တယ်။ ကွာရှင်းမယ်ဆိုတဲ့ စကားကို ကျွန်မ ယောကျ်ားဆီက ကြားလိုက်ရတော့ ကျွန်မ တုန်လှုပ်သွားတယ်။ ကျွန်မ ယောကျ်ားက ကျွန်မအပေါ် အမြဲတမ်း အရမ်း ကောင်းခဲ့တာပါ၊ ပြီးတော့ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကိုလည်း သူ မဆန့်ကျင်ခဲ့ပါဘူး။ ဘာလို့ သူ ဒီလို ဖြစ်သွားရတာလဲ။ ဒါတွေအားလုံး သင်းအုပ်ဆရာမလျူ သွေးထိုးလှုံ့ဆော်လိုက်တာ မဟုတ်ဘူးလား။ ကျွန်မ အရမ်း ဒေါသထွက်မိတယ်။ သင်းအုပ်ဆရာမတစ်ယောက် အနေနဲ့ သူ ဘယ်လိုလုပ် ဒီလောက် ယုတ်မာတဲ့ အလုပ်မျိုး လုပ်နိုင်ရတာလဲ။ လူတွေကို လမ်းမှန်ပေါ်မှာ ဘုရားနောက် လိုက်ခွင့် မပေးဘဲ၊ သူ့နောက်လိုက်ပြီး သူ့ကို ချီးမြှောက်အောင် သူ လုပ်တယ်၊ သူကျတော့ အလှူငွေတွေနဲ့ သာသာယာယာဖြစ်နေတယ်။ သူက ဘယ်လောက်တောင် ယုတ်မာပြီး ရက်စက်လိုက်တဲ့ လူလဲ။ သူက လူတွေရဲ့ ဝိညာဉ်တွေကို ဝါးမျိုတဲ့ နတ်ဆိုးတစ်ကောင်ပါပဲ။ သုံးလ ဆက်တိုက် ကျွန်မ ယောကျ်ားက ကျွန်မကို စိတ်ဆိုးပြီး ကွာရှင်းဖို့ ပြဿနာ ရှာတယ်။ နောက်ဆုံးတော့ သူက ပြောတယ်၊ “ငါ မင်းကို သုံးရက် အချိန်ပေးမယ်။ ဘုရားသခင်ကို ယုံကြည်တာနဲ့ ငါတို့ မိသားစုကြားမှာ မင်း တစ်ခုကို ဆုံးဖြတ်ချက် ချရမယ်” တဲ့။ ကျွန်မ အရမ်းဝမ်းနည်းသွားပြီး တွေးမိတယ်၊ “ငါ့ယောကျ်ားက တကယ် ကွာရှင်းလိုက်ရင် ငါ ဘာလုပ်မလဲ။ ငါ အဖမ်းခံရပြီး ကလေးရဲ့ အနာဂတ်ကို ထိခိုက်သွားရင်၊ ပြီးတော့ ကလေးရော ယောကျ်ားရော နှစ်ယောက်စလုံးက ငါ့ကို မုန်းသွားရင် ငါ ဘာလုပ်မလဲ” လို့ပေါ့။ ကျွန်မ မကွာရှင်းချင်ဘူး။ ကျွန်မ မိသားစုကို လိုချင်တယ်၊ ပြီးတော့ ဘုရားသခင်ကိုလည်း ယုံကြည်ချင်တယ်။ ဒါနဲ့ ဘုရားသခင် ရှေ့တော်မှောက်ကို လာပြီး ဆုတောင်းတယ်၊ ဦးဆောင်ပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လိုက်တယ်။ ဆုတောင်းပြီးတဲ့နောက် ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “သင်တို့၏ ပင်ကိုစရိုက်၊ အစွမ်းအစ၊ သွင်ပြင်နှင့် ဝိညာဉ်အသက်တာ၊ သင်မွေးဖွားခဲ့သော သင်၏မိသားစု၊ သင်၏ အလုပ်နှင့် သင်၏ အိမ်ထောင်၊ သင်၏ဆံပင်အရောင်နှင့် အသားအရောင်၊ ပြီးလျှင် သင်မွေးဖွားသည့်အချိန်တို့ပင် အပါအဝင် သင်၏ အလုံးစုံထဲက သင် အားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားခဲ့ပေသည်။ ယနေ့ သင်တို့ကို ငါ့မျက်မှောက်တော် ထဲသို့ ခေါ်ဆောင်လာခြင်းသည် အမှန်တကယ် ငါ၏ အစီအစဉ်အားဖြင့် ဖြစ်သည်ကို မဆိုထားနှင့်ဦး၊ နေ့ရက်စဉ်တိုင်း သင်တို့လုပ်ဆောင်သော အရာများနှင့် သင်တို့ တွေ့ဆုံသောလူများကိုပင် ငါ၏လက်ဖြင့် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ကစဉ့်ကလျားဖြစ်ခြင်းထဲသို့ ခြေစုံပစ်မဝင်နှင့်။ တည်ငြိမ်စွာ သင် ရှေ့ဆက်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၄)) ကျွန်မရဲ့ ကံကြမ္မာက ဘုရားသခင် လက်ထဲမှာ ရှိသလို၊ ကျွန်မ ကလေးရဲ့ အနာဂတ်ကလည်း ဘုရားသခင် လက်ထဲမှာပဲ ရှိပါတယ်။ ကျွန်မ ယောကျ်ားကို ကျွန်မ လိုက်လျောလို့ မဖြစ်ဘူး။ သုံးရက်ပြည့်တဲ့အခါ ကျွန်မ ယောကျ်ားက အဖြေပေးဖို့ တောင်းဆိုတယ်။ ကျွန်မ သူ့ကို ပြောလိုက်တယ်၊ “လူတိုင်းရဲ့ ကံကြမ္မာကို ဘုရားသခင်က ကိုင်စွဲထားတာပါ။ ကျွန်မတို့သား ဘယ်ကျောင်းတက်ပြီး ဘယ်အလုပ် လုပ်ရမယ် ဆိုတာကအစ ဘုရားသခင် လက်ထဲမှာပဲ စီစဉ်ညွှန်ကြားထားပြီးသားပါ။ ရှင့်အနေနဲ့ ကျွန်မကို ကွာရှင်းရင်တောင်မှ ဘုရားသခင်ကို ယုံကြည်ဖို့ပဲ ကျွန်မ ရွေးချယ်ဦးမှာ” လို့ပေါ့။ ကျွန်မ ယောကျ်ားက ဒေါသတကြီးနဲ့ ပြောတယ်၊ “ကောင်းပြီလေ၊ နင့်သဘောပဲ” တဲ့။ အဲဒီနောက်ပိုင်း သူ ကွာရှင်းတဲ့အကြောင်း ထပ်မပြောတော့ဘူး။

အဲဒီနောက်မှာတော့ သင်းအုပ်ဆရာမလျူက အခြေအမြစ်မရှိတဲ့ ကောလာဟလ အမျိုးမျိုးနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ စကားတွေကို ဖြန့်ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို လက်ခံခါစ ရှိသေးပြီး ကောင်းကောင်း အမြစ်မတွယ်သေးတဲ့ ယုံကြည်သူအသစ်တွေကို နှောင့်ယှက်တယ်။ သူတို့ထဲက လေးဆယ့်ငါးယောက်လောက် စုဝေးပွဲ မတက်တော့ဘူး။ ကျွန်မနဲ့ ညီအစ်ကိုမောင်နှမတွေက ဒီလူသစ်တွေကို ရေလောင်းပြီး ပံ့ပိုးပေးဖို့ လူခွဲလိုက်ကြတယ်။ သူတို့ သမ္မာတရားကို နားလည်ပြီး စာတန်ရဲ့ လှည့်ကွက်တွေကို မြင်နိုင်အောင်လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သူတို့ကို မိတ်သဟာယပြုပေးကြတယ်၊ ဒီလိုနဲ့ လူ အယောက် ၃၀ ကျော်ကို ကျွန်မတို့ ပြန်ခေါ်လာနိုင်ခဲ့တယ်။ နိုဝင်ဘာလရဲ့ မွန်းလွဲပိုင်းတစ်ရက်၊ ညနေ ၄ နာရီမှာ ကျွန်မ အိမ်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်နေတုန်း ရဲတွေ ရုတ်တရက် ရောက်လာပြီး ကျွန်မကို ဖမ်းခေါ်သွားတယ်။ ရဲစခန်း ရောက်တော့ ညီအစ်ကိုမောင်နှမတချို့လည်း အဖမ်းခံထားရတာကို တွေ့လိုက်တယ်။ ကျွန်မနဲ့ တခြားညီအစ်ကိုမောင်နှမတွေကို သင်းအုပ်ဆရာမလျူ တိုင်လိုက်တာ ဖြစ်ကြောင်း ရဲတွေ ပြောမှပဲ ကျွန်မ သိလိုက်ရတယ်။ ရဲတွေက ကျွန်မတို့ အသင်းတော်ရဲ့ အလှူငွေတွေ ဘယ်မှာလဲ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေ ဘယ်မှာလဲ ဆိုတာကိုပဲ တရစပ် စစ်ဆေးမေးမြန်းတယ်။ ကျွန်မ ဘာမှ မပြောတော့ ရဲတွေက ကျွန်မအိမ်ကို သွားရှာဖွေကြတယ်။ ကံကောင်းတာက ကျွန်မ အဖမ်းခံရပြီးတဲ့နောက် ကျွန်မ ယောကျ်ားနဲ့ ယောက်မတို့က ဘုရားသခင် ယုံကြည်တာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အကုန်လုံးကို ရွှေ့ထားလိုက်ကြပြီလေ။ ရဲတွေက ဘာသက်သေအထောက်အထားမှ မတွေ့တာနဲ့ ကျွန်မကို အိမ်ပြန်လွှတ်ပေးလိုက်တယ်။ သင်းအုပ်ဆရာမလျူက ကျွန်မတို့ကို ဖမ်းဖို့ အစိုးရနဲ့ ဘယ်လို ပူးပေါင်းကြံစည်ခဲ့တယ် ဆိုတာကို ကျွန်မ တွေ့လိုက်ရတယ်။ ဒါဟာ သခင်ယေရှုနဲ့ တပည့်တော်တွေကို ညှဉ်းပန်းနှိပ်စက်ဖို့ ရောမအစိုးရနဲ့ ပူးပေါင်းခဲ့တဲ့ ဖာရိရှဲတွေ လုပ်ရပ်တွေနဲ့ အတိအကျ တူပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းများတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး ကျမ်းပိုဒ်များကို ရွတ်ဆိုနေကြသည့်တိုင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်သူ တစ်ဦးတစ်ယောက်မျှ ရှိဖို့ မဆိုထားနှင့်၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားမလည်ကြသည့်အပြင် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်ကို မသိကျွမ်းနိုင်ကြပေ။ ၎င်းတို့အားလုံးသည် တန်ဖိုးမရှိသော၊ ယုတ်မာသော လူများဖြစ်ကြပြီး ‘ဘုရားသခင်’ ကို ဩဝါဒခြွေရန် အထက်စီးမှ နေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမည်နာမအောက်တွင် ပြုမူဆောင်ရွက်ကြသည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်ကြသူများ၊ ဘုရားသခင်ကို ယုံကြည်သည်ဟူသော အမည်ခံထားသော်လည်း လူ၏ အသားကို စားပြီး သွေးကို သောက်ကြသူများ ဖြစ်ကြသည်။ ထိုသို့သော လူအားလုံးသည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုသော ဆိုးယုတ်သည့် နတ်ဆိုးများ၊ လူတို့ကို လမ်းကြောင်းမှန်ပေါ်သို့ မလျှောက်လှမ်းနိုင်ရန် တမင်တကာ နှောင့်ယှက်သော မကောင်းဆိုးဝါးခေါင်းဆောင်များနှင့် လူတို့ကို ဘုရားသခင်အား မရှာဖွေနိုင်ရန် ဟန့်တားသော ခလုတ်ကန်သင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် ‘ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည်’ ဟု ထင်ရသော်လည်း လူတို့ကို ဘုရားသခင်အား အတိုက်အခံလုပ်ရန် ဦးဆောင်သည့် အန္တိခရစ်များ ဖြစ်ကြောင်းကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။ ၎င်းတို့သည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုရန် ရည်စူးထားသော အသက်ရှင်သည့် နတ်ဆိုးများ ဖြစ်ကြောင်းကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်) အဲဒီတော့မှ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ အဓိပ္ပာယ်အမှန်ကို ကျွန်မ နားလည်သွားတယ်။ နေ့တိုင်း တရားဟောစင်မြင့်ပေါ်မှာရပ်ပြီး သမ္မာကျမ်းစာကို ရှင်းပြနေပေမဲ့ မှန်သော လမ်းခရီးကို လူတွေ မစူးစမ်းလေ့လာနိုင်အောင် ပိတ်ပင်နေတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ဘုရားသခင်က ဖော်ထုတ်လိုက်တာပါ။ သူတို့က အပြင်ပန်း ကြည့်ရင်တော့ ဘာသာရေး ကိုင်းရှိုင်းပြီး မေတ္တာရှိပုံရပေမဲ့ တကယ်တမ်းမှာတော့ သူတို့အားလုံးက ကြောင်သူတော်တွေပါ။ သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းဖို့အတွက် သမ္မာကျမ်းစာ အနက်ဖွင့်တာကို သူတို့ အားကိုးကြတယ်။ သခင် ပြန်ကြွလာပြီလို့ လူတွေ သက်သေခံတာကို ကြားတဲ့အခါ ရှာဖွေတာ၊ စူးစမ်းလေ့လာတာ မလုပ်တဲ့အပြင် ခေါင်းမာမာနဲ့ အတိုက်အခံလုပ်ပြီး ရှုတ်ချကြတယ်။ သူတို့ရဲ့ သိုးအုပ်ကို ကာကွယ်တယ်ဆိုပြီး မှန်သော လမ်းခရီးကို ယုံကြည်သူတွေ မစူးစမ်းလေ့လာနိုင်အောင် တားဆီးကြတယ်။ သူတို့ကိုယ်တိုင်လည်း ကောင်းကင်နိုင်ငံတော်ကို မဝင်သလို ယုံကြည်သူတွေကိုလည်း မဝင်နိုင်အောင် တားဆီးပြီး၊ လူတွေကို ဘုရားသခင်ကို အတိုက်အခံလုပ်အောင်လုပ်ပြီး သူတို့နဲ့အတူ ငရဲကျအောင် လုပ်နေကြတာပါ။ သင်းအုပ်ဆရာမလျူ လုပ်ခဲ့သမျှကို ကျွန်မ ပြန်စဉ်းစားကြည့်တယ်။ သူ နေ့တိုင်း သမ္မာကျမ်းစာထဲက စကားတွေကို အဓိပ္ပါယ်ဖွင့်ခဲ့ပေမဲ့ သခင့်စကားတွေရဲ့ အဓိပ္ပာယ်အမှန်ကို သူ နားမလည်ခဲ့ပါဘူး။ သမ္မာကျမ်းစာ စကားတွေအပေါ် သူ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သုံးပြီး လူတွေကို အထင်အမြင်မှားစေဖို့နဲ့ ဘုရားသခင်ရဲ့ အသံတော်ကို နားမထောင်နိုင်အောင် တားဆီးဖို့ပဲ လုပ်ခဲ့တယ်။ သခင် ကြွလာခြင်း ကိစ္စနဲ့ ပတ်သက်ရင် ပညာရှိ သတို့သမီးတွေ ဖြစ်ဖို့နဲ့ ဘုရားသခင်ရဲ့ အသံတော်ကို အာရုံစိုက် နားထောင်ဖို့ သခင်ယေရှုက လူတွေကို မိန့်မှာခဲ့ပေမဲ့ သင်းအုပ်ဆရာမလျူကတော့ မှန်သော လမ်းခရီးကို ယုံကြည်သူတွေ မစူးစမ်းလေ့လာနိုင်အောင် တားဆီးခဲ့တယ်။ သူ့ရဲ့ ကိုယ်ပိုင် အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကျောင်းအတွက် သူ ဒီလိုလုပ်နေတာ ရှင်းနေတာပဲ၊ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ဖို့ပါလို့ သူက ပြောနေတုန်းပဲ။ သူ့ရည်မှန်းချက် မအောင်မြင်တာ၊ ညီအစ်ကိုမောင်နှမ ပိုများများက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလာကြတာ၊ ပြီးတော့ အသင်းတော်ရဲ့ အလှူငွေတွေ နည်းသထက်နည်းလာတာကို မြင်တော့ ယုံကြည်သူတွေကို ခြိမ်းခြောက်ဖို့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို သူ သုံးခဲ့တယ်၊ ယုံကြည်သူတွေကို အထင်အမြင်မှားစေဖို့ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ စကားတွေကို ဖြန့်ခဲ့တယ်၊ ပြီးတော့ သူ့လက်ထဲမှာပဲ ထာဝရ ထိန်းချုပ်ထားဖို့ ကြိုးစားခဲ့တယ်။ တကယ် တားလို့မရတော့ဘူး ဆိုတာကို မြင်တော့ မှန်သော လမ်းခရီးကို စွန့်လွှတ်ပြီး ဧဝံဂေလိတရား ဟောတာကို ရပ်တန့်အောင် ဖိအားပေးဖို့အတွက် ကျွန်မနဲ့ ညီအစ်ကိုမောင်နှမတွေကို စီစီပီရဲ့ ဆိုးယုတ်တဲ့ ရဲတွေလက်ထဲ သူ အပ်လိုက်တယ်။ ယုံကြည်သူတွေရဲ့ အသက်တာအတွက် တာဝန်ယူဖို့၊ ယုံကြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ဆိုပြီး သင်းအုပ်ဆရာမလျူက နေ့တိုင်း အော်ဟစ်နေပေမဲ့ သူက ဒီလိုမျိုး လုပ်ခဲ့တာပါ။ သူ့ရဲ့ ပုံမှန် ပြောဆိုနေကျ သာယာတဲ့ လေသံဆိုတာက တကယ်တမ်းမှာ လူတွေကို ထိန်းချုပ်ဖို့နဲ့ လှောင်အိမ်သွင်းထားဖို့ပဲ ဆိုတာ ရှင်းနေတာပါပဲ။ ဘုရားသခင်ရဲ့ သိုးတွေကို သူပိုင်တဲ့အရာအနေနဲ့ သဘောထားခဲ့တာပါ။ သူဟာ ရှင်နေတဲ့ တစ္ဆေ၊ တခြားသူတွေကို ကောင်းကင်နိုင်ငံတော် မဝင်နိုင်အောင် တားဆီးပြီး သူတို့ရဲ့ ဝိညာဉ်တွေကို ဝါးမျိုတဲ့ ဆိုးယုတ်တဲ့ နတ်ဆိုးတစ်ကောင်ပါပဲ။ သူက တကယ့် ကြောင်သူတော် ဖာရိရှဲ၊ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ရဲ့ ရန်သူဖြစ်တဲ့ ဆိုးညစ်တဲ့ အစေခံနဲ့ အန္တိခရစ်ပါပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဖော်ထုတ်ပေးတာနဲ့ အဖြစ်မှန်တွေက ထုတ်ဖော်တာတွေသာ မရှိခဲ့ရင် ဒီသင်းအုပ်ဆရာတွေရဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ ကျွန်မအတွက် ခက်ခဲမှာပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲနဲ့ သူတို့အထင်အမြင်မှားအောင်လုပ်တာကို ခံရပြီး ပျက်စီးသွားမှာပါ။ သင်းအုပ်ဆရာမရဲ့ “ဖျော်ဖြေတင်ဆက်မှု” က ကျွန်မရဲ့ ပိုင်းခြားသိမြင်မှုကို တိုးတက်စေဖို့ တကယ်ပဲ ကူညီပေးခဲ့တာပါ။ ဘုရားသခင်က တကယ်ကို ဉာဏ်ပညာ ကြီးမားလိုက်တာ။ ဒီဖမ်းဆီးခံရမှုက သင်းအုပ်ဆရာမလျူက ကြောင်သူတော်တစ်ယောက်ဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တယ်ဆိုတဲ့ မျက်နှာဖုံးကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရစေခဲ့တယ်။ သင်းအုပ်ဆရာရဲ့ နှောင့်ယှက်တာ၊ တားဆီးတာနဲ့ အထင်အမြင်မှားအောင်လုပ်ဖို့ဖို့ ကြိုးစားတာတွေ အများကြီးကို ကျော်လွှားနိုင်အောင် ကျွန်မကို ခွင့်ပြုပေးခဲ့တာက ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

နောက်တစ်ခုသို့- ခက်ခဲသည့် ဆုံးဖြတ်ချက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

ဆူးချုံရိုင်းအလယ်တွင် ပေါက်ခဲ့သည့် မြက်ပင်လေးတစ်ခု

ရီရှင်း၊ စင်္ကာပူနိုင်ငံ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မက ဖေ့ဘွတ်စ်မှတစ်ဆင့် အနန္တတန်ခိုးတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်ကိုလင်းနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။