လမ်းမှန်ကို လက်ခံရာတွင် အတားအဆီး အလွန်များရသည့် အကြောင်းအရင်း

16.12.2022

ဂျိုစီလင် အီကွေဒေါ

၂၀၀၈ မှာ ကျွန်မက ကျွန်မအမေနဲ့အတူ သခင့်ကို ယုံကြည်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဒေသခံအသင်းတော်မှာ စုဝေးပွဲတွေကို စတက်တယ်။ နောက်ပိုင်းတော့ ကျွန်မက သင်းထောက်တောင် ဖြစ်လာတယ်။ စုဝေးပွဲရှိတိုင်းမှာ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို အမြဲတမ်း ပိုပြီးဖတ်ချင်တယ်။ ဘုရားအလိုတော်ကို ပိုပြီးနားလည်ချင်တယ်။ ဒါပေမဲ့ အချိန်ကြာလာတော့ ကျွန်မက သင်းအုပ်ဆရာရဲ့ တရားဒေသနာတွေရဲ့ ပံ့ပိုးခြင်းမခံရဘူးဆိုတာ သတိထားမိလာတယ်။ စုဝေးပွဲတွေမှာ မပျော်တော့ဘဲ စိတ်ထဲမှာ ဗလာဖြစ်လာတယ်။ ၂၀၂၀ ဇွန်လမှာ ဆက်ပြီးပညာသင်ဖို့အတွက် ကျမ်းစာကျောင်းတစ်ခုကို ကျွန်မ အပ်တဲ့အချိန်မှာပဲ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတစ်ယောက်ဖြစ်တဲ့ အစ်မဂါစီယာနဲ့ အွန်လိုင်းမှာ တွေ့တယ်။ သူက ကျွန်မနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိဝေမျှပြီး စုဝေးတဲ့ အဖွဲ့တစ်ခုဆီဝင်ပါဖို့ ကျွန်မကို ဖိတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ အများကြီး ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဩဇာအာဏာရှိပြီး အစွမ်းထက်တာ၊ ဘုရားရဲ့ အသံတော်ဖြစ်တာကို မြင်သွားပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မတို့ တစ်လျှောက်လုံး စောင့်နေခဲ့တဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ သေချာသွားတယ်။ ကျွန်မ အရမ်း စိတ်လှုပ်ရှားပြီး ငိုမိတယ်။ သခင် ပြန်ကြွလာတာကို ကြိုဆိုနိုငပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်တာ အရမ်းကံကောင်းတယ်လို့ ခံစားမိတယ်။

အဲဒီနောက်တော့ ကျွန်မက ကျွန်မညီအစ်ကိုမောင်နှမတွေကို သခင်ပြန်ကြွလာတာကို ဖြစ်နိုင်သမျှ အမြန်ဆုံး သိစေချင်တယ်။ အိန်ဂျယ်က ကျွန်မတို့အသင်းတော်ရဲ့ တရားဟောသူဖြစ်တယ်၊ ကြင်နာပြီး တာဝန်ယူတတ်တယ် ကျွန်မတို့ကို ခဏခဏကူညီတယ်ဆိုတာ ကျွန်မ သိတော့ သခင်ပြန်ကြွလာခြင်းသတင်းနဲ့ သူ့ဆီကို ကျွန်မ အရင်သွားချင်တယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မနားလည်မှုကို မိတ်သဟာယပြုရင်းနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သူနဲ့ ဝေမျှချင်တယ်။ ကျွန်မ အံ့ဩသွားရတာက အိန်ဂျယ်က ကျွန်မကို ချက်ချင်း ကြားဖြတ်ပြောတယ်။ “ဒါ မဖြစ်နိုင်ဘူး။ ကျမ်းစာက ဘုရားနှုတ်ကပတ်တော်ပါတဲ့ တစ်ခုတည်းသောနေရာပဲ။ ဘုရားနှုတ်ကပတ်တော်က ကျမ်းစာပြင်ပမှာ ပေါ်လာဖို့ မဖြစ်နိုင်ဘူး။ ကျမ်းစာမှာ မတွေ့ရတဲ့ အကြောင်းအရာတွေကို ဖတ်တာက သခင့်ကို သစ္စာဖောက်တာပဲ” ဆိုပြီး ပြောတယ်။ ကျွန်မက အမြန် ပြန်ပြောတယ်။ “ဒါက ဘယ်လိုလုပ်ပြီး သခင့်ကို သစ္စာဖောက်တာ ဖြစ်နိုင်မှာလဲ။ အစ်ကိုက ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို နည်းနည်းလေးမှ နားမလည်သေးဘူးဆိုတော့ အနည်းဆုံးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားအသံတော်ဖြစ်သလားဆိုတာ ကြည့်ဖို့ စုံစမ်းကြည့်သင့်တယ်။ ပြီးမှ ဆုံးဖြတ်ချက်ချလို့ရတယ်” ပေါ့။ ဒါပေမဲ့ သူက ထပ်ပြီး ကြားဖြတ်ပြီးတော့ မောက်မောက်မာမာနဲ့ ပြန်ပြောတယ်။ “စုံစမ်းဖို့မလိုဘူး။ တရားဒေသနာနားထောင်ချင်ရင် ကျွန်တော်ပြောတာသာ နားထောင်။ အစ်မ သတိရရမယ်။ ဘာပဲဖြစ်ပါစေ ကျမ်းစာကလွဲပြီး တခြားစာအုပ်တွေ မဖတ်နဲ့။ ကျမ်းစာကနေ ထွက်ခွာတာက သခင့်ကို သစ္စာဖောက်တာပဲ” တဲ့။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်အပေါ် သူ့သဘောထားကြောင့် ကျွန်မ အံ့ဩပြီး ခေါင်းရှုပ်သွားတယ်။ “အရင်တုန်းက ငါတို့က ပညာရှိ သတို့သမီးတွေ ဖြစ်သင့်တယ်၊ သခင့်ကို ရိုးရှင်းတဲ့ စိတ်နဲ့ စောင့်သင့်တယ်၊ မဟုတ်ရင် သခင်ပြန်ကြွလာတာနဲ့ လွဲချော်သွားနိုင်တယ်ဆိုပြီး သူက ငါတို့ကို အမြဲတမ်းပြောတယ်။ အခု သခင်က ပြန်ကြွလာပြီးပြီ။ ဒါဆို ဘာလို့ သူက ရှာဖွေစုံစမ်းချင်စိတ်မရှိတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားမထောင်နဲ့လို့တောင် ဘာလို့ တောင်းဆိုတာလဲ။ သူက သခင်ပြန်ကြွလာတာကို မကြိုဆိုချင်ဘူးလား” ပေါ့။ ဘာလို့ သူက ဒီလို သဘောထားမျိုးရှိတယ်ဆိုတာကို ကျွန်မ နားမလည်ခဲ့ဘူး။ သူ ပြောတာကိုလည်း ကျွန်မ စဉ်းစားမိတယ်။ “ကျမ်းစာက ဘုရားနှုတ်ကပတ်တော်အားလုံး ပါဝင်တယ်။ ကျမ်းစာအပြင်မှာ ဘုရားနှုတ်ကပတ်တော်က မပေါ်ဘူး။ ကျမ်းစာကနေ သွေဖည်တာက သခင့်ကို သစ္စာဖောက်တာပဲ” တဲ့။ ကျွန်မကအနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခြင်းအားဖြင့် သခင့်ကို ကြိုဆိုနေတာဖြစ်တယ်၊ သစ္စာဖောက်တာမဟုတ်ဘူးဆိုတာ သိပေမဲ့ သူပြောတာကို ကျွန်မ ခေါင်းရှုပ်နေတုန်းပဲ။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်အပိုဒ်နည်းနည်းဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေဆီက မိတ်သဟာယကို နားထောင်တယ်။ အဲဒါနဲ့ ကျွန်မ ခေါင်းရှုပ်နေတာက ပြေလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)) “အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) “သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံးဝ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)) ညီအစ်ကိုမောင်နှမတွေက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီးတော့ ကျမ်းစာက ဘုရားရဲ့ အရင်လုပ်ဆောင်မှုရဲ့ သမိုင်းမှတ်တမ်းတစ်ခုသက်သက်ပဲ လို့ ပြောတာကို ကျွန်မ သတိရတယ်။ ကျမ်းစာက ဘုရားအမှုတော်ကို ရေးသားမှတ်တမ်းတင်ထားတာတွေကို စုစည်းထားတာပဲ။ လူတွေက ဒါကို စုစည်းပြီး တည်းဖြတ်ထားတာကို ကြည့်ရင် မလွှဲမရှောင်သာ တချို့ဟာတွေကို ရွေးပြီး တခြားဟာတွေကိုတော့ ဖြတ်တောက်ပစ်ခဲ့တယ်။ လျစ်လျူရှုခဲ့တယ်။ ကျမ်းစာထဲမှာ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ကို စုစည်းပြီး မှတ်တမ်းတင်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။ တမန်တော်ရှင်ယောဟန်ပြောခဲ့သလိုပဲ။ “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) ဒါဟာ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်က အရမ်းနည်းတယ်ဆိုတာ ပြတာပဲ။ ဘုရားသခင်က ဖန်ဆင်းခြင်းသခင်ဖြစ်ပြီး လူသားအသက်ရဲ့ အရင်းအမြစ်ပါ။ နှစ်ထောင်ချီပြီးတော့ ဘုရားသခင်က အလုပ်လုပ်ပြီး စကားပြောခဲ့တယ်။ အဆုံးမရှိတဲ့ ရေစီးကြောင်းထဲမှာ လူသားမျိုးနွယ်က လိုအပ်တာတွေကို ပံ့ပိုးပေးခဲ့တယ်။ လူသားမျိုးနွယ်ကို ရှေ့ဆက်ဖို့ လမ်းပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက အဆုံးမရှိ စီးဆင်းနေတဲ့ သက်စမ်းရေလိုပါပဲ။ ဒါဆို ဘယ်လိုလုပ်ပြီး ကျမ်းစာထဲမှာ ဘုရားနှုတ်ကပတ်တော်အားလုံး ပါနိုင်မှာလဲ။ ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိတယ်။ သူက ဥပုသ်နေ့ရဲ့ သခင်တင်မဟုတ်ဘဲ ကျမ်းစာရဲ့သခင်လည်းဖြစ်တယ်။ သူက သူ့အမှုကို ကျမ်းစာနဲ့အညီ မလုပ်သလို ကျမ်းစာက ကန့်သတ်ထားတာကိုလည်း မခံရဘူး။ ကျမ်းစာကို ကျော်လွန်ဖို့၊ သူ့ရဲ့ ကိုယ်ပိုင်အစီအစဉ်တွေနဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ ပိုပြီးအသစ်ဖြစ်တဲ့ အမှုကို ပြုပြီး နောက်ထပ် သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ထုတ်ဖော်ပြောဖို့ သူ့မှာ အာဏာ အပြည့်အဝရှိပါတယ်။ ဥပမာ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ဓမ္မဟောင်းကျမ်းမှတ်တမ်းထဲမှာ ပညတ်တော်ခေတ်မှာ လုပ်ခဲ့တဲ့ပုံစံအတိုင်း သူ့အမှုတော်ကို မလုပ်ခဲ့ဘူး။ ပိုသစ်တဲ့၊ ပိုမြှင့်တဲ့အမှုကို ပြုခဲ့တယ်။ နောင်တလမ်းကို ဖော်ပြပြီး ကားစင်တင်ခံခြင်းအမှုကို ပြုခဲ့တယ်။ လူသားမျိုးနွယ်ရဲ့ အပြစ်ကို ရွေးနုတ်ခဲ့တယ်။ ဒါကြောင့် လူတွေက ပညတ်တော်ကြောင့် ရှုတ်ချခံရပြီး သေခြင်းပြစ်ဒဏ်ကို ခံရတာ မဖြစ်တော့ဘဲ ဆက်ပြီး အသက်ရှင်နိုင်တယ်။ အခု ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့အမှုကို ပြုဖို့ ကြွလာတော့ ကျမ်းစာမှာ မှတ်တမ်းတင်ထားသလို သူ့အရင်အလုပ်ကို ထပ်မလုပ်တော့ဘဲ နှုတ်ကပတ်တော်အသစ်တွေ ဖော်ပြပြီး အမှုသစ်ကို ပြုတယ်။ သခင်ယေရှု ပရောဖက် ပြုခဲ့သလိုပေါ့။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) နောက်ဆုံးသောကာလမှာ သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့တယ်။ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုတယ်။ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ လူသားမျိုးနွယ်ကို အပြစ်ရဲ့ ချည်နှောင်မှုကနေ အပြည့်အဝလွတ်မြောက်ခွင့် သန့်စင်ပြီး စုံလင်ခြင်းခံရပြီး ဘုရားနိုင်ငံတော်ထဲကို ဝင်ရတဲ့အခွင့်ကိုပေးပါတယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသူအားလုံးက ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ ပံ့ပိုးခြင်းကို ရကြပြီး သိုးသူငယ်ရဲ့ မင်္ဂလာညစာစားပွဲကို တက်ရောက်ကြရတယ်။ ဒါတွေက ဗျာဒိတ်ကျမ်းက ဖော်ပြခဲ့သလိုပဲ။ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) သူတို့တွေက သိုးသူငယ်ရဲ့ ခြေလှမ်းတွေနောက်လိုက်ပြီး သခင့်ကို သစ္စာဖောက်နေတာမဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါကြောင့် “ဘုရားသခင် ပြောခဲ့သမျှ၊ လုပ်ခဲ့သမျှတွေကိုကျမ်းစာမှာ မှတ်တမ်းတင်ထားပြီး ကျမ်းစာကို သွေဖည်တာက ဘုရားကို သစ္စာဖောက်တာပဲ ဆိုတဲ့ ဒီအယူအဆက” အတွေးမှားတစ်ခုဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့၊ အချက်အလက်တွေနဲ့ မကိုက်ညီဘူး။ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ ကျွန်မ ပိုပြီး ရှင်းလင်းသွားတယ်။ အိန်ဂျယ်ရဲ့ လွဲမှားနေတဲ့ မှတ်ချက်တွေကို မြင်သွားတယ်။

အဲဒီနောက်မှာ ကျွန်မရဲ့ နဂိုအသင်းတော်က အစ်မတစ်ယောက်နဲ့ ကျွန်မ ဧဝံဂေလိ မျှဝေဖို့ သွားလိုက်တယ်။ ကျွန်မ အံ့ဩရတာက အိန်ဂျယ်က ဒီအကြောင်းကို ကြားတော့ အဲဒီအစ်မကို သွားနှောင့်ယှက်တယ်။ ဧဝံဂေလိကို တခြားအဖွဲ့ဝင်တွေ လက်မခံအောင် သေချာလုပ်တယ်။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချပြီး ပုတ်ခတ်စော်ကားတယ်။ တခြားဂိုဏ်းကွဲတစ်ခုကို ဝင်တာကြောင့် ကျွန်မ သခင့်ကို သစ္စာဖောက်တယ်လို့ပြောတယ်။ သူနဲ့ သင်းအုပ်ဆရာက အသင်းတော်မှာလည်း ကျွန်မအကြောင်း ကောလာဟလတွေ ဖြန့်တယ်။ ကျွန်မက ချစ်သူအသစ်ရလို့ စုဝေးပွဲတွေ မတက်တော့ဘူး၊ သခင့်ကို တကယ် ယုံကြည်ခြင်းမရှိဘူး အသင်းတော်က တခြားအသင်းသားတွေက ကျွန်မကို ရှောင်သင့်တယ်ဆိုပြီး ပြောတယ်။ လူတိုင်းက ဒီကောလာဟလတွေကို ကြားတော့ ကျွန်မကို အထင်သေးပြီး စရှောင်လာကြတယ်။ တချို့ကဆိုရင် ကျွန်မက ငကြောင်တစ်မျိုးမျိုးဖြစ်နေသလိုမျိုး တစ်မျိုးကြီးကြည့်ကြတယ်။ သုံးလေးရက်လောက်ပဲကြာပြီးတော့ သင်းအုပ်ဆရာက ကျွန်မ မိဘတွေနဲ့တွေ့ပြီး ကျွန်မက လမ်းမှားလိုက်သွားပြီး စုဝေးပွဲတွေမတက်တော့ဘူးဆိုတာ ပြောတယ်။ ကျွန်မကို စောင့်ကြည့်ပြီးတော့ ဘယ်ကိုမှ သွားခွင့်မပြုဖို့ကိုလည်း ကျွန်မအမေကို ပြောတယ်။ ဒါတွေအားလုံး တစ်ခါတည်းဖြစ်သွားတော့ ကျွန်မ စိတ်ပဲညစ်မိတယ်။ ကျွန်မ လုံးဝ စိတ်လွတ်သွားတော့မလို ထင်မိတယ်။ သူတို့က ကျွန်မကို ဘာလို့ ဒီလိုဆက်ဆံတယ်ဆိုတာ ကျွန်မ နားမလည်ဘူးလေ။ ကျွန်မလုပ်တာက သခင်ကြွလာခြင်းအကြောင်းကို သူတို့ကို သက်သေခံတာပဲရှိတယ်။ ပြီးတော့ သူတို့က ကျွန်မကို သိက္ခာချဖို့ ဒီကောလာဟလတွေအကုန် လုပ်ကြံပြောတယ်။ ကျွန်မမိဘတွေကိုတောင် ကျွန်မကို ဖိနှိပ်ဖို့ တိုက်တွန်းကြတယ်။ ဒါတွေအားလုံးက ကျွန်မအတွက် နှလုံးသားကို ထိုးတဲ့ ဓားတစ်ချောင်းလို ခံစားရပြီး မခံနိုင်အောင်ကို ဒုက္ခခံရတယ်။ ကျွန်မ မျက်လုံးမှာ မျက်ရည်တွေနဲ့အတူ ဘုရားကို ဆုတောင်းပြီး အကူအညီတောင်းခံတာပေါ့။ အစ်မတစ်ယောက်က ကျွန်မ အခြေအနေအကြောင်း ကြားတော့ သူက ဘုရားနှုတ်ကပတ်တော်တွေ အများကြီးကို ကျွန်မနဲ့ မျှဝေပြီး တော်တော် အားပေးပါတယ်။

ဒီလိုပြောထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ရတယ်။ “ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်- ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။...လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) အဲဒီအစ်မနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့ခြင်းကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ သခင်ယေရှုက သူ့အမှုတော်ကို လုပ်ဖို့ ကြွလာတဲ့အခါမှာ ဗိမာန်တော်မှာ ယေဟောဝါဘုရားသခင်ကို ကိုးကွယ်တဲ့ ဖာရိရှဲတွေက သခင်ယေရှုဟာ အာဏာရှိပြီး အစွမ်းရှိတယ်ဆိုတာကို သေချာသိတယ်။ ဒါပေမဲ့ သူတို့က ရှာဖွေစုံစမ်းဖို့ ပျက်ကွက်ရုံတင်မကဘဲ သူ့ကို ကြမ်းကြမ်းတမ်းတမ်း အာခံရှုတ်ချတယ်။ နတ်ဆိုးနှင်ထုတ်ဖို့အတွက် ဗေဇလေဗုလရဲ့ အစွမ်းကို အသုံးပြုတယ်လို့ မှားယွင်းပြောဆိုတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပုတ်ခတ်ပြီး ဘုရားသခင်က ကျိန်ဆဲခြင်း၊ အပြစ်ပေးခြင်းကို ခံရတယ်။ ဖာရိရှဲတွေက သူတို့ဘာသာပဲ သခင့်ကို ပုတ်ခတ်ပြီး ရှုတ်ချတာမဟုတ်ဘူး။ ယုံကြည်သူတွေကိုလည်း သူ့ကို အာခံအောင် လှည့်စားတယ်။ ဒါကြောင့် သူတို့တွေလည်း ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးသွားပြီး ဖာရိရှဲတွေနဲ့အတူ လိုက်သေရမယ့်သူတွေ ဖြစ်သွားကြတယ်။ အဲဒီအချိန်တုန်းက သခင်ယေရှုက ဖာရိရှဲတွေကို ကျိန်ဆဲခဲ့ပုံကို ကျွန်မ စဉ်းစားမိတယ်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) ပြီးတော့ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) ဖာရိရှဲတွေက ဘုရားကို အာခံတဲ့ အန္တိခရစ်တွေဖြစ်တယ်ဆိုတာ သခင့်နှုတ်ကပတ်တော်ကတစ်ဆင့် မြင်နိုင်ပါတယ်။ သူတို့က ကြင်နာဟန်ဆောင်ကြတယ်။ ဒါပေမဲ့ တကယ်တော့ သမ္မာတရားကို မုန်းပြီး ဘုရားကို သူတို့ရန်သူအဖြစ် မှတ်ယူတယ်။ သူတို့တွေက ဝိညာဉ်တွေကို ဝါးမျိုပြီး လူတွေကို ငရဲကို ဖြားယောင်းခေါ်ဆောင်တဲ့ မကောင်းဆိုးဝါးတွေပဲ။ ဖာရိရှဲတွေရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကို အခြေခံပြီး သခင်ယေရှုက သူတို့ကို “အမင်္ဂလာ” ခုနစ်ပါးနဲ့ ဝေဖန်တယ်။ ဒါကိုကြည့်ရင် ဘုရားရဲ့ စိတ်သဘောထားက ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတာကို မြင်နိုင်ပါတယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့ အမှုကို ပြုဖို့ ကြွလာခဲ့တယ်။ သူဟာ လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်ဖို့ လိုတဲ့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့တယ်။ အောင်မြင်သူ လူတစ်စုကို ပြလုပ်ခဲ့တယ်။ ဘာသာရေးလောကကို လှုပ်ခတ်စေခဲ့တယ်။ ဘုရားသခင်က ဒီလို ကြီးမားတဲ့အမှုကို ပြုနေပေမဲ့ ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာ၊ တရားဟောဆရာတွေက ဒါကို ရှာဖွေစုံစမ်းခြင်းမရှိရုံမကဘဲ ကောလာဟလတွေဖြန့်ပြီး ယုံကြည်သူတွေ လမ်းမှန်ကို စုံစမ်းတာကို တားဆီးဖို့အတွက် အရမ်းကြိုးစားကြတယ်။ သူတို့က ဖာရိရှဲတွေလိုပဲ သူတို့ သဘာဝနဲ့ အနှစ်သာရက သမ္မာတရားကို မုန်းတီးပြီး ဘုရားကို ဆန့်ကျင်ခြင်းဖြစ်တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူတစ်ယောက်ချင်းစီကို အမျိုးအစားအလိုက် ခွဲခြားတဲ့ အလုပ်ကို လုပ်တယ်။ အယောင်ဆောင် ယုံကြည်သူတွေကို ဖော်ထုတ်ပြီး အမှန်တကယ် ယုံကြည်သူတွေကို ခွဲခြားသတ်မှတ်တယ်။ ဘုရားကို ယုံကြည်တယ်လို့ ဆိုပေမဲ့ သမ္မာတရားနဲ့ လူ့ဇာတိခံ ဘုရားသခင်ကို လက်မခံသူတွေက တကယ့် ယုံကြည်သူတွေမဟုတ်ဘူး။ နောက်ဆုံးကျရင် ထုတ်ပယ်ခြင်းခံရမယ်။ ဖွင့်ထားတဲ့ စိတ်နဲ့ သမ္မာတရားကို ရှာပြီး ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသူတွေကသာ ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရဖို့ အခွင့်အရေးကို ရလိမ့်မယ်။ အိန်ဂျယ်က ကြင်နာပြီး နှိမ့်ချတဲ့၊ ကူညီတတ်တဲ့သူဖြစ်တဲ့ပုံစံရှိတယ်။ ဒါပေမဲ့ သခင်ပြန်ကြွလာတာကို သူကြားတော့ လုံးဝ ရှာဖွေစုံစမ်းတာ မလုပ်ဘူး။ ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ဝေဖန် ရှုတ်ချတယ်။ ကောလာဟလတွေတောင်ဖြန့်ပြီး တခြားယုံကြည်သူတွေကို လမ်းမှန်ကို မစုံစမ်းအောင် တားဆီးတယ်။ သူက ဘုရားအပေါ် ကြောက်ရွံ့ခြင်း နည်းနည်းလေးမှ မရှိပါဘူး။ သူက သခင့်ကို ယုံကြည်ပြီး အစေခံနေပေမဲ့ သူ့အနှစ်သာရက သမ္မာတရားကို မုန်းတီးပြီး ဘုရားကို ဆန့်ကျင်နေတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ သူနဲ့ အရင်တုန်းက ဘုရားကို အာခံတဲ့ ဖာရိရှဲတွေနဲ့ ဘာမှမကွာပါဘူး။ ဒါတွေအားလုံးကို သဘောပေါက်သွားတော့ အိန်ဂျယ်နဲ့ ဘာသာရေးလောကက ခေါင်းဆောင်တွေအကြောင်း နည်းနည်းသိလာတယ်။ ဘာလို့ သူတို့က ဒီလိုပြုမူတာလဲဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာတယ်။ နောက်တော့ ကျွန်မ အရမ်းကြီး စိတ်မညစ်တော့ဘူး။

အဲဒီနောက်တော့ ကျွန်မက အသင်းတော်မှာ တာဝန်တစ်ခုစပြီး ထမ်းဆောင်တယ်။ စုဝေးပွဲတွေတက်ပြီး သူများတွေနဲ့ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ဖတ်တယ်။ တော်တော် အဆင်ပြေတယ်။ ဒါပေမဲ့ သင်းအုပ်ဆရာနဲ့ တရားဟောဆရာက ဖြန့်တဲ့ ကောလာဟလတွေကို ကျွန်မမိဘတွေ ကြားတော့ သူတို့က ကျွန်မကို စိတ်ဆိုးပြီး ဆူတယ်။ ကျွန်မကို အရင်အသင်းတော်ကို အတင်းပြန်သွားခိုင်းပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို တားမြစ်တယ်။ ကျွန်မ မိဘတွေက နှောင့်ယှက်တားဆီးတာတွေကြောင့် ကျွန်မ တာဝန်ကို ပုံမှန် မလုပ်နိုင်ဘူး။ စုဝေးပွဲတွေ တောင် မတက်နိုင်ဘူး။ တစ်နေ့မှာ ကျွန်မက တခြားညီအစ်ကိုမောင်နှမတွေနဲ့ အွန်လိုင်း စုဝေးပွဲတက်နေတာကို ကျွန်မအဖေက မိသွားတယ်။ သူက အရမ်းစိတ်ဆိုးပြီး ကျွန်မကို ရိုက်တော့မလိုလုပ်တယ်။ ကံကောင်းတော့ ကျွန်မအမေဝင်လာပြီး သူ့ကို အချိန်မီတားလိုက်တယ်။ အဲဒီနောက်တော့ ကျွန်မ မိဘတွေက ပိုပြီးတော့တောင် တင်းကျပ်လာတယ်။ ကျွန်မကို အိမ်ထဲမှာ ပိတ်ထားပြီး ထွက်ခွင့်မပေးဘူး။ အဲဒါနဲ့ စုဝေးပွဲတွေကို ကျွန်မ တက်လို့မရတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မအတွက် များလွန်းတယ်။ ကျွန်မ အားနည်းပြီး တာဝန်ထမ်းဆောင်ဖို့ ယုံကြည်မှုမရှိတော့ဘူး။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ ဆုတောင်းတယ်။ အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့သွားတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်သွားတယ်။ လက်ရှိအခြေအနေမှာ ကျွန်မမိဘတွေက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို မလိုက်ဖို့ တားဆီးနေတဲပုံစံရှိပေမဲ့ နောက်ကွယ်မှာတော့ အနှောင့်အယှက်လုပ်နေတာက စာတန်ပဲ။ ဒါက ဝိညာဉ်ရေးတိုက်ပွဲတစ်ခုပဲ။ ဘုရားသခင်က ကျွန်မတို့ကို ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးမှုကို ချိုးဖျက်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းခံရတဲ့ အခွင့်ကိုရဖို့ နောက်ဆုံးသောကာလမှာ သမ္မာတရား များစွာကို ဖော်ပြခဲ့တယ်။ ဒါပေမဲ့ စာတန်က ကျွန်မကို ဘုရားရဲ့ ကယ်တင်ခြင်း မခံရစေချင်ဘူး။ ဒါကြောင့် စာတန်က ကျွန်မကို တိုက်ခိုက်ဖို့၊ ဘုရားကို ယုံပြီး တာဝန်ထမ်းဆောင်တာကို တားဆီးဖို့အတွက် ကျွန်မ မိဘတွေကို အသုံးပြုတယ်။ စာတန်က ကျွန်မကို ကယ်တင်ခံရဖို့ အခွင့်အရေးကို လုံးဝ ဆုံးရှုံးပြီး သူနဲ့အတူ ငရဲကျစေချင်တာပါ။ စာတန်က တကယ်ကို အရမ်းအန္တရာယ်များပြီး ကောက်ကျစ်ပါတယ်။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် နောက်လိုက်တာကို ရပ်လိုက်ရင် စာတန်ရဲ့ အန္တရာယ်များတဲ့ ကြံစည်မှုထဲကိုပဲ ကျသွားမှာမဟုတ်ဘူးလား။

နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်သွားတယ်။ သင်းအုပ်ဆရာရဲ့ ဖိနှိပ်မှုနဲ့ မိဘတွေရဲ့ တားဆီးမှုကြောင့် ကျွန်မ နည်းနည်း ဒုက္ခခံရပေမဲ့ ဘုရားသခင်က ကျွန်မယုံကြည်ခြင်းကို စုံလင်စေဖို့အတွက် ဒီအခြေအနေကို ဖြစ်ခွင့်ပြုခဲ့တာပဲ။ ဒါက ဘုရားရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်ပဲ။ ဒါပေမဲ့ ကျွန်မက ဆင်းရဲဒုက္ခအနည်းငယ်ကြောင့်အတွက်နဲ့ အားနည်းပြီး တာဝန်ကို စွန့်ပစ်ဖို့ အသင့်ဖြစ်နေတယ်။ ကျွန်မက သမ္မာတရားကို ရဖို့အတွက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ စိတ်အားမရှိဘူးဆိုတာ သဘောပေါက်သွားတယ်။ ဘုရားအပေါ် ရိုးသားတဲ့ သဘောထားမရှိခဲ့ဘူး။ ကျွန်မ ဝိညာဉ်ရင့်ကျက်မှုက အရမ်းငယ်နေသေးတယ်။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားလည်လာပြီး မတက်မကြွဖြစ်တာ၊ စိတ်ညစ်တာ မခံစားရတော့ဘူး။ ယုံကြည်ခြင်းနဲ့ ခွန်အားကိုလည်း ခံစားမိပြီး အခြေအနေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ ဖိနှိပ်မှုကို ရင်ဆိုင်ရတဲ့အခါမှာ ခိုင်မာစွာ ရပ်တည်ဖို့ ဘုရားကို အမှီပြုပြီးတော့ပေါ့။ နောက်ပိုင်းမှာ ဘုရားကို ကျွန်မ ခဏခဏ ဆုတောင်းတယ်။ ကျွန်မ ယုံကြည်ခြင်းကို ခိုင်မာစေဖို့ ဘုရားနှုတ်ကပတ်တော်ဖတ်တယ်။ ဆက်ပြီးတော့ စုဝေးပြီး တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ကျွန်မကို ကူညီလမ်းဖွင့်ပေးဖို့ ဘုရားကို ဆုတောင်းတယ်။

အဲဒီနောက်တော့ အိန်ဂျယ်နဲ့ တခြားလူတွေက ကျွန်မအကြောင်းကို ဖြန့်တဲ့ ကောလာဟလတွေက ကျွန်မ မိဘတွေအပေါ် သက်ရောက်လာတယ်။ အဲဒါနဲ့ ကောလာဟလတွေရဲ့ လွှမ်းမိုးမှုကို မခံရအောင်လို့ မိဘတွေက ကျွန်မကို အဘွားနဲ့ သွားနေခိုင်းတယ်။ အဲဒီမှာ ကျွန်မက အင်တာနက်ကနေ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်နိုင်ခဲ့တယ်။ နောက်တစ်ခါ စုဝေးပြီး တာဝန်တွေ ထမ်းဆောင်လာနိုင်ခဲ့တယ်။ ကျွန်မ မိဘတွေသိသွားတော့ စိတ်ဆိုးကြတယ်။ ဒါပေမဲ့ ကျွန်မက သူတို့လွှမ်းမိုးတာ မခံဘူး။ သူတို့ကို ပြတ်ပြတ်သားသားပြောလိုက်တယ်။ “သခင့်ကို ယုံကြည်တာမှာ သမီးရဲ့ အကြီးဆုံး မျှော်လင့်ချက်က သူ ပြန်ကြွလာတာကို ကြိုဆိုဖို့ပဲ။ အခု သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီ။ ဒါကြောင့် အဖေ၊ အမေတို့က နားမလည်ရင်တောင် သမီးက အနန္တတန်ခိုးရှင် ဘုရားသခင် နောက်ကို အဆုံးထိ လိုက်ဦးမှာပဲ။ သမီးကို ဆက်ပြီး တားနေသေးရင် ဒီမိသားစုကနေ ထွက်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး” ဆိုပြီးတော့။ ကျွန်မက ဘယ်လောက်ခိုင်မာနေတယ်ဆိုတာ မြင်တော့ မိဘတွေက ဒီကိစ္စကို တခြားဘာမှ မပြောတော့ဘူး။ အဲဒီကစပြီး သူတို့တွေက ခဏခဏ ညည်းညူပေမဲ့၊ ကျွန်မတာဝန်မှာ ကျွန်မကို နှောင့်ယှက်ဖို့ ကြိုးစားပေမဲ့ သူတို့တွေကြောင့် စိတ်မကျဉ်းကျပ်တော့ဘဲ ကိုယ့်တာဝန်ကို လုပ်ဖို့ စိတ်ခိုင်မာလာတယ်။ သင်းအုပ်ဆရာနဲ့ မိသားစုရဲ့ ထပ်ခါထပ်ခါ ဖိနှိပ်မှုနဲ့ တားဆီးမှုကို ကြုံရပြီး နည်းနည်း ဒုက္ခခံခဲ့ရပေမဲ့ သမ္မာတရားတချို့ကို နားလည်လာတယ်။ ပိုင်းခြားသိမြင်မှုရှိလာပြီး ဘုရားအပေါ် ယုံကြည်ခြင်းက ပိုလေးနက်လာတယ်။ နောင်မှာ ဘာအခြေအနေတွေကိုပဲ ကြုံရပါစေ ဖြတ်သန်းဖို့အတွက် ဘုရားကို အမှီပြုဖို့ ကျွန်မ အသင့်ဖြစ်နေခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိတာဝန်တွင် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမှန်း ကျွန်မ အခု သိပါပြီ

၂၀၁၉ နိုဝင်ဘာလတုန်းကပါ။ ကျွန်မက အစ်မကျိုးနဲ့အတူ ခေါင်းဆောင်ပိုင်းတာဝန်တွေ လုပ်နေတာ။ အလုပ်ကို ပိုကောင်းအောင်၊ ပိုပြီး ထိထိရောက်ရောက်...

လူ့အကြိုက်လိုက်သူများ၏ နောက်ကွယ်က လက်တွေ့အရှိတရား

စုကြယ် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျွန်မနဲ့ အရင်က အတူအလုပ်လုပ်ခဲ့ဖူးတဲ့ ဝမ်လီနဲ့တွဲပြီး ရုပ်ပုံဒီဇိုင်းရေးဆွဲတဲ့အဖွဲ့ကို...

သတိထား အန္တိခရစ်တွေက သင့်အနားမှာရှိနေတယ်

ထရီ အာဂျင်တီးနားနိုင်ငံ ၂၀၂၁၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင်...

သူများတွေကို သင်ပေးတဲ့အခါ ဘာကြောင့် ကျွန်မက ဆရာစားချန်တာလဲ

၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးလုပ်တယ်။ ဒါ တကယ် အရေးကြီးတဲ့တာဝန်ဆိုတာ ကျွန်မသိတော့ နေ့တိုင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။