သင်းအုပ်ဆရာ၏ ဆိုးယုတ်မှုကို ရိပ်စားမိခြင်း

23.01.2022

ရှောင်ချီ မြန်မာနိုင်ငံ

စက်တင်ဘာ ၂၀၂၀မှာ အွန်လိုင်းမှာ အစ်မတစ်ယောက်နဲ့ ကျွန်တော် တွေ့ခဲ့ပါတယ်။ သူကပြောတယ်။ သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီးတော့ တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက် သမ္မာတရားတွေကို ဖော်ပြနေတယ်တဲ့။ သခင်ပြန်ကြွလာတာကို ကြားတော့ ကျွန်တော် ပျော်သွားပြီး အွန်လိုင်းစုဝေးပွဲတွေစတက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို စူးစမ်းလေ့လာခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ စာတန်အားဖြင့် လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အရင်းအမြစ်၊ လူကို ကယ်တင်ဖို့အတွက် ဘုရားသခင်ရဲ့ အမှုတော်အဆင့်သုံးဆင့်၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေ၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုနဲ့ အရင်က တစ်ခါမှတောင်မကြားဖူးတဲ့ နောက်ထပ် သမ္မာတရားတွေကို ကျွန်တော် သိခဲ့ရတယ်။ စူးစမ်းရှာဖွေတဲ့အချိန်ကာလတစ်ခုကိုဖြတ်သန်းပြီးနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ သေချာသွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ ပါဝင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရခြင်းကရတဲ့ အာဟာရကို နှစ်သက်ပြီး ကျွန်တော် အရင်က တစ်ခါမှ မရခဲ့သလိုမျိုး ဝိညာဉ်ရေးဆိုင်ရာ အားပြည့်မှုကို ခံစားရတယ်။ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော့် သင်းအုပ်ဆရာရဲ့ တရားဒေသနာတွေက အကြောင်းအရာဟောင်းတွေပဲဖြစ်ပြီး ခြောက်ကပ်ပြီး ပျင်းဖို့ကောင်းတယ်။ ဘာအလင်းမှမရှိဘူး။ စိတ်ဓာတ်ကို လုံးဝ မြှင့်တင်မပေးဘူး။ ဒါကြောင့် အသင်းတော်ဝတ်ပြုအစီအစဉ်တွေကို ကျွန်တော် မတက်တော့ဘူး။

နောက်တော့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီး အင်တာနက်တွေ ဖြတ်ခံရတယ်။ အွန်လိုင်းစုဝေးပွဲတွေကို ဆက်တက်လို့ မရနိုင်တော့ဘူး။ သိပ်မကြာခင်မှာပဲ ညီအစ်ကိုတချို့က ကျွန်တော့်ရွာကိုရောက်လာပြီး ဒေသခံစုဝေးပွဲတွေ ပြင်ဆင်ချင်တယ်လို့ ပြောတယ်။ အဲဒီအချိန်တုန်းက လာတက်တဲ့သူ အယောက် ၂၀ ရှိတယ်။ အံ့သြစရာကောင်းတာက စုဝေးပွဲ နည်းနည်းလောက်လုပ်ပြီးတဲ့နောက်မှာ တစ်ယောက်ယောက်က ကျွန်တော်တို့အကြောင်းကို ဒေသခံသင်းအုပ်ဆရာကို သတင်းပို့လိုက်တယ်။ ကျွန်တော်တို့က ဘုရားကျောင်းအစား အွန်လိုင်းစုဝေးပွဲတွေကိုပဲတက်ပြီး ဘုန်းကြီးတွေပြောတာကို နားမထောင်ဘူးလို့ သူက အသင်းတော်မှာရှိတဲ့လူတွေကို စပြောတယ်။ ကျွန်တော်တို့က ကိုယ်ပိုင် ဂိုဏ်းကွဲတစ်ခုဖွဲ့စည်းနေတယ်လို့ သူက လိမ်ပြောခဲ့တယ်။ ကျွန်တော်တို့နဲ့ ဘာကိစ္စမှ မပတ်သက်ဖို့ လူတိုင်းကို သူကပြောတယ်။ ကျွန်တော်တို့ရွာက လူတိုင်းနီးပါးက ခရစ်ယာန်တွေဖြစ်ပြီး သူတို့အားလုံးက သင်းအုပ်ဆရာကို ချစ်ခင်လေးစားပြီး သူပြောတာကို နားထောင်ကြတယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ဝေဖန်မှုတွေကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော်တို့ယုံကြည်တဲ့ သတင်းက မြို့ထဲကို အမြန်ပြန့်သွားတယ်။ လူတိုင်းက၊ ကျွန်တော်တို့ အမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းတွေကတောင် ဒါ တော်တော်ဆိုးတယ်လို့ပြောပြီးတော့ ဘုရားကျောင်းမသွားလို့၊ သင်းအုပ်ဆရာကို နားမထောင်တော့လို့ဆိုပြီး ကျွန်တော်တို့ကို ဆူလာတယ်။ ကျွန်တော် သွားတဲ့နေရာတိုင်းမှာ လူတွေက ကျွန်တော့်ကို လက်ခါပြကြပြီး ကျွန်တော့်မိသားစုကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော့်ယုံကြည်မှုကို လိုက်ပြီး ဆန့်ကျင်ကြတယ်။ ကျွန်တော် တော်တော်စိတ်နောက်ကျိသွားတယ်။ ကျွန်တော့် သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေနဲ့ ကျွန်တော်က အမြဲတမ်း တော်တော် ဆက်ဆံရေးကောင်းခဲ့တယ်။ အချင်းချင်း အမြဲတမ်း ကူညီခဲ့တယ်။ အခုတော့ သူတို့က ကျွန်တော့်ကို ပြဿနာတစ်ခုလို၊ ရန်သူတစ်ယောက်လို ဆက်ဆံကြတယ်။ ယုံကြည်မှုက တစ်ကိုယ်ရေ လွတ်လပ်ခွင့်ပါ။ ကျွန်တော်တို့က တရားမဝင်တာ ဘာမှမလုပ်ဘဲ ကျွန်တော်တို့ ယုံကြည်မှုကိုပဲ ကျင့်သုံးနေကြတာ။ ဘာလို့ သင်းအုပ်ဆရာက ကျွန်တော်တို့ကို ဝေဖန်ရှုတ်ချပြီးတော့ ရွာသားတွေကို ကျွန်တော်တို့ကို ငြင်းပယ်အောင်လုပ်တာလဲ။ ကျွန်တော် သတိမထားမိခင်မှာပဲ စိတ်ဓာတ်ကျသွားပြီး ဘုရားကို ဆုတောင်းခဲ့တယ်။ “ဘုရားသခင် သင်းအုပ်ဆရာက ကျွန်တော်တို့ကို ဒေါသတကြီး တိုက်ခိုက်နေပြီး ကျွန်တော်နဲ့ ရင်းနှီးတဲ့လူတိုင်းကတောင် ကျွန်တော့်ကို ငြင်းပယ်နေကြပါတယ်။ တော်တော်ကို စိတ်ဒုက္ခရောက်ရပါတယ်။ ဘုရားသခင် ဘာကြောင့် သူတို့က ဒီလိုဆက်ဆံကြလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဒါကို ပိုနားလည်ပြီး စိတ်ဓာတ်မကျတော့အောင် ကျွန်တော့်ကို ဉာဏ်အလင်းပေးပြတော်မူပါ” ဆိုပြီးတော့။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို စဉ်းစားမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။...ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဒါကြောင့် သင်းအုပ်ဆရာဟာ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို ကျွန်တော်တို့ မလိုက်အောင်တားဆီးဖို့ ကြိုးစားနေတာဟာ တကယ်တော့ ဝိညာဉ်ရေးရာ တိုက်ပွဲပဲဆိုတာ ကျွန်တော် မြင်ခဲ့ရတယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ လူတွေကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြပါတယ်။ ဒါဟာ စစ်မှန်တဲ့ယုံကြည်သူအုပ်စုတစ်စုကို ကယ်တင်ပြီး ရရှိဖို့ပါ။ ဒါပေမဲ့ စာတန်က ဘုရားသခင်ရဲ့ ရန်သူဖြစ်ပြီး လူတွေ ဘုရားကိုခွာပြီး သစ္စာဖောက်အောင်၊ စာတန်ရဲ့ သြဇာအောက်မှာ အသက်ရှင်အောင် ဘုရားအမှုတော်ကို ပိတ်ဆို့ပြီး ထိခိုက်စေဖို့အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုတယ်။ ဒါဆိုရင် စာတန်က သူတို့ကို ထိန်းချုပ်နိုင်ပြီး အဆုံးမှာ သူတို့တွေဟာ စာတန်နဲ့အတူ ငရဲမှာ အပြစ်ဒဏ်ပေးခံရမယ်။ အသင်းတော်ဘုန်းကြီးတွေက တကယ်တမ်းမှာ စာတန်ရဲ့လက်ပါးစေတွေပဲဆိုတာ ကျွန်တော် မြင်ခဲ့တယ်။ သခင်ပြန်ကြွလာပြီဆိုတာကို သူတို့ကြားပေမဲ့ ဒါကို စူးစမ်းမယ့်အစား သူများတွေ ဒီလိုမလုပ်အောင် တားဆီးတယ်။ သူတို့တရားဒေသနာတွေက ဝိညာဉ်ပိုင်းဆိုင်ရာမှာ အားသာမဖြစ်တာ လူတွေကို စစ်မှန်တဲ့လမ်းလည်း ရှာခွင့်မပေးဘူး။ ကျွန်တော်တို့က ဘုရားကျောင်းကိုသွားပြီး သူတို့နောက်မလိုက်တော့တာကို မြင်တဲ့အခါ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော်တို့ သစ္စာဖောက်ပြီး သူတို့အသင်းတော်ဆီကို၊ သူတို့ထိန်းချုပ်မှုအောက်ကို ပြန်လာစေချင်တော့ ကျွန်တော်တို့ကို ရှုတ်ချပြီး အသေရဖျက်ကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ဆုံးရှုံးရမယ်။ ဒါကို သဘောပေါက်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပြောလိုက်တယ်။ စာတန်ရဲ့လှည့်ကွက်တွေထဲရောက်လို့ မဖြစ်ဘူးပေါ့။ သူတို့နောက်ကိုလိုက်ဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် မစွန့်နိုင်ဘူး။ ခိုင်ခိုင်မာမာ ရပ်တည်ရမယ် ပေါ့။

အဲဒီနောက်မှာ ယုံကြည်သူအသစ်တချို့နဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းနေသူတွေက အားနည်းပြီး နောက်ဆုတ်သွားကြတယ်။ ကျွန်တော်တို့ဘေးက လူတိုင်းက ကန့်ကွက်နေပေမဲ့ ကျန်ခဲ့တဲ့ကျွန်တော်တို့တွေက စုဝေးပွဲတွေလုပ်တာကို မရပ်ခဲ့ဘူး။ သင်းအုပ်ဆရာက ဒါကိုသိသွားတော့ ဒေါသထွက်ပြီး အသင်းတော် တွဲဖက်အမှုဆောင်တချို့ကို ကျွန်တော့်အိမ်ကို ဆက်တိုက်လာခိုင်းပြီး သင်းအုပ်ဆရာအိမ်ကို ကျွန်တော် သွားဖို့ အတင်းပြောခိုင်းတယ်။ ကျွန်တော်က ဘုရားကို ကိုးကွယ်ပြီး မိတ်သဟာယဖွဲ့နေတာပဲ။ ဒါက ကျွန်တော့်လွတ်လပ်မှုပဲလို့ စဉ်းစားရင်းနဲ့ ဒါကို စိတ်တိုမိတယ်။ သင်းအုပ်ဆရာက ဘာကြောင့် ကျွန်တော့်ကို တားဆီးဖို့ ဆက်ပြီး ကြိုးစားနေတာလဲ ပေါ့။ ကျွန်တော် ဘာအမှားလုပ်တယ်လို့များ သူထင်လဲဆိုတာ သိရဖို့ သူပြောစရာရှိတာကို ကျွန်တော် နည်းနည်း သွားနားထောင်ကြည့်ချင်မိတယ်။ အဲဒီညနေမှာ တခြားညီအစ်ကိုမောင်နှမတချို့နဲ့အတူ သင်းအုပ်ဆရာအိမ်ကို ကျွန်တော်သွားလိုက်တယ်။ ဘုန်းကြီးတချို့က အဲဒီမှာ ရောက်နေတယ်။ သင်းအုပ်ဆရာကပြောတယ်။ “မင်းရဲ့ အွန်လိုင်းစုဝေးပွဲတွေအကြောင်း ငါကြားရတယ်။ မင်းရဲ့ ဘုန်းကြီးအနေနဲ့ တခြားလမ်းကြောင်းကို မလျှောက်ဖို့ သတိပေးရမှာ ငါတို့တာဝန်ပဲ” တဲ့။ ကျွန်တော် ပြန်ပြောလိုက်တယ်။ “သူတို့တရားဒေသနာတွေကို ကျွန်တော်တို့နားထောင်နေပေမဲ့ သခင့်ကို သစ္စာဖောက်နေတာ မဟုတ်ပါဘူး။ သခင်ယေရှုက ပြန်ကြွလာခဲ့ပြီး အမှုတော်အဆင့်သစ်တစ်ခုကို လုပ်ဆောင်နေပြီ” ကျွန်တော် ပြောလို့မပြီးခင်မှာပဲ သူက စိတ်ဆိုးမာန်ဆိုးနဲ့ ကြားဖြတ်ပြောတယ်။ “တော်တော့။ နောက်ထပ် ဒီလိုစကားကို ငါတို့ ထပ်နားထောင်မှာမဟုတ်ဘူး။ မင်း ဒီနေ့ ရွေးချယ်မှုတစ်ခုလုပ်ရမယ်။ တခြားဘုရားကို ဆက်ယုံနေမှာလား။ ငါတို့အသင်းတော်ကို ပြန်လာမှာလား” တဲ့။ သူကပြောရင်းနဲ့ ကျွန်တော်တို့နာမည်တွေအားလုံးရေးထားတဲ့ မှတ်စုစာအုပ်တစ်ခုကို ထုတ်လိုက်တယ်။ သူက အမိန့်ပေးတဲ့ပုံစံနဲ့ပြောတယ်။ “သူတို့ ဒေသနာတွေကို မင်း ဆက်နားထောင်မယ်ဆိုရင် မင်းနာမည်ဘေးမှာ ခြစ်လိုက်။ အဲဒီလိုမဟုတ်ဘူးဆိုရင် ဖျက်ပစ်လိုက်။ ငါပြောတာနားမထောင်ရင် မင်းတို့ ဒုက္ခရောက်လိမ့်မယ်။ မင်းတို့မိသားစုထဲမှာ မင်္ဂလာဆောင်တာ၊ သေတာ၊ မွေးတာ၊ အဲဒါတွေတစ်ခုမှ ငါတို့ လုံးဝ လုပ်ပေးမှာမဟုတ်ဘူး။ ဘာအစီအစဉ်ကိုမှ ငါတို့ ကူညီမှာမဟုတ်ဘူး” တဲ့။ ဘယ်သူကမှ ဘာမှမပြောဘူး။ ကျွန်တော်က ဘာမှမရေးရင် သင်းအုပ်ဆရာက ကျွန်တော့်ရဲ့ ယုံကြည်မှုလမ်းကို ပိတ်ပင်ဖို့ နည်းလမ်းရှာဦးမှာပဲလို့ စဉ်းစားရင်းနဲ့ ကျွန်တော် နည်းနည်းတွန့်ဆုတ်နေတယ်။ ကျွန်တော်က ကျွန်တော့်နာမည်ကို ခြစ်လိုက်ရင် ဘုန်းကြီးတွေက ဘယ်အစီအစဉ်မှာမှ ကျွန်တော့်မိသားစုကို ကူညီပေးမှာမဟုတ်ဘူး။ ဒါတွေက ရှေးဟောင်းရွာဓလေ့တွေ။ ဒါတွေက လူတိုင်းအတွက် တော်တော်အရေးကြီးပြီး လျစ်လျူရှုလို့မရဘူး။ ပြီးတော့ ရွာမှာရှိတဲ့သူတိုင်းက ဘုန်းကြီးတွေပြောတာ နားထောင်ကြတယ်။ သူတို့က ထွက်မလာဘူးဆိုရင် ဘယ်သူကမှလည်း လာမှာမဟုတ်ဘူး။ ဘယ်သူကမှ ကူညီမှာမဟုတ်ဘူး။ လူတိုင်းက ကျွန်တော့်ကို ငြင်းပယ်တော့မှာလား ပေါ့။ ဒါပေမဲ့ သခင်က ပြန်ကြွလာခဲ့ပြီဆိုတာ ကျွန်တော် သိနေတယ်။ ဒါဆို ကျွန်တော့်နာမည်ကို ဖျက်ပြီး အသင်းတော်ကို ပြန်ပူးပေါင်းရင် ဒါက ဘုရားကို ငြင်းပယ်ပြီး သစ္စာဖောက်တာမဟုတ်ဘူးလား။ အဲဒီအချိန်ခဏမှာ ကျွန်တော် ဘာလုပ်ရမှန်းမသိခဲ့ဘူး။ အဲဒါနဲ့ ဘုရားရဲ့လမ်းပြမှုအတွက် ဆုတောင်းလိုက်တယ်။ နောက်တော့ သခင်ယေရှုပြောခဲ့တာတစ်ခုကို သတိရမိတယ်။ “ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။(ရှင်လုကာခရစ်ဝင် ၉:၆၂) မှန်တယ်။ ကျွန်တော်က ယုံကြည်သူ၊ လိုက်လျှောက်သူတစ်ယောက်ပဲ။ ယုံကြည်ခြင်းမှာ ဘုရားကို ကျွန်တော်တို့ ကြောက်ရွံ့ရမယ်။ ဘုရားအမှုကို နာခံရမယ်။ သူ့နောက်ကို အမီလိုက်ရမယ်။ ဘုရားထက် သင်းအုပ်ဆရာကို ပိုတန်ဖိုးထားနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူလို့ ဘယ်လိုခေါ်နိုင်မလဲ။ နိုင်ငံတော်နဲ့ ကျွန်တော် ဘယ်လို သင့်တော်မှာလဲ။ အဲဒီမှာ ကျွန်တော် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော့်အတွက် ဒီနေ့ သက်သေရပ်တည်ချင်ပါတယ်။ ဘာပဲဖြစ်ပါစေ။ ကိုယ်တော့်နောက်ကို လိုက်ချင်ပါတယ်” ဆိုပြီးတော့။ အဲဒီအခါ ကျွန်တော် ပိုပြီး စိတ်တည်ငြိမ်သွားပြီး ကျွန်တော့်နာမည်ဘေးမှာ ပြတ်ပြတ်သားသားနဲ့ အမှန်ခြစ်လိုက်တယ်။ တခြားလူတချို့ကလည်း သူတို့နာမည်တွေကို ခြစ်လိုက်တယ်။ အစ်မတစ်ယောက်ပဲ သူ့နာမည်ကို ဖျက်လိုက်တယ်။ သင်းအုပ်ဆရာက စိတ်ဆိုးပြီး ပြောတယ်။ “ဒါ မင်းတို့ရွေးချယ်မှုပဲ။ အခုကစပြီး ငါတို့က လမ်းကြောင်းတွေ မတူတော့ဘူး။ မင်းတို့ကိစ္စတွေက ငါတို့နဲ့ လုံးဝ မဆိုင်တော့ဘူး” တဲ့။

အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာ ကျွန်တော့် စိုးရိမ်မှုတွေက ပြန်ပေါ်လာတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ရွာက မိသားစုတွေမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် ဆုတောင်းပေးဖို့နဲ့ ဘာသာရေးထုံးတမ်းတွေကို ဦးဆောင်ပေးဖို့ သင်းအုပ်ဆရာကို လုပ်ခိုင်းကြတယ်။ သင်းအုပ်ဆရာက ကျွန်တော်တို့ကို ဘာမှအရေးမစိုက်ရင် အဲဒါတွေ တစ်ခုမှ လုပ်နိုင်မှာမဟုတ်ဘူး။ လူတိုင်းက ကျွန်တော်တို့ကို ပစ်ပယ်ပြီး ကြိမ်းမောင်းကြမှာပဲ။ ကျွန်တော်တို့ ယုံကြည်မှုကို မကျင့်သုံးနိုင်အောင် တခြားဘာနည်းတွေကို သူတို့အသုံးချမယ်၊ အားလုံးက ဘယ်အချိန်မှာ အဆုံးသတ်သွားမယ်ဆိုတာ မသိခဲ့ဘူး။ အဲဒါတွေအားလုံးကို စဉ်းစားရတာ ကျွန်တော့်အတွက် တကယ်နာကျင်ရပါတယ်။ ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။ ချက်ချင်းပဲ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက တကယ်တမ်း ဘယ်လောက်နည်းပါးတယ်ဆိုတာ ကျွန်တော်မြင်ရပါတယ်။ သူများတွေရဲ့ အသရေဖျက်မှုနဲ့ ငြင်းပယ်မှုကို ကျွန်တော် အမြဲတမ်း စိုးရိမ်ခဲ့ပါတယ်။ ဒါကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေပြီး အားနည်းနေပါတယ်။ ဘုရားသခင် ဒါကိုဖြတ်သန်းဖို့ ကျွန်တော့်ကို လမ်းပြတော်မူပါ” ပေါ့။ အဲဒီနောက်မှာ ရေလောင်းခြင်းအတွက် အစ်မတစ်ယောက်ကို အွန်လိုင်းမှာရှာပြီး ကျွန်တော်ဖြတ်သန်းနေရတာကို သူ့ကို ပြောလိုက်တယ်။ သူက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော့်ဆီကို ပို့လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယောဘ၏ စမ်းသပ်မှုများ အဆုံးသတ်ပြီးနောက် သူ့ထံမှ သက်သေခံချက်ကို ရပြီးသည့်နောက်တွင်၊ ယောဘကဲ့သို့သော လူများ ပါဝင်သည့် အုပ်စုတစ်စု- သို့မဟုတ် တစ်စုထက်ပိုသော- အုပ်စုများကို ရယူမည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်၊ သို့သော် စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်ခြင်းအားဖြင့် ယောဘအား စုံစမ်းနှောင့်ယှက်ကာ၊ တိုက်ခိုက်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သော နည်းလမ်းများကို အသုံးပြုလျက် အခြားမည်သည့်လူကိုမျှ တိုက်ခိုက်ရန် သို့မဟုတ် နှိပ်စက်ရန် စာတန်ကို မည်သည့်အခါမျှ တစ်ဖန် အခွင့်မပေးရန် ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်။ ခွန်အားနည်းပြီး မိုက်မဲကာ မသိနားမလည်သော လူသားအပေါ် ထိုသို့သော အရာများကို တစ်ဖန်လုပ်ဆောင်ရန် စာတန်အား ဘုရားသခင် ခွင့်မပြုခဲ့ပေ- ယောဘကို စာတန် စုံစမ်းနှောင့်ယှက်ခဲ့ပြီးဖြစ်သည်မှာ လုံလောက်ခဲ့ပေသည်။ လူတို့ကို အလိုရှိသည့်အတိုင်း နှိပ်စက်ညှဉ်းပန်းရန် စာတန်အား ဘုရားသခင် အခွင့်မပေးခြင်းသည် ဘုရားသခင်၏ သနားခြင်းကရုဏာ ဖြစ်သည်။ ဘုရားသခင်အတွက်မူကား ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းနှင့် နှိပ်စက်မှုကို ခံခဲ့ပြီးသည်မှာ လုံလောက်ခဲ့သည်။ ဘုရားသခင်နောက်သို့ လိုက်သောလူများ၏ အသက်နှင့် အရာရာတိုင်းကို ဘုရားသခင်အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည့်အတွက်၊ ထိုသို့သော အရာများကို တစ်ဖန်လုပ်ဆောင်ရန် စာတန်ကို ဘုရားသခင် ခွင့်မပြုခဲ့သကဲ့သို့၊ စာတန်သည် အလိုရှိသည်အတိုင်း ဘုရားသခင် ရွေးချယ်ထားသောသူများကို ကြိုးကိုင်ညွှန်ကြားရန် အခွင့်မရှိပေ- ဤအချက်နှင့်ပတ်သက်ပြီး သင်တို့ ရှင်းလင်းစွာ သိသင့်သည်။ ဘုရားသခင်သည် လူသား၏ အားနည်းချက်ကို ဂရုစိုက်ပြီး သူ၏မိုက်မဲခြင်းနှင့် မသိနားမလည်မှုကို နားလည်၏။ လူသားအနေဖြင့် အလျှင်း ကယ်တင်ခံရနိုင်ရန်အလို့ငှာ၊ ဘုရားသခင်သည် သူ့ကို စာတန်လက်သို့ လွှဲအပ်လိုက်ရသော်လည်း၊ စာတန်၏အရူးလုပ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့အား လူသားခံရသည်ကို မြင်ရန် ဘုရားသခင် လိုလားခြင်းမရှိသကဲ့သို့၊ လူသား အမြဲတစေ ဆင်းရဲဒုက္ခ ခံစားရသည်ကိုလည်း ဘုရားသခင် မမြင်ချင်ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသားနှင့် ပတ်သက်၍ အရာရာတိုင်းကို ဘုရားသခင် အုပ်စိုးကာ စီစဉ်သည်မှာ ကောင်းကင်ဘုံက ချမှတ်ဆုံးဖြတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ဖြစ်ပြီး အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် စာတန်အား လူသားကို သဘောရှိ ညှဉ်းပန်းရန်နှင့် နှိပ်စက်ရန် ခွင့်မပြုပေ၊ လူသားကို လမ်းလွှဲစေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုဖို့ စာတန်အား သူအခွင့်မပေးသည့်အပြင်၊ လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဝင်ရောက်နှောင့်ယှက်ရန် စာတန်အား အခွင့်မပေးသကဲ့သို့၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်သော ဘုရားသခင်၏ ကြီးမြတ်သည့် အမှုကို ထည့်မတွက်နှင့်ဦးတော့၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော ဥပဒေသများကို နင်းခြေရန်နှင့် ဖျက်ဆီးရန် ခွင့်မပြုပေ။ ဘုရားသခင် ကယ်တင်လိုသောသူများနှင့် ဘုရားသခင်အား သက်သေခံနိုင်သောသူများသည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်နှင့်သက်ဆိုင်သည့် အမှု၏ အချက်အချာနှင့် ပုံဆောင်ခဲဖြစ်သည့်အပြင် သူ၏ နှစ်ခြောက်ထောင် အမှုထဲက သူ၏ကြိုးပမ်းမှုများ၏ အဖိုးအခလည်း ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို စာတန်အား သာမန်ကာလျှံကာ အဘယ်သို့ ပေးနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ကျွန်တော်တို့က ဘာကိုပဲ ရင်ဆိုင်ရပါစေ အဲဒါကို ဘုရားက ဖြစ်ခွင့်ပြုခဲ့တယ်၊ အရာရာတိုင်းက ဘုရားလက်ထဲမှာရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော်မြင်ခဲ့ရပါတယ်။ သူ့ခွင့်ပြုချက်မပါဘဲနဲ့ စာတန်က ဘယ်လောက်ကြမ်းကြုတ်ပါစေ၊ ကျွန်တော်တို့ကို ဘယ်လောက်နာကျင်စေချင်ပါစေ သူဘာမှမလုပ်နိုင်ပါဘူး။ ဘုရားသခင်က အဲဒီ အနှောင့်အယှက်ပေးတဲ့အရာအားလုံးကို ဖြစ်ပျက်ခွင့်ပြုနေတာပါ။ ဘုရားက ကျွန်တော့်ကို စမ်းသပ်ပြီး ကယ်လည်းကယ်တင်နေတာပါ။ ကျွန်တော်က ယောဘလိုဖြစ်ပြီး အဲဒီအခြေအနေတစ်လျှောက် သက်သေခံဖို့ သူ မျှော်လင့်ပါတယ်။ ဒါဟာ အဲဒီပတ်ဝန်းကျင်မှာ ဘုရားကို ကျွန်တော်အမှီပြုနိုင်ဖို့ဖြစ်ပြီး ဘုရားအပေါ်မှာ စစ်မှန်တဲ့ယုံကြည်ခြင်း ဖြစ်လာနိုင်ဖို့အတွက် သူ့ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံနိုင်ဖို့လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က စာတန်ရဲ့ ပိုက်ကွန်ထဲမှာ မိနေခဲ့တာ။ ကိုယ့်ရဲ့ အပြန်အလှန် ဆက်ဆံရေးတွေကို ကာကွယ်ချင်ခဲ့ပြီး ငြင်းပယ်ပြီး အသရေဖျက်ခံရတာကို မလိုချင်ခဲ့ဘူး။ မကောင်းတာတစ်ခုခုဖြစ်မှာကို အမြဲတမ်း ကြောက်နေခဲ့တယ်။ ဘုရားအလိုတော်ကို ကျွန်တော်နားမလည်ခဲ့ဘူး။ ကျွန်တော်စိတ်လျှော့လိုက်ပြီး ဆုတောင်းတယ်။ “ဘုရားသခင်။ ကိုယ်တော်က ဒါတွေအားလုံးကို ခွင့်ပြုနေတယ်ဆိုတာ ကျွန်တော်နားလည်ပါပြီ။ ဒါတွေအားလုံးက ကျွန်တော့်ကို ကယ်တင်ပြီး သန့်စင်ဖို့၊ ကျွန်တော့်ယုံကြည်ခြင်းကို စုံလင်စေဖို့ ဖြစ်ပါတယ်။ ကိုယ်တော့်အတွက် သက်သေခံဖို့ အဆင်သင့်ဖြစ်ပါပြီ။ ဒါပေမဲ့ ကျွန်တော့်ဝိညာဉ်ရင့်ကျက်မှုက အရမ်းနည်းပါးပါတယ်။ ကျေးဇူးပြုပြီး ဒါကိုဖြတ်သန်းဖို့အတွက် ကျွန်တော့်ယုံကြည်ခြင်းကို ကူညီခွန်အားဖြည့်ပေးတော်မူပါ” ဆိုပြီးတော့။

ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ဖို့ ရွေးချယ်ပြီးသွားပြီဆိုတော့ သင်းအုပ်ဆရာက ကျွန်တော့်ကို မနှောင့်ယှက်တော့ဘဲ ပုံမှန် စုဝေးနိုင်ပြီလို့ တွက်မိတယ်။ ဒါပေမဲ့ အဲဒီအစား သင်းအုပ်ဆရာရဲ့ ရန်လိုမှုနဲ့ ဝေဖန်မှုတွေကြောင့် တခြားရွာသားတွေက ဆက်ပြီး အနှောင့်အယှက်ပေးနေတယ်။ ကျွန်တော်တို့က ဘာသာရေးဓလေ့ထုံးတမ်းတွေကို မဆောင်ရွက်ဘူး။ ရွာစည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ ပြောရင်းနဲ့ ကျွန်တော်တို့ကို လှောင်ပြောင်ကြတယ်။ အသရေဖျက်တယ်။ ကျွန်တော်တို့မိသားစုတွေရှေ့မှာတင် အော်ဟစ်ကြတယ်။ ကျွန်တော်တို့ ကျွန်တော်တို့ယုံကြည်မှုကို ဆက်ထားရင် အစိုးရကိုတိုင်ပြီး ကျွန်တော်တို့ကို ဖမ်းခိုင်းမယ်ဆိုပြီး ပြောကြတယ်။ ကျွန်တော့်မိသားစုက စိတ်ဖိစီးမှုဒဏ် မခံနိုင်ဘူး။ သူတို့က ကျွန်တော့်ကို ယုံကြည်မှုကို စွန့်လွှတ်ဖို့ တွန်းအားပေးရင်း အမြဲတမ်းလိုလို အငြင်းအခုံတွေလုပ်တယ်။ သူများတွေလည်း သူတို့မိသားစုတွေရဲ့ ဖိအားပေးတာ ခံရတာပဲ။ တချို့တွေက အိမ်ကနှင်ထုတ်ခံရပြီး သူတို့အိမ်ကိုတောင် ဝင်လို့မရဘူး။ သင်းအုပ်ဆရာက ကျွန်တော်တို့က ဘုန်းကြီးတွေကို နားမထောင်တာ၊ ဘုရားကျောင်းကိုမသွားတာနဲ့တင် ပြဿနာတွေအများကြီးရှိနေတယ်လို့ပြောပြီး အလိမ်အညာတွေဖြန့်တယ်။ ကျွန်တော်တို့ကို ရေလောင်းဖို့လာတဲ့ အစ်ကိုနှစ်ယောက်ကိုလည်း သူက စစ်ဆေးမေးမြန်းချင်တယ်။ ကျွန်တော်က စိတ်ဆိုးပြီး စိတ်မထိန်းနိုင်ဖြစ်ခဲ့တာပေါ့။ ဘုန်းကြီးက တကယ်ကို အမှန်တရားကို ပြောင်းပြန်လှန်နေတာ။ သူတို့သာ မတိုက်ခိုက်ခဲ့ရင် ကျွန်တော်တို့မှာ အဲဒီပြဿနာတွေ လုံးဝ ရှိမှာမဟုတ်ဘူး။ နောက်ပိုင်းမှာ အစ်မတစ်ယောက်က အဲဒီရေလောင်းတဲ့အစ်ကိုနှစ်ယောက်ကို အန္တရာယ်ကင်းအောင်လို့ မလာတော့ဖို့ ပြောလိုက်တယ်။ လူတိုင်းက အဲဒီအချိန်မှာ အပျက်သဘောဆောင်နေကြပြီး အားနည်းနေကြတယ်။ ကျွန်တော်တို့က စုဝေးပွဲတွေလုပ်ဖို့၊ တာဝန်ထမ်းဆောင်ဖို့ကို စိတ်မပါကြဘူး။ ဒီလိုဖြစ်နေတာကို မြင်ရတော့ ကျွန်တော်လည်း နည်းနည်းအားနည်းလာတယ်။ ညီအစ်ကိုမောင်နှမတွေကို ဘယ်လိုကူညီပံ့ပိုးရမယ်ဆိုတာ မသိခဲ့ဘူး။ ဒီယုံကြည်မှုလမ်းကြောင်းက ခက်ခဲလွန်းတယ်လို့ ကျွန်တော်ရုတ်တရက် ခံစားမိတယ်။ နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော်တို့က စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နေတဲ့ ယုံကြည်သူတွေသက်သက်ပါ။ ဘာလို့ ကျွန်တော်တို့ကို လွှတ်မပေးထားဘဲ လမ်းဆုံးပေါ် အတင်းတွန်းပို့ဖို့ ဆုံးဖြတ်ထားကြတာလဲ။ ကျွန်တော့်ရဲ့ ဝေဒနာထဲကနေ ဘုရားကို အော်ခေါ်ခဲ့တယ်။ “ဘုရားသခင် ကျွန်တော်အရမ်းအားနည်းနေပြီး ကျွန်တော့်ခံစားချက်တွေကို မငြိမ်သက်စေနိုင်ဘူး။ ဒီယုံကြည်ခြင်းလမ်းကြောင်းပေါ်မှာ ဘယ်လိုနေလို့ရမလဲ။ ကျေးဇူးပြုပြီး ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။ နောက်တော့ သခင်ယေရှုပြောခဲ့တာတစ်ခုကို သတိရမိတယ်။ “လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၈-၁၉) သူတို့ဟာ ဘုရားကြွလာခြင်းကို တကယ်မုန်းတီးလို့၊ ဘုရားကို အမှန်တကယ်တိုက်ခိုက်နေကြလို့ ကျွန်တော်တို့ကို မုန်းပြီး ဖိနှိပ်တာဆိုတာ ကျွန်တော် ရုတ်တရက် သဘောပေါက်သွားတယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူခဲ့ပြီး လူသားမျိုးနွယ်ကို သန့်စင်ပြီးကယ်တင်ဖို့ သူ့ရဲ့ တရားစီရင်ခြင်းအမှုအတွက် သမ္မာတရားတွေကို ဖော်ပြနေတယ်။ သူ့ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုက လောကီလူသားတွေကို ထုတ်ဖော်ပြနေတယ်။ သူတို့ဟာ သမ္မာတရားကို မချစ်ဘူး။ မုန်းတီးကြတယ်။ ဘုရားကို မုန်းကြတယ်။ ကောင်းကင်ပေါ်က မရေရာတဲ့ ဘုရားကို ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့ဟာ လူ့ဇာတိနဲ့ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ဝေဖန်ရှုတ်ချနေကြတာပါ။ သခင်ယေရှု အမှုပြုဖို့လာခဲ့တုန်းကလိုပေါ့။ ဂျူးခေါင်းဆောင်တွေက သူဖော်ပြတဲ့ သမ္မာတရားတွေကို လက်ခံဖို့ ငြင်းဆန်ပြီး သူ့ကို ရှုတ်ချပြီး စော်ကားဖို့အတွက် အစွမ်းကုန်လုပ်ဆောင်ကြတယ်။ ဂျူးယုံကြည်သူတွေကလည်း သူတို့နဲ့အတူလိုက်ပြီး သခင့်ကို ငြင်းဆန်ကြတယ်။ အဆုံးမှာ သူ့ကို ကားတိုင်မှာ သံနဲ့ရိုက်ခဲ့ကြတယ်။ ဒီလောကက တကယ်ကို ဆိုးယုတ်ပါတယ်။ ဒါပေမဲ့ လောကီငြင်းဆန်မှုတွေနဲ့ ဘာသာရေးအင်အားစုတွေရဲ့ ရှုတ်ချမှုတွေ ပိုများလေလေ၊ ဒါဟာ လမ်းမှန်ဖြစ်တယ်၊ ဘုရားရဲ့အမှုဖြစ်တယ်ဆိုတာ ရှင်းလေလေပါပဲ။ အဲဒါက ဒီလမ်းကြောင်းပေါ်မှာနေဖို့ ကျွန်တော့်ဆန္ဒကို နှစ်ဆတိုးစေတယ်။

ဘာတွေဖြစ်နေတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေကသိတဲ့အခါမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်တော့်ဆီကို ပို့လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် မွေ့လျော်ရန် မတွန့်ဆုတ်နှင့်။ အမှောင် ကျော်လွန်သည့်အခါ၊ အလင်း စုရုံး၏။ အရုဏ်မတက်မီ အမှောင်ဆုံးဖြစ်၏။ ဤအချိန်ပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း လင်းလက်လာပြီး၊ ထို့နောက် နေ ပေါ်ထွက်ပေသည်။ ကြောက်ရွံ့ခြင်းမရှိနှင့် သို့မဟုတ် တွန့်ဆုတ်ခြင်း မဖြစ်နှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဒါကိုဖတ်တော့ ကျွန်တော်အရမ်းတို့ထိခံရတယ်။ ကျွန်တော်တို့က ဘုရားရဲ့ အမှုတော်အသစ်နောက်ကို လိုက်နေကြတာ။ ဘုန်းကြီးတွေရဲ့ တားဆီးတာကိုခံရပြီး တခြားရွာသားတွေရဲ့ မမျှတစွာ ဆက်ဆံမှုကိုခံရတယ်။ ဒါဟာ ရှောင်လွှဲလို့မရနိုင်ဘူး။ လူတွေဟာ စာတန်ကြောင့် အရမ်းကို ဖောက်ပြန်ပျက်စီးနေပြီး လောကဟာ အရမ်းမှောင်မိုက်ဆိုးယုတ်နေလို့ပါ။ သူတို့တွေထဲက တစ်ယောက်မှ ဘုရားကြွလာတာကို မကြိုဆိုကြဘူး။ ဘုရားနောက်ကိုလိုက်တာဟာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်ရပြီး သူ့ရဲ့ လက်ခံမှုကို ရဖို့ အဲဒီလို ဖိနှိပ်မှုနဲ့ အခက်အခဲမျိုးကို ကျွန်တော်တို့ ကြုံတွေ့ရမယ်။ ဘုရားက ကျွန်တော်တို့အတွက် အထောက်အပံ့ဖြစ်ပြီး ကျွန်တော်တို့နဲ့ အမြဲတမ်းအတူရှိတယ်။ ကျွန်တော့်အတွက် ဘာမှကြောက်စရာမရှိဘူး။ ဘုရားကိုသာ ဆုတောင်းပြီး အမှီပြုရမယ်။ သင်းအုပ်ဆရာရဲ့ အနှောင့်အယှက်တွေကို ကျော်လွှားဖို့ သူက ကျွန်တော်တို့ကို သေချာပေါက်လမ်းပြလိမ့်မယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုတွေထဲမှာ ကျွန်တော် တွေ့ရတဲ့ တရုတ် ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံတွေကို ကျွန်တော် စဉ်းစားမိတယ်။ သူတို့တွေက တရုတ်အစိုးရရဲ့ ဖိနှိပ်တာ၊ လိုက်ဖမ်းတာ၊ စောင့်ကြည့်တာကိုခံရပြီး အချိန်မရွေးအဖမ်းခံရတာမျိုးကို ရင်ဆိုင်နေရတယ်။ သူတို့မိသားစုတွေလည်း ငြိစွန်းကုန်ကြပြီး သူတို့ရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အလုပ်တွေ ဖယ်ရှားခံရတယ်။ သူတို့တွေ တော်တော်များများက ထောင်ကျပြီး ရက်ရက်စက်စက် နှိပ်စက်ခံရတယ်။ အများကြီး ဒုက္ခခံရတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားကို အမှီပြုနိုင်ပြီး စာတန်ကိုအောင်နိုင်တဲ့ သက်သေကို ပေးနိုင်ကြတယ်။ ပြီးတော့ ဘုရားသခင်က သူ့ရဲ့ နှစ်ကြိမ်လူ့ဇာတိခံယူခြင်းမှာ ဘယ်လိုဒုက္ခခံခဲ့တယ်ဆိုတာကို ကျွန်တော် စဉ်းစားမိတယ်။ သခင်ယေရှုက လူသားမျိုးနွယ်ကိုရွေးနုတ်ဖို့ လူ့ဇာတိခံယူပြီး ကမ္ဘာကို ကြွလာတဲ့အချိန်မှာ သူဟာ ဂျူးတွေရဲ့ ရှုတ်ချစော်ကားခြင်းကို ခံရပြီး အဆုံးမှာ ကားစင်တင်ခံရတယ်။ နောက်ဆုံးသောကာလမှာ ဘုရားက နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြနေတယ်။ သူဟာ စာတန်ရဲ့အစိုးရနဲ့ ဘာသာရေးလောကရဲ့ အန္တိခရစ်အင်အားစုတွေရဲ့ အာခံတာ၊ ရှုတ်ချတာ၊ ငြင်းပယ်တာ၊ စော်ကားတာကို ခံရတယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အများကြီး ဒုက္ခခံတယ်။ ကျွန်တော့်ရဲ့ သေးနုပ်တဲ့ ဒုက္ခက ထုတ်ပြောဖို့တောင် မထိုက်တန်ပါဘူး။ ဘုရားသခင်က သန့်ရှင်းတယ်။ သူ့ရဲ့ ဒုက္ခအားလုံးက ကျွန်တော်တို့ ကယ်တင်ခြင်းအတွက်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒုက္ခဟာ သမ္မာတရားကို ကျွန်တော်ရရှိပြီး ကယ်တင်ခံရဖို့အတွက်ဖြစ်တယ်။ ဒါကြောင့် ဒါဟာ ကျွန်တော် ခံယူသင့်တဲ့အရာပါ။ အဲဒီအတွေ့အကြုံက ကျွန်တော့်အတွက် နာကျင်ရပေမဲ့ ဘုန်းကြီးတွေအပေါ် ကျွန်တော် သိမြင်မှုတချို့ရပြီး ဘုရားအပေါ် ယုံကြည်မှုပိုရှိလာတယ်။ ဘုရားဟာ ကျွန်တော်တို့ကို သမ္မာတရားပေးဖို့၊ ကျွန်တော်တို့ယုံကြည်မှုကို စုံလင်စေဖို့ ခက်ခဲတဲ့ ပတ်ဝန်းကျင်တွေကို တကယ် သုံးပါတယ်။ ဒါဟာ ဘုရားသခင်ဆီက ကောင်းချီးတစ်ခုပဲ။ ဘုရားအလိုတော်ကို သိရပြီးနောက်မှာ တော်တော်ပိုပြီး စိတ်တည်ငြိမ်သွားပြီး ကျွန်တော် စိတ်ဓာတ်ကျနေတာက လွတ် ထွက်လာခဲ့ပါတယ်။ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ပိတ်မိနေသေးတဲ့ ညီအစ်ကိုမောင်နှမအားလုံးအတွက် စုဝေးပွဲတစ်ခု အမြန်စီစဉ်လိုက်တယ်။ လူတိုင်းက ကျွန်တော်တို့မိတ်သဟာယကတစ်ဆင့် ဘုရားအလိုတော်ကို နားလည်နိုင်ကြတယ်။ ဘုရားနောက်ကိုဆက်လိုက်ဖို့အတွက် ယုံကြည်ခြင်းကိုရပြီး စိတ်ဓာတ်မကျတော့ဘူး။ သာမန်အသင်းတော်အသက်တာကို ကျွန်တော်တို့ စပြီး ဦးဆောင်ကြတယ်။ ဧဝံဂေလိမျှဝေပြီး သက်သေခံကြတယ်။ လူတိုင်းက စိတ်ပါလာကြတယ်။

ဒါပေမဲ့ ဘုန်းကြီးက ကျွန်တော်တို့ကို တားဆီးဖို့ အရာရာကို ဆက်ကြိုးစားနေတယ်။ တစ်ခါတော့ အစ်မတစ်ယောက်ရဲ့ အမျိုးသားက နေမကောင်းဖြစ်ပြီး သေသွားတဲ့အခါမှာ သင်းအုပ်ဆရာက ဆုတောင်းတာတွေ၊ အသုဘဓလေ့ထုံးတမ်းတွေကို ကူညီပေးအောင် သူ့ဆီကိုသွားပြီးတောင်းပန်ဖို့ သူ့ရဲ့ တစ်မိသားစုလုံးက ဖိအားပေးကြတယ်။ ဘုန်းကြီးက သူ့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှုကို စွန့်လွှတ်ပြီး အသင်းတော်ဆီပြန်လာအောင်ဖိအားပေးဖို့ အဲဒီအခွင့်အရေးကို အသုံးချတယ်။ ကျွန်တော် အရမ်းစိတ်ဆိုးတာပေါ့။ သူက သူ့အမျိုးသားအတွက် ဝမ်းနည်းနေရတာကို ဘုန်းကြီးက သူ့ကိုအသင်းတော်ပြန်လာပြီး သူတို့နောက်ကိုလိုက်ဖို့ သက်သက်နဲ့ အနာကိုဆားသိပ်ထည့်နေပြီး အမှားလုပ်တာ ဝန်ခံဖို့ သူ့ကို ဖိအားပေးနေတယ်။ စက်ဆုပ်စရာကောင်းပါတယ်။ အထက်ပိုင်း သင်းအုပ်ဆရာတစ်ယောက်က ကျွန်တော်တို့ဆီကို လာစကားပြောပြီး ဘုရားကို ရှုတ်ချပြီး စော်ကားတာတွေ အများကြီးကို ပြောတယ်။ ကျွန်တော်တို့ယုံကြည်မှုကို စွန့်လွှတ်အောင် ထပ်ခါထပ်ခါ တိုက်တွန်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သိမြင်မှုရှိနှင့်နေပြီဆိုတော့ မထိရောက်တော့ဘူး။ ဘုန်းကြီးနဲ့ ရွာခေါင်းဆောင်တွေက ကျွန်တော်တို့ ပြတ်သားနေတာကို တွေ့တော့ တခြားရွာသားတွေကို ကျွန်တော်တို့ကို အဆက်အသွယ်ဖြတ်ပြီး ကြဉ်ထားအောင် လုပ်တယ်။ “သူတို့က ငါတို့ပြောတာ နားမထောင်ချင်ဘူး။ ဒီတော့ သူတို့ကို ယုံကြည်ခွင့်ပေးထားလိုက်။ ခင်ဗျားတို့ကလေးတွေကို ကြည့်ထား။ ဒီလူတွေနဲ့ ဝေးရာမှာထား။ သူတို့နဲ့ ဆက်သွယ်တဲ့၊ သူတို့ယုံကြည်မှုကို မေးတဲ့သူက တစ်မိသားစုလုံး အမှုပတ်မှာပဲ။ သူတို့ကို ငါတို့ ဘာအတွက်နဲ့မှ ကူညီမှာမဟုတ်ဘူး”တဲ့။ ကျွန်တော်တို့ကို အဓိက စောင့်ကြည့်ဖို့အတွက် အသင်းတော်က လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးလူငယ်အုပ်စုတစ်စုကိုလည်း သူတို့ ပြင်ဆင်ကြတယ်။ ကျွန်တော်တို့နဲ့ အဆက်အသွယ်လုပ်တဲ့ ဘယ်သူမဆို မေးမြန်းဖို့အတွက် သင်းအုပ်ဆရာရဲ့ အိမ်ကို အခေါ်ခံရမယ်။ ဒါဟာ သူတို့ရဲ့ တကယ့် ဘုရားကိုဆန့်ကျင်တဲ့ သဘောသဘာဝတွေကို ပို ရှင်းရှင်းလင်းလင်း မြင်စေတယ်။ သူတို့ဟာ ယုံကြည်သူတွေကို ဘုရားရှေ့ကိုလာပြီး ဘုရားအသံကိုကြားဖို့ ခွင့်မပြုဘဲ သူတို့လက်ထဲမှာ တင်းကျပ်စွာ ထိန်းချုပ်ထားတယ်။ ဖာရိရှဲတွေအကြောင်းကို ကျွန်တော် တွေးမိတယ်။ သခင်ယေရှု ကြွလာတဲ့အခါမှာ သူ့ရဲ့အလုပ်နဲ့ စကားတွေမှာ ဩဇာအာဏာအပြည့်ပါတယ်။ ဒါပေမဲ့ သူတို့က မရှာဖွေ၊ မစူးစမ်းကြဘူး။ ယုံကြည်သူတွေက သခင်ယေရှုနောက်ကိုလိုက်ပြီး သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှု ဆုံးရှုံးရမှာကြောက်ပြီး သူ့ကိုရှုတ်ချဖို့အတွက် အစွမ်းကုန် ကြိုးစားပြီး ကားတိုင်မှာတောင် သံမှိုရိုက်ခဲ့တယ်။ လူတွေကို သူတို့ကိုပဲ ကိုးကွယ်ခွင့်ပေးပြီး၊ ဘုရားရဲ့သိုးတွေကို ဘုရားဆီကို ပြန်ပေးဖို့ ငြင်းဆန်ပြီး ယုံကြည်သူတွေကို သူတို့လက်ခုပ်ထဲမှာ ထားတယ်။ သူတို့တွေက ဆိုးယုတ်တဲ့ အစေခံတွေပဲ။ အခုခေတ် သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက သူတို့နဲ့ ဘာမှမကွာဘူး။ သူတို့ကိုရှုတ်ချတဲ့ သခင့်စကားတွေကို ကျွန်တော် သတိရတယ်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) အခုခေတ်ဘုန်းကြီးတွေက အရင်က ဖာရိရှဲတွေလိုပဲ။ သူတို့တွေဟာ နိုင်ငံတော်ဆီလမ်းကြောင်းကို ပိတ်ဆို့နေတဲ့ ဆိုးယုတ်တဲ့ အစေခံတွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ပြောသလိုပဲ။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဘုန်းကြီးတွေက ဘုရားသခင်ရဲ့ အမှုတော်သစ်ကို မစူးစမ်းရုံတင်မကဘဲ တစ်ယောက်ယောက်က စူးစမ်းလေ့လာနေတာကို သူတို့ တွေ့တဲ့အခါ သူတို့ကို ပိတ်ပင်တားဆီးဖို့ အရာရာကို လုပ်ဆောင်ကြတယ်။ ယုံကြည်သူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ပြီး သူတို့ကို မကိုးကွယ်မှာ၊ မနာခံမှာ၊ သူတို့ကို လှူဖွယ်ပစ္စည်းတွေ မပေးမှာကို ကြောက်ကြတယ်။ သူတို့ဟာ လူတွေကို ထိန်းချုပ်ဖို့အတွက် ရှေးရွာဓလေ့တွေနဲ့ ရိုးရာထုံးတမ်းတွေကို အသုံးပြုနေတာပါ။ အသင်းတော်ဆီကို အတင်းပြန်သွားခိုင်းနေတာ။ သူတို့ဟာ ယုံကြည်သူတွေလို့ ပြောကြပေမဲ့ ဘုရားကို နည်းနည်းလေးမှ ကြောက်ရွံ့မှုမရှိကြဘူး။ သဘောသဘာဝအားဖြင့် သူတို့ဟာ ဘုရားနဲ့ သမ္မာတရားကို မုန်းတဲ့ နတ်ဆိုးတွေပဲ။ သူတို့ဟာ နိုင်ငံတော်ဆီသွားတဲ့ ကျွန်တော်တို့ လမ်းကြောင်းပေါ်မှာ အတားအဆီးတွေပဲ။ ကျွန်တော်တို့ဟာ ဘာသာရေးဘုန်းကြီးတွေရဲ့ ထိန်းချုပ်မှုကနေ တကယ်လတ်မြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ သိမြင်မှုတွေ တိုးတက်လာအောင်ကူညီပေးဖို့ ဒီဖိနှိပ်မှုအားလုံးကို ဘုရားက ခွင့်ပြုတယ်ဆိုတာ သိခဲ့တယ်။ ဘုန်းကြီးရဲ့ တိုက်ခိုက်မှုတွေက ကျွန်တော့်ကို အပျက်သဘောဆောင်တဲ့ အခြေအနေမှာ မထားနိုင်ဘဲ တကယ်တမ်းမှာ ကျွန်တော့်ယုံကြည်မှုကို ပိုအားကောင်းစေခဲ့တယ်။ သူတို့ရဲ့ ချုပ်ချယ်မှုတွေကနေလည်း ကျွန်တော် လွတ်မြောက်နိုင်ခဲ့ပြီး ဧဝံဂေလိမျှဝေပြီး သက်သေခံတာကို ဆက်လုပ်နိုင်ခဲ့တယ်။ အချိန်ကြာလာတော့ ကျွန်တော့် သူငယ်ချင်းနဲ့ အမျိုးတချို့ကလည်း ဘုန်းကြီးရဲ့ အပြုအမူကို စပြီး သိမြင်လာတယ်။ သူတို့ထဲက တချို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ စာတန်ရဲ့ လှည့်ကွက်တွေအပေါ်ကို အခြေခံပြီး ဘုရားသခင်ရဲ့ ဉာဏ်ပညာကို အသုံးချတယ်ဆိုတာ ဒါက ကျွန်တော့်ကို ပြပါတယ်။ သင်းအုပ်ဆရာတွေရဲ့ ဖိနှိပ်မှုနဲ့ ပိတ်ဆို့မှုတွေက ဆိတ်တွေကို သိုးတွေကနေ ခွဲခြားပေးတယ်။ တချို့တွေက ဘုန်းကြီးတွေလို ကျွန်တော်တို့ကို လိုက်ဆန့်ကျင်ပေမဲ့ တချို့ကတော့ သူတို့ရဲ့ တကယ့်အနှစ်သာရကို သိမြင်လာကြတယ်။ ဘုရားရဲ့အသံကို သူတို့ကြားပြီး ဘုရားဘက်ကို ခြေဦးလှည့်ကြတယ်။ ဘုရားရဲ့အမှုတော်က အံ့သြဖွယ်ပါပဲ။ လုံးဝ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရားရဲ့ ကောင်းမွန်တဲ့အလိုတော်ရှိတယ်ဆိုတာ ဒီအတွေ့အကြုံက ကျွန်တော့်ကို သင်ကြားပေးခဲ့တယ်။ ဒါက ကျွန်တော်တို့ လိုအပ်တာပါပဲ။ အားလုံးက ကျွန်တော်တို့ကို ကယ်တင်ပြီး စုံလင်စေဖို့ပါ။ အနာဂတ်မှာ ဘာကိုပဲ ကျွန်တော် ရင်ဆိုင်ရပါစေ ဘုရားရဲ့ အစီအစဉ်တွေကို နာခံပြီး သူ့ကို အမှီပြုဖို့ အဆင့်သင့်ဖြစ်ပြီလို့ ကျွန်တော် စိတ်ပိုင်းဖြတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်ုပ်ကို အဘယ်သူ တားဆီးနေသနည်း။

ကျွန်မ ကက်သလစ် အသင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ကျွန်မ ငယ်ရွယ်တုန်းက ကက်သလစ် ကျောင်းကို တက်ခဲ့ပြီး အသင်းတော် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ...

ဘုရားသခင်ကို မယုံကြည်အောင် မိသားစုက ကျွန်ုပ်ကို တားဆီးရန် ကြိုးစားသည့်အခါ

ကျင်ယွဲ့ မလေးရှားနိုင်ငံ ၂၀၁၈ခုနှစ် မတ်လမှာ၊ ကျွန်မအမျိုးတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မဆီ...

ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။