အိမ်၏ အချုပ်အနှောင်မှ လွတ်မြောက်ခြင်း

23.01.2022

ချန်ရှီ တရုတ်နိုင်ငံ

ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီးတဲ့နောက်မကြာခင်မှာ ကျွန်မယောက်ျားဆီ ကျွန်မ ဧဝံဂေလိ ဟောခဲ့တယ်။ ကျွန်မ အံ့ဩသွားရတာက အဲဒါကို ကြားပြီးတဲ့နောက် သူက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း မမှန်ကန်တဲ့ သတင်းမျိုးစုံကို အွန်လိုင်းမှာ တွေ့သွားခဲ့တယ်။ အဲဒါတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် တရုတ်ကွန်မြူနစ်ပါတီ လုပ်ကြံဖန်တီးထားတဲ့ အသရေဖျက်ပြောတဲ့စကားနဲ့ ကောလာဟလတွေပါ။ အဲဒီနောက်၊ သူ ကျွန်မကို စိန်းစိန်းဝါးဝါး ကြည့်ပြီး၊ “ဒါကို ကြည့်ပါဦး။ နင်ယုံတာက တရုတ်ကွန်မြူနစ်ပါတီ နှစ်နဲ့ချီ နှိမ်နင်းခဲ့တဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်းပဲ။ နင့်ကို ဖမ်းလိုက်တာနဲ့၊ စီရင်ချက်ချခံရပြီး ထောင်ထဲအပို့ခံရမှာ။ နင့်ကို ဆက်ပြီး ယုံကြည်ခွင့် မပေးဘူး” လို့ အော်ခဲ့တယ်။ အဲဒီနောက် ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်အားလုံးကို သူ စုတ်ဖြဲလိုက်တယ်။ အဲဒီတုန်းက ကျွန်မ အရမ်းစိတ်ဆိုးသွားခဲ့တယ်။ ဒါပေမယ့် နောက်တော့ ကျွန်မ တွေးမိတာက ကျွန်မယောက်ျားက တရုတ်ကွန်မြူနစ်ပါတီ ကောလာဟလရဲ့ လှည့်ဖြားတာ ခဏတစ်ဖြုတ်ခံရလို့ ကျွန်မကို ဆန့်ကျင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့် နောက်တော့ သူ နားလည်မှာပါပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဘုရားကို ယုံကြည်တာက မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တာကို ကျွန်မ သိနေခဲ့ပြီး လုံးဝ လက်လျှော့မှာ မဟုတ်ပါဘူး။ အဲဒီနောက် ကျွန်မ ယောက်ျားက ကျွန်မရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံဖို့ နေ့တိုင်း ဖုန်းခေါ်ခဲ့တယ်။ အဲဒီတုန်းက၊ ကျွန်မက ဘွဲ့ရ ကျောင်းသူတစ်ယောက်ဖြစ်လို့၊ သူ့ရဲ့ စောင့်ကြည့်မှုကို ရှောင်ဖို့၊ ကျောင်းနားက အစည်းအဝေးတွေကို တက်ခဲ့ပြီး၊ စနေ၊ တနင်္ဂနွေနေ့တွေမှာပဲ အိမ်ပြန်ခဲ့တယ်။ ၂၀၂၁ အကုန်မှာ၊ တရုတ်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် ပိုရူးနှမ်းတဲ့ ဖိနိပ်မှုနဲ့ ဖမ်းဆီးမှု တိုက်ပွဲစဉ်တစ်ခု စခဲ့ချိန်မှာ၊ အင်တာနက်၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချပြီး အသရေဖျက်တဲ့ ကောလာဟလတွေနဲ့ ယုတ္တိအမှားတွေ ရှိခဲ့ပြီး၊ ဘုရားသခင်ကို ယုံကြည်သူတွေကို နေရာအနှံ့ သူတို့ ဖမ်းဆီးနေခဲ့ကြတယ်။ ဘုရားကို ယုံကြည်တဲ့အတွက် ကျွန်မ အဖမ်းခံရမှာ၊ အဲဒါက သူနဲ့ သူ့မိသားစုအပေါ် သက်ရောက်မှာကို ကျွန်မယောက်ျားက ကြောက်ခဲ့တယ်၊ ကျွန်မအပေါ် ချုပ်ချယ်တာတွေက ပိုပိုပြီး ပြင်းထန်လာခဲ့တယ်။ ဘုရားကို ကျွန်မ ဆက်ယုံကြည်ရင် သူ ကျွန်မကို ကွာရှင်းမယ်ပြောပြီး ကျွန်မကို ခြိမ်းလည်းခြိမ်းခြောက်ခဲ့တယ်။ သူအဲဒါပြောတာ ကြားရတော့ ကျွန်မ အရမ်း ဝမ်းနည်းမိတယ်။ တရုတ်ပြည်မှာ၊ ဘုရားကို ယုံကြည်တာက ကျွန်မတို့အတွက် စီရင်ချက်ချခံရပြီး ထောင်ချခံရမယ့် အန္တရာယ်ကို သယ်ဆောင်ရုံမက၊ ကျွန်မတို့ မိသားစုတွေဆီကလည်း နှိပ်ကွပ်တာကို ခံစားကြရတယ်။ ကိစ္စတွေက ကျွန်မတို့အတွက် အရမ်းခက်တယ်။ ကျွန်မတို့ ကွာရှင်းရင်၊ ကျွန်မတို့ သမီး ဘာဖြစ်သွားမလဲလို့ တွေးမိတယ်။ အဲဒီသုံးလေးရက်အတွင်းမှာ ကျွန်မတာဝန်ကို ထမ်းဆောင်ရာမှာ ကျွန်မ စိတ်မဝင်စားခဲ့ဘူး။ ကျွန်မ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရတယ်။

အဲဒီနောက်၊ ကျွန်မရဲ့ အခြေအနေကို ကျွန်မ ညီမတွေထဲက တစ်ယောက်က သိသွားတော့၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြခဲ့တယ်။ အဲဒါ ကျွန်မအတွက် အရမ်း အထောက်အကူဖြစ်လို့ ရှင့်အတွက် ကျွန်မ ဖတ်ပြမယ်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဒီခက်ခဲတဲ့ အခြေအနေတွေက အပြင်ပန်းအားဖြင့် ကျွန်မကို ကျွန်မယောက်ျားက ချုပ်ချယ်တာနဲ့ ဖိနှိပ်တာဖြစ်ပေမယ့် ဒါတကယ်တော့ စာတန်ရဲ့ နှောင့်ယှက်မှုဖြစ်တယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ဘုရားက လူတွေကို ကယ်တင်ချင်တယ်၊ စာတန်က ဘုရားအပေါ်ကျွန်မကို သစ္စာဖောက်စေဖို့၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးပြီး နောက်ဆုံးမှာ သူနဲ့အတူ ငရဲထဲ ဆွဲချခံရစေဖို့ နှောင့်ယှက်၊ ဟန့်တားတာမျိုးစုံ ဖြစ်စေတယ်။ စာတန်က အရမ်း အန္တရာယ်ပေးပြီး ရက်စက်တယ်။ အဲဒီတုန်းက ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းနုနယ်လို့၊ ကျွန်မကို ယုံကြည်ခြင်းပေးဖို့ တောင်းလျှောက်ပါတယ်။ ကျွန်မယောက်ျားကို ကွာရှင်းရမယ်ဆိုရင်တောင်၊ ကိုယ်တော့်ကို ကျွန်မ သစ္စာဖောက်မှာမဟုတ်သလို၊ စာတန်အကြံအစည်တွေရဲ့ လှည့်စားတာခံမှာ မဟုတ်ပါဘူး”ပေါ့။ ဆုတောင်းပြီးတော့၊ အခံရသိပ်မခက်တော့သလို၊ ဧဝံဂေလိကို ကျွန်မ ဆက်ဖြန့်ပြီး ကျွန်မတာဝန်ကို ဖြည့်ဆည်းခဲ့တယ်။

အဲဒီနှစ်အကုန်မှာ အစည်းအဝေးတစ်ခုမှာ ရှင် အဖမ်းခံခဲ့ရတယ်လို့ ကျွန်မ ကြားတယ်။ ရဲတွေက “လူမှုဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်ခြင်း”နဲ့လည်း ကျွန်မကို စွပ်စွဲခဲ့ပြီး ရက် ၃၀ ထိန်းသိမ်းထားခဲ့ကြတယ်။ ကျွန်မကို စစ်မေးတဲ့နေရာမှာ၊ အမျိုးသား လုံခြုံရေး ငှာနက ရဲတွေက ကျွန်မကို၊ “ဘုရားကို ယုံကြည်လို့ မင်းအဖမ်းခံရမှန်း မင်းရဲ့ ကျောင်းက သိပြီးပြီ။ မင်းကို ကျောင်းထုတ်ဖို့ စီစဉ်နေကြတယ်။ ဒါပေမယ့် ငါတို့နဲ့ မင်းပူးပေါင်းဆောင်ရွက်ပြီး မင်းသိထားတာ ငါတို့ကို ပြောရင် မင်းကိုယ်စား တက္ကသိုလ် ငှာနမှူးဆီ ငါတို့ပြောပေးမှာဖြစ်သလို မင်းရဲ့ တက္ကသိုလ် ပညာရေးကို ဆက်နိုင်မှာဖြစ်တယ်။ အဲဒါကို သေချာစဉ်းစား”လို့ ခြိမ်းခြောက်ခဲ့ကြတယ်။ သူတို့ ထွက်သွားတဲ့နောက်၊ အခန်းရဲ့ အေးစက်စက် သံတိုင်တွေကို ကြည့်ပြီး၊ ကျွန်မ လုံးဝ စိတ်အားငယ်ပြီး စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။ ဘုရားကို ယုံကြည်တဲ့အတွက် ကျောင်းကနေ နှင်ထုတ်ခံခဲ့ရရင်၊ အဲဒါက နိုင်ငံရေး ပြဿနာတစ်ခု ဖြစ်မှာ။ အဲဒီ အစွန်းအထင်းက ကျွန်မရဲ့ ကျောင်းသားမှတ်တမ်းနဲ့ ရဲဖိုင်တွေမှာ ကျန်နေတော့မှာ။ ဘယ်ဆေးရုံကမှ ကျွန်မကို တစ်ခါမှ ခန့်မှာ မဟုတ်သလို၊ ဆရာဝန်ဖြစ်လာဖို့ ကျွန်မရဲ့ အိပ်မက်က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ အသက်၃၀ အရွယ်မှာပဲ၊ ကျွန်မရဲ့ ပညာရေး၊ အလုပ်နဲ့ အနာဂတ်တွေ ရှိတော့မှာ မဟုတ်ဘူး။ အနာဂတ်မှာ ကျွန်မ ဘယ်လို အသက်ရှင်ရမလဲ။ ကျွန်မဆွေမျိုးတွေဆီက ခွဲခြားဆက်ဆံမှုနဲ့ အနီးအနားက လူတွေရဲ့ လှောင်ပြောင်မှုကို ကျွန်မ ဘယ်လို ရင်ဆိုင်နိုင်မှာလဲ။ သုံးလေးရက်လောက် ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင်ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ ဒါနဲ့ပတ်သက်လို့ ဘုရားဆီ ကျွန်မ နေ့တိုင်း ဆုတောင်းခဲ့တယ်။ တစ်မနက်တော့၊ ကျွန်မ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကိုယ့်ဘာသာ မရည်ရွယ်ဘဲ ညှည်းနေမိတယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အဓိပ္ပာယ်ပြည့်ဝဆုံး အသက်တာ”) ဘုရားနှုတ်ကပတ်တော် ဓမ္မတေးကို ကျွန်မ ဆိုနေတဲ့အချိန်မှာ အထူး တို့ထိခံခဲ့ရပြီး၊ တားလို့မရအောင် မျက်ရည်တွေ ကျမိခဲ့တယ်။ ကျွန်မက အဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဘုရားကို ယုံကြည်၊ ကိုးကွယ်သင့်တယ်။ ကျွန်မလုပ်တာက သဘာဝကျပြီး မှန်ကန်တဲ့အရာပါ။ ကျွန်မအနေနဲ့ ဘုရားရဲ့ တည်ရှိခြင်းကို အစောပိုင်းအသက်အရွယ်မှာ သိဖို့ သခင့်ကို ယုံကြည်တဲ့ မိသားစုထဲ မွေးဖွားအောင် ဘုရားက စီမံခဲ့တာပါ။ နောက်ဆုံးသော ကာလမှာ၊ ဘုရားက ကျွန်မကို ရွေးချယ်ခဲ့ပြီး သခင့်ရဲ့ အသံကို ကြားခွင့်ပေးခဲ့သလို သူ့ကို လက်ခံရရှိခွင့်ပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလာင်းပေးခြင်းနဲ့ ထောက်ပံ့မှုကို ရရှိခွင့်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်စေခြင်းတို့ကို လက်ခံပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိခွင့်ပေးခဲ့တယ်။ ဒါက မယုံနိုင်လောက်တဲ့ ကောင်းချီးတစ်ခုပါ။ ဘုရားနောက်လိုက်ကြတဲ့ မျိုးဆက်တွေတစ်လျှောက်က လူတွေအများကြီးကို ကျွန်မ တွေးမိခဲ့တယ်။ ဧဝံဂေလိ ဖြန့်ဖို့၊ နှိပ်စက်ခြင်းနဲ့ အခက်အခဲကို သူတို့ ခံစားခဲ့ရပြီး၊ လူတွေအများကြီး သူတို့အသက်တွေကိုတောင် စွန့်ခဲ့ကြတယ်။ သူတို့အားလုံးက နှစ်သက်စရာ၊ ထူးကဲတဲ့ သက်သေခံချက်ကို ဘုရားအတွက် ဖန်တီးခဲ့ကြတယ်။ ဒါက ကျွန်မအတွက် အရမ်း စိတ်တက်ကြွစရာ ဖြစ်ခဲ့တယ်။ ကိုယ့်ရဲ့ အကျိုးစီးပွားနဲ့ အနာဂတ်ကို ကာကွယ်ဖို့ ဘုရားကို ယုံကြည်ခြင်း ကျွန်မ စွန့်ရင်၊ ကျွန်မမှာ အသိစိတ် ရှိသေးရဲ့လား။ လူသားလို့ ကျွန်မ ခေါ်ထိုက်လားလို့ ကျွန်မ တွေးမိခဲ့တယ်။ အဲဒီအတွေးက ကျွန်မကို ခွန်အား ပေးခဲ့ပြီး၊ ကျွန်မ အထုတ်ခံရသည်ဖြစ်စေ၊ ကျွန်မရဲ့ အနာဂတ်နဲ့ ကံကြမ္မာ ဘာဖြစ်လာသည်ဖြစ်စေ၊ ပြီးတော့ အနီးအနားက လူတွေက ကျွန်မကို ဘယ်လိုပစ်ပယ်၊ အသရေဖျက်ကြပါစေ၊ ဘုရားကို သစ္စာဖောက်မှာ မဟုတ်သလို၊ ဘုရားအတွက် သက်သေရပ်တည်မယ်လို့ ကျွန်မ သစ္စာတစ်ခု ကျိန်ဆိုခဲ့တယ်။ ကျွန်မကို နောက်ဆုံး စစ်မေးတဲ့နေရာမှာ၊ အရမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မက ရဲတွေကို၊ “ကျောင်းက ကျွန်မကို ထုတ်ရင်၊ ကျောင်းကိုသွားပြီး ကျွန်မပစ္စည်းတွေ သွားသိမ်းဖို့ ကျွန်မယောက်ျားကို ပြောပေးပါလို့ပဲ ရှင်တို့ကို တောင်းဆိုပါတယ်” လို့ ပြောလိုက်တယ်။ ကျွန်မ ဘယ်လောက် စိတ်ပြတ်သားမှန်း ရဲတွေမြင်တဲ့အခါ၊ အရမ်း စိတ်ဓာတ်ကျသွားပုံနဲ့ ထွက်သွားကြတယ်။ ဘုရားကို ကျွန်မ အရမ်းကျေးဇူးတင်တယ်။

ကျွန်မ လွတ်လာပြီး အိမ်ကို အပို့ခံရပြီးတဲ့နောက်၊ ကျွန်မ ယောက်ျားက စိတ်ဆိုးမာန်ဆိုးနဲ့၊ “ဘုရားကို ယုံကြည်တဲ့အတွက် မင်း ပြန်အဖမ်းခံရရင်၊ တစ်လ ထိန်းသိမ်းရုံလောက်ပဲ ဖြစ်မှာ မဟုတ်တော့ဘူးလို့ ငါ့ကို ရဲတွေ ပြောတယ်။ ဒါက ငါနဲ့ ငါ့သမီးကိုလည်း ထိခိုက်မှာပဲ။ ငါတို့ သမီးလေးက တက္ကသိုလ် သွားနိုင်မှာ မဟုတ်ဘူး၊ အလုပ်ကောင်းကောင်း ရမှာမဟုတ်သလို၊ ပြည်သူ့ဝန်ထမ်း လုပ်လို့ရမှာ မဟုတ်ဘူး။ မင်းနားမလည်ဘူးလား။ ဘုရားကို ယုံကြည်တဲ့အတွက် မင်း အဖမ်းခံရလို့၊ တစ်လကြာ ငါလည်း ဒုက္ခခံခဲ့ရတယ်။ ဘယ်နှစ်ကြိမ် ငါ ငိုခဲ့ရတယ်ဆိုတာ မပြောနိုင်သလို၊ ကားအက်ဆီးဒင့်တောင် ဖြစ်ခါနီးနီးလေးပဲ။ မင်းကို ထောင်ကထုတ်ဖို့၊ အကူအညီ သွားတောင်းခဲ့ရပြီး ကိုယ့်ဘာသာ လုံးဝ အရှက်ရခဲ့တယ်။ အဲဒီလို ထပ်ပြီး ဆင်းရဲဒုက္ခခံဖို့ ရည်ရွယ်တောင် မရည်ရွယ်ထားဘူး” လို့ ပြောခဲ့တယ်။ ယုံကြည်တာကို ရပ်ပြီး ကျွန်မ မိသားစုနဲ့ပတ်သက်လို့ ပိုစဉ်းစားပေးနိုင်မလား လို့လည်း သူက မေးခဲ့တယ်။ အဲဒါအပြင်၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို ဆက်သွယ်ရာကနေ ကျွန်မကို တားဖို့၊ ရာဇဝတ်သားတစ်ယောက်လို ကျွန်မကို သူ စောင့်ကြည့်ခဲ့တယ်။ ကျွန်မကို အိမ်ကထွက်ခွင့်မပေးသလို လွတ်လပ်မှု တစ်ခုမှ လုံးဝ မပေးခဲ့ဘူး။ သူ အလုပ်သွားတဲ့အခါ၊ သူ့အမေကို ကျွန်မကို စောင့်ကြည့်ခိုင်းထားခဲ့တယ်။ ကျွန်မ ဘယ်မှာရှိပြီး ဘာလုပ်နေတယ်ဆိုတာကို သူ အဆက်မပြတ် ဖုန်းဆက်မေးတယ်။ တရုတ်ကွန်မြူနစ်ပါတီကို မနာခံခြင်းရဲ့ အကျိုးဆက်တွေကို ကျွန်မကို သိစေဖို့နဲ့ ဘုရားကို ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ စိတ်ကူးတွေကို ရှင်းပစ်ဖို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တော်လှန်တဲ့ လှုပ်ရှားမှု အမျိုးမျိုးနဲ့ အသုံးပြုထားတဲ့ ကြမ်းတမ်းတဲ့ ပပျောက်ရေး နည်းစနစ်တွေကိုလည်း ကျွန်မကို သူ မရပ်မနားပြောခဲ့တယ်။ သူက၊ “မင်းရဲ့ အသင်းတော်အကြောင်း တရုတ်ကွန်မြူနစ်ပါတီ လုပ်ကြံဖန်တီးတဲ့ ကောလာဟာလတွေ မမှန်တာ ငါသိတယ်။ မင်းက ဘုရားကို ယုံကြည်ချင်တယ်၊ သူတို့က ခွင့်မပြုဘူး။ ဒါပေမယ့် မင်း မနာခံရင်၊ မင်းဘဝကို သူတို့ ဖျက်ဆီးပစ်ကြမှာ။ ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်းနဲ့ ဇွန်လ စတ္တုထမြောက် အဖြစ်အပျက်မှာ အရမ်းဝမ်းနည်းဖွယ်ရာ သေခဲ့ရသူတွေကို ကြည့်လိုက်။ တရုတ်ကွန်မြူနစ်ပါတီကို ပြစ်မှားပုန်ကန်ရင်၊ နိုင်ငံခြားမှာတောင် မင်းမလွတ်နိုင်ဘူး” လို့လည်း ပြောခဲ့တယ်။ ကျွန်မရဲ့ ယောက္ခမလည်း ဝင်ပြီးပြောတယ်။ “တရုတ်ကွန်မြူနစ်ပါတီက မကောင်းပေမယ့် သူတို့က အာဏာကိုင်ထားတယ်လေ။ ငါတို့က သာမန်လူတွေပဲဖြစ်ပြီး သူတို့ကို ဆန့်ကျင်ရလောက်အောင် အားမကောင်းကြဘူး” တဲ့။ အဲဒီနောက်၊ ဘုရားကို ကျွန်မယုံကြည်တာကြောင့် ကျွန်မ ကျောင်းထုတ်ခံခဲ့ရပြီး၊ ကျွန်မယောက်ျားက မိသားစုအပေါ် ဖြစ်ပျက်တဲ့ မကောင်းတဲ့အရာ မှန်သမျှကို ကျွန်မရဲ့ ဘုရားယုံကြည်မှုအပေါ် အပြစ်ဖို့ခဲ့တယ်။ သူ့ကို တစ်ခုခုက အနှောင့်အယှက်ပေးတဲ့အခါတိုင်း၊ ကျွန်မကို သူ ကြိမ်းမောင်းတယ်၊ လှောင်ပြောင်ပြီး ထေ့ငေါ့တယ်။ ဒီလိုဘဝမျိုးကို ရင်ဆိုင်ရတော့ ကျွန်မ အရမ်း ဝမ်းနည်းအားငယ်သွားမိပြီး၊ အဲဒါအပြင် ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ မဖတ်နိုင်ခဲ့သလို၊ ညီအစ်ကို မောင်နှမတွေကို မဆက်သွယ်နိုင်ခဲ့ဘူး။ ဒီတော့ ကျွန်မ အထူးသဖြင့် စိတ်မချမ်းမြေ့ဖြစ်ခဲ့ပြီး၊ အဲဒီနေ့တွေ ဘယ်တော့ အဆုံးသတ်မယ်ဆိုတာ မသိခဲ့ဘူး။

အဲဒီကာလအတွင်းမှာ၊ ကျွန်မကို အသိဉာဏ်ပွင့်လင်းစေဖို့၊ လမ်းပြဖို့၊ သူ့ရဲ့ အလိုတော်ကို သိနားလည်ခွင့်ပေးအောင် တောင်းလျှောက်ဖို့ ဘုရားဆီ ကျွန်မ မကြာခဏ ဆုတောင်းခဲ့တယ်။ တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်- “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဟုတ်တယ်၊ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တာက၊ အဆင်းနီတဲ့ နဂါးကြီးက ဘုရားကို စက်ဆုပ်ပြီး သွေးရူးသွေးတန်း ခုခံတာကြောင့်၊ တရုတ်ပြည်က ဘုရားကို ယုံကြည်သူတွေအနေနဲ့၊ ဆင်းရဲဒုက္ခအများကြီးကို ကျွန်မတို့ ကြံ့ကြံ့ခံရမှာ သေချာတယ်၊ ဒါပေမယ့် ဒီဆင်းရဲဒုက္ခက အဓိပ္ပာယ်ရှိပါတယ်။ ဘုရားက ဒီဆင်းရဲဒုက္ခနဲ့ အတိဒုက္ခမျိုးကို ကျွန်မတို့ကို စုံလင်စေပြီး ချင့်ချိန်နိုင်စွမ်းပေးဖို့ အသုံးပြုတာပါ။ ဘုရားကို ကျွန်မ ယုံကြည်တာကြောင့်ပဲ၊ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မကို ထိန်းသိမ်းခဲ့ပြီးပြီ၊ ကျွန်မကို ကျွန်မရဲ့ ကျောင်းကနေ ထုတ်စေခဲ့ပြီးပြီဖြစ်သလို၊ ကျွန်မကို ခြိမ်းခြောက်ဖို့နဲ့ မှန်တဲ့လမ်းခရီးကို အတင်းစွန့်လွှတ်စေဖို့ ကျွန်မ မိသားစုရဲ့ အလုပ်နဲ့ အနာဂတ်ကို အသုံးပြုခဲ့ပြီးပြီပဲလို့ တွေးမိတယ်။ တရုတ်ကွန်မြူနစ်ပါတီက တကယ် ဆိုးယုတ်ပါတယ်။ ကျွန်မယောက်ျားက တရုတ်ကွန်မြူနစ်ပါတီရဲ့ ကောလာဟလတွေနဲ့ အလိမ်အညာတွေကို ယုံပြီး၊ သူတို့ရဲ့ ကြမ်းတမ်းတဲ့ ပပျောက်ရေး စီမံချက်တွေကို ကြောက်လို့ ဘုရားကို ယုံကြည်ရာကနေ ကျွန်မကို တားဖို့ ကြိုးစားခဲ့တယ်။ တရုတ်ကွန်ုမြူနစ်ပါတီရဲ့ နှိပ်စက်မှုကို ကိုယ်တိုင် တွေ့ကြုံတာက တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြမ်းကြုတ်ရက်စက်စွာ ဆိုးယုတ်ပြီး သမ္မာတရားကို မုန်းတီးနေတဲ့ ဘီလူးသရဲစီးနေတဲ့ အနှစ်သာရကို မြင်ခွင့်ပေးခဲ့တယ်။ ကျွန်မကို တရုတ်ကွန်မြူနစ်ပါတီက နှိပ်စက်လေလေ၊ အဲဒါကို ကျွန်မ ပိုငြင်းပယ်၊ ပိုစွန့်ပစ်မှာဖြစ်ပြီး၊ အဆုံးထိ ဘုရားနောက်လိုက်မယ်လို့ တွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ မဖတ်နိုင်ဘူး၊ ညီအစ်ကို မောင်နှမတွေကို မဆက်သွယ်နိုင်ဘူးဆိုပေမယ့်၊ ဘုရားက သစ္စာရှိပြီး ကျွန်မအတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးမယ်လို့ ယုံကြည်ခဲ့တယ်။

ဆယ်လကြာပြီးတဲ့နောက်၊ နောက်ဆုံးမှာ အသင်းတော်ကို ဆက်သွယ်ဖို့ အခွင့်အရေးတစ်ခု ကျွန်မ တွေ့ခဲ့တယ်။ နောက်ဆုံးတော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်နိုင်တဲ့အခါ၊ ကျွန်မ အရမ်းပျော်ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်ရဲ့ အဖိုးတန်မှုကို ပိုပြီးတောင် ခံစားခဲ့ရတယ်။ ဖတ်လေလေ၊ ပိုထင်ရှားပြတ်သားလေဖြစ်ပြီး ပိုအားတိုးစေလေလေ ဖြစ်တယ်လို့ ခံစားရတယ်။ လအတော်များများ ကြာပြီးတဲ့နောက် တစ်နေ့မှာ၊ အခန်းထဲက ကျွန်မရဲ့ ဝတ်ပြုကိုးကွယ်မှု မှတ်စုစာအုပ်ကို ကျွန်မယောက်ျားက တွေ့သွားတယ်။ ကျွန်မ ဘုရားကို ယုံကြည်ဆဲပဲဖြစ်တာကို သူ သိလိုက်တဲ့အခါ၊ စိတ်ဆိုးဒေါသထွက်သွားပြီး၊ ကျွန်မကို လက်သီးတစ်ချက်ထိုးပြီး ကျွန်မ မြေပေါ်လဲကျသွားပြီးနောက်မှာ ခေါင်းကို အနည်းဆုံး အခါနှစ်ဆယ်ကျော် သူ ထိုးခဲ့တယ်။ ကျွန်မ အထိုးခံလိုက်ရလို့ သတိရတစ်ချက် မရတစ်ချက် ဖြစ်ပြီး မူးဝေသွားတယ်၊ ပြီးတော့ ခေါင်းမှာ ခိုဥအရွယ် အဖုတွေ ထွက်လာတယ်။ ကျွန်မ ယောက်ျား မျက်နှာပေါ်က အေးစက်စက် ဒေါသနဲ့ ကျွန်မရဲ့ ၆ နှစ်အရွယ် သမီးလေး အရမ်းထိတ်လန့်ပြီး စငိုခဲ့ပုံကို ကျွန်မ သတိရတယ်။ “မေမေ့ကို မရိုက်ပါနဲ့။ မေမေ့ကို မရိုက်ပါနဲ့”တဲ့။ ကျွန်မယောက်ျားက၊ “ဘုရားကို မင်း ဆက်ယုံနေမယ်ဆိုရင်၊ ငါ့အိမ်က ထွက်သွား”လို့ ပြင်းပြင်းထန်ထန် ပြောနေရင်းနဲ့ ကျွန်မကို ကျွန်မရဲ့ ကော်လာကနေ ဆွဲပြီး တခါးအပြင်ကို ပစ်ပေါက်လိုက်တယ်။ ကျွန်မယောက်ျား ပြောင်းလဲသွားခဲ့ပုံ၊ သူ ဘယ်လောက် ရက်စက်ပြီး အကြင်နာမဲ့ပုံ၊ ကျွန်မတို့ အတူရှိခဲ့တဲ့ နှစ်တွေကို လုံးဝ ဂရုမစိုက်ပုံကို ကျွန်မ မြင်လိုက်ရတဲ့အခါ၊ ကျွန်မ စိတ်နှလုံး ကြေကွဲခံစားခဲ့ရတယ်။ မခံမရပ်နိုင်အဖြစ်ရဆုံးက သူ့ရဲ့ ကြမ်းတမ်းတဲ့ ဒေါသကို ကျွန်မ သမီးလေး ကြောက်နေပုံကို မြင်နေရတာပါပဲ။ သူ ကျွန်မဆီ ချဉ်းကပ်လာတာနဲ့ ကျွန်မကို ရိုက်တော့မယ်လို့ ကျွန်မသမီးလေးက ထင်ခဲ့တယ်၊ ဒါကြောင့် ကျွန်မရှေ့ကို သူ ပြေးသွားပြီး ကျွန်မကို ကာကွယ်ဖို့ သူ့လက်မောင်းလေးတွေကို မြှောက်ပြီး၊ “အမေ့ဆီကနေ ဝေးဝေးနေ” လို့ ပြောခဲ့တယ်။ တစ်ခါတလေ၊ ကျွန်မ အပေါ်ထပ်မှာရှိနေတုန်း၊ ကျွန်မယောက်ျားက လှေကားတွေနား ရောက်လာတာနဲ့၊ အပေါ်ထပ်တက်မသွားဖို့ ကျွန်မသမီးလေးက သူ့ကို အော်ဟစ်ခဲ့တယ်။ ကျွန်မ သမီးလေးရဲ့ မျက်နှာမှာ အကြောက်တရားနဲ့ ပူပန်သောက အရမ်းပြည့်နေတာ၊ အင်မတန် ငယ်တဲ့အရွယ်မှာ အိမ်တွင်း အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုကို မြင်ရတိုင်း၊ ကျွန်မ နှလုံးသားကို ဓားနဲ့မွှန်းနေသလို ဖြစ်ခဲ့ပြီး၊ အဆင်းနီတဲ့ နဂါးကြီးကို ပိုလို့တောင် ကျွန်မ မုန်းခဲ့တယ်။ ဒီဘေးဒုက္ခအားလုံးကို ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်ညှဉ်းပန်းမှုက ဖြစ်စေခဲ့တာပါ။

တစ်နေ့မှာ ကျွန်မယောက်ျား အလုပ်က ပြန်လာတော့၊ သူ့ဖုန်းကို ထုတ်ပြီး၊ “ဒီမှာ၊ တရုတ်ကွန်မြူနစ်ပါတီက လူအများကြီးကို ထပ်ဖမ်းလိုက်ပြီ။ မင်းယုံကြည်ချင်နေတုန်းပဲလား။ သေဖို့ဆန္ဒများ မင်းမှာ ရှိလား။ ဘုရားကို မင်း ယုံလို့ရတယ်၊ ကိစ္စမရှိဘူး၊ ဒါပေမယ့် မင်းနဲ့အတူ ငါနဲ့ ငါတို့သမီးလေးကို ဆွဲမချနဲ့။ မင်း ထပ်အဖမ်းခံရရင်၊ ငါတို့ရဲ့ ဘဝတွေက မရုန်းကန်နိုင်အောင်ဖြစ်လာလိမ့်မယ်။ ဘုရားကို ယုံကြည်တဲ့ လမ်းကြောင်းကို မင်းလျှောက်မယ်လို့ ငါသိခဲ့ရင်၊ မင်းကို ငါ လက်ထပ်ခဲ့မှာ မဟုတ်ဘူး” လို့ ဒေါသတကြီး ပြောခဲ့တယ်။ ကျွန်မယောက်ျား ပြောလိုက်တဲ့အရာက ကျွန်မကို အရမ်းနက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့တယ်။ အရင်အချိန်ကာလနဲ့ပတ်သက်လို့၊ ဘုရားကို ကျွန်မ ယုံကြည်တာကြောင့်ပဲ ကျွန်မကို သူ ရာဇဝတ်သားတစ်ယောက်ထက် ပိုနည်းပါးတဲ့ လွတ်လပ်မှု ပေးခဲ့ပုံ၊ ကျွန်မကို မကြာခဏ ရိုက်နှက်ခဲ့ပုံနဲ့ ဒါက ကျွန်မသမီးလေးကို နာကျင်စေခဲ့ပုံတွေကို ကျွန်မ ပြန်တွေးမိခဲ့ပြီး၊ ကျွန်မ နောက်ထပ် ညှိနှိုင်းလို့မရတော့တာကို နားလည်လိုက်တယ်။ ဒါကြောင့် ကွာရှင်းဖို့အတွက် ကျွန်မယောက်ျားရဲ့ တောင်းဆိုမှုကို ကျွန်မ သဘောတူလိုက်တယ်။ ဘုရားကို ကျွန်မ မရမက ဆက်ယုံကြည်နေတာ သူမြင်တဲ့အခါ ကျွန်မ အစ်ကိုကိုခေါ်ပြီး ကျွန်မကို သူ ဖျောင်းဖျခိုင်းခဲ့တယ်။ ကျွန်မအစ်ကိုက ကျွန်မကို အမြဲ ချစ်သလို၊ ကျွန်မအပေါ် အမြဲ ဂုဏ်ယူနေခဲ့တာလေ၊ ဒါပေမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာ ကျွန်မ ခံခဲ့ရလို့ ကျောင်းကနေ အထုတ်ခံခဲ့ရပြီး ကျွန်မရဲ့ တက္ကသိုလ် ပညာရေးတွေကို ဆက်မလုပ်ဖို့ တားမြစ်ခံခဲ့ရတာကိုး။ အဲဒီနောက် ကျွန်မ ကွာရှင်းခဲ့ရင်၊ ကျွန်မက လုံးဝကို လှောင်ပြောင်ကဲ့ရဲ့စရာအဖြစ်ကို ရောက်သွားတော့မှာလေ။ ကျွန်မအစ်ကို အရမ်း စိတ်ပျက်သွားခဲ့မှာပဲ။ ကျွန်မအစ်ကိုကို ဘယ်လို ရင်ဆိုင်ရမယ်မှန်း ကျွန်မ မသိခဲ့ဘူး။ စိတ်နှလုံးထဲမှာ ဘုရားကို အော်ဟစ်ခဲ့ပြီး၊ ဘုရားအတွက် သက်သေရပ်တည်နိုင်ဖို့နဲ့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်၊ ဘုရားကို ယုံကြည်မှု ကျွန်မ လုံးဝ မစွန့်လွှတ်အောင် ကျွန်မကို ခွန်အားပေးဖို့ သူ့ကို တောင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်၊ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) မှန်တယ်။ ဘုရားက လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့တာဖြစ်ပြီး ဘုရားကို ယုံကြည်တာနဲ့ ဘုရားနောက်လိုက်တာက သဘာဝကျပြီး မှန်ကန်တယ်။ ကျွန်မတို့ ရွေးချယ်တဲ့ လမ်းကြောင်းမှာ ကျွန်မတို့ ခိုင်ခိုင်မာမာရပ်ရမယ်၊ ပြီးတော့ စာတန်ရဲ့ လှည့်စားတာ ခံလို့မရဘူး။ အရင်းနှီးဆုံး လူတွေကိုတောင် နှောင့်ယှက်ခွင့်ပေးလို့ မဖြစ်ဘူး။ ဒါကြောင့်၊ အဲဒီနောက် ကျွန်မရဲ့ အစ်ကို ရှေ့မှာ၊ ဘုရားကို ကျွန်မ ယုံကြည်မှုနဲ့ပတ်သက်ပြီး ဖြစ်သမျှအားလုံးကို ကျွန်မ ယောက်ျားက ကျွန်မကို အပြစ်တင်ခဲ့တယ်။ ကျွန်မ ဘယ်လောက် တည်ငြိမ်မှန်း ကျွန်မယောက်ျားက မြင်တဲ့အခါ၊ ကျွန်မကို ရိုက်ဖို့ လက်ကို မြှောက်လိုက်ပေမယ့်၊ ကျွန်မအစ်ကိုက သူ့ကို တားလိုက်တယ်။ အစ်ကိုက တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကို၊ “ညီမလေးက အရွယ်ရောက်နေပြီ၊ ကိုယ့်ဘဝနဲ့ပတ်သက်လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ညီမလေး ချလို့ရတယ်။ ဒါပေမယ့် နင် ကွာရှင်းလိုက်ရင် နင့်ရဲ့ သမီးလေး ဘာဖြစ်မလဲဆိုတာကို စဉ်းစားဖို့လိုတယ်။ အစ်ကို့ သမီး ဘာဖြစ်ခဲ့လဲဆိုတာကို ကြည့်ရင်၊ ညီမရဲ့ သမီးလေး ဘာဖြစ်မလဲဆိုတာကို ညီမ သိမှာပါ...” လို့ ပြောခဲ့တယ်။ ကျွန်မ အစ်ကိုရဲ့ စကားက ကျွန်မကို ခဏ စိတ်မကောင်းဖြစ်သွားစေခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကွာရှင်းပြတ်ဆဲမှုအကြောင်းနဲ့ သူ့သမီးက အနီးဝန်းကျင်က လူတွေရဲ့ လှောင်ပြောင်၊ အထင်သေးတာ မကြာခဏ ခံခဲ့ရပုံကို ကျွန်မ တွေးမိခဲ့လို့ပါ။ မိခင်မရှိဘဲနေဖို့က ကလေးတစ်ယောက်အတွက် သိပ်သနားစရားကောင်းပါတယ်။ ကျွန်မ ကွာရှင်းရင်၊ ကျွန်မ သမီးလေးလည်း အမိမဲ့ ကလေးတစ်ယောက် ဖြစ်လာမှာ မဟုတ်လားလို့ တွေးမိတယ်။ သူ့အနေနဲ့ သူ့ဆရာ၊ ဆရာမတွေနဲ့ အတန်းဖော်တွေရဲ့ ခွဲခြားဆက်ဆံတာ၊ လှောင်တာ ခံရမှာ မဟုတ်လား။ သူ့ဘေးမှာ ကျွန်မ မရှိဘဲနဲ့၊ သူ့ရဲ့ မယုံကြည်သူ ဖခင်၊ အဖိုးအဖွားတွေနဲ့ သူနေရင်၊ ဘုရားကို ယုံကြည်တဲ့ လမ်းကြောင်းကို သူ လျှောက်နိုင်ပါ့မလား။ သူဘယ်လောက် ငယ်ရွယ်သေးတဲ့ပုံကို တွေးမိအခါ၊ သူနဲ့ကျွန်မ အခွဲမခံနိုင်အောင် ခံစားရတယ်။

အဲဒီကာလအတောအတွင်းမှာ ကျွန်မ တကယ့်ကို စိတ်မချမ်းမြေ့ဖြစ်ခဲ့ရလို့၊ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မ သမီးလေးကို ကျွန်မ လက်မလွတ်နိုင်ဘူး။ သူ့ရဲ့အနာဂတ်အကြောင်း စဉ်းစားတော့ ကျွန်မ အမြဲ ဝမ်းနည်းမိတယ်။ ကျွန်မကို အသိဉာဏ်ပွင့်စေဖို့၊ လမ်းပြပြီး ကျွန်မစိတ်နှလုံးကို ကွယ်ကာဖို့ ကိုယ်တော်ကို ကျွန်မ တောင်းလျှာက်ပါတယ်”ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရပြီး၊ အဲဒီမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှာတွေ့ခဲ့တယ်။ “ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွှယ်မှု မရှိသည့်အတွက်၊ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ကလေးတစ်ယောက်၏ ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားမှာ သူကြီးပြင်းဖို့ ပုံစံကျသည့် ပတ်ဝန်းကျင်ကို ပံ့ပိုးဖို့ဖြစ်ပါသည်။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ယင်းကို အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်သကဲ့သို့ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်သရွေ့၊ လူတိုင်းက အမှီအခိုကင်းကာ လူတိုင်း မိမိ၏ ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။ ထို့ကြောင့် မည်သူ၏မိဘကမျှ တစ်ဦးတစ်ယောက်၏ ဘဝကံကြမ္မာကို တွန်းလှန်မပယ်ရှားနိုင် သို့မဟုတ် ဘဝတွင် သူပြုမူလှုပ်ရှားသည့် အခန်းကဏ္ဍအပေါ် လွှမ်းမိုးမှုအနည်းငယ်ပင် အသုံးမပြုနိုင်ပေ။...မည်သူ၏ မိဘကမျှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရ။ အလားတူ၊ မည်သူ၏ ဆွေမျိုးများကမျှ ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်ယူဖို့ မကူညီနိုင်ပေ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သည့် ပတ်ဝန်းကျင်မျိုး၌ ဆောင်ရွက်သည် ဆိုသည့်အရာ များသည် သူ့ဘဝ ကံကြမ္မာအားဖြင့် လုံးဝ သတ်မှတ်ပြီးဖြစ်သည်။ တစ်ခြားနည်းနှင့်ပြောရလျှင်၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားသည့် လူတစ်ယောက်၏ တာဝန်ကို အခြား ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ မလွှမ်းမိုးနိုင်ပါ။ လူအားလုံးက သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်၌ ရင့်ကျက်လာကြသည်၊ ထို့နောက် တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီး တစ်ဆင့် ဘဝတွင် သူတို့၏ ကိုယ်ပိုင် လမ်းများပေါ် ခရီးစတင် လာကြပြီး ၎င်းတို့အတွက် ဖန်ဆင်းရှင်အားဖြင့် စီစဉ်ထားသည့် ကံတရားများကို ဖြည့်ဆည်းကြလေသည်။ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ အတွက်၊ အဖန်ဆင်းခံများအနေဖြင့် သူတို့၏ တာဝန် ဝတ္တရားတွေကို စတင်ဖြည့်ဆည်းသည့်နေရာဖြစ်သော ကျယ်ပြန့်လှသည့် လူသား သဘာဝ ပင်လယ်ထဲသို့ အမှတ်တမဲ့ ဝင်ရောက်ကြပြီး ဘဝ၌ ၎င်းတို့၏ကျရာနေရာများကို ယူကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) နောက်ထပ် တစ်ပိုဒ်ရှိသေးတယ်။ “လူတို့၏ အစီအစဉ်များနှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ ၎င်းတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ ၎င်းတို့ ကလေးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ထိုကဲ့သို့သော အရာများကို ၎င်းတို့သတ်မှတ်၍ မရနိုင်၊ ၎င်းတို့ကလေးများ၏ ကံကြမ္မာက ၎င်းတို့လက်များ၌ လုံးဝ ရှိမနေသည်ကို ၎င်းတို့ မသိကြသလော။ လူသားများသည် ၎င်းတို့ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပေ။ သို့တိုင် ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ကံကြမ္မာများမှ ၎င်းတို့လွတ်မြောက်ဖို့ အစွမ်းမရှိကြပါ။ သို့တိုင် ၎င်းတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားကြ၏။ သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ပိုပြီးခန့်မှန်းနေကြခြင်း မဟုတ်လော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဟုတ်တယ်၊ ဘုရားက အရာရာကို ဖန်ဆင်းခဲ့ပြီး အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိတယ်၊ ပြီးတော့ လူတွေရဲ့ ကံကြမ္မာတွေက ဘုရားရဲ့ လက်ထဲမှာ ရှိတယ်။ မိဘတွေက ကလေးတွေကို ပြုစုရုံပြုစုပျိုးထောင်ကြတာ၊ ကလေးရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ကြဘူး။ ကျွန်မ သမီးလေးရဲ့ ဘဝကို ကျွန်မ ဩဇာညောင်းပြီး ထိန်းချုပ်နိုင်မယ်၊ သူ့ဘေးမှာ ကျွန်မ ရှိသရွေ့ ပျော်ရွှင်မှုကို သူ ရှာတွေ့နိုင်မယ်၊ ပြီးတော့ ဘုရားကိုယုံကြည်မှု လမ်းကြောင်းဆီ သူ့ကို ကျွန်မ ဦးဆောင်နိုင်မယ်လို့ အမြဲ ထင်ခဲ့တယ်။ ဒါပေမယ့် ထပ်တွေးကြည့်တော့၊ ကိုယ့်ကံကြမ္မာအပေါ်တောင် ကျွန်မ ထိန်းချုပ်မှု မရှိဘူးလေ၊ ဒီတော့ ဘယ်လိုဖြစ်ပြီး ကျွန်မ သမီးရဲ့ ကံကြမ္မာကို ကျွန်မ ထိန်းချုပ်နိုင်မှာလဲ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ သမီး နေမကောင်းဖြစ်ပြီး သတိလစ်သွားတဲ့အချက်ကို တွေးမိတယ်၊ သူ့ရဲ့ ဝေဒနာကို ကျွန်မ မသက်သာစေနိုင်ခဲ့ဘူး၊ ရပ်ကြည့်ရုံ ရပ်ကြည့်နိုင်ခဲ့တယ်။ ကျွန်မ သမီးလေးကို ကာကွယ်ပေးဖို့ ဘုရားကို တောင်းလျှောက်တာပဲလုပ်နိုင်ခဲ့တယ်။ ကျွန်မ သမီးလေး ကျောက်ထရံကို တက်နေတုန်း ခလုတ်တိုက်ပြီး ကျခါနီးနီး ဖြစ်ခဲ့တယ်။ ကျွန်မ ဘာတစ်ခုမှ လုံးဝ မလုပ်နိုင်ခဲ့ဘူး။ ထူးထူးဆန်းဆန်း တောင်ကမ်းပါးစွန်းမှာရှိတဲ့ သစ်ပင်ခြောက်ကြောင့် သူ သက်သာရာရသွားခဲ့တယ်။ ဒီအချက်တွေက ကျွန်မကို နားလည်သွားစေတယ်၊ ကျွန်မ သမီးလေးကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းနဲ့ ကျွန်မ စောင့်ရှောက်ပေမယ့်၊ သူ နေမကောင်းမဖြစ်ဘူး ဘေးဒုက္ခ မခံစားရဘူးဆိုတဲ့ အာမခံချက် မရှိဘူး။ ဒီအရာတွေကို နားလည်လိုက်တာနဲ့၊ ကျွန်မ အရမ်းကို စိတ်သက်သာရာ ရသွားခဲ့တယ်။ ကျွန်မကလေးရဲ့ အသက်ကို ဘုရားလက်ထဲထားပြီး ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့၊ အစီအစဉ်တွေကို ကျွန်မ နာခံသင့်မှန်း သဘောပေါက်ခဲ့တယ်။ အဖန်ဆင်းခံတစ်ဦးအနေနဲ့ ဒါက ကျွန်မလုပ်သင့်တဲ့အရာပါ။

နောက်ပိုင်းမှာ၊ ကျွန်မက ဘုရားကို မရမက ယုံကြည်နေမှန်း ကျွန်မယောက်ျားက မြင်တော့၊ ကျွန်မကို ကွာဖို့ သူဆုံးဖြတ်ခဲ့တယ်။ သူ ကျွန်မကို ဘာမှမပါပဲ အိမ်ကနေ ထွက်ခိုင်းခဲ့ပြီး၊ ကျွန်မ သမီးလေးကို စောင့်ရှောက်ခွင့်ပေးဖို့ ငြင်းခဲ့တယ်။ ကျွန်မရဲ့ အလည်အပတ်လာခွင့်တွေကိုတောင် သူက သိမ်းယူသွားချင်ခဲ့တယ်။ ပစ္စည်းဥစ္စာ ခွဲတာနဲ့ပတ်သက်လို့ သူ့ကို ကျွန်မ တောင်းဆိုတဲ့အခါ၊ သံခွက်နဲ့ ကျွန်မခေါင်းကို ရိုက်ဖို့ သူ ကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်မ လက်တွေကို ဒီလိုသုံးခဲ့ပေမယ့် ကျွန်မရဲ့ လက်ကောက်ဝတ်တွေ ပွန်းပဲ့သွားတယ်။ အဲဒါကြောင့် လေးတဲ့ပစ္စည်းတွေကို နှစ်လကြာ မသယ်နိုင်ဘူး။ အဲဒီခွက်နဲ့ပဲ ကျွန်မ ကျောကိုလည်း သူ အကြိမ်ကြိမ် ရိုက်တယ်။ အဲဒါကြောင့် ကျွန်မ တစ်လကျော်ကြာ ပြင်းပြင်းထန်ထန် ချောင်းဆိုးခဲ့တယ်။ ဒါတွေအားလုံးလုပ်ပြီးတဲ့နောက် အလုပ်ကနေ ကျွန်မ စုထားခဲ့တဲ့ ငွေသိန်းချီကို သူ သိမ်းယူခဲ့တယ်။ သူက၊ “ဘုရားကို မင်းယုံကြည်တယ်၊ ဟုတ်တယ်မလား။ အဲဒါဆို မင်းရဲ့ ဘုရားဆီသွားလိုက်၊ မင်းကို ကျွေးဖို့နဲ့ အဝတ်အစားပေးဖို့ ဘုရားဆီ တောင်းလိုက်လေ”လို့ ပြောတယ်။ ကျွန်မရဲ့ ယောက်ျားက အရမ်း မလျော်မကန် လုပ်နေတာမြင်တော့၊ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်၊ “ဘုရားသခင်အကြောင်း ထုတ်ဖော်ပြောဆိုသောအခါ လူတစ်ဦးသည် ဒေါသထွက်ပြီး ဒေါသူပုန်ထပါက၊ သူသည် ဘုရားသခင်ကို မြင်ဖူးပြီလော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကို ၎င်းက သိပါသလော။ ဘုရားသခင် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ၊ ဘုရားသခင်ကို မယုံကြည်သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို စကားပြောဆိုဖူးခြင်း မရှိပေ။ ဘုရားသခင်က သူ့ကို မည်သည့်အခါမျှ မနှောင့်ယှက်ဖူးချေ။ ထို့ကြောင့် သူသည် အဘယ်ကြောင့် ဒေါသဖြစ်ရမည်နည်း။ ဤလူသည် ဆိုးယုတ်သည်ဟု ငါတို့ ဆိုနိုင်သလော။ လောကီ ရေပန်းစားမှုများ၊ အစားအသောက်နှင့် ကာမဂုဏ်လိုက်စားခြင်း၊ ကျော်ကြားသောသူများနောက်လိုက်ခြင်း- ဤအရာများထဲမှ မည်သည့်အရာကမျှ ထိုသို့သော လူတစ်ယောက်ကို အနှောင့်အယှက် မပေးပေ။ သို့သော် ‘ဘုရားသခင်’ သို့မဟုတ် ‘ဘုရားနှုတ်ကပတ်တော် သမ္မာတရား’ ဆိုသည့် စကား တစ်ခွန်းကို ပြောဆိုသည်နှင့် သူသည် ဒေါသူပုန်ထ လေတော့သည်။ ဤသည်မှာ ဆိုးယုတ်သော သဘာဝတစ်ခု ရှိခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ လူသား၏ ဆိုးယုတ်သည့် သဘာဝဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေ ထုတ်ဖော်ပြတဲ့အရာက ကျွန်မယောက်ျားရဲ့ ဘုရားကို ဆန့်ကျင်ခုခံနေတဲ့ ဆိုးယုတ်တဲ့ သဘာဝကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးခဲ့တယ်။ ကျွန်မ ပြန်တွေးမိတယ်- အစတုန်းက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်နေမှန်း ကျွန်မယောက်ျားက သိတော့၊ သူက အထူးသဖြင့် ရန်လိုခဲ့ပြီး၊ ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကိုတောင် ဆုတ်ဖြဲခဲ့တယ်။ နောက်တော့၊ ဘုရားကို ယုံကြည်ရာကနေ ကျွန်မကို တားဖို့ သူကြိုးစားခဲ့ပြီး ကာရှင်းဖို့အတွက် တောင်းဆိုခဲ့တယ်။ ကျွန်မ အဖမ်းခံရပြီး လွတ်လာပြီးတဲ့နောက်၊ ကျွန်မကို အကျဉ်းသားလို ဆက်ဆံခဲ့တယ်၊ လွတ်လပ်မှုတစ်ခုမှ မပေးခဲ့သလို၊ ကျွန်မကို မကြာခဏ ရက်ရက်စက်စက် ရိုက်နှက်ခဲ့တယ်။ တစ်ခါတလေ ကျွန်မကို သူ သတ်ချင်နေသလိုမျိုး ထင်ရတယ်။ ကျွန်မတို့ ကွာရှင်းလိုက်တဲ့အခါ၊ ကျွန်မကို ကြံရာမရတဲ့အဖြစ်ထဲ အတင်းရောက်စေဖို့နဲ့ ကျွန်မဘဝကို အသက်ရှင်ဖို့ မဖြစ်နိုင်အောင်ကျွန်မရဲ့ ပိုင်ဆိုင်မှုအားလုံးကို သူ သိမ်းယူလိုက်တယ်။ သူ့ရဲ့ ရည်မှန်းချက်က ကျွန်မကို ဘုရားအပေါ် သစ္စာဖောက်စေဖို့ပဲ။ အခု ကျွန်မယောက်ျားရဲ့ သဘာဝနဲ့ အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ပြီ။ သူက ဘုရားကို မုန်းပြီး ခုခံတဲ့ နတ်ဆိုးတစ်ကောင်ပဲ။ အဲဒီလို လူတစ်ယောက်နဲ့ အသက်ရှင်တဲ့အခါ၊ ကျွန်မတို့ ဘာကိုမှ အတူပိုင်မှာမဟုတ်ဘူး၊ လွတ်လပ်မှု ကျွန်မရှိမှာ မဟုတ်သလို၊ အရိုက်ခံရပြီး ကန့်သတ်မှုတွေအောက်မှာ အသက်ရှင်ရမှာပါ။ ဒါက ဘယ်လိုဖြစ်ပြီး အိမ်ဖြစ်နိုင်မှာလဲလို့ ကျွန်မ စဉ်းစားမိတယ်။ ဒါတွေက အချုပ်အနှောင်တွေပဲ ဖြစ်တယ်။ ဒါကငရဲပါပဲ။

ကျွန်မ ကွာရှင်းပြီးတဲ့နောက်မှာ၊ ကျွန်မယောက်ျားရဲ့ တားဆီး၊ ထိန်းချုပ်တာ ကျွန်မ မခံရတော့ဘူး။ စုဝေးပွဲတွေကို ကျွန်မ သွားနိုင်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ပုံမှန် ဖတ်နိုင်ခဲ့သလို၊ အသင်းတော်ထဲက တာဝန်တွေကို ကျွန်မ အမြန်ယူခဲ့တယ်။ နက်နဲတဲ့ စိတ်ချမ်းသာမှုနဲ့ လွတ်မြောက်မှုကို ကျွန်မ ခံစားခဲ့ရပြီး၊ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားကို ကျေးဇူးတင်မိခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်ထမ်းဆောင်ခြင်းသည် ဝါရင့်ခြင်းနှင့် မသက်ဆိုင်ပါ

ရှန့်ကျင့် တောင်ကိုရီးယားနိုင်ငံ ကျွန်တော်က ဓမ္မသီချင်းတွေ အသံသွင်းတဲ့နေရာမှာ သုံးလေးနှစ်လောက်ထိ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်က ဘုရားကို...

အသင်းတော်များကို ထပ်ဆင့်ခွဲခြင်းမှ သင်ယူရရှိသည့် သင်ခန်းစာများ

ရီးရှင် အမေရိကန်နိုင်ငံ အရင်နှစ် အစောပိုင်းမှာ ကျွန်မတို့ရဲ့ လူသစ်အသင်းတော်တွေက သိပ်ကြီးလာတော့ ခေါင်းဆောင်က ကျွန်မနဲ့...

မနာလိုခြင်းက သင့်ကို လွှမ်းမိုးမသွားစေနှင့်

လီဖန်း တရုတ်နိုင်ငံ ကျွန်မက ၂၀၁၇ နွေရာသီမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်လိုအပ်ချက်တွေကြောင့် အထက်ခေါင်းဆောင်က...

မည်သည့် အသက်အရွယ်ဖြစ်စေ သမ္မာတရားကို လိုက်စားပါ

ဒီနှစ်တွေထဲမှာ ကျွန်တော် သွေးတွေတိုးပြီး ကျန်းမာရေး တော်တော်ညံ့တာ။ အိမ်မှာပဲ အနားယူနေရတာ များပါတယ်။ ကိုယ်နိုင်တဲ့တာဝန်တချို့ပဲ လုပ်ခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။