“ကျား၏ သားရဲတွင်း” မှ ထွက်ပြေးခြင်း

22.08.2020

ရှောင်ယိုး၊ တရုတ်နိုင်ငံ

ကျွန်မ နာမည်က ရှောင်ယိုးဖြစ်ပြီး အသက် ၂၆ နှစ်ဖြစ်ပါသည်။ ကျွန်မ ကက်သလစ် ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ကျွန်မ ငယ်စဉ်တုန်းက၊ ပွဲတော် တက်ရောက်ဖို့၊ ကျမ်းစာဖတ်ဖို့၊ ဝန်ချဖို့နှင့် ပွဲတော်လက်ခံဖို့ ဘုရားကျောင်းကို ကျွန်မ မိခင်နှင့်အတူ ကျွန်မ သွားခဲ့သည်။ ကျွန်မ၏ မိခင်မှာ သူ၏ ယုံကြည်ခြင်းတွင် အလွန် အားသန်သောသူ ဖြစ်သည်။ သူက ကျွန်မတို့၏ အိမ်မှ အစား အသောက်နှင့် အခြား ပစ္စည်းအမျိုးမျိုးတို့ကို ဘုရားကျောင်းသို့ မကြာခဏ လှူလေ့ရှိပြီး ငွေလည်း လှူလေ့ရှိလေသည်။ အသင်းတော် ခေါင်းဆောင်များနှင့် သီလရှင်တို့က ကျွန်မ မိခင်ကို အထူးသဖြင့် နှစ်သက်ကြသည်။ သူမကို သူတို့ တွေ့ကြသည့်အခါ၊ အပြုံးများဖြင့် နှုတ်ဆက်တတ်ကြပြီး သူမကို အလွန် အရေးပေး တတ်ကြကာ၊ အသင်းတော်၏ လှုပ်ရှားမှု မျိုးစုံတို့တွင် ပါဝင်ဖို့နှင့် အလုပ်တာဝန်အမျိုးမျိုး တို့တွင် ကူညီပေးဖို့လည်း ကျွန်မ အမေကို မကြာခဏ ဖုန်းဆက်ခေါ်ကြလေသည်။ သီလရှင် များ သင်ကြားသည့် သင်တန်းများကို လည်း ကျွန်မ တက်ကြွစွာ ပါဝင်ခဲ့ပြီး အသင်းတော်က သူငယ်ချင်းများနှင့် ကျွန်မသည် ကျမ်းစာ အတူဖတ်လေ့ရှိပါသည်။ ထိုအချိန်က၊ ကျွန်မ၏ နံဘေးတွင် သခင်ရှိခြင်းမှ လာသော ဝမ်းမြောက်မှုနှင့် ငြိမ်သက်မှုတို့ကို ကျွန်မ ခံစားနိုင်ခဲ့ပြီး နေ့တိုင်း ပျော်ရွှင်ခဲ့ရသည်။ သို့သော်၊ အချိန်ကုန်ဆုံးသည်နှင့်အမျှ၊ ကျွန်မ၏ အသင်းတော် သူငယ်ချင်းများ၏ ယုံကြည်မှုက အေးသထက် အေးစက်လာခဲ့သည်။ ကျွန်မ၏ စိတ်ဝိညာဉ်လည်း အားနည်းလာခဲ့ပြီး သခင့်၏ သွန်သင်ချက်များကို ကျွန်မ မလိုက်နာနိုင်ခဲ့ပါ။ အပြစ်များကို မကြာခဏ ကျွန်မ ကျူးလွန်လေ့ရှိ ပြီးနောက်၊ ယင်းတို့ကို ဝန်ချလေ့ရှိခဲ့သည်၊ ကျွန်မ အိမ်ထောင်ကျပြီးနောက်တွင်၊ အလုပ် အတွက် နိုင်ငံ၏ အခြားတစ်ဖက်ဆီ ကျွန်မ ယောက်ျားနှင့်အတူ ကျွန်မ ရွှေ့ပြောင်းခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း၊ ၂၀၁၃ ခရစ္စမတ် ရောက်ခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်မတစ်ဦးနှင့် ဆုံရဖို့ ကျွန်မ အခွင့်ကောင်းရခဲ့သည်။ သူက သခင်ယေရှု ပြန်ကြွလာ နှင့်ပြီးဖြစ်ကာ သူ့အမှုတော်၏ အဆင့်သစ်ကို ဆောင်ရွက်နေသည်ဟု ကျွန်မကို ပြောခဲ့သည်။ ဤအရာကို ကျွန်မ ကြားသည့် အခါ၊ ကျွန်မ အံ့အားသင့်ခဲ့ပြီး စိတ်လှုပ်ရှားစွာ ဖြင့်၊ “တကယ်လား။ သခင် ပြန်ကြွလာပြီး ပြီပေါ့။ ဘယ်တုန်းက သခင် ပြန်ကြွလာခဲ့ တာလဲ။ အခု သခင်က ဘယ်မှာလဲ။ ညီမ၊ အစ်မကို အခုချက်ချင်းပြောပြပါ” ဟု ကျွန်မ ပြောလိုက်သည်။ ညီမက၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကနှုတ်ကပတ်တော် သန်းပေါင်းများစွာ ဖော်ပြပြီးပြီ ဖြစ်သလို၊ နောက်ဆုံးသောကာလမှာ သူ့ရဲ့ တရားစီရင်ခြင်း အမှုတော်ကို သူ ဆောင်ရွက်နေတယ်။ သူက အခြားအရာတွေထဲက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ဆောင်ရွက်တဲ့ အမှုတော်ရဲ့ အဆင့်သုံးဆင့်၊ လူ့ဇာတိခံခြင်းရဲ့ နက်နဲမှု၊ သမ္မာကျမ်းစာရဲ့ နက်နဲမှု၊ ဘုရား အမည် နာမတွေရဲ့ အဓိပ္ပါယ်နဲ့ လူသားမျိုးနွယ်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တွေ အပါအဝင် လူသား မျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်နိုင်တဲ့ သမ္မာတရား အားလုံးကို ထုတ်ဖော်ပြပြီးပါပြီ။ ဒါဟာ သခင်ယေရှုက၊ ‘သင်တို့အား ငါ ပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော် သည် ရောက်လာ သောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင် ပြလိမ့်မည်။ ထို ဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟော ပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြော လိမ့်မည်။ နောင်လာ လတံ့သော အရာတို့ကို လည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန် ခရစ်ဝင် ၁၆:၁၂-၁၃) လို့ ပြောတဲ့အချိန် သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ပြည့်စုံစေပါတယ်” ဟု ပြောရင်း မိတ်သဟာယ ပြုပေးခဲ့သည်။ ညီမ၏ မိတ်သဟာယကို ကျွန်မ လေးလေးနက်နက် နားထောင်ခဲ့ပြီး တွေးမိသည်- “သခင့်ရဲ့ ပြန်ကြွ လာခြင်းကို ကြိုဆိုနိုင်ဖို့ ငါ လုံးဝ မမျှော်လင့် ခဲ့ဘူး။ ဒါ သိပ်ကောင်း တယ်။” နောက်ပိုင်းတွင်၊ ညီမက ဘုရားသခင် ၏ အမှုတော် အဆင့် သုံးဆင့်နှင့် ဘုရား နာမတော်များ၏ အဓိပ္ပါယ်ကို ကျွန်မဆီ သက်သေခံခဲ့သည်။ ကျွန်မ နားမလည် မှာစိုးသောကြောင့်၊ ညီမက နှိုင်းစာချက်များ နှင့် ဥပမာများဖြင့် ဖြည့်ပြောခဲ့သည်။ သူက ရှင်းလည်းရှင်းသလို လွယ်လည်းလွယ်ကူသည့် နည်းလမ်းဖြင့် တိတိကျကျ အသေးစိတ် မိတ်သဟာယပြုပေးခဲ့သည်။ သူ၏ မိတ်သဟာယမှတဆင့်၊ ယခင်က ကျွန်မ နားမလည်ခဲ့သည့် သမ္မာတရားများစွာကို ကျွန်မ နားလည်လာခဲ့သည်။ လူကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သန့်ရှင်းစေခြင်းနှင့် စုံလင် စေခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ရန် အလို့ငှာ သခင် ပြန်ကြွလာခဲ့ပြီးဖြစ်သည်ကို လည်း ကျွန်မ သိခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရား သခင်က အမှန်ပင် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်သည်မှာ အလွန်ဖြစ်နိုင်ခြေရှိ သည်ဟု ကျွန်မ ခံစားခဲ့ရပြီး၊ နောက်ဆုံးသော ကာလထဲက ဘုရားသခင်၏ အမှုတော်ကို ကျွန်မ လေ့လာ ဆန်းစစ်လိုကြောင်း ထိုညီမကို ကျွန်မ ပြောခဲ့ သည်။ နောက်ပိုင်းတွင်၊ ညီအစ်ကို မောင်နှမ များနှင့်အတူ ဝတ်ပြု အစည်းအဝေးများ ကို ကျွန်မ တက်ရောက်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူဖတ်ရွတ်ကာ ဘုရားသခင်ကို ချီးမွမ်းရာတွင် ဓမ္မသီချင်း များကို သီဆိုပြီး ကခုန်ခဲ့ကြသည်။ ဘုရား သခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှု နေစဉ် နားမလည်သည့် အရာတစ်ခုခုကို အမှတ် မထင် တွေ့ရသည့်အခါတိုင်း၊ ယင်းအကြောင်း ကို ကျွန်မ နှင့်အတူ မိတ်သဟာယပြုပေးဖို့ ညီအစ်ကို မောင်နှမများက အမြဲ ဒုက္ခခံပေးခဲ့ ကြသည်။ သူတို့၏ မိတ်သဟာယက သန့်ရှင်း သော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြမှုတို့ ရှိပြီး သူတို့နှင့်အတူ ဝတ်ပြု အစည်းအဝေးများ တက်ရောက်ခြင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နှင့်ဆိုင်သော ပျော်မွေ့မှုကို သာ၍ နှစ်သက်ခံစား ခွင့်ပေးခဲ့သည်။ ကျွန်မ အလွန့်အလွန် ပျော်ရွှင်ခဲ့ သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤကြီးမားသော မိသားစုထဲတွင်၊ အနိမ့် အမြင့် သို့မဟုတ် ဆင်းရဲ ချမ်းသာသူတို့ကြား ခွဲခြားမှု မရှိပါ။ ညီအစ်ကို မောင်နှမများက အားလုံး အချင်းချင်းပွင့်လင်းကြပြီး သူတို့ စိတ်တွင် ရှိသည့်အရာကို အမြဲပြောကြ လေသည်။ ပျော်ရွွှင်သော ဘဝကို အသက်ရှင်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ဤအရာက အလွန် စစ်မှန်ကောင်းမွန်သည့် စံနမူနာဖြစ်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ လေ့လာဆန်းစစ်မှု တစ်လကျော်ကြာပြီးနောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ကျွန်မ ဖတ်ရှုခဲ့ပြီးဖြစ်သလို အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်သည်ဟု ကျွန်မ သေချာလာခဲ့သည်။ ကျွန်မ အလွန်ကံကောင်းသည်ဟု ခံစားရပြီး တစ်ချိန် တည်းတွင် ဤသတင်းကောင်းကို ကျွန်မ၏ မိခင်နှင့် အသင်းတော်ရှိ သူငယ်ချင်းများကို ကျွန်မ ပြောချင်ခဲ့ပါသည်။

တရုတ်နွေဦးပွဲတော်အတွင်းတွင်၊ ကျွန်မ ယောက်ျားနှင့် ကျွန်မသည် ကျွန်မတို့၏ ဇာတိမြို့ ကို ပြန်သွားခဲ့ကြသည်။ ကျွန်မတို့ ရောက်ရှိပြီး သည့်နောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ၏ မိခင်ထံ ချက်ချင်း ကျွန်မ သက်သေခံခဲ့ သော်လည်း၊ ကျွန်မ မည်သည့် အရာကို ပြော ပါစေ သူမက လက်ခံဖို့ ငြင်းဆန် ခဲ့သည်။ ကျွန်မ အနည်းငယ် စိတ်ပျက်မိခဲ့ပြီး အလွန် စိတ်ရှုပ် ထွေးခဲ့ရသည်။ “အသိသာကြီး ကို၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာ တဲ့ သခင်ယေရှုပဲလေ” ဟု ကျွန်မ တွေးမိခဲ့ သည်။ “သူက ဘာလို့ ဒါကို လက်မခံနိုင် တာလဲ။” ကျွန်မ၏ မိခင်က လက်ခံမည်မဟုတ် သည်ကို မြင်သည့်အခါ၊ ကျွန်မမှာ အကြောင်း အရာကို ရပ်လိုက်ရုံမှအပ ရွေးချယ်စရာ မရှိခဲ့ပါ။ ဇာတိမြို့ကို ပြန်သည့် ကျွန်မတို့၏ ခရီးစဉ် ပြီးဆုံး သည့်အခါ၊ ကျွန်မ အလုပ်လုပ်နေခဲ့သည့် နေရာကို ကျွန်မ ပြန်သွားခဲ့သည်။ ညီအစ်ကို မောင်နှမများ နှင့်အတူ ဝတ်ပြုအစည်းအဝေး များကို ကျွန်မ တက်ရောက်ခဲ့ပြီး အသင်းတော် အတွက် ကျွန်မ ၏ တာဝန်များကို ဖြည့်ဆည်း ခြင်းအား လက်တွေ့လုပ်ဆောင်ခဲ့သည်။ ထိုချိန် အတောအတွင်းတွင်၊ ကျွန်မ၏ စိတ်ဝိညာဉ်က ပျော်မွေ့မှု ဖြင့် ပြည့်လျှံခဲ့ပြီး ကျွန်မ၏ အသက်တာက နှိုင်းမရသည့် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်း တို့ဖြင့် ပြည့်ခဲ့သည်။ ယောဘ က သူ၏ ပိုင်ဆိုင်မှု အားလုံး၊ သားများနှင့် သမီးများကို စမ်းသပ်မှု များထဲတွင် မည်သို့ ဆုံးရှုံးပြီး၊ သူ့ခန္ဓာကိုယ်က အနာစိမ်းများဖြင့် မည်သို့ ဖုံးလွှမ်းလာခဲ့ သော်လည်း ဘုရား သခင်၏ နာမတော်ကို သူ ချီးမွမ်းနိုင်ဆဲဖြစ်ကာ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်မှု ရှိနိုင်ဆဲဖြစ်သည်ကို ကျွန်မ ဘုရား သခင်၏ နှုတ်ကပတ်တော်များထဲတွင် ဖတ်ရှုခဲ့ရ သည်။ ထို့နောက် သူ၏ တစ်ဦးတည်းသောသား ဣဇာက်ကို ပူဇော်နိုင်ပြီး ဘုရားသခင်ထံ ပြန်ပေးနိုင်ခဲ့သည့် အာဗြဟံရှိသည်။ အထူးသဖြင့် ဤအရာများကို ကျွန်မ ဖတ်ရှုရသည့်အခါ၊ သူတို့၏ ယုံကြည်မှုနှင့် ဘုရားသခင်အပေါ် သူတို့၏ နာခံမှုတို့အားဖြင့် ကျွန်မ အလွန်တို့ထိ ခံခဲ့ရပြီး ကျွန်မသည်လည်း ဤကဲ့သို့သော လူမျိုး ဖြစ်ချင်ခဲ့သည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထဲတွင် ကျွန်မ နှစ်မြှုပ်ခံစားနေခဲ့ရစဉ်တွင်ပင်၊ ကျွန်မ၏ အသက်တာက ရုတ်တရက် အိပ်မက်ဆိုးတစ်ခု အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ၂၀၁၄ ခုနှစ် သြဂုတ်လ ရက်တစ်ရက်တွင်၊ ကျွန်မ၏ သမီးလေး အသည်းအသန် နေမကောင်းဖြစ် သည်ကို ပြောဖို့ ကျွန်မ၏ မိခင်က ကျွန်မကို ဆိုင်းမဆင့်ဗုံမဆင့် ဖုန်းခေါ်ခဲ့သည်။ ဤအရာကို ကျွန်မ ကြားရသည့်အခါ ကျွန်မ ထိတ်လန့် တုန်လှုပ်ခြင်းမှ ရင်တလှပ်လှပ်ခုန်လေသည်။ “ငါ့ သမီးလေးက အရမ်းငယ်တယ်” ဟု ကျွန်မ တွေးမိခဲ့ သည်၊ “သူက ဘယ်လိုဖြစ်ပြီး အသည်း အသန် ဖျားရတာလဲ။” ကျွန်မ သမီးလေး အတွက် ကျွန်မ အလွန်စိုးရိမ်သွားခဲ့ပြီး ကျွန်မ အလွန်အမင်း စိတ်သောကရောက် ခဲ့ရသည်။ ထို့ကြောင့် ဘုရားသခင်ရှေ့မှောက်သို့ ကျွန်မ သွားပြီး ဆုတောင်းခဲ့သည်- “အို ဘုရားသခင်၊ ဒီအခြေအနေ ကျွန်မအပေါ် ကျရောက်တာဟာ ကိုယ်တော့်ရဲ့ ခွင့်ပြုမှုအားဖြင့် ဖြစ်ပါတယ်။ ကျွန်မ သမီးလေးရဲ့ နာမကျန်းမှုက ကိုယ်တော့် ရဲ့ လက်တော်ထဲမှာ ရှိပါတယ်။ ကျွန်မ ရဲ့ သမီးလေး ကို ကိုယ်တော့်ထံ ကျွန်မ အပ်နှံချင် ပါတယ်။ ကျေးဇူးပြုပြီး စစ်မှန်တဲ့ ယုံကြည်ခြင်း ကို ကျွန်မကို ပေးတော်မူပါ။” ထို့နောက်တွင် အနည်းငယ်ပို၍ စိတ်အေး သက်သာမှု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မယောက်ျားနှင့် ကျွန်မ သည် ဇာတိမြို့ရှိ ကျွန်မတို့၏ အိမ်သို့ အလောတကြီး ပြန်သွားခဲ့ကြသည်။ ကျွန်မတို့ ရောက်သည့်အခါ၊ ကျွန်မ၏ သမီးလေးက အိပ်ရာတွင် အေးအေးချမ်းချမ်း အိပ်မောကျနေ သည်ကို တွေ့ပြီး ကျွန်မ အလွန်အံ့အားသင့် ခဲ့ရသည်။ သူ့ကို ကျွန်မ နှိုးချင်သော်လည်း၊ ကျွန်မ အမေက သူ၏ လက်ကိုမြှောက်ကာ ကျွန်မကို တားပြီး မျက်နှာထားတင်းတင်းဖြင့်၊ “သူ့ကို မနှိုးနဲ့။ သူ နေကောင်းတယ်” ဟု ပြောလေသည်။ ထို့နောက်တွင်မှ ကျွန်မ၏ အိမ်တွင် အမျိုးများစွာ စုဝေးကြသည်ကို ကျွန်မ သတိမူ မိလာခဲ့ပြီး၊ သူမက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီးဖို့ ကြိုးစားရန်အလို့ငှာ ကျွန်မကို အိမ်ပြန်လာစေဖို့ လှည့်စားခဲ့ခြင်း ဖြစ်သည်ကို ကျွန်မ နားလည်လိုက်ရသည်။ ကျွန်မ တွေးမိခဲ့သည်- “ဘုရားသခင်က ဒီနေ့ ဒီအခြေအနေကို ငါ့အတွက် စီစဉ်ပေးလိုက်ပြီ။ အဲဒါက ငါ တွေ့ကြုံရမဲ့ အရာတစ်ခုခု ဖြစ်မှာ ပဲ။” ထို့နောက် ကျွန်မက ကျွန်မ၏ မိခင်ကို၊ “အမေ၊ ကျွန်မ သမီး နေကောင်းပါတယ်။ ဘာလို့ ကျွန်မတို့ အိမ်ပြန်လာဖို့ အမေ လိမ်ခဲ့ တာလဲ” ဟု မေးလိုက်သည်။ ကျွန်မ စကား မဆုံးမီ၊ ကျွန်မ မိခင်က ဒေါသူပုန်ထ ပြီး၊ “ငါ ဘုရားကျောင်းကို သွားပြီး ဘုန်းတော်ကြီးတွေနဲ့ အသင်းတော် ခေါင်းဆောင်တွေကို မေးခဲ့တယ်။ သူတို့က အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက အန္တရာယ် ရှိတယ်လို့ ပြောကြတယ်၊ ပြီးတော့ သမီး အဲဒီမှာ ပါဝင်လိုက်တာနဲ့ ပြန်ထွက်လို့ လုံးဝမရ တော့ဘူးတဲ့။ အဲဒါကို သမီး နောက်ထပ် မယုံ နဲ့တော့။ သမီးကောင်းဖို့ အမေ ဒါကို လုပ်နေ တာပါ။ စိတ်တော့မရှိနဲ့၊ သမီးလမ်းမှားရောက် သွားပြီလို့ အမေထင်တယ်။” ဟု အော်လေ သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဘာသာရေးလောကက လုပ်ကြံ ပြောဆိုသည့် မုသားများနှင့် အသရေဖျက်စကား အချို့ကို လည်း ကျွန်မ မိခင်က ပြန်ပြောပြ ခဲ့သည်။ ဤအရာများကို ကျွန်မ မိခင်က ပြောသည်ကို နားထောင်စဉ်၊ ကျွန်မ တွေးမိ ခဲ့သည်- “ငါ့ ယုံကြည်မှုက လုံးဝ မမှားဘူး။ ဆန့်ကျင်ဖက် အနေနဲ့၊ ငါက ဘုရားသခင်ရဲ့ အမှုတော် အသစ်ကို အမှီလိုက်နေတာပါ။ ငါ ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က လူကို တရား စီရင်တာ၊ ပြစ်တင်ဆုံးမတာနဲ့ သန့်စင်ပေးတဲ့ အမှုတော်ကို အခု ဆောင်ရွက်တဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ဒါက လမ်းမှန် ဆိုတာ ငါ လုံးဝ သေချာတယ်၊ ဒီတော့ ဘာလို့ ဒီလမ်းကို ငါ စွန့်လွှတ်ရမှာလဲ။ ဘုန်းတော်ကြီး တွေ နဲ့ အသင်းတော် ခေါင်းဆောင်တွေက၊ ‘မင်း အရှေ့ရပ်မှလျှပ်ပြက်ခြင်းကို ယုံကြည်ပြီး သူတို့ရဲ့အသင်းတော်ကို ပါဝင်ရင် ဘယ်တော့မှ ထွက်လို့ရမှာ မဟုတ်ဘူး’ လို့ ပြောတဲ့အခါ၊ ဒါတွေက လူတွေကို လှည့်ဖြားဖို့ တမင်ကြံစည် ထားတဲ့ အလိမ်အညာစစ်စစ် နဲ့ အတွေးမှား တွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ ဝတ်ပြုအစည်းအဝေးတွေ ငါတက်ခဲ့တာ အခုဆိုရင် ခြောက်လကျော်ပြီ ဖြစ်ပြီး၊ မင်းတို့တွေ သိတာထက် ငါ အဲဒီ အသင်းတော်ကို ပိုသိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ တံခါးက အမြဲ ဖွင့်ထားပြီး လူတွေ ထွက်သွားဖို့ လွတ်လွတ် လပ်လပ် ရွေးချယ်လို့ရတယ်။ ဘုန်းတော်ကြီးနဲ့ အသင်းတော်ခေါင်းဆောင်တွေ ပြောတာနဲ့ လုံးဝ မတူပါဘူး။ ဘုရား နှုတ်ကပတ်တော်တွေကို ဖတ်ခြင်းအားဖြင့် ညီအစ်ကို မောင်နှမတွေ အားလုံးက မှန်ကန်တဲ့ လမ်းခရီးအကြောင်း သေချာလာခဲ့ကြတယ်၊ အသက်တာ အာဟာရကို သူတို့ ရရှိပြီး အသက်ရှင်တဲ့စမ်းရေကို သူတို့ ရှာတွေ့ခဲ့ကြတယ်၊ ပြီးတော့ အဲဒါက အသင်းတော်ကို သူတို့ မစွန့်ချင်ကြတဲ့ အကြောင်းရင်းပဲ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းကနေတဆင့်၊ ကျွန်မတို့ရဲ့ ဝိညာဉ်တွေက ရောင့်ရဲမှု ရရှိကြတယ်။ ဘယ်သူက သူတို့ရဲ့ အိုဟောင်း ခြောက်ကပ်ပြီး အကျိုးမဖြစ်တဲ့ အသင်းတော်ဆီ ပြန်သွား ချင်မှာလဲ။ ဘုန်းတော်ကြီးတွေနဲ့ အသင်းတော် ခေါင်းဆောင်တွေက အနန္တတန်ခိုးရှင် ဘုရား သခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လုံးဝ မလေ့လာ မဆန်းစစ်ကြပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေကို သူတို့ မဖတ်ပြီးကြသလို၊ ဒါ့အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဝတ်ပြုအစည်းအဝေးတွေကို သူတို့ မတက်ဖူးကြ ပါဘူး။ သူတို့ရဲ့ အခိုင်အမာပြောဆိုချက်တွေကို ဘယ်အရာအပေါ် သူတို့ အခြေခံနေကြတာလဲ။ အခြေအမြစ် မရှိတဲ့ ကောလာဟလတွေကို သူတို့က ဘာမှမဟုတ်တဲ့အရာကနေ လုပ်ကြံ ပြောဆိုနေတာပဲ မဟုတ်လား။” ကျွန်မ မတုံ့ပြန်သည်ကို ကျွန်မအမေက မြင်သည့်အခါ ဒေါသတကြီး ကျွန်မဆီသို့ လာကာ၊ အကြိမ် အနည်းငယ် ပါးရိုက်လိုက်ပြီး ဘုရားသခင်ကို သစ္စာဖောက်သည့်အရာများ ကျွန်မကို အတင်း အကျပ် ပြောခိုင်းဖို့ ကြိုးစားလေသည်။ သူမကို ဤသို့မြင်ရသည်မှာ ကျွန်မ အလွန်နာကျင်ရ သည်။ ဘုန်းတော်ကြီးများနှင့် အသင်းတော် ခေါင်းဆောင်များက လုပ်ကြံပြောဆိုသော အလိမ်အညာများကြောင့် မဟုတ်လျှင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုအား ကျွန်မအမေက ကျွန်မကို အတင်းစွန့်ပစ်ခိုင်းမည့် အကြောင်းမရှိပါ။ ထို့နောက် ကျွန်မက သူမကို၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာက မြေကြီးနဲ့ ကောင်းကင်ရဲ့ ပြောင်းလဲလို့မရတဲ့ ဥပဒေသတစ်ခုဖြစ်ပြီး၊ သူ့ကို ကျွန်မ တကယ့်အဆုံးထိ ယုံကြည်မှာပဲ” ဟု ပြောလိုက် သည်။ ဤအရာ ကျွန်မ ပြောသည်ကို ကျွန်မ အမေက ကြားသည့်အခါ၊ သူ၏ မျက်နှာက ဒေါသဖြင့် ညိုမည်းသွားပြီး သူမ၏ မျက်လုံး များက ဒေါသစိတ်ဖြင့် နီရဲသွားလေသည်။ သူမက ကျွန်မကို၊ “ငါက နင့်အမေဟဲ့။ နင် ငါ့စကားနားထောင် ရမယ်” ဟု ကျယ်လောင်စွာ အော်ဟစ်လေသည်။ ကျွန်မ အမေ၏ အဖြစ်က မည်မျှ ယုတ္တိမတန်သည်ကို မြင်ရင်း၊ နောက်ထပ် ဘာမျှမပြောဖို့ ကျွန်မ ဆုံးဖြတ် ခဲ့သည်။ ထို့နောက်တွင်ပင်၊ ကျွန်မ၏ အမျိုးများ ကလည်း တစ်ပြိုင်တည်း ကျွန်မကို အားလုံး စတင်ဝေဖန်ကြပြီး ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်အောင် ကြိုးစားဖို့ အမှုအရာများစွာ ပြောခဲ့ကြသည်။ ကျွန်မ စဉ်းစားမိခဲ့သည်- “သခင်ယေရှုကို ငါက ကြိုဆိုနှင့်ပြီးပြီ။ ငါ ယုံကြည်တဲ့ ဘုရားက စစ်မှန်ပြီး ငါ လျှောက်တဲ့လမ်းက မှန်ကန်တဲ့ လမ်းကြောင်းပဲ။ ဘုရားသခင်ကို ငါ လုံးဝ သစ္စာဖောက်မှာ မဟုတ်ဘူး။” ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လေ့လာ ဆန်းစစ်ရန်နှင့် ကျိုးကြောင်း မမြင်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချခြင်းနှင့် အာခံခြင်းအဖြစ် သို့ ဘုန်းတော်ကြီးများနှင့် အသင်းတော် ခေါင်းဆောင်များ၏ ကောလာဟလများဖြင့် အလှည့်ဖြားမခံဖို့ရန် သူတို့ကို ကျွန်မ တကယ် အကြံပြုချင်ခဲ့သည်။ သို့သော်၊ သူတို့၏ သဘောထားက သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းတီးမှုတစ်ခု ဖြစ်သည်ကို ကျွန်မ တွေ့ရ သည့်အခါ၊ သမ္မာတရားကို သူတို့ လက်ခံ လိမ့်မည် မဟုတ် သလို၊ ကျွန်မ မည်သည့် အရာကို ပြောပါစေ မည်သည့် ကောင်းကျိုးမျှ ဖြစ်လိမ့်မည်မဟုတ်ဟု ကျွန်မ ခံစားခဲ့ရ သောကြောင့် သူတို့ကို ဘာမျှ နောက်ထပ် ကျွန်မ မပြောတော့ပါ။ တစ်ခဏ ကြာပြီးနောက်၊ ကျွန်မ အမေနှင့် အမျိုးများ အတူတကွ ထွက်သွားကြ လေသည်။ သို့သော် အမေက ကျွန်မအိမ်တွင် မောင်လေးကို လာနေ ခိုင်းသည့်အားလျော်စွာ ကျွန်မကိုလျှော့ပေါ့ သက်ညှာခြင်း မရှိခဲ့ပါ။ နေ့တိုင်း၊ ကျွန်မက အကျဉ်းသားတစ်ဦး ဖြစ်သည့်အလား ကျွန်မ မောင်လေးက ကျွန်မကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ကျွန်မ သွား သည့်နေရာတိုင်းကို နောက်ကလိုက် လေသည်။ ထိုကဲ့သို့ပင်၊ ကျွန်မ၏ ကိုယ်ရေး ကိုယ်တာ လွတ်လပ်မှုက ပျောက်ဆုံးသွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက်၊ ကျွန်မ မိသားစုနှင့် ကျွန်မ ညစာစားနေစဉ်တွင်ပင်၊ ကျွန်မ၏ အမေ ရုတ်တရက် ဝင်လာလေသည်။ သူမက ပါးစပ် နားရွက်တက်ချိတ်ခါနီး အထိ အားပါးတရ ပြုံးကာ ဟိတ်ဟန်များသော လေသံဖြင့်၊ “ရှောင်ယိုး၊ ဒီမှာ ဘယ်သူလဲ ကြည့်ပါဦး” ဟု ကျွန်မကို ပြောလေသည်။ သူမထံမှ ထိုသို့ ကြီးမားသော တုန့်ပြန်မှုကို ဖြစ်စေလောက် အောင် မည်သည့် ပုဂ္ဂိုလ်မျိုး ရောက်လာသည်ကို ကျွန်မ အမေ၏ မျက်နှာအမူအရာနှင့် လေသံ တို့က ကျွန်မကို သိစေချင်ခဲ့ပြီး ယင်းက ကောင်းသည့်အရာတစ်ခုတစ်လေ မဖြစ်နိုင်သည် ကို ကျွန်မ သိခဲ့သည်။ ထို့နောက်တွင်ပင်၊ အသင်းတော် ခေါင်းဆောင် လျူနှင့် ဝမ် ဟု အမည်ရသည့် အသင်းသားတစ်ဦး ဝင်လာကြ သည်။ သူတို့ကို ကျွန်မ တည်ငြိမ်စွာ နှုတ်ဆက် ခဲ့ပြီး ထိုင်ခိုင်းခဲ့သည်။ ကျွန်မတို့ စားသောက်ပြီး သည့်နောက်တွင်၊ အသင်းတော် ခေါင်းဆောင် လျူက ကျွန်မကို ကြည့်ပြီး ပြုံးကာ၊ “ရှောင်ယိုး။ ငါတို့ ဝေ့လည်ကြောင်ပတ် မပြောတော့ဘူး။ မင်းအမေ ပြောတဲ့စကားအရ၊ အခု အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို မင်း ယုံကြည်တယ်။ အဲဒါကို မင်း ယုံကြည်နေတာ ရပ်ရမယ်လို့ မင်းကို ငါပြောရမှာပဲ။ မင်းရဲ့ တစ်မိသားစုလုံးက မျိုးနဲ့ရိုးနဲ့ ကက်သလစ် ဘာသာဝင် ဖြစ်ခဲ့ကြတယ် လေ။ သခင့်ကို မင်း စွန့်ပစ်လို့ မရဘူး၊ ဒါမှမဟုတ်ရင် မင်းကို သူစွန့်ပစ်လိမ့်မယ်။ ဒီနေ့၊ မင်းကို အကြံ နည်းနည်းပေးဖို့ ငါတို့ လာကြတာ၊ ဒါပေမဲ့ မင်းက ငါတို့စကားကို နားမထောင်ရင်၊ အချိန် ကျလာပြီး ငရဲကို မင်း ဆင်းရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ မင်း အပြစ်တင်စရာရှိမှာ မဟုတ်ဘူး။ ရှောင်ယိုး၊ မင်း ကောင်းဖို့ ဒါကို ငါတို့ လုပ်နေကြတာပါ။ မင်း ယောက်ျားရဲ့ ရောဂါကို စဉ်းစားကြည့်။ မင်းအမေနဲ့ ငါက သခင့်ဆီ နေ့တိုင်း ဆုမတောင်းခဲ့ဘူးဆိုရင် သူ သက်သာလာခဲ့မှာ မဟုတ်ဘူးလေ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို မင်းဆက်ယုံပြီး မင်းယောက်ျားရဲ့ ရောဂါပြန် ဖြစ်လာခဲ့ရင်၊ ကူညီဖို့ ဘယ်သူကမှ ဘာမှလုပ် ပေးမှာ မဟုတ်ဘူး” ဟု ပြောလေသည်။ ဤအရာများကို သူမ ပြောနေသည်ကို နားထောင်ရင်း၊ ကျွန်မ၏ နှလုံးသားက တဒိတ်ဒိတ်ခုန်နေခဲ့ပြီး ကျွန်မ အနည်းငယ် မကြောက်ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မ တွေးမိခဲ့သည် “ငါ့ယောက်ျားက တကယ်ပဲ အင်မတန် နေမကောင်းဖြစ်ခဲ့ပြီး ငါတို့ ငွေတွေအများကြီး သုံးခဲ့ပေမဲ့ သူ မသက်သာခဲ့သေးဘူး။ နောက်ဆုံး မှာ၊ ငါတို့ရဲ့ နေ့စဉ် ဆုတောင်းခြင်းကြောင့်ပဲ သူ သက်သာလာခဲ့တယ်။ အမှုအရာတွေက သူတို့ ပြောသလို တကယ်ဖြစ်ပြီး ငါ့ ယောက်ျားရဲ့ ရောဂါပြန်ဖြစ်လာခဲ့ရင်၊ ငါ ဘာလုပ်မလဲ။” သူတို့၏ လှည့်ဖြားမှုကို ကျွန်မ စတင်ခံရစဉ် တွင်ပင်၊ ဘုရားနှုတ်ကပတ်တော်များ၏ စာ တစ်ကြောင်းက ကျွန်မ၏ စိတ်ထဲ ပေါ်လာခဲ့ သည်- “အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌‌‌‌ ပေတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဤအရာကို ကျွန်မ စဉ်းစားသည့်အခါ၊ ကျွန်မ ရုတ်တရက် နိုးထခဲ့ပြီး ကျွန်မ၏ စိတ်က ရှင်းလင်း လာခဲ့သည်။ “အဲဒါ မှန်တယ်” ဟု ကျွန်မ တွေးမိသည်၊ “ပြန်ကြွလာတဲ့ သခင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငါ ယုံတယ်။ ငါ့ ယောက်ျား ပြန်နေကောင်းမှာ၊ မကောင်း မှာက ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်။ အရာရာအပေါ် ဘုရားသခင်က အချုပ်အခြာ အာဏာ ရှိတယ်၊ ဒီတော့ ဘာကို ငါက ကြောက်ရမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ့ယောက်ျားရဲ့ မကျန်းမာမှု ကို ကုသခဲ့တာက သခင်ဖြစ်တယ်၊ သူတို့ မဟုတ်ဘူး။ ဘုရားသခင်ကို သစ္စာဖောက်အောင် ငါ့ကို ခြိမ်းခြောက်ဖို့ သူတို့က ငါ့ယောက်ျားရဲ့ မကျန်းမာမှုကို အသုံးပြုဖို့ ကြိုးစားလိမ့်မယ်လို့ ဒါမှမဟုတ် ငါ့ မိသားစုထဲမှာ ဒုက္ခဖြစ်မှာကို ကြောက်တဲ့စိတ်နဲ့ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်အောင် ငါ့ကို လုပ်ဖို့ သူတို့ ကြိုးစား လိမ့်မယ်လို့ ငါ လုံးဝ စိတ်မကူးမိခဲ့ဘူး။ သူတို့ ယုတ်မာလိုက်ကြတာ။” သူတို့၏ မလိုမုန်းထား သော ရည်ရွည်ချက်များကို ကျွန်မ သေသေ ချာချာ တွေ့မြင်ခဲ့သည့်အခါ၊ သူတို့ကို ကျွန်မ စက်ဆုပ်မှုသာ ခံစားခဲ့ရပြီး နောက်ထပ် သူတို့ကို ကျွန်မ စကားမပြောချင်တော့ပါ။

ကျွန်မ ဆက်လက် နှုတ်ဆိတ်နေသည်ကို အသင်းတော် ခေါင်းဆောင် လျူက မြင်သည့် အခါ၊ ငေါ့သည့် ပုံစံဖြင့် သူမက၊ “ကြည့်ရတာ မင်းက အရမ်းတင်းခံတဲ့ပုံပဲ။ ဒီနေ့ ငါတို့ ပြောစရာရှိသမျှ ပြောပြီးပြီ၊ ဒီတော့ မင်း ဘယ်မှာ ရပ်တည်တယ်ဆိုတာ ငါတို့ကို ပြောပါ ဦး” ဟု ပြောလေသည်။ ကျွန်မ ယောက်ျား၏ နာမကျန်းဖြစ်ခြင်း ကိစ္စကို သူတို့ ပြောလိုက် ကတည်းက၊ ကျွန်မ အနည်းငယ် တုန်လှုပ်ခဲ့ သည်။ သို့သော် ဘုရားသခင်က အရာအားလုံး အပေါ် အချုပ်အခြာ အာဏာကိုင်စွဲနေသည့် အကြောင်းကို ကျွန်မ တွေးမိသည့်အခါ၊ ကျွန်မ ၏ ယုံကြည်စိတ်ချမှုကို ကျွန်မ ရုတ်တရက် ပြန်ရှာတွေ့ခဲ့သည်။ မည်သည့်အရာဖြစ်ပါစေ၊ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်မည် မဟုတ် ပါ။ ကျွန်မ သတ္တိမွေးလိုက်ပြီး၊ “အဲဒါ ဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ခိုင်ခိုင် မာမာ ယုံကြည်ပြီး ဘုရားသခင်ကို ကျွန်မရဲ့ ယုံကြည်မှုကို ကျွန်မ စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ရှင့်ကို ကျွန်မ ပြောပါရစေ” ဟု ပြောလိုက်သည်။ ကျွန်မအမေက၊ “သွားရ အောင်။ ဘုရားကျောင်းကို ဆုတောင်း ဖို့ ကျွန်မ တို့ သွားရအောင်” ဟု အော်ဟစ်လိုက်လေ သည်။ ဤအရာကို သူမပြောပြီးသည့်နောက်၊ သူတို့အားလုံး ဒေါသတကြီးထွက်သွားကြလေ သည်။ သူတို့ မည်မျှ ကြမ်းကြုတ်ရက်စက်ပုံ ပေါက်သည်ကို မြင်ရင်းဖြင့်၊ ကျွန်မ အနည်းငယ် မကြောက်လန့်ဘဲ မနေနိုင်ခဲ့ပါ။ “သူတို့ ဆုတောင်း ကြမှာ” ဟု ကျွန်မ တွေးမိခဲ့သည်၊ “သူတို့ ငါ့ကို ကျိန်များ ကျိန်ဆဲနေကြမလား။ ငါ ဘာလုပ်နိုင်သလဲ။” ကူကယ်ရာမဲ့ ခံစားရရင်း၊ ဘုရားသခင် ရှေ့မှောက် ကျွန်မ လာပြီး ဆုတောင်းခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ သူတို့ အားလုံးက ကျွန်မကို စစ်ခင်းကြပြီး ကျွန်မကို ဝိုင်းရံနေကြသလို၊ ကျွန်မ တစ်ကိုယ်တည်းလို့ ခံစားရပါတယ်။ အို ဘုရားသခင်။ ဘာလုပ် ရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မ အရမ်း ကြောက်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ။” ဆုတောင်းခြင်း ကျွန်မ ပြီးဆုံးသည့်နောက်၊ ဘုရားနှုတ်ကပတ်တော် များအချို့ကို ကျွန်မ ပြန်အမှတ်ရခဲ့သည်- “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ရှင်းရှင်းလင်းလင်း မြင်ကာ ဖြည့်ဆည်းလော့။ မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ဘုရားနှုတ်ကပတ်တော်များ ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ဖြင့်၊ ကျွန်မ၏ နှလုံးသားက ရုတ်တရက် သိမြင်မှုဖြင့် ပြည့်ခဲ့သည်- “ဟုတ်တယ်။ ဘုရားသခင်က မြဲစွဲစွာ အားကိုးထိုက်တဲ့ ငါ့ရဲ့ အထောက်အပံ့ပဲ” ဟု ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင် ငါနဲ့အတူရှိလျက်နဲ့၊ ဘာမှ ကြောက်စရာ မရှိပါဘူး။ အသင်းတော် ခေါင်းဆောင်နဲ့ ဝမ်လို့ အမည်ရတဲ့ တစ်ယောက်က ငရဲသွားရမှာကို ငါ ကြောင်အောင်၊ ငါ့ မိသားစုထဲမှာ ဒုက္ခဖြစ် မှာကို ကြောက်အောင်၊ ပြီးတော့ ငါ့ ယောက်ျား မကျန်းမမာဖြစ်ပြီး ဒီလိုနဲ့ ဘုရားသခင်ကို စွန့်ပစ်အောင်လို့ အဲဒီအရာတွေကို ပြောခဲ့တာပဲ။ ငါက ကြောက်တတ်တယ် လန့်တယ်ဆိုရင်၊ အဲဒါက ငါ စာတန်ရဲ့ အကြံ လှည့်တာခံရပြီလို့ မဆိုလိုဘူးလား။ အဲဒါကို ဘုန်းတော်ကြီးနဲ့ အသင်းတော် ခေါင်းဆောင်တွေက တစ်ခု တစ်လေ ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့ မပြောနဲ့၊ ငါနဲ့ ငါ့ယောက်ျားရဲ့ ကံကြမ္မာ၊ နောက်ဆုံးခရီး ပန်းတိုင်၊ အခွင့်အလမ်း ကောင်းတွေနဲ့ ကံအကြောင်းမလှတဲ့ ဖြစ်ရပ်တွေက ဘယ်သူ့ သဘောအတိုင်းမှ မဖြစ်ပါဘူး။ အဲဒါတွေ အားလုံးက ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်။ ငါ့ကို ရှုတ်ချပြီး ကျိန်ဆဲတာဟာ သူတို့အတွက် အသုံးမဝင်ပါဘူး။” ဤအရာကို ကျွန်မ တွေးရင်း၊ တစ်ဖန် ကျွန်မ တည်ငြိမ်သွား ခဲ့ပြီး လုံးဝ မကြောက်ခဲ့ပါ။ ကျွန်မကို သူ၏ နှုတ်ကပတ်တော်များဖြင့် လမ်းပြခြင်းနှင့် ကျွန်မ၏ မိခင် သို့မဟုတ် အခြားသူများ၏ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် လှည့်ဖြား ခြင်းကို မခံရစေဖို့အလို့ငှာ စာတန်၏ အကြံများ ကို ရိပ်စားမိဖို့ရန် ယုံကြည်ခြင်းနှင့် ခွန်အား တို့ကို ကျွန်မကို ပေးခြင်းအတွက် ဘုရားသခင် ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပြီး ကျေးဇူးတင်မိခဲ့ပါသည်။

တစ်နေ့လည်ခင်းတွင်၊ ကျွန်မသည် ကျွန်မ ကလေးနှင့်အတူ နေ့လည်နေ့ခင်း တစ်မှေးအိပ် တော့မည့်အခိုက်၊ ကျွန်မ၏ အသင်းတော် ဟောင်းက အစ်မ ကျောက်နှင့် အစ်မ ကျန်းတို့ ကျွန်မကို အနှောင့်အယှက်ပေးဖို့ လာကြလေ သည်။ ကျွန်မကို ခြိမ်းခြောက်ဖို့ အစ်မ ကျောက်က တစ်စုံတစ်ခု ပြောပြီးနောက် အစ်မ ကျန်းက အရမ်းလေးနက်ဟန်လုပ်လျက်၊ “အဲဒါ မှန်တယ်။ အရင်တုန်းက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေကို ငါတို့ ဆက်သွယ်ခဲ့ကြဖူးပြီး၊ သူတို့ရဲ့ လှည့်ဖြားတာကို ခံရခါနီးနီးဖြစ်ခဲ့တယ်” ဟု ပြောလေသည်။ ဤအရာ သူမ ပြောသည်ကို ကျွန်မ ကြားရ သည့်အခါ၊ ကျွန်မ ဒေါသထွက်လာခဲ့သည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများသည် မည်သူ့ကိုမျှ လှည့်ဖြားရန် ကြိုးစားဖို့ လုံးဝ မတတ်နိုင်သည်ကို ကျွန်မ သိပါသည်။ သူတို့ ပြောသမျှအားလုံးက အလိမ်အညာများနှင့် အသရေဖျက်မှုသာ ဖြစ်သည်။ ထို့ကြောင့်၊ ကျွန်မက သူတို့ကို၊ “ရှင်တို့ကို သူတို့က ဘယ်လို လှည့်ဖြားခဲ့ကြတာလဲ” ဟု မေးလိုက်သည်။ အစ်မကျန်းက လေးနက်သည့် လေသံဖြင့်၊ “သိဖို့မဖြစ်နိုင်ဘူး။ သူတို့က ကျွန်မကို စာအုပ် တစ်အုပ် ပေးခဲ့တယ်” ဟု ပြောလေသည်။ ကျွန်မက ဆက်ပြီး သူမကို၊ “ပြောပါဦး၊ ရှင့်ကို ပေးတဲ့ စာအုပ်က ဘာနဲ့တူလဲ။ စာအုပ်ရဲ့ နာမည်က ဘာလဲ။ စာအုပ်က ဘာအကြောင်း များလဲ” ဟု မေးလိုက်သည်။ အစ်မကျန်းက စိတ်အနှောင့်အယှက်ဖြစ် သွားပုံရပြီး၊ အနည်းငယ် အင်း အဲ လုပ်နေပြီးနောက်၊ နောက်ဆုံးတွင် “ကျွန်မ မေ့သွားပြီ” ဟု ပြောရင်း မေးခွန်းကို လွှဲဖို့ ကြိုးစားခဲ့သည်။ ဤအရာ သူပြောသည်ကို ကျွန်မ ကြားရ သည့်အခါ၊ ကျွန်မက၊ “ရှင်တို့က မယ်သီလရှင် တွေပဲ။ ဘယ်လိုဖြစ်ပြီး ရှင်တို့က မမှန်တဲ့ သက်သေကို ခံပြီး သူတပါးကို မမှန်တဲ့ စွပ်စွဲချက်တွေ သိလျက်နဲ့ စွပ်စွဲဖို့ ကြိုးစားရဲ ကြတာလဲ။ ရှင်တို့မှာ ဘုရားသခင်ကို ကြောက်ရွံ့မှု ဘာလို့ အဲဒီလို နည်းပါးနိုင်ရ တာလဲ။ တကယ်ပဲ ရှင်တို့က ဘုရားသခင်ကို ယုံကြည်သူတွေလား။ ဘုရားသခင်ရဲ့ အပြစ်ပေး ခံရမှာကို မကြောက်ကြဘူးလား” ဟု တွေးမိခဲ့ သည်။ ထို့နောက်တွင်၊ အစ်မ ကျောက်က ကျွန်မကို၊ “ရှင် အလုပ်လုပ်ဖို့ သွားမှာလား” ဟု တစ်ဖန် မေးခဲ့သည်။ ကျွန်မက ပြတ်သားစွာဖြင့်၊ “ဟုတ်တယ်” ဟု ပြန်ဖြေခဲ့သည်။ ဟန်ဆောင် ထားသည့် ဖော်ရွေမှုဖြင့် သူက၊ “အလုပ်ကို မသွားပါနဲ့။ အိမ်မှာနေပြီး ရှင့်ကလေးကို စောင့်ရှောက်တာက အများကြီး ပိုကောင်း ပါတယ်” ဟု ကျွန်မကို အကြံပေးလေသည်။ သူတို့၏ သူတော်ကောင်း အယောင်ဆောင်မှု အားဖြင့် ကျွန်မ စက်ဆုပ်ရွံရှာမှု ခံစားခဲ့ရသည်၊ ထို့ကြောင့် အခန်းမှ ကျွန်မ စတင် ရုတ်တရက် ထထွက်ခဲ့ပြီး၊ “ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ” ဟု ပြောလိုက်သည်။ ကျွန်မကို နှောင့်ယှက်ဖို့ သူတို့၏ ကြိုးပမ်းမှု မအောင်မြင်သည်ကို မြင် သည့်အခါ၊ သူတို့ စိတ်ပျက်လက်ပျက် ထွက် သွားကြလေသည်။ သူတို့ ထွက်သွား ပြီးနောက်၊ ကျွန်မ အလွန် စိတ်ညစ်ပြီး စိတ်မချမ်း မသာဖြစ်ခဲ့သည်။ လတ်တလော အသင်းတော် ခေါင်းဆောင်များနှင့် ဤမယ်သီလရှင်များက ကျွန်မကို နှောင့်ယှက်ဖို့ လာမြဲလာနေကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများအကြောင်းကို အသရေဖျက်၊ တိုက်ခိုက်ကာ ကောလာဟလ များ ဖြန့်နေကြပုံ၊ သို့မဟုတ်လျှင် သူတို့က ကျွန်မကို လှည့်ဖြားဖို့နှင့် ကျိုးနွံနာခံလာအောင် ခြောက်လှန့်ဖို့ အတွေးမှားများ ဖြန့်နေခဲ့ကြပုံ တို့ကို ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ သူတို့၏ လှည့်ဖြားမခံခဲ့ရဘဲ သူတို့၏ အခိုင်အမာ ပြောဆိုချက်များကို ငြင်းခုံပြီး ပြန်ချေပခဲ့ သော်လည်း၊ အချိန်တိုင်း ကျွန်မ စိတ်အနှောင့် အယှက်ဖြစ် ကျန်ရစ်ခဲ့ပြီး မိမိကိုယ်ကိုယ် ဘုရားသခင် ရှေ့မှောက်တွင် ဆိတ်ငြိမ်စေနိုင် ခြင်းမရှိဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များကိုလည်း မဖတ်ရှုနိုင်ခဲ့ပါ။ ကျွန်မ၏ မောင်လေးကလည်း ကျွန်မကို တစ်ချိန်လုံး စောင့်ကြည့်နေဆဲ ဖြစ်သည်။ ကျွန်မ ဆုတောင်း သည့်အခါတိုင်း၊ ဓမ္မသီချင်း သီဆိုပြီး ဘုရား နှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါတိုင်း ကန့်သတ်ချုပ်ခြယ်ခံရသလို ခံစားခဲ့ရပြီး အလွန့်အလွန် ဖိစီးချုပ်ချယ်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ၏ ဆင်းရဲဒုက္ခ အလယ်တွင်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်း ခဲ့ပါသည်- “အနန္တတန်ခိုးရှင် ဘုရားသခင်။ ဒီအသင်းတော် ခေါင်းဆောင်နဲ့ ဒီမယ်သီလရှင် တွေက ကျွန်မကို နှောင့်ယှက်ဖို့ အကြိမ်ကြိမ် လာကြပါပြီ။ ကျွန်မ အရမ်း စိတ်ညစ်သလို စိတ်ပျက်မိပါတယ်။ ခုချိန်မှာပဲ၊ သူတို့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ချစ်သော ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ။”

ဆုတောင်းပြီးနောက်၊ ကျွန်မ၏ MP5 စက်ကို ကျွန်မ ထုတ်ယူလိုက်ပြီး ဘုရား နှုတ်ကပတ်တော်များ၏ ဤစာပိုဒ်ကို တွေ့ဖို့ အကြောင်းဖန်ခဲ့လေသည်- “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ကောင်းမွန်သည့် ဖွဲ့စည်းမှုရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဘုရား နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုပြီး သည့်နောက်တွင်၊ ကျွန်မ ချက်ချင်း နားလည် လိုက်သည်။ အမှန်တွင်တော့ ဤဘုန်းတော်ကြီး များနှင့် အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များ ထဲတွင် ဖော်ထုတ်နေခဲ့သည့် အလွန် ဘာသာရေး ဆန်သော အန္တိခရစ်များဖြစ်ကြလေသည်။ သခင့် ကို သူတို့ ယုံကြည်ကြသော်လည်း၊ သမ္မာတရား ကို လုံးဝ မရှာဖွေကြသလို၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ဘာဆိုဘာမျှ သူတို့ မရှိကြပါ။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို သူတို့ဘာသာ မလေ့လာ မဆန်းစစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သူတို့ ပြစ်မှားစော်ကားကြသည်၊ ဘုရားသခင် ၏ အမှုတော်သစ်ကို သူတို့ ရှုတ်ချကြပြီး ကျွန်မအမေက ကျွန်မကို ရိုက်နှက်ဖို့ရန်၊ ဆူပူ ကြိမ်းမောင်းဖို့နှင့် ကျွန်မကို အိမ် အကျယ်ချုပ် နီးပါး ထားဖို့ရန် သူမကို လှည့်ဖြားဖို့ ကောလာဟလများကို ဖန်တီးခဲ့ကြသည်။ ထို့နောက်၊ ကျွန်မကို အနှောင့်အယှက်ပေးဖို့၊ လိမ်လည်ဖို့၊ လှည့်ဖြားဖို့နှင့် ခြိမ်းခြောက်ဖို့ရန် ကျွန်မ၏ အိမ်ကို ထပ်ခါတလဲလဲ သူတို့ လာခဲ့ကြလေသည်။ ကံကောင်းထောက်မ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို လမ်းပြပြီး ဦးဆောင်ခြင်းကြောင့်၊ သူတို့၏ အကြံများဖြင့် ကျွန်မ အလှည့်မခံ ခဲ့ရသလို၊ ဘုရားသခင်ကို သစ္စာမဖောက်ခဲ့ပါ။ ဖာရိရှဲတို့သည်လည်း သာမန် ဂျူးလူမျိုးများကို သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံခြင်းမှ တားဆီးဖို့ စက်ဆုပ်စရာ နည်းစနစ်မျိုးစုံ အသုံးပြုခဲ့ကြသည်။ သခင်ယေရှု၏ အမှုတော် သည် ဓမ္မဟောင်းကျမ်းကို ဘောင်ကျော်ပြီး၊ သခင်ယေရှုသည် ပြန်ကြွလာသည့် မေရှိယ မဟုတ်ဟု ပြောရင်း လူတို့ကို လှည့်ဖြားဖို့ အလိမ်အညာများကိုပင် သူတို့ အသုံးပြုခဲ့ ကြ သည်။ ဤအရာက အပြစ်မဲ့သည့် သခင်ယေရှုကို ကားတိုင်ထက် သံမှိုရိုက်နှက်ရာတွင် သာမန် ဂျူးလူမျိုးများကို ဖာရိရှဲတို့နှင့်အတူ လုပ်ဆောင် ဖို့ ဖြစ်စေခဲ့သည်။ သခင်ယေရှုက၊ “လျှို့ဝှက် သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) ဟု ပြောခြင်းဖြင့် သူတို့ကို ပြစ်တင်မောင်းမဲခဲ့သည်။ ဖာရိရှဲတို့ လုပ်ခဲ့သည့်အရာကို ဘုန်းတော်ကြီးများ၊ အသင်းတော် ခေါင်းဆောင်များနှင့် သီလရှင် များ၏ လုပ်ရပ်များနှင့် ကျွန်မ နှိုင်းယှဉ်မိခဲ့ပြီး ဖာရိရှဲတို့၏ အနှစ်သာရကို မည်သို့ ပိုင်းခြား သိမြင်ရမည်ဆိုသည်နှင့် စပ်လျဉ်း၍ ကျွန်မ၏ ညီအစ်ကို မောင်နှများက ယခင်က ပေးခဲ့သည့် မိတ်သဟာယကို ကျွန်မ တွေးမိခဲ့သည်။ ထို့နောက် ဘုန်းတော်ကြီးများနှင့် အသင်းတော် ခေါင်းဆောင်များသည် အတိတ်က ဖာရိရှဲများ နှင့် အခြေခံအားဖြင့် ဘာဆိုဘာမျှ ကွာခြားမှုမရှိ သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ကာကွယ်ဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီဖို့ရန် သူတို့က ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုနေခဲ့ ကြလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မက ကျွန်မ၏ အမေနှင့် တစ်မိသားစုလုံးဆီ ဟောပြောပြီး၊ ထို့နောက်တွင် ကျွန်မ၏ မိသားစုက အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင်ယုံကြည်ကြမည်ကို သူတို့ ကြောက်ရွံ့ခဲ့ ကြသည်။ ထို့သို့ဖြစ်လျှင် ဤအရာက သူတို့၏ အသင်းသား လူအုပ် အရွယ်အစားကို လျှော့ကျ စေမည်ဖြစ်ပြီး လစဉ် သူတို့ ရရှိသည့် အလှူငွေ ပမာဏလည်း လျော့နည်းလိမ့်မည် ဖြစ်သည်။ သူတို့သည် ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်များ ကို ခိုးယူပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းမှ လူတို့ကို တားဆီးသည့် ဆိုးယုတ်သော အစေခံများနှင့် အန္တိခရစ်များ အမှန်ပင် ဖြစ်ကြလေသည်။ သူတို့၏ အန္တိခရစ် အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သည်နှင့်တပြိုင်နက်၊ ဤလူတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ကျွန်မ သိခဲ့သည်။ သူတို့က ဘုရားသခင်ကို ယုံကြည်ကြ သော်လည်း ဘုရားသခင်ကို အာခံပြီး ဘုရားသခင်၏ ရန်သူများ ဖြစ်ကြကာ၊ ဤအတိုင်း၊ သူတို့ကို ကျွန်မ စွန့်ပစ်ရမည်ကို ကျွန်မ သိခဲ့သည်။ ပြီးခဲ့သည့် ရက်များ တစ်လျှောက်၊ သူတို့၏ အနှောင့်အယှက်ပေး ခြင်းကို ကျွန်မ ဒုက္ခခံခဲ့ရသော်လည်း၊ ဘုရား နှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် ဉာဏ် အလင်းပေးမှုတို့ ကျွန်မ ရှိခဲ့သည်။ ဘုရားသခင် အဖို့ အပျက်သဘောဆောင်သော အဖြည့်ခံများ အဖြစ် ပြုမူခြင်းအားဖြင့်၊ သူတို့က ကျွန်မကို ချင့်ချိန်နိုင်စွမ်း ပိုင်ဆိုင်ခွင့်ပေးခဲ့သည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စပ်လျဉ်း၍ လက်တွေ့ကျသော အတွေ့အကြုံ အချို့ကို ကျွန်မကို ရရှိခွင့်ပေးခဲ့သည်။ ဘုရား သခင်၏ နှုတ်ကပတ်တော်များက သမ္မာ တရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မိမိ အတွက် ကျွန်မ တွေ့ကြုံခံစားခဲ့ရပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်သော ဘုရားသခင် ဖြစ်သည်ဟု ကျွန်မ ပို၍ပင် သေချာလာခဲ့သည်။ ကျွန်မ အလွန့်အလွန် ပျော်ရွှင်ခဲ့ပြီး ကျွန်မ၏ စိတ်နှလုံးထဲတွင် သက်သောင့် သက်သာဖြစ်ကာ သန္နိဋ္ဌာန်တစ်ခုကို ကျွန်မ တိတ်ဆိတ်စွာ ချမှတ်ခဲ့သည်-ကျွန်မကို နှောင့်ယှက်ဖို့ စာတန်က မည်သို့ ကြိုးစားပါစေ၊ ဘုရားသခင်ကို ကျွန်မ မည်သည့်အခါတွင်မျှ သစ္စာဖောက်မည် မဟုတ် သလို၊ ဘုရားသခင်အတွက် ကျွန်မ သက်သေ ရပ်တည်ပြီး နတ်ဆိုး စာတန်ကို အရှက်ရစေဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ပါသည်

အေးချမ်းငြိမ်သက်သည့် ရက်နှစ်ရက်မျှ ကြာပြီးနောက်၊ စာတန်၏ အနှောင့်အယှက်ပေး ခြင်းနှင့် အကျပ်ကိုင်ခြင်းတို့ကို နောက်တစ်ဖန် ကျွန်မ ကြုံရလိမ့်မည်ဟု ကျွန်မ လုံးဝ မမျှော်လင့်ခဲ့ပါ။ တစ်ညတွင်၊ ကျွန်မ အမေ၊ ကျွန်မ၏ ဦးလေးများနှင့် အဒေါ်အချို့အပြင် ကျွန်မ၏ တတိယမြောက် ကြီးတော်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီးဖို့ ကြိုးစားရန် ကျွန်မဆီ လာခဲ့ကြလေသည်။ သူတို့အားလုံး အတူတကွ စုဝေးကြသည်ကို ကျွန်မတွေ့ရသည့်အခါ၊ ကျွန်မ အလွန်အမင်း စိတ်ဆိုးလာခဲ့သည်။ ကျွန်မက၊ “စစ်မှန်တဲ့ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာ ပဲလေ။ အဲဒါ ဘာမှားလို့လဲ။ ဒီအကြောင်းကို သူတို့ ဘာလို့ ထပ်တလဲလဲ ပြောနေရတာလဲ” ဟု တွေးမိခဲ့သည်။ ကျွန်မ၏ တတိယ ကြီးတော်က ထူးဆန်းသော လေသံဖြင့်၊ “လာပါ၊ ရှောင်ယိုး။ နင့် အဖွားကို တွေ့ဖို့ အိမ်ကိုသွားရအောင်” ဟု ပြောလေသည်။ သူ ဤအရာပြောသည်ကို ကျွန်မ ကြားရသည့်အခါ ကျွန်မ အံ့အားသင့်ခဲ့ရပြီး၊ တွေးမိခဲ့သည်- “သူတို့က ငါ့ကို ငါ့အမေရှိတဲ့နေရာ ပို့ဖို့ ဒီကို လာကြတာပဲ။ စိတ်ဝေဒနာရှိတဲ့ ငါ့အဖွားနဲ့ ငါ့ကို သူတို့ လှောင်ပိတ်ထားချင်ကြတာပဲ။ အို မဖြစ်ဘူး၊ ဘယ်လိုဖြစ်ပြီး ငါ့အမျိုးတွေက ငါ့ကို ဒီလိုလုပ်ရက်တာလဲ။ သူတို့ ဘယ်လိုဖြစ်ပြီး အရမ်း အကြင်နာမဲ့နိုင်ရတာလဲ။” ဤအရာကို ကျွန်မ တွေးနေသည့်အခိုက်တွင်၊ ကျွန်မ၏ အမေက ကြိုးတစ်ချောင်းကို ယူလိုက်ပြီး ကျွန်မဆီ ပြေးလာပြီး ဆောင့်ကြောင့်ထိုင်ချကာ ကျွန်မ၏ ခြေထောက်များကို အတူစတင် ကြိုးတုပ်လေသည်။ ကျွန်မ အလွန် စိတ်သောက ရောက်လာခဲ့သည်။ သူ့ကို ကျွန်မ တွန်းထုတ် လိုက်ပြီး၊ “အမေ ဘာလုပ်နေတာလဲ။ ဘာလို့ သမီးကို ကြိုးတုပ်ချင်ရတာလဲ” ဟု အော်ဟစ် ခဲ့သည်။ ဤအရာကို မြင်သည့်အခါ၊ ကျွန်မ၏ ဦးလေးများထဲမှ နှစ်ဦး ကျွန်မဆီ လျှောက်လာ ပြီး ကျွန်မ မခုခံနိုင်ဖို့အလို့ငှာ ကျွန်မ၏ ပုခုံး တစ်ဖက်စီကို ချုပ်လိုက်သည်။ ထိုအချိန်တွင် ကျွန်မက ဆိုဖာပေါ် ထိုင်နေခဲ့ပြီး ထမရပ် နိုင်ခဲ့ပါ။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရား သခင်ကို ကျွန်မ အရေးတကြီး အော်ဟစ်ခဲ့သည်- “အို ဘုရားသခင်။ သူတို့ ကျွန်မကို ချည်နှောင် ပြီး အဝေးကို ခေါ်သွားဖို့ ကြိုးစားနေကြ ပါတယ်။ သူတို့ အောင်မြင်ရင်၊ ကိုယ်တော့်ကို ကျွန်မ ယုံကြည်နိုင်မှာ မဟုတ်သလို၊ အသင်းတော်ကိုလည်း ရှာတွေ့နိုင်မှာ မဟုတ် ပါဘူး။ အို ဘုရားသခင်။ ကျွန်မကို ယုံကြည် ခြင်းနဲ့ ခွန်အားပေးပြီး ကျွန်မအတွက် ထွက်ပေါက် ဖွင့်ပေးတော်မူပါ။” ကျွန်မ ဆုတောင်းပြီးသည့်နောက်တွင်၊ ခွန်အားက ကျွန်မ၏ ခန္ဓာကိုယ်တစ်လျှောက် တစ်ရှိန် ထိုးတက်လာသည်ကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ ရုန်းကန်ပြီး၊ “ရှင်တို့ ဘာလုပ်နေကြ တာလဲ။ ကျွန်မကို လွှတ်” ဟု အော်ဟစ်လိုက် သည်။ ကျွန်မ မည်မျှ ကြမ်းတမ်းစွာ ခုခံနေ သည်ကို သူတို့ မြင်သည့်အခါ ကျွန်မကို လွှတ်ပေးလိုက်ကြသည်။ ဘုရားသခင်ကို ကျွန်မ အလွန်ကျေးဇူးတင်မိခဲ့ပါသည်။ ဘုရားသခင်ကို စစ်မှန်စွာ မှီခိုသရွေ့၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရမည် ဖြစ်သည်ကို ကျွန်မ အမှန်တကယ် တွေ့ကြုံခဲ့ရ သည်။ ဘုရားသခင်က တစ်ချိန်လုံး ကျွန်မကို ကွယ်ကာရင်းနှင့် စောင့်ရှောက်ပေးရင်း ကျွန်မ ၏ နံဘေးတွင် ရှိသည်ကိုလည်း ကျွန်မ ခံစားခဲ့ရ သည်။ ကျွန်မ တွေးမိခဲ့သည်- “ဒီပတ်ဝန်းကျင် မှာ၊ ဘုရားသခင်ကို ငါ့ရဲ့ စစ်မှန်တဲ့ စိတ်နှလုံး ငါ ပူဇော်ရမယ်၊ ပြီးတော့ နတ်ဆိုး စာတန်ကို ငါ လုံးလုံးလျားလျား အရှက်ရစေရမယ်။” ထို့ကြောင့် သူတို့ကို ကျွန်မက၊ “အခြားကိစ္စတွေ နဲ့ ပတ်သက်လာတဲ့အခါ၊ ဦးလေးတို့ စကားကို သမီး နားထောင်ပါ့မယ်။ ဒါပေမဲ့၊ ဘုရားသခင် ကို ယုံကြည်ခြင်းနဲ့ ပတ်သက်လာရင်၊ ဘုရား သခင်ကိုပဲ ကျွန်မ နာခံမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဆိုတာ သမီး သေချာနှင့်ပြီးပြီ။ သမီးကို ဦးလေး တို့ ဘယ်လိုပဲ အတင်းအကျပ် ကြိုးစားပါစေ၊ သမီး ယိမ်းယိုင်မှာ မဟုတ်ဘူး” ဟု စွဲမြဲ ခိုင်မာစွာ ပြောလိုက်သည်။ ဘုရားသခင် နောက်လိုက်ဖို့ ကျွန်မ စိတ်ဆုံးဖြတ်လာသည်နှင့် တပြိုင်နက်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် များကို တစ်ဖန် ကျွန်မ မျက်မြင်ကြုံတွေ့ခဲ့ရ သည်။ ကျွန်မ၏ အဒေါ်များထဲမှ တစ်ဦးက၊ “သူ့ကို ကြိုးမတုပ်ကြပါနဲ့။ အဲဒါ ဘာ ကောင်းကျိုးမှ ဖြစ်မှာမဟုတ်ဘူး။ သူ့ယုံကြည်မှု က ခိုင်မာတယ်ဆိုတာ ကျွန်မ မြင်ရတယ်” ဟု ပြောလိုက်လေသည်။ ယင်းကို ကျွန်မ၏ အဒေါ်က ပြောသည့်အခါမှသာ သူတို့အားလုံး စိတ်ပျက်လက်ပျက် လှည့်ထွက်သွားကြလေ သည်။ သူတို့ သွားပြီးသည့်နောက်တွင်၊ ကျွန်မ ချက်ချင်း ဖျော့တော့သွားပြီး စိတ်ရော ကိုယ်ပါ ခြေကုန်လက်ပန်းကျ ခဲ့သည်။ ခွန်းအား တစ်စက်မျှ ကျွန်မ မကျန်တော့ပါ။ အိပ်ရာပေါ် ကျွန်မ လှဲချလိုက်ပြီး အိပ်ပျော်သွားခဲ့သည်။ နောက်နေ့မနက်တွင်၊ လေးလံသော စိတ်နှလုံး ဖြင့် မနေ့ညက ဖြစ်ပျက်ခဲ့သည့် အရာကို ကျွန်မ စဉ်းစားမိသည်။ ကျွန်မ၏ ဆွေမျိုးများက ကျွန်မကို ဆက်ဆံနေကြသည့် ပုံစံကို ကျွန်မ တွေးမိသည့်အခါ၊ “အို၊ ငါ့ အမေနဲ့ အမျိုးတွေက ဘုန်းတော်ကြီးတွေနဲ့အသင်းတော် ခေါင်းဆောင်တွေ ဖြန့်တဲ့ ကောလာဟလတွေရဲ့ လှည့်ဖြားတာ ခံကြရပြီပဲ၊ ပြီးတော့ သူတို့က ငါ့ကို အကျပ်ကိုင်ဖို့ ကြိုးစားမြဲ ကြိုးစားနေကြ တယ်။ ဒါတွေအားလုံး ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ” ဟု မတွေးဘဲ မနေနိုင်ခဲ့ပါ။ ထို့နောက် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် ကျွန်မ အတူတကွ ရှိခဲ့သည့် အချိန်ကို ကျွန်မ ပြန်တွေးမိခဲ့သည်။ တစ်စိတ် တစ်ဝမ်းတည်း၊ သမ္မာတရားကို ကျွန်မတို့ လိုက်စားခဲ့ကြပြီး ကျွန်မတို့၏ တာဝန်များကို ဖြည့်ဆည်းခဲ့ကြသည်၊ အယောက်တိုင်းက အချင်းချင်း ကူညီခဲ့ကြပြီး အချင်းချင်း အားပေး ခဲ့ကြသည်။ မည်သူမျှ အခြားတစ်ဦးဦးကို အနိုင်ကျင့်ဖို့ သို့မဟုတ် ဖိနှိပ်ဖို့ မကြိုးစားခဲ့ ကြသလို၊ ကျွန်မအနေဖြင့် သတိထားစရာလည်း မလိုအပ်ခဲ့ပါ။ ကျွန်မ အလွန်လွတ်လပ်ပြီး လွတ်မြောက်သကဲ့သို့ ခံစားခဲ့ရပြီး နေ့တိုင်း စိတ်ကျေနပ်ခဲ့ပြီး စိတ်အေးချမ်းခဲ့ရသည်။ သို့သော် ယခုတွင် ကျွန်မ၏ အိမ်၌ ကျွန်မ အကျဉ်းချခံခဲ့ရသည်၊ လွတ်လပ်မှု ဘာဆိုဘာမျှ ကျွန်မ မရှိသလို၊ နေ့တိုင်း ရင်တမမဖြင့် အသက်ရှင်နေရသည်။ မည်သည့်အချိန်တွင် ကျွန်မ၏ အမျိုးများ၊ ကျွန်မ၏ အသင်းတော် ဟောင်းမှ လူများ ပေါ်လာမည်ကို ကျွန်မ လုံးဝ မသိပါ။ အညှာတာဆုံးအနေဖြင့်၊ သူတို့က ကျွန်မကို သက်သက်သာသာ အပြစ်ဖော်ဆုံးမ လေသည်။ အဆိုးဆုံးအနေဖြင့်၊ သူတို့ ကျွန်မကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ဖို့ ကြိုးစားကြ သည်။ ကျွန်မ အလွန်နာကျင်ကာ မပျော်မရွှင် ခံစားရလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သို့ ကျွန်မ တကယ် ပြန်သွားချင် မိပြီး ညီအစ်ကို မောင်နှမများနှင့်အတူ ဝတ်ပြု အစည်းအဝေးများကို တက်ရောက်ကာ၊ ကျွန်မ၏ ဓမ္မသီချင်းသီဆိုပြီး ဘုရားသခင်ကို ချီးမွမ်းချင်မိခဲ့သည်။

ဤအဖြစ်အပျက်ပြီးနောက် ချက်ချင်း၊ ပို၍ ပင် မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်ပျက် ခဲ့သည်။ တစ်နေ့၊ ကျွန်မနှင့် ကျွန်မယောက်ျားက စျေးဝယ်ထွက်ခဲ့ကြသည်။ ကျွန်မတို့ အိမ်ပြန် ရောက်ပြီးနောက်၊ ကျွန်မ၏ MP5 စက်ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုချင်ခဲ့သော်လည်း ထိုစက်ကို ရှာမတွေ့ နိုင်ခဲ့ပါ။ ကျွန်မ အလွန် စိတ်သောကရောက်ပြီး ပျာယာခတ်ခဲ့သည်။ ကျွန်မ တွေးမိခဲ့သည်- “ငါ့ MP5 စက်က ဘယ်ရောက်သွားတာလဲ။ အိမ်မှာ ငါထားခဲ့တာ သေချာပါတယ်။ ဘာလို့ ငါ ရှာမတွေ့နိုင်ရတာလဲ။” ကျွန်မ၏ အမေက ယူသွားတာ ဖြစ်ရမည်ဟု ကျွန်မ ရုတ်တရက် တွေးမိခဲ့သည်။ တစ်နေ့တုန်းက ကျွန်မ အမေ ဝင်လာပြီး MP5 စက်ဖြင့် ကျွန်မ ဘုရားသခင် ၏ နှုတ်ကပတ်တော်များ ဖတ်နေသည်ကို မြင်သွားခဲ့သည်ကို ကျွန်မ အမှတ်ရမိခဲ့သည်။ ထို့နောက်တွင်၊ သူက ကျွန်မ၏ အိမ်သို့ မကြာခဏ လာပြီး ကျွန်မ၏ ပစ္စည်းများကို လှန်လှောမွှေနှောက် ရှာဖွေလေ့ရှိသည်။ ကျွန်မ ၏ MP5 စက်ကို ရှာမတွေ့ရသည့် အကြောင်းအရင်းမှာ သူက ယူသွားခဲ့ သောကြောင့် ဖြစ်ရမည်ဟု ကျွန်မ သေချာ ခဲ့သည်။ ဤအတွေးဖြင့်၊ ကျွန်မ အလွန် ဒေါသထွက်လာခဲ့ပြီး ကျွန်မ အမေ၏ အိမ်ဆီသို့ ဒေါသတကြီး သွားခဲ့သည်။ ကျွန်မ ဝင်သွား သည့်အချိန်တွင်၊ ကျွန်မ၏ အမေက ဒုတိယ ကြီးတော် နှင့် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ သူ့ဆီ ကျွန်မ သွားပြီး၊ “အမေ၊ သမီးရဲ့ MP5 စက်ကို အမေ ယူသွား တာလား။ အဲဒါ ကျွန်မဟာပါ။ အမေယူသွားရင်၊ သမီးကို ချက်ချင်း ပြန်ပေးပါ” ဟု ပြောလိုက် သည်။ အံ့အားသင့်ဖွယ်ရာပင်၊ ကျွန်မ၏ အမေက မယူကြောင်း ခပ်ပြတ်ပြတ် ငြင်းလေ သည်။ သူက ကျွန်မကို အထင်သေးသော အကြည့်ဖြင့် ကြည့်ပြီး၊ ကျွန်မက စိတ်ဆိုး မာန်ဆိုးဖြင့်၊ “သမီးရဲ့ MP5 စက်ကို အိမ်မှာ သိမ်းထားတယ်။ တခြား ဘယ်သူမှ အဲဒါကို မထိဘူး။ အမေတစ်ယောက်တည်းသာ သမီးရဲ့ ပစ္စည်းတွေကို ခဏခဏ လှန်လှောမွှေနှောက် ရှာဖွေနေတာ။ အမေယူသွားတာ သေချာပေါက် ပဲ။ သမီးကို ပြန်ပေးပါ” ဟု ပြောလိုက်သည်။ ကျွန်မ၏ စစ်ဆေးမှုနှင့် ရင်ဆိုင်ရလျက်၊ ကျွန်မ၏ အမေက ကြမ်းတမ်းသော လေသံဖြင့်၊ “နင့်ကို ငါ ပြန်ပေးမှာ မဟုတ်ဘူး။ ငါ့ဆီက ဘယ်တော့မှ ပြန်မရမယ့် အတူတူ အိမ်ကို နင်ပြန်သွားတာ ပိုကောင်းလိမ့်မယ်” ဟု ပြန်ဖြေလေသည်။ ကျွန်မ မည်မျှ မရမက ပြောပါစေ၊ သူမက ကျွန်မကို ပြန်ပေးမည် မဟုတ်ပါ၊ ထို့ကြောင့် အိမ်ကို လက်ချည်းဗလာ ဖြင့် ပြန်သွားဖို့မှလွဲ၍ ကျွန်မ ရွေးချယ်စရာ မရှိခဲ့ပါ။ အိမ်အပြန်လမ်းတွင်၊ ကျွန်မ အလွန် စိတ်မချမ်းမြေ့ဖြစ် ခဲ့ရသည်၊ ကျွန်မ တွေးမိ ခဲ့ပါသည်- “ငါ့မှာ MP5 စက်မရှိတော့ဘူး ဆိုတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ငါနောက်ထပ် ဖတ်လို့မရတော့ဘူး။ အရင်တုန်း က၊ ငါ့အမေနဲ့ တခြား အမျိုးတွေက ငါ့ကို နှောင့်ယှက်ဖို့ လာကြပေမဲ့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ငါ ဖတ်လို့ရသေး တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ ဦးဆောင်မှု ရှိသေးတယ်။ အကျိုးဆက်အနေနဲ့၊ ဘုရားသခင်ရဲ့ အလိုတော် ကို ငါ နားလည်နိုင်ခဲ့ပြီး သူတို့ရဲ့ တိုက်ခိုက်မှုကို တောင့်ခံဖို့ ယုံကြည်ချက်နဲ့ ခွန်အား ရှိနိုင်ခဲ့ တယ်။ ဒါပေမယ့် အခုတော့၊ ငါ့ရဲ့ MP5 စက်က မရှိတော့ဘူး။ ငါ ဘာလုပ်ရမလဲ။ ဘုရားသခင် ရဲ့ နှုတ်ကပတ်တော် မရှိဘဲနဲ့၊ ငါ့အတွက် ပြီးသွားပြီ မဟုတ်လား။” ထိုအရာကို ကျွန်မ ပိုစဉ်းစားလေလေ၊ မျှော်လင့်ချက်မဲ့ခြင်းကို ကျွန်မ ပိုခံစားရလေလေဖြစ်ပြီး၊ ကျွန်မ၏ စိတ်ဝိညာဉ်က အပျက်သဘောဆောင်ခြင်းထဲ ကျဆင်းသွားခဲ့သည်။ ကျွန်မ အလွန်အမင်း စိတ်မချမ်းမမြေ့ ခံစားခဲ့ရသည်။ ကျွန်မ၏ အားအနည်းဆုံးနှင့် စိတ်ပျက်အားလျော့မှု အရှိဆုံး အခိုက်အတန့်တွင်၊ ဘုရား နှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မသီချင်း တစ်ပုဒ်က ကျွန်မ၏ စိတ်ထဲ ပေါ်လာခဲ့သည်- “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။...ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ”) ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုဖြင့်၊ ဤအခြေအနေတွင် သူ့အတွက် ကျွန်မ သက်သေခံနိုင်လိမ့်မည်ဟု ဘုရားသခင်က မျှော်လင့်နေခဲ့သည်ကို ကျွန်မ နားလည်လိုက် ရသည်။ အမှုအရာများက မည်မျှ ခက်ခဲပါစေ၊ အဆုံးထိ ဘုရားသခင်ကို ကျွန်မ လုံးဝ သစ္စာ ရှိရမည်ဖြစ်ပြီး ဘုရားသခင်၌ ယုံကြည်ခြင်း ပျောက်ဆုံးရမည် မဟုတ်ပါ။ ကျွန်မ တွေ့ကြုံ ခံစားခဲ့ရသည့် နှိပ်ကွပ်မှုအားလုံးကို အစအဆုံး ကျွန်မ ပြန်တွေးခဲ့ပြီး၊ အဖြစ်အပျက်တစ်ခုစီက ဝိညာဉ်ရေးရာ လောကထဲက တိုက်ပွဲတစ်ခုဖြစ် ခဲ့သည်ကို ကျွန်မ နားလည်ခဲ့သည်။ စာတန်က ကျွန်မကို နည်းနည်းချင်း ပျက်ပြားသွားစေဖို့ နည်းမျိုးစုံ အသုံးပြုနေခဲ့သည်။ ယခုတွင်ပင်၊ ကျွန်မ၏ ဝိညာဉ်ကို ဝါးမျိုဖို့ ဆန္ဒဖြင့် ကျွန်မ၏ “ဝိညာဉ်ရေးရာ အစာ” ကို သူက လုယူသွား ခဲ့သည်။ စာတန်သည် အမှန်ပင် ရိုင်းစိုင်း ကြမ်းကြုတ်ပါသည်။ သူ၏ အကြံများဖြင့် ကျွန်မ အလှည့်ခံ၍ မရသည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မ၏ MP5 စက် မရှိတော့သော်လည်း၊ ကျွန်မ၌ ဘုရားသခင် ရှိပါသေးသည်။ ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်ပေးကာ လမ်းပြဦးမည်ဖြစ်ပြီး အချိန်တိုင်း ဘုရားသခင်ကို ကျွန်မ မှီခိုသရွေ့ ဘုရားသခင်က အခက်အခဲတိုင်းနှင့် ဆင်းရဲဒုက္ခ တိုင်းကို ကျော်လွှားဖို့ ကူညီလိမ့်မည်ဖြစ်သည်ဟု ကျွန်မ ယုံကြည်ပါသည်။ အနာဂတ်တွင် မည်သည့်အခက်အခဲကို ကျွန်မ ရင်ဆိုင်ဖို့ရှိပါစေ၊ ကျွန်မ၏ ခန္ဓာ၌ ထွက်သက်တစ်ခု ကျန်သေး သရွေ့၊ ဘုရားသခင်အတွက် ကျွန်မ သက်သေ ရပ်တည်ပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို တစ်ဖန် လမ်းပြခဲ့ပြီး ကျွန်မ ရှေ့ဆက်ဖို့ လိုအပ်သည့် ယုံကြည်ခြင်းကို ပေးခဲ့သည်။

ဤနှိပ်ကွပ်မှုနှင့် ဘေးဒုက္ခကို အကြိမ်ကြိမ် တွေ့ကြုံခြင်းမှတဆင့်၊ ဘုရား နှုတ်ကပတ်တော် များ၏ တန်ခိုးနှင့် သြဇာအာဏာတို့ကို ကျွန်မ မျက်မြင်တွေ့ကြုံခဲ့သည်။ ကျွန်မ အပျက်သဘော ဆောင်လာသည့်အချိန်တိုင်း၊ အားနည်းပြီး စိတ်ရှုပ်ထွေးကာ ဇဝေဇဝါဖြစ်သည့်အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ လိုအပ်သည့် ယုံကြည်ခြင်းနှင့် ခွန်အားတို့ကို ပေးခဲ့ပြီး စာတန်၏ အကြံများကို ရိပ်စားမိဖို့နှင့် ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ လမ်းပြခဲ့သည်။ တစ်ချိန်တည်းတွင်၊ ဘုရားသခင်က ကျွန်မ၏ အထောက်အပံ့အဖြစ် ပြုမူရင်းနှင့် ကျွန်မအတွက် လမ်းဖွင့်ပေးရင်း အချိန်တိုင်း ကျွန်မဖက်တွင်ရှိခဲ့သည်ကိုလည်း ကျွန်မ မြင်နိုင်ခဲ့သည်။ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းက နည်းနည်းချင်း တိုးပွားခဲ့ပြီး ကျွန်မ၏ မိသားစုကို စွန့်ခွာဖို့ စိတ်ဆန္ဒက ပို၍ အားကောင်းလာခဲ့သည်။ တတ်နိုင်သမျှ အမြန်ဆုံး ဤ “ကျား၏ သားရဲတွင်း” မှ ကျွန်မ လွတ်မြောက်ပြီး အသင်းတော်နှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများကို သွားရှာရမည်ဖြစ် သည်ကို ကျွန်မ သိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်းပြီး သူ့ကို ဤကိစ္စ အပ်နှံခဲ့ကာ၊ ကျွန်မကို လမ်းပြဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့ပါသည်။ ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မ မောင်လေး၏ စောင့်ကြည့်မှုကို ကျွန်မ ရှောင်လွှဲနိုင်ခဲ့ပြီး အိမ်မှ အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့သည်။ နောက်တစ်ဖန်၊ အသင်းတော် အသက်တာ အသက်ရှင်ဖို့နှင့် ကျွန်မ၏ တာဝန်များကို အစွမ်းကုန် ဖြည့်ဆည်း ရန် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဆီသို့ ကျွန်မ ပြန်သွားခဲ့သည်။ တစ်လ ကျော်ကြာ နာကျင်ခံစားရခြင်းက နောက်ဆုံး တွင် အဆုံးသတ်ခဲ့ပြီး ကျွန်မ၏ စိတ်နှလုံးထဲရှိ ဖိစီးမှုနှင့် ပူပင်သောကတို့မှာ လေထဲက မီးခိုးငွေ့အလား ပျောက်ကွယ်သွားခဲ့သည်။ စာတန်၏ မှောင်မိုက်သော စွမ်းအားမှ ထိုးဖောက်ပြီး “ကျားရဲတွင်း” မှ လွတ်မြောက်ဖို့ ကျွန်မကို လမ်းပြခြင်းနှင့် ဘုရားသခင်၏ မိသားစုထံသို့ ကျွန်မကို နောက်တစ်ဖန် ပြန်လည်လမ်းပြခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

ထိုအတောအတွင်းတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို ကျွန်မ ကွက်ကွက်ကွင်းကွင်း မျက်မြင်ကြုံတွေ့ခဲ့ရ သလို၊ ဘုရားသခင်က ကျွန်မကို အချိန်တိုင်း ကွယ်ကာရင်းနှင့် စာတန်၏ လှည့်ဖြားခံရပြီး ဝါးမျိုခံရခြင်းမှ ကျွန်မကို တားဆီးရင်း ကျွန်မ နံဘေးတွင် ရှိခဲ့သည်ကို ကျွန်မ တွေ့မြင်ခဲ့ရ သောကြောင့် ဤအတွေ့အကြုံက ကျွန်မ၏ မှတ်ဉာဏ်ထဲတွင် ပူပူနွေးနွေးဖြစ်နေဆဲ ဖြစ် သည်။ တစ်ချိန်တည်းတွင်၊ ဤထူးခြားသော အတွေ့အကြုံက ကျွန်မကို ဘုန်းတော်ကြီး၊ အသင်းတော်ခေါင်းဆောင်များနှင့် အခြား သူများအပေါ် ချင့်ချိန်နိုင်စွမ်းကိုလည်း ပိုင်ဆိုင် စေနိုင်ခဲ့သည်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို အရူးအမူး ရှုတ်ချပြီး ပြစ်မှား စော်ကားကာ ကျွန်မကို လှည့်ဖြားဖို့ ကောလာဟလများကို လုပ်ကြံပြောဆိုပြီး မမှန်သော သက်သေခံခဲ့ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ရာမှ ကျွန်မကို တားဆီးရန်ကြိုးစားဖို့ လှည့်ကွက် မျိုးစုံ သူတို့သုံးခဲ့ကြသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မတို့ လက်ခံခြင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းနှင့် ဘုရားသခင်၏ ရယူခံရခြင်းတို့တွင် သူတို့က အတားအဆီးများနှင့် ခလုတ်တံသင်း များ ဖြစ်ကြပြီး၊ လူတို့၏ ဝိညာဉ်များကို ဝါးမျိုဖို့ ဤနေရာတွင် ရှိသည့် ဆိုးယုတ်သော မကောင်း ဆိုးဝါးများ ဖြစ်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောဆိုသည့် အောက်ဖော်ပြပါ နှုတ်ကပတ်တော်များ၏ အဓိပ္ပါယ်အစစ်အမှန်ကို ထိုအချိန်တွင် ကျွန်မ နောက်ဆုံး နားလည်သွား ခဲ့ရသည်- “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုန်းတော်ကြီးများ၊ အသင်းတော် ခေါင်းဆောင်များ၊ သီလရှင်များ၊ ကျွန်မ၏ အရင်အသင်းတော်က အသင်းသား များနှင့် ကျွန်မ၏ အမေတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို ယုံကြည်ကြပုံပေါ်သော်လည်း၊ ဘုရားသခင်၏ အသံတော်ကို သူတို့ နားမလည် ကြသလို၊ ဘုရားသခင်ကို သူတို့ မသိကြပါ။ ပြန်ကြွလာသည့် သခင်၏ အမှုတော်ကို လက်ခံဖို့ သူတို့ ငြင်းပယ်ခဲ့ကြပြီး၊ ထို့ကြောင့် သူတို့၏ ယုံကြည်ခြင်းကို ဘုရားသခင်က အသိအမှတ်မပြုပါ။ ဘုရားသခင်၏ အမြင်တွင်၊ သူတို့က မယုံကြည်သူများဖြစ်ကြသည်။ သူတို့ က ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အားဖြင့် ထုတ်ဖော်ခံရသည့် တောရိုင်းပင်များဖြစ်ကြပြီး၊ အနှစ်သာရ အားဖြင့် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင် သည့် မကောင်းဆိုးဝါးများနှင့် အန္တိခရစ်များ ဖြစ်ကြသည်။ ထို့အပြင်၊ မိသားစုဝင်များထံမှ နှိပ်ကွပ်ခြင်းနှင့် ဘာသာရေးသမားများထံမှ အနှောင့်အယှက်ပေးခြင်းတို့က စာတန်ထံမှ ပေါ်ပေါက်သည့် တိုက်ခိုက်မှုများသက်သက် ဖြစ်သည်ဆိုသည်နှင့် ယင်းတို့သည် ဝိညာဉ် ရေးရာ လောကထဲ ဆင်နွှဲလျက်ရှိသည့် ပြင်းထန် သော တိုက်ပွဲများဖြစ်သည်ကိုလည်း ကျွန်မ တွေ့မြင်ခဲ့ရသည်။ ကျွန်မကို နှောင့်ယှက်ဖို့၊ မှန်သော လမ်းခရီးကို ကျွန်မ စွန့်လွှတ်စေဖို့၊ ဘုရားသခင်ကို သစ္စာဖောက်စေဖို့၊ သူ၏ “ထိန်းချုပ်မှု” ထဲသို့ ဝင်ရောက်စေဖို့၊ ဘုရားသခင်အားဖြင့် ကယ်တင်ခံရသည့် အခွင့်အရေးကို ဆုံးရှုံးစေဖို့နှင့် သူနှင့်အတူ ငရဲထဲတွင် အဖျက်ဆီးခံရစေဖို့ရန် စာတန်က ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာတို့ကို အသုံးပြုချင်ခဲ့သည်။ သို့သော် ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ အကြံများပေါ် အခြေခံပြီး ကျင့်သုံးလေသည်။ ကျွန်မကို စာတန်က တိုက်ခိုက်ပြီး နှောင့်ယှက်သည့်အခါ တိုင်းတွင်၊ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေ့ကြုံခံစား နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များမှ ချင့်ချိန် နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုတို့ ဖြစ်ပေါ်စေဖို့ အလို့ငှာ အချိန်တိုင်း ကျွန်မကို လမ်းပြကာ ဦးဆောင်ခဲ့သည်။ သူ့အပေါ် ကျွန်မ၏ ယုံကြည်ခြင်းကိုလည်း ဘုရားသခင်က စုံလင်စေ ခဲ့ပြီး သူ့အပေါ် ကျွန်မ၏ ယုံကြည်ခြင်းကို စစ်မှန်လာနိုင်စေခဲ့သည်၊ ပြတ်သားလာနိုင် စေခဲ့ပြီး နောက်ထပ် အားမနည်းစေတော့ပါ။ တစ်လကျော်လေးအတွင်း သမ္မာတရားအချို့ကို နားလည်ရန် ကျွန်မကို လမ်းပြခြင်းနှင့် ကူညီမစခြင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယခုတွင် အကောင်းနှင့် အဆိုး၊ လှပမှုနှင့် အကျည်းတန်မှုတို့ကြားက ခြားနားချက်ကို ကျွန်မ သိပြီဖြစ်သည်။ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်း အားကောင်းလာခဲ့ပြီး ဘုရားသခင်နှင့် ကျွန်မ ပိုမိုနီးကပ်လာခဲ့သည်။ နာကျင်မှုက အမှန်ပင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ ကျွန်မ၏ အနာဂတ် ယုံကြည်ခြင်း အသက်တာတွင်၊ ဘုရားသခင်၏ အမှုတော်ကို ကျွန်မ သာ၍ပင် တွေ့ကြုံချင်ပြီး၊ တကယ့် အဆုံးထိ အနန္တတန်ခိုးရှင် ဘုရားသခင် နောက်လိုက်ဖို့ ကျွန်မ လိုလားနေပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

မေလ ၂၈ ကျောက်ယွမ်အမှုက မိသားစုကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေသည်

အဲန်းဟွီ၊ တရုတ်ပြည်ကျွန်မသည် သာမန် ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျွန်မ၏ မိသားစုတာဝန်ဝတ္တရားများ၏ လေးလံသော ဝန်ထုပ်ဝန်ပိုးများက ကျွန်မကို...

ကျွန်ုပ်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကြားတွင် ကျွန်ုပ်၏ သင်းအုပ်ဆရာက တားဆီးသည်

ယွမ်ဝင်ဆန် ဗီယက်နမ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ညီအစ်ကို တစ်ယောက်က အွန်လိုင်း စုဝေးပွဲတစ်ခုမှာ ပါဝင်ဖို့ ကျွန်တော့်ကို ဖိတ်တယ်။...

ကျွန်မအတွက် လွတ်လပ်မှုကို ဘယ်သူပေးခဲ့တာလဲ

ရွှေကြည် တရုတ်နိုင်ငံ ကျွန်မ ပထမဆုံးပြောင်းလဲလာတုန်းက ကျွန်မအမျိုးသားက ယုံကြည်ခြင်းရှိတာ သိပ်ကောင်းတယ်လို့ပြောတယ်။ တစ်ခါတလေမှာ ကျွန်မနဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။