ကောင်းကင်နိုင်ငံတော်ဆီသို့ သွားသည့်လမ်းကြောင်းတွင် ကျွန်ုပ်ကို မည်သူတားဆီးသနည်း

13.12.2022

ဟိန်ရှင်း ဗီယက်နမ်နိုင်ငံ

၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှာ ညီမတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အွန်လိုင်းစုဝေးပွဲကို ဖိတ်ခေါ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခြင်း၊ ရှာဖွေခြင်းနဲ့ စုံစမ်းစစ်ဆေးခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဘုရားရဲ့ အသံတော်ဖြစ်တယ်၊ ပြီးတော့ သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်လို့ သေချာခံစားရတယ်။ ကျွန်တော် အရမ်းတို့ထိခံရပြီး စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ ကျွန်တော့် ညီအစ်ကိုတွေကလည်း သခင့်ရဲ့ ပြန်ကြွလာခြင်းကို မျှော်လင့်စောင့်စားနေကြတာလေ။ သူတို့လည်း နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ အမှုတော်ကို လက်ခံနိုင်အောင် သတင်းကောင်းကို အမြန်ပြောရမယ်မှန်း သိခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ တတိယအကိုကြီးဆီကို ဧဝံဂေလိဟောခဲ့ပြီး၊ သူက သခင့်ရဲ့ ကြွလာခြင်း သတင်းကို အသင်းတော်ခေါင်းဆောင်ဖြစ်တဲ့ အစ်ကိုအကြီးဆုံးဆီ ပြောတယ်။ မမျှော်လင့်ဘဲ၊ ကျွန်တော့် အစ်ကိုအကြီးဆုံးက သိသွားပြီးတဲ့နောက်မှာ၊ ကျွန်တော့်အိမ်ကို အဲဒီည အမြန်လာတယ်...“ဟဲကျင်း။ သခင်ယေရှု ပြန်ကြွလာပြီးပြီဖြစ်သလို အမှုတော်ရဲ့ အဆင့်သစ်ကို လုပ်ဆောင်နေတယ်လို့ မင်းပြောခဲ့လား။ အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သခင်ယေရှုက ငါတို့အပြစ်တွေကို ခွင့်လွှတ်ပေးပြီးပြီလေ။ သူ ပြန်ကြွလာတဲ့အခါ၊ ငါတို့ကို ကောင်းကင်နိုင်ငံတော်ထဲ တိုက်ရိုက် ချီမသွားမှာ။ ဘယ်လိုလုပ်ပြီး အမှုသစ် ပြုဖို့ ဖြစ်နိုင်မှာလဲ။” “အစ်ကိုကြီး၊ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့။ သခင်ယေရှုက ကျွန်တော်တို့ အပြစ်တွေကို ခွင့်လွှတ်ပေးပြီးပြီဖြစ်ပေမဲ့၊ ကျွန်တော်တို့ အပြစ်လုပ်နိုင်သေးသလို၊ အပြစ်နဲ့ပြည့်တဲ့ သဘာဝက ရှိသေးတယ်။ ဘုရားသခင်က ပြောသည်- ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) အစ်ကိုကြီး၊ ကျွန်တော်တို့ မသန့်ရှင်းရင် သခင့်ကို မြင်လို့မရဘူး။ ပြီးတော့ အပြစ်ကနေ ဆေးကြောခြင်း မခံရသေးရင်၊ ကောင်းကင်နိုင်ငံတော်ထဲကို မဝင်နိုင်ဘူး။ ကျွန်တော်တို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝကို ဖယ်ရှားပြီး အပြစ်ပြဿနာကို ရင်းမြစ်ကနေ ဖြေရှင်းပေးရအောင်လို့ တရားစီရင်ခြင်း အမှုကို ပြုဖို့ ဘုရားကို ကျွန်တော်တို့ လိုအပ်နေတုန်းပဲ။” “ငါတို့အပြစ်အားလုံးကို သယ်ဆောင်ဖို့ သခင်ယေရှုက ကားစင်တင်ခံခဲ့ရတယ်။ သခင်က ငါတို့ကို အပြစ်သားတွေအနေနဲ့ မမှတ်ယူတော့ဘူး။ ငါတို့ သန့်စင်မခံရသေးဘူးလို့ မင်းပြောပေမဲ့၊ အဲဒါက မင်းရဲ့ကိုယ်ပိုင်စိတ်ကူးပဲလေ။ ကျမ်းစာက အဲဒါကို မပြောဘူး။ ကျမ်းစာ ဘာပြောလဲသိလား။ ‘ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။’ (ရောမသြဝါဒစာ ၁၀:၁၀) ငါတို့က သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရပြီးသား မဟုတ်လား။ ဘာလို့ သခင်က အမှုသစ်ပြုဖို့ လိုဦးမှာလဲ။” “အစ်ကိုကြီး၊ အစ်ကိုပြောတာက ပေါလုရဲ့စကားတွေပါ၊ သခင်ယေရှုရဲ့ စကားတွေ မဟုတ်ဘူး။ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရသူတွေဟာ ကောင်းကင်နိုင်ငံတော်ထဲ ဝင်လို့ရတယ်လို့ သခင်ယေရှု လုံးဝ မပြောခဲ့ဘူး။ ဘယ်သူက ကောင်းကင်နိုင်ငံတော်ထဲ ဝင်နိုင်တယ်ဆိုတာကို သခင်ယေရှုက အရမ်းကို ရှင်းရှင်း ပြောထားတယ်။ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) အစ်ကိုကြီး၊ ကောင်းကင်နိုင်ငံထဲဝင်ဖို့ ဘုရားရဲ့အလိုတော်ကို ကျွန်တော်တို့လုပ်ပြီး၊ ဘုရားနှုတ်ကပတ်တော်နဲ့ ပြုမူရမယ်။ ဒီစံနှုန်းကို ကျွန်တော်တို့ မီကြလား။ ကျွန်တော်တို့ မကြာခဏ အပြစ်လုပ်ကြဆဲ ဖြစ်သလို၊ သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို မဆောင်ရွက်နိုင်ကြဘူး။ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ဖို့ သခင်ယေရှုက ခိုင်းတယ်။ ကျွန်တော်တို့ ချစ်နိုင်ကြလား။ သူတို့ကို မချစ်နိုင်ရုံမက၊ သူတို့ကို မနာလိုနိုင်၊ မုန်းနိုင်တယ်၊ ပြီးတော့ အပြစ်ထဲ မကြာခဏ အသက်ရှင်ကြတယ်။ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ဖို့ ကျွန်တော်တို့ အရည်အချင်း မပြည့်မီကြဘူး။ ဒါကြောင့် ဘုရားက စကားပြောပြီး တရားစီရင်ခြင်း အမှုကို ပြုဖို့ နောက်ဆုံးသော ကာလမှာ ပြန်ကြွလာတာ။ လူတွေရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေကို ဖယ်ရှားဖို့၊ ကျွန်တော်တို့ အပြစ်ရဲ့ ပြဿနာကို အရင်းကနေ ဖြေရှင်းပြီး လူတွေကို လုံးလုံးလျားလျား သန့်စင်၊ ကယ်တင်ဖို့ အဲဒါကို သူ လုပ်တာပဲ။ သခင်ယေရှုကိုယ်တိုင်က ပရောဖက်ပြုခဲ့တယ်။ ‘ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)” “တော်ပြီ။ သခင်ကြွလာတဲ့အခါ အမှုရဲ့ နောက်တစ်ဆင့်ရှိတယ်လို့ မင်း အခိုင်အမာပြောတယ်။ အဲဒါက သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှု အဓိပ္ပာယ်မဲ့သွားတဲ့ သဘောမဟုတ်လား။ အဲဒါ အချည်းနှီးဖြစ်သွားမှာ မဟုတ်လား။” ကျွန်တော့်အစ်ကိုပြောတာကို ကြားပြီးတဲ့အခါ၊ ကျွန်တော် နည်းနည်း ပူပန်သွားတယ်။ ဘုရားရဲ့အမှုတော်ကို သူ နားလည်ပြီး သူ့အယူအဆတွေကို ဖယ်ရှားနိုင်အောင် ကျွန်တော် ဘယ်လိုမိတ်သဟာယပြုနိုင်မလဲ။ ဒီအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေးမိတယ်။ “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဘုရားနှုတ်ကပတ်တော်တွေက နှလုံးသားကို ရှင်းလင်းပြီး အားတက်သွားစေတယ်။ ကျွန်တော့်အစ်ကိုကို ပြောလိုက်တယ်။ “နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်း အမှုကိုပြုဖို့ ဘုရားပြန်ကြွလာတာက သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှု အဓိပ္ပာယ်မဲ့သွားတဲ့ သဘောမဟုတ်ပါဘူး။ လူတွေဟာ ပညတ်တရားရဲ့ စီရင်၊ ကွပ်မျက်တာ မခံရတော့အောင် သခင်ယေရှုက လူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သခင်ယေရှု လုပ်ခဲ့တာက ရွေးနှုတ်ခြင်းအမှုပဲ ဖြစ်တယ်။ လူတွေကို သန့်စင်၊ ကယ်တင်တဲ့ အမှု မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး အပြစ်ထဲမှာ အသက်ရှင်ကြတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုမရှိဘဲနဲ့၊ အပြစ်က မလွတ်မြောက်နိုင်သလို ဘုရားရဲ့ နိုင်ငံတော်ထဲ မဝင်ရောက်နိုင်ဘူး”လို့ပေါ့။ သူ ကျွန်တော့်ကို မချေပနိုင်တာ တွေ့တော့၊ အရမ်းစိတ်ဆိုးသွားပြီး၊ ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို မင်းယုံကြည်တာ သိပ်မကြာသေးပေမဲ့ အများကြီး သင်ယူပြီးပြီပဲ။ ငါ ဘာပဲပြောပြော ချေပဖို့ မင်းမှာ တစ်ခုခု ရှိတယ်။ ဒီတော့ မင်းကို ငါပြောနိုင်တာ ဘာမှမရှိတော့ဘူး”တဲ့။ အဲဒီနောက် ဒေါသတကြီး သူထွက်သွားတယ်။ ကျွန်တော်တွေးမိတယ်။ “သခင့်ကို သူ ယုံကြည်ပြီး သခင့်ကြွလာခြင်းကို နေ့တိုင်း တမ်းတနေခဲ့တာလေ၊ ဒီတော့ ဘာလို့ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြားပြီးတဲ့နောက်မှာ အဲဒါကို မစစ်ဆေးရုံမက တကယ်ကို ဒေါသအရမ်း ထွက်သွားရတာလဲ။ သူ့မှာ ဘာသာရေး အယူအဆအများကြီး ရှိလို့ ချက်ချင်း လက်မခံနိုင်တာ ဖြစ်မယ်။ သူ့ကို မိတ်သဟာယပြုဖို့ နောက်ထပ် အခွင့်အရေး ရှာရမယ်”လို့ပေါ့။

မကြာခင်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်တာကို သိသွားပြီးတော့ ကျွန်တော့် မရီးနှစ်ယောက် အိမ်ကိုလာကြတယ်။ “ဟဲကျင်း၊ နင်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်၊ သခင်ယေရှုရဲ့ နာမမဟုတ်ဘဲ၊ အဲဒီနာမဆီ ဆုတောင်းတယ်။ ဒါက သခင့်ကို သစ္စာဖောက်ပြီး ယုံကြည်ခြင်းစွန့်ပယ်တဲ့သူ ဖြစ်လာတာပဲ။” “အင်းလေ၊ အစ်မနားမလည်သေးလို့ အဲဒီလိုပြောတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အစ်မ မဖတ်ရသေးသလို၊ သူက ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာကို အစ်မ မသိဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုက တစ်ပါးတည်းသော ဝိညာဉ်နဲ့ တစ်ပါးတည်းသော ဘုရားပဲ။ မတူညီတဲ့ ခေတ်တွေမှာ မတူညီတဲ့ နာမတွေကို ဘုရားအသုံးပြုတာပါ။ ပညတ်တော်ခေတ်မှာ၊ ဘုရားရဲ့ နာမက ယေဟောဝါဖြစ်ပေမဲ့၊ ကျေးဇူးတော်ခေတ်မှာ ဘုရားရဲ့ နာမက ယေရှု ဖြစ်ခဲ့တယ်။ ဘုရားရဲ့ နာမပြောင်းလဲသွားပေမဲ့၊ သခင်ယေရှုနဲ့ ယေဟာဝါက တူညီတဲ့ ဘုရားမဟုတ်ဘူးလို့ အစ်မ ပြောနိုင်လား။ သခင်ယေရှုကို ယုံကြည်တာက ယေဟောဝါကို သစ္စာဖောက်တာလို့ အစ်မပြောနိုင်လား။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုနဲ့ ယေဟောဝါတို့က တစ်ပါးတည်းသော ဘုရားပါ။ ဒီမှာ၊ အစ်မတို့ကို ဗီဒီယိုတစ်ခုပြမယ်၊ အစ်မတို့ နားလည်သွားလိမ့်မယ်။” အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော့် မရီးတို့ကို မိတ်သဟာယပြုခဲ့တယ်။ “ဘုရားရဲ့ နာမတွေက ခေတ်နဲ့ ဘုရားအမှုတော် အဆင့်နဲ့အတူ ပြောင်းလဲတယ်။ မတူညီနဲ့ ခေတ်တွေမှာ မတူညီတဲ့ နာမတွေနဲ့ ခေတ်အသီးသီးအတွက် နာမတစ်ခုနဲ့ ဘုရားလုပ်ဆောင်ပြီး၊ နာမတစ်ခုစီက ခေတ်အသီးသီးမှာ ဘုရားရဲ့ အမှုတော်ကို ကိုယ်စားပြုတယ်။ ပညတ်တော်ခေတ်မှာ၊ ‘ယေဟောဝါ’ နာမအောက်မှာ ပညတ်တရားတွေကို ဘုရားထုတ်ပြန်ခဲ့ပြီး၊ ကမ္ဘာမြေပေါ် နေထိုင်ဖို့ လူတွေကို သွန်သင်ခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ၊ ဘုရားရဲ့ ဝိညာဉ်တော်က သခင်ယေရှုအနေနဲ့ လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်အတွက် ရွေးနှုတ်ခြင်းအမှုကို ပြုခဲ့တယ်။ နောက်ဆုံးသောကာလမှာ၊ ဘုရားက အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ သမ္မာတရားကို ဖော်ပြပြီး လူတွေကို တရားစီရင်၊ သန့်စင်တဲ့အမှုကို ပြုဖို့ လူ့ဇာတိခံယူခဲ့တယ်။ အပြင်ပန်းမှာ၊ ဘုရားရဲ့ နာမနဲ့ အမှု ပြောင်းလဲပေမဲ့၊ ဘုရားရဲ့ အနှစ်သာရက မပြောင်းလဲနိုင်ဘူး။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ မပြောင်းလဲတဲ့ ဘုရားက အမြဲ အမှုပြုနေတာပါ”လို့ပေါ့။ ဥပမာတစ်ခုလည်း ပေးလိုက်တယ်။ တစ်ယောက်ယောက်က ဆေးရုံမှာ အလုပ်လုပ်ပြီး လူတိုင်းက သူ့ကို “ဆရာဝန်” လို့ခေါ်ကြပေမဲ့၊ တစ်နေ့၊ စာသင်ဖို့ သူ ဆုံးဖြတ်လိုက်ပြီး လူတိုင်းက သူ့ကို “ကျောင်းဆရာ”လို့ ခေါ်ကြတယ်။ နောက်ပိုင်းမှာ ဘုရားကျောင်းတစ်ခုမှာ တရားသွားဟောပြီး တခြားလူတွေက သင့်ကို “သင်းအုပ်ဆရာ”လို့ ခေါ်ကြတယ်။ မြင်လား။ သူ့အလုပ်က ပြောင်းလဲသွားသလို တခြားလူတွေ သူ့ကိုခေါ်တာ ပြောင်းလဲသွားပေမဲ့၊ သူက လူတစ်ဦးတည်း ဖြစ်နေတုန်းပဲ။ သူဖြစ်နေတုန်းပဲ။ အဲဒီလိုပဲ၊ ဘုရားက မတူညီတဲ့ ခေတ်တွေမှာ မတူတဲ့ နာမတွေကို သုံးပေမဲ့၊ သူ့ရဲ့ အနှစ်သာရနဲ့ ကိုယ်ပိုင်လက္ခဏာက မပြောင်းလဲသလို၊ သူက ဘုရားတစ်ပါးတည်း ဖြစ်နေတုန်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် နာမနဲ့ ဆုတောင်းတဲ့အခါ၊ သခင့်ကို သစ္စာဖောက်ပြီး ယုံကြည်ခြင်းစွန့်တာ မဟုတ်ပါဘူး။ သခင့်ကို ကျွန်တော်တို့ ကြိုဆိုပြီး သူ့ခြေလှမ်းတွေနောက် လိုက်နေတာပါ။ ကျွန်တော်တို့ စကားပြောနေတုန်း၊ ကျွန်တော့် အစ်ကိုအကြီးဆုံးနဲ့ တတိယအစ်ကိုတို့ ရုတ်တရက် ရောက်လာတယ်။ ကျွန်တော့် အစ်ကိုအကြီးဆုံးက ဒေါသတကြီး ကြားဖြတ်ပြောလိုက်တယ်။ “သူ့ကို စကားမပြောကြနဲ့တော့။ သူနဲ့ပတ်သက်ပြီး အနိုင်ယူလို့မရဘူး။ မင်းတို့ဘာပဲပြောပြော၊ သူ့မှာ အဖြေရှိတယ်။ ဒီတော့ ဘာလို့ဒုက္ခခံနေမလဲ။” “ဟဲကျင်း၊ မင်းယုံတာ မှားနေတယ်။ ရပ်လိုက်ဖို့ အချိန်တန်ပြီ။” “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုလို့ နင်ပြောတယ်။ သင်းအုပ်ဆရာကို သွားဟောလိုက်။ ဒါမှန်တဲ့လမ်းခရီးလို့ သင်းအုပ်ဆရာက ပြောရင်၊ အတူယုံကြည်ကြရအောင်၊ ဒါပေမဲ့ မပြောရင်တော့၊ ဘုရားကျောင်းကို ပြန်လာပြီး ငါတို့နဲ့ အတူ ယုံကြည်ပါ။ နင်းတို့အားလုံးက သွေးသားရင်းချာ ညီအစ်ကိုတွေပဲ။ ကိုယ့်လမ်းကိုယ် သွားလို့ မဖြစ်ဘူး။” အစ်ကိုနဲ့ မရီးက သင်းအုပ်ဆရာကို ကိုးကွယ်ကြပုံကိုမြင်တော့၊ သူတို့ကို ကျွန်တော် ပြောလိုက်တယ်။ “ကျွန်တော်တို့ ယုံကြည်သူတွေက ဘုရားကို အရာရာထက် နာခံပြီး ဂုဏ်ပြုသင့်တယ်။ လူတွေပြောတာကို ကြောင်းကျိုးမမြင် နာခံလို့ မရဘူး။ အထူးသဖြင့် သခင့်ကို ကြိုဆိုတာနဲ့ ပတ်သက်လာတဲ့အခါ၊ သင်းအုပ်ကို ဆုံးဖြတ်ခွင့်ပေးလို့မရဘူး။ ဘုရားရဲ့သိုးတွေက သူ့အသံကိုကြားတယ်လို့ သခင်ယေရှု ပြောခဲ့တယ်။ သခင့်ကို ကြိုဆိုနိုင်အောင် ဘုရားရဲ့ အသံ နားထောင်တာကို ကျွန်တော်တို့ အာရုံစိုက်သင့်တယ်”လို့ပေါ့။ ပြီးတော့ ပြောလိုက်တယ်။ “သခင်ယေရှု အမှုပြုဖို့ ကြွလာခဲ့ချိန်မှာ၊ ယုဒအယူဝါဒကို ယုံကြည်သူတွေက ဘုရားရဲ့ အသံကိုကြားဖို့ မကြိုးစားခဲ့ကြဘူး။ သခင်ယေရှုကို ခုခံပြီး ရှုတ်ချရာမှာ ဖာရိရှဲတွေနောက်ကို ကြောင်းကျိုးမမြင်ဘဲ လိုက်ခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့၊ သခင့်ရဲ့ ကယ်တင်ခြင်းကို သူတို့ဆုံးရှုံးသွားကြတယ်။ ဒါက ကျွန်တော်တို့အတွက် သင်ခန်းစာပဲ”လို့ပေါ့။ ဒါပေမဲ့ ကျွန်တော် ဘာပဲပြောပြော၊ ကျွန်တော့်အစ်ကိုနဲ့မရီးတို့က နားကို မထောင်ခဲ့ကြဘူး။ သင်းအုပ်ဆရားက မမှားနိုင်ဘူးလို့ပဲ မရမကပြောကြတယ်။ သူတို့သဘောထားကို မြင်တော့ တွေးမိတယ်၊ “သင်းအုပ်ဆရာကို သူတို့ အရမ်းကိုးကွယ်ကြတယ် သင်းအုပ်ဆရာကလက်ခံရင် သူတို့လည်း လက်ခံချင်လက်ခံကြမှာပဲ”လို့ပေါ့။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ရက်တစ်ရက်မှာ၊ သင်းအုပ်ဆရာနဲ့ ခေါင်းဆောင်တွေ ကျွန်တော်တို့ အိမ်ကို လာကြတယ်။ သူတို့ဆီ ဧဝံဂေလိဟောဖို့ ကျွန်တော် အခွင့်အရေးကို ယူလိုက်တယ်။ “ရှင်မဿဲ ၂၄:၃၇ မှာ ပြောတယ်၊ ‘လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။’ ပြီးတော့ ၂၄:၄၄မှာလည်း ပြောတယ်၊ ‘ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။’ လုကာ ၁၇:၂၄-၂၅ မှာ ပြောတယ်၊ ‘ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။’ ပရောဖက်ပြုချက်က ‘လူသားသည် ကြွလာတော်မူလတ္တံ့’ နဲ့ ‘လူသားသည် ကြွလာလိမ့်မည်’ လို့ ဖော်ပြတယ်။ ဒီတော့ ‘လူသား’က ဘယ်သူလဲ။ လူသားက ဘုရားရဲ့ လူ့ဇာတိခံယူခြင်းကို ရည်ညွှန်းတာပဲ။ သခင်ယေရှုက ဘုရားဝိညာဉ်တော်ရဲ့ လူ့ဇာတိခံယူခြင်းဖြစ်လို့ လူသား ဖြစ်ပါတယ်။ ဝိညာဉ်ကို လူသားလို့ ခေါ်လို့မရဘူး။ ဒီတော့၊ ပရောဖက်ပြုချက်က သခင်ဟာ နောက်ဆုံး‌သောကာလမှာ လူသားအနေနဲ့ ပြန်ကြွလာတယ်လို့ ပြောတယ်၊ သူ လူ့ဇာတိခံယူမယ်လို့ ဆိုလိုတာပဲ။ ရှင်ပြန်ထမြောက်ပြီးတော့ သခင်ယေရှုရဲ့ ဝိညာဉ်ခန္ဓာနဲ့ မိုးတိမ်စီး ဆင်းကြွလာပြီး ကြီးမားတဲ့ ဘုန်းအသရေနဲ့ အားလုံးဆီ ပေါ်ထွန်းခဲ့ရင်၊ သူ့ကို ဘယ်သူက ခုခံ၊ ရှုတ်ချရဲမှာလဲ။ ဒါပေမဲ့ သခင်ယေရှုက ပြောခဲ့တယ်။ ‘ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။’ ဒီပရောဖက်ပြုချက် ဘယ်လို ပြည့်စုံတာလဲ။ သာမန်၊ ပုံမှန် လူတစ်ဦးဖြစ်ပုံရတဲ့ လူတွေ သတိမထားမိတဲ့ ပုံသဏ္ဌာန်နဲ့ လူသားအနေနဲ့ ဘုရားက လူ့ဇာတိခံမှသာ သူက ရှုတ်ချခံရ၊ ငြင်းပယ်ခံရနိုင်တာလေ။ ဒါကြောင့် သခင်ယေရှုရဲ့ ပရောဖက်ပြုချက်အရ၊ သခင်က နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံ ပြန်ကြွလာပြီး ဒါဟာ လုံးဝ သေချာပါတယ်။” “ဒီကျမ်းချက်တွေက ‘လူသား’ လို့ ဖော်ပြပြီး သခင်ယေရှုကို ဆိုလိုတာပါ။” “အစ်ကိုဟန်၊ သခင်ယေရှုက အရမ်းကိုရှင်းရှင်းလင်းလင်း ပြောတယ်။ ဒါတွေက သခင်ယေရှုအကြောင်းမဟုတ်ဘဲ၊ သခင့်ရဲ့ ပြန်ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တွေပါ။” “ကျမ်းစာက ရှင်းရှင်း ပြောပါတယ်။ ‘ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၀) သခင်က မိုးတိမ်စီး ကြွလာမှာဖြစ်ပေမဲ့ မင်းက သူ လူ့ဇာတိခံယူမယ်လို့ ပြောတယ်။ ဒါတွေက ဆန့်ကျင်မနေဘူးလား။ မိုးတိမ်စီးကြွလာတဲ့ သခင်ယေရှုကို ငါတို့ စောင့်နေကြတာ။ အခု အချိန်နီးကပ်နေပြီ၊ ကပ်ဘေးမျိုးစုံ ဖြစ်ပေါ်ပြီးပြီဖြစ်သလို၊ ကောင်းကင်နိုင်ငံဆီ ငါတို့ကို ခေါ်ဆောင်ဖို့ သခင် မိုးတိမ်စီး ကြွလာတော့မှာ။ ဒီနှစ်တွေအားလုံး သခင့်ကို ယုံကြည်ခဲ့ပြီးတဲ့နောက်မှာ၊ မင်း ရောက်ခါနီးနေပြီ၊ ဒါပေမဲ့ မင်း၊ မင်းက အားလုံးက စွန့်လွတ်နေတာပဲ။” “သင်းအုပ်ဝမ်၊ ခင်ဗျားခုပဲ ပြောလိုက်တဲ့ ပရောဖက်ပြုချက်ကလည်း မှန်ပါတယ်၊ ဒါပေမဲ့ ဘုရားရဲ့ လူ့ဇာတိခံယူခြင်းက သူ့ရဲ့ မိုးတိမ်စီးကြွလာခြင်းနဲ့ မဆန့်ကျင်ပါဘူး။ ဒီမေးခွန်းကို ပထမတုန်းက ကျွန်တော် နားမလည်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ သခင်ရဲ့ပြန်ကြွလာခြင်းက အဆင့်နှစ်ဆင့်နဲ့ ဖြစ်တာကို သဘောပေါက်သွားတာ။ ပထမဆုံး၊ သူက သမ္မာတရား ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုဖို့ လူသားအနေနဲ့ တိတ်တဆိတ် ကြွလာတယ်၊ ပြီးတော့ အောင်မြင်သောသူတစ်စုကို ပြုလုပ်ပြီးတဲ့နောက်မှာ၊ ဘုရားက ကောင်းတဲ့သူကို ဆုချီးမြှင့်ပြီး ဆိုးယုတ်သူကို အပြစ်ပေးဖို့ ကပ်ဘေးတွေ စေလွှတ်တယ်။ ကပ်ဘေးတွေနောက်မှာ၊ ဘုရားက မိုးတိမ်စီးပြီး အားလုံးဆီ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းတာပါ။ အဲဒီအချိန်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခုခံပြီး ရှုတ်ချသူအားလုံးက ငိုကြွေးပြီး အံသွားခဲကြိတ်ကြလိမ့်မယ်။ အဲဒါက သခင် မိုးတိမ်စီးကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံသွားစေတယ်။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)” အဲဒီအချိန်မှာ သင်းအုပ်ဆရာနဲ့ တခြားလူတွေဟာ အံ့အားသင့်ပြီး နှုတ်ဆိတ်သွားကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ပြလိုက်တယ်။ “သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ရှိသမျှလူအားလုံး ဘုရားရဲ့ ဩဇာအာဏာရှိတဲ့ နှုတ်ကပတ်တော်တွေကိုကြားတဲ့အခါ မှင်တက်သွားကြတယ်။ နည်းနည်းကြာတော့၊ သင်းအုပ်ဆရာက စကားပြောတယ်။ “ဒါဟာ ဘုရားနှုတ်ကပတ်တော်သစ်တွေလို့ မင်းပြောလိုက်တာလား။ အဲဒါ မမှန်ဘူး။ ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာရှိပြီး ကျမ်းစာပြင်ပမှာ ဘာဘုရားနှုတ်ကပတ်တော်မှ မရှိဘူး။ တစ်ခုခုရှိရင်တောင်၊ ကျမ်းစာကို ဖြည့်စွက်ချက်တွေပဲ။ ဗျာဒိတ်ကျမ်းက ရှင်းရှင်း ဖော်ပြတယ်။ ‘ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသော သူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ ထပ်၍ အသစ်သွင်း၏။ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိ စကားအချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထား သော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့် ၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။(ဗျာဒိတ်ကျမ်း ၂၂:၁၈-၁၉)” “သင်းအုပ်ဝမ်၊ ဘယ်အရာကိုမှ ထပ်မဖြည့်၊ မနှုတ်ပယ်ရဘူးလို့ ပြောတဲ့အခါ၊ လူတွေအနေနဲ့ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေကို ထင်ရာမြင်ရာ ဖြည့်တာ၊ ဖယ်ရှားတာ မလုပ်ဖို့ သတိပေးချက်ပါ။ ဘုရားက နှုတ်ကပတ်တော်သစ်တွေ မပြောတော့ဘူးလို့ မဆိုလိုပါဘူး။ သခင်ယေရှု ကိုယ်တိုင်က ပြောခဲ့တယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) သခင်ယေရှုက အရမ်းကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ နောက်ဆုံးသော ကာလမှာ သူ ပြန်ကြွလာတဲ့အခါ၊ သမ္မာတရား အားလုံးထဲကို လမ်းပြဖို့ နှုတ်ကပတ်တော် အများကြီး သူ ဖော်ပြမယ်တဲ့။ ခင်ဗျားရဲ့ သိနားလည်မှုအရ၊ နောက်ဆုံးသော ကာလမှာ ဘုရားပြန်ကြွလာတဲ့အခါ၊ သူ စကားမပြော၊ အမှုပြုတော့မှာ မဟုတ်ဘူး။ အဲဒါဆိုရင် သခင်ယေရှုရဲ့ ဒီစကားတွေက ဘယ်လိုပြည့်စုံ၊ ပြီးမြောက်မှာလဲ။ ဘုရားက သမ္မာတရား၊ အသက်ရဲ့ ရင်းမြစ်၊ အမြဲစီးဆင်းနေတဲ့ အသက်စမ်းရေဖြစ်တယ်။ ဘုရားက ကျမ်းစာထဲက ဒီစကားတွေကိုပဲ ပြောနိုင်သလိုမျိုး ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ကို ခင်ဗျားက ကျမ်းစာနဲ့ ကန့်သတ်လိုက်တယ်။ ဒါက ဘုရားကို ဘောင်ခေတ်နေတာ၊ သေးသိမ်နေစေတာ မဟုတ်လား။” ကျွန်တော့်စကားတွေကို ကြားပြီးတော့ သင်းအုပ်ဆရာဝမ်က စကားမပြောတော့ဘူး။ ကျွန်တော် တွေးမိတယ်၊ “သင်းအုပ်တွေကို ငါ ကိုးကွယ်လေ့ရှိခဲ့တယ်။ သူတို့က ကျမ်းစာကို အကျွမ်းဝင်ပြီး ဘုရားနဲ့ဆိုင်တဲ့ အသိပညာရှိတယ်လို့ ထင်ခဲ့တယ်။ အံ့ဩစရာပဲ၊ ကျမ်းစာကို သူတို့ နားမလည်သလို၊ ဘုရားရဲ့အမှုကိုတောင် ဘောင်ခတ်ကြတယ်”လို့ပေါ့။ ကျွန်တော် စိတ်ပျက်သွားတယ်။

ငြင်းခုံမှု အတော်များများပြီးတဲ့နောက်မှာ၊ ကိုယ့်ယုံကြည်မှုမှာ ခိုင်မာတာကို မြင်တော့ သင်းအုပ်ဆရာက စိတ်ရှုပ်ထွေးအောင် အတွေးမှားတွေ အများကြီး သုံးတယ်။ ဘုရားနှုတ်ကပတ်တော်ကို သုံးပြီး ကျွန်တော် ချေပခဲ့သလို၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့ပေမဲ့ သူတို့ လုံးဝ နားမထောင်ခဲ့ကြဘူး။ စကားရည်လုပွဲရဲ့ အဆုံးမှာ၊ ကျွန်တော့်ကို သူ မချေပနိုင်တာကို မြင်တော့ သင်းအုပ်ဆရာဝမ်က ဘာမှမပြောတော့ဘူး။ သူနဲ့အတူလာတဲ့ ခေါင်းဆောင်ဟန်က ကျွန်တော့်ကို ပြောတယ်၊ “ဟဲကျင်း၊ ငါတို့က မင်းရဲ့ဘဝအတွက် တာဝန်ရှိနေလို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မင်းယုံကြည်တာ ရပ်စေချင်တယ်။ ငါတို့က ချစ်ခြင်းမေတ္တာနဲ့ လုပ်နေကြတာပါ။ မင်းအနေနဲ့ မမှန်တဲ့လမ်း လျှောက်မိမှာ ငါတို့ ကြောက်တာ။ မင်းလို ကျမ်းစာကို နားလည်တဲ့လူတွေက အသင်းတော်မှာ ခေါင်းဆောင်တွေ ဖြစ်ပြီး ငါတို့အလုပ်ကို ပူးပေါင်းလုပ်ဆောင်သင့်တယ်။ အဲဒါက သိပ်ကောင်းမှာပဲ”တဲ့။ သူဒါကိုပြောတာ ကြားတော့၊ ကျမ်းစာထဲက သခင်ယေရှုကို စုံစမ်းခဲ့တဲ့ နတ်ဆိုးရဲ့ စကားတွေကို တွေးမိတယ်။ “တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တော်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ စည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။” (မဿဲ ၄:၈-၉) အသင်းတော်မှာ ခေါင်းဆောင်ဖြစ်ဖို့ ကျွန်တော့်ကို သူတို့ တောင်းဆိုတာက နတ်ဆိုးရဲ့ စုံစမ်းနှောင့်ယှက်ခြင်းပဲ။ ကျွန်တော့်ကို ဂုဏ်သိက္ခာ၊ အဆင့်အတန်းနဲ့ ဆွယ်ရင်၊ သူတို့နဲ့လိုက်မှာပဲလို့ သူတို့ တွေးကြတာ။ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းက သူတို့အတွက် အရမ်းအရေးပါလွန်းတာလေ။ သခင့်ရဲ့ ကြွလာခြင်း သတင်းကို သူတို့ကြားခဲ့ကြပေမဲ့၊ ရှာဖွေပြီး စုံစမ်းစစ်ဆေးမဲ့အစား၊ စစ်မှန်တဲ့ လမ်းကနေ သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားခဲ့ကြတယ်။ အရမ်းကို မသိမသာအန္တရာယ်ရှိတာပဲ။ ဒါကြောင့် သူတို့ကို ငြင်းလိုက်တယ်။ “အသင်းတော်ကို ကျွန်တော် ပြန်သွားမှာ မဟုတ်ဘူး။ အခု သခင်ယေရှုက အမှုသစ်ပြုဖို့ ပြန်ကြွလာပြီးပြီ။ ကျေးဇူးတော်ခေတ်ရဲ့ အသင်းတော်မှာ သူ အလုပ်မလုပ်တော့ဘူး။ အသင်းတော်ကို သွားဖို့ ကျွန်တော့်အတွက် ဘာကောင်းကျိုးရှိမှာလဲ။ ကျွန်တော်တို့ ဘုရားရဲ့ အမှုသစ်ကို လက်ခံပြီး ဘုရားနောက် လိုက်သင့်တယ်။ မဟုတ်ရင် သခင့်ရဲ့ စွန့်ပစ်တာ၊ ထုတ်ပယ်တာခံရမယ်။ သခင်ယေရှုက အမှုပြုဖို့ ကြွလာခဲ့တဲ့ အချိန်ကလိုပဲပေါ့။ သခင်ယေရှုရဲ့ စကားတွေကို တပည့်တော်တွေက ကြားခဲ့ကြတယ်၊ သခင့်အသံကို သတိပြုမိခဲ့ကြတယ်၊ သခင့်နောက်လိုက်ပြီး သခင့်ရဲ့ ကယ်တင်ခြင်းကို ရရှိခဲ့ကြသလို၊ ဗိမာန်တော်ထဲမှာ ပညတ်တရားကို စောင့်ရှောက်ကြသူတွေကတော့ သခင့်ရဲ့ စွန့်ပစ်၊ ထုတ်ပယ်တာခံခဲ့ရတယ်။ ခင်ဗျားတို့ ဒီအချက်ကို သတိအပြုမိဆုံး ဖြစ်သင့်တယ်။ သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာပြီ။ သူ့အသံကို ကျွန်တော်တို့ နားမထောင်ရင်၊ သူ့ကို ဘယ်လိုလုပ် ကြိုဆိုနိုင်မှာလဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဗျာဒိတ်ကျမ်းကလည်း ပရောက်ဖက်ပြုခဲ့တယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) သင်းအုပ်ဝမ်၊ သခင့်ကို ကြိုဆိုရာမှာ၊ အရေးကြီးဆုံးက သခင့်ရဲ့ အသံတော်ကို နားထောင်တာပဲ။ သူပြန်ကြွလာပြီလို့ တစ်ယောက်ယောက် သက်သေခံရင်၊ ကိုယ့်အယူအဆတွေကို ဘေးဖယ်၊ ရှာဖွေပြီး စုံစမ်းစစ်ဆေးရမယ်။ မဟုတ်ရင်၊ သခင့်ကို ကြိုဆိုပြီး၊ ကောင်းကင်နိုင်ငံထဲ ဝင်နိုင်မှာ မဟုတ်ဘူး။” “ဘုရားရဲ့ အသံကို ငါတို့ နားထောင်ဖို့ မလိုဘူး။ ငါတို့ကို သူ့နိုင်ငံတော်ထဲ ခေါ်ဆောင်သွားဖို့ သခင်မိုးတိမ်စီးကြွလာတာကိုပဲ စောင့်ရမယ်။ သခင်ယေရှု မိုးတိမ်စီးကြွလာတဲ့ နေ့ရောက်လာပြီး၊ ငါတို့က ငိုကြွေး၊ အံသွားခဲကြိတ်တဲ့သူတွေ ဖြစ်ရင်၊ ငါတို့ တာဝန်ခံလိုက်မယ်။ ဒါပေမဲ့ မင်းကို ရှင်းအောင်ပြောမယ်။ မင်း တလွဲယုံကြည်မိပြီး လမ်းမှားလျှောက်မိရင် ငါတို့ကို အပြစ်မတင်နဲ့။ အခု မင်းပြောင်းလဲချင်ရင်၊ အသင်းတော်ကို ပြန်လာလို့ရသေးတယ်။ စဉ်းစားဖို့ မင်းကို နောက်ထပ် ရက်နည်းနည်း ပေးလိုက်မယ်။ အခုကစပြီး ခုနှစ်ရက်နေ့မှာ၊ ဘုရားကျောင်းကို လာပြီး အဖြေပေးလိုက်။ ငါ မင်းကို သတိပေးနေတယ်။ ဘုရားကျောင်းမှာ မင်းရဲ့ ဧဝံဂေလိကို ဟောခွင့်မရှိဘူး။ အသင်းတော်ထဲက တစ်ယောက်ယောက် မင်းကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စယုံကြည်ရင်၊ မင်းကို လွယ်လွယ်နဲ့လွှတ်ပေးမှာ မဟုတ်ဘူး။” သင်းအုပ်ဆရာက စကားပြောတာ ပြီးသွားတော့၊ ကျွန်တော့်မိသားစုကို သူ ပြောတယ်။ “ငါတို့ အများကြီးပြောခဲ့ပေမဲ့ သူ နားမထောင်ဘူး။ မင်းတို့က သူ့မိသားစုပဲ၊ ဒါကြောင့် သူ့ကို ဖျောင်းဖျဖို့ ကြိုးစားကြပါ”တဲ့။ အဲဒီနောက် သင်းအုပ်ဆရာက ဒေါကန်ပြီး ထွက်သွားတယ်။

ကျွန်တော်က သင်းအုပ်ဆရာစကား နားမထောင်တာ တွေ့တော့ ကျွန်တော့် မိသားစုက အရမ်း စိတ်ဆိုးသွားကြတယ်။ ဒါကြောင့် အားလုံးလာပြီး ဆူကြသလို၊ ကျွန်တော့် ဒုတိယအစ်ကိုကတောင် အကြမ်းဖက် ခြိမ်းခြောက်ခဲ့တယ်။ “ငါတို့ သင်းအုပ်ဆရာကို ခေါ်ခဲ့ပြီး မင်းက ငါတို့ကို အရှက်ခွဲတယ်။ သင်းအုပ်ဆရာက အများကြီး ပြောခဲ့ပေမဲ့ မင်း နားမထောင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မရမက ယုံကြည်နေတုန်းပဲ။ ဒီတော့ မင်းကို ငါ သေအောင်ရိုက်မယ်။” “ကျေးဇူးပြုပြီး၊ ကျွန်တော့်ကို ရိုက်ချင်ရအောင် ကျွန်တော် ဘာမှားတာလုပ်မိလို့လဲ။ သခင်ကြွလာပြီလေ။ သူ့အသံကို ကျွန်တော် နားထောင်ပြီး ကြိုဆိုရုံပဲလုပ်တာကို။ ဘာလို့ ဒီလိုဆက်ဆံနေရတာလဲ။ အစ်ကိုက ဘုရားကိုယုံကြည်နေသေးရဲ့လား။” “မင်းက သင်းအုပ်ပြောတာကိုတောင် နားမထောင်ဘူး။ မင်း ဘာပြဿနာရှိနေတာလဲ။” “အစ်ကို ယုံကြည်တာက ဘုရားလား၊ သင်းအုပ်ဆရာလား။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတဲ့အတွက်နဲ့ပဲ၊ သင်းအုပ်ဆရာက ကျွန်တော့်ကို ဒီလို ဟန့်တား၊ နှောင့်ယှက်တယ်။ သင်းအုပ်နဲ့ အဲဒီခေါင်းဆောင်တွေက သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲတွေလို့ ထင်တယ်။ အခု ဘုရားကြွလာပြီးပြီလေ၊ သူက အမှုသစ်ကို ပြုနေသလို၊ သမ္မာတရားအများကြီး ဖော်ပြပြီးပြီ။ ဒါပေမဲ့ သူတို့က ကိုယ်တိုင် မရှာဖွေ၊ မစုံစမ်းသလို၊ သင့်ကိုကြိုဆိုခြင်းကနေ တခြားလူတွေကို ဟန့်တားကြတယ်။ ကျွန်တော့်ဘဝအတွက်လို့ပြောပြီး ကျွန်တော့်ကို စစ်မှန်တဲ့ လမ်းခရီးကနေ သွေးဆောင်ဖို့ အဆင့်အတန်းကိုတောင် သုံးကြတယ်။ ဒါက အလိမ်အညာပဲ မဟုတ်လား။ ကျွန်တော့်ကို ထောင်ဖမ်းပြီး ဖျက်ဆီးချင်ကြတာပဲ။ သခင်ယေရှုက ဒီလိုပြောပြီး ဖာရိရှဲတွေကို ဖော်ထုတ်ခဲ့တယ်။ ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။...အကြောင်းမူကား၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃၊ ၁၅) သင်းအုပ်ဆရာ၊ ခေါင်းဆောင်တွေနဲ့ ဖာရိရှဲတွေကြားမှာ ဘာခြားနားချက်ရှိလို့လဲ။ ဘယ်လိုလုပ်ပြီး အဖေတို့က သူတို့ဘက် ရပ်နိုင်တာလဲ။” “သင်းအုပ်က မင်းကိုနှင်ထုတ်ရင်၊ ငါတို့လည်း ဒုက္ခမခံတော့ဘူး၊ ပြီးတော့ မင်း သေသေ၊ ရှင်ရှင် ငါတို့အတွက် အရေးမကြီးဘူး။ ငါတို့ဆီက ချေးထားတဲ့ ငွေတွေ ပြန်ပေး။ နှစ်ပတ်အတွင်း လိုချင်တယ်။”

သူတို့ အရမ်းအကြင်နာမဲ့ကြတာ မြင်ရတာ ကျွန်တော့်ကို အရမ်းဝမ်းနည်းစေတယ်။ သူတို့ ဒုက္ခရောက်တဲ့အချိန်မှာ ကူညီဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့၊ အခု ကျွန်တော့်ကို ဒီလို ခြိမ်းခြောက်နေကြတယ်။ အရင်က သိခဲ့တဲ့ ညီအစ်ကိုကောင်းတွေက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာတာလဲ။ ဒီလူတွေက ဘယ်လိုလုပ် ကျွန်တော့် မိသားစုတွေ ဖြစ်တာလဲ။ အဲဒီညမှာ အိပ်ရာမှာလှဲပြီး မအိပ်နိုင်ခဲ့ဘူး။ အဲဒီအကြောင်းတွေးတာက အရမ်းနာကျင်စရာဖြစ်ပြီး မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ ဘုရားဆီ ကျွန်တော် ဆုတောင်းခဲ့တယ်၊ ဒီပတ်ဝန်းကျင်ကို ဘယ်လို တွေ့ကြုံရမယ်ဆိုတာ သိနိုင်အောင် ယုံကြည်ခြင်းပေးပြီး သူ့အလိုတော်ကို နားလည်ရာမှာ လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ပေါ့။ သခင်ယေရှုပြောခဲ့တာကို သတိရမိတယ်။ “မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ဓါးကို စေလွှတ်အံ့သောငှါ ငါလာသတည်း။ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း။ ကိုယ့်အိမ်သူအိမ်သားတို့သည်လည်း ကိုယ့်ရန်သူ ဖြစ်ကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၄-၃၆)လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။(ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၈) သခင့်စကားတွေက မှန်ကန်ပြီး ပရောဖက်ပြုချက်တွေက ပြည့်စုံခဲ့တာပဲ။ ဘုရားရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံလို့ပဲ သင်းအုပ်နဲ့ ညီအစ်ကိုတွေက ကျွန်တော့်ကို ဟန့်တား၊ ဖိနှိပ်ဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ ကျွန်တော့်ကို မုန်းတာ မဟုတ်ဘူး၊ ဘုရားကို မုန်းကြတာ။ လတ်တလော ရက်တွေမှာ ဖြစ်ပျက်ခဲ့တာကို တွေးပြီးတဲ့နောက် ဘုရားကို ကျေးဇူးတင်မိတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်က သင်းအုပ်နဲ့ မိသားစုရဲ့ အနှောင့်အယှက်နဲ့ အဟန့်အတားတွေကို အောင်မြင်ဖို့ ကူညီခဲ့ပြီး၊ သူတို့နဲ့ပတ်သက်လို့လည်း ချင့်ချိန်နိုင်စွမ်းတချို့ ပေးခဲ့တယ်။

တစ်နေ့ ညီအစ်မတစ်ယောက်က ကျွန်တော့် အခြေအနေကို သိသွားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် မွေ့လျော်ရန် မတွန့်ဆုတ်နှင့်။ အမှောင် ကျော်လွန်သည့်အခါ၊ အလင်း စုရုံး၏။ အရုဏ်မတက်မီ အမှောင်ဆုံးဖြစ်၏။ ဤအချိန်ပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း လင်းလက်လာပြီး၊ ထို့နောက် နေ ပေါ်ထွက်ပေသည်။ ကြောက်ရွံ့ခြင်းမရှိနှင့် သို့မဟုတ် တွန့်ဆုတ်ခြင်း မဖြစ်နှင့်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) သူ ကျွန်တော့်ကို မိတ်သဟာယပြုတယ်။ “ကျွန်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး သင့်ကို ကြိုဆိုကြတာ၊ ဒါပေမဲ့ စာတန်က ကျွန်မတို့ ကယ်တင်ခံရ၊ ဘုရားရဲ့ ရယူခြင်းခံတာ မလိုချင်ဘူး။ ဒါကြောင့် ကျွန်မတို့ကို ဟန့်တား၊ နှောင့်ယှက်ဖို့ နည်းလမ်းအမျိုးမျိုး သုံးတယ်။ ဒါပေမဲ့ ဒါကို ဘုရားက အခွင့်ပေးတာပါ။ ဘာလို့လဲ။ လူတွေရဲ့ ယုံကြည်ခြင်း မှန်၊ မမှန် ဘုရားက ထုတ်ဖော်ပြချင်တယ်လေ။ ဘုရားရဲ့ သိုးဖြစ်တဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိသူတစ်ယောက်က စစ်ဆေးတာကို ခံနိုင်တယ်။ သူတို့ကို စာတန်က ဘယ်လိုနှောင့်ယှက်ပါစေ၊ ဘုရားနောက်လိုက်ရာမှာ မဆုတ်မနစ်လုပ်နိုင်ကြတယ်။ ဘုရားနဲ့ မဆိုင်တဲ့သူတွေ၊ အယောင်ဆောင် ယုံကြည်သူတွေကတော့ စာတန်က နှောင့်ယှက်တဲ့အခါ နုတ်ထွက်သွားကြမှာပဲ။ ဒါက စာတန်ရဲ့ အကြံအစည်တွေပေါ် အခြေခံပြီး ကျင့်သုံးတဲ့ ဘုရားရဲ့ ဉာဏ်ပညာပဲ။ အခု အစ်ကိုက သင်းအုပ်နဲ့ မိသားစုရဲ့ နှောင့်ယှက်၊ ဟန့်တားတာ ခံနေရတယ်။ ဒါ စမ်းသပ်မှုတစ်ခုပဲ။ ဒါကို တွေ့ကြုံပြီးတဲ့နောက်မှာ၊ သမ္မာတရားတချို့ကို နားလည်ပြီး တချို့ကိစ္စတွေကို ရှင်းရှင်း မြင်နိုင်လိမ့်မယ်။ ဘယ်သူက စစ်မှန်တဲ့ ယုံကြည်သူဖြစ်ပြီး ဘယ်သူက အယောင်ဆောင် ဖြစ်တယ်ဆိုတာလည်း သိမှာဖြစ်သလို၊ ဘုရားကို ယုံကြည်ခြင်း ဖြစ်ပေါ်လိမ့်မယ်။ အဲဒါတွေက သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ မရနိုင်တဲ့ အရာတွေပဲ။ ဒီဆင်းရဲဒုက္ခက တန်ပါတယ်”တဲ့။ အဲဒီညီအစ်မရဲ့ မိတ်သဟာယကို နားထောင်ပြီးတဲ့နောက် နားလည်သွားတယ်၊ သင်းအုပ်နဲ့ မိသားစုရဲ့ အဟန့်အတားနဲ့ အနှောင့်အယှက်က လူသားတွေ လုပ်တဲ့ပုံပေါ်ပေမဲ့၊ အမှန်တော့ စာတန်ရဲ့ နှောင့်ယှက်မှု၊ ဘုရားရဲ့ ကယ်တင်ခြင်း ကျွန်တော် ဆုံးရှုံးအောင် ကြိုးစားခြင်းသက်သက်ပဲ။ စာတန်က တကယ်ကို မုန်းစရာပဲ။ ဒီအဖြစ်အပျက်ကတစ်ဆင့်၊ သင်းအုပ်အပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ရခဲ့သလို၊ ဘုရားနောက်လိုက်ဖို့ ကျွန်တော့် စိတ်ဆန္ဒက ပိုခိုင်မာသွားခဲ့တယ်။ ရက်နည်းနည်း ကြာပြီးတဲ့နောက်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်သေးမှန်း မြင်တော့ ဦးလေးကလည်း မယုံကြည်ဖို့လာဖျောင်းဖျတယ်။ “ဟဲကျင်း၊ ဦးလေး ပြောတာကိုပဲ နားထောင်ပါ။ ပြန်လာပါ။ သင်းအုပ်က မင်းကို နှင်ထုတ်ရင် ဘာလုပ်မလဲ။ နောင်မှာ အခက်အခဲတစ်ခုခုရှိရင်၊ နေမကောင်းဖြစ်ရင်၊ ဘယ်သူက ကူညီမှာလဲ။” “ကျွန်တော် နောက်ဆုံးမှာ သခင့်ကို ကြိုဆိုပြီးပြီ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်မယ်။ အသင်းတော်ကို ပြန်မသွားဘူး။” “သင်းအုပ်လောက် မင်းမသိဘူးလေ။ ဘုရားကို ယုံကြည်ခြင်းကိစ္စမှာ၊ သင်းအုပ်စကား နားထောင်ရမယ်။” “သခင်ယေရှု အမှုပြုဖို့ ကြွလာချိန်မှာ၊ ယုဒဘာသာထဲမှာရှိတဲ့ ယုံကြည်သူတွေကလည်း ဖာရိရှဲတွေ ပိုသိတယ်လို့ တွေးပြီး၊ သခင့်ကို ခုခံ၊ ရှုတ်ချပြီး သူတို့နောက် လိုက်ကြတယ်။ အကျိုးဆက်အနေနဲ့၊ သူတို့ ကျိန်ဆဲခံရပြီး အပြစ်ပေးခံခဲ့ရတယ်။ ဘုရားကိုယုံကြည်သူတွေအနေနဲ့၊ ဘုရားရဲ့စကားတွေကို နားထောင်ရမယ်။ သင်းအုပ်ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေက ဘုရားနှုတ်ကပတ်တော်နဲ့ မကိုက်ရင်၊ နားထောင်လို့မဖြစ်ဘူး။ ဘုရားက သမ္မာတရား ဖော်ပြဖို့ နောက်ဆုံးသော ကာလမှာ ပြန်ကြွလာတယ်လို့ သင်းအုပ်ကို ကျွန်တော် ပြောခဲ့တယ်၊ အဲဒါက ကျမ်းစာနဲ့ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို သက်သေပြခဲ့ပြီး၊ သူတို့မှာ ချေပဖို့ နည်းလမ်းမရှိခဲ့ဘူး။ ဒါပေမဲ့ သူတို့က ရှာဖွေဖို့ ဆန္ဒလုံးဝ မရှိခဲ့ကြဘူး၊ သခင့်ကို ကျွန်တော် မကြိုဆိုအောင် တားဖို့ ကြိုးစားခဲ့ကြပြီး၊ ဘယ်ညီအစ်ကို မောင်နှမနဲ့မှ အဲဒါကို ဝေမျှခွင့်မပေးခဲ့ကြဘူး။ သူတို့လုပ်တာ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုက်ညီတယ်လို့ ဦးလေးထင်လား။ ဦးလေး၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဦးလေး မရှာဖွေ၊ မစစ်ဆေးဘူး။ သင်းအုပ်ဘာပဲပြောပြော နားထောင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဦးလေး လုံးဝ မဖတ်ဘူး၊ ဒါကြောင့် မှန်၊ မမှန် ဦးလေး ဘယ်လိုသိနိုင်မှာလဲ။ မြစ်တစ်ခုကို ဖြတ်သလိုပေါ့။ ရေနက်တယ်လို့ လူတစ်ယောက်ကပြောပြီး တခြားတစ်ယောက်က တိမ်တယ်လို့ပြောရင်၊ ဦးလေး ဘယ်သူ့ကိုယုံလဲ။ ကိုယ်တိုင် မကူးဖြတ်ရင် အမှန်ကို သိမလား။ သခင့်ကို ယုံကြည်ပေမဲ့၊ သူ့ကို နားမထောင်သလို၊ သင်းအုပ်ပြောတာကိုပဲ မရမက နားထောင်ရင်၊ နောက်ဆုံးမှာ၊ သင်းအုပ်က ငရဲသွားရင်၊ ဦးလေးလည်း သွားမှာမဟုတ်လား။ ဒါက တွင်းထဲကို မျက်ကန်းအချင်းချင်း ဦးဆောင်နေတာ မဟုတ်လား။” “သင်းအုပ်က မင်းကို အစိုးရဆီတိုင်ပြီး ဖမ်းခိုင်းမှာ မကြောက်ဘူးလား။” “သူတို့ ကျွန်တော့်ကို အစိုးရဆီ တိုင်မလား ကိစ္စမရှိဘူး၊ အစိုးရက ကျွန်တော့်ကို ဘာပဲလုပ်လုပ်၊ နှိပ်စက်ခံရရင်တောင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် ကျွန်တော် လိုက်ရမယ်။” အဲဒီနေ့မှာ၊ ကျွန်တော့်ဦးလေးက ကျွန်တော့်ကို အဆက်မပြတ် ဖျောင်းဖျဖို့ ကြိုးစားခဲ့ပေမဲ့ ကျွန်တော် နားမထောင်ခဲ့ဘူး။ တစ်ပတ်ကြာပြီးတဲ့နောက်၊ ကျွန်တော့်ကို ထပ်ဒုက္ခပေးရာက‌နေ သင်းအုပ်ကို တားဖို့၊ သင်းအုပ်နဲ့ ခေါင်းဆောင်တွေဆီ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ထားပြီး အသင်းတော်ကို ပြန်မသွားတော့ဘူးလို့ ပြောပြီး၊ ကျွန်တော့်ကို ထပ်မပြောကြဖို့ တောင်းဆိုလိုက်တယ်။ မမျှော်လင့်ဘဲ၊ သင်းအုပ်က လက်လျော့ဖို့ ငြင်းပြီး ကျွန်တော့်ကို ပြောတယ်၊ “မင်းယုံကြည်တဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သခင့်ရဲ့ ပြန်ကြွလာခြင်း မဟုတ်ဘူး။ ဆက်ယုံကြည်ရင်၊ သခင့်ကို သစ္စာဖောက်နေတာပဲ”တဲ့။ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ “သခင်ယေရှုက သူ့ရဲ့ ပြန်ကြွလာခြင်းကို ဒီလိုပြောပြီး ပရောဖက်ပြုခဲ့တယ်။ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ ပေါ်ထွန်းခြင်းက သူ့ရဲ့ ပရောဖက်ပြုချက် ပြည့်စုံတာ မဟုတ်လား။” ကျွန်တော့်ကို မချေပနိုင်တာ သင်းအုပ်ဝမ်က သိတော့၊ စိတ်ဆိုးပြီး၊ ဘုရားအမှုတော်ကို စဝေဖန်ပြီး ရှုတ်ချခဲ့တယ်။ သူ့စကားတွေကြောင့် ကျွန်တော် အရမ်းစိတ်ဆိုးမိတယ်။ သခင်ယေရှု ပြောခဲ့တာကို သတိရမိတယ်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဘုရားရဲ့ သိုးတွေက သူ့အသံကို ကြားတယ်။ သင်းအုပ်နဲ့ ခေါင်းဆောင်တွေက ဘုရားရဲ့ အသံကို နားမလည်သလို ဘုရားကို ဝေဖန်ကြတယ်။ သူတို့က ဘုရားရဲ့ သိုးတွေ မဟုတ်ဘူး။ နတ်ဆိုးနဲ့ ဆိုင်တယ်။ သူတို့ကို ကျွန်တော်ပြောလိုက်တယ်။ “အရင်က၊ ဖာရိရှဲတွေက သခင်ယေရှုကို ဝေဖန်ပြီး ရှုတ်ချခဲ့ကြတယ်။ အခု ခင်ဗျားက သခင်ပြန်ကြွလာပြီဆိုတာကို ကြားတယ်၊ မရှာဖွေ၊ မစုံစမ်းဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကောင်းကောင်း ပြောထားတာ မြင်တာတောင်၊ ရှုတ်ချပြီး ခုခံနေတုန်းပဲ။ ခင်ဗျားတို့က ခေတ်သစ် ဖာရိရှဲတွေပဲ မဟုတ်လား”လို့ပေါ့။ ကျွန်တော်ဒီလိုပြောတော့ သင်းအုပ်နဲ့ ခေါင်းဆောင်တွေ အရမ်းဒေါသထွက်သွားကြတယ်။ ဒါကြောင့် ကျွန်တော့်ကို ဖိအားပေးဖို့ တခြားနည်းလမ်း ကြိုးစားတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို မင်း ယုံကြည်ချင်တာ အရမ်း သေချာနေမှတော့၊ မင်းလက်မှတ်ထိုးဖို့အတွက် သခင်ယေရှုကို မယုံကြည်ဘူးလို့ ပြောတဲ့ ကြေညာချက်တစ်ခုကို ရေးလိုက်ရအောင်။” “ဘာလို့အဲဒါကို လက်မှတ်ထိုးရမှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ပြန်ကြွလာခြင်းပဲလေ။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်တယ်။ အဲဒါက သခင့်ကို ကြိုဆိုခြင်းပဲ။ သခင်ယေရှုကို ကျွန်တော် မယုံကြည်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ အမှန်တွေကို လိုရာဆွဲ မမှန်မကန်ပြောတာ မဟုတ်လား။ ခင်ဗျားတို့အရဆိုရင်၊ သခင်ယေရှု အမှုပြုဖို့ ကြွလာတဲ့အခါ၊ ပေတရုနဲ့ ယောဟန်တို့လို သခင့်ရဲ့ တပည့်တော်တွေက ဗိမာန်တော်ကို စွန့်ပြီး သခင်ယေရှုနောက်လိုက်ကြတယ်။ သူတို့က ယေဟောဝါ ဘုရားသခင်ကို သစ္စာဖောက်တာလို့ ပြောလို့ရလား။ သေချာပေါက်မရဘူးလေ။ သူတို့က ဘုရားရဲ့အမှုသစ်ကို အမှီလိုက်ခဲ့ကြတာ။ အဲဒီလိုပဲ အခု သခင်ယေရှုက အမှုသစ်ပြုဖို့ ပြန်ကြွလာပြီဖြစ်သလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်တာက သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက် လိုက်တာပဲ။ ဒါက သခင်ယေရှုအပေါ် သစ္စာဖောက်တာ ဘယ်လိုလုပ်ဖြစ်နိုင်ရတာလဲ။ အဲဒီလိုအရာမျိုးကို ကျွန်တော် လက်မှတ်ထိုးမှာ မဟုတ်ဘူး။” “အသင်းတော်ကို မင်းကိုယ်တိုင် စွန့်ခွာတာ၊ ငါတို့နှင်ထုတ်တာမဟုတ်ဘူးလို့ သက်သေပြဖို့ ဒီကြေငြာချက်ကို မင်း လက်မှတ်ထိုးရမယ်။ ပြီးတော့ မင်းရဲ့ ညီအစ်ကိုတွေနဲ့ မိဘတွေကလည်း လက်မှတ်ထိုးရမယ်။” အဲဒီအချိန်မှာ၊ ကျွန်တော် သင်းအုပ်ဆရာရဲ့ ရည်ရွယ်ချက်ကို မြင်လိုက်တယ်။ သခင်ယေရှုကို ကျွန်တော် မယုံကြည်ဘူး၊ အဲဒီအစား အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်လို့ ကြေညာလိုက်ရင်၊ ဒါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုက ဘုရားတစ်ပါးတည်းပဲ ဆိုတာကို ငြင်းတဲ့သဘော ဖြစ်မှာမဟုတ်လား။ ကျွန်တော် လက်မှတ်ထိုးရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်၊ ရှုတ်ချဖို့ သက်သေအထောက်အထား ဖြစ်လာမှာပဲ။ သူတို့အရမ်းဆိုးပြီး ရက်စက်လိုက်ကြတာ။ ဒီကြေငြာချက်ကို ဗီယက်နမ်အစိုးရဆီ ယူသွားရင်၊ ကျွန်တော် နှိပ်စက်ခံရမှာ။ ဒါဟာ သူတို့ရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်ပဲ။ အဲဒီညမှာ၊ ဆယ်နာရီအထိ ကျွန်တော်တို့ အချေအတင်ဖြစ်ခဲ့ကြတယ်။ ကျွန်တော် ဘာပဲပြောပြော သင်းအုပ်ဆရာက နားမလည်နိုင်သလို၊ ရိုင်းစိုင်းပြီး ယုတ္တိမတန်သလို ဖြစ်ခဲ့တယ်။ ဒါကြောင့် သူတို့ကို ပြောစရာ ဘာမှမကျန်တော့ဘူး။ နောက်နေ့မှာ၊ ကျွန်တော့်မိသားစုက သတင်းကိုကြားတော့၊ စွပ်စွဲဖို့ ကျွန်တော့်အိမ်ကို လာကြတယ်။ “မင်းအဖေနဲ့ ငါက မင်းကို ပျိုးထောင်ဖို့ အလုပ်အရမ်းကြိုးစားခဲ့ရတာ။ အခုတော့ မင်းက ငါတို့ကို စွန့်ပစ်နေပြီပေါ့။ မင်းမှာ အသိစိတ်လုံးဝ မရှိဘူးပဲ။” “အမေ၊ ကျွန်တော် အမေတို့ကို စွန့်ပစ်တာ မဟုတ်ပါဘူး၊ အမေတို့ကို အကြိမ်အများကြီး ကျွန်တော် ဧဝံဂေလိဟောခဲ့ပေမဲ့၊ အမေတို့ မယုံကြဘူး။ ဘုရားနှုတ်ကပတ်တော်တွေမဟုတ်ဘဲ၊ သင်းအုပ်စကားကိုပဲ နားထောင်တယ်။ ဒါအမေတို့ ကိုယ်ပိုင်ရွေးချယ်မှုပဲ။” “အခုကစပြီး မင်းက ငါ့သား မဟုတ်တော့ဘူး။” “အခုကစပြီး၊ ငါတို့ ကိုယ့်လမ်းကိုယ် သွားကြမယ်။ မနှောင့်ယှက်တော့ဘူး။ နောင်မှာ မင်း ဘာအခက်အခဲပဲရှိရှိ၊ ငါတို့ ကူညီမှာ မဟုတ်ဘူး။” “အဲဒါဆိုလည်း အစ်ကိုတို့သဘောပါပဲ။ ဘုရားကို ယုံကြည်ရုံယုံကြည်တာကို အစ်ကိုတို့က ကျွန်တော့်ကို ဒီလိုဖိနှိပ်တယ်။ အစ်ကိုတို့နဲ့ ဘုရားကြားမှာ ရွေးချယ်ခိုင်းခဲ့တယ်။ ဒီတော့ ဟုတ်ပြီ ဘုရားကို ကျွန်တော်ရွေးတယ်။ ဒါပေမဲ့ အဖေတို့က ကျွန်တော့်မိဘတွေနဲ့ ညီအစ်ကိုတွေ မဟုတ်ဘူးလို့ ကျွန်တော် လုံးဝ မပြောဘူး။ အဲဒါတွေက အဖေတို့စကားတွေပဲ။”

အဲဒီနောက်မှာ၊ ဘုရားကျောင်းကို ကျွန်တော် မသွားတော့ဘူး။ သင်းအုပ်နဲ့ ခေါင်းဆောင်တွေက ထပ်မနှောင့်ယှက်တော့ဘူးလို့ ထင်တာ။ မမျှော်လင့်ဘဲ၊ ဧပြီလ ရက်တစ်ရက်မှာ၊ ဘဏ္ဍာရေး စီမံတဲ့ အသင်းတော် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လာပြီး သခင်ယေရှုကို မယုံကြည်ကြောင်း ကြေငြာချက်ကို အသင်းတော်မှာ လက်မှတ်သွားထိုးဖို့ မရမကပြောတယ်။ ကျွန်တော် ဒေါသထွက်သွားတယ်။ ဒီလူတွေက ကျွန်တော့်ကို တစ်ယောက်တည်း ထားမှာမဟုတ်ဘူး။ ဘာလို့အရမ်းမုန်းဖို့ ကောင်းကြတာလဲ။ သူ့ကို ထွက်သွားခိုင်းပြီးတဲ့နောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်စေပြီး ဘုရားဆီဆုတောင်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် တွေးမိတယ်။ “ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး လက်ခံသည့်အခါ၊ စာတန်ကလည်း ထိုလူကို လှည့်စားပြီး ထိခိုက်စေဖို့ ကြိုးစားရင်း၊ အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။ သင်တို့က စာတန်သည် အင်မတန် ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟု မကြာခဏ ဆိုသော်လည်း၊ ယင်းကို သင်တို့ မြင်ဖူးကြပါသလော။ လူသားမျိုးနွယ် မည်မျှဆိုးရွားသည်ကို သင်မြင်နိုင်သည်။ တကယ့်စာတန်သည် မည်မျှဆိုးရွားသည်ကို သင်မမြင်ရသေးပေ။ သို့တိုင် ယောဘ၏ ကိစ္စတွင် စာတန်မည်မျှ ဆိုးယုတ်သည်ကို သင် ရှင်းလင်းစွာ သတိပြုမိပြီး ဖြစ်သည်။ ဤကိစ္စသည် စာတန်၏ အကျည်းတန်သော မျက်နှာထားနှင့် သူ၏အနှစ်သာရတို့ကို အလွန်ရှင်းလင်းစေပြီးဖြစ်သည်။ ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက်မှာ၊ စာတန်ရဲ့ လှည့်ကွက်တွေကို ရှင်းရှင်း မြင်ခဲ့တယ်။ ဒီသင်းအုပ်နဲ့ အကြီးအကဲတွေက စာတန်နဲ့ သက်ဆိုင်မှန်း တွေ့ရတယ်။ သူတို့က စာတန်ရဲ့ ကြံရာပါတွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော့် ယုံကြည်မှုကို ဖြစ်နိုင်သမျှနည်းနဲ့ ဟန့်တားနှောင့်ယှက်ဖို့၊ ဘုရားဆီကနေ ကျွန်တော့်ကို ခေါ်ဆောင်သွားဖို့ ကြိုးစားခဲ့ကြတာပဲ။ ကျွန်တော့်ကို ရှုတ်ချဖို့ဆင်ခြေတစ်ခု ပေးရအောင်လို့ သခင်ယေရှုကို ငြင်းတဲ့ စာတစ်စောင်ကို လက်မှတ်ထိုးခိုင်းကြတယ်။ သူတို့စိတ်နှလုံးက အရမ်းရက်စက်တာပဲ။ အစကနေအဆုံးထိ၊ စာတန်ရဲ့ အခန်းကဏ္ဍကို သူတို့ လုပ်ဆောင်ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော့်မိသားစုကလည်း သင်းအုပ်က ကျွန်တော့်ကို အစိုးရဆီ တိုင်လို့ရအောင် လက်မှတ်ထိုးစေချင်ခဲ့မှန်း သဘောပေါက်ပြီး သင်းအုပ်ရဲ့ ရည်ရွယ်ချက်ကို ရိပ်စားမိခဲ့ကြတယ်။ အမေက ကျွန်တော့်ကို ပြောတယ်၊ “ဟဲကျင်း၊ လက်မှတ်မထိုးနဲ့။ သင်းအုပ်က ဆိုးတယ်။ ဘုရားကိုယုံကြည်ခြင်းအားဖြင့် သား ဘာအမှားမှလုပ်ခဲ့တာ မဟုတ်ဘဲ ဒီလိုပုံနဲ့ သားကို သူဆက်ဆံတယ်။ နှိပ်စက်တာတစ်ခုခု သားခံစားရရင်၊ သူ့ကို အမေအလွတ်ပေးမှာ မဟုတ်ဘူး”တဲ့။ သင်းအုပ်တွေကို ကျွန်တော် ကိုးကွယ်လေ့ရှိခဲ့တာလေ။ သူတို့က သခင့်ကို အစေခံကြပြီး သူတို့ကို ကူညီတာက သခင့်ကို ချစ်တာလို့ ထင်ခဲ့တယ်။ ဒါကြောင့် ငွေရော၊ ပစ္စည်းရော မကြာခဏ လှူခဲ့တယ်။ သူတို့ကားပျက်တဲ့အခါ၊ ဘယ်လောက်ပဲကုန်ကုန် ကျွန်တော် အမြဲပြင်ပေးခဲ့တယ်။ ဒီအတွေ့အကြုံကတစ်ဆင့်၊ အခု သင်းအုပ်တွေရဲ့ သဘောသဘာဝအမှန်ကို တွေ့နိုင်ခဲ့တယ်။ သိုးတွေကာကွယ်တယ်လို့ အကြောင်းပြပြီး လူတွေကို စစ်မှန်တဲ့ လမ်းခရီး မစုံစမ်းအောင် ဟန့်တားပြီး၊ သခင့်ကို ကြိုဆိုခြင်းနဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကနေ တားဆီးကြတာပဲ။ ကျွန်တော်တို့အားလုံးကို သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိစေချင်ခဲ့တယ်။ အဲဒါမှ သူတို့ကို ငွေပိုလှူပြီး ထောက်ပံ့မှာလေ။ သူတို့က လူတွေကို ကောင်းကင်နိုင်ငံတော်ထဲ မဝင်ရောက်အောင် တားဆီးတဲ့ ခလုတ်တံသင်းတွေပဲ။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပြောသလိုပေါ့။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဘုရားရဲ့ ကွယ်ကာမှုအတွက် ကျေးဇူးတင်မိတယ်။ ကျွန်တော့်ကို တစ်ဆင့်ချင်း ဦးဆောင်လမ်းပြခဲ့တာ၊ စာတန်ရဲ့ လှည့်ကွက်တွေကို ရိပ်စားမိဖို့၊ သင်းအုပ်တွေက သမ္မာတရားကို မုန်းပြီး ဘုရားကို ခုခံကြပုံကို မြင်ဖို့၊ ဆိုးယုတ်တဲ့ အစေခံနဲ့ အန္တိခရစ်တွေရဲ့ အကျဉ်းသားဘဝကနေ လုံးဝ လွတ်မြောက်စေပြီး၊ ဘုရားအိမ်တော်ဆီ ပြန်လာခွင့်ပေးခဲ့တာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ပါ။ ကျွန်တော့် စိတ်နှလုံးက ဘုရားအပေါ် ကျေဇူးတင်ရှိမှုနဲ့ ပြည့်သွားခဲ့တယ်။ အခု ဘုရားနှုတ်ကပတ်တော်ရဲ့ ပံ့ပိုးမှုကို နေ့တိုင်း မွေ့လျော်ရတယ်၊ ဧဝံဂေလိကို ဟောပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့အတူ ဘုရားကို သက်သေခံပြီး၊ ကျေနပ်မိသလို ပျော်ရွှင်ရပါတယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဂုဏ်နှင့်အဆင့်အတန်းမှ သယ်ဆောင်လာသောနာကျင်မှု

ဖန်းရှန့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးပြီးတော့ အဖွဲ့တချို့အတွက် ရေလောင်းပေးတဲ့ တာဝန်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။