ဒီနေ့ခေတ်ရဲ့ ဖာရိရှဲတွေက ဘယ်သူတွေလဲ

21.12.2020

ခရစ်ယာန်တစ်ယောက်အဖြစ်နဲ့ ၂၂ နှစ်ဆိုတဲ့ကာလအတွင်းမှာ ကျွန်မက အသင်းတော်ဘဏ္ဍာရေးကိစ္စတွေနဲ့ ဓမ္မကျောင်းကိုပဲ အဓိက တာဝန်ယူခဲ့ရတယ်။ ၂၀၁၇ မေလမှာ ကျွန်မက ပြင်သစ်မှာနေတဲ့ ဂျိန်းဆိုတဲ့ အစ်မတစ်ယောက်နဲ့ ဖေ့စ်ဘွတ်ခ်မှာ ဆုံမိတယ်ပေါ့။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံတယ်။ သခင်ယေရှုက သမ္မာတရားကို ဖော်ပြဖို့၊ လူသားကို တရားစီရင် သန့်စင်ပေးဖို့အတွက်၊ လူ့ဇာတိခံပြီး ပြန်ကြွလာပြီလို့ သူက ပြောတယ်။ ကျွန်မလည်း စိတ်လှုပ်ရှားလွန်းလို့၊ ဘာမှကို ပြန်မပြောနိုင်ဘူး။ အဲဒီအကြောင်းကို ထပ်ပြီး စူးစမ်းကြည့်တော့မှ၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေဆိုတာ သမ္မာတရားပဲ၊ ဘုရားရဲ့အသံတော်ပဲ၊ ပလ္လင်တော်ကနေ စီးဆင်းလာတဲ့ အသက်စမ်းရေပဲဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မရဲ့ဝိညာဉ်လည်း အာဟာရရပြီး အားရှိသွားတယ်။ ကျွန်မရဲ့သမီးနှစ်ယောက်ရော ကျွန်မရော အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဝမ်းသာအားရ လက်ခံခဲ့ကြတာပါ။

တစ်ရက်ကျတော့ ညီမတစ်ယောက်နဲ့ စကားပြောနေရင်း၊ သူက သူ့အသင်းတော်ဟောင်းမှာ ခေါင်းဆောင်တစ်ယောက်ကို ဧဝံဂေလိမျှဝေခဲ့တဲ့အကြောင်း ပြောပြတယ်။ သူတို့သင်းအုပ်က ကျမ်းစာထဲက တိုက်ရိုက်အဆိုအမိန့်တွေကို ခေါင်းမာမာနဲ့ ဖက်တွယ်တယ်ပေါ့။ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကိုလည်း သူက မစူးစမ်းဘူး။ အလိမ်အညာမျိုးစုံ ဖြန့်ဝေပြီး၊ အသင်းတော်ကို အလုံပိတ်ထားတယ်။ ယုံကြည်သူတွေကို ခြိမ်းခြောက်တာတောင် လုပ်တယ်တဲ့။ ဒါကို ကြားရတော့ ကျွန်မ အံ့သြတာပေါ့။ နားမလည်နိုင်ဘူးလေ။ “သင်းအုပ်တွေဆိုတာ အသင်းတော်ခေါင်းဆောင်တွေပဲ။ သခင် ကြွလာတာကို သတိမပြတ်ကြဖို့ သူတို့ကပဲ အမြဲတမ်း ပြောနေတာ။ အခု သခင် ပြန်ကြွလာတာကို သူတို့ကြားကြတယ်။ ဒါပေမဲ့ အဲဒါကိုစူးစမ်းဖို့ ဦးဆောင်ရမယ့်အစား၊ ဘာဖြစ်လို့ ယုံကြည်သူတွေကို တားဖို့ကြိုးစားနေတာလဲ။ ကျွန်မတို့အသင်းတော်ရဲ့ သင်းအုပ်တွေက သီအော်လော်ဂျီကို သင်ထားကြတာ။ ကျမ်းစာကို ကောင်းကောင်း သိတယ်။ သူတို့က ဘာသာရေးကိုင်းရှိုင်းတယ်။ ညီအစ်ကိုမောင်နှမတွေကို ချစ်ခင်ကြင်နာတယ်။ သခင့်အဆုံးအမတွေကို လိုက်နာဖို့၊ သခင် ပြန်လာခြင်းကို သတိရှိကြဖို့ ကျွန်မတို့ကို အမြဲတမ်း ဆုံးမကြတာ။ သူတို့သာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်မယ်ဆိုရင်၊ အဲဒါတွေကို သခင့်အသံတော် ဖြစ်မှန်းသိပြီး၊ ကိုယ်တော့်ကို ပျော်ပျော်ကြီး ကြိုဆိုကြမှာ” ဆိုပြီး တွေးမိသေးတယ်။ ဒါပေမဲ့ ကျွန်မ အံ့သြခဲ့ရတာပါ။ ၁၀ လလောက်ကြာပြီးတော့ တစ်ရက်မှာ ကျွန်မသမီးအငယ်နဲ့ ကျွန်မက အစ်မတစ်ယောက်ကို ဧဝံဂေလိဟောပြောတယ်ပေါ့။ အဲဒါကို ကျွန်မတို့အသင်းတော်က သင်းအုပ်လီက သိသွားရော။ သူက ကျွန်မကို အနန္တတန်ခိုးရှင်ဘုရားသခင်နောက် မလိုက်အောင် အလိမ်အညာတွေ ပြောပြတယ်။ အသင်းတော်ကနေ ထုတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်တာ။ အဲဒီတော့မှ သူတော်ကောင်းယောင် ဆောင်ထားတဲ့ သူ့ပုံစံအစစ်အမှန်ကို ကျွန်မ မြင်မိတာပါ။

တစ်ရက်ကျတော့ သူက ကျွန်မကို ရုတ်တရက် လှမ်းခေါ်ပြီး၊ အသင်းတော်မှာ သူနဲ့ လာတွေ့ခိုင်းတယ်။ ကျွန်မ ရောက်သွားတော့၊ သူက အပြစ်တင်တဲ့လေသံနဲ့ မေးရော၊ “ခင်ဗျားက အနှစ် ၂၀ ကျော် ယုံကြည်လာတဲ့ အသင်းတော်သင်းထောက်တစ်ယောက်နော်။ အခု ဘာဖြစ်လို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လိုက်တာလဲ။ အဲဒါနဲ့ပတ်သက်ပြီး ဘာဖြစ်လို့ ကျွန်တော့်ကို အရင်ဆုံး လာမမေးမြန်းတာလဲ။ ခင်ဗျားက သမ္မာကျမ်းကို အပြည့်အစုံ နားလည်တာမဟုတ်ဘူး။ ခင်ဗျားကို စောင့်ရှောက်ပေးတဲ့ ကျွန်တော်တို့သာ မရှိဘူးဆိုရင်၊ ခင်ဗျား လွယ်လွယ်လေး လှည့်စားခံရလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိလဲ” တဲ့။ ကျွန်မ တော်တော် ကသိကအောက်ဖြစ်သွားတာ။ စိတ်ထဲမှာလည်း၊ “ကျွန်မက လမ်းမှန်ကို လွတ်လွတ်လပ်လပ် စူးစမ်းခွင့်ရှိတယ်။ ဘာလို့ ရှင့်ကို အရင်ဆုံး မေးနေရမှာလဲ။ ပြီးတော့ ကျွန်မက ယုံကြည်လာတာ ကြာပြီဆိုတာလည်း ဟုတ်တယ်။ ကျွန်မက သမ္မာကျမ်းကို ရှင့်လောက် မသိဘူးဆိုပေမဲ့၊ ကိုယ့်စိတ်ကိုယ်သိတယ်။ ဒီလမ်းကို သုံးလလုံးလုံး စူးစမ်းထားတာ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး ဖတ်ထားတာ။ ကိုယ်တော့်နှုတ်ကပတ်တော်တွေမှာ တန်ခိုးတော်နဲ့ အာဏာ ရှိမှန်း၊ သမ္မာတရားဖြစ်မှန်း၊ ကျွန်မ မြင်လိုက်ပြီ။ အဲဒါတွေက သမ္မာကျမ်းရဲ့ နက်နဲမှုတွေနဲ့ အဖြစ်မှန်တွေကို ဖော်ထုတ်ပြရုံမကဘူး၊ ဖောက်ပြန်ပျက်စီးခြင်းတွေ သန့်စင်သွားမယ့်လမ်းကိုပါ ကျွန်မတို့ကို ပြပေးတာ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့၊ ပြန်ကြွလာတဲ့သခင် ဖြစ်မှန်း သေချာသွားလို့၊ ကျွန်မက ကိုယ်တော့်ကို လက်ခံလိုက်တာပဲ” ပေါ့။ ဒါပေမဲ့ သင်းအုပ်ကို ကျွန်မ တကယ်တမ်း ပြောမိတာက၊ “သင်းအုပ်အနေနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ သေချာ စူးစမ်းကြည့်မှ၊ ပြန်ကြွလာတဲ့သခင် ဖြစ်မှန်း သိလိမ့်မယ်” ပေါ့။

ပြီးတော့ ကျွန်မဖုန်းထဲက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ အပ္ပလီကေးရှင်းကို သူ့ကို ပြလိုက်တယ်။ ဘုရားနှုတ်ကပတ်တော် ဗီဒီယိုတစ်ခုလည်း ဖွင့်ပြလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရမည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်းဆိုင်လျက် ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက်၊ ဝမ်းမြောက် ပျော်ရွှင် နေကြသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)

ဗီဒီယိုတစ်ဝက်လောက်ရောက်တော့၊ သင်းအုပ်လီက မဲ့ပြုံးပြုံးပြီး ပြောလာရော၊ “ပိတ်လိုက်ပါတော့။ ဒီအပ္ပလီကေးရှင်းကို ကျွန်တော် ဒေါင်းလုဒ်လုပ်ထားတာ ကြာပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း ဖတ်ပြီးသားပါ” တဲ့။ ဒါကိုကြားတော့ ကျွန်မလည်း အံ့သြတာရော၊ ဝမ်းသာတာရောပေါ့။ သူ့ကို ခပ်မြန်မြန် ပြန်မေးမိတယ်၊ “သင်းအုပ်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးပြီလား။ ဒါဆို၊ အဲဒါတွေကို ဘုရားရဲ့အသံတော်လို့ ထင်လား” ပေါ့။ သူက နှုတ်ခမ်းကိုမဲ့ပြီး ပြောရော၊ “ဘုရားနှုတ်ကပတ်တော်တွေအားလုံးက သမ္မာကျမ်းထဲမှာ ရှိတယ်။ ကျမ်းစာထက်ပိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေဆိုတာ လုံးဝမရှိဘူး။ အဲဒီနှုတ်ကပတ်တော်တွေ ဘယ်လောက်ကောင်းကောင်း ကျွန်တော်ကတော့ ယုံမှာမဟုတ်ဘူး” တဲ့။ ကျွန်မလည်း တုန်လှုပ်သွားတယ်။ သူ့ကိုလည်း ပြန်ပြောမိရော၊ “သင်းအုပ်လီ၊ ဘုရားနှုတ်ကပတ်တော်တွေအားလုံးက ကျမ်းစာထဲမှာ ရှိတယ်ဆိုတာ သေချာလား။ ဒီကျမ်းပိုဒ်ကို ရှင်ပဲ အမြဲတမ်း ဖတ်ပြခဲ့တာပါ၊ ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) အဲဒါ မဟုတ်ဘူးလား။ သခင်ယေရှုက ဟောပြောအမှုတော်ပြုဖို့၊ သူ့တပည့်တော်တွေကို နေရာအနှံ့ ဦးဆောင်လမ်းပြခဲ့တာက တရားဝင်အားဖြင့် သုံးနှစ်ခွဲတိတိရှိခဲ့တယ်။ ကိုယ်တော်က အမှုအရာတွေအများကြီး မိန့်ဆိုတယ်။ တရားဒေသနာတွေ အများကြီး ဟောခဲ့တယ်။ သမ္မာကျမ်းထဲက ခရစ်ဝင်ကျမ်းလေးခုဆိုတာ သခင်ယေရှု မိန့်ဆိုခဲ့တာတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ မှတ်တမ်းတင်ထားတာ။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာပဲရှိတယ်ဆိုတဲ့ သင်းအုပ်ရဲ့အဆိုက အချက်အလက်တွေနဲ့ မကိုက်ညီဘူး” “စာစောင်ကို ဖွင့်ဖို့၊ အသင်းတော်တွေကို မိန့်မြွက်ချက်တွေ ပေးဖို့အတွက် နောက်ဆုံးသောကာလမှာ သူ ပြန်လာဦးမယ်လို့လည်း သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပရောဖက်ပြုခဲ့တယ်။ ဒီမိန့်မြွက်ချက်တွေဆိုတာ နောက်ဆုံးသောကာလမှာ ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်သစ်တွေပဲ။ အဲဒါတွေကို သမ္မာကျမ်းထဲမှာ ကြိုပြီး မှတ်တမ်းတင်လို့မရနိုင်ဘူးလေ။ အဲဒါကြောင့် ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေကို သမ္မာကျမ်းနဲ့ပဲ ကန့်သတ်လို့မရဘူး” “အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားတွေကို သန့်စင်ကယ်တင်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြတာပါ။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို’ ဆိုတာ အဲဒါတွေပဲ။ (ဗျာဒိတ်ကျမ်း ၂:၇) ကျွန်မတို့က နှိမ့်နှိမ့်ချချနဲ့ ရှာဖွေသင့်တယ်၊ အဲဒီတော့မှ ဘုရားရဲ့အသံကို ကြားပြီး၊ သခင့်ကို ကြိုဆိုမိကြလိမ့်မယ်” ပေါ့။

သင်းအုပ်လီက အရေးမစိုက်တဲ့ပုံစံမျိုး လုပ်ပြီး၊ နားလည်ရခက်တာတွေ ပြန်ပြောလာတယ်၊ “ခင်ဗျားလည်း အဆိုးအကောင်း နားလည်တယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော်တို့ခရစ်ယာန်တွေက ဘယ်လိုပဲဖြစ်ဖြစ် သမ္မာကျမ်းကို ပစ်ပယ်လို့မရဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘယ်လောက်ပဲကောင်းကောင်း၊ သမ္မာကျမ်းကို ကျော်လွန်နေတယ်ဆိုရင်၊ ကျွန်တော် လက်မခံနိုင်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆက်ပြီး မယုံကြည်ဖို့ အကြံပေးချင်တယ်။ အဲဒီလိုမှမဟုတ်ရင် အသင်းတော်မှာ ခင်ဗျား လုပ်နေတဲ့အလုပ်တွေ ရုပ်သိမ်းခံရမယ်။ ခင်ဗျားလည်း နောင်တရလိမ့်မယ်” တဲ့။ ကျွန်မလည်း ပြန်ပြောလိုက်တယ်၊ “ကျွန်မတို့ခရစ်ယာန်တွေက သခင်ယေရှု ပြန်လာဖို့ကို တောင့်တကြတာမဟုတ်ဘူးလား။ အခုချိန်မှာ ကိုယ်တော် ပြန်လာပြီဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကပဲ သက်သေခံတာ။ ဒီတော့ ကျွန်မတို့က အဲဒါကို မစူးစမ်းသင့်ဘူးလား။ ကျွန်မတို့က နှိမ့်နှိမ့်ချချနဲ့ မရှာဖွေဘဲ၊ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကိုပဲ ဖက်တွယ်နေတယ်ဆိုရင်၊ သခင် ပြန်ကြွလာတာကို လွဲကြလိမ့်မယ်။ အဲဒီတော့မှ တကယ် နောင်တရကြမှာ” ကျွန်မ ပြောနေတာတောင် မဆုံးဘူး၊ သူက ပြန်အော်တော့တာ၊ “တော်ပြီ။ ခင်ဗျား ပြောနေတာတွေ တော်တော့။ ကျွန်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံမှာမဟုတ်ဘူး။ ခင်ဗျားကို ပြန်စဉ်းစားဖို့ အချိန်နည်းနည်း ပေးမယ်။ ခင်ဗျား ယုံကြည်တာကို မစွန့်ဘူးဆိုရင်တော့၊ ထုတ်ပယ်ခံရမှာပဲ” တဲ့။ ပြီးတော့ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားရော။ သင်းအုပ်လီ အဲဒီလိုတုံ့ပြန်တာတွေကို ကျွန်မ အံ့သြတယ်။ စိတ်ပျက်မိတယ်။ နှိမ့်နှိမ့်ချချ ရှာဖွေသူတွေကို သခင်က သဘောကျတယ်ဆိုတာ သူပဲ အမြဲတမ်း ပြောတတ်တာ။ အခု သခင် ပြန်ကြွလာတာနဲ့လည်း ကြုံရော၊ သူက သမ္မာကျမ်းနဲ့ သူ့ကိုယ်ပိုင်အယူအဆတွေကိုပဲ ဖက်တွယ်နေတာ မြင်ရတော့၊ ကျွန်မ အံ့သြတာပေါ့။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတာတောင်၊ အဲဒါကို ပိုပြီးသိချင်တဲ့ဆန္ဒ မရှိသေးဘူး။ လုံးဝ မရိုးသားတဲ့လူပဲ။ အဲဒါက သူတော်ကောင်းယောင်ဆောင်တာပဲ။

အဲဒီအပတ် တနင်္ဂနွေနေ့ ရောက်တော့ ကျွန်မလည်း အသင်းတော်ကို သွားတယ်။ ဝတ်ပြုပွဲမစခင်မှာ သင်းအုပ်ဟုန်က ကျွန်မဆီ လာပြီးပြောတယ်၊ “ခင်ဗျားက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို စူးစမ်းနေတယ်လို့ ကြားတယ်။ ကျွန်တော်လည်း အဲဒီအသင်းတော်အကြောင်း သိခဲ့တာကြာပြီ။ သူတို့ဟောပြောတာတွေက သမ္မာကျမ်းကို ကျော်နေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာ သခင်ယေရှုကို သစ္စာဖောက်တာပဲ။ အဲဒီလိုယုံကြည်တာကို စွန့်လွှတ်လိုက်ပါ။ မဟုတ်ရင် ခင်ဗျား နှစ်ပေါင်းများစွာ ယုံကြည်လာတာတွေ အလကားဖြစ်ကုန်မယ်” တဲ့။ ကျွန်မ စဉ်းစားတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငါ ယုံကြည်တာ သူ ဘယ်လိုလုပ်သိလဲ။ သင်းအုပ်လီ ပြောပြလိုက်တာဖြစ်ရမယ်” ပေါ့။ ဒါနဲ့ သူ့ကို မေးကြည့်လိုက်တယ်၊ “သခင်က အမှုတော်ပြုဖို့ လာခဲ့တုန်းက၊ ဓမ္မဟောင်းကျမ်းကို လိုက်နာခဲ့တာလား။ ကိုယ်တော်က နောင်တလမ်းကို ဟောကြားပြီး၊ ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘူး။ ဒါက ဓမ္မဟောင်းကျမ်းမှာ မှတ်တမ်းရှိခဲ့လို့လား” “သခင့်နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က ဓမ္မဟောင်းကျမ်းကို ကျော်လွန်ခဲ့တာပဲ။ ဒါဆို သခင့်ကို ယုံကြည်တယ်ဆိုတာ ကျွန်မတို့က ယေဟောဝါဘုရားသခင်ကို သစ္စာဖောက်နေတာလို့ သင်းအုပ် ပြောရဲလား” ပေါ့။ သူလည်း ကိုးရိုးကားရားဖြစ်ပြီး ဘာမှမပြောတာနဲ့၊ ကျွန်မက မေးလိုက်တယ်၊ “ဆရာက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးပြီလား။ အဲဒီနှုတ်ကပတ်တော်တွေက သမ္မာကျမ်းရဲ့ နက်နဲမှုတွေကို ဖော်ထုတ်ပြတာပဲ။ လူသားတွေက ဘာလို့အပြစ်တွေ လုပ်ပြီး၊ ဘုရားကို ခုခံသလဲဆိုတဲ့ အကြောင်းရင်းမြစ်ကို ကိုယ်တော်က ထုတ်ဖော်ပြတယ်။ လူသားကို သန့်စင်ကယ်တင်တဲ့ သမ္မာတရားတွေအားလုံးကို ဖော်ပြတယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို’ ဆိုတာ အဲဒါတွေပဲ။ (ဗျာဒိတ်ကျမ်း ၂:၇) ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ ဘုရားရဲ့အသံကို ကြားပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်မှန်း ကျွန်မ သိနေပြီ။ ကိုယ်တော့်ကို ယုံကြည်တဲ့အတွက် ကျွန်မက ဘုရားရဲ့ ခြေလှမ်းတွေကို အမီလိုက်နေတာပဲ။ အဲဒါက သခင်ယေရှုကို သစ္စာဖောက်တာ ဖြစ်နိုင်ပါ့မလား” သင်းအုပ်ဟုန်က စိတ်မရှည်သလိုနဲ့ ကျွန်မကို ဖြတ်ပြောရော၊ “တော်ပြီ။ ခင်ဗျား ဒီလမ်းကိုပဲ မရမက ဆက်လျှောက်နေမယ်ဆိုရင်၊ နောင်တတော့ မရနဲ့ပေါ့” တဲ့။ သူက အေးတိအေးစက်နဲ့ ရယ်ပြီး ထွက်သွားရော။ ကျွန်မလည်း သူ့မျက်နှာထားကို ကြောက်သွားတယ်။ သူ ဘာတွေ လုပ်လာမလဲပေါ့။

ဝတ်ပြုပွဲကို စကြတယ်။ သင်းအုပ်ဟုန်က အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အပုပ်ချတဲ့ အလိမ်အညာဗီဒီယိုတစ်ခု ဖွင့်ပြတယ်လေ။ ဒီဗီဒီယိုထဲက လုပ်ကြံပြောတာတွေ၊ မဟုတ်မမှန် စွပ်စွဲတာတွေကို ကြည့်ပြီး၊ ကျွန်မ တော်တော် ဒေါသထွက်တယ်။ စိတ်ထဲမှာလည်း၊ “သခင်ယေရှု ပြန်လာပြီဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကပဲ သက်သေခံတာ။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ သမ္မာတရားတွေ အများကြီးက အွန်လိုင်းမှာ အတိအလင်း ရှိနေပြီ။ အဲဒါကို စူးစမ်းကြဖို့ ယုံကြည်သူတွေကို ဦးဆောင်ရမယ့်အစား၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို သိက္ခာချတဲ့ ဒီအလိမ်အညာဗီဒီယိုကို ရှင်က ဖွင့်ပြနေတယ်။ ရှင်က ဘုရားကို ခုခံနေတာ၊ စော်ကားနေတာ” ပေါ့။

နောက်တော့ သင်းအုပ်ဟုန်က အကျယ်ကြီး ပြောလာရော၊ “သမ္မာကျမ်းမှာ ပြောပါတယ်၊ ‘ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ။’ (ဂလာတိ သြဝါဒစာ ၁:၆-၈) ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တယ်။ ကိုယ်တော့်နာမတော်နဲ့ သူ့လမ်းခရီးကိုပဲ ထိန်းသိမ်းကြရမယ်။ အမှုအရာဟောင်းတွေ၊ တခြားဧဝံဂေလိတရားတွေကို နားထောင်လို့မဖြစ်ဘူး။ အထူးသဖြင့် သခင် ပြန်လာခြင်းကို သက်သေခံနေတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို နားထောင်လို့မဖြစ်ဘူး။ အဲဒါဆို အယူဝါဒဖောက်ပြန်တာ ဖြစ်သွားလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ လမ်းစဉ်ကို လက်ခံထားတယ်လို့ တွေ့တယ်ဆိုရင်၊ ချက်ချင်း ထုတ်ပယ်ခံရလိမ့်မယ်။ တစ်ယောက်ယောက်က ကိုယ့်ကို အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်း ဟောပြောတယ်ဆိုရင်၊ ကျွန်တော့်ကို ချက်ချင်း ပြောပါ။ မဟုတ်ရင် အဲဒီလူလည်း သခင့်ကို သစ္စာဖောက်နေတာ ဖြစ်သွားလိမ့်မယ်” တဲ့။ ပြီးတော့ သင်းအုပ်ဟုန်က ကျွန်မကို သေချာစိုက်ကြည့်တယ်။ သူ နိုင်သွားတယ်ဆိုတဲ့ပုံစံမျိုး လုပ်နေတာ မြင်ရတော့၊ ကျွန်မလည်း ဖာရိရှဲတွေအကြောင်း မတွေးဘဲ မနေနိုင်တော့ဘူး။ ဗိမာန်တော်ထဲ မားမားရပ်ပြီး၊ သခင်ယေရှုကို ပစ်ပယ်ကြဖို့ အများပြည်သူကို လှည့်စားခဲ့ကြတာ၊ လှုံ့ဆော်ခဲ့ကြတာ။

အသင်းတော်ထဲက ညီအစ်ကိုမောင်နှမတွေ အားလုံးက ကြောက်သလိုဖြစ်ကုန်တယ်။ သင်းအုပ်ဟုန် လှည့်စားတာကို အားလုံး ခံလိုက်ရတယ်ဆိုတာ မြင်နေတော့၊ ကျွန်မ ဒေါသထွက်ထွက်နဲ့ စဉ်းစားတယ်၊ “သူ တကယ်ကို လွန်သွားပြီ။ လမ်းမှန်ကို မစူးစမ်းအောင်ဆိုပြီး လူတွေကို လှည့်စားဖို့၊ ခြိမ်းခြောက်ဖို့အတွက်၊ သူက ကျမ်းစာကို ရည်ရွယ်ချက်ရှိရှိနဲ့ တလွဲအဓိပ္ပာယ်ကောက်နေတာ။ ကျမ်းစာကို ကောင်းကောင်းသိတယ်ဆိုရင်၊ ရှင်ပေါလု ပြောခဲ့တာက ဆက်စပ်အခြေအနေတစ်ခု ရှိမှန်း သူ သေချာပေါက် သိတယ်။ ရှင်ပေါလု ပြောခဲ့တဲ့ အဓိပ္ပာယ်က၊ ကျေးဇူးတော်ခေတ်မှာ တစ်ခုတည်းသော ဧဝံဂေလိတရားပဲရှိတယ်၊ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုဆိုတဲ့ ဧဝံဂေလိတရားပဲ။ တခြားဧဝံဂေလိတရားကို နာခံတယ်ဆိုတာ သခင့်ကို သစ္စာဖောက်နေတာပဲ။ ဒါပေမဲ့ သခင် ပြန်လာချိန်မှာ ဟောကြားမယ့် နိုင်ငံတော်ဧဝံဂေလိတရားကို လွဲမှားတယ်လို့ ရှင်ပေါလုက လုံးဝ မပြောခဲ့ဘူး။ သခင်ယေရှု ပြန်လာခြင်းကို သက်သေခံတာက တခြားဧဝံဂေလိတရားတစ်ခုကို ဟောပြောတဲ့သဘောပဲလို့လည်း မပြောခဲ့ဘူး” ပေါ့။ သင်းအုပ်ဟုန်က ရှင်ပေါလုရဲ့စကားတွေ သုံးပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို တစ်ဖက်သတ် လျှောက်ပြောနေတာပဲ။ ကျမ်းစာကို ဆက်စပ်မစဉ်းစားဘဲ ပြောနေတာ။ သူက လူတွေကို လှည့်စားနေတာပဲ။ လမ်းမှန်ကို မစူးစမ်းမိကြအောင် တားနေတာ။ ဘုရားရဲ့နိုင်ငံတော်ထဲ ဝင်ရောက်ခွင့်တွေကို ဖျက်ဆီးနေတာပါ။ သူ့အကြောင်းကို အသင်းတော်ထဲက လူတိုင်း သိသွားကြအောင်၊ သူ့အယူမှားတွေကို ကျွန်မ တကယ် ချေပချင်တာ။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ကျွန်မပဲ ကျဉ်းထဲကျပ်ထဲ ရောက်သွားမယ်ဆိုတာ တွေးမိတယ်။ သူက ကျွန်မကို ထုတ်ပယ်မယ်လို့ လူသိရှင်ကြား ကြေညာလိုက်ရင်၊ တခြားသူတွေကို ဧဝံဂေလိ ဟောပြောဖို့ ပိုပြီး ခက်ခဲလာလိမ့်မယ်။ ဒါနဲ့ ကျွန်မလည်း တိတ်တိတ်ပဲနေဖို့ ဆုံးဖြတ်လိုက်ရော။

ဝတ်ပြုပွဲပြီးတော့၊ သင်းအုပ်ဟုန်က ကျွန်မကို ထပ်သတိပေးပြန်ရော။ တခြားအသင်းဝင်တွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဧဝံဂေလိတရား မဟောပြောဖို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ စဉ်းစားလိုက်တယ်၊ “ညီအစ်ကိုမောင်နှမတွေဆိုတာ ဘုရားရဲ့သိုးတွေပဲ။ ဘုရားကလည်း သူ့သိုးတွေကို ရှာဖို့ ကြွလာပြီ။ ဒါပေမဲ့ သင်းအုပ်ဟုန်က ငါ့ကို အဲဒီလူတွေဆီ ဟောပြောခွင့်ပေးမှာ မဟုတ်ဘူး။ ဘုရားရဲ့အသံတော်ကို ကြားခွင့်ပေးမှာမဟုတ်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို မစူးစမ်းကြအောင်၊ သူက အဲဒီလူတွေကို လှည့်စားနေတာ၊ ခြိမ်းခြောက်နေတာ။ ဒီလိုလုပ်တယ်ဆိုတာ သူက ဘုရားရဲ့နိုင်ငံတော်ဆီ သွားတဲ့လမ်းကို ပိတ်ဆို့နေတာပဲ” ဖာရိရှဲတွေကို သခင် ပြောခဲ့ဖူးတာတွေလည်း သွားစဉ်းစားမိတယ်၊ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) သင်းအုပ်ဟုန်က ဖာရိရှဲတွေလိုပဲ ပြုမူနေတာလေ။ သခင် ပြန်ကြွလာပြီဆိုတာကို သူ ကြားရတော့၊ နားထောင်ဖို့ငြင်းတယ်။ ဘုရားရဲ့အသံကို တခြားသူတွေ မကြားအောင်၊ သခင့်ကို မကြိုဆိုမိအောင် ဟန့်တားတယ်။ ဒါက ယုတ်ညံ့တာ၊ ဘုရားကို ဆန့်ကျင်တာ။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတာပဲ၊ ဘုရားရဲ့ ကျိန်ဆိုခြင်းကို သူ ရသွားပြီ။ သင်းအုပ် ပြောတာတွေက ကျွန်မအပေါ် ဘာမှမထိရောက်ဘူး။ ကျွန်မက သူများတွေကို ဧဝံဂေလိ ဆက်ဟောတာပဲ။

တစ်ပတ်လောက်ကြာတော့၊ သင်းအုပ်လီက ကျွန်မကို သမီးနဲ့အတူ အသင်းတော်ကို လာခိုင်းတယ်။ အဲဒီမှာ သင်းအုပ်လီနဲ့အတူ ကျန်တဲ့သင်းထောက်လေးယောက်ရော၊ ကောင်စီဝင်တွေရော ရောက်နေတယ်။ သင်းအုပ်လီက ခပ်ပြုံးပြုံးပဲ၊ “ခင်ဗျား စဉ်းစားပြီးပြီလား” လို့ မေးရော။ ကျွန်မလည်း လေးလေးနက်နက်ပဲ ပြောလိုက်တယ်၊ “ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်မတို့က အမြဲတမ်း အပြစ်လုပ်လိုက်၊ ဝန်ခံလိုက်နဲ့ နေနေကြတာပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်နဲ့ကင်းအောင် မနေနိုင်ကြဘူး။ အခုဆို အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားကို တရားစီရင်၊ သန့်စင်ပေးဖို့ အမှုတော်ပြုတယ်၊ သမ္မာတရားကို ဖော်ပြတယ်။ ကိုယ်တော့်အမှုတော်ကို လက်ခံပြီး၊ ကိုယ်တော့်တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို ကြုံရတော့မှ၊ ကျွန်မတို့က အပြစ်ဆိုတာ လုံးဝ ကင်းစင်ပြီး၊ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ဖို့ သင့်တော်နိုင်ကြတာပါ” “ကျွန်မက သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်လာတယ်။ အခုဆို ကိုယ်တော် ပြန်ကြွလာတာကိုလည်း ကြိုဆိုပြီးပြီ။ ဘယ်လိုအကြောင်းပဲရှိရှိ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ကို လုံးဝ သစ္စာဖောက်မှာမဟုတ်ဘူး” ပေါ့။ သင်းထောက်တစ်ယောက်က ရုတ်တရက် ထရပ်ပြီး၊ ကျွန်မကို ဒေါသတကြီးနဲ့ လက်ညှိုးထိုးပြောရော၊ “ခင်ဗျားက အနန္တတန်ခိုးရှင်ဘုရားသခင်ကိုပဲ မရမက ယုံကြည်နေတာဆိုတော့၊ မနက်ဖြန်ကစပြီး ကျုပ်တို့ဓမ္မကျောင်းမှာ ဆရာ မလုပ်နဲ့တော့။ အသင်းတော်ဘဏ္ဍာရေးကိုလည်း ခင်ဗျား မစီမံရတော့ဘူး” သင်းအုပ်လီကလည်း မျက်နှာရအောင် ပြောပြန်ရော၊ “သခင့်ကို ကျွန်တော်တို့ယုံကြည်တယ်ဆိုတာ ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံရတဲ့သဘောပဲ။ သခင် ပြန်ကြွလာပြီး ကျွန်တော်တို့ကို တရားစီရင်၊ သန့်စင်ပေးဖို့ မလိုအပ်ဘူး။ ခင်ဗျား လှည့်စားခံလိုက်ရပြီ” တဲ့။ ကျွန်မလည်း ပြန်ပြောလိုက်တယ်၊ “သခင်က ကားတိုင်တင်ခံရချိန်မှာ ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့တယ်။ အဲဒါက မှန်တယ်။ ဒါပေမဲ့ ကျွန်မတို့ နားလည်ရမှာက၊ အပြစ်တွေ ခွင့်လွှတ်ခံရတယ်ဆိုတာ ကျွန်မတို့က သခင်ယေရှုအားဖြင့် ရွေးနုတ်ခံရတယ်၊ ပညတ်တရားအရ စီရင်ခြင်းမခံရတော့ဘူးဆိုတဲ့ သဘောပဲ။ ကျွန်မတို့က သန့်စင်သွားပြီ၊ အပြည့်အဝ ကယ်တင်ခံရပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ သခင်ယေရှုက လွဲမှားတဲ့ ကျွန်မတို့သဘာဝကို မဖြေရှင်းပေးခဲ့ဘူး။ ဒါကြောင့် အဲဒီသဘာဝရဲ့ ထိန်းချုပ်တာကို ခံကြရတယ်။ ဆိုးယုတ်ပျက်စီးတဲ့ စိတ်သဘောထားတွေကို မကြာမကြာ ဖော်ပြမိကြတယ်။ မာနထောင်လွှားတာ၊ လိမ်ညာလှည့်ဖြားတာ၊ ဒုစရိုက်လုပ်တာမျိုးတွေပေါ့” “ဟေဗြဲသြဝါဒစာ ၁၂:၁၄ မှာ ပြောထားတယ်၊ ‘လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအော် လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ သခင်က သန့်ရှင်းပါတယ်။ ဒါကြောင့် သခင့်ကို ဖူးဖို့ မသင့်တော်လောက်အောင် ညစ်ညမ်းလွန်းတဲ့ ကျွန်မတို့တွေက ကောင်းကင်နိုင်ငံတော်နဲ့ ထိုက်တန်နိုင်ပါ့မလား။ အဲဒါကြောင့် သခင်ယေရှုက နောက်ဆုံးသောကာလမှာ ပြန်လာမယ်လို့ ကတိပေးခဲ့တာ၊ လူသားကို တရားစီရင်သန့်စင်ပေးမယ့် အမှုတော်ကို ပြုဖို့၊ သမ္မာတရားကို ဖော်ပြဖို့ပေါ့။ ဒါက သခင့်ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတာပါ၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)

သင်းအုပ်လီက မထီမဲ့မြင်သဘောနဲ့ ပြန်ပြောရော၊ “လက်နှစ်ဖက်မှာ သံမှိုရာစွဲနေတဲ့ သခင်ယေရှုကိုပဲ စောင့်မယ်။ ကိုယ်တော်က ကျွန်တော်တို့ကို သူ့နိုင်ငံတော်ဆီ ခေါ်ဆောင်ဖို့ မိုးတိမ်နဲ့ ကြွလာမှာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားကို တကယ် ဖော်ပြတယ်ဆိုရင်တောင်၊ ကျွန်တော်တို့က လက်ခံဦးမှာမဟုတ်ဘူး” တဲ့။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ကို တခြားစော်ကားတာတွေ ပြောသေးတာ၊ ကျန်တဲ့လူတွေကလည်း ဝိုင်းပြီး ရှုတ်ချကြတယ်။ သူတို့ အဲဒီလောက် ခေါင်းမာတာကို မြင်ရတော့၊ ကျွန်မလည်း ခပ်မာမာ ပြောလိုက်ရော၊ “ရှင်တို့အားလုံးက အသင်းတော်ခေါင်းဆောင်တွေ။ သခင် ပြန်လာခြင်းအကြောင်း သက်သေခံနေတာတွေကို ကြားပြီးကြပြီ။ ဒါပေမဲ့ ရှင်တို့က နှိမ့်နှိမ့်ချချနဲ့ ရှာဖွေမှာ မဟုတ်တဲ့အပြင်၊ လမ်းမှန်ကို တခြားသူတွေ မစူးစမ်းမိအောင်လည်း ရှင်တို့က အစွမ်းကုန် တားကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို အာခံဖို့ ရှုတ်ချဖို့၊ အလိမ်အညာတွေ ဖြန့်ဝေကြတယ်။ ဒါတွေက ဘယ်လိုလုပ်ရပ်မျိုးတွေလဲ။ ဘုရားကို ဆန့်ကျင်ရှုတ်ချတဲ့သူတွေဆိုတာ နောက်ဆုံးတော့ ဘာတွေဖြစ်ကြလဲ။ ဖာရိရှဲတွေဆိုရင် သူတို့အယူအဆတွေနဲ့ စိတ်ကူးတွေကို ဖက်တွယ်ပြီး၊ သခင်ယေရှုရဲ့ အမှုတော်ကို ခေါင်းမာမာနဲ့ ဆန့်ကျင်ရှုတ်ချခဲ့ကြတယ်။ ကိုယ်တော့်ကို စော်ကားကြတယ်။ နောက်ဆုံး ကိုယ်တော့်ကို ကားတိုင်မှာ သံမှိုစွဲမိတဲ့အထိပဲ။ အဲဒီလိုနဲ့ ဘုရားကို ပုန်ကန်ပြစ်မှားမိတော့၊ ကျိန်ဆိုခြင်း ခံရပြီး အပြစ်ဒဏ် ပေးခံကြရတယ်။ ဖာရိရှဲတွေ ကျရှုံးရခြင်းရဲ့ သင်ခန်းစာကနေ ကျွန်မတို့တွေ အသိမဝင်သင့်ဘူးလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားထောင်ကြည့်၊ ပြီးတော့မှ ဆုံးဖြတ်ကြ” ပေါ့။ ပြီးတော့ ကျွန်မလည်း ဖုန်းထုတ်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာပိုဒ်တစ်ခု ဖတ်ပြလိုက်တယ်။ “ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ကျွန်မ ဖတ်ပြလို့မပြီးခင်၊ ကောင်စီဝင်တစ်ယောက်က ရုတ်တရက် ထရပ်ပြီး အော်ဟစ်ပြောတာ၊ “တော်ပါတော့။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့လမ်းက ဘယ်လောက်ပဲ စစ်မှန်စစ်မှန်၊ ကျုပ်တို့က လက်ခံမှာမဟုတ်ဘူး” တဲ့။ ကျွန်မလည်း ဒေါသထွက်ပြီး ပြောလိုက်တယ်၊ “ရှင်တို့က တော်တော် စိတ်ကြီးဝင်နေတာပဲ။ ဒီနှုတ်ကပတ်တော်တွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ စကားတွေ၊ ဘုရားကိုယ်တော်တိုင်ရဲ့ မိန့်မြွက်ချက်တွေပဲ။ ရှင်တို့ တကယ် မသိနိုင်ကြဘူးလား။ ဘုရားရဲ့အသံကို နားမလည်နိုင်ကြဘူးလား။ ဘုရားရဲ့သိုးတွေတောင် ဟုတ်ကြရဲ့လား” ပေါ့။ သင်းအုပ်လီက ဂရုမစိုက်တဲ့အပြုံးမျိုးနဲ့ ပြန်ပြောတာ၊ “သမ္မာတရားကို ဘယ်သူကပဲ ဖော်ပြဖော်ပြ၊ သခင်ယေရှု မဟုတ်ဘူးဆိုရင်၊ ကျွန်တော်တို့က ယုံမှာမဟုတ်ဘူး” တဲ့။ သူတို့က သမ္မာတရားကို ရှာဖွေချင်စိတ် မရှိဘူးဆိုတာ ကျွန်မ မြင်သွားတယ်။ သူတို့အယူအဆတွေကိုပဲ ဖက်တွယ်ပြီး၊ ဘုရားအမှုတော်ကို ကြုံရာကျပန်း ဝေဖန်ရှုတ်ချနေကြတာ။ လုံးဝ အသိတရားမရှိကြတဲ့လူတွေပဲ။ ကျွန်မလည်း သူတို့ကို ဆက်မပြောချင်တော့ဘူး။ ဒါနဲ့ သမီးနဲ့အတူ ပြန်မယ်လုပ်တယ်။ အဲဒီအချိန်မှာတင် သင်းအုပ်လီက ကျွန်မတို့ကို ခြိမ်းခြောက်တဲ့သဘောမျိုး ပြောရော၊ “ခင်ဗျားကို သေချာဆုံးဖြတ်ဖို့ အချိန်တစ်လ ပေးလိုက်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆက်ပြီး ယုံကြည်နေတယ်ဆိုရင်၊ ခင်ဗျားတို့အားလုံး ထုတ်ပယ်ခံရမှာပဲ” တဲ့။ ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ ပြန်ပြောလိုက်တယ်၊ “တစ်လ စောင့်စရာမလိုဘူး။ ကျွန်မကို အခုပဲ ထုတ်ပစ်လိုက်။ ဒီအသင်းတော်ကနေ ထုတ်ပယ်ခံရမှာကို ကျွန်မ မကြောက်ဘူး။ ဘုရားရဲ့အသံကို မကြားရတာမျိုး၊ သခင် ပေါ်ထွန်းတာကို မဖူးရတာမျိုး၊ သခင့်ကို မကြိုဆိုမိတာမျိုး၊ ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို ဆုံးရှုံးရတာမျိုးပဲ ကျွန်မက ပိုပြီးကြောက်တာ” “ကျွန်မတို့က နောက်ဆုံးတော့ ဘုရားရဲ့အသံကို ကြားလိုက်ရပြီ။ သိုးသငယ်ရဲ့မင်္ဂလာစားပွဲကို တက်ရောက်ဖို့ ဘုရားရဲ့ ပလ္လင်တော်ရှေ့ ချီမခံလိုက်ရပြီ။ ရှင်က ကျွန်မတို့ကို မထုတ်ပယ်ဘူးဆိုရင်တောင်၊ ကျွန်မတို့က ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူး” သင်းအုပ်လီကလည်း အဲဒီမထီတထီ အပြုံးမျိုးနဲ့ပဲ ထပ်ပြောတယ်၊ “ကျွန်တော်တို့က ခင်ဗျားကို ထုတ်ပယ်လို့မရသေးဘူး။ ခင်ဗျားကို ထုတ်ပယ်ရင်၊ ကျန်တဲ့သူတွေက ပြောကြလိမ့်မယ်၊ ခင်ဗျားက အွန်လိုင်းစည်းဝေးပွဲတွေ လျှောက်တက်လို့ ကျွန်တော်တို့က ထုတ်ပယ်တယ်ပေါ့။ ခင်ဗျားအပေါ် သနားကရုဏာမထားဘူးလို့ ပြောကြလိမ့်မယ်။ တစ်လလောက် ကြာတော့မှ ကျွန်တော်တို့က လူတိုင်းကို ပြောပြလိုက်မှာ၊ ခင်ဗျားက သခင့်ကို သစ္စာဖောက်ထားမိလို့၊ အသင်းတော်ကနေ ထွက်ချင်တယ်ပေါ့။ ကျွန်တော်တို့က အတတ်နိုင်ဆုံး အကြံပေးပေမဲ့၊ ခင်ဗျားက အနန္တတန်ခိုးရှင်ဘုရားသခင်ကိုပဲ မရမက ယုံကြည်နေတာ။ မရတဲ့အဆုံးကျမှ ခင်ဗျားကို ထုတ်ပယ်ခဲ့ရတာပါဆိုပြီး ပြောလိုက်မှာ” တဲ့။

ကျွန်မလည်း မရိုးသားတဲ့ သူ့အပြုအမူကို လုံးဝ ရွံသွားတယ်။ ဖာရိရှဲတွေကို သခင်ယေရှု ပြစ်တင်ရှုတ်ချတုန်းက ပြောခဲ့တယ်လေ၊ “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၂၇-၂၈) သင်းအုပ်လီနဲ့ ကျန်တဲ့သူတွေက ယုံကြည်သူတွေအတွက် စိုးရိမ်ပူပန်တယ်ဆိုတာ အလိမ်အညာတွေချည်းပဲကိုး။ သူတို့က သူတို့ပုံရိပ်နဲ့ အဆင့်အတန်းကို ညီအစ်ကိုမောင်နှမတွေရှေ့မှာ ထိန်းထားချင်တာ။ ညီအစ်ကိုမောင်နှမတွေက သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်လာတယ်။ ကိုယ်တော် ပြန်လာတာကို ကြိုဆိုဖို့ တောင့်တကြတယ်။ ဒါပေမဲ့ ဒီ သူတော်ယောင်သင်းအုပ်ရဲ့လှည့်စားတာတွေကို ခံနေကြရတာ။ သူတို့တွေက ဒီအလိမ်အညာတွေကို ယုံကြည်ကြတော့၊ သခင် ပြန်လာတာကို ကြိုဆိုခွင့် မရကြဘူးပေါ့။ ခရစ်တော်အယောင်ဆောင်တွေ၊ အန္တိခရစ်တွေကို သတိရှိကြဖို့ ပြောတတ်တဲ့ ဒီသင်းအုပ်တွေ၊ အကြီးအကဲတွေကိုယ်တိုင်က နောက်ဆုံးတော့ မရိုးသားတဲ့ အန္တိခရစ်တွေအဖြစ် ပေါ်လာလိမ့်မယ်ဆိုတာ ဘယ်သူက တွေးမိမှာလဲ။ သူတို့က လူတွေကို လှည့်စားရင်းနဲ့၊ သူခိုးက လူလူဟစ်နေတာမျိုးပဲ။ တော်တော်ကို မနှစ်သက်စရာပဲ။

အသင်းတော်က ထွက်လာပြီးတော့၊ ကျွန်မသမီးကလည်း ဒေါသထွက်ပြီး ပြောရော၊ “သူတို့တွေက သခင့်ကို နှစ်တွေအများကြီး အစေခံပြီး၊ ကျမ်းစာကိုလည်း နားလည်တယ်ဆိုတော့၊ သခင် ကြွလာရင် ဝမ်းသာအားရ ကြိုဆိုကြမှာပဲလို့ သမီးက ထင်ခဲ့ဖူးတာ။ အဲဒီလောက် မာနထောင်နေကြမယ်လို့ လုံးဝ မထင်မိဘူး။ သူတို့ကိုယ်တိုင်လည်း ရှာဖွေမှာမဟုတ်ဘူး။ ကျန်တဲ့လူတွေကိုတောင် လှည့်စားဖို့ တားဖို့ ကြိုးစားဦးမှာ။ သူတို့က ဘုရားကို ဗြောင်ကျကျ ဆန့်ကျင်နေတာပဲ” တဲ့။ နောက်တော့ ကျွန်မလည်း စည်းဝေးပွဲတစ်ခုမှာ ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သွားသတိရတယ်၊ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဒီသင်းအုပ်တွေ၊ အကြီးအကဲတွေက အမြဲတမ်း စာခုံပေါ် ရပ်ပြီး၊ ကျမ်းစာကို အသေးစိတ်ရှင်းပြကြတယ်။ ဒါပေမဲ့ သူတို့ ဟောပြောတာတွေကို သူတို့ကိုယ်တိုင် လက်တွေ့မလုပ်ဆောင်ဘူး။ အပြင်ပန်းမှာတော့ ဘာသာရေးကိုင်းရှိုင်းသလိုလို၊ ချစ်ခင်ကြင်နာတတ်သလိုလို ထင်ရတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက ဟန်ဆောင် အလိမ်အညာတွေချည်းပဲ။ သူတို့အဆင့်အတန်းတွေ၊ အလုပ်အကိုင်တွေကို ကာကွယ်ဖို့၊ သီအော်လော်ဂျီအယူအဆတွေကို အားကိုးပြီး၊ ကျမ်းစာကိုပဲ ရှင်းပြကြတယ်။ သခင် ပြန်လာပြီဆိုတဲ့အကြောင်း တစ်ယောက်ယောက်က သက်သေခံတာကို ကြားရပြီဆိုလည်း၊ သူတို့က မရှာဖွေတဲ့အပြင်၊ သူတို့ဘာသာရေးအယူအဆတွေကိုပဲ ဖက်တွယ်ပြီး၊ ကျမ်းစာကို တလွဲအဓိပ္ပာယ်ကောက်တယ်၊ သခင် ပြန်လာခြင်းကို ရှုတ်ချကြတယ်။ သူတို့ထိန်းချုပ်မှုအောက်မှာ ယုံကြည်သူတွေ ခိုင်ခိုင်မာမာ ဆက်ရှိနေအောင်ဆိုပြီး၊ အယူမှားတွေကိုတောင် ဖြန့်ဝေကြတယ်။ လှည့်စားဖို့ ခြိမ်းခြောက်ဖို့ အလိမ်အညာတွေ ဖန်တီးကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လူတွေ မစူးစမ်းမိအောင်၊ နည်းလမ်းပေါင်းစုံနဲ့ တားကြတယ်။ ကျွန်မရဲ့ အသင်းတော်တာဝန်ကို ရပ်ဆိုင်းတာမျိုး၊ ကျွန်မတို့ကို အသင်းတော်ကနေ ထုတ်ပစ်တာမျိုး၊ ယုတ်မာတဲ့အလုပ်တွေ လုပ်ကြတယ်။ လမ်းမှန်ကို ကျွန်မတို့ စွန့်လွှတ်အောင်ဆိုပြီး ခြိမ်းခြောက်ဖို့၊ လှန့်ဖို့ ကြိုးစားကြတယ်။ ယုံကြည်သူတွေရဲ့အသက်တွေကို သူတို့စိတ်နှလုံးမှာ ထားတယ်လို့ လူသိအောင် ပြောနေပေမဲ့၊ တကယ်တော့ ကျွန်မတို့အားလုံးကို ဘုရားရဲ့အသံ ကြားခွင့်ပေးမယ့်အစား၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် မရှိတဲ့ တစပြင်ထဲမှာ ငတ်ပြတ်နေတာမျိုးကို သူတို့က ပိုပြီးလိုလားကြတာ။ ယုံကြည်သူတွေကို သူတို့ထိန်းချုပ်မှုအောက်မှာ ထာဝရရှိနေစေချင်တာ၊ သူတို့ကိုပဲ လှူဒါန်းပြီး အမှုထမ်းစေချင်တာ။ သူတို့က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်အားဖြင့် ဖော်ထုတ်ပြတဲ့ ဆိုးယုတ်တဲ့ကျွန်တွေပဲ၊ သမ္မာတရားကို မုန်းပြီး ဘုရားကို ဆန့်ကျင်တဲ့ အန္တိခရစ်တွေပဲ၊ လူတွေကို ဘုရားရဲ့နိုင်ငံတော်ထဲ မဝင်ရအောင် တားတဲ့၊ ဝိညာဉ်ဝါးမျိုတတ်တဲ့ နတ်ဆိုးတွေပဲ။ သူတော်ကောင်းယောင် ဆောင်ပြီး၊ ဘုရားကို ခုခံတတ်တဲ့ သင်းအုပ်တွေ အကြီးအကဲတွေရဲ့ သရုပ်မှန်ကို ကျွန်မ မြင်သွားတာပါ။ ဘာသာရေးအန္တိခရစ်တွေရဲ့ လှောင်အိမ်ကနေ လွတ်ပြီး၊ သိုးသငယ်ရဲ့ခြေလှမ်းတွေကို မီအောင် လိုက်နိုင်ခဲ့တာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု

ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့...

ဆူးချုံရိုင်းအလယ်တွင် ပေါက်ခဲ့သည့် မြက်ပင်လေးတစ်ခု

ရီရှင်း၊ စင်္ကာပူနိုင်ငံ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မက ဖေ့ဘွတ်စ်မှတစ်ဆင့် အနန္တတန်ခိုးတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်ကိုလင်းနှင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။