ကျွန်မရဲ့ “ဘာသာရေးမိဘ” ရဲ့စိတ်ထားအမှန်

03.04.2021

နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကို လက်ခံပြီး မကြာခင်မှာပဲ “မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း” ဆိုတဲ့ရုပ်ရှင်ကို အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ဝက်ဘ်ဆိုဒ်မှာ ကျွန်မကြည့်ခဲ့ရတယ်။ ရုပ်ရှင်ထဲက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတချို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့လုပ်ဆောင်မှုကိုလက်မခံခဲ့ကြဘဲ ယုံကြည်သူတွေ လမ်းကြောင်းမှန်ကိုလိုက်မှာကို သူတို့အစွမ်းကုန်တားဆီးခဲ့ကြတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို သခင့်အကျိုးသယ်ပိုးတဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ ခေါင်းဆောင်တွေအဖြစ် ထင်ထားခဲ့တာဆိုတော့ ကျွန်မ အခက်တွေ့ခဲ့တယ်။ သခင်ပြန်လာတာနဲ့ မလွဲအောင်လို့ သူတို့က ကျွန်မတို့ကို သခင့်ကိုစိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့ အမြဲတမ်းမှာတယ်။ သခင်ယေရှုပြန်လာတာကိုသာ သူတို့သိရင် ဝမ်းမြောက်ဝမ်းသာကြိုဆိုရမှာလေ။ ဘာလို့လိုက်တားနေရတာလဲ။ ကျွန်မရဲ့အရင်အသင်းတော်က ခေါင်းဆောင်ဖြစ်တဲ့ သင်းအုပ်ဆရာဂျင့်ကို သွားသတိရတယ်။ သူက ဂရုစိုက်တတ်တဲ့ ဝိညာဉ်ဆိုင်ရာလမ်းပြပေးတဲ့သူဖြစ်ပြီးတော့ သခင်ပြန်လာတာကို စောင့်မျှော်တမ်းတနေတဲ့သူလည်းဖြစ်တယ်။ သခင်တကယ်ပြန်လာတာကိုသာ သူသိရင် သူအရမ်းပျော်ပြီးတော့ ချက်ချင်းလက်ခံမှာပဲ။ သူ့ကိုဧဝံဂေလိတရားကို မျှဝေနိုင်အောင်လို့ ကျွန်မကိုယ်ကျွန်မ သမ္မာတရားရှိအောင်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မထင်သလိုမဖြစ်ခဲ့ဘဲနဲ့ ရုပ်ရှင်ထဲကလိုမျိုး ကျွန်မမျက်စိရှေ့မှာတင် အပြင်လောကမှာ အမှန်တကယ်ဖြစ်ခဲ့ပါတယ်။

တစ်နေ့ကျတော့ သင်းအုပ်ဆရာဂျင်က ကျွန်မတို့ရဲ့သစ်သီးဆိုင်မှာ ကျွန်မကိုလာတွေ့ပြီးတော့ ကျွန်မကိုမေးတယ် “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို သွားနေတာလား” တဲ့။ ပြီးတော့ အသင်းတော်အကြောင်း မဟုတ်မမှန်တဲ့ မကောင်းတာတွေလည်းပြောတယ် “အသင်းတော်ကဘုရားသခင်က လူ့ဇာတိခံပြီးပြန်လာပြီလို့ပြောတယ်။ ဒါလုံးဝမဖြစ်နိုင်ဘူး” တဲ့။ သူအဲဒီလိုပြောတာကိုကြားရတော့ ကျွန်မအရမ်းအံ့ဩပြီး စိတ်ပျက်မိတယ်။ “သခင်ကငါတို့ကို သူများတွေကိုမကဲ့ရဲ့ဖို့ပြောထားတယ်။ ဆရာက အသင်းတော်အကြောင်းလည်း ဘာမှမသိဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်းကိုလည်း မလေ့လာရသေးဘူး။ ဘာလို့ချက်ချင်းကြီး ရှုတ်ချရတာလဲ” လို့တွေးမိတယ်။ ပြီးတော့ ကျွန်မစဉ်းစားတယ် “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူမကြားဖူးသေးလို့ သမ္မာတရားကို မသိသေးတာနေမယ် လို့။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားတွေကကယ်တင်ပြီးတော့ သန့်စင်စေမယ့် သမ္မာတရားတွေအားလုံးကိုသယ်ဆောင်လာမယ့် သခင်ယေရှုပြန်လာတာပဲဆိုတာကိုသာသူသိရင် သူလက်ခံမယ်ဆိုတာ ငါသိတယ်” လို့။ အဲဒါနဲ့ ကျွန်မသင်းအုပ်ဆရာဂျင်ကိုပြောတယ် “သင်းအုပ်ဆရာ၊ ဆရာက သခင်ဟာလူ့ဇာတိခံပြီးပြန်မလာနိုင်ဘူးလို့ပြောတယ် အဲဒါက သခင့်ရဲ့နှုတ်ကပတ်တော်တွေအပေါ်မှာ အခြေခံတာလား။ သမ္မာကျမ်းမှာ သူကအဲဒီလိုပြောဖူးလို့လား” လို့။

သူကယုံကြည်မှုရှိရှိနဲ့ ကျွန်မကိုပြန်ဖြေတယ် “င်မဿဲခရစ်ဝင်ကျမ်း မှာ ဒီလိုပြောထားတယ် ‘ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀) ကြီးစွာသောဘုန်းတန်ခိုးနဲ့ သခင်ဟာ တိမ်တိုက်ကိုစီးပြီးတော့ လူတိုင်းဖူးမျှော်ဖို့အတွက် ပြန်လာလိမ့်မယ်။ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးက အဲဒီအချက်ကိုလက်ခံထားတယ်။ ခရစ်ယာန်ဘာသာဝင်တိုင်းက သူတိမ်တိုက်ပေါ်ကကြွလာတာကို စောင့်နေကြတယ်။ ဒီတော့သူကဘယ်လိုလုပ်ပြီး လူ့ဇာတိခံပြီးပြန်လာမှာလဲ” တဲ့။ ကျွန်မသူပြောတာကို စိတ်ရှည်လက်ရှည်နဲ့နားထောင်ပြီးပြန်ပြောတယ် “သင်းအုပ်ဆရာ၊ သမ္မာကျမ်းစာထဲမှာ သခင်ပြန်လာတာနဲ့ပတ်သက်တဲ့ ဟောကိန်းတွေအများကြီးရှိတယ်။ စာပိုဒ်တစ်ပိုဒ်ထဲကိုပဲကိုးကားပြီးပြောတာက မှားယွင်းပြီးတော့ အမြင်ကျဉ်းရာရောက်တယ်။ ဟုတ်တယ်။ သခင်ကတိမ်တိုက်ပေါ်ကကြွလာမယ်ဆိုတဲ့ ဟောကိန်းတွေရှိတယ်။ ဒါပေမဲ့ သူလျှို့ဝှက်ပြီးပြန်လာမယ်လို့ ပြောထားတွေလည်းအများကြီးရှိတယ်။ ဥပမာ ‘ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။(ဗျာဒိတ်ကျမ်း ၃:၃), ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏(ဗျာဒိတ်ကျမ်း ၁၆:၁၆), ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)” “ဒီစာပိုဒ်တွေမှာ သခင်ဟာ လူမသိသူမသိနဲ့ သူခိုးတစ်ယောက်လိုမျိုး ညဘက်မှာတိတ်တဆိတ်ပြန်လာမယ်လို့ ဟောကိန်းထုတ်ထားတယ်။ သခင်သာ တိမ်တိုက်ပေါ်ကနေ ပေါ်ပေါ်တင်တင်ကြွလာမယ်ဆိုရင် အားလုံးကသူ့ကိုတွေ့မသွားဘူးလား။ ဒါဆိုရင် အော်ဟစ်ပြီး သက်သေခံစရာလည်းမလိုတော့ဘူးပေါ့။” “ကျွန်မတို့အရင်ကယုံကြည်ခဲ့သလိုမျိုး သခင်ကသာ အမှန်တကယ် တိမ်တိုက်ပေါ်ကနေ ပေါ်ပေါ်တင်တင်ကြွလာမယ်ဆိုရင် သခင် တိတ်တဆိတ်ပြန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကျတော့ ဘယ်လိုပြောမလဲ” “သခင်က ယုံကြည်အားထားထိုက်ပြီးတော့ သူ့နှုတ်ကပတ်တော်တွေက ဘယ်တော့မှပေါ့ပျက်ပျက်မရှိဘူး။ သူပြောတာတွေက အမြဲဖြစ်လာတာချည်းပဲ။ အဲဒီတော့ သူပြန်လာမှာကို အဆင့်နှစ်ဆင့်နဲ့ဖြစ်မယ်လို့ ကျွန်မတို့ပြောလို့ရတယ်။ အရင်ဆုံးက တိတ်တဆိတ်လာမယ်၊ ပြီးမှ လူတွေအားလုံးကို သူ့ကိုယ်သူ ဖော်ထုတ်ပြသမယ်။ ဟိုးရှေးရှေးတုန်းက ဘုရားသခင်က လူတွေကြားမှာ တိတ်တဆိတ် လုပ်ဆောင်ဖို့ လူ့ဇာတိခံခဲ့တယ်။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ပဲ။ ဘုရားသခင်ရဲ့အိမ်တော်ကနေစပြီးတော့ သူ့ရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်တယ်။ လူသားတွေကိုကယ်တင်ပြီးတော့ သန့်စင်စေမယ့် သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီးတော့ အောင်မြင်တဲ့သူအစုအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ဘုရားသခင်ရဲ့လျှို့ဝှက်လုပ်ဆောင်မှုပြီးမြောက်သွားတဲ့အခါ သူက ဘေးအန္တရာယ်တွေအများကြီးကို ထုတ်လွှတ်ပြီးတော့ လူကောင်းတွေကိုချီးမြှောက်ပြီး ယုတ်မာတဲ့သူတွေကို ပြစ်ဒဏ်ပေးလိမ့်မယ်။ တိမ်တိုက်ပေါ်ကနေ သူကြွလာပြီးတော့ လူတွေအားလုံးကို ကိုယ်ထင်ပြလိမ့်မယ်။ အဲဒီအချိန်ကျရင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ခဲ့သူတွေအကုန်လုံးဟာ အော်ဟစ် ငိုကြွေးရင်းနဲ့ ဘေးအန္တရာယ်တွေရဲ့ရှင်းလင်းတာကို ခံရလိမ့်မယ်။ အဲဒါက ဗျာဒိတ်ကျမ်း ၁:၇ မှာပြောထားတဲ့ ဒီဟာနဲ့သွားကိုက်ညီတယ် ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။’ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဘုရားသခင်ရဲ့အသံအဖြစ် အမှန်တကယ်မှတ်ယူသူတွေ၊ သူ့ကိုအားကိုးပြီး ဘုရားသခင်ရဲ့တရားစီရင်မှုကိုလက်ခံသူ၊ သန့်စင်ပြီးတဲ့သူတွေက ဘေးအန္တရာယ်တွေကနေ ဘုရားသခင်ရဲ့အကာအကွယ်ပေးမှုကိုရပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ထိုက်ထိုက်တန်တန်နဲ့ ဝင်ရောက်ခွင့်ကိုရလိမ့်မယ်” “ဘုရားသခင်ရဲ့တိတ်တဆိတ်လုပ်ဆောင်မှုဟာ လူသားမျိုးနွယ်ကိုကယ်တင်ဖို့ လုပ်ဆောင်တာပဲ။ သူက လူတွေ ရှေ့မှာ အတိအလင်းပေါ်ထွန်းတဲ့အချိန်ကျရင် သူ့ကိုလက်ခံဖို့အရမ်းနောက်ကျသွားလိမ့်မယ်။ အဲဒါက လူယုတ်မာတွေကို ပြစ်ဒဏ်ပေးမယ့်အချိန်ပဲ။ ဒါတွေအားလုံးကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်ပြီး လက်ခံပြီးတော့ ကျွန်မနားလည်ခဲ့တယ်” “ဘုရားသခင်ကသာ သမ္မာတရားကိုဖော်ထုတ်ပြီးတော့ ဒီ နက်နဲမှုကို ဖွင့်ပြနိုင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ် ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်” လို့။ ပြီးတော့ သင်းအုပ်ဆရာဂျင်ကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးကာလလုပ်ဆောင်မှုတွေကို လေ့လာဖို့ဆုတောင်းပါတယ်လို့ ပြောခဲ့တယ်။

သူကခပ်ညစ်ညစ်အကြည့်နဲ့ ကျွန်မကိုကြည့်ပြီးတော့ “မင်းက သမ္မာကျမ်းစာအကြောင်း အဲဒီလောက်လည်းမသိဘဲနဲ့ ငါ့ကိုတရားလာဟောနေတာလား။ ငါသင်ပေးထားလို့ မင်းသမ္မာကျမ်းစာအကြောင်းသိတာမဟုတ်ဘူးလား” လို့ပြောတယ်။ သူအဲဒီလိုပြောတာကိုကြားရတာ တကယ်စိတ်ပျက်စရာပါပဲ။ ဒါကျွန်မသိတဲ့ သင်းအုပ်ဆရာဂျင်လား။ အနည်းဆုံးတော့ သူကကျွန်မအမြင်မှာ မာန်မာနမထောင်လွှားတတ်တဲ့သူပါ။ သူကကျွန်မတို့ကို ပညာရှိသတို့သမီးတွေလိုနေဖို့နဲ့ သခင်ပြန်လာရင်ကြိုဆိုဖို့အတွက် ပြင်ဆင်ထားဖို့ အမြဲတမ်းမှာတယ်။ ဒါပေမဲ့ အခုကျတော့ သူကသခင်ပြန်လာတာကို လုံးဝမရှာဖွေတဲ့အပြင် လှောင်ပြောင်သရော်သလိုတောင် လုပ်နေသေးတယ်။ ကျွန်မနားမလည်နိုင်ခဲ့ဘဲနဲ့ သူ့ကိုတကယ်ကူညီချင်တာကြောင့် “ဆရာက ကျွန်မထက် သမ္မာကျမ်းစာအကြောင်းအများကြီးပိုသိပါတယ်။ အဲဒီတော့ ကျွန်မထက်ပိုပြီး မာန်မာနနည်းပြီးတော့ သခင်ပြန်လာတာကို သတိထားစောင့်ကြည့်သင့်တာပေါ့။ အဲဒါကိုလေ့လာသင့်တယ်။ ဖာရိရှဲတွေအကုန်လုံးက သမ္မာကျမ်းစာကို အလွတ်ရပြီးတော့ ဘုရားကို သိခြင်းက ကျမ်းစာကို သိခြင်းနဲ့ အတူတူပဲလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သခင်ယေရှုလာရောက်လုပ်ဆောင်တဲ့အခါ သူတို့ကအဲဒါကိုမစူးစမ်း မလေ့လာခဲ့ကြဘူး။ သူတို့ကကျမ်းစာကိုပဲဖက်တွယ်ခဲ့ကြပြီးတော့ “မေရှိယ” လို့ခေါ်တဲ့သူ သူတို့ကို ရောမတွေလက်အောက်က လွတ်မြောက်အောင်လုပ်ပေးနိုင်တဲ့သူကသာ ဘုရားသခင်ဖြစ်မယ်လို့ထင်ခဲ့ကြတယ်။ သူတို့ရဲ့အယူအဆတွေကြောင့် သခင်ယေရှုရဲ့လုပ်ဆောင်မှုကို ရှုတ်ချခဲ့ကြပြီးတော့ နောက်ဆုံးမှာ သူ့ကို ကားစင်တင်ခဲ့ကြတယ်။ သူတို့ကဘုရားသခင်ကို ပုန်ကန်ပစ်မှားခဲ့ကြပြီးတော့ သူ့ရဲ့ပြစ်ဒဏ်ပေးမှုကိုခံခဲ့ရတယ်” လို့ပြောလိုက်တယ်။ “တစ်ယောက်ယောက်က သမ္မာကျမ်းစာအကြောင်းအများကြီးသိတာနဲ့ပဲ သူတို့ကဘုရားသခင်ကိုသိပြီးတော့ သခင့်ကိုမဆန့်ကျင်ဘူးလို့ပြောလို့ရမယ်လို့ထင်လား။ ကျွန်မတို့ဖာရိရှဲတွေနဲ့ သူတို့ရဲ့အမှားတွေကနေသင်ခန်းစာယူပြီးတော့ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့လုပ်ဆောင်မှုကို တန်းပြီးတော့မရှုတ်ချသင့်ဘူး။ ကျွန်မတို့ အမြင်ကျယ်ကျယ်ထားပြီးတော့ ဘုရားသခင်ရဲ့အသံကိုအမြဲတမ်းနားထောင်ရမယ်။ အဲဒါမှပဲ ကျွန်မတို့သခင့်ကို အမှန်တကယ်ကြိုဆိုနိုင်မယ်” လို့ပြောခဲ့တယ်။ ကျွန်မကသူပြောတာကိုလည်းနားမထောင်ရော သူကအောင့်သက်သက်နဲ့ပြောတယ် “မင်းယုံကြည်သူဖြစ်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ဘာသာရေးအရမ်းကိုင်းရှိုင်းခဲ့တာကိုထောက်ပြီးတော့ ငါမင်းအတွက်ဆုတောင်းပေးမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အသင်းတော်ကနေ ထွက်လိုက်ပါ” တဲ့။ ပြီးတော့ သူကစိတ်ဆိုးပြီးထွက်သွားတယ်။

သူထွက်သွားတော့ ကျွန်မတွေးမိတယ် “သူကဘာလို့များသခင်ပြန်လာတာကို အလေးအနက်မထားရတာလဲ။ ငါတို့ကိုတော့ နှိမ့်ချတဲ့ စိတ်နှလုံးနဲ့ ရှာဖွေဖို့ အမြဲတမ်း ပြောပြီးတော့ သူကျတော့ ဘာလို့အဲဒီလိုမနေရတာလဲ” လို့။ ဘာသာရေးနဲ့ပတ်သက်လာရင် သင်းအုပ်ဆရာဂျင်ကို ကျွန်မရဲ့ဘာသာရေးမိဘလို့ အမြဲတမ်းသဘောထားခဲ့တယ်။ ကျွန်မသူ့ကိုဘာမဆိုမေးလို့ရပြီးတော့ သူက အမြဲတမ်း သမ္မာကျမ်းစာ ကျမ်းကိုးတွေနဲ့ စိတ်ရှည်လက်ရှည်ပြန်ဖြေပေးလေ့ရှိတယ်။ ကျွန်မမိသားစုရောဘယ်လိုနေလဲ နေကောင်းရဲ့လားအမြဲမေးပြီးတော့ ကျွန်မတို့မှာပြဿနာတစ်ခုခုရှိရင်လည်း ဆုတောင်းပေးလေ့ရှိတယ်။ သူကသခင့်ကိုထာဝရယုံကြည်ပြီးတော့ အပြည့်အဝပေးဆပ်ပြီးလုပ်ဆောင်ခဲ့တာတွေအားလုံးက သခင်ပြန်လာတာအတွက်ပဲမဟုတ်ဘူးလား။ ကျွန်မနည်းနည်းစောင့်မယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ လုပ်ဆောင်မှုတွေအကြောင်းကို သူ့ကိုထပ်ပြောပြဖို့ပဲလိုတယ်။

နောက်ရက်ကျတော့ ကျွန်မတို့ရဲ့သစ်သီးဆိုင်ကို သင်းအုပ်ဆရာဂျင် ပြန်ရောက်လာတယ်။ သူသမ္မာကျမ်းစာကိုဖတ်ပြီးတော့ သခင်ဘယ်လိုပြန်လာပြီးတော့ လုပ်ဆောင်မလဲဆိုတာကိုသဘောပေါက်သွားလောက်ပြီလို့ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်လို့ ကျွန်မအံ့ဩခဲ့ရတယ်။ သူကပြောတယ် “အသင်းတော်အကူ လီ၊ သမ္မာကျမ်းစာမှာပြောထားတယ် ‘အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။’ (တမန်တော်ဝတ္ထု ၁:၁၁) ဒါကအရမ်းကိုရှင်းလင်းပြတ်သားပါတယ်။ သခင်ယေရှုက အဖြူရောင်တိမ်တိုက်ပေါ်ကနေပြီးတော့ ဂျူးလူမျိုးအမျိုးသားတစ်ယောက် အသွင်နဲ့ ကောင်းကင်ဘုံကိုကြွသွားတယ်၊ အဲဒီတော့ ဂျူးလူမျိုး အမျိုးသားတစ်ယောက်အသွင်နဲ့ပဲ အဖြူရောင်တိမ်တိုက်ပေါ်ကနေပြီးတော့ ပြန်ကြွလာလိမ့်မယ်။ မင်းအလိမ်ခံရတာ။ အမြင်မှန်ရမှဖြစ်မယ်။” တဲ့။ သူကသခင်ဟာ တိမ်တိုက်ပေါ်ကနေပြီးတော့ ကျွန်မတို့ဆီပြန်လာမယ်ဆိုတဲ့ အတွေးအခေါ်ကို ဆက်ဆုပ်ကိုင်ထားပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကို ဝေဖန်ပြီးတော့ ရှုတ်ချနေတုန်းပဲ။ ကျွန်မနားမလည်နိုင်ဘဲ “သခင်ပြန်လာမှာနဲ့ပတ်သက်တဲ့ ဟောကိန်းတွေ သမ္မာကျမ်းစာထဲမှာအများကြီးရှိတယ်။ သူဘာလို့အဲဒါတွေကို လုံးဝမလေ့လာရတာလဲ” လို့တွေးမိတယ်။ အဲဒါပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကိုကျွန်မတွေးမိတယ်။ ကျွန်မအဲဒါကို သင်းအုပ်ဆရာကိုဖတ်ပြခဲ့တယ်။ “နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) သူကအရမ်းစိတ်ဆိုးပြီးတော့ ကျွန်မကိုပြောတယ်။ “သခင်ဘယ်လိုပြန်လာမလဲဆိုတာကို သမ္မာကျမ်းစာမှာ လုံးဝရှင်းရှင်းလင်းလင်းပြောထားတယ်။ ဘာလို့တခြားစာအုပ်တစ်အုပ်ကို ဖတ်နေရဦးမှာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ တကယ်စစ်မှန်တဲ့ဘုရားသခင်ဆိုရင် ဘာလို့ဘာသာရေးခေါင်းဆောင်တိုင်းက သူ့ကိုရှုတ်ချကြမှာလဲ။ မင်း အခုချက်ချင်း နောက်ပြန်လှည့်မှ ဖြစ်မယ်။ ငါမင်းရဲ့အမျိုးသား၊ အသင်းတော်အကူ ပီယောင်ကိုလည်း မင်းကိုကြည့်ပြောဖို့ပြောထားတယ် ဒါပေမဲ့ မင်းကအရမ်းခေါင်းမာလွန်းတယ်” တဲ့။ သူအဲဒါတွေပြောပြီးတော့ ကျွန်မသူ့ကိုမေးကြည့်တယ် “သင်းအုပ်ဆရာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ဆိုတဲ့ စာအုပ်ကိုဖတ်ဖူးလား။ အဲဒီစာအုပ်က နိုင်ငံတော်ခေတ်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပဲ။ အဲဒီစာအုပ်ထဲက နှုတ်ကပတ်တော်တွေအားလုံးက သမ္မာတရားတွေချည်းပဲ။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ။ ရှုတ်ပဲရှုတ်ချမနေနဲ့” လို့။ ဒါပေမဲ့ သူကကျွန်မစကားကိုဖြတ်ပြီးတော့ “ငါအဲဒါကိုဟိုးတုန်းကတည်းက ဖတ်ဖူးတယ်။ အဲဒါတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေမဟုတ်ဘူး။ မင်းအဲဒါတွေကိုမဖတ်သင့်ဘူး” လို့ပြောတယ်။ သူအဲဒီလိုတွေပြောတာကိုကြားရတော့ ကျွန်မသူ့ကိုအရမ်းရွံသွားတယ်။ သူကအရမ်းရိုင်းတာပဲ။ လုံးဝအဓိပ္ပါယ်မရှိဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တစ်ခုတည်းသောသမ္မာတရားပဲ။ သူတို့က အစွမ်းထက်ပြီးတော့ အာဏာသံပါတယ်။ သူကနားမလည်တာ။ သူကဘုရားသခင်ရဲ့သိုးတစ်ကောင်မဟုတ်ခဲ့ဘူး။ ပြီးတော့ ဒေါသထွက်ရင်းနဲ့ သူကကျွန်မကိုပြောတယ် “မင်းအဲဒီလမ်းကိုဆက်သွားလို့ အခြေအနေတွေပိုဆိုးလာရင် နောက်မှငါ့အဆိုးမဆိုနဲ့။ မင်းကမိစ္ဆာဒိဋ္ဌိတွေကိုယုံကြည်နေတယ်လို့ အသင်းတော်ကိုပြောပြီး မင်းကိုအထုတ်ခံရအောင်လုပ်လိုက်မယ်။ မင်းကိုအကုန်လုံးကရှောင်ဖယ်ပြီးတော့ ထာဝရအပယ်ခံဖြစ်သွားမယ်” တဲ့။

ကျွန်မအရမ်းအံ့အားသင့်သွားတယ်။ “ဆရာက အမှန်တရားကို ပြောင်းပြန်လှန်နေတာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယုံကြည်တာက သခင့်ကိုကြိုဆိုတာပဲ။ အဲဒါကိုဘာလို့များ မိစ္ဆာဒိဋ္ဌိလို့ပြောရတာလဲ” “ဘုရားသခင်ရဲ့လုပ်ဆောင်မှုကိုလက်မခံရုံတင်မကဘူး ငါ့ကိုပါအသရေဖျက်ပြီးတော့ ထုတ်ဖို့လုပ်တယ်။ ဒါက ကာလရှည်ယုံကြည်သူတစ်ယောက် လုပ်သင့်တာမျိုးမဟုတ်ဘူး” လို့တွေးမိတယ်။ ပြီးခဲ့တဲ့သုံးရက် လေးရက်လောက်က ကျွန်မအမျိုးသားက ကျွန်မကိုအော်ဟစ်ပြီးပြောတယ် “သင်းအုပ်ဆရာဂျင်က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို အသင်းတော်ကနေ အပြီးထုတ်မယ်တဲ့။ မင်းအထုတ်ခံရမှာမကြောက်ဘူးလား။ ငါတို့ရဲ့ညီအစ်ကိုမောင်နှမတွေက ငါ့တို့ကိုလက်မခံတော့ရင် ဘာသွားလုပ်ကြမလဲ။ တချို့က မင်းရဲ့ယုံကြည်မှုအသစ်အကြောင်းကို သိပြီးနေပြီး ငါတို့ဆိုင်ရှေ့ကသွားရင် မသိချင်ယောင်ဆောင်နေကြတယ်။ မင်းအဲဒီအသင်းတော်ကို ထပ်မသွားရတော့ဘူး” တဲ့။ ကျွန်မကိုတားဖို့ ကျွန်မအမျိုးသားကိုပြောလိုက်တာ သင်းအုပ်ဆရာဂျင်ပဲဆိုတာကို ကျွန်မသိတယ်။ သူများတွေ လမ်းကြောင်းအမှန်ကို လေ့လာလို့မရအောင်လို့ ထုတ်ပစ်မယ်ဆိုပြီး သူခြိမ်းခြောက်လိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ အတော်ရက်စက်ပြီး ယုတ်မာတာပဲ။ သူကသခင့်ကိုအလုပ်အကျွေးပြုတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ မာန်မာနမထောင်လွှားဘဲ ချစ်ခင်စရာကောင်းခဲ့တယ်လို့ ကျွန်မအမြဲတမ်းထင်ခဲ့တာ ဒါပေမဲ့ အဲဒါတွေအားလုံးက လူတွေကိုလှည့်ဖျားဖို့ ဟန်ပြသက်သက်ပဲ။ ရုပ်ရှင်ထဲက ယုံကြည်သူတွေရှေ့မှာဆိုရင် ဘာသာရေးအရမ်းကိုင်းရှိုင်းသလိုလုပ်ပြတတ်တဲ့ ဘုန်းတော်ကြီးတွေကို သွားသတိရတယ်။ သူတို့က တကယ်တမ်းကျတော့ ယုံကြည်သူတွေကို ခြိမ်းခြောက်ပြီးတော့ လမ်းကြောင်းအမှန်ကိုလေ့လာ့လို့မရအောင်ပိတ်ပင်ချင်ကြတယ်။ သင်းအုပ်ဆရာလုပ်နေတာကလည်း အဲဒီရုပ်ရှင်ထဲက ဘုန်းတော်ကြီးလုပ်တာနဲ့ တစ်ပုံစံတည်းပဲ။ ကျွန်မသူ့ကိုအရမ်းစိတ်ပျက်မိတယ်။ သူနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့အမှတ်တရတွေအကုန်လုံး ချက်ချင်းပျက်စီးသွားတယ်။ ကျွန်မသူ့ကိုနားမထောင်တော့ သူလည်းစိတ်ပျက်လက်ပျက်နဲ့ထွက်သွားတယ်။

ဒါပေမဲ့ နောက်နှစ်ပတ်ကျော်ကြာတဲ့အထိ ဆိုင်မှာ ကျွန်မကို သုံးခေါက် လေးခေါက်လောက်လာတွေ့ပြီးတော့ ကျွန်မရဲ့ယုံကြည်မှုကိုစွန့်လွှတ်ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သစ္စာဖောက်ဖို့လာပြောသေးတယ်။ တစ်ရက်ကျတော့ သူကဒေါသတကြီးနဲ့ ကျွန်မတို့ဆိုင်ကိုရောက်ချလာပြီးတော့ ကျွန်မကို အသင်းတော်အကူလို့တောင်မခေါ်ဘဲ “မင်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆက်ကိုးကွယ်လို့မရဘူး။ မင်းရဲ့ကလေးနှစ်ယောက်ကိုလည်း ဆွယ်လို့မရဘူး။ မင်းအမျိုးသားရဲ့မိသားစုတွေအားလုံးကလည်း နက်နက်ရှိုင်းရှိုင်းယုံကြည်ကြတဲ့သူတွေ။ ကလေးတွေရဲ့ အဘိုးအဘွားတွေကလည်း ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေ။ မင်းတစ်ယောက်ကြောင့် ဒီမိသားစုပျက်စီးမှာကို ငါလက်မခံနိုင်ဘူး” လို့ပြောတယ်။ သူ့ရဲ့စွပ်စွဲချက်တွေကို ကျွန်မတော်တော်စိတ်တိုမိတယ်။ ကျွန်မအနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တာက ကျွန်မက ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့မှောက်ကို ချီဆောင်ခံရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီးတော့ အဲဒါကအရမ်းကောင်းတဲ့အရာပဲ။ သူကဘာလို့များအဲဒီလို ဆိုးဆိုးရွားရွားစွပ်စွဲရတာလဲ။ ဘာလို့အဲဒီလိုလုပ်ရတာလဲ။ ကျွန်မပိုပြီးစိတ်တိုတာက သူကကျွန်မကိုတားမြစ်ရုံတင်မကဘဲ ကျွန်မကလေးတွေရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုပါ လာထိန်းချုပ်နေတာကိုပဲ။ သူကသူများတွေ လမ်းကြောင်းအမှန်ကိုသွားမှာကို ဘယ်လိုတားမှာလဲ။ ကျွန်မတည်တည်ငြိမ်ငြိမ် မျက်နှာထားတင်းတင်း၊ သတ္တိရှိရှိနဲ့ပြောလိုက်တယ်။ “ဘုရားသခင်ရဲ့သိုးတွေက သူ့ရဲ့အသံကိုနားထောင်ကြပြီးတော့ သူများတွေ ဘုရားသခင်ကိုယုံကြည်တာကို ဆရာတားလို့မရဘူး။ ကျွန်မကလေးတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်ပြီးတော့ ဘုရားသခင်ရဲ့အသံကို သိသွားကြပြီ။ အဲဒါဘုရားသခင်ရဲ့လမ်းညွှန်ပြသမှုပဲ” “ကျွန်မတခြားဘာသာရေးဂိုဏ်းခွဲတွေကို လေ့လာကြည့်တုန်းက ကျွန်မကလေးတွေကမသွားချင်ကြဘူး။ အခုသူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်ချင်ကြတယ်။ သူတို့မှာကိုးကွယ်ခွင့်ရှိပြီးတော့ ကျွန်မတားမှာမဟုတ်ဘူး။ ဆရာကရောဘာမို့လို့ သူတို့ရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်ရတာလဲ” လို့ပြောလိုက်တယ်။ သူရပ်သွားပြီးတော့ ခဏလောက် ဘာမှမပြောနိုင်ဖြစ်သွားပြီးတော့ ကျွန်မကိုကျိန်ဆဲပြီး စိတ်အရမ်းတိုပြီးထွက်သွားတယ်။ သင်းအုပ်ဆရာဂျင်ရဲ့လုပ်ရပ်တွေကို ကျွန်မအရမ်းအံ့အားသင့်မိတယ်။ သူကကျွန်မကိုအမြဲတမ်းကူညီထောက်ပံ့ပြီးတော့ ကျွန်မမိသားစုအတွက်ဆုတောင်းပေးခဲ့တယ်။ သူဘာလို့အရမ်းရက်စက်ကြမ်းကြုတ်ရတာလဲ။ ကျွန်မက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလိုက်လို့ဆိုပြီး ကျွန်မကိုအပြစ်ပေး၊ အနိုင်ကျင့်ပြီး ကျိန်ဆဲနေတာမဟုတ်ဘူးလား။ ကျွန်မအရမ်းကို စိတ်ရှုပ်ထွေးမိတယ်။

နည်းနည်းကြာတော့ ကျွန်မရဲ့အရင်အသင်းတော်က ညီအစ်မနှစ်ယောက်ကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကိုမျှဝေခဲ့တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုကြားတော့ သူတို့အရမ်းဝမ်းသာပြီးတော့ ကျွန်မတို့အမြဲတမ်းစကားပြောဖြစ်ကြတယ်။ သိပ်မကြာခင်မှာပဲ သူတို့တွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားထောင်နေမှန်း သင်းအုပ်ဆရာဂျင်က သိသွားတယ်။ သူဘယ်လိုခြိမ်းခြောက်ပြီး ဘာလုပ်လိုက်လဲတော့မသိဘူး ဒါပေမဲ့ သူတို့ကျွန်မနဲ့စကားမပြောတော့ဘဲနဲ့ စပြီးရှောင်သွားကြတယ်။ ကျွန်မအရမ်းစိတ်ပျက်ပြီး စိတ်တိုမိတယ်။ သခင်ယေရှုက ဖာရိရှဲတွေကိုပြောခဲ့တာကို သွားသတိရတယ် “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) သင်းအုပ်ဆရာဂျင်က ဘုရားသခင်ရဲ့ နောက်ဆုံးကာလ အမှုတော်ကို လက်မခံခဲ့ဘဲနဲ့ သူများတွေလက်ခံမှာကိုလည်း အစွမ်းကုန်လိုက်တားမြစ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို နည်းလမ်းမျိုးစုံနဲ့ခြိမ်းခြောက်တယ်။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖာရိရှဲတွေနဲ့ အတူတူပဲမဟုတ်ဘူးလား။ သူကဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ ဆန့်ကျင်ဘက်ကိုသွားခဲ့ပြီး သူများတွေသွားမှာကိုလည်း လိုက်တားခဲ့တယ်။ သူများတွေကိုပါ သူနဲ့အတူငရဲကိုဆွဲခေါ်သွားခဲ့တာ။ အဲဒါကဆိုးယုတ်ပြီးတော့ ဘုရားသခင်က သူ့ကိုပြစ်ဒဏ်ပေးလိမ့်မယ်။

နောက်ကျတော့ ကျွန်မတွေ့ဆုံပွဲတစ်ခုကိုသွားပြီးတော့ ဖြစ်ပျက်ခဲ့တာတွေကို ညီအစ်ကိုမောင်နှမတွေကိုပြောပြခဲ့တယ်။ ပြီးတော့ အစ်မလီက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နည်းနည်းဖတ်ခဲ့တယ်။ “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မရှာခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမကို အချည်းနှီး ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအမြင်များသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။” “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ပြီးတော့သူက “ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ဖာရိရှဲတွေနဲ့ ဘုန်းတော်ကြီးတွေ ဘုရားသခင်ကို ဆန့်ကျင်ရတဲ့ အကြောင်းအရင်းဇစ်မြစ်ကို သေချာရှင်းပြခဲ့တယ်။ အဓိကကတော့ သူတို့ကအရမ်းခေါင်းမာပြီး မာန်မာနထောင်လွှားလို့ပဲ။ သူတို့ကဘုရားသခင်ကို လုံးဝမကြောက်ခဲ့ကြဘဲနဲ့ သမ္မာတရားကို အရာရာထက်ပိုမုန်းခဲ့ကြတယ်။ သခင်ယေရှုခေတ်မှာ ဖာရိရှဲတွေဟာ ဂျူးဘုရားရှိခိုးကျောင်းတွေမှာ သမ္မာကျမ်းကို တရားဟောခဲ့ကြပြီး ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ပုံစံရှိခဲ့ကြတယ်။ ဒါပေမဲ့ သခင်က အမှုတော်ကို ဆောင်ရွက်ဖို့လာတဲ့အချိန်ကျတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေက အာဏာနဲ့ အင်အားအပြည့်ပါတာကို သူတို့သိကြပေမဲ့လည်း သူတို့ကအရေးမစိုက်ခဲ့ကြဘူး။ သူတို့ကိုကိုးကွယ်တဲ့သူတွေက သခင်ယေရှုနောက်ကိုလိုက်ပြီး သူတို့ရဲ့ကြွယ်ဝချမ်းသာမှုနဲ့ သိက္ခာကျမှာကို စိုးရိမ်ကြောက်ရွံ့ခဲ့ကြတယ်။ အဲဒါကြောင့်သူတို့က ကောလဟာလတွေ လုပ်ကြံပြီးတော့ သက်သေခံချက်အမှားတွေကို ပြင်ဆင်ခဲ့ပြီး သခင်ယေရှုကို နည်းလမ်းမျိုးစုံနဲ့ ရှုတ်ချခဲ့ကြတာ။ သူတို့ကလူတွေသခင်ယေရှုကို မကိုးကွယ်အောင်နည်းမျိုးစုံနဲ့လုပ်ခဲ့ကြပြီးတော့ နောက်ဆုံးမှာတော့ ကားစင်တင်ခံရအောင်လုပ်ခဲ့ကြတယ်။ အတော်ကိုရက်စက်ယုတ်မာတဲ့ အပြစ်ကိုကျူးလွန်ခဲ့ကြတာပဲ” “သခင်ယေရှုနဲ့ သမ္မာတရားကို သူတို့ တုံ့ပြန်ပုံနဲ့ လူတွေရဲ့ထောက်ခံမှုရပြီး သူတို့ရဲ့သဘောထားကိုထိန်းချုပ်ဖို့အတွက် ဘုရားသခင်ကိုတိုက်ခိုက်ခဲ့တာကိုကြည့်ခြင်းအားဖြင့် ဖာရိရှဲတွေဟာ ဘုရားသခင်ကို အစေမခံဘူးဆိုတာထင်ရှားပါတယ်။ သူတို့က ဘုရားသခင်ရော သမ္မာတရားကိုပါမုန်းတီးတဲ့ အန္တီခရစ်တွေပါပဲ” “လက်ရှိဘာသာရေးလောကမှာ တရားဟောနေကြတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာကို တော်တော်လေးကျွမ်းကျင်ပြီး သမ္မာကျမ်းစာနဲ့ သူတို့ရဲ့ဘာသာရေးယုံကြည်မှုဆိုင်ရာ သီအိုရီတွေကို တရားဟောနိုင်ပြီးတော့ သူတို့ကိုကြည့်ရင်တော့ မာန်မာနကင်းရှင်းပြီး ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ပုံပေါက်တယ်။ ဒါပေမဲ့ အခုဘုရားသခင်က သူ့ရဲ့အလုပ်တွေကိုလုပ်ဆောင်ဖို့ လူ့ဇာတိခံပြီးလာပြီ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က သခင်ပြန်လာပြီးတော့ သမ္မာတရားကို ဖော်ပြပြီး တရာစီရင်ခြင်းကိုလုပ်ဆောင်တယ်လို့ သက်သေခံနေတာကို သူတို့နှစ်ပေါင်းများစွာသိခဲ့တယ် ဒါပေမဲ့ သူတို့ကအဲဒါကိုမလေ့လာဘဲနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုံ့ချခဲ့တယ်။ သူတို့က သမ္မာကျမ်းစာထဲက စကားလုံးတွေနဲ့ အတွေးအခေါ်အမှားတွေကို ဖက်တွယ်ထားခဲ့ကြတယ်။ သခင်ဟာ တိမ်တိုက်ပေါ်ကနေပဲကြွလာမယ်လို့ထင်ကြတယ်၊ မိစ္ဆာဒိဌိအယူမျိုးစုံကိုပြောဆိုပြီးတော့ ယုံကြည်သူတွေကို လိမ်လည်ပြီး ပိတ်ဆို့ကြတယ်။ လမ်းအမှန်နဲ့ကင်းကွာသွားစေတယ်။ သူတို့ကဘုရားသခင်ရဲ့သိုးတွေကို သူတို့လက်အောက်မှာထိန်းချုပ်ပြီးတော့ ကိုယ်ကျိုးအတွက် ဘုရားသခင်ကိုတိုက်ခိုက်ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖာရိရှဲတွေလုပ်ခဲ့တာကို သူတို့ကအတိအကျကိုလုပ်နေတာပဲ” “သူတို့က ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေအားလုံးနဲ့ သမ္မာတရားကိုမုန်းတီးပြီးတော့ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ကိုဆန့်ကျင်ကြတယ်။ သူတို့ကမကောင်းဆိုးဝါးရဲ့အစေခံတွေဖြစ်ပြီးတော့ ဘုရားသခင်ရဲ့လုပ်ဆောင်မှုကနေ ဖော်ထုတ်ပြတဲ့ အန္တီခရစ်တွေပဲ”

သူကအဲဒီမိတ်သဟာယကိုမျှဝေတာကြားရတော့ ကျွန်မစိတ်ပေါ့ပါးသွားတယ်။ ဘုရားသခင်ရဲ့လုပ်ဆောင်မှုက တကယ်ကို အမျှော်အမြင်ကြီးလှပါတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေက ဖာရိရှဲတွေနဲ့ သူတို့ရဲ့သူတော်ကောင်းယောင်ဆောင်နေတာကို ဖော်ထုတ်လိုက်တယ်။ ဒီသင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေနဲ့ လွဲမှားတဲ့အစေခံတွေဟာ ဘုရားသခင်ကိုဆန့်ကျင်နေကြတာပါ။ သူတို့က ခရစ်တော်ကိုငြင်းပယ်ပြီး ဆန့်ကျင်တဲ့ အန္တီခရစ်တွေ၊ ကျွန်မတို့ရဲ့စိတ်ဝိညာဉ်ကို ဝါးမျိုချင်တဲ့မကောင်းဆိုးဝါးတွေပဲ။ သင်းအုပ်ဆရာဂျင်ရဲ့ လှည့်ဖျားတာကိုခံရလို့ သူ့ရဲ့မှားယွင်းနေတဲ့ သူတောင်ကောင်းယောင်ဆောင်မှုကို ကျွန်မအရင်က လုံးဝမသိခဲ့ဘူး။ သူသခင့်ကို အလုပ်အကျွေးပြုပြီးတော့ သစ္စာရှိတဲ့အစေခံတစ်ယောက်ပဲလို့ အမြဲထင်ခဲ့တယ်။ အဲဒါကြောင့်သူ့ကို ဘာသာရေးဆိုင်ရာ မိဘတစ်ယောက်အဖြစ်မြင်ခဲ့တာ။ အဲဒီရုပ်ရှင်ထဲက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက လူတွေလမ်းမှန်သွားမှာကို အစွမ်းကုန်တားဆီးနေတာကိုတွေ့တော့ သင်းအုပ်ဆရာဂျင်ကတော့အဲဒီလိုမဟုတ်လောက်ပါဘူးဆိုပြီး မှားယွင်းပြီးယုံကြည်ခဲ့သေးတယ်။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေကိုလက်ခံလိုက်တာနဲ့ သင်းအုပ်ဆရာဂျင်က ကျွန်မကိုဘက်ပေါင်းစုံကနေ တားဆီးဖို့လုပ်တော့မှ ကျွန်မသူ့ရဲ့တကယ့်စိတ်သဘောထားက သူတောင်းကောင်းယောင်ဆောင်နေတာဆိုတာကို သိခဲ့ပြီး ဘုရားသခင်ကိုဆန့်ကျင်ပြီး သမ္မာတရားကိုမုန်းတီးတဲ့ အန္တီခရစ်တစ်ယောက်ပဲဆိုတာကို သဘောပေါက်ခဲ့တယ်။ နောက်ဆုံးမှာတော့ ဖာရိရှဲတွေနဲ့ ဘာသာရေးလောကက အန္တီခရစ်ရဲ့အချုပ်အနှောင်ကနေ ကျွန်မလွတ်မြောက်ခဲ့ပါတယ်။ ကျွန်မဘုရားသခင်ဆီကိုပြန်ခဲ့ပြီးတော့ သိုးသူငယ်ရဲ့မင်္ဂလာ စားပွဲကိုသွားခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ် မိသားစု၏ လှောင်အိမ်မှ လွတ်မြောက်ခြင်း

လင်းရှီ တရုတ်နိုင်ငံ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ၂၀၀ ၅ခုနှစ်မှာ လက်ခံခဲ့တယ်။ အဲဒီအတောအတွင်းမှာ၊...

ကျွန်ုပ်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကြားတွင် ကျွန်ုပ်၏ သင်းအုပ်ဆရာက တားဆီးသည်

ယွမ်ဝင်ဆန် ဗီယက်နမ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ညီအစ်ကို တစ်ယောက်က အွန်လိုင်း စုဝေးပွဲတစ်ခုမှာ ပါဝင်ဖို့ ကျွန်တော့်ကို ဖိတ်တယ်။...

ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။