တိုက်ပွဲတစ်ခု

11.04.2019

ဇန်ဟွေ တရုတ်ပြည်

ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။ ကျွန်တော်သည် စိတ်အားထက်သန်သော ရှာဖွေသူ တစ်ယောက် ဖြစ်သောကြောင့် လျင်မြန်စွာပင် တရားဟော ဆရာ တစ်ယောက် ဖြစ်လာခဲ့သည်။ ကျွန်တော်သည် အသင်းတော် အမျိုးမျိုး ထံသို့ အလုပ်လုပ်ရန် နှင့် တရားဟောရန် မကြာခဏ သွားခဲ့သည်။ နှစ်အနည်းငယ် ကြာပြီးနောက်တွင် ကျွန်တော့် အလုပ်မှထွက်ခဲ့ပြီး၊ သခင့်ကို အချိန်ပြည့်အစေခံခဲ့သည်။ သို့သော်လည်း အမည်မသိ အကြောင်းအချို့ကြောင့် ကျွန်တော့် ညီအစ်ကိုမောင်နှမများ၏ ယုံကြည်မှု နှင့် ချစ်ခြင်းမေတ္တာတို့သည် တဖြည်းဖြည်းချင်း အေးစက်လာခဲ့ကာ၊ လုပ်ဖော်ကိုင်ဖက်များ အကြားတွင် မစ္ဆရိယစိတ်များနှင့် ကြမ်းတမ်းသည့် သဘောထားကွဲလွဲမှုများ ကြီးထွားလာခဲ့ပါသည်။ ကျွန်တော့် ဝိညာဉ် သည်လည်း ညှိုနွမ်းနေသည်ဟု ခံစားခဲ့ရကာ၊ တရားဟောကြားရန် မည်သည့် အရာမျှ မရှိခဲ့တော့ပါ။ ၂၀၀၅ ခုနှစ်တွင် ကျွန်တော့် ဇနီး ကင်ဆာရောဂါ ဖြစ်ပွားပြီး မကြာမီပင် ကွယ်လွန်သွားခဲ့ပါသည်။ ဤသည်မှာ ကျွန်တော့်အတွက် ကြီးမားသည့် ထိခိုက်မှုဖြစ်ပြီး၊ ကျွန်တော် ပို၍ပင် အားနည်းလာခဲ့သည်။ တစ်နေ့တွင် ကျွန်တော့် ဝမ်းကွဲမောင်နှမ တစ်ဦးနေအိမ်၌ နေထိုင်ရန် သွားရောက်ခဲ့ပြီး ထိုနေအိမ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ဧဝံဂေလိ သတင်းကောင်းကို ဟောကြားသော ညီအစ်မနှစ်ယောက် နှင့် တွေ့ဆုံခဲ့ သည်။ မိတ်သဟာယပြုကာ၊ စကားရည်လုပြီး ရက်အနည်းငယ်ကြားပြီး နောက်ပိုင်း၊ ကျွန်တော်သည် သခင်ယေရှုပြန်ကြွလာပြီ ဖြစ်ကြောင်း၊ ကိုယ်တော်သည် လူ့ဇာတိအားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်းကို အမှန်တကယ် ယုံကြည်လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းမှတစ်ဆင့်၊ ကျွန်တော့် ဆာလောင် မွတ်သိပ်နေသည့် နှလုံးသားသည် ရေလောင်းခြင်း နှင့် ထောက်ပံ့ခြင်းတို့ကို ခံခဲ့ရကာ၊ ကျွန်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ ချိုမြိန်မှုကို အရသာခံစားခဲ့၍ ကျွန်တော် ယခင်က တစ်ခါမျှ နားမလည်ခဲ့ဖူးသည့် သမ္မာတရားများစွာ နှင့် နက်နဲမှုများစွာ တို့ကို နားလည်သဘောပေါက်လာခဲ့သည်။ သို့သော်လည်း သခင်နှင့် ပြန်လည်ဆုံစည်းရခြင်းကို နက်ရှိုင်းစွာ ပျော်မွေ့နေစဉ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများနှင့် တိုက်ခိုက်မှုများက ကျွန်တော့်ထံသို့ ဖြည်းဖြည်းချင်း နီးကပ်လာခဲ့ပါသည်။

နေ့လည်ခင်းတစ်ခုတွင် အိမ်တံခါး ရုတ်တရက်ခေါက်သံကို ကြား သည့်အချိန်တွင် ကျွန်တော်က ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်းများကို လက်တွေ့လုပ်ဆောင်နေခဲ့သည်။ တံခါးဖွင့်လိုက် သည့်အချိန်တွင် ကျွန်တော့် အသင်းတော်ဟောင်းမှ သင်းအုပ်ဆရာ လီရမ်း နှင့် လုပ်ဖော် ကိုင်ဖက် ဝမ်ဂျွန် တို့ အိမ်ပြင်တွင် မတ်တပ်ရပ်နေသည်ကို ကျွန်တော်တွေ့ လိုက်ရသည်။ ကျွန်တော်နှလုံး တထိတ်ထိတ်ဖြင့်၊ “သူတို့ ဒီကို ဘာလာ လုပ်တာလဲ။ ငါ့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်မှု အကြောင်း သူတို့သိသွားလို့များ ဖြစ်နိုင်မလား။ အရင်က ရှာဖွေကောင်း သူတွေဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် ယုံကြည်လာတဲ့အချိန်က၊ သင်းအုပ်ဆရာလီနဲ့ လုပ်ဖော်ကိုင်ဖက် ဝမ်တို့က သူတို့တွေကို ကောလာဟလတွေနဲ့ ကြောက်အောင် ပြောပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ရှောင်ကြဉ်အောင် အတင်း အကျပ်စေခိုင်းဖို့ သူတို့မိသားစုတွေကို လှုံ့ဆော်ခဲ့တယ်။ အဲဒီ ညီအစ်ကို မောင်နှမတွေ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို နောက်လိုက် ခြင်းက တားဆီးနိုင်ဖို့ သူတို့ တတ်နိုင်စွမ်းသမျှ လုပ်ခဲ့ကြတယ်။ ဒီနေ့လည်း ငါ့ကို နှောင့်ယှက်ဖို့အတွက် ဘယ်လိုနည်းဗျူဟာမျိုးတွေကို သုံးဦးမယ်ဆိုတာ မသိပါဘူး” ဟု တွေးမိသည်။ ကျွန်တော် သူတို့ကို ခရီးဦးကြိုပြီး ထိုင်ခိုင်းလိုက်သည်။ ထို့နောက် မကြာမီ ကျွန်တော့် သမီး ရှိအောင်ယန် နဲ့ ဒေရောင်း တို့ကလည်း ပြန်ရောက်လာကြသည်။ ကျွန်တော် ပဟေဠိဖြစ် သွားသည်။ ကျွန်တော့် သားသမီးတွေက သူတို့ အလုပ်များဖြင့် ရှုပ်နေခဲ့ကြသည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ယနေ့ အဘယ့်ကြောင့် နှစ်ယောက်လုံး လာရောက်ကြသနည်း။ သင်းအုပ်ဆရာ လီကများ ၎င်းတို့ကို လာရောက်စေခြင်း ဖြစ်ပါသလား။ လီရမ်း နှင့် ဝမ်းဂျွန်တို့သည် ပြင်ဆင်ပြီးလာခဲ့ပုံရပါသည်။ ကျွန်တော်ကလည်း ဘုရားသခင်ထံ ရေးကြီးသုတ်ပျာဖြင့် ဆုတောင်းခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ သူတို့တွေကတော့ ကျွန်တော့်ကို တားဆီးဖို့နဲ့ နှောင့်ယှက်ဖို့ လာရောက်ခဲ့တာ အတိအကျပါပဲ။ ဘုရားသခင် ကျွန်တော့် ဝိညာဉ် အသက်တာက နုနယ်လှပါတယ်။ ကျွန်တော့်ကို လမ်းပြဖို့ နဲ့ သူတို့ကို ကူညီကိုင်တွယ်ပေးဖို့အတွက် ကိုယ်တော့်ကို တောင်းပန်တိုးလျှိုးပါတယ်။ ကျွန်တော် ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ လိုလားပါတယ် ဘုရား” ဟု ဖြစ်ပါသည်။ ဆုတောင်းပြီးနောက်၊ ကျွန်တော့်နှလုံးသား ငြိမ်သက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် လီရမ်းသည် ဟန်ဆောင် အပြုံးဖြင့် “ညီအစ်ကို ဇန်၊ ခင်ဗျား အခု ‘အရှေ့အရပ်မှလျှပ်ပြက်ခြင်း’ ကို ယုံကြည်နေပြီလို့ ကြားခဲ့ရတယ်။ အဲဒါဟုတ်လား။ ‘အရှေ့အရပ်မှ လျှပ်ပြက်ခြင်း’ မှာ သမ္မာတရားတွေ ဘယ်လောက်ရှိနေပါစေ၊ ကျွန်တော် တို့ လက်ခံလို့မရဘူး။ အစ်ကိုဇန်၊ ကျွန်တော်တို့အားလုံး နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်ခဲ့ကြပြီး၊ တရားဟောတဲ့ အလုပ်တွေ လုပ်ခဲ့ကြတယ်။ သခင်ယေရှုက ကားတိုင်တင်ခံရပြီးတော့၊ အပြစ်ဖြေရာယဇ်ဖြစ်လာခဲ့ပြီး ကျွန်တော်တို့အပြစ်တွေကနေ ရွေးနှုတ်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက် ပြီး ကျွန်တော်တို့အားလုံး ရှင်းလင်းပြီးဖြစ်တယ်။ ကျွန်တော်တို့ကို သခင် ပေးသနားတော်မူခဲ့တဲ့ ကြွယ်ဝတဲ့ ကျေးဇူးတော်တွေ၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတို့ကို ခံစားခဲ့ရတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က သခင့် နာမတော်နဲ့ လမ်းခရီးကို တစ်ချိန်လုံး ထိန်းသိမ်းရမယ်။ ကျွန်တော်တို့က နောက်ထပ် ဘုရားတစ်ပါးမှာ ယုံကြည်လို့မရဘူးလေ။ ခင်ဗျားက သခင်ယေရှု ဆီကနေ ထွက်ခွာပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည် နေတာက သခင့်ကို သစ္စာဖောက်တာပဲ မဟုတ်ဘူးလား” ပြောခဲ့ သည်။ ကျွန်တော်က အေးဆေးစွာဖြင့် “အစ်ကိုလီ၊ ကျွန်တော်တို့က ချက်ကျလက်ကျ နဲ့ လက်တွေ့ကျကျ ရှိရမယ်လေ။ ဒီအတွက် အခြေ အမြစ်တစ်ခု ရှိရမယ်။ ပြီးတော့ ကျွန်တော်တို့က စိတ်ကူးပေါက်တိုင်း ပြစ်တင်ရှုတ်ချလို့ မရဘူးဗျ။ ခင်ဗျား ‘အရှေ့အရပ်မှလျှပ်ပြက်ခြင်း’ ရဲ့ နည်းလမ်းကို ကြည့်ပြီးပြီလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုရော ခင်ဗျား ဖတ်ပြီးပြီလား။ ခင်ဗျား ဒါကို တစ်ခါမှ စုံစမ်းမေးမြန်းဖူးတာမျိုး မရှိခဲ့ဘူး။ ဒါဆို ‘အရှေ့အရပ်မှ လျှပ်ပြက်ခြင်း’ ကို လက်ခံတာက သခင့်ကို သစ္စာဖောက်နေတာလို့ ခင်ဗျား ဘယ်လိုများ ကောက်ချက် ချလိုက်နိုင်တာလဲ။ သမ္မာတရား ဘယ်ကလာလဲ ဆိုတာရော ခင်ဗျားသိရဲ့လား။ သမ္မာတရားကို ဖော်ပြ တဲ့သူ ဘယ်သူဆိုတာရော ခင်ဗျား သိလား။ သခင်ယေရှုက ‘ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) လို့ မိန့်တော်မူတယ်။ ဘုရားသခင်က သမ္မာတရား ဖြစ်တယ်။ ‘အရှေ့အရပ်မှလျှပ်ပြက်ခြင်း’ မှာ သမ္မာတရား ဘယ်လောက် ရှိနေနေ လက်မခံနိုင်ပါဘူးလို့ ခင်ဗျား ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ။ ဒီလိုလုပ်တာက သမ္မာတရားကိုရော၊ ဘုရားသခင်ကိုပါ တမင်သက်သက် ခုခံနေတာ မဟုတ်ဘူးလား။ ကျွန်တော် ဒါမျိုးလုပ်ခဲ့မယ်ဆိုရင်၊ ကျွန်တော် တို့ကို သခင့်မှာ ယုံကြည်သူတွေလို့တောင် ထည့်တွက်လို့ ရပါတော့ မလား။ ရိုးရိုးသားသားပြောရရင်၊ ဘာသာရေးလောကထဲက သင်းအုပ် ဆရာတွေ နဲ့ အကြီးအကဲတွေက နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို ပွင့်ပွင့်လင်းလင်း အာခံပြီး၊ ရှုတ်ချကြလို့၊ ကျွန်တော် အနန္တတန်ခိုးရှင် ဘုရာသခင်ကို စပြီး ယုံကြည်တဲ့ အချိန်က ကျွန်တော်မှားသွားမှာ နဲ့ လမ်းလွဲသွားမှာကို အရမ်းကြောက် ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီးဖတ်ခဲ့ပြီး၊ အဲဒါတွေအားလုံးက အမှန်တွေချည်းဆိုတာရယ်၊ အဲဒီနှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်နဲ့ အမှုတော်အဆင့်သုံးဆင့်ရဲ့ အတွင်းကျတဲ့ သမ္မာတရား၊ ဘုရားသခင် လူ့ဇာတိ ခံယူခြင်း နက်နဲမှု နဲ့ သမ္မာကျမ်းစာရဲ့ စစ်မှန်တဲ့ အတွင်းကျကျ ဇတ်ကြောင်း စတာတွေနဲ့ အဲဒီထက်ပိုများတဲ့ နက်နဲမှုတွေအများကြီးကို ထုတ်ဖော်ပြထားတယ် ဆိုတာရယ်ကို တွေ့ခဲ့ရတယ်။ သခင့်ကို ယုံကြည်ခဲ့တဲ့ ကျွန်တော့်ရဲ့ နှစ်တွေအများကြီးတစ်လျှောက်က စိတ်ရှုပ်ထွေးမှုနဲ့ အခက်အခဲတွေ အားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တစ်ဆင့် ပြေလည်သွားခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်ပိုဖတ်လေ၊ ဒီနှုတ်ကပတ်တော်တွေက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေဖြစ်တယ်၊ ဘုရားသခင်ရဲ့ အသံတော် ဖြစ်တယ်လို့ ပိုခံစားရလေပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွ လာတဲ့ သခင်ယေရှုဖြစ်ပြီးတော့ သခင်က ကျွန်တော်တို့ဆီသို့ ပေါ်ထွန်း လာခဲ့ပြီဆိုတာကို ကျွန်တော် ပြတ်ပြတ်သားသားကို ယုံကြည်တယ်။ အစ်ကိုလီနဲ့ အစ်ကိုဝမ် အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ သခင်ယေရှုတို့က ဘုရားတစ်ပါးတည်းပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းက သခင့်ကြွတော်မူခြင်းကို ကြိုဆိုခြင်းပဲ။ အဲဒါကို တွေးကြည့်ရအောင်။ သခင်ယေရှုက အလုပ်လုပ်ဖို့ ကြွတဲ့အချိန်မှာ၊ လူအများကြီးက ဗိမာန်တော်ကိုထားပြီး ကိုယ်တော့်နောက်ကို လိုက်ကြတယ်။ အဲဒီအချိန်က သူတို့ကတော့ ယေဟောဝါဘုရားသခင်ကို သစ္စာဖောက် ခဲ့တာပဲ၊ အဲဒါက ဘာသာစွန့်တာပဲ လို့ပြောပြီး အဲဒီလူတွေကို ဝေဖန်ခဲ့တဲ့ လူတွေ ဧကန်မုချ အများကြီးရှိခဲ့တယ်။ သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်း အမှုက ယေဟောဝါဘုရားသခင် ပညတ်တရားတော်ထုတ်ပြန်ခဲ့တဲ့ အမှုနဲ့ ကွဲလွဲနေပြီးတော့ ဘုရားသခင်ရဲ့ နာမတော်ကလည်း ပြောင်းလဲသွားခဲ့ တယ်ဆိုပေမယ့်သခင်ယေရှုနဲ့ ယေဟောဝါဘုရား သခင်တို့က တစ်ဘုရား တည်း အတူတူပဲဆိုတာကို အခု ကျွန်တော်တို့အားလုံး သိကြတယ်။ သခင်ယေရှုကို ယုံကြည်ခြင်းက ယေဟောဝါဘုရားသခင်ကို သစ္စာဖောက် တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သိုးသငယ်ရဲ့ ခြေလှမ်းတွေ နောက်လိုက် လျှောက်ပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိတာပဲ ဖြစ်တယ်။ အမှန်တော့ ယေဟောဝါဘုရားသခင်ကို ယုံကြည်ခဲ့ပြီး သခင်ယေရှုနောက် မလိုက်လျှောက်ခဲ့တဲ့ သူတွေသာလျှင် ဘုရားသခင်ကို အမှန်တကယ် ပစ်ပယ်ပြီး ကိုယ်တော့်ကို သစ္စာဖောက်နေတာဖြစ်တယ်။ ဒီနေ့မှာလည်း အတူတူပါပဲ။ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စီရင်ခြင်းအမှုတော်က သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုနဲ့ မတူဘဲနဲ့ ဘုရားသခင်ရဲ့ နာမတော် ပြောင်းသွားတဲ့တိုင်အောင် အနန္တတန်ခိုးရှင် ဘုရားသခင် နဲ့ သခင်ယေရှုတို့က တူညီတဲ့ တစ်ပါးတည်းသော ဘုရားသခင် ဖြစ်တယ်။ ဒါကငြင်းလို့မရတဲ့ အချက်ပဲ။ ကျေးဇူးတော် ခေတ်မှာ သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းအမှုကို ပြုခဲ့ပေမဲ့ ကိုယ်တော်က လူတွေရဲ့ အပြစ်တွေကိုသာ လွှတ်ပေးခဲ့တာဖြစ်ပြီးတော့ လူတွေရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အပြစ်ရှိတဲ့ သဘာဝ တို့ကိုတော့ အပြစ်မဖြေပေးခဲ့ဘူး။ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စီရင်ခြင်းအမှုက လူတွေရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အပြစ်ရှိတဲ့ သဘာဝတို့ကို ဖြေလွှတ်ပေးဖို့၊ လူသားတွေကို အပြည့်အဝ ကယ်တင်ဖို့၊ သူတို့ စာတန်ရဲ့စွမ်းအားကို ဖယ်ရှားစေဖို့ နဲ့ ဘုရားသခင်က သူတို့ကို ရရှိစေဖို့ စတာတွေအတွက် ဖြစ်တယ်။ ဒီအမှုတော်အဆင့်နှစ်ခုက တစ်ခုနဲ့ တစ်ခု ဖြည့်စွက်ပေး တယ်ဆိုတာ ရှင်းပါတယ်။ အဲဒါတွေက အဆင့်တိုင်းမှာ နက်ရှိုင်းလာ ပြီးတော့ အဆင့်တစ်ခုချင်းစီက နောက်တစ်ခုကို ကူးပြောင်းသွားခဲ့တယ်။ အဲဒါက အမှန်တကယ်ကို ဘုရားသခင်တစ်ပါးတည်းက ပြုခဲ့တာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော့် ယုံကြည်မှုက သခင်ယေရှုကို သစ္စာဖောက်တာ မဟုတ်ပါဘူး။ ဒါက သိုးသငယ်ရဲ့ ခြေလှမ်းတွေအတိုင်း လိုက်နေတာဖြစ်တယ်။ ကျွန်တော်တို့က သခင်ယေရှုကိုပဲ ယုံကြည် ပြီးတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နောက်လိုက်ဖို့ ငြင်းပယ်မယ် ဆိုရင်၊ ကျွန်တော်တို့တွေလည်း ယေဟောဝါ ဘုရားသခင်ကိုပဲ ယုံကြည် ပြီး သခင်ယေရှုကို ငြင်းပယ်တဲ့ ဖာရိရှဲတွေနဲ့ တူပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုလည်း ဆုံးရှုံးရတဲ့အပြင် ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေး ခြင်းကို ခံရလိမ့်မယ်။ ဒါကသာလျှင် သခင့်ကို အမှန်တကယ် ခုခံပြီး၊ သစ္စာဖောက်တာဖြစ်တယ်။ ခင်ဗျားရော ဒီလိုပဲမတွေးဘူးလာ” ဟု ပြောခဲ့ သည်။

ကျွန်တော် ဤသို့ပြောသည်ကို ကြားသည့်အချိန်တွင် လီရမ်းက အလွန်သက်တောင့်သက်သာ မရှိပုံရပြီးလျှင် ဝမ်ဂျွန်ကလည်း “အကြီးအကဲ ဇန်၊ သင်းအုပ်ဆရာလီက အစ်ကိုဘဝအတွက် တာဝန် အသိစိတ်ရဖို့ အကြံပေးနေတာပဲ။ အစ်ကို လမ်းမှားရောက်မှာ ကြောက်လို့ ပါ။ အစ်ကိုက သခင့်ကို ယုံကြည်ခဲ့တာ နှစ်ပေါင်းများစွာရှိခဲ့ပြီး၊ အစ်ကိုတို့ သခင့်ကို အတူအစေခံခဲ့ကြတာပါ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဒီလို အတက်အကျ တွေကို ကျော်ဖြတ်ဖို့ဆိုတာ မလွယ်ခဲ့ပါဘူး။ အစ်ကိုက ကျွန်တော်တို့ အသင်းတော်မှာဆိုရင် အကြီးအကဲတစ်ယောက်ဖြစ်ပြီး အသင်းတော် အမှုတော်အတွက်လည်း အများကြီး အစ်ကို ပေးဆပ်ခဲ့တယ်လေ။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ အားလုံးကလည်း အစ်ကို့ကို လေးစားပြီး ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အစ်ကို အသင်းတော်ကို စွန့်ခွာပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာက သူတို့အတွက် အရမ်းကို စိတ်ပျက်စရာကောင်းပါတယ်။ အကြီးအကဲ ဇန်ရေ၊ အမြန်ပြန် လာခဲ့ပါတော့” ဟု ပြောကာ အခြေအနေကို သက်သာစေရန် ကြိုးစား ခဲ့သည်။

လီရမ်းက ဉီးဆောင်ပြီး ကျွန်တော့်ကို ချော့မော့မြှောက်ပင့်နားချရန် ကြိုးစားကာ “အစ်ကိုဝမ် ပြောတာမှန်တယ်။ ခင်ဗျား ဒီနှစ်တွေအားလုံးမှာ အရမ်းအလုပ်ကြိုးစားခဲ့တယ်။ ခင်ဗျား အသင်းတော်မှာ ရအောင် ကြိုးစား ခဲ့တဲ့ ဂုဏ်နဲ့ အဆင့်အတန်းတွေကို ဘယ်လိုလုပ်ပြီး အရမ်းကို မထီမဲ့မြင် လွှင့်ပစ်လိုက်နိုင်တာလဲဗျာ။ ဝမ်းနည်းစရာပဲ။ အခုပဲပြန်လှည့်လိုက်ပါ။ လူတိုင်းက ခင်ဗျားကို ပြန်လာဖို့ စောင့်နေကြတယ်။ ကျွန်တော်တို့ အသင်းတော်က အငြိမ်းစားအိမ်ယာ တည်ထောင်ခဲ့ပြီ၊ နိုင်ငံရပ်ခြားက အသင်းတော်တွေနဲ့လည်း ကျွန်တော်တို့ အဆက်အသွယ်တွေ လုပ်ခဲ့ ပြီးတော့ သူတို့က ကျွန်တော်တို့ကို ငွေကြေးအထောက်အပံ့တွေ ပေးနေပြီ။ ခင်ဗျားသာ ပြန်လာမယ်ဆိုရင်၊ ကျွန်တော်တို့ ခင်ဗျားအတွက် ကားတစ်စီးချက်ခြင်း ထောက်ပံ့မယ်။ ခင်ဗျားက အငြိမ်းစားအိမ်ယာကို စီမံခန့်ခွဲချင်ရင် ဒါမှမဟုတ် အသင်းတော်ကို စီမံခန့်ခွဲချင်ရင် ဒါမှမဟုတ် အသင်းတော် ဘဏ္ဍာရေးကို ဆက်ပြီး ထိန်းသိမ်းချင်ရင် အဲဒါတွေ အားလုံးက ခင်ဗျားသဘောပဲ။ ခင်ဗျားလုပ်ချင်တဲ့ အရာမှန်သမျှ အဆင်ပြေစေရမယ်” ဟု ပြောခဲ့သည်။ သူတို့ပြောစကားများကို နားထောင်လေ၊ တစ်စုံတစ်ခုမှားနေပြီဟု ကျွန်တော် ခံစားခဲ့ရလေ ဖြစ်သည်။ ၎င်းတို့ ပြောနေသည့်စကားများသည် သခင်၌ ယုံကြည်သူများ ပြောမည့် စကားများနှင့် လုံးဝမတူပေ။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်း တင်ထားသည့် သခင်ယေရှုကို နတ်ဆိုး၏ စုံစမ်းနှောင့်ယှက်ခြင်းက စိတ်ထဲသို့ ရောက်လာခဲ့သည်။ “တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တော်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ စည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။” (ရှင်မဿဲခရစ်ဝင် ၄:၈-၉) ၎င်းတို့ပြောသမျှ အရာအားလုံးသည် စာတန်ပြောဆိုခဲ့သည့် အရာများနှင့် ခံစားချက်၊ လေသံ တစ်ထေရာတည်း အတိအကျ တူနေသည်မဟုတ်ပါလား။ ဤသည်မှာ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်ခဲ့သည် မဟုတ်ပါလား။ ကျွန်တော့်ကို ထင်ပေါ်ကျော်ကြားမှု၊ အဆင့်အတန်း နဲ့ ကြွယ်ဝမှုများဖြင့် သွေးဆောင်ဖြားယောင်းရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ ကျွန်တော်က စစ်မှန်သည့် လမ်းခရီးကို ကျောခိုင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သစ္စာဖောက်ရန်ပင်ဖြစ်သည်။ ဤသည်မှာ စာတန်၏ လှည့်စားမှု ဖြစ်သည်။ ကျွန်တော်သည် ဘုရားသခင်၌ ဆယ်နှစ်ကျော် ယုံကြည်ခဲ့ပြီး၊ သခင်ပြန်ကြွလာခြင်းကို နောက်ဆုံးတွင် ကြိုဆိုခဲ့သည်။ ကျွန်တော်သည် ယခုအချိန်တွင် စာတန်၏ လှည့်စားမှု အောက်သို့ မကျရောက်နိုင်ပါ၊ သို့မဟုတ်ပါက ကျွန်တော့် တစ်သက်လုံး နောင်တရနေရမည်သာ ဖြစ် သည်။ ကျွန်တော့်အနေဖြင့် သူတို့၏ ဉာဏ်နီဉာဏ်နက်များသည့် အကြံအစည်ကို သတိပြုမိစေရန် ဘုရားသခင်က ကျွန်တော့်ကို ဦးဆောင်ပြီး လမ်းပြနေခဲ့ခြင်းဖြစ်သည်ကို ကျွန်တော် သဘောပေါက် လိုက်သည်။ ဤအရာကိုတွေးရင် ကျွန်တော်က “သခင့်ကို ဒီနှစ်တွေမှာ ကျွန်တော် ယုံကြည်ခဲ့တာက ကိုယ်တော်ပြန်ကြွလာတာကို စောင့်ဆိုင်းဖို့ မဟုတ်ဘူးလား။ အခုလို ကိုယ်တော်ပြန်ကြွလာပြီဆိုတော့ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုက ဘုရားသခင်နဲ့ သွားဖို့ပဲ။ ကျွန်တော့်ကို ထပ်ပြီး ဖျောင်းဖျဖို့ မကြိုးစားကြနဲ့တော့။ ကျွန်တော် ဘာသာရေးဘက်ကို ထပ်ပြီး ပြန်လာမှာမဟုတ်ဘူး” ဟု လေးနက်စွာဆိုခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျွန်တော့်သမီးဖြစ်သူက ကျွန်တော့်ကို “အဖေ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို နားထောင်ပါ။ အမေက လတ်တလော ကပဲ ဆုံးပါးသွားတယ်၊ ကျွန်မတို့ တော်တော့်ကို ဒုက္ခတွေခံစားခဲ့ ပြီးပါပြီ။ အဖေသာ ‘အရှေ့အရပ်မှလျှပ်ပြက်ခြင်း’ ကို ဆက်ပြီး ယုံကြည်နေမယ် ဆိုရင်၊ ကျွန်မတို့က အနာဂတ်မှာ ကျွန်မတို့အသင်းတော်က ညီအစ်ကို မောင်နှမတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။ ကျွန်မတို့ ညီအစ်ကို မောင်နှမတွေက ကျွန်မတို့ကို စွန့်ပစ်သွားမှာပေါ့” မျက်ရည်များဖြင့် ပြောခဲ့သည်။ ကျွန်တော့် သားသမီးများကို မျက်ရည်အပြည့်ဖြင့် မြင်ရ သည်မှာ ကျွန်တော့်နှလုံးသားတွင် နာကျင်မှုနှင့် ဒုက္ခဆင်းရဲများစွာတို့ကို ခံစားခဲ့ရပါသည်။ သူတို့မိခင်ကို လတ်တလောဆုံးရှုံးခဲ့ရသောကြောင့် မည်မျှ ဝမ်းနည်းနေကြောင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၌ ကျွန်တော့် ၏ ယုံကြည်မှုကြောင့် သူတို့ မည်သို့လှောင်ပြောင်ခံရကာ၊ စွန့်ပစ်ခံရမည့် အကြောင်းတို့ကို တွေးမိခဲ့သည်။ သူတို့ကို ဒုက္ခဆင်းရဲ တွေ့ကြုံခံစားစေဖို့ ခွင့်ပြုရက်သည့် နှလုံးသား ကျွန်တော့်မှာ တကယ် မရှိခဲ့ပါ။ ကျွန်တော့် နှလုံးသားထဲ၌ ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို တွေ့ကြုံခံစားခဲ့ရသည်။ ကျွန်တော် ဘာသာရေးကို ပြန်သွားဖို့ ကတိပေးပါက၊ ကျွန်တော့် မိသားစု သည် သဟဇာတမျှတစွာ နေထိုင်နိုင်မည်။ ကျွန်တော်က လူသားမျိုးနွယ် ကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြသည့် ဘုရားသခင်၏ နောက်ဆုံး လူ့ဇာတိခံယူခြင်းကို မလိုက်နာခဲ့ပါက၊ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်ပြီးလျှင်၊ အဆုံးသတ်ရလဒ်မှာ ကယ်တင်ခြင်းရရှိရန် ကျွန်တော့်အခွင့်ကို ဆုံးရှုံးမည်သာဖြစ်ပါသည်။ ကျွန်တော်သည် အဘယ်သို့ ရွေးချယ်ရမည်ကို ဘေးကျပ်နံကျပ် ဖြစ်နေခဲ့သည်။ ဤနာကျင်မှုထဲတွင် ကျွန်တော်လုပ်နိုင်သမျှ အရာအားလုံး မှာ ဘုရားသခင်ထံသို့ “အို ဘုရားသခင်၊ ကျွန်တော်က အခက်အခဲ ကြုံနေ ရပြီးတော့ ကျွန်တော့်နှလုံးသားကလည်း အားနည်းနေပါတယ်။ ကျွန်တော် သူတို့ရဲ့ အနှောင့်အယှက်တွေ ကနေကင်းဝေးပြီး၊ ကိုယ်တော့် ကို စိတ်ပိုင်းဖြတ်မှု နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတို့နဲ့ လိုက်လျှောက်နိုင်ဖို့ ကျွန်တော့်ကို ယုံကြည်မှုနဲ့ ခွန်အားတို့ ပေးဖို့ တောင်းလျှောက်ပါတယ်” ဟုသာ တိတ်တဆိတ် ငိုကြွေးရန် ဖြစ်ပါသည်။ ဆုတောင်းပြီးနောက်တွင် ကျွန်တော် အစောပိုင်းရက်အနည်းငယ်က ဖတ်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို တွေးမိခဲ့သည်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။...စာတန်၏ အမျိုးမျိုးသော အကျည်းတန်သည့် မျက်နှာပေါက်တို့ကို သင်တို့ရှေ့တွင် ချပြထား၏။ သင်တို့သည် ရပ်တန့်ကာ နောက်သို့ ပြန်ရွေ့သွားကြသလော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အားထားရင်း မတ်တပ်ရပ်ပြီး ရှေ့ဆက်သွားကြသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးပြီး အကျည်းတန်သော မျက်နှာပေါက်များကို စေ့စေ့စပ်စပ် ဖော်ထုတ်လော့၊ ၎င်း စိတ်မချမ်းသာဖြစ်မည်ကို လုံးဝ မစိုးရိမ်လေနှင့်၊ ပြီးလျှင် သက်ညှာခြင်းမရှိလေနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇)) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်ကို ခွန်အားပေးပြီး၊ ခွဲခြား သိမြင်နိုင်စွမ်းရှိရန် ကျွန်တော်သင်ယူရမည် ဖြစ်ကြောင်းကို သတိပေးနေပါသည်။ ယနေ့ ကျွန်တော် ကြုံတွေ့ခဲ့ ရသည့်အရာမှာ စာတန်၏ လှည့်စားမှုနှင့် လိမ်ညာမှုတို့ဖြင့် ပြည့်နေပါ သည်။ ၎င်းတို့က ကျွန်တော့်ကို သွေးဆောင်ဖြားယောင်းကာ၊ စိတ် ခံစားချက်များ၊ အဆင့်အတန်းများ၊ ငွေကြေးများဖြင့် ဟန့်တားထား ကာ၊ ဘုရားသခင်ကို သစ္စာဖောက်စေမည့် ပန်းတိုင်တစ်ခုဖြင့် ကျွန်တော့် နှလုံးသားကို နှောင့်ယှက်နေပါသည်။ ကျွန်တော်သည် စာတန်၏ ထောင်ချောက်အတွင်းသို့ လုံးဝကျဆင်းနိုင်ခြင်း မရှိတော့သကဲ့သို့၊ ၎င်း၏ လှည့်စားမှုများတွင်လည်း သားကောင်အဖြစ် မကျရောက်နိုင်ပါ။ ထို့ကြောင့် ကျွန်တော့်သားသမီးများကို “ရှိအောင်ယန် နဲ့ ဒေရောင်း အဖေ သေချာကြည့်ပြီးတော့ ရှင်းလင်း ပြတ်သားမှုလည်း ရခဲ့ပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ ဘုရားသခင်ဖြစ်ပြီးတော့၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေက သမ္မာတရားဖြစ် တဲ့အပြင် လမ်းခရီး အစစ်အမှန်လည်း ဖြစ်တယ်။ အဖေတို့က နှစ်ပေါင်း များစွာ ကြာအောင် သခင်ပြန်ကြွလာဖို့အတွက် တောင့်တခဲ့ကြတယ်။ ပြီးတော့ ဒီနေ့မှာ အဖေတို့တွေ ဘုရားသခင်ရဲ့ ခြေလှမ်းတွေနဲ့ စစ်မှန်တဲ့ လမ်းခရီးကို ရှာဖွေတွေ့ရှိခဲ့ပြီ။ ဒါကအရာအားလုံးထက် အဖိုးထိုက်တန် ပါတယ်ကွယ်။ အဖေတို့ကို သူများတွေက စွန့်ခွာသွားမှာကို ကြောက်နေ တာနဲ့ စစ်မှန်တဲ့ လမ်းခရီးကို စွန့်လွှတ်လို့မရဘူးလေ။ သူတို့က အဖေတို့ကို စွန့်ခွာသွားရင်၊ သူတို့က အဖေတို့ကို မလိုချင်ကြတော့ ဘူးဆိုရင်၊ အဲဒါက ဘာမှကို ကြောက်စရာမရှိတာပါ။ လူတွေဆိုတာ တခြားလူတွေက သူတို့ကို ကျောခိုင်းသွားလည်း အမြဲတမ်းဆက်ပြီးတော့ အသက်ရှင်နေထိုင်နိုင်တယ်။ ဒါပေမဲ့ အဖေတို့က ဘုရားသခင်ကို ယုံကြည် ပြီးတော့ စစ်မှန်တဲ့ လမ်းခရီးကို ရှာဖွေခြင်း ဒါမှမဟုတ် စုံစမ်းစစ်ဆေးခြင်း လည်းမရှိဘူးဆိုရင်တော့ ဘုရားသခင်ရဲ့ ချီဆောင်ခြင်းခံရခွင့်ကို ဆုံးရှုံးပြီး၊ မောင်းထုတ်ခံရတတ်တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ အမှုတော်ရဲ့ ဖယ်ရှားခြင်းကို ခံရပြီး၊ အဖေတို့တွေလည်း ပျက်စီးကြရမှာ ဖြစ်တယ်။ အဖေတို့က ဘေးဒုက္ခတွေထဲကို တကယ် ကျရောက်ပြီး၊ အပြစ်ဒဏ်ပေးခြင်းကို ခံရမယ်။ အဲဒါဆိုရင် အဖေတို့ ဘဝတွေက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ ရှိအောင်ယန် နဲ့ ဒေရောင်း မင်းတို့ နားမလည် ပါဘူး။ မင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို အလေး အနက်ထားပြီးသာ စုံစမ်းစစ်ဆေးမယ်ဆိုရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာကို မင်းတို့ တွေ့ရလိမ့်မယ်” ဟု ပြောခဲ့ပါ သည်။ လီရမ်း နှင့် ဝမ်ဂျွန်တို့က ကျွန်တော့် ကို ထိုသို့စိတ်ပိုင်းဖြတ်ထားသည့် စိတ်နေသဘောထားမျိုးဖြင့် တွေ့မြင် ရကာ၊ ၎င်းတို့ ထွက်သွားရုံသာ တတ်နိုင်ခဲ့ပါသည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် လီရမ်း နှင့် ဝမ်ဂျွန်တို့သည် ကျွန်တော့် နေအိမ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။ ဤတစ်ကြိမ် တွင် ၎င်းတို့က ကျွန်တော့်ကို အသင်းတော်ကို ပြန်လာရန် မတိုက်တွန်း ခဲ့သော်လည်း၊ ထိုသို့တိုက်တွန်းမည့်အစား ၎င်းတို့က ကျွန်တော့်ကို သွေးဆောင်ဖို့ အိမ်ထောင်ရေးကို အသုံးချခဲ့သည်။ လီရမ်းက “အစ်ကို ဇန်ရေ၊ အစ်ကို့မိန်းမ ဆုံးပါးသွားပြီ၊ အစ်ကို့သမီးကလည်း အိမ်ထောင်ပြု သွားပြီးတော့ အစ်ကို့သားကလည်း အိမ်မှာရှိတာ မဟုတ်ဘူး။ အစ်ကို တစ်ယောက်တည်း ဖြစ်နေတယ်။ အစ်ကို့အတွက် ထမင်းဟင်း ချက်ပြုတ်ပေးဖို့ ဒီမှာတစ်ယောက်ယောက် ရှိသင့်တယ်။ ကျွန်တော်တို့ အသင်းတော်က အစ်မဝမ်ကလည်း အခုဆိုရင် အိမ်ထောင်မရှိဘူးလေ။ ပြီးတော့ သူက အတန်အသင့်ချမ်းသာတယ်။ ကျွန်တော်တို့ အသင်းတော် က အစ်ကိုတို့ကို တွဲမိအောင် ကူညီပေးနိုင်တယ်၊ ပြီးတော့ အစ်ကိုတို့ နှစ်ယောက်လည်း သခင့်ကို အတူအစေခံနိုင်တာပေါ့။ ဘယ်လို သဘောရလဲ။ အစ်ကို ဒါကို နဲနဲထပ်ပြီး စဉ်းစားသင့်တယ်။ အသင်းတော် က ညီအစ်ကိုမောင်နှမတွေက အစ်ကို့အတွက် ဆုတောင်းပေးနေ ကြတယ်။ အစ်ကိုမကြာခင် ပြန်လာဖို့ကိုလည်း မျှော်လင့်နေကြတယ်။ အစ်ကို့အနေနဲ့ အဲဒီအမှောင်ထဲသွားနေတဲ့ လမ်းကို မလိုက်သင့်ဘူး” ဟု ပြောသည်။ အစ်မဝမ်က ထိုညနေတွင် ကျွန်တော့်ကို ဖုန်းခေါ်ဆိုပြီး၊ ထိုဖုန်းပြောချိန်အတွင်း သူမက ကျွန်တော့်ကို အသင်းတော်သို့ ပြန်လာရန် အဆက်မပြတ် တိုက်တွန်းခဲ့သည်။ ကျွန်တော့်သား အိမ်ထောင်ရေး အတွက် ကျွန်တော် ငွေလိုအပ်နေခဲ့ပါကလည်း ယွမ် ၁သိန်း သို့မဟုတ် ၂ သိန်းကို ကျွန်တော့်အနေဖြင့် စကားတစ်ခွန်း ဟရုံသာ လိုအပ်ကြောင်း...စသည်တို့ကိုလည်း သူမက ဆိုခဲ့ပါသည်။ သူမဤသို့ပြောသည်ကို ကြားရင်းဖြင့် ကျွန်တော့် ရင်များခုန်လာသည်ကို ခံစားရသည်။ “ဟာ။ သူက တကယ်ကို တစ်မိသားစုတည်းလိုပဲ သဘောထားပြီး ပြောနေတာ ပါလား” အစ်မဝမ်သည် ကျွန်တော့် မိသားစုကို အမြဲတစေ ကောင်းခဲ့ပြီး၊ ကျွန်တော့် သမီးကို မကြာခဏ စောင့်ရှောက်ခဲ့သည်ကို တွေးရင်းဖြင့် ကျွန်တော်သည် သူမ၏ ကျေးဇူးတရားကို အတောမသတ်နိုင်အောင် ခံစားခဲ့ရပါသည်။ ထို့နောက် ချက်ခြင်းပင် ကျွန်တော်သည် ပဋိပက္ခများ ခံစားခဲ့ရသည်။ အစ်မဝမ်သည် သူမ၏ ကြင်နာသောနှလုံးသားဖြင့် အကြံပေးရန် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိပြီးလျှင်၊ သူမကို နာကျင်စေမည့် တစ်စုံတစ်ရာကိုလည်း ကျွန်တော် ပြောလိုခဲ့ခြင်း မရှိပါ။ ထို့ကြောင့် ကျွန်တော့်မှာ လေးလံသည့်နှလုံးသားဖြင့် “အစ်မဝမ်ရေ၊ အစ်မ ကျွန်တော့် မိသားစုကို အမြဲစောင့်ရှောက်ခဲ့တာကို ကျွန်တော် သိလည်းသိတယ်၊ အဲဒီအတွက် အစ်မကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောခဲ့ပါသည်။ ကျွန်တော်တို့ ဖုန်းပြောခြင်းအပြီးတွင် ကျွန်တော့် နှလုံးသားထဲတွင် တိုက်ပွဲတစ်ခကို ခံစားခဲ့ရသည်။ ကျွန်တော် အစ်မဝမ်ကို အမြဲတမ်း လေးစားခဲ့သော်လည်း ယနေ့ ကျွန်တော်သည် သူမ ခံစားချက်ကို ထိခိုက်ခဲ့ကာ၊ ကျွန်တော်လည်း ထိုအတွက် အလွန် ဆိုးရွားစွာ ခံစားခဲ့ရသည်။ သို့သော်လည်း သူမ၏ စကားများအားဖြင့် သွေးဆောင်ဖြားယောင်းခံရခြင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို သစ္စာ ဖောက်ခြင်း မရှိရလေအောင် ကယ်တင်ခဲ့သည်မှာ ဘုရားသခင်၏ ကွယ်ကာမှုပင် ဖြစ်ပါသည်။

တစ်နေ့တွင် ကျွန်တော်သည် လယ်ကွင်းထဲတွင် အလုပ်လုပ်နေစဉ် သင်းအုပ်ဆရာလီက ကျွန်တော့်ကို တွေ့သွားပြီး “အစ်ကိုဇန်၊ အစ်ကို့ အတွက် မတွေးရင်တောင် အစ်ကို့သားသမီးတွေ အတွက်တော့ တွေးသင့် တယ်။ ဒေရောင်းက အခုပဲ စေ့စပ်ခဲ့ပြီး သူ့ဇနီးလောင်းရဲ့ မိသားစု တစ်စုလုံး ကလည်း သခင့်ကို ယုံကြည်ကြတယ်။ သူတို့ကသာ အစ်ကို အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တာ သိသွားခဲ့ရင်၊ သူ့ကို အစ်ကို့ရဲ့ မိသားစုထဲဝင်ဖို့ လက်ထပ်ခွင့်ပေးပါ့မလား။ အဲဒါဆိုရင် ဒေရောင်း အိမ်ထောင်ရေး အစီအစဉ်တွေ ပျက်စီးရာပျက်စီးကြောင်း မဖြစ်ဘူးလား။ အစ်ကို အဲဒါကို ထပ်တွေးသင့်တယ်” ဟု ပြောခဲ့သည်။ သင်းအုပ်ဆရာလီ ပြောသည့်စကားများကို ကျွန်တော်ကြား ပြီးနောက် ကျွန်တော်သည် မိမိဘာသာ “သူတို့တွေဟာ ငါအသင်းတော်ကို ပြန်လာ အောင်လို့ ငါ့ကို ခြိမ်းခြောက်ဖို့အတွက် ငါ့သား အိမ်ထောင်ရေး ကိုတောင် အသုံးချနေကြတယ်။ ငါ့ဘာသာ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံတာက ငါ့ကလေးအိမ်ထောင်ရေးနဲ့ ဘာဆိုင်လို့လဲ။ ဘာတွေထပ်ဖြစ်ဦးမှာလဲ။ ငါ့သားနဲ့ သူ့ဇနီးလောင်းတို့က အရမ်း မေတ္တာ သက်ဝင်နေကြတယ်။ ငါက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ နဲ့ သူတို့တွေက ဘာဖြစ်လို့ လက်မထပ်ရမှာလဲ” ဟု တွေးခဲ့သည်။ ထို့ကြောင့် ကျွန်တော်က အလွန်အေးဆေးစွာဖြင့် သူ့အား “ကျွန်တော့် သား လက်ထပ်တာ လက်မထပ်တာက အားလုံး ဘုရားသခင် လက်ထဲမှာပဲ ရှိပါတယ်။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော်ရဲ့ ယုံကြည်မှုနဲ့ ဘာမှမဆိုင်ပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင် က ပြန်ကြွလာပြီးဖြစ်တဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်တော် စိတ်ပိုင်း ဖြတ်လိုက်ပြီးကတည်းက၊ ကျွန်တော် ကိုယ်တော်ကို အဆုံးသတ်အထိ လိုက်လျှောက်မှာပဲ။ ကျွန်တော့် သားသမီးတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး မရှင်းမလင်းဖြစ်နေဆဲပဲ၊ ပြီးတော့ ကျွန်တော့်ကိုလည်း နဲနဲအထင်လွဲ နေတာတွေ ရှိပေမဲ့ တစ်နေ့မှာ သူတို့ ကျွန်တော့်ကို နားလည်လာမှာပါ” ဟု ပြောခဲ့သည်။

တစ်နေ့တွင် ကျွန်တော့်သား၏ လျှပ်စစ်ဂဟေဆော်ရုံသို့ သွား ရောက်ခဲ့ပြီး၊ ကျွန်တော့်သား တစ်နေ့လုံး အိပ်ရာပေါ်တွင်လှဲကာ အလုပ် မလုပ်ပဲနေသည်ကို တွေ့ခဲ့သောကြောင့် ကျွန်တော် ပဟေဠိဖြစ်ကာ၊ သူ့အား အကျိုးအကြောင်းမေးမြန်းခဲ့သည်။ သူက စိတ်ဓါတ်ကျနေပုံရပြီး အသံတိုးတိုး ဖြင့် “အဖေ၊ သားဇနီးလောင်းက ဖုန်းခေါ်ပြီးတော့ အဖေသာ ‘အရှေ့အရပ်မှလျှပ်ပြက်ခြင်း’ ကို ယုံကြည်ဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဆိုရင် သူကလည်းသားကို လက်မထပ်နိုင်ဘူးတဲ့” ဟု ပြောခဲ့သည်။ ဤသို့ကြားရသည်မှာ ကျွန်တော် အလွန်ပင် တုန်လှုပ်ခဲ့ကာ၊ ဒေါသလည်း ထွက်ခဲ့ပြီး “လီရမ်းနဲ့ တခြားလူတွေက ငါအနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တာကို မုန်းတီးကြပြီးတော့ ငါ့ကို တစ်ယောက်တည်း တိုက်ခိုက် ရင်တော်ပြီပေါ့။ သူတို့တွေ ငါ့ကို ခြိမ်းခြောက်ဖို့ ငါ့သားအိမ်ထောင်ရေးလို အရေးကြီးတဲ့အရာတစ်ခုကို ဘယ်လိုများ အသုံးချနိုင်ကြပါလိမ့်” ဟု တွေးခဲ့ပါသည်။ ကျွန်တော့်သား အလွန်စိတ်ပျက်မှုကို တွေ့မြင်ကာ၊ ကျွန်တော် အလွန်ဆိုးရွားစွာခံစားခဲ့ရသည်။ ကျွန်တော့် မျက်လုံးများတွင် မျက်ရည်များ အိုင်လာခဲ့သည်။ ကျွန်တော့်သားက ဆက်ပြီး “သူက ပြောတယ်၊ အဖေကလည်း အသင်းတော်ကို ပြန်မလာဘူး၊ သားကလည်း လက်ထပ်ချင်သေးတယ်ဆိုရင်၊ သူ့ကို ကတိသုံးခု ကျွန်တော်ပေးရမယ်တဲ့။ ပထမဆုံးက ကျွန်တော်တို့ သားအဖ ဆက်ဆံရေးကို ရပ်စဲရမယ်။ ဒုတိယက အဖေအသက်ကြီးရင် မစောင့်ရှောက်ရဘူး။ တတိယကတော့ အဖေနဲ့ မိသားစု ဆက်နွယ်မှုတွေအားလုံး ဖြတ်ပစ်ရမယ်တဲ့။ အဖေရယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ မိသားစုအတွက် အသင်းတော်ကိုသာ ပြန်ပါ” ဟု ပြောခဲ့သည်။ ကျွန်တော့်သား၏ စကားများသည် ကျွန်တော့် နှလုံးသားထဲသို့ ဓါးတစ်စင်းကဲ့သို့ ထိုးဖောက်သွားခဲ့သည်။ ကျွန်တော်က မိမိဘာသာ “ငါ့ စစ်မှန်တဲ့ လမ်းခရီးကို ယုံကြည်တာနဲ့၊ သူတို့က ငါ့သားကို ငါနဲ့ ဆက်သွယ်မှု ဖြတ်ဖို့ အတင်းအကျပ်လုပ်ကြတယ်။ စစ်မှန်တဲ့ လမ်းခရီးကို ယုံကြည်ဖို့ ဘာဖြစ်လို့ ဒီလောက်တောင် ခက်ခဲရတာလဲ” ဟု တွေးခဲ့သည်။ ကျွန်တော်ငို နေသည်ကို ရပ်လိုက်ပြီး ကျွန်တော့်သားကို “သား၊ အဖေကတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်မှရမယ်။ ပြီးတော့ မင်းဇနီးလောင်းရဲ့ တောင်းဆိုမှုတွေကို ငါသဘောတူပါတယ်။ အခုအချိန်ကစပြီး အဖေမင်းကို ဒီထဲရောမထည့်တော့ပါဘူး။ အတူတူ ပျော်စရာကောင်းတဲ့ ဘဝမှာနေကြပါကွာ” ဟု ပြောခဲ့သည်။ ထို့နောက် တွင် ကျွန်တော် ပြန်လှည့်ပြီး ဆိုင်တွင်းမှ ထွက်လာခဲ့ သော်လည်း လမ်းတစ်လျှောက် လျှောက်လာရင်းဖြင့် ကျွန်တော့် မျက်ရည်များ ကိုလည်း ဆက်ပြီး မထိန်းနိုင်တော့ပါ။ အိမ်ပြန်ရောက်သည်နှင့် ကျွန်တော် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ကျယ်လောင်စွာငိုကြွေးခဲ့ပါသည်။ “အို အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်တော် တော်တော်ကို နာကျင်ခံစား နေရပါတယ်။ အို ဘုရားသခင်၊ ဒါဟာ စစ်မှန်တဲ့ လမ်းခရီးမှန်း၊ ကိုယ်တော် ကြွလာခဲ့ပြီမှန်း ကျွန်တော်သိပြီးတော့ ကျွန်တော် ကိုယ်တော့်နောက်ကို မလိုက်ပဲ မနေနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ကိုယ်တော့် နောက်ဆုံး ကာလက အမှုတော်ကို လက်ခံခဲ့ပြီး ကတည်းက လူတွေက ကျွန်တော့်ကို အမြဲတမ်း ဒုက္ခပေးနှောင့်ယှက်နေခဲ့ကြတယ်။ ပြီးတော့ အခုဆိုရင် ကျွန်တော်သားတောင်မှ ကျွန်တော်တို့ သားအဖပေါင်းသင်းဆက်ဆံရေး ကို ရပ်ဆိုင်းလိုပြီ။ အိုဘုရားသခင်၊ ကျွန်တော် ဝိညာဉ်အသက်တာက နုငယ်လွန်းပါတယ်၊ ပြီးတော့ ဒါကိုလည်း ကျွန်တော့်ဘာသာ မကျော်ဖြတ် နိုင်ပါဘူး။ ကျွန်တော် ပြတ်ပြတ်သားသား ရပ်တည်နိုင် စေဖို့...ကျွန်တော့်ကို လမ်းပြပြီး၊ ယုံကြည်မှုပေးဖို့ ကိုယ်တော့်ကို တောင်း လျှောက်ပါတယ်” ကျွန်တော်ဆုတောင်းခဲ့ပြီးနောက်တွင် ကျွန်တော် ဓမ္မသီချင်း စာအုပ်ကို ဖွင့်လိုက်ပြီး ဤဘုရားသခင် နှုတ်ကပတ်တော်များ ဓမ္မသီချင်းကို ဖတ်ခဲ့ပါသည်။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “စုံလင်သောသူ ဘယ်လိုဖြစ်နိုင်မည်နည်”) ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရင်းဖြင့်၊ ဘုရားသခင်က ကျွန်တော့်ကို နှစ်သိမ့်ခြင်းနှင့် အားပေးခြင်း၊ ယုံကြည်မှု ပေးခြင်း နှင့် ကိုယ်တော်၏ အလိုတော်ကို နားလည်ခွင့်ပေးခြင်း၊ ကျွန်တော် ကိုယ်တော့်ကို မှီခိုရန် ဘုရားသခင်က မျှော်လင့်ခြင်း၊ ကိုယ်တော်၌ ယုံကြည်ခြင်းကို ထိန်းသိမ်းရန် အပြင်၊ မည်သို့သော ဘေးဖြစ်စေသည့် ပတ်ဝန်းကျင် သို့မဟုတ် စမ်းသပ်မှု ကျွန်တော့်အပေါ်သို့ ကျရောက်လာပါလေ့စေ ကိုယ်တော့်ကို သစ္စာမဖောက်ရန် စသည်တို့ကို ခံစားခဲ့ရပါသည်။ ကျွန်တော့်အသင်းတော်ဟောင်းမှ လုပ်ဖော်ကိုင်ဖက် များသည် ကျွန်တော့်ကို ထပ်ကာတလဲလဲ လာရောက်ကာ အမြဲတမ်း ဒုက္ခပေး နှောင့်ယှက်ကာ၊ ပို၍ပို၍ ဖိအားပေးသော်လည်း ကျွန်ုပ် နာကျင်စွာခံစားရသည့်အချိန်တိုင်း၊ ကျွန်မဘုရားသခင်ကို ဆုတောင်းခဲ့ပြီး၊ ရိုးသာစွာ ဘုရားသခင်ကို မှီခိုနေသရွေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို အမြဲဉာဏ်အလင်းပေးပြီး လမ်းပြခဲ့သလို ၎င်းတို့သည် ကျွန်တော့်ကို ခွန်အားပေးကာ၊ ကျွန်တော် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ပြခဲ့သည်။ ဘုရားသခင်သည် ကျွန်တော့်ဘေးတွင် အမြဲတမ်းရှိနေသောကြောင့် ကျွန်တော်သည် အမှန်မှာမူ အထီးတည်းမဟုတ်ပါ။ ထိုအခိုက်အတန့်တွင် ကျွန်တော့် နှလုံးသားထဲသို့ ခွန်အားပြန်ပြည့်လာခဲ့ပြီး၊ ကျွန်တော်သည် နာကျင်မှုကို ကြံ့ကြံ့ခံကာ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကျွန်တော် တန်ဖိုး အထားဆုံး အရာများဖြင့် လမ်းခွဲရန် လိုလား လာခဲ့ပါသည်။

နောက်တစ်နေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်မ ဂါအို နှင့် အစ်မ ဇာအို တို့သည် ကျွန်တော့်အိမ်သို့ ရောက်ရှိလာပြီး၊ ကျွန်တော်က လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ခဲ့သည့် အရာများ ကို သူတို့ကို ပြောပြခဲ့သည်။ “အစ်ကို၊ ဖြစ်လာတဲ့အရာတွေနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ” ဟု အစ်မ ဂါအို ကမေးခဲ့သည်။ ကျွန်တော် ခဏတာ တွေးတောခဲ့ပြီး “ပထမတော့ သင်းအုပ် ဆရာလီနဲ့ တခြား လူတွေက ကျွန်တော့်အကောင်းဆုံးအကျိုးအတွက် လုပ်နေကြသလိုပဲ၊ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးကာလက အမှုတော် တွေကို မစုံစမ်းရသေးတော့ သူတို့ နားလည်းမလည်ဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော့်သားအိမ်ထောင်ရေးလောက် အရေးကြီးတဲ့ အရာတစ်ခုနဲ့ ကျွန်တော့်ကို ခြိမ်းခြောက်မယ်လို့တော့ တစ်ခါမျှ မတွေးခဲ့ဖူးဘူး။ ဒါက ကျွန်တော် နားလည်ဖို့ တော်တော်ကို ခက်ခဲပါတယ်” ဟုပြောခဲ့သည်။ ထို့နောက် အစ်မ ဇာအို က “အစ်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်လောက် ကျွန်မတို့ ဖတ်ကြရအောင်” ဟု ပြောသည်။ “အနန္တတန်ခိုးရှင်ဘုရားသခင်က- ‘လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။…လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဟု မိန့်တော်မူသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဝိညာဉ်ရေးရာ လောကထဲက တိုက်ပွဲတစ်ခုနှင့် ပတ်သက်သည့် စစ်မှန်သည့် အခြေ အနေကို ထုတ်ဖော်နေပါသည်။ ကျွန်တော်တို့သည် ထိုသို့သော အရာများ ကို ကြုံတွေ့ရသည့်အခါတွင်၊ အပြင်ပန်းတွင် ဘာသာရေး ခေါင်းဆောင် များသည် ကျွန်တော်တို့ကို ဒုက္ခပေး နှောင့်ယှက်နေသကဲ့သို့ ဖြစ်သော် လည်း၊ တကယ့်အခြေအနေတွင်ပင် ဝိညာဉ်ရေးရာ လောကတွင် တိုက်ပွဲ တစ်ခုဖြစ်နေကာ၊ စာတန်သည် လူများကိုရရှိရန်အတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်နေခြင်းဖြစ်ပါသည်။ အမှန်မှာမူ ဂိုဏ်းဂဏများအားလုံးမှ ဘာသာရေး ခေါင်းဆောင်များစွာတို့က အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့နှလုံးသားတွင် အသိအမှတ်ပြုကြပါသည်။ သို့သော်လည်း နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြုတော်မူသည့် နှုတ်ကပတ်တော်မှ တစ်ဆင့် စီရင်ခြင်းအမှုတော်သည် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအမြင်များ နှင့် စိတ်ကူးများဖြင့် နားလည်ရန် လက်လှမ်းမမှီနိုင်သည့်အပြင် ထိုအမှုတော်သည် အလွယ်တကူ ကောင်းကြီးမင်္ဂလာခံစားရရန်နှင့် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းခံရရန် စသည့် ၎င်းတို့၏ အိပ်မက်များကို ဖျက်ဆီးပစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အသစ်သော အမှုတော်ကို လက်ခံရန် ခေါင်းမာစွာဖြင့် ဆန့်ကျင်ကာ၊ ငြင်းဆန်ကြ ပါသည်။ ထို့အပြင် ၎င်းတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော် ကို လူများက ပိုမိုလက်ခံလာပါက၊ ၎င်းတို့၏ အဆင့်အတန်းနှင့် စားဝတ် နေရေးတို့ကို ဆုံးရှုံးရမည်ကို ကြောက်ကြသည်။ ပြီးနောက် ၎င်းတို့သည် လူများကို တတ်နိုင်သမျှ အတင်းအကျပ်စေခိုင်းခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံ ပြောင်းလဲခြင်းကို တားဆီးခြင်းစသည်တို့ကို ပြုကြသည်။ ထို့အပြင် ထိုလူများအား စစ်မှန်သည့်လမ်းခရီးကို စွန့်လွှတ်ကာ၊ ဘုရားသခင်ကို သစ္စာဖောက်စေသည်။ အမှန်မှာမူ ၎င်းတို့သည် ဝိညာဉ်ရေးရာ လောကတွင် စာတန်၏ ပြယုဂ် ဖြစ်ပြီး၊ လက်တွေ့တွင် ၎င်းတို့က လူများကို ဘုရားသခင်ထံ ပြောင်းလဲရန် ဖြတ်တောက်ခြင်းမှာ စာတန်က လူများကို ဝါးမြိုရန် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ ၎င်းတို့၏ လုပ်ရပ်များနှင့် အမူအကျင့်တို့၏ နောက်ကွယ်မှ အကြောင်းအရင်းခံနှင့် ရည်ရွယ်ချက်တို့ကို ကျွန်တော်တို့ ခွဲခြားသိမြင်နိုင်သမျှ ကာလပတ်လုံး၊ ကျွန်ုပ်တို့သည်လည်း ၎င်းတို့၏ အနှစ်သာရကို နှံ့စပ်စွာ နားလည် သဘောပေါက်နိုင်မည် ဖြစ်ပါသည်။ ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ရသည့်အချိန်တွင် လူများ၏ ရုပ်ပိုင်းဆိုင်ရာမျက်လုံးများက သူခိုးများသည် ယောဘ၏ ပိုင်ဆိုင်မှုကို ယူဆောင်သွား ကြသည်ဟု ဆိုကြ သော်လည်း၊ ဝိညာဉ်ရေးရာလောကတွင် စာတန်နှင့် ဘုရားသခင်တို့သည် လောင်းကြေးတင်နေခြင်းသာ ဖြစ်ပါသည်။ ထိုအချိန်က ယောဘသည် ဝိညာဉ်ရေးရာလောကတွင် တိုက်ပွဲတစ်ခုဖြစ်ပွားနေကြောင်း မသိခဲ့ သော်လည်း၊ ၎င်းသည် နာကျင်မှုအားလုံးကို ခံစားပြီး၊ ဘုရားသခင်ကို အပြစ်တင်မည့်အစား ၎င်းမွေးဖွားသည့်နေ့ကို ကျိန်ဆဲခြင်းကိုပင် ရွေးချယ်ခဲ့ပါသည်။ သူသည် ယေဟောဝါ ၏ နာမတော်ကို အလွန်အမင်း ချီးမွမ်းဆဲ ဖြစ်ပြီးလျှင်၊ ဘုရားသခင်အတွက် သက်သေရပ်တည်ခဲ့ သောကြောင့် နတ်ဆိုးစာတန်ကို အရှက်ရစေပြီးလျှင်၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခဲ့ပါသည်။ ယခုကဲ့သို့ စာတန်၏ ဝန်းရံခြင်းကို ခံနေရရင်း၊ ကျွန်တော်တို့သည် အတင်းအကျပ်စေခိုင်းခြင်း နှင့် စွန့်ခွာခြင်း တို့၏ နာကျင်မှုကို ခံစားနေရသော်လည်း၊ ဇာတိပကတိ၏ မတည်မြဲသည့် ပျော်မွေ့မှု ကို ဆုံးရှုံးခဲ့ရပါသည်။ သို့သော်လည်း ကျွန်တော်တို့သည် စစ်မှန်သည့် လမ်းခရီးကိုသာ ဆက်လျှောက်ခဲ့ပြီး၊ ဘုရားသခင်အတွက် သက်သေရပ်တည်ကာ၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခဲ့ပါသည်။ ဤနာကျင်မှုသည် အကျိုးရှိလှပေသည်။” အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစ်မ၏ မိတ်သဟာယ ဖွဲ့ခြင်းတို့ကို ကြားရင်း ဖြင့်၊ ကျွန်တော့် နှလုံးသားသည် အားတက်လာကာ၊ “ဟုတ်တယ်။ ကျွန်တော်က အရင်က ဉာဏ်မဲ့ခဲ့ပြီး၊ ကျွန်တော့်အသင်းတော် ဟောင်းက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အနှစ်သာရကိုလည်း နှံ့နှံ့စပ်စပ် နားမလည်ခဲ့ဘူး။ သူတို့က ကျွန်တော့်အကောင်းဆုံး အကျိုးအတွက် လုပ်နေကြတယ်လို့ပဲ ထင်ခဲ့တယ်။ ဒီနေ့မှသာ သူတို့က တကယ့်လက်တွေ့ဘဝက စာတန်ပဲ ဆိုတာကို ကျွန်တော် နားလည်လိုက်တယ်။ ဒီမိတ်သဟာယက တစ်ဆင့် ကျွန်တော်က အခု ဝိညာဉ်ရေးရာလောကထဲ တိုက်ပွဲရဲ့ စစ်မှန်တဲ့ အခြေအနေကို ထိုးထွင်းသိမြင်နိုင်စွမ်း တစ်ချို့ရခဲ့တယ်။ ကျွန်တော်က သမ္မာတရားကို နားမလည်သေးသလို၊ အရေးကိစ္စတွေကိုလည်း နှံ့စပ် အောင် နားမလည်ပေမဲ့ ဒီလုပ်ငန်းစဉ်အားဖြင့် ကျွန်တော့်ကို ဘုရားသခင် လမ်းပြခြင်းနဲ့ ကာကွယ်ခြင်းတို့ကို ကိုယ်တိုင် ခံစားရပါတယ်။ ပြီးတော့ ဒါတွေအားလုံးကလည်း ကျွန်တော့်အပေါ် ဘုရားသခင်ရဲ့ ကောင်းကြီး မင်္ဂလာပါပဲ” ဟု ပြောခဲ့ပါသည်။ ထို့နောက်တွင် ညီအစ်မနှစ်ယောက်က ပျော်ရွှင်စွာဖြင့် “တကယ်ကိုပဲ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ အစ်ကို့ ကို ဒုက္ခပေးနှောင့်ယှက်ဖို့ သူတို့ထပ်လာခဲ့ရင်၊ ပိုပြီး ဆုတောင်းပါ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ပိုဖတ်ပါ။ ပြီးတော့ ဘုရားသခင် ကို မှီခိုရင်းနဲ့ စာတန်ကို အနိုင်ယူပါ” ပြောခဲ့သည်။ ယုံကြည်မှုအပြည့်ဖြင့် ကျွန်တော်လည်း သဘောတူညီကြောင်း ခေါင်းညိတ်ခဲ့ပါသည်။

တစ်မနက်တွင် ကျွန်တော်အသင်းတော်ဟောင်းမှ လုပ်ဖော်ကိုင်ဖက် အချို့က လာရောက် ခေါ်ဆောင် ကြပြန်သည်။ ပြီးနောက် ကျွန်တော့်ကို ယုံကြည်မှု၊ ဉာဏ်ပညာနဲ့ သတ္တိတို့ ပေးပါရန် ဘုရားသခင်ကို ကျွန်တော် နှလုံးသားထဲမှ လျင်မြန်စွာ ဆုတောင်းခဲ့သည်။ သင်းအုပ်ဆရာလီက ချက်ချင်းပင် ကျွန်တော့်ကို ခြိမ်းခြောက်ကာ- “အစ်ကိုဇန်။ ‘အရှေ့အရပ်မှ လျှပ်ပြက်ခြင်း’ က မထွက်ဖူးဆိုရင်၊ ကျွန်တော်တို့ အသင်းတော်က အစ်ကို့ကို စွန့်ပစ်ပြီး၊ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေနဲ့လည်း ထပ်ပြီးဆက်သွယ်ခွင့် မပြုတော့ဘူး” ဟု ပြောသည်။ ကျွန်တော်က သူ့ကို “ကျွန်တော်ကို စွန့်ခွာချင် စွန့်ခွာနိုင်ပါတယ်။ ဒါပေမဲ့ အစ်ကို့အနေနဲ့ အသင်းတော်က ညီအစ်ကိုမောင်နှမ တစ်ထောင်ကျော်ရဲ့ အသက်တာတွေ အတွက် တာဝန်ယူနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ အစ်ကို့အနေနဲ့ သခင်ပြန်ကြွ လာတာကို လက်ခံချင်မှလက်ခံမှာ ဖြစ်ပေမဲ့၊ ညီအစ်ကို မောင်နှမတွေက စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းစစ်ဆေးပြီး လက်ခံကြတာ ကိုတော့ ဟန့်တားဖို့မကြိုးစားပါနဲ့။ အသင်းတောထဲက အခုလက်ရှိ အခြေအနေကို ကြည့်ပါ၊ ညီအစ်ကိုမောင်နှမတွေက အားနည်းပြီးတော့ စိတ်ဓါတ်ကျနေ ကြတယ်။ တစ်ချို့က တခြားနေရာမှာ အလုပ်ရှာကြ ပြီးတော့၊ တစ်ချို့ကလည်း နောက်ပြန်ဆုတ်ပြီး သခင့်ကို မယုံကြည်ကြ တော့ဘူး၊ အဲဒီ့အပြင် လူတွေက နတ်ဆိုးတွေ ဝင်ပူးတဲ့ ဥပမာတွေက လည်း အများကြီးရှိသေးတယ်။ အသင်းတော်က သခင့်ဂရုစိုက်မှုနဲ့ ကွယ်ကာမှု ပျောက်ဆုံးနေပြီဆိုတာ အရှင်းကြီးပါ။ ပြီးတော့ ကျွန်တော်တို့ တရားဟောဆရာတွေနဲ့ အခြေအနေကိုလည်း ကြည့်ပါဦး။ ကျွန်တော်တို့ ဒေသနာတွေမှာ အလင်းအသစ်တစ်စက်တစ်လေမှ မရှိဘူး။ ကျွန်တော် တို့က မပြောင်းလဲတဲ့ အဟောင်းတွေပဲ အမြဲတမ်း ဟောနေပြီးတော့၊ ညီအစ်ကိုမောင်နှမတွေက ထောက်ပံ့မှုကို မရကြဘူး။ ဒါက ပြန်လှန် သုံးသပ်ပြီး၊ နက်နက်နဲနဲ ဆင်ခြင်ထိုက်တဲ့ အရာမဟုတ်ဘူးလား။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ သမ္မာတရားကို ကျွန်တော်တို့ မရှာဖွေထိုက်ဘူးလား” ဟု ပြောပါသည်။ ဤကဲ့သို့ ပြောရင်း၊ ကျွန်တော် စိတ်လှုပ်ရှားလာသည်ဟု ခံစားရကာ၊ ၎င်းတို့အား ရိုးသားစွာဖြင့် “ဒီမှာရှိတဲ့ ကျွန်တော်တို့ အားလုံးက အသင်းတော်က အဓိကလုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီးတော့ ကျွန်တော်တို့ ဆင်ခြင်တွေးတောနိုင်တယ်။ ကျွန်တော်တို့ သခင့်သိုးအုပ်ကို ထိန်းကျောင်းဖို့ တစ်နေ့လုံး စကားပြောနိုင်တယ်။ ဒါပေမဲ့ သခင်က အသစ်သောအမှုတော်ကို ပြုဖို့နဲ့ နှုတ်ကပတ်တော်အသစ်တွေကို ဖော်ပြဖို့ ကြွတော်မူလာပြီ၊ ဒါပေမဲ့လည်း ကျွန်တော်တို့က နည်းနည်းလေးမှ စုံစမ်း စစ်ဆေးခြင်း ဒါမှမဟုတ် ရှာဖွေခြင်း မရှိဘူး၊ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ ရေလောင်းခြင်း၊ ဝိညာဉ်စာကျွေးခြင်း တို့ကို လက်ခံဖို့ ဦးဆောင်ခြင်းမရှိဘူး။ အဲဒါတွေ လုပ်မဲ့အစား ကျွန်တော်တို့က ညီအစ်ကိုမောင်နှမတွေ လမ်းခရီး အစစ်အမှန်ကို စုံစမ်းစစ်ဆေးတာကို ဖြစ်နိုင်သမျှနည်းလမ်းနဲ့ တားဆီး တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့က ကိုယ့်ညီအစ်ကို မောင်နှမတွေ ဘာသာရေးနဲ့ပဲ ခြေချုပ်မိနေအောင် ထိန်းသိမ်းထားရင်းနဲ့ ငတ်မွတ်၊ ပင်ပန်းနွမ်းနယ်ပြီး သေသွားအောင် လုပ်နေတာ မဟုတ်ဘူး လား။ ဒါမျိုးလုပ်နိုင်စွမ်း ရှိတဲ့လူတွေက အစေခံကောင်းတွေလား ဒါမှမဟုတ် ဆိုးညစ်တဲ့ အစေခံတွေလား။ အစ်ကိုတို့ ဒီလုပ်ရပ်တွေရဲ့ နောက်ဆက်တွဲအကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာရော တွေးဖူးရဲ့ လား” ဟု ပြောခဲ့ပါသည်။ ထို့နောက်ခဏတွင်ပင် သင်းအုပ်ဆရာက စိတ်ဆိုးမာန်ဆိုးဖြင့် “ငါတို့က မင်းအတွက် ကောင်းစေချင်လို့ ဒီနေ့မင်း အိမ်ကို လာပြီး ဒါတွေကို လာပြောနေကြတာ၊ ဒါပေမဲ့ မင်းကပြန်ပြီး ငါတို့ကို ဆရာလုပ်နေတယ်” ဟု ပြောသည်။ ထို့နောက် ကျွန်တော်က သူ့အား “အနန္တတန်ခိုးရှင်ဘုရားသခင်မှာ သမ္မာတရားရှိမှန်း ကောင်းကောင်းကြီး သိပါရက်နဲ့ ခင်ဗျားတို့က ကျွန်တော့်ကို ထပ်ကာ တလဲလဲ လာပြီးတော့ ဒုက္ခပေးနှောင့်ယှက်နေခဲ့ကြတယ်။ ပြီးတော့ ကျွန်တော် ဒီသမ္မာတရားကို လက်ခံဖို့၊ အသက်ရရှိ ဖို့ကိုလည်း ခင်ဗျားတို့ ခွင့်မပြုဘူး။ ဒါက ကျွန်တော့်အတွက် ကောင်းစေချင်တာလား။ ခင်ဗျားတို့ ကျွန်တော့်အကြောင်း ကောလာဟလတွေ ဖြန့်ကြတယ်။ ကျွန်တော်နဲ့ ကျွန်တော့် သားသမီးတွေကြား စိတ်ဝမ်းကွဲအောင်လုပ်တယ်။ ကျွန်တော့် သားကို ကျွန်တော်တို့ သားအဖဆက်ဆံရေးကို အဆုံးသတ်ခိုင်းတယ်။ ဒါကခင်ဗျားတို့ပြောတဲ့ အချစ်တဲ့လား။ ခင်ဗျားတို့က ဒီအကြံအစည်တွေ ကြံစည်ဖန်တီးတာ၊ ကျွန်တော့်ကို တကယ်ကို ကောင်းစေချင်လို့လား ဒါမှမဟုတ် တခြားဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိနေလို့လား” ဟု တရားမျှတသော်လည်း ပြင်းထန်စွာ ပြောခဲ့ပါသည်။ ကျွန်တော် ထိုသို့ ပြောသည်ကို ကြားရာတွင် လီရမ်း၏ မျက်နှာ အရိပ်အကဲ ချက်ခြင်း ပြောင်းလဲသွားကာ၊ ကျွန်တော့်ကို ဒေါသတကြီးဖြင့် အော်ပါတော့သည်။ “မင်းကတကယ့်ကို အဆိုးအကောင်း မခွဲခြားနိုင်တာပဲ” ကျွန်တော် ကလည်း “အခုကစပြီး ငါတို့လမ်းခွဲကြရအောင်။ ဘုရားသခင်က ငါ့အသက်တာကို အုပ်စိုးတယ်။ ပြီးတော့ ဒါက ခင်ဗျားတို့နဲ့ မသက်ဆိုင် ဘူး” ဟု သူ့ကို ပြန်အော်ခဲ့ သည်။ ကျွန်တော်ဤကဲ့သို့ ပြောသည်ကို ကြားကာ၊ လီရမ်းနှင့် အခြားသူများသည် စိတ်မချမ်းမသာဖြင့် ပြန်သွားခဲ့ ကြသည်။ ထိုနေ့မှစပြီး မည်သူတစ်ဦး တစ်ယောက်ကမျှ ကျွန်တော့်ကို ဒုက္ခပေးနှောင့်ယှက်ကြခြင်းလည်း မရှိတော့ပါ။

ဤဝိညာဉ်ရေးရာတိုက်ပွဲကို တွေ့ကြုံခံစားခဲ့ခြင်းဖြင့် ကျွန်တော် သည် စာတန်၏ လှည့်စားခြင်းများကို ခွဲခြားသိမြင်နိုင်ခြင်း တစ်ချို့ရရှိခဲ့ ပြီးလျှင်၊ ဘာသာရေးလောကမှ ဘုရားသခင်ကို အာခံသည့် ခေါင်းဆောင် များ၏ အနှစ်သာရကိုလည်း နှံ့စပ်စွာ နားလည်သဘောပေါက်ခဲ့ရပြီ ဖြစ် သည်။ ကျွန်တော်သည် ဘာသာရေး၏ မကောင်းသော ဆိုးညစ်သော အင်အားစုများအားဖြင့် ကန့်သတ် ချုပ်ချယ်မှုကို တစ်ဖန်ခံရတော့မည် မဟုတ်သည့်အပြင် နောက်ဆုံးတွင် ကျွန်တော်သည် အနန္တတန်ခိုးရှင် ဘုရားသခင် နောက် လိုက်လျှောက်ရန် လွတ်လပ်ခဲ့ပါပြီ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ မိုက်မဲသော သတို့သမီးတစ်ဦး ဖြစ်လာလုနီးပါး ဖြစ်ခဲ့ပုံ

လီဖန်း၊ တရုတ်နိုင်ငံ၂၀၀၂ ခုနှစ်၏ ဆောင်းဦးရာသီတွင်၊ ကျွန်မ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော သမ္မာတရား အသင်းတော်မှ အစ်မ ကျောက်က ကျွန်မကို သခင့်၏...

ကျွန်ုပ် မိသားစု၏ လှောင်အိမ်မှ လွတ်မြောက်ခြင်း

လင်းရှီ တရုတ်နိုင်ငံ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ၂၀၀ ၅ခုနှစ်မှာ လက်ခံခဲ့တယ်။ အဲဒီအတောအတွင်းမှာ၊...

မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းတစ်ခုပြီးနောက် နွေးထွေးသော အလင်းတစ်ခု

ဝမ်းရူပင်း၊ တရုတ်ပြည်သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ငတ်မွတ်ကြသည့် အခြား ညီအစ်ကိုမောင်နှမများ အားလုံးကဲ့သို့၊ ကျွန်မ သည်လည်း သခင်မကြာမီ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။