အိမ်တွင်းမှ ဝိညာဉ်ရေးတိုက်ပွဲတစ်ခု
၂၀၁၈ သြဂုတ်လတုန်းက သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောတယ်။ သခင်ယေရှုပြန်လာပြီ တဲ့၊ ဘုရားရဲ့အိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၀၆ ခုနှစ်မှာ၊ ကျွန်တော် ဇာတိမြို့ကနေထွက်ပြီး တိုင်ပေမှာ အလုပ်လာလုပ်ရင်းနဲ့ သင်းအုပ်ဟွမ်နဲ့ ဆုံခဲ့တယ်။ သင်အုပ်ဟွမ်က ကျွန်တော် လိုက်စားအားထုတ်တဲ့နေရာမှာ စိတ်အားထက်သန်တာကို မြင်ပြီး ကျွန်တော့်ကို အဓိက ပြုစုပျိုးထောင်ပေးချင်တယ်လို့ ပြောတယ်။ သူက ကျွန်တော့်ကို ကျမ်းစာအကြောင်း အတူတူဆွေးနွေးဖို့၊ အသင်းတော်ရဲ့ သင်တန်းတွေကို တက်ဖို့ မကြာခဏ ဖိတ်ခေါ်တတ်တယ်။ သခင့်ကို ကျွန်တော် အရမ်းကျေးဇူးတင်ခဲ့ပြီး သင်းအုပ်ကောင်းတစ်ယောက်နဲ့ တွေ့ခဲ့ရပြီလို့ ခံစားခဲ့ရတာပေါ့။ သင်းအုပ်က တရားဟောတဲ့အခါ မကြာခဏ ပြောလေ့ရှိတယ်။ “သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ ‘အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။’ (ရောမဩဝါဒစာ ၁၃:၁) ‘ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည်...အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။’ (တမန်တော်ဝတ္ထု ၂၀:၂၈) စကြဝဠာနဲ့ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့တာဖြစ်ပြီး အာဏာစက်ရှိတဲ့ သူတိုင်းကိုလည်း ဘုရားသခင်က ခန့်ထားတာဖြစ်လို့ သူတို့ကို ကျွန်တော်တို့ ကျိုးနွံနာခံသင့်တယ်။ သင်းအုပ်တွေနဲ့ အကြီးအကဲတွေဆိုတာ သိုးအုပ်ကို ထိန်းကျောင်းဖို့ ဘုရားသခင် ခန့်အပ်ထားတာဖြစ်လို့ သူတို့ကို ကျွန်တော်တို့ ကျိုးနွံနာခံသင့်တယ်။ သူတို့ကို ကျိုးနွံနာခံတာက ဘုရားသခင်ကို ကျိုးနွံနာခံတာပဲ...” လို့ ပြောတယ်။ သင်းအုပ်ရဲ့ စကားကို ကြားပြီးနောက် ကျွန်တော် တွေးမိတယ်၊ “သိုးအုပ်ကို ထိန်းကျောင်းဖို့ သင်းအုပ်တွေ၊ အကြီးအကဲတွေကို ဘုရားသခင် ခန့်ထားတာဆိုတော့ သခင့်ကို ယုံကြည်ရာမှာ သင်းအုပ်စကားကို နားထောင်သင့်တာပေါ့။ သင်းအုပ်တွေ၊ အကြီးအကဲတွေကို နားထောင်တာက ဘုရားသခင်ကို ကျိုးနွံနာခံတာပဲ။ သခင့်ကို ယုံကြည်ရာမှာ သင်းအုပ်နောက်လိုက်နေသရွေ့ ငါ ကောင်းကင်နိုင်ငံတော်ကို သေချာပေါက် ဝင်ရမှာပါ” လို့ပေါ့။ အလုပ်တစ်ခု၊ အိမ်တစ်ခု ဒါမှမဟုတ် အိမ်ထောင်ဖက်ရှာတာလိုမျိုး ကိစ္စ ကြီးငယ်တွေမှာ သင်းအုပ်ရ့ လမ်းညွှန်မှုကို ကျွန်တော်ရှာခဲ့တယ်။ တဖြည်းဖြည်းနဲ့ သင်းအုပ်က ကျွန်တော့်စိတ်ထဲမှာ အသည်းကြော်တစ်ယောက် ဖြစ်လာခဲ့တယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ Facebook ကနေ ညီအစ်ကိုမောင်နှမတချို့နဲ့ ကျွန်တော် ချိတ်ဆက်မိတယ်။ ကျမ်းစာနဲ့ပတ်သက်ပြီး သူတို့မှာ တစ်မူထူးတဲ့ ထိုးထွင်းအမြင်တွေရှိတယ်၊ သူတို့ရဲ့တရားဟောချက်က ဆန်းသစ်ပြီး ဉာဏ်ပွင့်လင်းစေတယ်ဆိုတာကို ကျွန်တော် မြင်ပြီး သူတို့ကို တကယ် အားကျခဲ့တယ်။ သူတို့နဲ့အတူ ကျမ်းစာ လေ့လာရာကနေ သခင်ပြန်ကြွလာတာက မိုးတိမ်စီးပြီး ဆင်းသက်လာတဲ့ ပုံစံတစ်ခုတည်း မဟုတ်ဘဲ၊ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က “သူခိုး” လိုမျိုး တိတ်တဆိတ် ကြွလာမယ်လို့ ပရောဖက်ပြုထားတဲ့ ကျမ်းပိုဒ်အများကြီးရှိတာကို ကျွန်တော် သဘောပေါက်သွားတယ်။ ဒါကြောင့် သခင့်ကို ကြိုဆိုရာမှာ ကိုယ်တော် မိုးတိမ်စီးပြီး ဆင်းသက်လာမှာကိုပဲ ကျွန်တော်တို့ စောင့်နေလို့မရဘူး။ အရေးကြီးတာက ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်တာနဲ့ ကိုယ်တော် တိတ်တဆိတ် ကြွလာတဲ့အတောအတွင်း သူ့ရဲ့အမှုတော်ကို ရှာဖွေတာ အာရုံစိုက်ဖို့ပဲ။ ပြီးတော့ ဓမ္မဟောင်း၊ ဓမ္မသစ်နဲ့ ဗျာဒိတ်ကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ ဘုရားသခင်ရဲ့ အမှုတော်က ဘယ်လို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတယ်၊ မြင့်တက်လာပြီး ပိုနက်ရှိုင်းလာတယ် ဆိုတာကိုလည်း ကျွန်တော် သိခဲ့ရတယ်။ ဓမ္မဟောင်းကျမ်းက ပညတ်တော်ခေတ် ယေဟောဝါ ဘုရားသခင်ရဲ့ အမှုတော်ကို မှတ်တမ်းတင်ထားတာဖြစ်ပြီး၊ ကနဦးလူသားတွေက ကမ္ဘာမြေပေါ် ဘယ်လို အသက်ရှင်ရမယ်ဆိုတာ မသိခဲ့သလို၊ ဘုရားသခင်ကို ဘယ်လို ကိုးကွယ်ရမလဲဆိုတာ မသိကြတဲ့အတွက် ဘုရားသခင်က လူသားမျိုးနွယ်ကို ကမ္ဘာမြေပေါ် ဘယ်လိုအသက်ရှင်ရမယ်ဆိုတာ လမ်းညွှန်ဖို့ မောရှေကနေတစ်ဆင့် ပညတ်တရားကို ထုတ်ပြန်ခဲ့တယ်။ ဓမ္မသစ်ကျမ်းကျတော့ သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ ကျေးဇူးတော်ခေတ် ရွေးနုတ်ခြင်း အမှု အကြောင်း မှတ်တမ်းတင်ထားတယ်။ ပညတ်တော်ခေတ် နှောင်းပိုင်းကာလမှာ လူတွေက ပညတ်တရားကို မစောင့်ထိန်းနိုင်ကြတော့တာကြောင့် သူတို့ကျူးလွန်တဲ့ အပြစ်တွေက ပိုပိုများလာပြီး ပညတ်တရားအတိုင်း သေဒဏ်ပေးခံရမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က လူသားမျိုးနွယ်ကို ပညတ်တရားအောက်မှာ မပျက်စီးမဆုံးရှုံးစေချင်ဘူး၊ အဲဒီအချိန်က သူတို့ရဲ့ လိုအပ်ချက်တွေအရ ဘုရားသခင်က နောင်တတရားလမ်းကို ဟောပြောဖို့ လူတွေကြားထဲမှာ ကိုယ်တိုင် လူဇာတိခံခဲ့တယ်။ လူသားမျိုးနွယ်အပေါ် အလျှံပယ် ကျေးဇူးတော် ပေးသနားခဲ့ပြီး နောက်ဆုံးမှာ သူက အပြစ်ဖြေယဇ်ဖြစ်လာပြီး အပြစ်တရားကနေ လူသားမျိုးနွယ်ကို ကယ်နှုတ်ရင်းနဲ့ ကားစင်တင်သတ်ခံခဲ့ရတယ်။ ကျွန်တော်တို့က သခင်ယေရှုကို စိတ်ရင်းအမှန်နဲ့ လက်ခံပြီး သခင့်ဆီ ဝန်ချတောင်းပန်၊ နောင်တရသရွေ့ ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရမှာ ဖြစ်တယ်။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပြုဖို့ သမ္မာတရားကို ဖော်ပြမှာဖြစ်ပြီး သခင်ယေရှုနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်ကို ပြီးပြည့်စုံစေရင်းနဲ့ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲစေမယ်လို့ ဗျာဒိတ်ကျမ်းက ပရောဖက်ပြုထားတယ်။ “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို လက်ခံရယူခြင်း မရှိခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) သူတို့ မိတ်သဟာယပြုသွားတဲ့ အရာတွေက အရင်တုန်းက ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့အရာတွေ ဖြစ်နေပြီး၊ အဲဒါတွေအားလုံးက ကျမ်းစာနဲ့လည်း ကိုက်ညီသလို၊ အထူးဉာဏ်ပွင့်လင်းစေတဲ့ ခံစားချက်မျိုး ပေးတာကြောင့်၊ ကျွန်တော် သူတို့နဲ့ ဆက်ပြီး မိတ်သဟာယပြုခဲ့တယ်။ သခင်ယေရှု ပြန်ကြွလာပြီးပြီ၊ ကိုယ်တော်ဟာ လူဇာတိခံယူထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်လို့ သူတို့ ကျွန်တော့်ကို ပြောတဲ့အခါ၊ သင်းအုပ်ဆရာ မကြာခဏ ပြောလေ့ရှိတဲ့ စကားကို ကျွန်တော် ချက်ချင်း သတိရသွားတယ်။ “‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ က သခင် ပြန်ကြွလာပြီလို့ သက်သေခံနေတယ်။ သူတို့ သွန်သင်တာတွေကို မင်းတို့ နားမထောင်ရဘူးနော်” ဆိုတာပေါ့။ သူတို့ဟာ အရှေ့အရပ်က လျှပ်ပြက်ခြင်းက ယုံကြည်သူတွေမှန်း ကျွန်တော် သဘောပေါက်လိုက်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ မိတ်သဟာယကို ဆက်နားမထောင်နိုင်တော့ဘူး။ မိတ်သဟာယ ပြီးတာနဲ့ ကျွန်တော် သင်းအုပ်ဆရာဆီကို အမြန် ဖုန်းဆက်လိုက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေနဲ့ တွေ့ခဲ့တဲ့အကြောင်း ပြောပြလိုက်တယ်။ သင်းအုပ်ဆရာက သူတို့နဲ့ ထပ်မဆက်သွယ်ဖို့ ကျွန်တော့်ကို ထပ်ခါတလဲလဲ သတိပေးပြီး သူတို့ကို ဘလော့ လုပ်လိုက်ဖို့ ပြောတယ်။ အဲဒီလိုနဲ့ပဲ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို စုံစမ်းစစ်ဆေးဖို့ ကျွန်တော့်ရဲ့ ပထမဆုံး အခွင့်အရေးကို ကျွန်တော် စွန့်လွှတ်ခဲ့တယ်။
ဒါပေမဲ့ မမျှော်လင့်ဘဲ ခရစ္စမတ်မရောက်ခင် ရက်ပိုင်းအလိုမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်မတချို့နဲ့ ကျွန်တော် အမှတ်တမဲ့ ထပ်ဆုံဖြစ်တယ်။ သူတို့ရဲ့ မိတ်သဟာယက တော်တော်လေး ဉာဏ်ပွင့်လင်းစေပေမဲ့ သင်းအုပ်ဆရာက နားမထောင်ဖို့ တားမြစ်ခဲ့တာကို ကျွန်တော် သတိရလိုက်တယ်။ ဒါနဲ့ ခဏလောက်တော့ အကဲခတ်ပြီး နားထောင်ကြည့်မယ်လို့ ကျွန်တော် တွေးလိုက်တယ်။ ဒါပေမဲ့ နားထောင်လေလေ၊ သူတို့ မိတ်သဟာယပြုတဲ့အရာတွေက ကျမ်းစာနဲ့ လုံးဝကိုက်ညီနေတာကို ခံစားရလေလေဖြစ်ပြီး ဘာအပြစ်အနာအဆာမှ ကျွန်တော် ရှာမတွေ့နိုင်ခဲ့ဘူး။ သူတို့ကို ကျွန်တော် မချေပနိုင်အောင် ဖြစ်ခဲ့တယ်။ အထူးသဖြင့် သူတို့က၊ “‘သခင့်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပြီးပြီဖြစ်တဲ့အတွက် သခင်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော်ကို တန်းဝင်လို့ရပြီ’ ဆိုတဲ့ စိတ်ကူးကို လူတော်တော်များများက ယုံကြည်ကြတယ်။ ဒါပေမဲ့ ဒီအမြင်က မှန်ကန်ရဲ့လား။ ဘာလို့ ကျွန်မတို့က နေ့တိုင်း အပြစ်ပြုပြီး ဝန်ချကြတဲ့အပြင် မကြာခဏဆိုသလို တခြားလူတွေကို လိမ်ညာလှည့်ဖြားနေကြသေးတာလဲ။ တစ်ခါတလေမှာ သခင့်အတွက် အဖိုးအခပေးဆပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်ပေမဲ့၊ ကိုယ်အကြိုက်မတွေ့တာတစ်ခုခုဖြစ်ရင် ဒါမှမဟုတ် ကပ်ဘေးကို ကြုံရရင် ဘုရားသခင်ကို ညည်းတွားပြီး အတိုက်အခံတောင် လုပ်မိကြတယ်။ ဒါ့အပြင် ကိုယ့်မှာ ဆုကျေးဇူးတွေ၊ ပါရမီတချို့ရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မာနထောင်လွှားပြီး စိတ်ကြီးဝင်လာကြတယ်၊ တခြားသူတွေကို အထင်သေးပြီး ဘယ်သူ့အကြံဉာဏ်ကိုမှ လက်မခံနိုင်ကြဘူးလေ။ တစ်ခါတလေဆို သူများကို ဆူပူကြိမ်းမောင်းပြီး သေးသိမ်အောင် လုပ်မိကြတယ်။ ကျွန်မတို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပေမဲ့ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝက မဖြေရှင်းရသေးဘူး၊ ပြီးတော့ အပြစ်ရဲ့ ချည်နှောင်မှုကနေ ကျွန်မတို့ မလွတ်မြောက်သေးဘူးဆိုတာကို ဒါက ပြနေတာပဲ။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။’ (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၅-၄၆) ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဘုရားသခင်က ဖြောင့်မတ်ပြီး သန့်ရှင်းတယ်။ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝကို မဖယ်ရှားရင် ဘုရားသခင်ရဲ့ မျက်နှာတော်ကို ဖူးမြင်ဖို့၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဘယ်တော့မှ ထိုက်တန်မှာ မဟုတ်ဘူး။ အပြစ်ကနေ ကျွန်မတို့ကို အပြည့်အဝ ကယ်တင်ဖို့အတွက် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ လူ့ဇာတိနဲ့ ပြန်ကြွလာခဲ့ပြီ။ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်း အမှုတော်နဲ့ဆိုင်တဲ့ အခြေခံအုတ်မြစ်ပေါ်မှာ ကိုယ်တော်က သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်ကနေ အစပြုတဲ့ တရားစီရင်ခြင်း အမှုတော်ကို စတင်လုပ်ဆောင်နေပြီ။ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုကို ကြုံတွေ့မှပဲ ကျွန်မတို့က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားနိုင်မယ်၊ အပြစ်ကနေ လုံးဝ လွတ်မြောက်ပြီး သန့်စင်ခံရနိုင်မယ်၊ အဲဒီလိုနဲ့ ဘုရားသခင်ကို တကယ် ကျိုးနွံနာခံပြီး ကြောက်ရွံ့တဲ့လူတွေ ဖြစ်လာနိုင်မှာ ဖြစ်တယ်” လို့ပြောတဲ့အခါမှာပေါ့။ ဒီအချိန်မှာ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်သုံးပိုဒ်ကို ဖတ်ပြတယ်။ “ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်သောအလုပ်ကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ ကိုယ်တော်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက ဘုရားသခင်အနေဖြင့် လူသား၏ စာတန် ဖောက်ပြန်ပျက်စီးထားသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အလုပ်ကို လုပ်ဆောင်ဖို့လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်သည့်အလုပ်ကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် နယ်ပယ်တစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို ပျော်မွေ့ခံစားပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) “အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက် သောင်တင်နေပါက၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘယ်သောအခါမျှ ဖယ်ရှားလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲ အသက်ရှင်သော်လည်း၊ ဘုရားသခင်ကို သိရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ကို အခွင့်ပေးသည့် အသက်လမ်းခရီး မရှိကြပါက၊ ၎င်းတို့သည် ကိုယ်တော်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို မည်သည့်အခါတွင်မျှ အမှန်တကယ် ရရှိလိမ့်မည်မဟုတ်ပေ။ ဤယုံကြည်မှုမျိုးသည် ဧကန်အမှန် သနားစဖွယ် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) “လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်ပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးရန် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးရန်ဖြစ်ကာ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဒီစကားတွေကို ကြားပြီးတဲ့နောက် ကျွန်တော် လုံးဝ ယုံကြည်လက်ခံသွားတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်မိတယ်။ သခင့်ရဲ့ သွန်သင်ချက်တွေကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ကိုယ့်မိသားစု၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်မကြိုက်တာ တစ်ခုခုလုပ်တဲ့အခါမျိုးမှာ တဇောက်ကန်းဖြစ်တဲ့စိတ်ကို ကျွန်တော် မထုတ်ဖော်ဘဲမနေနိုင်ခဲ့ဘူး။ တစ်ခါတလေ ကိုယ့်အကျိုးစီးပွားနဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လူတွေကို လိမ်ညာလှည့်ဖြားမိတာမျိုး ရှိတယ်။ ကျွန်တော်က တကယ်ကို အပြစ်ထဲမှာ ရှင်သန်နေတုန်းပဲဖြစ်သလို ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် မလုပ်နိုင်သေးဘူး။ ကျွန်တော့်အပြစ်တွေကို သန့်စင်ဖို့အတွက် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင် ပြန်ကြွလာတာကို ကျွန်တော် လိုအပ်နေခဲ့တယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေနဲ့ မပတ်သက်ဖို့ သင်းအုပ်ဆရာက ကျွန်တော်တို့ကို အမြဲပြောနေတာကို တွေးမိတော့ ကျွန်တော် နည်းနည်း တွန့်ဆုတ်သွားတယ်။ “သင်းအုပ်တွေ၊ အကြီးအကဲတွေက သခင့်ကို နှစ်တွေအများကြီး ယုံကြည်ပြီးပြီ၊ ကျမ်းစာ နှံ့စပ်ပြီး၊ ဓမ္မပညာကို လေ့လာထားပြီးပြီ။ ကျမ်းစာကျောင်းတွေမှာတောင် ကျမ်းစာ သူတို့သင်ပေးနေကြတာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို နောက်တစ်ခေါက် ထပ်မေးကြည့်သင့်လား” ပေါ့။ ဒါနဲ့ ကျွန်တော့်အတွက် အကဲဖြတ်ပေးဖို့ သင်းအုပ်ဆရာကို အကူအညီထပ်တောင်းဖို့အတွက် ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အံ့ဩသွားတာက သင်းအုပ်ဆရာက ကျွန်တော့်ကို တင်းတင်းမာမာ ပြောပါလေရော။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေနဲ့ အဆက်အဆံမလုပ်ဖို့ ခင်ဗျားကို ကျွန်တော် ဘယ်နှစ်ခါ ပြောရမလဲ။ ဘာလို့ ကျွန်တော့်စကား နားမထောင်တာလဲ။ ဘာသာရေး အသိုင်းအဝိုင်းက သင်းအုပ်တွေ၊ အကြီးအကဲတွေ အများကြီးက ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ ကို ဆန့်ကျင်နေကြတာ။ ခင်ဗျားက ဘာလို့ သွားလေ့လာနေသေးတာလဲ။ သူတို့နဲ့ ဘာအဆက်အသွယ်မှ မလုပ်နဲ့တော့။ ခင်ဗျားမှာ မေးစရာရှိရင် ကျွန်တော် ဖြေပေးမယ်။ ကျွန်တော့်စကားကို မယုံဘူးလား” တဲ့။ သင်းအုပ်ဆရာ ဒီလိုပြောတာကို ကြားပြီးနောက် ကျွန်တော် မတွေးဘဲ မနေနိုင်ဘူး။ “သင်းအုပ်ပြောပုံအရဆိုရင် ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ ရဲ့ ဟောပြောမှုကို ကျွန်တော် ဆက်နားမထောင်သင့်တော့ဘူး။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်၊ လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ဖို့နဲ့ ကယ်တင်ဖို့အတွက် ကိုယ်တော်က သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုတော်ကို စတင်နေပြီလို့ သူတို့က သက်သေခံနေကြတယ်။ ‘ငါ့ကိုပယ်၍ ငါ့စကားကို လက်ခံရယူခြင်း မရှိခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပြီးတော့ သူတို့ မိတ်သဟာယပြုသွားတာတွေက ဘုရားသခင် ကိုယ်တိုင်ဆီက လာသလိုမျိုး ကျမ်းစာနဲ့ ကိုက်ညီနေတယ်။ ဒါက သင်းအုပ်ဆရာ ပြောတာနဲ့ လုံးဝကို မတူဘူး။ နားလည်ရခက်လိုက်တာ။ ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ က တကယ်ပဲ သခင် ပြန်ကြွလာတာ ဟုတ်မဟုတ်ဆိုတာကို သင်းအုပ်ဆရာက ဘာလို့ မစုံစမ်းကြတာလဲ။ ဘာလို့ သူက ကျွန်တော်တို့ နားမထောင်အောင် တားမြစ်ပြီးတော့ ကြောင်းကျိုးမမြင်ဘဲနဲ့ကို ရှုတ်ချနေတာလဲ။ ငါ ဒီလိုနဲ့ပဲ တကယ် နားမထောင်ဘဲနေလိုက်ရမလား” ပေါ့။ ကျွန်တော် အရမ်း ဒွိဟဖြစ်နေခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျမ်းစာက ဒီလိုပြောတာကို တွေးမိတယ်။ “ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။...လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။” (တမန်တော်ဝတ္ထု ၂၀:၂၈) သင်းအုပ်တွေ၊ အကြီးအကဲတွေဆိုတာ ဘုရားသခင် ရွေးချယ်ခန့်အပ်ထားတာ၊ ဘုရားသခင်ရဲ့ အစေခံတွေ ဖြစ်တယ်၊ သင်းအုပ်တွေနဲ့ အကြီးအကဲတွေကို မနာခံရင် ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။ အများကြီး စဉ်းစားပြီးတဲ့နောက်မှာတော့ သင်းအုပ်ဆရာစကားကို နားထောင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်မကို ကျွန်တော် ဆက်မလေ့လာတော့ဘူးလို့ ပြောလိုက်တယ်။ ညီအစ်မက ကျွန်တော့်ကို ပြောတယ်။ “အစ်ကိုသာ မလေ့လာရင် သခင့်ကို ကြိုဆိုခွင့်ရမယ့် အခွင့်အရေး လွတ်သွားလိမ့်မယ်။ သခင်ယေရှု ပြောခဲ့သည်မှာ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ (ရှင်မဿဲခရစ်ဝင် ၂၅:၆) အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင် ဟုတ်မဟုတ် သိဖို့ဆိုတာ အဓိကသော့ချက်က ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ဖို့ပါပဲ။ အစ်ကိုက မလေ့လာဘဲ ဒီအတိုင်း ငြင်းပယ်လိုက်မယ်ဆိုရင် သခင့်ကို တကယ် ကြိုဆိုနိုင်ပါ့မလား” တဲ့။ ညီအစ်မရဲ့ စကားကို ကြားပြီးတဲ့နောက်မှာ ကျွန်တော် စိတ်လှုပ်ရှားသွားပြီး တွေးမိတယ်။ “သူပြောတာ မှန်တယ်။ ငါ စုံစမ်းစစ်ဆေးဖို့ အခွင့်အရေးကို တစ်ခါ လက်လွှတ်ထားပြီးသားဖြစ်ပြီးတော့ အခု အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိကို ထပ်ကြားရပြန်ပြီ။ ဒါက တကယ်ပဲ ဘုရားသခင်ရဲ့ အစီအစဉ်များ ဖြစ်နိုင်မလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ကသာ တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နေရင်၊ ငါက လက်မခံဘဲနေလိုက်ရင် သခင့်ကို ကြိုဆိုဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်ခံရမဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။ ဒါ့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အလုပ်က သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်လို့ သူတို့ သက်သေခံခဲ့ကြတယ်။ အဲဒီ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကလည်း ငါ့အတွက် အရမ်း တည်ဆောက်စရာဖြစ်တယ်။ ငါ ဆက်ပြီး စုံစမ်းစစ်ဆေးသင့်တယ်။ ဒါပေမဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက ဘုရားသခင် ခန့်အပ်ထားတာလေ၊ သူတို့ကို မနာခံရင် ဘုရားသခင်ကို ငါ အတိုက်အခံလုပ်နေမိမှာ မဟုတ်လား” လို့ပေါ့။ ကျွန်တော် ဘယ်သူ့စကား နားထောင်ရမှန်းမသိဘဲ စိတ်တွေ ကယောက်ကယက်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ညီအစ်မက ကျွန်တော့်ဆီကို “သေစေနိုင်သည့် မသိမြင်မှု” ဆိုတဲ့ ရုပ်ရှင်တစ်ကား ပို့ပေးပြီး၊ ဆက်လေ့လာသင့် မသင့် မဆုံးဖြတ်ခင် အဲဒါကို ကြည့်ဖို့ တိုက်တွန်းခဲ့တယ်။ စိတ်ရှုပ်ထွေးနေတဲ့ကြားကနေ ကျွန်တော် သခင့်ဆီ ဆုတောင်းလိုက်တယ်။ “သခင်၊ ကိုယ်တော် တကယ်ပဲ ပြန်ကြွလာပြီလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ကသာ ကိုယ်တော် ပြန်ကြွလာတာ တကယ်ဟုတ်ရင် ကိုယ်တော့်ကို အသိအမှတ်ပြုဖို့ ကျွန်တော့်ကို လမ်းပြပေးပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ရှာဖွေတဲ့ စိတ်သဘောထားနဲ့ “သေစေနိုင်တဲ့ မသိမြင်မှု” ရုပ်ရှင်ကို အစအဆုံး ကြည့်ဖြစ်သွားတယ်။ ဒီရုပ်ရှင်က ကျွန်တော့်အတွက် အရေးကြီးတဲ့ သတင်းစကားတစ်ခု ပေးခဲ့တယ်။ အဲဒါကတော့ သခင့်ကို ကြိုဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့က သမ္မာတရားကို မရှာဖွေဘဲ၊ သခင့်စကားကို မလိုက်နာဘဲ လူစကားကိုပဲ နားထောင်နေမယ်ဆိုရင် သခင့်ကို ကြိုဆိုခွင့်ရမဲ့ အခွင့်အရေးကောင်းကို မိုက်မိုက်မဲမဲ လွဲချော်သွားလိမ့်မယ် ဆိုတာပါပဲ။ ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ အစွဲထင်ကျန်ရစ်ခဲ့ဆုံးအရာက မိုက်မဲတဲ့ သတို့သမီးတွေဟာ လူ့ရဲ့စကားကိုပဲ အမြဲနားထောင်ပြီး စာတန်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေနဲ့ နတ်ဆိုးစကားတွေရဲ့ ဘောင်ခတ်တာကို ခံခဲ့ရတယ်။ ပညာရှိ သတို့သမီးတွေကျတော့ ဘုရားသခင်ရဲ့ အသံတော်ကိုပဲ နားထောင်ခဲ့လို့ သခင့်ကို ကြိုဆိုနိုင်ခဲ့ကြတယ်။ သခင်ယေရှု ပြောခဲ့သည့်အတိုင်း “တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။” (ရှင်မဿဲခရစ်ဝင် ၇:၈) ကျွန်တော်တို့က နှိမ့်ချစွာ ရှာဖွေပြီး ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်သရွေ့ ဘုရားသခင်က သေချာပေါက် လမ်းပြပေးမှာပါ။ သင်းအုပ်တွေ၊ အကြီးအကဲတွေရဲ့ စကားတွေကို ကြောင်းကျိုးမမြင်ဘဲ နားထောင်ပြီး၊ သခင် ပြန်ကြွလာပြီလို့ တစ်ယောက်ယောက်က သက်သေခံတဲ့အခါ မရှာဖွေ၊ မလေ့လာဘူးဆိုရင် ဘုရားသခင်ရဲ့ အသံတော်ကို ဘယ်တော့မှ ကြားရမှာ မဟုတ်သလို၊ သခင့်ကိုလည်း ကြိုဆိုနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာမှုစေတဲ့ မိုက်မဲမှုနဲ့ အသိဉာဏ်ကင်းမဲ့မှုပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ အသံတော် ဟုတ်မဟုတ် ကျွန်တော် သေသေချာချာ လေ့လာရမယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေရဲ့ စကားတွေကို ကြောင်းကျိုးမမြင်ဘဲ ကျွန်တော် နားထောင်လို့ မဖြစ်တော့ဘူး။
အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်မတွေနဲ့ စုဝေးပွဲတွေမှာ ကျွန်တော် ဆက်ပြီး မိတ်သဟာယပြုခဲ့သလို၊ အသင်းတော်က ထုတ်လုပ်တဲ့ ပြဇာတ်တွေနဲ့ ဟာသပြောပွဲတွေကိုလည်း ကြည့်ခဲ့တယ်။ ကြည့်လေလေ၊ ကျွန်တော့်စိတ်ထဲမှာ ရှင်းလင်းလေလေဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တကယ်ပဲ ဘုရားသခင် လမ်းပြထားတဲ့ အသင်းတော်ဖြစ်မှန်း ခံစားမိလာတယ်။ တစ်နေ့မှာ Youtube ကို ဖွင့်ပြီး “ကျွန်မတို့ သင်းအုပ် ပြောတာက...” ဆိုတဲ့ ဟာသပြောပွဲလေး တစ်ခု တွေ့သွားတယ်။ ချက်ချင်း စိတ်ဝင်စားသွားပြီး ကြည့်ဖို့ အမြန်နှိပ်လိုက်တယ်။
သမ္မာကျမ်းထဲမှာ မပြောထားဘူးလား။ “ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည်...အသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။” (တမန်တော်ဝတ္ထု ၂၀:၂၈) သင်းအုပ်တွေ အကြီးအကဲတွေဆိုတာ ဘုရားက ခန့်ထားခဲ့တာလေ။ ဒါကြောင့် သခင် ပြန်ကြွခြင်းနဲ့ပတ်သက်ရင်၊ သူတို့ပြောတာကို နားထောင်သင့်တယ်လို့ ထင်တယ်။
အဲဒါတွေက တမန်တော်ပေါလုရဲ့ စကားတွေ မဟုတ်လား။
မှန်တယ်၊ တမန်တော်ပေါလုပဲ။
ဒါဆို ပေါလုရဲ့ စကားတွေကို အခြေခံပြီး နင်က ဘုရားက သူတို့ကို သင်းအုပ်တွေ၊ အကြီးအကဲတွေအဖြစ် ခန့်ထားခဲ့တယ်လို့ ထင်တယ်ပေါ့။ ကဲ အားလုံးပဲ၊ ပေါလုရဲ့စကားတွေက သခင့်ကို ကိုယ်စားပြုပါသလား။ (မပြုပါဘူး။) သခင်ယေရှုက ဒီစကားတွေကို အသိအမှတ်ပြုသလား။ (မပြုပါဘူး။) သန့်ရှင်းသောဝိညာဉ်တော်က ဒါကို သက်သေခံသလား။ (မခံပါဘူး။)
ဒါဆို အဲဒီအယူအဆက မမှန်ကန်ဘူး။
............
တစ်ဦးတစ်ယောက်ကို ခန့်ထားတယ်ဆိုတာ ဘုရားသခင်အတွက် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဘုရားသခင် နှစ်သက်တဲ့သူမျိုး၊ ဘုရားသခင်ကိုယ်တိုင် သက်သေခံတဲ့သူမျိုး ဖြစ်ရမယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် အထောက်အထား ရှိရမယ်။
မောရှေလို လူမျိုးပေါ့။ မောရှေကို ဘုရားသခင်က ခန့်ထားခဲ့တာပဲ။ အဲဒီအတွက် သက်သေရှိတယ်လေ။
ဒါဆို ပြောစမ်းပါဦး။
ယေဟောဝါဘုရားသခင်က မောရှေကို မီးလောင်နေတဲ့ ချုံထဲကနေ ထင်ရှားပြပြီး ပြောခဲ့တယ်လေ၊ “သင်သည် ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် မည်အကြောင်း၊ သင့်ကိုဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။” (ထွက်မြောက်ရာကျမ်း ၃:၁၀) ဒါကြောင့် မောရှေကို ဘုရားသခင်ကိုယ်တိုင် ခန့်ထားခဲ့တာပဲ။
မှန်တယ်။ ပြီးတော့ ကျေးဇူးတော်ခေတ်မှာလည်း ပေတရုကို ဘုရားသခင်က ခန့်ထားခဲ့တာ။ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေက သက်သေပဲ။ သခင်ယေရှု ပြောခဲ့သည်မှာ “ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါ တည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။” (မဿဲ ၁၆:၁၈)
သခင်ယေရှုရဲ့စကားတွေက သက်သေပဲလေ။
ကျွန်မတို့သင်းအုပ်မှာလည်း “သက်သေ”ရှိတယ်။
ဘယ်လိုသက်သေလဲ။
သင်းအုပ်ဆရာတွေအတွက် ကျမ်းစာသင်ကျောင်းက ပေးတဲ့ အသိအမှတ်ပြု ဒီပလိုမာ။
ဟမ် သင်းအုပ်ဒီပလိုမာဆိုတာ ဘုရားရဲ့ထောက်ခံမှုကို ကိုယ်စားမပြုဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်ချက် ပါတယ်လို့ သက်သေမခံဘူး။
ဟုတ်တယ်။
အဲဒါတော့ မှန်တယ်။
ဒီနေ့ခေတ် သင်းအုပ်တွေ အကြီးအကဲတွေရဲ့ လုပ်ဆောင်ချက် တွေက အစွမ်းအစနဲ့ ပါရမီကိုပဲ အမှီပြုကြတာ။ ကျမ်းစာဆိုင်ရာ သီအိုရီတွေနဲ့ ဘာသာရေးအယူအဆတွေကို ဟောပြောကြတာ။ သူတို့ကိုယ်သူတို့ အမွှမ်းတင်ပြီး၊ နေရာတကာမှာ ဟန်ထုတ်ပြကြတယ်။ သခင့်အလိုတော်အကြောင်း၊ ဘုရားရဲ့သတ်မှတ်ချက်တွေအကြောင်း လုံး၀ မပြောကြဘူး။ ယုံကြည်သူတွေ အခက်အခဲတွေ့ပြီဆိုရင်၊ သခင် ဘယ်လိုများ ပြောလဲဆိုတာကို သူတို့ ရှာဖွေတယ်လို့ မရှိဘူး။ ဒီတော့ ဘယ်လိုတွေ ဖြစ်ကုန်လဲဆိုတာ မှန်းကြည့်ပေါ့။
ကျွန်မတို့သင်းအုပ်က ပြောထားတယ်....
ကဲ မြင်ပြီလား။ ဒါက လူတွေရဲ့စိတ်နှလုံးထဲက ဘုရားရဲ့နေရာကို ဝင်ယူနေတာ မဟုတ်ဘူးလား။
သိပ်မှန်တာပေါ့။ လူတွေက ဘုရားကို ယုံကြည်တယ်။ ဒီသင်းအုပ်တွေက အဲဒါကို လာဖျက်ဆီးတယ်။ သူတို့ကို ဘုရားသခင် ရွေးကောက်ထားတဲ့လူတွေက ကိုးကွယ်အောင် ဆွဲခေါ်နေတာပဲ။ လူတွေကို လှည့်စားနေတာ၊ လိမ်နေတာ၊ ဒုက္ခပေးနေတာသက်သက်ပဲ။ ဘုရားသခင်က အဲဒီလိုလူတစ်ယောက်ကို အသုံးပြုမယ်လို့ ထင်လား။
သူ့အလိုတော်ကို ဖော်ဆောင်ဖို့နဲ့ သူ့အမှုတော်ကို ပြီးမြောက်စေဖို့အတွက်၊ ဘုရားက လူတွေကို ခန့်ထားပြီး အသုံးပြုတယ်။ အဲဒီလူတွေဟာ ဘုရားကို ကြောက်ရွံ့ နာခံတဲ့လူ၊ ဘုရားရဲ့အလိုကို ဖော်ဆောင်နိုင်တဲ့လူ၊ ဘုရားကို အမှန်တကယ် သစ္စာရှိတဲ့လူတွေ ဖြစ်သင့်တယ်။ မဟုတ်ဘူးလား ပရိသတ်ကြီး။ (ဟုတ်ပါတယ်။)
ခဏလေး၊ ကျွန်မရဲ့သင်းအုပ်က ကျွန်မကို လှည့်စားနေတယ်လို့ စိတ်ထဲမှာ ခံစားလာရတယ်။ ဘယ်လိုဖြစ်တာလဲ။
စိတ်ထဲမှာ ခံစားလာရတာတင်မဟုတ်ဘူး။ သူက တကယ် လှည့်စားနေတာလေ။
ဗီဒီယို ကြည့်ပြီးတဲ့အခါ ခံစားချက်တွေ ရောထွေးသွားတယ်။ ဘာကို ခံစားရလဲဆိုတာကို ကျွန်တော် မပြောပြတတ်ဘူး။ ကျွန်တော် တော်တော်လေး မိုက်မိုက်မဲမဲ နာခံခဲ့မိပါလားလို့ ခံစားလိုက်ရတယ်။ အဲဒီထဲက ညီအစ်မနှစ်ယောက် မိတ်သဟာယပြုသွားတာ တော်တော် ရှင်းပါတယ်။ ဘုရားသခင် ခန့်အပ်ထားတဲ့ လူတွေမှာ သူတို့ရဲ့သက်သေခံချက်အနေနဲ့ ဘုရားနှုတ်ကပတ်တော် ရှိသလို၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အတည်ပြုချက်လည်း ရှိတယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေက ဓမ္မပညာတွေ လေ့လာပြီး ကျမ်းစာကျောင်းတွေကနေ ဘွဲ့လက်မှတ်တွေ ရထားပေမဲ့၊ သူတို့မှာ သက်သေအနေနဲ့ ဘုရားနှုတ်ကပတ်တော် မရှိဘူး။ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း သူတို့ကို သက်သေမခံသလို၊ အသုံးလည်း မပြုဘူး။ ဒီတော့ ဘုရားသခင် ခန့်အပ်ထားတဲ့သူတွေလို့ ဘယ်လို ယူဆလို့ရနိုင်မှာလဲ။ ဒါ့အပြင် သင်းအုပ်တွေရဲ့ တရားဒေသနာတွေက ကျမ်းစာထဲက လူတွေရဲ့ စကားတွေကိုပဲ အမြဲ ချီးမြှောက်ပြီး၊ ကျမ်းစာထဲက ဘုရားနှုတ်ကပတ်တော်တွေကိုကျတော့ မိတ်သဟာယပြုခဲတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ၊ သတ်မှတ်ချက်တွေအကြောင်းဆို လုံးဝ မပြောသလောက်ပဲ။ သူတို့ တရားဟောတဲ့ အကြောင်းအရာတွေကလည်း ရိုးအီနေတဲ့ စကားဟောင်းတွေဖြစ်ပြီး အလင်းမပါဘူး။ ယုံကြည်သူတွေရဲ့ အသက်တာအတွက် အထောက်အပံ့ မရဘဲဖြစ်စေတယ်။ ယုံကြည်သူအတော်များများက ဝိညာဉ်ရေးရာ အားနည်းပြီး လောကကို ဖက်တွယ်ကြတယ်။ ဒါကိုကြည့်ရင် သင်းအုပ်တွေမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိတာ ထင်ရှားသလို၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အတည်ပြုချက် ရှိဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒီလိုဖြစ်နေပြီးတော့ သင်းအုပ်တွေက “သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူ” ဆိုတဲ့ ကျမ်းချက်ကို သုံးပြီး သူတို့ရဲ့ ကိုယ်ပိုင် ဩဇာအာဏာကို ကျိုးကြောင်းပြကြတယ်။ လူတွေ သူတို့ကို နာခံလာအောင်လို့ ဘုရားသခင် ခန့်အပ်ထားသူတွေပါဆိုပြီး ကြေညာကြတယ်။ ဒါက လူတွေကို အထင်အမြင်မှားအောင်လုပ်ဖို့ ကျမ်းစာကို တလွဲအနက်ပြန်တာ မဟုတ်ဘူးလား။
ဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝက်ဘ်ဆိုက်က ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကို ကျွန်တော် တွေ့လိုက်ရတယ်။ အဲဒီမှာ ဘာပြောထားလဲဆိုတော့၊ “သခင့်ကို ယုံကြည်တဲ့ လူအတော်များများက ဘုရားသခင်ကို ကြီးမြတ်သူအနေနဲ့ ဂုဏ်မပြုကြဘူး။ အဲဒီအစား ဆုကျေးဇူးတွေ၊ အဆင့်အတန်းနဲ့ အာဏာတွေကို ကြောင်းကျိုးမမြင်ဘဲ ကိုးကွယ်ကြတယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေကိုလည်း ကြောင်းကျိုးမမြင်ဘဲ ကိုးကွယ်ပြီး ယုံကြည်ကြတယ်။ လူတွေမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ရှိမရှိ၊ သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဆိုတာကို သူတို့ မပိုင်းခြားတတ်ကြဘူး။ လူတစ်ယောက်မှာ သင်းအုပ်ဆရာ လက်မှတ်ရှိသရွေ့၊ ဆုကျေးဇူးတွေ ပိုင်ဆိုင်ပြီး ကျမ်းစာကို ရှင်းပြနိုင်သရွေ့၊ သူတို့ကို ဘုရားသခင် ခန့်အပ်ထားတာဖြစ်ပြီး နာခံသင့်တယ်လို့ ယုံကြည်ကြတယ်။ တချို့ဆို ပိုလို့တောင် အဓိပ္ပာယ်မဲ့တယ်၊ သင်းအုပ်တွေ၊ အကြီးအကဲတွေကို ကျိုးနွံနာခံတာဟာ ဘုရားသခင်ကို ကျိုးနွံနာခံတာနဲ့ အတူတူပဲဖြစ်ပြီး သင်းအုပ်တွေ၊ အကြီးအကဲတွေကို ဆန့်ကျင်တာက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ သဘောပဲလို့ ယုံကြည်နေကြတာလေ။ ဒီလို လူ့အယူအဆတွေနောက် လိုက်မယ်ဆိုရင်၊ ရှေးတုန်းက ဂျူးလူမျိုး ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေက ဘယ်လိုဖြစ်ခဲ့လဲ။ သူတို့က ကျမ်းစာ နှံ့နှံ့စပ်စပ်သိပြီး၊ တခြားလူတွေကို မကြာမကြာ ရှင်းပြလေ့ရှိခဲ့ပေမဲ့၊ ဒါပေမဲ့ သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုတဲ့အခါ သူတို့က သခင့်ကို ဆန့်ကျင်တယ်၊ ရှုတ်ချတယ်၊ သူ့ကို ကားစင်တောင်တင်သတ်ခဲ့ကြတယ်။ သူတို့ကို ဘုရားသခင် ခန့်အပ်ပြီး အသုံးပြုခဲ့တာများ ဖြစ်နိုင်မလား။ သခင်ယေရှုကို ဆန့်ကျင်ရာမှာ သူတို့နောက်လိုက်ခဲ့တဲ့ လူတွေကိုရော ဘုရားသခင်နောက် လိုက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနေခဲ့သူတွေလို့ ပြောလို့ရမလား။ ဒါကြောင့် ‘သင်းအုပ်တွေ၊ အကြီးအကဲတွေကို ကျိုးနွံနာခံတာက ဘုရားသခင်ကို ကျိုးနွံနာခံတာပဲ’ ဆိုတဲ့ အမြင်က တကယ်ကို အဓိပ္ပာယ်မရှိသလို လှည့်စားတဲ့အရာ ဖြစ်တယ်” တဲ့။ အဲဒီ မိတ်သဟာယထဲမှာ ဘာဆက်ပြောထားသေးလဲဆိုတော့ “သင်းအုပ်တွေ၊ အကြီးအကဲတွေက သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးတဲ့သူတွေဖြစ်ရင်၊ ပြီးတော့ သူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရှိရင်၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီး ကြုံတွေ့ခံစားတတ်အောင်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တတ်အောင် ကျွန်တော်တို့ကို ဦးဆောင်ပေးနိုင်တဲ့အပြင်၊ အဲဒီလိုလူတွေကို ကျွန်တော်တို့ လေးစားသင့်တယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်။ ဒါပေမဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက ဘုရားသခင်ကို မချီးမြှောက်၊ သက်သေမခံတဲ့အပြင် ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီး ကြုံတွေ့ခံစားတတ်အောင်လည်း ဦးဆောင်မပေးဘဲနဲ့၊ ကြွားဝါပြီး ကိုယ့်ကိုယ်ကိုယ် သက်သေထူပြဖို့အတွက် ကျမ်းစာဗဟုသုတတွေ၊ ဓမ္မပညာဆိုင်ရာ သီအိုရီတွေကိုပဲ ရှင်းပြနေမယ်၊ လူတွေကိုပါ သူတို့ကို ကိုးကွယ်ပြီး နောက်လိုက်အောင် လုပ်နေမယ်ဆိုရင်၊ ဒီလို သင်းအုပ်တွေ၊ အကြီးအကဲတွေမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ သူတို့က သခင့်လမ်းခရီးကနေ သွေဖည်နေပြီး ဘုရားသခင်ရဲ့ ရန်သူတွေ ဖြစ်တယ်။ အဲဒီလို အယောင်ဆောင် သိုးထိန်းတွေကို ဘုရားသခင်က ခန့်အပ်ပြီး အသုံးပြုနိုင်လို့လား။ ဒီလိုလူတွေကို ကျွန်တော်တို့က ဆက်ပြီး ကိုးကွယ်မယ်၊ အတုယူမယ်၊ နာခံမယ်ဆိုရင် ဒါဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ လုံးဝ ဆန့်ကျင်နေတဲ့သဘောပဲ” တဲ့။ ဒါကို ဖတ်ပြီးတဲ့နောက်မှာ သင်းအုပ်တွေ၊ အကြီးအကဲတွေက ဘုရားသခင် ခန့်အပ်ထားတာ မဟုတ်မှန်း၊ သူတို့ကို ကျိုးနွံနာခံတာက ဘုရားသခင်ကို ကျိုးနွံနာခံတာနဲ့ မညီမျှမှန်း ကျွန်တော် နားလည်သွားတယ်။ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပေမဲ့ သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို အာရုံမစိုက်ခဲ့သလို သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကိုလည်း မရှာဖွေခဲ့ဘူး။ သင်းအုပ်တွေ၊ အကြီးအကဲတွေရဲ့ စကားကိုပဲ ကြောင်းကျိုးမမြင် ယုံကြည်ခဲ့တယ်၊ သူတို့ရဲ့ ဆုကျေးဇူးတွေနဲ့ ကျမ်းစာဗဟုသုတတွေကို ကိုးကွယ်ပြီး သူတို့ စကားတွေကို သေချာ လိုက်နာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က ဩဇာအာဏာရှိပြီး၊ တန်ခိုးပါသလို ဘုရားသခင်ဆီက လာမှန်း၊ အသင်းတော်က မိတ်သဟာယတွေက ဉာဏ်ပွင့်လင်းစေပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ပါမှန်း ကိုယ့်စိတ်ထဲမှာ အတည်ပြုထားရက်နဲ့တောင်မှ ကျွန်တော် မရှာဖွေခဲ့ဘူး၊ မလေ့လာခဲ့ဘူး။ ကျွန်တော့်အတွက် အကဲဖြတ်ပေးဖို့ သင်းအုပ်ဆရာကို အကူအညီတောင်းမြဲတောင်းနေခဲ့မိတယ်။ ဒါ ဘယ်လို ယုံကြည်ခြင်းမျိုးလဲ။ အခြေခံအားဖြင့်တော့ ကျွန်တော်က သင်းအုပ်ဆရာကို ဘုရားဖြစ်သလိုမျိုး ယုံကြည်ခဲ့မိတာပါ။ ကျွန်တော် တော်တော် မိုက်မဲခဲ့တာပဲ။ ကျမ်းစာက ဒီလိုပြောတာကို ကျွန်တော် သတိရတယ်။ “လူကို ယုံကြည်ကိုးစား၍ ဇာတိပကတိကို လက်နက် ခွန်အားအဖြစ် အသုံးပြုကာ၊ ယေဟောဝါထံမှ စိတ်နှလုံး သွေဖည်သောသူသည် ကျိန်ခြင်းအမင်္ဂလာ ခံထိုက်သူ ဖြစ်၏။” (ယေရမိ အနာဂတ္တိကျမ်း ၁၇:၅) ဘုရားသခင်ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားတာကို သည်းမခံဘူး။ အပြင်ပန်းမှာတော့ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်တယ်ဆိုပေမဲ့၊ စိတ်ထဲမှာတော့ လူကို ကိုးကွယ်ပြီး လူနောက် လိုက်နေခဲ့တာကိုး။ ဒါက ရုပ်တုကိုးကွယ်ခြင်းပဲ၊ ပြီးတော့ ဒါဟာ ဘုရားသခင် အမုန်းဆုံးနဲ့ အစက်ဆုပ်ဆုံးအရာဖြစ်ပြီး ကိုယ်တော်ရဲ့ ပြစ်ဒဏ်စီရင်တာကို ခံရမယ့်အရာပဲ။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်တော် အတော်အတန် ကြောက်သွားပြီး အရမ်းနောင်တရသလို အပြစ်ရှိတဲ့စိတ် ခံစားလိုက်ရတယ်။ ဒါနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝက်ဘ်ဆိုက်ပေါ်မှာ “ဘုရားသခင်နောက်လိုက်ခြင်း” ဆိုတဲ့ စကားလုံးကို ရိုက်ပြီး ရှာကြည့်လိုက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို အမှတ်မထင် တွေ့လိုက်ရတယ်။ “ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ဝင်ရောက်မှုကို အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များအထမြောက်အောင် လုပ်ဆောင်ခြင်းကို အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် ဝင်ရောက်ရန် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင်နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို ဘေးဖယ်မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့ခေတ် အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်ပြီး ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ရင်း ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။...‘သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း’ ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို ကျိုးနွံနာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် ပုန်ကန်ခြင်း၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ပြီးတော့ ဒီလိုပြောထားတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယ တစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “ဘုရားသခင်နောက်လိုက်တယ်ဆိုတာ အဓိကအားဖြင့် ဘုရားသခင်ရဲ့ လက်ရှိ အမှုတော်နောက်ကို လိုက်တာ၊ ဘုရားသခင်ရဲ့ လက်ရှိ နှုတ်ကပတ်တော်တွေကို ကျိုးနွံနာခံပြီး လက်တွေ့လုပ်ဆောင်တာ၊ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းနိုင်တာ၊ အရာအားလုံးမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေတာ၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်တာ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုကို လုံးဝ ကျိုးနွံနာခံတာ၊ ပြီးတော့ နောက်ဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်လျှောက်တဲ့သူ ဖြစ်လာတာတွေကို ရည်ညွှန်းတယ်။ ဒါက ဘုရားသခင်နောက်လိုက်ပြီး သူ့ရဲ့ ကယ်တင်ခြင်းကို ရရှိတဲ့သူဖြစ်တာကို ဆိုလိုတဲ့အရာပဲ။ ကျွန်တော်တို့က ကျမ်းစာထဲက လူစကားတွေအတိုင်းပဲ လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ကျိုးနွံနာခံပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိရင်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်တဲ့အပြင် ဘာသာရေး ထုံးတမ်းစဉ်လာတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပဲ လိုက်နာမယ်ဆိုရင် ဒါက လူနောက်လိုက်တာ ဖြစ်တယ်။ ကျမ်းစာထဲက လူစကားတွေကို နာခံပြီး လိုက်လျှောက်ဖို့ ဘုရားနှုတ်ကပတ်တော်အနေနဲ့ သဘောထားရင်၊ သခင်ယေရှုရဲ့ စကားတွေကိုကျတော့ လျစ်လျူရှု၊ ဘေးဖယ်ထားပြီး၊ သခင့်ရဲ့ ပညတ်တော်တွေကို လုံးဝ မစောင့်ထိန်းဘူးဆိုရင်တော့ ကျွန်တော်တို့က သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေလိုပဲ ဖြစ်သွားမှာဖြစ်ပြီး၊ သခင်ယေရှုရဲ့ ပစ်ပယ်တာနဲ့ ကျိန်ဆဲတာကို ခံရလိမ့်မယ်။ ဒီနေ့ခေတ်လိုပေါ့၊ လူတွေက သခင့်ကို ယုံကြည်ပေမဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေကို ကြည်ညိုလေးမြတ်ပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်ကြတယ်၊ ပြဿနာရှိတိုင်း သင်းအုပ်တွေ၊ အကြီးအကဲတွေဆီမှာ အကြံဉာဏ်တောင်းပြီး တိုင်ပင်ကြတယ်။ မှန်ကန်တဲ့ လမ်းခရီးကို လေ့လာတဲ့နေရာမှာတောင် သင်းအုပ်တွေ၊ အကြီးအကဲတွေဆီ သွားမေးကြတယ်။ ရလဒ်အနေနဲ့၊ သူတို့က သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ လှည့်ဖြားပြီး အထင်အမြင်မှားအောင်လုပ်တာ ခံရတဲ့အပြင်၊ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းပေါ် ရောက်သွားကြတယ်။ ဒါဟာ လူနောက်လိုက်ခြင်းရဲ့ အကျိုးဆက်နဲ့ ရလဒ်ပဲဖြစ်တယ်။ သခင်ယေရှု အမှုပြုနေခဲ့တုန်းက အတိုင်းပဲပေါ့၊ ဂျူးလူမျိုး ယုံကြည်သူ အတော်များများက ယဇ်ပုရောဟိတ်အကြီးအကဲတွေနဲ့ ဖာရိရှဲတွေရဲ့ သွန်သင်ချက်တွေနောက်ကိုပဲ လိုက်ခဲ့ကြပြီး သခင်ယေရှုရဲ့ စကားတွေနဲ့ အမှုတော်ကို လက်မခံခဲ့ကြဘူး။ ရလဒ်အနေနဲ့ သခင့်ရဲ့ ကယ်တင်ခြင်းကို သူတို့ ဆုံးရှုံးခဲ့ရတယ်။ အပြင်ပန်းမှာတော့ သူတို့က ဘုရားသခင်ကို ယုံကြည်ခဲ့ကြပေမဲ့၊ တကယ်တမ်းကျတော့ သူတို့က ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ နောက်ကို လိုက်ခဲ့ကြတာပဲ။ ဒါပေမဲ့ ပေတရုနဲ့ ယောဟန်တို့ကျတော့ သခင်ယေရှုရဲ့ စကားတွေနဲ့ အမှုတော်မှာ ဩဇာအာဏာနဲ့ တန်ခိုးရှိပြီး ဘုရားသခင်ဆီက လာမှန်း မြင်ခဲ့ကြတယ်။ ဒါကြောင့် ဖာရိရှဲတွေရဲ့ ဘောင်ခတ်တာကို မခံရဘဲ သခင်ယေရှုနောက်ကို ချက်ချင်း လိုက်ခဲ့ကြတယ်။ သူတို့က ဘုရားသခင်နောက်ကို တကယ် လိုက်ပြီး ကျိုးနွံနာခံတဲ့သူတွေ ဖြစ်တယ်” တဲ့။ မိတ်သဟာယထဲမှာ ဘာထပ်ပြောထားသေးလဲဆိုတော့ “လူတစ်ယောက်ဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ကျိုးနွံနာခံရင်၊ ဘုရားသခင်ရဲ့ လက်ရှိ နှုတ်ကပတ်တော်တွေကို လက်ခံပြီး ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက် လိုက်တယ်ဆိုရင် အဒါမှပဲ သူ့ရဲ့ ယုံကြည်ခြင်းမှာ ဘုရားသခင်နောက် တကယ်လိုက်တာဖြစ်တယ်။ အထူးသဖြင့် ဘုရားသခင်က တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်နေတဲ့ နောက်ဆုံးသော ကာလမှာ ဘာသာရေးလောက တစ်ခုလုံးက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးပြီး ခြောက်ကပ်သွားပြီဖြစ်သလို၊ လူတွေဟာ မှန်ကန်တဲ့ လမ်းခရီးကို မဖြစ်မနေ ရှာဖွေလာရတယ်။ ဒီအချိန်မှာ ကျွန်တော်တို့က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရှာဖွေဖို့၊ အသင်းတော်တွေကို သန့်ရှင်းသော ဝိညာဉ်တော် ပြောကြားတဲ့ စကားတွေကို ရှာဖွေဖို့နဲ့ ဘုရားသခင်ရဲ့ အမှုတော်သစ်နောက်ကို အမီလိုက်ဖို့ ပိုပြီး အာရုံစိုက်သင့်တယ်။ ဗျာဒိတ်ကျမ်းမှာ ပြောထားသလိုပေါ့။ ‘သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။’ (ဗျာဒိတ်ကျမ်း ၁၄:၄) လူတစ်ယောက်က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ နှုတ်ကပတ်တော်တွေကို မရှာဖွေဘဲ၊ သင်းအုပ်တွေနဲ့ အကြီးအကဲတွေရဲ့ စကားတွေကိုပဲ နားထောင်ပြီး ဘုရားသခင်ရ့ အသံတော်ကို နားမထောင်ရင်၊ ဘုရားအမှုတော်ရဲ့ စွန့်ပစ်တာ၊ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ပြီးတော့ နောက်ဆုံးမှာ သူတို့ဟာ ငိုကြွေးပြီး အံသွားခဲကြိတ်ရမယ့် ကြီးမားတဲ့ ဘေးဒုက္ခတွေထဲ ကျရောက်သွားလိမ့်မယ်။ လူတွေက အထင်အမြင်မှားအောင်လုပ်ခံရပြီး ဘုရားသခင်ကို ယုံကြည်ရာမှာ လူနောက်လိုက်မိတဲ့အခါ သူတို့ဟာ သခင့်လမ်းခရီးကနေ သွေဖည်ပြီးသားဖြစ်တယ်။ ဒါဟာ ဘုရားသခင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တာနဲ့ သစ္စာဖောက်တာ ဖြစ်တယ်။ သူတို့သာ နောင်တမရရင် ဘုရားသခင်ရဲ့ စွန့်ပစ်တာနဲ့ ဖယ်ရှားရှင်းလင်းတာကို သေချာပေါက် ခံရလိမ့်မယ်” တဲ့။ ဒါကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် ရုတ်တရက် နားလည်သွားတယ်။ ဘုရားသခင်နောက်ကို တကယ်လိုက်တယ်ဆိုတာက အရာခပ်သိမ်းမှာ ဘုရားနှုတ်ကပတ်တော်ကို နားထောင်နိုင်ပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း လက်တွေ့လုပ်ဆောင်နိုင်တာအပြင်၊ အရေးအကြီးဆုံးက ဘုရားသခင်ရဲ့ လက်ရှိ အမှုတော်နောက်ကို အမီလိုက်ပြီး၊ ဘုရားသခင်ရဲ့ လက်ရှိ နှုတ်ကပတ်တော်တွေကို နာခံတာနဲ့ သိုးသငယ်ရဲ့ ခြေလှမ်းနောက်ကို ထပ်ကြပ်မကွာ လိုက်နိင်တာကို ဆိုလိုတဲ့သဘောပဲ။ ပေတရုနဲ့ ယောဟန်တို့ သခင်ယေရှုနောက်ကို ဘယ်လိုလိုက်ခဲ့လဲဆိုတာ ကျွန်တော် ပြန်ဆင်ခြင်မိတယ်။ သူတို့က သခင်ယေရှုရဲ့ စကားတွေနဲ့ အမှုတော်က ဘုရားဆီကလာတာဖြစ်မှန်း မြင်ခဲ့ကြလို့ ဒီလိုလုပ်နိုင်ခဲ့ကြတာပဲ။ သူတို့က ဘုရားသခင်ရဲ့ အသံတော်ကို အသိအမှတ်ပြုခဲ့ကြပြီး သခင့်နောက်လိုက်ဖို့ အရာရာကို စွန့်လွှတ်ခဲ့ကြတယ်။ သူတို့က ဘုရားသခင်နောက် တကယ်လိုက်ပြီး သူ့စကားတွေကို နားထောင်ခဲ့ကြတဲ့သူတွေပဲ။ အဲဒီအချိန်မှာ သင်းအုပ်တွေရဲ့ စကားကို ကြောင်းကျိုးမမြင်ဘဲ နားထောင်နေလို့ မဖြစ်တော့ဘူးဆိုတာနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရ့ အလုပ်ကို ရှာဖွေရမယ်၊ ဘုရားရဲ့ အသံတော်ကို နားထောင်ပြီး ဘုရားသခင်နောက်လိုက်တဲ့ လူတစ်ယောက် ဖြစ်ရမယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ နွေဦးရာသီပွဲတော် အားလပ်ရက်အတောအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ထုတ်လုပ်တဲ့ ဧဝံဂေလိ ရုပ်ရှင်အများကြီးကို သေလုမျောပါး ရေငတ်နေတဲ့သူလိုမျိုး ကျွန်တော် ကြည့်ခဲ့တယ်။ “စောင့်လို့နေ”၊ “ကျမ်းစာ၏ နက်နဲမှုကို ဖော်ထုတ်ခြင်း”၊ “မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ” နဲ့ “ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်” စတဲ့ ဇာတ်ကားတွေပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက လူဇာတိခံယူခြင်းရဲ့ နက်နဲမှု၊ ဘုရားနာမတော်ရဲ့ နက်နဲမှု၊ နောက်ဆုံးသော ကာလမှာ လူတွေကို ဘုရားသခင်က တရားစီရင်ပြီး သန့်စင်စေပုံနဲ့ လူအမျိုးအစားအလိုက် အဆုံးသတ်နဲ့ ပန်းတိုင်ကို ဘုရားသခင်က သတ်မှတ်ပုံဆိုတဲ့ သမ္မာတရားနဲ့ဆိုင်တဲ့ နက်နဲမှုတွေ အများကြီး ဖွင့်ပြတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ဘုရားသခင် ကိုယ်တိုင်ကလွဲရင် ဒီနက်နဲမှုတွေကို ဘယ်သူက ဖွင့်ပြနိုင်မှာလဲ။ လူတွေကို သန့်စင်စေဖို့နဲ့ ပြောင်းလဲစေဖို့ သမ္မာတရားကို တခြား ဘယ်သူက ဖော်ပြနိုင်မှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာ ကျွန်တော့်စိတ်ထဲမှာ ပိုပို သေချာလာပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဝမ်းမြောက်ဝမ်းသာ ကျွန်တော် လက်ခံလိုက်တယ်။
အခု ပြန်စဉ်းစားကြည့်တော့၊ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်တယ်၊ ကျိုးနွံနာခံတယ်လို့ အခိုင်အမာပြောနေခဲ့ပေမဲ့ သင်းအုပ်တွေကို အမြဲတိုင်ပင်ကာ သူတို့စကားကို နားထောင်ခဲ့တယ်။ လူနောက်လိုက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့လမ်းကြောင်းကို လျှောက်နေခဲ့မိတယ်။ သခင့်ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ကျွန်တော် လွဲချော်လုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်တော် တကယ်ကို မိုက်မဲပြီး မသိနားမလည်ဖြစ်ခဲ့တာပဲ။ ကျွန်တော် သမ္မာတရားကို နားလည်လာအောင် တဖြည်းဖြည်းချင်း လမ်းပြပေးပြီး သိုးသငယ်ရဲ့ ခြေလှမ်းနောက်ကို လိုက်ခွင့်ပေးခဲ့တာ ဘုရားသခင်ရဲ့ သနားကရုဏာပဲဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၂၀၁၈ သြဂုတ်လတုန်းက သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောတယ်။ သခင်ယေရှုပြန်လာပြီ တဲ့၊ ဘုရားရဲ့အိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့...
ဟိန်ရှင်း ဗီယက်နမ်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှာ ညီမတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အွန်လိုင်းစုဝေးပွဲကို ဖိတ်ခေါ်ခဲ့တယ်။...
အဲန်းဟွီ၊ တရုတ်ပြည်ကျွန်မသည် သာမန် ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျွန်မ၏ မိသားစုတာဝန်ဝတ္တရားများ၏ လေးလံသော ဝန်ထုပ်ဝန်ပိုးများက ကျွန်မကို...
ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...