ကျွန်မအဖေ၏ ဝင်ရောက်စွက်ဖက်မှုများကို ကျွန်မ ဖြတ်သန်းခဲ့ပုံ
ဒေလိယာ မက္ကစီကိုနိုင်ငံ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၈ရက်မှာ အင်တာနက်ကနေ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ သိခွင့်ရတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၂ ခုနှစ်၊ ဩဂုတ်လမှာ ဆွေမျိုးတစ်ယောက်က ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို ဟောပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အားလုံးက သမ္မာတရားဖြစ်မှန်း ကျွန်မ တွေ့ရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာကို ကျွန်မ အသိအမှတ်ပြုခဲ့တယ်။ ကျွန်မ အရမ်း စိတ်လှုပ်ရှားသွားတယ်။ ကိုယ့်တစ်သက်မှာ သခင်ယေရှု ပြန်ကြွလာတာကို ကြိုဆိုနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။ ဒါက တကယ်ကို ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ၊ ဘုရားသခင်က ကျွန်မကို ချီးမြှောက်နေတာ။ ကျွန်မတို့ လင်မယား လက်ထပ်ထားတာ နှစ်တွေ အတော်ကြာပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်။ လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင် ကြွလာပြီဆိုတဲ့ သတင်းကောင်းကို ကိုယ့်ယောကျ်ားကို ကျွန်မ ပြောပြမှ ဖြစ်မယ်၊ ဒါမှ သူလည်း ဘုရားသခင် ကယ်တင်တာခံရဖို့ အခွင့်အရေး ရမှာလေ။ ကျွန်မတို့ အတူတူ ဘုရားသခင်ကို ယုံကြည်ပြီး နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ရင် သိပ်ကောင်းမှာပဲပေါ့။ ယောကျ်ားကို ဧဝံဂေလိတရား ဟောပြတော့ သူက အလုပ်ရှုပ်လို့ အချိန်မရှိဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကိုတော့ သူ မကန့်ကွက်ခဲ့ပါဘူး။ တရုတ်ပြည်မကြီး တစ်ဝန်းလုံးမှာ ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရား အရှိန်အဟုန်နဲ့ ပျံ့နှံ့လာတာနဲ့အမျှ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ဖို့ စီစီပီက ကောလာဟလတွေ၊ စွပ်စွဲချက်တွေကို ရမ်းသန်းလုပ်ကြံပြီး သက်သေအထောက်အထားတွေ ဖန်တီးလာတော့တယ်။ ကျွန်မယောကျ်ားက သူ့ဖုန်းထဲမှာ အပျက်သဘောဆောင်တဲ့ ကောလာဟလတွေ အများကြီး ဖတ်မိသွားတယ်။ ဘုရားသခင်ကို ယုံကြည်လို့ ကျွန်မကို အစိုးရက ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်နိုင်တယ်၊ ပြီးတော့ ဒါက ကျွန်မတို့ကလေးရဲ့ အနာဂတ် ပညာရေးနဲ့ အလုပ်အကိုင်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာကို သူ သိသွားတဲ့အခါ ကျွန်မ ဘုရားသခင်ကို မယုံတော့အောင်လုပ်ဖို့ ညှဉ်းပန်းနှိပ်စက်ပါတော့တယ်။
၂၀၁၃ ခုနှစ် မတ်လရဲ့ နေ့လယ်ခင်းတစ်ခုမှာ အဝေးမှာ အလုပ်လုပ်နေတဲ့ ကျွန်မယောကျ်ားက သီးသန့် အချိန်ပေးပြီး အိမ်ကို ကားမောင်းပြန်လာတယ်။ သူက မျက်နှာထား တင်းတင်းနဲ့ ကျွန်မကို ပြောတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လို့ ငါ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ရဲတွေက မိုင်းတွင်းမှာ လာဖမ်းကြတယ်။ သူသာ အမြန်မပြေးရင် မိသွားခဲ့မှာ။ မင်းက ဘုရားသခင်ကို ယုံကြည်နေတော့ အခု ငါ တစ်နေ့လုံး ရင်တမမဖြစ်နေရတယ်။ တစ်နေ့ မင်း အဖမ်းခံရရင် ငါတို့ ဘယ်လိုဖြစ်ကုန်မလဲ။ ငါတို့ကလေးက အရမ်းငယ်သေးတာ၊ သူ့ကို ဘယ်သူ ကြည့်ရှုစောင့်ရှောက်ပေးမလဲ။ အခု အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခွင့် မပေးဘူး။ ယုံရင် မင်းကို သူတို့ ဖမ်းလိမ့်မယ်။ နိုင်ငံတော်က ခွင့်ပြုတဲ့အချိန်ထိစောင့်ပြီးမှ မင်း ယုံရင် မကောင်းဘူးလား။ အဲဒီအချိန်ရောက်ရင် ငါတို့မိသားစု တစ်ခုလုံး လူဆယ်နဲ့ချီပြီး မင်းနဲ့အတူ ဘုရားသခင်ကို ယုံကြည်ဖို့ ငါ ခေါ်လာပေးမယ်” တဲ့။ ကျွန်မက ပြောလိုက်တယ်၊ “စီစီပီ ဆိုတာ ဘုရားမဲ့ဝါဒီ ပါတီလေ။ သူတို့က ဘုရားသခင် ရှိတယ်ဆိုတာကို လုံးဝ မယုံကြည်ဘူး။ လူတွေကို ဘုရားသခင် ယုံကြည်ဖို့ ဘယ်လိုလုပ် ခွင့်ပြုမှာလဲ။ ရှင် ယုံခွင့်ပေးပေး၊ မပေးပေး ဘုရားသခင်ကို ကျွန်မ ဘယ်တော့မှ သစ္စာမဖောက်ဘူး” လို့ပေါ့။ ကျွန်မက သူပြောတဲ့အတိုင်း လုပ်မှာမဟုတ်ဘူးဆိုတာ မြင်တော့ သူက ဘာမှ ဆက်မပြောတော့ဘူး။ သူ ထွက်သွားပြီးနောက် ဘုရားသခင်ကို ယုံကြည်လို့ ငါသာ အဖမ်းခံရရင် အသက်ရှစ်နှစ်အရွယ် သားလေးကို ကြည့်ရှုစောင့်ရှောက်မယ့်သူ မရှိတော့ဘူးဆိုတဲ့ သူ့စကားကို သတိရပြီး ကျွန်မ အရမ်းကို နာကျင်ခံစားရတယ်။ ကျွန်မတို့ကလေးကို ကျွန်မ အသက် ၄၀ မှာ မွေးခဲ့တာ၊ မွေးတုန်းကလည်း သေလုနီးပါး ဖြစ်ခဲ့ရတယ်။ သူ ကလေးဘဝကတည်းက ကျွန်မကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာပါ။ သူ့ကို အရမ်း မြတ်နိုးခဲ့တယ်၊ ပါးစပ်ထဲ ငုံထားရင် အရည်ပျော်သွားမလား၊ လက်ပေါ် တင်ထားရင် ပြုတ်ကျသွားမလားဆိုပြီး အမြဲ စိုးရိမ်နေခဲ့တာ။ ကျွန်မသာ အဖမ်းခံရရင် သူ့ကို ဘယ်သူ စောင့်ရှောက်မလဲ။ ဒါကို တွေးမိတော့ ကျွန်မ ရင်ကွဲမတတ် ခံစားရပြီး လူသူမရှိတဲ့ နေရာတစ်ခု ရှာပြီး အားရပါးရ ငိုချင်ခဲ့တယ်။ ဆုတောင်းချင်စိတ်လည်း မရှိဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း မစားသောက်ချင်တော့ဘူး။ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာပဲ ကျွန်မ အသက်ရှင်နေခဲ့တယ်။
စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြတယ်၊ “မည်သူသည် ငါ့အတွက် မိမိကိုယ်ကို အပြည့်အဝ အသုံးခံနိုင်ပြီး ငါ့အတွက် ၎င်းတို့၏ အရာအားလုံးကို အမှန်တကယ် ပူဇော်ဆက်ကပ်နိုင်သနည်း။ သင်တို့အားလုံးသည် ဟက်ဟက်ပက်ပက် မရှိကြ။ သင်တို့၏ အတွေးများသည် မိသားစုအကြောင်း၊ ပြင်ပလောကအကြောင်း၊ အစားအသောက်နှင့် အဝတ်အစားအကြောင်းတို့ကို တွေးတောလျက် ချာချာလည်နေကြသည်။ သင်သည် ဤနေရာ ငါ့ရှေ့မှောက်တွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသည်ဟူသော အချက်ရှိသော်လည်း သင်၏ စိတ်နှလုံးထဲတွင် အိမ်ရှိ သင်၏ ဇနီး၊ သားသမီးများနှင့် မိဘများကို တွေးတောနေဆဲ ဖြစ်သည်။ ၎င်းတို့သည် သင်၏ ပိုင်ဆိုင်မှု ဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင် အဘယ်ကြောင့် မအပ်နှံသနည်း။ သင်သည် ငါ့ကို မယုံကြည်သလော။ သို့မဟုတ် ငါသည် သင့်အတွက် မသင့်လျော်သော အစီအစဉ်များ ပြုလုပ်မည်ကို သင် ကြောက်ရွံ့နေခြင်း ဖြစ်သလော။ သင်၏ ဇာတိပကတိ မိသားစုနှင့် သင် ချစ်ရသူများသည် သင်၏ စိတ်ထဲတွင် အဘယ်ကြောင့် အစဉ်သဖြင့် ရှိနေရသနည်း။ သင်၏ စိတ်နှလုံးထဲတွင် ငါသည် နေရာတစ်ခု ယူထားသလော။ သို့ရာတွင် သင်၏အတွင်း၌ ငါ့ကို အုပ်စိုးခွင့်ပေးမည်ဖြစ်ပြီး သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို နေရာယူခွင့်ပေးမည်ဟု သင် ဆိုသည်၊ ဤအရာများအားလုံးသည် လှည့်ဖြားတတ်သော လိမ်ညာမှုများ ဖြစ်သည်။ သင်တို့ထဲမှ မည်မျှသည် အသင်းတော်အပေါ် စိတ်နှလုံးအကြွင်းမဲ့ ကတိကဝတ်ပြု ထားကြသနည်း။ ပြီးလျှင် သင်တို့အကြားတွင် မည်သူက မိမိတို့အတွက် မတွေးဘဲ ယနေ့၏ နိုင်ငံတော်အကြောင်းကို တွေးသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် အရာအားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို အစီအစဉ်တကျ စီစဉ်ပေးထားတာ၊ ကလေးတစ်ယောက်ရဲ့ ကံကြမ္မာဆိုရင် ပြောစရာတောင် မလိုတော့ဘူးလေ။ ကျွန်မ အဖမ်းခံရမလား၊ ကျွန်မကလေး ဒုက္ခရောက်မလား ဆိုတာတွေ အားလုံးက ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်။ ကျွန်မ ဘုရားသခင်ကို မယုံကြည်ခင်ကဆိုရင် သားလေး အသက် ၃ နှစ်မှာ လက်မောင်းကျိုးခဲ့တာကို မှတ်မိသေးတယ်။ သူ ၆ နှစ်မှာ ကားတိုက်ခံရလို့ ဒဏ်ရာတွေဆိုတာ အပြည့်ပဲ။ ၈ နှစ်ကျတော့ ကားတံခါးညပ်လို့ လက်ချောင်းလေး ကျိုးသွားပြန်တယ်။ ကျွန်မက သူ့ဘေးမှာနေပြီး ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်နေပေမဲ့ တချို့ ကံဆိုးမိုးမှောင်ကျတာတွေကတော့ ရှောင်လွှဲလို့ မရခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်မှာ တာဝန်ထမ်းဆောင်ကတည်းက သားလေးဘေးမှာ နေ့တိုင်း မရှိပေမဲ့ ဘုရားသခင်ရဲ့ ကာကွယ်မှုအောက်မှာ သူ ဘေးကင်းကင်းနဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တယ်။ ကျွန်မ အိမ်မှာ ရှိနေတုန်းကထက်တောင် ပိုပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခံခဲ့ရတယ်။ ဒါက လူတွေရဲ့ ကံကြမ္မာဟာ ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ပြနေတာပဲ။ ဒါကို တွေးမိတော့ သားလေးအတွက် စိတ်မပူတော့ဘဲ ကျွန်မရဲ့ စိတ်နှလုံးလည်း အများကြီး လွတ်မြောက်သွားသလို ခံစားခဲ့ရတယ်။ ပြီးတော့ ကျွန်မရဲ့ တာဝန်ကို ဆက်ထမ်းဆောင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မယောကျ်ားက ဘုရားသခင်ကို ယုံကြည်တာ စွန့်လွှတ်အောင် ကျွန်မကို အကြိမ်ကြိမ် ဖျောင်းဖျဖို့ ကြိုးစားတယ်။ တကယ် ဖျောင်းဖျလို့ မရမှန်း သူသိသွားတဲ့အခါ ကျွန်မကို ညှဉ်းပန်းနှိပ်စက်ပြီး တားဆီးပါတော့တယ်။ ဇူလိုင်လမှာ သူက ခွင့် သုံးလ ယူလိုက်တယ်။ ကျွန်မ သွားလေရာကို တစ်နေ့လုံး နောက်ယောင်ခံလိုက်ပြီး အခုလို ဆိုတယ်၊ “ဘုရားသခင်ကို ယုံကြည်တဲ့သူ ဘယ်သူ့ကိုမဆို တွေ့တာနဲ့ တိုင်ချက်ဖွင့်ပြီး ထောင်ထဲပို့ပစ်မယ်” တဲ့။ ညီအစ်ကိုမောင်နှမတွေကို အန္တရာယ်ဖြစ်စေမှာ ကြောက်လို့ စုဝေးပွဲတွေကို ကျွန်မ မတက်ရဲတော့ဘူး။ အိမ်မှာဆိုရင် သူက ကျွန်မကို မျက်မှောင်ကြုတ်ပြီး တစ်နေ့လုံး ရက်ရက်စက်စက် ဆဲဆိုတယ်၊ သူ့ဒေါသပြေဖို့ ဆိုးဆိုးရွားရွား ကျိန်ဆဲရေရွတ်တယ်။ အိမ်ကို ပြောင်းပြန်လှန်တာတွေလည်း လုပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို တွေ့ရင် ဆုတ်ဖြဲပစ်တယ်။ အမ်ပီဖိုက်စက်ကို တွေ့ရင် ရိုက်ခွဲပစ်တယ်။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မ ပြင်းပြင်းထန်ထန် ဝေဒနာခံစားခဲ့ရတယ်။ စိတ်ကို ငြိမ်ငြိမ်ထားပြီး ဘုရားသခင်ကို ဆုတောင်းဖို့ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလိုပဲ။ နေ့တိုင်း ကိုယ့်ယောကျ်ားရဲ့ ဆဲဆိုကြိမ်းမောင်းတာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေကို ကျွန်မ ကြိတ်မှိတ်သည်းခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ အမှုသစ်ကို လိုက်လျှောက်ဖို့က အရမ်းခက်ခဲလွန်းတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ အသင်းတော်မှာ ယေရှုကို ယုံကြည်တုန်းက ကျွန်မယောကျ်ားက ကျွန်မကို မညှဉ်းပန်းနှိပ်စက်ခဲ့ဘူး၊ အဲဒီတော့ အသင်းတော်ကို ပြန်သွားပြီး ယေရှုကိုပဲ ယုံကြည်တာ ပိုကောင်းမယ်ထင်တယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကို အသင်းတော်မှာ လုံးဝ မကြားနိုင်ဘူးလေ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုကို မရဘူးဆိုရင် အသင်းတော်ကို ဘယ်နှစ်နှစ်ပဲ တက်တက် အလဟဿပဲ ဖြစ်မှာ။ ကယ်တင်ခံရပြီး နိုင်ငံတော်ထဲ ဝင်ရောက်လို့ရမှာ မဟုတ်ဘူး။ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို မြင်တွေ့ခဲ့ရပြီး သခင် ပြန်ကြွလာတာကို မကြိုဆိုရသေးခင် ယေရှုကို ယုံကြည်ခဲ့တဲ့ အဲဒီနှစ်တွေတစ်လျှောက်လုံး မျှော်လင့်စောင့်စားခဲ့ရာကနေ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်မှုနဲ့ သန့်စင်ခြင်းကို လက်ခံဖို့ အခွင့်အရေး ရခဲ့တာတွေကို ကျွန်မ ပြန်တွေးမိတယ်။ ကျွန်မယောကျ်ားရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး တားဆီးပိတ်ပင်မှုကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို စွန့်လွှတ်လုနီးပါး ဖြစ်ခဲ့ရတာကိုလည်း တွေးမိတာပေါ့။ ကျွန်မ လုံးဝ စွန့်လွှတ်လိုစိတ်မရှိခဲ့ဘူး၊ နှလုံးသား တစ်သောင်းလောက်ရှိရင် အကုန်လုံးက “မလုပ်နဲ့” လို့ အော်ဟစ်နေသလို ခံစားရတယ်။ ပြင်းထန်တဲ့ဝေဒနာကြားက ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ သမီးယောကျ်ားက နေ့တိုင်း စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေသုံးပြီး သမီးကို တားဆီးတယ်၊ ဆဲဆိုကြိမ်းမောင်းတယ်။ သမီးကိုလည်း နောက်ယောင်ခံလိုက်တယ်။ ကိုယ်တော့် နှုတ်ကပတ်တော်တွေကို ဖတ်ဖို့ အခွင့်အရေး မရသလို ညီအစ်ကိုမောင်နှမတွေနားလည်း မကပ်ရဲဘူး။ ကျဉ်းထဲကျပ်ထဲ အသက်ရှင်နေရသလို ခံစားရတယ်။ အရမ်းကို နာကျင်ပြီး ညှဉ်းပန်းခံနေရပါတယ်။ ချစ်လှစွာသော ဘုရားသခင်၊ ကိုယ်တော် ပြန်ကြွလာမယ့်အချိန်ကို စောင့်မျှော်ရတာ ခက်ခဲလှပါတယ်၊ သမီး ကိုယ်တော့်ကို မခွဲခွာလိုပါဘူး။ သမီးရဲ့ ဆုတောင်းသံကို နားဆင်ပြီး သမီးအတွက် လမ်းတစ်ခု ဖွင့်ပေးတော်မူပါ” ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သင်သည် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရသည့်အခါ ဇာတိပကတိအတွက် သင်၏ အလေးထားခြင်းကို ဘေးဖယ်ထားနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်ကို မကျေမနပ် ပြောဆိုခြင်းများ မပြုလုပ်ဘဲ နေနိုင်ရမည်။ ဘုရားသခင်က သင့်ထံမှ ပုန်းကွယ်နေသည့်အခါ သင်သည် ဘုရားသခင်၏နောက်သို့ လိုက်ရန် ယုံကြည်ခြင်း ရှိနိုင်ရမည်ဖြစ်ပြီး သင်၏ ယခင်ချစ်ခြင်းကို ပြောင်းလဲခွင့် သို့မဟုတ် ပျောက်ကွယ်သွားခွင့်မပြုဘဲ ထိန်းသိမ်းထားနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်အလိုရှိသည့်အတိုင်း စီစဉ်ညွှန်ကြားခွင့် ပေးရမည်ဖြစ်ပြီး ဘုရားသခင်ကို မကျေမနပ် ပြောဆိုခြင်းများ ပြုလုပ်မည့်အစား သင်၏ ကိုယ်ပိုင် ဇာတိပကတိကိုသာ ကျိန်ဆဲရန် ပို၍နှစ်သက်ရမည်။ သင်သည် စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်ကို ကျေနပ်စေရန် ပျက်ကွက်မည့်အစား သင်ချစ်သောအရာကို စွန့်လွှတ်ရသည့် နာကျင်မှုကို သည်းခံရန်နှင့် ခါးသီးစွာ ငိုကြွေးရန် ပို၍နှစ်သက်ရမည်။ ဤအရာသာလျှင် စစ်မှန်သော ချစ်ခြင်းနှင့် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုသည် မည်သို့ပင် ရှိနေပါစေ သင်သည် ဤဆင်းရဲဒုက္ခခံရန် စိတ်ပိုင်းဖြတ်မှုနှင့် စစ်မှန်သော ယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာ ပိုင်ဆိုင်ရမည်။ ဇာတိပကတိကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်မှုလည်း ရှိရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ပျက်ကွက်မည့်အစား ဆင်းရဲဒုက္ခခံရန်နှင့် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများ ဆုံးရှုံးမှုကို တွေ့ကြုံရန် ပို၍နှစ်သက်ရမည်။ သင်သည် သင်၏ စိတ်နှလုံးထဲတွင် နောင်တကြီးစွာရခြင်းကို ခံစားနိုင်စွမ်းလည်း ရှိရမည်၊ အတိတ်က သင်သည် ဘုရားသခင်ကိုကျေနပ်ဖို့ မလုပ်နိုင်ခဲ့သော်လည်း ယခုအခါ သင်သည် နောင်တရနိုင်ပေသည်။ ဤကဏ္ဍများထဲမှ မည်သည့်အရာတွင်မျှ သင် လိုအပ်ချက် မရှိနေရပေ၊ ဤအရာများမှတစ်ဆင့် ဘုရားသခင်သည် သင့်အား စုံလင်အောင် ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် ဤအခြေအနေများနှင့် မကိုက်ညီပါက သင်သည် စုံလင်အောင် ပြုခြင်း မခံရနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မယောကျ်ားရဲ့ ညှဉ်းပန်းနှိပ်စက်တာနဲ့ တားဆီးပိတ်ပင်တာတွေကို ဘုရားသခင်က ခွင့်ပြုထားတာဖြစ်မှန်း ကျွန်မ နားလည်လိုက်တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ဆင်းရဲဒုက္ခခံလိုတဲ့ စိတ်ဆန္ဒကို စုံလင်စေဖို့ ဘုရားသခင်က ဒါကို လုပ်ဆောင်ခဲ့တာပါ။ ဘုရားသခင်ကို စယုံကြည်တုန်းက ကိုယ်တော့် ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို မြင်တွေ့ခဲ့ရပြီး အရာရာ ချောမွေ့နေတော့ ကျွန်မ ပျော်ရွှင်ခဲ့တယ်၊ ဘုရားသခင်နောက် လိုက်ဖို့လည်း ယုံကြည်ခြင်း ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မယောကျ်ားရဲ့ ညှဉ်းပန်းနှိပ်စက်တာ၊ ဆဲဆိုကြိမ်းမောင်းတာကို ခံရပြီး ဆင်းရဲဒုက္ခ ကြုံရတဲ့အခါ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းတွေ ပျောက်ဆုံးသွားတယ်၊ သုံးပါးကိုယ်ပိုင် အသင်းတော်ကို ပြန်သွားဖို့တောင် တွေးမိခဲ့တယ်။ ကျွန်မက ဆင်းရဲဒုက္ခခံလိုစိတ် တစ်စက်မှ မရှိတဲ့ သတ္တိကြောင်သူ တစ်ယောက်ပါပဲ။ ယုံကြည်ခြင်းနဲ့ ဆင်းရဲဒုက္ခခံလိုစိတ် ပေးသနားဖို့ ဘုရားသခင်ဆီ ကျွန်မ အလေးအနက် ဆုတောင်းမှဖြစ်တော့မှာ။ စုဝေးပွဲတစ်ခုမှာ ဖတ်ခဲ့ရတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး သူ၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအရာအားလုံးကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျား၊ ပြောင်းလဲကာ အသစ်ပြန်ဖြစ်ပြီး ကွယ်ပျောက်သွားမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည့်ပုံစံဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ အရာအားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာရယ်၊ ကျွန်မယောကျ်ားရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာရယ်ကို ကျွန်မ နားလည်ခဲ့တယ်။ ဒီအခြေအနေကို ကြုံတွေ့ရတဲ့အခါ ဘုရားသခင်ကို ယုံကြည်ပြီး မှီခိုအားထားဖို့ လိုအပ်တယ်။ အဲဒီနောက်မှာ ဘုရားသခင်က ကျွန်မအတွက် လမ်းတစ်ခု ဖွင့်ပေးခဲ့တယ်။ အချိန်တစ်ခုထိ ကျွန်မယောကျ်ားက သူ့စောင်ကို ယူပြီး တခြားအခန်းမှာ သွားအိပ်တော့ ကျွန်မလည်း စိတ်ကို ငြိမ်ငြိမ်ထားပြီး ဘုရားသခင်ဆီ ဆုတောင်းနိုင်ခဲ့တယ်။ တစ်ခါတလေ သူ အပြင်သွားရတဲ့အခါ အဲဒီအချိန်တိုလေးကို အသုံးချပြီး ညီအစ်ကိုမောင်နှမတွေကို ရှာတယ်၊ ဘုရားသခင်ရဲ့ အိမ်တော်ကနေ နောက်ဆုံးထွက်တဲ့ ဗီဒီယိုတွေကို ဒေါင်းလုဒ်ဆွဲတယ်။ အခွင့်အရေးရတာနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ ဘုရားအိမ်တော်က ပို့ပေးတဲ့ ဗီဒီယိုတွေကို ကြည့်တယ်။ တဖြည်းဖြည်းနဲ့ ဘုရားသခင်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးက ပိုပြီး ပုံမှန်ဖြစ်လာပြီး စိတ်နှလုံးက ညှဉ်းပန်းခံရတာ နည်းသွားတယ်။ သုံးလကြာတော့ သူ့ရဲ့ ခွင့်ရက် ကုန်သွားပြီး အလုပ်ပြန်ဝင်သွားတယ်။ အဲဒီအခါ ကျွန်မလည်း အသင်းတော် အသက်တာကို ပုံမှန် ပြန်တက်နိုင်ခဲ့တယ်။
ဒါပေမဲ့ ဒီလိုအချိန်ကောင်းလေးတွေက သိပ်မကြာလိုက်ပါဘူး။ နှစ်လကြာတော့ မိုင်းတွင်းမှာ ကြီးမားတဲ့ မတော်တဆမှုကြီးတစ်ခု ဖြစ်ပြီး လူအသေအပျောက် အများကြီး ရှိခဲ့တယ်။ အစိုးရက မိုင်းတွင်းတွေ အားလုံးကို အလုပ်ရပ်နားခိုင်းလိုက်တော့ ကျွန်မယောကျ်ားလည်း နောက်ထပ် ခွင့် နှစ်လ ရသွားပြန်တယ်။ အရင်ကလိုပဲ သူက အိမ်မှာနေပြီး ကျွန်မကို နောက်ယောင်ခံလိုက်တယ်၊ စောင့်ကြည့်တယ်။ သူက ကျွန်မကို စုဝေးပွဲပေးမသွားဘူး၊ ဘုရားနှုတ်ကပတ်တော်တွေ ပေးမဖတ်ဘူး။ တစ်ညနေမှာ ကျွန်မယောကျ်ား ကွန်ပျူတာမှာ အင်တာနက် သုံးနေတာကို ကျွန်မ တွေ့လိုက်တယ်။ အဲဒီအခွင့်အရေးကိုယူပြီး အိပ်ခန်းထဲသွားတယ်၊ စောင်ထဲမှာပုန်းပြီး တရားဒေသနာတွေနဲ့ အသက် ဝင်ရောက်မှုအကြောင်း မိတ်သဟာယတွေကို နားထောင်နေလိုက်တယ်။ နာရီဝက်လောက်ကြာတော့ သူ အိပ်ခန်းထဲ ဝင်လာတယ်။ အလိုလို အမ်ပီဖိုက်စက်ကို ကျွန်မ ဝှက်လိုက်ပေမဲ့ သူ တွေ့သွားပြီး ရူးနေတဲ့သူတစ်ယောက်လို လုယူပါလေရော။ သူက ရက်ရက်စက်စက် ပြောတယ်၊ “ငါသတ်တာကို ခံချင်နေတာလား။ နင်က ယုံရဲသေးတယ်ပေါ့လေ။ ဘယ်လိုလုပ် နားထောင်ရဲရတာလဲ။ ဘယ်လိုလုပ် ယုံရဲရတာလဲ” တဲ့။ ပြောရင်းဆိုရင်း အမ်ပီဖိုက်စက်ကို ဆွဲယူပြီး ကြမ်းပြင်ပေါ် အကြမ်းပတမ်း ရိုက်ခွဲပစ်လိုက်တယ်။ စက်ကလေး ကွဲကြေသွားတော့ ကျွန်မလည်း အလောတကြီး ကုန်းကောက်လိုက်တယ်။ အဲဒီမှာ သူက ကျွန်မကို လက်သီးနဲ့ထိုးတယ်၊ ခြေထောက်နဲ့ ကန်တယ်၊ မျက်နှာကို မညှာမတာ ဖြတ်ရိုက်ပြီး ကျွန်မအပေါ် တက်နင်းတော့တာပဲ။ မကြာခင်မှာပဲ အရိုက်ခံရလွန်းလို့ မျက်နှာတစ်ခုလုံး ပွန်းပဲ့ရောင်ရမ်းလာပြီး နှာခေါင်းနဲ့ ပါးစပ်ကနေ သွေးတွေ ထွက်လာတယ်။ သားလေးက ဘေးတစ်ဖက်မှာ ရပ်ပြီး ကြောက်လန့်တကြား တုန်ယင်နေတယ်၊ မျက်ရည်တွေနဲ့ အသံတုန်တုန်ယင်ယင် အော်ငိုရင်း “ဖေဖေ၊ မေမေ့ကို မရိုက်ပါနဲ့တော့။ မေမေ့ကို မရိုက်ပါနဲ့” တဲ့။ အဲဒီတော့မှ သူ ရပ်သွားတယ်။ သူက ရက်ရက်စက်စက် ဆက်ပြောတယ်၊ “ကလေးသာမရှိရင် ဒီည နင့်ကို ငါ ရိုက်သတ်ပစ်ပြီ။ နင် ဘုရားဆက်ယုံရဲသေးလား ကြည့်ရအောင် နင့်ခြေထောက်တွေကို ငါ ချိုးပစ်မှာ” တဲ့။ ကိုယ့်ယောကျ်ားဆီက အခုလို ဆက်ဆံခံရတော့ ကျွန်မရဲ့ ရင်ထဲအထိ အေးစက်သွားရတယ်။ ဒီမိသားစုကို စောင့်ရှောက်ဖို့ ကျွန်မ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ကျွန်မတို့ အတူတူ ပေါင်းသင်းလာခဲ့တာ နှစ်တွေ ဘယ်လောက်တောင် ကြာပြီလဲဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ အခုတော့ ဘုရားသခင်ကို ယုံကြည်လို့ဆိုပြီး သူက ကျွန်မကို ရိုက်နှက်တယ်၊ သေစေချင်နေတယ်။ သားလေးကသာ ရပ်ဖို့ သူ့ကို မတောင်းပန်ခဲ့ရင် ကျွန်မကို ဘယ်လိုအခြေအနေမျိုး ရောက်အောင် လုပ်ပစ်မလဲဆိုတာ ကျွန်မ မသိဘူး။ သူက ကိုယ်တိုင် ကိုယ်ထင်ပြတဲ့ နတ်ဆိုးတစ်ကောင်ပါပဲ။ နောက်တော့ သူက သူ့ညီအစ်ကို မောင်နှမတွေကို ဖုန်းဆက်ခေါ်လိုက်တယ်။ သူတို့ ရောက်လာပြီး ကျွန်မ အိပ်ရာပေါ်မှာ လှဲနေတာကို မြင်သွားကြတယ်။ သူတို့က စကားတစ်ခွန်းမှ မပြောဘဲ အိပ်ရာပေါ်ကနေ ဧည့်ခန်းဆီကို ကျွန်မကို အတင်းတွန်းထိုးပြီး တရွတ်တိုက် ခေါ်သွားကြတယ်။ ဆိုဖာပေါ်မှာ ကျွန်မ အရုပ်ကြိုးပြတ် ထိုင်မိတယ်။ ယောက်မလတ်က ရက်ရက်စက်စက် ပြောတယ်၊ “နင့်မှာ ဒီထက်ကောင်းတဲ့ လုပ်စရာ မရှိဘူးလား။ နင် ဘာတွေစဉ်းစားနေတာလဲ၊ ကောင်းကောင်းမွန်မွန် နေလို့ရတဲ့ ဘဝကို ဘေးချိတ်ပြီး ဘယ်ကဘုရားကို အတင်းတွေ ယုံနေတာလဲ” တဲ့။ ယောက်မအငယ်ကလည်း ပြောတယ်၊ “အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ဖမ်းနေတယ်ဆိုတာ သိသိရက်နဲ့ နင်က ယုံနေသေးတယ်။ အစ်ကို ရိုက်တာ နင်နဲ့ တန်တယ်” တဲ့။ ခဲအိုကလည်း ဘေးကနေ မီးလောင်ရာ လေပင့်တယ်၊ “ငါ့အစ်ကိုကြီးက နင့်ကို ရိုက်တာ သိပ်ညှာလွန်းတယ်။ ငါ့အဒေါ်ကလည်း နင့်လိုပဲ ယုံကြည်တာ၊ သူ အပြင်ထွက်သွားတိုင်း ငါ့ဦးလေးက သူ့ကို ရိုက်တာပဲ၊ အမြဲတမ်း သေလုမျောပါး ရိုက်တာ” တဲ့။ အသက် ဆယ်နှစ်ကျော်ပဲ ရှိသေးတဲ့ တူမလေးကတောင် ကျွန်မကို လက်ညှိုးထိုးပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောသေးတယ်၊ “အန်တီက တကယ် အရူးပဲ။ ကျွန်မတို့ မိသားစုမှာ လူဆယ်နဲ့ချီ ရှိတာ၊ ဘယ်သူမှ ဒါကို မယုံဘူး။ အန်တီ တစ်ယောက်တည်းပဲ ရှိတာ” တဲ့။ သူတို့အားလုံး တန်းစီပြီး ကျွန်မကို တိုက်ခိုက်နေကြတာကို ကြည့်ရင်း သူတို့ပါးစပ်ကနေ စကားတွေ တရဟော ထွက်လာတော့ ကျွန်မ မခံမရပ်နိုင်အောင် ဝမ်းနည်းမိတယ်၊ “ဘုရားသခင်ကို ယုံကြည်တာ ဥပဒေချိုးဖောက်တာမှ မဟုတ်တာ၊ ငါဘာအမှားမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့က ငါ့ကို ရန်သူလို ဆက်ဆံနေကြတယ်။ လူကြီးတွေ ငါ့ကို တိုက်ခိုက်တာက သည်းခံလို့ ရသေးတယ်၊ အခု တူမလေးကပါ ငါ့ကို လက်ညှိုးထိုးပြီး အပြစ်တင်နေတာပါလား” လို့ တွေးမိတယ်။ လုံးဝကို အရှက်ရမိပြီး ကျွန်မရဲ့ ဂုဏ်သိက္ခာလည်း အကြီးအကျယ် စော်ကားခံလိုက်ရတယ်။ ပြင်းပြတဲ့ဝေဒနာကြားက ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သမီး မသိပါဘူး။ ကျေးဇူးပြုပြီး သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ကမ္ဘာမြေပေါ်တွင် လူ့ဇာတိဖြင့် ဘုရားသခင်၏ သုံးဆယ့်သုံးနှစ်ခွဲကာလသည် ယင်းကိုယ်၌က အလွန့်အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ပြီး သူ့ကို မည်သူကမျှ နားမလည်နိုင်ခဲ့ပေ။...သူသည်းညည်းခံသည့် ဆင်းရဲဒုက္ခအများစုမှာ အဆုံးစွန်ထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်ခြင်း၊ လူမျိုးစုံထံမှ လှောင်ပြောင်မှု၊ စော်ကားမှု၊ ဝေဖန်မှုနှင့် ရှုတ်ချမှုတို့ကို သည်းညည်းခံရခြင်းအပြင် မကောင်းဆိုးဝါးများ၏ လိုက်လံဖမ်းဆီးခြင်းနှင့် စိတ်ဝိညာဉ်တွင် မည်သူမျှ ပြင်မရနိုင်သည့် ဒဏ်ရာများ ဖြစ်စေသည့် ဘာသာရေးလောက၏ ငြင်းပယ်မှုနှင့် ရန်လိုမှုတို့ ဖြစ်သည်။ ယင်းမှာ နာကျင်စရာကိစ္စတစ်ခု ဖြစ်သည်။ သူသည် အလွန်ကြီးမားသော စိတ်ရှည်သည်းခံခြင်းဖြင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ သူ၏ ဒဏ်ရာများ ရှိလင့်ကစား လူတို့ကို ချစ်ပြီး ဤသည်မှာ အလွန်အမင်း နာကျင်ဖွယ်ရာ အမှုဖြစ်သည်။ လူသားမျိုးနွယ်၏ ရက်စက်သော အတိုက်အခံလုပ်ခြင်း၊ ရှုတ်ချခြင်းနှင့် အသရေဖျက်ခြင်း၊ မဟုတ်မမှန် စွပ်စွဲခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ၎င်းတို့၏ လိုက်လံဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိသည် ဤအမှုကို မိမိအတွက် အန္တရာယ်များစွာ စွန့်စားရခြင်းဖြင့် လုပ်ဆောင်ရသည်။ ဤဝေဒနာများကို သူခံစားရသည်နှင့်အမျှ အဘယ်သူသည် သူ့ကို နားလည်နိုင်ခဲ့ပြီး အဘယ်သူသည် သူ့ကို နှစ်သိမ့်ပေးနိုင်ခဲ့ပါသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ခရစ်တော်၏ အနှစ်သာရသည် ချစ်ခြင်းမေတ္တာဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက နွေးထွေးတဲ့ ရေစီးကြောင်းလေးတစ်ခုလို ကျွန်မရဲ့ စိတ်နှလုံးကို နွေးထွေးစေခဲ့တယ်။ ဘုရားသခင်က အပြစ်မရှိဘဲနဲ့ လူသားတွေကို ကယ်တင်ဖို့ မြေကြီးပေါ်မှာ လူ့ဇာတိခံယူခဲ့တာပါ။ အာဏာရပါတီရဲ့ ဖမ်းဆီးမှုတွေနဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ၊ ဘာသာရေးအသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ ငြင်းပယ်မှုတွေအပြင် လောကီလူသားတွေရဲ့ ကျိန်ဆဲမှုတွေနဲ့ ပြစ်မှားစော်ကားမှုတွေကို ဘုရားသခင် ခံနေရပါတယ်။ ဘုရားသခင်က ဒီလောက်များပြားတဲ့ ဆင်းရဲဒုက္ခတွေကို ခံစားနေရတယ်၊ ဒါတောင်မှ သမ္မာတရားကို ဖော်ပြပြီး လူသားတွေကို ကယ်တင်ဖို့ ကိုယ်တော့်အမှုတော်ကို လုပ်ဆောင်နေပါတယ်။ ကျွန်မတို့ကို ကယ်တင်ဖို့ သူ နည်းနည်းလေးမှ မစွန့်လွှတ်ခဲ့ဘူး။ ပြောင်းပြန်အနေနဲ့ ကျွန်မကတော့ လွန်လွန်ကဲကဲ ဖောက်ပြန်ပျက်စီးနေတဲ့ လူတစ်ယောက်ပါ။ ဘုရားသခင်ကို ယုံကြည်လို့ မိသားစုရဲ့ ငြင်းပယ်တာ၊ ရိုက်နှက်တာ၊ ကျိန်ဆဲတာကို ခံရပြီး ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း နည်းနည်းပါးပါး ထိခိုက်သွားတာကို ကျွန်မ မခံနိုင်ဖြစ်နေခဲ့တယ်။ ကျွန်မ ရှေ့ဆက်ဖို့ လမ်းမရှိတော့ဘူးလို့ ထင်နေခဲ့တာ။ ကျွန်မ တော်တော်ကို အားနည်းပြီး အသုံးမကျခဲ့တာပဲ။ တွေးကြည့်ရင် ဘုရားသခင်ကို ယုံကြည်လို့ အရှက်ခွဲခံရတာပဲ။ ဒါဟာ ဖြောင့်မတ်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခံရတာမို့ ဘုန်းအသရေရှိတဲ့ အရာပါ။ ရှက်စရာ ဒါမှမဟုတ် အရှက်ကွဲစရာ လုံးဝ မဟုတ်ပါဘူး။ ပြီးတော့ သူတို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တားဆီးပိတ်ပင်မှုကပဲ ဘုရားသခင်ကို မုန်းတီးပြီး သမ္မာတရားကို မုန်းတီးတဲ့ သူတို့ရဲ့ အနှစ်သာရကို ကျွန်မ ပိုင်းခြားသိမြင်မှု နည်းနည်းရလာအောင် ကူညီပေးခဲ့တာပါ။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်လှမ်းနေတာပါ။ ကျွန်မ လုပ်နေတာက လူသားတွေကြားမှာ အတရားမျှတဆုံး ကိစ္စရပ်တစ်ခုပါ။ သူတို့ ဘယ်လိုပဲ တားဆီးပိတ်ပင်ပါစေ၊ ညှဉ်းပန်းနှိပ်စက်ပါစေ ဘုရားသခင်နောက်ကို အဆုံးထိ ကျွန်မ လိုက်ရမယ်။ ကျွန်မက ဘာသံမှ မထွက်တာကို မြင်တော့ မတ်လတ်က ပိုပြီး ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးလာတယ်။ သူက ကျွန်မယောကျ်ားကို ပြောတယ်၊ “အစ်ကို၊ မရီးက ကျွန်တော်တို့ ဘာပြောပြော နားမထောင်ဘူး။ ဘုရားသခင်ကို ယုံကြည်တာက သူ့ကို အစိုးရက ဖမ်းရုံတင် မကဘူး။ အစ်ကို့သား တက္ကသိုလ်ဝင်ဖို့၊ အလုပ်ရှာဖို့ကိုပါ ထိခိုက်လိမ့်မယ်။ သူ့ကို ဘာမှ ထပ်ပြောနေလို့ အပိုပဲ။ စက္ကူနဲ့ ဘောပင် ယူလာခဲ့၊ ပြီးရင် ဘုရားသခင်ကို မယုံကြည်တော့ဘူးဆိုတဲ့ ခံဝန်ကတိစာကို သူ့ကို ရေးခိုင်းလိုက်” တဲ့။ ကျွန်မ စိတ်ထဲ တွေးမိတယ်၊ “လူတွေကို ဘုရားသခင်က ဖန်ဆင်းထားတာ။ လူတွေက ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်။ နင်တို့က ဘုရားသခင်ကို မယုံကြည်တဲ့အပြင် စီစီပီနောက်လိုက်ပြီး ဘုရားသခင်ကို မယုံကြည်ကြောင်း ခံဝန်ကတိစာရေးဖို့ ငါ့ကို အတင်းအကျပ် ခိုင်းနေသေးတယ်။ မဖြစ်နိုင်တာ” လို့ပေါ့။ ဘုရားသခင်ဆီ ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ ဒီလူတွေ သမီးကို ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ဒါကို ရေးမယ့်အစား အသေပဲခံလိုက်ပါမယ်။ ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲပစ်မယ်။ ကျေးဇူးပြုပြီး သမီးကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပိုပေးသနားဖို့ တောင်းလျှောက်ပါတယ်” ပေါ့။ အဲဒီအချိန်မှာ ညသန်းခေါင်ကျော်နေပြီဖြစ်ပေမဲ့ သူတို့က လျှော့ပေးမယ့် အရိပ်အယောင် လုံးဝ မပြဘူး။ ကျွန်မ ဉာဏ်သုံးပြီး ပြောလိုက်တယ်၊ “နောင်ကျရင် အိမ်မှာပဲ ကျွန်မ ယုံကြည်တော့မယ်၊ အပြင်မထွက်တော့ဘူး” ပေါ့။ အဲဒီကျမှပဲ သူတို့ လျှော့ပေးတော့တယ်။ နောက်နှစ်လသုံးလအကြာမှာ ကျွန်မဘက်က မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုတွေကို ခံရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလရဲ့ နေ့တစ်နေ့မှာ ကျွန်မ အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်နေခဲ့တယ်။ အပြင်ကို ထွက်တော့မယ့်အချိန်မှာပဲ ကျွန်မယောကျ်ားက ကျွန်မအင်္ကျီကော်လာကို ဆွဲပြီး ကြမ်းပြင်ပေါ် လွှဲပေါက်ချလိုက်တယ်။ သူက ရက်ရက်စက်စက် ပြောတယ်၊ “ဒီနေ့ နင် ဘယ်မှ မသွားရဘူး။ ကွာရှင်းဖို့ ငါတို့ အရပ်ဘက်ရေးရာဌာနကို သွားကြမယ်” တဲ့။ ကွာရှင်းချင်တယ်လို့ သူ ပြောတာကြားတော့ ကျွန်မ စိတ်ထဲ တွေးမိတယ်၊ “ဘုရားသခင်ကို ငါ စယုံကြည်ကတည်းက အခုချိန်ထိ နင့်ရဲ့ ညှဉ်းပန်းနှိပ်စက်တာနဲ့ တားဆီးပိတ်ပင်တာတွေကို အမြဲခံနေခဲ့ရတာ။ အသင်းတော် အသက်တာမှာ မနေနိုင်ရုံတင်မကဘူး၊ ငါ့တာဝန်လည်း မထမ်းဆောင်နိုင်ဘူး။ ဝတ်ပြုဖို့၊ ဘုရားနှုတ်ကပတ်တော် စားသောက်ဖို့ အခွင့်အရေးတောင် တစ်စက်မှ မရဘူး။ ငါတို့ မကွာရှင်းရင်၊ ဘုရားသခင်ကို ငါ ယုံကြည်ပြီး ကိုယ်တော့်နောက်ကို ကောင်းကောင်း လိုက်နိုင်မှာ မဟုတ်ဘူး” လို့ပေါ့။ ဒါနဲ့ ကျွန်မ ပြောလိုက်တယ်၊ “ရှင် ကွာရှင်းချင်ရင်လည်း ကွာရှင်းကြတာပေါ့။ အရပ်ဘက်ရေးရာဌာနကို သွားကြမယ်လေ” လို့ပေါ့။ အဲဒီနောက် အရပ်ဘက်ရေးရာဌာနကို ရောက်ကြပေမဲ့ အိမ်ထောင်စုစာရင်း အသစ်လုပ်ဖို့ လိုနေတာကြောင့် ကွာရှင်းလို့ မရခဲ့ဘူး။ နေ့လယ်ဘက်ရောက်တော့ ကျွန်မယောကျ်ားက ကျွန်မဘက်က ဆွေမျိုးတွေဖြစ်တဲ့ ညီအစ်ကိုမောင်နှမ တချို့ကို ဖုန်းဆက်ပြီး လာခိုင်းတယ်။ သူက ပြောတယ်၊ “ဒီနေ့ သူ့ကို ငါ ကွာရှင်းချင်တာ။ ဘာလို့လဲဆိုတော့ သူ ဘုရားယုံကြည်တာကို နိုင်ငံတော်က ဆန့်ကျင်နေလို့ပဲ။ သူ အဖမ်းခံရနိုင်ခြေ ရှိရုံတင်မကဘူး၊ ငါရော ကလေးတွေပါ အမှုတွဲထဲ ပါသွားနိုင်တယ်။ ငါ ဘာပြောပြော သူ နားမထောင်ဘူး၊ ယုံကြည်ဖို့ပဲ သူ လုပ်နေတာ။ ဒီနေ့ မင်းတို့ကို ခေါ်လိုက်တာက သူ ဘုရားဆက်မယုံဘဲ အိမ်မှာ ကောင်းကောင်းမွန်မွန် နေဖို့ မင်းတို့ ဖျောင်းဖျကြည့်ရအောင်လို့ပဲ။ ငါ သူ့ကို ရွေးချယ်စရာ နှစ်ခု ပေးထားတယ်၊ ပထမတစ်ခုက ဘုရားသခင်ကို ယုံကြည်တာ စွန့်လွှတ်ပြီး အိမ်မှာ ကောင်းကောင်းမွန်မွန် နေဖို့။ အတိတ်က အမှားတွေကို ငါ ခွင့်လွှတ်ပေးပြီး ပုံမှန်အတိုင်း အပြင်ထွက် ပိုက်ဆံရှာမယ်။ ဒုတိယတစ်ခုက၊ သူ ဘုရားသခင်ကို ဆက်ယုံကြည်မယ်ဆိုရင် ငါတို့ ကွာရှင်းမယ်၊ ကလေးတွေ အုပ်ထိန်းခွင့်ကို ငါယူမယ်။ အိမ်ရော၊ အိမ်ထဲက ပစ္စည်းတွေအားလုံးရော ကလေးတွေအတွက်ပဲ ဖြစ်မယ်။ သူကတော့ သူ့နာမည်နဲ့ ဘာပိုင်ဆိုင်မှုမှမရှိဘဲ မိသားစုထဲကနေ ထွက်သွားရမယ်” တဲ့။ အဲဒါကို အစ်ကိုကြီး ကြားတော့ သူက ကျွန်မကို အော်ပြောတယ်၊ “ငါတို့ မိဘတွေ မရှိတော့ဘူး၊ အစ်ကိုကြီးဆိုတာ အဖေလိုပဲ နာခံရတယ်။ ငါ ဘာပြောပြော နင် လုပ်ရမယ်။ နင့်ရဲ့ ဘုရားယုံကြည်တာက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ နိုင်ငံတော်မူဝါဒက ခွင့်မပြုရင် နင် မယုံရဘူး။ နိုင်ငံတော်က ခွင့်ပြုတဲ့အချိန်ရောက်မှ နင် ယုံကြည်ပေါ့” တဲ့။ မောင်လေးက ပြောတယ်၊ “အစ်မ၊ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို အစိုးရက ဖမ်းနေတယ်ဆိုတာ သိသိရက်နဲ့ အစ်မက ယုံနေတုန်းပဲလား။ အစ်မက ခြင်္သေ့ပါးစပ်ထဲ ခေါင်းဝင်ထိုးနေတာ မဟုတ်ဘူးလား” တဲ့။ ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်တယ်၊ “ဘုရားသခင်ကို ယုံကြည်တဲ့ လမ်းကြောင်းကို လျှောက်ဖို့ ငါ ဆုံးဖြတ်ထားပြီးပြီ။ နင်တို့ ဘာပြောပြော အပိုပဲ။ ငါ ယေရှုကို ယုံကြည်လာခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီ၊ ခက်ခက်ခဲခဲနဲ့ အချိန်အကြာကြီး စောင့်မျှော်ခဲ့ရပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သခင်ပြန်ကြွလာတာကို မြင်တွေ့ခဲ့ရတာ။ ဘုရားသခင်ကို သစ္စာဖောက်အောင် နင်တို့ ငါ့ကို ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီအခါ ကျွန်မယောကျ်ားက ဒေါသတကြီးနဲ့ ပြောတယ်၊ “ဘယ်သူမှ မင်းကို ဖျောင်းဖျလို့မရမှတော့ လာ၊ သွားကွာရှင်းကြမယ်” တဲ့။ သူ ကွာရှင်းတော့မယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေက မြင်တော့ စိတ်ပူသွားကြတယ်။ ညီမလေးက ဘေးတစ်ဖက်မှာ ငိုရင်း ပြောတယ်၊ “အရင်က သာယာတဲ့ မိသားစုလေးလေ၊ အခုတော့ ပျက်စီးရတော့မယ်။ နင် ဘုရားသခင်ကို ယုံကြည်တာက ဘာအဓိပ္ပာယ်ရှိလို့လဲ” တဲ့။ တခြားဆွေမျိုးတွေကလည်း အိမ်မှာ ကောင်းကောင်းမွန်မွန် နေဖို့ တရစပ် ဝိုင်းပြောပြီး ဖျောင်းဖျကြတယ်။ သူတို့ပြောတာတွေကို ကြားတော့ ကျွန်မစိတ်ထဲ ဗလောင်ဆူနေမိတယ်။ ဘုရားသခင်ကို တိတ်တဆိတ် ကျွန်မ ဆုတောင်းလိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ ဆွေမျိုးတွေအားလုံး ဝိုင်းပြီး တားဆီးနေတာကို သမီး ရင်ဆိုင်နေရပြီး သမီးရဲ့ စိတ်နှလုံးလည်း ပူပန်နေပါတယ်။ ဘာလုပ်ရမလဲ သမီး မသိတော့ဘူး။ ဘုရားသခင်၊ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခြင်းခံရသည့်အချိန်ကို ကြည့်လော့။ နောက်ကွယ်တွင် စာတန်သည် ဘုရားသခင်နှင့် လောင်းကြေးထပ်နေခဲ့ပြီး ယောဘ ရင်ဆိုင်ခဲ့ရသည့် အရာများမှာ လူတို့၏ လုပ်ရပ်များနှင့် လူသားတို့၏ နှောင့်ယှက်မှုများသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားစေတယ်။ ဘုရားသခင်ကို ယုံကြည်တာကို ကျွန်မယောကျ်ားနဲ့ မိသားစုက ညှဉ်းပန်းနှိပ်စက်ပြီး တားဆီးပိတ်ပင်နေတာတွေရဲ့ နောက်ကွယ်မှာ စာတန်ရဲ့ ပရိယာယ်တွေ ရှိနေခဲ့တာပါ။ စာတန်က ယောဘကို ညှဉ်းဆဲခဲ့တဲ့အချိန်ကို ကျွန်မ တွေးမိတယ်။ အပြင်ပန်းမှာ ယောဘရဲ့ ပိုင်ဆိုင်မှုတွေအားလုံး လုယက်ခံရပြီး အိမ်ပြိုကျလို့ သားသမီးတွေ သေဆုံးသွားသလို ထင်ရပေမဲ့၊ တကယ်တော့ ဒါဟာ ဘုရားသခင်ရှေ့မှောက်မှာ စာတန်က ယောဘကို စွပ်စွဲနေခဲ့တာပါ။ အဲဒီအချိန်က ယောဘဟာ အတွင်းဇတ်လမ်းကို မသိခဲ့ပေမဲ့ ဘုရားသခင်ကို မညည်းညူခဲ့ဘူး။ သူက ပြောလိုက်သေးတယ်၊ “ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္ထု ၁:၂၁) ယောဘက ဘုရားသခင်အတွက် သူ့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့အခါ စာတန်က လုံးဝ အရှက်ကွဲသွားပြီး ထွက်သွားရတယ်။ ဘုရားသခင်ရဲ့ စိတ်နှလုံးလည်း နှစ်သိမ့်မှု ရခဲ့တယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ စာတန်ရဲ့ အနှောင့်အယှက်ပေးခြင်းတွေ၊ တိုက်ခိုက်မှုတွေ ကြုံရတဲ့အခါ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲပစ်ရမယ်ဆိုတာ အခု ကျွန်မ နားလည်သွားပြီ။ ဒီမိသားစုက ဘုရားသခင်ကို ယုံကြည်ခွင့် ပေးမှာမဟုတ်ဘူး။ ဒီမှာ ဆက်နေရင် သမ္မာတရား ရရှိဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးရုံပဲ ရှိမယ်။ ဒါကို တွေးမိတော့ သူတို့ကို ကျွန်မ ပြောလိုက်တယ်၊ “ငါတို့ ကွာရှင်းကြမယ်” လို့ပေါ့။ စကားပြောလို့အပြီး ထရပ်တော့မယ့်အချိန်မှာ မောင်လေးက ကျွန်မကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ပြီး ခြေထောက်နဲ့ ကန်ပါလေရော။ သူက ငိုပြီး ပြောတယ်၊ “အစ်မ တကယ် ရူးသွားပြီပဲ။ ကျွန်တော်တို့အားလုံး ဖျောင်းဖျနေတာကို တစ်ခွန်းမှ နားမထောင်ဘူး” တဲ့။ သမီးအငယ်မလေးကလည်း ငိုပြီး ပြောတယ်၊ “မေမေ၊ ဖေဖေ့ကို မကွာရှင်းပါနဲ့။ ကွာရှင်းပြီးရင် မေမေ ဘာလုပ်မလဲ။ သမီးတို့ရော ဘယ်လိုလုပ်ရမလဲ” တဲ့။ ဒါကို ကြားတော့ ဒါဟာ စာတန်ရဲ့ ပရိယာယ်တွေထဲက တစ်ခုပဲဆိုတာရယ် စာတန်က သံယောဇဉ်ကိုသုံးပြီး ကျွန်မကို နောက်တစ်ကြိမ် စုံစမ်းသွေးဆောင်နေတာပဲဆိုတာရယ်ကို ကျွန်မ သိလိုက်တယ်။ ခဏလောက် စဉ်းစားပြီးတော့ ကျွန်မ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်၊ “ငါ့အတွက် စိတ်မပူကြနဲ့။ ကိုယ့်လမ်းကို ကိုယ်ရွေးခဲ့တာ” လို့ပေါ့။ ပြီးတော့ သမီးတွေကို ကျွန်မ ပြောလိုက်တယ်၊ “နင်တို့ မောင်လေးကို နင်တို့အဖေ ကြည့်ရှုစောင့်ရှောက်လိမ့်မယ်။ နင်တို့နှစ်ယောက်ကလည်း အရွယ်ရောက်ပြီး ကိုယ်ပိုင် မိသားစုတွေ ရှိနေပြီဆိုတော့ ကိုယ့်ဘာသာ ကြည့်ရှုစောင့်ရှောက်နိုင်ကြပါပြီ” လို့ပေါ့။ ပြောပြီးတာနဲ့ ကျွန်မ အောက်ထပ်ကို ဆင်းလာခဲ့တယ်။
အရပ်ဘက်ရေးရာဌာနကို သွားတဲ့လမ်းမှာ ကျွန်မယောကျ်ားက ကွာရှင်းစာချုပ်ကို ထုတ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျွန်မ ဘာလိုချင်လဲလို့လည်း မေးတယ်။ ဘာမှမလိုချင်ဘူးလို့ ပြောပြီး စာချုပ်မှာ ကျွန်မ လက်မှတ်ထိုးပေးလိုက်တယ်။ လက်မှတ်ထိုးပြီးတာနဲ့ ကျွန်မရဲ့ စိတ်နှလုံးက အရမ်းကို လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။ ကားက အရပ်ဘက်ရေးရာဌာနကို မရောက်တရောက်မှာ ခုလေးတင် ကျွန်မကို ဖိအားပေးနေခဲ့တဲ့ မိသားစုတစ်ခုလုံး တံခါးအပြင်ဘက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ ကားပေါ်က ဆင်းဆင်းချင်း သူတို့က ပြေးလာပြီး ကျွန်မတို့ကို ပိတ်ရပ်ကြတယ်။ သမီးအကြီးမက စိတ်ပြေလက်ပျောက်ဖြစ်အောင် သူ့အဒေါ်အိမ်ကို ခေါ်သွားချင်တယ်လို့ ပြောတယ်။ သမက်ကလည်း ကျွန်မယောကျ်ားကို အရက်သောက်ဖို့ အပြင်ခေါ်သွားမယ်လို့ ပြောတယ်။ ကွာရှင်းမယ့် အကျပ်အတည်းက အဲဒီလိုနဲ့ပဲ ပြီးဆုံးသွားတယ်။ အဲဒီနောက်ပိုင်း ကျွန်မယောကျ်ားက ကွာရှင်းဖို့ ထပ်မပြောတော့သလို ဘုရားသခင်ကို မယုံကြည်ကြောင်း ခံဝန်ကတိစာရေးဖို့လည်း ဘယ်တော့မှ ထပ်မတောင်းဆိုတော့ဘူး။ ကျွန်မ မြင်တွေ့ခဲ့တာက၊ စစ်မှန်တဲ့ စိတ်နှလုံးနဲ့ ဘုရားသခင်ကို အားကိုးပြီး ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့အခါ စာတန်က အရှက်ကွဲပြီး ကျရှုံးသွားရတယ်ဆိုတာပါပဲ။
တစ်ခါက ဝတ်ပြုချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတော့ အဲဒါက ကျွန်မယောကျ်ားကို ပိုပြီး ပိုင်းခြားသိမြင်ဖို့ ကျွန်မကို ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။...ယုံကြည်သူ ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် ပင်ကိုအားဖြင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိသည့်အပြင် ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ၎င်းတို့ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှုဟူ၍ ပြောဆိုစရာ ရှိတော့မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်ရဲ့ အမှုသစ်ကို ကျွန်မ မလက်ခံခင်တုန်းက ကျွန်မယောကျာ်းက အိမ်မှာ သူ ဘာပူပင်သောကမှ မရှိရအောင် ကလေးတွေနဲ့ အိမ်ကို ကျွန်မက ကြည့်ရှုစောင့်ရှောက်ပေးအောင် ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကို ပြန်တွေးမိတယ်။ အစိုးရက ခွင့်မပြုပေမဲ့ ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့အခါ တစ်နေ့ ကျွန်မ အဖမ်းခံရရင် သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားတွေ ထိခိုက်မယ်၊ သားလေးကို ကြည့်ရှုစောင့်ရှောက်မယ့်သူ မရှိတော့ဘူးလို့ သူ စိုးရိမ်ခဲ့တာပါ။ ဒါကြောင့် ဘုရားသခင်ကို ကျွန်မ မယုံကြည်တော့အောင် တားဆီးဖို့နဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ လှည့်ကွက်တွေ၊ ပရိယာယ် အမျိုးမျိုးကို သူ သုံးခဲ့တယ်။ ပထမတော့ သွေးဆောင်ဖြားယောင်းဖို့ ချိုချိုသာသာစကားလုံးတွေ သုံးပြီး ဖျောင်းဖျတယ်။ အဲဒါ အလုပ်မဖြစ်တဲ့အခါ ဆဲဆိုတာနဲ့ ရိုက်နှက်တာတွေကို ပြောင်းလုပ်တယ်။ သူက ကျွန်မကို သေတဲ့အထိ ရိုက်သတ်ချင်နေတဲ့ပုံပဲ။ ဘုရားသခင်ကို သစ္စာဖောက်တဲ့ ခံဝန်ကတိစာကို အတင်းအကျပ်ရေးခိုင်းဖို့ ဆွေမျိုးတွေနဲ့ပါ ပူးပေါင်းကြံစည်ခဲ့ပြီး မရေးရင် ကွာရှင်းမယ်လို့ ပြောခဲ့တယ်။ ကျွန်မ ဘုရားသခင် ယုံကြည်တာကို တားဆီးပိတ်ပင်ဖို့ ကျွန်မယောကျ်ားက နည်းလမ်းပေါင်းစုံသုံးပြီး အကြံကုန်ထုတ်ခဲ့တယ်။ ဘုရားသခင် ဖော်ထုတ်ထားတဲ့အတိုင်း လူတွေကြားမှာ မိသားစု သံယောဇဉ်ဆိုတာ လုံးဝ မရှိဘူး၊ အကျိုးစီးပွား ဆက်ဆံရေးပဲ ရှိတာပါ။ ကျွန်မယောကျ်ားက ကျွန်မအပေါ် တကယ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ မဟုတ်ဘူး။ ဘုရားသခင် တစ်ပါးတည်းသာ လူတွေကို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ကျိုးမဖက်တဲ့ ကယ်တင်ခြင်းကို ပေးသနားတာပါ။ အခုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မမှာ ယုံကြည်ခြင်းတွေ ပိုရှိလာပြီး ဆန္ဒလည်း ပိုပြင်းပြလာတယ်။
အဲဒီနောက် စုဝေးပွဲသွားတာ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တာတွေမှာ ကျွန်မယောကျ်ားရဲ့ ဘောင်ခတ်တာကို ကျွန်မ မခံရတော့ဘူး။ ကျွန်မကို တကယ် တားဆီးလို့ မရနိုင်မှန်း သူ မြင်သွားတော့ ဝင်မစွက်ဖက်တော့ဘူး။ ဆွေမျိုးတွေကလည်း ဘုရားသခင် ယုံကြည်တာနဲ့ ပတ်သက်ပြီး ဘာမှ ထပ်မပြောကြတော့ဘူး။ မိသားစုရဲ့ မှောင်မိုက်တဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်အောင် လမ်းပြပေးခဲ့တာက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ ကျွန်မယောကျ်ားရဲ့ တားဆီးတာ၊ အနှောင့်အယှက်ပေးတာတွေကို မခံရတော့ဘဲ ကိုယ့်တာဝန်ကို ပုံမှန် ထမ်းဆောင်နိုင်နေပါပြီ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ဒေလိယာ မက္ကစီကိုနိုင်ငံ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၈ရက်မှာ အင်တာနက်ကနေ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ သိခွင့်ရတယ်။...
ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...
လီယန် တရုတ်နိုင်ငံ ကျွန်တော်က ကျေးလက်ဒေသမှာ မွေးခဲ့ပြီး ဆင်းရဲတဲ့မိသားစုကနေ ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော့်မိဘတွေက ခဏခဏအနိုင်ကျင့်ခံရတဲ့...
ရှီးလီ၊ အမေရိကန် ပြည်ထောင်စုဘဝနေထိုင်မှု မြင့်မားသည့် အဆင့်အတန်းတစ်ခုဖြင့် ပျော်ရွှင်သည့် ဘဝတစ်ခုကို လိုက်စားရာတွင် တတ်နိုင်သမျှ...