ဘဝ၌ ဝေခွဲမရသော ဆုံးဖြတ်ချက်တစ်ခု

13.12.2022

လီယန် တရုတ်နိုင်ငံ

ကျွန်တော်က ကျေးလက်ဒေသမှာ မွေးခဲ့ပြီး ဆင်းရဲတဲ့မိသားစုကနေ ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော့်မိဘတွေက ခဏခဏအနိုင်ကျင့်ခံရတဲ့ ရိုးတဲ့လယ်သမားတွေပါ။ ကလေးတစ်ယောက်အနေနဲ့ ကျွန်တော် ကျိန်ဆိုခဲ့တယ်။ ကျွန်တော် အရွယ်ရောက်လာရင် ကိုယ့်ကိုယ်ကိုယ် တစ်ခုခုဖြစ်အောင်လုပ်မယ်၊ ရွာသားတွေ ကျွန်တော်တို့အပေါ် အမြင်ပြောင်းသွားအောင်၊ အထင်သေးပြီး အနိုင်ကျင့်တာတွေ မလုပ်တော့အောင် လုပ်မယ်ပေါ့။ ကျွန်တော် ၁၁နှစ်အရွယ်မှာ ကိုယ်ခံပညာကို စသင်တယ်။ အဲဒါက ပင်ပန်းပြီး ဒဏ်ရာတွေရပေမဲ့ ရာသီဉတုက ဘယ်လောက်ဆိုးနေပါစေ ကျွန်တော် လေ့ကျင့်တာကို လုံးဝ နောက်မဆုတ်ဘူး။ နောက်ပိုင်းမှာ စီးပွားရေးစလုပ်ချင်ပြီး လူတွေထဲကနေ ထင်ပေါ်ချင်တာကြောင့် နေရာတကာကို သွားပြီး ပိုက်ဆံချေးတယ်။ လက်ဆောင်တွေပေးတယ်။ ဆက်ဆံရေးတွေ တည်ဆောက်တယ်။ ၁၉၉၉ ခုနှစ်မှာ နောက်ဆုံးတော့ ကိုယ်ခံပညာကျောင်းတစ်ကျောင်းကို အောင်မြင်စွာနဲ့ မှတ်ပုံတင်နိုင်ခဲ့တယ်။

ကျောင်းဆောက်ပြီးတဲ့နောက်မှာ ကျွန်တော် လုံ့လရှိရှိနဲ့ စီစဉ်တဲ့အောက်မှာ ပိုပိုပြီး ရှင်သန်လာတယ်။ အမြတ်အစွန်းကလည်း များလာတယ်။ နယ်ခံတွေရဲ့ ထောက်ခံမှုကို ရခဲ့ပြီး ကျွန်တော်က မိသားစုအတွက် ဂုဏ်ကို သယ်ဆောင်ပေးခဲ့တယ်လို့ မိဘတွေက ခံစားမိကြပြီး ကျွန်တော့်အတွက် အရမ်းဂုဏ်ယူကြတာပေါ့။ ကျောင်းသားတွေနဲ့ သူတို့မိဘတွေအကုန်လုံးက ကျွန်တော့်ကို ဖားကြတယ်။ မြို့တော်အားကစားအစိုးရဌာနနဲ မြို့တော်ဝန်က ကျွန်တော့်ကို တော်တော်တန်ဖိုးထားတယ်။ ပြုံးပြီးနှုတ်ဆက်ကြတယ်။ လူတိုင်းက လေးစားတာကို မြင်ရတော့ ကျွန်တော်က အရမ်းအရေးပါပြီး ကောင်းကောင်းအလေးထားခံရတယ်လို့ ခံစားမိတယ်။ ဂုဏ်အဆင့်အတန်းလိုချင်တဲ့ ကျွန်တော့်ဆန္ဒက လုံးဝ ပြည့်သွားတာပေါ့။ နောက်ဆုံးတော့ ကျွန်တော် ရှေ့ကိုရောက်သွားပြီလို့ ခံစားမိပြီး တော်တော်ပျော်ခဲ့ပါတယ်။ ကျောင်းကို ခိုင်ခိုင်မာမာ ခြေကုပ်ယူနိုင်အောင်လို့ လူမှုရေးပွဲတွေမှာ တော်တော်များများမှာ ဝင်ပါတယ်။ ဌာနအမျိုးမျိုးကို လာဘ်လာဘတွေပေးပြီး အားလပ်ရက်တွေမှာ ခေါင်းဆောင်တွေဆီကို လက်ဆောင်တွေပို့တယ်။ ကောင်းမှုလုပ်တဲ့အတွက် အသိအမှတ်ပြုလက်မှတ်တွေ ကျွန်တော့်ကို ချီးမြှင့်ပြီး ကျောင်းကို သူတို့တွေက မြှင့်တင်ပေးအောင်ပေါ့။ သူတို့ကို မျက်နှာလိုမျက်နှာရလုပ်ဖို့အတွက် မရိုးသားတာတွေကို ပြောခဲ့ပြီး မရေမတွက်နိုင်အောင်လုပ်ခဲ့တယ်။ အရာရှိတစ်ယောက်နဲ့ ကျွန်တော် အမှားတစ်ခုခုလုပ်မိသွားရင် ကျွန်တော့်စီးပွားရေး၊ ဂုဏ်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကိုတည်ထောင်ဖို့ ကျွန်တော်ကြိုးစားတာတွေအားလုံးက အလဟဿဖြစ်သွားမှာ ကြောက်ပြီးတော့ပေါ့။ ကျွန်တော်က အမြဲတမ်း ရင်တမမဖြစ်နေရပြီး အေးအေးဆေးဆေး မနေနိုင်ဘူး။ ဒီလို အသက်ရှင်ရတာ ကိုယ်ရောစိတ်ပါ မောပန်းပြီး ခက်ခဲပင်ပန်းတဲ့နည်းလမ်းတစ်ခုပဲ။ ကျွန်တော်က ခေါင်းရှုပ်နေတယ်။ ကျွန်တော့်စီးပွားရေးက အောင်မြင်ပြီးတော့ နာမည်နဲ့ အကျိုးအမြတ်နှစ်ခုလုံးကို ရပြီးပြီ။ ဒါဆို ဘာလို့ ဘဝက အရမ်းခက်ခဲပင်ပန်းရတာလဲပေါ့။

နောက်တော့ ၂၀၁၂၊ မေလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်တော် လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပြီး ဆက်ဆံရင်းနဲ့ ဒိနေရာက အာဏာနဲ့ ငွေကြေးတွေကို အပေးအယူလုပ်တာတွေ၊ လှည့်စားတာ၊ လျှို့ဝှက်ကြံစည်တာတွေ မရှိတဲ့နေရာပဲဆိုတာ မြင်သွားတယ်။ လူတိုင်းက သမ္မာတရားကို လိုက်စားဖို့ အာရုံစိုက်ကြတယ်။ သူတို့က ဖောက်ပြန်ပျက်စီးမှုကို ပြတဲ့အခါ မိတ်သဟာယမှာ ဖွင့်ပြောပြပြီး ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်နိုင်ကြတယ်။ ဒါကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ကြတယ်။ ဒါက လူ့အဖွဲ့အစည်းထဲမှာ ကျွန်တော် မမြင်ရတဲ့အရာတစ်ခုပဲ။ ယုံကြည်ခြင်းလမ်းကြောင်းက ဘဝမှာ လျှောက်လှမ်းဖို့ မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်လို့ ကျွန်တော် ခံစားမိတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်တော် သိလာရတာက နောက်ဆုံးသောကာလမှာ ဘုရားသခင်က ကောင်းသူကို ဆုချီးမြှင့်ပြီး ဆိုးသူကို အပြစ်ပေးတဲ့အမှုကို ပြုနေတယ်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသူတွေသာ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုကို ရမယ်၊ နောက်ဆုံးမှာ ကယ်တင်ခြင်းခံရပြီး ကပ်ဘေးကြီးတွေ တစ်လျှောက်မှာ ကာကွယ်ပေးခြင်းခံရမယ်ဆိုတာပဲ။ ယုံကြည်ခြင်းမရှိသူ၊ သမ္မာတရားကို မလိုက်စားသူတွေအတွက် သူတို့တွေက စီးပွားရေးကို ဘယ်လောက်ကောင်းအောင်လုပ်ပါစေ၊ ဘယ်လောက်ပိုက်ဆံရပါစေ နောက်ဆုံးမှာ အလကားဖြစ်သွားမှာပဲ။ သူတို့အသက်တွေကို သူတို့ ကယ်တင်နိုင်မှာမဟုတ်ဘူး။ ဒါတွေအားလုံးကို ကျွန်တော် နားလည်သွားတာနဲ့ ကျောင်းတိုးတက်ဖို့ကို အရမ်းအာရုံမစိုက်တော့ဘဲ ကျွန်တော် အားလပ်ချိန်မှာ ဧဝံဂေလိဝေမျှဖို့ အပြင်ထွက်တယ်။ ဘုရားရှေ့ကို လူတွေပိုပြီး လာနိုင်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံနိုင်ကြဖို့အတွက်ပေါ့။

အစကတော့ ပံ့ပိုးပေးကြပါတယ်။ နောက်ပိုင်းမှာ အစိုးရက ယုံကြည်သူတွေကို ဖိနှိပ်ဖမ်းဆီးနေတဲ့သတင်းကို ကျွန်တော့် သားအကြီးဆုံးက မြင်သွားတယ်။ ကျွန်တော့်ယုံကြည်မှုကို သူကစပြီး ဆန့်ကျင်လာတယ်။ ကျောင်းကို ထိခိုက်လာမှာစိုးပြီးတော့ပေါ့။ ပြီးတော့ ကျွန်တော့်ကို ရဲတိုင်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့လည်း ကျွန်တော်နဲ့ တော်တော်ကောင်းတဲ့ ဆက်ံရေးရှိတဲ့ အစိုးရအရာရှိတစ်ယောက်က အကြံပေးတယ်။ “ယုံကြည်ကိုးကွယ်မှုက ဒီနိုင်ငံမှာ ခွင့်မပြုဘူး။ အစ်ကို့ယုံကြည်မှုကို စွန့်လွှတ်သင့်တယ်။ အစ်ကို အဖမ်းခံရရင် အစ်ကို တရားစီရင်ခံရရုံတင်မဘဲ အစ်ကို့ကျောင်းလည်း ပိတ်လိုက်ရဖို့များတယ်။ ဒါဆိုရင် အစ်ကို့မိသားစု ပျက်စီးသွားမှာမဟုတ်ဘူးလား” တဲ့။ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ ဒါက လမ်းမှန်ဖြစ်ပြီး ကျွန်တော့်ယုံကြည်ခြင်းကို အဆုံးထိ ထားရှိဖို့ စိတ်ဆုံးဖြတ်ထားတယ်ပေါ့။ သူက ကျွန်တော့်ကို လက်ခံအောင် မလုပ်နိုင်တော့ သူက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်တဲ့ ကွန်မြူနစ်ပါတီရဲ့ မုသားတချို့ကို ကျွန်တော့်အမျိုးသမီးကို ပြောပြတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ယုံကြည်သူတွေက ဖမ်းဆီးဖို့အတွက် အစိုးရရဲ့ အဓိကပစ်မှတ်တွေပဲ၊ သူတို့မိသားစုရဲ့ နောက်ပိုင်းမျိုးဆက်တွေက ထိခိုက်ခံရမယ်၊ သူတို့ကလေးတွေက ကောလိပ်တက်ရမှာမဟုတ်ဘူး၊ စစ်ထဲကို ဝင်ခွင့်၊ အစိုးရအရာရှိဖြစ်ခွင့်ရှိမှာမဟုတ်ဘူးလို့လည်း သူက ပြောတယ်။ ကျွန်တော့်အမျိုးသမီးက ဒါကို ကြားတော့ ကျွန်တော်နဲ့ အကြီးအကျယ် ရန်ဖြစ်တယ်။ ကျွန်တော့် ယုံကြည်ခြင်းက သားသမီးတွေအပေါ် အမှုပတ်မှာ စိုးပြီးတော့ပေါ့။ သူက ကျွန်တော့်ကို ကွာရှင်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဒါက ကျွန်တော့်အတွက် တော်တော်နာကျင်ရတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယသားက ဘွဲ့တစ်ခုရှိနေပြီး အလုပ်ကောင်းတစ်ခုလည်း ရှိနေပြီ။ ကျွန်တော့်ယုံကြည်ခြင်းကြောင့် သူက အလုပ်ပြုတ်သွားရင် သူက ကျွန်တော်နဲ့ သေချာပေါက် ထိပ်တိုက်ရင်ဆိုင်မှာပဲ။ ပြီးတော့လည်း ကျွန်တော် တော်တော်ကြိုးစားပြီးလုပ်ခဲ့တဲ့ ကျောင်းက အခုဆို ရှင်သန်ကြီးထွားနေပြီ။ ဘုရားအပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကြောင့် တစ်နေ့နေ့မှာ ကျောင်းပိတ်လိုက်ရရင် ကျွန်တော် အပင်ပန်းခံခဲ့တဲ့ နှစ်တွေအားလုံး အလကားဖြစ်သွားမှာ။ အိမ်နီးချင်းတွေက ကျွန်တော့်ကို ဘယ်လိုမြင်မလဲ။ အချိန်ခဏလောက်အထိ ကျွန်တော် စားချင်စိတ်မရှိဘူး။ အိပ်လို့မပျော်ဘူး။ တော်တော်အားလျော့ပြီး စိတ်ဆင်းရဲနေတယ်။ ကျွန်တော့်ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ အတွေးတွေတောင် ရှိခဲ့တယ်. ဒါပေမဲ့ ဒါက ကယ်တင်ခြင်းရဖို့ တစ်ခုတည်းသောနည်းလမ်းပဲဆိုတာ သိနေတော့ ကျွန်တော် မယုံကြည်လို့မရဘူး။

နောက်ပိုင်းကျတော့ စုဝေးပွဲတစ်ခုမှာ ကျွန်တော့်အခြေအနေကို ဖွင့်ပြောတယ်။ ခေါင်းဆောင်က ကျွန်တော်နဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးကို မိတ်သဟာယဖွဲ့တယ်။ ဒီအပိုဒ်အပါအဝင်ပေါ့။ “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ချမှတ်ဆုံးဖြတ်မှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) သူက မိတ်သဟာယဖွဲ့တယ်။ “ကျွန်မတို့ ကံကြမ္မာတွေ အားလုံးက ဘုရားလက်ထဲမှာရှိပါတယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီ မွေးလာတဲ့အချိန်ကစပြီး ဒီဘဝမှာ ကျွန်မတို့ ကြုံတွေ့ရမှာတွေ၊ ဘယ်အနှောင့်အယှက်၊ အခက်အခဲတွေကို ရင်ဆိုင်ရမယ်ဆိုတာတွေကို ဘုရားက ကြိုတင်သတ်မှတ်ထားပြီးသားပါ။ အခု ကျွန်မတို့က ယုံကြည်ခြင်းရှိပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံနိုင်တာကလည်း ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပါပဲ။ ကျွန်မတို့က တရုတ်နိုင်ငံမှာ ယုံကြည်သူတွေဖြစ်ပြီး ဒီဖိနှိပ်မှုနဲ့ ဆင်းရဲဒုက္ခကို ကြုံရတဲ့အချက်က ဘုရားရဲ့ ခွင့်ပြုချက်ဖြစ်ပါတယ်။ ဘုရားသခင်က သူရွေးချယ်ထားတဲ့သူတွေရဲ့ ယုံကြည်ခြင်းနဲ့ ဆက်ကပ်အပ်နှံခြင်းကို စုံလင်စေဖို့အတွက် ဒါတွေကို အသုံးပြုပါတယ်။ အစ်ကိုက အဖမ်းခံရမလား၊ အစ်ကို့ကျောင်းက ပိတ်ရမလား အစ်ကို့ကလေးတွေရဲ့ အလားအလာတွေက ဘာဖြစ်မလဲ ဆိုတာတွေ အကုန်လုံးက ဘုရားလက်ထဲမှာ ရှိပါတယ်။ ဘယ်လူသားကမှ ဒါကို မဆုံးဖြတ်နိုင်ပါဘူး။ အစိုးရလည်း ဆုံးဖြတ်ခွင့်မရှိပါဘူး” တဲ့။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ခေါင်းဆောင်ရဲ့ မိတ်သဟာယက ကျွန်တော့်အတွက် ဉာဏ်အလင်းပွင့်လင်းစေတယ်။ ဟုတ်တယ်။ ကျွန်တော့်ဘဝရဲ့ အချိန်အများစုကို အသက်ရှင်နေထိုင်ပြီးခဲ့ပြီး အတွေ့အကြုံတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော် ဖြတ်သန်းရတာတွေက ကျွန်တော် စိတ်ကူးထားသလို ဖြစ်မလာဘူး။ ကျွန်တော် စစ်တပ်ထဲမှာ ရှိနေတုန်းက ကြိုးစားလေ့ကျင့်ခဲ့ပြီး ကောင်းကောင်းထမ်းဆောင်တယ်။ ရာထူးတက်လာမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အံ့ဩရတာက တခြားတစ်ယောက်က ရာထူးတက်သွားတယ်။ ပြီးတော့ ကျောင်းကို တည်ထောင်တုန်းက အခက်အခဲမျိုးစုံကြုံတွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျောင်းကို ချောချောမွေ့မွေ့နဲ့ ဖွင့်ထားနိုင်တယ်။ အခုဆို ကောင်းကောင်း အဆင်ပြေနေတယ်။ ဒီအောင်မြင်မှုတွေ၊ ကျရှုံးမှုတွေအားလုံးကို ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့ဘူး။ ဒါတွေကို မြင်ရတော့ ဘဝမှာ ကျွန်တော်တို့ ကြုံတွေ့ရတာတွေအားလုံးကို ဘုရားရဲ့ အုပ်စိုးမှုအောက်မှာ သတ်မှတ်ထားပြီးဖြစ်ပြီးတော့ ကျွန်တော်တို့ ဝင်ပါခွင့်မရှိဘူးဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော် အဖမ်းခံရမလား၊ မခံရဘူးလားဆိုတာ စိတ်ပူနေတာက အသုံးမဝင်ပါဘူး။ ဘုရားသခင်က ဒါကို ဟိုးအရင်ကတည်းက ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့် အားလုံးကို ဘုရားလက်ထဲမှာ အပ်ပြီး ဘုရားရဲ့ အစီအစဉ်တွေကို နာခံဖို့ လိုတယ်။

စစ်မှန်တဲ့လမ်းက ရှေးကတည်းက ဖိနှိပ်ခံရတယ်ဆိုပြီးတော့လည်း ခေါင်းဆောင်က ကျွန်တော့်ကို မိတ်သဟာယဖွဲ့တယ်။ လမ်းမှန်ဖြစ်လေလေ၊ စာတန်ရဲ့ အင်အားစုတွေက ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်လေပဲ။ ဘုရားသခင်က လူတွေကို ကယ်တင်တာကို စာတန်က ဘယ်လိုလုပ် လက်လွှတ်ပေးနိုင်မှာလဲ။ သခင်ယေရှုက အမှုပြုဖို့ ကြွလာတဲ့အခါမှာ ရောမအစိုးရနဲ့ ဘာသာရေးလောကက အရူးအမူး အတိုက်အခံလုပ်ပြီး ဖိနှိပ်တာကို ခံရတယ်။ သူ့နောက်လိုက်တွေလည်း ဖိနှိပ်ခံရတာပဲ။ အခု ကျွန်တော်တို့က စစ်မှန်တဲ့ဘုရားကို ယုံကြည်တယ်။ ဒါကြောင့် ကွန်မြူနစ်ပါတီက အုပ်စိုးတဲ့ ဆိုးယုတ်တဲ့ အစိုးရရဲ့ ဖိနှိပ်တာကို ခံရဖို့က မလွှဲမရှောင်နိုင်ဘူး။ ဘုရားသခင်က ကျွန်တော်တို့တွေ ပိုင်းခြားသိမြင်မှုရဖို့ ဒီဖိနှိပ်မှုကို အသုံးပြုပါတယ်။ ဒါကြောင့် ပါတီရဲ့ မကောင်းဆိုးဝါးဆန်တဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း၁ အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။၂ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ကွန်မြူနစ်ပါတီက ဘုရားမဲ့ပါတီဖြစ်တယ်၊ ဘုရားကို မရှိစေချင်တဲ့ ဘုရားရဲ့ ရန်သူဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို ပြပါတယ်။ သူတို့က ဘာသာရေး လွတ်လပ်ခွင့်ပေးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒါက အမြင်မှားအောင်လုပ်တာ၊ လူတွေကို လိမ်ညာတာပဲ။ လူတွေ ယုံကြည်ခြင်းရှိမှာ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်မှာ၊ သမ္မာတရားကို သင်ယူမှာ၊ လူတွေကို ထိခိုက်တာက စာတန်နတ်ဆိုးဖြစ်တယ်ဆိုတာ မြင်ပြီး စွန့်ပစ်ပြီး ငြင်းပယ်မှာကို သူတို့ကြောက်ကြတယ်။ ဒါဆိုရင် လူတွေကို ထာဝရ ထိန်းချုပ်ဖို့ဖြစတဲ့ သူတို့ရဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်က ပျက်စီးသွားမှာပဲ။ ဒါကြောင့် လူတွေ ဘုရားကို ယုံကြည်ပြီး ဘုရားနောက်လိုက်တာကို ပိတ်ပင်ဖို့အတွက် ဘုရားသခင်ရွေးချယ်ထားသူတွေကို အရူးအမူး ဖမ်းဆီးပြီး ဖိနှိပ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပုပ်ချပြီး အသရေဖျက်ဖို့အတွက် မီဒီယာကို အသုံးပြုတယ်။ စစ်မှန်တဲ့လမ်းကို လူတွေ စွန့်လွှတ်အောင်၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရပြီး သူတို့နဲ့အတူ ငရဲမှာ ဖျက်ဆီးခံရအောင် ယုံကြည်သူတွေရဲ့ မိသားစုတွေကိုတောင် ခြိမ်းခြောက်ပြီး ယုံကြည်သူတွေကို ဖိနှိပ်ပြီး ဆန့်ကျင်အောင်လုပ်တယ်။ ကွန်မြူနစ်ပါတီက အရမ်းကို ယုတ်မာကောက်ကျစ်ပါတယ်။ ကျွန်တော့်မိသားစုက သူတို့လှည့်စားတာကိုခံရပြီး ကျွန်တော့်ကို ဖိနှိပ်လာတယ်။ ကျွန်တော်က သူတို့နောက်ကိုလိုက်ရင် စာတန်ရဲ့လှည့်ကွက်ထဲကို သက်ဆင်းရမှာပဲ။ သူတို့လှည့်စားတာကို ခံလို့မဖြစ်ဘူး။ ကျွန်တော့်မိသားစုက ကျွန်တော့်ကို ဘယ်လို ပိတ်ပင်ပါစေ ကျွန်တော့်ယုံကြည်ခြင်းကို ဆက်ထားပြီး တာဝန်ကို ဆက်ထမ်းဆောင်နေရမယ်ဆိုတာကို သိခဲ့တယ်။

ကျွန်တော်က ဘုရားနောက်လိုက်ဖို့ ဘယ်လောက်စိတ်ခိုင်မာနေတယ်ဆိုတာကို မြင်တော့ သားအကြီးဆုံးက ပိုပြီးတော့ ဖိနှိပ်လာတယ်။ တစ်နေ့မှာ သူက ကျွန်တော့်ကို ကျောင်းသားတွေရှေ့မှာ ကျောင်းအပြင်ကို ဆွဲထုတ်ပြီး စိတ်ဆိုးပြီးတော့ အော်ပြောတယ်။ “အစိုးရက ဘာသာရေးကို ခွင့်မပြုဘူး။ ဒါပေမဲ့ အဖေက ဆက်ပြီး ယုံကြည်နေတယ်။ အဖေ အဖမ်းခံရရင် တစ်မိသားစုလုံး အမှုပတ်မယ်။ ကျွန်တော့် သားသမီးတွေတောင် အမှုပတ်မယ်။ ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မလဲ။ အဖေက ဆက်ပြီး ယုံကြည်နေချင်ရင် ဒီကျောင်းက ထွက်သွားဖို့လိုတယ်။ ကျွန်တော်တို့ကို ဆွဲမထည့်ပါနဲ့” တဲ့။ ကျွန်တော် ကိုယ့်နားကိုတောင် မယုံနိုင်ဘူး။ ကျွန်တော်ကိုယ်တိုင်ရဲ့သားက ကျွန်တော့်ကို တော်တော်ရက်စက်တဲ့ဟာကို ပြောပြီး ဘုရားကို ယုံကြည်တာအတွက်နဲ့ ကျွန်တော့်ကို နှင့်ထုတ်နေတာကိုပေါ့။ ကျွန်တော် တော်တော်နာကျင်ရတယ်။ ကျွန်တော်က ကျောင်းကနေ နှင်ထုတ်ခံရရင် ကျွန်တော့် တစ်ဘဝလုံးရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေက အလကားဖြစ်သွားမှာမဟုတ်ဘူးလား။ ဘယ်သူက ကျွန်တော့်ကို “ကျောင်းအုပ်ကြီး”လို့ခေါ်မလဲ။ ဘယ်သူက ကျွန်တော့်ကို အထင်ကြီးလေးစားမလဲ။ ဒါတွေကို ကျွန်တော် ခံစားရမှာမဟုတ်တော့ဘူး။ သာမန်လယ်သမားတစ်ယောက်ပဲ ပြန်ဖြစ်သွားမှာပဲ။ ကျွန်တော့် သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေကို ဘယ်လိုရင်ဆိုင်ရမလဲ။ ဒီအတွေးတွေက ကျွန်တော့်အတွက် မခံနိုင်လောက်အောင် နာကျင်ရတယ်။ ကျွန်တော့်သားက နှင့်ထုတ်လိုက်ရင် ကျွန်တော် ဘယ်သွားရမှာလဲ။ သူပြောတာ နားထောင်သင့်တယ်ထင်တယ်လို့ ခံစားမိတယ်။ အဲဒီလိုတွေးမိတော့ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများ၊ စိတ်ကူးများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ ယင်းတို့သည် သမ္မာတရားများဖြစ်ကြောင်း လူများသိမှတ်ကြသော်ငြားလည်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများသည် ၎င်းတို့၌ ပေါ်ပေါက်နိုင်သေးသည်။ လူများသည် သမ္မာတရားကို နားလည်ပြီး ရရှိဖို့ ဆန္ဒရှိလျှင် ၎င်းတို့မြင်ပြီးသားဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ရပြီးဖြစ်သည့်အရာအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည့် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်)စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်တော် စိတ်ငြိမ်သွားတယ်။ ဟုတ်တယ်။ ယုံကြည်ခြင်းလမ်းကြောင်းက အမြဲတမ်း ချောမွေ့နေတာမဟုတ်ပါဘူး။ ဆင်းရဲဒုက္ခတချို့ကို ကျွန်တော်တို့ တောင့်ခံရမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် လမ်းကြောင်းပေါ်မှာ နေဖို့ ခက်ပါတယ်။ ကျွန်တော်က အပျက်သဘောဆောင်ပြီး ဒီဖိနှိပ်မှုကြောင့် နောက်ဆုတ်သွားရင် ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ဘယ်မှာလဲ။ ဘုရားသခင်ကို ကျွန်တော် မယုံကြည်ခင်က လောကထဲမှာ ရှိနေပြီး ရှေ့ဆက်ဖို့အတွက် ဒီနှစ်တွေတစ်လျှောက်လုံးမှာ အခက်အခဲဖြစ်နေတဲ့အချိန်မှာ ရှင်သန်ဖို့ ခက်ခဲပင်ပန်းပါတယ်။ မျှော်ကိုးစရာ တစ်ခုမှမရှိဘူ။ အခု ကျွန်တော်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ကြွလာခြင်းဖြစ်တဲ့ ဒီ တစ်ဘဝမှာ တစ်ခါကြုံရတဲ့ အခွင့်အရေးကို ကံကောင်းစွာနဲ့ ကြုံရတယ်။ ဒါကို ကျွန်တော် ဘယ်လိုလုပ်ပြီး ပေါ့ပေါ့တန်တန်နဲ့ စွန့်လွှတ်နိုင်မှာလဲ။ ဒါဆိုရင် ဘုရားက ကျွန်တော့်ကို ဘယ်လို ကယ်တင်နိုင်မှာလဲ။ သခင်ယေရှု ပြောသည်မှာ- “မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။(ရှင်မဿဲခရစ်ဝင် ၆:၂၆) ဘုရားသခင်က စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းမရှိတဲ့ ငှက်တွေကို ဖန်ဆင်းတယ်။ ဒါပေမဲ့ သူတို့ကို အသက်ရှင်သန်ခွင့်ပေးဆဲပဲ။ ဘုရားသခင်က ကျွန်တော့်အတွက် လမ်းတစ်ခု ဖွင့်ပေးမှာပဲ။ ကျွန်တော့်သားက ကျွန်တော့်ကို အိမ်က နှင်ထုတ်လိုက်ရင် ဘုရားက ကျွန်တော့်ကို ဉီးဆောင်လိမ့်မယ်၊ ဘာမှစိုးရိမ်စရာမရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ဒီအတွေးကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရှိလာပြီး သူ့ကြောင့် စိတ်ကျဉ်းကျပ်တာ မဖြစ်တော့ဘူး။ ကျွန်တော်က ကျွန်တော့်ယုံကြည်ခြင်းမှာ ခိုင်မာနေတာကို မြင်တော့ သူက စိတ်ဆိုးရင်းနဲ့ ကျွန်တော့်ကို ကျောင်းအဝင်ဝကနေ နှင်ထုတ်လိုက်တယ်။ ကျွန်တော်က ရွေးချယ်စရာမရှိတော့ဘဲ ကျောင်းကို နောက်မှာထားရစ်ခဲ့ပြီး ကျွန်တော့်မိဘတွေအိမ်မှာ ခဏသွားနေရတယ်။

အဲဒီညနေမှာ ကျွန်တော့်ရဲ့ အကျပ်အတည်းကို စဉ်းစားရတာက တော်တော်စိတ်ဆင်းရဲပါတယ်။ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် ဒီနေရာမှာ ကိုယ်တော့်အလိုတော်က ဘာလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် ကိုယ်တော့်ကို ယုံကြည်ပြီး လမ်းမှန်ပေါ်မှာ ရှိနေပါတယ်။ ဒါဆို ဘာကြောင့် ကျွန်တော့်သားက ကျွန်တော့်ကို ဒီလို ဆက်ဆံရတာလဲ။ ကိုယ်တော့်အလိုတော်ကို နားလည်အောင် လမ်းပြတော်မူပါ” ဆိုပြီးတော့။ အဲဒီမှာ ညီအစ်ကိုမောင်နှမတချို့က ကျွန်တော့်ကို ဝေမျှခဲ့တဲ့ အပိုဒ်တစ်ခုကို တွေးမိတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်တော်ရင်ဆိုင်နေရတဲ့ ဒီပြဿနာက အပြင်ပန်းမှာ ကျွန်တော့်သားက ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေရဲ့ လှည့်စားတာကိုခံရပြီး ကျွန်တာ့်ယုံကြည်ခြင်းကို ဖိနှိပ်ပြီး နှောင့်ယှက်တယ်၊ ကျောင်းကနေ ကျွန်တော့်ကို နှင်ထုတ်တယ် ဆိုတဲ့ ပုံစံရှိပေမဲ့ နောက်ကွယ်မှာတော့ စာတန်က ကျွန်တော် ဘာကိုရွေးမလဲဆိုတာ ကြည့်ဖို့အတွက် အမှုအရာတွေကို နှောင့်ယှက်ပြီး ခြယ်လှယ်နေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးတော့ ကျွန်တော် မြင်နိုင်ခဲ့တယ်။ ကျွန်တော့်မိသားစုရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့၊ နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ပြီး ဘုရားကို သစ္စာဖောက်ဖို့ ရွေးမလား၊ ကိုယ့်အကျိုးစီးပွားတွေကို စွန့်လွတ်ပြီး ဘုရားနောက်ကို ဆက်လိုက်ဖို့ ရွေးမလားပေါ့။ ကျွန်တော်က ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းမရှိတာကြောင့် အရာရာကို စွန့်လွှတ်ဖို့ စိတ်ခိုင်မာမှုမရှိတာကြောင့် ကျွန်တော့် အခြေအနေကို စိုးရိမ်ပြီး စိတ်မကောင်းဖြစ်နေတာပါ။ စာတန်က ကျွန်တော့်ရဲ့ အားနည်းချက်တွေဖြစ်တဲ့ ကျွန်တော့်ရဲ့ တွယ်တာမှု၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းတွေကို အသုံးပြုနေတာပါ။ ဘုရားကို နောက်မှာ ချန်ထားခဲ့အောင်၊ ဘုရားကို သစ္စာဖောက်အောင် လုပ်ဖို့ပေါ့။ ပြီးရင် နောက်ဆုံးမှာ ဒါကြောင့် ကျွန်တော်က ပျက်စီးသွားပြီး ကျွန်တော့်ကို ဝါးမြိုသွားမှာပဲ။ တော်တော် အန္တရာယ်ရှိပြီး ဆိုးယုတ်ပါတယ်။ ဒါကို နားလည်တော့ ကျွန်တော် နည်းနည်းပိုပြီး နေလို့ကောင်းသွားတယ်။ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်တော့်ကို တားဆီးဖို့ ကျွန်တော့်မိသားစုက ဘာတွေပဲလုပ်ပါစေ၊ နောက်ပိုင်း အသက်တာမှာ ဘာဆင်းရဲဒုက္ခတွေ ရင်ဆိုင်ရပါစေ ကျွန်တော့် ယုံကြည်ခြင်းမှာ ခိုင်ခိုင်မာမာနေပြီး အဆုံးထိ ဘုရားနောက်ကိုလိုက်မယ်၊ စာတန်ကို အရှက်ရစေမယ်ပေါ့။

ကျွန်တော့်မိဘတွေအိမ်မှာ အကြာကြီးနေလို့မရတာနဲ့ ကျောင်းကို ပြန်သွားရတယ်။ ပြန်သွားပြီးတဲ့နောက်မှာ ကျွန်တော် စုဝေးပွဲတွေ ဆက်တက်ပြီး ဧဝံဂလိမျှဝေတယ်။ သားအကြီးဆုံးနဲ့ သူ့အမျိုးသမီးက ကျွန်တော့်ယုံကြည်ခြင်းကို ကျွန်တော် ဆက်ပြီး ကျင့်သုံးနေတာကို မြင်တော့ ပိုပြီးတော့ ဖိနှိပ်ကြတယ်။ သူတို့က ကျွန်တော့်ကို နှင်ထုတ်မယ်၊ ကျောင်းဘဏ္ဍာရေးကို ထိန်းချုပ်ပြီး ကျွန်တော့်ကို တစ်ပြားမှမပေးဘဲထားမယ်လို့ အမြဲတမ်းပြောနေကြတယ်။ ကျွန်တော့်ကို တော်တော်ဆိုးတဲ့စကားတွေကိုလည်း ဆက်တိုက်ပြောကြတယ်။ ကျွန်တော် ခဏခဏပဲ စိတ်ညစ်လို့ စားမဝင်ဘူး။ အချိန်ခဏလောက်အထိ ကျွန်တော် အမြဲတမ်းစိတ်ဆိုးနေပြီး စားသောက်ဖို့ အခက်အခဲဖြစ်တယ်။ အဲဒါကြောင့် ကျန်းမာရေးက တော်တော်ထိခိုက်သွားတယ်။ ကျွန်တော်လမ်းလျှောက်တဲ့အခါမှာ ကျွန်တော့်အမြင်အာရုံက မဲမှောင်သွားပြီး သုံးလေးခါလောက် မူးလဲမလိုဖြစ်တယ်။ အစာအိမ်ရောဂါဖြစ်လာတယ်။ ညနေတွေမှာ ကျွန်တော် အရမ်းနာလာပြီး နည်းနည်းသက်သာဖို့က ခေါင်းအုံးကို ဗိုက်ပေါ်ဖိထားဖို့ နည်းပဲရှိတယ်။ ညမှာ အိပ်မရတဲ့အခါ အားကစားကွင်းဆီကို သွားတယ်။ ကျွန်တော် ဆောက်ခဲ့တဲ့ လေ့ကျင့်ရေးအဆောက်အဉီးတွေ၊ ရုံးတွေ၊ ကန်တင်းတွေ၊ အဆောင်တွေကို ကြည့်တယ်။ ဆောက်ဖို့အတွက် ကျွန်တော် အရမ်းကြိုးစားခဲ့ရတဲ့ ကျောင်းကို ငေးကြည့်နေမိတယ်။ ကျွန်တော့်အပေါ် တော်တော်သက်ရောက်မှုရှိတယ်။ ဒီကျောင်းကို ဖွင့်ဖို့အတွက် ကျွန်တော် ဘယ်လောက်အထိ ခရီးထွက်ခဲ့ရတယ်၊ သူများတွေကို မျက်နှာချိုသွေးဖို့ ဘယ်လောက် ကြိုးစားခဲ့ရတယ်၊ ဘယ်လောက်ဒုက္ခခံခဲ့ရတယ်ဆိုတာ ကျွန်တော် မသိတော့ဘူး။ အခု အောင်မြင်မှု နည်းနည်းရလာတော့ ကျွန်တော်ကိုယ်တိုင်ရဲ့သားက ယူသွားတာကို ခံရတယ်။ ဒါ ကျွန်တော့်ဘဝရဲ့အလုပ်ပဲ။ ကျွန်တော့်ယုံကြည်ခြင်းကို ဆက်ထားရင် ဒါတွေအားလုံး ဆုံးရှုံးရတာကို ရင်ဆိုင်ရမယ်။ ဒီလိုတွေးကြည့်တော့ ကျွန်တော့်နှလုံးကို ဓားနဲ့ထိုးလိုက်သလိုပါပဲ။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်တော် တော်တော်အားနည်းတယ်။ ညမှာ အမြဲတမ်း ခိုးပြီး ငိုနေခဲ့ရတယ်။ မျက်ရည်တွေကျရင်းနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် တည်ဆောက်ရင်းနဲ့ ကျွန်တော့်ဘဝကို ကုန်ဆုံးစေခဲ့တဲ့ ဒီစီးပွားရေးကို ဆုံးရှုံးရတော့မယ်။ ကျွန်တော် လက်မလွတ်နိုင်ပါဘူး။ ဒီအခြေအနေကို ကျော်လွှားဖို့ ကျွန်တော့်ကို လမ်းပြတော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော်တချို့ မျှဝေတယ်။ အဲဒါက ကျွန်တော့်ကို လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခု ပေးခဲ့ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် ညည်းညူခြင်း ရှိမည်မဟုတ် သို့မဟုတ် မတုန်မလှုပ် ဖြစ်မည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တမည်မဟုတ်ပေ။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) ဘုရားနှုတ်ကပတ်တော်ကို တွေးကြည့်ပြီး ကျွန်တော် အမြင်ပွင့်သွားတယ်။ ဟိုးအရင်တုန်းက ပေတရုလည်း သူ့ယုံကြည်ခြင်းအတွက် သူ့မိသားစုရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာပဲ။ သူ့မိသားစုက သူ့ကို နာမည်ကြီးအောင်လုပ်စေချင်ပြီး မိသားစုကို ဂုဏ်ကျက်သရေယူဆောင်ပေးစေချင်တယ်။ ဒါပေမဲ့ သူက သူ့မိသားစုရဲ့ တားဆီးခြင်းကိုမခံဘူး။ သခင်ယေရှုက သူ့ကို ခေါ်တဲ့အခါမှာ သခင့်နောက်လိုက်ပြီး အဓိပ္ပာယ်ရှိတဲ့အသက်တာကို လိုက်စားဖို့ အရာရာကို စွန့်လွှတ်ခဲ့တယ်။ ပေတရုရဲ့ အတွေ့အကြုံက ကျွန်တော့်အတွက် ဉာဏ်အလင်းပွင့်လင်းစေတယ်။ ပေတရုက ဘုရားအပေါ်စစ်မှန်တဲ့ ယုံကြည်ခြင်းရှိပြီး ဘုရားနောက်လိုက်ဖို့အတွက် အရာရာကို စွန့်လွှတ်နိုင်တယ်။ သမ္မာတရားကို လိုက်စားတယ်။ ဘုရားကို သိကျွမ်းလာပြီး ဘုရားကို ချစ်တယ်။ နောက်ဆုံးမှာ ဘုရားရဲ့ လက်ခံခြင်းကို ရရှိတယ်။ ကျွန်တော်က ယုံကြည်သူဖြစ်တာ မကြာသေးဘူး။ သမ္မာတရားကို နားလည်မှုနည်းပါးတယ်။ ဒါပေမဲ့ ကျွန်တော် အရင်တုန်းက နာမည်နဲ့ အဆင့်အတန်းကို လိုက်စားခြင်းကြောင့် ရလာတဲ့ ဆင်းရဲဒုက္ခကို စဉ်းစားပြီး ဘုရားရဲ့ လက်ခံခြင်းကိုရခဲ့တဲ့ ပေတရုလျှောက်ခဲ့တဲ့ လမ်းကြောင်းကို ကြည့်ရတာ ကျွန်တော့်အတွက် တကယ်ကို ခွန်အားရပါတယ်။ ပေတရုရဲ့ နမူနာနောက်ကို ကျွန်တော်လိုက်ချင်ခဲ့တယ်။ နာမည်နဲ့ ဂုဏ်သတင်းကို စွန့်လွှတ်ပြီး သမ္မာတရားကို လိုက်စားချင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျောင်းကနေ ထွက်ပြီး၊ ကျွန်တော့်ယုံကြည်ခြင်းကို ဆက်ပြီး ကျင့်သုံးဖို့၊ တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

သုံးလေးရက်ကြာတော့ အရင်က ကျွန်တော့်ရဲ့ စစ်ထဲက သူငယ်ချင်းတွေက ကျွန်တော့်သား ကျွန်တော့်ကို ကျောင်းကနေထုတ်လိုက်တာကို ကြားပြီး တော်တော်စိတ်ဆိုးကြပြီးတော့ ကျွန်တော့်ကို ပြန်ခေါ်ဖို့ အကြံဉာဏ်မျိုးစုံ ထုတ်ကြတယ်။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေအားလုံးက တရားမမျှတမှုကို ဝေဖန်ရှုတ်ချကြတယ်။ ရွာအတွင်းရေးမှူးက ကျောင်းကို ကျွန်တော့်ဘာသာ ဆောက်ခဲ့ပြီး ဘယ်သူကမှ မပါဝင်ဘူးဆိုတဲ့ တရားဝင် အသိအမှတ်ပြုထောက်ခံစာလုပ်ပေးပြီး ကူညီတယ်။ ဒါတွေအားလုံးကို ကြားရတော့ ကျွန်တော်စဉ်းစားတယ်။ ဒီအသိအမှတ်ပြုထောက်ခံစာရှိပြီး ကျွန်တော့်ရဲ့ စစ်ထဲက သူငယ်ချင်းတွေက ကျောင်းကို ကျွန်တော် ပြန်ရအောင် ကူညီပေးရင် အရင်က ဂုဏ်သိက္ခာကို ကျွန်တော် ပြန်ရမှာပဲ ပေါ့။ ဒါပေမဲ့ နာမည်နဲ့ အဆင့်အတန်းကို ကျွန်တော် လိုက်စားချင်စိတ်ဖြစ်လာတာကို သတိထားမိလိုက်တယ်။ အဲဒါနဲ့ ဘုရားကို တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ ဇာတိပကတိကို စွန့်လွှတ်ဖို့ ခွန်အားပေးဖို့အတွက် ဆုတောင်းတယ်။ ဆုတောင်းပြီးတော့ ယောဘရဲ့ အတွေ့အကြုံကို ကျွန်တော် စဉ်းစားမိတယ်။ သူပိုင်ဆိုင်မှုတွေအားလုံးကို တစ်ညတည်းနဲ့ ယူဆောင်ခံရတယ်။ ဒါက တော်တော် နာကျင်ရပေမဲ့ အဲဒါတွေကို ပြန်သွားပြီး လုယူဖို့ သူ့ခွန်အားကို အားမကိုးခဲ့ဘဲနဲ့ ဆုတောင်းပြီးတော့ ဘုရားရဲ့ အစီအစဉ်တွေကို နာခံတယ်။ ကျွန်တော်ပိုင်တဲ့ပစ္စည်းတွေက ယောဘပိုင်တဲ့ပစ္စည်းတွေနဲ့ ညီမျှဖို့ အဝေးကြီးလိုသေးတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီအခြေအနေကို ရင်ဆိုင်ရတဲ့အခါမှာ ဆုတောင်းပြီး ဘုရားသခင်နဲ့ မရှာဖွေဘဲ ကိုယ့်ဘာသာ ပြန်ရယူချင်ရင် ဒါက ဘယ်လိုလုပ် ဘုရားသခင်ကို လုံးဝ နာခံတာဖြစ်မှာလဲ။ ကျွန်တော်က ကျောင်းကို ပြန်ရပြီး ကျောင်းဖွင့်နေရတာနဲ့ နေ့တိုင်းအလုပ်ရှုပ်နေရင် ကျွန်တော့်ယုံကြည်ခြင်းကို ကျင့်သုံးပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အားအင်ရှိမှာမဟုတ်ဘူး။ အခု ကျွန်တော့်သားက ကျွန်တော့်ဆီကနေ ကျောင်းကို ယူပြီးသွားပြီဆိုတော့ ကျွန်တော့်ယုံကြည်ခြင်းကို ကျင့်သုံးပြီး တာဝန်ကို စိတ်ပါလက်ပါ ထမ်းဆောင်နိုင်တယ်။ ဒါက သိပ်ကောင်းတဲ့အရာပါ။ ပြီးတော့ ဘုရားသခင်က ကျွန်တော့်အတွက် လမ်းကြောင်းဖွင့်ပေးနေတာပဲ။ ဒီအတွေးကြောင့် ကျွန်တော့်စိတ်နှလုံးက တော်တော်လေး လင်းလက်သွားတယ်။ ကျွန်တော်က အရမ်းကို ဖောက်ပြန်ပျက်စီးနေပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တအားဂရုစိုက်နေလို့ ကျောင်းကို လုံးဝ လက်မလွတ်နိုင်တာဆိုတာ သဘောပေါက်သွားတယ်။

နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အခြေအနေကို အတိအကျဖွင့်ပြတယ်။ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်။ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “အနာမခံလျှင် အသာမစံရ”၊ “ထင်ရှားကျော်ကြားမှုရရှိခြင်းသည် သူ၏ ဘိုးဘေးများအတွက် ဂုဏ်အသရေယူဆောင်လာသည်” ဆိုတာမျိုးတွေကို ကျွန်တော် ငယ်ငယ်ကတည်းက မိဘတွေ၊ ဆရာသမားတွေက သင်ပေးခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကျွန်တော့်စိတ်နှလုံးထဲမှာ တော်တော်အမြစ်တွယ်နေပြီးတော့ ဘဝနဲ့ တန်ဖိုးတွေအပေါ်မှာ မှားယွင်းတဲ့အမြင်ကို တည်ဆောက်စေတယ်။ ရှေ့ရောက်ဖို့၊ သူများတွေထက်သာဖို့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရဖို့ ကြိုးစားတာက တည်ကြည်မှု၊ တန်ဖိုးနဲ့ အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ထင်ခဲ့တယ်။ ကိုယ်နာမည်ကြီးအောင်လုပ်နိုင်ဖို့အတွက် ဘယ်လိုဆင်းရဲဒုက္ခကိုမဆို ခံဖို့ အသင့်ဖြစ်နေခဲ့တယ်။ ကိုယ်ခံပညာကျောင်းကို ကျွန်တော် တည်ထောင်တော့ နေ့တိုင်းက တော်တော်လေး ပင်ပန်းတယ်။ အစိုးရအရာရှိတွေကို မျက်နှာလိုမျက်နှာရလုပ်ဖို့အတွက် ကျွန်တော့်နဖူးက ချွေးတွေနဲ့ ရခဲ့တဲ့ ပိုက်ဆံကို အသုံးပြုပြီး သူတို့တွေကို ခယအောက်ကျို့တယ်။ အကောင်းပြောပေးတယ်။ ဘာဂုဏ်သိက္ခာမှမရှိဘဲ နေခဲ့တယ်။ အားလပ်ရက်တွေအတွက် ဌာနခေါင်းဆောင်အမျိုးမျိုးဆီကို လက်ဆောင်တွေပို့တယ်။ နည်းနည်းလေးမှားသွားပြီး ပြဿနာကို ဖိတ်ခေါ်ပြီး ကံမကောင်းတာတွေ သယ်လာမှာကို ကြောက်ပြီးတော့ပေါ့။ ဒီရှုပ်ထွေးတဲ့ အပြန်အလှန်ဆက်ဆံရေးတွေကို ထိန်းသိမ်းရတာ ကိုယ်ရောစိတ်ပါ မောပန်းတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီအထဲမှာ တော်တော်နစ်မြုပ်နေပြီးတော့ ကိုယ့်ကိုယ်ကိုယ် လွတ်အောင်မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော့်ဘေးက လူတွေက နာမည်နဲ့ အဆင့်အတန်းကို ရပြီးတဲ့နောက်မှာ တရားလွန်ဖြစ်တာတွေ မျိုးစုံလုပ်လာကြတယ်။ ဖောက်ပြန်ပျက်စီးတာ၊ လာဘ်စားတာတွေလုပ်တယ်။ ပြည့်တန်ဆာတွေခေါ်တယ်။ လောင်းကစားလုပ်တယ်။ အထိန်းအကွပ်မရှိကြဘူး။ ဒါက လုံးဝကို စာတန်က လူတွေကို ဖျက်ဆီးပြီး ထိခိုက်တဲ့ပုံစံပဲ။ ပြီးတော့ ကျွန်တော့်လက်နှစ်ဖက်နဲ့တည်ဆောက်ခဲ့တဲ့ ကျောင်းကို ကျွန်တော့်သားကသိမ်းယူတာကလည်း နာမည်နဲ့ အကျိုးအမြတ်ရဲ့ လွှမ်းမိုးခြင်းခံရလို့ပဲ။ ဒါတွေကို ရဖို့အတွက်နဲ့ သူက အဖေနဲ့သားကြားက ချစ်ခြင်းကို လျစ်လျူရှုခဲ့တယ်။ ရှေးခေတ်အင်ပါယာမိသားစုတွေကို ကျွန်တော် သွားသတိရတယ်။ အဲဒီမှာ ညီအစ်ကိုတွေ၊ အဖေနဲ့သားတွေက ပလ္လင်ကို သိမ်းယူဖို့အတွက် အချင်းချင်းသတ်ဖြတ်ကြတယ်။ ဒါက လူတွေကို လူ့သဘာဝနဲ့ အသိစိတ်အားလုံး ပျောက်ဆုံးတဲ့အထိ ဖျက်ဆီးတဲ့ စာတန်ရဲ့ အတွေးမှားတွေ၊ အလိမ်အညာတွေပဲ။ ဒီနေရာမှာ နာမည်နဲ့ အကျိုးအမြတ်က လူသားမျိုးနွယ်ကို စာတန် ချည်နှောင်တဲ့ အချုပ်အနှောင်တွေပဲဆိုတာကျွန်တော်မြင်ခဲ့တယ်။ ကျွန်တော်တို့က စာတန်ရဲ့ အတွေးအခေါ်တွေအတိုင်း အသက်ရှင်ပြီး နာမည်နဲ့ အကျိုးအမြတ်ကို ရှာဖွေရင် ပိုပိုပြီးတော့ပဲ ပျက်စီးလာပြီး ဘဝက ပိုပြီးတော့ နာကျင်လာရမှာပဲ။ နာမည်နဲ့ အကျိုးအမြတ်တွေထဲမှာ ကျွန်တော် နှစ်မြုပ်နေတဲ့အချိန်မှာ သမ္မာတရားကို လိုက်စားခြင်းက ဘဝမှာ မှန်ကန်တဲ့ လမ်းဖြစ်ပြီး အဓိပ္ပာယ်အရှိဆုံးဘဝမျိုးဖြစ်တယ်ဆိုတာကို ကျွန်တော့်ကို ပြခဲ့တာက ဘုရားနှုတ်ကပတ်တော်ပါ။ ဒါပေမဲ့ ကျွန်တော်က ဆိုးယုတ်တဲ့ အတွေးအခေါ်တွေရဲ့ ချည်နှောင်မှု၊ ချုပ်ချယ်မှုကို ခံခဲ့ရတယ်။ ဒါကြောင့် ငွေ၊ ဂုဏ်သတင်း၊ အဆင့်အတန်းရဲ့ သာယာမှုတွေကို ကျွန်တော် ဆုံးရှုံးသွားတော့ စွန့်လွှတ်ဖို့ ခက်တယ်လို့ ကျွန်တော် မြင်လာပြီး စိတ်ဆင်းရဲခဲ့ရတယ်။ အဲဒါတွေကို ပြန်ရဖို့ တရားစွဲဆိုတာတောင် လုပ်ချင်ခဲ့တယ်။ ကျွန်တော် တော်တော်မိုက်မဲခဲ့တာပါ။ အဲဒီလမ်းအတိုင်းဆက်သွားရင် စာတန်က ထိခိုက်တာကိုပဲ ဆက်ခံရမှာပဲ။ နောက်ဆုံးမှာ စာတန်နဲ့အတူ ဖျက်ဆီးခြင်းခံရမယ်။ သခင်ယေရှု ပြောသည်မှာ- “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။(ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ဟုတ်တယ်။ ပိုက်ဆံနဲ့ အဆင့်အတန်းဘယ်လောက်ပဲရှိပါစေ အဲဒါတွေက သမ္မာတရားနဲ့ အသက်ကို မဝယ်နိုင်ဘူး။ ကျွန်တော့်ဘဝရဲ့အများစုမှာ ကျွန်တော် တည်ဆောက်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းတွေကို ဆုံးရှုံးခဲ့ပေမဲ့ ဒီအတွေ့အကြုံကနေ ဒီအရာတွေက လူတွေကို ထိခိုက်တယ်ဆိုတာနဲ့ ဒါတွေကို လိုက်စားခြင်းရဲ့ ကြောက်စရာ အကျိုးဆက်တွေကို မြင်ခဲ့ပါတယ်။ သမ္မာတရားကို လိုက်စားခြင်းရဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးကိုလည်း မြင်တွေ့ခဲ့ပြီး ဘုရားနောက်ကိုလိုက်ပြီး တာဝန်ထမ်းဆောင်ဖို့အတွက် ဒါတွေကို စွန့်လွှတ်နိုင်ခဲ့တယ်။ ဒါက ကျွန်တော့်အတွက် ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပဲ။ ဘုရားအလိုတော်ကို နားလည်သွားတာနဲ့ ကျွန်တော် ကျွန်တော်သားနဲ့ ဘာကိုမှ မယှဉ်ပြိုင်ချင်တော့ဘူး။ သူ့ကို တရားလည်းမစွဲချင််တော့ဘူး။ ဘုရားရဲ့ အုပ်စိုးမှုကို နာခံဖို့၊ သမ္မာတရားကို လိုက်စားဖို့၊ တာဝန်ထမ်းဆောင်ဖို့ပဲ ဂရုစိုက်တော့တယ်။

အဲဒီကတည်းက ကျွန်တော် အသင်းတော်မှာ ဧဝံဂေလိ ဝေမျှတယ်။ သူများတွေ လေးစားတာကို မခံရတော့ပေမဲ့ ကျွန်တော့်စိတ်နှလုံးထဲမှာ တော်တော်ပိုပြီးတော့ ငြိမ်သက်ခြင်းရှိတယ်။ နေ့တိုင်းက အရမ်း စိတ်ကျေနပ်မှုရှိတယ်။ ယုံကြည်ခြင်းရှိပြီး ဘုရားနောက်လိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး အသက်ရှင်ဖို့ အဓိပွာယ်အရှိဆုံးနည်းဖြစ်တယ်ဆိုတာ ကျွန်တော့်စိတ်နှလုံးထဲမှာ သေချာတယ်။ ကျေးဇူးတော်ပဲ။

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

နောက်တစ်ခုသို့- မုသားပြောခြင်း၏ ဒုက္ခ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများမှတစ်ဆင့် သင်ယူရသည့် သင်ခန်းစာများ

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ အစေခံတဲ့အချိန်အတွင်းမှာ ဝမ်ဟွာက ကျွန်မအလုပ်ကို ဦးဆောင်ရတယ်။ သူက...

ဆုတောင်းခြင်း၏ တန်ခိုး- မျှော်လင့်ချက်ပျက်သုဉ်းခြင်း အလယ်တွင် အံ့ဖွယ်နမိတ်လက္ခဏာတစ်ခုကို မျက်မြင်တွေ့ရခြင်း

ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...

လူပီသအောင် နေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်း

ရှင်းချန် တရုတ်နိုင်ငံဂျပန်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်မ ဖတ်ဖူးတယ်။ အရောင်းစာရေးတစ်ယောက်အကြောင်းပေါ့။ သူက ဆံပင်မသန်တဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။