ကျွန်ုပ် မိသားစု၏ လှောင်အိမ်မှ လွတ်မြောက်ခြင်း

13.12.2022

လင်းရှီ တရုတ်နိုင်ငံ

ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ၂၀၀ ၅ခုနှစ်မှာ လက်ခံခဲ့တယ်။ အဲဒီအတောအတွင်းမှာ၊ စုဝေးပွဲတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရွတ်ခြင်းကတစ်ဆင့်၊ အရင်ကမကြားဖူးတဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေ အများကြီးကို သင်ယူခဲ့ရတယ်။ ဘုရားက လူသားမျိုးနွယ်ကို ဘယ်လိုစီမံပြီး ကယ်တင်တယ်ဆိုတာ သိလာခဲ့ပြီး၊ လူ့ဘဝရဲ့ ရည်ရွယ်ချက်၊ တန်ဖိုးနဲ့ အဓိပ္ပာယ်အပြင်၊ လူသားရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်ကိုလည်း သင်ယူခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ ကျွန်မဘဝမှာရှိတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့တယ်။ ဘုရားကို ယုံကြည်တာ ကောင်းတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်မယောက်ျားက သိတော့၊ ကျွန်မရဲ့ယုံကြည်ခြင်းကို မဆုတ်မနစ် ဆန့်ကျင်ခဲ့တယ်။ ကျွန်မဦးလေးက သခင့်ကိုယုံကြည်မှုကြောင့် စီစီပီရဲတွေရဲ့ ဖမ်းတာ တစ်ခါခံခဲ့ရတယ်။ စီစီပီက ဘုရားကို ယုံကြည်တာကနေ အားလုံးကို တားမြစ်ထားတာ ကျွန်မယောက်ျားက သိပြီး၊ ကျွန်မလည်း အဖမ်းခံရပြီး တစ်မိသားစုလုံး ငြိစွန်းမှာကို သူ စိုးရိမ်ခဲ့လို့၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို အရမ်းဆန့်ကျင်ခဲ့တယ်။ ဒါ့အပြင်၊ အဲဒီတုန်းက ကျွန်မက ကျောင်းမှာ အရံဆရာမဖြစ်သလို၊ ကျောင်းက သိသွားပြီး ကျွန်မကို အလုပ်ထုတ်မှာ သူ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်မပေါ် ဖိအားအများကြီး ပေးခဲ့ပြီး တားဆီးခဲ့တယ်။

သူက စုဝေးပွဲတွေ တက်ခွင့်၊ ကိုယ့်တာဝန်ကို ဖြည့်ဆည်းခွင့် ပေးဖို့မပြောနဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ခွင့်၊ ဓမ္မတေးတွေ နားထောင်ခွင့် မပေးခဲ့ဘူး။ တစ်ခါ သတိရသေးတယ်၊ ကျွန်မ ဘုရားနှုတ်ကပတ်တော်ဖတ်တာကို သူမိသွားပြီး အရမ်းဒေါသထွက်သွားတယ်။ သူက ပြောတယ်။ “အစိုးရက နင့်ကို မယုံကြည်ဖို့ တားမြစ်ပေမဲ့၊ နင် ယုံကြည်နေတုန်းပဲပေါ့။ ပညာရေး ကော်မတီ အဖွဲ့ဝင်တစ်ယောက်က နင့်ကို မိသွားရင်၊ နင် ကိုယ့်အလုပ်ကိုပဲ ဆုံးရှုံးမှာမဟုတ်ဘူး၊ ထောင်ထဲကိုလည်း အပို့ခံရမှာ။ ငါ့မှာ အာမခံငွေပေးဖို့ မရှိဘူး၊ ဒါကြောင့် အရမ်းမနောက်ကျခင် နင် ယုံကြည်တာကို ရပ်လိုက်တာ ပိုကောင်းမယ်”တဲ့။ အဲဒီနောက်မှာ၊ ကျွန်မ ဆက်ယုံကြည်တော့၊ သူက ကျွန်မကို ခြိမ်းခြောက်တယ်။ “ငါ အသက်ရှူနေသရွေ့၊ နင့်ရဲ့ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဖို့ အိပ်မက်တောင် မမက်နဲ့”တဲ့။ ဒါကိုကြားတော့၊ ကျွန်မရဲ့ ဆုံးဖြတ်ချက်က အားနည်းလာတယ်။ ကျွန်မ တွေးမိတယ်။ “ဘာပဲဖြစ်ဖြစ် ငါ့ယောက်ျားက ယုံကြည်ခြင်းကို လက်တွေ့လုပ်ခွင့်မပေးပေမဲ့ ငါ မရမက ယုံကြည်နေတုန်းပဲ။ ဒီတော့ သူ ငါ့ကို ဘာများလုပ်မလဲ”လို့ပေါ့။ အဲဒီအချိန်မှာပဲ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို တွေးမိတယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့်ကြုံလျှင် မူရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် အရမ်းစိတ်လှုံ့ဆော်စရာ ဖြစ်ခဲ့တယ်။ ယုံကြည်ခြင်းကို အတင်းစွန့်စေဖို့ ကျွန်မကို ခြိမ်းခြောက်တဲ့အဖြစ်ရောက်အောင် ကျွန်မယောက်ျားက စီစီပီရဲ့ လှည့်စားတာ ခံခဲ့ရပုံကို တွေးမိတယ်။ အပေါ်ယံမှာ၊ ကျွန်မယောက်ျားက ကျွန်မကို ဘုရားနောက်မလိုက်အောင် ဖိအားပေးပြီး ဟန့်တားနေပုံရပေမဲ့၊ တကယ်တော့၊ ကျွန်မကို ဘုရားပေါ် အတင်းသစ္စာဖောက်စေဖို့ ဘုရားရဲ့ ကယ်တင်ခြင်း ဆုံးရှုံးစေဖို့ စာတန်က သူကနေတစ်ဆင့် အလုပ်လုပ်နေခဲ့တာပဲ။ စာတန်ရဲ့ လုပ်ကြံတာခံလို့ မဖြစ်ဘူး၊ စာတန်နဲ့ အပေးအယူလုပ်လို့ မဖြစ်ဘူး။ ဘုရားပေါ် မှီခိုပြီး သူ့နှုတ်ကပတ်တော်တွေအတိုင်း ဆောင်ရွက်သရွေ့၊ ကျွန်မယောက်ျားရဲ့ အကျပ်ကိုင်တာကို ဘုရားက အောင်မြင်ခွင့် ပေးမယ်လို့ ယုံကြည်တယ်။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်ကို ဖွတ်ပြီး၊ သူအဝေးမှာရှိတဲ့အခါမှပဲ ဖတ်တယ်၊ စုဝေးပွဲတွေ တက်တယ်၊ ဧဝံဂေလိ ဖြန့်ဝေခဲ့တယ်။ ၂၀၀၈ ခုနှစ် ဇူလိုင်လရောက်မှပဲ ကျွန်မက ယုံကြည်ခြင်းကို လက်တွေ့လုပ်ပြီး ကိုယ့်တာဝန်ကို လုပ်နေသေးမှန်း ယောက်ျားက သိပြီး အရမ်းစိတ်ဆိုးသွားတယ်။ ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေနဲ့ ဓမ္မတေးတွေ နားထောင်ဖို့ သုံးတဲ့ MP5 စက်ကို ရှာဖို့ တစ်အိမ်လုံးကို သူ မွှေနှောက်ခဲ့တယ်။ စက်ကို တစ်စစီ ကွဲကြေသွားအောင် သူ ဆောင့်နင်းလိုက်တယ်။ ယုံကြည်ခြင်းကို ကျွန်မ လက်တွေ့မလုပ်အောင်၊ အိမ်မှာ ကျွန်မရဲ့ လှုပ်ရှားမှုတွေကို ကြီးကြပ်နိုင်အောင်လို့ သူ့ရဲ့ လစာမြင့်တဲ့ အလုပ်ကနေ ခွင့်ယူခဲ့တယ်။ ကျွန်မ စုဝေးပွဲတွေ မတက်နိုင်ခဲ့သလို၊ တကယ်ကို စိတ်ဆင်းရဲခဲ့တယ်။ ဒါကြောင့် အခွင့်အရေး ဖြစ်ပေါ်ချိန်မှာ၊ ညီအစ်ကို မောင်နှမတွေကို တွေ့ဖို့ ကျွန်မ လစ်ထွက်ခဲ့တယ်။ ဒါပေမဲ့ အံ့ဩစရာက၊ ကျွန်မတို့ကို တိုင်ဖို့ ရဲကို သူ ခေါ်ခဲ့တာပဲ။ ကံကောင်းလို့ ဘုရားနှုတ်ကပတ်တော် စာအုပ်နဲ့ တခြား အထောက်အထား မတွေ့လို့၊ ကျွန်မတို့ကို မဖမ်းကြဘူး။ နောက်ပိုင်းမှာ၊ ကျွန်မညီမအိမ်ရဲ့ ဘေးအိမ်က စုဝေးပွဲနေရာတစ်ခုဖြစ်မှန်း သူ သိသွားတယ်။ စုဝေးနေကြတဲ့ ညီအစ်ကို မောင်နှမတွေကို သူက ဓာတ်ပုံရိုက်ပြီး၊ တိုင်မယ်လို့ ခြိမ်းခြောက်တယ်။ အကျိုးဆက်အနေနဲ့၊ ညီအစ်ကို မောင်နှမတွေက အဲဒီမှာ ဆက်မစုဝေးရဲတော့ဘူး။ ညီအစ်ကို မောင်နှမတွေကို ကျွန်မ ဆက်သွယ်တာ သူမိတဲ့အခါတိုင်းမှာ၊ ကျွန်မကို ရိုက်တယ်၊ မဟုတ်ရင် ဒေါသနဲ့ ဝေဖန်တယ်။ သူက ကျွန်မကို မရေတွက်နိုင်အောင် ရိုက်နှက်ပြီး၊ လနဲ့ချီကြာအောင် ကျွန်မ နားထဲမှာ အူနေတဲ့အသံက ပျောက်မသွားခဲ့ဘူး။

အဲဒီအတောအတွင်းမှာ ဒီဓမ္မတေးကို ကျွန်မ မကြာခဏ ညည်းမိတယ်။ “ကျွန်ုပ်၏ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ကျွန်ုပ်ပေးကာ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းမည်။ ဘုရားသခင်အပေါ် သက်သေခံချက်အတွက် ရပ်တည်ကာ စာတန်ကို လုံးဝ အလျှော့မပေးဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။ အို ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင် ကြိုတင်ပြဠာန်းထားပေ။ ကိုယ်တော့်ကို သေသည်အထိ သစ္စာရှိပြီး နာခံမည်။ ဘုရားသခင်ကို တစ်ဖန် ဘယ်သောအခါမျှ ကျွန်ုပ် မျက်ရည်ကျစေမည် မဟုတ် သို့မဟုတ် စိုးရိမ်စေမည် မဟုတ်ပေ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”) အဖန်ဆင်းခံအနေနဲ့ ကျွန်မက ဘုရားနောက်လိုက်ပြီး သူကယ်တင်တာ ခံရလောက်အောင် ကံကောင်းတာဟာ ဘုရားရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ပဲ ဖြစ်ခဲ့ပုံကို ကျွန်မ တွေးမိတယ်။ စာတန်ကို အလျှော့ပေးတာထက် သေလိုက်ချင်ပြီး ဘုရားကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ဘူး။ ကျွန်မယောက်ျားက ဖိအားပေးလေ၊ ဘုရားနောက်ကို ပိုလိုက်သင့်လေပဲ၊ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲသင့်လေပဲ။ နောက်ပိုင်းမှာ စုဝေးပွဲတွေ တက်ရင်၊ ကိုယ့်တာဝန်ကို လုပ်ရင် ကျွန်မယောက်ျားက ကျွန်မကို ဆက်ရိုက်ပြီး တခြားညီအစ်ကို မောင်နှမတွေကိုလည်း တိုင်မှာကို အသင်းတော်က စိုးရိမ်လို့ စုဝေးပွဲတက်တာကို သူတို့က ရပ်ခိုင်းပြီး အိမ်မှာ ဘုရားနှုတ်ကပတ်တော်ကိုပဲ ဖတ်ခိုင်းကြတယ်။

နောက်ထပ် သုံးနှစ်ကြာ၊ ဘုရားနှုတ်ကပတ်တော်တွေကို တိတ်တဆိတ် ဖတ်ဖို့ ကျွန်မယောက်ျား အပြင်ထွက်တဲ့ အချိန်ကိုပဲ အမိအရ အသုံးချနိုင်ခဲ့တယ်၊ မိတ်သဟာယပြုပြီး မိတ်ဆွေတွေနဲ့ မိသားစုဆီ ဧဝံဂေလိဖြန့်ဖို့ ဘေးအိမ်က ကျွန်မညီမနဲ့ ရံဖန်ရံခါပဲ တွေ့ခဲ့တယ်။ လှောင်ချိုင့်ထဲက ငှက်လို ကျွန်မ ကန့်သတ်ခံခဲ့ရတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ သမ္မာတရားကို မိတ်သဟာယပြုရင်း၊ ဘုရားကို ချီးမွမ်းရာမှာ ဓမ္မတေးတွေ သီဆိုရင်းနဲ့ အတူရှိခဲ့အချိန်တွေကို ပြန်တွေးမိတယ်။ ပျော်စရာ၊ အံ့ဩစရာ သိပ်ကောင်းခဲ့တဲ့ အချိန်တွေပေါ့။ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ အမှုတော်က ဘဝမှာ ရခဲတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ နှလုံးတစ်ချက်အခုန်မှာ ကုန်သွားမဲ့ အခွင့်အရေးဖြစ်လို့ ကျွန်မ လွတ်သွားလို့ မဖြစ်ပုံကိုလည်း တွေးမိတယ်။ ပုံမှန် အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ဖို့၊ တခြားလူတွေဆီ ဧဝံဂေလိ ဖြန့်ပြီး ဘုရားအတွက် သက်သေခံဖို့ တောင့်တခဲ့ပေမဲ့၊ ဒါတွေအားလုံးက အချည်းနှီး မျှော်လင့်ချက်တွေ ဖြစ်လာခဲ့ပြီ။ အရမ်းဝမ်းနည်းညိုးငယ်ပြီး စိတ်ထိခိုက်ရသလို၊ မကြာခဏ တစ်ယောက်တည်း ပုန်းပြီး ငိုမိတယ်။ အော်ဟစ်လိုက်ချင်ခဲ့တယ်။ “ဘုရားကို ယုံကြည်တာ လမ်းကြောင်းမှန်ကို လျှောက်တာပဲ။ မှန်ကန်တဲ့ ရွေးချယ်မှုကို ကျွန်မ လုပ်ခဲ့တာလေ။ ဘာလို့ ကျွန်မအတွက် မဖြေရှင်းနိုင် ဖြစ်နေရတာလဲ”လို့ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြမှုကတစ်ဆင့်၊ ဘုရားအပေါ် စီစီပီ မကောင်းဆိုးဝါးတွေရဲ့ ခုခံမှု အမှန်တရားကို ရိပ်စားမိခဲ့တယ်။ စီစီပီ အာဏာရယူကတည်းက၊ “အရာအားလုံးသည် သဘာဝအလျောက် ပြောင်းလဲဖြစ်ပေါ်ခဲ့သည်”၊ “လူသားသည် မျောက်ဝံမှ ဆင့်ကဲဖြစ်ပေါ်လာ၏”ဆိုတာနဲ့ “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့” စသဖြင့် ပြောပြီး ဘုရားမဲ့ဝါဒကို အကြောင်းမဲ့ ဖြန့်ခဲ့ပုံကို တွေးမိတယ်။ သူတို့က ဘုရားကို လူတွေ ငြင်းပယ်၊ သစ္စာဖောက်စေဖို့၊ သူတို့နဲ့အတူ ဘုရားကို ခုခံစေပြီး နောက်ဆုံးမှာ ဘုရားရဲ့ ဖျက်ဆီးတာ ခံရဖို့နဲ့ သူတို့ရဲ့ သင်္ချိုင်းထုတ်ကုန်တွေ ဖြစ်လာစေဖို့ ရည်မှန်းရင်းနဲ့ လူတွေကို လှည့်ဖြားဖို့ ဒီအဓိပ္ပာယ်မရှိတဲ့ သီအိုရီတွေ သုံးခဲ့ကြတယ်။ နောက်ဆုံးသော ကာလမှာ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အခု ဘုရားက လူ့ဇာတိခံပြီးဆိုတော့၊ စီစီပီက ဘုရားရဲ့ နောက်ဆုံးသော ကာလထဲက အမှုတော်ကို ဖိနှိပ်ပြီး၊ တရုတ်ပြည်မှာ ဘုရားမဲ့ အုပ်စိုးမှုကို တည်ထောက်မဲ့ ရည်မှန်းချက်နဲ့ ခရစ်တော်ကို ကသုတ်ကရက် လိုက်ဖမ်းပြီး ခရစ်ယာန်တွေကို အကြောင်းမဲ့သက်သက် ဖမ်းဆီး၊ နှိပ်စက်နေတယ်။ စီစီပီက ဘုရားကို ရန်သူလို သဘောထားတဲ့ ဘီလူးသရဲစီးနေတဲ့ လူအုပ်ပဲ။ လူသတ်ဖို့အပန်းမကြီးတဲ့၊ ဘုရားကို ခုခံနေတဲ့ စာတန်ရဲ့ သရုပ်သကန်တစ်ခုပဲ။ ကျွန်မယောက်ျားက ကျွန်မကို ယုံကြည်ခြင်း လက်တွေ့မလုပ်အောင် ဖိအားပေးပြီး ဟန့်တားနေရတဲ့ အကြောင်းရင်းက စီစီပီရဲ့ ဘုရားမဲ့ဝါဒ အတွေးအခေါ်နဲ့ သူက ဦးနှောက်ကျင်းခံခဲ့ရလို့ပါပဲ။ ဘုရားကို သူ မယုံကြည်ခဲ့သလို၊ ကျွန်မ စီစီပီရဲ့ ဖမ်းဆီးတာ ခံခဲ့ရရင် သူ ငြိစွန်းမှာကို လန့်ခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ ယုံကြည်မှုကို သူ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တာပဲ။ ကျွန်မ ဖြတ်သန်းနေခဲ့ရတဲ့ ဆင်းရဲဒုက္ခအားလုံးက စီစီပီ နတ်ဆိုးဘုရင်ရဲ့ လုပ်ဆောင်ချက်ပဲ။ မကောင်းဆိုးဝါးတစ်သိုက်ကို စိတ်နှလုံးအကြွင်းမဲ့ ကျွန်မ မုန်းမိတယ်။ ဘုရားကို စယုံကြည်ကတည်းက၊ ကျွန်မယောက်ျားက ကျွန်မကို စီစီပီနဲ့အတူ ဖိနှိပ်နေခဲ့တာလေ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခွင့်၊ စုဝေးပွဲတက်ခွင့်၊ တာဝန်တွေ လုပ်ခွင့်မပေးဘူး၊ မရေတွက်နိုင်အောင် ရိုက်နှက်ခဲ့ပြီး၊ ကျွန်မနဲ့ ညီအစ်ကို မောင်နှမတွေကို ရဲတွေဆီတောင် တိုင်ခဲ့တယ်။ ကျွန်မယောက်ျားရဲ့ သဘာဝနဲ့ အနှစ်သာရက သမ္မာတရားမုန်းပြီး ဘုရားကို စက်ဆုပ်ခြင်းဖြစ်သလို၊ အိမ်မှာ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဖို့ ကြိုးစားရင် သူ့ရဲ့ ဖိနှိပ်တာ အမြဲခံရမှာကို ကျွန်မ သဘောပေါက်တော့၊ ယုံကြည်ခြင်းကို တကယ် လက်တွေ့လုပ်ပြီး၊ ကိုယ့်တာဝန်ကိုလုပ်ဖို့ သူ့ကို ကွာရှင်းပြီး အိမ်ကထွက်သွားဖို့ အကြိမ်တော်တော်များများ တွေးခဲ့တယ်။ ဒါပေမဲ့ အိမ်ကထွက်ဖို့ တွေးတဲ့အခါတိုင်းမှာ၊ ကျွန်မသားအတွက် စိုးရိမ်မိတယ်။ သူက ဆယ်ကျော်သက်ပဲရှိသေးတာ၊ သူ့အမေကို ဆုံးရှုံးရတာ သူ့အဖို့ အရမ်းခက်ခဲမှာ။ အိမ်မှာတော့ သူ့ကို ကျမ်းစာပုံပြင်တွေ ကျွန်မ ဖတ်ပြလို့ရတယ်၊ ဘုရားနှုတ်ကပတ်တော်တွေ မိတ်သဟာယပြုပေးပြီး သူ့ကို ဘုရားရှေ့ခေါ်လို့ရတယ်။ ကျွန်မထွက်သွားရင်၊ ဘယ်သူက ယုံကြည်ခြင်းမှာ သူ့ကို လမ်းပြမလဲ။ ဒါကိုတွေးမိတဲ့အခါတိုင်း၊ အထူးသဖြင့် အားနည်းမိတယ်၊ ကျွန်မယောက်ျားကို ကွာရှင်းဖို့ သတ္တိမဲ့ရသလို၊ အကျဉ်းချခံရခြင်းထဲက ကျွန်မဘဝကို တိတ်တိတ်လေးပဲ သည်းညည်းခံခဲ့ရတယ်။ ဆင်းရဲဒုက္ခရဲ့ ဖိစီးနှိပ်စက်တာခံရတဲ့အခါ၊ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ကို လာပြီး ဘုရားနှုတ်ကပတ်တော်တွေကို တိတ်တဆိတ် ဖတ်ခဲ့တယ်။ အဲဒီအခါမှပဲ နည်းနည်း သက်သာရာရခဲ့တယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာမှာ၊ စုဝေးပွဲတွေကို လျှို့ဝှက်တက်ဖို့ ကျွန်မ လစ်ထွက်ခဲ့တယ်။ ကျွန်မကို ဧည့်ခံရင်၊ နောက်တစ်ခါ သူတို့နဲ့ပတ်သက်လို့ သူ သိပ်ယဉ်ကျေးပြတော့မှာ မဟုတ်ဘူးလို့ ညီအစ်ကို မောင်နှမတွေကို ကျွန်မယောက်ျားက ခြိမ်းခြောက်ခဲ့တယ်။ ကျွန်မကိုလည်း၊ “ဒီမှာ ရှိနေသမျှ၊ ဘုရားအပေါ် နင့်ကို ငါ ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး နင် ယုံကြည်ချင်ရင်၊ ဒီအိမ်ကနေ ထွက်သွားရမယ်။”လို့ ပြောပြီး ကျွန်မကိုလည်း ခြိမ်းခြောက်ခဲ့တယ်။ သူဒီလိုပြောတာ ကြားရတာက အရမ်းစိတ်မချမ်းသာစရာကောင်းခဲ့တယ်။ အတူရှိခဲ့ကြတဲ့ နှစ်တွေအားလုံးကို နည်းနည်းမှ မတွေးဘဲ၊ ဘုရားကို ယုံကြည်တဲ့အတွက်သက်သက် သူ ကျွန်မကို မောင်းထုတ်တာ အံ့ဩစရာပါ။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်‌ တွေးမိတယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်က အရှိအတိုင်းပြတယ်။ လူတွေကြားမှာ စစ်မှန်တဲ့ မေတ္တာမရှိဘူး။ လင်နဲ့မယားကြား မေတ္တာက အပြန်အလှန် အကျိုးအမြတ် လက်ခံမှုပေါ် အခြေခံထားတာ။ ဘုရားကို မယုံကြည်ခင်မှာ၊ ကျွန်မယောက်ျားက ကျွန်မကို အဲဒီလို မဆက်ဆံဖူးဘူး။ ဒါပေမဲ့ ဘုရားကို ယုံကြည်တဲ့အတွက် ကျွန်မ အဖမ်းခံရရင် သူ ငြိစွန်းမှာ စိုးရိမ်လာတာနဲ့၊ အိမ်ထောင်မှာ ကျွန်မတို့ အတူရှိခဲ့ကြတဲ့ နှစ်ကာလတွေအားလုံးကို သူက နည်းနည်းမှ မတွေးတော့ဘူး။ ကျွန်မကို ရိုက်နှက်ပြီး အိမ်ကနေတောင် မောင်းထုတ်ဖို့ ခြိမ်းခြောက်နေတယ်။ သူ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက်ပဲ သူက အရမ်းရက်စက်နေခဲ့တာ မဟုတ်လား။ အဲဒါကို သဘောပေါက်တော့၊ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ “သူက ငါ့ကို တွန်းထုတ်ဖို့ ကြိုးစားနေမှတော့ ငါလည်း ထွက်သာသွားလိုက်ပြီး၊ ဘုရားကို လွတ်လွပ်လပ်လပ် ယုံကြည်၊ ကိုယ့်တာဝန်ကို လုပ်မယ်”လို့ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မသားကို သူ့အဒေါ်စာပြနေတုန်း ကီလို ၅၀ အကွာမှာရှိတဲ့ အသင်းတော်ဆီ ကျွန်မ ထွက်သွားပြီး၊ နောက်ဆုံးမှာ အသင်းတော် အသက်တာကို ပါဝင်ပြီး ကိုယ့်တာဝန်ကို လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ကိုယ့်သားနဲ့ ပတ်သက်လို့ ကျွန်မ စိုးရိမ်မိတုန်းပဲ။ လုပ်စရာမရှိတဲ့အချိန်၊ ဒါမှမဟုတ် အားလပ်ရက် အတောအတွင်းမှာ၊ ကျောင်းလွတ်ပြီးတဲ့နောက်မှာ ကလေးတွေက သူတို့အမေနဲ့ အဖေတွေဆီ အိမ်ပြန်လာနေကြတာ မြင်တော့၊ အိမ်မှာ ကျွန်မမရှိတာကို ကျွန်မသား ဘယ်လိုများ ဝမ်းနည်းနေမလဲလို့ တွေးမိပြီး၊ သူ့ကို တွေ့ဖို့ အိမ်ပြန်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို ယောက်ျားက ရိုက်မှာ၊ ဖိနှိပ်ပြီး ဒေါသနဲ့ဝေဖန်ပြောဆိုမှာကို စိုးရိမ်လို့၊ ပြန်မသွားရဲခဲ့ဘူး။ တိတ်တဆိတ် မျက်ရည်ကျတာပဲ တတ်နိုင်ခဲ့တယ်။

အဲဒီလိုနဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ရက်တစ်ရက်မှာ၊ လမ်းမှာ ခဲအိုနဲ့ ကျွန်မ ဝင်တိုးပြီး ကျွန်မကို သူက အတင်းအိမ်ပြန်သွားခိုင်းတယ်။ ကျွန်မ အိမ်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ၊ ကျွန်မယောက်ျားက တစ်မိသားစုလုံးကို အစည်းအဝေးကြီးတစ်ခု ခေါ်တယ်။ ကျွန်မကို ကြိုးစားပြီး ဖျောင်းဖျပေးဖို့ သူ့ညီနဲ့ အစ်ကို၊ ကျွန်မပထွေးနဲ့ ကျွန်မရဲ့ ခဲအိုတို့ကို သူက ဖုန်းဆက်ခေါ်ခဲ့တယ်။ ကျွန်မခဲအိုက ကျွန်မကို ခြိမ်းခြောက်တယ်။ “နင် ငါ့ယောက်မမဟုတ်ခဲ့ရင်၊ ဖုန်းတစ်ချက်ဆက်ပြီး ပြည်သူ့လုံခြုံရေးဌာနကို ပို့လိုက်မှာ”တဲ့။ ကျွန်မပထွေးက ကျွန်မလုပ်ရပ်တွေကို ဖိနှိပ်ဖို့ ကျွန်မယောက်ျားကို အားပေးရင်းနဲ့ မီးလောင်ရာလေပင့် လုပ်တယ်။ ကိစ္စတွေ ဖြစ်နေပုံကို မြင်တော့၊ ဘုရားအပေါ် ကျွန်မရဲ့ယုံကြည်ခြင်းကို လူတွေအများကြီး ဆန့်ကျင်နေတော့၊ နောင်မှာ ကျွန်မယောက်ျားက ကျွန်မကို ပိုလို့တောင် ဖိနှိပ်မှာကို ကျွန်မ စိုးရိမ်လာတယ်။ ဒါကြောင့် ကိုယ့်ဘဝကို ရှင်သန်ဖို့ပဲ အိမ်ပြန်လာတာပါလို့ အမြော်အမြင်ရှိရှိ မှတ်ချက်ပေးလိုက်တယ်။ အဲဒီအခါမှပဲ ကျွန်မအမျိုးတွေက တိတ်သွားတော့တယ်။ အိမ်ပြန်ရောက်တဲ့ တတိယနေ့မှာ၊ ကျွန်မရဲ့ အသင်းတော် ခေါင်းဆောင်က ဘေးအိမ်က အစ်မဆီ အလည်သွားတာ မြင်လို့ အသင်းတော် စုဝေးပွဲအကြောင်းကို ကျွန်မ စိတ်လှုပ်ရှားစွာနဲ့ သွားမေးခဲ့တယ်။ အံ့ဩစရာက ကျွန်မယောက်ျားက ကျွန်မနောက်လိုက်လာပြီး၊ အိမ်ကိုပြန်သွားဖို့ ကျွန်မကို ဒေါနဲ့မာန်နဲ့ အော်တယ်။ ကျွန်မအစ်မကို ဒုက္ခမရောက်စေချင်ခဲ့လို့၊ ကျွန်မ အိမ်အမြန်ပြန်သွားလိုက်တယ်။ ကျွန်မအစ်မရဲ့ အိမ်ကနေ အသင်းတော်ခေါင်းဆောင် ထွက်လာတော့၊ ယောက်ျားက ဂေါ်ပြားတစ်ခုနဲ့ ခြိမ်းခြောက်တယ်။ “မင်း ဒီနားထပ်လာရင်၊ နောက်တစ်ခါ ငါ သိပ်သဘောကောင်းမှာ မဟုတ်တော့ဘူး”တဲ့။ နောက်တော့၊ မီးဖိုချောင်ထားကို ယူပြီး ကျွန်မအစ်မကို ထိုးမဲ့အကြံနဲ့ သူ့အိမ်ထဲ တရကြမ်းဝင်သွားတယ်။ အစ်မယောက်ျားနဲ့ ကျွန်မက သူ့ကို ကမန်းကတန်း ပြန်ဆွဲထားလိုက်ရတယ်။ အဲဒီနောက်မှာ၊ ညီအစ်ကို မောင်နှမတွေကို အန္တရာယ်ရောက်စေမှာကို ကြောက်တဲ့အတွက် သူတို့နဲ့ တွေ့တာကို ကျွန်မ ရပ်ခဲ့တယ်။

အဲဒီအတောအတွင်းမှာ၊ စိတ်ပိုင်းဆိုင်ရာ မချိတင်ကဲဝေဒနာ အများကြီး တွေ့ကြုံခဲ့ရပြီး၊ မကြာခဏ ကိုယ့်ဘာသာ ပုန်းအောင်းပြီး ငိုခဲ့ရတယ်။ တစ်ခါမှာ၊ ယောက်ျား ထွက်သွားတဲ့နောက်မှာ ညီအစ်မတစ်ယောက်နဲ့ စကားပြောဖို့ အိမ်ကနေ လစ်ထွက်ခဲ့ပေမဲ့၊ ကျွန်မ ပြန်လာတဲ့အချိန်မှာ၊ ယောက်ျားက အိမ်ဆီကားမောင်းလာနေတုန်း လမ်းပေါ်မှာ ကျွန်မကို သတိထားမိသွားတယ်။ သူက “နင့်ကို ငါ ဒီကားနဲ့ ကြိတ်လိုက်လို့ရတယ်ဆိုတာ နင်သိလား”လို့ ကျွန်မကို ဒေါသနဲ့ကြိမ်းတယ်။ ဒါကိုကြားတော့ ကျွန်မနှလုံးသား အေးစက်သွားတယ်။ ဘုရားကို ကျွန်မ ယုံကြည်တာကြောင့်ပဲ သူက ကျွန်မကို သူ့ကားနဲ့ ကြိတ်ချင်နေခဲ့တာလေ။ ကျွန်မယောက်ျားက ဘုရားကိုမုန်းတဲ့ မကောင်းဆိုးဝါးဖြစ်ပြီး၊ ကျွန်မအပေါ် ဖိနှိပ်တာကို သူ လုံးဝ လျော့မှာမဟုတ်မှန်း ဒါက ပိုလို့တောင် ကျွန်မကို မြင်ခွင့်ပေးခဲ့တယ်။ အဲဒီအိမ်မှာ ကျွန်မရဲ့ယုံကြည်ခြင်းကို ကျွန်မ လက်တွေ့လုပ်နိုင်မှာမဟုတ်လို့၊ ထွက်သွားဖို့ပဲ ရွေးစရာ ရှိတော့တယ်။ ဒါပေမဲ့ ထွက်သွားဖို့ စဉ်းစားတဲ့အခါမှာ၊ အရမ်းအရမ်းကို ဝမ်းနည်းမိတယ်။ ကျွန်မသားနဲ့ ပြန်ဆုံရရုံပဲရှိသေးပြီး၊ ကျွန်မ ပြန်ထွက်သွားရင် သူ့အပေါ် အရမ်း အကြင်နာမဲ့သလို ဖြစ်နေမလားပေါ့။ ကျွန်မထွက်သွားရင်၊ ဘုရားကို ယုံကြည်ပြီး လမ်းကြောင်းမှန်လျှောက်ဖို့ ဘယ်သူက သူ့ကို လမ်းပြမှာလဲ။ အဲဒီအကြောင်းတွေးလေ၊ ကျွန်မသားကို မထားခဲ့ရက်နိုင်လေပဲ။ ဘုရားရှေ့ကို ဆုတောင်းခြင်းနဲ့ အဆက်မပြတ်လာဖို့ပဲ ကျွန်မတတ်နိုင်ခဲ့တယ်။ “ဘုရားသခင်။ ကျွန်မယောက်ျားက ကျွန်မကို ဆက်ဖိနှိပ်ပြီး တားဆီးနေတယ်။ ကိုယ့်ယုံကြည်ခြင်းကို လက်တွေ့လုပ်နိုင်အောင် ဒီနေရာကို ကျွန်မ စွန့်ခွာချင်ပေမဲ့၊ ကျွန်မသားကို လက်မလွှတ်နိုင်ပါဘူး။ ဘုရားသခင်။ ဘာလုပ်ရမှန်း ကျွန်မ မဆုံးဖြတ်နိုင်သလို၊ ဉာဏ်အလင်းပေး၊ လမ်းပြဖို့ ဆုတောင်းပါတယ်”လို့ပေါ့။ အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို အမှတ်မထင်တွေ့တယ်။ “လူတို့သည် ဤတိုတောင်းသော အချိန်အတွက်၊ ၎င်းတို့၏ဇာတိပကတိကို မေ့ထားနိုင်စွမ်း မရှိသလော။ မည်သည့်အရာများက လူသားနှင့် ဘုရားသခင်ကြားက ချစ်ခြင်းမေတ္တာကို ခွဲခြမ်းနိုင်သနည်း။ လူသားနှင့် ဘုရားသခင်ကြားက ချစ်ခြင်းမေတ္တာကို မည်သူသည် တခြားစီ ဆွဲဖြဲနိုင်သနည်း။ မိဘများ၊ ခင်ပွန်းများ၊ ညီအစ်မများ၊ ဇနီးများ သို့မဟုတ် နာကျင်ဖွယ်ရာ စစ်ဆေးမှုလော။ လူသားတွင်းရှိ ဘုရားသခင်၏ပုံရိပ်ကို အသိစိတ် ခံစားချက်များက ဖယ်ရှားပစ်နိုင်သလော။ လူတို့ အချင်းချင်းအပေါ် ကျေးဇူးတင်ရှိမှုနှင့် လုပ်ရပ်များသည် ၎င်းတို့ကိုယ်တိုင်၏ လုပ်ဆောင်ချက်လော။ ၎င်းတို့ကို လူသားက ပြုပြင်နိုင်သလော။ မည်သူသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်သနည်း။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ထောက်ပံ့ပေးနိုင်သလော။ ဘဝတွင် သန်မာသူများမှာ အဘယ်သူများဖြစ်သနည်း။ မည်သူသည် ငါ့ကို စွန့်ခွာပြီး၊ မိမိတို့ဘာသာ အသက်ရှင်နိုင်သနည်း။ အဖန်တလဲလဲ၊ ဘုရားသခင်သည် လူအားလုံးအား မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းအမှုကို ဆောင်ရွက်ရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ အဘယ်ကြောင့်၊ ဘုရားသခင်က၊ ‘သို့ရာတွင် မည်သူ၏အခက်အခဲကို ၎င်းတို့ကိုယ်တိုင်၏လက်များဖြင့် စီစဉ်ဖူးသနည်း’ ဟု ဆိုသနည်း။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “လူတို့သည် ဤခဏတာကာလအတွင်း ၎င်းတို့၏ ဇာတိပကတိကို ဘေးဖယ်ထားနိုင်စွမ်း မရှိကြသလောကျူး”) ဘုရားနှုတ်ကပတ်တော်တွေက နက်ရှိုင်းတဲ့ သက်ရောက်မှုရှိခဲ့ပြီး အပြစ်ရှိတဲ့စိတ် ခံစားခဲ့ရတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားက လူ့ဇာတိခံယူခဲ့ပြီး အကြီးအကျယ် အရှက်ကွဲခြင်းကို သည်းခံရင်း၊ သူ့ရဲ့ ကယ်တင်ခြင်း ရည်မှန်းချက်ဖြစ်တဲ့ လူသားမျိုးနွယ်ကို သူ့မေတ္တာအကုန် ပေးကမ်းရင်း၊ သည်းခံခြင်းနဲ့ လူတွေကြားမှာ သမ္မာတရားကို ဖော်ပြပြီး သူ့အမှုတော် ဆောင်ရွက်ပုံကို တွေးမိတယ်။ လူကိုကယ်တင်ဖို့ ဘုရားသည်းညည်းခံခဲ့ရတဲ့ ဆင်းရဲဒုက္ခအားလုံးကို တွေးမိတော့၊ ဘုရားရဲ့ မေတ္တာ အရမ်းလက်တွေ့ကျပုံကို သဘောပေါက်ရတယ်။ ဧဝံဂေလိ ဖြန့်ပြီး သူ့အတွက် သက်သေခံဖို့ အရာရာကို ဘေးဖယ်ထားရင်းနဲ့ ကျွန်မတို့ ထပြီး သူ့အလိုတော်ကို အလေးဂရုပြုကြမယ်လို့ သူ မျှော်လင့်တယ်။ ဒါက ကျွန်မတို့အတွက် ဘုရားရဲ့ ချစ်ခြင်းမေတ္တာပဲ။ ဒါပေမဲ့ ကျွန်မထွက်သွားရင် ကျွန်မသားကို စောင့်ရှောက်ဖို့ ဘယ်သူမှမရှိမဲ့ပုံကိုပဲ တွေးပြီး၊ ဘုရားရဲ့အလိုတော်ကို အလေးဂရုပြုမပြုနိုင်ဖြစ်ရင်းနဲ့ ကျွန်မ တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ အားနည်း၊ အသုံးမကျ၊ အသိစိတ်မဲ့ပြီး ဘုရားနောက်လိုက်ဖို့ အရာရာကို အရာရာကို ဘေးဖယ်မထားနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိတယ်။ ကျွန်မသားကို လက်မလွှတ်နိုင်လို့၊ အိမ်မှာ ပိတ်မိတာ၊ ယောက်ျားရဲ့ အရိုက်ခံရတာ၊ အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို လုပ်ခွင့်မပြောနဲ့၊ ဘုရားနှုတ်ကပတ်တော်ကိုတောင် ဖတ်ခွင့်မရှိဘဲ လှောင်ပိတ်၊ ထိန်းချုပ်ခံရတာကို အောင့်သက်သက်နဲ့ လက်ခံလိုက်ရတယ်။ သမ္မာတရားလိုက်စားပြီး ဘုရားကိုချစ်ဖို့ ဆုံးဖြတ်ချက်နည်းနည်းမှ မရှိခဲ့ဘူး။ အာဗြဟံက သူ့ရဲ့ တစ်ဦးတည်းသောသားကို ဘုရားဆီ ယဇ်ပူဇော်မှုအနေနဲ့ စွန့်ဖို့ လိုလားနေခဲ့တယ်၊ ဒီတော့ ဘာလို့ ကျွန်မက အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို လုပ်ဖို့၊ သမ္မာတရားလိုက်စားပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ ကျွန်မသားနဲ့ ခဏတာ မခွဲနိုင်ခဲ့ရတာလဲ။ ကိုယ့်သားကို လက်မလွှတ်နိုင်တော့တာနဲ့ပဲ ကိုယ့်တာဝန်ကို မထိန်းသိမ်းနိုင်ခဲ့ဘူး။ ဘုရားရဲ့ ကယ်တင်ခြင်းအမှုက အဆုံးသတ်ကို ရောက်လာသလို၊ ကြီးမားတဲ့ ဘေးဒုက္ခတွေက မကြာခဏ ပေါ်လာတော့မှာကို ကျွန်မသိတယ်။ အိမ်မှာ၊ ကျွန်မက ဘုရားနှုတ်ကပတ်တော် မဖတ်နိုင်ဘူး၊ စုဝေးပွဲတွေ မတက်နိုင်သလို၊ ကိုယ့်တာဝန်ကို မလုပ်နိုင်ဘူး။ ဒီလိုဆက်ဖြစ်ရင်၊ သမ္မာတရားကို ရမှာမဟုတ်သလို၊ ကောင်းတဲ့ လုပ်ရပ်တွေကို ပြင်ဆင်နိုင်မှာ မဟုတ်ဘူး။ လာမဲ့ ကပ်ဘေးတစ်ခုခုမှာ ကျွန်မ ပျက်စီးဆုံးရှုံးသွားနိုင်တယ်။ အဲဒါဆိုရင် ကျွန်မသားကို လမ်းကြောင်းမှန်ပေါ် ကျွန်မ ဘယ်လိုလမ်းပြတော့မလဲ။ ကျွန်မသားရဲ့ ကံကြမ္မာလည်း ဘုရားလက်ထဲမှာ ရှိတယ်မဟုတ်လား။ ဆင်းရဲဒုက္ခခံဖို့ သူ ဘယ်လောက် ကံစီမံရာဖြစ်တယ်၊ လမ်းကြောင်းမှန်ပေါ် သူ ခြေချနိုင်မလားဆိုတဲ့အပေါ် ကျွန်မ အခွင့်အာဏာမရှိဘူး။ ဒါကို သဘောပေါက်တော့ ကျွန်မရဲ့ ပူပန်သောက နည်းနည်း လျော့ကျသွားတယ်။

အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်တယ်၊ သမ္မာတရားကို နည်းနည်း ထပ်သင်ယူပြီး၊ နောက်ဆုံးမှာ ကျွန်မသားအပေါ် ကျွန်မရဲ့ စိုးရိမ်မှုတွေကို လက်လွှတ်ခဲ့တယ်။ ဒီစာပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွှယ်မှု မရှိသည့်အတွက်၊ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ကလေးတစ်ယောက်၏ ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားမှာ သူကြီးပြင်းဖို့ ပုံစံကျသည့် ပတ်ဝန်းကျင်ကို ပံ့ပိုးဖို့ဖြစ်ပါသည်။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ယင်းကို အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်သကဲ့သို့ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်သရွေ့၊ လူတိုင်းက အမှီအခိုကင်းကာ လူတိုင်း မိမိ၏ ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။ ထို့ကြောင့် မည်သူ၏မိဘကမျှ တစ်ဦးတစ်ယောက်၏ ဘဝကံကြမ္မာကို တွန်းလှန်မပယ်ရှားနိုင် သို့မဟုတ် ဘဝတွင် သူပြုမူလှုပ်ရှားသည့် အခန်းကဏ္ဍအပေါ် လွှမ်းမိုးမှုအနည်းငယ်ပင် အသုံးမပြုနိုင်ပေ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်တို့သည် ဘဝတွင် မိမိတာဝန်ကို ဖြည့်ဆည်းခြင်း အတွက် ကြိုတင်သတ်မှတ်ချက်များထက် ဘာမျှမပိုပေ။ ထိုအရာများသည် လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက်က မိမိ၏ တာဝန်ကို ပြီးမြောက်စေသည့် ကံတရားမျိုးအား မည်သည့်နည်းနှင့်မျှ မသတ်မှတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘကမျှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရ။ အလားတူ၊ မည်သူ၏ ဆွေမျိုးများကမျှ ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်ယူဖို့ မကူညီနိုင်ပေ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သည့် ပတ်ဝန်းကျင်မျိုး၌ ဆောင်ရွက်သည် ဆိုသည့်အရာ များသည် သူ့ဘဝ ကံကြမ္မာအားဖြင့် လုံးဝ သတ်မှတ်ပြီးဖြစ်သည်။ တစ်ခြားနည်းနှင့်ပြောရလျှင်၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားသည့် လူတစ်ယောက်၏ တာဝန်ကို အခြား ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ မလွှမ်းမိုးနိုင်ပါ။ လူအားလုံးက သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်၌ ရင့်ကျက်လာကြသည်၊ ထို့နောက် တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီး တစ်ဆင့် ဘဝတွင် သူတို့၏ ကိုယ်ပိုင် လမ်းများပေါ် ခရီးစတင် လာကြပြီး ၎င်းတို့အတွက် ဖန်ဆင်းရှင်အားဖြင့် စီစဉ်ထားသည့် ကံတရားများကို ဖြည့်ဆည်းကြလေသည်။ အလိုအလျောက်ပင် ၎င်းတို့သည် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ အတွက်၊ အဖန်ဆင်းခံများအနေဖြင့် သူတို့၏ တာဝန် ဝတ္တရားများကို စတင်ဖြည့်ဆည်းသည့်နေရာဖြစ်သော ကျယ်ပြန့်လှသည့် လူပင်လယ်ထဲသို့ အမှတ်တမဲ့ ဝင်ရောက်ကြပြီး ဘဝ၌ ၎င်းတို့၏ကျရာနေရာများကို ယူကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရာကတစ်ဆင့်၊ ကျွန်မ သဘောပေါက်သွားတယ်။ ကလေးရဲ့ ကံကြမ္မာက သူ့မိဘတွေနဲ့ မဆက်နွှယ်ဘဲ၊ ဘုရားရဲ့ အချုပ်အခြာအာဏာကတစ်ဆင့် ဆုံးဖြတ်ထားတာကိုပေါ့။ ကျွန်မသားရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာ ရှိတယ်။ ကျွန်မသား ဘယ်လောက် ဆင်းရဲဒုက္ခခံရမယ်၊ လမ်းကြောင်းမှန်ပေါ် သူ ခြေချနိုင်မလား ဆိုတာကို ကျွန်မ မထိန်းချုပ်နိုင်ဘူး၊ ဒီအရာအားလုံးကို ဘုရားရဲ့ အစီအစဉ်တွေက ဆုံးဖြတ်ပေးတာပါ။ ယောသပ်ကို သတိရမိတယ်။ အစောပိုင်း အသက်အရွယ်မှာ သူဟာ အဲဂုတ္တုပြည်က ကျွန်စနစ်ထဲကို ရောင်းစားခံခဲ့ရပြီး မိဘရဲ့ စောင့်ရှောက်မှုနဲ့ လမ်းပြမှု မရှိခဲ့ပေမဲ့၊ ယေဟောဝါဘုရားက သူနဲ့အတူ ရပ်တည်ခဲ့တယ်။ ဖာရော ကိုယ်ရံတော်မှူးရဲ့ မိန်းမက သူ့ကို ဘယ်လိုပဲ ဖျားယောင်းခဲ့ပါစေ၊ သူ လုံးဝ အလှည့်ဖြားမခံခဲ့ဘူး။ ဒါ့အပြင်၊ အဲဂုတ္တုပြည်မှာ ယောသပ်က အခက်အခဲ အများကြီးခံခဲ့ရပေမဲ့၊ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ကို တကယ် မာကျောလာစေခဲ့ပြီး ဘုရားအပေါ် မှီခိုဖို့ သွန်သင်ပေးခဲ့တယ်။ တာဝန်တွေကို လုပ်ဖို့ အိမ်ကို မစွန့်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေကို သုံးသပ်ကြည့်တော့၊ သူတို့ သားသမီးတွေကို ယုံကြည်ခြင်း လက်တွေ့လုပ်ပြီး လမ်းကြောင်းမှန် လျှောက်ဖို့ မကြာခဏ အားပေးကြသလို၊ ဒီကလေးတွေထဲက တချို့က ယုံကြည်ခြင်းကို လက်တွေ့လုပ်ပြီး လမ်းကြောင်းမှန်ပေါ် ဘုရားနောက်လိုက်ကြပေမဲ့၊ တခြားကလေးတွေက လောကီ ဆိုးယုတ်တဲ့ ရေပန်းစားမှုတွေမှာ ပိတ်မိကြပြီး၊ ပိုပိုပြီး အကျင့်ပျက်လာခဲ့ကြတယ်။ လမ်းကြောင်းမှန်ပေါ် ကလေးတစ်ယောက်ကို လျှောက်ခွင့်ပေးတာက သူတို့နဲ့အတူပါရှိတဲ့ သူတို့ မိဘတွေ မဟုတ်ဘဲ၊ သူတို့ သဘာဝမှာ ဘုရားကို ချစ်ဖို့ဟုတ်မဟုတ်ဆိုတာနဲ့ ဘုရားက သူတို့ကို အဲဒီလိုလုပ်ဖို့ စီမံထားခဲ့ခြင်း ရှိမရှိဆိုတာဖြစ်မှန်း တွေ့ခဲ့ရတယ်။ ကျွန်မသားမှာ လူ့သဘာဝရှိပြီး ဘုရားရဲ့ ကယ်တင်ခြင်း ခံရမဲ့သူဖြစ်ခဲ့ရင်၊ သူ့ဘေးမှာ ကျွန်မ ရှိမနေခဲ့ရင်တောင်၊ သူက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဦးမှာ ဖြစ်သလို၊ ဘုရားကို ယုံကြည်လာမှာပဲ။ ဒီအရာအားလုံး ဘုရားလက်ထဲမှာ ရှိတယ်။ ယုံကြည်သူအဖြစ် ကျွန်မရှိခဲ့တဲ့ နှစ်တွေမှာ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်း၊ ထောက်ပံ့မှု အများကြီး မွေ့လျော်ခဲ့ပြီးပြီ။ ဒါပေမဲ့ ကျွန်မသားကို တွယ်တာမှုကြောင့် အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို ကျွန်မ မလုပ်နိုင်ခဲ့ဘူး။ တစ်ကိုယ်ကောင်းဆန်လိုက်တာ။ ဧဝံဂေလိဖြန့်ခြင်း၊ သူ့အတွက် သက်သေခံခြင်းနဲ့ ပိုများတဲ့ လူတွေကို ဘုရားအိမ်တော်ထဲ ခေါ်ဆောင်ခြင်းအားဖြင့် ဘုရားရဲ့ မေတ္တာကို ကျွန်မ ပြန်ပေးဆပ်ရမယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာ၊ ကျွန်မမိသားစုကို ထားခဲ့ပြီး အဝေးမှာရှိတဲ့ မြို့က အသင်းတော်ဆီ ရထားစီးသွားတယ်။

ရထားက ကျွန်မသားရဲ့ ကျောင်းကို တရွေ့ရွေ့ ကျော်ဖြတ်ချိန်မှာ၊ ကျွန်မသား တက်တဲ့အတန်းတွေ ရှိတဲ့နေရာ အဆောက်အဦးကို ငေးကြည့်ပြီး ကိုယ့်ဘာသာ တွေးမိတယ်။ “ဘယ်အချိန် ငါ့သူ့ကို ပြန်တွေ့ရမလဲ ဘယ်သူသိမှာလဲ”လို့ပေါ့။ မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ ဒါက နတ်ဆိုး စာတန်ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုကို ပိုလို့တောင် စက်ဆုပ်စေခဲ့တယ်။ အဲဒါက ကျွန်မရဲ့မိသားစုက ကျွန်မကို ကွဲကွာစေခဲ့ပြီး၊ ယုံကြည်ခြင်းကို လွတ်လွတ်လပ်လပ် မလုပ်နိုင်အောင်နဲ့ ကိုယ့်တာဝန်ကို မလုပ်နိုင်အောင် တားခဲ့တယ်။ အဲဒီအချိန်မှာ၊ ခရစ်တော် အထွတ်အထိပ် အုပ်စိုးမဲ့အချိန်မှာ ရောက်လာမဲ့ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်း အချိန်ကို ပိုလို့တောင် ကျွန်မ တောင့်တမိသလို၊ သမ္မာတရားလိုက်စားပြီး အလင်းအတွက် ကျွန်မရဲ့ ကြိုးပမ်းလိုစိတ်ကို စေ့ဆော်ခဲ့တယ်။ စိတ်ထဲမှာ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ် ဆိုမိတယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အဓိပ္ပာယ်ပြည့်ဝဆုံး အသက်တာ”) ဘုရားနှုတ်ကပတ်တော်ကို တွေးဆကြည့်တော့၊ ဘုရားက ဒီခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ သူ့နောက်လိုက်ပြီး ကိုယ့်တာဝန်ကို လုပ်ရမယ်ဆိုတာကို စီမံထားခဲ့မှန်း သဘောပေါက်မိတယ်။ ဒါက ကျွန်မကို ဘုရားလမ်းပြပေးနေခဲ့တဲ့ လမ်းကြောင်းပဲ။ အဖန်ဆင်းခံအနေနဲ့၊ ဘုရားရဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့၊ သမ္မာတရား ရှာဖွေဖို့၊ ဘုရားကို စိတ်ကျေနပ်စေဖို့ ကိုယ့်အလုပ်ကို တာဝန်သိသိ လုပ်ပြီး၊ နတ်ဆိုး စာတန်ကို အရှက်ခွဲဖို့ ကျွန်မ အသင့်ဖြစ်ခဲ့တယ်။ ဒါကို သဘောပေါက်တော့၊ ကျွန်မ အများကြီး ပိုအေးချမ်းသလို စိတ်အေးလက်အေး ဖြစ်သွားတယ်။ ဖန်ဆင်းခံအနေနဲ့ ကျွန်မတာဝန်ကို လုပ်ခွင့်ပေးပြီး လမ်းကြောင်းမှန်ကို လျှောက်ခွင့်ပေးရင်းနဲ့ ကျွန်မယောက်ျားရဲ့ အကျဉ်းချခံရခြင်းကနေ လွတ်မြောက်အောင် ဦးဆောင်တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။

အဲဒီနောက်မှာ အိမ်နဲ့ဝေးတဲ့ အသင်းတော်မှာ ကိုယ့်တာဝန်ဆက်လုပ်တယ်။ ဒီနှစ်တွေမှာ၊ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကျွန်မ တွေ့ကြုံခဲ့ရတယ်၊ သမ္မာတရားတချို့ကို နားလည်လာပြီး၊ အတော်လေး အကျိုးရပြီးပြီလို့ ခံစားရတယ်။ လမ်းပြမှုအတွက် ဘုရားကိုကျေးဇူးတင်ပါတယ်။

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းတစ်ခုပြီးနောက် နွေးထွေးသော အလင်းတစ်ခု

ဝမ်းရူပင်း၊ တရုတ်ပြည်သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ငတ်မွတ်ကြသည့် အခြား ညီအစ်ကိုမောင်နှမများ အားလုံးကဲ့သို့၊ ကျွန်မ သည်လည်း သခင်မကြာမီ...

ဆူးချုံရိုင်းအလယ်တွင် ပေါက်ခဲ့သည့် မြက်ပင်လေးတစ်ခု

ရီရှင်း၊ စင်္ကာပူနိုင်ငံ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မက ဖေ့ဘွတ်စ်မှတစ်ဆင့် အနန္တတန်ခိုးတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်ကိုလင်းနှင့်...

ကျွန်မအဖေ၏ ဝင်ရောက်စွက်ဖက်မှုများကို ကျွန်မ ဖြတ်သန်းခဲ့ပုံ

ဒေလိယာ မက္ကစီကိုနိုင်ငံ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၈ရက်မှာ အင်တာနက်ကနေ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ သိခွင့်ရတယ်။...

လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု

ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။