အဓိပ္ပာယ်အရှိဆုံး ရွေးချယ်မှု
ကျွန်တော်က ငယ်ငယ်လေးကတည်းက ကိုယ့်မိဘတွေ ယုံကြည်တဲ့အတိုင်း သခင့်ကိုပဲ ယုံကြည်ခဲ့တာပါ။ ကြီးလာတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ပြီး၊ ကရာတေးသင်တန်းကျောင်းတစ်ခု ဖွင့်ခဲ့တယ်။ ကျွန်တော်က နှစ်ပေါင်းများစွာ အလုပ်တွေများခဲ့တယ်ဆိုပေမဲ့၊ ဘုရားသခင်အကြောင်းကို ပိုပြီး နားလည်အောင် အမြဲ ကြိုးစားခဲ့တာပါ။ အဲဒါကြောင့် တီဗီမှာ သင်းအုပ်တွေ ဟောပြောတာတွေကို ကြည့်တယ်။ တစ်ခါတလေ ကျွန်တော့်သင်းအုပ်နဲ့ မိတ်ဆွေတွေနဲ့အတူ သမ္မာကျမ်းကိုလည်း လေ့လာတယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း ခရစ်ယာန်စာမျက်နှာတွေကို ပုံမှန် လျှောက်ဖတ်ကြည့်တယ်။ ၂၀၂၀ ခုနှစ်ရောက်တော့ ကပ်ရောဂါကြောင့်၊ ကျွန်တော့်ကရာတေးကျောင်းလည်း ယာယီ ပိတ်လိုက်ရတယ်။ အဲဒါနဲ့ ဘုရားသခင်အကြောင်းကို အွန်လိုင်းမှာ ရှာဖွေကြည့်ဖို့ ပိုပြီး အချိန်ရသွားတယ်ပေါ့။
အဲဒီနှစ် ဒီဇင်ဘာလထဲမှာ တစ်ရက်ကျတော့၊ ကျွန်တော်က ဖေ့စ်ဘွတ်ခ်မှာ ခါတိုင်းလိုပဲ လျှောက်ကြည့်နေတာ။ အဲဒီအချိန်မှာ ရုတ်တရက် မက်ဆေ့ချ်တစ်ခု ဝင်လာတယ်။ ထိုင်ဝမ်က အစ်မတစ်ယောက်ပါ။ ကျွန်တော့်အနေနဲ့ စည်းဝေးပွဲတစ်ခု တက်ပြီး ဘုရားရဲ့နှုတ်ကပတ်တော်ကို နားထောင်ချင်လားဆိုပြီး မေးတာ။ ကျွန်တော်လည်း ဝမ်းသာအားရ လက်ခံလိုက်တယ်။ အချိန်တစ်ခုစာလောက် စည်းဝေးပွဲတွေ တက်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း ဖတ်ပြီးသွားတော့၊ ကျွန်တော် မြင်သွားတယ်။ ဒီနှုတ်ကပတ်တော်တွေက ဘုရားရဲ့နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုကို ထုတ်ဖော်ပြတာပဲ။ လူသားရဲ့ကျရှုံးမှု၊ ဖောက်ပြန်ပျက်စီးမှုနဲ့ အပြစ်ရဲ့ဇစ်မြစ်ကို ထုတ်ဖော်ပြတာပဲ။ လူသားတွေအတွက် အပြစ်နဲ့ကင်းစင်ပြီး သန့်စင်ခံရမယ့်လမ်းကိုလည်း ညွှန်ပြတယ်။ ဒီလို သမ္မာတရားရဲ့နက်နဲမှုတွေကို ကျွန်တော် လုံးဝ မမြင်ဖူး မကြားဖူးခဲ့ဘူး။ ပြီးတော့ ကိုယ့်ရင်ထဲမှာလည်း ဒီနှုတ်ကပတ်တော်တွေက ဘုရားရဲ့အသံပဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာလည်း ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုပြီး သေချာသွားတယ်။ ကျွန်တော် တော်တော် စိတ်လှုပ်ရှားသွားတာ။ ကိုယ့်ဘဝတစ်သက်မှာ ဘုရားရဲ့အသံကို ကြားပြီး သခင့်ကို ကြိုဆိုရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ကျွန်တော် အရမ်း ဂုဏ်ယူမိသွားတာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီးတဲ့နောက်မှာ စည်းဝေးပွဲတိုင်းကနေ ကျွန်တော် အများကြီး ရတယ်လို့ ခံစားမိတယ်။ တောက်တိုမည်ရလေးတွေ၊ တခြားကိစ္စတွေကြောင့် စည်းဝေးပွဲတွေ မတက်နိုင်တဲ့အချိန်တွေလည်း ရှိခဲ့တာပေါ့။ နောက်နေ့ရောက်တာနဲ့ စည်းဝေးပွဲအဖွဲ့ထဲမှာ ပို့ပေးထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ ညီအစ်ကိုမောင်နှမတွေကလည်း စည်းဝေးပွဲမှာပါတဲ့ အကြောင်းအရာကို ကျွန်တော် နားလည်အောင် ကူညီကြတယ်။ ဒီပုံစံအတိုင်း နှစ်လသုံးလလောက် နေလာရင်းနဲ့၊ ရေလောင်းတာကို တာဝန်ယူရတဲ့အစ်ကိုက ကျွန်တော့်ကို ပြောလာတယ်၊ “ညီလေးဗစ်တာ၊ မင်းက တော်တော်ကို စိတ်ထက်ထက်သန်သန်နဲ့ အားထုတ်တယ်ဆိုတာ ငါတို့မြင်တယ်။ မင်းက သမ္မာတရားကို နားလည်ချင်တာ။ ငါတို့က မင်းကို စည်းဝေးပွဲအုပ်စုတစ်ခုကို တာဝန်ယူပေးဖို့ ဖိတ်ခေါ်ချင်တယ်။ စိတ်ဝင်စားလား” တဲ့။ ဒါပေမဲ့ အဲဒီအချိန်မှာ လက်ခံလိုက်ဖို့ ခက်နေတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကရာတေးကျောင်းကို မကြာခင် ပြန်ဖွင့်ဖို့လိုတယ်လို့ ထင်မိတာကိုး။ ကျွန်တော်က စည်းဝေးပွဲအုပ်စုတစ်ခုကို တာဝန်ယူရမယ်ဆိုရင်၊ ကျွန်တော့်သင်တန်းကျောင်းအချိန်နဲ့ တိုက်ကုန်မယ်လေ။ ကျောင်းရဲ့နာမည် ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါနဲ့ ကျွန်တော်လည်း အဲဒီအစ်ကိုကို ပြောလိုက်တယ်၊ “ကျွန်တော်က မကြာခင် ကရာတေးသင်တန်းတွေ သင်ရတော့မှာမို့လို့ ဒီတာဝန်ကို လက်မခံနိုင်တာ စိတ်မရှိပါနဲ့။ သင်တန်းပေးတာက ကျွန်တော့်အတွက် အရေးကြီးဆုံးအလုပ်ပဲ။ အဲဒါကို ဘာနဲ့မှ အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး။ ကျွန်တော်က ဒီကျောင်းကို ဖွင့်လာခဲ့တာ ၁၁ နှစ်ရှိပြီ။ နှစ်ပေါင်းများစွာ ကျွန်တော် ကြိုးစားခဲ့တာတွေရဲ့ ရလဒ်လေးပါ။ မိဘတွေအားလုံးကလည်း သူတို့ကလေးတွေ သင်ယူတဲ့ကိစ္စမှာ ကျွန်တော့်ကို ယုံကြည်ကြတယ်။ သူတို့အားလုံးက ကျွန်တော့်ကို တော်တော်လေး လိုအပ်တယ်။ အဲဒါကြောင့် စည်းဝေးပွဲအုပ်စုတစ်ခုကို ကျွန်တော် တာဝန်မယူနိုင်ပါဘူး” ပေါ့။
နောက်တော့ စည်းဝေးပွဲတစ်ခုမှာ ညီအစ်ကိုတစ်ယောက် မျှဝေတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ကျွန်တော် ဖတ်ရတယ်၊ “သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဘုရားက လူတွေကို ထကြွဖို့၊ သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ကြဖို့ မျှော်လင့်တယ်ဆိုတာကို ဘုရားရဲ့နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ကိုယ့်တာဝန်ကို ပိုပြီး လုပ်ဆောင်တာနဲ့အမျှ သမ္မာတရားကို ပိုပြီး နားလည်မယ်။ ကိုယ်လည်း ပိုပြီး စုံလင်နိုင်တယ်။ အခုအချိန်က ဘုရားရဲ့နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့ဖို့အတွက် အရေးကြီးတဲ့ကာလပဲ။ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို ဥရုဂွေးမှာ ပထမဆုံး လက်ခံကြတဲ့ လူစုအဖြစ် ကျွန်တော်တို့က အမှုတော်ကို လက်ခံပြီးခါစ၊ ကိုယ့်တာဝန်တွေကို လုပ်ခါစလူတွေကို ရေလောင်းကူညီပေးဖို့ ထကြွသင့်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လူတိုင်းနဲ့ မိတ်သဟာယပြုရင်း၊ ကျွန်တော်လည်း ဘုရားအလိုတော်ကို နားလည်သွားတယ်။ ကိုယ့်တာဝန်ကို ငြင်းခဲ့မိတာကို တွေးမိတော့ နည်းနည်း ရှက်သွားတာပေါ့။ ဒါနဲ့ ကြီးကြပ်သူကို “ကျွန်တော် ကိုယ့်တာဝန်ကို လုပ်ချင်ပါတယ်” လို့ ပြောလိုက်ရော။ ဒါပေမဲ့ ကြီးကြပ်သူက ကျွန်တော် ဘယ်တော့ အချိန်ရမလဲဆိုတာကို မေးလာတော့၊ ကျွန်တော် ထပ်ပြီး ကိုးလိုးကန့်လန့်ဖြစ်ပြန်ရော။ စည်းဝေးပွဲတွေ ဦးဆောင်လုပ်ဖို့အတွက် တစ်ပတ်မှာ နှစ်ရက်သုံးရက်လောက် အချိန်ပေးမယ်ဆိုရင်၊ ကျောင်း ပြန်ဖွင့်တဲ့အခါ ကျွန်တော့်သင်တန်းတွေကို အနှောင့်အယှက်ဖြစ်လာမယ်လို့ စဉ်းစားမိတယ်။ ကျွန်တော်က ကျောင်းကိုလည်း ပြန်ပြင်နေတာ တန်းလန်းကြီး။ အဲဒါကို ကောင်းကောင်းမွန်မွန် ပြီးသွားစေချင်တာ၊ ပြီးတော့ လူတွေအများကြီး သင်တန်းတက် လေ့ကျင့်ကြအောင်လည်း ဆွဲဆောင်ချင်တာ။ အဲဒါက ကျွန်တော့်လုပ်ငန်းအတွက် ပိုပြီး ကောင်းသွားမှာလေ။ ကျွန်တော်လည်း ကြီးကြပ်သူကို၊ “ကျွန်တော်က အရမ်းအလုပ်များပါတယ်။ စည်းဝေးပွဲတွေကို အင်္ဂါနေ့တွေမှာ လုပ်ပေးဖို့ပဲ အချိန်ရတယ်” ဆိုပြီး ပြောလိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော် ကိုယ့်တာဝန်ကို စလုပ်တယ်ပေါ့။ အဲဒီနောက်ပိုင်း ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို မကြာမကြာ ကူညီပြီး အားပေးကြတယ်။ ကျွန်တော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ယုံယုံကြည်ကြည်နဲ့ စဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အပ်ပလီကေးရှင်းထဲက ဓမ္မတေးတွေကို မကြာမကြာ နားထောင်ပြီး ရုပ်ရှင်တွေလည်း ကြည့်တယ်။ ဒီကာလအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတဲ့လူတွေက များသထက်များလာတယ်ဗျ။ ဒါနဲ့ ကြီးကြပ်သူက ကျွန်တော့်ကို စည်းဝေးပွဲတွေ ပိုပြီးလုပ်ပေးနိုင်မလား၊ လူသစ်ညီအစ်ကိုမောင်နှမတွေကို ရေလောင်းပေးနိုင်မလားလို့ မေးတယ်။ ကျွန်တော်လည်း နည်းနည်း စိတ်ညစ်သွားတယ်။ ဒါပေမဲ့ ကျောင်းက သင်တန်းတွေ မစသေးဘူးဆိုတော့၊ ယာယီလောက်တော့ လုပ်ပေးနိုင်တယ်လို့ စဉ်းစားမိတယ်။ ဒါနဲ့ ကျွန်တော် သဘောတူလိုက်ရော။ ဒါပေမဲ့ သင်တန်းတွေ ပြန်ဖွင့်တဲ့အခါ ကျွန်တော့်တာဝန်အတွက် အချိန်ရတော့မှာ မဟုတ်ဘူးလို့လည်း ကြီးကြပ်သူကို ပြောထားလိုက်တယ်။ အဲဒီအချိန်တုန်းကတော့ အဲဒီလိုလုပ်တာ မှန်တယ်လို့ပဲ ထင်မိတာ။ ဘာလို့လဲဆိုတော့ ကိုယ့်ကရာတေးကျောင်းထက် ပိုပြီးအရေးကြီးတာ မရှိဘူးလို့ ထင်ခဲ့တာကိုး။ အဲဒီလိုနဲ့ တစ်ရက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိတော့မှ၊ ကျွန်တော့်စိတ် ပြောင်းလဲသွားတယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) လူတွေကို ကျော်ကြားမှုတွေ၊ အကျိုးအမြတ်တွေနဲ့ ထိန်းချုပ်နေတဲ့ စာတန်ရဲ့နည်းလမ်းတွေကို ဘုရားက စေ့စေ့စပ်စပ် ခွဲခြားပြတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားလုံးက သဘာဝကျလွန်းတယ်။ ကျွန်တော်က အဲဒီပုံစံအတိုင်း နေထိုင်ခဲ့တာပဲ။ ကျွန်တော် အမြဲတမ်း ကြိုးစားတာက ထင်ပေါ်ဖို့၊ အောင်မြင်တဲ့ အလုပ်အကိုင်တစ်ခု ရဖို့အတွက်ပဲ။ ကျွန်တော့်မှာ ဒါတွေ ရှိပြီဆိုရင် ဘဝမှာ ပိုပြီးပျော်ရွှင်နိုင်မယ်၊ သူများတွေက လေးစားအားကျတာကိုလည်း ခံရနိုင်မယ်ဆိုပြီး စဉ်းစားတာ။ ကျွန်တော့်မှာ ဆောက်လုပ်ရေးအလုပ်တစ်ခု ရှိတယ်၊ ဝင်ငွေကလည်း နေထိုင်ဖို့ လုံလောက်တယ်ဆိုပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီးချမ်းသာအောင်၊ လူတွေအများကြီးက အားကျမိအောင်၊ ကျော်ကြားမှုနဲ့ ငွေကြေးအရသာကိုလည်း ခံစားရအောင်ဆိုပြီး၊ ကျွန်တော်က ကရာတေးကျောင်းတစ်ခု ဖွင့်ခဲ့တာ။ ကျောင်းကို ကောင်းကောင်းမွန်မွန် လည်ပတ်အောင်လို့ ကိုယ့်ခွန်အားတွေ အကုန်ထည့်ခဲ့တာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ၊ စည်းဝေးပွဲတွေ တက်နေသေးတယ်ဆိုပေမဲ့၊ ကျွန်တော် ဦးစားပေးတာက ကရာတေးကျောင်းပဲ ဖြစ်နေသေးတယ်။ ကိုယ့်တာဝန် ကျလာတဲ့အချိန်မှာလည်း၊ ကိုယ့်သင်တန်းတွေ နောက်ကျမှာကိုရော၊ ကျောင်းရဲ့နာမည်နဲ့ အကျိုးအမြတ် ထိခိုက်မှာကိုရော စိုးရိမ်မိတာ။ ဒါနဲ့ ကျွန်တော် ငြင်းခဲ့တာပဲ။ စည်းဝေးပွဲတွေ ဦးဆောင်လုပ်တယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တယ်ဆိုပေမဲ့၊ အဲဒါကို ယာယီလို့ပဲ ကျွန်တော် ထင်ခဲ့တာ။ ပြီးတော့ ကိုယ့်ကရာတေးကျောင်း ပြန်ဖွင့်ထားလို့ရအောင်၊ လော့ဒေါင်းချတာတွေ ရုပ်သိမ်းဖို့ပဲ မျှော်နေမိတာ။ ဒါတွေကို သဘောပေါက်မိတဲ့အချိန်မှာ ကျွန်တော် ရှက်သွားတယ်။ ကျော်ကြားမှုနဲ့ ငွေကြေးကို ကိုယ့်ရှင်သန်မှုရဲ့ အခြေခံအကြောင်းရင်းအဖြစ် သဘောထားခဲ့မှန်း နားလည်သွားတယ်။ ဘုရားအပေါ် ယုံကြည်မှုနဲ့ ကိုယ့်တာဝန်ထက် ကိုယ့်လုပ်ငန်းလည်ပတ်နေတာက ပိုပြီး အရေးကြီးတယ်လို့ ထင်မိသွားတော့၊ ကျော်ကြားမှုနဲ့ ငွေကြေးနောက် လိုက်ရင်း၊ ဆုံးဖြတ်ချက်အမှားကို လုပ်မိလုနီးပါးအထိ ဖြစ်သွားတာ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့၊ သမ္မာတရားကို ရဖို့ အခွင့်အရေးကိုလည်း ဆုံးရှုံးလုနီးပါး ဖြစ်သွားရတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်တာ၊ လုပ်ငန်းတစ်ခု လုပ်ကိုင်တယ်ဆိုတာ ထိုက်သင့်တဲ့ ရှာဖွေမှုတွေလို့ ထင်ရပေမဲ့၊ အဲဒါတွေရဲ့နောက်ကွယ်မှာ စာတန်ရဲ့လှည့်ကွက်တွေ ရှိမှန်း၊ ကျွန်တော် အခု နားလည်သွားပြီ။ စာတန်က လူတွေကို သွေးဆောင်ဖျက်ဆီးဖို့အတွက် ကျော်ကြားမှု၊ ချမ်းသာမှုနဲ့ အဆင့်အတန်းဆိုတာကို အသုံးချတယ်။ သူ့ကြောင့် ကျွန်တော်လည်း အဲဒါတွေကို စိတ်ပါလက်ပါ ရှာဖွေမိတယ်။ ကိုယ့်မှာ လုံလောက်သွားရင်လည်း ပိုပြီး ရချင်လာစေတယ်။ အခုဆို ကျွန်တော်က သူ့ညွှတ်ကွင်းထဲ မိနေပြီ။ စာတန်ရဲ့ အတင်းအဓမ္မ ကန့်သတ်ထိန်းချုပ်တာကို ခံနေရတာ။ ကျွန်တော်က သူ့ကျေးကျွန် ဖြစ်လာတာပဲ။ ဘုရားဆီကနေ ဝေးသထက် ဝေးလာပြီး၊ ကျော်ကြားမှုနဲ့ ငွေကြေးကြောင့် ပျက်စီးရတဲ့အထိ ဖြစ်လိမ့်မယ်။
နောက်တော့ ကျွန်တော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုကို ထပ်ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနှင့်တန်သည့် စွမ်းအင်များကို သုံးပစ်ကြသည်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနှင့် အဆင့်အတန်းအကြားတွင် အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်အားလုံး ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့ သည် မိသားစု၊ ငွေနှင့် ကျော်ကြားမှုများ ဖြစ်သည်။ ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ၎င်းတို့၏ကံကြမ္မာနှင့်ပတ်သက်ပြီး ညည်းညူကြသည်။ သို့သော်လည်း ဆန်းစစ်ပြီး သိနားလည်ဖို့ အရေးအပါဆုံးသော ကိစ္စရပ်များကို ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏- လူသားက အဘယ်ကြောင့်အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပါယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည်။ ၎င်းတို့ နှစ်မည်မျှကြာပါစေ၊ ၎င်းတို့၏ ပျိုမျစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည့်အထိ၊ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းကို ရှာဖွေရင်း ပြေးလွှားခြင်းဖြင့်သာ ၎င်းတို့ဘဝတစ်ခုလုံးကို ကုန်ဆုံးကြလေသည်။ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းတို့က ဇရာထောင်းခြင်းဘက်သို့ မိမိတို့ ရွေ့လျှောခြင်းကို မရပ်တန့်နိုင်ကြောင်း၊ ငွေက နှလုံးသား၏ လစ်ဟာနေခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်း၊ မည်သူမျှ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတို့၏ နိယာမများမှ မကင်းလွတ်နိုင်ကြောင်း၊ ကံကြမ္မာက အဆင်သင့်ထားရှိသောအရာမှ မည်သူမျှ မလွတ်မြောက် နိုင်ကြောင်းကို ၎င်းတို့နားလည်သည်အထိ ဤနည်းဖြင့် အသက်ရှင်ကြလေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ ဖိအားပေးခံရသည့်အခါမှသာ လူတစ်ယောက်က အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုနှင့် ကြီးကျယ်သော ဥစ္စာပစ္စည်းများ ပိုင်ဆိုင်နေသည့်တိုင်၊ အခွင့်ထူးခံဖြစ်ပြီး အဆင့်အတန်းမြင့်မားနေသည့်တိုင် သေခြင်းကို မလွတ်မြောက် နိုင်သကဲ့သို့ လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ် တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြ လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသွားတော့ ကျွန်တော် စဉ်းစားတယ်၊ “ငါက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပေမဲ့၊ သမ္မာတရားကို အားထုတ်တာတွေ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို ဆောင်ရွက်တာတွေမှာ အာရုံမစိုက်ဘူး။ ကျော်ကြားမှု၊ ငွေကြေးနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေနောက် စိတ်ပါလက်ပါ လိုက်နေတုန်းပဲ။ တန်ဖိုးရှိတဲ့ ငါ့အချိန်နဲ့ ခွန်အားကို ဒီဟာတွေပေါ်မှာ ဖြုန်းတီးမိတယ်။ ဘုရားကို ဒီလိုနည်းနဲ့ ယုံကြည်နေလို့ ငါ ဘာများ ရနိုင်မှာလဲ။ ကမ္ဘာ့ကပ်ဘေးကြီး ဖြစ်နေတဲ့ အခုချိန်မှာ လူတွေအများကြီး ကမ္ဘာအနှံ့မှာ သေနေကြတယ်။ ငါ့ဘဝမှာ ဘာဖြစ်သွားနိုင်သလဲ ငါ မသိဘူး။ သမ္မာတရားကို အားထုတ်ဖို့၊ ကိုယ့်တာဝန်ကို လုပ်ဆောင်ဖို့ အခွင့်အရေးတွေက နည်းသထက် နည်းလာသလိုပဲ။ သမ္မာတရားကို အားထုတ်ဖို့ သိပ်ပြီး နောက်မကျသေးဘူးလို့ ဆိုချင်ဆိုနိုင်ပေမဲ့၊ သေဖို့နီးနေတဲ့အချိန်မျိုးမှာတော့ အရမ်း နောက်ကျသွားလိမ့်မယ်။” "ငါက ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံမိလောက်အောင် ကံကောင်းနေတယ်။ သမ္မာတရားကို အားထုတ်ပြီး ကယ်တင်ခံရမယ့် အခွင့်အလမ်းကို ဘုရားက ငါ့ကို ပေးထားတယ်။ ဒါပေမဲ့ ငါက အဲဒါကို တန်ဖိုးမထားဘူး။ သမ္မာတရားကို အားထုတ်ဖို့အတွက် အချိန်နဲ့ ခွန်အားကို ပိုပြီး သုံးစွဲချင်စိတ် မရှိဘူး။ ငါက လုံးလုံး မျက်ကန်းဖြစ်နေတာပဲ။ ဟိုတုန်းက ဘဝကျော်ကြားမှုနဲ့ ငွေကြေးနောက် လိုက်ဖို့အတွက်၊ ဒီကျောင်းကို တည်ထောင်ဖို့ ငါ အများကြီး ကြိုးစားအားထုတ်ခဲ့တယ်။ ကျောင်းက သိပ်ကောင်းတယ်၊ သိပ်ပြီး ဆွဲဆောင်မှုရှိတယ်။ ငါလည်း ကျော်ကြားမှု၊ ငွေကြေးနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနည်းနည်း ရထားတယ်။ ဒါပေမဲ့ ငါ့ရင်ထဲမှာ အနှစ်သာရမဲ့နေတုန်းပဲ။ ဒီလို နေထိုင်ရတာ အကျိုးမရှိဘူးလို့ ခံစားရတယ်။ အခုချိန်မှာ ငါ့ဘဝကို ဒီအရာတွေအတွက် တကယ်ကို အချည်းနှီးမဖြစ်ချင်တော့ဘူး။ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့လူတွေ အများကြီးရှိတယ်။ ဂုဏ်အဆင့်အတန်း ရှိတဲ့လူတွေပေါ့။ ဒါပေမဲ့ သူတို့က ဘုရားနဲ့ ဝေးကွာကြတယ်။ ဘုရားကို ငြင်းပယ်ကြတယ်။ ပြီးတော့ ကပ်ဘေး ဆိုက်ပြီဆိုရင် သူတို့တွေ သေကြရဦးမှာပဲ။ ပစ္စည်းဥစ္စာဆိုတာ အသက်ကို မဝယ်နိုင်ဘူး။ ကျော်ကြားမှုနဲ့ ငွေကြေးဆိုတာလည်း သေခြင်းနဲ့ ရင်ဆိုင်ရပြီဆို အသုံးမဝင်ဘူး။ သမ္မာတရားကို အားထုတ်ပိုင်ဆိုင်ခြင်းနဲ့သာ ဘုရားရဲ့ကာကွယ်မှုနဲ့ ကယ်တင်ခြင်းကို ရနိုင်ကြတယ်" ပေါ့ဗျာ။ သခင်ယေရှု ပြောခဲ့သလိုပဲလေ၊ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) မှန်တာပေါ့။ လောကကြီးမှာ ကျော်ကြားမှုနဲ့ ငွေကြေးကို ရပြီး၊ လူတွေရဲ့ လေးစားအားကျမှုကို ခံရတယ်ဆိုရင်တောင်၊ ဒီအရာတွေက ကိုယ့်ကို အသက်ရှင်အောင် မလုပ်ပေးနိုင်ဘူး။ အဲဒါတွေကြောင့် ဘုရားနဲ့ ဝေးကွာပြီး၊ ကယ်တင်ခံရမယ့် ကိုယ့်အခွင့်အရေးပဲ ဆုံးရှုံးသွားနိုင်တာ။ ကျွန်တော်လည်း ဒီကာလအတွင်းမှာ ကိုယ့်တာဝန်ကို လုပ်ပြီး၊ သမ္မာတရားကို ရှာဖွေမိသွားတော့၊ ဟိုအရင် တစ်ခါမှ မရခဲ့တာမျိုးကို ရသွားတယ်။ ဘုရားအလိုတော်ကို နားလည်သွားတယ်။ ကျွန်တော် တဖြည်းဖြည်း စပြီးပြောင်းလဲလာတယ်။ အသင်းတော်ထဲက ကိုယ့်တာဝန်တွေကိုလည်း ကျေပွန်အောင် လုပ်မိတယ်။ ဘဝရဲ့အဓိပ္ပာယ်ကို ကျွန်တော် ရှာတွေ့သွားတာ။ သမ္မာတရားကို အားထုတ်ဖို့၊ ဘုရားကို နာခံဖို့၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့ ဘဝတစ်ခုကို နေထိုင်ဖို့၊ စာတန်အတွက် ဆက်ပြီး အသက်မရှင်ဖို့ဆိုတဲ့ ဆန္ဒတွေ ရှိသွားတာ။
အချိန်နည်းနည်း ကြာသွားတော့၊ ကျွန်တော့်ကရာတေးကျောင်းကို ပြင်ဆင်တာတွေ ပြီးသွားတယ်။ လော့ဒေါင်း ပယ်ဖျက်တယ်။ ပြန်ဖွင့်ဖို့အချိန် ရောက်သွားတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော် အရင်ကလို အများကြီး မျှော်လင့်မနေတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီကာလအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး ဖတ်ထားပြီးပြီ။ ကျွန်တော်တို့အနေနဲ့ လောကမှာ ကျော်ကြားမှုနဲ့ ငွေကြေးနောက် လိုက်ပြီး စာတန်ရဲ့လှည့်စားမှုကို ခံရမယ့်အစား၊ ကယ်တင်ခြင်း ခံရနိုင်အောင်လို့ သမ္မာတရားကို အားထုတ်ပြီး ကိုယ့်တာဝန်ကို လုပ်ကြဖို့ ဘုရားက ဆန္ဒရှိမှန်း ကျွန်တော် သိသွားတယ်။ ဒါနဲ့ ကရာတေးကျောင်းကို အမြဲတမ်း ပိတ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်လို့ပဲ ထင်မိတယ်။ ကျွန်တော်က ဒီဆုံးဖြတ်ချက်ကို မိဘနဲ့ သင်တန်းဆရာတွေအဖွဲ့ထဲမှာ ကြေညာလိုက်တော့၊ ကျွန်တော်နဲ့ ရင်းနှီးတဲ့လူတချို့က မယုံနိုင်ကြဘူး။ ဘာလို့လဲဆိုတော့ ဒီကျောင်းက ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိကြတယ်လေ။ ကျောင်းသားတွေ၊ မိဘတွေ တော်တော်များများကလည်း မက်ဆေ့ချ်တွေ ပို့ပြီး၊ လုပ်ငန်းကို ဆက်လုပ်ဖို့ ဖျောင်းဖျကြတယ်။ တချို့မိဘတွေကဆို၊ "ဗစ်တာ၊ ကျွန်တော့်ကလေးတွေက ခင်ဗျားရဲ့သင်တန်းတွေကို တကယ် သဘောကျကြတာ။ ခင်ဗျား တကယ်ပဲ ကရာတေးကို ဆက်မသင်တော့ဘူးလား" ဆိုပြီး ပြောကြတယ်။ တချို့ကျောင်းသားတွေကလည်း၊ “ဆရာ့အလုပ်က အရေးကြီးဆုံးပဲဆို၊ ဒါက ဆရာ့ဘဝပဲလို့ ပြောခဲ့တာမဟုတ်ဘူးလား” ဆိုပြီး ပြောကြတာပေါ့။ ဒီစကားတွေကို ကြားရတော့ ကျွန်တော် နည်းနည်း မရေမရာဖြစ်သွားတယ်။ ကျောင်းအသစ်ပြုပြင်တာကို ကျွန်တော် အများကြီး ကြိုးစားအားထုတ်ထားတာ။ တစ်ခါမှတောင် အသုံးမပြုရသေးဘူး။ ကျွန်တော်က အဲဒါကို တကယ်ပဲ အပြီးပိတ်ပစ်တော့မှာလား။ ကျွန်တော် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့လုပ်ငန်းက အဆုံးသတ်သွားပြီလားပေါ့။ အဲဒီအချိန်မှာ နည်းနည်းတော့ တကယ်ကို ဘဝင်မကျဖြစ်မိတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ကျွန်တော် ဖတ်မိတယ်။ “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အရေးပါမှုရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အရေးပါမှု ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့မှ ကျွန်တော် အများကြီး တည်ငြိမ်သွားတယ်။ ကျော်ကြားမှုနဲ့ ငွေကြေးနောက် လိုက်တယ်ဆိုတာ ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ်မှ မရှိမှန်း နားလည်သွားတယ်။ ဘဝမှာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုပဲဖြစ်ဖြစ်၊ ကျော်ကြားမှုနဲ့ ငွေကြေးပဲဖြစ်ဖြစ်၊ ကျွန်တော့်ရင်ထဲက အနှစ်သာရမဲ့နေတာကို မဖယ်ရှားပေးနိုင်ဘူး၊ ဘုရားရဲ့ကယ်တင်ခြင်း ခံရအောင်လည်း မလုပ်ပေးနိုင်ဘူး။ သမ္မာတရားကို အားထုတ်တာ၊ ဘုရားကို ချစ်ခင်ခြင်းကို အားထုတ်တာ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်တာတွေကသာ အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို နေထိုင်နိုင်တာပါ။ ဒါက ကျွန်တော် အမှန်တကယ် လိုချင်မိတဲ့ဘဝပဲ။ ကျွန်တော့်ကရာတေးကျောင်းအတွက် အများကြီး စိတ်မကောင်းဖြစ်မိသေးတယ်ဆိုပေမဲ့၊ မိတ်ဆွေတွေ၊ ကျောင်းသားတွေရဲ့ စကားတွေကြောင့် ကျွန်တော့်ဆုံးဖြတ်ချက်က မပြောင်းသွားတော့ဘူး။ ဘာလို့လဲဆိုတော့ ဘုရားရဲ့နှုတ်ကပတ်တော်က အရာရာတိုင်းထက် ပိုပြီးအရေးကြီးမှန်း ကျွန်တော် သိသွားပြီ။ ဘုရားရဲ့ကယ်တင်ခြင်းနောက် လိုက်တာဟာ ကျန်တဲ့အရာအားလုံးထက် ပိုပြီးအရေးကြီးတယ်လေ။ ကျွန်တော် ကျောင်းကို ဆက်မဖွင့်ချင်တော့ဘူး။ ကိုယ့်တာဝန် လုပ်ဆောင်ဖို့ကိုပဲ အချိန်တွေ၊ ခွန်အားတွေကို ပိုပြီး သုံးစွဲချင်သွားတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အဓိပ္ပာယ်အရှိဆုံး လုပ်ဆောင်စရာပဲဆိုတာကို ကျွန်တော် သိသွားပြီလေ။ အခုအချိန်ထိကို ကျွန်တော့်မိတ်ဆွေတချို့က ကျောင်းပြန်ဖွင့်အောင် ဖျောင်းဖျဖို့ ကြိုးစားနေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ရွေးချယ်မှုကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတယ်။ ကျွန်တော်က ပေါ့တန်တဲ့၊ အပျော်အပါးရှာတဲ့ဘဝကို ချန်ထားပစ်ခဲ့ပြီ၊ ဘဝကျော်ကြားမှုနဲ့ သူများတွေရဲ့အလေးထားမှုကိုလည်း ဆုံးရှုံးလိုက်ရပြီဆိုပေမဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကိုယ့်တာဝန်ကို နေ့တိုင်း လုပ်ဆောင်ရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့၊ သမ္မာတရားကို မိတ်သဟာယပြုဖို့ ပိုပြီးအချိန်ရသွားတယ်။ ဒီကနေတစ်ဆင့် သမ္မာတရားတချို့ကို ကျွန်တော် နားလည်လာတယ်။ အကြောင်းအရာတချို့ကို ရှင်းရှင်းလင်းလင်း မြင်လာတယ်။ အထူးသဖြင့် ကျော်ကြားမှုနဲ့ ငွေကြေးနောက် လိုက်ခြင်းရဲ့ အကျိုးဆက်တွေကိုပေါ့။ ပြီးတော့ ကျွန်တော် သမ္မာတရားကို စပြီး အားထုတ်မိတယ်၊ ဘဝမှာ လမ်းမှန်ကို စလျှောက်မိသွားတယ်။ ဒါက ဒီကာလအတွင်းမှာ ကျွန်တော့်အတွက် အကြီးဆုံးအကျိုးအမြတ် ဖြစ်သွားတာပါ။ လောကမှာ ထင်ပေါ်ကျော်ကြားမှုနဲ့ သူများတွေရဲ့ အထင်ကြီးလေးစားမှုဆိုတာတွေထက် ကျွန်တော် ရရှိသွားတာတွေက အများကြီးပိုပြီး အဖိုးတန်ပါတယ်။ အခုဆို ကျွန်တော်က ဧဝံဂေလိကိုလည်း မကြာမကြာ ဟောပြောတယ်၊ ဧဝံဂေလိကို လက်ခံပြီးခါစ လူတွေကို ကူညီစောင့်ရှောက်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုဖို့လည်း လေ့လာထားတယ်။ ဘုရားရှေ့မှောက် လူတွေအများကြီး ရောက်နိုင်ကြဖို့၊ ဘုရားရဲ့ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်းကို ရနိုင်ကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီနည်းအတိုင်း နေထိုင်တာက အရမ်း လုံခြုံစိတ်ချရတယ်၊ အဓိပ္ပာယ်ရှိလွန်းတယ်လို့ ထင်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။