ကျွန်မအတွက် လွတ်လပ်မှုကို ဘယ်သူပေးခဲ့တာလဲ

23.01.2022

ရွှေကြည် တရုတ်နိုင်ငံ

ကျွန်မ ပထမဆုံးပြောင်းလဲလာတုန်းက ကျွန်မအမျိုးသားက ယုံကြည်ခြင်းရှိတာ သိပ်ကောင်းတယ်လို့ပြောတယ်။ တစ်ခါတလေမှာ ကျွန်မနဲ့ စုဝေးပွဲတွေသွားတယ်။ နောက်တော့ ၂၀၁၄၊ မေ ၂၈မှာ ကွန်မြူနစ်ပါတီက ကျောက်ယွမ်အမှုကို လုပ်ဇာတ်ခင်းပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အပေါ်ကို ပုံချခဲ့တယ်။ ဒီကောလာဟလတွေက မီဒီယာတွေအားလုံး၊ တီဗီ၊ ရေဒီယို၊ သတင်းစာတွေပေါ်မှာ ရောက်ကုန်တယ်။ တော်တော်ဆိုးတဲ့ အချိန်ကာလပါပဲ။ ညီအစ်ကိုမောင်နှမတွေအများကြီး ဖမ်းခံရတယ်။ တစ်နေ့လည်မှာ ကျွန်မက စုဝေးပွဲကနေ အိမ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ ကျွန်မအမျိုးသားက ပြာယာခတ်နေရင်းနဲ့ ပြောတယ်။ “အော် မင်းပြန်လာပြီကိုး။ ဘုရားကိုယုံကြည်လို့ဆိုပြီး မင်းကို အတိုင်ခံရတယ်” တဲ့။ ကျွန်မ လန့်သွားပြီး သူ့ကို အမြန်မေးလိုက်တယ်။ “ရှင့်ကို ဘယ်သူပြောတာလဲ” ပေါ့။ သူက သူ့အသံကို နိမ့်ပြီး ပြောတယ်။ “ဒီမနက်မှာ စည်းကမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင်နဲ့ အတွင်းရေးမှူးက ငါ့ကို အစည်းအဝေးလုပ်ဖို့ ခေါ်တယ်။ အများစုက မင်းရဲ့ဘာသာရေးအကြောင်းပဲ။ ဗဟိုကော်မတီက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ထားတာ ကြာပြီလို့ သူတို့ကပြောတယ်။ ပြီးတော့ သူတို့က ဒါကို တကယ်ကို နှိမ်နှင်းနေတာ။ အထက်ကနေ အောက်အထိ နိုင်ငံအနှံ့ပဲ။ ရွာတွေ၊ စက်ရုံတွေ၊ မိုင်းတွင်းတွေကနေ လုပ်ငန်းတွေ၊ တက္ကသိုလ်အဖွဲ့အစည်းတွေအထိကို လူတိုင်းက အနန္တတန်ခိုးရှင်ဘုရားသခင် ယုံကြည်သူတွေကို ရှာနေကြတာ။ သူတို့တွေအားလုံး ထုတ်ခံရတယ်။ ပြီးတော့ ပါတီဝင်တွေက ဘာသာရှိဖို့ ခွင့်မပြုဘူးလို့ သူတို့ကပြောတယ်။ ပြီးတော့ ဘာသာရှိမှန်းသိသွားရင် ပြည်သူ့ဝန်ထမ်းကနေ အဖယ်ခံရမှာ။ သူတို့ကလေးတွေက တက္ကသိုလ်တက်လို့မရဘူး။ ပြည့်သူ့ဝန်ထမ်းမှာ လုပ်လို့မရဘူး။ စစ်ကျောင်းလည်း ဝင်လို့မရဘူး” တဲ့။ သူကပြောတယ်။ သူ့အလုပ်ဖော် အစ်မကျောင်က ယုံကြည်သူတဲ့။ အဲဒါကြောင့် သူက အလုပ်ထုတ်ခံရရုံတင်မကဘူး။ သူ့ယောကျာ်းတောင် ပြည်သူ့ဝန်ထမ်းကနေ ထုတ်ခံရတယ် တဲ့။ ပြီးတော့ သူတို့ကလေးက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းပေမဲ့ လက်မခံဘူး တဲ့။ ကျွန်မက ကျွန်မယုံကြည်ခြင်းကို ဆက်ထားထားရင် ကျွန်မတို့တစ်မိသားစုလုံးကို ထိခိုက်လိမ့်မယ်လို့ သူကပြောတယ်။ အဲဒါပြီးတော့ သူက ခဏငြိမ်သွားပြီး စိတ်ဓာတ်ကျတဲ့ပုံစံနဲ့ ကျွန်မကိုပြောတယ်။ “ငါ ဒီအကြောင်းကို စဉ်းစားတာ တော်တော်ကြာနေပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆက်ယုံနေတာက ငါတို့အတွက် ကောင်းမှာမဟုတ်ဘူး။ ဒါကြောင့် ငါတို့မိသားစုအကျိုးအတွက် ငါစွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းဆက်ယုံကြည်မယ်ဆိုရင် အိမ်မှာပဲ ကျင့်သုံးပေါ့။ အိမ်အပြင်မှာ ဘာမှလုပ်လို့မရဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံလို့ဆိုပြီး မင်းကို ထပ်အတိုင်ခံရရင် ငါတို့တစ်မိသားစုလုံး မင်းနဲ့အတူ ဒုက္ခခံရမှာ” တဲ့။ သိတယ်မို့လား။ ကျွန်မက တကယ်ကို မျှော်လင့်မထားဘူးလေ။ အစတော့ ကျွန်မ တကယ်ကိုဘာလုပ်ရမှန်းမသိဘူး။ ပြီးတော့ တော်တော်စိတ်မကောင်းဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မအမျိုးသားရဲ့ရပ်တည်ချက်က ခိုင်မာတယ်လို့ တွက်မိတယ်။ ပြီးတော့ ပါတီက ခြိမ်းခြောက်တာတွေကို ကြောက်ပြီး ဆက်မယုံကြည်ရဲတော့ဘူး။ ပြီးတော့ သူက ကျွန်မကိုလည်း မယုံကြည်စေချင်ဘူး။ ကျွန်မတာဝန်ကို မထမ်းဆောင်စေချင်ဘူး။ ဒါပေမဲ့ ကျွန်မ ဘုရားသခင်ကို မယုံကြည်လို့ မရဘူး။ ဒါက မှန်ကန်တဲ့လမ်းဆိုတာ၊ ဒါဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းမှုနဲ့ လုပ်ဆောင်ချက်ဆိုတာ၊ သူဟာ လူသားမျိုးနွယ်ကို သန့်စင်ပြီးကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြနေတယ်ဆိုတာ ကျွန်မသေချာနေခဲ့တယ်။ ကျွန်မ လုံးဝကို ယုံကြည်ရမယ် ပေါ့။ ဒါပေမဲ့ နောက်တော့ စဉ်းစားမိတယ်။ ငါက အတိုင်ခံရပြီးနေပြီ။ ငါ့ယောကျာ်းရဲ့ ပံ့ပိုးမှုကိုလည်း မရတော့ဘူး။ ငါ့တာဝန်ကို ဆက်လုပ်နေရင် ငါအတားအဆီးတွေကို ရင်ဆိုင်ရမှာ သေချာတယ်။ ပြီးတော့ ငါအဖမ်းခံရရင် ငါ့မိသားစုလည်း အမှုပတ်မှာပဲ ပေါ့။ ကျွန်မ စုဝေးပွဲတွေသွားတာ၊ တာဝန်ထမ်းဆောင်တာကို ရပ်လိုက်ပြီး အိမ်မှာပဲ ကျင့်သုံးတော့မယ်လို့ တွက်လိုက်တယ်။ ဒါက ပိုပြီး လုံခြုံနိုင်တယ်။ ကျွန်မမိသားစုကိုလည်း ကယ်တင်နိုင်လိမ့်မယ်ပေါ့။ ဒါပေမဲ့ အဲဒီစိတ်ကူးက ကျွန်မကို အပြစ်ရှိသလိုခံစားရစေတယ်။ တချို့ယုံကြည်သူတွေက ကွန်မြူနစ်ပါတီက ဖြန့်တဲ့ ကောလာဟလတွေ၊ အလိမ်အညာတွေကို ခံရတာကြောင့် သူတို့ကို ကူညီပြီး ပံ့ပိုးဖို့အတွက် သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ပေးဖို့လိုတယ်။ ကျွန်မက အပြင်ထွက်ပြီး ကိုယ့်တာဝန်ကို မထမ်းဆောင်ဘူးဆိုရင် တိုက်ပွဲကိုရင်ဆိုင်ရတဲ့အချိန်မှာ ထွက်ပြေးတဲ့ တပ်ပြေးတစ်ယောက်မဟုတ်ဘူးလား။ ဒါက ဘုရားအလိုတော်နဲ့ မကိုက်ညီပါဘူး။ ကျွန်မရဲ့ အသိတရားကို လျစ်လျူမရှုနိုင်ခဲ့ဘူး။ အကြောင်းအရာတွေက ကျွန်မ ထင်သလောက် တကယ်တမ်းမရိုးရှင်းဘဲ ကျွန်မ အလျင်စလိုလုပ်လို့မဖြစ်ဘူးဆိုပြီး မြင်မိတယ်။ ကျွန်မရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အစ်မလီနဲ့အတူ ရှာဖွေဖို့အတွက် သူနဲ့စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီသွားတဲ့လမ်းတစ်လျှောက်လုံး ကျွန်မခေါင်းထဲမှာ အပြန်အလှန်စဉ်းစားနေခဲ့တယ်။ ယုံကြည်ခြင်းက ကောင်းတယ်လို့ ကျွန်မအမျိုးသားက ပြောလေ့ရှိပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ရာမှာ ကူညီပံ့ပိုးပေးတယ်။ ဒါပေမဲ့ အခုကျတော့ မမျှော်လင့်ဘဲ သူက သူ့ခေါင်းဆောင်ပြောတာကို နားထောင်ပြီး ယုံကြည်တာကို ရပ်လိုက်တယ်။ ကျွန်မကိုလည်း မယုံကြည်စေချင်ဘူး။ တော်တော်ကို ရုတ်တရက်ပြောင်းလဲသွားတာပဲ။ အများကြီးစဉ်းစားပြီးတဲ့နောက်မှာ သူက သူ့ရာထူး၊ သူ့အသက်မွေးဝမ်းကျောင်းကို ဘယ်လိုထိခိုက်မယ်ဆိုတာကို ကြောက်တာဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒါ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတာပဲ။ ဒီဟာကြောင့် ကျွန်မ တော်တော်ကို အနေရထိုင်ရခက်သွားပြီးတော့ စဉ်းစားမိတယ်။ “လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ။ ယုံကြည်ခြင်းရှိပြီး ဘုရားကို ကိုးကွယ်တာဟာ မှန်ကန်ပြီး သဘာဝကျတယ်။ ဒါဆို ပါတီက ဘာလို့လူတွေကို ယုံကြည်ခြင်းရှိခွင့်မပေးတာလဲ။ ယုံကြည်ခြင်းရှိတာက ကိုယ့်မိသားစုအနာဂတ်ကို ဘာကြောင့်ပြဿနာဖြစ်စေရမှာလဲ။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက လွတ်လပ်စွာယုံကြည်ခွင့်ကို အာမခံထားတာမဟုတ်ဘူးလား။ ဒါဆိုရင် ပါတီက ဘာလို့ ယုံကြည်သူတွေကို ထိတ်ထိတ်ပျာပျာနဲ့ ဖိနှိပ်နေရတာလဲ” ပေါ့။ ကျွန်မ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေခဲ့တယ်။ အစ်မလီက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ခိုင်းတယ်။ “မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဒါကို ဖတ်ပြီးတဲ့နောက်မှာ အစ်မလီက ဒီမိတ်သဟာယကို ဝေမျှတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြဖို့ နောက်ဆုံးသောကာလမှာ ကြွလာခဲ့ပါပြီ။ ယုံကြည်သူတွေများစွာက ဘုရားအသံတော်ကို ကြားပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကြပြီ။ ဒါပေမဲ့ လူတွေ ယုံကြည်ခြင်းရပြီး ဘုရားနောက်ကိုလိုက်ပြီး ပါတီကို ငြင်းပယ်ကြမှာကို ပါတီကကြောက်တယ်။ ပါတီဟာ ခရစ်ယာန်တွေကို ကြမ်းကြမ်းရမ်းရမ်းဖမ်းဆီးဖိနှိပ်ပြီး ခရစ်ယာန်မိသားစုတွေရဲ့ မျိုးဆက်အဆက်ဆက်ကို ဆွဲထည့်ရင်းနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ရှုတ်ချပြီး စော်ကားဖို့အတွက် နည်းဗျူဟာပေါင်းစုံကို အသုံးပြုတယ်။ သူတို့ဟာ အသင်းတော်ကို စော်ကားပြီး အသရေဖျက်ဖို့အတွက်၊ လူတွေကို ဘုရားကိုဆန့်ကျင်ပြီး သူတို့နဲ့ ရပ်တည်အောင် လှည့်စားဖို့အတွက်၊ သူတို့ရဲ့ အာဏာရှင်အုပ်စိုးမှုကို ထိန်းသိမ်းခြင်းဖြစ်တဲ့ သူတို့ရဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ ရည်ရွယ်ချက်ကိုရဖို့အတွက် ကောလာဟလမျိုးစုံကို လုပ်ကြံခဲ့တယ်။ ပါတီဟာ ဘုရားကိုမုန်းတီးတဲ့၊ ဘုရားကိုဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးတစ်သိုက်ပဲ။ နိုင်ငံခြားမှာ သူတို့က ဘာသာရေးလွတ်လပ်ခွင့်ကို အားပေးတယ်လို့ အခိုင်အမာပြောတယ်။ ဒါပေမဲ့ ဒါက ကမ္ဘာပေါ်က လူတွေကို လိမ်ညာပြီး ကြိုးကိုင်ခြယ်လှယ်ဖို့အတွက်သက်သက်ပဲ။ အခု ဒီ မေလ ၂၈ ကျောက္ယွမ်အမှုက စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ရှုတ်ချပြီး နာမည်ပျက်အောင်လုပ်ဖို့အတွက် အမှုအတုတစ်ခုကို ဖန်တီးနေတာပါ။ သဘောထားကွဲလွဲသူဘယ်သူကိုမဆို ဖျက်ဆီးပစ်ဖို့က အမြဲတမ်း သူတို့ရဲ့ နည်းဗျူဟာဖြစ်နေခဲ့တယ်။ ဒါပေမဲ့ စီစီပီက ဘယ်လောက်ရိုင်းစိုင်းကြမ်းတမ်းပါစေ။ ပါတီဟာ ဘုရားလက်ထဲက အစေခံပစ္စည်းတစ်ခုပဲ။ သူတို့အကြောင်းကို ပိုင်းခြားသိမြင်ဖို့အတွက်၊ သူတို့ရဲ့ ဆိုးယုတ်တဲ့အနှစ်သာရကိုမြင်ပြီး သူတို့ရဲ့ လှည့်စားတာမခံရဖို့အတွက် ဘုရားသခင်က သူတို့ကို ဒီလိုပုံစံနဲ့ ပြုမူစေတာပါ။ အဆုံးမှာ အစ်မက စာတန်ကို အပြည့်အဝငြင်းပယ်နိုင်ပြီး ဘုရားသခင်ဘက်ကို လှည့်နိုင်ပါလိမ့်မယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပါပဲ” တဲ့။ စီစီပီရဲ့ ဘုရားကို မုန်းတီးတဲ့၊ သမ္မာတရားကို မုန်းတီးတဲ့ ဆိုးယုတ်တဲ့အနှစ်သာရကို နားလည်အောင် အစ်မလီရဲ့ ရှင်းပြချက်က ကျွန်မကို ကူညီပေးခဲ့တယ်။ ဘုရားသခင်ကို ကျွန်မသစ္စာဖောက်ဖို့အတွက် ကျွန်မကို ခြိမ်းခြောက်ဖို့ ကျွန်မအမျိုးသားနဲ့ ကလေးကို စီစီပီက အသုံးပြုနေတာပါ။ ကျွန်မ စာတန်နဲ့ လုံးဝ ညှိုနှိုင်းဆွေးနွေးလို့မဖြစ်ဘူး။ ပါတီက ကျွန်မကို ဘယ်လိုပဲဖိနှိပ်ပါစေ၊ ကျွန်မအမျိုးသားက ကျွန်မကို ဘယ်လိုပဲပိတ်ပင်ပါစေ ကျွန်မ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်နောက်ကိုလိုက်ရမယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရမယ်။

အဲဒီညမှာပဲ ကျွန်မ လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဘာကိုမှလက်မခံဘူး။ သူက “ဒီနှစ်တွေအားလုံးမှာ ဒီစနစ်ထဲမှာ ငါအလုပ်လုပ်ခဲ့တာ။ စီစီပီက မျှတမှုမရှိတဲ့၊ အတုအယောင်အမှုတွေကို လုပ်ကြံခဲ့တာကို ငါ မြင်ပြီးပြီ။ ငါက မင်းထက်ပိုမသိဘူးလား။ ဒါပေမဲ့ တရုတ်ပြည်က သက်ဦးဆံပိုင်စနစ်သုံးတဲ့ နိုင်ငံပဲ။ ပြီးတော့ တရုတ်ပြည်က ငါတို့မွေးတဲ့နေရာ။ ကွန်မြူနစ်ပါတီရဲ့ မူဝါဒတွေကို လိုက်နာရမယ်။ မဟုတ်ရင် အပြစ်ပေးခံရမှာ။ လက်တစ်ချောင်းက ခြေထောက်တစ်ချောင်းကို အနိုင်ရနိုင်ပါ့မလား။ မင်းရဲ့ ယုံကြည်မှုက ကောင်းတဲ့အရာဖြစ်တယ်၊ လူတွေကို မှန်ကန်တဲ့လမ်းကို ရောက်စေခြင်းပဲလို့ ထင်ခဲ့ဖူးတယ်။ ပါတီက ဒါကို အရေးယူပြီး အလုပ်တွေ ဆုံးရှုံးသွားနိုင်တယ်၊ အဖမ်းခံရပြီး ထောင်ကျနိုင်တယ်၊ သေအာင်ရိုက်ခံရနိုင်တယ်လို့တောင် ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး။ အကျိုးဆက်တွေက ဆိုးလွန်းတယ်။ မင်းက ဘုရားသခင်ကို ဆက်ပြီးယုံကြည်နေရင် မင်းပဲ အဖမ်းခံရနိုင်တာမဟုတ်ဘူး။ ငါလည်း အလုပ်ရှိနေနိုင်မှာမဟုတ်ဘူး။ ဒါဆိုရင် ငါတို့က ဘာစားမှာလဲ။ ဘာသောက်မှာလဲ။ ငါတို့ကလေးက ကောလိပ်ကို လုံးဝရောက်မှာမဟုတ်ဘူး။ ပြည်သူ့ဝန်ထမ်းမှာ လုပ်ရမှာမဟုတ်ဘူး။ စစ်ကျောင်းတက်ရမှာမဟုတ်ဘူး။ မင်းရဲ့ဘုရားအတွက် မင်းက တကယ်ပဲ ငါတို့ကလေးရဲ့အနာဂတ်တစ်ခုလုံးကို ဖျက်ဆီးပစ်မှာလား” ဆိုပြီးတော့တောင် ပြောတယ်။ ဒါတွေ အားလုံးကို သူပြောတာကြားရတော့ စိတ်တိုစရာကောင်းပြီး တစ်ချိန်တည်းမှာပဲ တော်တော်ကို စိတ်ထိခိုက်ရတယ်။ ကျွန်မယုံကြည်ခြင်းကို ဆက်ကျင့်သုံးနေရင် ကျွန်မအလုပ်ကနေ ရပ်နားခံရခြင်းကို ရင်ဆိုင်ရမယ်။ ကျွန်အမျိုးသားရဲ့အလုပ်က စိတ်ချရမှာမဟုတ်ဘူး။ ကျွန်မတို့သားက ကောလိပ်ကို ဘယ်တော့မှဝင်မှာမဟုတ်ဘူး။ မိသားစုတစ်စုအဖြစ် ကျွန်မတို့ရဲ့ဘဝ၊ ကျွန်မအမျိုးသားနဲ့သားရဲ့အနာဂတ်တွေအားလုံး ဒုက္ခခံရမှာပဲ။ ကျွန်မတို့မိသားစု ပျက်စီးသွားပြီး ကျွန်မက ဗီလိန်ဖြစ်သွားမှာ။ ဒါတွေပြီးတဲ့နောက်မှာ သူတို့ကို ကျွန်မဘယ်လိုရင်ဆိုင်နိုင်မလဲ။ အဲဒီညမှာ အိပ်ရာပေါ်မှာ လှဲရင်းနဲ့ လူးလှိမ့်နေခဲ့တယ်။ တစ်မှေးမှအိပ်လို့မရနိုင်ဘူး။ အဲဒီအချိန်ခဏမှာပဲ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ်ဆုတောင်းခဲ့တယ်။ ကျွန်မစိတ်နှလုံးကို ကြည့်ရှုစောင့်ရှောက်ဖို့၊ ကျွန်မကို နည်းလမ်းညွှန်ပြဖို့၊ လမ်းပြဖို့ ဘုရားကိုတောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲကဒါကို ကျွန်မဖတ်တယ်။ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဒါကို ဖတ်ပြီးတော့ ကျွန်မအထဲမှာ ကြီးမားတဲ့နယ်ပယ်တစ်ခု ပွင့်သွားသလိုခံစားရတယ်။ ဘုရားသခင်က အရာရာတိုင်းအပေါ် အုပ်စိုးတယ်၊ လူသားရဲ့စိတ်နှလုံးတွေ၊ ဝိညာဉ်တွေဟာ လုံးဝ သူ့လက်ထဲမှာရှိပြီး ကျွန်မအမျိုးသားနဲ့သားရဲ့ကံကြမ္မာကလည်း သူ့လက်ထဲမှာရှိတယ်ဆိုတာ ကျွန်မ နားလည်သဘောပေါက်သွားခဲ့တယ်။ ကျွန်အမျိုးသားက သူ့အလုပ်ပြုတ်တယ်၊ မပြုတ်ဘူးဆိုတာ၊ ကျွန်မတို့ကလေးက ကောလိပ်ဝင်တာဆိုတာက ဘုရားသခင်က ဆုံးဖြတ်ပိုင်ခွင့် ရှိတာမဟုတ်ဘူးလား။ ဘယ်လူသားကမှ စီစဉ်ညွှန်ကြားတာ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ ယုံကြည်ခြင်းရှိတယ်ဆိုတာ ဘဝမှာ လမ်းမှန်ကို လျှောက်တာပဲ။ ဥပဒေနဲ့ ဆန့်ကျင်တဲ့အရာတစ်ခုမှ ကျွန်မလုပ်မထားဘူး။ ကျွန်မမိသားစုက ဒါနဲ့ပတ်သက်ပြီး ထိခိုက်လာရင် ဒါ ကွန်မြူနစ်ပါတီလုပ်တာပဲ။ ပါတီရဲ့ မကောင်းမှုကြောင့်ဖြစ်မှာပဲ။ ဒါကို ကျွန်မနားလည်လိုက်တာနဲ့ ကျွန်မအမျိုးသားနဲ့သားရဲ့အနာဂတ်ကို ဘုရားလက်ထဲမှာထည့်ရင်းနဲ့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ နည်းနည်းနေလို့ထိုင်လို့ကောင်းလာတယ်။ ပြီးတော့ ကျွန်မ လုံးဝတည်တည်ငြိမ်ငြိမ်နဲ့ အမျိုးသားကို ပြောလိုက်တယ်။ “လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ။ ဘုရားကို ယုံကြည်ပြီး ကိုးကွယ်တာဟာ မှန်ကန်ပါတယ်။ ကျွန်မတို့မိသားစုကို ထိန်းသိမ်းဖို့အတွက်နဲ့ ကျွန်မယုံကြည်ခြင်းကို မစွန့်လွှတ်နိုင်ဘူး။ ဒါ ဘုရားသခင်ကို သစ္စာဖောက်တာဖြစ်မှာပဲ။ ဘုရားကိုဆန့်ကျင်ပြီး သူ့ကိုနာကျင်စေလို့မဖြစ်ဘူး။ ရှင်က ပါတီကိုကြောက်ပြီး၊ ရှင့်အလုပ်၊ အသက်မွေးဝမ်းကျောင်းကို ဆုံးရှုံးရမှာကြောက်ပြီး မယုံကြည်တော့ဘူး။ ဒါ ရှင့်ရွေးချယ်မှုပဲ။ ဒါပေမဲ့ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်က စစ်မှန်တဲ့ တစ်ပါးတည်းသောဘုရားသခင်ဆိုတာ သေချာတယ်။ ပြီးတော့ သူ့ရဲ့ကျေးဇူးတော်၊ ကောင်းချီးနဲ့ သမ္မာတရားပံ့ပိုးမှုတွေကို ကျွန်မအများကြီးခံစားခဲ့ရတယ်။ ကျွန်မ ကျေးဇူးမသိတတ်ပြီး သူ့ကိုကျောခိုင်းလို့မဖြစ်ဘူး။ ဒါ့အပြင် ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို အုပ်စိုးပြီး အရာရာက ဘုရားလက်ထဲမှာရှိတယ်။ ကျွန်မ ထုတ်ခံရသည်ဖြစ်စေ၊ ရှင်အလုပ်ထုတ်ခံရသည်ဖြစ်စေ ကျွန်မတို့သားက ကောလိပ်ဝင်လို့ရသည်ဖြစ်စေ အားလုံးက ဘုရားလက်ထဲမှာပဲ။ ဘယ်လူသားကမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” ဆိုပြီးတော့ပေါ့။ ကျွန်မအမျိုးသားက သူဖြစ်စေချင်တာကို ကျွန်မ မလုပ်တာကို မြင်တော့ မကျေမနပ်ဖြစ်ပြီး သူ့လေသံကိုမြှင့်ပြီးတော့ပြောတယ်။ “မင်းပြောတာကို ငါဂရုမစိုက်ဘူး။ မင်းစုဝေးပွဲတွေ ထပ်သွားလို့မရတော့ဘူး။ မင်းရဲ့ယုံကြည်မှုကို အိမ်မှာပဲ ကျင့်သုံးပါ” တဲ့။ ကျွန်မက ပြောလိုက်တယ်။ “စုဝေးပွဲတွေသွားတာ၊ ကိုယ့်တာဝန်ကိုထမ်းဆောင်တာမရှိဘဲ ဘယ်လိုလုပ် ယုံကြည်ခြင်းဖြစ်မှာလဲ။ ဒါ သမ္မာတရားကိုရဖို့ နည်းလမ်းလား။ အမည်ခံသက်သက်ပဲ ယုံကြည်ခြင်းက မယုံကြည်သူအဖြစ်နေတာပဲ။ ကျွန်မတို့မိသားစုအရေးကိစ္စတွေအားလုံးမှာ ရှင်ဦးဆောင်နိုင်တယ်။ ဒါပေမဲ့ ကျွန်မယုံကြည်ခြင်းနဲ့ပတ်သက်လာရင် ရှင်ပြောသလို ကျွန်မမလုပ်နိုင်ဘူး” ဆိုပြီးတော့။ ကျွန်မဘယ်လောက်စိတ်ပြတ်သားတယ်ဆိုတာကို မြင်ပြီး သူက စိတ်ဆိုးမာန်ဆိုးနဲ့ လျှောက်သွားပြီး တံခါးကို ဒေါသနဲ့ဆောင့်ပိတ်ပြီး ထွက်သွားတယ်။

အဲဒီနေ့ညနေမှာ ကျွန်မ စုဝေးပွဲတစ်ခုကနေ ပြန်လာတော့ ကျွန်မတို့ဧည့်ခန်းက လူတွေပြည့်နေတာကို တွေ့ရတယ်။ အသက် ၈၀ထဲရောက်နေတဲ့ ကျွန်မအဖေလာတယ်။ ကျွန်မဦးလေး၊ အစ်မ၊ ယောက်ဖနဲ့ အစ်ကိုတို့က အားလုံး အဲဒီမှာထိုင်ပြီး ကျွန်မကို စိုက်ကြည့်နေကြတယ်။ ကျွန်မကိုမြင်ပြီး ကျွန်မအဖေက လက်တစ်ဖက်က ကျွန်မကို လက်ညှိုးထိုးပြီး နောက်တစ်ဖက်က ဆိုဖာပေါ်မှာ သူ့ကိုယ်သူထိန်းထားရင်းနဲ့ တော်တော်စိတ်ဆိုးလာပြီး ပြောတယ်။ “နင် စုဝေးပွဲတစ်ခုဆီ သွားတာမဟုတ်လား။ ဘယ်လိုအဲဒီလို လုပ်နိုင်ရတာလဲ။ ပါတီက ခရစ်ယာန်တွေကို အရူးအမူးဖမ်းဆီးနေတာ။ နင် အဖမ်းခံရမှာမကြောက်ဘူးလား။ နင်အဖမ်းခံရရင် နင့်သားက ဘာဖြစ်သွားမလဲ။ လူတိုင်းက ဘယ်လိုရှေ့ဆက်ရမှာလဲ။ မနက်ဖြန်ကစပြီး ဒီအိမ်ထဲကနေ အပြင်ထွက်ခွင့်မပေးဘူး။ ငါ ဒီကနေ နင့်ကို စောင့်ကြည့်နေမှာ” တဲ့။ ကျွန်မဦးလေးက မျှော်လင့်ချက်မဲ့သလိုပုံစံနဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောတယ်။ “တရုတ်ပြည်မှာ ခရစ်ယာန်တွေအပေါ် ထိုးနှက်ချက်က အခုတော်တော်ဆိုးနေတယ်။ နင့်ယုံကြည်ခြင်းကို ထိန်းထားတော့ ဘာကောင်းလို့လဲ။ နင်အဖမ်းခံရရင် မိသားစုထဲမှာရှိတဲ့သူတိုင်း အမှုပတ်မှာ။ နင့်မိသားစုကိုကြည့်ပြီး မှန်မှန်ကန်ကန်မလုပ်နိုင်ဘူးလား” တဲ့။ ကျွန်မအစ်ကိုက တအံ့တသြမျက်လုံးပြူးကျယ်ပြီး ဝင်ပြောတယ်။ “ပါတီက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လုံးဝ ရှင်းပစ်ချင်တာ။ ငါ့အလုပ်က ဝန်ထမ်းတွေအားလုံးနဲ့လူတိုင်းရဲ့လှုပ်ရှားမှုကို ရင်တမမနဲ့ စောင့်ကြည့်နေရတာ။ ဒီလိုအချိန်မျိုးမှာ အပြင်ထွက်ရအောင် ဘယ်လိုမျိုး သတ္တိရှိနေတာလဲ။ နင်အဖမ်းခံရမှာ မကြောက်ဘူးလား။ မနက်ဖြန်ကစပြီး ငါကအလုပ်မလုပ်တော့ဘူး။ နင့်ကိုစောင့်ကြည့်ဖို့ ဒီမှာနေမှာ” တဲ့။ ကျွန်မ ယောက်ဖက ဝင်ဖြည့်ပြောတယ်။ “နင်က နင်လုပ်သမျှတိုင်းမှာ ငါတို့အတွက် အမြဲတမ်းတွေးပါတယ်။ ငါ နင့်ရဲ့ တာဝန်သိတတ်တဲ့စိတ်ကို အမြဲတမ်းလေးစားခဲ့ပြီး ငါနင့်အပေါ်မှာ လေးစားမှုအများကြီးရှိတယ်။ နင်က အခုဆို လုံးဝမတူတဲ့သူတစ်ယောက်ဖြစ်နေပြီ။ ဘာလို့ ဘယ်သူပြောတဲ့စကားမှ နားမထောင်တာလဲ။ နင်က ကိုယ့်အတွက်ကိုယ် မတွေးတောင်မှ အနည်းဆုံးတော့ ငါတို့အတွက် တွေးပေးပေါ့။ နင်တစ်ခုခုဖြစ်ရင် တစ်မိသားစုလုံးကို ထိခိုက်မှာ။ နင့်ကို ငါတို့တစ်မိသားစုလုံးကို ဖျက်ဆီးခွင့်မပြုနိုင်ဘူး။ မနက်ဖြန်ကစပြီး နင်ဘယ်သွားသွား ကားထဲကနေပြီး နင့်နောက်ကိုလိုက်မှာ” တဲ့။ သူတို့အားလုံး အပြန်အလှန်ပြောကြတယ်။ ယဉ်ကျေးမှုတော်လှန်ရေးမှာ အများရှေ့မှာ စွပ်စွဲရှုတ်ချကြသလိုမျိုးပဲ။ ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး ကျွန်မ မာမာတင်းတင်းနဲ့ မျှမျှတတပြောလိုက်တယ်။ “တခြားဘယ်အရာမဆို ကျွန်မ ရှင်တို့ပြောတာနားထောင်မယ်။ ဒါပေမဲ့ ကျွန်မယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အရာမှာ ကျွန်မမှာ စည်းရှိပါတယ်။ ဒါကို ကျွန်မ မလုပ်နိုင်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်က စစ်မှန်တဲ့တစ်ပါးတည်းသောဘုရားသခင်ပါ။ နောက်ဆုံးသောကာလမှာ သူက လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြပြီးပြီ။ ဒါဟာ တစ်ဘဝမှာ တစ်ခါပဲ ရတဲ့အခွင့်အရေးပဲ။ သမ္မာတရားကို လက်မခံတဲ့၊ ယုံကြည်ခြင်းမရှိတဲ့ ဘယ်သူမဆို နောက်ဆုံးသောကာလမှာ ကပ်ဘေးကြီးထဲကို ကျရောက်ခြင်းနဲ့ အဆုံသတ်ရလိမ့်မယ်။ ကျွန်မ ဧဝံဂေလိကို ရှင်တို့နဲ့ မျှဝေပြီးပြီ။ ယုံကြည်ခြင်းက ကောင်းတဲ့အရာဆိုတာ ရှင်တို့သိကြတယ်။ ဒါဆိုရင် ရှင်တို့က ကျွန်မဘုရားသခင်ကို သစ္စာဖောက်အောင်လုပ်ဖို့ ကျွန်မကို တားဆီးပြီး ဘာလို့မယုံကြည်ရုံတင်မကဘဲ ပါတီနောက်လိုက်တာလဲ။ ဒါတကယ်ပဲ ကျွန်မကောင်းဖို့အတွက်လား။ ရှင်တို့က ကောင်းမှု၊ မကောင်းမှု၊ အမှန်၊ အမှားမခွဲခြားနိုင်ဘူး။ မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ရင်းနဲ့ ကွန်မြူနစ်ပါတီနောက်ကိုပဲ လိုက်နေကြတယ်။ ရှင်တို့ နောင်တမရရင် ငရဲကျပြီး သူတို့တွေအားလုံးနဲ့အတူ အပြစ်ဒဏ်ပေးခံရမှာ” ဆိုပြီးပြောလိုက်တယ်။ သူတို့က တစ်ခုမှ ပြန်မပြောကြဘူး။ နောက်ပိုင်း အဲဒီညမှာ ကျွန်မကိုစောင့်ကြည့်ဖို့နေခဲ့တဲ့ အသက်ကြီးသူအဖေကလွဲပြီး လူတိုင်းက ပြန်သွားတယ်။ နောက်နေ့မနက်မှာ ကျွန်မ အိမ်ကထွက်ဖို့ ဆိုင်ကယ်ပေါ်တက်တယ်။ ဒါပေမဲ့ ကျွန်မအဖေက ကျွန်မဆိုင်ကယ်ကိုဆွဲထားပြီး ထွက်ခွင့်မပေးဘူး။ ကျွန်မအစ်ကိုကလည်း ကျွန်မအပြင်မထွက်တာသေချာအောင်လို့ နေ့တိုင်းလာတယ်။ တစ်မနက်မှာ ကျွန်မ အိမ်ကထွက်ဖို့ ကြိုးစားနေတုန်း သူက ခုံတစ်ခုကို ကောက်ပြီး ကျွန်မကို ရိုက်တော့မလို့။ ဒါပေမဲ့ နောက်တော့ ဒေါသနဲ့ ကြမ်းပြင်ကိုပဲ ရိုက်လိုက်ပြီး နှစ်ခြမ်းကွဲသွားတယ်။ ကျွန်မမိသားစုက ဒီလိုမျိုးပြုမူနေတာမြင်ရတော့ ကျွန်မအတွက် အရမ်းကိုစိတ်ပျက်စရာပါပဲ။ သူတို့က ဘယ်လို “ချစ်ခင်ရင်းနှီးရသောသူ” မျိုးတွေလဲ။ ကျွန်မတို့က လူများပြီး ပျော်စရာမိသားစုတစ်စုဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျွန်မကို ရန်သူတစ်ယောက်လိုဆက်ဆံတဲ့အထိကို ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုက သူတို့အပေါ် တွန်းအားပေးခဲ့တယ်။ ကျွန်မစိတ်နှလုံးထဲမှာ စတင်အားနည်းလာပြီးတော့ “ဒီနေ့ဆိုးတွေက ဘယ်တော့မှ အဆုံးသတ်မှာလဲ။ ငါသာ စုဝေးပွဲတွေမသွားဘဲနေလိုက်ရင် သူတို့ငါ့ကို ဒီလိုဆက်ဆံမှာမဟုတ်တော့ဘူး” ဆိုပြီး တွေးမိတယ်။ အဲဒီအချိန်မှာ ကျွန်မက စာတန်ရဲ့လှည့်ကွက်တစ်ခုထဲ သက်ဆင်းနေတယ်ဆိုတာ သဘောပေါက်လိုက်မိတယ်။ စာတန်က ဘုရားသခင်ကို ကျွန်မသစ္စာဖောက်အောင် ကျွန်မရဲ့ ချစ်ခင်တွယ်တာမှုကို အသုံးချနေတာ။ ကျွန်မ အလှည့်စားခံရလို့မဖြစ်ဘူးဆိုတာ သိလိုက်တယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းတယ်။ ဘုရားအတွက် ကျွန်မသက်သေခံနိုင်ဖို့အတွက် ဘုရားအလိုတော်ကိုနားလည်စေဖို့ တောင်းလျှောက်တယ်။

စုဝေးပွဲတစ်ခုမှာ ခေါင်းဆောင်က ကျွန်မရဲ့ပြဿနာအကြောင်းပြောထားတဲ့ အပိုဒ်တစ်ခုကို တွေ့တယ်။ “လူတို့သည် ကယ်တင်ခြင်းကို မခံရသေးချိန်တွင်၊ ၎င်းတို့၏ အသက်တာများသည် စာတန်၏ ဝင်ရောက် နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရလေသည်။ တစ်နည်းအားဖြင့်၊ ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်အဖို့ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ စွန့်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောစရာ လုပ်ပိုင်ခွင့်မရှိကြသည့်အပြင်၊ ၎င်းတို့သည် ပြောစရာ ဂုဏ်သိက္ခာ မရှိကြပေ။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း၊ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ဖို့အလို့ငှာ၊ ထရပ်ကာ စာတန်နှင့် တိုက်မှသာ ထိုသို့ဖြင့် သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေကာ သူရဲဘောကြောင်လာစေပေသည်- ထိုအခါမှသာ သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည့်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း၊ စာတန် ရှုံးနိမ့်စေရန် သင့်အား အထောက်အကူပေးမည့် လက်နက်များဖြင့် အသင့်မပြင်ထားပါက၊ သင်သည် အန္တရာယ်ထဲ၌ ရှိလိမ့်ဦးမည်ဖြစ်သည်။ အချိန်ကုန်လွန်သည် နှင့်အမျှ၊ သင်သည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်စက်မျှ မကျန်ရှိသော်လည်း၊ သင်သည် သက်သေမခံနိုင်သေးသည့်အချိန်တွင်၊ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများမှ သင့်ကိုယ်သင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးချိန်တွင်၊ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အမှုပြီးဆုံးခြင်း ကြေညာသည့်အခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင်ဘဲ စာတန်၏ လက်တွင်း၌သာ ရှိနေဦးမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သင်သည် မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဆိုလိုချက်မှာ ထိုသို့သော လူများသည် စာတန်၏ အကျဉ်းချခံရခြင်းတွင် လုံးလုံးလျားလျား ရှိကြလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) သူ့ရဲ့ မိတ်သဟာယအပြီးမှာ စီစီပီဟာ ဘုရားအမှုတော်ကို အနှောင့်အယှက်ပေးဖို့ တတ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်နေတယ်၊ ကျွန်မရဲ့မိသားစုဝင်တွေက ကျွန်မယုံကြည်ခြင်းကို တိုက်ခိုက်ဖိနှိပ်ရင်းနဲ့ သူ့ဘက်မှာရပ်တည်ဖို့အတွက် ကျွန်မ မိသားစုဝင်တွေကိုတောင် ကောလာဟလမျိုးစုံနဲ့ လှည့်စားတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မ ဘုရားသခင်နောက်ကိုလိုက်ပြီး ဘဝမှာ မှန်ကန်တဲ့လမ်းကို မလျှောက်နိုင်အောင် နောက်ဆုံးကျရင် ငရဲမှာ သူတို့နဲ့အတူ အပြစ်ဒဏ်ပေးခံရအောင် သူတို့အုပ်စိုးမှုအောက်မှာ ကျွန်မကို ခိုင်ခိုင်မာမာထိန်းချုပ်ထားချင်တာ။ ကျွန်မက ကျွန်မမိသားစုအတွက် စိတ်ပူပန်ပြီး စာတန်နောက်လိုက်ရင် ကျွန်မယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ တာဝန်ထမ်းဆောင်ခြင်းကို စွန့်လွှတ်ရင် စာတန်ရဲ့လှည့်ကွက်တွေထဲ ကျွန်မရောက်သွားမှာပဲ။ စာတန်က ကျွန်မကို ဖယ်ရှားပစ်ပြီး ကယ်တင်ခြင်းရဖို့ ကျွန်မရဲ့ အခွင့်အရေးကို ဆုံးရှုံးရမှာပဲ။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာနဲ့ ကျွန်မအမျိုးသားနဲ့ ဆွေမျိုးတွေက ကျွန်မကို သူတို့ရဲ့ရန်သူလိုဆက်ဆံတဲ့အချက်က သူတို့ဟာ လုံးဝကို အဆင်းနီသောနဂါးကြီးရဲ့ နောက်လိုက်တွေ၊ လက်ပါးစေတွေပဲလို့ ဆိုလိုတာပဲ။ စာတန်ကို သူ့လှည့်ကွက်အောင်မြင်သွားခွင့်ပေးလို့မဖြစ်ဘူး။ ကျွန်မ ဘုရားသခင်ကို အမှီပြုခဲ့ရတယ်။ ဘုရားအတွက် သက်သေခံပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မက ဘုရားနောက်ကိုလိုက်ဖို့ ဘယ်လောက်စိတ်ခိုင်မာနေသလဲဆိုတာ မြင်တော့ ကျွန်မက မျှော်လင့်ချက်မရှိတော့ဘူးလို့ ကျွန်မမိသားစုက တွက်ပြီး လက်လျှော့သွားကြတယ်။ ကျွန်မက ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်ခဲ့တယ်။

အဲဒါက ၂၀၁၈၊ သြဂုတ်လမှာပါ။ အဲဒီအချိန်တုန်းက ကျွန်မက မြို့ပြင်မှာ တာဝန်ကျတယ်။ တစ်နေ့မှာ ကျွန်မအိမ်ပြန်ရောက်တော့ ကျွန်မအမျိုးသားက ကျွန်မကို အမြန်ပြောတယ်။ “အရင်က မင်းနဲ့ ဧဝံဂေလိမျှဝေတဲ့ ရှောင်ယုက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့အတွက် အလိုရှိတဲ့စာရင်းထဲမှာပါနေတယ်။ အလုပ်မှာ ရဲတွေက မေးခွန်းတွေမေးဖို့ရောက်လာတယ်။ ငါ့သူဌေးက ငါ့ကိုလာရှာပြီး ငါတို့နှစ်ယောက်က သူနဲ့ ဘာအဆက်အစပ်ရှိလဲ သူအခုဘယ်မှာရှိလဲ ငါသိလားဆိုတာတွေ မေးတယ်။ သူ့ယောကျာ်းက နေ့တိုင်းငါ့ဆီဖုန်းခေါ်ပြီး သူ့အကြောင်းမေးတယ်။ သူတို့မိသားစု ပြိုကွဲရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက နင်က သူ့ကို ဧဝံဂေလိဟောလို့ပဲဆိုပြီးပြောတယ်။ ငါအခုနောက်ပိုင်းမှာ မင်းအတွက် စိတ်ပူပြီး ညတိုင်း တစ်ညလုံးပဲ စိတ်သောကရောက်နေပြီး အိပ်မပျော်ဘူး။ တစ်ရက်ကျရင် မင်းကို အလိုရှိတဲ့စာရင်းသွင်းပြီး အဖမ်းခံရမှာ စိုးရိမ်တယ်။ အဲဒီလိုဆိုရင် ငါတို့သားက ဘယ်လိုလုပ်မလဲ။ ငါတို့ ဘယ်လိုရှေ့ဆက်ရမှာလဲ” တဲ့။ သူဒီလိုပြောတာကို ကြားရတော့ ကျွန်မလည်း စိတ်ပူလာတယ်။ အဲဒီအချိန်မှာပဲ သူက မျက်ရည်ဝဲပြီး ကျွန်မကိုပြောတယ်။ “မင်းက ဘုရားကို လုံးဝကို ယုံကြည်မှရမှာလား။ မင်းအတွက် တကယ်ကို အဲဒီလောက်အရေးကြီးတာလား။ မင်း ဒီနေ့ရွေးချယ်မှုလုပ်ရမယ်။ မင်း ဘုရားကိုရွေးချယ်မှာလား။ ငါ့ကို၊ ငါ့မိသားစုကို ရွေးချယ်မှာလား” တဲ့။ ဒါက ကျွန်မအတွက် လုံးဝကို စိတ်ထိခိုက်စေတယ်။ အဲဒီအချိန်ခဏမှာပဲ ကျွန်မလည်း မခွဲနိုင်ဘူးလို့ ခံစားမိတယ်။ တစ်ဖက်မှာက ဆယ်စုနှစ်နှစ်ခုကျော်အထိအတူနေခဲ့တဲ့ ကျွန်မအမျိုးသား၊ တစ်ဖက်မှာက ကျွန်မကို အသက်ပေးခဲ့တဲ့ ဘုရားသခင်။ ခဏလောက် ကျွန်မ ဘာပြောရမှန်းမသိခဲ့ဘူး။ ကျွန်မစိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားကို တောင်းလျှောက်ရင်းနဲ့ ဘုရားကို အမြန်ဆုတောင်းလိုက်တယ်။ ကျွန်မဆုတောင်းပြီးတော့ သူ့ကိုပြောလိုက်တယ်။ “ရှင်က ကျွန်မကို ဒီနှစ်ခုကြားရွေးချယ်ဖို့ အတင်းခိုင်းရင် ကျွန်မ ဘုရားသခင်ကို ရွေးချယ်တယ်” ပေါ့။ သူက ပြောတယ်။ “မင်းက ဘုရားကို ရွေးချယ်တယ်ဆိုတော့ ငါတို့ကွာရှင်းရမယ်။ ငါ့ကိုလိုချင်တယ်ဆိုရင် မင်းရဲ့ယုံကြည်မှုကို စွန့်လွှတ်ရမယ်။ ဒါဆိုရင် ငါတို့ ပျော်ရွှင်တဲ့ဘဝကို အတူတူရနိုင်တယ်” တဲ့။ ကျွန်မ သူ့ကိုပြောလိုက်တယ်။ “ဘုရားက လူကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် လူက ဘုရားနောက်လိုက်ပြီး ဘုရားကိုကိုးကွယ်သင့်တယ်။ ကျွန်မက ယုံကြည်ခြင်းရှိဖို့ ရွေးချယ်ခဲ့ပြီဆိုတော့ ဘုရားနောက်ကို အဆုံးထိ လိုက်လျှောက်မယ် ရှင်က ဘုရားအပေါ် ယုံကြည်ခြင်းမရှိဖို့ လွတ်လပ်စွာရွေးချယ်ခွင့်ရှိပါတယ်။ ကျွန်မ ရှင့်ကို အတင်းခိုင်းဖို့ မကြိုးစားဘူး။ ဒါပေမဲ့ ဘုရားအပေါ် ယုံကြည်ခြင်းရှိဖို့ ရွေးချယ်တာက ကျွန်မလွတ်လပ်ခွင့်လည်းဖြစ်တယ်။ ကွာရှင်းမလား၊ မကွာရှင်းဘူးလားဆိုတာတော့ ရှင့်ဆုံးဖြတ်ချက်ကို ကျွန်မ လေးစားမှုရှိပါတယ်။” ဆိုပြီးတော့။ ကျွန်မဒီလိုပြောတာကို ကြားရတော့ သူက စိတ်ပျက်တဲ့ပုံစံနဲ့ ကျွန်မကို ဘာမှထပ်မပြောတော့ဘူး။

ကျွန်မတို့သားက ဆောင်းရာသီနားရက်အတွက် ပြန်လာတော့ သူက ကျွန်မကိုပြောတယ်။ “အဖေက အမေ ဘုရားကို ယုံကြည်တာကို ရပ်ရင် သူအမေ့ကို မကွာရှင်းဘူး၊ ဒါပေမဲ့ ဆက်ယုံကြည်နေရင် ကွာရှင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ပြောတယ်။ သားရင်ထဲကနေကို အမေတို့နှစ်ယောက်ကို မကွာရှင်းစေချင်ဘူး။ ပြည့်စုံတဲ့၊ ပျော်ရွှင်တဲ့မိသားစုကို သားလိုချင်တယ်” တဲ့။ သူ့ဆီက ဒီလိုကြားရတော့ ကျွန်မနှလုံးသားထဲကို ဓါးတစ်ချောင်းထိုးလိုက်သလိုပဲ။ ကျွန်မအမျိုးသားက ကွာရှင်းတဲ့ကိစ္စကို တကယ်လုပ်ရတာတွေ ကျွန်မတို့သုံးယောက်က အတူတူရှိမှာမဟုတ်တော့တာတွေ၊ ကျွန်မတို့သားက အမေ၊ ဒါမှမဟုတ် အဖေရှိမှာမဟုတ်တာတွေကို ကျွန်မ တွေးမိတယ်။ ဒါဆိုရင် သူ့အတွက် တော်တော်ထိုးနှက်ချက်ပြင်းမှာပဲ။ ကျွန်မရဲ့ ယုံကြည်ခြင်းကို ဆက်ကျင့်သုံးနေရင် ကျွန်မတို့မိသားစုကို ပကတိအတိုင်းထားဖို့ မဖြစ်နိုင်ဘူး။ ဒီအတွေးက ကျွန်မအတွက် အရမ်းကို စိတ်သောကရောက်စရာပါ။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲမှာပေါ်လာတယ်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်မသားက သူ့ကို ပြည့်စုံတဲ့ ပျော်ရွှင်တဲ့မိသားစုပေးဖို့ တစ်ခုခုလုပ်ဖို့ တောင်းဆိုနေတဲ့ ပုံစံရှိပေမဲ့ နောက်ကွယ်မှာ စာတန်က ကျွန်မကို စုံစမ်းသွေးဆောင်နေတာပါ။ စာတန်က ကျွန်မကို တိုက်ခိုက်ဖို့၊ ဘုရားကို ကျွန်မသစ္စာဖောက်အောင်လုပ်ဖို့ နည်းတစ်ခုအနေနဲ့ ကျွန်မစိတ်ခံစားချက်တွေကို ကစားနေတာပါ။ ဒါပေမဲ့ ဘုရားသခင်က သူ့အပေါ် ကျွန်မယုံကြည်ခြင်းကို စမ်းသပ်ဖို့၊ စစ်မှန်သလားဆိုတာ ကြည့်ဖို့၊ ပြီးတော့ ဘုရားဘက်ကနေ သက်သေခံနိုင်မလားဆိုတာ ကြည့်ဖို့ ဒါကို အသုံးပြုနေတာပါ။ ကျွန်မ ရှာဖွေရင်းနဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တယ်။ သမ္မာတရားအတွက် ကျွန်မ ဒုက္ခခံနိုင်ရမယ်ဆိုတာ၊ ဒါဟာ အဓိပ္ပာယ်ရှိတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မက ကျွန်မမိသားစုအပေါ် ကျွန်မရဲ့ခံစားချက်တွေကြောင့် ဘုရားကို စွန့်ပစ်ပြီး စာတန်ရဲ့အုပ်စိုးမှုအောက်မှာ အဓိပ္ပာယ်မရှိတဲ့ဘဝကို နေထိုင်ရင် ကျွန်မက ဂုဏ်သိက္ခာမရှိဘဲ နေထိုင်နေသလိုဖြစ်မှာပဲ။ ကွန်မြူနစ်ပါတီဟာ ကျွန်မရဲ့ ယုံကြည်မှုကို စွန့်လွှတ်အောင် ကြိုးစားရင်းနဲ့ ကျွန်မကို ထပ်ခါထပ်ခါ အကျပ်ကိုင်ဖို့အတွက် ကျွန်မအမျိုးသားနဲ့မိသားစုကို အသုံးပြုခဲ့တာကို တွေးမိတယ်။ ကျွန်မက ကိုယ့်တာဝန်ကို စွန့်လွှတ်ဖို့ စဉ်းစားရင်း၊ ကျွန်မတို့ရဲ့ လိုက်ဖက်ညီတဲ့မိသားစုကို ထိန်းသိမ်းပြီး စာတန်နဲ့ ညှိုနှိုင်းရင်းနဲ့ သုံးလေးကြိမ်လောက် အပျက်သဘောဆောင်ပြီး အားနည်းခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ နောက်ခံအားအင်အဖြစ်နဲ့ ကျွန်မဘေးမှာရှိနေခဲ့တယ်။ စီစီပီရဲ့ လှည့်စားတာ၊ ကိုင်တွယ်တာကို မခံရတော့အောင် ကျွန်မကို သူ့နှုတ်ကပတ်တော်တွေနဲ့ ဉာဏ်အလင်းဖွင့်ပြပြီး ဦးဆောင်တယ်၊ သမ္မာတရားကို နားလည်အောင်၊ စီစီပီရဲ့ ဘုရားကိုဆန့်ကျင်တဲ့၊ ဆိုးယုတ်တဲ့၊ နတ်ဆိုးဆန်တဲ့ အနှစ်သာရကို ထိုးဖောက်မြင်နိုင်အောင် လမ်းပြပေးပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပဲ။ သံယောစဉ်တွယ်တာမှုကြောင့် ကျွန်မဘုရားသခင်ကို သစ္စာဖောက်လို့မဖြစ်ဘဲ သမ္မာတရားကို အားထုတ်လိုက်စားပြီး ရရှိရမယ်၊ အဓိပ္ပာယ်ရှိတဲ့အသက်တာကို အသက်ရှင်နေထိုင်ရမယ်ဆိုတာကို ကျွန်မသိခဲ့တယ်။ အဲဒါနဲ့ ကျွန်မသားကို ပြောလိုက်တယ်။ “အမေ့ရဲ့ ယုံကြည်ခြင်းက သားနဲ့သူ့ရဲ့အနာဂတ်အလားအလာတွေကို ထိခိုက်မှာကြောက်လို့ သားအဖေက ကွာရှင်းချင်တာပါ။ သားကိုပါ ဝင်မပါစေချင်ဘူး။ ဒါပေမဲ့ ယုံကြည်ခြင်းရှိတာက မှန်ကန်တဲ့လမ်းဖြစ်ပြီး အမေ့ယုံကြည်ခြင်းအပေါ် အမေသေချာတယ်။ ဒါကို အမေစွန့်လွှတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အမေတို့မိသားစုကို ပြိုကွဲစေတာက အမေမဟုတ်ဘူးဆိုတာ သားသိထားသင့်တယ်။ အဲဒါ ကွန်မြူနစ်ပါတီကြောင့်ပါ။” ပေါ့။ သူက ဘာမှတုံ့ပြန်ပြီးမပြောခဲ့ဘူး။

သုံးလေးရက်လောက်ကြာပြီးနောက်မှာ ကျွန်မအမျိုးသားက ကွာရှင်းစာချုပ်ကို အိမ်ကိုယူလာပြီး ကျွန်မကိုလက်မှတ်ထိုးခိုင်းတယ်။ အိမ်ထောင်ကျတဲ့ ၂၅နှစ်အတွင်းမှာ ကျွန်မတို့တည်ဆောက်ခဲ့တဲ့အရာအားလုံးက အခုလိုမျိုးနဲ့ အဆုံးသတ်သွားတာကို ကြည့်ပြီး ကျွန်မ နှလုံးသားထဲမှာ စူးအောင့်လာတာကို ခံစားမိတယ်။ ကျွန်မက ဘုရားသခင်ကို “ဘုရားသခင် ဒါတွေအားလုံးက ကိုယ်တော်ရဲ့ခွင့်ပြုချက်နဲ့ ဖြစ်ပျက်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မသက်သေခံနိုင်ဖို့အတွက် ကျွန်မစိတ်နှလုံးကို စောင့်ရှောက်တော်မူပါ” လို့ပြောပြီး ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေက စိတ်ထဲပေါ်လာတယ်။ “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။” “လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။...ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မအမျိုးသားက သူ့ရဲ့ ဂုဏ်အဆင့်အတန်းနဲ့၊ အသက်မွေးဝမ်းကျောင်းမဆုံးရှုံးရဖို့အတွက် ကျွန်မကို ခဏခဏချုပ်ချယ်ခဲ့တယ်။ ကျွန်မယုံကြည်ခြင်းမရှိအောင်လုပ်ဖို့ ကျွန်မတို့သားနဲ့ ကျွန်မမိသားစုက ကျွန်မကိုဆန့်ကျင်အောင် သူလုပ်ခဲ့တယ်။ သူ ကျွန်မကို မစည်းရုံးနိုင်တော့တာကို မြင်တော့ ကွာရှင်းချင်ခဲ့တယ်။ ဘုရားနဲ့ ကျွန်မတို့မိသားစုကြား နောက်ဆုံးရွေးချယ်မှုလုပ်ဖို့ ကျွန်မကို အတင်းခိုင်းခဲ့တယ်။ သူကိုယ်တိုင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ကွန်မြူနစ်ပါတီနောက်ကိုလိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ သူက ပျက်စီးခြင်းလမ်းကြောင်းပေါ်ရောက်နေခဲ့တာပါ။ ကျွန်မက ဘုရားသခင်နောက်ကိုလိုက်ဖို့၊ သမ္မာတရားနဲ့အသက်ကိုရရှိဖို့ရွေးချယ်ခဲ့တယ်။ ဒါက ကောင်းကင်နိုင်ငံတော်ကိုသွားတဲ့ လမ်းကြောင်းပဲ။ ကျွန်မတို့က လုံးဝ မတူညီတဲ့လမ်းကြောင်းတွေပေါ်ရောက်နေတာပါ။ ကျွန်မတို့က မတူညီတဲ့ကမ္ဘာတွေထဲမှာ ရှိနေကြတာ။ ဒီလိုမျိုး အိမ်ထောင်က ပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး စဉ်းစားကြည့်တော့ ကွာရှင်းတာက မှန်ကန်တဲ့အရာဖြစ်ပြီး ကျွန်မတို့နှစ်ယောက်လုံးကို လွတ်လပ်သွားစေမယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မကြောင့် ဒုက္ခရောက်မှာကို သူစိတ်ပူစရာမလိုတော့ဘူး။ ကျွန်မကလည်း ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်နိုင်တယ်။ ကွာရှင်းစာချုပ်ပေါ် ကျွန်မနာမည်ကို လက်မှတ်ထိုးလိုက်တယ်။

ဒီတစ်ချိန်လုံးမှာ ကျွန်မက အသင်းတော်မှာ ဧဝံဂေလိတာဝန်ကို ယူထားရတာ။ ကျွန်မတို့က တရုတ်ပြည်မှာ ယုံကြည်ခြင်းရှိပြီး ကျွန်မတို့တာဝန်ကိုထမ်းဆောင်တာကြောင့် ပါတီက ဖိနှိပ်တာကို ခံရပေမဲ့ အဖမ်းခံရမယ့်၊ ကျွန်မတို့အသက်တွေ ဆုံးရှုံးရမယ့် အန္တရာယ်တွေ အမြဲတမ်းရှိနေပေမဲ့ ဒီရွေးချယ်မှုကို လုပ်ခဲ့လို့ လုံးဝ တစ်ခါမှနောင်တမရခဲ့ဘူး။ ကျွန်မ ဧဝံဂေလိကို ဆက်ဖြန့်ဝေပြီး သက်သေခံချင်တယ်။ ဘုရားသခင်နောက်ကို အဆုံးထိလိုက်လျှောက်ချင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကောလာဟလသမားများကို ရှောင်ရှားခြင်း

၂၀၁၆ အောက်တိုဘာမှာ ကျွန်တော်က အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်တယ်။ နောက်တော့ တရုတ်အသင်းတော်တစ်ခုမှာ သခင်ယေရှုရဲ့နာမနဲ့ နှစ်ခြင်းခံပါတယ်။...

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။