ကျေးဇူးတုံ့ပြန်ခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းခြင်း
ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ငယ်ငယ်ကတည်းက မိဘတွေက ကျွန်မကို အရမ်းချစ်ကြတာ။ မောင်လေးနဲ့ ကျွန်မ ကျောင်းတက်နိုင်ဖို့အတွက် သူတို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတယ်။ မိုးလင်းကနေ မိုးချုပ်အထိ သူတို့ ဒီလောက် ကြိုးစားလုပ်ကိုင်တာကို မြင်တော့ ကျွန်မ တွေးမိတယ်၊ “ငါ ကြီးလာရင် မိဘတွေကို ဒီထက်ပိုကောင်းတဲ့ဘဝမှာ ထားနိုင်အောင်လို့ ပိုက်ဆံအများကြီးရှာရမယ်” ပေါ့။ အလုပ်စလုပ်တဲ့အခါ မိဘတွေရဲ့ ဘဝအရည်အသွေး တိုးတက်လာဖို့ မျှော်လင့်ပြီး ရတဲ့ပိုက်ဆံအားလုံးကို မိဘတွေဆီပို့ပေးခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံလာပြီး မိဘတွေကို ဧဝံဂေလိမျှဝခဲ့ပေမဲ့ အဖေက အဆင်းနီသော နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ကြောက်လို့ မယုံကြည်တော့ဘူး။ အမေကတော့ ကျွန်မ တာဝန်ထမ်းဆောင်တာကို ဆက်ထောက်ခံပြီး ကျွန်မကလေးကို ကူထိန်းပေးခဲ့တယ်။ မိဘတွေက ကိုယ့်အတွက် အများကြီးလုပ်ပေးခဲ့တယ်လို့ ခံစားရလို့ ကျွန်မ အိမ်ပြန်ရောက်တိုင်း အိမ်အလုပ်တွေကို တတ်နိုင်သလောက် ကူလုပ်ပေးပြီး သားသမီးဝတ်ကျေအောင် နေခဲ့တယ်၊ ဒီလိုလုပ်တာက ကျွန်မကို ပိုပြီး စိတ်သက်သာရာရစေတယ်။ ၂၀၂၂ ဇွန်လမှာ ဧဝံဂေလိဟောလို့ ရဲတွေက ကျွန်မကို စလိုက်ဖမ်းတော့ ကျွန်မမိဘတွေနဲ့ ကျွန်မကလေးကို တွေ့ဖို့ အိမ်မပြန်နိုင်တော့ဘူး။ မိဘတွေကလည်း အသက်ကြီးပြီး ကျန်းမာရေးမကောင်းတော့ သူတို့နေမကောင်းဖြစ်ရင် ပြုစုမဲ့သူမရှိမှာကိုလည်း စိတ်ပူမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်ရဲ့အသက်တာကို ဘုရားသခင် လုံးဝ စီမံထားတာဖြစ်ပြီး ကျွန်မ မိဘတွေရဲ့ ကံကြမ္မာကိုလည်း ဘုရားသခင်ပဲ အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်ဆိုတာ နားလည်လိုက်တယ်။ ဒါနဲ့ မိဘတွေကို ဘုရားလက်ထဲ ပုံအပ်လိုက်တော့ ကျွန်မအခြေအနေ သိပ်မထိခိုက်တော့ဘဲ တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်ခဲ့တယ်။
၂၀၂၂ နိုဝင်ဘာလကုန်မှာ ညီအစ်မတစ်ယောက်ဆီက စာရတယ်၊ အမေ ဆေးရုံတက်နေရပြီး အခြေအနေစိုးရိမ်ရတယ်တဲ့။ စာထဲမှာ ဘာရောဂါလဲဆိုတာ မပါတော့ အမေ ဘာရောဂါဖြစ်မှန်း၊ အခြေအနေဘယ်လိုမှန်းမသိရလို့ ကျွန်မ အရမ်းစိတ်ပူမိတယ်။ အမေ့ကို သွားကြည့်ဖို့အတွက် တော်တော်ကို အိမ်ပြန်ချင်ခဲ့တယ်။ ဒါပေမဲ့ ရဲတွေက ကျွန်မကို လိုက်ဖမ်းနေတုန်းပဲဆိုတာ၊ ပြီးတော့ အဖမ်းခံရတဲ့ အသင်းတော်အများကြီးရဲ့ နောက်ဆက်တွဲကိစ္စတွေကို ကျွန်မ ကိုင်တွယ်နေရတာနဲ့ ဘယ်လောက် အလုပ်ရှုပ်နေတယ်ဆိုတာ၊ ကျွန်မသာ ထွက်သွားရင် အသင်းတော်အလုပ် နှောင့်နှေးသွားမယ်ဆိုတာတွေကို တွေးမိတယ်။ ကျွန်မ ဝေခွဲမရဖြစ်နေတာနဲ့ အမေ့ရောဂါကို ဘုရားလက်ထဲ ပုံအပ်ပြီး ဆုတောင်းခဲ့တယ်။ ၂၀၂၃ မေလလယ်မှာ အိမ်ကစာရတယ်။ အမေက လေဖြတ်ပြီး မနှစ်ကတည်းက ဆုံးသွားပြီတဲ့၊ အဖေကလည်း လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ပန်းနာရင်ကျပ်နဲ့ ဆုံးသွားပြီတဲ့။ ရုတ်တရက် သတင်းကြားလိုက်ရတော့ ကျွန်မ မခံနိုင်တော့ဘူး။ သူတို့ထွက်သွားတာ မြန်လိုက်တာ၊ ကျွန်မမှာ မိဘတွေ မရှိတော့ပါလားလို့ တွေးမိတာနဲ့ ဝမ်းနည်းပက်လက်ဖြစ်ပြီး မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတယ်။ သူတို့နေမကောင်းတုန်း ပြုစုဖို့ ကျွန်မမရှိခဲ့ဘူး၊ မဆုံးခင် နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရဘူးလို့ တွေးမိတယ်။ သမီးတစ်ယောက်အနေနဲ့ သူတို့ အရမ်းဝမ်းနည်းပြီး ကျွန်မကို စိတ်ပျက်သွားကြမှာပဲ၊ ဆွေမျိုးတွေကလည်း ကျွန်မကို သားသမီးဝတ်မကျေတဲ့သူ၊ ကျေးဇူးကန်းတဲ့သူလို့ ပြောနေကြမှာပဲလို့ ခံစားရတယ်။ ကျွန်မ အားလျော့ပြီး ငိုပဲ ငိုနေမိတယ်။ အခန်းထဲသွားပြီး လှဲနေတော့ ခေါင်းထဲမှာ မိဘတွေရဲ့ ပုံရိပ်တွေနဲ့ပဲ ပြည့်နေတယ်။ သူတို့ရဲ့ အပြုံးတွေ၊ ကျွန်မအပေါ်ကြင်နာခဲ့တာတွေ၊ အတူတူနေခဲ့တဲ့မြင်ကွင်းတွေက ကျွန်မစိတ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတစ်ခုလို ထပ်ခါထပ်ခါ မြင်နေခဲ့ရတယ်။ ကျွန်မကိုပြုစုပျိုးထောင်ဖို့ မိဘတွေ ဘယ်လောက်ခက်ခဲခဲ့မလဲဆိုတာတွေ၊ ကျွန်မကျောင်းတက်ဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာတွေ၊ ကျွန်မ အိမ်နဲ့ဝေးရာမှာ တာဝန်ထမ်းဆောင်နေတုန်း အမေက ကျွန်မကလေးကို ကူထိန်းပေးခဲ့တာတွေကို ပြန်တွေးမိတယ်။ ကျွန်မအတွက် သူတို့လုပ်ပေးခဲ့တဲ့ အသေးအဖွဲကိစ္စလေးတစ်ခုစီတိုင်းအတွက် သူတို့အပေါ် အများကြီး အကြွေးတင်နေသလို ခံစားလိုက်ရတယ်။ ကျွန်မ အရမ်းနာကျင်ခံစားခဲ့ရတယ်။ ငါသာ တာဝန်မထမ်းဆောင်ဘဲ ပိုက်ဆံရှာဖို့ အလုပ်လုပ်ခဲ့မယ်ဆိုရင် သူတို့စားဝတ်နေရေးကို ကူညီနိုင်ပြီး သူတို့နေမကောင်းတဲ့အခါ ဆေးကုဖို့ ပိုက်ဆံပေးနိုင်ခဲ့မှာ၊ အဲဒါဆို သူတို့ ဒီလောက်အစောကြီး ဆုံးချင်မှ ဆုံးမှာ လို့တောင် တွေးမိတယ်။ သူတို့ကို ပြုစုဖို့ သူတို့ဘေးနားမှာ ကျွန်မ မရှိခဲ့တဲ့နှစ်တွေ၊ သမီးတစ်ယောက်အနေနဲ့ တာဝန်မကျေခဲ့တာတွေကို တွေးမိတဲ့အခါ အပြစ်သားတစ်ယောက်လို ခံစားရပြီး သူတို့အပေါ် အများကြီး အကြွေးတင်နေသလို ခံစားရတာပေါ့။ အဲဒီရက်တွေတုန်းက ကျွန်မ အရမ်းစိတ်ဓာတ်ကျတဲ့အခြေအနေ ရောက်နေတော့ အစားမဝင် အိပ်မပျော်ဘဲ အပြစ်ရှိစိတ်တွေ၊ နာကျင်မှုတွေနဲ့ နေထိုင်ခဲ့ရတယ်။ ကျွန်မက တာဝန်ထမ်းဆောင်နေသေးပေမဲ့ စိတ်နှလုံးက တော်တော်လေး အနှောင့်အယှက်ဖြစ်နေခဲ့တယ်။ ကျွန်မ တာဝန်ယူရတဲ့ ဧဝံဂေလိအလုပ်ကို နောက်ဆက်တွဲလုပ်ဖို့ ဝန်တာထားတဲ့စိတ်လည်း မရှိဘဲ ကျွန်မရဲ့အလုပ်ပါ ထိခိုက်လာတယ်။ ကျွန်မ နာကျင်နေရင်းနဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးမိဘတွေ ဆုံးပါးသွားလို့ သမီး အရမ်းနာကျင်ပြီး ပူဆွေးရပါတယ်။ ကျေးဇူးပြုပြီး သမီးကို ကူညီပေးပါ၊ သမီးစိတ်နှလုံး အနှောင့်အယှက်မဖြစ်အောင် စောင့်ရှောက်ပေးပါ” ပေါ့။ ဆုတောင်းပြီးတော့ စိတ်နည်းနည်း ပိုငြိမ်သက်သွားတယ်။ မိဘတွေရဲ့ သေခြင်းတရားနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရလို့ ကျွန်မ ရှာဖတ်ကြည့်တယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့၏ မိဘများ ကွယ်လွန်ခြင်းနှင့်ပတ်သက်လျှင် မှန်ကန်ပြီး ဆင်ခြင်တုံတရားရှိသော သဘောထားကိုလည်း ပိုင်ဆိုင်သင့်သည်။...ဤသို့ဆိုလျှင် ဤသို့ မဖြစ်ပျက်မီတွင် သင့်တာဝန်ထမ်းဆောင်ခြင်း၊ သို့မဟုတ် သင်လျှောက်သည့် လမ်းကြောင်းကို မထိခိုက်ရန်၊ ကြားဝင်မစွက်ဖက်ရန်၊ သို့မဟုတ် သက်ရောက်မှု မရှိရန်အတွက် သင့်အပေါ်တွင် ကျရောက်မည်ဖြစ်သော မျှော်လင့်မထားသည့် ထိတ်လန့်တုန်လှုပ်မှုကို သင်မည်သို့ ဖြေရှင်းသင့်သနည်း။ ဦးစွာ သေခြင်းက အတိအကျ မည်သည့်အရာဖြစ်သည်၊ ကွယ်လွန်ခြင်းက အတိအကျမည်သည့်အရာ ဖြစ်သည်ကို ကြည့်ကြစို့။ ယင်းမှာ လူတစ်ယောက်က ဤကမ္ဘာမှ ထွက်ခွာခြင်းကို ဆိုလိုသည်မဟုတ်လော။ (ဟုတ်ပါသည်။) ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတစ်ခုရှိသော လူတစ်ယောက်ပိုင်ဆိုင်သည့် အသက်သည် လူသားက မြင်နိုင်သော ရုပ်ဝတ္ထုဆိုင်ရာကမ္ဘာမှ ဖယ်ရှားခြင်းခံရပြီး ပျောက်ကွယ်သွားသည်ကို ဆိုလိုသည်။ ထို့နောက်တွင် ထိုလူသည် အခြားကမ္ဘာတစ်ခုတွင်၊ အခြားပုံစံဖြင့် ဆက်လက်၍ အသက်ရှင်သည်။ သင့်မိဘများ၏ အသက် ထွက်ခွာခြင်းက ဤကမ္ဘာတွင် ၎င်းတို့နှင့်ရှိသော သင်၏ ဆက်ဆံရေးသည် ပပျောက်သွားသည်၊ ပျောက်ကွယ်သွားသည်၊ ပြီးလျှင် အဆုံးသတ်သွားသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အခြားကမ္ဘာတစ်ခုတွင်၊ အခြားသောပုံစံဖြင့် အသက်ရှင်နေကြသည်။ ထိုအခြားကမ္ဘာ၌ ၎င်းတို့၏ ဘဝများက မည်သို့ရှိမည်၊ ၎င်းတို့က ဤကမ္ဘာသို့ ပြန်လာခြင်း၊ သင့်အား နောက်တစ်ဖန် တွေ့ဆုံခြင်းရှိမရှိ၊ သို့မဟုတ် သင်နှင့် သွေးသားတော်စပ်မှု၊ သို့မဟုတ် စိတ်ခံစားချက်ပိုင်းဆိုင်ရာ နှောင်ဖွဲ့မှုတစ်ခုခု ရှိမရှိတို့အတွက်မူ ဘုရားသခင်က ကြိုတင်စီမံပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အနှစ်ချုပ်လျှင် ၎င်းတို့ ကွယ်လွန်ခြင်းသည် ဤကမ္ဘာတွင် ၎င်းတို့၏ တာဝန် ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဇာတ်သိမ်းသွားပြီဟု ဆိုလိုသည်။ ဤဘဝနှင့် ဤကမ္ဘာတွင် ၎င်းတို့၏ တာဝန်သည် ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည်လည်း ပြီးဆုံးသွားသည်။ ၎င်းတို့က နောင်အချိန်တွင် လူဝင်စားခြင်း ရှိမရှိ၊ သို့မဟုတ် အခြားကမ္ဘာတွင် ပြစ်ဒဏ်၊ သို့မဟုတ် ကန့်သတ်မှုတစ်ခုခု၊ သို့မဟုတ် ကိုင်တွယ်မှုနှင့် ကြိုတင်စီစဉ်မှုတစ်မျိုးမျိုးကို ခံရခြင်းရှိမရှိတို့သည် သင်နှင့် သက်ဆိုင်မှုရှိသလော။ သင်သည် ဤအရာကို ဆုံးဖြတ်နိုင်သလော။ သင်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင် မဆုံးဖြတ်နိုင်ပေ။ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်သတင်းကိုမျှ သင် ရရှိနိုင်မည်မဟုတ်ပေ။ ဤဘဝတွင် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည် ထိုအချိန်တွင် ပြီးဆုံးသည်။ ဆိုလိုသည်မှာ သင်တို့သည် နှစ် ၁၀၊ ၂၀၊ ၃၀၊ ၄၀ ကြာအထိ အတူတကွနေထိုင်ခဲ့သည့်အခါ၌ သင်တို့ကို ချည်နှောင်ခဲ့သည့် ကံကြမ္မာသည် ထိုအချိန်တွင် အဆုံးသတ်သွားသည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့ဖြစ်ပြီး သင်က သင်ဖြစ်သည်။ ပြီးလျှင် သင်တို့ကြားတွင် မည်သည့်ဆက်ဆံရေးမျှ လုံးဝ မရှိပေ။ သင်တို့အားလုံးက ဘုရားသခင်ကို ယုံကြည်လျှင်ပင် ၎င်းတို့က ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ပြီး သင်က သင့်တာဝန်ကို ထမ်းဆောင်သည်။ ၎င်းတို့သည် တူညီသော သဘာဝမြေမျက်နှာပြင် ပတ်ဝန်းကျင်တွင် မနေထိုင်တော့သောအခါ သင်တို့ကြား၌ မည်သည့် ဆက်ဆံရေးမျှ မရှိတော့ပေ။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို အပ်နှံပြီးဖြစ်သော တာဝန်များကို ပြီးမြောက်သွားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်အတွက် ၎င်းတို့ ဖြည့်ဆည်းခဲ့သည့် တာဝန်များနှင့်ပတ်သက်လျှင် ထိုတာဝန်များသည် သင်က ၎င်းတို့အား မှီခိုခြင်းကင်းလျက် စတင်ရပ်တည်သည့်နေ့တွင် အဆုံးသတ်သည်။ သင်သည် သင့်မိဘများနှင့် သက်ဆိုင်ခြင်းမရှိတော့ပေ။ ၎င်းတို့သည် ယနေ့ ကွယ်လွန်သွားလျှင် သင်သည် စိတ်ခံစားချက်အဆင့်တွင် တစ်စုံတစ်ရာကို လွမ်းဆွတ်နေခြင်းသာ ဖြစ်လိမ့်မည်။ ပြီးလျှင် တောင့်တရမည့် ချစ်ရသောသူနှစ်ယောက် လျော့သွားလိမ့်မည်။ သင်သည် ၎င်းတို့ကို မည်သည့်အခါမျှ တစ်ဖန်ပြန်တွေ့မည်မဟုတ်။ ၎င်းတို့နှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမျှ တစ်ဖန် လုံးဝ ကြားနိုင်မည်မဟုတ်ပေ။ ထို့နောက်တွင် ၎င်းတို့၌ မည်သို့ဖြစ်သည်ဆိုသည်နှင့် ၎င်းတို့၏အနာဂတ်တို့က သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ သင်တို့ကြားတွင် သွေးသားတော်စပ်မှုများရှိမည်မဟုတ်။ သင်တို့သည် တူညီသောသက်ရှိအမျိုးအစားပင် ဖြစ်မည်မဟုတ်တော့ပေ။ ဤသည်မှာ အမှန်တရားတည်း။ သင့်မိဘများ ကွယ်လွန်ခြင်းသည် ဤကမ္ဘာတွင် ၎င်းတို့နှင့်ပတ်သက်ပြီး သင် ကြားသိရသော နောက်ဆုံးသတင်း၊ ၎င်းတို့ဘဝတွင် ၎င်းတို့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အပေါ် ၎င်းတို့၏ အတွေ့အကြုံများနှင့်ပတ်သက်လျှင် သင်မြင်ရသော၊ သို့မဟုတ် ကြားရသော နောက်ဆုံး အကျပ်အတည်းများသာ ဖြစ်လိမ့်မည်။ ဤမျှသာ ဖြစ်သည်။ ၎င်းတို့၏ သေဆုံးခြင်းက သင့်ထံမှ မည်သည့်အရာကိုမျှ ယူဆောင်သွားမည်မဟုတ်၊ သို့မဟုတ် သင့်အား မည်သည့်အရာကိုမျှ ပေးမည်မဟုတ်။ ၎င်းတို့သည် ရိုးရှင်းစွာပင် သေဆုံးသွားခဲ့ပြီးဖြစ်လိမ့်မည်။ လူတို့အနေဖြင့် ၎င်းတို့၏ ခရီးသည် အဆုံးသတ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့ ကွယ်လွန်ခြင်းနှင့်ပတ်သက်လျှင် မတော်တဆ သေဆုံးခြင်းဖြစ်စေ၊ ပုံမှန်သေဆုံးခြင်းဖြစ်စေ၊ နာမကျန်းဖြစ်ပြီး သေဆုံးခြင်းဖြစ်စေ စသည်တို့သည် အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများကြောင့် မည်သူ၊ သို့မဟုတ် မည်သည့်အင်အားစုကမျှ ၎င်းတို့အသက်ကို မနုတ်ယူနိုင်ပေ။ ၎င်းတို့ ကွယ်လွန်ခြင်းသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘဝများ အဆုံးသတ်ခြင်းကိုသာ ဆိုလိုသည်။ သင်သည် ၎င်းတို့ကို သတိရလျှင်၊ ၎င်းတို့ကို တောင့်တလျှင်၊ သို့မဟုတ် သင့်ခံစားချက်များကြောင့် သင့်ကိုယ်သင် ရှက်ရွံ့လျှင် ဤသို့သော မည်သည့်အရာကိုမျှ သင်မခံစားသင့်ပေ။ ပြီးလျှင် ၎င်းတို့ကို ခံစားရန် မလိုအပ်ပေ။ သင့်မိဘများသည် ဤကမ္ဘာလောကမှ ထွက်ခွာပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား သတိရခြင်းသည် မလိုအပ်သည်မှာ မဟုတ်လော။ သင်က ‘ဤနှစ်များတစ်လျှောက်တွင် ငါ့မိဘများက ငါ့ကို သတိရခဲ့သလော။ ငါက နှစ်များစွာကြာမြင့်အောင် သူတို့အနားတွင် မရှိဘဲ သားသမီးဝတ် မကျေပွန်ခဲ့သောကြောင့် သူတို့ မည်မျှပိုပြီး ဒုက္ခခံခဲ့ရသနည်း။ ဤနှစ်များတစ်လျှောက်တွင် ငါက သူတို့နှင့်အတူ သုံးလေးရက်လောက် နေနိုင်ဖို့ အမြဲတမ်း ဆန္ဒရှိခဲ့သည်။ သူတို့ ကွယ်လွန်သည်မှာ အလွန်မြန်မည်ဟု ငါ လုံးဝ မမျှော်လင့်ခဲ့ပါ။ ငါ ဝမ်းနည်းပြီး အပြစ်ရှိသလို ခံစားရသည်’ ဟု တွေးလျှင် သင် ဤသို့ တွေးသည်မှာ မလိုအပ်ပေ။ ၎င်းတို့၏ သေခြင်းသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ၎င်းတို့သည် အဘယ်ကြောင့် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသနည်း။ အဘယ်ကြောင့်ဆိုသော် သင်က ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်လျှင်ပင်၊ သို့မဟုတ် အဖော်ပြုပေးလျှင်ပင် ဤသည်မှာ ဘုရားသခင်က သင့်အားပေးသော တာဝန်၊ သို့မဟုတ် အလုပ်မဟုတ်သောကြောင့် ဖြစ်သည်။ သင့်မိဘများသည် သင့်ထံမှ ကောင်းသောကံမည်မျှနှင့် ဒုက္ခမည်မျှအား ကြုံရမည်ကို ဘုရားသခင်က စီမံပြီး ဖြစ်သည်။ သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ သင်က ၎င်းတို့နှင့်အတူရှိသောကြောင့် ၎င်းတို့က ပို၍ ကြာရှည်စွာ အသက်ရှင်မည်မဟုတ်ပေ။ ပြီးလျှင် သင်က ၎င်းတို့နှင့် ဝေးနေပြီး ၎င်းတို့နှင့် မကြာခဏ အတူမရှိနိုင်သောကြောင့် ၎င်းတို့က ပို၍ တိုတောင်းသောဘဝကို နေထိုင်ရမည်မဟုတ်ပေ။ ၎င်းတို့ အသက်မည်မျှရှင်မည်ကို ဘုရားသခင်က စီမံပြီး ဖြစ်ကာ သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သင်သည် သင့်ဘဝသက်တမ်းအတွင်းတွင် သင့်မိဘများ ကွယ်လွန်သွားသည်ဆိုသည့် သတင်းကို ကြားရလျှင် အပြစ်ရှိသည်ဟု ခံစားရန် မလိုအပ်ပေ။ သင်သည် ဤအမှုကိစ္စကို မှန်ကန်သောနည်းလမ်းဖြင့် ချဉ်းကပ်ပြီး လက်ခံသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “သင်သည် သင့်တာဝန်ကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် အိမ်မှ မထွက်ခွာဘဲ သင့်မိဘများအနီးတွင် နေခဲ့လျှင် ၎င်းတို့ နေမကောင်းဖြစ်ခြင်းကို သင်တားဆီးနိုင်ခဲ့မည်လော။ (မတားဆီးနိုင်ပါ။) သင့်မိဘများအသက်ရှင်မည်လော၊ သေမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ ၎င်းတို့ ချမ်းသာမည်လော၊ ဆင်းရဲမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်အစွမ်းဆောင်နိုင်ဆုံးမှာ ၎င်းတို့၏ ဇာတိပကတိ ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်လျှော့ချဖို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အချိန်၌ ဖျားနာသည်၊ မည်သည့်ရောဂါ ကူးစက်သည်၊ မည်သည့်အချိန်တွင် သေသည်၊ မည်သည့်နေရာတွင် သေသည်တို့အတွက်မူ ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ မရှိပေ။ သင်က သားသမီးဝတ်ကျေပွန်လျှင်၊ သင်က စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဟုတ်လျှင်၊ ထို့အပြင် သင်က ၎င်းတို့နှင့်အတူ တစ်နေကုန် နေထိုင်ပြီး ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်လျှင် ၎င်းတို့သည် ဖျားနာခြင်းမရှိမည်လော။ ၎င်းတို့သည် မသေဘဲ နေမည်လော။ ၎င်းတို့သည် ဖျားနာဖို့ရှိသည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဖျားနာလိမ့်မည်သာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် သေတော့မည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ သေမည်မဟုတ်လော။ ဤသို့ မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက် မွေးဖွားတာ၊ သေဆုံးတာနဲ့ သူတို့ရဲ့ သက်တမ်း၊ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်မှုထဲမှာ ပါမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မတို့မိဘတွေ ဘယ်အချိန်၊ ဘယ်လိုပုံစံနဲ့ သေဆုံးရမယ်ဆိုတာကိုလည်း ဘုရားသခင်ကပဲ စီစဉ်ပြီး အုပ်စိုးထားတာပါ။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး အမှုအရာတွေကို မရှုမြင်ခဲ့တဲ့အပြင် ကိုယ်တော့် အချုပ်အခြာအာဏာကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ ကျွန်မသာ အပြင်ထွက်ပြီး တာဝန်မထမ်းဆောင်ရင် မိဘတွေကို စောင့်ရှောက်နိုင်မှာ၊ သူတို့နေမကောင်းရင် ဆေးကုပေးနိုင်မှာ၊ ဒီလိုလုပ်ရင် သူတို့ နောက်ထပ် နှစ်နည်းနည်း ပိုအသက်ရှင်နိုင်ပြီး ဒီလောက်အစောကြီး သေဆုံးမှာမဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တာကိုး။ ကိစ္စရပ်တွေအပေါ် ကျွန်မရဲ့အမြင်တွေက ဘာသာတရားမရှိသူတွေရဲ့အမြင်နဲ့ အတူတူပဲဖြစ်ပြီး မယုံကြည်သူတွေရဲ့အမြင်နဲ့ တစ်ထပ်တည်း ဖြစ်နေခဲ့တယ်။ အရင်တုန်းက မိဘတွေ နေမကောင်းဖြစ်တုန်း အိမ်ပြန်ကြည့်ခဲ့တာကို ကျွန်မ သတိရမိတယ်။ အဲဒီတုန်းက ကျွန်မ တတ်နိုင်တာဆိုလို့ သူတို့ကို နှစ်သိမ့်စကားတချို့ ပြောပေးတာ၊ ဂရုစိုက်ဖို့ မှာတာနဲ့ ဆေးဝယ်ဖို့ ကျွန်မမှာ ရှိတဲ့ ပိုက်ဆံနည်းနည်းပါးပါး ပေးခဲ့တာလောက်ပဲ ရှိတယ်။ ဒါပေမဲ့ သူတို့ရောဂါတွေက သက်သာမလာခဲ့သလို သူတို့ရဲ့ ဝေဒနာကိုလည်း ကျွန်မ မလျော့ပါးစေနိုင်ခဲ့ဘူး။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတဲ့အခါ “သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။” မိဘတွေ သေဆုံးတာက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးဆိုတာ၊ သူတို့သက်တမ်းကုန်တဲ့အခါ ဘုရားသခင် ကြိုတင်သတ်မှတ်ထားတဲ့အချိန်မှာ ဒီလောကကြီးကနေ သူတို့ ထွက်ခွာသွားရမှာပဲဆိုတာကို နောက်ဆုံးမှာ ကျွန်မ နားလည်လိုက်တယ်။ ဒါက သူတို့ရဲ့ ကံကြမ္မာပဲလေ။ အမေပြောဖူးတာကို ကျွန်မ သတိရမိတယ်၊ အဖေက အသက်ကယ်ကုသမှု ခံယူဖို့ အခြေအနေစိုးရိမ်ရတဲ့အထိ အကြိမ်ကြိမ် ဆေးရုံရောက်ခဲ့ဖူးပြီး လူတိုင်းက သူဆုံးတော့မယ် ထင်ခဲ့ပေမဲ့ နောက်ဆုံးမှာ အသက်ရှင်ခဲ့တယ်တဲ့။ လူအများကြီးက သူတို့မိဘတွေကို ပြုစုဖို့ နှစ်ပေါင်းများစွာ ဘေးနားမှာ နေပေးကြပေမဲ့ ရောဂါရလာတဲ့အခါ မသေအောင် မတားဆီးနိုင်ကြဘူးလေ။ ပိုက်ဆံဘယ်လောက်ကုန်ကုန် သူတို့ကို မကယ်နိုင်ဘူး။ ဘုရားသခင်က လူတိုင်းရဲ့ ကံကြမ္မာကို အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်ဆိုတာ ကျွန်မ မြင်လာတယ်။ ကျွန်မသာ မိဘတွေကို ပြုစုဖို့ သူတို့ဘေးနားမှာ ရှိနေခဲ့ရင်တောင် သူတို့က ဖြစ်စရာရှိတဲ့ရောဂါ ဖြစ်လာဦးမှာပဲ၊ ကုသဖို့ ပိုက်ဆံဘယ်လောက်ပဲကုန်ကုန် သူတို့အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ကျွန်မ မိဘနှစ်ပါးစလုံးက အသက်ခြောက်ဆယ်ကျော်နေပြီ။ အဖေကလည်း ပန်းနာရင်ကျပ်ရောဂါကို နှစ်အတော်ကြာ ခံစားနေရပြီး နေ့တိုင်း ဆေးဝါးတွေအပေါ် မှီခိုပြီး အသက်ဆက်နေရတာဆိုတော့ သူ တော်တော်လေး ဝေဒနာခံစားခဲ့ရတာ။ အခု သူဆုံးပါးသွားတော့ ရောဂါဝေဒနာ မခံစားရတော့ဘူးပေါ့၊ ဒါက သူ့အတွက် လွတ်မြောက်မှုတစ်မျိုးပဲလေ။ ဒီလို တွေးမိလိုက်တော့ ကျွန်မ နည်းနည်းစိတ်သက်သာရာ ရသွားတယ်။ ကျွန်မအခြေအနေ နည်းနည်း တိုးတက်လာပြီး တာဝန်ကို ပုံမှန် ပြန်ထမ်းဆောင်လာနိုင်တယ်။
တစ်နေ့မှာ ကျွန်မ အပြင်ထွက် တာဝန်ထမ်းဆောင်နေတုန်း ဘတ်စ်ကားပေါ်မှာ ကျွန်မမိဘတွေလောက် အသက်ရှိတဲ့ အဘိုးအဘွား ဇနီးမောင်နှံနှစ်ယောက်ကို တွေ့လိုက်ရတယ်။ ကျွန်မ မိဘတွေကို ပြန်သတိရသွားပြီး သူတို့ ဆုံးပါးသွားပြီဆိုတာ၊ ကျွန်မနဲ့ တစ်ကမ္ဘာတည်းမှာ အတူမရှိတော့ဘူးဆိုတာ တွေးမိလိုက်တယ်။ ဒါကို တွေးမိတာနဲ့ မျက်ရည်တွေ ဝဲလာပြီး တော်တော်ကို စိတ်ညစ်ညူးတဲ့အခြေအနေကို ရောက်သွားတယ်။ အထူးသဖြင့် နှစ်သစ်ကူးလိုအချိန်မျိုးမှာ မိဘတွေကို ပြန်သတိရပြီး သူတို့ကို ကောင်းကောင်းမွန်မွန် မထားပေးနိုင်ခဲ့လို့ သားသမီးဝတ်မကျေဘူးလို့ ခံစားရတယ်။ ဒါက ကျွန်မစိတ်ထဲ ကျော်ဖြတ်လို့မရတဲ့ အတားအဆီးတစ်ခု ဖြစ်ခဲ့ပြီး သူတို့အပေါ် အရမ်းကို အကြွေးတင်နေသလို ခံစားရတာပေါ့။ ကျွန်မအခြေအနေ မှားနေမှန်းသိလို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးမိဘတွေ ဆုံးပါးသွားခဲ့ပြီး ဒါဟာ ကိုယ်တော့် အချုပ်အခြာအာဏာနဲ့ စီစဉ်မှုဆိုတာ သမီးသိပါတယ်။ ဒါပေမဲ့ သမီး လက်မလွှတ်နိုင်သေးပါဘူး၊ အပြစ်ရှိစိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ နေထိုင်နေမိပါတယ်။ သမီးအခြေအနေကို ဖြေရှင်းပေးပါ” လို့ ဆုတောင်းပြီး
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “မိဘများ၏ မျှော်မှန်းချက်များကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သည့် စည်းမျဉ်းများ လိုက်လျှောက်သင့်ပြီး မည်သည့် ဝန်ထုပ်များ လက်လွှတ်သင့်သည်တို့မှာ ရှင်းသလော။ (ရှင်းပါသည်။) သို့ဆိုလျှင် ဤနေရာ၌ လူတို့ သယ်ဆောင်သည့် ဝန်ထုပ်များမှာ အဘယ်အရာများ အတိအကျဖြစ်သနည်း။ ၎င်းတို့အနေဖြင့် မိမိတို့ မိဘများကို နားထောင်ရမည်ဖြစ်ပြီး မိမိတို့ မိဘများကို ကောင်းမွန်သည့်ဘဝကို အသက်ရှင်ခွင့်ပေးရမည် ဟူ၍ဖြစ်သည်။ ၎င်းတို့၏ မိဘများ လုပ်ဆောင်သည့် အရာရာတိုင်းသည် မိမိတို့၏ကိုယ်ပိုင် ကောင်းကျိုးအတွက်ဖြစ်ပြီး သားသမီးဝတ်ကျေပွန်ရန် မိမိတို့၏ မိဘများပြောသည့်အရာကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် အရွယ်ရောက်သူများအနေဖြင့် အမှုအရာများကို ၎င်းတို့၏ မိဘများအတွက် လုပ်ဆောင်ပေးရမည်၊ ၎င်းတို့မိဘများ၏ ကြင်နာမှုကို ပြန်ဆပ်ရမည်၊ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်၊ မိဘများကို အဖော်ပြုပေးရမည်၊ မိဘများကို ဝမ်းနည်းအောင် မလုပ်ဘဲ သို့မဟုတ် စိတ်ပျက်အောင် မလုပ်ဘဲ၊ မိဘများကို တာဝန်မပျက်ကွက်ဘဲ မိဘများ၏ ဆင်းရဲဒုက္ခကို နည်းနိုင်သမျှနည်းစေရန် သို့မဟုတ် လုံးဝ ဖယ်ထုတ်ပစ်ရန်ပင် ၎င်းတို့ တတ်နိုင်သည့်အရာမှန်သမျှ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤအရာကို သင် မစွမ်းဆောင်နိုင်လျှင် သင်သည် ကျေးဇူးကန်းသူ၊ သားသမီးဝတ် မကျေပွန်သူဖြစ်သည်။ မိုးကြိုးပစ်ခြင်းကို ခံရထိုက်ပြီး အခြားသူများ၏ ပစ်ပယ်ခြင်း ခံရထိုက်ကာ သင်သည် မကောင်းသည့် လူတစ်ဦးဖြစ်သည် ဟူ၍ဖြစ်ပေသည်။ ဤသည်တို့မှာ သင်၏ ဝန်ထုပ်များ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤအရာများက လူတို့၏ ဝန်ထုပ်များဖြစ်သည့်အတွက် လူတို့သည် သမ္မာတရားကို လက်ခံပြီး မှန်ကန်စွာ ရင်ဆိုင်သင့်ပေသည်။ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဤဝန်ထုပ်များ၊ မှားယွင်းသည့် အတွေးများနှင့် အမြင်များကို လက်လွှတ်နိုင်ပြီး ပြောင်းလဲစေနိုင်ပေသည်။ သမ္မာတရားကို သင် လက်မခံလျှင် သင့်အတွက် လျှောက်လှမ်းရန် အခြားလမ်းကြောင်း ရှိသလော။ (မရှိပါ။) ထိုသို့ဖြင့် မိသားစုနှင့်ဆိုင်သည့် ဝန်ထုပ်များကို လက်လွှတ်ခြင်းဖြစ်စေ၊ ဇာတိပကတိနှင့်ဆိုင်သည့် ဝန်ထုပ်များကို လက်လွှတ်ခြင်းဖြစ်စေ၊ အားလုံးက မှန်ကန်သည့် အတွေးများနှင့် အမြင်များကို လက်ခံခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့ဖြင့် အစပြုပေသည်။ သမ္မာတရားကို သင် စတင်လက်ခံသည်နှင့်အမျှ သင့်အတွင်းရှိ ဤမှားယွင်းသော အတွေးများနှင့် အမြင်များသည် တဖြည်းဖြည်း ဖြိုဖျက်ဖယ်ရှားခြင်းခံရကာ ပိုင်းခြားသိမြင်ခြင်းခံရပြီး ရိပ်စားမိခြင်းခံရ၍ ထို့နောက်တွင် တဖြည်းဖြည်း ငြင်းပယ်ခြင်းခံရလိမ့်မည် ဖြစ်သည်။ ဤမှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြိုဖျက်ဖယ်ရှားခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် ထို့နောက်တွင် လက်လွှတ်ကာ ငြင်းပယ်ခြင်း ဖြစ်စဉ်အတောအတွင်းတွင် ဤကိစ္စရပ်များအပေါ် သင်၏ သဘောထားနှင့် ချဉ်းကပ်နည်းတို့ကို သင် တဖြည်းဖြည်း ပြောင်းလဲပစ်လိမ့်မည်။ သင်၏ လူ့အသိစိတ် သို့မဟုတ် ခံစားချက်များမှလာသည့် ထိုအတွေးများသည် တဖြည်းဖြည်း အားနည်းသွားလိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်းနက်နက်တွင် သင့်ကို ထိုအရာများက ဒုက္ခပေးလိမ့်မည်မဟုတ်တော့ သို့မဟုတ် ချည်နှောင်လိမ့်မည် မဟုတ်တော့ပေ၊ သင့်ဘဝကို ထိန်းချုပ် သို့မဟုတ် လွှမ်းမိုးလိမ့်မည် မဟုတ်တော့၊ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို စွက်ဖက်နှောင့်ယှက်လိမ့်မည် မဟုတ်တော့ပေ။ ဥပမာအားဖြင့် သင်သည် မှန်ကန်သည့် အတွေးများနှင့် အမြင်များကို လက်ခံကာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို လက်ခံပြီးဖြစ်လျှင် သင့်မိဘများဆုံးပါးသည့် သတင်းကို ကြားသည့်အခါ သင့်ကို ပြုစုပျိုးထောင်ပေးရာတွင် ၎င်းတို့၏ ကြင်နာမှုကို ဤနှစ်များအတောအတွင်း သင် ပြန်မဆပ်ခဲ့ပုံ၊ ၎င်းတို့ကို သင် အလွန်ဆင်းရဲဒုက္ခခံစေခဲ့ပုံ၊ ၎င်းတို့ကို သင် အနည်းငယ်မျှ အလျော်မပေးခဲ့ပုံ သို့မဟုတ် ကောင်းမွန်သည့်ဘဝကို ၎င်းတို့အား သင် အသက်ရှင်ခွင့်မပေးခဲ့ပုံအကြောင်းကို စဉ်းစားခြင်းမရှိဘဲ ၎င်းတို့အတွက် သင် မျက်ရည်ကျရုံမျှသာ ကျလိမ့်မည် ဖြစ်သည်။ ဤအရာများအတွက် မိမိကိုယ်ကို သင် အပြစ်တင်တော့မည်မဟုတ်၊ ထိုအစား ပုံမှန် လူ့ခံစားချက်များ၏ လိုအပ်ချက်များမှ အရင်းခံနေသည့် ပုံမှန် ဖော်ပြချက်များကို သင် ပြသလိမ့်မည်။ သင်သည် မျက်ရည်များကျကာ၊ ထို့နောက်တွင် ၎င်းတို့အတွက် တမ်းတမှုအနည်းငယ် တွေ့ကြုံခံစားရလိမ့်မည်။ မကြာမီ ဤအရာများက သဘာဝကျကာ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် မိမိကိုယ်ကို ပုံမှန်ဘဝနှင့် သင်၏ တာဝန်များ ထမ်းဆောင်မှုထဲသို့ အလျင်အမြန် နှစ်မြှုပ်ထားလိမ့်မည်။ ဤကိစ္စရပ်အားဖြင့် သင် စိတ်သောကရောက်လိမ့်မည် မဟုတ်။ သို့ရာတွင် ဤသမ္မာတရားများကို သင် လက်မခံလျှင် သင့်မိဘများ ကွယ်လွန်သည့် သတင်းကို သင် ကြားသည့်အခါ မပြီးနိုင်မဆုံးနိုင် သင် ငိုကြွေးမိလိမ့်မည်။ သင်၏ မိဘများအတွက် စိတ်မကောင်း ဖြစ်လိမ့်မည်၊ ၎င်းတို့၏ ဘဝတစ်ခုလုံး သာယာချမ်းမြေ့မှု မရှိခဲ့ကြောင်းနှင့် သင်ကဲ့သို့သော သားသမီးဝတ်မကျေပွန်သည့် သားသမီးတစ်ဦးကို ၎င်းတို့ ပြုစုပျိုးထောင်ခဲ့ကြောင်း စိတ်မကောင်းဖြစ်မိလိမ့်မည်။ ၎င်းတို့ နာမကျန်းဖြစ်သည့်အခါ ၎င်းတို့၏ အိပ်ရာနံဘေးတွင် သင် ဝတ်ကြီးဝတ်ငယ် မလုပ်ကျွေးခဲ့သကဲ့သို့ ၎င်းတို့ သေဆုံးသည့်အခါ ၎င်းတို့၏ အသုဘတွင် သင် အော်ငိုခြင်း သို့မဟုတ် ဝမ်းနည်းကြေကွဲကြောင်းပြသည့် အနေအထားဖြင့် မနေခဲ့ပေ။ သင်သည် ၎င်းတို့ကို တာဝန်ပျက်ကွက်ခဲ့သည်၊ စိတ်ပျက်အောင် လုပ်ခဲ့ပြီး ကောင်းမွန်သည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ခွင့် မပေးခဲ့ပေ။ သင်သည် အချိန်အတော်ကြာ ဤအပြစ်ရှိသည့်စိတ်ဖြင့် အသက်ရှင်လိမ့်မည်ဖြစ်ပြီး ထိုအကြောင်းကို သင် တွေးသည့်အခါတိုင်းတွင် သင် ငိုကြွေးကာ သင်၏ စိတ်နှလုံးတွင် စူးအောင့်သည့် ဝေဒနာတစ်ခု ခံစားရလိမ့်မည်။ ဆက်စပ်သည့် အခြေအနေများ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သင် ကြုံရသည့်အခါတိုင်းတွင် စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုတစ်ခု ရှိလိမ့်မည်။ ဤအပြစ်ရှိသည့်စိတ်က သင့်ဘဝ၏ ကျန်သည့်အချိန်များတွင် သင့်ကို ဖော်ပြုကောင်းပြုနိုင်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် သမ္မာတရား သို့မဟုတ် မှန်ကန်သည့် အတွေးများနှင့် အမြင်များကို သင့်ဘဝအဖြစ် မည်သည့်အခါတွင်မျှ လက်မခံခဲ့ခြင်း ဖြစ်သည်။ ထိုအစား သင်၏ အတွေးဟောင်းနှင့် အမြင်ဟောင်းများက သင့်ဘဝကို လွှမ်းမိုးလျက် သင့်အပေါ် ဆက်လက် အုပ်စိုးနေပြီဖြစ်သည်။ ထို့ကြောင့် သင်သည် သင့်မိဘများ ကွယ်လွန်ခြင်းကြောင့် သင့်ဘဝ၏ ကျန်သည့်အချိန်ကို နာကျင်မှုဖြင့် ကုန်ဆုံးရလိမ့်မည်။ ဤအဆက်မပြတ်ဖြစ်သော ဆင်းရဲဒုက္ခခံစားခြင်းသည် အနည်းငယ်သော စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခြင်းများစွာထက်ပိုသည့် အကျိုးဆက်များ ရှိလိမ့်မည်။ ထိုအရာက သင်၏ ဘဝ၊ သင်၏ တာဝန်များ ထမ်းဆောင်မှုအပေါ် သင်၏ သဘောထား၊ အသင်းတော်၏ အလုပ်အပေါ် သင်၏ သဘောထား၊ ဘုရားသခင်အပေါ် သင်၏ သဘောထားအပြင် သင့် စိတ်ဝိညာဉ်ကို တို့ထိသည့် လူ သို့မဟုတ် ကိစ္စရပ်တစ်ခုခုအပေါ် သင်၏ သဘောထားကို ထိခိုက်လိမ့်မည်။ သင်သည် သာ၍များသည့် ကိစ္စရပ်များအပေါ် အားငယ်စရာဖြစ်ကာ စိတ်ဓာတ်ကျလာနိုင်သည်၊ မျှော်လင့်ချက်ကုန်ကာ အပျက်သဘောဆောင်လာနိုင်သည်၊ ဘဝတွင် ယုံကြည်ခြင်း ပျောက်ဆုံးနိုင်သည်၊ မည်သည့်အရာမဆိုအတွက် စိတ်ထက်သန်မှုနှင့် လှုံ့ဆော်မှုတို့ ပျောက်ဆုံးနိုင်သည်၊ စသည်တို့ ဖြစ်နိုင်ပေသည်။ နောက်ဆုံးတွင် သက်ရောက်မှုက သင်၏ ရိုးရှင်းသည့် နေ့စဉ်ဘဝအပေါ် သက်ရောက်မှုကိုပင် ကျော်သွားလိမ့်မည်။ သင်၏ တာဝန်များ ထမ်းဆောင်ခြင်းနှင့် ဘဝတွင် သင် လျှောက်သည့်လမ်းကြောင်းတို့အပေါ် သင်၏ သဘောထားကိုလည်း ထိခိုက်လိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များပေသည်။ ဤအန္တရာယ်၏ အကျိုးဆက်မှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်များကို သင် ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်၏ တာဝန်များ ထမ်းဆောင်ခြင်းကို တစ်ဝက်တစ်ပျက် သင် ရပ်ပင်ရပ်နိုင်သည်၊ သို့မဟုတ် သင် ထမ်းဆောင်သည့် တာဝန်များအပေါ် အတိုက်အခံလုပ်သည့် စိတ်အခြေအနေနှင့် သဘောထားတစ်ခု ထားရှိကောင်းထားရှိနိုင်ပေသည်။ တိုတိုပြောရလျှင် ဤအခြေအနေမျိုးသည် အချိန်ကြာလာသည်နှင့်အမျှ မလွဲမသွေ ပိုမိုဆိုးဝါးလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်အခြေအနေ၊ စိတ်ခံစားမှုများနှင့် စိတ်နေစိတ်ထားတို့ကို ဆိုးဝါးသော ဦးတည်ချက်ဖြင့် ပြောင်းလဲသွားစေလိမ့်မည်။ သင် နားလည်သလော။ (နားလည်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နာကျင်မှုတွေ၊ အပြစ်ရှိစိတ်တွေနဲ့ နေထိုင်နေရတာဟာ စာတန်ရဲ့ ရိုးရာအယူအဆတွေကို လက်ခံထားလို့ဆိုတာ နားလည်လိုက်တယ်။ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “မိဘများ အသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်ရမည်၊ သူတို့ မသေခင်အထိ စောင့်ရှောက်ပေးရမည်”၊ ပြီးတော့ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” ဆိုတာမျိုးတွေပေါ့။ မိဘတွေအပေါ် သားသမီးဝတ်ကျေပွန်တာ၊ သူတို့အသက်ကြီးလာရင် ထောက်ပံ့တာ၊ မသေခင်အထိ စောင့်ရှောက်တာတွေကမှ အသိစိတ်နဲ့ လူ့သဘာဝရှိတဲ့သူရဲ့ လက္ခဏာဖြစ်ပြီး ဒီလိုမလုပ်တဲ့သူဟာ အသိစိတ်ကင်းမဲ့ပြီး လူ့သဘာဝမရှိသူလို့ ကျွန်မ ယုံကြည်ထားတာလေ။ ဒါကြောင့် ကျွန်မစိတ်ထဲမှာ အပြစ်ရှိစိတ်တွေ ပြည့်နေပြီး ကျွန်မက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး လိပ်ပြာမလုံခဲ့ဘူး။ မိဘနှစ်ပါးစလုံး ဆုံးပြီလို့ သိရတဲ့အချိန်မှာ ကျွန်မကို ပြုစုပျိုးထောင်ဖို့ သူတို့ ဘယ်လောက်ခက်ခဲခဲ့မလဲ၊ ကျွန်မအတွက် ဘယ်လောက် ပေးဆပ်ခဲ့မလဲဆိုတာ တွေးမိတယ်။ ဒါပေမဲ့ သူတို့အသက်ကြီးတဲ့အချိန်မှာ ကျွန်မ သက်သောင့်သက်သာ မထားပေးနိုင်ခဲ့သလို သူတို့နေမကောင်းတုန်းလည်း မပြုစုနိုင်ခဲ့ဘူး၊ မဆုံးခင် နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရဘူး။ ကျွန်မက သားသမီးဝတ်မကျေဘူး၊ သားသမီးတစ်ယောက်ရဲ့ တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ဘူး၊ ဒီလိုဖြစ်ရတဲ့အတွက် တခြားသူတွေရဲ့ အပြစ်တင်တာ၊ ပစ်ပယ်တာ ခံရမယ်လို့ ခံစားမိနေပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ခဲ့ဘူး။ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “မိဘများ အသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်ရမည်၊ သူတို့ မသေခင်အထိ စောင့်ရှောက်ပေးရမည်” ဆိုတာနဲ့ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” ဆိုတဲ့ အယူအဆတွေကို အပြုသဘောဆောင်တဲ့အရာတွေလို့ ကျွန်မ မှတ်ယူထားခဲ့တာ၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အမှုအရာတွေကို မရှုမြင်ခဲ့ဘူး။ တကယ်တော့ လူတစ်ယောက်မှာ အသိစိတ်နဲ့ လူ့သဘာဝ ရှိမရှိဆိုတာကို ဘုရားသခင်က အဲဒီလူဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီး ကိုယ်တော့်ကို ကျေနပ်စေခြင်း ရှိမရှိအပေါ် မူတည်ပြီး ဆုံးဖြတ်တာပါ။ လူတစ်ယောက်က ဘုရားသခင်အတွက် အသုံးခံဖို့နဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အရာအားလုံးကို စွန့်လွှတ်နိုင်ရင် အဲဒီလိုလူမျိုးဟာ ဘုရားသခင်အပေါ် သစ္စာစောင့်သိပြီး အရမ်းကောင်းမွန်တဲ့ အသိစိတ်နဲ့ လူ့သဘာဝကို ပိုင်ဆိုင်တာပါပဲ။ ပြောင်းပြန်အနေနဲ့ လူတစ်ယောက်က သားသမီးဝတ်ကျေပွန်ဖို့အတွက် ကိုယ့်တာဝန်ကို စွန့်လွှတ်လိုက်ရင် သူက မိဘတွေကို အရမ်းဂရုစိုက်ပြီး လူတိုင်းက သူ့ကို သားသမီးလိမ္မာလို့ ချီးကျူးရင်တောင် အဲဒီလိုလူမျိုးဟာ ဇာတိပကတိ ခံစားချက်တွေအတွက် အသက်ရှင်နေတာဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသူ၊ လူ့သဘာဝကင်းမဲ့သူပါပဲ။ သခင်ဘုရားရဲ့ ဧဝံဂေလိတရားဟောဖို့ မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြတဲ့ ခေတ်အဆက်ဆက်က သန့်ရှင်းသူတွေကို ကျွန်မ တွေးမိတယ်။ လူတွေကို ဘုရားသခင်ရှေ့မှောက် ခေါ်ဆောင်ဖို့နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ရစေဖို့အတွက် သူတို့ဟာ ဇာတိမြေနဲ့ မိသားစုကို စွန့်ခွာခဲ့ကြတယ်။ လူတွေရဲ့အမြင်မှာတော့ မိသားစုကို ဂရုမစိုက်၊ မိဘအပေါ် သားသမီးဝတ်မကျေပွန်လို့ သူတို့ကို သံယောဇဉ်မရှိဘူးလို့ ထင်ကြမှာပဲ။ ဒါပေမဲ့ ဘုရားသခင်ရဲ့အမြင်မှာတော့ သူတို့ဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းခဲ့ကြပြီး အသိစိတ်နဲ့ လူ့သဘာဝကို ပိုင်ဆိုင်ကြတယ်။ သူတို့ရဲ့လုပ်ရပ်တွေကို ဘုရားသခင်က အမှတ်ရတော်မူတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တဲ့ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတာ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံရလို့ အိမ်မပြန်နိုင်တာ။ မိဘတွေကို ကျွန်မ မပြုစုနိုင်တာက အခြေအနေတွေကြောင့်ပါ၊ ကျွန်မက သားသမီးဝတ်မကျေတာ၊ အသိစိတ်မရှိတာ မဟုတ်ပါဘူး။ ကျွန်မမိသားစုက ကျွန်မကို ဘယ်လိုပဲမြင်မြင်၊ ဘာသာတရားမရှိသူတွေက ဘယ်လိုပဲ ဆဲဆိုကြပါစေ၊ ကျွန်မလျှောက်နေတဲ့လမ်းက မမှားပါဘူး။ တခြားသူတွေ ကျွန်မကို ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးဆုံးက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ကျွန်မ ရနိုင်မလားဆိုတာပါပဲ။ ဒါက အရေးကြီးဆုံးပါ။ ကျွန်မဟာ မိဘတွေ ဆုံးပါးသွားတာကြောင့် အကြွေးတင်နေသလို ခံစားချက်တွေ၊ အပြစ်ရှိစိတ်တွေနဲ့ နေထိုင်ခဲ့ပြီး ဘုရားသခင်အပေါ် ညည်းညူမှုတွေ၊ ပုန်ကန်မှုတွေ ထားရှိခဲ့သလို ကိုယ့်တာဝန်မှာလည်း သစ္စာမစောင့်သိခဲ့ဘူး။ ကျွန်မမှာ လူ့သဘာဝနဲ့ အသိစိတ် ဆိုတာ ဘယ်လိုလုပ် ရှိတော့မလဲ။ ဘုရားသခင်က ကျွန်မကို အသက်ပေးခဲ့တယ်၊ ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်ပေးခဲ့တယ်၊ ကျွန်မ လိုအပ်တာမှန်သမျှ ထောက်ပံ့ပေးခဲ့တယ်၊ ဒါတောင်မှ ကျွန်မက ဘုရားသခင်ကို ညည်းညူနေတုန်းပဲ။ ကျွန်မ တကယ်ကို အမှားအမှန် မခွဲခြားနိုင်ဘဲ ဆင်ခြင်တုံတရားမဲ့နေတာပဲ။ ဒါတွေကို သဘောပေါက်လိုက်တော့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးမိဘတွေ ဆုံးပါးသွားလို့ဖြစ်တဲ့ နာကျင်မှုတွေထဲမှာ သမီး မနေချင်တော့ပါဘူး၊ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်” ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “သင့်မိဘများက သင့်အားမွေးဖွားပေးသည့်အကြောင်းကို ကြည့်ကြစို့။ သင့်အား မွေးဖွားပေးရန် ၎င်းတို့အတွက် ရွေးချယ်ခဲ့သောသူမှာ မည်သူနည်း။ သင်ဖြစ်သလော၊ သို့မဟုတ် သင့်မိဘများဖြစ်သလော။ သင်သည် ဤအရာကို ဘုရားသခင်၏ ရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ လူသားများ ရွေးချယ်ရန်အတွက် မဟုတ်ပေ။ သင်၏ မိဘများက သင့်ကို မွေးဖွားပေးရန် သင် ရွေးချယ်ခဲ့ခြင်း မဟုတ်သည့်အပြင် ၎င်းတို့လည်း ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဤကိစ္စရပ်၏ အရင်းခံကို ကြည့်လျှင် ဤသည်မှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စရပ်သည် လူတို့ နားလည်ရန် လွယ်ကူသောကြောင့် ငါတို့သည် ဤအကြောင်းအရာကို ယခုလောလောဆယ် ဘေးဖယ်ထားကြမည်။ သင်၏ ရှုထောင့်မှကြည့်လျှင် သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏မိဘများမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများ ရှုထောင့်မှကြည့်လျှင် ယင်းမှာ ကလေးများ ယူပြီး မွေးမြူရန်မှာ ၎င်းတို့၏ ဆန္ဒအလျောက် လိုလားမှု ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကို ဘေးဖယ်ထားလျှင်၊ ကလေးများ ယူပြီး မွေးမြူခြင်း ကိစ္စနှင့်ပတ်သက်လာလျှင် သင်၏ မိဘများသည်သာ အာဏာကုန် ရှိခဲ့လေသည်။ ၎င်းတို့သည် သင့်ကို မွေးဖွားရန် ရွေးချယ်ခဲ့ကြသည်။ သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ ၎င်းတို့ထံမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိခဲ့ပေ။ သို့ဖြစ်၍ သင်၏ မိဘများတွင် အာဏာကုန် ရှိခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့က သင့်ကို မွေးဖွားခဲ့သောကြောင့်လည်းကောင်း၊ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် ၎င်းတို့တွင် ဝတ္တရားနှင့် တာဝန်ရှိသည်။ သင့်အား ပညာရေးထောက်ပံ့ပေးခြင်းဖြစ်စေ၊ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးခြင်းဖြစ်စေ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ၎င်းတို့က သင့်ကို ပြုစုပျိုးထောင်နေသည့် ကာလအတွင်း သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ အစဉ်သဖြင့် ရှိနေခဲ့ပြီး သင်သည် ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပေ၊ သင်သည် ၎င်းတို့၏ ပြုစုပျိုးထောင်ခြင်းကို ခံရမည်သာ ဖြစ်သည်။ သင်သည် ငယ်ရွယ်သောကြောင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိခဲ့ဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏ မိဘများက ပြုစုပျိုးထောင်ပေးခြင်းကို ခံရသည်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သင်၏ မိဘများက သင့်ကို မည်သို့ပင် ပြုစုပျိုးထောင်ခဲ့သည်ဖြစ်စေ ယင်းမှာ သင့်အပေါ်တွင် မူမတည်ခဲ့ပေ။ ၎င်းတို့က သင့်အား ကောင်းမွန်သော အစားအသောက်များ ပေးခဲ့လျှင် သင်သည် ကောင်းမွန်သော အစားအသောက်များ ရရှိခဲ့သည်။ သင့်မိဘများက ဖွဲကြမ်းများ၊ အရိုင်းပင်များကို အမှီပြုပြီး သင် အသက်ရှင်အောင် စားသောက်ရသည့် ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို သင့်အားပေးလျှင် သင်က ဖွဲကြမ်းနှင့် အရိုင်းပင်များကို အမှီပြုပြီး ရှင်သန်ရသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ပျိုးထောင်ခြင်းခံရသောအချိန်တွင် ပြုသမျှနုနေရပြီး သင့်မိဘများက ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းသည်။ သင့်မိဘများက ပန်းတစ်ပွင့်ကို ဂရုစိုက်ခြင်းနှင့် တူညီသည်။ ၎င်းတို့သည် ပန်းတစ်ပွင့်ကို ဂရုစိုက်လိုသောကြောင့် ၎င်းတို့က ထိုပန်းကို မြေဩဇာကျွေးသင့်သည်။ ရေလောင်းသင့်သည်။ နေရောင်ကို အသေအချာရရှိစေရန် လုပ်ဆောင်သင့်သည်။ ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။ ဤအရာကို အခြေခံကြည့်လျှင် သင့်မိဘများက သင့်အတွက် လုပ်ဆောင်ပေးသောအရာရာတိုင်းကို ကြင်နာခြင်းဟု သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်မိဘများက သင့်အပေါ် ၎င်းတို့၏တာဝန်အား ဖြည့်ဆည်းခြင်းသည် ကြင်နာမှုအဖြစ် အကျုံးမဝင်ပေ။ ထို့ကြောင့် ၎င်းတို့က ပန်းပွင့်၊ သို့မဟုတ် အပင်တစ်ပင်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီး ရေလောင်းကာ မြေဩဇာကျွေးလျှင် ကြင်နာခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) ယင်းသည် ကြင်နာခြင်းနှင့် ပို၍ပင် အလှမ်းဝေးသည်။ ပန်းများနှင့် အပင်များသည် အပြင်ဘက်တွင် ပို၍ ကောင်းမွန်စွာ ကြီးထွားကြသည်၊ ၎င်းတို့ကို မြေကြီးထဲတွင် စိုက်ပျိုးပြီး လေ၊ နေနှင့် မိုးရေတို့ ရရှိပါက ၎င်းတို့သည် ပို၍ပင် ရှင်သန်ကြီးထွားကြသည်။ ၎င်းတို့သည် အပြင်ဘက်တွင် ကြီးထွားသည့်အပြင် အိမ်တွင်းရှိ ပန်းအိုးတစ်လုံးထဲတွင် စိုက်ပျိုးသည့်အခါ ကောင်းစွာ မကြီးထွားကြ သို့မဟုတ် မဖြစ်ထွန်းကြပေ။ လူတစ်ဦးသည် မည်သို့သော မိသားစုမျိုးတွင် မွေးဖွားလာသည်ဖြစ်စေ ယင်းမှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခြင်း ဖြစ်သည်။ သင်သည် အသက်ကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်ပြီး ဘုရားသခင်သည် အသက်တိုင်းအတွက် တာဝန်ယူကာ လူတို့အား အသက်ရှင်သန်နိုင်စေပြီး ဖန်ဆင်းခံအားလုံး လိုက်နာသည့် နိယာမတရားကို လိုက်လျှောက်စေသည်။ လူတစ်ဦးအနေဖြင့် သင်သည် သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သည့် ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ရုံသာဖြစ်ပြီး သို့ဖြစ်၍ သင်သည် ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။ သင်သည် ထိုပတ်ဝန်းကျင်တွင် မွေးဖွားခဲ့ရခြင်းမှာ ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကြောင့် ဖြစ်သည်။ သင်သည် သင်၏ မိဘများ၏ ပြုစုပျိုးထောင်မှုဖြင့် အရွယ်ရောက်လာခဲ့ရခြင်းမှာလည်း ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကြောင့်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင့်ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် သင်၏ မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ခြင်းသည် ၎င်းတို့၏ ဝတ္တရားနှင့် တာဝန်ဖြစ်ပြီး ဤအရာကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်ပေ။ ယင်းကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်သောကြောင့် ဤသည်မှာ သင် ပျော်မွေ့ခံစားသင့်သည့် အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။ မည်သည့်သက်ရှိသတ္တဝါမဆိုအတွက် သားသမီးများအား မွေးဖွားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ နောက်မျိုးဆက်ကို ပျိုးထောင်ခြင်းတို့သည် တာဝန်အမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ ငှက်၊ နွား၊ သိုး၊ နှင့် ကျားတို့သည်ပင် မျိုးပွားပြီးနောက်တွင် ၎င်းတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ မိမိတို့၏ သားသမီးကို ပျိုးထောင်မပေးသော သက်ရှိသတ္တဝါမရှိပေ။ ခြွင်းချက်အချို့ရှိဖို့ ဖြစ်နိုင်သည်။ သို့သော် များစွာမရှိပေ။ ဤသည်မှာ သက်ရှိသတ္တဝါများ၏ ဖြစ်တည်မှုတွင် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ ပင်ကိုဗီဇစိတ် ဖြစ်သည်။ ယင်းကို ကြင်နာခြင်းအဖြစ် မမှတ်ယူနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များအတွက်၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်က ပြင်ဆင်ပေးသော ဥပဒေအား လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းသည် ကြင်နာခြင်းအမျိုးအစားတစ်ခု မဟုတ်ပေ။ ဤအရာကို အခြေခံလျှင် သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်အပေါ် မည်မျှအားထုတ်ပြီး ငွေကို သုံးစွဲပါစေ ၎င်းတို့က သင့်အား နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသွားတော့ သူတို့ ကျွန်မကို မွေးဖွားပြီးနောက် ပြုစုပျိုးထောင်တာက သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားသာဖြစ်ပြီး ဒါကိုအကြင်နာတရားလို့ ယူဆလို့မရဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက သမ္မာတရားကို နားမလည်ခဲ့ဘဲ မိဘတွေရဲ့ ဂရုစိုက်မှုနဲ့ ပြုစုပျိုးထောင်မှုကို အကြင်နာတရားလို့ သဘောထားခဲ့တာ၊ သူတို့က ငါ့အတွက် အများကြီး ပေးဆပ်ခဲ့ပြီး ငါ့အပေါ် ကြင်နာတယ်၊ ဒါကြောင့် သူတို့အကြင်နာတရားကို ပြန်သင့်တယ်လို့ ထင်ခဲ့တာလေ။ မိဘတွေ နေမကောင်းတုန်း ကျွန်မ ပြန်မပြုစုနိုင်ခဲ့ဘူး၊ သူတို့ဆုံးတော့လည်း နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရဘူး။ မိဘတွေအပေါ် ကျွန်မ အများကြီး အကြွေးတင်နေသလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သားသမီးတွေကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်တာက မိဘတွေ လုပ်ရမယ့်အလုပ်ဆိုတာ နားလည်လိုက်တယ်။ ဒါက သူတို့တာဝန်လေ။ ပန်းပင်စိုက်တဲ့သူတစ်ယောက်က ရေလောင်းပေါင်းသင်ပေးဖို့ တာဝန်ရှိသလိုပေါ့၊ ဒါကို အကြင်နာတရားလို့ မသတ်မှတ်ဘူးလေ။ မိဘတွေရဲ့ ကောင်းမွန်မှုနဲ့ ကျွန်မအတွက် သူတို့လုပ်ပေးခဲ့သမျှ အရာအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုကနေ မြစ်ဖျားခံတာဖြစ်ပြီး ဒါကို ဘုရားသခင်ဆီက ခံယူသင့်တယ်။ ကျွန်မ မိဘတွေအပေါ် ဘာမှ အကြွေးမတင်ပါဘူး၊ ဘာကိုမှ ပြန်ဆပ်ဖို့၊ လျော်ကြေးပေးဖို့ မလိုပါဘူး။ ဒါကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မရင်ထဲက နာကျင်မှုတွေ အတော်လေး သက်သာသွားတယ်။
မိဘတွေကို ဘယ်လိုသဘောထားရမလဲဆိုတာနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တွေထဲမှာ လမ်းကြောင်းတစ်ခု ကျွန်မ တွေ့ခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ပါတယ်။ “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ဆိုလိုသည်မှာ ၎င်းတို့က အချိန်များစွာ အကုန်ခံပြီး သင့်အား ပျိုးထောင်ရုံသက်သက်ဖြင့် သင်သည် ၎င်းတို့အား မည်သို့ ပြန်လည်ပေးဆပ်ရမည်ကို အစဉ် တွေးတောမနေသင့်ပေ။ သင်သည် ၎င်းတို့အား ကျေးဇူးမဆပ်နိုင်ပါက ၎င်းတို့အား ကျေးဇူးဆပ်ရန် အခွင့်အရေး သို့မဟုတ် အခြေအနေများ သင့်တွင် မရှိပါက သင်သည် အစဉ်သဖြင့် ဝမ်းနည်းပြီး အပြစ်ရှိသလို ခံစားရလိမ့်မည်ဖြစ်ပြီး တစ်စုံတစ်ဦးကို ၎င်းတို့၏ မိဘများနှင့်အတူရှိနေကာ ၎င်းတို့ကို ပြုစုစောင့်ရှောက်ပြီး ၎င်းတို့အပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုနေသည်ကို မြင်သည့်အခါတိုင်း သင် ဝမ်းနည်းသည်ဟု ခံစားရမည့်အထိပင် ဖြစ်သည်။ ဘုရားသခင်က သင်၏မိဘများ သင့်ကို ပြုစုပျိုးထောင်ပေးရန် အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခဲ့သော်လည်း၊ သင်၏ဘဝကို ၎င်းတို့အား ကျေးဇူးဆပ်ခြင်းဖြင့် ကုန်ဆုံးစေရန်အတွက်မူ မဟုတ်ပေ။ ဤဘဝတွင် သင် ဖြည့်ဆည်းရမည့် တာဝန်များနှင့် ဝတ္တရားများ၊ သင် လျှောက်လှမ်းရမည့် လမ်းကြောင်းတစ်ခု သင့်တွင် ရှိသည်၊ သင်သည် ကိုယ့်ဘဝနှင့်ကိုယ် ရှိသည်။ သင်၏ ဘဝတွင် သင်၏မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုခြင်းနှင့် ၎င်းတို့၏ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းထဲသို့ သင်၏ စွမ်းအင်အားလုံးကို မထည့်သွင်းသင့်ပေ။ သင်၏ မိဘများအပေါ် သားသမီးဝတ္တရား ကျေပွန်အောင် ပြုခြင်းသည် သင်၏ဘဝတွင် သင့်နှင့်အတူ ပါရှိသည့်အရာတစ်ခုမျှသာ ဖြစ်သည်။ ယင်းမှာ ချစ်ခင်တွယ်တာသော လူ့ဆက်ဆံရေးများတွင် ရှောင်လွှဲ၍မရသော အရာတစ်ခု ဖြစ်သည်။ သို့သော် သင်နှင့် သင်၏ မိဘများသည် မည်သို့သော ဆက်နွှယ်မှုမျိုးရှိရန် ကံကြမ္မာအရ သတ်မှတ်ထားသည်နှင့်ပတ်သက်၍၊ သင်တို့ အတူတကွ မည်မျှကြာအောင် နေထိုင်နိုင်မည်ဟူသည်နှင့်ပတ်သက်၍မူ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များအပေါ်တွင် မူတည်သည်။ ဘုရားသခင်က သင်နှင့် သင်၏ မိဘများသည် မတူညီသော နေရာများတွင် ရှိနေကြမည်ဖြစ်ကြောင်း၊ သင်သည် ၎င်းတို့နှင့် အလွန်အလှမ်းဝေးနေပြီး အတူတကွ နေထိုင်နိုင်မည် မဟုတ်ကြောင်း စီစဉ်ညွှန်ကြားပြီး စီစဉ်ထားပါက ဤတာဝန်ကို ဖြည့်ဆည်းခြင်းသည် သင့်အတွက် တမ်းတခြင်းတစ်မျိုးမျှသာ ဖြစ်သည်။ ဘုရားသခင်က သင်၏ နေထိုင်ရာသည် သင်၏ မိဘများနှင့် အလွန်နီးကပ်ရန်နှင့် သင်သည် ၎င်းတို့၏ ဘေးတွင် နေနိုင်မည်ဖြစ်ကြောင်း စီစဉ်ထားပါက သင်၏ မိဘများအတွက် တာဝန်အချို့ကို ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့အား သားသမီးဝတ္တရား အနည်းငယ်ပြခြင်းတို့သည် သင် လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်၊ ဤအရာနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်စရာ တစ်ခုမျှ မရှိပေ။ သို့သော် သင်သည် သင့်မိဘများနှင့် မတူညီသည့်နေရာ၌ ရှိနေလျှင်၊ သင်သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရန် အခွင့်အလမ်း၊ သို့မဟုတ် သင့်တော်သော အခြေအနေမရှိလျှင် ဤအရာကို ရှက်စရာကောင်းသောအရာအဖြစ် မှတ်ယူရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ် မကျေပွန်နိုင်သောကြောင့် ၎င်းတို့ကို ရင်ဆိုင်ရန် မရှက်ရွံ့သင့်ပေ။ သင့်အခြေအနေများက ခွင့်မပြုခြင်းသာ ဖြစ်သည်။ သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ သင်သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရန်သာ အလေးထားပါက ဤသည်မှာ သင် လုပ်ဆောင်သင့်သည့် တာဝန်များစွာကို အတားအဆီးဖြစ်စေလိမ့်မည်။ သင်၏ ဘဝတွင် သင် လုပ်ဆောင်ရမည့်အရာများစွာ ရှိပြီး သင် လုပ်ဆောင်သင့်သည့် ဤတာဝန်များသည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းရှင်က သင့်အား အပ်နှင်းထားခဲ့သည့်အရာများ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို သင် ပြန်လည်ပေးဆပ်ခြင်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏အထူးတာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် သင်သည် အခါအခွင့်သင့်သည့်အခါ၌ သင်သည် ဤအရာကို အနည်းငယ် လုပ်ဆောင်နိုင်ပြီး သင်၏ တာဝန်များကို အနည်းငယ် ဖြည့်ဆည်းနိုင်သည်၊ အခါအခွင့်မသင့်လျှင်မူ ထိုသို့ အတင်းအကျပ်ပြုလုပ်ရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်ရန် သင်၏ တာဝန်ကို မဖြည့်ဆည်းနိုင်ပါက ဤသည်မှာ ဆိုးရွားသော အမှားတစ်ခု မဟုတ်ပေ၊ ယင်းမှာ သင်၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုကို အနည်းငယ် ဆန့်ကျင်ရုံသာဖြစ်ပြီး သင်သည် အချို့လူများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်၊ ဤမျှသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားကို ဆန့်ကျင်ခြင်း မရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့အတွက် ဖြစ်ပါက သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကိုပင် ခံရလိမ့်မည်။ ထို့ကြောင့် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုခြင်းနှင့်ပတ်သက်၍ သင်သည် သမ္မာတရားကို နားလည်ပြီး လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များကို နားလည်သရွေ့ သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုရန် အခါအခွင့်မသင့်လျှင်ပင် သင်သည် လိပ်ပြာသန့်ပေလိမ့်မည်။ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာကို သင်တို့ ယခုနားလည်သွားသဖြင့် သင်တို့၏ စိတ်နှလုံးသည် မတည်ငြိမ်သွားသလော။ (တည်ငြိမ်သွားပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ကျွန်မမိဘတွေဟာ ကျွန်မရဲ့ ကြွေးရှင်တွေ မဟုတ်ဘူးဆိုတာ နားလည်လိုက်တယ်။ နောက်ဆုံးသောကာလမှာ မွေးဖွားဖို့ ကျွန်မကို ဘုရားသခင် ကြိုတင်သတ်မှတ်ထားတာဟာ မိဘကျေးဇူး ပြန်ဆပ်ဖို့၊ သူတို့အပေါ် သားသမီးဝတ်ကျေပွန်ဖို့ မဟုတ်ပါဘူး၊ ကျွန်မ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် အထူးတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့အတွက်ပါ၊ ဒါက လူတစ်ယောက်အနေနဲ့ ကျွန်မ လုပ်ဆောင်သင့်တဲ့အရာပါပဲ။ သားသမီးဝတ်ကျေပွန်တာက ကိုယ့်အခြေအနေအပေါ် မူတည်သင့်တယ်။ တာဝန်ကို မနှောင့်နှေးစေဘူးဆိုရင် သားသမီးတစ်ယောက်ရဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ မိဘတွေကို သွားတွေ့လို့ ရပါတယ်။ ဒါပေမဲ့ အပြင်ထွက် တာဝန်ထမ်းဆောင်နေတုန်း သူတို့ကို ပြုစုဖို့ ဘေးနားမှာနေခွင့် မကြုံဘူးဆိုရင် အကြွေးတင်တယ်လို့ ခံစားရဖို့၊ အပြစ်ရှိစိတ် ဖြစ်နေဖို့ မလိုပါဘူး။ အရေးကြီးတဲ့အချိန်တွေမှာ တာဝန်က ဦးစားပေး ဖြစ်ရမယ်လေ။ အထူးသဖြင့် အခုလိုဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဒါက ပိုရှင်းလင်းသွားတယ်။ “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ဆက်ကပ်ထားခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ တရားမျှတသော အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများ၏ ရှေ့မှောက်တွင် အရှက်ရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဘုရားသခင်က လူ့အသက်ရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ ကျွန်မရဲ့အသက်ကို ဘုရားသခင် ပေးခဲ့တာဖြစ်ပြီး ဒီနေ့ ကျွန်မ အသက်ရှင်နေရတာကလည်း ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ကာကွယ်မှုကြောင့်ပါပဲ။ ဒီနေ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာက ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားပါ။ ဒါကို နားလည်လိုက်တော့ မိဘတွေ ဆုံးပါးသွားတာကို ကျွန်မ မှန်မှန်ကန်ကန် သဘောထားနိုင်ပြီ။
ရံဖန်ရံခါ မိဘတွေကို သတိရမိပေမဲ့ ဒီအရာရဲ့ ဘောင်ခတ်တာကို မခံရတော့ဘဲ ကိုယ့်တာဝန်တွေအပေါ် အာရုံစိုက်နိုင်ပါပြီ။ မိဘတွေ ဆုံးပါးသွားတာကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမယ်ဆိုတာ နားလည်အောင် လမ်းပြပေးပြီး၊ မိဘတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်တဲ့ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို သင်ပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ နာကျင်မှုတွေထဲကနေ ကျွန်မ ရုန်းထွက်ခဲ့ပါပြီ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတော် ချီးမွမ်းပါတယ်ရှင်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...
ရှင်းယီ၊ တရုတ်ပြည်ငယ်ငယ်တုန်းက အဘွားပြောတာကို ကျွန်မ ခဏခဏ ကြားရတယ်။ “ဟိုဘက်အိမ်က ကလေးကို ကြည့်စမ်း၊ စာနာစိတ်မရှိဘဲ ကျေးဇူးကန်းလိုက်တာ၊...
ရှင်းချယ် တောင်ကိုရီးယားနိုင်ငံကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ဘုရားရဲ့နောက်ကိုလိုက်တဲ့အတွက် စံပြတွေအဖြစ် ကျွန်မက အမြဲတမ်းမြင်ခဲ့တယ်။...
ကျန်းမင်၊ တရုတ်ပြည်။ကျွန်မအသက် တစ်နှစ်မပြည့်ခင်မှာပဲ အဖေက နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့တယ်။ အမေက ကျွန်မတို့ မောင်နှမငါးယောက်ကို...