တာဝန်ထမ်းဆောင်ခြင်းဟာ ရှောင်လွှဲမရတဲ့ ကျွန်မရဲ့ ဝတ္တရား

14.04.2026

ကျန်းရှောင်၊ တရုတ်ပြည်

ကျွန်မ ငယ်ငယ်တုန်းက ကျွန်မတို့မိသားစုက တော်တော် ဆင်းရဲပါတယ်။ မိဘတွေက ကျွန်မရဲ့ ပညာရေးကို ထောက်ပံ့ဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ငွေရှာခဲ့ကြရတယ်။ သူတို့ နေမကောင်းဖြစ်ရင်တောင် ဆေးကုဖို့ ပိုက်ဆံမသုံးဘဲ အဲဒီအစား ကျွန်မကိုပဲ အစားအစာကောင်းတွေ ကျွေး၊ အဝတ်အစား ကောင်းကောင်းတွေ ဆင်ပေးခဲ့ကြတယ်။ အလယ်တန်းပြီးတော့ အဘိုးက အဖေ့ကို ပြောတယ်၊ “မင်းသမီးကို ကျောင်းဆက်မထားနဲ့တော့” တဲ့။ ဒါပေမဲ့ အဖေက “သမီးပဲဖြစ်ဖြစ်၊ သားပဲဖြစ်ဖြစ် ကျွန်တော်တို့က သားသမီးတွေကို အတူတူပဲ သဘောထားတယ်” လို့ ပြောတယ်။ ပြီးတော့ ကျွန်မက ကျန်းမာရေး မကောင်းတဲ့အတွက် ပင်ပန်းတဲ့ အလုပ်တွေ မလုပ်နိုင်ဘူး၊ စာကိုပဲ အာရုံစိုက်ဖို့ လိုတယ်လို့လည်း ပြောတယ်။ အဲဒါကြောင့် ကျွန်မ မိဘတွေကို အရမ်း ကျေးဇူးတင်မိတယ်၊ သူတို့ရဲ့ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုတွေအတွက် သူတို့စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူးလို့ ခံစားမိတယ်။ အဲဒီအချိန်ကစပြီး ကျွန်မ စာကို ကြိုးစားသင်ယူခဲ့တယ်။ ကျွန်မ ပညာသင်ဆု ရတိုင်း မိဘတွေရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာတွေကို မြင်ရတဲ့အခါ သူတို့ကို စိတ်မပျက်စေခဲ့ဘူးလို့ ကျွန်မ တကယ် ခံစားရတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် စိတ်ပိုင်းဖြတ်လိုက်တယ်၊ “နောင်တစ်ချိန် ငါ လူရာဝင်တဲ့အခါ မိဘတွေကို သိတတ်ပြီး ငါ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်မယ်” လို့ပေါ့။

ကျွန်မ ၁၉ နှစ်ရောက်တော့ ကျွန်မတို့မိသားစု အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အလုပ်ကို လက်ခံခဲ့ကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို စားသောက်ပြီး သမ္မာတရားကို လိုက်စားတာနဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာကပဲ အဓိပ္ပာယ်ရှိတဲ့ အသက်တာကို ဖြစ်စေတယ်ဆိုတာ ကျွန်မ နားလည်လာတယ်။ ဒါကြောင့် ကျွန်မ ပညာရေးကို စွန့်လွှတ်ပြီး ကျွန်မ တာဝန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ခဲ့တယ်။ တစ်နေ့မှာ ညီအစ်မတစ်ယောက် ကျွန်မတို့အိမ် ရောက်လာပြီး မကြာခင်မှာပဲ ရဲတွေ ရုတ်တရက် အတင်းဝင်လာပြီး သူ့ကို ဖမ်းခေါ်သွားတယ်။ မေးမြန်းစစ်ဆေးဖို့အတွက် အဖေနဲ့ ကျွန်မကိုလည်း ရဲစခန်းဆီ ခေါ်သွားတယ်။ နောက်ပိုင်းမှာ ကျွန်မတို့ ပြန်လွတ်လာပေမယ့် ဒေသခံ ဘာသာရေးရေးရာဌာနနဲ့ ရဲစခန်းက လူတွေ ကျွန်မတို့အိမ်ကို ရောက်လာပြီး ဘုရားသခင်ကို ဆက်မယုံဖို့ သတိပေးခဲ့ကြတယ်။ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ကျွန်မ အိမ်ကနေ မဖြစ်မနေ ထွက်ခွာခဲ့ရတယ်။ တခြားဒေသတစ်ခုမှာ တာဝန်တွေ ထမ်းဆောင်နေတုန်း ဧည့်ခံတဲ့အိမ်က ညီအစ်မရဲ့ သားသမီးတွေ သူ့ကို သိတတ်ကြတာ မြင်တိုင်း ကျွန်မရင်ထဲမှာ ခံစားချက်တွေ ဖြစ်ပေါ်လာပြီး ကိုယ့်မိဘတွေကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ သူတို့က ကျွန်မကို ကျွေးမွေးစောင့်ရှောက်ဖို့ အရမ်း ပင်ပင်ပန်းပန်း လုပ်ခဲ့ကြတာ၊ ဒါပေမဲ့ ကျွန်မက သူတို့ကို ပြုစုစောင့်ရှောက်ဖို့ အနားမှာ မရှိနိုင်ဘူးလေ။ သူတို့ကို အရမ်း အကြွေးတင်သလို ခံစားရတယ်။

၂၀၁၉ ခုနှစ်မှာ ကျွန်မ တာဝန်ထမ်းဆောင်နေတဲ့ မြို့မှာ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးမှုတွေ တကယ်ကို အရမ်း ဆိုးရွားလာတယ်၊ အဲဒီအချိန်မှာ နေစရာ လုံခြုံတဲ့ ဧည့်ခံတဲ့အိမ်တွေ မရှာနိုင်တော့တဲ့အတွက် တတ်နိုင်ရင် ဇာတိမြေကို ပြန်ကြဖို့ ခေါင်းဆောင်တွေက ကျွန်မတို့ကို ပြောတယ်။ အဲဒီအချိန်တုန်းက မိဘတွေက တခြားနေရာမှာ အိမ်ငှားနေကြလို့ အိမ်မှာ မရှိကြဘူး၊ ဒါကြောင့် သူတို့နေရာကို အရင်သွားဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ မိဘတွေနဲ့ တွေ့တဲ့အခါ အမေ့ရဲ့ အကြည့်တွေက နည်းနည်း ငိုင်တိုင်တိုင်ဖြစ်နေပြီး မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ မေးနေတာကို ကျွန်မ သတိထားမိတယ်။ အမေ လေဖြတ်ပြီး ဦးနှောက်ငယ် ကျုံ့သွားတယ်၊ ဆေးရုံက ဆင်းလာတာ ရက်ပိုင်းပဲ ရှိသေးတယ်လို့ မောင်လေးက ပြောပြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်တုန်းက အမေ့ဆီမှာ ရောဂါလက္ခဏာတချို့ ကျွန်မ သတိထားမိခဲ့ပေမယ့် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့မိဘူးဆိုတာ ပြန်သတိရတယ်။ ကျွန်မ တွေးမိတယ်၊ “ငါသာ အနားမှာရှိပြီး သူ့ကို ပြုစုစောင့်ရှောက်ခဲ့ရင်၊ ကျန်းမာရေး ဂရုစိုက်ဖို့ သတိပေးခဲ့ရင် သူ့အခြေအနေ ဒီလောက် ဆိုးသွားပါ့မလား” လို့ပေါ့။ အဲဒီအချိန်အတွင်းမှာ ကျွန်မရဲ့ နေ့ရက်တွေကို အမေ့အတွက်ပဲ အာရုံစိုက်ရင်း ကုန်ဆုံးခဲ့ပါတယ်၊ သူ့ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာတွေ ချက်ပြုတ်ပေးတယ်၊ သူ့ကို လေ့ကျင့်ခန်း လုပ်ဖို့ ပို့ပေးတယ်၊ ပြီးတော့ သူ့ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သင်ပေးခဲ့ပါတယ်။ အမေ့ကို ပြုစုစောင့်ရှောက်ဖို့အတွက် ကျွန်မ အားအင်တွေ အကုန်စိုက်ထုတ်ထားပြီး တာဝန်တွေအတွက် လုံးဝ မတွေးခဲ့ဘူး။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်လ ကုန်ဆုံးသွားတယ်၊ တစ်နေ့မှာ တခြားဒေသတစ်ခုမှာ တာဝန်တွေ သွားထမ်းဆောင်ဖို့ ပြောထားတဲ့ စာတစ်စောင် ခေါင်းဆောင်တွေဆီကနေ ကျွန်မ လက်ခံရရှိခဲ့တယ်။ အဲဒီနေ့မှာ အဒေါ်နဲ့ ဦးလေး ကျွန်မတို့အိမ် ရောက်လာကြတယ်။ အစတုန်းကတော့ ကျွန်မ အိမ်မှာနေပြီး အမေ့ကို ပြုစုစောင့်ရှောက်နေတာကို မြင်တော့ သူတို့ ဘာမှမပြောကြဘူး၊ ဒါပေမဲ့ နောက်တော့ ရုတ်တရက် မေးလာတယ်၊ “နင် ရက်နည်းနည်းလောက် နေပြီးရင် ပြန်သွားတော့မှာလား” တဲ့။ ကျွန်မ ဘာမှပြန်မပြောတာ မြင်တော့ သူတို့က ကျွန်မကို ဆူကြတယ်၊ “နင် ထပ်ပြီး ထွက်သွားလို့ မရဘူး။ နင် အိမ်မှာနေပြီး မိဘတွေကို ပြုစုစောင့်ရှောက်ရမယ်။ နင့်မိဘတွေက ငယ်ငယ်တုန်းက နင့်ကို ထောက်ပံ့ခဲ့တာ၊ အခု သူတို့ အသက် ၇၀ ကျော်နေပြီ၊ သူတို့အတွက် နင် တစ်ခုခု လုပ်ပေးသင့်တယ်လို့ မခံစားရဘူးလား။ နင့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘတွေသာ မရှိရင် ဒီနေ့ နင် ဒီနေရာမှာ ရှိနေပါ့မလား။ နင် ဒီလောက် တစ်ကိုယ်ကောင်း မဆန်သင့်ဘူး” တဲ့။ သူတို့စကားတွေက ကျွန်မနှလုံးသားကို ဓားနဲ့ထိုးလိုက်သလိုပါပဲ၊ တစ်ခဏလောက် ကျွန်မ ဘာပြန်ပြောရမှန်း မသိခဲ့ဘူး။ ကျွန်မကို ပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘတွေသာ မရှိရင် ကျွန်မ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး။ သူတို့ရဲ့ ပြုစုစောင့်ရှောက်မှုတွေကိုပဲ ခံစားပြီး ဘာမှပြန်မပေးဆပ်ရင် ကျွန်မက ကျေးဇူးကန်းတဲ့သူ ဖြစ်မနေဘူးလား။ ငယ်ငယ်တုန်းက ဝမ်းကွဲအစ်ကိုတစ်ယောက် သူ့ရဲ့ ကိုယ်ပိုင် ဇာတိပကတိ ပျော်ရွှင်မှုတွေကိုပဲ အာရုံစိုက်ပြီး မိဘတွေ နေမကောင်းဖြစ်တဲ့အခါ ဂရုမစိုက်တာကို ကျွန်မ မြင်ခဲ့ရတယ်။ သူက တကယ်ပဲ လူ့သဘာဝ ကင်းမဲ့တယ်လို့ ကျွန်မ ခံစားခဲ့ရပြီး အဲဒီလိုလူမျိုး ကျွန်မ မဖြစ်နိုင်ဘူးလို့ တွေးခဲ့တယ်။ အခု မိဘတွေ အိုမင်းလာတော့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ကို ကျွန်မ မယူနိုင်ရင် သားသမီးဝတ္တရား မကျေပွန်ရာရောက်မှာပဲလို့ ခံစားခဲ့မိတယ်။ အဲဒီအချိန်တုန်းက ကျွန်မ အရမ်း နာကျင်ပြီး စိတ်ဒွိဟဖြစ်ရတယ်၊ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ တာဝန်တွေ ထမ်းဆောင်တာက သမီးရဲ့ တာဝန်ဆိုတာ သမီး သိပါတယ်၊ ဒါပေမဲ့ မိဘတွေ အိုမင်းလာတာ၊ ကျန်းမာရေး မကောင်းတာကို မြင်ရတော့ သူတို့အတွက် စိတ်မပူဘဲ မနေနိုင်ဘူး ဖြစ်နေတယ်၊ ပြီးတော့ တခြားနေရာသွားပြီး တာဝန်ထမ်းဆောင်ဖို့လည်း စိတ်မပါပါဘူး။ ဒီအခြေအနေကနေ လွတ်မြောက်နိုင်ဖို့ သမီးကို လမ်းပြပြီး ဉာဏ်ပွင့်စေတော်မူပါ” လို့ပေါ့။

တစ်နေ့မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွှယ်မှု မရှိသည့်အတွက်၊ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် မိမိတို့ကလေးတစ်ယောက်၏ ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားမှာ သူကြီးပြင်းဖို့ ပတ်ဝန်းကျင်တစ်ခုကို အပြင်ပန်းတွင် ပံ့ပိုးဖို့သာဖြစ်ပြီး ထိုမျှသာဖြစ်၏။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ယင်းကို အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်သကဲ့သို့ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်သရွေ့၊ လူတိုင်းက အမှီအခိုကင်းကာ လူတိုင်း မိမိ၏ ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။ ထို့ကြောင့် မည်သူ၏မိဘများကမျှ ဘဝတွင် ၎င်းတို့၏ ကံကြမ္မာကို လုံးဝ မတားဆီးနိုင်ပေ သို့မဟုတ် ဘဝတွင် ၎င်းတို့ ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍနှင့်ပတ်သက်လာသည့်အခါတွင် ၎င်းတို့ကို စိုးစဉ်းမျှပင် ထောက်ပံ့မြှင့်တင်ပေး၍ မရနိုင်ပေ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်တို့သည် ဘဝတွင် မိမိတာဝန်ကို ဖြည့်ဆည်းခြင်း အတွက် ကြိုတင်သတ်မှတ်ချက်များထက် ဘာမျှမပိုပေ။ ထိုအရာများသည် လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက်က မိမိ၏ တာဝန်ကို ပြီးမြောက်စေသည့် ကံတရားမျိုးအား မည်သည့်နည်းနှင့်မျှ မသတ်မှတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘကမျှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရ။ အလားတူ၊ မည်သူ၏ ဆွေမျိုးများကမျှ ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်ယူဖို့ မကူညီနိုင်ပေ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သည့် ပတ်ဝန်းကျင်မျိုး၌ ဆောင်ရွက်သည် ဆိုသည့်အရာ များသည် သူ့ဘဝ ကံကြမ္မာအားဖြင့် လုံးဝ သတ်မှတ်ပြီးဖြစ်သည်။ တစ်ခြားနည်းနှင့်ပြောရလျှင်၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားသည့် လူတစ်ယောက်၏ တာဝန်ကို အခြား ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ မလွှမ်းမိုးနိုင်ပါ။ လူအားလုံးက သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်၌ ရင့်ကျက်လာကြသည်၊ ထို့နောက် တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီး တစ်ဆင့် ဘဝတွင် သူတို့၏ ကိုယ်ပိုင် လမ်းများပေါ် ခရီးစတင် လာကြပြီး ၎င်းတို့အတွက် ဖန်ဆင်းရှင်အားဖြင့် စီစဉ်ထားသည့် ကံတရားများကို ဖြည့်ဆည်းကြလေသည်။ အလိုအလျောက်ပင် ၎င်းတို့သည် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ အတွက်၊ အဖန်ဆင်းခံများအနေဖြင့် သူတို့၏ တာဝန် ဝတ္တရားများကို စတင်ဖြည့်ဆည်းသည့်နေရာဖြစ်သော ကျယ်ပြန့်လှသည့် လူပင်လယ်ထဲသို့ အမှတ်တမဲ့ ဝင်ရောက်ကြပြီး ဘဝ၌ ၎င်းတို့၏ကျရာနေရာများကို ယူကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက် ကျွန်မ သဘောပေါက်လိုက်တာက မိဘတွေက ကျွန်မကို မွေးဖွားပေးတယ်၊ ကျွေးမွေးစောင့်ရှောက်တယ်၊ ပြီးတော့ ကြီးပြင်းလာဖို့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရုံသက်သက်ပဲ လုပ်ပေးခဲ့တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်မကို အသက် တကယ်ပေးတာက ဘုရားသခင်ပါ။ ဒီနေ့အထိ ကျွန်မကို အသက်ရှင်ခွင့်ပေးထားတဲ့ အသက်ရှင်ခြင်း ဇီဝအသက်ကို ပေးသနားတာက ဘုရားသခင်ပါ။ နောက်ပြီး ကျွန်မတို့ရဲ့ ကံကြမ္မာတွေက ဖန်ဆင်းရှင်ရဲ့ လက်ထဲမှာ ရှိတယ်၊ ဘယ်သူကမှ တခြားလူတစ်ယောက်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ဘူး။ မိဘတွေက ကျွန်မရဲ့ ကံကြမ္မာကို မထိန်းချုပ်နိုင်သလို၊ ကျွန်မကလည်း သူတို့ရဲ့ ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး။ အမေ ရုတ်တရက် နေမကောင်းဖြစ်တာ၊ အဒေါ်က သူ့ကို ဆေးကုဖို့ ဆေးရုံကို အချိန်မီ ပို့ပေးနိုင်ခဲ့တာတွေကို ကျွန်မ တွေးမိတယ်။ ဒါကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ဘူးလား။ အမေ ဘယ်အချိန် နေမကောင်းဖြစ်မလဲ၊ သူ့ရောဂါ ဘယ်လောက် ပြင်းထန်မလဲ ဆိုတာကို ကျွန်မ မဆုံးဖြတ်နိုင်ဘူး၊ ပြီးတော့ ကျွန်မ ဘယ်လောက်ပဲ စိတ်ပူပူ၊ အမေ့ရဲ့ ဝေဒနာကို နည်းနည်းလေးတောင် မသက်သာအောင်လုပ်မပေးနိုင်ဘူး။ ကျွန်မ အိမ်မှာ သူနဲ့အတူ ရှိနေရင်တောင် ဘာပြဿနာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ အမေ့ကို ပြုစုစောင့်ရှောက်ဖို့အတွက် ကျွန်မ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့တယ်၊ တာဝန်တွေကိုတောင် လစ်လျူရှုထားခဲ့တယ်။ ဒါပေမဲ့ အမေ့ရောဂါက သက်သာမလာတဲ့အပြင် တကယ်တော့ ပိုတောင် ဆိုးလာခဲ့တယ်။ ကျွန်မ အိမ်မှာ သူနဲ့အတူ ရှိနေခဲ့ရင် သူ ဒီလောက် နေမကောင်း ဖြစ်မှာမဟုတ်ဘူးလို့တောင် ကျွန်မ တွေးခဲ့မိတယ်။ ဒါက မယုံကြည်သူတွေရဲ့ အမြင် မဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဒီလိုပြောထားတာကို ကျွန်မ ဖတ်ရတယ်။ “သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ မည်သည့်အရာကို စီစဉ်သည်ဖြစ်စေ၊ ထိုအရာများသည် အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ဖန်ဆင်းခံအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် နားလည်နိုင်ကာ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိမရှိဖြစ်သည်။ မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) သားသမီးတွေ အနားမှာမရှိဘဲ အိုမင်းသွားရတဲ့ မိဘတွေ ဘယ်လောက်များများ ရှိလဲဆိုတာ ကျွန်မ တွေးမိတယ်။ ဒါက သူတို့ရဲ့ ကံကြမ္မာပါပဲ။ မိဘတွေကို ဆက်ဆံတဲ့နေရာမှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ထားရှိမှုကို ကျွန်မ ကျိုးနွံနာခံရမယ်၊ အခြေအနေအပေါ်မှာ ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒကို အတင်းပုံချဖို့ ကြိုးစားလို့ မရဘူး။ အမေ ငယ်ငယ်တုန်းက နှလုံးသွေးကြောကျဉ်းရောဂါ ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပေမယ့် ပိုက်ဆံရဖို့ သူ ဆက်ပြီး ကြိုးစားအလုပ်လုပ်ခဲ့တယ်၊ ကျန်းမာရေးကို လုံးဝ ဂရုမစိုက်ခဲ့ဘူးဆိုတာ ကျွန်မ သတိရတယ်။ ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာ သမ္မာတရားကို လိုက်စားတာနဲ့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်တာက အရေးအကြီးဆုံး အရာတွေပဲဆိုတာ သူ နားလည်လာတယ်၊ မှန်ကန်တဲ့ အသက်တာ ပန်းတိုင်နဲ့အတူ အရင်ကလို အရိုးကြေမွမတတ် အလုပ်လုပ်တာကို ရပ်လိုက်တော့ သူ့ကျန်းမာရေး တဖြည်းဖြည်း ကောင်းလာခဲ့တယ်။ သူ ဒီအချိန်အထိ အသက်ရှင်နေနိုင်တာကိုက ဘုရားသခင်ရဲ့ ကျေးဇူးတော်တစ်ခု ဖြစ်နေပြီ။ အခု မိဘတွေ အိုမင်းလာပြီ၊ ကျွန်မ သူတို့ကို မပြုစုနိုင်ရင်တောင်မှ အဒေါ်တွေနဲ့ ဦးလေးတွေက သူတို့ကို သွားကြည့်ပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ကောင်းကောင်း ဂရုစိုက်ပေးကြမှာပါ။ ဒါက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကြောင့် မဟုတ်ဘူးလား။ အဲဒါတွေကို တွေးမိလိုက်တော့ ကျွန်မရင်ထဲမှာ နာကျင်တာ သက်သာသွားပြီး အပြင်ထွက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိလာခဲ့တယ်။ နှစ်လလောက်ကြာတော့ အဖေ့ဆီက စာတစ်စောင် ကျွန်မ ရခဲ့တယ်၊ အမေ့ကျန်းမာရေး အများကြီး သက်သာလာပြီတဲ့။ သူ အခု ချက်ပြုတ်နိုင်ပြီ၊ ဈေးဝယ်ထွက်နိုင်ပြီ၊ တကယ်ကို ကောင်းကောင်း ပြန်ကျန်းမာလာနေပြီလို့ အဖေက ပြောတယ်။

၂၀၂၁ ခုနှစ် ဇွန်လက တစ်နေ့မှာ အသင်းတော်ဆီကနေ စာတစ်စောင် ကျွန်မ ရခဲ့တယ်၊ မောင်လေးက အဆင်းနီတဲ့ နဂါးကြီးရဲ့ နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်တာကို ခံခဲ့ရတယ်၊ သူ အိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ ရဲတွေက မိဘနှစ်ပါးစလုံးနဲ့ မောင်လေးကို ဖမ်းသွားကြတယ်၊ ပြီးတော့ ကျွန်မ ဘယ်မှာရှိလဲ ဆိုတာကိုလည်း မေးမြန်းခဲ့ကြတယ်တဲ့။ အိမ်မပြန်ဖို့ အသင်းတော်က စာထဲမှာ ကျွန်မကို သတိပေးထားတယ်။ ဒီစာကို ရပြီးတဲ့နောက် မိဘတွေရဲ့ ကျန်းမာရေးအတွက် ကျွန်မ ပိုပြီးတော့တောင် စိတ်ပူလာတယ်။ အမေက ကျန်းမာရေး ပြဿနာတွေ ရှိပြီးသား၊ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဖေ့နှလုံးကလည်း မကောင်းဘူး၊ ဒါကြောင့် ရဲတွေရဲ့ ခြိမ်းခြောက်မှုတွေကို သူ ခံနိုင်ပါ့မလားလို့ ကျွန်မ တွေးမိတယ်။ သူသာ ရောဂါထဖောက်ရင် ဘာဖြစ်သွားမလဲ။ ကျွန်မ ပြန်သွားပြီး သူတို့ကို တကယ် တွေ့ချင်ပေမယ့် ရဲတွေက ကျွန်မကို လိုက်ဖမ်းနေတုန်းပဲ၊ ကျွန်မသာ ပြန်သွားရင် ထောင်ချောက်ထဲ တည့်တည့်ဝင်သွားသလို ဖြစ်မှာလေ။ ဒါကြောင့် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ ဘယ်လို ဆင်းရဲဒုက္ခမျိုးကိုပဲ သူတို့ ကြုံရပါစေ၊ အသင်းတော်ကို သစ္စာမဖောက်ဘဲ ဘုရားသခင်အတွက် သူတို့ရဲ့ သက်သေခံချက်တွေမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ သူတို့ရဲ့ ယုံကြည်ခြင်းကို ခိုင်မာအောင် လုပ်ပေးတော်မူပါလို့ တောင်းလျှောက်ခဲ့တယ်။ မိဘတွေက လဝက်လောက် ထိန်းသိမ်းခံရပြီး အဲဒီနောက် ပြန်လွတ်လာခဲ့ပေမယ့် မောင်လေးသတင်းတော့ ဘာမှမကြားရဘူး။ မိဘတွေ ပြန်လွတ်လာပေမယ့် ရဲတွေရဲ့ နှောင့်ယှက်တာကို သူတို့ ခဏခဏ ခံနေရတယ်၊ ကျွန်မကို အမြန်ပြန်လာပြီး လာအဖမ်းခံဖို့ ရဲတွေက ကျွန်မမိဘတွေကိုလည်း ခြိမ်းခြောက်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကျွန်မ အားတဲ့အချိန်တိုင်း မိဘတွေကို တွေးမိပြီး သူတို့အတွက် အများကြီး စိတ်ပူခဲ့တယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလလောက်မှာ အဖေ နေမကောင်းဖြစ်ပြီး ဆေးရုံတင်လိုက်ရတယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်၊ ပြီးတော့ ရွာက ဆွေမျိုးတွေက ကျွန်မကို ပြန်ခေါ်ဖို့ မိဘတွေကို သွေးထိုးနေကြတယ်။ ကျွန်မ စိတ်အနှောင့်အယှက် ပြန်ဖြစ်လာပြီး၊ တွေးမိတယ်၊ “ဆွေမျိုးတွေက ငါ့ကို ကျေးဇူးကန်းတဲ့သူလို့ ခေါ်ကြမှာ သေချာတယ်။ မိဘတွေက ငါ့ကို နှစ်တွေအများကြီး ပြုစုပျိုးထောင်ခဲ့တာ၊ ငါက သူတို့ကို ဘာမှပြန်မပေးဆပ်ရသေးဘူး။ ငါ့မှာ ဘယ်လိုလုပ် အသိစိတ် ရှိတယ်လို့ ပြောလို့ရမှာလဲ” လို့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မက တာဝန်အသစ်တစ်ခု ယူထားခါစဖြစ်ပြီး လုပ်ပုံကိုင်ပုံတွေနဲ့ အကျွမ်းတဝင်မရှိသေးဘူး။ ကျွန်မအလုပ်မှာ အမြဲတမ်း လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေ ရှိနေခဲ့ပေမယ့် ဖြေရှင်းနည်းတွေကို ရှာဖွေတာ၊ ဒါတွေကို ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ခဲ့ဘူး။ အဲဒီအစား ကျွန်မအခြေအနေ ဆိုးနေပေမယ့် တာဝန်တွေကို မစွန့်လွှတ်သေးပါဘူးလို့ ခံစားမိပြီး ကိုယ့်အတွက်ကိုယ် ဆင်ခြေတွေတောင် ရှာခဲ့သေးတယ်။ ကျွန်မရဲ့ အခြေအနေ ဘယ်တော့မှ မပြောင်းလဲခဲ့တဲ့အတွက် တာဝန်တွေမှာ ရလဒ်တွေ မထွက်ခဲ့ဘူး၊ နောက်ဆုံးမှာ ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။ ဖြုတ်ချခံရပြီးနောက်မှာ မိဘတွေဆီ တကယ်ပဲ အမြန်ဆုံး ပြန်သွားချင်ပေမယ့် ရဲတွေက လိုက်ဖမ်းနေတုန်းဆိုတော့ ပြန်မသွားနိုင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မစိတ်ထဲမှာ အရမ်း နာကျင်နေခဲ့ရတယ်၊ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ ဒီမှားယွင်းတဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့ ကျွန်မကို ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါလို့ တောင်းလျှောက်ခဲ့တယ်။ တစ်နေ့မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရပြီး ကျွန်မအခြေအနေ စပြီးပြောင်းလဲလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။ ဤအရာကို အခြေခံကြည့်လျှင် သင့်မိဘများက သင့်အတွက် လုပ်ဆောင်ပေးသောအရာရာတိုင်းကို ကြင်နာခြင်းဟု သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်မိဘများက သင့်အပေါ် ၎င်းတို့၏တာဝန်အား ဖြည့်ဆည်းခြင်းသည် ကြင်နာမှုအဖြစ် အကျုံးမဝင်ပေ။ ထို့ကြောင့် ၎င်းတို့က ပန်းပွင့်၊ သို့မဟုတ် အပင်တစ်ပင်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီး ရေလောင်းကာ မြေဩဇာကျွေးလျှင် ကြင်နာခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) ယင်းသည် ကြင်နာခြင်းနှင့် ပို၍ပင် အလှမ်းဝေးသည်။ ပန်းများနှင့် အပင်များသည် အပြင်ဘက်တွင် ပို၍ ကောင်းမွန်စွာ ကြီးထွားကြသည်၊ ၎င်းတို့ကို မြေကြီးထဲတွင် စိုက်ပျိုးပြီး လေ၊ နေနှင့် မိုးရေတို့ ရရှိပါက ၎င်းတို့သည် ပို၍ပင် ရှင်သန်ကြီးထွားကြသည်။ ၎င်းတို့သည် အပြင်ဘက်တွင် ကြီးထွားသည့်အပြင် အိမ်တွင်းရှိ ပန်းအိုးတစ်လုံးထဲတွင် စိုက်ပျိုးသည့်အခါ ကောင်းစွာ မကြီးထွားကြ သို့မဟုတ် မဖြစ်ထွန်းကြပေ။ လူတစ်ဦးသည် မည်သို့သော မိသားစုမျိုးတွင် မွေးဖွားလာသည်ဖြစ်စေ ယင်းမှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခြင်း ဖြစ်သည်။ သင်သည် အသက်ကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်ပြီး ဘုရားသခင်သည် အသက်တိုင်းအတွက် တာဝန်ယူကာ လူတို့အား အသက်ရှင်သန်နိုင်စေပြီး ဖန်ဆင်းခံအားလုံး လိုက်နာသည့် နိယာမတရားကို လိုက်လျှောက်စေသည်။ လူတစ်ဦးအနေဖြင့် သင်သည် သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သည့် ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ရုံသာဖြစ်ပြီး သို့ဖြစ်၍ သင်သည် ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။ သင်သည် ထိုပတ်ဝန်းကျင်တွင် မွေးဖွားခဲ့ရခြင်းမှာ ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကြောင့် ဖြစ်သည်။ သင်သည် သင်၏ မိဘများ၏ ပြုစုပျိုးထောင်မှုဖြင့် အရွယ်ရောက်လာခဲ့ရခြင်းမှာလည်း ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကြောင့်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင့်ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် သင်၏ မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ခြင်းသည် ၎င်းတို့၏ ဝတ္တရားနှင့် တာဝန်ဖြစ်ပြီး ဤအရာကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်ပေ။ ယင်းကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်သောကြောင့် ဤသည်မှာ သင် ပျော်မွေ့ခံစားသင့်သည့် အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။ မည်သည့်သက်ရှိသတ္တဝါမဆိုအတွက် သားသမီးများအား မွေးဖွားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ နောက်မျိုးဆက်ကို ပျိုးထောင်ခြင်းတို့သည် တာဝန်အမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ ငှက်၊ နွား၊ သိုး၊ နှင့် ကျားတို့သည်ပင် မျိုးပွားပြီးနောက်တွင် ၎င်းတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ မိမိတို့၏ သားသမီးကို ပျိုးထောင်မပေးသော သက်ရှိသတ္တဝါမရှိပေ။ ခြွင်းချက်အချို့ရှိဖို့ ဖြစ်နိုင်သည်။ သို့သော် များစွာမရှိပေ။ ဤသည်မှာ သက်ရှိသတ္တဝါများ၏ ဖြစ်တည်မှုတွင် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ ပင်ကိုဗီဇစိတ် ဖြစ်သည်။ ယင်းကို ကြင်နာခြင်းအဖြစ် မမှတ်ယူနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များအတွက်၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်က ပြင်ဆင်ပေးသော ဥပဒေအား လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းသည် ကြင်နာခြင်းအမျိုးအစားတစ်ခု မဟုတ်ပေ။ ဤအရာကို အခြေခံလျှင် သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်အပေါ် မည်မျှအားထုတ်ပြီး ငွေကို သုံးစွဲပါစေ ၎င်းတို့က သင့်အား နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ထို့ကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန် သင့်၌ ဝတ္တရားမရှိပေ။ သင်သည် ၎င်းတို့၏ မျှော်မှန်းချက်များအတွက် ဒကာခံရန် ဝတ္တရားမရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့တွင် ကိုယ့်ကိုယ်ပိုင်မျှော်မှန်းချက်များနှင့်ကိုယ် ရှိနိုင်သည်။ သင့်တွင် ကိုယ်ပိုင်ရွေးချယ်မှုများရှိသည်။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ဘဝလမ်းကြောင်းနှင့် ကံကြမ္မာရှိသည်။ ယင်းတို့သည် သင့်မိဘများနှင့် သက်ဆိုင်ခြင်းမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက် ကျွန်မ နားလည်လိုက်တာက မျိုးပွားတဲ့ ဘယ်မျိုးစိတ်မဆို သူ့ရဲ့ မျိုးဆက်သစ်ကို ပြုစုပျိုးထောင်ပြီး စောင့်ရှောက်ဖို့ တတ်နိုင်တာအကုန်လုံးကို လုပ်ဆောင်ကြတယ် ဆိုတာပါပဲ။ ဒါဟာ သက်ရှိသတ္တဝါအားလုံးအတွက် ဘုရားသခင် သတ်မှတ်ပေးထားတဲ့ နိယာမနဲ့ စည်းမျဉ်းတစ်ခုပါ။ ဒါဟာ တာဝန်နဲ့ ဝတ္တရားတစ်မျိုးပါပဲ၊ ဒါပေမဲ့ ဒါကို ကျေးဇူးတရားလို့ သတ်မှတ်လို့မရဘူး။ တိရစ္ဆာန်လောကမှာလိုပေါ့၊ ကြမ်းကြုတ်တဲ့ ကျားပဲဖြစ်ဖြစ်၊ ခြင်္သေ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နူးညံ့တဲ့ သမင်ပဲဖြစ်ဖြစ်၊ တောဆိတ်ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက မျိုးပွားပြီးတဲ့နောက် သားပေါက်လေးတွေအတွက် အစာရှာပေးကြတယ်၊ ပြုစုပျိုးထောင်ကြတယ်၊ သားပေါက်လေးတွေ အချိန်မှန် စားရဖို့အတွက် တစ်ခါတလေ သူတို့ကိုယ်တိုင် အငတ်ခံကြတယ်၊ သားပေါက်လေးတွေ အမှီအခိုကင်းကင်း ရှင်သန်နိုင်တဲ့အထိပေါ့။ ဒါက မွေးရာပါဗီဇပါပဲ။ အိမ်မှာမွေးထားတဲ့ ကြက်တွေကိုလည်း ကျွန်မ တွေးမိတယ်။ ကြက်မက သားပေါက်ပြီးနောက် ကြက်ပေါက်လေးတွေကို အမြဲတမ်း ကာကွယ်စောင့်ရှောက်တယ်၊ အစာရှာတဲ့အခါ ကြက်ပေါက်လေးတွေကို အရင် ကျွေးတယ်။ အန္တရာယ်ရှိတဲ့အခါ ကြက်မက ရှေ့ကနေ ထွက်တယ်၊ မိုးရွာတဲ့အခါ၊ ဒါမှမဟုတ် နေပူပြီး ခိုလှုံစရာ တစ်နေရာမှမရှိတဲ့အခါ ကြက်မက အနာခံပြီး ကြက်ပေါက်လေးတွေကို သူ့အတောင်ပံအောက်မှာ ခိုလှုံခွင့်ပေးတယ်။ ကြက်ပေါက်လေးတွေ ကြီးလာပြီး ကိုယ့်ဘာသာ ရှင်သန်နိုင်တဲ့အခါ သဘာဝအလျောက် ကြက်မဆီကနေ ထွက်သွားကြတယ်၊ အဲဒီအခါ ကြက်မက သူ့တာဝန်ကို ကျေပွန်သွားပြီပေါ့။ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်တာဟာ တိရစ္ဆာန်တွေရော၊ လူတွေအတွက်ပါ ဘုရားသခင် သတ်မှတ်ပေးထားတဲ့ ရှင်သန်ရပ်တည်ရေး နိယာမတစ်ခု ဖြစ်တယ်ဆိုတာနဲ့ ဒါဟာ တာဝန်နဲ့ ဝတ္တရားတစ်ခုဖြစ်တယ်ဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ဒါဟာ ကိုယ်ကျိုးမငဲ့တာဖြစ်ပြီး ဘာပြန်ပေးဆပ်မှုမှ မလိုအပ်ပါဘူး။ ဒီအရာတွေကို ကျွန်မ သဘောပေါက်လိုက်တဲ့အခါ မိဘတွေကို အကြွေးတင်နေတယ်လို့ အမြဲတမ်း ခံစားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ကျွန်မရင်ထဲကနေ ရုတ်တရက် လျော့ပါးသွားတယ်။ မိဘတွေ ကျွန်မကို ပြုစုပျိုးထောင်ခဲ့တာကို ကျေးဇူးတရားလို့ ကျွန်မ အမြဲ ရှုမြင်ခဲ့တယ်၊ ဒါဟာ တစ်သက်လုံး ပြန်ဆပ်ရမယ့် အကြွေးတစ်ခုလို့ ခံစားခဲ့ရတာ။ ဒါက ကျွန်မကို အရမ်း လေးလံစေခဲ့ပြီး မောပန်းနွမ်းနယ်မှုနဲ့ နာကျင်မှုတွေကို ဖြစ်စေခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မရင်ထဲမှာ လွတ်မြောက်မှု ခံစားချက်ကို ခံစားလိုက်ရတယ်။ မိဘတွေ ကျွန်မကို ပြုစုပျိုးထောင်တာက သူတို့တာဝန်ပါ။ အဲဒါကို ကျေးဇူးတရားလို့ သတ်မှတ်လို့မရသလို ပြန်ဆပ်စရာလည်း မလိုပါဘူး။ နောက်ပြီးတော့ မိဘတွေက ကျွန်မကို ပြုစုပြီး ကျွေးမွေးစောင့်ရှောက်ရုံသက်သက် လုပ်ပေးခဲ့တာ၊ ကျွန်မကို အသက် တကယ်ပေးတာက ဘုရားသခင်ပါ။ ဘုရားသခင်သာ ကျွန်မကို အသက်မပေးခဲ့ရင် ကျွန်မ အသက်ရှင်ခဲ့မှာ မဟုတ်ဘူး။ ငယ်ငယ်တုန်းက ကျွန်မ ကိုယ်ခံအားနည်းခဲ့တာကို ပြန်တွေးမိတယ်။ ကျွန်မ ခဏခဏ အအေးမိပြီး ဖျားတယ်၊ အဆုတ်ရောင်ရောဂါတောင် ဖြစ်ခဲ့ဖူးတယ်။ ထပ်ပြီး အအေးမမိအောင် ဂရုစိုက်ပါ၊ နောက်တစ်ခါ ထပ်ဖျားရင် တီဘီရောဂါ ဖြစ်သွားနိုင်တယ်လို့ ဆရာဝန်က မိဘတွေကို ပြောတယ်၊ ဒါပေမဲ့ မိဘတွေက ဘာမှမတတ်နိုင်ကြဘူး။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီနောက်ပိုင်း ကျွန်မ အအေးမိရုံလောက်ပဲ ဖြစ်ပြီး ဘယ်တော့မှ ထပ်မဖျားတော့ဘူး။ မိဘတွေက အံ့သြလို့မဆုံး ဖြစ်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မကျန်းမာရေး နည်းနည်း ကောင်းလာပြီး ကိုယ်ခံအား ကောင်းလာတယ်။ ဘုရားသခင်ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ကာကွယ်မှုသာ မရှိရင် မိဘတွေ ကျွန်မကို အကောင်းဆုံး ပြုစုစောင့်ရှောက်ရင်တောင်မှ ကျွန်မ ကျန်းမာချင်မှ ကျန်းမာနေဦးမှာ။ ကျွန်မကို အရာအားလုံး ပေးထားတာ ဘုရားသခင်ပါ၊ ပြီးတော့ ကျွန်မ ပြန်ပေးဆပ်သင့်တာက ကိုယ်တော်ပါပဲ။ ဒါပေမဲ့ ကျွန်မက ကျေးဇူးတင်ဖို့ ပျက်ကွက်ရုံတင်မကဘူး၊ မိဘတွေကို မပြုစုနိုင်လို့ဆိုပြီး ဘုရားသခင်ကို ဆန့်ကျင်ပြီး ပြန်အာခံတာလည်း လုပ်ခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်ကို ကျိုးနွံနာခံတဲ့စိတ်နှလုံး လုံးဝ မရှိခဲ့ဘူး။ ကျွန်မ တကယ်ပဲ ပုန်ကန်တတ်ခဲ့တာပဲ။

နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ဘာသာကိုယ် မေးမိတယ်၊ “တာဝန်တွေ ထမ်းဆောင်တာနဲ့ မိဘတွေကို သိတတ်တာ ပဋိပက္ခဖြစ်လာတဲ့အခါ ငါ ဘယ်လို မှန်မှန်ကန်ကန် လက်တွေ့လုပ်ဆောင်သင့်သလဲ” လို့ပေါ့။ ဒီကိစ္စနဲ့ပတ်သက်တဲ့ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတွေကို နားလည်အောင် ကူညီပေးတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှန်တွင် မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် တာဝန်ဝတ္တရားတစ်မျိုးသာ ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံကို မမီပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခုမှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်များ ဖြစ်သောသူတို့မှာ မိမိတို့တာဝန်များကို လုပ်ဆောင်ရန် အရာရာကို စွန့်လွှတ်သောသူများ ဖြစ်သည်။ အနှစ်ချုပ်လျှင် သင့်ရှေ့တွင် ရှိနေသည့် အရေးအကြီးဆုံးသော အလုပ်မှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခု လူတို့ အဓိကအားဖြင့် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (မိမိတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏၊ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိတာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်ခြင်းမရှိပါက ၎င်းတို့သည် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄))သင်၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် သင့်ကိုယ်သင် တွေ့ရှိရသည့် ဆက်စပ်အခြေအနေပေါ် အခြေခံ၍၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးပြည့်စုံစေခြင်းအပြင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့နှင့် ဆန့်ကျင်ကွဲလွဲမှုမရှိပါက၊ သို့မဟုတ် တစ်နည်းအားဖြင့်၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် သင်၏တာဝန်အပေါ် သင်၏ သစ္စာစောင့်သိသော ဆောင်ရွက်ချက်တို့ကို သက်ရောက်မှုမရှိပါက၊ နှစ်ခုလုံးကို တစ်ချိန်တည်း သင် လက်တွေ့လုပ်ဆောင်နိုင်သည်။ သင့်အနေဖြင့် သင်၏ မိဘများနှင့် အပြင်ပန်းအားဖြင့် ကွဲကွာနေရန် မလိုအပ်သကဲ့သို့၊ ၎င်းတို့ကို အပြင်ပန်းအားဖြင့် စွန့်လွှတ် သို့မဟုတ် ငြင်းပယ်ရန် မလိုအပ်ပေ။ မည်သည့်အခြေအနေတွင် ဤအရာကို ကျင့်သုံးရသနည်း။ (မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိသည့်အချိန်တွင် ဖြစ်ပါသည်။) မှန်ပေ၏။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားရန် မကြိုးစားသကဲ့သို့၊ ၎င်းတို့သည်လည်း ယုံကြည်သူများဖြစ်ပြီး၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန် သင့်အား အမှန်တကယ် ထောက်ပံ့ပြီး အားပေးပါက၊ သင်၏ မိဘများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် စကားသဘောအရ ဆွေမျိုးများကြား ဇာတိ ပကတိဆက်ဆံရေးတစ်ခုမဟုတ်သကဲ့သို့၊ အသင်းတော်၏ ညီအစ်ကို မောင်နှမများကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို အသင်းတော်၏ ညီအစ်ကို မောင်နှမများအဖြစ် ဆက်ဆံခြင်းအပြင်၊ ၎င်းတို့အတွက် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်အနည်းငယ်ကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ သင်သည် ၎င်းတို့ကို အပိုထပ်ဆောင်း အလေးထားမှုပြရမည်။ သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ဆိုလိုသည်မှာ၊ သင်၏ စိတ်နှလုံးသည် ၎င်းတို့၏ ဘောင်ခတ်ခြင်းမခံရသရွေ့၊ ၎င်းတို့ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးရန်နှင့် ၎င်းတို့အတွက် အလေးထားမှု အနည်းငယ် ပြရန် သင်၏ မိဘများကို သင် ဖုန်းခေါ်ဆိုနိုင်သည်။ ၎င်းတို့ကို အနည်းငယ်သော အခက်အခဲများအား သင် ကူညီဖြေရှင်းပေးနိုင်ပြီး၊ ၎င်းတို့၏ ဘဝ ပြဿနာအချို့ကို ကူညီကိုင်တွယ်ပေးနိုင်ကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ ၎င်းတို့တွင်ရှိသည့် အခက်အခဲအချို့ကို သင် ကူညီဖြေရှင်းပေးနိုင်သည်။ ဤအရာအားလုံးကို သင် လုပ်ဆောင်နိုင်သည်။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့ခြင်းမရှိပါက၊ ၎င်းတို့နှင့် ဤဆက်ဆံရေးကို သင် ထိန်းသိမ်းသင့်ပြီး၊ ၎င်းတို့အတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သင်သည် ၎င်းတို့အတွက် အဘယ်ကြောင့် အလေးထားမှု ပြသင့်သနည်း၊ ၎င်းတို့ကို စောင့်ရှောက်ကာ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးမြန်းသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်းတို့၏ ကလေးဖြစ်သောကြောင့်၊ ၎င်းတို့နှင့် ဤဆက်နွှယ်မှုရှိသည့်အတွက် ဖြစ်၏။ သင့်ထံတွင် အခြားသော တာဝန်အမျိုးအစား ရှိပြီး ၎င်းတို့ကို အနည်းငယ် သာ၍ သာကြောင်းမာကြောင်း သတင်းမေးရမည်ဖြစကာ သာ၍ အကူအညီကို ၎င်းတို့အား ပေးရမည်ဖြစ်သည်။ ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ပြီးလျှင် သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုနှင့် သင်၏ တာဝန် ထမ်းဆောင်မှုတို့ကို မတားဆီး၊ မနှောင့်ယှက်သကဲ့သို့ သင့်ကို ဆွဲလည်းဆွဲမထားသရွေ့၊ ၎င်းတို့အတွက် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် သဘာဝကျပြီး သင့်တော်ကာ၊ ဤအရာကို သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သည့် အတိုင်းအတာထိ သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ သင် ပြည့်မီရမည့် အနိမ့်ဆုံး စံနှုန်း ဖြစ်သည်။ သင့်အခြေအနေများ၏ သက်ရောက်မှုနှင့် အဟန့်အတားများကြောင့် အိမ်တွင်ရှိသော သင်၏ မိဘများကို သင် ရိုသေစွာမပြုနိုင်ပါက၊ ဤစည်းမျဉ်းစည်းကမ်းကို သင် ထိန်းသိမ်းရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဝန်ခံပြီး၊ သူ၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်ကာ သင်၏ မိဘများကို ရိုသေစွာပြုခြင်းအား မရမကလုပ်ဆောင်ရန် မလိုအပ်ပေ။ ဘုရားသခင်က ဤအရာကို ရှုတ်ချပါသလော။ ဘုရားသခင်က ဤအရာကို မရှုတ်ချပေ။ သူသည် လူတို့အား ဤအရာကို အတင်းအဓမ္မ မလုပ်ဆောင်စေပေ။...သင်သည် မိမိ၏ ခံစားမှုများအလယ် အသက်ရှင်နေစဉ် မိမိ၏ မိဘများကို ရိုသေစွာပြုပါက၊ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို စွန့်ပစ်ပြီးဖြစ်ကာ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သည့်သူတစ်ဦး မဟုတ်သောကြောင့်၊ သင်သည် သင်၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းနေခြင်း မဟုတ်ပေ။ ဤအခြေအနေမျိုးကို သင် ကြုံရသည့်အခါ၊ သင်၏ တာဝန်ကို နှောင့်နှေးမှု မဖြစ်စေပါက၊ သို့မဟုတ် သင့်တာဝန်အပေါ် သစ္စာရှိစွာ ထမ်းဆောင်ခြင်းအား သက်ရောက်မှုမရှိပါက၊ သင်၏ မိဘများကို သားသမီးဝတ်ကို ပြရန်အလို့ငှာ သင် လုပ်ဆောင်နိုင်သည့် အရာအချို့ကို လုပ်ဆောင်နိုင်ပြီး၊ ဖြည့်ဆည်းနိုင်စွမ်းရှိသည့် တာဝန်များကို သင် ဖြည့်ဆည်းနိုင်ပေသည်။ အနှစ်ချုပ်လျှင် ဤသည်မှာ လူ့သဘာဝ အတိုင်းအတာအတွင်းတွင် လူတို့ လုပ်ဆောင်သင့်သည့်အရာဖြစ်ပြီး၊ လုပ်ဆောင်နိုင်စွမ်းရှိသည့် အရာဖြစ်သည်။ သင့် ခံစားမှုများဖြင့် သင် ပိတ်မိနေပြီး၊ ဤအရာက သင့်တာဝန် ထမ်းဆောင်မှုကို ကြန့်ကြာစေပါက၊ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်ပေသည်။ သင် ထိုသို့လုပ်ဆောင်ဖို့ ဘုရားသခင်က မည်သည့်အခါတွင်မျှ မလိုအပ်ခဲ့ပေ။ သင့်မိဘများအတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်သာ ဘုရားသခင် တောင်းဆိုသည်၊ ထိုမျှသာ ဖြစ်သည်။ ယင်းမှာ သားသမီးဝတ် ရှိခြင်းကို ဆိုလိုသောအရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄)) မိဘတွေကို ဆက်ဆံရမယ့် စည်းမျဉ်းတွေကို ဘုရားသခင် ရှင်းရှင်းလင်းလင်း ရှင်းပြထားပါတယ်၊ အထူးသဖြင့် ဘုရားသခင် ပြောထားတဲ့ အချက်ပါ။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် တာဝန်ဝတ္တရားတစ်မျိုးသာ ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံကို မမီပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခုမှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်များ ဖြစ်သောသူတို့မှာ မိမိတို့တာဝန်များကို လုပ်ဆောင်ရန် အရာရာကို စွန့်လွှတ်သောသူများ ဖြစ်သည်။” ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာဟာ အရေးအကြီးဆုံး၊ တခြားဘယ်အရာထက်မဆို ပိုအရေးကြီးတယ်ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ တာဝန်ကို မထိခိုက်သရွေ့ မိဘတွေကို ရိုသေလို့ရပါတယ်၊ ဒါပေမဲ့ မိဘတွေကို ကျွန်မ ဘယ်လောက်ပဲ ကောင်းကောင်း ရိုသေပါစေ၊ ဒါက သားသမီးတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းရုံသက်သက်ပါပဲ၊ ဒါကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာလို့ သတ်မှတ်လို့ မရပါဘူး။ မိဘနှစ်ပါးစလုံးက ဘုရားသခင်ကို ယုံကြည်ကြပြီး ကျွန်မရဲ့ တာဝန်ထမ်းဆောင်တာကို ထောက်ပံ့ပေးကြတယ်၊ သူတို့အပေါ် ကျွန်မရဲ့ စိုးရိမ်မှုနဲ့ ချစ်ခင်တွယ်တာမှုတွေက လူ့သဘာဝနဲ့ အသိစိတ်ရဲ့ ဘောင်အတွင်းမှာ ရှိပါတယ်။ သင့်တော်တဲ့ အခြေအနေတွေမှာ ကျွန်မ သူတို့ကို တတ်နိုင်သလောက် ဂရုစိုက်သင့်ပါတယ်၊ ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ အိမ်မှုကိစ္စတွေကို အတတ်နိုင်ဆုံး ကူလုပ်ပေးသလိုမျိုး၊ မိဘတွေ နေမကောင်းဖြစ်တဲ့အခါမှာလည်း သူတို့အနားမှာနေပြီး ပြုစုစောင့်ရှောက်ပေးသလိုမျိုးပဲပေါ့။ ဒါပေမဲ့ အခြေအနေက ခွင့်မပြုတဲ့အခါ၊ ကျွန်မက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်ထားရှိမှုတွေကို ကျိုးနွံနာခံသင့်ပြီး ကိုယ့်ဆန္ဒအတိုင်း အတင်းမလုပ်သင့်ဘူး။ မိသားစုတွေ၊ မိဘတွေနဲ့ သားသမီးတွေကို စွန့်ခွာပြီး သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို သွားရောက်ဟောပြောဖို့ တရုတ်ပြည်ဆီ မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့ကြတဲ့ အနောက်တိုင်း သာသနာပြုတွေကို ကျွန်မ တွေးမိတယ်။ သူတို့က သူတို့ရဲ့ မိဘတွေ၊ သားသမီးတွေအကြောင်း မတွေးခဲ့ဘဲ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဘယ်လို ဖြည့်ဆည်းရမလဲ၊ လူပိုများများ ဘုရားသခင်ရဲ့ ရွေးနုတ်ခြင်းကို လက်ခံရရှိအောင် ဘယ်လို ကူညီရမလဲ ဆိုတာကိုပဲ တွေးခဲ့ကြတယ်။ သူတို့က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားနိုင်ခဲ့ပြီး သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ခဲ့ကြတယ်။ ဒါက အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကျွန်မတို့မိသားစု ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အလုပ်ကို ဘယ်လို လက်ခံနိုင်ခဲ့လဲ၊ ကယ်တင်ခံရဖို့ အခွင့်အရေး ဘယ်လို ရခဲ့လဲ ဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။ ကျွန်မတို့ကို ဧဝံဂေလိတရား ဟောပေးမယ့် ညီအစ်ကိုမောင်နှမတွေသာ မရှိခဲ့ရင်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မတို့ ဘယ်လို လက်ခံရရှိနိုင်ခဲ့မှာလဲ။ ကျွန်မသာ ဇာတိပကတိ တွယ်တာမှုနဲ့ပဲ ကျေနပ်ရောင့်ရဲနေပြီး တာဝန်မထမ်းဆောင်ခဲ့ရင်၊ အဲဒီအခါကျရင် ကျွန်မက တကယ်ပဲ တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ ကင်းမဲ့တဲ့သူ ဖြစ်သွားပြီးတော့ ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချတာနဲ့ စက်ဆုပ်ရွံရှာတာကို ခံရမှာပဲ။

နောက်ပိုင်းမှာ ကျွန်မစိတ်နှလုံးကို ပိုပြီးတော့တောင် လင်းစေခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “မိဘတို့နှင့် ဆက်ဆံရေးသည် တစ်စုံတစ်ဦးအတွက် စိတ်ခံစားမှုအရ ကိုင်တွယ်ရန် အခက်ခဲဆုံးဖြစ်သော်လည်း အမှန်တွင် လုံးဝ ကိုင်တွယ်၍ မရနိုင်သည့်အရာ မဟုတ်ပေ။ သမ္မာတရားကို သိနားလည်သည့် အခြေခံအကြောင်းရင်းဖြင့်သာ လူတို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာနှင့် အကျိုးသင့်အကြောင်းသင့် သဘောထားနိုင်ပေသည်။ စိတ်ခံစားချက်များ၏ ရှုထောင့်အမြင်မှ အစမပြုနှင့်၊ ပြီးလျှင် လောကီလူတို့၏ ထိုးထွင်းအမြင်များ သို့မဟုတ် ရှုထောင့်အမြင်များမှ အစမပြုနှင့်။ ထိုအစား သင်၏ မိဘများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်တင့်လျောက်ပတ်သည့် ပုံစံဖြင့် ဆက်ဆံလော့။ မိဘများက မည်သည့် အခန်းကဏ္ဍကို အမှန်တကယ် ဆောင်ရွက်ကြသနည်း၊ သားသမီးများသည် ၎င်းတို့၏ မိဘများအတွက် အမှန်တကယ် အဘယ်အရေးပါမှု ရှိသနည်း၊ သားသမီးများက မိမိတို့၏ မိဘများအပေါ် မည်သည့် သဘောထား ရှိသင့်ပြီး မိဘများနှင့် သားသမီးများကြား ဆက်ဆံရေးကို လူတို့အနေဖြင့် မည်သို့ ကိုင်တွယ်ပြီး ဖြေရှင်းသင့်သနည်း။ လူတို့သည် ဤအရာများကို စိတ်ခံစားချက်များပေါ် အခြေခံ၍ မရှုမြင်သင့်သကဲ့သို့ မှားယွင်းသည့် စိတ်ကူးတစ်ခုခု သို့မဟုတ် ရေပန်းစားသော ခံယူချက်တစ်ခုခုဖြင့် လွှမ်းမိုးမခံရသင့်ပေ။ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ မှန်ကန်စွာ ချဉ်းကပ်သင့်ပေသည်။ သင်သည် ဘုရားသခင် စီမံထားသည့် ပတ်ဝန်းကျင်တွင် သင်၏ မိဘများအတွက် သင်၏ တာဝန်များထဲမှ တစ်ခုခုကို ဖြည့်ဆည်းရန် ပျက်ကွက်လျှင်၊ သို့မဟုတ် ၎င်းတို့၏ ဘဝများတွင် ကဏ္ဍတစ်ခုတလေကို သင် မည်သို့မျှ ဆောင်ရွက်ခြင်းမရှိလျှင် ယင်းသည် သားသမီးဝတ်ကျေပွန်ခြင်းလော။ သင်သည် လိပ်ပြာသန့်ပါမည်လော။ သင်၏ အိမ်နီးချင်းများ၊ အတန်းဖော်များနှင့် ဆွေမျိုးများအားလုံးက သင့်နောက်ကွယ်တွင် သင့်ကို ဒေါသဖြင့် ပြောဆိုကာ ဝေဖန်ကြလိမ့်မည်။ ၎င်းတို့က ‘သင်၏ မိဘများက သင့်အတွက် များစွာ စွန့်လွှတ်အနစ်နာခံခဲ့သည်၊ သင့်အတွက် အပင်ပန်းခံသည့် အားထုတ်မှုများစွာ ရည်စူးမြှုပ်နှံခဲ့ပြီး သင် ငယ်စဉ်ကတည်းက သင့်အတွက် များစွာ လုပ်ဆောင်ပေးခဲ့ကာ ကျေးဇူးကန်းသည့် ကလေးဖြစ်သည့် သင်သည် ဘေးကင်းလုံခြုံကြောင်းပင် စာလည်းမလာ သတင်းလည်းမကြားဘဲ စုပ်စမြုပ်စပင် မကျန်အောင် ပျောက်သွားသည်။ နှစ်သစ်ကူးအတွက် သင် ပြန်မလာရုံမက သင်၏ မိဘများကို ဖုန်းတစ်ချက်ပင် မဆက်၊ နေကောင်းလားဟူ၍ တစ်ချက်မမေးပါ’ ပြောလျက် သားသမီးဝတ် မကျေပွန်သည့် သားသမီးတစ်ဦးဟု သင့်ကို ခေါ်ကြလိမ့်မည်။ ထိုသို့သော စကားများကို သင် ကြားသည့်အခါတိုင်းတွင် သင်၏ အသိစိတ်က သွေးထွက်ကာ ငိုကြွေးပြီး ရှုတ်ချခံရသည်ဟု သင် ခံစားရသည်။ ‘အို သူတို့ မှန်သည်’ဟူ၍ ဖြစ်သည်။ သင်၏ မျက်နှာသည် ရှက်စိတ်ဖြင့်ပူထူသွားပြီး သင်၏ နှလုံးသားက အပ်များဖြင့် ထိုးဆွခံရသည့်အလား တုန်ယင်သွားသည်။ ဤခံစားချက် အမျိုးအစားများ သင့်တွင် ရှိခဲ့သလော။ (ယခင်က ရှိခဲ့ပါသည်။) သင်သည် သားသမီးဝတ်ကျေပွန်ခြင်းမရှိဟု ပြောရာတွင် အိမ်နီးချင်းများနှင့် သင်၏ ဆွေမျိုးများက မှန်ကန်သလော။ (မမှန်ပါ။ ကျွန်ုပ်သည် သားသမီးဝတ် မကျေပွန်သူ မဟုတ်ပါ။)...ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ သဘောပေါက်လိုက်တာက လူတွေနဲ့ အမှုအရာတွေကို သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ကျွန်မ ရှုမြင်မနေခဲ့ဘူး ဆိုတာပါပဲ၊ ပြီးတော့ ကျွန်မက ရိုးရာယဉ်ကျေးမှုရဲ့ လွှမ်းမိုးတာကို ခံနေရတယ်၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” ဆိုတာတွေကို အပြုသဘောဆောင်တဲ့အရာတွေအဖြစ် သတ်မှတ်နေခဲ့မိတယ်။ တာဝန်ထမ်းဆောင်နေရင်း မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ အိမ်မပြန်နိုင်ရင်၊ ကျွန်မက အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့နေပြီး လုံးဝ ကျေးဇူးကန်းတဲ့သူ ဖြစ်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တာ။ ဆွေမျိုးတွေရဲ့ ဝေဖန်တာကို ခံရတဲ့အခါ ကျွန်မရင်ထဲမှာ အပြစ်ရှိသလို ခံစားချက်တစ်ခု နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတယ်။ အခုတော့ ကျွန်မ ဒီကိစ္စရဲ့ အနှစ်သာရကို ထွင်းဖောက် မမြင်ခဲ့မှန်း မြင်လိုက်ရပါပြီ။ တကယ်တမ်းကျတော့ မိဘတွေကို ကျွန်မ မပြုစုနိုင်တာက ကျွန်မကို အိမ်ပြန်ခွင့်မပေးတဲ့ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့်ပါ။ ဒါက မိဘကို မသိတတ်တာ မဟုတ်ပါဘူး။ အခြေအနေတွေက ခွင့်ပြုပါလျက်နဲ့ ကိုယ့်အကျိုးစီးပွားကိုပဲ ဂရုစိုက်ပြီး သားသမီးတစ်ယောက်ရဲ့ တာဝန်တွေကို လစ်လျူရှုမယ်ဆိုရင်တော့၊ အဲဒါကမှ တကယ် မရိုသေတာ ဖြစ်မှာပါ။ ကျွန်မမှာ သမ္မာတရား မရှိဘူးဆိုတာနဲ့ အပြုသဘောနဲ့ အပျက်သဘောကို ပိုင်းခြားမသိမြင်နိုင်ဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ အရမ်း သနားစရာကောင်းတာပဲ။

အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ပြန်သတိရမိတယ်။ “မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ လူသားမျိုးနွယ်အကြားတွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းထက် ပို၍ အဓိပ္ပာယ်ရှိသော သို့မဟုတ် တန်ဖိုးရှိသောအရာ တစ်စုံတစ်ရာ မရှိပေ၊ ထို့ပြင် ဖန်ဆင်းခံလူသားတစ်ဦး၏ အသက်တာအတွက် ပိုကြီးမြတ်သော အဓိပ္ပာယ်နှင့် တန်ဖိုးကို ဆောင်ကြဉ်းပေးသည့်အရာလည်း တစ်ခုမျှ မရှိချေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေးဆကြည့်လိုက်တော့ ကျွန်မစိတ်နှလုံး အများကြီး ပိုလင်းလာတယ်၊ ပြီးတော့ တာဝန်တွေကို ထမ်းဆောင်တာဟာ ဖန်ဆင်းခံတွေရဲ့ အမြင့်ဆုံး ဝတ္တရား ဖြစ်တယ်ဆိုတာ၊ ကျွန်မတို့ လုပ်နိုင်တဲ့ တခြားဘယ်အရာထက်မဆို ပိုအရေးကြီးတယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ တာဝန်တွေ ထမ်းဆောင်ခြင်းမှာပဲ ကျွန်မတို့ အသက်ရှင်ခြင်းရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ် ရှိတာပါ။ အဲဒါကို သဘောပေါက်လိုက်တော့ ဘုရားသခင်ကို အကြွေးတင်နေသလို ကျွန်မ ခံစားလိုက်ရတယ်။ ကျွန်မရဲ့ တာဝန်တွေကို လုံ့လဝီရိယရှိရှိ ထမ်းဆောင်ရမယ်၊ ပြီးတော့ ရိုးရာယဉ်ကျေးမှုရဲ့ ချည်နှောင်တာကို ကျွန်မ ဆက်ခံနေလို့ မဖြစ်တော့ဘူး။ ဆွေမျိုးတွေက ကျွန်မကို ဘယ်လိုပဲ ဝေဖန်ပါစေ၊ ကျွန်မရဲ့ တာဝန်တွေကိုပဲ ဦးစားပေးရမယ်။ မိဘတွေရဲ့ ကံကြမ္မာတွေကို ဘုရားသခင်က ဟိုးအရင်ကတည်းက စီစဉ်ထားပြီးသားဆိုတာ ကျွန်မ နားလည်လိုက်တယ်၊ ကျွန်မ သူတို့အနားမှာ မရှိရင်တောင် ဆွေမျိုးတွေက သူတို့ကို ကူညီပြုစုပေးမှာပါ၊ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေက သူတို့ကို လာကြည့်ပေးမှာပဲ။ မိဘတွေမှာလည်း ရောဂါဝေဒနာနဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရာမှာ သင်ယူစရာ သင်ခန်းစာတွေ ရှိပါတယ်၊ ပြီးတော့ ဘုရားသခင်က သူတို့ရဲ့ သက်သေခံချက်တွေကိုလည်း လိုချင်ပါတယ်။ မိဘတွေကို ဘုရားသခင်လက်ထဲ အပ်နှံဖို့နဲ့ အရာအားလုံးမှာ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ထားရှိမှုကို ကျိုးနွံနာခံဖို့ ကျွန်မ ဆန္ဒရှိလာခဲ့တယ်။ အဲဒီအရာတွေကို သဘောပေါက်ပြီးနောက်မှာ ကျွန်မစိတ်နှလုံး လွတ်လပ်ပေါ့ပါးသွားသလို ခံစားရပြီး မိဘတွေအတွက် စိုးရိမ်ပူပန်မှုတွေကို တဖြည်းဖြည်း လက်လွှတ်နိုင်ခဲ့ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်တို့ မိဘများ၏ ပြုစုပျိုးထောင်ပေးသော ကြင်နာမှုကို မည်သို့မှတ်ယူရမည်နည်း

၂၀၁၂ မှာ ကျွန်မတို့ တစ်မိသားစုလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊...

ဖခင်တစ်ယောက်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုကို အဘယ်သို့ သဘောထားရမည်

ကူးနန်၊ တရုတ်ပြည်၂၀၁၉ ခုနှစ်မှာ ၁၈ နှစ်ရှိပြီဖြစ်တဲ့ မူရှီးက ဧဝံဂေလိဟောလို့ စီစီပီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ထောင်ဒဏ် ၂ နှစ်ခွဲ...

ကျွန်တော့်မိဘတွေရဲ့ ကြင်နာမှုကို ဘယ်လိုသဘောထားရမယ်ဆိုတာ ကျွန်တော် သိလာခဲ့ပါပြီ

ကျွန်တော်အသက် သုံးနှစ်အရွယ်မှာ ကျွန်တော့် မိဘတွေက စိတ်သဘောထားမတိုက်ဆိုင်ကြလို့ ကွာရှင်းခဲ့ကြပြီး လေးနှစ်အရွယ်ရောက်တော့...

မိဘ၏ ပြုစုပျိုးထောင်ပေးသော ကျေးဇူးကို အဘယ်သို့ သဘောထားရမည်

ရှန်မင်း၊ တရုတ်ပြည်ကျွန်တော်က ကျေးလက်မိသားစုမှာ မွေးဖွားခဲ့ပြီး၊ မိဘတွေက လယ်လုပ်ပြီး အသက်မွေးကြပါတယ်။ ကျွန်တော် မှတ်မိတတ်တဲ့အရွယ်ကတည်းက၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။