ရောဂါဝေဒနာကြားမှာ ဘုရားသခင်၏မေတ္တာကို တွေ့ကြုံခံစားရခြင်း

10.06.2026

ယိရှင်း၊ တရုတ်ပြည်

၂၀၀၃ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မတောင် သတိမထားမိလိုက်ဘဲ အစာအိမ်ရောဂါ၊ သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ်နည်းတာနဲ့ တခြားရောဂါတွေ ပျောက်သွားတယ်။ ကျွန်မ အရမ်းဝမ်းသာပြီး ကျေးဇူးတင်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ်တွေးမိတာပေါ့၊ “ဘုရားသခင်က လူတွေကို ဂရုစိုက်ပြီး ကာကွယ်ပေးရုံတင်မကဘူး၊ လူတွေကို သန့်စင်ပြီး ကယ်တင်ဖို့ သူ့နှုတ်ကပတ်တော်တွေကိုလည်း ဖော်ပြတယ်၊ ပြီးတော့ သူတို့ကို သာယာလှပတဲ့ ပန်းတိုင်တစ်ခုဆီ ခေါ်ဆောင်သွားပေးတယ်။ ဘုရားကို ယုံကြည်ဖို့ ငါ ရွေးချယ်ခဲ့တာ မှန်သွားပြီ” ပေါ့။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့၊ ဓမ္မတေးတွေ သင်ယူဖို့ အချိန်ပေးခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ စိတ်အားထက်သန်ခဲ့တယ်။ မိုးရွာရွာ၊ နေပူပူ၊ အေးအေး၊ လေတိုက်တိုက် ကိုယ့်တာဝန်ကို ကျွန်မ ဆက်ထမ်းဆောင်ခဲ့တယ်။ ဒီအတောအတွင်းမှာ မိသားစုက ကျွန်မကို နှိပ်စက်ညှဉ်းပန်းတယ်၊ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက လှောင်ပြောင်ပြီး အသရေဖျက်ကြတယ်၊ စီစီပီကလည်း ကျွန်မကို နှိပ်စက်ညှဉ်းပန်းပြီး လိုက်ဖမ်းနေတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေက ကျွန်မကို တာဝန်မထမ်းဆောင်ဖြစ်အောင် မလုပ်ခဲ့ဘူး။ ဒါတွေကို တွေးမိတိုင်း၊ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အသုံးခံခဲ့တာတွေကို ရေတွက်မိတယ်၊ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရားကို စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်လို့ ခံစားခဲ့ရတယ်။ ပြီးတော့ ဒီပုံအတိုင်း ဆက်သွားရင်၊ ကျွန်မက ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်မှာပဲဆိုပြီး သေချာခဲ့တယ်။ ကျွန်မ အရမ်းပျော်ခဲ့တာပေါ့။

၂၀၂၀ ခုနှစ်မှာ ကျွန်မ ရက်အတော်ကြာ ချောင်းဆိုးခဲ့ပေမဲ့ အဲဒါကို သိပ်အလေးမထားခဲ့ဘူး။ ၂၀၂၁ ခုနှစ် ရောက်တော့ ကျွန်မချောင်းဆိုးတာ ပိုဆိုးလာတယ်။ တစ်နေ့လုံး ချောင်းဆိုးနေပြီး အထူးသဖြင့် လှဲအိပ်လိုက်ရင် ချောင်းဆိုးတာ မရပ်တော့ဘူး။ ဘယ်အချိန် အိပ်ပျော်သွားမှန်း မသိတဲ့အထိ ချောင်းဆိုးနေတတ်ပြီး၊ ခဏခဏ ခေါင်းမူးတယ်၊ ရင်တုန်တယ်၊ အသက်ရှူမဝဖြစ်ပြီး ချွေးစေးတွေ ထွက်တယ်။ မကြာခင်မှာပဲ ကျွန်မကိုယ်အလေးချိန်က ပေါင် ၁၀၀ ကျော်ကနေ ပေါင် ၈၀ ဝန်းကျင်အထိ ကျသွားတယ်။ နောက်ပိုင်း ကျွန်မ အခြေအနေက ပိုဆိုးလာတယ်။ ပြင်းပြင်းထန်ထန် ချောင်းဆိုးတာကြောင့် ရင်ဘတ်နဲ့ ဗိုက်တစ်ပြင်လုံး နာကျင်ပြီး အနားယူလို့မရတော့ဘူး၊ ပက်လက်လှဲနေမှပဲ နည်းနည်း သက်သာသလို ခံစားရတယ်။ ကျွန်မက အအေးဒဏ်ကို အရမ်းမခံနိုင်ဖြစ်လာတယ်။ တခြားသူတွေက အင်္ကျီပါးပါးလေးတွေ ဝတ်နေချိန်မှာ ကျွန်မက အထူကြီးတွေ ဝတ်ထားရတယ်၊ အိပ်ရင်လည်း စောင်အထူကြီးတွေ ခြုံအိပ်ရတယ်။ အိမ်မှုကိစ္စ ပေါ့ပေါ့ပါးပါးလေး လုပ်ရရင်ကို လှုပ်တောင်မလှုပ်နိုင်လောက်အောင် ခြေကုန်လက်ပန်းကျပြီး၊ လေကို အငမ်းမရ ရှူရတဲ့အပြင် စကားကို မပြောနိုင်ဘူး။ ဗိုက်က ဖောင်းကားပြီး နာနေတယ်၊ ခဏခဏ အစာစားလို့မရဘူး။ ဗိုက်ကို ဘယ်နေရာဖိဖိ နာနေပြီး ဆက်တိုက် ချောင်းဆိုးတဲ့အခါ ပိုဆိုးလာတယ်။ “ဘာလို့ ငါ့ရောဂါလက္ခဏာတွေက ရောဂါကြီးကြီးမားမား ရှိနေသလို ဖြစ်နေတာလဲ” လို့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ ကပ်ရောဂါနောက်ပိုင်းမှာ ဗိုက်ကို အာထရာဆောင်းရိုက်ဖို့ ဆေးရုံသွားခဲ့တယ်။ ကျွန်မရဲ့ သည်းခြေပြွန်တွေထဲမှာ ကျောက်သေးသေးလေးတွေ အများကြီးရှိနေပြီး တင်ပါးဆုံကွင်းထဲမှာ အရည်တွေရှိနေတယ်၊ အဲဒါက ရေဖျဉ်းစွဲနေတာလား၊ သွေးပုပ်တွေလားဆိုတာကို ရှင်းရှင်းလင်းလင်း ခွဲခြားမရဘူးလို့ ဆရာဝန်က လေးလေးနက်နက် ပြောတယ်။ သူက ကျွန်မကို ဆေးရုံကြီးတစ်ခုမှာ ထပ်ပြီး စစ်ဆေးဖို့အတွက်လည်း ခဏခဏ တိုက်တွန်းခဲ့ပြီး ချက်ချင်းသွားသင့်တယ်လို့ ပြောတယ်။ ကျွန်မ နည်းနည်း သံသယဖြစ်သွားတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားအတွက် ကျွန်မ အနစ်နာခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာဆိုတော့ ဘုရားက ကျွန်မကို ရောဂါကြီးကြီးမားမား မဖြစ်အောင် ကွယ်ကာပေးသင့်တယ်လို့ တွေးခဲ့တယ်။ တွေးမိတယ်၊ “တချို့ ညီအစ်ကိုမောင်နှမတွေက ငါ့လောက် အနစ်နာမခံဘူး၊ ကိုယ့်ကိုယ်ကိုယ် အသုံးမခံဘူး၊ ဆင်းရဲဒုက္ခတွေလည်း မခံရပေမဲ့ သူတို့က ကျန်းမာပြီး သူတို့တာဝန်တွေကို ပုံမှန်ထမ်းဆောင်နိုင်ကြတယ်။ ငါက ဆင်းရဲဒုက္ခတွေ အများကြီးခံပြီး အနစ်နာခံခဲ့တာတောင် ရောဂါတစ်ခုမဟုတ် တစ်ခု ဆက်တိုက်ဖြစ်နေတယ်။ ဘာလို့ ဘုရားက ငါ့ကို ဘေးကင်းအောင် မစောင့်ရှောက်ပေးခဲ့တာလဲ။ ဘုရားက ငါ့ကို စက်ဆုပ်ရွံရှာလာပြီး စွန့်ပစ်လိုက်တာများလား။ မဟုတ်ရင် ဘာလို့ ငါက ရောဂါဝေဒနာတွေ ဆက်တိုက် ခံစားနေရမှာလဲ” လို့ပေါ့။ ကျွန်မ တွေးလေ၊ စိတ်ဆင်းရဲရလေပဲ။ ဘုရားဆီ ဆုတောင်းတဲ့အခါ ဘာပြောရမှန်းမသိဘူး၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော် ဘယ်အခန်းကို ဖတ်ရမှန်းလည်း မသိခဲ့ဘူး။ ကျွန်မတာဝန်တချို့နဲ့ အလုပ်ရှုပ်နေချင်ပေမဲ့ လှုပ်တောင်မလှုပ်နိုင်အောင် ခြေကုန်လက်ပန်းကျနေတယ်။ ရင်ထဲမှာ မဖော်ပြတတ်အောင် စိတ်ဆင်းရဲရပြီး ခွန်အား တစ်စက်မှကို မရှိတော့ဘူး။

နောက်နေ့မှာ ဆရာဝန်က ကျွန်မရောဂါ အခြေအနေ ဘယ်လောက်ဆိုးတယ်လို့ ပြောခဲ့တာကို သတိရတော့ အရမ်းစိုးရိမ်ပြီး စိတ်ဆင်းရဲရတယ်။ ဒါနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီရောဂါကြောင့် သမီး အရမ်းကို နာကျင်ခံစားနေရပါတယ်။ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက တကယ်ကို သေးငယ်တော့ ဒါကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ မသိတော့ပါဘူး။ ဒီကိစ္စမှာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့နဲ့ နောက်ဆက်ဖြစ်လာမယ့်အရာတွေကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ သိအောင် ကူညီလမ်းပြပေးဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ စာတန်ဆန်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ၊ ၎င်းတို့၏ တောင်းဆိုမှုများ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့ ဒုက္ခဆင်းရဲခံသင့်သည့် ကဏ္ဍများမှာ ဤသည်တို့ဖြစ်သည်။ ဒုက္ခဆင်းရဲမှတစ်ဆင့်သာ လူတို့သည် သင်ခန်းစာများကို သင်ယူနိုင်ပြီး ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို ရနိုင်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များအား နားလည်နိုင်သည်ဟု ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားကို ယုံကြည်ရာမှာ လူတွေထားရှိတဲ့ ရည်ရွယ်ချက်နဲ့ မျှော်လင့်ချက်အပြင်၊ ဘုရားရဲ့ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်းတွေ နောက်ကွယ်က အဓိပ္ပာယ်တွေကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတယ်။ ဘုရားက အဓိပ္ပာယ်မရှိတဲ့ အလုပ်ကို မလုပ်ဘူး၊ လူတွေအတွက် ထိခိုက်နစ်နာစေမယ့် ဘယ်အလုပ်ကိုမှလည်း မလုပ်ဘူး။ ကျွန်မဆီ ကျရောက်လာတဲ့ ဒီရောဂါက ဘုရားက ကျွန်မကို စွန့်ပစ်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘဲ၊ ကျွန်မရဲ့ ယုံကြည်ခြင်းထဲက အညစ်အကြေးတွေကို သန့်စင်ပေးဖို့ ဘုရားက ကျွန်မကို စမ်းသပ်ပြီး စစ်ဆေးနေတာပဲ ဖြစ်တယ်။ ကျွန်မရောဂါတွေ စပျောက်ခဲ့တဲ့အချိန်ကို ပြန်တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ ကျွန်မ အရမ်းစိတ်အားထက်သန်ခဲ့ပြီး ဘုရားရဲ့မေတ္တာကို အလေးအနက် ပြန်ဆပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ ဘယ်လောက်ပဲ ကိုယ်တိုင် ဆင်းရဲဒုက္ခခံရပါစေ၊ အသုံးခံရပါစေ၊ အဲဒီအရာအားလုံးကို ကျွန်မ ဝမ်းသာအားရနဲ့ လိုလိုလားလား လုပ်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘုရားကို စစ်စစ်မှန်မှန် ယုံကြည်သူတစ်ယောက်လို့ ထင်ခဲ့ပြီး ဒီအတိုင်း ဆက်သွားရင် ကယ်တင်ခြင်းဆိုတာ လက်တစ်ကမ်းမှာပဲ ရှိတယ်လို့ ယုံကြည်ခဲ့တာလေ။ ဒါပေမဲ့ ရောဂါဝေဒနာက ထပ်ပြီး ဝင်လာတဲ့အခါမှာတော့ ကျွန်မရဲ့ ယုံကြည်ခြင်း သေးငယ်မှု၊ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ဘုရားအပေါ် အထင်လွဲမှုတွေက ထုတ်ဖော်ခံလိုက်ရတယ်။ ကျွန်မဟာ တခြားလူတစ်ယောက် ဖြစ်သွားသလိုပါပဲ။ ဒါဟာ ဘုရားသခင်က ဖော်ထုတ်ထားတဲ့အတိုင်းပါပဲ၊ “လူအများစုသည် ငြိမ်သက်ခြင်းနှင့် အခြားသော အကျိုးကျေးဇူးများအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ သင်၏ အကျိုးအဖို့မဟုတ်ပါက၊ ဘုရားသခင်ကို သင်မယုံကြည်သကဲ့သို့၊ ဘုရားသခင်၏ ကျေးဇူးတရားများကို သင်မရရှိနိုင်ပါက၊ သင် သုန်မှုန်လေသည်။ သင်ပြောပြီးသောအရာသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မည်သို့ဖြစ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၃)) တစ်လျှောက်လုံးမှာ ကျွန်မရဲ့ အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေဟာ ကိုယ့်အတွက်ချည်းပဲ ဖြစ်နေခဲ့တယ်။ ဒီနေရာမှာ ကျွန်မက ဘုရားကို လှည့်ဖြားပြီး အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပဲ။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်၊ ဘုရားကို စိတ်ကျေနပ်အောင်လုပ်ချင်တဲ့ လိုအင်ဆန္ဒ တစ်စက်မှ မရှိခဲ့ဘူး။ ဒီရောဂါကြောင့်သာ ကျွန်မ ထုတ်ဖော်မခံရဘူးဆိုရင်၊ ဒီနှစ်တွေအတွင်း ယုံကြည်ခြင်းမှာ ကျွန်မ ပေးဆပ်ခဲ့တဲ့ အနစ်နာခံမှုတွေ အားလုံးက ကျေးဇူးတော်နဲ့ ကောင်းချီးတွေအတွက်ပဲ ဖြစ်နေတယ်ဆိုတာရယ်၊ ကျွန်မက ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တယ်ဆိုတာကိုရယ် ကျွန်မ သဘောပေါက်မိမှာ မဟုတ်ဘူး။ ကျွန်မကို ကယ်တင်ဖို့အတွက် ဘုရားက ဒီအခြေအနေကို စီစဉ်ပြီး ကျွန်မကို ဒီလိုမျိုး ထုတ်ဖော်ခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘဲ သူ့ကို ညည်းညူပြီး အထင်လွဲခဲ့တယ်။ ဘုရားအပေါ် အကြွေးတင်နေတယ်လို့ နက်နက်ရှိုင်းရှိုင်း ခံစားရပြီး နောင်တရချင်တဲ့စိတ်နဲ့ သူ့ဆီ ဆုတောင်းခဲ့တယ်။

အဲဒီညမှာပဲ “ယောဘနှင့် ပေတရုကဲ့သို့ သက်သေခံများ ဖြစ်လော့ာ့” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးဗီဒီယို တစ်ပုဒ်ကို ကျွန်မ ကြည့်ခဲ့တယ်။ “သင့်အနေဖြင့် သိမ်းပိုက်ခံရပြီး ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သော်လည်း၊ သေသည်အထိ သင် ကျိုးနွံနာခံနိုင်ပါသလော။ အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်က မည်သို့ပင်ဖြစ်စေ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံးရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်။ ယောဘ၏ သက်သေခံချက်၊ သေသည်အထိ ကျိုးနွံနာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်၊ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်။ သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ ဇာတိပကတိ၏ နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင် ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူသည် ကားစင်တင်ခံရသည့်အချိန်တွင် ဘုရားသခင်ကို ချစ်ဆဲဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို ကျိုးနွံနာခံဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မှတ်ယူခြင်း မခံရမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၂)) ဒီဓမ္မတေးကို နားထောင်ရင်း ကျွန်မ တို့ထိမိသွားပြီး မျက်ရည်ကျခဲ့ရတယ်။ ယောဘက အဲဒီလောက် ကြီးမားတဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ သူ့ရဲ့ စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးတယ်၊ သားသမီးတွေ သေဆုံးတယ်၊ သူ့ကိုယ်ပေါ်မှာလည်း အနာစိမ်းတွေ ပေါက်လာတယ်၊ ဒါတောင်မှ အဲဒီလောက် ပြင်းထန်တဲ့ နာကျင်မှုတွေကြားမှာ ယောဘက ဘုရားကို မငြင်းပယ်ခဲ့သလို မညည်းညူခဲ့တဲ့အပြင်၊ ဘုရားကို ချီးမွမ်းတယ်၊ သူ့နာမတော်ကို ထောပနာပြုပြီး ဘုရားအတွက် ခိုင်မာတဲ့ သက်သေခံချက်ပေးခဲ့တယ်။ ပေတရုက သူ့တစ်သက်တာလုံးကို ဘုရားကို သိကျွမ်းဖို့နဲ့ ချစ်ဖို့ ရှာဖွေရင်း ကုန်ဆုံးခဲ့တယ်၊ သူ့သေခါနီးအချိန်မှာတောင် ဘုရားကို လုံလောက်အောင် မချစ်ခဲ့ရသေးဘူးလို့ သူပြောခဲ့တယ်။ သူ့အပေါ်ထားတဲ့ ကတိတော်တွေကို ဘုရားက ဖြည့်ဆည်းပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ သူက ဘုရားကို ယုံကြည်ပြီး ချစ်နေဦးမှာပဲ။ ပေတရုက ဘုရားအတွက် သက်သေခံခဲ့ပြီး ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးခဲ့တယ်။ ယောဘနဲ့ ပေတရုဟာ ဘုရားကို ဘုရားအနေနဲ့ တကယ်ဆက်ဆံခဲ့တဲ့ လူတွေပါပဲ။ သူတို့က ဘုရားကို ကျိုးနွံနာခံကြတယ်၊ ဘုရားနဲ့ အပေးအယူလုပ်ဖို့ ဒါမှမဟုတ် တောင်းဆိုမှုတွေလုပ်ဖို့ လိုအင်ဆန္ဒမရှိကြဘူး၊ ပြီးတော့ သူတို့ရဲ့ သက်သေခံချက်တွေကနေ ဘုရားက ဘုန်းအသရေကို ရရှိခဲ့တယ်။ ကျွန်မကျတော့ ကျွန်မရဲ့ ရောဂါပိုဆိုးလာပြီး ကျွန်မရဲ့ လိုအင်ဆန္ဒတွေ၊ တောင်းဆိုမှုတွေကို ဘုရားက မဖြည့်ဆည်းပေးတဲ့အခါ အတိုက်အခံလုပ်ချင်စိတ်ဖြစ်ပြီး စိတ်ထဲမှာ ညည်းညူခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့နဲ့ ဆုတောင်းဖို့ကိုတောင် ပုံမှန် မလုပ်နိုင်ခဲ့ဘူး။ ကျွန်မမှာ အခြေခံအကျဆုံး ကျိုးနွံနာခံမှု ဒါမှမဟုတ် ဆင်ခြင်တုံတရားတောင် မရှိခဲ့ဘူး၊ ဘုရားအတွက် သက်သေခံဖို့ဆိုတာ ပိုတောင်ဝေးသေးတာပေါ့။ ဘုရားကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေ အများကြီး စားသောက်ပြီး တရားဟောချက်တွေ အများကြီး ကြားခဲ့ရတာတောင်မှ၊ ငါက ဒီလို ပြုမူနေတုန်းပဲ၊ ဘုရားနဲ့ အပေးအယူလုပ်ဖို့ အမြဲ ကြိုးစားနေတုန်းပဲလို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ တွေးမိလေ ဘုရားအပေါ် အကြွေးတင်လေလို့ ခံစားရတယ်။ ဘုရားဆီ ဆုတောင်းရင်း ငိုမိတယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး သမီးတာဝန်ကို ထမ်းဆောင်တာက ကိုယ်တော့်ကို စိတ်ကျေနပ်အောင် လုပ်ဖို့လို့ သမီး ထင်ခဲ့ဖူးပေမဲ့ ဒီရောဂါရဲ့ ထုတ်ဖော်မှုကနေတစ်ဆင့် သမီးရဲ့ အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေအားလုံးက ကောင်းချီးတွေ ရဖို့အတွက်ပဲဆိုတာကို နောက်ဆုံးမှာ သမီး သဘောပေါက်သွားပါပြီ။ ကိုယ်တော့်ကို ဘုရားအနေနဲ့ သမီး တကယ် မဆက်ဆံခဲ့ဘူး။ ဘုရားသခင်၊ သမီးက အရမ်းကို ဖောက်ပြန်ပျက်စီးနေပြီး ကိုယ်တော်ရဲ့ မေတ္တာနဲ့ မထိုက်တန်ပါဘူး။ သမီးရောဂါ ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ သမီး လိုလားပါတယ်” လို့ပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ အခြေအနေက ပိုကောင်းလာတယ်၊ နေ့တိုင်း ကိုယ့်တာဝန်မှာ အားစိုက်ထုတ်နိုင်လာပြီး ရောဂါကြောင့် အရင်လောက် ဘောင်ခတ်မခံရတော့ဘူး။ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ စိတ်ကို ငြိမ်အောင်ထားလိုက်တဲ့အခါ မမျှော်လင့်ဘဲ ကျွန်မ ကျန်းမာရေး နည်းနည်း ပြန်ကောင်းလာပြီး အရင်ကလောက် မချမ်းတော့ဘူး။ ဘုရားကို အရမ်းကျေးဇူးတင်တာပဲ။ အဲဒီနောက်မှာ ကျွန်မ တာဝန်ထမ်းဆောင်ရင်းနဲ့ ဆေးဆက်သောက်ခဲ့တယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာ၊ ကျွန်မ အဖျားကြီးပြီး ရက်ပိုင်းလောက် ချောင်းဆိုးတဲ့အပြင် အမြဲတမ်း ပင်ပန်းနေသလို ခံစားရတယ်။ လှေကားတက်တဲ့အခါ အသက်ရှူမဝဘဲ နှလုံးက ပေါက်ထွက်မတတ် ခုန်နေတယ်။ “ဒီတစ်ခါတော့ ငါ ကျိုးနွံနာခံရမယ်၊ မညည်းညူရဘူး” လို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ ဒါပေမဲ့ စက်တင်ဘာလ ရောက်တော့ ရောဂါက ပိုပိုဆိုးလာတယ်။ ချောင်းဆိုးတာ ပိုစိပ်လာတယ်၊ နှစ်ပတ်ဆက်တိုက် အဖျားကြီးနေပြီး ဆေးသောက်တာတောင် မသက်သာဘူး။ အစကတော့ ရိုးရိုး အအေးမိဖျားနာတာလို့ပဲ ထင်ခဲ့ပေမဲ့ အခြေအနေက ဆက်ဆိုးလာတာနဲ့ ဆေးရုံသွားပြဖြစ်တယ်။ ကနဦး ရောဂါအမည်တပ်တာကတော့ တီဘီရောဂါ သံသယနဲ့ အဆုတ်အမြှေးပါး အရည်အောင်းတာတဲ့။ အဆုတ်အမြှေးပါး အရည်အောင်းတာ အရမ်းများလို့ ညာဘက်အဆုတ်က အလုပ်မလုပ်တော့ဘူး၊ ကျွန်မ အခြေအနေက အရမ်းဆိုးနေပြီမို့လို့ ချက်ချင်း ဆေးရုံတက် ကုသရမယ်၊ ဆက်ဆိုင်းငံ့ထားလို့ မရတော့ဘူးလို့ ဆရာဝန်က လေးလေးနက်နက် အလေးပေးပြောတယ်။ ကျွန်မ ရင်ထဲ လေးလံသွားပြီး တွေးမိတယ်၊ “ငါ့ရောဂါက ဘယ်လိုလုပ် ဒီလောက်ထိ ဆိုးသွားရတာလဲ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ငါ ခဏခဏ ရောဂါကြီးကြီးမားမား ဖြစ်ခဲ့ပေမဲ့ အားနည်းနေတာတောင် ငါ့တာဝန်ငါ ဆက်ထမ်းဆောင်ခဲ့တယ်။ ဘာလို့ ငါ့အခြေအနေက မကောင်းလာဘဲ ပိုဆိုးသွားရတာလဲ” လို့ပေါ့။ ကျွန်မ အရမ်း စိတ်မချမ်းမသာဖြစ်ပြီး ကြောက်သွားတယ်၊ “ငါ ဘုရားကို ယုံကြည်လာတာ ၁၉ နှစ် ရှိပြီ။ ငါ့တာဝန်ငါ ထမ်းဆောင်ဖို့ မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်ခဲ့တယ်။ ခံသင့်ခံထိုက်တဲ့ ဆင်းရဲဒုက္ခ အားလုံးကိုလည်း ခံခဲ့တယ်။ ငါပြေးရမယ့် လမ်းကိုလည်း ပြေးခဲ့တယ်၊ ဘယ်လောက်ပဲ နေမကောင်းဖြစ်ဖြစ် ငါ့တာဝန်ကို စွဲစွဲမြဲမြဲ ထမ်းဆောင်ခဲ့တယ်။ ဘုရားနောက်လိုက်ရင် ကောင်းချီးတွေရပြီး ကယ်တင်ခံရမယ်လို့ ငါ ထင်ခဲ့ပေမဲ့ အခုကျတော့ သေနိုင်လောက်တဲ့အထိ ရောဂါဆိုးနေပြီ။ ငါသေသွားရင် ကယ်တင်ခံရဖို့ အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားမှာပဲ။ အဲဒီလိုဆိုရင် ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အသုံးခံမှုတွေ အားလုံးက အချည်းနှီး ဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ တွေးမိတယ်။ အဲဒီလို တွေးမိတော့ ကျွန်မ ရင်လေးပြီး လုံးဝ မျှော်လင့်ချက် မဲ့သွားသလို ခံစားရတယ်။ ဒီအချိန်မှာ၊ ကျွန်မရဲ့ အခြေအနေ တစ်ခုခု မှားနေပြီဆိုတာ သဘောပေါက်မိပြီး ဘုရားဆီ ဆုတောင်းရင်း ငိုခဲ့တယ်၊ “ဘုရားသခင်၊ သမီး သေတော့မယ်လို့ ခံစားရတယ်။ အခု သမီးမှာ ဖြေရှင်းစရာ နည်းလမ်း လုံးဝ မရှိတော့ဘူး၊ သမီးစိတ်နှလုံးက နာကျင်မှုတွေနဲ့ ပြည့်နေပါတယ်။ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ လမ်းပြပေးပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့အခါ ဘုရားနှုတ်ကပတ်တော် အပိုဒ်တချို့ကို သတိရလိုက်တယ်၊

၅။  ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ငွေကြေးကျပ်တည်းမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။

၆။  သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းသင့်နည်း။

၇။  သင် ရရှိဖို့ မျှော်လင့်ခဲ့သည့် အရာများ တစ်ခုကိုမျှ သင် မရရှိပါက၊ သင်သည် ငါ၏ နောက်လိုက်အဖြစ် ဆက်လက်ရှိနိုင်မည်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

ဘုရားရဲ့ သတ်မှတ်ချက်တွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်မစိတ်ထဲ ရုတ်တရက် ရှင်းလင်းသွားတယ်။ ဒီသတ်မှတ်ချက်တွေဟာ လူတစ်ယောက်ရဲ့ စိတ်သဘောထား ပြောင်းလဲသွားပြီလားဆိုတာကို ဘုရားက တိုင်းတာတဲ့ စံနှုန်းတွေပဲ။ အဲဒါတွေက ယုံကြည်သူတစ်ယောက် ကယ်တင်ခြင်း ရနိုင်မရနိုင်ဆိုတာအတွက် လိုအပ်ချက်တွေလည်း ဖြစ်တယ်။ ဘုရားကို စစ်စစ်မှန်မှန် ယုံကြည်သူတွေက သူ့အပေါ် သစ္စာစောင့်သိပြီး ချစ်ကြတယ်၊ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိကြတယ်။ ဘုရားလုပ်ရပ်က သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ ဒါမှမဟုတ် မျှော်လင့်ချက်တွေနဲ့ မကိုက်ညီရင်တောင်မှ၊ ဘုရားနောက်ကို လိုက်ပြီး သစ္စာစောင့်သိနေနိုင်သေးတယ်။ ပြန်တွေးကြည့်ရင်၊ ကျွန်မ ဘုရားရှေ့မှာ သစ္စာဆိုပြီး ခိုင်ခိုင်မာမာ ကတိပြုခဲ့ဖူးတယ်၊ ဘာပဲဖြစ်ဖြစ် ဘုရားနောက်ကို လိုက်မယ်၊ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ၊ ဘယ်လို နာကျင်မှု၊ ဆင်းရဲဒုက္ခ၊ စမ်းသပ်မှု ဒါမှမဟုတ် စစ်ဆေးခြင်းတွေကိုပဲ တွေ့ကြုံရပါစေ၊ ဘုရား ယုံကြည်ခြင်းကို စွဲကိုင်ပြီး အဆုံးထိ သူ့နောက် လိုက်မယ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မမှာ ယုံကြည်ခြင်း မရှိဘူး၊ ဆင်ခြင်တုံတရား လုံးဝ မရှိဘူးဆိုတာကို အဖြစ်မှန်တွေက ထုတ်ဖော်ခဲ့တယ်။ ကျွန်မဆီ ရောဂါဝေဒနာတွေ ကျရောက်လာပြီး အသက်ရှင်ဖို့ မျှော်လင့်ချက် မမြင်ရတဲ့အခါ၊ ပြင်းထန်တဲ့ ရောဂါတွေကြားမှာ ကျွန်မတာဝန်ကို စွဲစွဲမြဲမြဲ ထမ်းဆောင်ခဲ့တာတောင်မှ ဘာလို့ ကျွန်မရောဂါက မသက်သာဘဲ ပိုဆိုးလာရတာလဲလို့ တွေးပြီး ဘုရားနဲ့ ငြင်းခုံခဲ့တယ်။ ကျွန်မ နေမကောင်းဖြစ်နေရင်းနဲ့ တာဝန်တွေထမ်းဆောင်ခဲ့ရတဲ့ နာကျင်မှုတွေအပါအဝင်၊ ကျွန်မရဲ့ နှစ်နဲ့ချီတဲ့ အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေ အားလုံးကို ဘုရားရှေ့ ယူဆောင်လာပြီး၊ ဒါတွေကို အရင်းအနှီးနဲ့ ကုသိုလ်တွေအနေနဲ့ မှတ်ယူခဲ့တယ်။ ကြီးမားတဲ့ အောင်မြင်မှုတွေ မရှိပေမဲ့ အနည်းဆုံးတော့ ငါ ဆင်းရဲဒုက္ခ ခံခဲ့ရတယ်၊ ဒါကြောင့် ဘုရားက ငါ့ကို ဒီလို မဆက်ဆံသင့်ဘူးလို့ တွေးခဲ့တယ်။ ကျွန်မက ဘုရားနဲ့ ငြင်းခုံပြီး ကျွန်မကို မတရားဆက်ဆံတယ်လို့ ညည်းညူခဲ့တယ်။ အတိတ်က အနစ်နာခံခဲ့တာတွေကိုတောင် နောင်တရမိတယ်။ ကျွန်မက အရမ်းကို ပုန်ကန်ပြီး ဆင်ခြင်တုံတရားကင်းမဲ့ခဲ့တာပဲ။ ယုံကြည်ခြင်းမှာ အနစ်နာခံပြီး အသုံးခံခဲ့တဲ့ နှစ်တွေဟာ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို အပြန်အလှန်ရဖို့အတွက်ပဲ ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားကို မယုံကြည်တဲ့သူတွေအကြောင်း စဉ်းစားမိတယ်။ သူတို့က ဘုရားပေးသနားထားသမျှကို စားသောက်ပြီး ပျော်မွေ့ကြပေမဲ့ ကျေးဇူးတင်တာ ဒါမှမဟုတ် ကောင်းကင်ဘုံကို ကိုးကွယ်တာမျိုး မရှိဘူး၊ သဘာဝဘေးအန္တရာယ်ဖြစ်စေ၊ လူလုပ်ဘေးအန္တရာယ်ဖြစ်စေ ရင်ဆိုင်ရတဲ့အခါ ကောင်းကင်ဘုံကို ညည်းညူပြီး ဆန့်ကျင်ကြတယ်။ ကျွန်မက ဒီမယုံကြည်သူတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။ တကယ်တော့ မြေကြီးကထွက်တဲ့ အသီးအနှံတွေကို စားတဲ့အတွက် လူတွေ နေမကောင်းဖြစ်တာဟာ လုံးဝကို ပုံမှန်ပါပဲ။ ရောဂါဝေဒနာဆိုတာ ဘုရားကို ယုံကြည်တာ၊ မယုံကြည်တာနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်မက ရောဂါကြောင့် ဘုရားကို ညည်းညူတယ်၊ မေးခွန်းထုတ်တယ်၊ ကန့်ကွက်အော်ဟစ်ခဲ့တယ်။ ကျွန်မမှာ အသိစိတ်ရော ဆင်ခြင်တုံတရားရော လုံးဝမရှိတာကို မြင်လိုက်ရတယ်။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး နည်းနည်းလေးတောင် မရှိခဲ့ဘူး။ ကျွန်မ တော်တော် ပုန်ကန်တတ်ခဲ့တာပဲ။ ဒီရောဂါက ကျွန်မကို လုံးဝ ထုတ်ဖော်လိုက်ပြီး ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက တကယ်ကို သနားစရာကောင်းလောက်အောင် သေးငယ်နေတယ်ဆိုတာကို မြင်လိုက်ရတယ်။ ကျွန်မမှာ ဘုရားအပေါ် သစ္စာစောင့်သိမှု တစ်စက်မှ မရှိခဲ့ဘူး။ ဒါကို တွေးမိတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ နက်နက်ရှိုင်းရှိုင်း ခံစားရတယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်၊ “ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့် ယုံကြည်ခြင်း ဟူသော စကားလုံး တစ်လုံးအတွက် သက်သေပြရန်အလို့ငှာ အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။ ငါသည် သင်တို့ကို စစ်မှန်ရိုးသားမှုဖြင့် အမြဲ ဆက်ဆံခဲ့ပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြင့် ပြုမူရန် ငါ ဆန္ဒရှိသည့်အတွက်၊ ငါကို ဝမ်းမြောက်စေရန် ကြိုးစားဖို့ သင်တို့၏ ချော့လုံးမြှောက်လုံးများ အသုံးပြုခြင်းကို ငါ စက်ဆုပ်ရွံရှာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အမှန်တကယ် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်သလော)မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား ညစ်ညူးစေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးသော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေမှာ အာဏာနဲ့ တန်ခိုးပါတာကို ကျွန်မ ခံစားရတယ်၊ ပြီးတော့ ပုန်ကန်ပြစ်မှားလို့ မရတဲ့ ဘုရားရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ခံစားရတယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ တံခါးကို ဘုရားက စောင့်ကြပ်နေတယ်၊ မသန့်ရှင်းတဲ့သူနဲ့ ဖောက်ပြန်ပျက်စီးတဲ့သူတွေဟာ နိုင်ငံတော်ထဲ ဝင်ခွင့်မရှိဘူး။ လူတစ်ယောက်ကို သူ့ရဲ့ အလုပ်တွေ၊ ကြိုးစားအားထုတ်မှုတွေကြောင့်နဲ့တော့ ဘုရားက သူ့ရဲ့ နိုင်ငံတော်ထဲကို အလွယ်တကူ ဝင်ခွင့်ပေးမှာမဟုတ်ဘူး။ ဒါဟာ ဘယ်သူမှ ချိုးဖောက်လို့မရတဲ့ ကောင်းကင်ဘုံရဲ့ စည်းမျဉ်းပဲ။ ကျွန်မရဲ့ ယုံကြည်ခြင်း နှစ်တွေတစ်လျှောက်လုံးအကြောင်း စဉ်းစားမိတယ်။ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့ ကျွန်မရဲ့ အပြင်ပန်း အနစ်နာခံမှု၊ အသုံးခံမှု၊ ဆင်းရဲဒုက္ခနဲ့ ကြိုးစားအားထုတ်မှုတွေကို အရင်းအနှီးတွေအနေနဲ့ သတ်မှတ်ခဲ့တယ်။ ဘုရားအပေါ်ထားရမယ့် အခြေခံအကျဆုံး ကျိုးနွံနာခံမှုတောင် မရှိခဲ့တာဆိုတော့ ဘုရားက ကျွန်မကို ဘယ်လိုလုပ် မစက်ဆုပ်ဘဲ နေမလဲ။ ဘုရားက သစ္စာရှိပြီး၊ လူသားတွေအတွက် သူလုပ်ပေးသမျှက ရိုးသားဖြူစင်တယ်။ လူတွေမှာ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ အစစ်အမှန် သစ္စာစောင့်သိမှုရှိဖို့ကိုလည်း ဘုရားက မျှော်လင့်ပေမဲ့၊ ကျွန်မရဲ့ ယုံကြည်ခြင်း နှစ်တွေတစ်လျှောက်မှာတော့ အပေးအယူလုပ်ချင်တဲ့ ရည်ရွယ်ချက်တွေကို အမြဲ ထားရှိပြီး၊ ကိုယ့်တာဝန်တွေမှာ သူ့ကို လှည့်ဖြားဖို့ ကြိုးစားခဲ့သလို၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကလည်း နည်းနည်းလေးမှ မပြောင်းလဲခဲ့ဘူး။ ဘုရားရဲ့ နိုင်ငံတော်ထဲ ဝင်ဖို့ ကျွန်မက ဘယ်နေရာမှာ အရည်အချင်းပြည့်မီလို့လဲ။ ဒါကို တွေးမိတော့ ကြောက်စိတ်ဝင်လာတယ်။ ဘုရားက အချိန်မီ ထုတ်ဖော်ပေးလို့ ကျွန်မ ကံကောင်းသွားတာ၊ မဟုတ်ရင် မှားယွင်းတဲ့ အမြင်ရှုထောင့်နဲ့ ဆက်လိုက်စားနေမိပြီး လုံးဝ ပျက်စီးဆုံးရှုံးမှာပဲလေ။ ဘုရားကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ “အို ဘုရားသခင်၊ သမီးက အရမ်း ဖောက်ပြန်ပျက်စီးနေပါတယ်။ သမီးရောဂါ ပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ ဒီကိစ္စကို ကိုယ်တော့်ဆီ အပ်နှံပါတယ်။ သမီးရှင်တာပဲဖြစ်ဖြစ်၊ သေတာပဲဖြစ်ဖြစ် အားလုံး ကိုယ်တော်ရဲ့ လက်ထဲမှာပဲလို့ ယုံကြည်ပါတယ်” လို့ ကျွန်မ စိတ်နှလုံးထဲကနေ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့အခါ ပိုပြီး စိတ်အေးသွားတယ်။

မမျှော်လင့်ဘဲ၊ ကျွန်မ ကျိုးနွံနာခံဖို့ လိုလားလာတဲ့အချိန်မှာ ကျွန်မ မောင်လေးက တခြားနေရာကနေ ရုတ်တရက် ပြန်ရောက်လာတယ်။ ကျွန်မရဲ့ အခြေအနေကို သိသွားတဲ့အခါ ကျွန်မ ဆေးရုံတက်ကုသနိုင်ဖို့ သူ အများကြီး ဒုက္ခခံပြီး စီစဉ်ပေးခဲ့တယ်။ ကျွန်မနားကိုတောင် ကျွန်မ မယုံနိုင်ခဲ့ဘူး။ ကပ်ရောဂါ အရမ်းဆိုးနေတဲ့အချိန်မှာ ဆေးရုံတက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ၊ ဒါကြောင့် ဒီလောက်မြန်မြန် ဆေးရုံတက်ပြီး ကုသမှုခံယူရမယ်လို့ ကျွန်မ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။ ဒါဟာ ဘုရားက ကျွန်မအတွက် ထွက်ပေါက်တစ်ခု ဖွင့်ပေးနေတာဆိုတာ အရမ်းကို ရှင်းလင်းနေတယ်။ ကျေးဇူးတင်မျက်ရည်တွေနဲ့အတူ လှိုက်လှိုက်လှဲလှဲ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းခဲ့ပါတယ်။ စစ်ဆေးမှုတွေလုပ်ပြီးတဲ့အခါ၊ အဆုတ်အမြှေးပါး အရည်အောင်းတာနဲ့ တီဘီရောဂါကြောင့် အဆုတ်အမြှေးပါး ရောင်ရမ်းတာဖြစ်တယ်လို့ ရောဂါအမည်တပ်ခံရပြီး ခွဲစိတ်ပြီးတဲ့နောက်မှာတော့ ညာဘက်အဆုတ်က ပုံမှန် ပြန်အလုပ်လုပ်လာတယ်။ အသက်ရှုရတာ ပြန်လွယ်လာပြီး ကျွန်မရဲ့ စိတ်ဓာတ်တွေလည်း အများကြီး တက်ကြွလာတယ်။ ဆေးရုံတက်ပြီး တစ်ပတ်အကြာမှာ၊ တီဘီရောဂါကြောင့် အဆုတ်အမြှေးပါး ရောင်ရမ်းတာကို ကုသပေးတဲ့ တခြားဆေးရုံတစ်ခုနဲ့ ဆက်သွယ်ဖို့ ဆေးရုံက ကူညီပေးခဲ့တယ်။ ဒီနည်းနဲ့ ရောဂါနှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ကုသဖြစ်ခဲ့တယ်။ ကျွန်မ မောင်လေး ပြန်ရောက်လာတာ၊ ကျွန်မ ဆေးရုံတက်ပြီး ကုသမှုခံယူနိုင်တာတွေ အားလုံးက ဘုရားလက်ထဲမှာ ရှိနေတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားက ကျွန်မအတွက် စီစဉ်ပေးတဲ့ အခြေအနေဟာ ကျွန်မ ခံနိုင်ရည်ရှိတဲ့ အရာဖြစ်ပြီး၊ ဘုရားအပေါ် ထုတ်ဖော်မိခဲ့တဲ့ စိုးရိမ်ပူပန်မှု၊ ယုံကြည်ခြင်း သေးငယ်မှုနဲ့ အထင်လွဲမှုတွေအတွက် ကျွန်မ နောင်တရမိတယ်။ တစ်လကြာတော့ ဆေးရုံက ဆင်းခဲ့တယ်။ အသင်းတော် အသက်တာကို ပြန်စပြီး ကျွန်မတာဝန်ကိုလည်း စပြီးပြန်ထမ်းဆောင်ခဲ့တယ်။

ဒီရောဂါကတစ်ဆင့်၊ ဘုရားလုပ်သမျှအားလုံးဟာ အဓိပ္ပာယ်ရှိပြီး ဘုရားရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေ ပါဝင်တယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ ကျွန်မ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေဟာ ကျွန်မ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေတာကြောင့် ဖြစ်ပြီး၊ အဲဒါက ကျွန်မအတွက် ဘုရားရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းလည်း ဖြစ်တယ်။ ဒီရောဂါနဲ့ သေမလိုဖြစ်တာကိုသာ မကြုံခဲ့ရရင်၊ ကောင်းချီးတွေ ရှာဖွေချင်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေက ဘယ်လောက်တောင် ဆိုးရွားနေခဲ့လဲဆိုတာကို သဘောပေါက်မိမှာ မဟုတ်ဘူး၊ ပြီးတော့ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနေသယောင် ထင်ရတဲ့ လှည့်စားမှုအောက်မှာ ဆက်ပြီး လှည့်စားခံနေရဦးမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုနဲ့ တရားစီရင်ခြင်းကသာ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ စက်ဆုပ်ဖွယ်ကောင်းမှုနဲ့ ကျွန်မယုံကြည်ခြင်းထဲက မသန့်စင်မှုတွေကို မြင်စေခဲ့ပြီး၊ မှန်ကန်တဲ့ ရည်မှန်းချက်နဲ့ လိုက်စားရမယ့် လမ်းကြောင်းကို ရရှိစေခဲ့သလို ကောင်းချီးတွေရှာဖွေချင်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို အတိုင်းအတာတစ်ခုအထိ လက်လွှတ်စေခဲ့တယ်။ အခုဆို ကျွန်မ အများအားဖြင့် ပုံမှန် အသက်ရှင်နေထိုင် အလုပ်လုပ်နိုင်နေပါပြီ၊ တချို့အချိန်တွေမှာ ရောဂါ ပြန်ဖြစ်တတ်ပေမဲ့ ဒါဟာ ကျွန်မ ခံနိုင်ရည်ရှိသင့်တဲ့ ဆင်းရဲဒုက္ခပဲဆိုတာကို သိထားပြီး ရင်ထဲမှာ ကျိုးနွံနာခံနိုင်ပါတယ်။ ဘုရားဆီက ကျန်းမာရေးအတွက် ကျွန်မ မမျှော်လင့်တော့သလို၊ ကျွန်မရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအခြေအနေနဲ့အညီ ကိုယ့်တာဝန်ကိုလည်း အစွမ်းကုန် ထမ်းဆောင်နိုင်နေပါပြီ။ ကျွန်မရောဂါ လုံးဝ ပျောက်ကင်းနိုင်သည်ဖြစ်စေ၊ မပျောက်ကင်းနိုင်သည်ဖြစ်စေ၊ သမ္မာတရားကို လုံ့လဝီရိယရှိရှိ လိုက်စားမယ်၊ စိတ်သဘောထား အပြောင်းအလဲကို ရှာဖွေပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသွားပါမယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ စမ်းသပ်ခြင်းများနှင့်ဆိုင်သော အဓိပ္ပာယ်ကို နောက်ဆုံးတွင် ကျွန်မ နားလည်သွားသည်

လုယိ၊ တရုတ်ပြည်၂၀၂၄ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာပေါ့။ ကျွန်မနဲ့ ပူးပေါင်းလုပ်နေတဲ့ ညီအစ်မတွေနဲ့အတူ ဆောင်းပါးတွေကို သုံးသပ်နေခဲ့ကြတယ်။...

ကျွန်ုပ်၏ ရောဂါနှင့်ပတ်သက်သည့် သောကမှ လွတ်မြောက်ခြင်း

ကျွန်မအမေက ကင်ဆာဖြစ်ပြီး ကျွန်မအိမ်ထောင်မကျခင် ဆုံးပါးသွားခဲ့တယ်။ အဖေလည်း အသက် ၅၇နှစ်မှာ သွေးတိုးဖြစ်ပြီး သွေးကြောပေါက်သွားခဲ့တယ်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။