ကျွန်မသား၏ ကျွမ်းနေသောရောဂါကို ရင်ဆိုင်ရာဝယ်

23.01.2022

လျန်ရှင်း တရုတ်နိုင်ငံ

လွန်ခဲ့တဲ့နှစ်နှစ်မှာ ကျွန်မသားရဲ့ခါးက ရုတ်တရက်ကြီး ဆိုးဆိုးရွားရွား နာလာတယ်။ ကျွန်မတို့ ဆေးစစ်ဖို့သွားလိုက်တော့၊ ဆရာဝန်က ဆေးအဖြေတွေဟာ စိုးရိမ်စရာပဲတဲ့။ နောက်ထပ် ဆေးစစ်ဖို့ ပိုကြီးတဲ့ ပြည်နယ်ဆေးရုံကို သွားသင့်တယ်တဲ့လေ။ သူအဲဒီလိုပြောတဲ့အချိန်မှာ ကျွန်မ ရင်တုန်ပန်းတုန်ဖြစ်သွားတာ။ ကျွန်မသားမှာ စိုးရိမ်ရတဲ့ရောဂါ ရှိနေနိုင်ပြီဆိုတာ သိလိုက်တယ်။ ဒါပေမဲ့ ကျွန်မ တွေးမိတယ်လေ။ ငါ ဒီတစ်ချိန်လုံး ကိုယ့်တာဝန် ကိုယ်ထမ်း၊ ဘုရားအတွက် ပေးဆပ်ပြီး အများကြီး ဒုက္ခခံခဲ့တာပါပေါ့။ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်တာနဲ့ ဖမ်းဆီးတာတွေကို ကြုံရပြီး ချစ်ရတဲ့သူတွေ လှောင်ပြီး အသရေဖျက်တာတောင်၊ ငါဘယ်တော့မှ နောက်မတွန့်ဘဲ ကိုယ့်တာဝန်ကို စွဲစွဲမြဲမြဲ လုပ်ခဲ့ပါတယ်ပေါ့။ ဘုရားအတွက် ငါလုပ်ခဲ့သမျှကို ထောက်ရင်၊ ကိုယ်တော်ကတော့ ငါ့သားလေးကို ဘယ်လိုဘေးကနေပဲဖြစ်ဖြစ် ကယ်မှာပဲလို့ပေါ့။ အဖြေတွေရလာတော့ သူ့မှာ အသည်းကင်ဆာနဲ့ အသည်းရွတ်ရောဂါ ရှိတယ်တဲ့။ ဆရာဝန်ကပြောတယ်။ သူက နောက်ထပ် သုံးလကနေ ခြောက်လပဲ နေရတော့မယ်တဲ့။ ဒါဟာ လုံးလုံး မထင်မှတ်ထားတဲ့ ကိစ္စကြီး။ ကျွန်မက အဲဒီမှာပဲ ကြက်သေသေပြီး ထိုင်နေခဲ့တယ်။ ဒီလက်တွေ့အခြေအနေကြီးကို ကျွန်မ လက်ကိုမခံနိုင်ဘူး။ သူက ၃၇ နှစ်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ် ဒီလိုရောဂါမျိုး ဖြစ်ရတာလဲ။ ကျွန်မက ဆေးအဖြေတွေကို ကိုင်ပြီး လက်တွေတုန်နေတယ်။ ဆရာဝန်များ ရောဂါအရှာမှားသလား တွေးနေမိရော။ မှင်တက်တက်နဲ့ အိပ်ရာအစွန်းမှာ ထိုင်ပြီး ကျွန်မကြောင်နေခဲ့တယ်။ ကျွန်မမျက်နှာပေါ် မျက်ရည်တွေစီးကျလာတယ်၊ ကျွန်မတွေးမိတယ်။ “သူက သိပ်ငယ်သေးတယ်။ ဘယ်လိုဖြစ်လို့များ ဒီလိုရောဂါကြီးဖြစ်ရတာလဲ။ ဒီရောဂါထဲက တစ်ခုဆိုရင်တောင် အသက်အန္တရာယ်စိုးရိမ်ရတာ၊ အခုတော့ နှစ်ခုတောင်တဲ့လား။ သူက ငါတို့ရဲ့ မှီခိုရာပါ။ သူမရှိရင် ငါတို့မိသားစု ဘာလုပ်ကြမလဲ။ လူ့ဘဝမှာ ရင်အနာရဆုံးက ကိုယ့်သားသမီးကို မြေမြှုပ်ရတဲ့အချိန်ပဲ” လို့ပေါ့။ ကျွန်မက ပိုပိုပြီး စိတ်ဆင်းရဲလာတယ်။ မိတ်ဆွေတွေနဲ့ မိသားစုကလည်း ဆူပူပြောဆိုကြတယ်၊ “နင်က ဘုရားကို ယုံကြည်ရဲ့သားနဲ့ နင့်သားက ဘယ်လိုလုပ် နေမကောင်းဖြစ်ရတာလဲ။ သူ့ကို မကာကွယ်ပေးမှတော့၊ နင့်ဘုရားက ဘာကောင်းကျိုးပေးလဲ” တဲ့။ သူတို့က ပြောသေးတယ်။ ကျွန်မယုံကြည်မှုကို မေ့လိုက်ပြီး အိမ်မှာ ကိုယ့်သားကိုသာ စောင့်ရှောက်တော့ တဲ့။ သူတို့ဆူပူအပြစ်တင်တာခံရတော့ ကျွန်မ တကယ်ကို စိတ်ဆင်းရဲသွားတယ်။ ကျွန်မမှာ အမြဲ မျက်ရည်လည်ရွဲနဲ့ မူးနောက်နေတာပဲ။ ဆုလည်းမတောင်းချင်ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေတောင် မဖတ်ချင်ဘူး။ တကယ်ကို အမှောင်ထဲ ရောက်နေခဲ့တာ။ ကျွန်မဆုတောင်းမိတယ်။ “ဘုရားသခင်၊ သမီးရဲ့သားလေး သိပ်ကို နေမကောင်းဖြစ်နေပါတယ်။ သမီး သိပ်အခက်ကြုံနေရပြီး ဒါကို မကိုင်တွယ်နိုင်ပါဘူး။ ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ သမီးကို လမ်းပြတော်မူပါ” ပေါ့။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်ခဲ့ရတယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။...ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော်ထဲမှာ တွေ့ရတာက ကျွန်မသားလေး တော်တော်မမာမကျန်းဖြစ်တာဟာ ကျွန်မအတွက် စမ်းသပ်မှုတစ်ခုပဲ။ အဲဒါကို ဖြတ်ကျော်ဖို့ ကိုယ့်ယုံကြည်မှုကို ကိုးစားဖို့လိုတယ်တဲ့။ ကျွန်မ ယောဘအကြောင်း တွေးမိတယ်။ သူ့ပစ္စည်းဥစ္စာတွေ၊ တောင်စောင်းပေါ်က ခြံမွေးတိရစ္ဆာန်တွေ အလုခံရပြီး၊ သူ့သားသမီးတွေအားလုံး သေကြတယ်၊ သူ့မှာလည်း အနာစိမ်းတွေနဲ့ ဖုံးနေခဲ့တယ်။ ဒီလိုစမ်းသပ်မှုကြီးကို ရင်ဆိုင်ရတာတောင်၊ သူက ဘုရားကို အပြစ်တင်မဲ့အစား သူ့ကိုယ်သူ ကျိန်ဆဲဖို့ အသင့်ပဲ။ ယေဟောဝါရဲ့ နာမတော်ကို သူချီးမွမ်းခဲ့တာ။ သူက ဘုရားအတွက် လှပတဲ့ သက်သေခံခဲ့တယ်လေ။ ဒါတွေအားလုံးကို သူကျော်ဖြတ်နေချိန်မှာ သူ့မိတ်ဆွေတွေက သူ့ကို လှောင်ပြောင်ကြတယ်၊ သူ့မိန်းမက သူ့ကို ဝေဖန်ပုတ်ခတ်ပြီး ဘုရားသခင်ကို စွန့်ပစ်ပြီးတော့ သေသာသေလိုက်ဖို့ ပြောတယ်။ အပြင်ပန်းမှာတော့ သူ့မိန်းမနဲ့ မိတ်ဆွေတွေက သူ့ကို ဒေါသနဲ့ဝေဖန်နေကြပုံပဲ၊ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာက ဘုရားကို ယောဘငြင်းပယ်ပြီး သစ္စာဖောက်အောင် လူတွေရဲ့စကားတွေနဲ့ စာတန်က စုံစမ်းသွေးဆောင်နေတာလေ။ ဒါပေမဲ့ ယောဘက အလှည့်စားမခံခဲ့ဘဲ၊ သူ့မိန်းမကိုတောင် မိုက်မဲတဲ့ မိန်းမဆိုပြီးတော့ လူသိရှင်ကြား ရှုတ်ချခဲ့တယ်။ ကျွန်မမိတ်ဆွေတွေနဲ့ မိသားစုတို့ရဲ့ တိုက်ခိုက်မှုနောက်မှာ စာတန်ရဲ့လှည့်ကွက်တွေ ရှိနေခဲ့တာ ကျွန်မသိပါတယ်။ ကျွန်မလည်း ယောဘလိုပဲနေပြီး ဘုရားကို သက်သေရပ်တည်ရမယ်လေ။ သူတို့ရဲ့ ပေါက်ကရစကားတွေကို ကျွန်မနားထောင်နေလို့မရဘူး။ အဲဒီအချိန်မှာ ကျွန်မသိပ်စိတ်ဆင်းရဲပြီး ကူကယ်ရာမဲ့မနေခဲ့ဘူး။

နောက်နှစ်ပတ်သုံးပတ်မှာ သူခွဲစိတ်ရတယ်။ ကင်ဆာကို ထိန်းလိုက်နိုင်တယ်လေ။ ကျွန်မ တွေးမိတယ်။ ကျွန်မရဲ့ယုံကြည်မှုကြောင့် ဘုရားက သူ့ကို သနားကရုဏာထားလိုက်တာ ဖြစ်မယ်ပေါ့။ ဘုရားသာ နိမိတ်လက္ခဏာ ပြလိုက်ရင်၊ သူပျောက်သွားနိုင်တယ်ပေါ့။ သူလုံးလုံးသက်သာသွားရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးရင်း၊ အဲဒီလိုဖြစ်ဖို့ ကျွန်မမျှော်လင့်နေခဲ့တာ။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ဒီကျမ်းပိုဒ်က အတွေးထဲ ရောက်လာတယ်။ “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ယုံကြည်မှုအပေါ် ကျွန်မရဲ့ ပြဿနာတက်နေတဲ့ အမြင်တွေနဲ့ ကောင်းချီးရဖို့ ကြံရွယ်ချက်ချက်တွေကို ဘုရားနှုတ်ကပတ်တော်တွေက တကယ်ကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြခဲ့တာ။ ကျွန်မ သိပ်ရှက်ခဲ့ရတယ်။ ကျွန်မ သခင့်ကို ယုံကြည်ချိန်တုန်းက၊ ကျွန်မ တစ်မိသားစုလုံး ကောင်းချီးရဖို့ မျှော်လင့်ရင်း၊ ကျေးဇူးတော်နဲ့ ကောင်းချီးတွေနောက်ကို ကျွန်မလိုက်နေခဲ့တာ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးကတည်းက ဘုရားရဲ့ကျေးဇူးတော်ကို တောင်းလျှောက်ရင်း မျက်နှာပြောင်တိုက်ပြီး ဆုမတောင်းခဲ့ဖူးပေမဲ့၊ ကျွန်မဟာ သမ္မာတရားကို လိုက်စားနေခဲ့တာ မဟုတ်သလို၊ ဘုရားကိုလည်း အမှန်တကယ် နားမလည်ခဲ့ပါဘူး။ ဒီဘဝမှာ အဆတစ်ရာလောက် လိုချင်သလို၊ နောက်ဘဝမှာလည်း ထာဝရအသက်ကို လိုချင်တာဟာ ကျွန်မ မှားခဲ့တာပါ။ ကျွန်မ တွေးမိတယ်။ ဘုရားအတွက် ကျွန်မ ပေးဆပ်ထားတာမို့ သူကျွန်မကို အောက်မေ့ပြီး ကောင်းချီးပေးမှာပဲ၊ ရောဂါနဲ့ ကပ်ဘေးတို့ကနေ ကျွန်မမိသားစုကို သူကာကွယ်သင့်တယ်၊ ကျွန်မတို့ဘဝတွေကို ချောမွေ့အောင်နဲ့ ဆိုးဆိုးရွားရွား ကံခေတာမျိုး ကင်းအောင် လုပ်ပေးသင့်တယ်ပေါ့။ ဒီတော့ ကျွန်မတာဝန်ကို လုပ်ဖို့ ကျွန်မအိမ်နဲ့ အလုပ်ကို ထားခဲ့တယ်၊ ဘယ်ဒုက္ခကိုမဆို ခံဖို့ လုံးဝ လိုလိုလားလားပဲ။ ဒါပေမဲ့ ကျွန်မသားလေး ကင်ဆာရှိတယ်လို့ ဆေးအဖြေထွက်တဲ့အခါမှာ၊ သူနေမကောင်းတာကို ကြည့်ရတဲ့ နာကျင်မှုထဲမှာ ကျွန်မ လုံးလုံး နစ်သွားခဲ့တယ်။ ကျွန်မရဲ့တာဝန်အတွက် တွန်းအားလည်း ပျောက်သွားတယ်။ ကျွန်မ ဘယ်လောက်အသုံးတော်ခံခဲ့တယ်၊ ဘယ်လောက် ဒုက္ခခံခဲ့တယ်ဆိုပြီး သေးသိမ်တဲ့တွက်ချက်မှုတွေ လုပ်နေခဲ့တာ၊ ဘုရားနဲ့ ငြင်းခုံပြီး ကျွန်မသားကို မကာကွယ်ပေးလို့ သူ့ကို အပြစ်တင်နေခဲ့တာ။ ကျွန်မရဲ့ယုံကြည်မှုမှာ လိုက်စားမှုနဲ့ဆိုင်တဲ့ ကျွန်မရဲ့အမြင်ရှုထောင့်က မှားနေခဲ့တာကို ကျွန်မကြုံရတဲ့အခြေအနေနဲ့၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ခြင်း နှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ သမ္မာတရားကို လိုက်စားဖို့နဲ့ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားဖို့ ကျွန်မရဲ့ယုံကြည်မှုအတွက် စွန့်လွှတ်အနစ်နာခံခဲ့တာမဟုတ်ဘဲ၊ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေအတွက် အလဲအလှယ်လုပ်တာပဲ။ ကျွန်မက ဘုရားနဲ့ အပေးအယူလုပ်နေပြီး သူ့ကို အသုံးချ၊ လှည့်စားနေခဲ့တာလေ။ ကျွန်မမိသားစုလေးကို မုန်တိုင်းတွေ၊ ရောဂါတွေနဲ့ ဘေးဒုက္ခတွေက လွတ်အောင် ဘုရားကာကွယ်ဖို့ ကျွန်မ စွဲစွဲမြဲမြဲ အားထုတ်နေခဲ့တယ်။ ကျွန်မက မုန့်စားပြီး ဝသွားတဲ့ ဘာသာရေးပုဂ္ဂိုလ်တွေနဲ့ ဘယ်လိုများ ကွဲပြားလို့လဲ။ လိုက်စားမှုနဲ့ဆိုင်တဲ့ ကျွန်မရဲ့ အမြင်ရှုထောင့်က ဘယ်လောက် ယုတ်မာမှန်း ကျွန်မတွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မ ဘုရားသခင်ကို သိပ်အကြွေးတင်သလို ခံစားခဲ့ရတယ်။ အဲဒါနဲ့ ကျွန်မ သူ့ရှေ့မှာ တိုးဝင်ဆုတောင်းခဲ့တယ်။ ကျွန်မသားလေးရဲ့ ကျန်းမာရေးကို ဘုရားလက်ထဲထည့်ပြီး သူ့အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို နာခံဖို့ အဆင်သင့်ပေါ့။

အဲဒီနောက်မှာ ကျွန်မသားလေး သုံးလေးခေါက် ဆက်တိုက် ခွဲစိတ်လိုက်ရတယ်။ သူ့ကြည့်ရတာ ပိုပို သက်သာလာသလိုပဲ။ သူက ကောင်းကောင်းစားပြီး ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတချို့ လုပ်နိုင်လာတယ်။ ကျွန်မမှာ ပျော်လို့မဆုံးဘူး။ အထူးသဖြင့် လုံးလုံး ကျန်းမာတဲ့ပုံနဲ့ သူ့သားလေးနဲ့ သီချင်းဆို၊ ကခုန်နေတာကို ကျွန်မမြင်ရတဲ့အခါမှာပေါ့။ သူ့အတွက် မျှော်လင့်ချက်ရှိသလို ခံစားရတယ်။ ကျွန်မ တွေးမိတယ်။ လူ့အမြင်ရှုထောင့်ကကြည့်ရင်၊ သူ့ရောဂါက သေဒဏ်တစ်ခုလိုပဲ၊ သူက နောက်ထပ် ခြောက်လခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခြောက်လတောင်ကျော်ခဲ့ပြီ သူလည်း တော်တော် နေကောင်းနေခဲ့တယ်။ အဲဒါဟာ ဘုရားရဲ့ ကောင်းချီးနဲ့ ကာကွယ်ခြင်းပဲ။ အခြေအနေတွေက အဲဒီနည်းလမ်းအတိုင်း ဆက်သွားနေရင်၊ သူလုံးလုံး ပြန်ကောင်းသွားမဲ့ပုံပဲ။ ဒါပေမဲ့ အခြေအနေတွေက ကျွန်မ တွေးထားသလို မဖြစ်လာဘူး။ သူက ရုတ်တရက်ကြီး အစာမျိုလို့မရတော့ဘူး၊ သူ့ဗိုက်က စယောင်ပြီး ဖောင်းသည်ထက် ဖောင်းလာတယ်၊ ထိုင်ရတာ သူ့အတွက် ခက်ခဲလာရော။ သူ့ကို ဆေးစစ်ကြည့်တော့ သူ့ကင်ဆာက မပြန့်သေးပေမဲ့လည်း အသည်းရွတ်ရောဂါက ပိုဆိုးလာပြီး သူ့မှာ အသည်းရေဖျဉ်းရောဂါ စဖြစ်နေခဲ့တာ။ သူတဖြည်းဖြည်းချင်း လုံးပါးပါးနေပြီလို့ ခံစားရပြီး ကျွန်မစိတ်ဆင်းရဲပြန်ရော။ ကျွန်မသားလေး ကျန်းမာရေးအခြေအနေက အသိသာကြီး တိုးတက်လာတာကို မြင်ပြီးတော့၊ ဘာလို့ ပြန်ဆိုးသွားလဲဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး။ သူက တကယ့်သားလိမ္မာလေးပါ၊ လူတိုင်းနဲ့တည့်တယ်၊ မကောင်းတာ ဘာတစ်ခုမှ လုံးဝ မလုပ်ခဲ့ဘူး။ မိတ်ဆွေတွေ၊ မိသားစုနဲ့ အိမ်နီးချင်းတွေ အားလုံးက သူ့အကြောင်း အကောင်းပြောတာချည်းပဲ။ သူက ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ ပတ်သက်ပြီး သိပ်မကျေနပ်ပေမဲ့၊ တားလည်း မတားခဲ့ပါဘူး။ ဘာလို့များ သူ့မှာ အသက်အန္တရာယ် ရှိတဲ့ရောဂါ ဖြစ်ရမှာလဲ။ နောက်ပိုင်း ကျွန်မတွေးမိတယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ တစ်ချိန်လုံး ကျွန်မ ဧဝံဂေလိ ဝေမျှနေခဲ့တယ်။ အသင်းတော်မှာ ဖြစ်လာသမျှ ဘာအတွက်မဆို ကျွန်မ ထိပ်ဆုံးက ပါခဲ့တယ်။ ပါတီရဲ့ဖိနှိပ်မှုနဲ့ အဖမ်းအဆီးတွေကြောင့် ကျွန်မမိသားစုက ကျွန်မရဲ့ယုံကြည်ခြင်းကို စဆန့်ကျင်လာတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လိုအတိုက်အခံပဲ ရင်ဆိုင်ရပါစေ၊ ဘယ်တော့မှ နောက်မတွန့်ခဲ့ဘူး။ ကိုယ့်တာဝန်ကို ဆက်လုပ်ခဲ့တယ်။ ကျွန်မ အများကြီး စွန့်လွှတ်ခဲ့တာပါ၊ ဒါဆို ဘာလို့များ ကျွန်မ ဒါကို ရင်ဆိုင်နေရပါလိမ့်ပေါ့။ ကျွန်မပေးဆပ်ခဲ့တဲ့ နှစ်တွေအားလုံးအတွက် ပြန်ရတဲ့အရာဟာ ဒါကြီးလား။ ကျွန်မအဲဒီလို မပြောခဲ့ပေမဲ့၊ ဘုရားက မဖြောင့်မတ်နေဘူးဆိုတဲ့ ဒီခံစားချက်က ကျွန်မကို ဒုက္ခပေးလာတယ်။ ကျွန်မအဆိုးမြင်လာတယ်၊ စိတ်ဓာတ်ကျပြီး တစ်ချိန်လုံး ငေါင်နေခဲ့တယ်။ မျှော်လင့်ချက်ကင်းမဲ့သွားပြီလို့ ခံစားခဲ့ရတယ်။ ကျွန်မဆိုးဆိုးရွားရွားခံစားပြီး တစ်ချိန်လုံး ငိုနေခဲ့တာ။

ကျွန်မဖတ်ခဲ့တဲ့ ဒီကျမ်းပိုဒ်တစ်ပိုဒ် ရှိတယ်။ “ဖြောင့်မတ်ခြင်းသည် တရားခြင်း သို့မဟုတ် ထိုက်သင့်ခြင်း အနည်းငယ်မျှ မရှိပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာ သည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့- ထိုအခါတွင်လည်း ဘုရားသခင်သည် ဖြောင့်မတ်ခဲ့ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ လူ၏ရှုထောင့်မှကြည့်လျှင် တစ်စုံတစ်ခု သည် လူတို့၏အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန်ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ သူ၏ဆုံးဖြတ်ချက်သည် ‘၎င်းတို့သည် အသုံးတည့်ပါက၊ ငါသည် ၎င်းတို့ကို ဖျက်ဆီးမည်မဟုတ်။ ၎င်းတို့ အသုံးမတည့်ပါက၊ ငါ ဖျက်ဆီးမည်။’ ဟူသည့် ဤအချက်အရ ဖြစ်သင့်သလော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် ဖောက်ပြန်ပျက်စီးသည့် လူတစ်ယောက်ကို သူဆန္ဒရှိသည့်အတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် သင့်တော်လိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။...ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုန့်ပြန်သနည်း။ ‘လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်းပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ပညာရှိသော လုပ်ဆောင်ချက်များအတွက် ကျွန်ုပ်မချီးမွမ်းဘဲ မည်သို့ နေနိုင်ပါအံ့နည်း။’ ယနေ့တွင် ဘုရားသခင်သည် လူတို့အား စာတန်က မည်သို့ ဖေါက်ပြန်ပျက်စီးစေကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မည်သို့ကယ်တင်ကြောင်း ပြသရန် စာတန်ကို ဖျက်စီးခြင်း မဟုတ်ကြောင်း သင်သဘောပေါက်သင့်သည်၊ နောက်ဆုံးတွင် လူများသည် စာတန်၏ နက်နက်နဲနဲ အလွန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရသောကြောင့် ၎င်းတို့သည် စာတန်၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည့် ကြောက်စရာကောင်းလှသည့် အပြစ်ကို တွေ့မြင်ရကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို တွေ့မြင်ကာ ယင်း၌ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ပါဝင်သည်ကို တွေ့မြင်ကြလိမ့်မည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် သင်မတွေးတတ်အောင် ခက်ခဲနက်နဲနိုင်သော်လည်း မိမိသဘောရှိ တရား မစီရင်သင့်ပေ။ ကိုယ်တော်ပြုသောအမှု တစ်စုံတစ်ရာသည် သင့်အတွက် ကျိုးကြောင်းမဆီလျော်သလို ထင်ရပါလျှင်၊ သို့မဟုတ် သင့်မှာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ၎င်းက ဘုရားသခင်သည် မဖြောင့်မတ်ဟု ပြောစေလျှင် သင်သာလျှင် ကျိုးကြောင်းမဆီလျော်ဆုံးသော သူဖြစ်သည်။ ပေတရုသည် အချို့သောအမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဥာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်သဘောပေါက်နည်း”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြခဲ့တယ်၊ ကိုယ်တော့်ဖြောင့်မတ်ခြင်းက ကျွန်မထင်သလို လုံးလုံး တရားမျှတပြီး သာတူညီမျှဖြစ်တာ မဟုတ်ဘူး၊ ကိုယ်ပေးတဲ့အတိုင်း ကိုယ်အတိအကျ ပြန်ရမယ်လို့ မဆိုလိုဘူးတဲ့။ ဘုရားက ဖန်ဆင်းရှင်ဖြစ်ပြီး သူ့ရဲ့တကယ့်အနှစ်သာရက ဖြောင့်မတ်တယ်၊ ဒါကြောင့် သူပေးပေး၊ ယူယူ ကျွန်မတို့ ကောင်းချီးခံစားရတာပဲဖြစ်ဖြစ်၊ စမ်းသပ်မှုတွေကတစ်ဆင့် ဒုက္ခခံရတာပဲဖြစ်ဖြစ်၊ အဲဒါတွေအားလုံးမှာ သူ့ဉာဏ်ပညာ ပါတယ်လေ။ အဲဒါတွေအားလုံးက ဖြောင့်မတ်တဲ့ သူ့စိတ်သဘောထားရဲ့ ထုတ်ဖော်မှုပဲ။ ယောဘက သူ့တစ်ဘဝလုံး ဘုရားကို ကြောက်ရွံ့ရင်း၊ မကောင်းမှုကို ရှောင်ရင်း ဘုရားရဲ့လမ်းခရီးကို လိုက်တယ်။ ဘုရားအမြင်မှာ သူက အပြစ်ဆိုစရာမရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့၊ ဘုရားက သူ့ကို စမ်းသပ်သေးတာပဲ။ စမ်းသပ်မှု တစ်ခုပြီးတစ်ခုမှာ သူ့ယုံကြည်မှုနဲ့ ဘုရားအပေါ် ကြောက်ရွံ့မှုတို့က တိုးလာခဲ့တယ်။ အဆုံးမှာ သူက ဘုရားအတွက် ထူးကဲတဲ့ သက်သေဖြစ်ခဲ့ပြီး စာတန်ကို လုံးလုံး အောင်နိုင်ခဲ့တယ်လေ။ အဲဒီနောက်မှာ ဘုရားက သူ့ဆီမှာ ပေါ်ထွန်းပြီး သူ့ကို ပိုလို့တောင် အများကြီး ကောင်းချီးပေးခဲ့တယ်။ အဲဒါက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြတာပဲ။ ပေါလုအကြောင်းလည်း ကျွန်မတွေးမိတယ်။ သူက အများကြီး ဒုက္ခခံခဲ့တယ်၊ သခင့်ဧဝံဂေလိကို ဖြန့်ဝေဖို့ နေရာအနှံ့ ခရီးသွားခဲ့တယ်၊ ဒါပေမဲ့ သူ့မှာ ဘုရားအပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံမှု၊ ကြောက်ရွံ့မှု မရှိခဲ့ဘူးလေ။ သူက ဘုရားရဲ့ကောင်းချီးတွေအတွက် သူ့အလုပ်ကြိုးစားမှုနဲ့ လဲလှယ်ချင်တာပဲရှိတာ။ အလုပ် အများကြီးလုပ်ပြီးနောက်မှာ၊ သူက ပြောခဲ့တယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုရဲ့ဖြည့်ဆည်းမှုတွေက သူ့ရဲ့ရည်မှန်းချက်တွေ၊ အလိုဆန္ဒတွေနဲ့ပြည့်နေပြီး အဲဒါတွေက အပေးအယူသဘောဆန်တယ်။ သူ့စိတ်သဘောထားက လုံးဝ မပြောင်းလဲသလို၊ သူက ဘုရားကို ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိခဲ့တယ်။ အဆုံးမှာ သူဟာ ဘုရားရဲ့အပြစ်ဒဏ်ပေးတာကို ခံခဲ့ရတယ်။ ကျွန်မတို့ တွေ့ရတာကတော့ လူတွေ ဘယ်လောက် အလုပ်လုပ်ပုံပေါ်လဲဆိုတာကို ဘုရားက မကြည့်ဘူး၊ သူ့ကို သူတို့ တကယ် ချစ်လား၊ နာခံလား သူတို့ရဲ့အသက်စိတ်သဘောထား ပြောင်းလားဆိုတာကိုပဲ ကြည့်တယ်။ ဒါက ဘုရားရဲ့သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ ပိုကောင်းတဲ့ သရုပ်သကန်ပဲ။ ကျွန်မပေးခဲ့တာပေါ်မူတည်ပြီး ပြန်ရမယ်၊ ကျွန်မရဲ့ဖြည့်ဆည်းမှုတွေနဲ့ ညီမျှတဲ့ဟာတစ်ခု ကျွန်မပြန်ရမယ်လို့ ထင်ခဲ့တာ။ အဲဒါဟာ ဘုရားရဲ့ဖြောင့်မတ်ခြင်းကနေ လုံးလုံး ကွဲပြားတဲ့ လူရဲ့ အပေးအယူသဘောဆန်တဲ့ အမြင်ရှုထောင့်ပဲ။ ကျွန်မက ယုံကြည်သူ တစ်ယောက်အနေနဲ့ ပေးဆပ်မှုတချို့ လုပ်ခဲ့တယ်၊ ကောင်းတာတချို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ လိုက်စားမှုနဲ့ပတ်သက်တဲ့ ကျွန်မရဲ့အမြင်ရှုထောင့်က မှားနေပြီး ဘုရားကို စစ်မှန်တဲ့ နာခံမှု ကျွန်မမှာ မရှိခဲ့ဘူး။ ကျွန်မသားလေး နေမကောင်း ဖြစ်လာတဲ့အခါ၊ ဘုရားကို အပြစ်တင်ပြီး ခုခံတုန်းပဲ။ ကျွန်မရဲ့စိတ်သဘောထားက မပြောင်းခဲ့ဘူး၊ ကျွန်မက ဘုရားကို ခုခံတဲ့၊ စာတန်နဲ့သက်ဆိုင်တဲ့သူ တစ်ယောက်ပဲ။ ကျွန်မက ဘုရားရဲ့ကောင်းချီးတွေနဲ့ လုံးဝမထိုက်တန်ခဲ့ပါဘူး။ ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ နားမလည်ခဲ့ဘူးဆိုတာ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ ကျွန်မရဲ့တာဝန်မှာ ပေးဆပ်မှုတချို့လုပ်ခဲ့တဲ့အတွက် ဘုရားက ကျွန်မသားလေးကို ကာကွယ်ပြီး စောင့်ရှောက်သင့်တယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ကျွန်မဟာ ဘုရားရဲ့အမှုကို လူရဲ့အပေးအယူသဘောဆန်တဲ့ အမြင်အရ ဝေဖန်နေခဲ့တာ မဟုတ်ဘူးလား။ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒါကို ကျွန်မတွေးမိတယ်။ “အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိသည်။ ဤခရီးပန်းတိုင်များကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဆိုးယုတ်သော အပြုအမူကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကံကြမ္မာကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မရဲ့ယုံကြည်ခြင်းမှာ စွန့်လွှတ်ခဲ့တာတွေရှိတော့ ဘုရားက ကျွန်မသားလေးကို ကုပေးသင့်တယ်ပေါ့။ မဟုတ်ရင်၊ သူ့ကို မဖြောင့်မတ်ဘူးလို့ ကျွန်မမြင်မိမှာ။ အဲဒါဟာ ကျွန်မက လုံးလုံး ယုတ္တိမရှိခဲ့တာပဲ။ ကျွန်မ အဖိုးအခ ဘယ်လောက် ပေးခဲ့ပါစေ၊ အဲဒါ ကျွန်မရဲ့တာဝန်လေ။ ပြီးတော့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မလုပ်သင့်တဲ့အရာလေ။ အဲဒါက ကျွန်မသားလေးရဲ့ရောဂါနဲ့ရော၊ သူ့ကံကြမ္မာတို့၊ သူ့ပန်းတိုင်တို့နဲ့ရော ဘာမှကိုမဆိုင်ဘူး။ အဲဒါကို ဘုရားနဲ့ညှိနှိုင်းဖို့၊ အပေးအယူလုပ်ဖို့၊ နိုင်ကွက်အနေနဲ့ ကျွန်မမသုံးခဲ့သင့်ဘူး။ ဒါကို နားလည်သွားတော့ ကျွန်မ တကယ်လွတ်မြောက်သွားတယ်လို့ ခံစားရတယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်ရတယ်။ အဲဒီကျမ်းပိုဒ်က မှားနေတဲ့ ကျွန်မအမြင်ရဲ့ အဖြစ်အနေကို ကျွန်မနားလည်အောင် ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့ထံ၌ အမှုအရာမည်မျှဖြစ်ပါစေ အန္တိခရစ်တစ်ဦး ဖြစ်သည့် လူစားမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် အမှုအရာများကို မြင်ဖို့ ကြိုးစားရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ကိုင်တွယ်ဖို့ မည်သည့်အခါမျှ မကြိုးစားပေ— ယင်းမှာ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်ကြောင်းကို မယုံကြည်သကဲ့သို့၊ ကိစ္စတိုင်း၌ လူများထားရှိသင့်သည်ဟု ဘုရားသခင်ပြောသည့် မှန်ကန်သည့်သဘောထားကို လက်မခံကြသောကြောင့် လုံးလုံးဖြစ်ပေသည်။ ၎င်းတို့ယုံကြည်သည့် ဘုရားအမျိုးအစား တစ်မျိုးသာ ရှိလေသည်။ အသေးစား နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသည့် ကွမ်ယင်နှင့် ဗုဒ္ဓတို့ကဲ့သို့ အယောင်ဆောင် ဘုရားများနှင့် အလားတူဖြစ်သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသည့် သဘာဝလွန်ဘုရားသခင်ဖြစ်သည်။...အန္တိခရစ်တို့၏စိတ်ထဲတွင် ဘုရားသခင်သည် ယဇ်ပလ္လင်နောက်၌ ကွယ်ဝှက်လျက် လူများပူဇော်သည့် အစားအစာများကို စားရင်း၊ သူတို့ထွန်းညှိသည့် အမွှေးတိုင်ကို ရှုသွင်းရင်း၊ သူတို့၏အသနားခံခြင်းများ၌ အလွန် စိတ်ထက်သန်ပါက— သူတတ်နိုင်စွမ်းသမျှ— သူတို့ပြဿနာတက်သည့်အခါ ကူညီရင်း၊ ထောက်ပံ့မှုများပေးပြီး သူတို့၏တောင်းဆိုမှုများကို ဖြည့်ဆည်းရင်း ကိုးကွယ်ခံသင့်သည်ဟူ၍ ယူမှတ်ကြလေသည်။ အန္တိခရစ်များအဖို့ ထိုသို့နတ်ဘုရားတစ်ပါးသာလျှင် ဘုရားသခင် ဖြစ်လေသည်။ သို့ရာတွင် ယနေ့ ဘုရားသခင်ပြုသမျှသည် အန္တိခရစ်တို့၏ အထင်သေးခြင်းကိုသာ ကြုံရလေသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အန္တိခရစ်တို့၏သဘာဝနှင့် အဖြစ်အနေကို သုံးသပ်ကြည့်ရလျှင် ၎င်းတို့လိုအပ်သည့်အရာသည် ဘုရားသခင်၏ ဖန်ဆင်းခံများအပေါ် ဖန်ဆင်းရှင် ဆောင်ရွက်သည့် ရေလောင်းပေးခြင်း၊ သိုးထိန်းခြင်းနှင့် ကယ်တင်ခြင်းတို့ မဟုတ်ဘဲ၊ အရာအားလုံး၌ ကြီးပွားချမ်းသာခြင်းနှင့် အောင်မြင်ခြင်း၊ ဤဘဝ၌ အပြစ်ဒဏ်ပေးမခံရဖို့နှင့် ၎င်းတို့သေဆုံးသည့်အခါ ကောင်းကင်ဘုံသွားဖို့တို့ ဖြစ်လေသည်။ ၎င်းတို့၏အမြင်ရှုထောင့်နှင့် လိုအပ်ချက်များက သမ္မာတရားကို ရန်လိုသည့် ၎င်းတို့၏အနှစ်သာရကို အတည်ပြုလေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အဖြစ်အနေကို ငြင်းပယ်ကြ၏ (အပိုင်း ၁)”) ဘုရားဆီက နှုတ်ကပတ်တော်တိုင်းဟာ ချက်ကောင်းကို တကယ်ထိတာပဲ။ ပြန်ဆန်းစစ်ရင်းနဲ့ ကျွန်မ သဘောပေါက်သွားတာက ကျွန်မရဲ့ယုံကြည်မှုမှာ လုပ်ခဲ့သမျှတွေအတွက် ဘုရားက ကျွန်မကို ပြန်ပေးသင့်တယ်၊ ကျွန်မကို ကောင်းချီးပေးသင့်တယ်၊ ကျွန်မမိသားစု လုံခြုံကျန်းမာအောင် သူလုပ်ပေးသင့်တယ်လို့ ကျွန်မ အမြဲ ခံစားခဲ့ရတယ်ဆိုတာပေါ့။ ဒါကြောင့် ကျွန်မသားလေးက သူ့ခွဲစိတ်မှုတွေအပြီးမှာ အများကြီးပိုသက်သာလာတာမြင်တော့ အဲဒါက ဘုရားရဲ့ကောင်းချီးလို့ ခံစားရပြီး၊ ကျွန်မက ကျေးဇူးတင်ပြီး ချီးမွမ်းမဆုံး ဖြစ်ခဲ့တာ။ ဒါပေမဲ့ သူထပ်ဆိုးလာတော့ သူရောဂါပျောက်ဖို့ ဘုရားကို နိမိတ်လက္ခဏာပြစေချင်ခဲ့တယ်။ ကျွန်မလိုချင်တာကို ဘုရားသခင်က မလုပ်တဲ့အခါမှာ၊ ကျွန်မက ပြုံးနေရာက ဒေါသတွေထွက်လာတယ်၊ ကျွန်မသားလေးကို ကာကွယ်ပြီး ကုပေးဖို့ ကျွန်မရဲ့ ပေးဆပ်မှုတွေအားလုံးကို ထည့်မတွက်တဲ့အတွက် ဘုရားကို စိတ်ဆိုးခဲ့တယ်။ ကျွန်မ ပေးဆပ်ခဲ့သမျှတွေအတွက်တောင် နောင်တရမိတယ်။ ကျွန်မစိတ်နေစိတ်ထားက ကျွန်မ တစ်ခုခု ရလား၊ ဆုံးရှုံးလားဆိုတာပေါ်မှာ မူတည်နေတယ်။ ကျွန်မရဲ့ယုံကြည်မှုမှာ ဘုရားကို ဖန်ဆင်းရှင်အနေနဲ့ မကိုးကွယ်ခဲ့သလို၊ မနာခံခဲ့ဘူး။ အဲဒီအစား သူ့ကို ကျွန်မရဲ့တောင်းဆိုမှုတွေ ဖြည့်ဆည်းဖို့နဲ့ ကျွန်မကို ကောင်းချီးပေးဖို့ အပြုခံတစ်ခုလို မြင်ခဲ့တယ်။ အဲဒါက ဗုဒ္ဓကိုဖြစ်ဖြစ်၊ ကွမ်ရင်ကိုဖြစ်ဖြစ် ကိုးကွယ်တဲ့ မယုံကြည်သူတွေနဲ့ ဘာကွာသေးလဲ။ အဲဒါက စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက် မဟုတ်ဘူး။ ဘုရားက လူ့ဇာတိခံပြီး ကမ္ဘာပေါ်ကို နှစ်ခါကြွလာခဲ့တယ်၊ ဆိုးရွားတဲ့ အရှက်၊ လူတွေရဲ့ရှုတ်ချခြင်း၊ ခုခံခြင်း၊ ပုန်ကန်ခြင်းနဲ့ အထင်လွဲခြင်းတွေကို သည်းခံတယ်။ အဲဒါတွေအားလုံးက ကျွန်မတို့ကို သူ့နှုတ်ကပတ်တော်တွေနဲ့၊ သမ္မာတရားကို ပေးဖို့လေ၊ သူ့နှုတ်ကပတ်တော်တွေနဲ့ သမ္မာတရားက ကျွန်မတို့ ဘဝ ဖြစ်လာအောင်၊ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ရှင်သန်ပြီး ဖောက်ပြန်ပျက်စီးခြင်းက လွတ်မြောက်လို့ နောက်ဆုံးမှာ ကယ်တင်ခံရအောင်ပေါ့။ ဘုရားက လူသားမျိုးနွယ်အတွက် တကယ် ကြီးမားတဲ့ အဖိုးအခကို ပေးခဲ့တယ်။ ကျွန်မယုံကြည်ခဲ့တဲ့နှစ်တွေမှာ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ အများကြီး ကျွန်မခံစားခဲ့ရတယ်၊ သမ္မာတရားတွေ အများကြီးရဲ့ ရေလောင်းပေးခြင်းနဲ့ အာဟာရတို့ကို ရတယ်။ ဒါပေမဲ့ ဘုရားအပေါ် ကျွန်မ ရိုးသားစစ်မှန်မှု လုံးဝမရှိခဲ့ဘူး။ အဲဒါဟာ သူ့အတွက် အရမ်းနာကျင်ရပြီး စိတ်ပျက်စရာကောင်းတာပဲ။ ကျွန်မက ဘုရားကို ပိုပို အကြွေးတင်လာတယ်လို စခံစားလာရပြီး ကျွန်မမျက်နှာပေါ်မှာ နောင်တနဲ့ လိပ်ပြာမလုံတဲ့ မျက်ရည်တွေကျလာပြီး သူ့ရှေ့မှာ ဒူးထောက်ခဲ့တယ်၊ ဘုရားကို ဆုတောင်းပြီး နောင်တရခဲ့တယ်။ “ဘုရားသခင်၊ သမီးက ဒီနှစ်တွေတစ်လျှောက် သမ္မာတရား မလိုက်စားဘဲ ယုံကြည်သူဖြစ်နေခဲ့ပါတယ်။ သမီးရဲ့သားလေး နာမကျန်းဖြစ်လို့ ကိုယ်တော့်အတွက် သက်သေမရပ်တည်နိုင်ခဲ့ဘဲ၊ ကိုယ်တော့်ကို စိတ်ပျက်စေခဲ့ပါတယ်။ ဘုရားသခင်၊ သမီး ကိုယ်တော့်ကို အကြွေးတင်နေပါပြီ။ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်၊ သမီးရဲ့သားလေး နေကောင်းကောင်း မကောင်းကောင်း၊ ကိုယ်တော့်အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံဖို့ အသင့်ပါပဲ။ ကျေးဇူးပြုပြီး သမီးကို ယုံကြည်ခြင်းပေးတော်မူပါ” ပေါ့။ အဲဒီလိုဆုတောင်းပြီးတော့ ကျွန်မအပေါ်က ဝန်အကြီးကြီး မလိုက်သလို ခံစားခဲ့ရတယ်။ ကျွန်မ သိပ်ပေါ့သွားပြီး အရင်ကလို ကျွန်မသားလေးရဲ့ရောဂါနဲ့ပတ်သက်လို့ စိတ်မပူနေတော့ဘူး။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်ရတယ်။ အဲဒါက ဒါတွေအားလုံးနဲ့ပတ်သက်တဲ့ နားလည်မှုအသစ် ကျွန်မကို ပေးခဲ့တယ်လေ။ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုကြောင့် ဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ကျွန်မတို့ တာဝန်တွေကို လုပ်တာဟာ ကောင်းချီးခံစားရတာ၊ အကျိန်ခံရတာနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို ဒါက ပြခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဘုရားရဲ့မေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မ ကိုယ့်တာဝန်ကို လုပ်သင့်တယ်။ အဲဒါက မှန်ကန်ပြီး သင့်တော်တယ်လေ။ အဲဒါဟာ မိဘတွေက ကလေးတွေကို အရွယ်ရောက်လာအောင် ကျွေးမွေးပြုစုသလိုပဲ- သူတို့သားသမီးတွေက သားသမီးဝတ်ကျေပွန်သင့်တယ်။ ပိုင်ဆိုင်မှုကို အမွေဆက်ခံတာမျိုး မဖြစ်သင့်ဘူး။ အခြေအနေအရ မဖြစ်သင့်ဘူး။ လုပ်သင့်တဲ့ အခြေခံအကျဆုံးအရာပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်မှာ ဘုရားရဲ့ချစ်ခြင်းကို ဘယ်လိုပေးဆပ်ရမလဲ မတွေးနေခဲ့ဘူး။ အဲဒီအစား ဘုရားပေးတဲ့တာဝန်ကို ဘုရားနဲ့အပေးအယူလုပ်ဖို့ နိုင်ကွက်အနေနဲ့ ကျွန်မသုံးချင်ခဲ့တယ်။ ကျွန်မပေးတဲ့ နည်းနည်းလေးအတွက် ဘုရားဆီက ကျေးဇူးတော်နဲ့ ကောင်းချီးတွေ တောင်းတယ်။ အဲဒါတွေမပါတော့၊ ဘုရားကို ကျွန်မအပြစ်တင်တယ်။ ကျွန်မမှာ အသိစိတ်တစ်စက်မှ မရှိသလို၊ ဘုရားကို တကယ်စိတ်ပျက်စေခဲ့တာပါ။ ကျွန်မသားလေး နေမကောင်းဖြစ်ပြီးတော့ ကျွန်မမှာ တောင်းဆိုမှုတွေအပြည့်နဲ့၊ ဘုရားကို အမြဲ အထင်လွဲပြီး အပြစ်တင်တယ်။ ဒီလိုတွေးမိတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိပ်မုန်းသွားရော။ ကျွန်မ တိတ်တိတ်လေး သန္နိဌာန်ချလိုက်တယ်၊ ကျွန်မသားလေး သက်သာလာလာမလာလာ၊ ဘုရားကို ထပ်အပြစ်မတင်တော့ဘူးလို့ပေါ့။ အဲဒီနောက်မှာ ကျွန်မသားလေး အခြေအနေ ပိုဆိုးဆိုးလာတယ်။ သူ့ကျန်းမာရေးက တဖြည်းဖြည်းနဲ့ သိသိသာသာကို ဆိုးလာတယ်။ ကျွန်မနာကျင်ရပြီး ခံစားရပေမဲ့၊ စိတ်ထဲမှာတော့ ပိုလွတ်လပ်သွားတယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ခဲ့ရတယ်။ “ဘုရားသခင်သည် ဘုရားသခင်၏ ဖန်ဆင်းခံများအားလုံး၏ ဇာစ်မြစ်၊ ပေါ်ထွန်းမှု၊ သက်တမ်း၊ အဆုံးသတ်တို့အပြင်၊ လူသားမျိုးနွယ် တစ်ရပ်လုံး၌ ၎င်းတို့အသက်တာ၏ တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အခန်းကဏ္ဍတို့ကို အပြည့်အဝ စီစဉ်နှင့်ပြီးဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာများကို မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဩဇာအာဏာဖြစ်သည်။ ဖန်ဆင်းခံတိုင်း၏ ပေါ်ထွန်းမှု၊ ၎င်းတို့ အချိန်မည်မျှကြာ အသက်ရှင်သည်၊ ၎င်းတို့အသက်တာ၏ တာဝန်- ဤဥပဒေသများအားလုံး တစ်ခုချင်းစီတိုင်းကို ဘုရားသခင်က စီမံထားသည်မှာ အာကာသဗိမာန်တိုင်း၏ ပတ်လမ်းကို ဘုရားသခင် စီမံထားသကဲ့သို့ပင် ဖြစ်လေသည်။ ဤအာကာသဗိမာန်များသည် မည်သည့် ပတ်လမ်းကို လိုက်သည်၊ နှစ်ပေါင်းမည်မျှ လိုက်သည်၊ ၎င်းတို့ မည်သို့ ပတ်သည်၊ ၎င်းတို့ မည်သည့် ဥပဒေသများကို လိုက်နာသည်- ဤအရာများအားလုံးကို ဘုရားသခင်က လွန်လေပြီးသော အချိန်ကြာမြင့်စွာက စီမံထားခဲ့ကာ နှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာ မပြောင်းလဲခဲ့ဘဲ ရှိလေသည်။ ဤသည်ကို ဘုရားသခင်က စီမံထားခြင်းဖြစ်ပြီး ဤသည်မှာ သူ၏ဩဇာအာဏာ ဖြစ်လေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်”) အဲဒါမှန်တယ်။ ဘုရားက ဖန်ဆင်းရှင်ပါ၊ ကျွန်မတို့ သက်တမ်းက သူ့လက်ထဲမှာရှိတာ။ ကျွန်မတို့ ဘယ်လောက်အသက်ရှင်တယ်၊ ကျွန်မတို့ ဘယ်လောက်ဒုက္ခခံတယ်၊ ကျွန်မတို့ ဘယ်လောက် ကောင်းချီးခံစားရတယ်ဆိုတာတွေက ဘုရားလက်ထဲမှာပဲ။ လူတစ်ယောက်က ကောင်းမှုပြုခဲ့ရုံနဲ့ ဘုရားက သူ့သက်တမ်းကို တိုးပေးမှာ မဟုတ်သလို၊ မကောင်းမှုတွေ အများကြီးလုပ်ခဲ့လို့လည်း ဘုရားက သူ့ဘဝကို စောစော အဆုံးသတ်မှာ မဟုတ်ဘူး။ လူတစ်ယောက်က ကောင်းကောင်း၊ ဆိုးဆိုး၊ သူ့အချိန်ကျလာရင်၊ ဘုရားက သူ့အသက်ကို ယူလိုက်မှာပဲ။ အဲဒါကို ဘယ်သူမှ ပြောင်းလို့မရပါဘူး။ ကျွန်မသားလေး ဘယ်လောက်အသက်ရှည်မယ်ဆိုတာကို ဟိုးအရင်ကတည်းက ဘုရားက ဆုံးဖြတ်ခဲ့တာပါ။ ဘုရားဘာပဲလုပ်လုပ် ဖြောင့်မတ်တယ်၊ ကျွန်မက သူ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံဖို့ပဲလိုတာပါ။ ဒါကို နားလည်သွားတော့ ကျွန်မနာကျင်မှုတချို့က သက်သာသွားတယ်။ ကျွန်မသားလေး ဘယ်လိုပဲနေနေ ကျွန်မက ဖန်ဆင်းခံရဲ့တာဝန်ကို ထမ်းပြီး ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးရမယ်။

ဒီနှစ် မတ်လမှာ၊ ကျွန်မသားကို အပြီးအပိုင်နှုတ်ဆက်ခဲ့ရတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့် သူထွက်ခွာသွားတာကို ကျွန်မ မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ခဲ့တယ်လေ၊ ကျွန်မ သိပ်မခံစားလိုက်ရဘူး။ ကျွန်မသားလေး နေမကောင်းဖြစ်ပြီးကတည်းက နှစ်နှစ်လုံးမှာ ကျွန်မ တော်တော် ဒုက္ခရောက်ခဲ့ပေမဲ့၊ ဒါတွေအားလုံးကနေတစ်ဆင့်ပဲ ကျွန်မရဲ့ယုံကြည်ခြင်းမှာ ကောင်းချီးတွေကို ကျွန်မလိုက်စားမှုရဲ့ စက်ဆုပ်စရာ ရည်မှန်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေကို တွေ့လိုက်ရတယ်။ ကျွန်မက စာတန်ရဲ့ဖျက်ဆီးတာကို တော်တော်ခံထားရတာနဲ့ ဒီဖောက်ပြန်ပျက်စီးခြင်းက မပြေလည်ရင်၊ ဘုရားကို ဆက်အပြစ်တင်ပြီး ခုခံနေမယ်ဆိုတာကို တွေ့လိုက်ရတယ်။ ဒီအခက်အခဲက ကျွန်မဘဝမှာ ဘယ်လောက် အကျိုးပေးခဲ့တယ်ဆိုတာကို ဒီအတွေ့အကြုံက ကျွန်မကို တကယ်ပြခဲ့တယ်။ ဘုရားရဲ့လုပ်ဆောင်ချက်တွေက ကျွန်မတို့အယူအဆတွေနဲ့ ပိုသွေဖည်လေလေ၊ ရှာဖို့ သမ္မာတရားက ပိုများပြီး အဲဒါဟာ ကျွန်မတို့ ကယ်တင်ခြင်းအတွက် ပိုဖြစ်လေပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပုဂ္ဂိုလ်ရေး ကလဲ့စားချေခြင်းအတွက် အာဏာကို အလွဲသုံးစားလုပ်ခြင်း၏ အနှစ်သာရ

ဇိုလီ၊ စင်တိုင်မြို့၊ ရှန်ဒုံစီရင်စု လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က ကျွန်မတို့၏ ဧရိယာအတွင်း ဒေသများကို သတ်မှတ်ရန်လိုအပ်ခဲ့ပြီး...

ဧဝံဂေလိကို ကောင်းစွာ ဟောပြောရာတွင် တာဝန်ယူမှုသည် အဓိကကျ၏

မာရီ အိုင်ဗရီကို့စ်နိုင်ငံ အစ်မက ကိုယ့်တာဝန်တွေကို အလေးအနက် မထားဘဲ၊ တော်တော်ကို ပေါ့လျော့ခဲ့ဖူးတယ်။ များသောအားဖြင့် ပေါ့ပေါ့တန်တန်ပဲ...

ဘုရားကို မကြောက်ရွံ့ခြင်းသည် အန္တရာယ်ရှိသော လမ်းတည်း

ရှောင်မော့ စပိန်နိုင်ငံ မနှစ်က စပြီး လူသစ်အသင်းတော်တစ်ပါးမှာ ရေလောင်းအလုပ်ကို ကျွန်မတာဝန်ယူခဲ့တယ်။ တစ်ကြိမ် အစည်းအဝေးမှာ ဧဝံဂေလိအသင်းကို...

စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

ချမ်မိုရမ်၊ ဟီနန်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။