သူတစ်ပါးကို ပျိုးထောင်ပေးခြင်းက ကျွန်ုပ်ကို ထုတ်ဖော်လိုက်သည်

18.03.2026

ရှောင်ရှီး၊ တရုတ်ပြည်

၂၀၂၁ ခုနှစ်၊ ဇွန်လ တစ်ရက်မှာ၊ ကျွန်တော် ခေါင်းမူးပြီး နေလို့မကောင်းတာနဲ့ သွေးပေါင်ချိန်စစ်ကြည့်လိုက်တော့ အပေါ်သွေးက ၂၀၀ ကျော်ပြီး အောက်သွေးက ၁၂၀ ရှိနေတယ်။ နောက်ပိုင်း ဆေးသောက်လိုက်တော့ ကျသွားပေမဲ့ တစ်ခါတလေကျရင် အပေါ်သွေးက ၁၆၀ ထိ တက်တက်လာပြီး ခေါင်းကိုက်၊ ခေါင်းမူးတာတွေ ဖြစ်တုန်းပါပဲ။ ကျွန်တော် စပြီးစိုးရိမ်လာတယ်။ ဒီလို သွေးတိုးအမြင့်ကြီးနဲ့ နေ့တိုင်း ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေရတာဆိုတော့ ကျွန်တော် တွေးမိတယ်၊ “ဒီတိုင်းသာ ဆက်သွားရင် ရောဂါပိုဆိုးလာပြီး တာဝန်မထမ်းဆောင်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆို ငါ ကယ်တင်ခြင်းခံရပါဦးမလား” ပေါ့။ ဒါကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိပ်မခိုင်းချင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်က အသင်းတော်ခေါင်းဆောင်ဖြစ်နေတော့ နေ့တိုင်း အလုပ်တွေကို လိုက်လုပ်ရတယ်။ ဒါ့အပြင် ကျွန်တော်နဲ့ တွဲလုပ်တဲ့ ညီအစ်ကိုမောင်နှမ နှစ်ယောက်ကလည်း အခုမှ စလေ့ကျင့်ကာစဆိုတော့ ကျွန်တော်က ပိုပြီး ဝန်ထမ်းရတာပေါ့။ ကျွန်တော် နည်းနည်း မကျေမနပ် စဖြစ်လာပြီး ဒီလို စိတ်ဖိစီးမှုများလို့ သွေးပေါင် ပိုတက်လာမှာကို စိုးရိမ်ခဲ့မိတယ်။ ရောဂါအကြောင်းပဲ အမြဲ စိုးရိမ်နေမိတော့ ကိုယ့်တာဝန်မှာ စိတ်မနှစ်မိဘူး။ စည်းမျဉ်းအမျိုးမျိုးကို အပေါ်ယံလောက်ပဲ ဖတ်ပြီး စာသား အဓိပ္ပာယ်တချို့လောက်ပဲ နားလည်ခဲ့တယ်၊ ဒါပေမဲ့ ဒါတွေကို တာဝန်မှာ လက်တွေ့ အသုံးမချနိုင်ခဲ့ဘူး။ အလုပ်ရလဒ်တွေ မကောင်းတာ တွေ့ရတဲ့အခါ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ရှာဖွေရာမှာ ဘာအားထုတ်မှုအစစ်အမှန်မှ မထည့်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ဒါကို ကိုယ်ဖိရင်ဖိလုပ်လိုက်ရင် သွေးပေါင် တက်လာမှာကို အမြဲ ကြောက်နေခဲ့လို့လေ။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်တော် ခဏခဏ ခေါင်းကိုက်၊ ခေါင်းမူး ဖြစ်လာလို့ ဧည့်ခံတဲ့မိသားစုက ညီအစ်ကိုက ဆေးရုံမှာ ဆေးစစ်ဖို့ တိုက်တွန်းတယ်။ နောက်ပိုင်းမှာ၊ ဦးနှောက်သွေးကြောပိတ်သွားတာ၊ အမြန်ကုဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်။ ပိုဆိုးလာရင် လေဖြတ်နိုင်တယ်၊ အသက်အန္တရာယ်တောင် ရှိနိုင်တယ်လို့ သတိပေးတယ်။ အခြေအနေ တကယ်ဆိုးသွားရင် ကျွန်တော် တာဝန်မထမ်းဆောင်နိုင်တော့မှာကို စိုးရိမ်မိတယ်။ အဲဒီလိုဆိုရင် ကယ်တင်ခံရဖို့ ကျွန်တော့်မျှော်လင့်ချက်တွေ အကုန် ပျောက်သွားမှာ မဟုတ်ဘူးလား။ ချက်ချင်း ကုသမှု ခံယူချင်ခဲ့ပေမဲ့ အသင်းတော်ခေါင်းဆောင်တစ်ယောက် အဖမ်းခံရပြီး ယုဒဖြစ်သွားတယ်၊ ချက်ချင်း ပြောင်းရွှေ့ဖို့လိုတယ်ဆိုတဲ့ စာကို ကျွန်တော် ရလိုက်တယ်။ အဲဒီနောက်မှာ ဆေးရုံပြန်မသွားရဲတော့ဘူး။ နောက်ပိုင်းမှာ ကျွန်တော် စာနဲ့ပတ်သက်တဲ့ တာဝန်ကို စထမ်းဆောင်ခဲ့တယ်။ မနက်ခင်းတစ်ခုမှာ အိပ်ရာထဖို့လုပ်တော့ ခေါင်းမူးပြီး ပျို့အန်တက်လာလို့ မတ်တတ်တောင် မရပ်နိုင်ခဲ့ဘူး။ ပြန်လှဲနေလိုက်ရတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့မှာ သွေးတိုးရော၊ ဦးနှောက်သွေးကြောပိတ်တာရော ရှိပြီးသား။ ဦးနှောက်သွေးကြောပိတ်တာ ပိုဆိုးလာပြီး သွေးကြောပိတ်သွားတာများ ဖြစ်နိုင်မလား” လို့ပေါ့။ အိမ်ပြန်ကုချင်ပေမဲ့ ရဲက လိုက်နေတုန်းဆိုတော့ ပြန်မသွားနိုင်ခဲ့ဘူး။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး နာမကျန်းမှုကို ဘယ်လိုကြုံတွေ့ရမယ်ဆိုတာ မိတ်သဟာရဖွဲ့ထားတဲ့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ နောက်တစ်နေ့မှာ ခေါင်းမူးတာ နည်းနည်း သက်သာသွားတယ်။ နှစ်လလောက်ကြာတော့ ကျန်းမာရေး တော်တော်ပြန်ကောင်းလာပေမဲ့ စိုးရိမ်ပူပန်မှုတွေထဲမှာ နေနေတုန်းပဲ။ ဦးနှောက် ပိုသုံးရင် ပင်ပန်းပြီး ရောဂါပိုဆိုးလာမှာ ကြောက်လို့ တာဝန်မှာ အဖိုးအခ ပေးဖို့ သိပ်မလိုလားဘူး ဖြစ်လာခဲ့တယ်။ လက်ထဲရှိတဲ့အလုပ် ပြီးပြီးရောဆိုပြီး ဝတ်ကျေတမ်းကျေပဲ လုပ်တော့တယ်။ ဆောင်းပါးတွေကို စိစစ်တဲ့အခါမှာ အာရုံမစိုက်ခဲ့ဘူး၊ အဲဒါကြောင့် ကိုယ် ရွေးချယ်လိုက်တဲ့ ဆောင်းပါးတွေက အရည်အသွေးညံ့ဖျင်းခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ညီအစ်ကိုကျန့်က ကျွန်တော်နဲ့ တွဲလုပ်ဖို့ အဖွဲ့ထဲ ရောက်လာတော့ ကျွန်တော် နည်းနည်း ဝန်ပေါ့သွားတာကို ခံစားလိုက်ရတယ်။ သူ့တာဝန်ပေါ်မှာ လုံးဝ အာရုံစိုက်ထားတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော့်မှာ အားကျစိတ်နဲ့ ပြည့်သွားတယ်။ “ငါသာ သူ့လို ကျန်းမာရင်တော့ကွာ” လို့ တွေးမိတာပေါ့။ “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ငါ့ကျန်းမာရေးက တော်တော် ဆိုးလာတာ။ သွေးတိုးနဲ့၊ ဦးနှောက်သွေးကြောပိတ်တာတင်မဟုတ်ဘူး၊ နားအူတာပါ ဖြစ်နေတာ။ တာဝန်ထမ်းဆောင်နေတုန်း ခဏခဏ ခေါင်းမူးပြီး ခေါင်းနောက်နေတတ်တယ်။ ညာဘက်လက်မောင်းကလည်း နည်းနည်း ထုံနေတယ်၊ သွေးလည်ပတ်မှု မကောင်းလို့ ဖြစ်တာနေမှာ။ အခု အသက် ခြောက်ဆယ်ကျော်နေပြီ၊ ခုခံအားကလည်း မကောင်းဘူး။ ဒီလိုကျန်းမာရေးနဲ့ တစ်နေ့နေ့များ လေဖြတ်ပြီး တာဝန်မထမ်းဆောင်နိုင်တော့ရင် အသုံးမကျတဲ့လူ ဖြစ်သွားပြီး ကယ်တင်ခံရဖို့နဲ့ ကောင်းကင်နိုင်ငံတော် ဝင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ မဟုတ်လား။ ဒီနှစ်တွေတစ်လျှောက်လုံး ငါပေးဆပ်ခဲ့တဲ့ အဖိုးအခတွေနဲ့ ခံစားခဲ့ရတဲ့ ဒုက္ခတွေက အလဟဿ ဖြစ်သွားမှာမဟုတ်ဘူးလား” လို့ပေါ့။ အဲဒါကို တွေးမိပြီး ကျွန်တော် နည်းနည်း စိတ်မချမ်းမသာဖြစ်မိတယ်။ ညီအစ်ကိုကျန့်က ရောဂါကြုံရတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေသင့်ကြောင်း ကျွန်တော့်ကို မိတ်သဟာယပြုပေးတယ်။ ကျွန်တော် နည်းနည်း စိတ်ပျက်သွားတယ်၊ သူက ကျွန်တော်ကြုံနေရတာတွေကို လုံးဝ နားမလည်နိုင်ပါဘူးလို့ တွေးမိတာကိုး။ ဒါပေမဲ့ နောက်တော့ ကိုယ့်ကျန်းမာရေးကြောင့် နှစ်နဲ့ချီပြီး စိတ်ဆင်းရဲမှုတွေ၊ စိုးရိမ်မှုတွေနဲ့ အမြဲ နေထိုင်ခဲ့ရတယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့ တစ်ခါမှ စိတ်မနှစ်ခဲ့ဘူးဆိုတာကို ကျွန်တော် စဉ်းစားမိလိုက်တယ်။ ကျွန်တော့်အခြေအနေ မမှန်တာ သိလိုက်ရတော့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သားအပေါ် ဒီရောဂါ ကျရောက်လာခြင်းမှာ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာကို သား သိပါတယ်။ သမ္မာတရားကို နားလည်ပြီး သင်ခန်းစာယူနိုင်ဖို့ သားကို ဦးဆောင်တော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နည်းနည်း ပိုနားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော့်တို့အပေါ်မှာ ရောဂါဝေဒနာတွေ ကျရောက်လာခြင်းက သူ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်ပြီး ကျွန်တော်တို့ကို ပြောင်းလဲပြီး သန့်စင်ဖို့အတွက်ဖြစ်မှန်း ကျွန်တော် မြင်ခဲ့ရတယ်။ သမ္မာတရားကို လိုက်စားတဲ့သူတွေက ရောဂါကနေတစ်ဆင့် သင်ခန်းစာတွေ ယူနိုင်ပြီး ဘုရားသခင်ကို စစ်မှန်တဲ့ ကျိုးနွံနာခံမှု ရရှိနိုင်ကြတယ်။ ဒါပေမဲ့ ကျွန်တော့်အပေါ် ရောဂါ ကျရောက်လာတုန်းက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေခဲ့သလို ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်သုံးသပ်တာ၊ သိမြင်တာ မရှိခဲ့ဘူး။ ရောဂါဝေဒနာထဲမှာပဲ အမြဲ နေထိုင်ပြီး လေဖြတ်သွားလို့ တာဝန်မထမ်းဆောင်နိုင်ရင်၊ သေပါ သေသွားခဲ့ရင်၊ ကယ်တင်ခံရဖို့နဲ့ ကောင်းကင်နိုင်ငံတော် ဝင်ရမယ့် မျှော်လင့်ချက် လုံးဝ ပျက်စီးသွားမှာကိုပဲ စိုးရိမ်နေခဲ့တာလေ။ ရောဂါပိုဆိုးလာမှာ စိုးရိမ်တာကြောင့် ကိုယ့်တာဝန်မှာ ဝန်တာထားစိတ် မရှိခဲ့ဘဲ ကိုယ့်ခန္ဓာကိုယ် ပင်ပန်းသွားမှာကို ကြောက်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ရောဂါကနေ သင်ခန်းစာယူဖို့ ကျွန်တော့်ကို မိတ်သဟာယပြုပေးတုန်းကလည်း ကျွန်တော် လက်မခံခဲ့သေးဘူး။ “ခင်ဗျားတို့အတွက် ပြောရတာ လွယ်တာပေါ့၊ ရောဂါဝေဒနာ ခံစားနေရတဲ့သူမှ မဟုတ်တာ” လို့ တွေးခဲ့တယ်။ တခြားလူတွေ ကျန်းမာရေးကောင်းတာကို အမြဲ အားကျပြီး ဘုရားသခင်က ကျွန်တော့်ကို ကျန်းမာတဲ့ခန္ဓာကိုယ် မပေးဘူးဆိုပြီး ညည်းညူခဲ့တယ်။ သမ္မာတရားကို မရှာဖွေခဲ့သလို၊ သင်ခန်းစာယူဖို့လည်း နည်းနည်းလေးမှ မကြိုးစားခဲ့ဘူး။ သမ္မာတရားကို ရရှိဖို့၊ သန့်စင်ခြင်းခံရဖို့၊ ပြောင်းလဲခြင်းခံရဖို့ ကျွန်တော် ဘယ်လိုများ မျှော်လင့်နိုင်မှာလဲ။

နောက်ပိုင်းမှာ ကျွန်တော့်ပြဿနာတွေနဲ့ပတ်သက်ပြီး သမ္မာတရားကို စရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “လူ၏ ဤအိုမင်းသည့် ခန္ဓာနှင့် ပတ်သက်လာသည့်အခါ မည်သည့် နာမကျန်းဖြစ်ခြင်းကို လူတို့ ရရှိသည်မှာ အရေးမကြီးပေ၊ ၎င်းတို့ သက်သာနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အတိုင်းအတာထိ ၎င်းတို့ ဆင်းရဲဒုက္ခခံရသည်ဖြစ်စေ၊ ထိုအရာတစ်ခုမျှသည် ၎င်းတို့ သဘောအတိုင်း မဟုတ်၊ အားလုံး ဘုရားသခင်၏လက်တွင် ရှိ၏။ သင်နာမကျန်းဖြစ်သည့်အခါ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံပြီး ဤအမှန်တရားကို သည်းညည်းခံကာ လက်ခံရန် လိုလားလျက်ရှိပါက သင့်ထံတွင် ဤနာမကျန်းဖြစ်ခြင်း ရှိနေလိမ့်ဦးမည်ဖြစ်သည်။ ဤအချက်ကို သင် လက်မခံပါက ဤနာမကျန်းဖြစ်ခြင်းကို သင် ဖယ်ရှားနိုင်ဦးမည်မဟုတ်၊ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်၏။ သင်သည် သင်၏ နာမကျန်းမှုကို တစ်ရက်တာ အပြုသဘောဆောင်စွာ ရင်ဆိုင်နိုင်သည်၊ သို့မဟုတ် တစ်ရက်တာ အပျက်သဘောဆောင်စွာ ရင်ဆိုင်နိုင်သည်။ ဆိုလိုသည်မှာ သင်၏ သဘောထားက မည်သို့ဖြစ်ပါစေ သင် နာမကျန်းဖြစ်သည်ဆိုသည့် အချက်ကို သင် မပြောင်းလဲနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄))ပုံမှန်လူများ နာမကျန်းဖြစ်ကြသည့်အခါ ၎င်းတို့ အမြဲ ဝေဒနာခံစားကာ စိတ်မချမ်းမြေ့ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ သည်းညည်းခံနိုင်သည့် အကန့်အသတ်တစ်ခု ရှိကြလေသည်။ သို့ရာတွင် မှတ်သားရမည့်အရာတစ်ခု ရှိ၏။ လူတို့သည် နာမကျန်းဖြစ်သည့်အခါ မိမိတို့၏ နာမကျန်းဖြစ်ခြင်းကို မိမိတို့ဘာသာ ဖယ်ရှားပြီး လွတ်မြောက်ရန် မိမိတို့ကိုယ်ပိုင် စွမ်းရည်အပေါ် အားထားဖို့ အမြဲ တွေးပါက အဆုံးသတ်ရလဒ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့၏ နာမကျန်းဖြစ်ခြင်းအပြင် သာ၍ပင် ၎င်းတို့ ဝေဒနာခံစားပြီး စိတ်မချမ်းမြေ့ဖြစ်ကြမည် မဟုတ်လော။ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကို နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရသည်ကို တွေ့ရလေ၊ သမ္မာတရားကို ၎င်းတို့ သာ၍ ရှာဖွေသင့်လေဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းကို ရှာဖွေသင့်လေ ဖြစ်သည်။ လူတို့သည် နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရလေ၊ ဘုရားသခင် ရှေ့မှောက်သို့ ၎င်းတို့ သာ၍ လာသင့်ပြီး မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့ ပြုလုပ်သည့် မလျော်ကန်သော တောင်းဆိုချက်များကို ၎င်းတို့ သိရှိသင့်လေ ဖြစ်သည်။ သင်သည် နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရလေ၊ သင်၏ စစ်မှန်သော ကျိုးနွံနာခံမှုသည် သာ၍ စစ်ဆေးခံရလေဖြစ်သည်။ ထို့ကြောင့် သင် နာမကျန်းဖြစ်သည့်အခါ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို သင်၏ ဆက်လက် ကျိုးနွံနာခံနိုင်စွမ်းနှင့် သင်၏ ကိုယ်ပိုင် မကျေနပ်ချက်များ၊ ယုတ္တိမတန်သည့် တောင်းဆိုချက်များကို ပုန်ကန်နိုင်စွမ်းက သင်သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူတစ်ဦးဖြစ်ကြောင်း၊ သင်သည် သက်သေခံနေကြောင်း၊ ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စစ်မှန်ပြီး စမ်းသပ်စစ်ဆေးမှုကို အောင်မြင်နိုင်ကြောင်းနှင့် ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် ဆောင်ပုဒ်များနှင့် အယူဝါဒမျှသာ မဟုတ်ကြောင်း ပြသပေသည်။ ဤသည်မှာ နာမကျန်းဖြစ်သည့်အခါ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာ ဖြစ်သည်။ သင် နာမကျန်းဖြစ်သည့်အခါ ထိုအရာမှာ သင်၏ ယုတ္တိမတန်သော တောင်းဆိုချက်များနှင့် ဘုရားသခင်အကြောင်း သင်၏ လက်တွေ့မကျသည့် စိတ်ကူးစိတ်သန်းများ၊ အယူအဆများကို ထုတ်ဖော်ပြသရန် ဖြစ်ပြီး ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် သင်၏ ကျိုးနွံနာခံမှုတို့ကိုလည်း စမ်းသပ်စစ်ဆေးရန် ဖြစ်သည်။ ဤအရာများနှင့်ပတ်သက်သည့် စမ်းသပ်စစ်ဆေးခြင်းကို သင် အောင်မြင်ပါက သင်သည် စစ်မှန်သည့် သက်သေခံချက်နှင့် ဘုရားသခင်၌ သင့်ယုံကြည်ခြင်း၊ ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် သူ့ကို သင်၏ ကျိုးနွံနာခံခြင်းတို့နှင့်ဆိုင်သော စစ်မှန်သော သက်သေအထောက်အထား ရှိပေသည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့်အရာဖြစ်ပြီး အဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်ကာ အသက်ရှင်နေထိုင်သင့်သည့် အရာဖြစ်သည်။ ဤအရာများအားလုံးသည် အပြုသဘောဆောင်ကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်က ကျွန်တော်တို့ ရောဂါကြုံရတဲ့အခါ မှန်ကန်တဲ့ အမြင်ရှုထောင့်နဲ့ လက်တွေ့ကျင့်သုံးရမယ့် လမ်းကြောင်းကို ညွှန်ပြထားတယ်။ အဲဒါကတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို စိတ်ရင်းနဲ့ ယုံကြည်ပြီး ကျိုးနွံနာခံဖို့၊ ရောဂါကို ကိုယ့်ဘာသာ ကြိုးစားပြီး မဖယ်ရှားဖို့ပါပဲ။ အဲဒါက ဒုက္ခဆင်းရဲကို ပိုဖြစ်စေရုံပဲ ရှိမှာ။ ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာလည်း လက်တွေ့အတွေ့အကြုံတချို့ ရှိခဲ့တယ်။ သွေးပေါင် ၂၀၀ ကျော်တုန်းက ကျွန်တော် ကြောက်ခဲ့တာပေါ့။ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုမစိုက်မိရင်၊ ဒါမှမဟုတ် မတော်တဆ ချော်လဲသွားရင် လေဖြတ်သွားမယ်၊ သေတောင် သေသွားနိုင်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ တာဝန်မှာ အများကြီး ဦးနှောက်ကို အလုပ်ပေးမိရင် ရောဂါပိုဆိုးလာပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာ ကြောက်လို့ စိတ်ဆင်းရဲစရာ၊ စိုးရိမ်စရာကောင်းတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲမှာပဲ အမြဲ နေထိုင်ခဲ့တယ်။ ဒါက ကျွန်တော့် ကိုယ်ရော၊ စိတ်ပါ ဖိအားတွေ၊ နာကျင်မှုတွေ အများကြီး ဖြစ်စေခဲ့ပြီး တာဝန်ကို ထိခိုက်စေခဲ့တယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်တော် မသိလို့ ဖြစ်ရတာ မဟုတ်ဘူးလား။ တကယ်တော့ ကျွန်တော့်ရောဂါက စိုးရိမ်ရသည်ဖြစ်စေ၊ မစိုးရိမ်ရသည်ဖြစ်စေ၊ ဒါမှမဟုတ် ဘယ်အချိန်သေနိုင်မလဲဆိုတာတွေက စိတ်ဆင်းရဲပြီး စိုးရိမ်နေလို့ တစ်ခုမှ ပြောင်းလဲသွားနိုင်မှာ မဟုတ်ဘူး။ အဲဒါတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေအောက်မှာပဲ ရှိတယ်။ ဥပမာ၊ ကျွန်တော် သွေးတိုးစဖြစ်ပြီးနောက် တစ်ပတ်မှာ စက်ဘီးစီးရင်း နှစ်ခါ လဲဖူးတယ်၊ တော်တော်ကို ပြင်းပြင်းထန်ထန် လဲတာ။ အဲဒီတုန်းက “သွားပြီ၊ ငါတော့ လေဖြတ်တော့မှာပဲ” လို့ ထင်ခဲ့ပေမဲ့ အရေပြား ပွန်းပဲ့ဒဏ်ရာ နည်းနည်းလောက်ပဲ ရခဲ့တာ၊ ကျွန်တော် ထင်သလောက် မဆိုးရွားခဲ့ဘူး။ အဲဒါ ဘုရားသခင်ရဲ့ ကာကွယ်မှု မဟုတ်ဘူးလား။ ကျွန်တော့်ရဲ့ မှားယွင်းတဲ့ အမြင်ကို ပြောင်းလဲပြီး ရောဂါကို မှန်မှန်ကန်ကန် ရင်ဆိုင်ရမယ်။ လိုအပ်ရင် ကုသမှု ခံယူသင့်တယ်၊ ဒါပေမဲ့ ရောဂါပျောက်မပျောက်၊ ရှင်မလား သေမလား ဆိုတာနဲ့ ပတ်သက်ပြီး ဘုရားသခင်ကို တောင်းဆိုချက်တွေ မလုပ်နိုင်ဘူး။ ဘုရားသခင်ကို အထင်လွဲတာ၊ ညည်းညူတာမျိုး လုံးဝ မလုပ်ရဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်၊ ရောဂါဝေဒနာ ခံစားနေရချိန်မှာ သမ္မာတရားကို ပိုရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်၊ သိမြင်ရမယ်။ အဲဒါကမှ စစ်မှန်တဲ့ အကျိုးကျေးဇူးတွေ ရဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။

အဲဒီနောက်မှာ ကျွန်တော် ဘာလို့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေနဲ့ နေထိုင်ရသလဲ ဆိုတဲ့ အကြောင်းရင်းဇာစ်မြစ်ကို ဆက်ပြီး ဆင်ခြင်သုံးသပ်ကြည့်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု)အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ အလားအလာများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက် ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော ရိုးသားစစ်မှန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် ရိုးသားစစ်မှန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားစစ်မှန်မှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားစစ်မှန်မှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေက ကောင်းချီးရဖို့အတွက်ပဲ အသင်းတော်ကို လာပြီး တာဝန်ထမ်းဆောင်ကြတာလို့ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် တွေ့လိုက်ရတယ်။ ကောင်းချီးရဖို့ဆိုရင် အန္တိခရစ်တစ်ယောက်က အရာအားလုံးကို စွန့်လွှတ်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး အဖိုးအခ ပေးနိုင်တယ်၊ ဒါပေမဲ့ ကောင်းချီးမရနိုင်တော့ဘူးလို့ ခံစားရတာနဲ့ ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်း ရှိကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်တော့်ရည်ရွယ်ချက်နဲ့ ပန်းတိုင်ကလည်း ကောင်းချီးရဖို့နဲ့ ကောင်းကင်နိုင်ငံတော် ဝင်ဖို့ဆိုတော့ အတိအကျတူနေမှန်း သဘောပေါက်လိုက်တယ်။ ဒီနှစ်တွေတစ်လျှောက် ယုံကြည်လာရာမှာ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုပဲဖြစ်ဖြစ်၊ လောကသားတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုနဲ့ စွပ်စွဲပုတ်ခတ်မှုပဲဖြစ်ဖြစ်၊ ကျွန်တော် ဘောင်ခတ်တာမခံရဘဲ ဘုရားသခင်နောက်လိုက်ပြီး တာဝန်ကို မလျှော့တမ်း ထမ်းဆောင်ခဲ့တယ်။ ကျွန်တော် ပေးဆပ်ခဲ့တဲ့ အဖိုးအခနဲ့ အသုံးခံမှုတွေကြောင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ကျွန်တော် ရမှာပဲ၊ ကောင်းကင်နိုင်ငံတော် ဝင်ခွင့် သေချာမှာပဲလို့ တွေးပြီး ဒါတွေအားလုံး လုပ်ခဲ့တာ။ သွေးတိုးနဲ့ ဦးနှောက်သွေးကြောပိတ်တာ ဖြစ်လာတော့ သွေးပေါင်တက်လာရင် မသေတောင် လေဖြတ်သွားမယ်၊ တာဝန်မထမ်းဆောင်နိုင်ရင် ကောင်းကင်နိုင်ငံတော်ဝင်ရမယ့် ကောင်းချီး ဆုံးရှုံးသွားမှာကို ကျွန်တော် စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေမှာ အမြဲ ရှိနေခဲ့တာ။ ကျွန်တော့်ရဲ့ တာဝန်က ရလဒ်ကောင်းတွေ မထွက်တာကို မြင်တဲ့အခါမှာ၊ အဲဒါအတွက် စိတ်မပူဘဲ အဲဒီအစား ဦးနှောက်အများကြီးသုံးရင် ရောဂါပိုဆိုးလာပြီး ကောင်းချီးရဖို့ အခွင့်အရေး ဆုံးရှုံးမှာကိုပဲ စိုးရိမ်ခဲ့တယ်။ ကျွန်တော် တွေးသမျှ၊ လုပ်သမျှ အားလုံးက ကိုယ့်ဇာတိပကတိ အကျိုးစီးပွားအတွက်ပဲ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကောင်းချီးရဖို့အတွက် ယုံကြည်ခဲ့တယ်၊ စွန့်လွှတ်ခဲ့တယ်၊ အရာအားလုံး အသုံးခံခဲ့တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ရဲ့ ရှင်သန်ရပ်တည်ရေး ဥပဒေသအတိုင်း အသက်ရှင်နေခဲ့တာ။ ကောင်းချီးရဖို့ဆိုရင် ဘာကိုမှ ဂရုမစိုက်ဘဲ စွန့်လွှတ်အသုံးခံနိုင်ပေမဲ့ ကိုယ့်အတွက် ကောင်းချီးမရှိရင် အပျက်သဘောဆောင်ပြီး ပေါ့လျော့လိုက်တာပဲ။ အန္တိခရစ် စိတ်သဘောထားကို ကျွန်တော် ထုတ်ဖော်နေတာ မဟုတ်ဘူးလား။ နောက်ဆုံးသောကာလမှာ လူသားတွေကို ကယ်တင်တဲ့အမှုတော်ကို လုပ်ဖို့ ဘုရားသခင်က သမ္မာတရားကို ဖော်ပြနေတာ။ ကောင်းချီးရဖို့သက်သက် ဘုရားနောက်လိုက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဘုရားသခင်က ရည်ရွယ်တာ မဟုတ်ဘူး။ တာဝန်ထမ်းဆောင်တဲ့ ဖြစ်စဉ်မှာ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့၊ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အမြင်တွေကို ပြောင်းလဲဖို့၊ စာတန်နဲ့ဆိုင်တဲ့ အရာတွေကို ဖယ်ရှားပစ်ဖို့နဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ညီညွတ်တဲ့သူ ဖြစ်လာဖို့ သမ္မာတရားကို လိုက်စားဖို့ ကိုယ်တော်က မျှော်လင့်တယ်။ အဲဒါအခါမှသာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုမှုကို ကျွန်တော် ရနိုင်မှာ။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်က အမြဲတမ်း တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အကျိုးစီးပွားကိုပဲ ရှာဖွေတဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားထဲမှာ ရှင်သန်နေခဲ့တယ်၊ ကောင်းချီးမင်္ဂလာတွေကိုပဲ အမြဲတမ်း လိုက်စားခဲ့တယ်။ ကျွန်တော် ပေါလုရဲ့လမ်းကြောင်းကိုပဲ လျှောက်နေခဲ့တာ မဟုတ်ဘူးလား။ ပေါလုက ဘုရားသခင်ကို ယုံကြည်ပေမဲ့ သမ္မာတရားနဲ့ အသက်ကို မလိုက်စားခဲ့ဘူး။ ဘုရားသခင်အတွက် သူလုပ်သမျှ အလုပ်နဲ့ အပင်ပန်းခံမှုတွေကို သရဖူနဲ့ ကောင်းချီးတွေ ရဖို့အတွက် အပေးအယူလုပ်ဖို့ အရင်းအနှီးအနေနဲ့ သဘောထားခဲ့ပြီး၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်။ နှစ်တွေအများကြီး ယုံကြည်ပြီးတဲ့နောက်မှာတောင် သူ့ရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက နည်းနည်းလေးမှ မပြောင်းလဲခဲ့ဘူး။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ကန့်ကွက်ပြီး သရဖူ တောင်းဆိုခဲ့တယ်။ အဲဒီလိုလုပ်လိုက်တော့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သူ ပုန်ကန်ပြစ်မှားခဲ့ပြီး အပြစ်ဒဏ်ပေးခံခဲ့ရတယ်။ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ပေမဲ့ သမ္မာတရားနဲ့ အသက်ကို မလိုက်စားဘဲ ကောင်းချီးကိုပဲ အမြဲ လိုက်စားပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေမယ်ဆိုရင်၊ နောင်တမရရင် ကျွန်တော်လည်း အပြစ်ဒဏ်ပေးခံရမှာပဲ။ ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သဘောပေါက်မိတော့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ဒီရောဂါဝေဒနာ နောက်ကွယ်မှာ ကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ရှိမှန်း သား သိပါတယ်။ အဲဒီရည်ရွယ်ချက်က သားကို ထုတ်ဖော်ပြီး ကယ်တင်ဖို့ပါ။ ဒါက သားဆီ ရောက်လာတဲ့ ကိုယ်တော်ရဲ့ မေတ္တာပါပဲ။ ကောင်းချီးကိုပဲ တစ်ချိန်လုံး လိုက်စားခဲ့ပြီး လမ်းကြောင်းမှားပေါ် လျှောက်နေခဲ့တယ်ဆိုတာ သားကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးတယ်။ အို ဘုရားသခင်၊ သား နောင်တရဖို့ လိုလားနေပါတယ်။ အခုကစလို့ သမ္မာတရား လိုက်စားဖို့ကိုပဲ သား အာရုံစိုက်ပါတော့မယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်တော့်စိတ်နှလုံးက အများကြီး ပိုငြိမ်သက်ပြီး သက်သာရာရသွားတယ်။

နောက်ပိုင်းမှာ ကျွန်တော် ကိုင်စွဲထားတဲ့ နောက်ထပ် မှားယွင်းတဲ့ အမြင်တစ်ခုကို ဆင်ခြင်သုံးသပ်မိတယ်။ ရောဂါဆိုးရွားလာပြီး တာဝန်မထမ်းဆောင်နိုင်ရင် ကယ်တင်မခံရနိုင်တော့ဘူးဆိုတဲ့ အမြင်ပေါ့။ ဒါကို ဖြေရှင်းဖို့ ကျွန်တော် သမ္မာတရားကို ဆက်ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ကယ်တင်ခံရခြင်းဟူသည်မှာ အဓိကအားဖြင့် အပြစ်မှ လွတ်မြောက်ခြင်းနှင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်း၊ ပြီးလျှင် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့ကျမှုကို ဝင်ရောက်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ လူတစ်ဦးက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို ၎င်းမည်မျှ ကြာအောင်ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ ၎င်းသည် ဆုကျေးဇူးများ၊ သို့မဟုတ် အားသာချက်များ ပိုင်ဆိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်း မည်မျှဒုက္ခခံသည်တို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ကယ်တင်ခံရဖို့အတွက် စံနှုန်းကို ဘုရားသခင်က လုံးဝ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတယ်။ လူတွေက ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်နိုင်ခြင်း ရှိမရှိ၊ အရာရာတိုင်းမှာ စာတန်ရဲ့ အတွေးအခေါ်တွေအတိုင်း အသက်ရှင်တာကို ရပ်တန့်ပြီး အဲဒီအစား ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေ၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ လူတွေနဲ့ အမှုအရာတွေကို ရှုမြင်ခြင်း၊ ပြုမူနေထိုင်ခြင်း ရှိမရှိ၊ ကိုယ်တော့်ကို ကြောက်ရွံ့ခြင်း၊ ကျိုးနွံနာခံခြင်း၊ သစ္စာစောင့်သိခြင်းနဲ့ ချစ်ခြင်းတွေ ရှိမရှိ၊ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်ခြင်း ရှိမရှိ ဆိုတာတွေကို သူ အဓိက ကြည့်ပါတယ်။ ဒီ သမ္မာတရား လက်တွေ့ကျမှုတွေကို ပိုင်ဆိုင်တဲ့လူတွေမှသာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရမှာပါ။ ဒါပေမဲ့ ကျွန်တော့်မှာတော့ နှစ်နဲ့ချီပြီး ယုံကြည်လာခဲ့ပြီးနောက်မှာ မာနထောင်လွှားတာ၊ စိတ်ကြီးဝင်တာ၊ တစ်ကိုယ်ကောင်းဆန်တာနဲ့ စက်ဆုပ်စရာကောင်းတာ စတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တစ်ခုမှ မဖယ်ရှားရသေးဘူး။ တာဝန်ထမ်းဆောင်ရာမှာ နည်းနည်း ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးနိုင်ပေမဲ့ တကယ်တမ်းကျတော့ ကောင်းချီးရလိုတဲ့ လိုအင်ဆန္ဒနဲ့ ဘုရားသခင်ကို အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ။ ကျွန်တော့် တစ်ကိုယ်လုံးက စာတန်ရဲ့ အမှောင်အာဏာအောက်မှာပဲ နေထိုင်နေတုန်းပဲ၊ ကယ်တင်ခံရဖို့ အနားတောင် မသီသေးဘူး။ ဒီ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ကျွန်တော် မဖြေရှင်းရင်၊ ကောင်းချီးလိုချင်တဲ့ လိုအင်ဆန္ဒက စိတ်နှလုံးထဲမှာ ရှိနေသေးရင်၊ တာဝန်ထမ်းဆောင်နေရင်တောင် အဆုံးမှာ ကယ်တင်ခံရဦးမှာ မဟုတ်ဘူး။ သမ္မာတရားလိုက်စားဖို့ ကျွန်တော် အာရုံစိုက်ရမယ်။ အဲဒါက ကယ်တင်ခံရဖို့ အခွင့်အရေးအတွက် တစ်ခုတည်းသော နည်းလမ်းပဲ။

နောက်ပြီး ရောဂါဆိုးရွားလာပြီး သေသွားရင် ကယ်တင်မခံရနိုင်ဘူးလို့ ကျွန်တော် အမြဲ စိုးရိမ်နေခဲ့တာကလည်း သမ္မာတရားကို နားမလည်တာကနေ လာတာပဲ။ ဒါကြောင့် သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အကယ်၍ သင်၏အသက်ကို သင့်ထံမှ နုတ်ယူတော့မည့်ဆဲဆဲ အခိုက်အတန့်တွင် သင်သည် အေးအေးသက်သာဖြစ်ကာ လိုလားလက်ခံပြီး ညည်းညူခြင်းမရှိ ကျိုးနွံနာခံပါက၊ မိမိ၏ တာဝန်များ၊ ဝတ္တရားများနှင့် အလုပ်တာဝန်များကို အဆုံးတိုင်အောင် ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးပြီဟု ခံစားရပြီး သင်၏စိတ်နှလုံးသည် ဝမ်းမြောက်ပြီး ငြိမ်းချမ်းနေပါက၊ သင်သည် ဤကဲ့သို့ ထွက်ခွာသွားပါက ဘုရားသခင်အတွက်မူ သင်သည် လုံးဝ မထွက်ခွာသွားသေးပေ။ ထို့ထက် အခြားလောက၌ အခြားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေခြင်း ဖြစ်၏။ ဖြစ်ပျက်ခဲ့သမျှ သင်၏ အသက်ရှင်မှုပုံစံ ပြောင်းလဲသွားခြင်းသာ ဖြစ်၏၊ အမှန်တကယ် သင်မသေဆုံးသေးချေ။ လူမူကား ယင်းကို ‘ဤသူသည် အသက်ငယ်ငယ်ဖြင့် သေဆုံးရသည်။ သနားစရာ ကောင်းလိုက်လေခြင်း’ ဟု မြင်သည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သေဆုံးသွားခြင်းသော်လည်းကောင်း၊ ဒုက္ခခံစားရန် ထွက်ခွာသွားခြင်းသော်လည်းကောင်း မဟုတ်ပေ။ ထိုအစား ကောင်းချီးမင်္ဂလာများ ခံစားမွေ့လျော်ရန်၊ ဘုရားသခင်နှင့် ပို၍နီးကပ်လာရန် ထွက်ခွာသွားခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ အမြင်တွင် သင်၏တာဝန် ထမ်းဆောင်ရာတွင် စံမီပြီးဖြစ်သည်။ သင်သည် ယခု သင်၏တာဝန်ကို အပြီးသတ် လုပ်ခဲ့ပြီ ဖြစ်သည်၊ ဖန်ဆင်းခံ လူတန်းစားများကြားတွင် ဤတာဝန်ကို သင်ဆက်လက်ထမ်းဆောင်ရန် ဘုရားသခင် အလိုမရှိတော့ပေ။ ဘုရားသခင်အတွက်မှာမူ သင်၏ ‘ထွက်ခွာသွားခြင်း’ ကို ‘ထွက်ခွာသွားခြင်း’ ဟု မခေါ်၊ သင်သည် ‘ခေါ်တော်မူခြင်း ခံရခြင်း’၊ ‘ယူဆောင်သွားခြင်း ခံရခြင်း’၊ သို့မဟုတ် ‘ခေါ်ဆောင်သွားခြင်း ခံရခြင်း’ ဖြစ်ပြီး ယင်းက ကောင်းသောအရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) လူတချို့က အသက်ရှင်နေတုန်းမှာ နှိပ်စက်မှုပဲဖြစ်ဖြစ်၊ ဆင်းရဲဒုက္ခပဲဖြစ်ဖြစ်၊ ရောဂါဝေဒနာရဲ့ ညှဉ်းပန်းမှုပဲဖြစ်ဖြစ်၊ ငွေကြေးကျပ်တည်းမှုပဲဖြစ်ဖြစ်၊ ဘာတွေကိုပဲ ကြုံရပါစေ၊ ဘုရားသခင်ကို မညည်းညူဘဲ၊ သစ္စာမဖောက်ဘဲ ကိုယ့်တာဝန်ကို မြဲမြဲဆုပ်ကိုင်နိုင်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်လိုက်ရတယ်။ အဲဒီလိုလူမျိုးတွေဟာ စစ်မှန်တဲ့ သက်သေခံချက်ကို ရရှိထားသူတွေပဲ။ သူတို့ရဲ့ ဇာတိပကတိ သေဆုံးသွားတာတောင် တကယ်တော့ တခြားနေရာတစ်ခုမှာ နေထိုင်ဖို့ ဘုရားသခင် ခေါ်ဆောင်သွားတာပဲ ဖြစ်တယ်။ သေသွားရင် ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးပြီလို့ ကျွန်တော် အမြဲ စိုးရိမ်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ လူတစ်ယောက် သေဆုံးပြီးနောက် အဆုံးသတ်ကို အသက်ရှင်နေတုန်း ဘုရားသခင်နဲ့ သမ္မာတရားအပေါ်ထားတဲ့ သူတို့ရဲ့သဘောထားက ဆုံးဖြတ်ပေးတာပါ။ ယောဘအကြောင်း ကျွန်တော် တွေးမိတယ်။ ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းရဲ့ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်တယ်ဆိုတာ သူ ယုံကြည်တယ်။ သူ့တစ်သက်လုံး ဘုရားသခင်နောက်လိုက်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့လမ်းကို လျှောက်ခဲ့တယ်။ သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခါ သူ့မှာ စိုးရိမ်ကြောက်ရွံ့စိတ် မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး စီစဉ်တယ်ဆိုတာ သူ ယုံကြည်လို့လေ။ ဒါကြောင့် သူ တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်နိုင်ခဲ့တယ်။ ယောဘဟာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့သူ ဖြစ်တယ်။ စာတန် စုံစမ်းသွေးဆောင်မှုတွေလုပ်နေတုန်းမှာ သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ သူ သေဆုံးသွားတာတောင်မှ ဘုရားသခင်က သူ့ကို ကယ်တင်ခဲ့တယ်။ ကျွန်တော်က သမ္မာတရားကို နားမလည်ဘဲ အသက်ရှင်ခြင်း၊ သေခြင်းနဲ့ ကယ်တင်ခြင်း ကိစ္စတွေကို ထိုးထွင်းမမြင်နိုင်ခဲ့လို့ သေသွားရင် ကယ်တင်မခံရနိုင်ဘူးလို့ အမြဲ စိုးရိမ်ခဲ့တာလေ။ ကျွန်တော် မိုက်မဲခဲ့တာပဲ။ တကယ်တော့ ကျွန်တော် အသက်ရှင်နေရင်တောင်မှ သမ္မာတရားကို မလိုက်စားဘဲ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့လမ်းကို မလျှောက်ဘဲ၊ သရဖူနဲ့ ကောင်းချီးရဖို့သက်သက်အတွက်ပဲ ယုံကြည်ပြီး စွန့်လွှတ်အသုံးခံနေမယ်ဆိုရင် ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်တော် ရှင်ရှင်သေသေ ဘာမှ မကွာခြားဘူး။ ကယ်တင်ခံရတာနဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို အသုံးခံတာက ဇာတိပကတိ အကျိုးစီးပွားအတွက် ဖြစ်နေလို့ပဲ။ တစ်ကိုယ်ကောင်းဆန်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားကို ကောင်းကောင်း ဖြည့်ဆည်းတာ မဟုတ်ဘူး။ အခု ဘုရားသခင်က ကျွန်တော့်ကို အသက်ရှင်ခွင့် ပေးထားတုန်းပဲ။ ရှင်ခြင်း၊ သေခြင်းနဲ့ ကောင်းချီးမင်္ဂလာတွေအကြောင်း စိုးရိမ်ပူပန်မှုတွေနဲ့ အချိန်ကုန်မခံနိုင်တော့ဘူး။ အသက်ရှင်နေတုန်းမှာ သမ္မာတရားကို အလေးအနက် လိုက်စားပြီး ဘုရားသခင် ကျေနပ်ဖို့အတွက် ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။ အဲဒါက ကျွန်တော် အလေးထားဖို့ အသင့်ဆုံး၊ အာရုံစိုက်ဖို့ အသင့်ဆုံး အရာပဲ။ သမ္မာတရားကို ရရှိပြီး သမ္မာတရား လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်မှသာ ကျွန်တော့်စိတ်နှလုံးမှာ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်း ရှိမှာ။ အဲဒီအခါမှသာ သေခြင်းတရားကို ကျွန်တော် မကြောက်တော့မှာပါ။

အခုတလော တာဝန်ထမ်းဆောင်တာ ကြာသွားရင် ခေါင်းကိုက်ပြီး ခေါင်းမူးတာတွေ ရှိနေတုန်းဆိုပေမဲ့ ရောဂါဝေဒနာထဲမှာ အရင်ကလောက် သိပ်မနေတော့ဘူး။ ခေါင်းကိုက်လာရင် ခဏလောက် နားလိုက်တယ်။ နေ့စဉ်ဘဝမှာလည်း လေ့ကျင့်ခန်း ပိုလုပ်ဖို့ ကြိုးစားတယ်။ ကိုယ့်ခန္ဓာကိုယ် ဘာဖြစ်မလဲ၊ ရှင်မလား သေမလားဆိုတာလည်း စိုးရိမ်ပူပန်တာ မရှိတော့ဘူး။ အသက်ရှင်ရတဲ့ နေ့တိုင်း ကိုယ့်တာဝန်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး ထမ်းဆောင်သွားမယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့တာဝန် အရောင်းအဝယ်ဆန်ဆန် ဖြစ်လာခဲ့ပုံ

ကာနန် တရုတ်နိုင်ငံ၂၀၁၇ ဧပြီလမှာပေါ့၊ ကျွန်မက သွေးတိုးရောဂါ ဖြစ်နေတာ။ ဒါနဲ့ အိမ်ပြန်နားလို့ရအောင်ဆိုပြီး ခေါင်းဆောင်က ကျွန်မတာဝန်ကို ခဏ...

သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ

ရှင်တောက် တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...

အိုမင်းချိန်၌ သမ္မာတရားကို ဆက်၍ လိုက်စားပါ

ဟုန်ချောင်၊ တရုတ်ပြည်အသက် ၆၀ အရွယ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေတက်၊ ဘုရားနှုတ်ကပတ်တော်တွေကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။