သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ
ရှင်တောက် တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ငယ်ငယ်ကတည်းက အသည်းရောင်အသားဝါ ဘီရောဂါရှိခဲ့တယ်။ ကုဖို့အတွက် ဆရာဝန်အမျိုးမျိုး၊ ဆေးအမျိုးမျိုးကို ကျွန်မ ရှာခဲ့ပြီး ပိုက်ဆံတွေအများကြီးသုံးခဲ့ပေမဲ့ ဒါက ပျောက်မသွားခဲ့သေးပါဘူး။ နောက်ဆုံးမှာတော့ ဆရာဝန်တစ်ယောက်က မတတ်နိုင်တော့တဲ့ပုံစံနဲ့ “ဒီရောဂါက နေရာတိုင်းက ဆရာဝန်တွေအတွက် အကျဉ်းအကျပ်တစ်ခုပဲ၊ ကျွန်တော်တို့ ဘာမှလုပ်ပေးလို့မရဘူး” လို့ ကျွန်မကို ပြောခဲ့တယ်။ ကျွန်မ လုံးဝကို မျှော်လင့်ချက်မရှိတော့ဘူးပေါ့။ မမျှော်လင့်ဘဲနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံပြီး တစ်နှစ်ကျော်အကြာမှာ ကျွန်မရဲ့ရောဂါက အံ့ဩစရာကောင်းလောက်အောင် ပျောက်ကင်းသွားခဲ့တယ်။ အဲဒီတုန်းက ဆရာဝန်က ကျွန်မရဲ့ဆေးစစ်ချက်ရလဒ်တွေကိုကြည့်ပြီး အဆင့်အားလုံးက သူ့အလိုလို ပုံမှန်ပြန်ဖြစ်သွားပြီ၊ နောက်နောင် ဘာဆေးမှသောက်စရာမလိုတော့ဘူးလို့ ကျွန်မကို ပြောခဲ့တယ်။ ဒါကိုကြားရတော့ ပြောစရာမလိုအောင်ကို ကျွန်မ ဝမ်းသာသွားတာပေါ့၊ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်က ကျွန်မရဲ့ရောဂါကို ဖယ်ရှားပေးခဲ့မှန်း သိခဲ့တယ်။ ကျွန်မ ဘုရားသခင်အပေါ် ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်းတွေနဲ့ ပြည့်နေခဲ့ပြီး၊ ကိုယ့်ဘာသာတွေးမိတယ်၊ “ဘုရားသခင်က ငါ့ကို တကယ်ပဲ ကျေးဇူးပြုပြီး ကောင်းချီးပေးခဲ့တာပဲ။ ကိုယ်တော့်အတွက် ငါ လုံ့လဝီရိယရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး တာဝန်ထမ်းဆောင်ခြင်းအားဖြင့် ကိုယ်တော်ရဲ့မေတ္တာကို ပြန်ဆပ်ရမယ်” လို့ပေါ့။ နောက်ပြီး ကျွန်မတွေးမိသေးတယ်၊ “ငါ ဘုရားသခင်ကို ယုံကြည်ခါစပဲရှိသေးပြီး ကိုယ်တော့်အတွက် ဘာမှမလုပ်ရသေးဘူး၊ ဒါပေမဲ့ ကိုယ်တော်က ငါ့ကို ဒီလောက်တောင် ကျေးဇူးပြုပြီး အခွင့်အရေးပေးခဲ့ပြီးပြီ။ နောက်နောင် ကိုယ်တော့်အတွက် ငါ ပိုပြီးကိုယ့်ကိုယ်ကိုယ် အသုံးခံရင်၊ ကိုယ်တော် ငါ့ကို ပေးသနားတဲ့ မျက်နှာသာပေးတာတွေနဲ့ ကောင်းချီးတွေက ပိုပြီးတော့တောင် ကြီးမြတ်မှာမဟုတ်ဘူးလား။ ဘုရားသခင်ရဲ့အမှုတော်ပြီးဆုံးတဲ့အခါ ကယ်တင်ခြင်းကို ငါ ရရှိပြီး ဆက်ပြီးတောင် အသက်ရှင်ရင်ရှင်ဦးမှာ” လို့ပေါ့။ ဒီလိုနဲ့ ကျွန်မ လစာကောင်းတဲ့အလုပ်ကို စွန့်လွှတ်ပြီး အသင်းတော်မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မဟာ အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့နဲ့ အသုံးခံဖို့ ပိုလို့တောင် စိတ်အားထက်သန်လာခဲ့တယ်။ နေ့တိုင်း မိုးလင်းမိုးချုပ် အသင်းတော်မှာ အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် မအားမလပ်အောင်လုပ်ခဲ့တယ်။ ဧဝံဂေလိတရားကို ဖြန့်ဝေတယ်၊ လူသစ်တွေကို ရေလောင်းပေးတယ်၊ ကိုယ့်ကလေးကိုတောင် ကြည့်ရှုဖို့ အချိန်မပေးနိုင်ခဲ့ဘူး။ ကျွန်မယောက်ျား ဆေးရုံတက်ရတဲ့အခါနဲ့ ကျွန်မအဖေ တခြားမြို့မှာ ခွဲစိတ်မှုနှစ်ခါလုပ်ရတဲ့အခါမှာတောင် ကျွန်မ သူတို့ကို သွားပြီးဂရုစိုက်ပေးဖို့ အချိန်မပေးခဲ့ဘူး။ ကျွန်မမိသားစုဝင်တွေက ကျွန်မကို နားမလည်ဘဲ ကျွန်မကို မကျေမနပ်ပြောခဲ့ကြပေမဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်မှု မယိမ်းယိုင်သွားခဲ့ဘူး။ ကျွန်မ ဒီဆင်းရဲဒုက္ခကို ခံပြီး ဒီအဖိုးအခကို ပေးဆပ်ရင် ဘုရားသခင်က မှတ်သားထားမှာပဲ၊ ဘုရားသခင်က ကျွန်မကို မတရားဆက်ဆံမှာမဟုတ်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။
၂၀၁၅ ခုနှစ် အစပိုင်းမှာ ကျွန်မ တစ်ကိုယ်လုံး အားမရှိသလို ခဏခဏ ခံစားရတယ်။ ဘာမှမသယ်ဘဲနဲ့ ငါးလွှာကို လမ်းလျှောက်တက်ရင်တောင် မတက်ခင် နှစ်ခါနားပြီးမှ တက်ခဲ့ရတယ်။ စုဝေးပွဲတွေပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ကျွန်မ လှဲချင်စိတ်ပဲရှိပြီး ဘာတစ်ခုမှ လုပ်ချင်စိတ်မရှိဘူး။ ဆေးစစ်ချက်တွေရဖို့ ကျွန်မ ဆေးရုံသွားတော့၊ ဆရာဝန်က ကျွန်မအသည်းရဲ့လုပ်ဆောင်မှုက ပုံမှန်မဟုတ်ဘူး၊ ချက်ချင်းမကုသရင် အသည်းခြောက်ရောဂါနဲ့ ရေဖျဉ်းစွဲတာတွေ ဖြစ်လာနိုင်ပြီး၊ ဆက်ပြီးပိုဆိုးလာရင် ကင်ဆာဖြစ်လာနိုင်တယ်လို့ ပြောခဲ့တယ်။ ဆရာဝန်စကားကြားတော့ ကျွန်မ မှင်တက်မိသွားတယ်၊ ကိုယ့်ဘာသာတွေးမိတယ်၊ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အရင်က ဆေးစစ်ချက်တွေ ယူတုန်းက ဆရာဝန်က ငါ့ရောဂါပျောက်သွားပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘာလို့ ပြန်ပြီးပိုဆိုးလာရတာလဲ”ပေါ့။ အသည်းကင်ဆာဖြစ်ပြီး သေသွားတဲ့လူတစ်ယောက်အကြောင်း ကျွန်မကြားဖူးတာကို ရုတ်တရက် သတိရလိုက်တယ်။ ကျွန်မ အရမ်းကြောက်သွားတယ်၊ ကျွန်မရောဂါက ဒီလောက်ပြင်းထန်တော့ ကျွန်မလည်း သေနိုင်လောက်တယ်ဆိုပြီး စိုးရိမ်သွားတယ်။ “ကျွန်မသာ အခုသေသွားရင်၊ ကယ်တင်ခြင်းကို ကျွန်မ ရနိုင်ဦးမှာလား” လို့ တွေးမိတယ်။ အဲဒီအချိန်မှာ ကျွန်မစိတ်နှလုံးထဲမှာ တော်တော်ကို နာကျင်ခံစားရတယ်။ ဒါပေမဲ့ တွေးမိသေးတယ်၊ အခု ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး၊ တစ်နေကုန် မိုးလင်းမိုးချုပ် အသင်းတော်မှာ မအားမလပ်ဖြစ်နေတော့၊ ဘုရားသခင်က ကျွန်မကို မသေအောင် ဂရုစိုက်ပြီး ကာကွယ်ပေးသင့်တယ် လို့ပေါ့။ အဲဒီရက်ပိုင်းတွေအတွင်းမှာ ကျွန်မသိတဲ့ အစ်မကြီးတစ်ယောက်ကို ကျွန်မ တွေ့ခဲ့တယ်။ သူက လွန်ခဲ့တဲ့လေးငါးနှစ်က သွေးကင်ဆာဖြစ်ဖူးပြီး ကင်ဆာအမှတ်အသားတွေက တော်တော်မြင့်တယ်လို့ ပြောပြတယ်။ သူ့ရဲ့အားအနည်းဆုံးအချိန်တွေမှာ သူက ဘုရားနှုတ်ကပတ်တော်ဓမ္မသီချင်းတွေကို ခဏခဏဆိုတယ်၊ ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့အချုပ်အခြာအာဏာအပေါ် နားလည်မှုတချို့ရပြီး ယုံကြည်ခြင်းရခဲ့တယ်။ သူက သူ့တာဝန်မှာ သူ့ရဲ့ရည်ရွယ်ချက်တွေနဲ့ မသန့်စင်မှုတွေကိုလည်း ဆင်ခြင်သုံးသပ်ခဲ့တယ်၊ ကိုယ်ပိုင်အသိပညာတချို့ရသွားတာနဲ့ သူ့ရောဂါက တဖြည်းဖြည်းနဲ့ ပိုကောင်းလာခဲ့တယ်။ ဒီညီအစ်မရဲ့အတွေ့အကြုံကိုကြားရတော့ ကျွန်မရဲ့ဒီရောဂါက ဘုရားသခင်ဆီက စမ်းသပ်မှုတစ်ခုဖြစ်နိုင်ပြီး ကိုယ်တော်က ကျွန်မကို စစ်ဆေးတာဖြစ်နိုင်တယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မ ကိုယ်တော့်ကို လုံးဝအပြစ်တင်လို့ မဖြစ်ဘူး၊ ဘုရားသခင်အတွက် ကျွန်မရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ကျွန်မရောဂါ ဒီလောက်ပြင်းထန်နေတာတောင် ကိုယ့်တာဝန်မှာ မလျှော့တမ်းပေလုပ်နိုင်သေးတာကို ဘုရားသခင်က မြင်ပြီး၊ အဲဒီလိုဆိုရင် ကိုယ်တော်က ကျွန်မကို ကုသပေးရင်ကုသပေးမှာပဲ။ ဒီတော့ ကျွန်မ ဆေးရုံမှာမနေဖို့ ရွေးချယ်ပြီး ဆေးနည်းနည်းပဲဝယ်ခဲ့တယ်၊ ပြီးတော့ အသင်းတော်မှာ ကိုယ့်တာဝန်ကို ဆက်ပြီးထမ်းဆောင်ခဲ့တယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ကျွန်မ နောက်ထပ်တစ်ခါ ဆေးစစ်ဖို့ ဆေးရုံသွားတော့ ဆရာဝန်က ပြောတယ်၊ “ရှင့်မှာ အခု အသည်းခြောက်ရောဂါအစောပိုင်းအဆင့်ဖြစ်နေပြီ၊ ရှင့်အသည်းထဲမှာ အကျိတ်အခဲတွေနဲ့ အရည်အိတ်တွေလည်း ရှိနေတယ်။ ကျွန်မတို့ နောက်ထပ်စစ်ဆေးမှုတွေလုပ်တာ အကောင်းဆုံးပဲ”တဲ့။ ဆရာဝန်စကားကြားတော့ ကျွန်မဦးနှောက်ထဲမှာ ဝီခနဲဖြစ်သွားပြီး၊ တွေးမိတယ်၊ “ငါ့မိသားစုမှာ အသည်းရောဂါရာဇဝင်ရှိတယ်။ ငါ့အဘိုးက အသည်းကင်ဆာနဲ့ ဆုံးသွားခဲ့တာ တော်တော်ကြာပြီ၊ ငါ့အဖေကလည်း သူ့အသည်းထဲက အကျိတ်အခဲတွေ ကင်ဆာဖြစ်သွားလို့ မကြာသေးခင်ကပဲ ဆုံးသွားခဲ့တယ်။ အခု ငါ့အသည်းထဲမှာလည်း အကျိတ်အခဲတွေရှိနေပြီ၊ ငါလည်း မကြာခင် သေတော့မှာလား”ပေါ့။ အဲဒီအချိန်မှာ ကျွန်မ အရမ်းကြောက်သွားတယ်၊ တွေးမိတယ်၊ “ငါ့အသက်က သုံးဆယ်ကျော်ပဲ ရှိသေးတာ။ တကယ်ပဲ သေတော့မှာလား။ ဘုရားသခင်ရဲ့အမှုတော်က မပြီးသေးဘူး၊ ငါက သေခါနီးဖြစ်နေပြီ။ ဒါဆိုရင် ဘုရားသခင်က ငါ့ကို ဖယ်ရှားရှင်းလင်းပြီး ကယ်တင်ခြင်းကို မရနိုင်တော့ဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား” ဆိုပြီးတော့ပါ။ ဒီလိုတွေးမိတော့ မျက်ရည်တွေကို ကျွန်မ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။ အိမ်ပြန်လမ်းမှာ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့နှစ်တွေကို ပြန်အမှတ်ရမိတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ လစာကောင်းတဲ့အလုပ်ကို ကျွန်မ စွန့်လွှတ်ခဲ့ပြီး အသင်းတော်မှာ မိုးလင်းမိုးချုပ် ကိုယ့်ကိုယ်ကိုယ် မအားမလပ်လုပ်ခဲ့တယ်။ ကျွန်မကလေးကို ကြည့်ဖို့ အချိန်မရှိခဲ့ဘူး၊ ကျွန်မယောက်ျားနဲ့ အဖေ ခွဲစိတ်မှုလုပ်ရတဲ့အခါမှာတောင် ကိုယ့်တာဝန်ကို နှောင့်နှေးအောင် မလုပ်ချင်ခဲ့ဘူး။ ကျွန်မမိသားစုဝင်တွေက ကျွန်မကို နားမလည်ဘဲ ကျွန်မကို မကျေမနပ်ပြောခဲ့ကြပေမဲ့ ကိုယ့်တာဝန်မှာ ကျွန်မ မလျှော့တမ်းပေနေခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာ၊ ဘုရားသခင်က ဘာလို့ ကျွန်မကို မစောင့်ရှောက်၊ မကာကွယ်ပေးဘဲ ကျွန်မရောဂါကိုတောင် ဘာလို့ ပိုဆိုးဖို့ခွင့်ပြုရတာလဲ။ ကျွန်မ တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ခဲ့လို့ ဘုရားသခင်က ကျွန်မကို အရေးမစိုက်ဘဲ သေအောင်ပစ်ထားခဲ့တာလား။ ကျွန်မ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေဖို့အသင့်မဖြစ်သေးဘူး၊ ကျွန်မ ရှင်သန်ကျန်ရစ်ပြီး နိုင်ငံတော်ထဲဝင်နိုင်ဖို့ ဘုရားသခင်ရဲ့အမှုတော်ပြီးဆုံးတဲ့အခါအထိ စောင့်ချင်တယ်လေ။
အဲဒီညက ကျွန်မ အိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ ကျွန်မဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကျွန်မကလေးကို တွေ့တော့ ကျွန်မ အရမ်းကို ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သူ့အတွက် ကျွန်မ ဘယ်လောက်ကြာကြာ ရှိနေနိုင်ဦးမလဲဆိုတာ မသိခဲ့ဘူး၊ သေခြင်းတရားက အချိန်မရွေး ကျွန်မအပေါ် ကျရောက်လာနိုင်သလို ခံစားခဲ့ရတယ်။ ကျွန်မ လုံးဝကို ဆိုးဆိုးရွားရွား စိတ်ဆင်းရဲပြီး အကူအညီမဲ့သလို ခံစားခဲ့ရတယ်။ အဲဒီရက်ပိုင်းတွေအတွင်းမှာ ကျွန်မနဲ့တွဲဖက်လုပ်တဲ့ ညီအစ်မက ကျွန်မအခြေအနေမကောင်းတာကို တွေ့ပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို မိတ်သဟာယဖွဲ့ပေးခဲ့ပေမဲ့ တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားကပြန်ထွက်သွားတာပါပဲ။ ကျွန်မ ဒီလောက်ရောဂါပြင်းထန်နေတာတောင် ကိုယ့်တာဝန်ကို မစွန့်လွှတ်ခဲ့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဘုရားသခင်က ကျွန်မရောဂါကို ဖယ်ရှားပေးနိုင်ဖို့ပဲ မျှော်လင့်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ အမြဲတမ်း စိတ်မချမ်းမသာဖြစ်ခဲ့တယ်၊ အထူးသဖြင့် ကျွန်မအနားက ညီအစ်ကိုမောင်နှမတချို့က ကျွန်မလောက် စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမခံခဲ့ပေမဲ့ သူတို့က ကျန်းမာရေးကောင်းပြီး ကျွန်မလို ရောဂါပြင်းထန်တာမျိုးမရှိတာကို တွေ့ရတဲ့အခါမှာပေါ့။ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ဒီရောဂါကို အသုံးပြုနေတာဖြစ်နိုင်တယ်လို့ ကျွန်မ တွေးမိတယ်။ ကျွန်မ အရင်ကလို ကိုယ့်တာဝန်မှာ လုံ့လဝီရိယမရှိတော့တဲ့အထိ စိတ်မချမ်းမသာဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ အချိန်နောက်ကျသွားရင် ဒါမှမဟုတ် နည်းနည်းပင်ပန်းသွားရင် ကျွန်မခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်သွားမှာကို ကြောက်ခဲ့တယ်၊ တစ်ခါတလေ အလျင်စလိုလုပ်လိုက်ရင် ပြီးသွားနိုင်တဲ့အလုပ်ကို နောက်နေ့အထိ ရွှေ့ဆိုင်းခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ငါ့ကိုယ်ငါ ပိုအားစိုက်နေလို့ရော ဘာထူးမှာလဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ငါ ဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့ပေမဲ့ နောက်ဆုံးမှာ ငါ့ရောဂါက မသက်သာလာဘဲ အချိန်တန်ရင် ငါ သေရဦးမှာပဲ” လို့ပေါ့။ ထူထူထောင်ထောင်ဖြစ်အောင် အားပြန်ဖြည့်ဖို့ ကျွန်မတာဝန်ကနေ နားဦးမယ်လို့တောင် ခေါင်းဆောင်ကို ပြောချင်ခဲ့တယ်။ နောက်ဆုံးမှာ အဲဒီလိုမလုပ်ဖြစ်ခဲ့ပေမဲ့ ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးကွာသွားခဲ့ပြီ။ ဆုတောင်းတဲ့အခါမှာလည်း ဘာမှပြောစရာမရှိတော့ဘဲ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း အရင်လို မဖတ်ဖြစ်တော့ဘူး။ နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီက ကျွန်မကိုဖမ်းဆီးခဲ့ပါတယ်။ ကျွန်မလွတ်လာပြီးတဲ့နောက်မှာ ရဲတွေက ကျွန်မကို စောင့်ကြည့်နေတုန်းပဲ၊ ဒါကြောင့် ကျွန်မ တခြားဒေသတစ်ခုကို သွားပြီး အလုပ်လုပ်ခဲ့ရတယ်။ ဘာသာတရားမရှိသူတွေက ကျန်းကျန်းမာမာနဲ့ သူတို့အလုပ်တွေကို အားမာန်အပြည့်နဲ့ လုပ်ဆောင်နေတာကို ကျွန်မတွေ့ပြီး၊ ကျွန်မကတော့ အသားအရေဖြူဖပ်ဖြူရော်နဲ့ ကျိန်းသေပေါက် လူမမာတစ်ယောက်ပါပဲ။ ကျွန်မ စိတ်နှလုံးထဲမှာ အကြောင်းပြချက်မရှာဘဲမနေနိုင်ခဲ့ဘူး။ “ဒီနှစ်တွေတစ်လျှောက်လုံး ငါ ဘုရားသခင်အတွက် ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာ။ ကွန်မြူနစ်ပါတီက ဖမ်းဆီးတဲ့အခါမှာတောင် ငါ ဘုရားသခင်ရဲ့နာမတော်ကို မငြင်းပယ်ဘဲ ငါ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ ဘုရားသခင်က ဘာလို့ ငါ့ကို မစောင့်ရှောက်၊ မကာကွယ်ပေးတာလဲ၊ ငါ့ရောဂါကို အမြန်သက်သာအောင် ဘာလို့ မကူညီပေးရတာလဲ”ဆိုပြီး တွေးမိတယ်။ ဘုရားသခင်နဲ့ ဒီလို အကြောင်းပြချက်ပေးပြီး မပြောသင့်မှန်း ကျွန်မ သိပေမဲ့ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ဘူး၊ ကျွန်မရဲ့အခြေအနေကို မဖြေရှင်းနိုင်ဘဲ အချိန်အတော်ကြာအောင် ဆက်သွားနေခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုတချို့ ကြည့်ခဲ့ပြီး၊ ညီအစ်ကိုမောင်နှမတချို့က ရောဂါဖြစ်တဲ့ကြားက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားကို လိုက်စားနိုင်တဲ့အပြင် သူတို့ရရှိတာတွေကိုတောင် ချရေးနိုင်တာကို တွေ့ခဲ့တယ်။ ကျွန်မ သူတို့ကို တကယ်ပဲ အားကျခဲ့ပြီး အရမ်းကို စိတ်ထဲမှာ ခံစားခဲ့ရတယ်။ ကျွန်မလည်း ရောဂါနဲ့ တွေ့ကြုံခဲ့ပေမဲ့ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ အဲဒီနေ့အထိ ဘာမှမရရှိခဲ့ဘူး။ ကျွန်မ ဘုရားသခင်ရှေ့ကို လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးလည်း ဒီညီအစ်ကိုမောင်နှမတွေလိုပဲ ရောဂါကြားကနေ သင်ခန်းစာတွေ သင်ယူချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြကူညီတော်မူပါ”လို့ပေါ့။ တစ်နေ့မှာ ကျွန်မ ဝေဒနာကြားမှ ဝမ်းမြောက်ရခြင်း ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ခဲ့တယ်၊ အဲဒီထဲက ညီအစ်မက သူ့ရောဂါကြားကနေ ဘုရားသခင်ရဲ့မေတ္တာကို သိရှိလာပြီး၊ ဘုရားသခင်က သူ့ကို စုံလင်အောင်လုပ်ဖို့နဲ့ ပြောင်းလဲစေဖို့ သူ့ရဲ့ရောဂါကို အသုံးပြုနေတယ်ဆိုတာကို နားလည်သွားတယ်။ နောက်ဆုံးမှာ ဒီအတွေ့အကြုံက သူ့ကို နောင်တရပြီး ပြောင်းလဲစေခဲ့တယ်။ သူ့ညီမလေးက သူ့ကို ပြောတယ်၊ “အစ်မ တကယ်ပဲ အရမ်း ကောင်းချီးခံစားရတာပဲ။ အစ်မကို ပြောင်းလဲပြီး စုံလင်အောင်လုပ်ဖို့အတွက် ဒီလိုနည်းနဲ့ စမ်းသပ်မှုတွေပေးပြီး စစ်ဆေးတာ၊ ဘုရားသခင်က အစ်မကို အရမ်းချစ်မှာပဲ။ ညီမ အရမ်း အားကျတယ်။ ဘုရားသခင်က ညီမကို အဲဒီလို ဘယ်တော့ ကောင်းချီးပေးမှာလဲ” တဲ့။ ဒါကိုနားထောင်ပြီး ကျွန်မ တော်တော်လေး စိတ်ထိခိုက်သွားပြီး၊ ရှက်လည်းရှက်မိတယ်။ ကျွန်မ အမြဲထင်ခဲ့တာက ကျွန်မမှာ ဒီလောက်ပြင်းထန်တဲ့ရောဂါရှိတာက ဘုရားသခင်က ကျွန်မကို စက်ဆုပ်ရွံရှာပြီး မုန်းတီးတယ်၊ ကိုယ်တော်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ဒီရောဂါကို အသုံးပြုနေတယ်ဆိုတဲ့ သဘောပဲလို့ပေါ့။ ဒါကို ဒီညီအစ်မရဲ့နားလည်မှုနဲ့ နှိုင်းယှဉ်ကြည့်တော့ ကျွန်မရဲ့ကိစ္စတွေအပေါ်ထားတဲ့အမြင်က လုံးဝကို ယုတ္တိမရှိပါဘူး။ ကျွန်မရဲ့ ဝတ်ပြုခြင်းတွေမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သင့်ကို ဘုရားသခင် ချစ်လျှင် သူသည် ဤအရာကို သင့်အား မကြာခဏ ရိုက်နှက်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့အားဖြင့် ဖော်ပြသည်။ သင်၏ နေ့ရက်များသည် ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းတို့အလယ် စိတ်မသက်မသာဖြင့် ကုန်လွန်ကောင်း ကုန်လွန်ရနိုင်သော်လည်း သင့်အနေဖြင့် ဤအရာကို တွေ့ကြုံပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် များစွာ သင်ယူပြီးဖြစ်ကြောင်း၊ အခြားလူတို့နှင့် အပြန်အလှန် ဆက်ဆံဖို့ ဖြစ်လာသည့်အခါ သင်၌ ပိုင်းခြားသိမြင်မှုရှိကာ အမြော်အမြင်ရှိပြီး သမ္မာတရားအချို့ကိုလည်း သင်နားလည်လာပြီး ဖြစ်သည်ကို သင်သိရှိလိမ့်မည်။ အကယ်၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သင်စိတ်ကူးသကဲ့သို့ မိခင်တစ်ဦး၊ သို့မဟုတ် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာကဲ့သို့ ဖြစ်ခဲ့ပါက သူသည် သူ၏စောင့်ရှောက်ပြုစုခြင်းတွင် အလွန်စေ့စပ်သေချာမှုရှိခဲ့ပြီး အစဉ် အလိုလိုက်ခဲ့ပါက ဤအရာများကို သင်ရရှိနိုင်မည်လော။ ရရှိနိုင်မည်မဟုတ်။ သို့ဖြစ်၍ လူတို့သဘောပေါက်နိုင်သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏အမှုထဲ၌ ၎င်းတို့ တွေ့ကြုံနိုင်သည့် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ကွဲပြားခြားနားသည်။ လူတို့သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သဘောထားပြုမူပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာမှာ မည်သည့်အရာဖြစ်သည်ကို သိရှိရန်အလို့ငှာ သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေလျှင် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးသည် ဘာမျှမရှိသည့် အရာထဲမှ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက မည်သည့်အရာဖြစ်ကြောင်း၊ လူ၏အထဲ၌ သူ့အမှုတော်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ကြောင်း၊ ထို့ပြင် သူ၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များက မည်သည့်နေရာ၌ ရှိကြောင်း သိနားလည်ခြင်းကို အဘယ်သို့ ပြုလုပ်ဖန်တီးနိုင်မည်နည်း။ လူတို့သည် ဤအရာများကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမှုနှင့် ပတ်သက်၍ လူတို့၌ အရှိနိုင်ဆုံးသော အယူလွဲမှားမှုဖြစ်ပြီး ယင်းသည် လူတို့အနေဖြင့် နားလည်ရန် အခက်ဆုံးဟု တွေ့ရှိရသည့် ဘုရားသခင်၏ အနှစ်သာရနှင့် ပတ်သက်သော သွင်ပြင်လက္ခဏာဖြစ်၏။ လူတို့သည် ယင်းကို နားလည်နိုင်ဖို့အတွက် ယင်းကို လေးလေးနက်နက်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရမည်ဖြစ်ပြီး ယင်း၌ လက်တွေ့ကျကျ ပါဝင်ရမည်ဖြစ်ကာ တွေ့ကြုံခံစားရမည် ဖြစ်သည်။ သာမန်အားဖြင့် လူတို့က ‘ချစ်ခြင်းမေတ္တာ’ ဟု ပြောသောအခါ ၎င်းတို့နှစ်သက်သည့်အရာကို တစ်စုံတစ်ယောက်အား ပေးခြင်းကို ဆိုလိုပြီး ထိုသူက အချိုတစ်ခုခုကို လိုချင်သောအခါ အခါးတစ်ခုခုကို မပေးခြင်း သို့မဟုတ် တစ်ခါတစ်ရံ အခါးတစ်ခုခုကို ပေးသောအခါ ယင်းက ရောဂါတစ်ခုကို ကုသရန်အတွက် ဖြစ်ခြင်းကို ဆိုလိုသည်။ အချုပ်အားဖြင့် ယင်း၌ လူ၏ အတ္တ၊ ခံစားချက်များနှင့် ဇာတိသဘောတို့ ပါဝင်သည်။ ယင်း၌ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများ ပါဝင်သည်။ သို့သော် ဘုရားသခင်သည် သင့်အထဲ၌ မည်သည့်အရာကို ပြုလုပ်သည် ဖြစ်စေ၊ သူသည် သင့်ကို မည်သို့ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည် ဖြစ်စေ၊ ရိုက်နှက်ပြီး ဆုံးမပဲ့ပြင်သည် ဖြစ်စေ၊ သင့်ကို မည်သို့ပြုပြင်သည်ဖြစ်စေ သင်က သူ့ကို အထင်လွဲမှားပြီး သင့်စိတ်ထဲ၌ သူနှင့်ပတ်သက်၍ ညည်းညူလျှင်ပင် ဘုရားသခင်သည် မဆုတ်မနစ် သည်းခံခြင်းဖြင့် သင့်အထဲတွင် ဆက်၍ အမှုပြုမည်ဖြစ်သည်။ ဤသို့ပြုလုပ်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင့်အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တစ်နေ့ နားလည်နိုင်ဖို့အလို့ငှာ သူသည် သင့်ကို အသိတရားရစေရန် ဤနည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်က ဤအဆုံးသတ်ကို သိမြင်သောအခါ မည်သည့်အရာကို သူရရှိလိုက်သနည်း။ အမှန်တွင် မည်သည့်အရာကိုမျှ သူ မရရှိလိုက်ပေ။ သို့ဆိုလျှင် ဤအရာကို အဘယ့်ကြောင့် ငါပြောသနည်း။ သင်၏ အရာခပ်သိမ်းသည် ဘုရားသခင်ထံမှ လာသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ရရှိရန် မလိုအပ်ပေ။ သူလိုအပ်သည့်အရာမှာ သူ၏အမှုကို ပြုစဉ်တွင် လူတို့အနေဖြင့် သူတောင်းဆိုသည့်အရာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ လိုက်လျှောက်ပြီး ဝင်ရောက်ရန်၊ နောက်ဆုံးတွင် သမ္မာတရား လက်တွေ့ကျမှုအတိုင်း အသက်ရှင်နိုင်ရန်၊ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နိုင်ရန်နှင့် နောက်ထပ် စာတန်၏ အထင်အမြင်မှားစေခြင်း၊ လိမ်လည်ခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်း မခံရရန်၊ စာတန်ကို သူတို့ ပုန်ကန်နိုင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်ရန်ဖြစ်ကာ ထို့နောက်တွင် ဘုရားသခင်သည် ကောင်းစွာ ကျေနပ်အားရပြီး သူ၏ ကြီးမားသောအမှုက ပြီးမြောက်သည်ကိုသာ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားသခင်ရဲ့မေတ္တာက ကျွန်မတို့မိဘတွေ၊ ဆွေမျိုးတွေရဲ့မေတ္တာနဲ့ မတူဘဲ၊ စည်းမျဉ်းတွေ တစ်ခုမှမရှိ၊ အရာအားလုံးကို သည်းခံပေးပြီး စေ့စေ့စပ်စပ်နဲ့ ကျွန်မတို့ကို ဂရုစိုက်ပေးရုံတင်မကဘူး၊ လူတွေကို ကာကွယ်ရုံကာကွယ်ပြီး ရောဂါနဲ့ ဘေးအန္တရာယ်ကနေ ကင်းဝေးစေရုံတင်မဟုတ်ဘူးဆိုတာ ကျွန်မနားလည်ခဲ့ပါတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့မေတ္တာအပေါ်ထားတဲ့ ကျွန်မရဲ့မှားယွင်းတဲ့နားလည်မှုတွေပဲ။ ဘုရားသခင်က သူ့ရဲ့မေတ္တာကို လူတွေအပေါ် သနားကရုဏာ၊ ကြင်နာမှုနဲ့ ကျေးဇူးတော်ပေးသနားတာတွေကနေပဲ မပြသပါဘူး။ ကိုယ်တော်က တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းကိုလည်း အသုံးပြုပြီး၊ လူတွေ သမ္မာတရားကို နားလည်ပြီး သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားနိုင်အောင် ကူညီပြီး၊ နောက်ဆုံးမှာ လူ့သဏ္ဌာန်နဲ့အညီ အသက်ရှင်နေထိုင်ပြီး ကိုယ်တော့်ရဲ့ကယ်တင်ခြင်းကို ခံရဖို့ခွင့်ပြုပေးပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ကျွန်မ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့ပေမဲ့၊ ကိုယ်တော်က လူတွေကို ဘယ်လိုချစ်ပြီး ကယ်တင်တယ်ဆိုတာကို လုံးဝနားမလည်ခဲ့ဘူး။ ကျွန်မက ဘုရားသခင်ကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေပေးဖို့၊ နာမကျန်းမှုနဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးဖို့ပဲ လိုချင်ခဲ့တယ်၊ ကိုယ်တော်ရဲ့စမ်းသပ်မှုနဲ့ စစ်ဆေးခြင်း ဒါမှမဟုတ် ကိုယ်တော်ရဲ့သန့်စင်ခြင်းနဲ့ စုံလင်အောင်လုပ်ခြင်းကို လက်မခံခဲ့ဘူး။ နှစ်နှစ်တင်းတင်းပြည့်တဲ့အထိ၊ ကျွန်မ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့နားလည်မှုလွဲမှားခြင်းထဲမှာ အသက်ရှင်ခဲ့ပြီး၊ ကျွန်မရဲ့စိတ်နှလုံးက ကိုယ်တော့်အပေါ် အမြဲတမ်း ပိတ်ထားခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ပုန်ကန်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုကိုအခြေခံပြီး ကျွန်မကို မဆက်ဆံခဲ့ဘူး၊ အဲဒီအစား ကျွန်မရဲ့နားလည်မှုလွဲမှားခြင်းနဲ့ ပုန်ကန်မှုကို တိတ်တဆိတ် သည်းခံပြီး ကျွန်မဘေးမှာ တိတ်တဆိတ် နေခဲ့တယ်၊ ကျွန်မ နိုးထလာမဲ့နေ့ကို စောင့်နေခဲ့တယ်။ ကိုယ်တော်က ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံကိုသုံးပြီးတော့လည်း ကျွန်မကို ကူညီထောက်ပံ့ပေးပြီး၊ ကျွန်မရဲ့နားလည်မှုလွဲမှားခြင်းနဲ့ စိတ်မချမ်းမသာဖြစ်တဲ့အခြေအနေကနေ ထွက်နိုင်ဖို့လမ်းပြပေးခဲ့တယ်။ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို နားလည်တော့ ကျွန်မရဲ့စိတ်နှလုံးက ကိုယ်တော်ရဲ့မေတ္တာကြောင့် ခံစားခဲ့ရပြီး ကျွန်မ ထုံထိုင်းပြီး မာကျောမနေတော့ဘူး။ ကျွန်မ အရမ်းနောင်တရပြီး ဘုရားသခင်အပေါ် တော်တော်လေး အကြွေးတင်တယ်လို့ တွေးမိတယ်။ ဘုရားသခင်က ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ဖို့၊ ကျွန်မကို သန့်စင်ပြီး ကယ်တင်ဖို့ ဒီအခြေအနေတွေကို ပြင်ဆင်ပေးခဲ့ပေမဲ့ ကိုယ်တော်ရဲ့ ကောင်းမြတ်တဲ့လုပ်ရပ်တွေကို ကျွန်မက မကောင်းဘူးလို့ မှတ်ယူခဲ့ပြီး ကိုယ်တော့်အပေါ် ဆက်ပြီးနားလည်မှုလွဲပြီး မကျေမနပ်ပြောဆိုခဲ့တယ်။ ကျွန်မ တကယ်ကို ဆင်ခြင်တုံတရား အရမ်းမဲ့တာပဲ။ ကျွန်မ ဘုရားသခင်ရှေ့ကို လာပြီး ဆုတောင်းခဲ့တယ်၊ ကျွန်မကို ခွင့်လွှတ်ပေးဖို့ ကိုယ်တော့်ကိုတောင်းလျှောက်ရင်း၊ ကိုယ်တော့်ထံမှာ နောင်တရလိုစိတ်ရှိကြောင်း ပြောခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းအောင် ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးဖို့နဲ့၊ ဒီရောဂါကနေ ကျွန်မ သင်ယူသင့်တဲ့သင်ခန်းစာတွေကို သင်ယူနိုင်ဖို့ကိုလည်း ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်။ လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ အပျက်သဘောဆောင်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ခြေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်။ ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မကျိုးနွံမနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေက ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းမှာ ပုန်းကွယ်နေတဲ့ စက်ဆုပ်စရာကောင်းတဲ့ရည်ရွယ်ချက်တွေကို ဖော်ထုတ်ခဲ့တယ်။ အစကတည်းက ကျွန်မက ကောင်းချီးတွေနဲ့ ကျေးဇူးတော်တွေရဖို့အတွက်ပဲ ပါဝင်ခဲ့တာ။ ဘုရားသခင်က ကျွန်မရဲ့အသည်းရောဂါကို ကုသပေးတာကို ကျွန်မတွေ့ခဲ့လို့ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်ခဲ့တာ၊ ကျွန်မ အားကိုးရဆုံးသူတစ်ယောက်ကို တွေ့ပြီလို့တွေးပြီး ပျော်ရွှင်ခဲ့တာ။ ကျွန်မ ဘုရားသခင်ကို ဆရာဝန်ကြီးတစ်ယောက်လို၊ လုံခြုံတဲ့ခိုလှုံရာတစ်ခုလို မြင်ခဲ့ပြီး၊ ကျွန်မက ကျန်းကျန်းမာမာရှိဖို့ရယ် ကောင်းမွန်တဲ့ပန်းတိုင်တစ်ခုရှိဖို့ရယ်လို ဘုရားသခင်ဆီကနေ ပိုများတဲ့ဆုလာဘ်တွေနဲ့ ကောင်းချီးတွေရဖို့အတွက် စွန့်လွှတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းကို အပေါ်ယံ အသုံးပြုဖို့ အချည်းနှီး ကြိုးပမ်းခဲ့တယ်။ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းမှာ ရိုးသားမှု ဒါမှမဟုတ် ကျိုးနွံနာခံမှုမရှိခဲ့ဘူး၊ ဘုရားသခင်ရဲ့မေတ္တာကို ပြန်ဆပ်ပြီး ကိုယ်တော့်ကို စိတ်ကျေနပ်အောင်လုပ်ဖို့ဆိုတာ ပိုလို့တောင်နည်းသေးတယ်။ ကျွန်မ ဘုရားသခင်ကို အသုံးချပြီး လှည့်စားနေခဲ့တာ၊ ကိုယ်တော်နဲ့ အပေးအယူလုပ်နေခဲ့တာ။ ကျွန်မက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” နဲ့ “အသုံးခံမှုအတွက် အကျိုးကျေးဇူး ရှိရမည်” ဆိုတာတွေလိုမျိုး စာတန်ဆန်တဲ့ဥပဒေသတွေနဲ့ အသက်ရှင်နေခဲ့တာ။ ကျွန်မက ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးလာခဲ့တယ်၊ ကိစ္စတိုင်းကို ကိုယ့်အကျိုးစီးပွားအရ ချဉ်းကပ်ပြီး၊ ကျွန်မလုပ်တဲ့အရာတိုင်းမှာ ဘုရားသခင်နဲ့ တွက်ချက်နေခဲ့တယ်၊ ကိုယ်တော့်အတွက် ကျွန်မ ဘယ်လောက်စွန့်လွှတ်ပြီး အဖိုးအခပေးခဲ့တယ်၊ ကိုယ်တော်က ကျွန်မကို ဘယ်လောက်ကောင်းချီးပေးခဲ့တယ်ဆိုတာတွေကို ရေတွက်တာမျိုးပေါ့။ ဘုရားသခင်က ကျွန်မရောဂါကို ကုသပေးခဲ့တာကို တွေ့တော့ ကျွန်မ ကိုယ့်တာဝန်မှာ အားတက်သရောဖြစ်လာပြီး၊ ဘုရားသခင်အတွက် ဘာမဆို စွန့်လွှတ်ရတာ တန်တယ်လို့ တွေးခဲ့တယ်။ ဆရာဝန်က ကျွန်မရောဂါ ပိုဆိုးလာပြီလို့ပြောတာကို ကြားရတော့၊ ဘုရားသခင်က ကျွန်မရောဂါကို ပျောက်ကင်းအောင်လုပ်ပေးဖို့အတွက် ကိုယ့်တာဝန်ကို သေသေချာချာ ထမ်းဆောင်ချင်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီးတဲ့နောက်မှာ ကျွန်မရောဂါက မသက်သာလာရုံတင်မကဘဲ ပိုပိုပြီးပြင်းထန်လာတာကို တွေ့ရတဲ့အခါ၊ ကျွန်မရဲ့ကောင်းချီးတွေအတွက်ဆန္ဒက ကြေမွသွားသလို ခံစားခဲ့ရပြီး၊ ကျွန်မရဲ့နှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာကို အရင်းအနှီးအနေနဲ့ ချက်ချင်း သုံးပြီး ဘုရားသခင်ကို အကြောင်းပြချက်ပေးပြီး စာရင်းရှင်းခဲ့တယ်။ ကျွန်မအပေါ် မဖြောင့်မတ်ဘူးဆိုပြီး ဘုရားသခင်ကို မကျေမနပ်ပြောခဲ့တယ်၊ ကျွန်မ ကိုယ့်တာဝန်မှာ အရင်လို စိတ်နှစ်ပြီးမလုပ်တော့ဘူး။ ကျွန်မ အချိန်ဆွဲခဲ့ပြီး အားအပြည့်မစိုက်ထုတ်ခဲ့ဘူး၊ ကိုယ့်တာဝန်ကို နောက်မှာထားပြီး အိမ်ပြန်ပြီးတောင် အားဖြည့်ချင်ခဲ့တယ်။ ကျွန်မမှာ တကယ်ကို အသိတရားရော ဆင်ခြင်တုံတရားရော မရှိဘူးပဲ။ ဘုရားသခင်က ကျွန်မကို ဒီဆိုးယုတ်ပြီး မှောင်မိုက်တဲ့လောကကြီးကနေ ကယ်တင်ပြီး သူ့ရှေ့မှောက်ကို ခေါ်ဆောင်လာပုံ၊ ကျွန်မကို ရေလောင်း၊ ထောက်ပံ့ပြီး အားပေးဖို့ သူ့ရဲ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ကိုယ်တော်က ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ဖို့၊ ကျွန်မကို သန့်စင်ပြီး ပြောင်းလဲစေဖို့ ကျွန်မရဲ့ရောဂါကိုလည်း အသုံးပြုခဲ့တယ်။ ဘုရားသခင်က ကျွန်မအပေါ်မှာ အပင်ပန်းခံပြီး အားထုတ်မှုတွေအများကြီးပေးခဲ့ပြီး ကျွန်မအတွက် ဒီလောက်အဖိုးအခပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်ရဲ့အကြီးမြတ်ဆုံးကယ်တင်ခြင်းကို အလကားခံစားမွေ့လျော်ခဲ့ပြီးတဲ့နောက်မှာ၊ ကျွန်မ ဘုရားသခင်ကို ပြန်ဆပ်ဖို့ မတွေးခဲ့ရုံတင်မကဘူး၊ ကိုယ်တော့်ဆီကရတဲ့အရာတိုင်းကိုတောင် လွယ်လွယ်ရလို့ တန်ဖိုးမထားခဲ့ဘူး။ ကျွန်မရောဂါကြောင့် သေမယ့်အန္တရာယ်ရှိမှန်း သိသွားတော့၊ ကျွန်မ ဘုရားသခင်ကို ချက်ချင်းဆန့်ကျင်ပြီး အကြောင်းပြချက်ပေးပြီး စာရင်းရှင်းလာခဲ့တယ်၊ ကျွန်မအပေါ် မဖြောင့်မတ်ဘူးဆိုပြီး ကိုယ်တော့်ကို မကျေမနပ်ပြောခဲ့တယ်။ ကျွန်မ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့ပေမဲ့ ကိုယ်တော့်ကို ဘုရားသခင်လို လုံးဝမဆက်ဆံခဲ့ဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်ဖွယ်ကောင်းပြီး အရာအားလုံးထက် အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်တတ်တဲ့ ယုတ်ညံ့တဲ့သူတစ်ယောက်သက်သက်ပဲ၊ ကျွန်မမှာ လူ့သဘာဝရော ဆင်ခြင်တုံတရားရော လုံးဝမရှိခဲ့ဘူး။
တစ်ခါက ကျွန်မ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုတစ်ခုကနေ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်၊ အဲဒါက ကျွန်မရဲ့စိတ်နှလုံးကို တကယ်ပဲ ထိုးဖောက်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့မည်မျှ စစ်ကြောခံရစေကာမူ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကို သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ လူ့သဘာဝကောင်းရှိပြီး အသိတရားနဲ့ ဆင်ခြင်တုံတရားရှိတဲ့လူတွေက သူတို့ခံစားရတဲ့အရာတိုင်းဟာ ဘုရားသခင်က အလကားပေးသနားတာဖြစ်မှန်းတွေ့ရတဲ့အခါ၊ သူတို့က ဘုရားသခင်ရဲ့မေတ္တာကိုပြန်ဆပ်ဖို့ ဖန်ဆင်းခံတွေအနေနဲ့ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်လိုစိတ်ရှိကြလိမ့်မယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒါဟာ အရင်းစစ်ကြည့်ရင် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတဲ့အရာတစ်ခုပဲ၊ ကလေးတွေက သူတို့မိဘတွေအပေါ် သိတတ်ကြတဲ့အခါမှာ သူတို့က သူတို့ရဲ့တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းနေကြတာဖြစ်ပြီး လျော်ကြေးကို မမျှော်လင့်သင့်သလို၊ အခြေအနေတွေ မသတ်မှတ်သင့်သလိုမျိုးပဲပေါ့။ ဒီအတောအတွင်းမှာ၊ လူ့သဘာဝမရှိတဲ့သူတွေက ဘုရားသခင်ဆီကနေ အကျိုးစီးပွားနဲ့ အကျိုးကျေးဇူးတွေရတဲ့အခါ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းကြတယ်၊ ဒါပေမဲ့ ကောင်းချီးတွေရဖို့ သူတို့ရဲ့ဆန္ဒက ကြေမွသွားတဲ့အခါ၊ သူတို့က ဘုရားသခင်ကို ချက်ချင်းဆန့်ကျင်တယ်၊ ကိုယ်တော်ကို အကြောင်းပြချက်ပေးပြီး စာရင်းရှင်းတယ်၊ ကိုယ်တော့်ကို ဆန့်ကျင်တဲ့အနေအထားမှာတောင် ရပ်တည်တယ်၊ ကိုယ်တော့်ကို ရန်သူလိုဆက်ဆံပြီး ကိုယ်တော်နဲ့ ပေါ်ပေါ်တင်တင် ကန့်ကွက်ပြီး ရန်ပြုကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်ခဲ့တဲ့အရာတွေကနေ၊ ကျွန်မက လူ့သဘာဝမရှိတဲ့ ဒီလိုလူစားမျိုးအတိအကျပဲဆိုတာကို တွေ့ခဲ့ရတယ်။ အဲဒီတုန်းက ဘုရားသခင်က ကျွန်မရောဂါကို ကုသပေးခဲ့တဲ့အခါ၊ ကျွန်မ ကိုယ်တော့်ကို ကျေးဇူးတင်ခဲ့ပြီး၊ အရာရာကို စွန့်လွှတ်ပြီး စွန့်ပယ်လိုစိတ်ရှိခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ အသည်းခြောက်ရောဂါဖြစ်မှန်းသိပြီး သေမယ့်အန္တရာယ်ရှိတဲ့အခါ၊ ကျွန်မ ဘုရားသခင်ကို ချက်ချင်းဆန့်ကျင်ခဲ့ပြီး၊ ကျွန်မရဲ့နှစ်ပေါင်းများစွာ စွန့်လွှတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းကို အရင်းအနှီးအနေနဲ့ အသုံးပြုပြီး ရဲရဲတင်းတင်း မေးခွန်းထုတ်ခဲ့တယ်၊ “ငါ ဒီလောက် စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီးတဲ့နောက်မှာ ဘုရားသခင်က ဘာလို့ ငါ့ကို မစောင့်ရှောက်၊ မကာကွယ်ပေးရတာလဲ။ ကိုယ်တော်က ဘာလို့ ဆန့်ကျင်ဘက်လုပ်ပြီး ငါ့ရောဂါကို ဘာလို့ ပိုဆိုးအောင်လုပ်ရတာလဲ။ အများကြီး မစွန့်လွှတ်ရတဲ့၊ ကိုယ့်ကိုယ်ကိုယ် အသုံးမခံရတဲ့ အဲဒီလူတွေအားလုံးက ကျန်းမာရေးကောင်းနေပြီး ငါ့ကျမှ ဘာလို့ ဒီပြင်းထန်တဲ့ရောဂါနဲ့ မြဲနေရတာလဲ။ ဘုရားသခင်ကို မယုံကြည်တဲ့လူတွေက ကျန်းမာနေပေမဲ့၊ ငါကတော့ ဒီမှာ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ဒါတွေအားလုံးကို စွန့်လွှတ်နေပေမဲ့၊ ဘုရားသခင်က ငါ့ကို အမြန်သက်သာအောင် မလုပ်ပေးသေးတာ ဘာကြောင့်လဲ။ ပြီးတော့၊ ကွန်မြူနစ်ပါတီက ငါ့ကို ဖမ်းဆီးတဲ့အခါမှာ၊ ဘုရားသခင်ကို ငါမငြင်းပယ်ဘဲ ငါ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်၊ ဒီတော့ ဘုရားသခင်က ဘာလို့ ငါ့ရောဂါကို မဖယ်ရှားပေးရတာလဲ” လို့ပေါ့။ ကျွန်မ ဘုရားသခင်ကို ကန့်ကွက်ပြီး အတိုက်အခံလုပ်နေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မစကားတွေရဲ့ နောက်ကွယ်က သွယ်ဝိုက်တဲ့အဓိပ္ပာယ်က ဒါပဲ၊ “ငါ အများကြီး စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်၊ ဒီတော့ ဘုရားသခင်က ငါ့ကို ကောင်းချီးတွေပေးသင့်တယ်။ အဲဒီအခါမှပဲ ဘုရားသခင်ရဲ့ဖြောင့်မတ်မှုကို ငါအသိအမှတ်ပြုမှာ။ ငါ ကောင်းချီးတွေမရနိုင်ရင်၊ ဘုရားသခင်က ဖြောင့်မတ်တယ်ဆိုတာကို ငါ အသိအမှတ်ပြုမှာမဟုတ်ဘူး” ဆိုတာပဲ။ ကျွန်မက ဘုရားသခင်ကို ကောင်းချီးတွေပေးဖို့ အတင်းအကျပ်လုပ်ပြီး တောင်းဆိုနေခဲ့တာ၊ ဒီအထဲမှာ ဆိုးညစ်ပြီး၊ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်သဘောထားတစ်ခုရှိနေခဲ့တယ်။ ဒါရဲ့အနှစ်သာရကတော့ ဘုရားသခင်ကို ပေါ်ပေါ်တင်တင် အာခံပြီး ဆန့်ကျင်နေခဲ့တာပဲ။ ဒီလိုလုပ်ပြီး ကျွန်မ သေလမ်းရှာနေခဲ့တာ မဟုတ်ဘူးလား။ အရင်တုန်းက၊ ပေါလုက နေရာတိုင်းကိုသွားပြီး ဧဝံဂေလိတရားကို ဖြန့်ဝေတယ်၊ အသင်းတော်တွေ တည်ထောင်တယ်၊ အလုပ်တွေအများကြီးလုပ်ခဲ့တယ်၊ ဒါပေမဲ့ သူ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံရခြင်းရဲ့ရည်ရွယ်ချက်က ဘုရားသခင်ကို စိတ်ကျေနပ်အောင်လုပ်ဖို့မဟုတ်ဘူး၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူ့ရဲ့တာဝန်ကို ထမ်းဆောင်ဖို့ဆိုတာ ပိုလို့တောင်နည်းသေးတယ်။ အဲဒီအစား၊ သူက ဘုရားသခင်ဆီကနေ ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုဖို့ သူ့ရဲ့ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းနဲ့ အလုပ်လုပ်ခြင်းကို အသုံးပြုချင်ခဲ့တာ၊ ဒါတွေကို ကောင်းကင်နိုင်ငံတော်ရဲ့ကောင်းချီးတွေနဲ့ လဲလှယ်ဖို့အတွက်ပေါ့။ သူလိုက်စားတဲ့အမြင်နဲ့ သူလိုက်ခဲ့တဲ့လမ်းကြောင်းကို ဘုရားသခင်က ပစ်ပစ်ခါခါငြင်းပြီး ရှုတ်ချခဲ့ပါတယ်။ နောက်ဆုံးမှာ၊ သူက ကောင်းကင်နိုင်ငံတော်ထဲကို မဝင်ရရုံတင်မကဘဲ၊ သူထိုက်တန်တဲ့အပြစ်ဒဏ်ကိုခံရဖို့ ငရဲကို ပို့ခြင်းခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ အနှစ်သာရက သန့်ရှင်းပြီး ဖြောင့်မတ်တယ်၊ ကိုယ်တော်က လူတွေ ဘယ်လောက် အလုပ်တွေအရမ်းများပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်ဆိုတာကိုအခြေခံပြီး လူတွေရဲ့အဆုံးသတ်ကို မဆုံးဖြတ်ဘူး။ အဲဒီအစား၊ သူတို့ရဲ့အသက်စိတ်သဘောထားက ပြောင်းလဲနိုင်မလားဆိုတာကိုအခြေခံပြီး သူတို့ကို ကယ်တင်လို့ရနိုင်မလားဆိုတာ ကိုယ်တော်က ဆုံးဖြတ်တယ်။ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ပြည့်နေပြီး ကောင်းချီးတွေမရတဲ့အခါ ဘုရားသခင်ကို ပေါ်ပေါ်တင်တင် အကြောင်းပြချက်ပေး၊ ကန့်ကွက်ပြီး ရန်မူတဲ့ ကျွန်မလိုလူမျိုးအတွက်၊ သူတို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ ကိုယ်တော်ရဲ့ရိုက်နှက်ခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းကို မတွေ့ကြုံရရင်၊ သူတို့က ဘုရားသခင်ရဲ့နိုင်ငံတော်ထဲကို ဝင်ဖို့ ဘယ်လိုများ အရည်အချင်းပြည့်မီနိုင်မှာလဲ။ နောက်ဆုံးမှာ၊ ဒီလိုလူမျိုးက ပေါလုလိုပဲ အပြစ်ဒဏ်ခံရဖို့ ငရဲကို သေချာပေါက် ပို့ခြင်းခံရမှာပဲ။ ဒီအချိန်မှာ၊ ကျွန်မ နားလည်ခဲ့တာက၊ ဘုရားသခင်က ဘုရားသခင်ကို ဆန့်ကျင်တဲ့မှားယွင်းတဲ့လမ်းကြောင်းကနေ ကျွန်မကို အချိန်မီပြန်လှည့်စေဖို့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်အောင်နဲ့ သမ္မာတရားကို လိုက်စားတဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်အောင် ကူညီဖို့အတွက် ကျွန်မရဲ့ရောဂါကို အသုံးပြုခဲ့တယ်ဆိုတာပါ။ ဒါမှ ကျွန်မ ဘုရားသခင်ကို အတိုက်အခံမလုပ်ဘဲ နောက်ဆုံးမှာ အပြစ်ဒဏ်မခံရအောင်ပေါ့။ ဘုရားသခင်ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်ကို နားလည်တော့၊ ဒီရောဂါက ဘုရားသခင် ကျွန်မကို ကာကွယ်ပေးနေတာဖြစ်တယ်၊ ဒါက တစ်မျိုးတစ်ဖုံသော ကောင်းချီးမင်္ဂလာဖြစ်တယ်ဆိုတာကို ကျွန်မ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ခဲ့တယ်။ “အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းကောင်း ကျွမ်းနေနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ သက်တမ်းသည် မပြီးသေးဘဲ သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ သင့်ထံတွင် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိပြီး သင်၏ အထူးတာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော နာမကျန်းမှုတစ်ခု ဖြစ်လျှင်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဆောင်ဦးမည်မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ ပြီးလျှင် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို နှောင့်နှေးနေလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ သာသနာက ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ အထူးတာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ လူရဲ့အသက်နဲ့သေခြင်းက ဘုရားသခင်ရဲ့လက်ထဲမှာရှိတယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မ ဘယ်လောက်အသက်ရှည်မယ်ဆိုတာကို ဘုရားသခင်က လွန်ခဲ့တဲ့အချိန်ကတည်းက ကြိုတင်သတ်မှတ်ထားပြီးသား၊ စက္ကန့်အတိအကျအထိ ကြိုတင်ပြဌာန်းထားပြီးသားပါ။ ကျွန်မ သေလောက်တဲ့ရောဂါဖြစ်ခဲ့ရင်တောင် ဒါမှမဟုတ်၊ လူတွေရဲ့အမြင်မှာ၊ ကျွန်မမိသားစုထဲကလူတိုင်းက အသည်းကင်ဆာနဲ့သေဆုံးခဲ့ပြီး၊ ဒါကိုရှောင်လွှဲဖို့ ကျွန်မလုပ်နိုင်တာဘာမှမရှိခဲ့ရင်တောင်၊ ဘုရားသခင်ရဲ့ရှုထောင့်ကနေ ကျွန်မရဲ့အချိန်က မရောက်သေးဘူး၊ ကျွန်မရဲ့တာဝန်က မပြီးသေးဘူးဆိုရင်၊ ကိုယ်တော်က ကျွန်မကို သေခွင့်ပေးမှာမဟုတ်ဘူး၊ ကျွန်မ သေနိုင်မှာလည်း မဟုတ်ဘူး။ ကျွန်မရဲ့တာဝန်က ပြီးဆုံးသွားပြီး၊ ကျွန်မရဲ့အချိန်က ရောက်လာပြီဆိုရင်၊ ကျွန်မ ကျန်းမာရေးကောင်းပြီး ဘာရောဂါမှမရှိရင်တောင် သေရမှာပဲ။ ဒါက ဘုရားသခင်ရဲ့ကြိုတင်သတ်မှတ်မှုနဲ့ သက်ဆိုင်ပြီး ကျွန်မမိသားစုရဲ့ရောဂါရာဇဝင်နဲ့ လုံးဝမသက်ဆိုင်ဘူး။ လူတွေ အသက်ရှင်ခြင်း၊ သေဆုံးခြင်းအပေါ်မှာ ဘုရားသခင်က အချုပ်အခြာအာဏာကို ကိုင်စွဲထားတယ်ဆိုတာကို အသိအမှတ်ပြုတော့၊ ကျွန်မ အရင်လို သေခြင်းရဲ့ဘောင်ခတ်တာကို မခံရတော့ဘူး။ ကျွန်မရဲ့အသက်နဲ့သေခြင်းကို ဘုရားသခင်ဆီ အပ်နှံပြီး ကိုယ်တော်ရဲ့အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံလိုစိတ်ရှိခဲ့တယ်၊ ကျွန်မရဲ့စိတ်နှလုံးက ပိုပြီးတော့စိတ်သက်သာရာရပြီး လွတ်မြောက်သွားသလို ခံစားခဲ့ရတယ်။
နောက်ပိုင်းမှာ၊ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “နာမကျန်းမှုကို ရင်ဆိုင်နေရချိန်တွင် သင်သည် ကုသမှုကို စိတ်ဝင်တစား ရှာဖွေနိုင်သော်လည်း ထိုအရာကို အပြုသဘောဆောင်သည့် သဘောထားဖြင့်လည်း သင် ချဉ်းကပ်သင့်သည်။ သင်၏ နာမကျန်းမှု မည်မျှ ကုသ၍ရနိုင်သည်၊ ယင်းကို ကုသပျောက်ကင်းနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ဖြစ်ပျက်နိုင်သည့် မည်သည့်အရာမဆိုအတွက်မူ သင်သည် အမြဲ ကျိုးနွံနာခံသင့်ပြီး မညည်းညူသင့်ပေ။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး သင့်ထံတွင် အခြား ရွေးချယ်စရာ မရှိသည့်အတွက် ဤသည်မှာ သင် ခံယူသင့်သည့် သဘောထားဖြစ်သည်။ သင်က ‘ဤရောဂါမှ ငါကုသပျောက်ကင်းလျှင် ထိုအရာမှာ ဘုရားသခင်၏ ကြီးမြတ်သည့် တန်ခိုးတော်ဖြစ်ကြောင်း ကျွန်ုပ် ယုံကြည်ပါမည်။ သို့သော် ကျွန်ုပ် ကုသပျောက်ကင်းခြင်း မရှိလျှင် ဘုရားသခင်ကို ကျွန်ုပ် ကျေနပ်အားရမည်မဟုတ်ပါ။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်အား ဤရောဂါကို ပေးသနည်း။ ဤရောဂါကို သူ အဘယ်ကြောင့် မကုသပေးသနည်း။ အဘယ်ကြောင့် ဤရောဂါကို ကျွန်ုပ် ရရှိပြီး အခြားတစ်စုံတစ်ဦးက မရသနည်း။ ကျွန်ုပ် မလိုချင်ပါ။ ထိုမျှ ငယ်သောအရွယ်တွင် ကျွန်ုပ် အဘယ်ကြောင့် စောစီးစွာ သေဆုံးရမည်နည်း။ အခြားလူများ ဆက်လက် အသက်ရှင်ကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။ အဘယ်ကြောင့်နည်း’ဟု ပြော၍မရပေ။ အကြောင်းအရင်းဟူသည် မရှိ။ ယင်းမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ဖြစ်သည်။ သူသည် အမှုအရာများကို ဤသို့ စီစဉ်ပြီး ကြံစည်ထားခဲ့သည်။ အကြောင်းရင်း မရှိသကဲ့သို့ အဘယ်ကြောင့်နည်းဟု သင် မမေးသင့်။ အဘယ်ကြောင့်နည်းဟု မေးမြန်းခြင်းသည် ပုန်ကန်သည့် စကားဖြစ်ပြီး ဤသည်မှာ အဖန်ဆင်းခံတစ်ဦး မေးသင့်သည့် မေးခွန်းတစ်ခု မဟုတ်။ အဘယ်ကြောင့်ဟု သင် မေးပါက သင်သည် အလွန် ပုန်ကန်တတ်၊ အလွန် ခေါင်းမာလွန်းသောကြောင့် ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ တစ်စုံတစ်ရာက သင့်ကို စိတ်မကျေမနပ် ဖြစ်စေသည့်အခါ၊ သို့မဟုတ် သင်ဆန္ဒ ရှိသည့်အတိုင်း ဘုရားသခင် မလုပ်ဆောင်၊ သို့မဟုတ် သင့်သဘောအတိုင်း ဖြစ်ခွင့်မပေးသည့်အခါ၊ သင်သည် ဝမ်းနည်းလာသည်၊ မကျေမချမ်းဖြစ်ပြီး သင်က အဘယ်ကြောင့်နည်းဟု အမြဲ မေးသည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို ‘အဖန်ဆင်းခံတစ်ဦးအဖြစ်၊ သင်၏တာဝန်ကို သင် အဘယ်ကြောင့် ကောင်းစွာ မလုပ်ဆောင်သနည်း။ သင်၏ တာဝန်ကို သင် အဘယ်ကြောင့် သစ္စာစောင့်သိစွာ မထမ်းဆောင်လေပြီနည်း’ဟု မေးသည်။ သင်မည်သို့ တုံ့ပြန်မည်နည်း။ သင်က ‘အကြောင်းရင်း မရှိပါ။ ကျွန်ုပ်သည် ဤကဲ့သို့သာဖြစ်သည်’ဟု ပြောသည်။ ဤအဖြေသည် လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) ဘုရားသခင် သင့်ကို ထိုသို့ပြောခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်သော်လည်း ဘုရားသခင်အား သင် ထိုသို့ပြောခြင်းမှာမူ လက်မခံနိုင်ဖွယ် ဖြစ်၏။ သင်သည် မှားယွင်းသည့်နေရာတွင် ရပ်တည်နေပြီး သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့လွန်း၏။ အဖန်ဆင်းခံတစ်ဦးက မည်သည့်အခက်အခဲများကို ကြုံရသည်ဖြစ်စေ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံသင့်သည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတလေသည်။ ဥပမာအားဖြင့် သင်၏ မိဘများက သင့်ကို မွေးဖွားပေးခဲ့သည်၊ ပြုစုပျိုးထောင်ခဲ့ပြီး ၎င်းတို့ကို မိခင်နှင့် ဖခင်ဟု သင်ခေါ်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကာ ဤသည်မှာ ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ အဘယ်ကြောင့်နည်းဟူသည်မှာ မရှိပေ။ ထို့ကြောင့် ဘုရားသခင်က သင့်အတွက် ဤအရာအားလုံးကို စီစဉ်ညွှန်ကြားပြီး ကောင်းချီးများကို သင်မွေ့လျော်ခံစားရသည်ဖြစ်စေ၊ အခက်အခဲများကို ခံစားရသည်ဖြစ်စေ ဤအရာသည်လည်း လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကာ ထိုကိစ္စတွင် သင်ရွေးချယ်စရာမရှိပေ။ တကယ့်အဆုံးထိ သင်ကျိုးနွံနာခံနိုင်ပါက ပေတရုကဲ့သို့ ကယ်တင်ခြင်း ရရှိလိမ့်မည်။ သို့ရာတွင် ခဏတာ နာမကျန်းမှုအချို့ကြောင့် ဘုရားသခင်ကို သင် စောဒကတက်ပါက စွန့်ပစ်ပြီး သစ္စာဖောက်ပါက ယခင်က သင် လုပ်ဆောင်ပြီးဖြစ်သည့် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ သင်၏တာဝန် ထမ်းဆောင်ခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းအားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်၏ အတိတ်က အလုပ်ကြိုးစားမှုအားလုံးသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သို့မဟုတ် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ သင့်လျော်သော နေရာကို ယူရန် သင့်အတွက် မည်သည့် အခြေခံအုတ်မြစ်မျှ ချခင်းပေးပြီး ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ သင်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောင်းလဲစေပြီး ဖြစ်လိမ့်မည်မဟုတ်။ ထို့နောက်တွင် ဤအရာက သင့်အား သင်၏ နာမကျန်းမှုကြောင့် ဘုရားသခင်ကို သစ္စာဖောက်စေလိမ့်မည် ဖြစ်ပြီး သင်၏ အဆုံးသတ်သည် အဆုံးတွင် အပြစ်ပေးခံရမည့် ပေါလု၏ အဆုံးသတ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤသို့ စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်း အကြောင်းရင်းမှာ ယခင်က သင် လုပ်ဆောင်ပြီးသမျှတိုင်းသည် သရဖူတစ်ခုကို ရရှိနိုင်ဖို့ရန်အလို့ငှာနှင့် ကောင်းချီးများ ရရှိခြင်းအတွက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ နာမကျန်းမှုနှင့် သေခြင်းကို သင်နောက်ဆုံး ရင်ဆိုင်ရသည့်အခါ မည်သည့် မကျေနပ်ချက်မျှ မရှိဘဲ သင် ကျိုးနွံနာခံနိုင်ဆဲဖြစ်ပါက ထိုအရာမှာ ယခင်က လုပ်ဆာင်ခဲ့သမျှအားလုံးသည် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာနှင့် လိုလိုလားလား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး နောက်ဆုံးတွင် သင်၏ ကျိုးနွံနာခံမှုက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအသက်တာအတွက် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုကို သတ်မှတ်လိမ့်မည်ဖြစ်ပြီး ဤအရာကို ဘုရားသခင်က အသိအမှတ်ပြုပေသည်။ ထို့ကြောင့် နာမကျန်းမှုက သင့်ကို ကောင်းမွန်သည့် အဆုံးသတ်တစ်ခု ဖြစ်စေနိုင်သည်၊ သို့မဟုတ် သင့်ကို မကောင်းသည့် အဆုံးသတ်တစ်ခု ဖြစ်စေနိုင်ပေသည်။ သင် ဖြစ်လာသည့် အဆုံးသတ် အမျိုးအစားသည် သင် လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့အပေါ် တည်မှီပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင်က လူတွေ ရောဂါဖြစ်တဲ့အခါ ဘယ်လိုလက်တွေ့လုပ်ဆောင်သင့်တယ်၊ ဘယ်လိုလမ်းကြောင်းမျိုးကို ရွေးချယ်သင့်တယ်ဆိုတာကို အရမ်းကို ရှင်းရှင်းလင်းလင်း မိန့်မှာထားတယ်။ တစ်ယောက်ယောက်က ရောဂါဖြစ်ရင်၊ သူတို့ဟာ ကုသမှုခံယူနိုင်တယ်၊ လူတွေ သူတို့ကျန်းမာရေးကြောင့် စိတ်အားငယ်၊ စိုးရိမ်ပူပန်ပြီး၊ ရောဂါဖြစ်တဲ့ကြားမှာ အသက်ရှင်နေတာကို ဘုရားသခင်က မမြင်လိုပါဘူး။ ကိုယ်တော်က လူတွေ ပေါလုလိုမျိုး သမ္မာတရားကို နည်းနည်းလေးမှ မလိုက်စားဘဲ၊ ဖန်ဆင်းခံတစ်ယောက်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရား ကင်းမဲ့နေတာ၊ စမ်းသပ်မှုနဲ့ ဒုက္ခဆင်းရဲကို ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့နှစ်ပေါင်းများစွာ စွန့်လွှတ်ခြင်းနဲ့ အသုံးခံခြင်းကို အရင်းအနှီးလုပ်ပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်တာ၊ ကိုယ်တော့်ဆီကနေ ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုတာ၊ ကိုယ်တော့်ကို ရန်မူပြီး ကန့်ကွက်တာ၊ နောက်ဆုံးမှာ ကိုယ်တော့်ကို အတိုက်အခံလုပ်လို့ အပြစ်ဒဏ်ခံရတာမျိုးကို ပိုလို့တောင်မြင်ချင်မှာမဟုတ်ဘူး။ ဘုရားသခင် မျှော်လင့်တာကတော့ ကျွန်မတို့ ရောဂါနဲ့ရင်ဆိုင်ရတဲ့အခါ ယောဘလိုမျိုးဖြစ်နိုင်ဖို့၊ ဖန်ဆင်းခံတွေရဲ့နေရာမှာ ရပ်တည်ပြီး၊ ကိုယ်ပိုင်ရွေးချယ်မှုတွေနဲ့ တောင်းဆိုမှုတွေမရှိဘဲ ဘုရားသခင်ရဲ့အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို လက်ခံပြီး ကျိုးနွံနာခံဖို့ပဲ။ ဒီလိုနည်းနဲ့မှသာ လူတစ်ယောက်မှာ ဆင်ခြင်တုံတရားနဲ့ လူ့သဘာဝ ရှိနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့၊ ဒီရောဂါရဲ့စမ်းသပ်မှုတွေအတွင်းမှာ၊ ကျွန်မက အပျက်သဘောဆောင်တယ်၊ နားလည်မှုလွဲမှားခြင်းတွေနဲ့ မကျေမနပ်ပြောဆိုမှုတွေနဲ့ ပြည့်နေတယ်၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့အနေအထားမှာတောင် ရပ်တည်ပြီး ကိုယ်တော်ရဲ့အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ရန်မူခဲ့တယ်။ ကျွန်မ တကယ်ကို မာကျောပြီး ပုန်ကန်တတ်လွန်းတယ်၊ ဖန်ဆင်းခံတစ်ယောက်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရား ကျွန်မမှာ လုံးဝမရှိခဲ့ဘူး။ ကျွန်မ ဘုရားသခင်ရှေ့ကို လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အရင်တုန်းက သမီး သမ္မာတရားကို မလိုက်စားခဲ့ပါဘူး၊ ကောင်းချီးတွေရဖို့ ကိုယ်တော်နဲ့ အမြဲတမ်း အလဲအလှယ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အခု ကိုယ်တော်ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်ကို သမီး နားလည်လာပါပြီ။ ကိုယ်တော်က သမီးကို သန့်စင်ပြီး ပြောင်းလဲစေဖို့၊ သမီးရဲ့ မှားယွင်းတဲ့လိုက်စားမှုအမြင်တွေကို ပြောင်းပြန်လှန်ပေးဖို့ သမီးရဲ့ရောဂါကို အသုံးပြုခဲ့တယ်။ သမီး ကိုယ်တော်ရဲ့အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံလိုစိတ်ရှိပါတယ်။ သမီးမှာ ယောဘရဲ့လူ့သဘာဝမရှိပေမဲ့၊ သမီး သူ့ရဲ့သာဓကကို လိုက်နာပြီး ကိုယ်တော့်အတွက် သမီးရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်လိုစိတ်ရှိပါတယ်။ သမီးသာ ကိုယ်တော့်ကို ဆက်ပြီး မကျေမနပ်ပြောဆိုနေဦးမယ်ဆိုရင်၊ ကိုယ်တော့်ရဲ့ကျိန်ခြင်း သမီးအပေါ် ကျရောက်ပါစေလို့ တောင်းလျှောက်ပါတယ်”ဆိုပြီးတော့ပါ။ အဲဒီနောက်မှာတော့ ကျွန်မရဲ့ရောဂါကို မှန်မှန်ကန်ကန် ရှုမြင်နိုင်ခဲ့တယ်။ ဆေးသောက်သင့်တဲ့အခါ ဆေးသောက်တယ်၊ ကျွန်မရဲ့အခြေအနေကြောင့် သိပ်ပြီးဘောင်ခတ်တာမခံရတော့ဘဲ ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခဲ့တယ်။
နောက်ပိုင်းမှာ၊ ကျွန်မ နောက်ထပ်တစ်ခါ ဆေးစစ်ဖို့ ဆေးရုံသွားတော့၊ အသည်းခြောက်တယ်ဆိုတဲ့ အစောပိုင်းဆေးစစ်ချက်က နည်းနည်း စောလွန်းသွားတယ်၊ ကျွန်မအသည်းထဲက အကျိတ်အခဲတွေက သိပ်ပြီးမကြီးထွားလာဘူးလို့ ဆရာဝန်က ပြောခဲ့ပါတယ်။ ဆရာဝန်က အကျိတ်အခဲတွေရဲ့ကြီးထွားမှုကို ဆက်ပြီးစောင့်ကြည့်နိုင်ဖို့ ပုံမှန်ဆေးစစ်ချက်တွေအတွက် ပြန်လာဖို့ ကျွန်မကို ပြောခဲ့တယ်။ ဒါပေမဲ့၊ ကျွန်မမှာ ဘုရားသခင်အပေါ် ယုံကြည်တဲ့အတွက် ရဲမှတ်တမ်းရှိနေပြီး မှတ်ပုံတင်ပြလို့မရတဲ့အတွက်၊ သုံးနှစ်ကျော်ကြာ ဆေးရုံကို သွားပြီးမစစ်ဆေးနိုင်ခဲ့ဘူး။ ဒီနှစ်အစပိုင်းမှာ၊ ဆေးရုံမှာအလုပ်လုပ်တဲ့ ညီအစ်မတစ်ယောက်က ကျွန်မကို ဓာတ်ခွဲဆေးစစ်မှုတချို့ ကူလုပ်ပေးခဲ့တယ်။ ဆေးစစ်ချက်အဖြေတွေထွက်လာတဲ့အခါ ဆရာဝန်က ကျွန်မရဲ့အသည်းလုပ်ဆောင်ချက်ရော အညွှန်းကိန်းအမျိုးမျိုးရော ပုံမှန်ပဲလို့ ပြောခဲ့တယ်။ ဒါကိုကြားတော့၊ ကျွန်မ ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိတယ်။
ဒီရောဂါရဲ့ ထုတ်ဖော်မှုတွေကို တွေ့ကြုံရချိန်မှာ၊ ကျွန်မ ဒုက္ခတွေအများကြီး ခံစားခဲ့ရပေမဲ့၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းမှာ ကောင်းချီးတွေရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားအကြောင်းကိုလည်း နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံရပြီး၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းမှာရှိတဲ့ မှားယွင်းတဲ့အမြင်တွေက အတော်အတန် ပြောင်းလဲသွားခဲ့တယ်။ အခု၊ ကျွန်မရဲ့ရောဂါက လုံးဝမပျောက်သေးပေမဲ့၊ ကျွန်မ ဆင်ခြင်တုံတရားတချို့ပြနိုင်ပြီး ဘုရားသခင်ရဲ့အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံလိုစိတ်ရှိနေပြီ။ ကျွန်မ ဒီလိုနည်းနည်းလေး ပြောင်းလဲနိုင်ခဲ့တာ အားလုံးဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကြောင့် ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှင်တောက် တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...
ကျင့်မော့ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လေးနှစ်ကျော်ကြာတဲ့အထိ ဗီဒီယိုတွေအတွက် သီချင်းတွေရေးတာကိုလုပ်တယ်။ အသင်းတော်အလုပ်ရဲ့...
ကျွမ်းရီ တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ...
တုန်းရွှင် တရုတ်နိုင်ငံ ခေါင်းဆောင်က ကျွန်မကို အဖွဲ့စုဝေးပွဲ နှစ်ခုသုံးခုကို ကြီးကြပ်ခိုင်းတယ်။ လက်တွေ့တချို့လုပ်ပြီးတဲ့နောက်မှာ၊...