နာမကျန်းမှုနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများကို လက်လွှတ်ခြင်း

14.04.2026

ယန်ကျွင်း၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ အစပိုင်းမှာ ကျွန်တော့်ခေါင်းထဲမှာ တစီစီနဲ့ အသံမြည်နေပြီး ကျွန်တော်က သွေးတိုးတက်လေ့ရှိတာကို တွေးမိပြီး သွေးပေါင်ချိန်ကြည့်လိုက်တယ်။ အံ့သြစရာကောင်းတာက ကျွန်တော့်ရဲ့ သွေးပေါင်ချိန်ဟာ အောက်သွေး ၁၁၀၊ အထက်သွေး ၁၆၀ ဖြစ်နေပါရော။ ကျွန်တော် လန့်သွားပြီး တွေးမိတာပေါ့။ “ဘာလို့ ဒီလောက်တောင် မြင့်နေရတာလဲ။ ဒီအတိုင်းသာဆိုရင် အနှေးနဲ့အမြန် တစ်ခုခုတော့ သေချာပေါက် ဖြစ်မှာပဲ” ပေါ့။ ကျွန်တော့်အဖေတုန်းက သွေးတိုးပြီး လေဖြတ်ခဲ့တာကို ကျွန်တော် သတိရမိတယ်။ တစ်နာရီကျော်ကြာအောင် အစွမ်းကုန် ကယ်ဆယ်ကုသခဲ့ပေမဲ့ အဖေက ဆုံးသွားခဲ့ရှာတယ်။ ကျွန်တော့်အဒေါ်ဆိုရင်လည်း သွေးတိုးပြီး လေဖြတ်လို့ နှစ်ရက်ပဲကြာတယ်၊ ဆုံးသွားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော့်အစ်ကို၊ အစ်မနဲ့ ကျွန်တော်လည်း သွေးတိုးရောဂါ ဖြစ်လာကြတယ်။ ဆရာဝန်ကတော့ ကျွန်တော်တို့မှာ မျိုးရိုးလိုက်တဲ့ ရာဇဝင်ရှိပုံရတယ်လို့ ပြောပြီး နောက်နောင် ပိုဂရုစိုက်ဖို့ အကြံပေးခဲ့တယ်။ ကျွန်တော် နည်းနည်းကြောက်သွားပြီး အဖေနဲ့ အဒေါ်တို့လိုမျိုး ရုတ်တရက် သေဆုံးသွားမှာကို စိုးရိမ်မိတယ်။ ကျွန်တော် အရင်က တွေးခဲ့ဖူးတာက ကျွန်တော် ဘုရားသခင်ကို ယုံကြည်တာပဲ၊ ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်မှာပါ၊ သွေးတိုးလောက်ကတော့ ဘာမှ ပြောပလောက်တဲ့ကိစ္စ မဟုတ်ပါဘူး၊ ပြဿနာအကြီးစားမဟုတ်တာ သေချာပါတယ် ပေါ့။ ဒါပေမဲ့ အခု သွေးပေါင်ချိန် ဒီလောက်တက်နေတာကို မြင်လိုက်ရတော့ ကျွန်တော် နည်းနည်း ညည်းညူမိတယ်။ “ငါ အသင်းတော်မှာ တာဝန်ထမ်းဆောင်နေတာ နှစ်တွေအကြာကြီး ရှိနေပြီ၊ ဘုရားသခင်က ဘာလို့ ဒီရောဂါကို မပျောက်ကင်းစေတာလဲ။ တစ်နေ့ သွေးပေါင်ချိန်တက်ပြီး ငါလဲကျသွားရင် ဘယ်လိုလုပ်မလဲ။ မသေရင်တောင် ဒုက္ခိတဖြစ်သွားနိုင်တယ်၊ အဲဒီကျရင် ငါဘယ်လိုလုပ် ကယ်တင်ခြင်းခံရနိုင်မှာလဲ။ အဲဒါကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု ငါ ရှာမှဖြစ်မယ်၊ မဟုတ်ရင် ဒီရောဂါ ပိုဆိုးလာပြီး ငါအသက်ဆုံးရှုံးသွားနိုင်တယ်” ဆိုပြီး တွေးမိတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့်ကျန်းမာရေးကို အထူးဂရုစိုက်လာတော့တာပေါ့။ တာဝန်ထမ်းဆောင်ဖို့ ဘယ်နေရာကိုပဲသွားသွား သွေးတိုးရောဂါ ကုသတဲ့နည်းလမ်းတွေကို မေးမြန်းဖို့ ကျွန်တော် ဘယ်တော့မှ မမေ့ခဲ့သလို အားလပ်ချိန်ရတိုင်း အွန်လိုင်းမှာ ရှာဖွေခဲ့တယ်။ ရေလောင်းတဲ့တာဝန်အတွက် လိုအပ်တဲ့ စည်းမျဉ်းတွေကို လေ့လာဖို့ ကျွန်တော် လစ်ဟင်းခဲ့တယ်၊ အချိန်မီ နောက်ဆက်တွဲလုပ်ဆောင်ပြီး ဖြေရှင်းရမဲ့ ကိစ္စတွေကိုလည်း မဖြေရှင်းခဲ့ဘူး။ ကျွန်တော့်စိတ်တစ်ခုလုံးက ဒီရောဂါကို ကုသဖို့အပေါ်မှာပဲ အာရုံရောက်နေခဲ့တာ။ ကိုယ့်တာဝန်အပေါ် ဒီလိုသဘောထားတာ မသင့်လျော်မှန်း ကျွန်တော် သိပေမဲ့ ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့ လိုအပ်တဲ့ အချိန်နဲ့ အားစိုက်ရမှာအကြောင်း တွေးပြီး ကျွန်တော့်သွေးပေါင်ချိန် ပိုတက်လာမှာကို စိုးရိမ်ခဲ့တယ်၊ ရောဂါကုသဖို့ နည်းလမ်းရှာဖို့က အရေးကြီးတယ်လို့ တွေးခဲ့တယ်။ ဒီလိုအတွေးမျိုးနဲ့ဆိုတော့ ကျွန်တော့်ရဲ့ အပြစ်မကင်းတဲ့စိတ်လေးနည်းနည်းက ပျောက်သွားတယ်။

တစ်ခါတုန်းက သွေးတိုးရောဂါကုသဖို့ ရိုးရာဆေးနည်းတစ်ခု ကျွန်တော် ရခဲ့တယ်၊ လူတော်တော်များများ အဲဒီနည်းနဲ့ သက်သာသွားတယ်လို့ ကြားတာနဲ့ ကျွန်တော် ဝမ်းသာအားရ စမ်းကြည့်လိုက်တာပေါ့။ ခဏကြာတော့ အံ့သြစရာကောင်းတာက သွေးပေါင်ချိန် ကျမသွားတဲ့အပြင် တကယ်တမ်းကျတော့ ပိုတက်လာပြီး အထက်သွေး ၁၈၀ အထိ ရောက်သွားတယ်။ ဒါနဲ့ ကျွန်တော် ကြောင်သွားပြီး “ငါ့သွေးပေါင်ချိန်က ဘယ်လိုလုပ် တက်လာရတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ကျွန်တော် အရမ်းကြောက်သွားတယ်၊ အဖေနဲ့ အဒေါ်တို့လိုမျိုး ရုတ်တရက် သေဆုံးသွားမှာကို စိုးရိမ်ခဲ့တယ်။ သွေးတိုးကြောင့် လေဖြတ်သွားတဲ့သူတွေ၊ တချို့ဆိုရင် ဝှီးချဲပေါ်ရောက်ပြီး ပါးရွဲ့သွားတာတွေ၊ ကိုယ့်ကိုယ်ကိုယ် မပြုစုနိုင်တော့တာတွေ၊ တခြားသူတွေဆို ကိုယ်တစ်ခြမ်းလေဖြတ်သွားတာတွေကိုလည်း ကျွန်တော် တွေးမိတယ်။ တစ်နေ့ကျရင် ကျွန်တော်လည်း သူတို့လို ဖြစ်သွားမှာကို ကြောက်ခဲ့တာ။ တွေးလေလေ ကျွန်တော် ပိုကြောက်လေလေဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတော့တာပေါ့၊ ကျွန်တော့်စိတ်က တာဝန်အပေါ်မှာ မရှိတော့ပါဘူး။ ကျွန်တော် တွေးမိတယ်၊ “ငါ အိမ်ပြန်အနားယူပြီး ရောဂါပျောက်အောင်ကုပြီးမှ တာဝန်တွေကို ပြန်ထမ်းဆောင်သင့်တယ် ထင်တယ်” ပေါ့။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီ ရဲတွေရဲ့ လိုက်ဖမ်းတာ ခံနေရတော့ ကျွန်တော် အိမ်မပြန်နိုင်ဘူး၊ ဒါကြောင့် ဆေးကုသရင်းနဲ့ပဲ တာဝန်ကို ဆက်ထမ်းဆောင်ရတော့တာပေါ့။ အဲဒီနောက်ပိုင်း ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုပြီး ဂရုစိုက်လာတယ်၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာဖြစ်တိုင်း သွေးပေါင်များ ပြန်တက်လာပြီလား၊ လမ်းလျှောက်ရင်း လဲကျသွားပြီး ပြန်မထနိုင်တော့ဘဲ ဖြစ်သွားမလားဆိုပြီး မတွေးဘဲ မနေနိုင်ဖြစ်ရတယ်။ နေ့တိုင်း စိတ်တထင့်ထင့်နဲ့ ဖြစ်နေရပြီး ဒီဟာကြောင့် ကျွန်တော် တာဝန်ထမ်းဆောင်တာကို ထိခိုက်လာတယ်။ နောက်ပိုင်းမှာ သွေးတိုးရှိတဲ့လူတွေက ညဘက် ညဉ့်နက်တဲ့အထိ မနေသင့်ဘူးလို့ ကြားတာနဲ့ ကျွန်တော် ညဘက် စောစောအိပ်တယ်၊ အရေးတကြီးလုပ်ရမဲ့ အလုပ်တွေကို အလုအယက် မလုပ်တော့ဘူး။ ဒါပေမဲ့ နောက်တစ်နေ့ရောက်လို့ လုပ်စရာအလုပ်တွေ ဘယ်လောက်များနေလဲဆိုတာ မြင်လိုက်ရတဲ့အခါ ဖိအားများပြီး ထိတ်လန့်သလို ခံစားရတယ်။ အဲဒီကာလတုန်းက ကျွန်တော့်စိတ်က ရောဂါအပေါ်မှာပဲ အပြည့်အဝ ရောက်နေခဲ့တာ၊ ကျွန်တော့်တာဝန်တွေမှာ ထိရောက်မှုက အရမ်းကျသွားပြီး ရေလောင်းခြင်းအလုပ်ကို နှောင့်နှေးစေခဲ့တယ်။ အပြစ်မကင်းတဲ့စိတ် ခံစားရပေမဲ့ ရောဂါအကြောင်း တွေးလိုက်တာနဲ့ အဲဒီ အပြစ်မကင်းတဲ့စိတ် ပျောက်သွားပါလေရော။ နေ့တိုင်း ကျွန်တော် ဘာစားလို့ရလဲ၊ ဘာစားလို့မရဘူးလဲ၊ ရောဂါကို ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာတွေကိုပဲ အာရုံစိုက်နေပြီး တာဝန်ထမ်းဆောင်ဖို့ လုံးဝ စိတ်မရှိဘူး။ ကျွန်တော့်စိတ်ထဲမှာ ညည်းညူသံတချို့တောင် ထွက်လာပြီး တွေးမိတယ်၊ “ငါ အသင်းတော်မှာ တာဝန်ထမ်းဆောင်ရင်း ဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနေတာပဲ၊ ဘုရားသခင်က ဘာလို့ ငါ့ကို မကာကွယ်ပေးတာလဲ။ ငါ့အခြေအနေက သက်သာမလာတဲ့အပြင် တကယ်တမ်းကျတော့ ဆက်တိုက် ပိုဆိုးလာတယ်။ အခု ငါဘယ်လိုလုပ် တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာလဲ” ပေါ့။ ကျွန်တော့်စိတ်နှလုံးက ဘုရားသခင်နဲ့ ပိုပိုပြီးတော့ ဝေးကွာလာပြီး ဆုမတောင်းချင်တော့ဘူး။ ကျွန်တော် တကယ်ကို စိတ်မချမ်းမသာဖြစ်ပြီး သောကရောက်ရတယ်၊ ဘယ်နေ့မှာမဆို သေခြင်းတရားက ကျွန်တော့်ဆီ ရောက်လာနိုင်မှာကို အရမ်းကြောက်ခဲ့တာ။ ကျွန်တော့်ရဲ့ နာကျင်မှုတွေကြားထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ရတယ်။ “၎င်းတို့ နေမကောင်းကြောင်း သိကြသူအချို့လည်း ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့တွင် တကယ် နာမကျန်းဖြစ်ခြင်း အချို့ သို့မဟုတ် အခြားတစ်ခု၊ ဥပမာအားဖြင့် အစာအိမ်ရောဂါများ၊ ခါးနှင့် ခြေထောက် နာကျင်ကိုက်ခဲမှု၊ အဆစ်ရောင်နာရောဂါ၊ ဒူလာရောဂါအပြင် အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည်တို့ ရှိကြသည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့က ‘ငါ၏ တာဝန်ကို ဆက်ထမ်းဆောင်လျှင် ငါ၏ နာမကျန်းဖြစ်ခြင်းအတွက် ကုသစရိတ်ကို ဘုရားအိမ်တော်က ပေးလိမ့်မည်လော။ ငါ၏ နာမကျန်းမှုက ပိုဆိုးသွားပြီး ငါ့တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်လျှင် ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းစေလိမ့်မည်လော။ အခြားလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကုသပျောက်ကင်းသွားကြပြီး ဖြစ်သောကြောင့် ငါလည်း ကုသပျောက်ကင်းမည်လော။ အခြားသူများကို ဘုရားသခင်က သနားကြင်နာမှု ပြသကဲ့သို့ပင် ငါ့ကိုလည်း သူကုသပျောက်ကင်းစေမည်လော။ ငါ၏ တာဝန်ကို ငါသစ္စာစောင့်သိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ကို အနာငြိမ်းစေသင့်သော်လည်း ဘုရားသခင် ငါ့ကို အနာငြိမ်းစေဖို့ ငါ ဆန္ဒရှိရုံသာဖြစ်ပြီး သူက အနာမငြိမ်းစေပါက မည်သည့်အရာကို ငါ လုပ်ရမည်နည်း’ဟု တွေးကြသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် ‘ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်’ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))၎င်းတို့ အမှန်တကယ် နာမကျန်းမဖြစ်ကြသကဲ့သို့ မည်သည့်အရာဖြင့်မျှ ရောဂါရှာမတွေ့သော်လည်း ၎င်းတို့တွင် ငုပ်နေသော ရောဂါအချို့ရှိသည်ကို သိကြသည့်သူအချို့လည်း ရှိသည်။ မည်သည့် ငုပ်နေသော ရောဂါနည်း။ ဥပမာအားဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သို့မဟုတ် သွေးတိုးရောဂါကဲ့သို့သော မျိုးရိုးလိုက်သည့် ရောဂါတစ်ခု ဖြစ်နိုင်သည်၊ သို့မဟုတ် မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အကြောအားနည်း၍ ခြေလက်တုန်သော ရောဂါ၊ သို့မဟုတ် ကင်ဆာတစ်မျိုးမျိုး ဖြစ်နိုင်သည်။ ဤသည်တို့မှာ ငုပ်နေသော ရောဂါများ ဖြစ်သည်။...မိမိတို့၏ ငုပ်နေသော ရောဂါနှင့်ပတ်သက်၍ တစ်ခုခု မလုပ်ဆောင်မိရန် အစွမ်းကုန် ကြိုးစားကြသော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင်၊ သို့မဟုတ် ၎င်းတို့ မသိလိုက်ဘဲ ဤငုပ်နေသော ရောဂါ ၎င်းတို့အပေါ် ရုတ်တရက် ဖြစ်ပေါ်ခြင်းမှ တားဆီးဖို့ ရိုးရာဆေးမျိုးစုံကို ၎င်းတို့ ရံဖန်ရံခါ အမှုမဲ့အမှတ်မဲ့ ရှာဖွေကြဆဲ ဖြစ်သည်။ လူအချို့မှာ တရုတ်ဆေးဖက်ဝင်အပင်အချို့ကို သုံးစွဲဖို့ မကြာမကြာ ပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။ လူအချို့က လိုအပ်သည့်အခါ သုံးစွဲနိုင်သည့် အသင့်ဖော်စပ်ထားသည့် ရိုးရာဆေးမြီးတိုများကို ရံဖန်ရံခါ သွားတောင်းနေကြစဉ်တွင် လူအချို့မှာ ၎င်းတို့ လေ့ကျင့်ခန်းလုပ်ပြီး စမ်းသပ်လုပ်ဆောင်နိုင်ရန်အလို့ငှာ လေ့ကျင့်ခန်း အကြံဉာဏ်များကို အွန်လိုင်းတွင် မကြာမကြာ သွားရှာကြသည်။ ငုပ်နေသည့် ရောဂါတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့၏ စိတ်ထဲ၌ ထိပ်ဆုံးနေရာတွင် ရှိနေဆဲဖြစ်သည်။ ဤလူများသည် နေမကောင်း မဖြစ်နိုင်သော်လည်း၊ သို့မဟုတ် ရောဂါလက္ခဏာ တစ်ခုတလေ လုံးဝ မရှိနိုင်သော်လည်း ထိုအရာနှင့်ပတ်သက်၍ စိုးရိမ်မှုနှင့် သောကတို့ဖြင့် ပြည့်နေကြဆဲဖြစ်ကာ ဆုတောင်းခြင်း၊ သို့မဟုတ် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့ထဲမှ ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို ပိုမိုကောင်းမွန်လာစေဖို့၊ သို့မဟုတ် ပပျောက်စေဖို့ အမြဲ မျှော်လင့်လျက် ၎င်းတို့စိတ်ထဲတွင် ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးပြီး စိတ်ဓာတ်ကျနေကြလေသည်။...မွေးဖွားခြင်း၊ အိုမင်းသည့်အရွယ်၊ နာမကျန်းမှုနှင့် သေခြင်းတို့သည် လူသားမျိုးနွယ်ကြားတွင် မပြတ်တမ်းဖြစ်ပြီး ဘဝတွင် ရှောင်လွှဲ၍မရသော်လည်း မိမိတို့တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ ဇာတိခန္ဓာ၏ အခက်အခဲများ၊ ရောဂါများနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောက ရောက်ခြင်းနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းသွားကြသည့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ တစ်ခုခု၊ သို့မဟုတ် အထူး နာမကျန်းဖြစ်ခြင်းတစ်ခုခု ရှိကြသည့်သူများရှိသည်။ မိမိတို့ နာမကျန်းမှုနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြသည်၊ မိမိတို့၏ နာမကျန်းမှုက မိမိတို့ကို ဖြစ်စေမည့် အခက်အခဲများစွာနှင့်ပတ်သက်၍ ၎င်းတို့၏ နာမကျန်းမှုက ဆိုးရွားလာခြင်း ရှိမရှိ၊ အမှန်ဆိုးရွားလာပါက အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ဆိုသည်နှင့် ထိုနာမကျန်းမှုကြောင့် ၎င်းတို့ သေဆုံးမည်လောဆိုသည်တို့ကို စိုးရိမ်ကြသည်။ အထူး အခြေအနေများနှင့် အချို့သော ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာများတွင် ဤမေးခွန်းတစ်သီတစ်တန်းက ၎င်းတို့ကို စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ နွံနစ်လာစေပြီး မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြချေ။ ၎င်းတို့တွင် ရှိသည်ဟု သိထားပြီးသားဖြစ်သည့် ဆိုးရွားသော ရောဂါကြောင့်၊ သို့မဟုတ် ရှောင်ရှားရန် မည်သည့်အရာမျှ ၎င်းတို့ မလုပ်ဆောင်နိုင်သည့် ငုပ်နေသော ရောဂါတစ်ခုကြောင့် လူအချို့သည် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု အခြေအနေတစ်ခုတွင်ပင် အသက်ရှင်ကြပြီး ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ၏ လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ၎င်းတို့ ခံရလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အခြေအနေကို အတိအကျ ဖော်ထုတ်လိုက်တာပဲ။ ကျွန်တော့်မှာ သွေးတိုးရှိပြီး မျိုးရိုးလိုက်တဲ့ ရာဇဝင်ရှိမှန်း သိကတည်းက တစ်နေ့ကျရင် အဖေနဲ့ အဒေါ်တို့လို ရုတ်တရက် သေဆုံးသွားနိုင်တယ်ဆိုပြီး ကျွန်တော် စိုးရိမ်ခဲ့တာ။ ဘုရားသခင်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်တော့်ရောဂါကို ကိုယ်တော် ပျောက်ကင်းစေလိမ့်မယ်လို့ မျှော်လင့်ပြီး ဘုရားသခင်ဆီ အပ်နှံခဲ့တယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်တာ နှစ်အတော်ကြာတဲ့အထိ သွေးပေါင်ချိန်က ကျမသွားတဲ့အပြင် ဆက်ပြီး တက်နေခဲ့တယ်။ ဒါကြောင့် တစ်နေ့ကျရင် ရုတ်တရက် သေသွားနိုင်တယ်လို့ ကျွန်တော် စိုးရိမ်ခဲ့တယ်၊ အထူးသဖြင့် သွေးတိုးနောက်ဆက်တွဲရောဂါတွေကြောင့် ကိုယ့်ကိုယ်ကိုယ် မပြုစုနိုင်တဲ့ လူတချို့ကို မြင်တဲ့အခါ တစ်နေ့ကျရင် ကျွန်တော်လည်း သူတို့လို ဖြစ်သွားနိုင်တယ်ဆိုပြီး ပိုစိုးရိမ်လာတယ်။ သောကရောက်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေရတော့ ဆေးနည်းတွေကိုပဲ အမြဲရှာဖွေနေပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်လုံးဝမပါတော့ဘူး။ ရောဂါကုသဖို့ပဲ ကျွန်တော့်အားအင်တွေကို မြှုပ်နှံထားပြီး တာဝန်နဲ့သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို လေ့လာဖို့ စိတ်မပါတော့ဘူး။ လူသစ်တွေရဲ့ ပြဿနာတွေကို မိတ်သဟာယပြုပြီး ဖြေရှင်းပေးဖို့ အလျင်စလိုမလုပ်ပေးခဲ့ဘူး၊ အဲဒါက ရေလောင်းခြင်းအလုပ်ကို ထိခိုက်စေခဲ့တယ်။ ဒီအချိန်ကျမှ သောကရောက်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေတာက ပိုပြီးထိတ်လန့်တာနဲ့ အမှောင်ထုဆီကိုပဲ ဦးတည်စေတယ်ဆိုတာ၊ ပြီးတော့ သေခြင်းတရား အရိပ်အောက်မှာ အမြဲတမ်း ကြောက်လန့်တကြား အသက်ရှင်နေရတာကြောင့် ကျွန်တော့်စိတ်နှလုံးက ဘုရားသခင်နဲ့ ပိုပိုပြီး ဝေးကွာလာတယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်တော် သဘောပေါက်လိုက်တယ်။ ကျွန်တော် ဒီလိုမျိုး ပုန်ကန်ပြီး ဆက်အသက်မရှင်ချင်တော့ဘူး၊ ဒါကြောင့် သောကရောက်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းဆိုတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကနေ လွတ်မြောက်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ရတယ်။ “အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းကောင်း ကျွမ်းနေနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ သက်တမ်းသည် မပြီးသေးဘဲ သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ သင့်ထံတွင် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိပြီး သင်၏ အထူးတာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော နာမကျန်းမှုတစ်ခု ဖြစ်လျှင်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဆောင်ဦးမည်မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ ပြီးလျှင် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို နှောင့်နှေးနေလျှင်ပင် သေဆုံးမည် မဟုတ်ပေ။...လူတို့သည် နာမကျန်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ၎င်းတို့ အသက်ရှင်နေစဉ် ၎င်းတို့၏ ကျန်းမာရေးကို ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ သာမန်သိနားလည်မှု ရှိရမည်ကိုကား ပြောနေရန် မလိုပေ။ ဤသည်မှာ ဘုရားသခင်က လူသားကို ပေးထားသည့် ပင်ကိုအသိစိတ်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က တစ်စုံတစ်ဦးကို ပေးထားသည့် လွတ်လပ်သော စိတ်ဆန္ဒအတွင်း ထိုသူပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် သာမန်သိနားလည်မှု ဖြစ်သည်။ သင်သည် နာမကျန်းဖြစ်သည့်အခါ ဤနာမကျန်းမှုကို ကိုင်တွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုတို့နှင့် စပ်လျဉ်းသည့် သာမန်သိနားလည်မှုတချို့ကို နားလည်သဘောပေါက်သင့်သည်။ ဤသည်မှာ သင်လုပ်သင့်သည့် အရာဖြစ်သည်။ သို့သော် သင်၏ မကျန်းမာမှုအပေါ် ဤကဲ့သို့ သဘောထားခြင်းသည် သင့်အတွက် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသည့်ဘဝသက်တမ်းကို စိန်ခေါ်ရန် ရည်ရွယ်ခြင်း မဟုတ်သကဲ့သို့ သင့်အတွက် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသည့် ဘဝသက်တမ်းကို သင်အပြည့်အဝ နေထိုင်နိုင်မည်ဟု အာမခံရန် ရည်ရွယ်ခြင်းလည်း မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းကို ဤနည်းဖြင့် ပြောဆိုနိုင်သည်။ အရေးတယူဆောင်ရွက်မှု မရှိသည့်ဟန်ပန်ဖြင့် သင်သည် မိမိ၏ မကျန်းမာမှုကို လေးလေးနက်နက် သဘောမထားလျှင်ပင် သင်ထမ်းဆောင်သင့်သည့် မည်သည့်နည်းဖြင့်မဆို သင်၏ တာဝန်ကို ထမ်းဆောင်ဆဲဖြစ်ပြီး သင်၏ တာဝန်ကို နှောင့်နှေးစေခြင်း မရှိဘဲ အခြားသူများထက် အနည်းငယ်သာ၍ အနားယူပါက သင်၏ နာမကျန်းမှုသည် သာ၍ ဆိုးရွားလာလိမ့်မည် မဟုတ်သည့်အပြင် ထိုနာမကျန်းမှုကြောင့် သင်သေရလိမ့်မည်လည်း မဟုတ်။ အရာရာတိုင်းသည် ဘုရားသခင် လုပ်ဆောင်သည့် အရာအပေါ် မူတည်ပေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ အမြင်တွင် သင့်အတွက် ကြိုတင်ပြဋ္ဌာန်းထားသည့် ဘဝသက်တမ်းသည် ကံမကုန်သေးပါက သင် နေမကောင်းလျှင်ပင် သူသည် သင့်ကို သေဆုံးခွင့် ပေးလိမ့်မည် မဟုတ်ပေ။ သင်၏ မကျန်းမာမှုက ရောဂါမကျွမ်းသော်လည်း သင်၏ အချိန်ကျလာပြီးဖြစ်ပါက ဘုရားသခင်သည် သူ အလိုရှိသည့် မည်သည့်အချိန်တွင်မဆို သင့်ကို ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်ကူးအပေါ်တွင် လုံးဝဥဿုံ မူတည်နေသည် မဟုတ်လော။ ယင်းသည် သူ၏ ကြိုတင်ပြဋ္ဌာန်းထားချက်အပေါ် လုံးဝ မူတည်နေပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ လူတစ်ယောက်ရဲ့ အသက်တိုတာ၊ ရှည်တာကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတယ်၊ နေမကောင်းဖြစ်တာ၊ မဖြစ်တာ၊ ရောဂါအကြီးအသေးပေါ်မှာ မူတည်တာ မဟုတ်ဘူးဆိုတာကို ကျွန်တော် နားလည်လိုက်တယ်။ ကျွန်တော့်အမေလိုပဲလေ၊ ကျွန်တော် မှတ်မိသလောက်ဆို အမေက အမြဲတမ်း နေမကောင်းဖြစ်နေတာ၊ ဆေးရုံတက်လိုက်ဆင်းလိုက်နဲ့ ဆေးသောက်နေရတာ နှစ်ပေါင်းများစွာ ကြာပြီ။ အဖေက ကျန်းမာရေးကောင်းပြီး ဆယ်စုနှစ်ပေါင်းများစွာ ဆေးသောက်တာ မတွေ့ရဖူးလို့ အမေက အဖေ့ထက် အသက်ပိုရှည်မှာ မဟုတ်ဘူးလို့ မိသားစုထဲက လူတိုင်း ပြောခဲ့ကြတာ။ ဒါပေမဲ့ အံ့သြစရာကောင်းတာက အဖေက ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားခဲ့တယ်၊ ဆရာဝန်ဆီ အမြဲသွားပြနေရတဲ့ အမေကတော့ အခုထိ အသက်ရှင်နေတုန်းပဲ။ ဒီဥပမာတွေကနေ လူတစ်ယောက် ဘယ်အချိန်သေမယ်ဆိုတာက သူ့အပေါ်မှာ မူတည်တာ မဟုတ်ဘူးဆိုတာကို ကျွန်တော် မြင်လိုက်ရတယ်။ လူတစ်ယောက်က နေမကောင်းမဖြစ်ရင်တောင် သက်တမ်းကုန်ရင် သေမှာပဲ၊ သက်တမ်းမကုန်သေးရင်တော့ သေလောက်တဲ့ရောဂါ ရှိရင်တောင် သေမှာ မဟုတ်ဘူးလေ။ အရာအားလုံးက ဘုရားသခင်ရဲ့ ကြိုတင်သတ်မှတ်ချက်အောက်မှာပဲ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်သေရေးရှင်ရေးကို ကိုယ့်လက်ထဲမှာ အမြဲ ဆုပ်ကိုင်ထားချင်ပြီး ကိုယ့်ကံကြမ္မာကို ထိန်းချုပ်ချင်ခဲ့တာ။ ကျွန်တော်က ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့တာပဲ၊ ကျွန်တော် အရမ်းကို မသိနားမလည်ဖြစ်ပြီး မာနထောင်လွှားခဲ့တာ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အရမ်းရွံရှာမိပြီး ကိုယ့်ရောဂါကို ဘုရားသခင်ဆီ အပ်နှံဖို့ ဆန္ဒရှိလာတယ်။ အဲဒီအချိန်မှာ ကျွန်တော် လွတ်မြောက်သွားသလို ခံစားရပြီး အရင်လို သိပ်မစိုးရိမ်တော့သလို သိပ်လည်း သောကမရောက်တော့ဘူး။

နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးလိုက်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ရောဂါဝေဒနာ ရောက်လာတာဟာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကနေ လာတယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်တော် နားလည်သွားတယ်။ ဘုရားသခင်က ပြောသည် “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ရောဂါဝေဒနာ ခံစားရတာက ပြင်ပ ဓမ္မဓိဋ္ဌာန်ကျတဲ့ အကြောင်းပြချက်တွေကို ရှာဖို့မဟုတ်ဘူး၊ ကြောက်ရွံ့မှုနဲ့ ရုန်းကန်နေရဖို့၊ ဒါမှမဟုတ် အဲဒီကနေ ထွက်ပြေးဖို့ ကြိုးစားရမှာ မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်ခဲ့တယ်။ ဒါတွေတစ်ခုမှ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က လူတွေအနေနဲ့ ရောဂါဝေဒနာတွေကနေတစ်ဆင့် သင်ခန်းစာယူဖို့၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့၊ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ဖို့၊ ပြီးတော့ ကိုယ့်ရဲ့ အသက်စိတ်သဘောထားမှာ အပြောင်းအလဲတချို့ ကြုံတွေ့ဖို့ပါပဲ။ ကျွန်တော် နေမကောင်းဖြစ်တုန်းက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့သလို မရှာဖွေခဲ့တာတွေ၊ အဲဒီအစား သောကရောက်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်ခဲ့တာတွေ၊ ကျွန်တော့်ကို မကာကွယ်ပေးလို့၊ ရောဂါကို မပျောက်ကင်းစေလို့ဆိုပြီး ဘုရားသခင်ကိုတောင် ညည်းညူခဲ့တာတွေကို ကျွန်တော် တွေးမိတယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ။ ဒီလိုပုံစံနဲ့ ကျွန်တော် ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး သင်ခန်းစာယူနိုင်မှာလဲ။ ဒါကို တွေးမိတော့ ကျွန်တော် စပြီး ဆင်ခြင်သုံးသပ်မိတယ်၊ “ငါ့ရောဂါ သက်သာမလာတုန်းက ငါ ဘာလို့ ဘုရားသခင်ကို ညည်းညူခဲ့တာလဲ” ပေါ့။ ဆင်ခြင်သုံးသပ်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ကျွန်တော် တော်တော်လေး ရှက်မိတယ်။ ဘုရားသခင် ဖော်ထုတ်လိုက်တာက ကျွန်တော့်အခြေအနေ အတိအကျပါပဲ။ ပြန်ကြည့်လိုက်တော့ အစတုန်းက ကောင်းချီးတွေနဲ့ ကျေးဇူးတော် ရဖို့အတွက် ဘုရားသခင်ကို ကျွန်တော် ယုံကြည်ခဲ့တာ၊ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်နေသရွေ့ ကိုယ်တော်က ကျွန်တော့်ကို စောင့်ရှောက်ကာကွယ်မှာပဲ၊ ရောဂါဘယ၊ ဘေးအန္တရာယ် ကင်းရှင်းပြီး အေးအေးချမ်းချမ်း သက်သောင့်သက်သာ နေရဖို့ သေချာအောင် လုပ်ပေးမှာပဲလို့ ထင်ခဲ့တာလေ။ ဒါကြောင့် ကျွန်တော့်အခြေအနေ ပိုဆိုးလာတဲ့အခါ ကျွန်တော် ပုံမှန်မဟုတ်သလို ပြုမူခဲ့တယ်၊ ဘုရားသခင်ကို ညည်းညူပြီး ငြင်းခုံခဲ့တယ်၊ တာဝန်တွေမှာ ဝတ်ကျေတမ်းကျေ လုပ်ပြီး တာဝန်မဲ့ခဲ့တယ်၊ တာဝန်တွေကို စွန့်လွှတ်ဖို့တောင် စဉ်းစားခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းကနေတစ်ဆင့် ကျွန်တော် ကောင်းချီးမင်္ဂလာကို ရှာဖွေနေမှန်း၊ ဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ ကောင်းချီးတွေကို ရဖို့၊ ကိုယ့်တာဝန်တွေ၊ ပေးဆပ်မှုတွေ၊ အသုံးခံမှုတွေကို လဲလှယ်ဖို့ ကြိုးစားနေမှန်း ရောဂါပျောက်ကင်းဖို့ မျှော်လင့်နေမှန်း ကျွန်တော် မြင်လိုက်ရတယ်။ ဒါက လှည့်ဖြားမှုဖြစ်ပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ဗြောင်ကျကျ ကြိုးစားတာပဲ။ ကျွန်တော် ပေါလုရဲ့ လမ်းကြောင်းကို လျှောက်နေတာပဲ။ ပေါလုက ဘုရားသခင်ကို ကျေနပ်စေဖို့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာ မဟုတ်ဘူး၊ ဆုလာဘ်နဲ့ သရဖူရဖို့အတွက် လုပ်ခဲ့တာလေ။ သူက နောက်ဆုံးမှာ အခုလိုပြောပြီး သူ့ရဲ့ တကယ့်ခံစားချက်တွေကို ပြသွားခဲ့တယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုက ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုဖို့နဲ့ ကောင်းချီးမင်္ဂလာကို ရှာဖွေဖို့ သခင့်အတွက် အလုပ်လုပ်ခဲ့တာ။ ကျွန်တော့်ယုံကြည်ခြင်းနဲ့ တာဝန်တွေမှာလည်း ကောင်းချီးမင်္ဂလာနဲ့ ငြိမ်သက်ခြင်းကို ရှာဖွေနေခဲ့တာပဲ၊ ဒီအရာတွေကို မရတဲ့အခါ ဘုရားသခင်ကို ငြင်းခုံပြီး အတိုက်အခံလုပ်ခဲ့တယ်။ ကျွန်တော့်မှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး မရှိခဲ့ဘူး။ ကျွန်တော် ဘယ်လောက်တောင် အသိစိတ်ကင်းမဲ့ပြီး ဆင်ခြင်တုံတရားမဲ့ခဲ့လဲ၊ ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းခဲ့လဲဆိုတာ ကျွန်တော် မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်တော် နောင်တရပြီး အပြစ်ရှိတယ်လို့ ခံစားရတယ်။ ဘုရားသခင်ကို လှည့်ဖြားဖို့၊ အပေးအယူလုပ်ဖို့ ကျွန်တော် မကြိုးစားချင်တော့ပါဘူး။ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးချင်တာပဲ ရှိတော့တယ်။ နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်တဲ့အခါ ဉာဏ်အလင်းပေးပြီး လမ်းပြပေးပါလို့ ဘုရားသခင်ဆီ ကျွန်တော် ခဏခဏ ဆုတောင်းခဲ့တယ်၊ နာမကျန်းဖြစ်ခြင်းကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်တတ်အောင် လေ့လာနိုင်ဖို့ပါ။ သတိမထားမိလိုက်ဘဲနဲ့ ကျွန်တော့်အခြေအနေ တော်တော်လေး တိုးတက်လာပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်ပါလာတယ်။

နောက်ပိုင်း ဆေးရုံကို သွားစစ်တော့ သွေးပေါင်ချိန် တော်တော်မြင့်နေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်၊ ဒါနဲ့ မစိုးရိမ်ဘဲ မနေနိုင် ပြန်ဖြစ်လာတယ်၊ “သွေးပေါင်ချိန်က ဒီလောက် မြင့်နေရင် တစ်နေ့ ရုတ်တရက် သေသွားမလား” ဆိုပြီး တွေးမိတယ်။ ကျွန်တော် စိုးရိမ်ပူပန်မှုတွေနဲ့ ပြန်ပြီး အသက်ရှင်နေမှန်း သတိပြုမိလိုက်တာနဲ့ ဘုရားနှုတ်ကပတ်တော်တွေဆီကို ပြန်လှည့်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတိုင်း ဤဘဝတွင် သေခြင်းကို ရင်ဆိုင်ရမည်၊ ဆိုလိုသည်မှာ သေခြင်းသည် မိမိတို့၏ ခရီးအဆုံး၌ လူတိုင်း ရင်ဆိုင်ရမည့်အရာ ဖြစ်သည်။ သို့ရာတွင် သေခြင်းနှင့်ဆိုင်သည့် မတူကွဲပြားသော အင်္ဂါရပ်များစွာ ရှိ၏။ ဤအရာများထဲမှ တစ်ခုမှာ ဘုရားသခင် ကြိုတင်စီမံထားသည့် အချိန်တွင် သင်သည် သင်၏ တာဝန်ကို ပြီးစီးပြီးဖြစ်ကာ ဘုရားသခင်သည် သင်၏ ဇာတိခန္ဓာ အသက်ကို နိဂုံးချုပ်လိုက်ပြီး သင်၏ ဇာတိခန္ဓာအသက်က အဆုံးသတ်တစ်ခုသို့ ရောက်လာလင့်ကစား ဤသည်မှာ သင်၏ အသက် အဆုံးသတ်သွားခြင်းဖြစ်သည်ဟု မဆိုလိုပေ။ လူတစ်ဦးသည် ဇာတိခန္ဓာမရှိသည့်အခါ ၎င်းတို့၏ အသက်အဆုံးတိုင်သွားပေသည်။ ထိုသို့ဖြစ်သလော။ (မဟုတ်ပါ။) သေပြီးနောက်တွင် သင်၏ အသက် တည်ရှိသည့် ပုံသဏ္ဌာန်သည် သင် အသက်ရှင်နေခဲ့စဉ် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို သင် သဘောထားခဲ့ပုံအပေါ် မူတည်ပေသည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သေပြီးနောက် သင် တည်ရှိသည့် ပုံသဏ္ဌာန်၊ သို့မဟုတ် သင် တည်ရှိမည်၊ မတည်ရှိမည်ဆိုသည်မှာ သင်အသက်ရှင်နေစဉ် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားအပေါ် မူတည်လိမ့်မည်။ သင် အသက်ရှင်နေစဉ် သေခြင်းနှင့် နာမကျန်းမှုမျိုးစုံကို သင် ရင်ဆိုင်ရသည့်အခါ သမ္မာတရားအပေါ် သင်၏ သဘောထားမှာ ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း သဘောထားတစ်ခု ဖြစ်ပါက သင်၏ ဇာတိခန္ဓာအသက် အဆုံးတိုင်သွားမည့် အချိန်ရောက်လာသည့်အခါ သေဆုံးပြီးနောက် မည်သည့် နည်းလမ်းဖြင့် သင် တည်ရှိလိမ့်မည်နည်း။ သင်သည် အခြား တစ်နည်းနည်းဖြင့် မုချ တည်ရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသက်သည် မုချ ဆက်ရှိလိမ့်မည် မဟုတ်။ အပြန်အလှန်အားဖြင့် သင် အသက်ရှင်နေစဉ် ဇာတိခန္ဓာတွင် အသိရှိနေချိန် သမ္မာတရားနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတစ်ခုဖြစ်ကာ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်းရှိပါက သင်၏ ဇာတိခန္ဓာ အသက် အဆုံးသတ်တစ်ခုသို့ ရောက်လာလျှင်ပင် သင်၏ အသက်သည် အခြားသောလောကတွင် မတူကွဲပြားသည့် ပုံသဏ္ဌာန်တစ်ခုဖြင့် ဆက်လက် တည်ရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သေခြင်းနှင့်ဆိုင်သည့် ရှင်းပြချက်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) လူတစ်ယောက်ရဲ့ သေခြင်း၊ ရှင်ခြင်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတယ်၊ လူတိုင်း သေရမှာဖြစ်ပေမဲ့ သေခြင်းရဲ့ သဘောသဘာဝနဲ့ သေပြီးနောက် ရလဒ်ကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်ခဲ့တယ်။ ဒီရလဒ်က အသက်ရှင်နေစဉ်ကာလမှာ သမ္မာတရားနဲ့ တာဝန်တွေအပေါ်ထားတဲ့ လူတစ်ယောက်ရဲ့ သဘောထားအပေါ်မှာ မူတည်တယ်။ ကျွန်တော် ပေတရုအကြောင်း တွေးမိတယ်။ သခင်ယေရှုက သူ့သိုးတွေကို ထိန်းကျောင်းဖို့နဲ့ ကျွေးမွေးဖို့ ပေတရုကို တာဝန်ပေးအပ်ခဲ့တယ်၊ ပေတရုက သခင်ယေရှုရဲ့ တာဝန်ပေးစေခိုင်းချက်ကို သူ့ဘဝတစ်လျှောက်လုံးရဲ့ သာသနာအဖြစ် ခံယူခဲ့တယ်။ ညှဉ်းပန်းနှိပ်စက်မှု၊ ဆင်းရဲဒုက္ခ၊ ဒါမှမဟုတ် ရောဂါဝေဒနာနဲ့ စစ်ဆေးတာတွေ ကြုံရပေမဲ့ သူ ဘယ်တော့မှ တာဝန်ကို လက်မလွှတ်ခဲ့ဘူး။ ယုံကြည်သူတွေကို ရေလောင်းပေးခဲ့တယ်၊ သူတို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့တယ်၊ လက်ဝါးကပ်တိုင်မှာ ပြောင်းပြန် ရိုက်သတ်ခံရပြီး သူ့အသက်တာ အဆုံးသတ်တဲ့အချိန်အထိပေါ့။ ပေတရုက သေခြင်းတရားကို မကြောက်ဘဲ ရင်ဆိုင်ခဲ့တယ်၊ သူ့အသက်ကို စတေးပြီး ဘုရားသခင် ပေးအပ်ထားတဲ့ သာသနာကို ပြီးမြောက်အောင် လုပ်ခဲ့တဲ့အတွက် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ပေါလုအကြောင်းလည်း ကျွန်တော် တွေးမိတယ်။ သူ့အပေါ်ကို ဘုရားသခင်ရဲ့ အလင်းတော်ကျရောက်ပြီးတဲ့နောက် သခင့်ရဲ့ ဧဝံဂေလိတရားကို ဟောပြောဖို့ ဒုက္ခတွေအများကြီးခံခဲ့တယ်။ ဒါပေမဲ့ သူက သူ့ရဲ့ ဒုက္ခခံစားခြင်းကို ကောင်းချီးရဖို့ အခြေအနေတစ်ခုအနေနဲ့၊ ဘုရားသခင်ဆီကနေ သရဖူရဖို့ အပေးအယူလုပ်စရာတစ်ခုအနေနဲ့ ရှုမြင်ခဲ့တာ။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတာပဲ၊ သူကိုယ်တိုင်အတွက် ကောင်းချီးရဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ။ ဖန်ဆင်းခံတစ်ယောက်ရဲ့ သာသနာကို ဖြည့်ဆည်းဖို့ မဟုတ်ဘဲ သူက ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေခဲ့တာ။ သူက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို မရရှိခဲ့တဲ့အပြင် အပြစ်တင်စီရင်တာကို ခံခဲ့ရတယ်။ ပေတရုနဲ့ ပေါလုရဲ့ ဥပမာတွေကနေ ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်တွေ မပါဘဲ တာဝန်ထမ်းဆောင်ဖို့အတွက် ကိုယ့်အသက်တာကို အပြည့်အဝ မြှုပ်နှံပြီး နေထိုင်တာက တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးပဲဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တဲ့အရာဖြစ်ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကိုက်ညီတဲ့အရာ ဖြစ်ပါတယ်။ ပြန်ပြီး ဆင်ခြင်သုံးသပ်ကြည့်တော့ တာဝန်တွေအပေါ်ထားတဲ့ ကျွန်တော့်သဘောထားက ပေါလုနဲ့ တစ်ထပ်တည်းဖြစ်နေတာကို တွေ့ရတယ်။ ပေးဆပ်မှုတွေ၊ အသုံးခံမှုတွေကို ကောင်းချီးရယူမဲ့ နည်းလမ်းတစ်ခုအဖြစ် ကျွန်တော် ရှုမြင်ခဲ့တယ်၊ ဘုရားသခင်က ကျွန်တော့်ရောဂါကို ပျောက်ကင်းစေမယ်လို့ မျှော်လင့်ခဲ့တယ်၊ ကျွန်တော် လိုချင်တာ မရတဲ့အခါ ဘုရားသခင်ကို ညည်းညူခဲ့တယ်။ ဇာတိပကတိကို ဖြည့်ဆည်းဖို့အတွက်ပဲ ကျွန်တော် ဒီလိုဆက်ပြီး အသက်ရှင်နေမယ်ဆိုရင်၊ ကျွန်တော် ကျန်းမာပြီး ရောဂါဘယ၊ ဘေးအန္တရာယ်ကင်းနေရင်တောင်၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြောင်းလဲဘဲ ဘုရားသခင်ကို ဆက်ပြီး အတိုက်အခံလုပ်နေမယ်ဆိုရင် ကျွန်တော်က လမ်းလျှောက်နေတဲ့ အလောင်းကောင်လို အသက်ရှင်နေတာ မဟုတ်ဘူးလား။ ဒါက ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကျွန်တော် ပေတရုရဲ့ နမူနာကို လိုက်ရမယ်။ ကျွန်တော့်မှာ ပေတရုလို အစွမ်းအစ၊ ဒါမှမဟုတ် သူ့လို လူ့သဘာဝ မရှိပေမဲ့၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်။ ဒါမှသာ တစ်နေ့ ကျွန်တော် သေသွားရင်တောင် နောင်တရစရာ ရှိမှာမဟုတ်ဘူး၊ အနည်းဆုံးတော့ ကျွန်တော့်ဝိညာဉ်က သက်သာရာရပြီး ငြိမ်သက်ခြင်းရှိမှာပါ။ အဲဒီနောက်ပိုင်းကစပြီး တာဝန်ထမ်းဆောင်တဲ့အခါ ကျွန်တော် တော်တော်ပိုပြီး သက်သောင့်သက်သာဖြစ်လာတယ်။ ရောဂါရဲ့ ဘောင်ခတ်တာကို မခံရတော့ဘူး။ တစ်ခါတလေ တာဝန်ထမ်းဆောင်ရင်း ခေါင်းမူးလာတဲ့အခါ သင့်တော်သလို အနားယူတယ်၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသောက်တယ်၊ ထိုင်တာကြာလို့ နေလို့မကောင်းရင် ထပြီး လေ့ကျင့်ခန်းလုပ်တယ်၊ ကိုယ်လက်ဆန့်တယ်။ တာဝန်ကို မနှောင့်နှေးအောင် ကျွန်တော် ကြိုးစားတယ်။ ညီအစ်ကိုမောင်နှမတွေက အကူအညီတောင်းလို့ အလုပ်ထဲက ပြဿနာတွေကို ဖြေရှင်းပေးရတဲ့အခါ အားစိုက်ရတာကို ကျွန်တော် စိတ်မပျက်တော့ဘူး၊ မိတ်သဟာယပြုပေးဖို့နဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ကျွန်တော် အစွမ်းကုန် လုပ်တယ်။ တာဝန်အပေါ် စိတ်နှစ်ထားတဲ့အခါ တစ်ခါတလေ သတိမထားမိလိုက်ဘဲ ညဉ့်နက်တဲ့အထိ အလုပ်လုပ်မိတယ်၊ ခေါင်းလည်း မမူးဘူး။ နောက်ဆုံးတော့ ဆေးသောက်တာ ရပ်လိုက်တယ်။ ကျွန်တော့်အခြေအနေက ပိုမဆိုးလာတဲ့အပြင် ပိုပြီး သက်သောင့်သက်သာဖြစ်လာတယ်။ သွေးတိုးရောဂါက ကျွန်တော် ထင်သလောက် ကြောက်စရာမကောင်းဘူး ဖြစ်နေတာကိုး။ နာမကျန်းမှုကြောင့်ဖြစ်ရတဲ့ သောက၊ စိုးရိမ်ပူပန်မှုတွေကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တာ၊ အပျက်သဘောဆောင်တဲ့ အခြေအနေကနေ ဆွဲထုတ်ပေးခဲ့တာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ

ရှင်တောက် တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...

ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ

ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...

မကျန်းမာမှုကို နောက်တစ်ဖန်ရင်ဆိုင်ခြင်း

ယန်ယိ တရုတ်နိုင်ငံ ၁၉၉၅ ခုနှစ်မှာ သခင်ယေရှုကို ကျွန်မစပြီး ယုံကြည်ခဲ့တယ်။ ယုံကြည်သူတစ်ယောက်ဖြစ်ပြီးနောက်မှာ ကျွန်မကို နှစ်တွေကြာတဲ့အထိ...

တာဝန်တစ်ခုတွင် အရန်အစီအစဉ်များ မကြံစည်နှင့်

ကျင့်မော့ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လေးနှစ်ကျော်ကြာတဲ့အထိ ဗီဒီယိုတွေအတွက် သီချင်းတွေရေးတာကိုလုပ်တယ်။ အသင်းတော်အလုပ်ရဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။