ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့်ဆိုင်သည့် အိမ်မက်မှ နိုးထခြင်း
ရိဖန်၊ တရုတ်နိုင်ငံကျွန်မ အသက် ၂၈ နှစ်မှာ ဓာတ်မတည့်တဲ့ ပန်းနာရင်ကျပ်ရောဂါ ရခဲ့တယ်။ ရောဂါထလိုက်တိုင်း အသက်ရှူလို့မရဘဲ အသက်ရှူကျပ်လွန်းလို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဘုရားသခင်ကို ကျွန်မ စပြီးယုံကြည်ခဲ့တုန်းက၊ ကျွန်မ အရမ်း စိတ်အားထက်သန်ခဲ့တယ်။ နှစ်လလောက်ကြာတော့ အထွေထွေတာဝန်တွေ ကျွန်မ စလုပ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ဧည့်ခံတဲ့တာဝန်ကို ယူခဲ့တယ်။ တာဝန်အမျိုးမျိုးနဲ့ အလုပ်ရှုပ်နေပေမဲ့၊ ပင်ပန်းဆင်းရဲတာတွေနဲ့ပတ်သက်ပြီး ကျွန်မ ဘယ်တော့မှ မညည်းညူခဲ့ဘူး။ ကယ်တင်ခြင်းရဖို့ဆိုရင် ကောင်းမှုတွေ ပိုပြင်ဆင်ရမယ်၊ ကျွန်မတာဝန်တွေမှာ ပိုဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တာကိုး။ နှစ်နှစ်ကြာပြီးတော့ ၂၀၀၇ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ ရွေးချယ်ခံရတယ်။ ကျွန်မ ပိုကြိုးစားအားထုတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ပိုအသုံးခံခဲ့တယ်။ ကျွန်မက စက်ဘီးမစီးတတ်တော့ သွားလာရမလွယ်တဲ့ နေရာတွေမှာရှိတဲ့ စုဝေးပွဲတွေကို လမ်းလျှောက်သွားရတယ်။ မပင်ပန်းခဲ့ပါဘူး။ အားအင်တွေ အများကြီးရှိနေသလိုပဲ။ ကျွန်မရဲ့ ကြိုးစားမှုတွေကို ဘုရားသခင် စောင့်ကြည့်နေတယ်၊ နောင်ကျရင် ကျွန်မရဲ့ ပေးဆပ်မှုတွေကို ဘုရားသခင်က ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုနဲ့ ဆုချမယ်လို့ ခံစားမိတယ်။ နောက်ပိုင်းမှာ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပေးပေး ကျွန်မ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ကျွန်မ အသက်ကြီးလို့ တကယ့်အခက်အခဲတချို့ ရှိပေမဲ့ ဒါတွေရဲ့ ဘောင်ခတ်တာကို ကျွန်မ ဘယ်တော့မှ မခံခဲ့ရပါဘူး။
၂၀၁၇ ခုနှစ်၊ ကျွန်မ ၇၆ နှစ်ရှိတဲ့အချိန်မှာ ခေါင်းဆောင်တွေက ကျွန်မကို အသင်းတော်မှာ သန့်စင်ရေးအလုပ်လုပ်ဖို့ စီစဉ်ပေးတယ်။ ကျွန်မ အရမ်းပျော်တာပေါ့။ ဒီအရွယ်ရောက်တာတောင် တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ရသေးတယ်၊ ဒါဟာ တကယ်ကို ဘုရားသခင်က ကျွန်မကို ကျေးဇူးပြုပြီး မြှင့်တင်တာပဲလို့ ခံစားရတယ်လေ။ တာဝန်ထမ်းဆောင်ရတဲ့ ဒီအခွင့်အရေးကို ချစ်မြတ်နိုးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက တာဝန်တွေနဲ့ အတော်လေး အလုပ်ရှုပ်နေတော့ များသောအားဖြင့် ညဉ့်နက်မှပဲ အိပ်ရာဝင်ရပေမဲ့ ကျွန်မ မပင်ပန်းခဲ့ဘူး။ ၂၀၁၉ ခုနှစ်ရဲ့ ရက်တစ်ရက်မှာတော့၊ လမ်းလျှောက်နေတုန်း ရုတ်တရက် ခေါင်းမူးပြီး အသက်ရှူရ နည်းနည်း ခက်လာတယ်။ ဆေးရုံမှာ စစ်ဆေးပြီးတဲ့အခါ၊ ကျွန်မမှာ သွေးတိုးနဲ့ နှလုံးရောဂါရှိတယ်လို့ အဖြေထွက်တယ်။ ဆရာဝန်က ကုသဖို့အတွက် ဆေးရုံတက်ဖို့ အကြံပေးတယ်။ ကျွန်မ စိတ်မသက်မသာဖြစ်ပြီး တွေးမိတယ်၊ “ဆေးရုံတက်ရမယ်ဆိုတာ တစ်ရက်နှစ်ရက်ကိစ္စမှ မဟုတ်တာ။ ငါသာ ဆေးရုံတက်လိုက်ရင်၊ ခေါင်းဆောင်တွေက ငါ့တာဝန်ကို လွှဲယူဖို့ တခြားလူကို သေချာပေါက် ရှာဖို့ လိုမှာပဲ။ အဲဒါဆို ဒီတာဝန်ကို လုပ်ဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ မဟုတ်လား။ ငါ့အသက်အရွယ်၊ ငါ့ကျန်းမာရေးပြဿနာတွေနဲ့ဆိုရင် တခြားတာဝန်တွေလည်း ငါ လုပ်နိုင်မှာ မဟုတ်ဘူး။ ဆေးရုံကဆင်းပြီး အသေးစားစုဝေးပွဲတွေအတွက် ဧည့်ခံတာလောက်ပဲ လုပ်ရတော့မယ်ဆိုရင် ဒီလောက် သေးမွှားတဲ့တာဝန်နဲ့ ငါ ဘယ်လိုလုပ် ကောင်းမှုတွေ ပြင်ဆင်နိုင်မှာလဲ။ ကောင်းမှုတွေ မရှိဘဲနဲ့ ငါ ဘယ်လို ကယ်တင်ခြင်းရနိုင်မှာလဲ။ မဖြစ်ဘူး၊ ဆေးရုံတက်ပြီး ဆေးကုသဖို့အတွက်နဲ့ ငါ့တာဝန်ကို လုံးဝ စွန့်လွှတ်လို့ မဖြစ်ဘူး။ ပြီးတော့ ရောဂါဖြစ်နေတာတောင် တာဝန်ကို စွဲစွဲမြဲမြဲလုပ်တာ ဘုရားမြင်ရင် ငါ့ကို သေချာပေါက် ကာကွယ်ပေးမှာပါ” ပေါ့။ ကျွန်မ အမြန်ပဲ ပြောလိုက်တယ်။ “ကျွန်မ ဆေးရုံမတက်တော့ဘူး။ အိမ်ပဲပြန်ပြီး ဆေးသောက်ပြီးတော့ပဲ ကုမယ်” ပေါ့။ အဲဒီနောက်ပိုင်း နေ့တိုင်း ပုံမှန်အတိုင်း ကျွန်မတာဝန်ကို ဆက်လုပ်ခဲ့တယ်။
နှစ်နှစ်အကြာ တစ်ညမှာတော့၊ ခါးကနေ တင်ပါးတစ်လျှောက် စူးခနဲ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရတယ်။ နောက်တစ်နေ့မှာ သမီးက ကျွန်မကို စစ်ဆေးဖို့ ဆေးရုံခေါ်သွားတော့ အရိုးပွရောဂါကြောင့် ကျောရိုးကျိုးသွားတယ်လို့ အဖြေထွက်တယ်။ ကျွန်မ ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး ကျွန်မအပေါ် မိုးပြိုကျသလို ခံစားလိုက်ရတယ်။ ရင်တွေတုန်ပြီး တစ်ကိုယ်လုံး အားကုန်သွားသလိုပဲ။ ကုလားထိုင်မှာ ထိုင်ရင်း ရင်ထဲမှာ ပြောမပြတတ်အောင် နာကျင်ရတယ်။ ဒီအမှန်တရားကို ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့ဘူး။ ကျွန်မဘာသာ တွေးမိတယ်၊ “ငါ ဘုရားသခင်ကို ယုံကြည်လာတာ ဒီလောက်နှစ်တွေ ကြာခဲ့ပြီ၊ ငါ့တာဝန်မှာ ကြီးကြီးမားမား ဒုက္ခမခံခဲ့ရပေမဲ့၊ အခက်အခဲအသေးအမွှားတွေ အများကြီးကို တောင့်ခံခဲ့တာပဲ။ နောက်ပြီးတော့ လက်ရှိမှာ ငါ့တာဝန်ကို ငါ လုပ်နေတာဆိုတော့၊ ဒီရောဂါက ဘယ်လိုလုပ် ငါ့ဆီ ရုတ်တရက် ရောက်လာတာလဲ။ ဘုရားသခင်က ဒါကိုသုံးပြီး တာဝန်မလုပ်နိုင်အောင် ငါ့ကို တားလိုက်တာများလား” ပေါ့။ ကျွန်မ လုံးဝကို ဝမ်းနည်းညှိုးငယ်သွားတယ်။ ပြီးတော့ ဆက်တွေးမိတယ်၊ “နောင်ကျလို့ ဒီရောဂါပျောက်သွားရင်တောင်၊ ငါ့အသက်အရွယ်နဲ့ဆိုရင် အရေးပါတဲ့ တာဝန်တွေ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အများဆုံးလုပ်နိုင်လှ စုဝေးပွဲတွေအတွက် ဧည့်ခံပေးနိုင်တာလောက်ပဲ ဖြစ်မှာ။ ငါ ဒုက္ခမခံနိုင်၊ အသုံးမခံနိုင်တော့ရင်၊ အဲဒီလိုတာဝန်မျိုးလုပ်လို့ ဘာကောင်းမှုတွေ ထွက်လာနိုင်မှာလဲ။ ကျွန်မ တာဝန်အမျိုးမျိုး လုပ်နိုင်တဲ့ ငယ်ရွယ်တဲ့ ညီအစ်ကိုမောင်နှမတွေကို တကယ် အားကျမိတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်ကိုသာ ပြန်သွားလို့ရရင် သိပ်ကောင်းမှာပဲနော်။ ဘုရားသခင်က ငါ့ကို ဘာလို့ ဆယ်စုနှစ်နည်းနည်းလောက် နောက်ကျမှ မွေးအောင် မလုပ်ပေးခဲ့တာလဲ” ပေါ့။ အိမ်ရောက်တော့၊ ကျွန်မ လှဲပဲနေနိုင်ပြီး နည်းနည်းချင်းစီပဲ တရွေ့ရွေ့သွားနိုင်တယ်။ ဘာတာဝန်မှ မလုပ်နိုင်တော့ဘူး။ ညီအစ်မတွေ ရောက်လာတဲ့အခါ၊ တံခါးဖွင့်ပေးဖို့တောင် ကျွန်မအတွက် တော်တော်ခက်ခဲတယ်။ ကျွန်မ တော်တော် အပျက်သဘောဆောင်လာပြီး တွေးမိတယ်၊ “ငါ အသုံးမကျတဲ့သူ ဖြစ်သွားပြီလား။ ငါ ဘုရားသခင်ကို ယုံကြည်လာတာ ဒီလောက်နှစ်တွေ ကြာခဲ့ပြီ၊ အမြဲတမ်းတာဝန်တွေ ထမ်းဆောင်ရင်း၊ ဒုက္ခခံပြီး အများကြီး အသုံးခံခဲ့တာ။ ငါ ကယ်တင်ခံရနိုင်တယ်လို့ တစ်ချိန်က ယုံကြည်ခဲ့ပေမဲ့၊ ငါ အသုံးမကျတဲ့သူဖြစ်ပြီး ဘာတာဝန်မှ မလုပ်နိုင်တော့ဘူးလို့ တစ်ခါမှ အိမ်မက်မမက်ဖူးဘူး” ပေါ့။ ဒီအတွေးတွေက ကျွန်မစိတ်ကို လေးလံစေတယ်။ ကျွန်မ အပျက်သဘောဆောင်တဲ့ အခြေအနေတစ်ခုထဲမှာ အသက်ရှင်နေခဲ့ပြီး ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မ စိတ်နှလုံးက ငြိမ်သက်မှု မရနိုင်ခဲ့ဘူး။ ကျွန်မရဲ့ ဝိညာဉ်က တကယ်ကို မောင်မိုက်သွားတာပေါ့။ ဒါကြောင့် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ နေမကောင်းဖြစ်ပြီး တာဝန်မလုပ်နိုင်ကတည်းက၊ ကျွန်မ တော်တော်လေး စိတ်မချမ်းမသာဖြစ်ရပါတယ်။ ကျွန်မ ကယ်တင်မခံရမှာကို အမြဲစိုးရိမ်နေမိတယ်၊ ပြီးတော့ ဒီအရာကို ဖြေရှင်းဖို့ သမ္မာတရားရဲ့ ဘယ်ကဏ္ဍကို ရှာဖွေသင့်လဲဆိုတာကို ကျွန်မ မသိပါဘူး။ ကျွန်မရဲ့ ပြဿနာတွေကို သိမြင်နိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးပါ” ပေါ့။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ရတယ်။ “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတစ်ရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို မမှတ်မိနိုင်သကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတစ်ရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ ‘ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတစ်ရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။...’...သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် လိုရာဆွဲပြောသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် အသက်ကြီးနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။ တစ်စုံတစ်ဦးသည် အသက် ၇၀ အရွယ်ခန့်တွင်ရှိသော်လည်း၊ သမ္မာတရားကို နားမလည်နိုင်ပါက၊ ဤသည်မှာ ၎င်းသည် သမ္မာတရားကို နားလည်နိုင်ခြင်း မရှိအောင်ပင် ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်ကြောင်း ပြပေသည်။ ထို့ကြောင့် အသက်အရွယ်သည် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ ဆက်စပ်မှုမရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်အခြေအနေကို ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မရဲ့ အခြေအနေက ဘုရားသခင် ဖော်ထုတ်ထားတဲ့အတိုင်း တထပ်တည်းဖြစ်နေတာကို သတိပြုမိလိုက်တယ်။ ကျွန်မ ရှက်လည်းရှက်၊ မျက်နှာလည်းပူမိတယ်။ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့ပြီး သမ္မာတရားအပေါ် အားစိုက်ထုတ်မဲ့အစား အပြင်ပန်းအလုပ်ကိုပဲ အာရုံစိုက်ခဲ့တယ်။ ပြီးတော့ လူတွေကို ဘုရားသခင် ကယ်တင်ဖို့ ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ သမ္မာတရားတွေနဲ့ပတ်သက်ပြီး ကျွန်မမှာ ရှင်းလင်းတဲ့ နားလည်မှု မရှိခဲ့ဘူး။ ကျွန်မ နေမကောင်းဖြစ်သွားတာနဲ့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့၊ ဘက်လိုက်တဲ့ အတွေးအခေါ်နဲ့ အမြင်တွေ အကုန်လုံး ထုတ်ဖော်ခံလိုက်ရတယ်။ ကျွန်မ ကျန်းမာတုန်းက၊ ရောဂါဘယ ဒါမှမဟုတ် ဘေးအန္တရာယ် တစ်ခုမှ မကျရောက်တုန်းကဆိုရင်၊ လူငယ်တစ်ယောက်လိုပဲ နေ့တိုင်း ကျွန်မတာဝန်ကို ထမ်းဆောင်ခဲ့ပြီး တကယ်ပျော်ရွှင်ခဲ့တယ်။ အသက်ကြီးလာတာနဲ့အမျှ၊ ရောဂါအမျိုးမျိုးက တစ်ခုပြီးတစ်ခု ဝင်လာတော့၊ ကျွန်မ ဘယ်အချိန် နေမကောင်းဖြစ်ပြီး တာဝန်တွေကို မထမ်းဆောင်နိုင်တော့မလဲဆိုတာကို ကျွန်မ အမြဲ စိုးရိမ်နေခဲ့တယ်။ ကျွန်မ ခဏခဏ စိုးရိမ်ပူပန်ပြီး စိတ်ပျက်ခဲ့တယ်၊ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေထဲမှာ နစ်မွန်းနေခဲ့တယ်။ နောက်ပိုင်း၊ ကျွန်မ နေမကောင်းဖြစ်ပြီး တာဝန်မလုပ်နိုင်တော့တဲ့အခါ၊ ကျွန်မ လုံးဝ ပြိုလဲသွားပြီး ဘုရားသခင်ကိုတောင် အထင်လွဲခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဖယ်ရှားရှင်းလင်းချင်တယ်၊ ကျွန်မကို မကယ်တင်တော့ဘူးလို့ ထင်ပြီး၊ ကျွန်မ ပြန်မထနိုင်တော့ဘဲ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ အသက်ရှင်နေခဲ့တာပေါ့။ အခုမှ ကျွန်မ နားလည်သွားတာက၊ ကျွန်မ အသက်ကြီးပြီး နေမကောင်းလို့ အပြင်ထွက် တာဝန်မလုပ်နိုင်ပေမဲ့၊ ကျွန်မရဲ့ စိတ်က ကြည်လင်နေတုန်းပဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို နားလည်နိုင်တုန်းပဲ၊ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်တုန်းပဲဆိုတာကိုပေါ့။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုအောက်မှာ ကျွန်မ ယုံကြည်ခြင်း ရရှိခဲ့တယ်။ ကျွန်မ အသက်ရှင်နေတုန်းမှာ၊ ကျွန်မရဲ့ စိတ်အတွင်းထဲက ဘက်လိုက်ပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အတွေးအခေါ်တွေ၊ အမြင်တွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားအတွက် ကြိုးပမ်းပြီး သမ္မာတရားကို အသုံးပြုဖို့ ဒီအကန့်အသတ်ရှိတဲ့ အခွင့်အရေးကို အရယူရမယ်လို့ ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး ပြောခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ အရင်တုန်းက ကျွန်မတာဝန်မှာ ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်ခဲ့တုန်းက၊ ကျွန်မ သမ္မာတရားကို တကယ်လိုက်စားတယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခု နေမကောင်းဖြစ်သွားတော့၊ ကျွန်မမှာ အထင်လွဲမှုတွေ ဖြစ်လာပြီး အပျက်သဘောတွေနဲ့ အလွန်အကျွံဝန်ပိသွားခဲ့တယ်။ တိတိကျကျ ဘယ်အရာကြောင့် ဒီလိုဖြစ်တာလဲ။ သင်ခန်းစာယူနိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးပါ” ပေါ့။
ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “ဘုရားသခင်ကို ယုံကြည်လာသောသူတိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီး၊ ကတိတော်များကိုသာ လက်ခံရန် အဆင်သင့်ဖြစ်နေကြပြီး ဘုရားသခင်၏ ကြင်နာခြင်းနှင့် သနားကရုဏာကိုသာ လက်ခံလိုစိတ်ရှိသည်။ သို့တိုင်အောင် မည်သူကမျှ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု၊ စမ်းသပ်မှုနှင့် စစ်ဆေးမှု၊ သို့မဟုတ် ပိတ်ပင်မှုတို့ကို လက်ခံရန် စောင့်ဆိုင်းခြင်း၊ သို့မဟုတ် ပြင်ဆင်ခြင်းမရှိပေ။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပိတ်ပင်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်းများကို လက်ခံရန် တစ်ဦးတစ်ယောက်မျှ ပြင်ဆင်မှုများ မပြုလုပ်ပေ။ လူတို့နှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးမှာ သာမန်ဟုတ်သလော၊ မဟုတ်သလော။ (သာမန်မဟုတ်ပါ။) သာမန်မဟုတ်ဟု အဘယ်ကြောင့်ဆိုသနည်း။ မည်သည့်နေရာတွင် ချို့ယွင်းသနည်း။ လူတို့အနေဖြင့် သမ္မာတရားကို နားမလည်ခြင်းတွင် ချို့ယွင်းမှုရှိသည်။ ဤသည်မှာ လူတို့၌ အယူအဆများနှင့် စိတ်ကူး များစွာရှိသောကြောင့်လည်းကောင်း၊ ဘုရားသခင်အား စဉ်ဆက်မပြတ် နားလည်မှုလွဲသောကြောင့်လည်းကောင်း၊ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဤအရာများကို မပြုပြင်သောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအတွက်ကြောင့် ပြဿနာများပေါ်ပေါက်ရန် အလားအလာများသည်။ အထူးသဖြင့် လူတို့သည် ကောင်းချီးခံရရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူသာ လုပ်ဆောင်လိုကြပြီး ဘုရားသခင်ထံမှ အရာဝတ္ထုများ တောင်းဆိုလိုကြသည်။ သို့သော် သမ္မာတရားကို မလိုက်စားလိုကြပေ။ ဤသည်မှာ အလွန်အန္တရာယ်ရှိသည်။ ၎င်းတို့၏ အယူအဆနှင့် ကွဲလွဲသည့်အရာတစ်ခုကို ကြုံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ချက်ချင်းပင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နာကြည်းမှုများ၊ နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်ကြသည်။ ပြီးလျှင် ဘုရားသခင်အား သစ္စာဖောက်သည်အထိပင် လုပ်ဆောင်နိုင်ကြသည်။ ဤအရာတို့၏ အကျိုးဆက်မှာ ဆိုးရွားသလော။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရား အတော်များများကို နားလည်လာသည်ဟု ခံစားရနိုင်သော်လည်း အမှန်မှာ သင်တို့သည် ဗိုက်ဝစေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သည့်လမ်းကြောင်းကို လျှောက်နေဆဲဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားသခင် ဖော်ထုတ်လိုက်တာက ကျွန်မရဲ့ အခြေအနေအမှန်ပါပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ နှစ်ပေါင်းများစွာမှာ၊ ကျွန်မရဲ့ အသုံးခံတာတွေနဲ့ ဒုက္ခခံတာတွေ အားလုံးကို ကောင်းချီးရလိုတဲ့ ဆန္ဒကပဲ မောင်းနှင်ခဲ့တာ။ ကျွန်မရဲ့ ပေးဆပ်မှုတွေ၊ အသုံးခံမှုတွေကို နိုင်ငံတော်ထဲဝင်ဖို့အတွက် အလဲအလှယ်လုပ်ဖို့ အပေးအယူလုပ်တဲ့ ပစ္စည်းတွေအနေနဲ့ သဘောထားခဲ့တယ်။ ကျွန်မ ဒုက္ခခံလေ၊ အဖိုးအခပေးလေ၊ ကောင်းမှုတွေ ပိုပြင်ဆင်လေလေ၊ ကယ်တင်ခံရဖို့ အရည်အချင်း ပိုပြည့်မီလေလေ ဖြစ်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တာကိုး။ ဒါကြောင့် ကျွန်မတာဝန်မှာ ဒုက္ခခံဖို့နဲ့ အသုံးခံဖို့ကိုပဲ အာရုံစိုက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နေမကောင်းဖြစ်ပြီး တာဝန်မလုပ်နိုင်တော့တဲ့အခါ၊ ချက်ချင်းဆိုသလိုပဲ ကျွန်မ ပြိုလဲသွားခဲ့တယ်။ ဒါက ကျွန်မ ဘယ်လိုလူစားလဲဆိုတာကို ကွက်တိ ဖော်ထုတ်လိုက်တာပဲ။ ရစရာ အကျိုးအမြတ်ရှိတုန်းကတော့၊ အရာအားလုံးကို ဘေးဖယ်ထားနိုင်တယ်၊ အခက်အခဲတွေကို သည်းခံနိုင်တယ်၊ အဖိုးအခပေးပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တယ်လို့ ခံစားရပေမဲ့၊ ကောင်းချီးရမဲ့ မျှော်လင့်ချက် မရှိတော့တာကို မြင်လိုက်တာနဲ့၊ ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်တော့တာပဲ။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ၊ ကျွန်မရဲ့ အထင်လွဲတာတွေနဲ့ ညည်းညူတာတွေ အားလုံး ပေါ်လာတော့တာပေါ့။ ကောင်းချီးရဖို့သက်သက်အတွက်ပဲ ကျွန်မတာဝန်ကို ကျွန်မ လုပ်နေခဲ့မှန်း၊ ကျွန်မရဲ့ ကြိုးစားမှုတွေ၊ ဒုက္ခခံတာတွေနဲ့ အသုံးခံတာတွေကို ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ နည်းလမ်းတွေအဖြစ် သဘောထားခဲ့မှန်း ကျွန်မ မြင်သွားတယ်။ ကျွန်မ တကယ်ကို စက်ဆုပ်စရာကောင်းလိုက်တာ။ ကျွန်မလုပ်ခဲ့တာက ဘုရားသခင်ကို စက်ဆုပ်ရွံရှာပြီး မုန်းတီးစေရုံသာမကဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ရွံရှာမိစေတယ်။ ကျွန်မလိုလူမျိုးက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ မထိုက်တန်ပါဘူး။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ လမ်းမှားလျှောက်နေမှန်း၊ နောင်တမရရင် ကျရှုံးဖို့ပဲ ရှိတော့မှန်း ကျွန်မ မြင်လာအောင် ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုက လုပ်ပေးခဲ့တာပါ။
တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်မိတယ်။ “ဘုရားသခင်အား ယုံကြည်ခြင်းသည် ကျေးဇူးတော်ကို ရရှိခြင်း၊ သို့မဟုတ် ဘုရားသခင်၏ သည်းခံခြင်း၊ သနားခြင်းကို ရရှိခြင်းနှင့် မသက်ဆိုင်ပေ။ သို့ဖြစ်လျှင် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ကယ်တင်ခံရခြင်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် ကယ်တင်ခြင်း၏ လက္ခဏာသည် အဘယ်နည်း။ ဘုရားသခင်က သတ်မှတ်ထားသည့် စံနှုန်းများမှာ အဘယ်နည်း။ ကယ်တင်ခြင်းခံရရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းဖြစ်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးတွင် စာရင်းချုပ်လိုက်ပါက သင်မည်မျှဒုက္ခခံခဲ့သည်ဖြစ်စေ၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခက မည်မျှကြီးသည်ဖြစ်စေ၊ သင့်ကိုယ်သင် စစ်မှန်သော ယုံကြည်သူဖြစ်သည်ဟု မည်မျှကြေညာပါစေ အဆုံးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းရသေးလျှင် သင်သည် သမ္မာတရားကို လိုက်စားသောသူမဟုတ်ဟု အဓိပ္ပာယ်ရသည်။ သို့မဟုတ် သင်သည် သမ္မာတရားကို မလိုက်စားသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းရသေးဟု ဆိုနိုင်သည်။ ဤသည်မှာ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်း လုံးဝ မရှိဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ လူကို ကယ်တင်ရန်အတွက် ဘုရားသခင် ပြောသမျှနှင့် ဘုရားသခင် လုပ်ဆောင်သမျှ အမှုအားလုံးသည် သင့်အထဲတွင် မည်သည့်အရာကိုမျှ မရရှိခဲ့၊ သင့်ထံမှ သက်သေခံချက် ထွက်လာအောင် မလုပ်နိုင်ခဲ့၊ သင့်အတွင်းတွင် အသီးအပွင့် ဖြစ်ထွန်းခြင်းမရှိခဲ့ဟု အဓိပ္ပာယ်ရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂)) ကယ်တင်ခြင်းဆိုတာ လူတစ်ယောက် လမ်းခရီးဘယ်လောက်လျှောက်ခဲ့တယ်၊ အဖိုးအခ ဘယ်လောက်ပေးခဲ့တယ်ဆိုတာနဲ့ တိုင်းတာတာ မဟုတ်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တယ်။ လူတစ်ယောက် လမ်းခရီးဘယ်လောက်လျှောက်ခဲ့ပါစေ၊ ဒုက္ခဘယ်လောက်ခံခဲ့ပါစေ၊ သူ့ရဲ့ စိတ်သဘောထား မပြောင်းလဲရင်၊ သူ ကယ်တင်မခံရနိုင်ဘဲ အဆုံးမှာ ဖယ်ရှားရှင်းလင်းခံရမှာပဲ။ သမ္မာတရားကို လိုက်စားပြီး ကိုယ့်စိတ်သဘောထားကို ပြောင်းလဲမှသာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ခံရနိုင်မှာ။ အရင်တုန်းကတော့၊ ကျွန်မ တာဝန်တွေ ပိုလုပ်လေ၊ ဒုက္ခပိုခံလေ၊ ကယ်တင်ခံရဖို့ အခွင့်အရေး ပိုများလေပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကြောင့် အပြင်ပန်းအလုပ်လုပ်ဖို့၊ အသုံးခံဖို့နဲ့ ဒုက္ခခံဖို့ကိုပဲ ကျွန်မ အာရုံစိုက်ခဲ့တယ်။ ဒီအရာတွေ လုပ်ရင် ကယ်တင်ခံရဖို့ အခွင့်အရေးရမယ်လို့ ထင်ခဲ့ပြီး ကျွန်မရဲ့ လိုက်စားမှုက အကျိုးအကြောင်းခိုင်လုံတယ်လို့တောင် ထင်ခဲ့တာ။ ကျွန်မရဲ့ အမြင်တွေက တကယ်ကို လွဲချော်နေမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ နေမကောင်းဖြစ်တုန်းက၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားမရှာဘဲ၊ ဘုရားသခင်အပေါ် အထင်လွဲတာတွေ၊ ညည်းညူတာတွေ ဖြစ်လာပြီး အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ အသက်ရှင်ခဲ့တယ်။ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့တော့၊ ကျွန်မ လမ်းခရီး ဘယ်လောက်လျှောက်ခဲ့ပါစေ၊ ဒုက္ခဘယ်လောက်ခံခဲ့ပါစေ၊ ကျွန်မရဲ့ အသက်စိတ်သဘောထား မပြောင်းလဲရင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ကျွန်မ ခံရမှာ မဟုတ်ဘူး။ လူတွေ သူတို့တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင် ပေးထားတဲ့ အခွင့်အရေးက တာဝန်ထမ်းဆောင်ရင်းနဲ့ အသက်ဝင်ရောက်မှုကို အာရုံစိုက်နိုင်အောင်၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ပြုမူနိုင်အောင်၊ ပြီးတော့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်ဆန်းစစ်ပြီး သမ္မာတရားရှာဖွေနိုင်အောင် ရည်ရွယ်တာပါ။ ဒီအရာတွေကို လုပ်မှသာ လူတွေက ဘုရားသခင်ဆီက ကယ်တင်ခြင်းကို ရနိုင်မှာလေ။ “လူတို့ သမ္မာတရား လိုက်စားပြီး ရှင်သန်ဖို့ ဘုရားသခင် အလိုတော်ရှိ” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ ကြားခဲ့ရတယ်။
............
၃ သင်၏ အစွမ်းအစ၊ အသက်အရွယ်၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည့် နှစ်ကာလအရေအတွက် မည်မျှဖြစ်စေ လူတစ်ဦးချင်းစီနှင့်ပတ်သက်ပါက သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအတွက် အားထုတ်မှုများပြုသင့်ပေသည်။ သင်သည် ဓမ္မဓိဋ္ဌာန်ကျသော မည်သည့် ဆင်ခြေများကိုမျှ အလေးမထားသင့်ပေ။ သင်သည် သမ္မာတရားကို အကြွင်းမဲ့ လိုက်စားသင့်၏။ ဖြစ်သလို မနေနှင့်။ သင်သည် သမ္မာတရား လိုက်စားခြင်းကို သင်၏ အသက်တာတွင် ကြီးမားသည့် ကိစ္စတစ်ခုအဖြစ် ခံယူပြီး ယင်းအတွက် ကြိုးစားမှုနှင့် သင်၏ အားထုတ်မှုများ ပြုသည်ဆိုပါစို့၊ အဆုံး၌ သင်၏ လိုက်စားမှုတွင် သင် ရရှိပြီး လက်လှမ်းမီနိုင်သည့် သမ္မာတရားသည် သင် ဆန္ဒရှိခဲ့သည့်အရာ မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သမ္မာတရား လိုက်စားမှုအပေါ် သင်၏ သဘောထားနှင့် သင်၏ရိုးသားစစ်မှန်မှုတို့ကို ထောက်ရှု၍ သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်တစ်ခုကို သူပေးမည်ဟု ပြောပါက ယင်းမှာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား။
၄ ယခုအခါတွင်မူ သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကိုဖြစ်စေ၊ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ဆိုသည်နှင့် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ကိုဖြစ်စေ၊ ကပ်ဘေးကို သင် ရှောင်ရှားနိုင်ကာ သေမည် ဟုတ်မဟုတ်ဟူသည်ကိုဖြစ်စေ အာရုံမစိုက်နှင့်။ ဤအရာများကို မတွေးနှင့်၊ သို့မဟုတ် ဤအရာများနှင့် စပ်လျဉ်း၍ တောင်းဆိုမှုများ မပြုနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကိုသာ အာရုံစိုက်လော့၊ ပြီးလျှင် သမ္မာတရားကို လိုက်စားခြင်းသို့ ရောက်လော့၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လော့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်စေလော့၊ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စောင့်ဆိုင်းခဲ့ရခြင်းကိုလည်းကောင်း၊ သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခဲ့ရခြင်းကိုလည်းကောင်း စိတ်ပျက်အောင် လုပ်ခြင်းမှ ရှောင်ကြဉ်လော့။ ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သူ့အား သင့်ထဲတွင် မျှော်လင့်ချက်အချို့ကို မြင်ခွင့်ပေးပြီး သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။ ငါ့ကို ပြောလော့၊ ထိုသို့ သင်လုပ်ဆောင်ခဲ့ပါက ဘုရားသခင်သည် သင့်ကို မတရားသဖြင့် ဆက်ဆံမည်လော။ အဆုံးသတ် ရလဒ်များသည် သင်က ဆန္ဒရှိခဲ့မည့်အရာကဲ့သို့ မဟုတ်လျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် မည်သည့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တစ်ခုမျှမရှိဘဲ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်ပေသည်။ ဤစိတ်ထားရှိခြင်းသည် မှန်ကန်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း
အဲဒါပြီးတော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သမ္မာတရားကို လိုက်စားခြင်းသည် လူ့ဘဝ၏ အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။ အခြားမည်သည့် အရေးကိစ္စမျှသည် သမ္မာတရား လိုက်စားခြင်းလောက် အရေးမကြီးသကဲ့သို့ အခြားမည်သည့် ကိစ္စမျှသည် တန်ဖိုးအားဖြင့် သမ္မာတရား ရရှိခြင်းကို မကျော်လွန်ပေ။ ယနေ့ထိတိုင် ဘုရားသခင်နောက်လိုက်ရန်မှာ လွယ်ကူခဲ့သလော။ အမြန်လုပ်ကာ သင်၏ သမ္မာတရားလိုက်စားခြင်းကို အရေးပါမှုတစ်ခု ဖြစ်စေလော့။ နောက်ဆုံးသော ကာလထဲက အမှု၏ ဤအဆင့်သည် ဘုရားသခင်က သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် လူတို့အပေါ် လုပ်ဆောင်သည့် အမှု၏ အရေးကြီးဆုံးသော အဆင့်ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် သူ၏ ရွေးချယ်ထားသော လူတို့အပေါ် ဘုရားသခင် ထားရှိသည့် အမြင့်ဆုံးသော မျှော်လင့်ချက် ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရား လိုက်စားခြင်းဖြစ်သည့်၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်မည်ဟု သူ မျှော်လင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ ခံစားခဲ့ရပြီး ကျွန်မစိတ်နှလုံးက တကယ်ကို တို့ထိခံခဲ့ရတယ်။ နောင်တရပြီး အပြစ်ရှိတယ်လို့ ခံစားရလို့ ကျွန်မ မျက်ရည်မကျဘဲ မနေနိုင်ခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်လိုက်တော့၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ သမ္မာတရားရှာဖို့ ကျွန်မ အာရုံမစိုက်ခဲ့ဘဲ အပြင်ပန်းအလုပ်ကိုပဲ အာရုံစိုက်ခဲ့တာ၊ ပြီးတော့ ကျွန်မရဲ့ အသက်စိတ်သဘောထားက ဘာမှ သိပ်မပြောင်းလဲခဲ့တာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ရင်းနဲ့ သမ္မာတရားနဲ့ အသက်ဝင်ရောက်မှုကို လိုက်စားဖို့ ရည်ရွယ်ပြီး တာဝန်ထမ်းဆောင်ခွင့်ရတဲ့ အခွင့်အရေးနဲ့ ဘုရားသခင်က ကျွန်မကို ကျေးဇူးပြုခဲ့ပေမဲ့၊ ကျွန်မ လမ်းလွဲသွားခဲ့တယ်။ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားဖို့အတွက် ကျွန်မတာဝန်ကို အသုံးပြုခဲ့တယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ဘယ်မှာရှိလို့လဲ။ ကျွန်မရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ကျွန်မ အာရုံမစိုက်နိုင်တော့ဘူး။ ဘုရားသခင်က ကျွန်မကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ ဒါမှမဟုတ် ကျွန်မမှာ ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခု ရှိမရှိဆိုတာကို ဂရုမစိုက်ဘဲ၊ ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့အတွက် သမ္မာတရားကို အလေးအနက် လိုက်စားပြီး ကျွန်မတာဝန်ကို အစွမ်းကုန် လုပ်ရမယ်။ နောက်ပိုင်း၊ ကျွန်မ ကျန်းမာရေး နည်းနည်း သက်သာလာတဲ့အခါ၊ ဧည့်ခံတဲ့တာဝန်ကို ကျွန်မ စလုပ်တယ်။
ဒါပြီးတော့၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းတာနဲ့ ဖမ်းဆီးတာတွေကြောင့်၊ ဧည့်ခံတဲ့တာဝန်ကို ကျွန်မ မလုပ်နိုင်တော့ဘူး။ ကျွန်မ စိတ်ထဲမှာ ဟာတာတာဖြစ်သွားတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ တာဝန်မလုပ်နိုင်ရင်တောင်၊ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် ဘုရားနှုတ်ကပတ်တော် စားသောက်တာကို လက်တွေ့လုပ်ဆောင်နိုင်သေးတာပဲ။ နှုတ်ကပတ်တော်တွေကို ဆင်ခြင်အောင့်မေ့ဖို့ ပိုအားစိုက်နိုင်သလို၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ ရေးတာ၊ သမ္မာတရားရှာတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်တာတွေလည်း လုပ်နိုင်သေးတာပဲ။ နောက်ပြီးတော့ အိမ်မှာ ကျွန်မ သင်ယူနိုင်တဲ့ သင်ခန်းစာတွေ ရှိနေတယ်။ အရင်တုန်းကဆိုရင်၊ ကျွန်မက အမြဲတမ်း အရာရာကို ကိုယ်ပဲ ဆုံးဖြတ်ချင်တယ်၊ ရာထူးဂုဏ်ရှိသလို ပြောချင်တယ်၊ ကိစ္စတွေဖြစ်လာရင် ပြန်ငြင်းခုံချင်တယ်။ ဒါတွေက ဖြေရှင်းဖို့လိုတဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ပတ်သက်နေတာကိုး။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ခဲ့တယ်။ ကိစ္စတွေ ဖြစ်လာတဲ့အခါ၊ ကျွန်မ အသိတရားရှိရှိ ကျိုးနွံနာခံပြီး သင်ခန်းစာတွေ ယူခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး တခြားလူတွေရဲ့ လမ်းပြမှုကို လက်ခံဖို့ သင်ယူခဲ့တယ်။ အခု ကျွန်မ အသက်ကြီးပြီး အရေးကြီးတဲ့ တာဝန်တွေ ဘာမှ မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ဘုရားသခင်က ပြောတယ်။ “ယနေ့ထိတိုင် ဘုရားသခင်နောက်လိုက်ရန်မှာ လွယ်ကူခဲ့သလော။ အမြန်လုပ်ကာ သင်၏ သမ္မာတရားလိုက်စားခြင်းကို အရေးပါမှုတစ်ခု ဖြစ်စေလော့။ နောက်ဆုံးသော ကာလထဲက အမှု၏ ဤအဆင့်သည် ဘုရားသခင်က သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် လူတို့အပေါ် လုပ်ဆောင်သည့် အမှု၏ အရေးကြီးဆုံးသော အဆင့်ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် သူ၏ ရွေးချယ်ထားသော လူတို့အပေါ် ဘုရားသခင် ထားရှိသည့် အမြင့်ဆုံးသော မျှော်လင့်ချက် ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရား လိုက်စားခြင်းဖြစ်သည့်၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်မည်ဟု သူ မျှော်လင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လှုံ့ဆော်ပေးပြီး သမ္မာတရား လိုက်စားဖို့ ကျွန်မ အားစိုက်ထုတ်ချင်ပါတယ်။ ကျွန်မ အသက်ရှင်နေသရွေ့၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်နောက်ကို လုံ့လဝီရိယရှိရှိ လိုက်ပါမယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရိဖန်၊ တရုတ်နိုင်ငံကျွန်မ အသက် ၂၈ နှစ်မှာ ဓာတ်မတည့်တဲ့ ပန်းနာရင်ကျပ်ရောဂါ ရခဲ့တယ်။ ရောဂါထလိုက်တိုင်း အသက်ရှူလို့မရဘဲ အသက်ရှူကျပ်လွန်းလို့...
လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...
ယန်ကျွင်း၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ အစပိုင်းမှာ ကျွန်တော့်ခေါင်းထဲမှာ တစီစီနဲ့ အသံမြည်နေပြီး ကျွန်တော်က သွေးတိုးတက်လေ့ရှိတာကို တွေးမိပြီး...
ရှောင်ရှီး၊ တရုတ်ပြည်၂၀၂၁ ခုနှစ်၊ ဇွန်လ တစ်ရက်မှာ၊ ကျွန်တော် ခေါင်းမူးပြီး နေလို့မကောင်းတာနဲ့ သွေးပေါင်ချိန်စစ်ကြည့်လိုက်တော့ အပေါ်သွေးက...