နာမကျန်းမှုနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများကို လက်လွှတ်ခြင်း
ယန်ကျွင်း၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ အစပိုင်းမှာ ကျွန်တော့်ခေါင်းထဲမှာ တစီစီနဲ့ အသံမြည်နေပြီး ကျွန်တော်က သွေးတိုးတက်လေ့ရှိတာကို တွေးမိပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော့်မှာ သွေးတိုးရောဂါ ရှိတယ်၊ အဲဒါက ကျွန်တော်တို့ မိသားစု မျိုးရိုးလိုက်တာ။ ၂၀၁၃ ခုနှစ်မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ခေါင်းကိုက်တဲ့ဝေဒနာကိုပါ ခံစားလာရတယ်၊ တစ်ရက် နှစ်ရက်နေရင် တစ်ခါလောက် ကိုက်တာ။ အဲဒီလို ခေါင်းကိုက်လာပြီဆိုရင် ကျွန်တော် ဘာမှ မလုပ်နိုင်တော့ဘူး။ တစ်ကိုယ်လုံး အားမရှိသလိုဖြစ်ပြီး မတ်တပ်တောင် မရပ်နိုင်ဘူး။ ခေါင်းကိုက်တာနဲ့အတူ သွားတွေပါ ကိုက်လာပြီး ပျို့ချင်အန်ချင် ဖြစ်လာရော။ ဆေးရုံကြီးတွေသွားပြီး စစ်ဆေးကြည့်တာတောင် ဘာရောဂါလဲဆိုတာ အဖြေမရှာနိုင်ခဲ့ဘူး။ တစ်ခါတလေကျရင် နာတာ ပြင်းထန်လွန်းလို့ ကိုယ့်ခေါင်းကို နံရံနဲ့ ဆောင့်ချလိုက်ချင်စိတ်တောင် ပေါက်တယ်၊ သေလိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ့်ဇနီးသည်နဲ့ မွေးခါစ ကလေးလေးကို ကြည့်ပြီး ကျွန်တော် အောင့်အီးသည်းခံခဲ့ရတယ်။ နောက်ပိုင်းမှာ အမေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်တော့်ကို ဝေငှခဲ့တယ်။ ပြီးတော့ ကျွန်တော် ဘုရားသခင်အပေါ် မျှော်လင့်ချက်ထားလိုက်တယ်။ ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်တဲ့အတွက် သူ့ကိုသာ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်မယ်ဆိုရင် သူက ငါ့ကို ကောင်းချီးပေးပြီး ငါ့ရောဂါကို ကုပေးနိုင်လောက်တယ်လို့ တွေးပြီးတော့ပေါ့။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ ကျွန်တော့်အခြေအနေက အတော်လေး သက်သာလာခဲ့တယ်။ တစ်နေ့မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်လိုက်ရတယ်။ “ငါ့အတွက် စစ်မှန်စွာ အသုံးခံသောသူတို့၊ ငါသည် သင့်အား ဧကန်မုချ အလွန် ကောင်းချီးပေးမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၅)) ကျွန်တော် အရမ်းရွှင်လန်းအားရသွားပြီးတော့ ဘုရားသခင်အတွက် အသုံးခံဖို့ ငါ ကြိုးစားသရွေ့ နောင်အနာဂတ်မှာ သူ ငါ့ကို ကောင်းချီးပေးမှာပဲဆိုပြီး ပိုလို့တောင် ယုံကြည်လာခဲ့တယ်။ နောက်ပိုင်းမှာ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် အချိန်ပြည့်ဆက်ကပ်ရအောင် ကျွန်တော့်ရဲ့ လစာကောင်းတဲ့ အလုပ်ကို စွန့်လွှတ်လိုက်တယ်။ ဆင်းရဲဒုက္ခ ဒါမှမဟုတ် အခက်အခဲတွေကို ဘယ်လောက်ပဲ ကြုံရပါစေ ကျွန်တော်က လိုလိုလားလားနဲ့ ဝမ်းမြောက်ဝမ်းသာ ထမ်းဆောင်ခဲ့တယ်။ အဲဒီနှစ်တွေအတွင်းမှာ ကျွန်တော့်ရဲ့ ခေါင်းကိုက်ဝေဒနာက သိသိသာသာ သက်သာလာပြီး ရောဂါထတာလည်း ကျဲသွားတယ်။ သုံးလေးနှစ်ကြာတော့ အိမ်နဲ့ဝေးတဲ့နေရာမှာ ကိုယ့်တာဝန်ထမ်းဆောင်နေတုန်း ဆရာဝန်ဖြစ်တဲ့ ညီအစ်မတစ်ယောက်နဲ့ ကျွန်တော် ဆုံတယ်။ သူက ပြောတယ်၊ ကျွန်တော် ခေါင်းကိုက်တာက အာရုံကြောကြောင့်ဖြစ်တဲ့ရောဂါတဲ့၊ ပြီးတော့ ၁၀ ယွမ်ကျော်ကျော်လောက်ပဲ ကျသင့်တဲ့ ဆေးတချို့ကို ညွှန်းပေးတယ်။ အံ့သြစရာကောင်းတာက အဲဒီဆေးကို နှစ်လလောက် သောက်ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ အာရုံကြောကြောင့်ဖြစ်တဲ့ရောဂါက အံ့သြစရာကောင်းလောက်အောင် ပျောက်ကင်းသွားပါလေရော။ နှစ်တော်တော်များများ ကျွန်တော် ခံစားခဲ့ရတဲ့ နာတာရှည်ရောဂါ ပျောက်သွားတော့ ကျွန်တော် အရမ်း ဝမ်းသာသွားတယ်။ အပေါ်ယံကြည့်ရင်တော့ ဆေးကပဲ ကုပေးသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဒါက ကျွန်တော့်အပေါ် ကျရောက်လာတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲဆိုတာ ကျွန်တော် သိပါတယ်။ ဘုရားသခင်အတွက် အသုံးခံတာက တကယ်ပဲ ဆုလာဘ်တွေ ဆောင်ကြဉ်းပေးတယ်လို့ ထင်ရတာကြောင့် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော် ပိုပြီးတော့တောင် ရည်စူးမြှုပ်နှံခဲ့တယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်တော် အမြဲတမ်းလိုလို ထိုင်းမှိုင်းလေးလံနေတယ်လို့ ခံစားလာရပြီး တစ်ခါတလေ ခေါင်းကိုက်တာ၊ ခေါင်းမူးတာတွေလည်း ဖြစ်လာတယ်။ အစတုန်းကတော့ သိပ်အရေးမလုပ်ခဲ့မိဘူး၊ သွေးတိုးရှိတော့ တစ်ခါတလေ ခေါင်းမူးတာ ပုံမှန်ပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ တစ်လကျော်ကြာတဲ့အထိ မသက်သာဘဲ ရောဂါလက္ခဏာတွေက ပိုဆိုးလာလိုက်တာ ကိုယ့်တာဝန်ကို မနက်ပိုင်းလောက်ပဲ ထမ်းဆောင်နိုင်တဲ့အထိ ဖြစ်လာတယ်။ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းရောက်ရင် ခေါင်းက မူးနောက်ပြီး ကိုက်လာရော၊ ပြီးတော့ ဘယ်ဘက်လက်ကလည်း ထုံကျဉ်လာတယ်။ ခေါင်းအရမ်းမူးလာပြီဆိုရင် အနားယူဖို့ ခဏလောက် လှဲနေလိုက်ရတယ်။ တစ်ရက်ကျတော့ ရေချိုးခန်းထဲက ထွက်လာပြီးပြီးချင်း ခေါင်းအရမ်းမူးလာလို့ နံရံကို အမြန်မှီပြီး မျက်လုံးမှိတ်ထားလိုက်တယ်၊ ဒါပေမဲ့ ခဏနေတော့ မထင်မှတ်ဘဲ ကျွန်တော် သတိလစ်သွားတယ်။ သတိပြန်ရလာတော့ ခေါင်းနောက်စေ့က ပြင်းပြင်းထန်ထန် နာကျင်နေတာကို ခံစားရပြီး သံမံတလင်းပေါ်မှာ လဲနေမှန်း သတိထားမိလိုက်တယ်။ ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို တွဲထူပေးပြီးတဲ့နောက်မှာ ကျွန်တော် လဲကျတုန်းက တံခါးဘောင်ကို ဝင်တိုက်မိပြီး တံခါးဘောင် ကျိုးသွားတာရယ်၊ ခေါင်းနောက်စေ့မှာ အဖုကြီးတစ်ဖု ထွက်နေတာရယ်ကို သတိထားမိလိုက်တယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “တံခါးဘောင်ကို အရင်ဝင်တိုက်မိလို့ တော်သေးတာပေါ့၊ ခေါင်းနောက်စေ့သာ ကြမ်းပြင်နဲ့ တိုက်ရိုက်ဆောင့်မိရင် နောက်ဆက်တွဲဆိုးကျိုးတွေက တွေးရဲစရာတောင် မရှိဘူး” လို့လေ။ အဲဒါနဲ့ ကျွန်တော် ဆေးစစ်ဖို့ ဆေးရုံကို သွားလိုက်တော့ ဦးနှောက်သွေးကြောပိတ်ရောဂါလို့ အဖြေထွက်တယ်။ ကျွန်တော် လန့်သွားပြီး ဆရာဝန်ကို မေးလိုက်တယ်၊ “ကျွန်တော်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုလုပ် ဦးနှောက်သွေးကြောပိတ်ရောဂါ ဖြစ်နိုင်မှာလဲဗျာ။ အဲဒါ သက်ကြီးရွယ်အိုတွေမှာပဲ ဖြစ်တဲ့ရောဂါ မဟုတ်ဘူးလား။ တစ်ခုခု မှားနေတာများလား” လို့ပေါ့။ ဆရာဝန်က ဦးနှောက်သွေးကြောပိတ်ရောဂါ ဖြစ်ကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီး ကျွန်တော့်ကို ဆေးရုံတက်ဖို့ စီစဉ်ပေးတယ်။ သူက ပြောတယ်၊ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးကြောအသေးလေးတွေ ပိတ်နေတာ၊ ချက်ချင်း မကုဘူးဆိုရင် သွေးကြောမကြီး ပိတ်သွားနိုင်တယ်၊ အဲဒါဆိုရင် ဒုက္ခရောက်မှာပဲတဲ့။ ဆရာဝန်ရဲ့ စကားတွေက ကျွန်တော့်ရင်ဘတ်ကို ကျောက်တုံးကြီးနဲ့ ဖိထားသလိုပဲ လေးလံသွားစေတယ်။ ဦးနှောက်သွေးကြောပိတ်ရောဂါ ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ အများကြီးကို ကျွန်တော် မြင်ဖူးတယ်၊ ရောဂါအခြေအနေ ဆိုးတဲ့သူတွေဆို ကိုယ်တစ်ခြမ်းသေသွားတာ၊ စကားပီပီသသ မပြောနိုင်တာ၊ ပါးရွဲ့သွားတာ၊ မျက်လုံးစွေသွားတာနဲ့ ဦးနှောက်မကြည်လင်တော့တာတွေ ဖြစ်ကုန်ကြတာလေ။ ကျွန်တော်လည်း သူတို့လို ဖြစ်သွားမှာကို အရမ်းကြောက်ပြီး တွေးမိတယ်၊ “ငါသာ အဲဒီလို အဆုံးသတ်သွားရင် ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်လို စားသောက်ပြီး ကိုယ့်တာဝန်ကို ဘယ်လို ထမ်းဆောင်နိုင်တော့မှာလဲ။ တာဝန်မထမ်းဆောင်ဘဲနဲ့ ငါ ဘယ်လိုလုပ် ကယ်တင်ခြင်းခံရနိုင်မှာလဲ” လို့ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်တော့်ကို စိုးရိမ်ပူပန်ပြီး နစ်နာတယ်လို့ ခံစားရတယ်၊ ပြီးတော့ စောဒကတက်မိလာတယ်၊ “ဒီနှစ်တွေတစ်လျှောက်လုံး ငါ့မိသားစုနဲ့ အလုပ်အကိုင်ကို ငါ စွန့်လွှတ်ခဲ့တယ်။ ငါ့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက လှောင်ပြောင်ပြီး အသရေဖျက်နေတာတောင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို ငါ ဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘူး။ ကိုယ့်တာဝန်ထမ်းဆောင်ဖို့အတွက် ခက်ခဲတဲ့အချိန်တွေ အများကြီးကို ငါ ဖြတ်သန်းခဲ့ရတာ၊ ဒါကို ဘာလို့ ဘုရားသခင်က ငါ့ကို မကာကွယ်ပေးတာလဲ။ ဘာလို့ ငါ့ကို ဒီရောဂါ ဖြစ်ခွင့်ပေးတာလဲ။ ငါသာ ဒီရောဂါ မဖြစ်ခဲ့ဘူးဆိုရင် ကိုယ့်တာဝန်ကို ပိုကောင်းကောင်း ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလား” လို့ပေါ့။ အထူးသဖြင့် ဆေးရုံတက်နေတုန်း လူနာတစ်ရာနီးပါးလောက်ထဲမှာ ကျွန်တော်က အငယ်ဆုံးဖြစ်နေတော့ ဘေးနားက လူနာတွေက ကျွန်တော့်မှာ ဒီရောဂါရှိမှန်း သိသွားတဲ့အခါ အံ့သြပြီး ပြောကြတယ်၊ “သက်ကြီးရွယ်အိုတွေ ဒီရောဂါဖြစ်တာက နားလည်ပေးလို့ရပေမဲ့ မင်းလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုလုပ် ဦးနှောက်သွေးကြောပိတ်ရောဂါ ဖြစ်ရတာလဲ” တဲ့။ ဒါကို ကြားရတာ ကျွန်တော့်အတွက် ပိုပြီး ခံရခက်စေတယ်။ ရုတ်တရက် ဦးနှောက်သွေးကြောပိတ်ပြီး လဲကျသွားလို့ အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်နေတဲ့ လူနာတချို့ အောက်ဆီဂျင်ပိုက်တွေ တပ်ထားရပြီး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာကို မြင်တော့ ကျွန်တော်သာ နောက်ထပ် သတိလစ်သွားရင် အဲဒီလို ဖြစ်သွားမလားဆိုပြီး စိုးရိမ်မိတယ်။ ကျွန်တော် တွေးမိတယ်၊ “ငါ့ကျမှ ဘာလို့ ဒီလောက် ကံဆိုးပြီး ဒီလိုရောဂါမျိုး ဖြစ်ရတာလဲ” လို့ပေါ့။ ကျွန်တော် စိုးရိမ်ပူပန်ပြီး နေမထိထိုင်မသာ ဖြစ်ခဲ့ရတယ်။ ကုသမှုတချို့ ခံယူပြီးတဲ့နောက်မှာ ကျွန်တော့်အခြေအနေက ထိန်းထားနိုင်တဲ့ အနေအထား ရောက်လာတယ်။ အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော် အရမ်းပင်ပန်းသွားမှာကို ကြောက်လို့ ကျန်းမာရေးကို ဂရုစိုက်ဖို့ပဲ အာရုံစိုက်နေမိပြီး ကိုယ့်တာဝန်အပေါ် စိတ်မရောက်တော့ဘူး။
တစ်ညကျတော့ ကုတင်ပေါ်မှာ လှဲနေရင်းနဲ့ ဒီရက်ပိုင်းတွေမှာ ကိုယ့်ကျန်းမာရေး ဂရုစိုက်ဖို့ပဲ အာရုံစိုက်နေလို့ ကိုယ့်တာဝန်တွေအပေါ် အရင်လောက် သိပ်အာရုံမစိုက်မိခဲ့ပုံကို ဆင်ခြင်သုံးသပ်မိပြီး နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။ နောက်တစ်နေ့မှာ ဘုရားသခင်ရှေ့မှောက်မှာ ကျွန်တော် ဆုတောင်းတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်တော့်မှာ ဦးနှောက်သွေးကြောပိတ်ရောဂါ ရှိမှန်း သိလိုက်ရကတည်းက ရောဂါပြန်ဖောက်ပြီး နောက်ထပ် သတိလစ်သွားမှာကို အမြဲတမ်း စိုးရိမ်ပူပန်နေမိပါတယ်။ ကျွန်တော်သာ ပြင်းပြင်းထန်ထန် လဲကျပြီး အသက်အန္တရာယ်ရှိလာရင် ကယ်တင်ခြင်း မခံရတော့မှာကို ကြောက်ပါတယ်။ အဲဒါကြောင့် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အခြေအနေမမှန်တော့ဘဲ ကျန်းမာရေး ဂရုစိုက်ဖို့ပဲ ပိုပြီး စိတ်ရောက်နေမိတယ်။ ဘုရားသခင်၊ ကျွန်တော့်အခြေအနေကို ဖြေရှင်းနိုင်ဖို့ သမ္မာတရားကို ရှာဖွေရာမှာ ကျွန်တော့်ကို ယုံကြည်ခြင်း ပေးသနားတော်မူပါ၊ လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဆေးရုံမတက်ခင်တုန်းက ညီအစ်မတစ်ယောက် ပို့ပေးဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ပြန်သတိရလိုက်တယ်။ “အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းကောင်း ကျွမ်းနေနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ သက်တမ်းသည် မပြီးသေးဘဲ သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ သင့်ထံတွင် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိပြီး သင်၏ အထူးတာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော နာမကျန်းမှုတစ်ခု ဖြစ်လျှင်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဆောင်ဦးမည်မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ ပြီးလျှင် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို နှောင့်နှေးနေလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ သာသနာက ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ အထူးတာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်လိမ့်မည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။ သင့်တွင် ဤယုံကြည်ခြင်း မရှိပါက သင်သည် ‘ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပေးထားသည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ကျွန်ုပ်လုပ်ရပါမည်။ ကျွန်ုပ်အနေဖြင့် မည်သည့်နောင်တရစရာမျှ ချန်မထားဖို့အလို့ငှာ ကိုယ်တော့်ကို သစ္စာစောင့်သိလျက် ကျွန်ုပ်၏ နောက်ဆုံးသော နေ့ရက်များကို ကုန်ဆုံးချင်ပါသည်။ ကျွန်ုပ်ကို ကိုယ်တော်ကာကွယ်ပေးမှ ရပါမည်’ ဟု ပြောရင်း ဘုရားသခင်ထံ အပေါ်ယံဆုတောင်းခြင်းအချို့သာ ပြုလုပ်လိမ့်မည် ဖြစ်သည်။ သင်သည် ဤသို့ ဆုတောင်းစေကာမူ သမ္မာတရားကို ရှာဖွေရန် အစပြုလုပ်ဆောင်ခြင်း မရှိပါက သစ္စာစောင့်သိမှုကို ကျင့်သုံးရန် စိတ်ပိုင်းဖြတ်ချက်နှင့် ခွန်အားတို့ သင်၌ ရှိမည်မဟုတ်။ သင်သည် အဖိုးအခအမှန်ကို ပေးရန် မလိုလားသည့်အတွက် ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားသခင်ကို ဈေးဆစ်ရန် ဤဆင်ခြေအမျိုးအစားနှင့် ဤနည်းလမ်းကို မကြာခဏ အသုံးပြုသည်။ ဤသူမှာ သမ္မာတရားကို လိုက်စားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလော။ သင်၏ နာမကျန်းမှုက သက်သာပျောက်ကင်းသွားလျှင် သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ ယင်းသို့ အတပ်မဆိုနိုင်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အားထုတ်မှုအနေဖြင့် ထိုသို့သော ဆင်ခြေများကို မကြာခဏပြုလုပ်ကာ ထိုသို့သော နည်းစနစ်များကို အသုံးပြုလိမ့်မည်။ ဧကန်အမှန်ဆိုရလျှင် သင်ညှိနှိုင်းခြင်းသည် သင်၏ မကျန်းမာခြင်းကို ပျောက်ကင်းစေပြီး သင်မသေဆုံးရန် တားဆီးပေးဖို့ ရည်ရွယ်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ဤတွင် သင်၌ အခြားရည်ရွယ်ချက်တစ်ခုခု၊ ပန်းတိုင်တစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သရွေ့၊ အသုံးဝင်သေးသရွေ့၊ သင့်ကို အသုံးပြုရန် ဘုရားသခင်က ဆုံးဖြတ်ပြီးဖြစ်သရွေ့ ဤသည်မှာ သင်မသေဆုံးလောက်ဟု ဆိုလိုသည်။ သင်ဆန္ဒရှိလျှင်ပင် သေဆုံးနိုင်မည် မဟုတ်ပေ။ သို့သော် သင် မဆင်မခြင် ပြဿနာရှာလျှင်၊ ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်လျှင်၊ ထို့ပြင် ဘုရားသခင်၏ စိတ်သဘောထားကို စိတ်အနှောင့်အယှက်ပေးလျှင် မကြာမီ သင် ပို၍စောစီးစွာ သေဆုံးလိမ့်မည်။ သင်၏ ဘဝသည် တိုတောင်းလိမ့်မည်။ ကမ္ဘာကို မဖန်ဆင်းမီကတည်းက လူတိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံနိုင်လျှင် နာမကျန်းဖြစ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထို့ပြင် ကျန်းမာရေး ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည့် နှစ်အရေအတွက်အတိုင်း အသက်ရှင်လိမ့်မည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။ သင်သည် ဤအရာကို အယူဝါဒအရသာ အသိအမှတ်ပြုပါက သင့်တွင် စစ်မှန်သည့် ယုံကြည်မှုမရှိဘဲ နားဝင်ချိုသည့် စကားလုံးများ ပြောဆိုခြင်းသည် အသုံးမဝင်။ ဘုရားသခင်က ဤအရာကို လုပ်ဆောင်လိမ့်မည်ဟု သင့်စိတ်နှလုံး၏ အနက်ရှိုင်းဆုံးနေရာမှ အတည်ပြုလျှင်မူ သင်၏ ချဉ်းကပ်မှုနှင့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတို့သည် သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုလိုက်တော့ လူတစ်ယောက်ရဲ့ သေရေးရှင်ရေးအပြင် သူ့ရဲ့သက်တမ်းဆိုတာတွေ အားလုံးကို ဘုရားသခင်က အမိန့်နဲ့ ပြဋ္ဌာန်းထားတာ ဖြစ်မှန်း ကျွန်တော် နားလည်လိုက်တယ်။ မြေကြီးပေါ်က လူတစ်ယောက်ရဲ့ အထူးတာဝန် ပြီးဆုံးသွားပြီဆိုရင် သူ့သက်တမ်းလည်း ကုန်ဆုံးပြီ၊ အဲဒါက သူ့အသက် ပြီးဆုံးတဲ့အချိန်ပဲ။ လူတစ်ယောက်ရဲ့ အထူးတာဝန် မပြီးဆုံးသေးရင် သူ့ရောဂါက ဘယ်လောက်ပဲ ပြင်းထန်ပါစေ သူ့အသက်က ပြီးဆုံးမှာ မဟုတ်ဘူး။ လူတစ်ယောက် သေဆုံးမယ့်အချိန်က သူခံစားနေရတဲ့ ရောဂါနဲ့ ဘာမှမဆိုင်ဘဲ အဲဒီအစား ဘုရားသခင်ရဲ့ အမိန့်နဲ့ ပြဋ္ဌာန်းခြင်းနဲ့ပဲ ဆိုင်တယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ရောဂါအကြီးအကျယ် ဖြစ်နေတယ်လို့ ရောဂါအမျိုးအမည်ထွက်ထားပြီး သိပ်ကြာကြာ မရှင်တော့ဘူးလို့ ဆရာဝန်တွေက ပြောထားတာတောင်မှ နောက်ဆုံးကျတော့ အံ့သြစရာကောင်းလောက်အောင် ရောဂါပျောက်ကင်းသွားတဲ့ ညီအစ်ကိုမောင်နှမတချို့ကို ကျွန်တော် စဉ်းစားမိတယ်။ ပြီးတော့ ကလေးလေးတစ်ယောက် အအေးမိရုံလေးနဲ့ ဆုံးသွားတဲ့ ဖြစ်ရပ်တစ်ခုကိုလည်း ကြားဖူးတယ်။ လူတစ်ယောက်ရဲ့ သေရေးရှင်ရေးဟာ ရောဂါပြင်းထန်တာ မပြင်းထန်တာနဲ့ ဘာမှမဆိုင်ဘဲ ဘုရားသခင်ရဲ့ အမိန့်နဲ့ ပြဋ္ဌာန်းခြင်းနဲ့ပဲ ဆိုင်တယ်ဆိုတာကို ဒါက ကျွန်တော့်ကို ပြသနေတာပါ။ ဒါပေမဲ့ ကျွန်တော်က ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ဘူး။ ကျွန်တော့်မှာ ဦးနှောက်သွေးကြောပိတ်ရောဂါ ရှိမှန်း သိလိုက်ရပြီးတဲ့နောက်မှာ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ပဲ အသက်ရှင်ခဲ့တယ်။ ရောဂါအခြေအနေ ပိုဆိုးသွားမှာ၊ နောက်တစ်ခေါက် သတိထပ်လစ်သွားမှာ၊ ပြီးတော့ ပြင်းပြင်းထန်ထန် လဲကျပြီး အသက်အန္တရာယ်ဖြစ်လာလို့ ကယ်တင်ခြင်းခံရမဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာတွေကို ကြောက်နေခဲ့တာ။ ဘာဖြစ်လို့ ဘုရားသခင်က ငါ့ကို မကာကွယ်ဘဲ ဒီလိုရောဂါမျိုး ဖြစ်ခွင့်ပေးတာလဲဆိုပြီးတော့တောင် စောဒကတက်ခဲ့တယ်။ ရလဒ်အနေနဲ့ တာဝန်ထမ်းဆောင်လိုစိတ်တွေ လျော့နည်းသွားပြီး ကျန်းမာရေး ဂရုစိုက်ဖို့ပဲ အာရုံစိုက်နေမိတယ်၊ အဲဒါက ကျွန်တော့်မှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိဘူးဆိုတာကို ထုတ်ဖော်ပြနေတာပဲ။ အခုတော့ ကျွန်တော် နားလည်သွားပြီ၊ ကျွန်တော် လုပ်နိုင်တာက စိတ်ကို ငြိမ်ငြိမ်ထားပြီး ကိုယ့်တာဝန်ကို လုံ့လဝီရိယရှိရှိ ကောင်းကောင်း ထမ်းဆောင်ရမယ်၊ ပြီးတော့ ကိုယ့်ရဲ့ သေရေးရှင်ရေးကို ဘုရားသခင်လက်ထဲ အပ်နှံပြီး အရာရာကို သူ့ကို စီစဉ်ညွှန်ကြားခွင့်ပေးရမယ် ဆိုတာကိုပေါ့။ ဒီလို တွေးမိလိုက်တဲ့အခါ အရင်ကလိုမျိုး ဝမ်းနည်းပူဆွေးတာတွေ၊ စိုးရိမ်ပူပန်တာတွေ မရှိတော့ဘဲ စိတ်နှလုံးက တာဝန်ထမ်းဆောင်တာကို စိတ်နှစ်နိုင်လာတယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ရတယ်။ “ဘုရားသခင်ကို ယုံကြည်ခြင်းက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသင့်သည်ဟုလည်းကောင်း၊ အခြေအနေများနှင့် ကြုံတွေ့ရပါက ဘုရားသခင်ထံ ဆုတောင်းရန်သာ လိုအပ်ပြီး ဘုရားသခင်က နားညောင်းလိမ့်မည်ဖြစ်ကာ ၎င်းတို့အား ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနားလိမ့်မည်ဖြစ်သည့်အပြင် ၎င်းတို့အတွက် အရာရာတိုင်း အေးချမ်းစွာနှင့် ချောမွေ့စွာ ဖြစ်သွားသည်ကို သေချာစေလိမ့်မည်ဟုလည်းကောင်း လူအချို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကျေးဇူးတော်ကို ရှာဖွေရန်၊ ကောင်းချီးမင်္ဂလာများ ရရှိရန်နှင့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ဤအမြင်များကြောင့်ပင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မိမိတို့၏ မိသားစုများကို စွန့်လွှတ် သို့မဟုတ် မိမိတို့၏ အလုပ်များကို နုတ်ထွက်ကြကာ ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထူးကဲသော အပြုအမူကို ပြသလျက် အမှုအရာများကို စွန့်လွှတ်သရွေ့၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသရွေ့၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဖြင့် အလုပ်လုပ်သရွေ့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် မျက်နှာသာပေးမှုကို ရရှိကြလိမ့်မည်ဟုလည်းကောင်း၊ မည်သည့် အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်ထံ ဆုတောင်းသရွေ့ သူက ၎င်းတို့ကို ဖြေရှင်းပေးပြီး အရာရာ၌ ၎င်းတို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူအများစုက စွဲကိုင်ထားသည့် သဘောထားအမြင်ဖြစ်သည်။ ဤသဘောထားအမြင်က တရားနည်းလမ်းကျပြီး မှန်ကန်သည်ဟု လူတို့က ခံစားကြရသည်။ မိမိတို့၏ ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လူများစွာ၏ တတ်စွမ်းနိုင်ခြင်းသည် ဤသဘောထားအမြင်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အလွန်များစွာ အသုံးခံပြီးဖြစ်သည်။ ကျွန်ုပ်၏ အပြုအမူသည် အလွန်ကောင်းမွန်ခဲ့ပြီးဖြစ်သည်။ မည်သည့် ဒုစရိုက်အမှုများကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်။ အလုပ်တာဝန်တိုင်းအတွက် ကျွန်ုပ်သည် ဆင်းရဲများစွာ ခံခဲ့ရပြီး ကြီးမားသော အဖိုးအခကို ပေးခဲ့ကာ၊ မည်သည့်အမှားမျှ မလုပ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း အရာရာကို လုပ်ဆောင်ခဲ့သောကြောင့် ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်။ ကိုယ်တော်သည် ကျွန်ုပ်အတွက် အရာရာတိုင်း ချောမွေ့စွာ ဖြစ်သွားရန် သေချာစေသင့်ပြီး၊ ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မကြာခဏ ရှိကာ ဘုရားသခင်၏ မျက်မှောက်တော်ကို မွေ့လျော်ခံစားသင့်သည်’ဟု တွေးထင်ကြသည်။ ဤသည်မှာ လူ့အယူအဆနှင့် စိတ်ကူးစိတ်သန်းတစ်ခု မဟုတ်လော။ လူသား ရှုထောင့်အမြင်မှကြည့်လျှင် လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပြီး အကျိုးကျေးဇူးများကို လက်ခံရရှိကြသည်။ သို့ဖြစ်၍ ဤအတွက် ဆင်းရဲဒုက္ခ အနည်းငယ်ခံရခြင်းသည် အဓိပ္ပာယ်ရှိပြီး၊ ဤဆင်းရဲဒုက္ခကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအတွက် လဲလှယ်ခြင်းက အကျိုးနပ်ပေသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်သော စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ သို့သော်လည်း သမ္မာတရား၏ ရှုထောင့်အမြင်နှင့် ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤအရာသည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော စည်းမျဉ်းများနှင့် အခြေခံအားဖြင့် မကိုက်ညီသည့်အပြင် ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသော စံနှုန်းများလည်း မဟုတ်ပေ။ ယင်းသည် ဖြစ်လိုသော အတွေး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူ့အယူအဆနှင့် စိတ်ကူးတစ်ခုသက်သက်သာ လုံးလုံးလျားလျား ဖြစ်ပေသည်။ ယင်းတွင် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ရာကို ဘုရားသခင်ထံမှ တောင်းဆိုခြင်းတို့ ပါဝင်သည်ဖြစ်စေ၊ သို့မဟုတ် လူ့အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှသည် ဘုရားသခင်၏ လိုအပ်ချက်များနှင့် မကိုက်ညီသည့်အပြင်၊ လူတို့ကို ကောင်းချီးပေးခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများ၊ စံနှုန်းများကိုလည်း မပြည့်မီပေ။ အထူးသဖြင့်၊ ဤအပေးအယူဆန်သော အတွေးနှင့် သဘောထားအမြင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသော်လည်း လူတို့က ထိုအရာကို သတိမပြုမိကြပေ။ ဘုရားသခင် လုပ်ဆောင်သည့်အရာက လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သူနှင့်ပတ်သက်၍ မကျေနပ်ချက်များနှင့် အထင်လွဲမှားမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့သည် မတရားခံရသည်ဟုပင် ခံစားရပြီးနောက် ဘုရားသခင်နှင့် စတင်၍ အငြင်းအခုံပြုကြကာ သူ့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်အထိပင် ပြုနိုင်ကြလေသည်။ လူတို့က မည်သည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် သူသည် လူ့အယူအဆများ သို့မဟုတ် ဆန္ဒများအတိုင်း မည်သည့်အခါမျှ ပြုမူခြင်း သို့မဟုတ် မည်သူ့ကိုမျှ ဆက်ဆံခြင်း မပြုပေ။ ဘုရားသခင်သည် မိမိအလိုဆန္ဒရှိသည့်အရာကို မိမိ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်းလည်းကောင်း၊ မိမိ၏ ကိုယ်ပိုင် စိတ်သဘောထား အနှစ်သာရကို အခြေခံ၍လည်းကောင်း အမြဲတစေ လုပ်ဆောင်သည်။ ဘုရားသခင်သည် လူတိုင်းကို ဆက်ဆံပုံတွင် စည်းမျဉ်းများ ရှိသည်။ လူတစ်ဦးစီတိုင်းကိုသူလုပ်ဆောင်သည့် မည်သည့်အရာကမျှ လူ့အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများကို အခြေမခံပေ။ ဤသည်မှာ လူ့အယူအဆများနှင့် အဆန့်ကျင်အကွဲလွဲဆုံးသော ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ကဏ္ဍဖြစ်သည်။ လူတို့အတွက် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လုံးဝ ဆန့်ကျင်သော ပတ်ဝန်းကျင်တစ်ခုကို ဘုရားသခင် ပြင်ဆင်ပေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆန့်ကျင်၍ အယူအဆများ၊ ဝေဖန်မှုများနှင့် ပြစ်တင်ရှုတ်ချခြင်းများကို ဖြစ်ပေါ်လာကြပြီး သူ့ကို ငြင်းပင်ငြင်းပယ်နိုင်သည်။ ထိုအခါ ဘုရားသခင်က ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလော။ လုံးဝ မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်သည် မိမိ၏ အမှုပြုပုံနည်းလမ်းနှင့် မိမိ၏ အလိုဆန္ဒများကို လူ့အယူအဆများအတိုင်း မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ပြောင်းလဲရန် လိုအပ်သူမှာ မည်သူနည်း။ လူများပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို စွန့်လွှတ်ရန်၊ ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို လက်ခံရန်၊ ကျိုးနွံနာခံရန်နှင့် တွေ့ကြုံခံစားရန် လိုအပ်ပြီး၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုရန် မိမိတို့၏ အယူအဆများနှင့် တိုင်းတာခြင်းအစား မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို မရမက စွဲကိုင်ထားသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အတိုက်အခံဖြစ်ခြင်း ဖြစ်ပေါ်လာကြသည်။ ဤအရာက အလိုအလျောက် ဖြစ်ပေါ်သည်။ အတိုက်အခံပြုခြင်း၏ အရင်းအမြစ်သည် မည်သည့်နေရာတွင်ရှိသနည်း။ ထိုအရာသည် လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ပုံမှန် ပိုင်ဆိုင်သောအရာသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြစ်သည်မှာ သေချာပြီး သမ္မာတရား မဟုတ်သည့်အချက်တွင် ရှိပေသည်။ ထို့ကြောင့် လူ့အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ အမှုနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဘုရားသခင်ကို အာခံနိုင်ပြီး သူအပေါ် ဝေဖန်မှုများ ပြုလုပ်နိုင်ကြသည်။ ဤအရာက လူတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ကင်းမဲ့ကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခြင်းခံရခြင်းနှင့် များစွာ အလှမ်းဝေးနေပြီး ၎င်းတို့သည် အခြေခံအားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း အသက်ရှင်နေကြကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိခြင်းနှင့် အလွန့်အလွန် အလှမ်းဝေးကြနေဆဲ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)) “အချို့လူများသည် မိမိတို့ကြုံတွေ့ရသည့် ပတ်ဝန်းကျင် မည်သို့ပင်ဖြစ်စေ သမ္မာတရားကို မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်အားလုံးကို ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများပေါ် အခြေခံ၍လည်းကောင်း၊ ယင်းက ၎င်းတို့ကို အကျိုးပြုခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံ၍လည်းကောင်း ဆန်းစစ်ကြသည်။ ၎င်းတို့၏ စဉ်းစားဆင်ခြင်မှုများသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ဗဟိုပြုသည်။ ၎င်းတို့သည် မည်မျှကြီးမားသော အကျိုးကျေးဇူးကို ရရှိနိုင်သည်၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေးနှင့် ဇာတိပကတိဆိုင်ရာ မွေ့လျော်ခံစားမှုများအရ၊ ၎င်းတို့၏ အကျိုးစီးပွားများက မည်မျှ ဖြည့်ဆည်းခြင်းခံရနိုင်သည်ဟူသည်ကို အမြဲတစေ ဂရုစိုက်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ဤအချက်များကို အခြေခံ၍ အမြဲတစေ ဆုံးဖြတ်ချက်များချပြီး ဘုရားသခင် စီစဉ်သည့် အရာရာတိုင်းကို သဘောထားကြသည်။ ပြီးလျှင် နောက်ဆုံးတွင်၊ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးနောက် ၎င်းတို့သည် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်ကို ကျိုးနွံနာခံခြင်းမရှိဘဲ ထိုသို့သောပတ်ဝန်းကျင်ကို ရုန်းထွက်ရန်နှင့် ရှောင်ရှားရန် ရွေးချယ်ကြသည်။ ၎င်းတို့၏ အတိုက်အခံပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ရှောင်ရှားခြင်းတို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ခပ်ကင်းကင်းနေကြသည်၊ မိမိတို့၏ စိတ်နှလုံးများကို နာကျင်မှုနှင့် ပြင်းစွာသောဝေဒနာဖြစ်စေလျက် ဘဝအတွေ့အကြုံကို လက်လွတ်ဆုံးရှုံးကာ ဆုံးရှုံးမှုများကို ခံစားကြရလေသည်။ ၎င်းတို့သည် ထိုသို့သော ပတ်ဝန်းကျင်များကို ပို၍ ဆန့်ကျင်လေ၊ ၎င်းတို့ ကြံ့ကြံ့ခံရသည့် ဆင်းရဲဒုက္ခက ပို၍ များပြားကာ ကြီးမားလေ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည့်အခါ ဘုရားသခင်၌ ၎င်းတို့ရှိသော သေးငယ်သည့်ယုံကြည်ခြင်းသည် နောက်ဆုံးတွင် ဖျက်ဆီးခြင်းခံရသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့၏ စိတ်နှလုံးများကို စိုးမိုးထားသည့် အယူအဆများအားလုံးက တစ်ပြိုင်နက်တည်း ထိုးထွက်လာကြသည်။ ‘ကျွန်ုပ်သည် ဘုရားအတွက် အလွန်ကြာမြင့်စွာ အသုံးခံပြီးဖြစ်သည်။ သို့သော် ဘုရားက ကျွန်ုပ်ကို ဤနည်းအတိုင်း ဆက်ဆံလိမ့်မည်ဟု ကျွန်ုပ် မမျှော်လင့်ခဲ့ပါ။ ဘုရားသည် မမျှတပါ၊ သူသည် လူတို့ကို မချစ်ပါတကား။ သူ့အတွက် ရိုးသားစွာ မိမိတို့ကိုယ်ကို အသုံးခံသောသူများကို မုချ လွန်စွာ ကောင်းချီးခံစားရလိမ့်မည်ဟု ဘုရားက ပြောခဲ့သည်။ ကျွန်ုပ်သည် ဘုရားအတွက် မိမိကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးခံခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်၊ ဆင်းရဲဒုက္ခများကို ခါးစည်းခံပြီး ကြိုးစားအလုပ်လုပ်ပြီးဖြစ်သည်။ အဘယ်ကြောင့် ဘုရားက ကျွန်ုပ်ကို အလွန်ကောင်းချီးမပေးသေးသနည်း။ ဘုရား၏ ကောင်းချီးမင်္ဂလာများက အဘယ်မှာနည်း။ အဘယ်ကြောင့် ထိုအရာများကို ကျွန်ုပ် မခံစားရ သို့မဟုတ် မမြင်နိုင်ရသနည်း။ အဘယ်ကြောင့် ဘုရားက လူတို့ကို မမျှမတဆက်ဆံသနည်း။ အဘယ်ကြောင့် ဘုရားက သူ၏ စကားအတိုင်း မတည်သနည်း။ ဘုရားက သစ္စာရှိသည်ဟု လူတို့ ပြောကြသည်၊ သို့သော် အဘယ်ကြောင့် ကျွန်ုပ် ထိုသို့ မခံစားရသနည်း။ အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်၊ ဤပတ်ဝန်းကျင်၌ပင် ဘုရားက သစ္စာရှိသည်ဟု ကျွန်ုပ် လုံးဝ မခံစားရသေးပါတကား’ဟူ၍ ဖြစ်သည်။ လူတို့၌ အယူအဆများ ရှိသောကြောင့် ထိုအယူအဆများ၏ လွယ်ကူစွာ လှည့်စားခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံရသည်။ ဘုရားသခင်က လူတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအတွက်လည်းကောင်း၊ ၎င်းတို့၏ အသက်တာ ကြီးထွားမှုအတွက်လည်းကောင်း ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးသည့်အခါတွင်ပင် ၎င်းတို့သည် ထိုအရာကို လက်ခံရန် အခက်တွေ့ကြပြီး ဘုရားသခင်ကို အထင်လွဲမှားကြသည်။ ဤအရာက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ မဟုတ်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်ကြောင်း ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာ အသုံးခံပြီးဖြစ်သော်လည်း ဘုရားသခင်က သူ၏ ကတိများကို မဖြည့်ဆည်းသေးကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ သမ္မာတရားကို မလိုက်စားသော ဤလူများသည် အချို့သော သာမညပတ်ဝန်းကျင်တစ်ခု၏ တစ်ခုတည်းသော စမ်းသပ်မှုမှတစ်ဆင့် ဤသို့ လွယ်ကူစွာ ထုတ်ဖော်ခြင်းခံရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)) လူတွေက ဘုရားသခင်ကို ယုံကြည်ရာမှာ အယူအဆတစ်ခု ရှိနေတတ်တယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ဘုရားသခင်အတွက် စွန့်လွှတ်အနစ်နာခံပြီး အသုံးခံသရွေ့၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်သရွေ့ ဘုရားသခင်က သူတို့ကို ကောင်းချီးပေးသင့်တယ်၊ စောင့်ရှောက်ကာကွယ်ပေးသင့်တယ်၊ ပြီးတော့ စိတ်ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတွေကို ပေးသနားသင့်တယ်လို့ သူတို့က ထင်ကြတာ။ သူတို့ရဲ့ အယူအဆတွေအတိုင်း ဘုရားသခင်က ဖြည့်ဆည်းမပေးတဲ့အခါ သူတို့က ဘုရားသခင်နဲ့ ငြင်းခုံတယ်၊ အထင်လွဲပြီး စောဒကတက်ကြတယ်။ ဒါ ကျွန်တော် လုပ်ခဲ့တဲ့အရာ အတိအကျပဲလေ။ ဘုရားသခင်ကို စယုံကြည်တုန်းက ကျွန်တော် ထင်ခဲ့တာက ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး ကိုယ့်တာဝန် ထမ်းဆောင်ရာမှာ ဒုက္ခခံတဲ့အပြင် အဖိုးအခပေးဆပ်လိုစိတ် ရှိသရွေ့ ဘုရားသခင်က ငါ့ကို ကောင်းချီးပေးပြီး ကျန်းမာရေး ကောင်းလာစေမှာပဲလို့ ထင်ခဲ့တာ။ ဒီအမြင်ရဲ့ တွန်းအားပေးမှုကြောင့်ပဲ ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ့်တာဝန်ထမ်းဆောင်ဖို့အတွက် ကျွန်တော့်ရဲ့ မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့တာ။ အာရုံကြောကြောင့်ကိုက်ခဲတဲ့ရောဂါနဲ့ ခေါင်းအကြီးအကျယ် ကိုက်တဲ့အချိန်မှာတောင်၊ ဒါမှမဟုတ် သွေးတိုးကြောင့် ခေါင်းမူး၊ အော့အန်ပြီး တစ်ကိုယ်လုံး အားမရှိဖြစ်နေတဲ့ အချိန်မှာတောင် ကျွန်တော့်တာဝန်ကို ဘယ်တော့မှ မနှောင့်နှေးစေခဲ့ဘူး။ ငါ့ရဲ့ ဒုက္ခခံစားမှုနဲ့ အသုံးခံမှုတွေကို ဘုရားသခင် ထည့်တွက်ပြီး ငါ့ကို စောင့်ရှောက်ကာကွယ်မှာပါ၊ နောင်အနာဂတ်ကျရင် သူက ငါ့ကို ကောင်းချီးကြီးတွေ ပေးသနားမှာပါဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့လေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဦးနှောက်သွေးကြောပိတ်ရောဂါ ရှိမှန်း သိလိုက်ရတဲ့အခါကျတော့ ကျွန်တော် နစ်နာတယ်လို့ ခံစားခဲ့ရတယ်။ ဘုရားသခင်က ငါ့ကို ကျန်းမာရေးကောင်းတာမျိုးနဲ့ ကောင်းချီး မပေးခဲ့ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ဒီရောဂါကို ဖြစ်ခွင့်ပေးခဲ့တယ်၊ ကောင်းချီးရမဲ့အစား ငါက ကံဆိုးမိုးမှောင်ကျနေရတယ်လို့ တွေးခဲ့တာ။ ဒါက ကျွန်တော့်ကို ဘုရားသခင်အပေါ် အထင်လွဲမှုတွေ၊ ညည်းညူမှုတွေနဲ့ ပြည့်သွားစေပြီး ဘုရားသခင်နဲ့တောင် ငြင်းခုံခဲ့မိတယ်၊ “ကျွန်တော်သာ ကျန်းမာရေးကောင်းရင် ကိုယ့်တာဝန်ကို ပိုကောင်းကောင်း ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလား” လို့ပေါ့။ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေအားလုံးမှာ ကျွန်တော်က ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားပြီး သူ့ဆီကနေ အမှုကိစ္စတွေကို တောင်းဆိုနေခဲ့တာပါလားဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ဘုရားသခင်က ကျွန်တော့်ရောဂါကို ကုပေးခဲ့တုန်းက ကျွန်တော်က ကိုယ့်တာဝန်မှာ စိတ်အားထက်သန်ပြီး လုံ့လဝီရိယ ရှိခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်ကို မဖြည့်ဆည်းပေးတဲ့အခါ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့နဲ့ ဘုရားသခင်အတွက် အသုံးခံဖို့ ကိုယ့်စိတ်အားထက်သန်မှု လျော့နည်းသွားတယ်။ ကျွန်တော်ဟာ ကိုယ်ကျိုးအတွက်ပဲ ကြည့်တတ်တဲ့၊ ဒုက္ခကို ရှောင်ပြီး ကောင်းချီးရဖို့ကိုပဲ သဲကြီးမဲကြီး လိုက်စားတတ်တဲ့ စက်ဆုပ်စရာကောင်းတဲ့ လူစားမျိုးပဲ ဖြစ်နေခဲ့တာ။ ကျွန်တော် တကယ်ကို အတ္တကြီးလွန်းခဲ့တာပါ။ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေက ကိုယ့်အတွက်နဲ့ ကောင်းချီးရဖို့အတွက် ဖြစ်နေတာ ရှင်းနေတာတောင်မှ ဘုရားသခင်ကို ကျေနပ်စေဖို့နဲ့ ကိုယ့်တာဝန်ထမ်းဆောင်ဖို့အတွက်ပါလို့ ကျွန်တော်က ဟိတ်ကြီးဟန်ကြီးနဲ့ အပီအပြင် ပြောခဲ့သေးတာ။ တကယ်ကို အရှက်မရှိလိုက်တာဗျာ။
နောက်ပိုင်းမှာ ကောင်းချီးရဖို့ သက်သက်အတွက်ပဲ ဘုရားသခင်ကို ယုံကြည်တဲ့ လူတွေရဲ့ အခြေအနေကို ဘုရားသခင် ဖော်ထုတ်ပြီး ခွဲခြမ်းစိတ်ဖြာထားတဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးတွင် အကြီးမားဆုံးသော ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် လုံးဝမမှတ်ယူခဲ့သည့်အပြင်၊ ဝတ်ပြုကိုးကွယ်ရန် ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် အနည်းငယ်မျှပင် မမှတ်ယူခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်မှုအစပြုခဲ့သည့်အချိန်မှစ၍ ၎င်းတို့သည် ဘုရားသခင်ကို ငွေပင်တစ်ပင်၊ ရတနာသိုက်တစ်ခုအဖြစ် ဆက်ဆံခဲ့ကြသည်။ ၎င်းတို့သည် သူ့ကို ဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ်မှ ကယ်တင်မည့် ဘုရားလောင်းတစ်ဆူအဖြစ် မှတ်ယူခဲ့ပြီး၊ မိမိတို့ကိုယ်ကို ဤဘုရားလောင်း၊ ဤရုပ်တု၏ နောက်လိုက်တစ်ဦးအဖြစ် မှတ်ယူခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သက်သတ်လွတ်စားခြင်း၊ ကျမ်းစာများ ရွတ်ဖတ်ခြင်းနှင့် မကြာခဏ အမွှေးတိုင်များ ထွန်းညှိခြင်းအပြင် ဦးခိုက်ရှိခိုးခြင်းတို့အားဖြင့် မိမိတို့ လိုချင်သည့်အရာကို ရရှိနိုင်သည့် ဗုဒ္ဓကို ယုံကြည်ခြင်းကဲ့သို့ ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီးနောက် ဖြစ်ပေါ်လာသော ဖြစ်ရပ်အားလုံးသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ နယ်ပယ်အတွင်း၌ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ထံမှ သမ္မာတရားကို လက်ခံသည့် ဖန်ဆင်းခံတစ်ဦး၏ သရုပ်သကန်များကို တစ်ခုမျှ မပြသခဲ့သကဲ့သို့၊ ဖန်ဆင်းရှင်အပေါ် ဖန်ဆင်းခံတစ်ဦးက ရှိသင့်သော ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှလည်း မပြသခဲ့ပေ။ အဆက်မပြတ် တောင်းဆိုခြင်း၊ အဆက်မပြတ် တွက်ချက်ခြင်းနှင့် မရပ်မနား တောင်းခံခြင်းတို့သာ ရှိခဲ့သည်။ ဤအရာအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပျက်ပြားသွားစေခဲ့သည်။ ဤဆက်ဆံရေးမျိုးသည် အပေးအယူဆန်ပြီး မည်သည့်အခါမျှ ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ထိုသို့သောလူတို့ ထုတ်ဖော်ခြင်းခံရရန်မှာ အချိန်ကာလတစ်ခုသာလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် တော်တော်ကို ရှက်သွားတယ်။ ဘုရားသခင် ဖော်ပြထားတာတွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်နဲ့ လိုက်စားမှု အတိအကျပဲ။ ဗုဒ္ဓ ဒါမှမဟုတ် ကွမ်ယင်မယ်တော်ကို ကိုးကွယ်တဲ့လူတွေက အဲဒါတွေကို ငွေတွင်းတွေ၊ အဆောင်တွေလို သဘောထားကြတာ။ ရာထူးတိုးဖို့၊ ချမ်းသာဖို့၊ ပြီးတော့ မိသားစု ကျန်းမာအောင် သူတို့ လိုအင်ဆန္ဒရှိတဲ့အရာတွေအတွက် အပြန်အလှန်အနေနဲ့ သူတို့က ဦးချတယ်၊ အမွှေးတိုင်ထွန်းတယ်၊ သက်သတ်လွတ်စားပြီး တရားစာရွတ်ကြတယ်။ သူတို့ရဲ့ လိုက်စားမှုက ကိုယ်ကျိုးစီးပွား သက်သက်အတွက်ပါပဲ။ အဲဒီလိုပါပဲ၊ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ လူတွေက ဘုရားသခင်ကို ယုံကြည်ရာမှာ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး အနစ်နာခံသရွေ့ ဆုလာဘ် ချီးမြှင့်တာ ခံရမယ်လို့ ကျွန်တော် တလွဲ ထင်ခဲ့တယ်။ ဘုရားသခင်က သူတို့ကို စောင့်ရှောက်ကာကွယ်မယ်၊ ပြီးတော့ အဆုံးမရှိတဲ့ ကျေးဇူးတော်တွေ ပေးသနားမယ်ဆိုတဲ့ သဘောမျိုးနဲ့ပေါ့။ ကျွန်တော်က ဘုရားသခင်ကို အဆောင်တစ်ခုလို၊ ကျေးဇူးတော်နဲ့ စိတ်ငြိမ်သက်ခြင်း ပေးတဲ့အရာတစ်ခုလို ဆက်ဆံခဲ့တာ။ ဦးနှောက်သွေးကြောပိတ်ရောဂါ ရှိမှန်း သိလိုက်ရတဲ့အခါကျတော့ ဘုရားသခင်က ငါ့ကို မစောင့်ရှောက်ဘူး၊ မကာကွယ်ဘူးဆိုပြီး ကျွန်တော် ညည်းညူခဲ့တယ်။ ကျွန်တော်က ငြင်းခုံပြီး တောင်းဆိုခဲ့တယ်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံမှု တစ်စက်လေးတောင် မပြခဲ့ဘူး၊ ဒါကြောင့် သူ့ကို ဘုရားသခင်အဖြစ် ဆက်ဆံဖို့ လုံးဝ ပျက်ကွက်ခဲ့တယ်။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်း အမြင်သဘောထားနဲ့ ဗုဒ္ဓဘုရား ဒါမှမဟုတ် ကွမ်ယင်မယ်တော်ကို ကိုးကွယ်တဲ့လူတွေရဲ့ အမြင်သဘောထားက ဘာကွာခြားမှု ရှိလို့လဲ။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်ရဲ့ အဓိက အလုပ်က လူတွေကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် သူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ သမ္မာတရားကို ဖော်ပြတာပါ။ ကျွန်တော်က သမ္မာတရားကို လိုက်စားရမယ့်အစား ဘုရားသခင်ကို ဗုဒ္ဓဘုရား ဒါမှမဟုတ် ကွမ်ယင်မယ်တော်လိုပဲ ဆက်ဆံခဲ့တာ၊ လူတွေရဲ့ အပေါ်ယံ ပေးဆပ်မှုနဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် မူတည်ပြီး ဘုရားသခင်က အကျိုးခံစားမှုတွေ ပေးသနားလိမ့်မယ်လို့ ယုံကြည်ခဲ့တာလေ။ ဒါက မယုံကြည်သူတွေရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း ထင်ဟပ်နေတာပဲ၊ ပိုဆိုးတာက ဒါဟာ ဘုရားသခင်ကို ပြစ်မှားစော်ကားတဲ့ ပုံစံတစ်မျိုးပဲ။ သမ္မာကျမ်းစာထဲမှာ သခင်ယေရှုနောက်ကို တောင်ပေါ်အထိ လိုက်သွားတဲ့ လူ ၅၀၀၀ ရဲ့ အကြောင်းကိုလည်း ကျွန်တော် ပြန်သတိရမိတယ်။ သူတို့က သခင်ယေရှုရဲ့ သွန်သင်ချက်တွေကို နားထောင်ဖို့ ရှာဖွေနေတာမဟုတ်ဘဲ ကောင်းချီးတွေနဲ့ ကျေးဇူးတော်နောက်ကို လိုက်နေကြတာ။ သူတို့က သခင်ယေရှုကို ကျေးဇူးရှင်သက်သက်လိုပဲ မြင်ခဲ့ကြတယ်၊ သူတို့ဟာ မုန့်ကို အဝစားဖို့ ရှာဖွေတဲ့လူတွေ ဖြစ်နေခဲ့လို့ သခင်ယေရှုက အဲဒီလိုလူတွေရဲ့ ယုံကြည်ခြင်းကို အသိအမှတ်မပြုခဲ့ပါဘူး။ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကလည်း သူ့ဆီကနေ အကျိုးအမြတ်နဲ့ အကျိုးခံစားမှုကို ရှာဖွေဖို့ ရည်ရွယ်ချက်အတွက် ဖြစ်နေခဲ့တာ။ ဒါ စစ်မှန်တဲ့ ယုံကြည်ခြင်း မဟုတ်ပါဘူး၊ မုန့်ကို အဝစားဖို့ ရှာဖွေတဲ့ မယုံကြည်သူတစ်ယောက်ရဲ့ အမြင်သဘောထားပါပဲ၊ အဆုံးကျရင် ကျွန်တော်လည်း ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို သေချာပေါက် ခံရမှာ။ ကျွန်တော့် စိတ်နှလုံးထဲမှာ ကြောက်ရွံ့လာပြီး ဘုရားသခင်ရှေ့မှောက်မှာ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်ခဲ့တဲ့ နှစ်ပေါင်းများစွာမှာ ကျွန်တော်က ကိုယ်တော့်ကို ကျေးဇူးတော် တောင်းခံရမယ့် ပုဂ္ဂိုလ်တစ်ဦးလိုပဲ ဆက်ဆံခဲ့ပါတယ်။ ကိုယ်တော့်ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို တောင်းခံတော့ ဗုဒ္ဓဘုရားနဲ့ ကွမ်ယင်မယ်တော်ကို ကိုးကွယ်တဲ့သူတွေနဲ့ အတူတူပဲဖြစ်တဲ့ အမြင်သဘောထားမျိုးနဲ့ ကိုယ်တော့်ကို ယုံကြည်ခဲ့ပါတယ်။ ဒီအမြင်က မှားယွင်းနေပါတယ်။ ကျွန်တော် နောင်တရပြီး လမ်းကြောင်းပြောင်းလဲချင်ပါတယ်” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “ဘုရားသခင်က ‘ငါ့အတွက် စစ်မှန်စွာ အသုံးခံသော သင်တို့၊ ငါသည် သင်တို့ကို ဧကန်မုချ အလွန် ကောင်းချီးပေးမည်’ဟု ပြောသည်။ ဤစကားများသည် သမ္မာတရား မဟုတ်လော။ ဤစကားများသည် ရာနှုန်းပြည့် သမ္မာတရား ဖြစ်သည်။ ယင်းတို့တွင် စိတ်လိုက်မာန်ပါဖြစ်ခြင်း သို့မဟုတ် လှည့်စားခြင်း မပါဝင်ပေ။ ယင်းတို့သည် ဝိညာဉ်ရေးရာ သီအိုရီတစ်မျိုးမျိုး ဖြစ်ရန် မဆိုထားနှင့်၊ လိမ်ညာမှုများ သို့မဟုတ် ကြီးကျယ်ပုံရသော စိတ်ကူးများ မဟုတ်ပေ။ ယင်းတို့သည် သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရား နှုတ်ကပတ်တော်များ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံသည့်အခါ စစ်မှန်ရမည်ဟူ၍ ဖြစ်သည်။ ‘စစ်မှန်သော’ ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လိုလားခြင်းနှင့် မသန့်စင်မှုများ မရှိခြင်း ဖြစ်သည်။ ငွေ သို့မဟုတ် ကျော်ကြားမှု၏ လှုံ့ဆော်ခြင်းကို မခံရသည့်အပြင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ လိုအင်ဆန္ဒများနှင့် ပန်းတိုင်များအတွက်လည်း သေချာပေါက် မဟုတ်ပေ။ သင်သည် အတင်းအကျပ်ပြုခြင်းခံရသောကြောင့် သို့မဟုတ် သွေးထိုးလှုံ့ဆော်ခံရခြင်း၊ ချော့မော့ခံရခြင်း သို့မဟုတ် ဆွဲခေါ်ခံရခြင်းတို့ကြောင့် အသုံးခံခြင်းမဟုတ်ဘဲ၊ ထို့ထက်ယင်းမှာ သင်၏အတွင်းမှ လိုလိုလားလား ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန် လိုလားမှုအရ၊ ဤသည်မှာ စစ်မှန်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံသည့်အခါ စစ်မှန်ခြင်းသည် လက်တွေ့တွင် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ သင်သည် မုသား သို့မဟုတ် လိမ်လည်ခြင်းတို့တွင် မပါဝင်ပေ၊ အလုပ်ကို ရှောင်ရှားရန် လှည့်ကွက်ကို အားကိုးအားထားပြုခြင်းမရှိသည့်အပြင်၊ အမှုအရာများကို ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ပေ။ သင်သည် တတ်နိုင်သမျှလုပ်ဆောင်ရင်း၊ သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် ဆက်ကပ်သည် စသည်တို့ဖြစ်သည်။ ဤနေရာတွင် ဖော်ပြရန် အသေးစိတ်အချက်များ အလွန်များလှသည်တကား။ တိုတိုပြောရလျှင်၊ စစ်မှန်ခြင်းတွင် သမ္မာတရား စည်းမျဉ်းများ ပါဝင်သည်။ လူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များ နောက်ကွယ်တွင် စံနှုန်းတစ်ခုနှင့် စည်းမျဉ်းတစ်ခု ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ “ငါ့အတွက် စစ်မှန်စွာ အသုံးခံသော သင်တို့၊ ငါသည် သင်တို့ကို ဧကန်မုချ အလွန် ကောင်းချီးပေးမည်” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ကျွန်တော် နားလည်သွားတယ်။ ဒီစကားက သမ္မာတရားကို လိုက်စားဖို့နဲ့ ဘုရားသခင် စိတ်ကျေနပ်အောင် ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ဆက်ကပ်ထားတဲ့သူတွေကို ရည်ညွှန်းတာပါ။ သူတို့က ကိုယ်ကျိုးစီးပွားကို မရှာဘူး၊ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကို အထင်လွဲတာ၊ ညည်းညူတာတွေ မလုပ်ဘူး။ ဘုရားသခင်အတွက် လိုလိုလားလားနဲ့ စွန့်လွှတ်အနစ်နာခံပြီး အသုံးခံနိုင်ကြတယ်။ အဲဒီလိုလူမျိုးကို ဘုရားသခင်က နှစ်သက်ပြီး နောင်အနာဂတ်မှာ သူ့ရဲ့ ကောင်းချီးတွေကို သေချာပေါက် ရရှိလိမ့်မယ်။ ယောဘကို နမူနာအနေနဲ့ ကြည့်ပါ၊ သူက ဘုရားသခင်ရဲ့ လမ်းခရီးကို အမြဲလိုက်လျှောက်ခဲ့တယ်၊ ဘုရားသခင်ဆီကို ခဏခဏ ဆုတောင်းပြီး ယဇ်ပူဇော်ခဲ့တယ်။ သူ့ရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ သားသမီးတွေ ယူဆောင်သွားတာခံရပြီး သူ့ခန္ဓာကိုယ်မှာ နာကျင်ရတဲ့ အနာစိမ်းတွေ စွဲကပ်လာတဲ့အချိန်မှာတောင် ယောဘက ဘုရားသခင်ကို အပြစ်မတင်ခဲ့ဘူး။ အဲဒီအစား သူ ပြောခဲ့တာက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္ထု ၁:၂၁) ယောဘက ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ခဲ့တယ်။ သူ့ရဲ့ ပုံမှန် ဝတ်ပြုကိုးကွယ်မှုတွေနဲ့ ယဇ်ပူဇော်မှုတွေကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရယူဖို့ အရင်းအနှီးအဖြစ် သဘောထားဖို့ဆိုတာ ဝေးစွ၊ သူက ဘုရားသခင်ကို တောင်းဆိုခံရမယ့်သူတစ်ယောက်လို မဆက်ဆံခဲ့ဘူး။ အရာအားလုံး ဆုံးရှုံးသွားတဲ့အချိန်မှာတောင် ဘုရားသခင်အပေါ် သူ မညည်းညူခဲ့ဘူး။ သူ့ရဲ့ ရိုးသားမှုနဲ့ ကျိုးနွံနာခံမှုက နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ဖြစ်ပေါ်စေခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်လိုက်တဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် မှန်မှန်ကန်ကန် နားမလည်ခဲ့မှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော် တလွဲ ယုံကြည်ခဲ့တာက စွန့်လွှတ်အနစ်နာခံနိုင်သရွေ့၊ အသုံးခံနိုင်သရွေ့၊ ဒုက္ခခံပြီး ယုံကြည်ခြင်းအတွက် အဖိုးအခပေးဆပ်နိုင်သရွေ့ အဆုံးကျရင် ကောင်းချီးတွေ၊ ငြိမ်သက်ခြင်းနဲ့ ကျန်းမာခြင်းတွေကို ရရှိလိမ့်မယ်လို့လေ။ ကျွန်တော့်ရဲ့ လိုက်စားနည်းက ယောဘနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ဘုရားသခင်ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ တောင်းခံဖို့အတွက် ကျွန်တော့်ရဲ့ အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေကို နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုခဲ့တာ။ ကျွန်တော့်ရဲ့ ကိုယ်ကျိုးလိုအင်ဆန္ဒတွေနဲ့ အကျိုးစီးပွားအတွက် သက်သက်ပဲ ဘုရားသခင်ကို ယုံကြည်ခဲ့တာလေ။ ရောဂါဝေဒနာနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကိုတောင် ကျွန်တော် ညည်းညူခဲ့သေးတယ်။ ကျွန်တော်က ယောဘနဲ့ လုံးဝ နှိုင်းယှဉ်လို့မရတဲ့အတွက် ကျွန်တော် တကယ်ကို ရှက်မိပါတယ်။ အခုတော့ ကျွန်တော် နားလည်သွားပြီ၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ပြီး ကိုးကွယ်သင့်တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာဟာ ကျွန်တော့်ရဲ့ တာဝန်ဖြစ်တယ်၊ အဲဒါက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတဲ့ကိစ္စပါ၊ ကောင်းချီးရတာ၊ ဒါမှမဟုတ် ဘေးဒုက္ခခံစားရတာတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဆင်းရဲဒုက္ခတွေ၊ ရောဂါဝေဒနာတွေနဲ့ ရင်ဆိုင်ရရင်တောင် ဘုရားသခင်ကို ကျွန်တော် ကျိုးနွံနာခံပြီး ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သင့်ပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လမှာ ကျွန်တော် ဦးနှောက်သွေးကြောပိတ်ရောဂါ နောက်တစ်ကြိမ် ပြန်ဖောက်လာတယ်။ ဘယ်ဘက်လက်က ထုံကျဉ်လာပြီး အမြဲတမ်း ခေါင်းမူးနေခဲ့တယ်။ ကျွန်တော်သာ နောက်ထပ်တစ်ကြိမ် ပြင်းပြင်းထန်ထန် လဲကျရင် ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးဆိုပြီး စိုးရိမ်မိတယ်။ အဲဒါဆိုရင် ကယ်တင်ခြင်းကို ဘယ်လိုလိုက်စားနိုင်မှာလဲ။ ကျွန်တော့်ဘေးနားက ညီအစ်ကိုတွေအားလုံး ကိုယ့်ထက် ကျန်းမာရေး ပိုကောင်းတာကို မြင်တော့ ကျွန်တော် အားကျပြီး “ငါလည်း ဘာလို့ တခြားသူတွေလိုမျိုး ကျန်းမာတဲ့ခန္ဓာကိုယ် မရနိုင်ရတာလဲ” လို့ တွေးမိတယ်။ ဒီလို တွေးမိတဲ့အခါ ကျွန်တော် ညည်းညူနေမိပြန်ပြီဆိုတာ သတိထားမိလိုက်တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်လိုက်ရတယ်။ “ကောင်းချီးများ၊ ကျေးဇူးတော်၊ ဆုလာဘ်များ၊ သရဖူများ၊ ဤအရာအားလုံးကို မည်သို့ ပေးအပ်သည်ဟူသည်နှင့် မည်သူ့ကို ပေးအပ်သည်ဟူသည်တို့မှာ ဘုရားသခင်၏ သဘောဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်၏ သဘောဖြစ်သနည်း။ ဤအရာများသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ယင်းတို့သည် လူနှင့် ဘုရားသခင်အကြား ညီတူညီမျှ ခွဲဝေနိုင်သည့် ပူးတွဲပိုင်ဆိုင်သော အဖိုးတန်ပိုင်ဆိုင်မှုများ မဟုတ်ပေ။ ထိုအရာများသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်သည် ထိုအရာများကို သူပေးသနားမည်ဟု ကတိပြုထားသော သူတို့အပေါ် ပေးအပ်သည်။ အကယ်၍ ဘုရားသခင်က ထိုအရာများကိုသင့်အား ပေးသနားမည်ဟု ကတိမပြုပါက သင်သည် သူ့ကို ကျိုးနွံနာခံသင့်နေဆဲ ဖြစ်သည်။ အကယ်၍ သင်သည် ဤအကြောင်းရင်းကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ရပ်တန့်လိုက်ပါက ယင်းသည် အဘယ်ပြဿနာများကို ဖြေရှင်းပေးလိမ့်မည်နည်း။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းမှ ရပ်တန့်သွားလိမ့်မည်လော။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် လွတ်မြောက်နိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားဆဲဖြစ်ပြီး ဤသည်မှာ မပြောင်းလဲနိုင်သော အချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရသည် လူ၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် မည်သည့်အခါမျှ တန်းတူညီမျှ မဖြစ်နိုင်သကဲ့သို့ ဤအရာများသည် မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထာဝစဉ် ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူသည် ထာဝစဉ် လူဖြစ်လိမ့်မည်။ အကယ်၍ လူတစ်ဦးသည် ဤအရာကို နားလည်နိုင်ပါက ၎င်းတို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်၊ ဤသည်မှာ အမှုအရာများနှင့်ပတ်သက်၍ လုပ်ဆောင်ရန် ဆင်ခြင်တုံတရားအရှိဆုံးသော နည်းလမ်းဖြစ်ပြီး ဤအရာမှလွဲ၍ ရွေးချယ်နိုင်သော အခြားလမ်းကြောင်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို အချိန်မီ နိုးထစေခဲ့တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမှတ်အသားနဲ့ အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း မြင်သင့်တယ်။ ကျွန်တော်က ဖန်ဆင်းခံတစ်ယောက် သက်သက်ပဲ၊ ဘုရားသခင်ကတော့ ဖန်ဆင်းရှင် ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင် ဘယ်လိုလုပ်ဆောင်သင့်တယ်၊ ကျွန်တော့်ကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာတွေကိုပဲ အမိန့်ပေးချင်နေခဲ့တာ။ ဒါက ဆင်ခြင်တုံတရား ကင်းမဲ့တာပဲ။ ဦးနှောက်သွေးကြောပိတ်ရောဂါ ပြန်ဖောက်ပြီး ကိုယ့်တာဝန်ကို မထမ်းဆောင်နိုင်ရင် ကယ်တင်ခြင်းခံရမဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာကို ကျွန်တော် ကြောက်နေခဲ့တာကြောင့် တခြားညီအစ်ကိုတွေလိုမျိုး ကျန်းမာရေးကောင်းအောင် လုပ်ပေးဖို့ ဘုရားသခင်ကို ကျွန်တော် တောင်းဆိုခဲ့တယ်။ ဒါကလည်း ကျိုးနွံနာခံမှု ကင်းမဲ့တာပါပဲ။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်တော် ကျိုးနွံနာခံသင့်တယ်၊ ကိုယ့်တာဝန်ကို အကောင်းဆုံး ထမ်းဆောင်သင့်တယ်၊ ဒါက ကျွန်တော့်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ အဲဒါကြောင့် ဘုရားသခင်ရှေ့မှောက်မှာ ကျွန်တော် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ ဦးနှောက်သွေးကြောပိတ်ရောဂါ ဘယ်လောက်ပဲ ပြန်ဖောက်ပါစေ၊ ကိုယ့်တာဝန်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် ကျွန်တော့်ကို မညည်းညူအောင် စောင့်ရှောက်ပေးတော်မူပါ” လို့ပေါ့။ ရက်နည်းနည်းကြာတော့ ဆေးစစ်ဖို့ ဆေးရုံကို သွားခဲ့တယ်။ ဆရာဝန်က ကျွန်တော့်အခြေအနေကို တော်တော်လေး ထိန်းထားနိုင်ပြီဖြစ်လို့ ပုံမှန်အတိုင်း ဆေးသောက်နေဖို့ပဲ လိုတယ်လို့ ပြောတယ်။ ဒီသတင်းကို ကြားရတော့ ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ နောက်ဆုံးတစ်ကြိမ် ကုသခဲ့ပြီး ခုနစ်လကျော်ကြာတဲ့အထိ ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခဲ့သေးတာကို တွေးကြည့်ရင် ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ၊ ဘုရားသခင်ရဲ့ ကရုဏာတော်အတွက် ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ခါတလဲလဲ ဖတ်ရှုပြီး ဒီရောဂါဝေဒနာထဲမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ စေတနာတွေ ပါဝင်နေမှန်း ကျွန်တော် ခံစားရတယ်။ ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်လာအောင် ကူညီပေးဖို့ ရည်ရွယ်ခဲ့တာပါ၊ အဲဒါက ကျွန်တော့်ရဲ့ စိတ်သဘောထား ပြောင်းလဲလာစေခဲ့တယ်။ ဘုရားသခင်ကို စယုံကြည်တုန်းက ကျွန်တော့်မှာ ကောင်းချီးတွေရချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကောင်းချီးရချင်တဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို ကျွန်တော် တကယ် နားမလည်ခဲ့ဘူး။ ဘုရားသခင်က သန့်ရှင်းတော်မူတဲ့အတွက် ဘုရားသခင်ရဲ့ အမှုတော် မပြီးဆုံးခင်မှာ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းဘူးဆိုရင် ကျွန်တော် ကယ်တင်ခြင်း ခံရမှာ မဟုတ်ဘူး။ ဒီရောဂါက ကျွန်တော့်ရဲ့ ကောင်းချီးရချင်တဲ့ လိုအင်ဆန္ဒကို ထုတ်ဖော်ပေးခဲ့တဲ့အပြင် ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ တောင်းဆိုမှုတွေနဲ့ အယူအဆတွေကိုလည်း ဖော်ထုတ်ပေးခဲ့တယ်။ အဲဒါက ကျွန်တော့်ကို သမ္မာတရား ရှာဖွေဖို့၊ နောင်တရဖို့နဲ့ ပြောင်းလဲဖို့အတွက် လှုံ့ဆော်ပေးခဲ့တယ်။ ဒါက ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘဲ သူ့အပေါ်မှာ အထင်လွဲမှုတွေ၊ ညည်းညူမှုတွေ ထားရှိခဲ့တယ်။ အဲဒါက ပြစ်မှုကျူးလွန်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ ကလေးတစ်ယောက်နဲ့ တူတယ်။ မိဘတွေက ကလေးရဲ့ လမ်းကြောင်းမှန်အောင် ကူညီပေးဖို့ ပြင်းထန်တဲ့ နည်းလမ်းတွေ အသုံးပြုတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်က ကလေးအတွက် ကောင်းဖို့ပါပဲ။ ဒါပေမဲ့ ကလေးက မိဘတွေရဲ့ စိတ်နှလုံးကို နားမလည်ဘဲ မိဘတွေက သူ့ကို မချစ်ဘူးလို့ ခံစားရတယ်ဆိုရင် အဲဒီကလေးက ဆင်ခြင်တုံတရား ကင်းမဲ့ပြီး မိဘတွေရဲ့ စိတ်နှလုံးကို နာကျင်စေတာပါပဲ။ ကျွန်တော်လည်း အသိဉာဏ်မဲ့ပြီး အမှားအမှန်ကို မခွဲခြားနိုင်တဲ့ ကလေးတစ်ယောက်လို ဖြစ်မနေဘူးလား။ ကျွန်တော့်မှာ အထင်လွဲမှုတွေ၊ ညည်းညူမှုတွေ ရှိနေပေမဲ့ ဘုရားသခင်က သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကျွန်တော့်ကို တိတ်တဆိတ် လမ်းပြနေခဲ့တုန်းပဲ၊ ကျွန်တော့်ရဲ့ အပျက်သဘောဆောင်တဲ့၊ ပုန်ကန်တဲ့ အခြေအနေကနေ နိုးထလာအောင် ကူညီပေးခဲ့တယ်။ ဒီအကြောင်းကို တွေးလေလေ၊ ကျွန်တော် ပိုပြီး ရှက်မိပြီး အပြစ်ရှိသလို ခံစားရလေပါပဲ။ အခုကစပြီး ကျွန်တော့်ရောဂါက သက်သာသည်ဖြစ်စေ၊ ပိုဆိုးလာသည်ဖြစ်စေ၊ ကိုယ့်အသက်ကို အန္တရာယ်ပြုရင်တောင်မှ ဘုရားသခင်အပေါ် အထင်လွဲတာ၊ ညည်းညူတာတွေ ထပ်မလုပ်ချင်တော့ပါဘူး။ ဘုရားသခင်ရဲ့ အစီအစဉ်တွေနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျွန်တော် ကျိုးနွံနာခံချင်ပါတယ်။
ဒီရောဂါကို ကြုံတွေ့ပြီးတဲ့နောက်မှာ ကောင်းချီးရယူဖို့ ကြိုးစားတဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်အပေါ် နားလည်မှုတချို့ ရရှိခဲ့တဲ့အပြင် လူတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ စိတ်အားထက်သန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း အလေးအနက် တန်ဖိုးထားတတ်လာတယ်။ ဒီအကျိုးကျေးဇူးတွေဆီ ကျွန်တော့်ကို ဦးဆောင်လမ်းပြပေးခဲ့တဲ့ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ယန်ကျွင်း၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ အစပိုင်းမှာ ကျွန်တော့်ခေါင်းထဲမှာ တစီစီနဲ့ အသံမြည်နေပြီး ကျွန်တော်က သွေးတိုးတက်လေ့ရှိတာကို တွေးမိပြီး...
လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...
ရှောင်ရှီး၊ တရုတ်ပြည်၂၀၂၁ ခုနှစ်၊ ဇွန်လ တစ်ရက်မှာ၊ ကျွန်တော် ခေါင်းမူးပြီး နေလို့မကောင်းတာနဲ့ သွေးပေါင်ချိန်စစ်ကြည့်လိုက်တော့ အပေါ်သွေးက...
ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...