တာဝန်တစ်ခုသည် ကောင်းချီးရရန်အတွက် အပေးအယူလုပ်သည့်အရာမဟုတ်ပေ
ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၁၉၉၉ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ဆုံးသောကာလမှာ သခင်ဘုရားကို ကြိုဆိုနိုင်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ မပြောပြတတ်အောင် ကျွန်မ အရမ်းပျော်ခဲ့တာပေါ့။ ဒီတစ်ကြိမ်မှာတော့ ကောင်းကင်နိုင်ငံတော်ထဲဝင်ဖို့နဲ့ ထာဝရအသက်ရဖို့ မျှော်လင့်ချက် နောက်ဆုံးတော့ ရှိသွားပြီလို့ ကျွန်မ ခံစားမိတယ်။ အဲဒီတုန်းက ကျွန်မအသက်က ၅၀ ကျော်ပြီ၊ ခွန်အားတွေလည်း အများကြီး ရှိတုန်းပဲ။ အသင်းတော်ခေါင်းဆောင်အနေနဲ့ အမှုတော်ထမ်းတာပဲဖြစ်ဖြစ်၊ ဧဝံဂေလိတရားဟောတာပဲဖြစ်ဖြစ်၊ လူသစ်တွေကို ရေလောင်းပေးတာပဲဖြစ်ဖြစ်၊ အရမ်းကို တက်တက်ကြွကြွ အလုပ်လုပ်ခဲ့တယ်၊ နေ့ရက်တိုင်းက အရမ်း ပြည့်စုံခဲ့တာပေါ့။ ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှာ ကျွန်မ ရုတ်တရက် ခေါင်းမူးလာတယ်၊ ခြေထောက်တွေက လေးလံလာပြီး လမ်းလျှောက်ဖို့ ခြေထောက်မမြှောက်နိုင်တော့ဘူး။ မြေပြင်ညီမှာ လျှောက်ရင်တောင် ခဏခဏ ခလုတ်တိုက်လဲပြီး ခဏခဏ ဒူးတွေ၊ တံတောင်ဆစ်တွေ သွေးထွက်အောင် ပွန်းပဲ့တာပဲ။ သမီးက ကျွန်မကို ဆေးရုံကို စစ်ဆေးဖို့ ခေါ်သွားတယ်။ ဆရာဝန်က ကျွန်မမှာ ဦးနှောက်သွေးကြောငယ်ပိတ်ဆို့ခြင်း ရှိတယ်လို့ပြောပြီး လေးလေးနက်နက် သတိပေးတယ်၊ “ဒီရောဂါကို တော်တော်သတိထားရမယ်နော်။ နောက်တစ်ခါထပ်လဲရင် ဦးနှောက်သွေးယိုစိမ့်မှု ဖြစ်နိုင်ခြေများတယ်” တဲ့။ ဆရာဝန်စကားကြားတော့ ကျွန်မ တော်တော်ကြောက်သွားတယ်။ “တကယ်လို့သာ ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ရင် ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆောင်နိုင်ဦးမှာလဲ။ တာဝန်မထမ်းဆောင်နိုင်ရင် ဘယ်လိုလုပ် ကယ်တင်ခြင်းခံရမှာလဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်ခဲ့တာတွေ အလဟဿဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မ ဆေးကုဖို့ ဆေးသောက်တယ်၊ ပြီးတော့ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ အခြေအနေက တည်ငြိမ်လာပြီး နေလို့ကောင်းလာခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုဖြစ်တယ်ဆိုတာကို ကျွန်မ သိခဲ့တယ်၊ ပြီးတော့ ဒီအချိန်ကာလအတွင်းမှာ ကျွန်မရဲ့ တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်ခဲ့တယ်။ အသက် ၇၀ ကျော်လာပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့ခန္ဓာကိုယ်က ကဏ္ဍမျိုးစုံမှာ ယိုယွင်းလာပြီဆိုတာ သိသိသာသာကို ခံစားလာရတယ်။ အလုပ်နည်းနည်းလေးလုပ်တာနဲ့ ပင်ပန်းတယ်၊ မှတ်ဉာဏ်လည်း မကောင်းတော့ဘူး။ ကျွန်မ အသက် ၇၃ နှစ်မှာ အသင်းတော်မှာ တရားဒေသနာတွေကို ရွေးချယ်စိစစ်နေခဲ့တာပေါ့။ တစ်နေ့မှာ ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့ စုဝေးပွဲလုပ်တယ်။ ညီအစ်ကိုမောင်နှမတချို့က တော်တော်ငယ်ငယ်လေးတွေဆိုတာ ကျွန်မ သတိထားမိတယ်၊ ကြီးကြပ်ရေးမှူးက စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မိတ်သဟာယပြုတဲ့အခါ သူတို့ရဲ့လက်ချောင်းလေးတွေက ကွန်ပျူတာကီးဘုတ်ပေါ်မှာ မြန်မြန်သွက်သွက်ပဲ ရိုက်နေကြတာ၊ မြန်လည်းမြန်၊ တဖြောင်းဖြောင်းနဲ့ အသံထွက်လို့ပေါ့။ ကျွန်မ သူတို့ကို အရမ်း မနာလိုဖြစ်ခဲ့ပြီး တွေးမိတယ်၊ “ဘုရားကို အတူတူယုံကြည်ပြီး တာဝန်ထမ်းဆောင်နေကြတာပဲ။ ဘာလို့ ဒီလောက်ကွာခြားရတာလဲ။ လူငယ်တွေက ဘာလုပ်လုပ် မြန်တယ်၊ စည်းမျဉ်းတွေကို နားလည်ပြီး ကျွမ်းကျင်တာလည်း မြန်တယ်။ ငါကျတော့ရော။ မျက်စိကလည်း မလိုက်နိုင်ဘူး၊ ဦးနှောက်ကလည်း တုံ့ပြန်မှုနှေးတယ်။ လူငယ်တွေနောက်မှာ အများကြီး နောက်ကျကျန်ခဲ့တယ်။ အခု ငါ အသက်ကြီးပြီ၊ ငါ့ခန္ဓာကိုယ်ကည်း ငါ ဘာပဲလုပ်ဖို့ ကြိုးစားကြိုးစား၊ စိတ်သွားတိုင်း ကိုယ်မပါဘူး။ ဒီတာဝန်ကို ငါ ကောင်းကောင်းထမ်းဆောင်နိုင်ပါ့မလား” လို့ပေါ့။ ကျွန်မ ဒါကို စဉ်းစားလေလေ ပိုပြီးစိတ်ဓာတ်ကျလေပဲ။ တဖြည်းဖြည်းနဲ့ ကျွန်မက လေလျော့သွားတဲ့ ဘောလုံးတစ်လုံးလိုပဲ၊ ဘာမှလုပ်ဖို့ စိတ်မဝင်စားတော့ဘူး။ ဆုတောင်းရင် ဘာပြောရမှန်းမသိဘူး၊ ဘုရားနှုတ်ကပတ်တော်ဖတ်တာကနေလည်း ဉာဏ်ပွင့်စေတာ၊ အလင်းရတာ မရှိခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းတော့မှာလားလို့တောင် တွေးမိတယ်။ နောက်ပိုင်းမှာ ကျွန်မ ချင့်ချိန်စဉ်းစားမိတယ်၊ “ငါက အသက်ကြီးနေပြီ၊ အစွမ်းအစကလည်း ညံ့တယ်။ ငါသာ တက်တက်ကြွကြွနဲ့ ပိုကောင်းဖို့ မကြိုးစားရင် ပိုပြီး နောက်ကျကျန်ခဲ့မှာ မဟုတ်ဘူးလား။ ဆိုရိုးစကားလိုပေါ့၊ ‘ဖြည်းဖြည်းသွားရမှာကို မကြောက်နဲ့၊ ရပ်နေရမှာကိုပဲ ကြောက်ပါ၊ တစ်ခါရပ်လိုက်ရင် နှစ်မိုင်ခွဲစာ နောက်ကျသွားတယ်’ ဆိုတာ။ မဖြစ်ဘူး၊ ငါ ပိုကောင်းဖို့ ကြိုးစားမှဖြစ်မယ်” လို့ပေါ့။ အဲဒီရက်တွေမှာ ကျွန်မ မပြတ်ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့အပျက်သဘောဆောင်တဲ့ အခြေအနေကို ဖြေရှင်းနိုင်ဖို့ ဉာဏ်ပွင့်စေပြီး လမ်းပြပေးပါလို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို သတိရသွားတယ်။ “ငါသည် သင်တို့ထဲမှ မည်သူ့ကိုမျှ စွန့်ပစ်ရန် သို့မဟုတ် ဖယ်ရှားရှင်းလင်းရန် လိုလားခြင်းမရှိသော်လည်း၊ လူသားသည် ကောင်းမွန်စွာ လုပ်ဆောင်ရန် မကြိုးပမ်းပါက၊ သင်သည် မိမိကိုယ်ကိုယ် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ဖယ်ရှားရှင်းလင်းသည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင် ဖြစ်၏။” ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ရှာဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည် “ငါသည် သင်တို့ထဲမှ မည်သူ့ကိုမျှ စွန့်ပစ်ရန် သို့မဟုတ် ဖယ်ရှားရှင်းလင်းရန် လိုလားခြင်းမရှိသော်လည်း၊ လူသားသည် ကောင်းမွန်စွာ လုပ်ဆောင်ရန် မကြိုးပမ်းပါက၊ သင်သည် မိမိကိုယ်ကိုယ် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ဖယ်ရှားရှင်းလင်းသည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင် ဖြစ်၏။...ငါ၏ရည်ရွယ်ချက်မှာ၊ အမှု၏ ဤအဆင့်ကို အောင်မြင်စွာ ပြည့်စုံစေနိုင်ဖို့အလို့ငှာ၊ သင်တို့အားလုံးကို စုံလင်စေခြင်း ခံရဖို့နှင့် အနည်းဆုံးအနေဖြင့် သိမ်းပိုက်ခံရရန် ဖြစ်၏။ ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ။ ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏။ သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်းသည် သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့စိတ်နှလုံးက အရမ်းကို လင်းထိန်သွားတယ်။ ဘုရားသခင်က လူတိုင်းကို ကယ်တင်ပြီး စုံလင်အောင် ပြုလုပ်ပေးစေချင်တယ်။ ကျွန်မတို့ သမ္မာတရားကို လိုက်စားနေသရွေ့ ဘုရားသခင်က ကျွန်မတို့ကို ဖယ်ရှားရှင်းလင်းမှာမဟုတ်ဘူး၊ နောက်ဆုံးမှာ ကျွန်မတို့အားလုံး ဘုရားသခင်ရဲ့ ရယူခြင်းကို ခံရနိုင်တယ်။ ဘုရားသခင်က လူတွေကို သူတို့ရဲ့ မတူညီတဲ့ အစွမ်းအစတွေပေါ်မူတည်ပြီး တောင်းဆိုချက်တွေထားတာ၊ လူတွေကို တစ်ပြေးညီ ပုံစံနဲ့မ ဆက်ဆံဘူး။ ဘုရားသခင်က သက်ကြီးရွယ်အိုတွေကို လူငယ်တွေ ရရှိနိုင်တဲ့ စံနှုန်းတွေနဲ့ မသတ်မှတ်ဘူး၊ သူတို့ အသက်ကြီးသွားရင် ကယ်တင်မှာမဟုတ်ဘူးလို့လည်း မပြောခဲ့ဘူး။ သမ္မာတရားကို လိုက်စားဖို့ စိတ်ဆန္ဒရှိနေသရွေ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးရှိတယ်။ ဘုရားသခင်က အရမ်း ဖြောင့်မတ်တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘူး။ လူငယ်တွေက စည်းမျဉ်းတွေကို နားလည်ရာမှာ မြန်ပြီး သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ ထိရောက်တဲ့အတွက် သူတို့က ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်း ပိုများတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်၊ ကျွန်မကတော့ အသက်ကြီးတယ်၊ တုံ့ပြန်မှုနှေးတယ်၊ တာဝန်ထမ်းဆောင်ရာမှာ ထိရောက်မှုက လူငယ်တွေထက် အများကြီးညံ့တယ်၊ ဒါကြောင့် ဘုရားသခင် ဖယ်ရှားရှင်းလင်းတာ ခံရမယ့်သူ ဖြစ်မယ်လို့ ယုံကြည်ခဲ့တာ။ ဒါက ဘုရားသခင်အပေါ် ကျွန်မရဲ့ အထင်လွဲမှုပဲ။ အသင်းတော်မှာ တာဝန်ထမ်းဆောင်တာဟာ လောကမှာ သူဌေးအတွက် အလုပ်လုပ်တာနဲ့မတူဘူး၊ လောကမှာက အသက်ကြီးသွားရင် ဘယ်သူမှ အလုပ်မခန့်ဘူးလေ။ ဘုရားသခင်က လူတွေကို ဒီလိုဆက်ဆံတာမဟုတ်ဘူး။ အရင်က ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သတိမပြုခဲ့မိဘူး။ ဘုရားက အသက်ကြီးတဲ့သူတွေကို မကယ်တင်ဘူးလို့တောင် အထင်လွဲပြီး စိတ်ဓာတ်ကျ၊ အားငယ်ခဲ့တယ်။ ကျွန်မ ဒီလိုမတွေးခဲ့သင့်ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ စိတ်ထဲမှာ အလုံးစုံတည်ငြိမ်သွားသလိုပဲ။ ကျွန်မ သမ္မာတရားကို စိတ်အားထက်ထက်သန်သန်နဲ့ တက်တက်ကြွကြွ ကြိုးစားလိုက်စားရမယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းမှာ အသက် ၈၀ အရွယ် အစ်မလျိုယိက နာမကျန်းဖြစ်ပြီး ဆုံးသွားတယ်။ ဒါက ကျွန်မအပေါ် အတော်လေး သက်ရောက်မှုရှိခဲ့တယ်။ ကျွန်မလဲ တစ်နေ့ထက်တစ်နေ့ အသက်ကြီးလာနေတာ၊ ပြီးတော့ ဦးနှောက်သွေးကြောငယ်ပိတ်ဆို့တဲ့ရောဂါလည်း ရှိသေးတယ်။ မတော်တဆ ချော်လဲပြီး ခေါင်းနဲ့ဆောင့်မိရင် ဦးနှောက်သွေးယိုစီးတာ ဖြစ်သွားနိုင်တယ်။ တစ်ခါကဆို ကျွန်မ ရုတ်တရက် ခေါင်းအရမ်းမူးပြီး မတ်တပ်မရပ်နိုင်ခဲ့ဘူး၊ မျက်လုံးတောင် မဖွင့်ရဲဘူး။ ရုတ်တရက် ရောဂါဖောက်ပြီး သေသွားမှာကို အရမ်းကြောက်နေခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ငါ အသက် ၈၀ နီးပါးရှိပြီ၊ ဒီနေ့ အစ်မလျိုမှာ ဖြစ်ခဲ့တာက မနက်ဖြန် ငါ့မှာလည်း ဖြစ်နိုင်တယ်။ အခုရှိနေတဲ့အချိန်ကို အမိအရဖမ်းဆုပ်ပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်တယ်၊ ဒါပေမဲ့ အခု ငါ အသက်ကြီးပြီ၊ ငါ့ခန္ဓာကိုယ်က ငါ ဘယ်အလုပ်ပဲလုပ်လုပ်၊ စိတ်သွားတိုင်း ကိုယ်မပါဘူး၊ ပြီးတော့ ငါ အမြဲတမ်း အမှုအရာတွေကို မေ့နေတယ်။ တာဝန်မထမ်းဆောင်နိုင်ရင် ဘယ်လိုလုပ် ကယ်တင်ခြင်းခံရမှာလဲ။ ငါသာ သုံးလေးနှစ်လောက်ငယ်ရင် ကောင်းမှာပဲ” လို့ပေါ့။ ကပ်ရောဂါက တစ်နေ့ထက်တစ်နေ့ ဆိုးလာတာကိုမြင်တော့ တစ်နေ့နေ့မှာ ကျွန်မ ကူးစက်ခံရမှာ၊ ဦးနှောက်သွေးကြောပိတ်ဆို့တာက ပိုဆိုးလာပြီး အချိန်မရွေး အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ရှိနေမှာကို ကျွန်မစိုးရိမ်ခဲ့တယ်။ အဲဒီရက်တွေမှာ ကျွန်မက စိတ်ဆင်းရဲမှုနဲ့ စိုးရိမ်သောကတွေကြားမှာ အမြဲနေခဲ့ရတယ်။ စိတ်နှလုံးက ညှိုးငယ်ပြီး ညှဉ်းပန်းခံနေရတော့ တာဝန်ထမ်းဆောင်ဖို့ ခွန်အားတစ်စက်မှ မထုတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တာဝန်မထမ်းဆောင်ဘဲ နေလို့မရဘူးဆိုတာ ကျွန်မသိတယ်။ တာဝန်ကိုသာ စွန့်လွှတ်လိုက်ရင် ပိုပြီးတော့တောင် အန္တရာယ်များသွားမှာပဲ။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ အခု သမီးအသက်ကြီးလာတော့ ကိုယ့်အသက်မှာ နောက်ပြန်စပြီး ရေတွက်နေပြီလို့ ခံစားရပြီး သေခြင်းကို အမြဲကြောက်နေပါတယ်။ အို ဘုရားသခင်၊ သမီးကို သမ္မာတရားကို နားလည်အောင်နဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဆင်းရဲမှုကနေ လွတ်မြောက်အောင် ဦးဆောင်ပေးတော်မူပါ” လို့ပေါ့။
တစ်ခါ ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာအပေါ် နားလည်မှုတချို့ ရရှိခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးက အဲဒီလောက် စိတ်ဆင်းရဲပြီး စိုးရိမ်ပူပန်မှု မရှိတော့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်ပြုလျှင် သင်သည် မည်မျှနာမကျန်းသည်ဖြစ်စေ သေဆုံးမည်မဟုတ်။ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်မပြုလျှင် သင်သည် နာမကျန်း မဖြစ်လျှင်ပင် သေဆုံးခြင်းသာ မလွဲမသွေဖြစ်ရန်ရှိပါက သေဆုံးမည်သာဖြစ်သည်။ သင့်ဘဝ၏ သက်တမ်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ဤအရာကို သိရှိရန်မှာ စစ်မှန်သော အသိပညာနှင့် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အား ကြုံရာကျပန်း နာဖျားစေသလော။ ယင်းသည် ကြုံရာကျပန်း မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ယုံကြည်ခြင်းကို စစ်ဆေးရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့ သည်းခံရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ သူသည် သင့်အား နာမကျန်း ဖြစ်စေပါက ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ အားလုံးသည် ဖန်ဆင်းရှင်၏ လက်များထဲတွင် ရှိပြီး လူတို့သည် သဘာဝတရားအား အလိုအလျောက် ဖြစ်ခွင့်ပေးရန် သင်ယူရမည်။ သဘာဝတရားဆိုသည်မှာ အဘယ်နည်း။ သဘာဝတရားထဲက မည်သည့်အရာမျှ ကြုံရာကျပန်း မဟုတ်ပေ။ ထိုအရာအားလုံး ဘုရားသခင်ထံမှ လာ၏။ ဤသည်မှာ အမှန် ဖြစ်သည်။ ရောဂါတစ်မျိုးတည်းကို ခံစားရသည်ချင်းအတူတူ အချို့က သေဆုံးပြီး အခြားသူများက အသက်ရှင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်စီရင်ထားခြင်း ဖြစ်ပေသည်။ သင် အသက်ရှင်နိုင်ပါက ယင်းမှာ သင်သည် ဘုရားသခင်က သင့်ကို ပေးသည့် တာဝန် မပြီးစီးသေးသည်ကို သက်သေပြပေသည်။ သင်သည် ယင်းကို ပြီးစီးစေရာတွင် ကြိုးစားအလုပ်လုပ်သင့်ပြီး ဤအချိန်ကာလကို ချစ်ခင်မြတ်နိုးသင့်ပေသည်။ မဖြုန်းတီးနှင့်။ ဤသည်မှာ ဆိုလိုသည့်အရာ ဖြစ်သည်။ သင် နာမကျန်းဖြစ်ပါက ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ ပြီးလျှင် သင် နာမကျန်း မဖြစ်ပါက ယင်းကို မတောင်းလျှောက်နှင့်။ မည်သည့်ကိစ္စတွင်မဆို တောင်းလျှောက်ခြင်းမျှဖြင့် သင် လိုချင်သည့်အရာကို သင် မရနိုင်သကဲ့သို့ သင် အလိုရှိရုံမျှဖြင့် မည်သည့်အရာကိုမဆို သင်မလွတ်မြောက်နိုင်ပေ။ ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်ရဲ့ သက်တမ်းကို ဘုရားသခင်က အမိန့်နဲ့ ကြိုတင်ပြဋ္ဌာန်းထားတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အစ်မလျို အသက် ၈၀ မှာ ဆုံးသွားတာက သူ့သက်တမ်းစေ့သွားလို့ပဲ။ လူတိုင်းက မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို တွေ့ကြုံရတယ်၊ ဒါက အသက်ရဲ့ သဘာဝတရားပဲ။ ကျွန်မ အိမ်နီးချင်း ရှောင်ရှီကို ပြန်စဉ်းစားမိတယ်။ သူသေတော့ ၃၄ နှစ်ပဲရှိသေးတယ်၊ ကျန်းမာရေးက အမြဲဒေါင်ဒေါင်မြည်ခဲ့တာ။ မမျှော်လင့်ဘဲ သူက ဓာတ်တိုင်တစ်ခုနဲ့ ဝင်တိုက်မိပြီး သေဆုံးသွားခဲ့တယ်။ လူတိုင်းရဲ့ အသက်က ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်၊ ပြီးတော့ ကျွန်မတို့က ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင် မထိန်းချုပ်နိုင်ဘူးဆိုတာကို ကျွန်မ သိလိုက်ရတယ်။ သက်တမ်းစေ့သွားရင် မဖျားမနာဘူးဆိုရင်တောင် သေရမှာပဲ။ ကျွန်မကိုပဲ ဥပမာအနေနဲ့ ကြည့်ပါ။ ကျွန်မမှာ ဦးနှောက်သွေးကြောငယ်ပိတ်ဆို့တဲ့ ရောဂါ ရှာဖွေတွေ့ရှိခဲ့တုန်းက ဆရာဝန်က ကျွန်မအသက်အရွယ်နဲ့ ဒီရောဂါရှိနေတာ၊ ချော်လဲရင် ဦးနှောက်သွေးယိုဖို့ ဖြစ်နိုင်ခြေများတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ ကျွန်မ အများကြီး ချော်လဲခဲ့ပေမဲ့ ဦးနှောက်သွေးယိုတာ မဖြစ်ခဲ့ဘူး။ တစ်ခါကဆိုရင်လည်း ကျွန်မ ရုတ်တရက် မူးလဲပြီး ရီဝေဝေဖြစ်သွားခဲ့တယ်၊ အချိန်မရွေး သေတော့မလိုပဲ။ ဒါပေမဲ့ တစ်ရက်လောက် မသက်မသာဖြစ်ပြီးတော့ ပြန်ကောင်းသွားတယ်။ ကျွန်မရဲ့တာဝန်ပေးစေခိုင်းချက် မပြီးသေးရင် အသက်ကြီးပြီး နာမကျန်းဖြစ်နေရင်တောင် ကျွန်မသေမှာမဟုတ်ဘူး။ တစ်နေ့မှာ ကျွန်မရောဂါက တကယ်ပိုဆိုးလာခဲ့ရင်တောင် ဒါက ကျွန်မခံသင့်တဲ့ ဆင်းရဲဒုက္ခပဲ။ ကျွန်မသေဆုံးရမဲ့အချိန်ရောက်လာရင် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျွန်မ ကျိုးနွံနာခံမယ်။ ဒါဟာ ကျွန်မမှာရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ အခု ကျွန်မအသက်ရှင်နေသေးတဲ့အတွက် ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး ကိုယ့်အချိန်နဲ့ခွန်အားကို တာဝန်ထမ်းဆောင်တာနဲ့ သမ္မာတရားကို လိုက်စားတာတွေမှာ အသုံးချသင့်တယ်၊ အသက်ရှင်နေတဲ့ နေ့ရက်တိုင်းမှာ တစ်ခုခုရအောင် ကြိုးစားရမယ်။ စိုးရိမ်မှုတွေ၊ စိတ်ပူပန်မှုတွေနဲ့ နေ့ရက်တွေကို ကုန်ဆုံးပြီး၊ ကျွန်မရဲ့ အဖိုးတန်တဲ့ အချိန်ကို မဖြုန်းတီးနိုင်တော့ဘူး။ ဒါကိုနားလည်သွားတော့ ကျွန်မစိတ်ထဲမှာ အများကြီးပေါ့ပါးသွားပြီး တာဝန်ထမ်းဆောင်ဖို့ ခွန်အားတွေလည်း ပိုရှိလာတယ်။
နောက်ပိုင်းမှာ ကျွန်မ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကျွန်မရဲ့ ကျန်းမာရေးက ပိုပြီး အားနည်းလာတယ်၊ မှတ်ဉာဏ်လည်း ပိုဆိုးလာတယ်။ တစ်ခါက ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြတယ်။ အဲဒီအချိန်မှာ ကျွန်မအခြေအနေနဲ့ကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်မိတယ်၊ ပြီးတော့ ကျွန်မ နောက်ပိုင်းမှာ ဒီအပိုဒ်အကြောင်း မိတ်သဟာယပြုချင်ခဲ့တယ်။ ဒါပေမဲ့ ဆက်ဖတ်သွားတဲ့အခါ ရှေ့က အဓိကအချက်ကို မမှတ်မိတော့ဘူး၊ ကျွန်မတို့ ဖတ်ပြီးတဲ့နောက်မှာ အဲဒီအပိုဒ်ကို ပြန်သွားရှာတဲ့အခါမှာ ရှာလို့ မတွေ့နိုင်ခဲ့ဘူး။ ကျွန်မ စိတ်အရမ်းလှုပ်ရှားပြီး နှာသီးဖျားမှာ ချွေးတွေတောင် စို့လာတယ်။ နောက်ဆုံးမှာ စကားနည်းနည်းလောက် မိတ်သဟာယပြုဖြစ်လိုက်ပေမဲ့ စကားတွေက ရှေ့နောက်မညီတော့ဘူး။ ကျွန်မ အရမ်းကို ရှက်သွားတယ်၊ နည်းနည်းစိတ်ဓာတ်ကျပြီး အားငယ်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “အခု ငါ အသက်ကြီးပြီ၊ ငါ တကယ် အသုံးမကျတော့ဘူး။ ဦးနှောက်က တုံ့ပြန်မှုနှေးတယ်၊ ဘယ်လောက်ပဲကြိုးစားကြိုးစား လူငယ်တွေကို လိုက်မမီနိုင်တော့ဘူး” လို့ပေါ့။ ကျွန်မ ဒါကို စဉ်းစားလေလေလေ ပိုပြီးအပျက်သဘောဆောင်လာလေလေပဲ။ ကျွန်မကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်းတွေက ပိုပြီး မှေးမှိန်လာတယ်၊ ပြီးတော့ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်က ပိုတောင်နည်းလာတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ နောက်တစ်ခါမှာ ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်ရွတ်ဖတ်တဲ့ ဗီဒီယိုကို ကျွန်မအတွက် ကူးပေးတယ်။ ညီအစ်မက ကျွန်မအတွက် ကူးပေးတာကို ကျွန်မမျက်စိနဲ့တပ်အပ်မြင်လိုက်တာ၊ ဒါပေမဲ့ အိမ်ပြန်ရောက်လို့ ကွန်ပျူတာဖွင့်ကြည့်တော့ ကျွန်မ ရှာမရဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ အသက်ကြီးတာကို လက်မခံဘဲ ငြင်းလို့ မရတော့ဘူးထင်တာပဲ။ မှတ်ဉာဏ်က ဘာလို့ဒီလောက်ဆိုးရတာလဲ။ တကယ်လို့သာ အရေးကြီးတဲ့ကိစ္စတစ်ခုခုရှိရင် ငါ့ကြောင့်ပဲ နှောင့်နှေးကုန်မှာမဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ စိတ်ပူနေတုန်းမှာပဲ အဲဒီညီအစ်မ ရောက်လာတော့ ကျွန်မ သူ့ကို ညည်းပြလိုက်တယ်၊ “ငါ အခု အရမ်းအသက်ကြီးနေပြီ၊ ဘာမှမမှတ်မိတော့ဘူး။ ငါ ဇာတ်သိမ်းသွားပြီ မဟုတ်ဘူးလား။ သမ္မာတရားကို ဆက်လိုက်စားပြီး ကယ်တင်ခြင်းခံရနိုင်ပါဦးမလား” လို့ပေါ့။ ကျွန်မ နည်းနည်းအပျက်သဘောဆောင်နေတာကိုမြင်တော့ ညီအစ်မက ကျွန်မကို နှစ်သိမ့်ပြီး “သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်အခန်းကို ဖတ်ကြည့်ဖို့ပြောတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တယ်။ “သက်ကြီးရွယ်အိုများသည် ၎င်းတို့ မရှင်းမလင်းဖြစ်ကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။ ကွာခြားမှုမရှိဟု ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ တစ်စုံတစ်ဦးသည် အိုမင်းသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင်ဖြစ်သည်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ တူညီပြီး၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့်ရပ်တည်ချက်တို့သည် အတူတူပင်ဖြစ်သည်။...ထို့ကြောင့် သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် လိုရာဆွဲပြောသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် အသက်ကြီးနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။ တစ်စုံတစ်ဦးသည် အသက် ၇၀ အရွယ်ခန့်တွင်ရှိသော်လည်း၊ သမ္မာတရားကို နားမလည်နိုင်ပါက၊ ဤသည်မှာ ၎င်းသည် သမ္မာတရားကို နားလည်နိုင်ခြင်း မရှိအောင်ပင် ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်ကြောင်း ပြပေသည်။ ထို့ကြောင့် အသက်အရွယ်သည် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ ဆက်စပ်မှုမရှိ။...ဘုရားအိမ်တော်တွင်၊ ပြီးလျှင် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါတွင်၊ သက်ကြီးရွယ်အိုများသည် အထူးအုပ်စုတစ်ခု ဖြစ်ကြသလော။ မဟုတ်ကြပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သင့်ဖောက်ပြန်ပျက်စီးခြင်း၏ နက်ရှိုင်းမှု၊ သမ္မာတရား လိုက်စားရန် သင် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ၊ ကယ်တင်ခြင်းကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် သင် ကယ်တင်ခံရဖို့ ဖြစ်နိုင်ခြေအဘယ်သို့ရှိသည်ဆိုသည်တို့နှင့် ပတ်သက်လာသည့်အခါတွင်ကဲ့သို့ပင်၊ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ အသက်အရွယ်သည် ဆက်စပ်မှုမရှိပေ။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ရင်ကို တိုက်ရိုက်ထိမှန်ခဲ့တယ်၊ အထူးသဖြင့် ဒီစကားတွေပေါ့။ “သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။” ဘုရားသခင်က ကျွန်မတို့ သက်ကြီးရွယ်အိုတွေကို တော်တော်လေး ကောင်းကောင်းသိတယ်။ ကိုယ်တော်က သက်ကြီးရွယ်အိုတွေကို မပစ်ပယ်ဘူး၊ အဲဒီအစား ကျွန်မတို့ကို အကောင်းမြင်စိတ်ထားရှိဖို့ အားပေးတယ်၊ အသက်ကြီးလို့ဆိုပြီး စိတ်ဆင်းရဲမှုနဲ့ စိုးရိမ်သောကတွေထဲမှာ အမြဲမနေဖို့၊ ကိုယ်တတ်နိုင်သလောက် တာဝန်ကို အစွမ်းကုန် ကောင်းကောင်းထမ်းဆောင်ဖို့ အားပေးတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်၊ မျှော်လင့်ချက်တချို့ကို ကျွန်မ မြင်ခဲ့တယ်။ လူငယ်တွေက အစွမ်းအစကောင်းတယ်၊ သမ္မာတရားကို နားလည်ရာမှာ မြန်တယ်၊ သူတို့ရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ ထိရောက်တယ်၊ ပြီးတော့ ကယ်တင်ခြင်းရဲ့ မျှော်လင့်ချက် ပိုများတယ်လို့ ကျွန်မ အမြဲယုံကြည်ခဲ့တယ်။ တစ်ဖက်မှာတော့ ကျွန်မ အသက်ကြီးလာတာနဲ့အမျှ ကျွန်မရဲ့ လုပ်ဆောင်ချက်အားလုံးက ကျဆင်းနေတယ်။ မှတ်ဉာဏ်မကောင်းဘူး၊ သမ္မာတရားကို နားလည်တာနှေးတယ်၊ ဘာတစ်ခုကိုမှ အမီမလိုက်နိုင်ဘူး။ အထူးသဖြင့် ကျွန်မ ကိုဗစ်-၁၉ ကူးစက်ခံရပြီးတဲ့နောက်မှာ ကျွန်မရဲ့ မှတ်ဉာဏ်က ပိုဆိုးလာခဲ့တယ်၊ ပြီးတော့ ကျွန်မက အသုံးမကျဘူး၊ ကောင်းချီးတွေ ရရှိဖို့ မျှော်လင့်ချက်မရှိဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မက စိတ်ဆင်းရဲမှုနဲ့ စိုးရိမ်သောကဆိုတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေထဲမှာ နေခဲ့တယ်၊ အဲဒါက ကိုယ့်ရဲ့အသက်ဝင်ရောက်မှုကို နှောင့်နှေးစေတဲ့အပြင် ကျွန်မတာဝန်ကိုပါ အဟန့်အတားဖြစ်စေတယ်။ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေထဲမှာ နေထိုင်ရတာဟာ အရမ်းကို အန္တရာယ်များမှန်း ကျွန်မမြင်ခဲ့ရတယ်၊ ကျွန်မဟာ သမ္မာတရား ပိုရဖို့ အပြုသဘောနဲ့ တက်တက်ကြွကြွ ကြိုးစားရမယ်။ ကျွန်မ အသက်ကြီးပြီး နားလည်တာနှေးတယ်၊ မှတ်ဉာဏ်လဲမကောင်းဘူးဆိုပေမဲ့ သမ္မာတရားကို လုံးဝနားမလည်နိုင်တာတော့ မဟုတ်ဘူး၊ ဘုရားနှုတ်ကပတ်တော်ကို နားမလည်နိုင်လောက်အောင် အသက်ကြီးနေတာလည်း မဟုတ်ဘူး။ ကျွန်မရဲ့ ကန့်သတ်ထားတဲ့အချိန်ကို တန်ဖိုးထားပြီး ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့ သမ္မာတရားကို လိုက်စားသင့်တယ်။ ကျွန်မမှာ မဖယ်ရှားပစ်ရသေးတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီးရှိသေးတယ်၊ ပြောင်းလဲပစ်ဖို့လိုတဲ့ အမြင်ရှုထောင့်တွေလည်း အများကြီးရှိသေးတယ်။ သမ္မာတရားကို လိုက်စားတာကို ကျွန်မ မစွန့်လွှတ်သရွေ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးရှိတယ်။ သမ္မာတရားက လူတွေကို မတရား မဆက်ဆံဘူး။ ကျွန်မ ဒါကို နားလည်သွားတဲ့အခါမှာ ကျွန်မရဲ့ နှလုံးသားက စိတ်သက်သာရာရသွားတယ်။
နောက်ရက်တွေမှာ ကျွန်မက တာဝန်တွေ ထမ်းဆောင်ဖို့ အရမ်းအသက်ကြီးတဲ့အတွက် ကယ်တင်ခြင်းမခံရနိုင်မှာကို အမြဲတမ်း ကြောက်နေခဲ့တာ ဘာကြောင့်လဲဆိုတာကို ဆက်ပြီး စဉ်းစားခဲ့တယ်။ ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ကျွန်မကို လွှမ်းမိုးနေတာလဲ။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။...ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကို ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှု မရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကို ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်တို့နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။ ထို့ကြောင့် အားလုံးကို ထည့်သွင်းစဉ်းစားလိုက်သည့်အခါ လူများနှင့် ပတ်သက်သည့်အခါတွင် ဤအခြေအနေသည် ကယ်တင်ခြင်း၊ စုံလင်အောင်ပြုခြင်းနှင့်ဆိုင်သော အခြေအနေတစ်ခုလော သို့မဟုတ် ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်း အခြေအနေတစ်ခုလော။ ကောင်းသောအရာတစ်ခုလော သို့မဟုတ် မကောင်းသော အရာတစ်ခုလော။ သမ္မာတရားကို လိုက်စားသူတို့အဖို့ ထိုအရာသည် ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်းဟူ၍ အဓိပ္ပာယ်ရသည်။ ယင်းမှာ ကောင်းပေသည်။ သမ္မာတရား မလိုက်စားသောသူတို့အဖို့မူ ထိုအရာသည် ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်း ဟု ဆိုလိုသည်။ ယင်းမှာ မကောင်းပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားရင်းနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆက်စပ်ကြည့်ခဲ့တယ်၊ ကျွန်မ ဘုရားကိုယုံကြည်တာက ကောင်းချီးခံစားချင်လို့ပဲ။ ဒီအမှုတော်အဆင့်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မက စိတ်အားထက်ထက်သန်သန်နဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်၊ ပြီးတော့ အသင်းတော်က ကျွန်မကို ပေးအပ်တဲ့ ဘယ်တာဝန်ကိုမဆို ထမ်းဆောင်ရာမှာ အစွမ်းကုန် ပေးဆပ်ခဲ့တယ်၊ ဒုက္ခခံရတယ်၊ ပင်ပန်းတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရဘူး။ တစ်ခါတလေမှာ ကျွန်မက ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အန္တရာယ်ကြီးကြီးနဲ့ လွှဲပြောင်းပေးခဲ့ပေမဲ့ ကျွန်မ မကြောက်ခဲ့ဘူး။ ၂၀၁၈ မှာ ဦးနှောက်သွေးကြောငယ်ပိတ်ဆို့တဲ့ရောဂါ ခံစားခဲ့ရတုန်းကတောင် တာဝန်ထမ်းဆောင်တာကို ကျွန်မမရပ်ခဲ့ဘူး။ ဒီလိုမျိုး တက်တက်ကြွကြွ တာဝန်ထမ်းဆောင်နေသရွေ့ အနာဂတ်မှာ ကောင်းချီးခံစားရပြီး ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခု ရလိမ့်မယ်လို့ ကျွန်မတွေးခဲ့တယ်။ ဒါပေမဲ့ အသက် ၇၀ ကျော်လာပြီးတဲ့နောက်မှာတော့ ဦးနှောက်သွေးကြောငယ်ပိတ်ဆို့တဲ့ရောဂါအပြင်ကို ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အားလုံးက ကျဆင်းလာခဲ့တယ်၊ မှတ်ဉာဏ်ကလည်း အရင်ကလောက် မကောင်းတော့ဘူး၊ ကျွန်မသာ သေဆုံးသွားခဲ့ရင် ကျွန်မရဲ့ တာဝန်ကို မထမ်းဆောင်နိုင်တော့မှာ၊ ပြီးတော့ ကယ်တင်ခြင်းမခံရတော့မှာကို ကြောက်ပြီး စိတ်ဓာတ်ကျတဲ့ အခြေအနေနဲ့ နေထိုင်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်ကို အင်တင်တင်နဲ့ ထမ်းဆောင်ခဲ့ပေမဲ့ ကျွန်မမှာ စိတ်အားထက်သန်မှု မရှိခဲ့ဘူး။ အထူးသဖြင့် ကျွန်မ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကျွန်မရဲ့ ကျန်းမာရေးနဲ့ မှတ်ဉာဏ်က အရင်ကထက် ပိုဆိုးလာတာကို မြင်တဲ့အခါမှာ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်မရှိတော့ဘူး၊ ကောင်းမွန်တဲ့ပန်းတိုင်လည်း မရနိုင်တော့ဘူးလို့ ခံစားမိတယ်၊ ဒါနဲ့ အပျက်သဘောနဲ့ စိတ်ဆင်းရဲမှုတွေထဲမှာ နေခဲ့ပြီး ဘာမှလုပ်ဖို့ စိတ်မဝင်စားတော့ဘူး။ ဘုရားနှုတ်ကပတ်တော်လည်း မဖတ်ချင်ဘူး၊ ဘုရားဆီလည်း မဆုတောင်းချင်ဘူး၊ ပြီးတော့ တာဝန်ကို ထမ်းဆောင်ရာမှာ အားအင်အားလုံး ဆုံးရှုံးသွားခဲ့တယ်၊ စိတ်နှလုံးက ဘုရားသခင်နဲ့ တစ်နေ့တခြား ပိုပြီးဝေးကွာသွားတယ်။ အရင်က ကောင်းချီးရဖို့ မျှော်လင့်ချက်ရှိတုန်းက ကျွန်မ တာဝန်မှာ ဒုက္ခခံပြီး အဖိုးအခပေးနိုင်ခဲ့တယ်၊ ဘုရားအပေါ် ရိုးသားသလိုမျိုး ပုံပေါ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျွန်မက တာဝန်ထမ်းဆောင်တာကို ကောင်းချီးရဖို့အတွက် အရင်းအနှီးတစ်ခုလို သဘောထားခဲ့တယ်၊ ဘုရားသခင်နဲ့ အမြဲတမ်း အပေးအယူလုပ်ပြီး ကိုယ်တော့်ကို လှည့်စားဖို့ ကြိုးစားနေခဲ့တာပဲ။ ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ လူ့သဘာဝ အရမ်း ကင်းမဲ့တယ်။ ဘယ်လိုလုပ်ပြီး ဘုရားကို ရိုးရိုးသားသား ယုံကြည်တဲ့သူ ဖြစ်နိုင်မှာလဲ။ ဘုရားသခင်က သန့်ရှင်းတယ်၊ ကိုယ်တော်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့မရဘူး။ လူတွေက သူ့ကို လှည့်စားဖို့ ကြိုးစားတာကို ဘယ်လိုသည်းခံနိုင်မှာလဲ။ ကျွန်မက ဒီလို ပြုမူနေပေမဲ့ ဘုရားသခင်ဆီကနေ ကောင်းချီးတွေ တောင်းခံနေတုန်းပဲ။ ကျွန်မက ဘယ်လိုလုပ် ဒီလောက် အကျိုးအကြောင်းမဲ့နိုင်ရတာလဲ။ တကယ်ကို အရှက်မရှိလိုက်တာ။ ကျွန်မက အဲဒီနှစ်တွေတစ်လျှောက်လုံး သမ္မာတရားလိုက်စားတာကို ဘာအာရုံမှ မစိုက်ခဲ့ဘူး၊ ပြီးတော့ ကျွန်မရဲ့ စိတ်သဘောထားကလည်း မပြောင်းလဲခဲ့ဘူး။ ဘုရားကိုယုံကြည်တာက ကောင်းချီးခံစားရဖို့အတွက်ပဲ။ ကျွန်မက ပေါလုရဲ့ လမ်းကြောင်းပေါ်မှာ လျှောက်နေခဲ့တာပဲ။ အဲဒီနောက်မှာ ကျွန်မရဲ့ အခြေအနေနဲ့ အတိအကျ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ နောက်ဆုံးမှာတော့ လုံးဝဖယ်ရှားရှင်းလင်းခံရပြီး ငရဲကျသွားမှာပဲ။ ဒီနေ့ ကျွန်မ လျှောက်နေခဲ့တဲ့ မှားယွင်းတဲ့ လမ်းကြောင်းကို ကျွန်မ နားလည်နိုင်ခဲ့တယ်။ ဒါဟာ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ကယ်တင်ခြင်းပဲ။ ဒါကိုနားလည်သွားတော့ ဒီနှစ်တွေတစ်လျှောက်လုံး သမ္မာတရားမလိုက်စားခဲ့တာကို ကျွန်မ တကယ်နောင်တရတယ်။ နောက်တစ်ခုက ကျွန်မက ကောင်းချီးတွေ လက်ခံရရှိဖို့ ရည်ရွယ်ချက်ကို စွန့်လွှတ်ပြီး သမ္မာတရားကို အလေးအနက် လိုက်စားခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို ဆက်ပြီး စိတ်ပျက်အောင် မလုပ်နိုင်တော့ဘူး။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရသွားတယ်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်းတို့ မည်မျှ သနားစရာကောင်းသည်ကိုမဆိုထားနှင့်၊ အသက်၊ ဝါ၊ သို့မဟုတ် ဒုက္ခခံစားရမှု ပမာဏကို အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ၎င်းတို့၌ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့်အညီသာ ဆုံးဖြတ်ပေသည်။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်ကို ဆုံးဖြတ်ဖို့အတွက် စံနှုန်းတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးပြီ။ ဘုရားသခင်က လူတွေရဲ့အဆုံးသတ်ကို သူတို့ သမ္မာတရားကို လိုက်စားသလား၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သလား၊ နောက်ဆုံးမှာ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိသလားဆိုတာတွေအပေါ်မူတည်ပြီး ဆုံးဖြတ်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပဲ။ အရင်ကတော့ ဘုရားသခင်က လူတွေရဲ့အဆုံးသတ်ကို သူတို့ရဲ့အသက်အရွယ်နဲ့ တာဝန်ဘယ်လောက်ထမ်းဆောင်သလဲဆိုတာအပေါ်မူတည်ပြီး ဆုံးဖြတ်တယ်လို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မအမြင်နဲ့ကြည့်ရင် သက်ကြီးရွယ်အိုအားလုံး ဖယ်ရှားရှင်းလင်းခံရမယ်၊ လူငယ်အားလုံး ကယ်တင်ခြင်းခံရမယ်ပေါ့။ တကယ်လို့သာ ဒီလိုဆိုရင် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ထုတ်ဖော်ခံရမှာမဟုတ်ဘူး။ ကျွန်မတို့အသင်းတော်ကနေ ရှင်းလင်းပစ်ခံခဲ့ရတဲ့ လူငယ်လေးတွေကို ကျွန်မစဉ်းစားမိတယ်။ သူတို့က ထက်မြက်တယ်၊ ဆုကျေးဇူးတွေလည်းရှိတယ်၊ ဒါပေမဲ့ သူတို့က သမ္မာတရားကိုမလိုက်စားဘူး၊ လောကီစည်းစိမ်တွေကို တပ်မက်တယ်၊ ဘုရားနှုတ်ကပတ်တော်လည်း မဖတ်ဘူး၊ တာဝန်လည်း မထမ်းဆောင်ဘူး။ နောက်ဆုံးမှာ သူတို့ကို မယုံကြည်သူတွေအဖြစ် သတ်မှတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရတယ်။ ကျွန်မမြင်ခဲ့ရတာက လူတစ်ယောက်က ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သမ္မာတရားကိုမလိုက်စားရင်၊ စိတ်သဘောထားမပြောင်းလဲရင် နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရမှာပဲ။
ကျွန်မ ဘုရားနှုတ်ကပတ်တော်တချို့ကို ထပ်ဖတ်လိုက်တော့ ကျွန်မစိတ်နှလုံးက ပိုပြီးတော့တောင် လင်းထိန်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့က ‘ကျွန်ုပ်သည် အသက်ခြောက်ဆယ်ရှိပါပြီ။ အနှစ်ခြောက်ဆယ်တိုင် ဘုရားသခင်က ကျွန်ုပ်ကို စောင့်ရှောက်၊ ကာကွယ်ပေးကာ လမ်းပြပေးခဲ့ပါသည်။ ကျွန်ုပ်အိုမင်းလာသည့်အခါ တာဝန်လည်း မထမ်းဆောင်နိုင်၊ မည်သည့်အရာကိုမျှလည်း မလုပ်နိုင်လျှင် ဘုရားသခင်က ကျွန်ုပ်ကို ဂရုစိုက်ပါဦးမည်လော’ ဟူ၍ ဆိုသည်။ ဤသို့ပြောသည်မှာ ကလေးမဆန်သလော။ ဘုရားသခင်သည် ဘဝသက်တမ်း တစ်ခုတည်းအတွက်သာ လူတစ်ဦး၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စိုးမိုးခြင်း၊ ထိုလူကို စောင့်ရှောက်ပေးပြီး ကာကွယ်ပေးခြင်း မဟုတ်ပေ။ ဘဝသက်တမ်းတစ်ခုတည်း၊ တစ်ဘဝတည်းနှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်လျှင် ဘုရားသခင်က အနန္တတန်ခိုးရှိပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စိုးမိုးကြောင်းကို လက်တွေ့ပြနိုင်မည် မဟုတ်ပေ။ လူတစ်ယောက်အတွက် ဘုရားသခင်ပြုသော အားထုတ်မှုနှင့် သူပေးဆပ်သော အဖိုးအခသည် ဤဘဝတွင် ထိုလူ လုပ်ဆောင်သည့်အရာကို စီစဉ်ခြင်းမျှသာ မဟုတ်ဘဲ မရေမတွက်နိုင်သော ဘဝသက်တမ်းများအတွက် စီစဉ်ပေးခြင်းဖြစ်သည်။ လူဝင်စားသော ဝိညာဉ်တိုင်းအတွက် ဘုရားသခင်က အပြည့်အဝ တာဝန်ယူသည်။ သူသည် သူ၏အသက်နှင့် ရင်းကာ အဖိုးအခပေးပြီး လူတိုင်းကို လမ်းပြ၍ ၎င်းတို့၏ ဘဝအသီးသီးကို စီစဉ်ပေးလျက် အာရုံစူးစိုက်စွာ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အကျိုးအတွက် ဤနည်းဖြင့် အပင်ပန်းခံပြီး အဖိုးအခပေးဆပ်သည်။ သူသည် ဤသမ္မာတရားများအားလုံးနှင့် ဤအသက်ကို လူအား ပေးအပ်သည်။ အကယ်၍ ဤနောက်ဆုံးနေ့ရက်များတွင် လူတို့သည် ဖန်ဆင်းခံတို့၏ တာဝန်ကို မထမ်းဆောင်လျှင်၊ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်မလာလျှင်၊ ဘဝပေါင်းမည်မျှနှင့် မျိုးဆက်ပေါင်းမည်မျှကို ၎င်းတို့ရှင်သန်လာခဲ့ပါစေ အကယ်၍ အဆုံးတွင် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မလုပ်ဘဲ ဘုရားသခင်၏ တောင်းဆိုချက်များကို မပြည့်မီနိုင်လျှင် ဘုရားသခင်အပေါ် တင်နေမည့် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းမည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ပေးခဲ့သည့် အဖိုးအခအားလုံးနှင့် မထိုက်တန်ဘဲ ဖြစ်နေမည်မဟုတ်လော။ ၎င်းတို့သည် အသိတရား အလွန်တရာ ကင်းမဲ့နေမည်မှာ လူဟူ၍ပင် ခေါ်ဆိုခံထိုက်ကြမည် မဟုတ်။ ဘုရားသခင်အပေါ် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းနေမည် ဖြစ်သောကြောင့်တည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အဓိပ္ပာယ်ရှိပါသည်) “ယခု သင်တို့ လုပ်ဆောင်ရမည့်အရာမှာ မည်သည့်အရာနည်း။ ဘုရားသခင်၏ စိတ်နှလုံးက လူသားမျိုးနွယ်အတွက် အားသွန်ခွန်စိုက် လုပ်နေဆဲဖြစ်စဉ်၊ လူသားမျိုးနွယ်အတွက် အစီအစဉ်များ ပြုလုပ်နေဆဲဖြစ်စဉ်၊ လူသား လူပ်ရှားမှုနှင့် အမူအရာတိုင်းအပေါ် ဘုရားသခင် ဝမ်းနည်းပြီး သောကရောက်နေသေးစဉ် သင်သည် အမြန်ဆုံး ရွေးချယ်မှု ပြုရမည်ဖြစ်ကာ သင်၏ လိုက်စားမှုနှင့်သက်ဆိုင်သော ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို သတ်မှတ်ရမည်။ သင်၏ အစီအစဉ်များကို ပြုလုပ်ရန် ဘုရားသခင်၏ အနားယူသည့် နေ့ရက်ကာလများ ရောက်လာသည်အထိ မစောင့်ဆိုင်းနှင့်။ ထိုအချိန်ထိ သင်သည် စစ်မှန်သည့် မချိတင်ကဲဖြစ်ခြင်း၊ နောင်တ၊ ပူဆွေးမှုနှင့် ငိုမြည်တမ်းတခြင်းတို့ မခံစားပါက အားလုံး အလွန် နောက်ကျလာလိမ့်မည်။ မည်သူကမျှ သင့်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်သည်လည်း ကယ်တင်နိုင်လိမ့်မည် မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးတော့ ကျွန်မစိတ်ထဲမှာ အရမ်းကို တို့ထိခံစားရတယ်။ ဘုရားသခင်က လူတွေကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်နေပြီး အမြဲတမ်း ဦးဆောင်နေခဲ့တာပဲ။ လူသားတွေရဲ့ကယ်တင်ခြင်းအတွက် ဘုရားသခင်ပေးဆပ်ခဲ့တဲ့ အဖိုးအခဟာ ကြီးမားလွန်းလှပါတယ်။ ကျွန်မကိုပဲ ဥပမာထားကြည့်ပါ။ ကျွန်မက သာမန်အိမ်ရှင်မတစ်ယောက်ပဲ။ ဆင်းရဲတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရပြီး ဘယ်သူကမှ ကျွန်မကို အထင်မကြီးခဲ့ဘူး၊ ဒါကြောင့် အားငယ်စိတ်နဲ့ နေခဲ့ရတယ်။ ဘုရားသခင်က ကျွန်မကို ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခွင့်ပေးတယ်၊ အသင်းတော်မှာ တာဝန်ထမ်းဆောင်ခွင့်ပေးပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကို ရခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ဖို့ ပတ်ဝန်းကျင်တွေကို အမြဲတမ်းစီစဉ်ညွှန်ကြားပေးတယ်၊ ကိုယ့်ကိုယ်ကိုယ်သိပြီး သမ္မာတရားတချို့ကို နားလည်စေဖို့ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေသုံးပြီး ကျွန်မကို ဉာဏ်ပွင့်စေခဲ့တယ်။ ကျွန်မအသက်ကြီးလာတော့ ကိုယ့်တုံ့ပြန်မှုက အရမ်းနှေးပြီး ဘာတာဝန်မှမထမ်းဆောင်နိုင်တော့တဲ့အတွက် ကယ်တင်ခြင်းမခံရနိုင်ဘူးလို့ ယုံကြည်ခဲ့တယ်၊ ဒါနဲ့ အပျက်သဘောဆောင်တဲ့အခြေအနေမှာ နေခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က သမ္မာတရားကိုနားလည်ဖို့ ကျွန်မကို ဉာဏ်အလင်းပေးဆဲပဲ၊ စိတ်ဆင်းရဲမှုနဲ့ စိုးရိမ်သောကဆိုတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေထဲကနေ ထွက်မြောက်ဖို့ ကူညီပေးပြီး သမ္မာတရားကိုလိုက်စားတဲ့လမ်းကြောင်းပေါ်ကို ဖြည်းဖြည်းချင်း လမ်းပြပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မအပေါ်မှာ ကိုယ်တော်ရဲ့ အပင်ပန်းခံရတဲ့ ကြိုးပမ်းအားထုတ်မှုတွေ အများကြီး အသုံးချခဲ့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း ငိုခဲ့တယ်၊ ကျွန်မက လုံးဝ အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိဘူးလို့ ခံစားခဲ့ရတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး သမ္မာတရားကို အလေးအနက်မလိုက်စားခဲ့တဲ့အတွက် ဘုရားသခင်ကို တကယ်ကို စိတ်ပျက်စေခဲ့ပြီး နောင်တရစရာတွေ အများကြီးပဲ ချန်ရစ်ခဲ့တယ်။ အခု ဘုရားသခင်ရဲ့အမှုတော်က မပြီးသေးဘူး၊ ကိုယ်တော်က လူတွေကို ကယ်တင်ဖို့ အမှုပြုနေတုန်းပဲ။ ကျွန်မ အချိန်နဲ့ခွန်အားအားလုံးကို သမ္မာတရားလိုက်စားတာ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းတာနဲ့ တာဝန်ထမ်းဆောင်တာတွေမှာ အသုံးချသင့်တယ်။ ကျွန်မက ကျွန်မရဲ့ တာဝန်ကို ကိုယ် စွမ်းဆောင်နိုင်သလောက် ကောင်းကောင်းဖြည့်ဆည်းသင့်တယ်၊ ပြီးတော့ ဘုရားသခင်ကို ကျွန်မအပေါ်မှာ ထပ်ပြီး စိတ်ပူပန်သောကရောက်အောင် မလုပ်သင့်တော့ဘူး။
အခုဆိုရင် ကျွန်မက အဖွဲ့နှစ်ဖွဲ့ရဲ့စုဝေးပွဲတွေကို တာဝန်ယူထားတယ်။ ညီအစ်ကိုမောင်နှမတစ်ယောက်ယောက် အခြေအနေမကောင်းတာ ဒါမှမဟုတ် အခက်အခဲတစ်ခုခုရှိတာကို မြင်ရင် သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ကူညီပေးနိုင်တဲ့ သက်ဆိုင်ရာဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မရှာပေးတယ်။ သူတို့ပြဿနာတွေ နည်းနည်းပြေလည်သွားတာကို မြင်ရတော့ ကျွန်မစိတ်ထဲမှာ အရမ်းပျော်တယ်။ အချိန်ရရင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတွေရေးတာ၊ ဧဝံဂေလိတရားဟောတာတွေကိုလည်း လေ့ကျင့်ပြီး ကိုယ်တတ်နိုင်သလောက် တာဝန်ကို ထမ်းဆောင်တယ်။ ဒီလိုအသက်ရှင်ရတော့ နေ့တိုင်းဟာ သိပ်ကို ပြည့်စုံပြီး စိတ်ထဲမှာလည်း တည်ငြိမ်အေးချမ်းတယ်လို့ ခံစားရတယ်။ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...
လီလန်၊ တရုတ်နိုင်ငံယုံကြည်သူတစ်ယောက်အနေနဲ့ ဒီနှစ်တွေအတွင်းမှာ၊ ကျွန်မတို့ရဲ့ ကံကြမ္မာနဲ့ ကျွန်မတို့ရဲ့ မွေးဖွားခြင်း၊...
ရှောင်ကျင့်၊ တရုတ်နိုင်ငံ၂၀၁၇ ခုနှစ်၊ ဧပြီလတုန်းက ကျွန်တော် ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှု သွားလုပ်ကြည့်တော့ ကိုယ့်မှာ အသည်းရောင်အသားဝါ...
ထောင်လျန်၊ တရုတ်ပြည်။ကျွန်မ ငယ်ငယ်ကတည်းက အသည်းရောင်အသားဝါ ဘီရောဂါရှိခဲ့တယ်။ ကုဖို့အတွက် ဆရာဝန်အမျိုးမျိုး၊ ဆေးအမျိုးမျိုးကို ကျွန်မ...