ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့်ဆိုင်သည့် အိမ်မက်မှ နိုးထခြင်း

26.02.2026

ရိဖန်၊ တရုတ်နိုင်ငံ

ကျွန်မ အသက် ၂၈ နှစ်မှာ ဓာတ်မတည့်တဲ့ ပန်းနာရင်ကျပ်ရောဂါ ရခဲ့တယ်။ ရောဂါထလိုက်တိုင်း အသက်ရှူလို့မရဘဲ အသက်ရှူကျပ်လွန်းလို့ ခေါင်းတွေ မူးနောက်လာတာပေါ့။ ညဘက်ဆို လှဲလို့တောင်မရဘူး၊ တစ်ခုခုကိုမှီပြီး မတ်မတ်ထိုင်နေရတယ်။ တစ်ညလုံး အဲဒီအတိုင်းပဲ နေရတာပါ။ အဲဒီတုန်းက ဆေးကုသမှုအတွက် ခဏခဏ ဆေးရုံတက်ခဲ့ရပြီးတော့ ရောဂါဝေဒနာကြောင့် ကျွန်မ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခဲ့ရတယ်။ တစ်ခါက ကျွန်မ ရောဂါအပြင်းအထန်ဖြစ်ပြီး အသက်ရှူလို့မရတာကို မှတ်မိသေးတယ်။ ဆေးရုံမှာ ဆယ်ရက်ကျော်လောက် နေခဲ့ပေမဲ့ ကျွန်မရဲ့အခြေအနေက တိုးတက်မလာသေးခဲ့ဘူး။ ဆေးပုလင်းချိတ်ပြီး အောက်ဆီဂျင်ပေးထားတာတောင်မှ အသက်ရှူကျပ်ပြီး ချွေးတွေ ရွှဲနေခဲ့တုန်းပဲ။ ဆေးရုံက ကျွန်မရဲ့အခြေအနေကို မကုသနိုင်တော့လို့ ဆေးရုံကြီးတစ်ခုကို လွှဲပေးဖို့ စီစဉ်ခဲ့တယ်။ မိသားစုက ကျွန်မကို လူနာတင်ထမ်းစင်နဲ့ သယ်သွားကြပြီး ဆေးရုံအဝင်ဝကို ရောက်လည်းရောက်ရော ကျွန်မ သတိလစ်တော့တာပဲ။ အဲဒီအချိန်မှာ ကျွန်မ သေတော့မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဆယ်ရက်ကြာ အရေးပေါ်ကုသမှုခံယူပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဆေးရုံကဆင်းပြီးတဲ့နောက် အိမ်မှာပဲ ထူထူထောင်ထောင်ဖြစ်အောင် အားပြန်ဖြည့်ခဲ့တယ်။ မဆိုသလောက် ချွတ်ချော်မှုလေးကတောင် ရောဂါ ပြန်ထစေမှာစိုးလို့ နေ့တိုင်း သတိကြီးကြီးနဲ့ နေထိုင်ခဲ့ရတယ်။ တစ်နေ့မှာ ကျွန်မ ဆရာဝန်နဲ့ သွားတွေ့တော့ ဆရာဝန်က “ခင်ဗျားရဲ့ရောဂါက ဆေးပညာအရ စိန်ခေါ်မှုတစ်ခုပဲ။ ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်တာတင်ပဲ တော်တော်ကောင်းနေပြီ၊ ပျောက်ကင်းဖို့တော့ အခွင့်အလမ်းမရှိဘူး။ အရေးပေါ်ဆေးဝါးကို အမြဲဆောင်ထားသင့်တယ်၊ ဘာလို့လဲဆိုတော့ ကုသမှုနောက်ကျသွားရင် အသက်အန္တရာယ်ရှိနိုင်လို့ပဲ” လို့ပြောတယ်။ ဒီလိုကြားရတော့ တော်တော်လေး စိတ်ဓာတ်ကျသွားတာပေါ့။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုလုပ်ပြီး ဒီလိုရောဂါမျိုး ဖြစ်ရတာလဲပေါ့။ အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ရောဂါအပြင်းအထန်ဖြစ်ခဲ့တဲ့အချိန်ကို ပြန်တွေးမိတိုင်း ကြောက်လို့ သိမ့်ခနဲတုန်မိတယ်။ နောက်ဆယ်နှစ်ကျော်လုံးလုံး နေရာအနှံ့မှာ ဆေးကုသမှုတွေ လိုက်ရှာခဲ့ပေမဲ့ ဘယ်ဆေးကမှ ရောဂါအရင်းအမြစ်ကို မကုသနိုင်ခဲ့ဘူး။ ရောဂါဝေဒနာရဲ့ ညှဉ်းပန်းမှုက ကျွန်မကို ဘဝအတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားစေခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို အမေက ကျွန်မကို ဟောပြောခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့် ဒါဟာ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှု နောက်ဆုံးအဆင့်ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့ပါတယ်။ ကျွန်မရဲ့တစ်သက်တာမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံနိုင်ခဲ့တာဟာ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတစ်ခုပါပဲ။ ကျွန်မ တွေးမိတယ်၊ “ငါသာ ကောင်းကောင်းမွန်မွန် လိုက်စားရင် ငါ့ရောဂါကို ကုသပေးဖို့ဆိုတာ ဘုရားသခင်အတွက် ဘာမှမဟုတ်တဲ့ကိစ္စလေးပဲ။ နိုင်ငံတော်ရဲ့ သာယာလှပမှုတွေကိုတောင် ငါ မြင်တွေ့ရနိုင်လောက်သေးတယ်” လို့ပေါ့။ ဒါဟာ ကန္တာရထဲက အိုအေစစ်တစ်ခုလိုပါပဲ၊ ကျွန်မ ဘဝအတွက် မျှော်လင့်ချက်တွေ ပြန်လည်ရရှိခဲ့တယ်။ အဲဒီနောက်မှာ အသင်းတော်မှာ ကျွန်မရဲ့တာဝန်ကို စပြီးထမ်းဆောင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ရောဂါက အရင်ကလောက် မဆိုးတော့ဘူးလို့ ခံစားလာရတယ်။ မကြာမကြာ ရောဂါထတတ်သေးပေမဲ့ ဆေးဝါးတချို့နဲ့ ထိန်းနိုင်ခဲ့တယ်။ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်နေခဲ့ပြီး တာဝန်ထမ်းဆောင်ဖို့ ပိုပြီးတော့တောင် စိတ်အားထက်သန်လာခဲ့ပါတယ်။ တစ်ခါက ဘုရားသခင်ကို ယုံကြည်တာ အချိန်အတော်ကြာပြီဖြစ်တဲ့ ညီအမတစ်ယောက်နဲ့ ကျွန်မ တွေ့ခဲ့တယ်။ သူက ဘုရားသခင်ကို မယုံကြည်ခင်က ကျွန်မလိုရောဂါမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ပြောတယ်။ ဘုရားသခင်ကို သူတွေ့ပြီးတဲ့နောက်မှာ အသင်းတော်မှာ သူ့တာဝန်ကို ဆက်ထမ်းဆောင်ခဲ့ပြီး မသိလိုက်ခင်မှာပဲ သူ့ရောဂါက သက်သာသွားခဲ့တယ်တဲ့။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဘုရားသခင်က သူ့ကို ရောဂါကုပေးနိုင်ရင် ငါ့ကိုလည်း သေချာပေါက် ကုပေးနိုင်မှာပဲ။ အခုလောလောဆယ် ငါက အဖိုးအခ လုံလုံလောက်လောက် မပေးဆပ်ရသေးလို့၊ မထိုက်တန်သေးလို့ပဲ ဖြစ်မှာ။ ငါသာ ပိုပြီးအသုံးခံလိုက်ရင် ဘုရားသခင်က ငါ့ကို စိတ်ပျက်စေမှာမဟုတ်ဘူး”လို့ပေါ့။

နောက်ပိုင်းမှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ကျွန်မ ထမ်းဆောင်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “စာနဲ့ပတ်သက်တဲ့ တာဝန်ကို ငါထမ်းဆောင်နိုင်တာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ချီးမြှောက်မှုပဲ။ ဒါကြောင့် ငါ စိတ်ပါလက်ပါနဲ့ ထမ်းဆောင်ရမယ်။ ငါ့ရဲ့ အဖိုးအခပေးလိုစိတ်ကို ဘုရားသခင်မြင်ရင်မြင်ပြီး ငါ့ရဲ့ဝေဒနာကို သက်သာစေရင် သက်သာစေမှာပဲ။ ဘုရားသခင်က အနန္တတန်ခိုးရှိတယ်၊ ပြီးတော့ ငါ့ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်မယ်ထင်တယ်” လို့ပေါ့။ ဒီလိုစိတ်နေစိတ်ထားနဲ့ပဲ နေ့တိုင်း မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ကျွန်မ အလုပ်လုပ်ခဲ့ပြီး၊ ကျွန်မရဲ့ တာဝန်မှာလဲ ရလဒ်တချို့ ထွက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရောက်တော့ ဆေးတချို့ကို ရေရှည်သုံးစွဲတဲ့အခါ ဆေးထိရောက်မှု နည်းလာတဲ့အတွက်၊ ပိုပြီးထိရောက်တဲ့ဆေးတွေကလဲ ကျွန်မအတွက် ဈေးကြီးလွန်းတဲ့အတွက် ရောဂါကို ထိန်းချုပ်ဖို့ ဟော်မုန်းဆေးကိုပဲ အားကိုးခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီနှစ်တွေတစ်လျှောက်လုံး ငါက ဒီရောဂါရဲ့ ဘောင်ခတ်တာကို မခံရဘဲ ကိုယ့်တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်ခဲ့တယ်။ တစ်နေ့နေ့မှာ ဘုရားသခင်က ငါ့ရဲ့အသုံးခံခြင်းကို မြင်ပြီး ငါ့ရောဂါကို ကုသပေးရင် ကုသပေးမှာပဲ။ အဲဒီအခါကျရင် ငါဟာ သာမန်လူတစ်ယောက်လို တာဝန်ထမ်းဆောင်နိုင်တော့မှာ။ အဲဒီလိုဆိုရင် အံ့ဩစရာမကောင်းဘူးလား”လို့ပေါ့။ ကျွန်မ ဒီလို အိပ်မက်မက်နေတုန်းမှာပဲ ကျွန်မရဲ့ရောဂါက သက်သာမလာတဲ့အပြင် ပိုလို့တောင် ဆိုးလာခဲ့တယ်။ ဟော်မုန်းဆေးကို အချိန်အကြာကြီး သောက်သုံးခဲ့တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ စပြီးပေါ်လာပြီးတော့ ခန္ဓာကိုယ်က စပြီး ဖောရောင်လာတယ်။ ကျွန်မရဲ့အခြေအနေကို မြင်တော့ ကြီးကြပ်ရေးမှူးက ကျွန်မ ဆေးကုသဖို့အတွက် အိမ်ပြန်ဖို့ စီစဉ်ပေးရုံကလွဲပြီး တခြားရွေးစရာ မရှိခဲ့ဘူးလေ။ ကျွန်မ အရမ်းကို အပျက်သဘောဆောင်ပြီး စိတ်ဆင်းရဲခဲ့ရတယ်၊ တွေးမိတာက “ငါ့ရောဂါက အရမ်းဆိုးလာပြီ။ အနာဂတ်က ဘုရားသခင်ရဲ့နိုင်ငံတော်က လှလှပပရှုခင်းတွေကို မပြောနဲ့၊ မနက်ဖြန်ကို မြင်တွေ့ဖို့ အသက်ရှင်နေဦးမလားဆိုတာတောင် ငါမသိတော့ဘူး”လို့ပေါ့။ ဒီလိုမျိုး စဉ်းစားရင်းနဲ့ သတိမထားမိဘဲ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျလာပြီး စိတ်နှလုံးထဲမှာ စပြီး မကျေမနပ်ပြောတော့တယ်၊ “အို ဘုရားသခင်။ ဒီနှစ်တွေတစ်လျှောက်လုံး တာဝန်ထမ်းဆောင်ဖို့ လေထဲမိုးထဲမှာ အခက်အခဲအများကြီးကို ခါးစည်းခံပြီး အဖိုးအခပေးခဲ့ရတယ်။ သမီးရဲ့ တာဝန်မှာလည်း ရလဒ်တွေ ထွက်ခဲ့တာပဲ၊ ဒါကို ကိုယ်တော်က ဘာလို့ သမီးကို မစောင့်ရှောက်ခဲ့တာလဲ။ သမီးသာ ဒီအတိုင်းသေသွားရင် သမီးရဲ့ အသုံးခံခြင်းအားလုံးက အဓိပ္ပာယ်မရှိတော့ဘူး မဟုတ်ဘူးလား။ ဘုရားသခင်၊ ကိုယ်တော်က သမီးကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ဒီရောဂါကို အသုံးပြုနေတာလား။ ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် အစကတည်းက ရောဂါကို သေချာကုသပြီး ခန္ဓာကိုယ်ကို ဂရုစိုက်နေခဲ့မှာပေါ့။ အဲဒါဆို အခုလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး”လို့ပေါ့။ ဒီလိုမျိုး စဉ်းစားလေလေ၊ ပိုပြီး နစ်နာတယ်လို့ ခံစားရလေလေပဲ။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို မစားမသောက်တော့ဘူး၊ ဆုလဲမတောင်းတော့ဘူး။ နေ့တိုင်း ငိုင်တိုင်တိုင်နဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပဲ နေထိုင်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို စွန့်ပစ်လိုက်သလိုမျိုး၊ သူနဲ့ အရမ်းကို အလှမ်းဝေးကွာနေသလိုပဲ ခံစားခဲ့ရတယ်။ ကျွန်မ တော်တော်ကြောက်သွားပြီး ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့အခြေအနေက မှားနေမှန်း ကျွန်မသိပါတယ်၊ ဒါပေမဲ့ ဘယ်လိုသင်ခန်းစာယူရမယ်ဆိုတာကို သမီး မသိဘူး။ သမီးရဲ့ပြဿနာကို နားလည်နိုင်ဖို့အတွက် ကျေးဇူးပြုပြီး ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ”လို့ပေါ့။

တစ်နေ့မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပြီး ကိုယ့်ပြဿနာနဲ့ပတ်သက်လို့ နည်းနည်း သိလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်။ လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ အပျက်သဘောဆောင်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂))လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ကျွန်မ နှလုံးသားကို ထိုးဖောက်သလို ခံစားလိုက်ရတယ်၊ စိတ်ဆင်းရဲတယ်၊ ရှက်ရွံ့ပြီး အရှက်ရခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ ရောဂါဝေဒနာကို ခံစားနေရပေမဲ့လည်း တာဝန်ထမ်းဆောင်ဖို့ မနက်စောစောထပြီး ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခဲ့တယ်။ ဘုရားသခင်ကို သစ္စာစောင့်သိပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပုံ၊ ကိုယ်တော့်ကို စိတ်ကျေနပ်အောင် ကြိုးစားတဲ့ပုံပေါ်ပေမဲ့ ကျွန်မရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့အသုံးခံခြင်းနဲ့ အောင်မြင်မှုတွေကို အရင်းအနှီးအဖြစ်သုံးပြီး ဘုရားသခင်ဆီကနေ ရောဂါကုသမှု ခံယူချင်တာပါပဲ။ ဒီအရာတွေကို ကယ်တင်ခြင်းရဖို့နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲဝင်ရဖို့အတွက် အပေးအယူလုပ်စရာတွေအဖြစ် ရှုမြင်ခဲ့တယ်။ ကျွန်မလုပ်ခဲ့သမျှအားလုံးဟာ ကိုယ့်ရဲ့ကောင်းချီးနဲ့ အကျိုးအမြတ်တွေအတွက်ဖြစ်ပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပါ။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့တာဝန်ကို အမှန်တကယ် ကောင်းကောင်းဖြည့်ဆည်းနေတာ မဟုတ်ပါဘူး။ ကျွန်မရဲ့ရောဂါက ကုရာနတ္ထိဆေးမရှိတဲ့ရောဂါဖြစ်ပြီး နှစ်တွေအများကြီး နာကျင်မှုနဲ့ ဒုက္ခဝေဒနာကို ခံစားခဲ့ရတာက ကျွန်မကို အသက်ရှင်ချင်စိတ် ပျောက်ဆုံးစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နာကျင်ပြီး မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ ဘုရားသခင်ရဲ့ ဧဝံဂေလိတရားက ကျွန်မဆီကို ရောက်လာခဲ့တယ်။ ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ တန်ခိုးကို မြင်တွေ့ရတော့ ကိုယ်တော့်အပေါ်မှာ မျှော်လင့်ချက်တွေ ထားခဲ့တယ်။ အထူးသဖြင့် ညီအမတစ်ယောက် ဘုရားသခင်ကို ရှာတွေ့ပြီးနောက်မှာ ရောဂါပျောက်ကင်းသွားတာကို မြင်လိုက်ရတော့ ကိုယ့်တာဝန်မှာ ဒုက္ခဝေဒနာကို ခံလိုစိတ်ရှိနေသရွေ့ ဘုရားသခင်က ကျွန်မကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကိုယ်တော်က ကျွန်မရဲ့ရောဂါကို ကုသပေးရုံသာမက ထာဝရအသက်ကို ခံစားဖို့အတွက် သူ့ရဲ့နိုင်ငံတော်ထဲကို ခေါ်ဆောင်သွားမယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် အသင်းတော်က ဘယ်လိုတာဝန်မျိုးကိုပဲ ကျွန်မအတွက် စီစဉ်ပေးပါစေ၊ လက်ခံပြီး ကျိုးနွံနာခံခဲ့တယ်၊ ရောဂါကို ထိန်းချုပ်ဖို့ ဆေးသောက်ခဲ့ပြီး ကိုယ့်တာဝန်ကို တစ်ခါမှ မနှောင့်နှေးစေခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ရောဂါက သက်သာရမယ့်အစား ပိုဆိုးလာတဲ့အခါ၊ သေဘေးနဲ့တောင် ရင်ဆိုင်ခဲ့ရပြီး၊ ကျွန်မ ချက်ချင်းပဲ ဘုရားသခင်ကို ဆန့်ကျင်ခဲ့တယ်။ ဘုရားသခင်က ကျွန်မအပေါ် မဖြောင့်မတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မဟာ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ နေထိုင်ရင်း ဘုရားသခင်ကို မကျေမနပ်ပြောပြီး အထင်လွဲခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်တော့ဘူး၊ ဆုလည်း မတောင်းတော့ဘူး၊ အရင်က အသုံးခံခဲ့တာတွေကိုတောင် နောင်တရခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုအရ ကိုယ့်ကိုယ်ကိုယ် ရှုမြင်လိုက်တဲ့အခါ ဘုရားသခင်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးက အလုပ်သမားနဲ့ အလုပ်ရှင်ကြားက ဆက်ဆံရေးလိုပဲ ပကတိ အကျိုးစီးပွားတစ်ခုပဲဆိုတာကို သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအားလုံးဟာ ဘုရားသခင်ဆီက အကျိုးကျေးဇူးတွေရဖို့အတွက်ပဲဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်မ အသုံးချပြီး လှည့်စားနေခဲ့တာပါ။ ကျွန်မ ဘုရားသခင်ကို ဘုရားအဖြစ် ဘယ်တုန်းကမှ အမှန်တကယ် သဘောမထားခဲ့ပါဘူး။ ကျွန်မ အသက် ၂၀ ကျော်တုန်းက ရောဂါအပြင်းအထန်ဖြစ်ခဲ့တာကို ပြန်တွေးမိတယ်၊ ဘုရားသခင်ရဲ့ ကွယ်ကာမှုသာ မရှိခဲ့ရင် ကျွန်မ သေတာကြာလှပြီဆိုတာ သိခဲ့တယ်။ မဟုတ်ရင် ဘယ်လိုလုပ် အသက်ဆက်ရှင်နိုင်ဦးမှာလဲ။ ဘုရားသခင်က ကျွန်မကို ဒုတိယအသက်ကို ပေးသနားပြီး ဒီအချိန်အထိ အသက်ရှင်ခွင့်ပေးခဲ့တာပါ။ ဒါပေမဲ့ ကျေးဇူးတင်ရမဲ့အစား ကျွန်မရဲ့အသုံးခံခြင်းကိုသုံးပြီး ဘုရားသခင်ဆီက ကောင်းချီးနဲ့ ကျေးဇူးတော်ကို တောင်းဆိုခဲ့တယ်။ ကျွန်မဟာ တကယ်ကို လူ့သဘာဝ ကင်းမဲ့ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ မထိုက်တန်ပါဘူး။ ကျွန်မ ပေါလုကို သတိရမိတယ်။ သူဟာ ကြိုးစားပမ်းစားလုပ်ဆောင်ပြီး စွန့်လွှတ်အနစ်နာခံခဲ့ပေမဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ မဟုတ်ဘဲ ကောင်းချီးမင်္ဂလာတွေနဲ့ သရဖူကိုရဖို့အတွက်ပဲ လုပ်ခဲ့တာပါ။ အဆုံးမှာတော့ ပုန်ကန်မှုနဲ့အတူ သူက “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) လို့ ပြောခဲ့တယ်။ သူဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့တယ်။ ကျွန်မသာ နောင်တရပြီး မပြောင်းလဲဘဲ ဘုရားသခင်ဆီကနေ ကောင်းချီးနဲ့ ကျေးဇူးတော်ကို ဆက်တိုက်တောင်းဆိုနေမယ်ဆိုရင် အဆုံးမှာ ပေါလုလိုပဲ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ပိုလို့တောင် နောင်တရသွားပြီး၊ သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ကို မုန်းတီးမိတယ်။ ကျွန်မဟာ ကောင်းချီးရဖို့ လိုက်စားတဲ့ မှားယွင်းတဲ့လမ်းကြောင်းပေါ်ကို ရောက်နေခဲ့တာပဲ။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကိုယ်တော့်အပေါ် ကျွန်မ ချစ်ခြင်းမေတ္တာပြတာမျိုး၊ ကျေးဇူးပြန်ဆပ်ဖို့ ကြိုးစားတာမျိုး မရှိခဲ့ဘူး။ ကိုယ်တော့်ကို အသုံးချဖို့ပဲ ကြိုးစားခဲ့တယ်။ ကျွန်မဟာ လူ့သဘာဝ လုံးဝကို ကင်းမဲ့ခဲ့ပါတယ်။ ဘုရားသခင်၊ ကျွန်မရဲ့ မှားယွင်းတဲ့ရည်ရွယ်ချက်ကို ပုန်ကန်ပြီး ကိုယ်တော်နဲ့ အပေးအယူလုပ်တာကို ရပ်တန့်ချင်ပါတယ်” လို့ပေါ့။

အဲဒီနောက်မှာ ဆေးဝါးတွေ၊ ရှူဆေးတွေနဲ့ ကုသမှုခံယူပြီးတဲ့အခါ ကျွန်မရဲ့ရောဂါဟာ တော်တော်လေး ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့အခြေအနေကို ရောက်လာခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ပြန်ပြီး ထမ်းဆောင်ခဲ့တယ်။ ဒီအခွင့်အရေးကို ကျွန်မ တန်ဖိုးထားခဲ့ပါတယ်။ ဒီအချိန်အတွင်းမှာ ကျွန်မရဲ့တာဝန်ကို အတတ်နိုင်ဆုံးနဲ့ စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ခဲ့ပြီး၊ တာဝန်ရဲ့ရလဒ်တွေကလည်း တော်တော်လေး ကောင်းခဲ့ပါတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကို ရောက်လာပြီး၊ ကျွန်မရဲ့ ပန်းနာရင်ကျပ်ရောဂါက ရုတ်တရက် ပိုဆိုးလာခဲ့တယ်။ သောက်ဆေးတွေ၊ ထိုးဆေးတွေကလည်း မတိုးတော့သလို ဆေးကုသမှုခံယူဖို့ ပြည်နယ်ဆေးရုံကို သွားရုံကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူး။ အခက်အခဲအများကြီးနဲ့မှ နောက်ဆုံးမှာ ကျွန်မရဲ့အခြေအနေက တည်ငြိမ်သွားခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပန်းနာရင်ကျပ်က ပြန်ထလာခဲ့တယ်။ ရှူသွင်းလို့ပဲရပြီး ရှူထုတ်လို့မရတော့ဘူး၊ အဲဒါကြောင့် ခေါင်းမူးပြီး ရီတီတီဖြစ်နေသလို အချိန်မရွေး အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ခံစားခဲ့ရတယ်။ အနားယူဖို့ အိမ်ပြန်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ အိမ်ပြန်ရမယ့်အကြောင်းကို တွေးမိလိုက်တာနဲ့ ကျွန်မ အရမ်းကို စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်မဲ့သွားတဲ့အပြင်၊ မျက်ရည်တွေကို မထိန်းနိုင်ဘဲ ကျလာခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့တာဝန်မှာ ငါ အရမ်းကြိုးစားခဲ့တယ်၊ ဒုက္ခဆင်းရဲတွေ အများကြီးခံပြီး အဖိုးအခကြီးကြီးမားမား ပေးဆပ်ခဲ့တာပဲ၊ ဘာလို့ ငါ့ရောဂါက ပိုပိုပြီးတောင် ဆိုးလာရတာလဲ။ ဘုရားသခင်က ဘာလို့ ငါ့ရဲ့ တာဝန်ထမ်းဆောင်လိုစိတ်ကို မထောက်ထားဘဲ ငါ့ကို မစောင့်ရှောက်၊ မကုသပေးရတာလဲ။ ဘုရားသခင်က ငါ့စိတ်နှလုံးကို မမြင်ဘူးလား”လို့ပေါ့။ ဒီလိုမျိုး စဉ်းစားလေလေ၊ ပိုပြီး နစ်နာတယ်လို့ ခံစားရလေလေဖြစ်ပြီး ဘုရားသခင်က ကျွန်မအပေါ် မဖြောင့်မတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့အနာဂတ်အတွက် လုံးဝ မျှော်လင့်ချက်မဲ့တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ရောဂါက ကုသဖို့ မဖြစ်နိုင်သလို၊ ကယ်တင်ခြင်းရပြီး နိုင်ငံတော်ထဲဝင်ဖို့ မျှော်လင့်ချက်ကလည်း ပိုပြီးတော့တောင် မရှိတော့သလိုပါပဲ။ အဲဒီအချိန်မှာ ညီအမတစ်ယောက်က ကျွန်မရဲ့အခြေအနေနဲ့ကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပေးခဲ့တယ်။ “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။...သင်က ‘ဤရောဂါမှ ငါကုသပျောက်ကင်းလျှင် ထိုအရာမှာ ဘုရားသခင်၏ ကြီးမြတ်သည့် တန်ခိုးတော်ဖြစ်ကြောင်း ကျွန်ုပ် ယုံကြည်ပါမည်။ သို့သော် ကျွန်ုပ် ကုသပျောက်ကင်းခြင်း မရှိလျှင် ဘုရားသခင်ကို ကျွန်ုပ် ကျေနပ်အားရမည်မဟုတ်ပါ။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်အား ဤရောဂါကို ပေးသနည်း။ ဤရောဂါကို သူ အဘယ်ကြောင့် မကုသပေးသနည်း။ အဘယ်ကြောင့် ဤရောဂါကို ကျွန်ုပ် ရရှိပြီး အခြားတစ်စုံတစ်ဦးက မရသနည်း။ ကျွန်ုပ် မလိုချင်ပါ။ ထိုမျှ ငယ်သောအရွယ်တွင် ကျွန်ုပ် အဘယ်ကြောင့် စောစီးစွာ သေဆုံးရမည်နည်း။ အခြားလူများ ဆက်လက် အသက်ရှင်ကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။ အဘယ်ကြောင့်နည်း’ဟု ပြော၍မရပေ။ အကြောင်းအရင်းဟူသည် မရှိ။ ယင်းမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ဖြစ်သည်။ သူသည် အမှုအရာများကို ဤသို့ စီစဉ်ပြီး ကြံစည်ထားခဲ့သည်။ အကြောင်းရင်း မရှိသကဲ့သို့ အဘယ်ကြောင့်နည်းဟု သင် မမေးသင့်။ အဘယ်ကြောင့်နည်းဟု မေးမြန်းခြင်းသည် ပုန်ကန်သည့် စကားဖြစ်ပြီး ဤသည်မှာ အဖန်ဆင်းခံတစ်ဦး မေးသင့်သည့် မေးခွန်းတစ်ခု မဟုတ်။ အဘယ်ကြောင့်ဟု သင် မေးပါက သင်သည် အလွန် ပုန်ကန်တတ်၊ အလွန် ခေါင်းမာလွန်းသောကြောင့် ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ တစ်စုံတစ်ရာက သင့်ကို စိတ်မကျေမနပ် ဖြစ်စေသည့်အခါ၊ သို့မဟုတ် သင်ဆန္ဒ ရှိသည့်အတိုင်း ဘုရားသခင် မလုပ်ဆောင်၊ သို့မဟုတ် သင့်သဘောအတိုင်း ဖြစ်ခွင့်မပေးသည့်အခါ၊ သင်သည် ဝမ်းနည်းလာသည်၊ မကျေမချမ်းဖြစ်ပြီး သင်က အဘယ်ကြောင့်နည်းဟု အမြဲ မေးသည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို ‘အဖန်ဆင်းခံတစ်ဦးအဖြစ်၊ သင်၏တာဝန်ကို သင် အဘယ်ကြောင့် ကောင်းစွာ မလုပ်ဆောင်သနည်း။ သင်၏ တာဝန်ကို သင် အဘယ်ကြောင့် သစ္စာစောင့်သိစွာ မထမ်းဆောင်လေပြီနည်း’ဟု မေးသည်။ သင်မည်သို့ တုံ့ပြန်မည်နည်း။ သင်က ‘အကြောင်းရင်း မရှိပါ။ ကျွန်ုပ်သည် ဤကဲ့သို့သာဖြစ်သည်’ဟု ပြောသည်။ ဤအဖြေသည် လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) ဘုရားသခင် သင့်ကို ထိုသို့ပြောခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်သော်လည်း ဘုရားသခင်အား သင် ထိုသို့ပြောခြင်းမှာမူ လက်မခံနိုင်ဖွယ် ဖြစ်၏။ သင်သည် မှားယွင်းသည့်နေရာတွင် ရပ်တည်နေပြီး သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့လွန်း၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နည်းနည်းနားလည်လာခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ရောဂါဝေဒနာနဲ့ နေထိုင်ပြီး ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းစုံကို နားလည်စေချင်တာမဟုတ်သလို၊ ရောဂါကနေ လွတ်မြောက်ဖို့ စိုးရိမ်တကြီး ကြိုးစားစေချင်တာလည်း မဟုတ်ဘူး။ ရောဂါကို ကုသလို့ရတယ်၊ ဒါပေမဲ့ ပျောက်ကင်းမလား၊ အသက်ကို အန္တရာယ်ပေးနိုင်မလားဆိုတာက လူတွေအပေါ် မူတည်တာမဟုတ်ဘူး။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်မှုအောက်မှာပဲ ရှိတယ်။ ကျွန်မလုပ်ရမှာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ရောဂါဝေဒနာထဲမှာ ကိုယ်ထုတ်ဖော်မိခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ မှားယွင်းတဲ့အမြင်တွေကို ဆင်ခြင်သုံးသပ်ဖို့၊ ပြီးတော့ ဒီအရာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ပါပဲ။ ဒါဟာ ကျွန်မမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ ကျွန်မ ရောဂါဝေဒနာခံစားရချိန်မှာ ဘုရားသခင်အပေါ် ဘာကျိုးနွံနာခံမှုမှ မရှိခဲ့ပုံကို စဉ်းစားမိတယ်။ အခြေအနေဆိုးလာပြီး တာဝန်မထမ်းဆောင်နိုင်တော့တဲ့အခါ၊ အသက်အန္တရာယ်ရှိလာတဲ့အခါမှာတောင် သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ အဲဒီအစား ညည်းညူခဲ့တယ်။ ကိုယ့်ရဲ့ဒုက္ခခံခြင်းနဲ့ အသုံးခံခြင်းကို မထောက်ထားတာ၊ မကွယ်ကာခဲ့တာတွေအတွက် ဘုရားသခင်ကို မကျေမနပ်ပြောခဲ့ပြီး၊ ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ အရင်က အတွေ့အကြုံတွေကနေတစ်ဆင့် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတဲ့ ကိုယ့်ရဲ့မှားယွင်းတဲ့စိတ်သဘောထားကို နည်းနည်းနားလည်ခဲ့ပေမဲ့ စစ်မှန်တဲ့ ပြောင်းလဲခြင်း မရှိခဲ့ဘူး။ ဘုရားသခင်က ကျွန်မရဲ့ ချို့တဲ့မှုတွေနဲ့ အားနည်းချက်တွေကို သိတယ်။ ရောဂါပြန်ထရာကတစ်ဆင့် သူ့ကို ယုံကြည်ရာမှာ ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေကို သူ နောက်တစ်ခါ ဖော်ထုတ်ခဲ့တယ်။ အဲဒီအခါမှ ကောင်းချီးမင်္ဂလာရရှိလိုတဲ့ ကျွန်မရဲ့ရည်ရွယ်ချက်တွေက ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသလဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ရောဂါပြန်ထတာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်း ပါဝင်နေပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးဖို့ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အမှုကို နားမလည်ဘဲ ဘုရားသခင် မဖြောင့်မတ်ဘူးလို့ မကျေမနပ်ပြောခဲ့တယ်။ ကျွန်မရဲ့ရောဂါကတစ်ဆင့် ဘုရားသခင်က ကျွန်မကို ဖယ်ရှားရှင်းလင်းဖို့ ရည်ရွယ်တယ်လို့ တွေးရင်းနဲ့ အထင်လွဲခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်ခဲ့တာတောင် ဘုရားသခင်ကို ကျွန်မ လုံးဝမသိသေးဘူးဆိုတာကို မြင်လိုက်ရတယ်။ ကျွန်မဟာ တကယ်ကို နုံချာတဲ့၊ သနားစရာကောင်းပြီး မျက်စိကန်းတဲ့သူပါပဲ။ အခု ကျွန်မ နားလည်သွားပြီ၊ အပေါ်ယံမှာတော့ ဒီရောဂါကြောင့် ကျွန်မ ဒုက္ခအများကြီးခံခဲ့ရပေမဲ့ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်၊ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းဖြစ်တယ်၊ ပြီးတော့ ရောဂါဝေဒနာထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိလာစေဖို့ ဖြစ်တယ်ဆိုတာကိုပေါ့။ ဒီလိုသာမဖြစ်ခဲ့ရင် ကျွန်မဟာ ကိုယ့်ရဲ့မှားယွင်းတဲ့ လိုက်စားမှုနောက်ကွယ်က ရှုထောင့်အမြင်နဲ့ပဲ ဆက်သွားနေမှာဖြစ်ပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ ပိုပိုပြီး ဝေးကွာသွားမှာဖြစ်သလို အဆုံးမှာတော့ ပြန်လမ်းမရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းမိမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ စိတ်နှလုံးထဲမှာ ကြည်လင်သွားပြီး ဘုရားသခင်ကို မကျေမနပ်ပြောတာ၊ အထင်လွဲတာတွေ မလုပ်တော့ပါဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် နားလည်မှု နည်းနည်း ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ အယူအဆအရ သင်နားလည်ရမည်။ သင်တို့ မည်သည့်အရာကို ပြောမည်နည်း။ စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ (ဟုတ်ပါသည်။) စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးခဲ့ပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုံ့ပြန်သနည်း။ ‘လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်း ပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။’ ဘုရားသခင်သည် လူသားကို သူကယ်တင်သည့်အချိန်တွင် စာတန်ကို မဖျက်ဆီးရသည့်အကြောင်းအရင်းမှာ လူသားများကို စာတန်က မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ လူသားများကို ဖျက်ဆီးခဲ့သည့် အတိုင်းအတာနှင့် ဘုရားသခင်က လူသားတို့ကို မည်သို့ သန့်စင်ပြီး ကယ်တင်ကြောင်းတို့ကို လူသားများ ရှင်းလင်းစွာ မြင်နိုင်ဖို့ဖြစ်သည်ကို သင်သည် ယခုအခါ သိမြင်သင့်ပေသည်။ အဆုံးတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး စာတန်၏ စက်ဆုပ်ဖွယ် အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ၎င်းတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့်သက်ဆိုင်သော ကြောက်စရာကောင်းသော အပြစ်တရားကို ရှုမြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် စာတန်ကို ဖျက်ဆီးကာ လူတို့အား သူ၏ ဖြောင့်မတ်ခြင်းကို ပြလိမ့်မည်။ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အချိန်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နေသည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ကျွန်မဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ လုံးဝ နားမလည်ခဲ့ဘူးဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က မြင်တဲ့ တရားမျှတမှုနဲ့ ကျိုးကြောင်းဆီလျော်မှုအဖြစ် သတ်မှတ်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်တယ်၊ အဖိုးအခပေးခဲ့တယ်၊ အသုံးခံခဲ့တယ်ဆိုတော့ ဘုရားသခင်က ကျွန်မရဲ့ရောဂါကို ကုသပေးသင့်ပြီး ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားသင့်တယ်လို့ ထင်ခဲ့တယ်။ အရာရာက ကိုယ့်အယူအဆနဲ့ ကိုက်ညီတဲ့အခါ ဘုရားသခင်က ဖြောင့်မတ်တယ်လို့ သတ်မှတ်ပြီး၊ ဘုရားသခင်က ကောင်းချီးမပေးတဲ့အခါ၊ အမှုအရာတွေက ကိုယ့်အယူအဆနဲ့ စိတ်ကူးတွေနဲ့ မကိုက်ညီတဲ့အခါမှာတော့ ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ကိုယ် ကောင်းချီးနဲ့ အကျိုးအမြတ်ရခြင်း ရှိမရှိဆိုတဲ့အပေါ်မှာပဲ လုံးလုံး အခြေခံပြီး တိုင်းတာခဲ့တာ၊ ဒါဟာ သမ္မာတရားနဲ့ လုံးဝကို မကိုက်ညီဘူး။ ဒီအမြင်တွေက တကယ်ကို လွဲချော်နေခဲ့တာပါပဲ။ တကယ်တော့ လူတစ်ယောက်ဟာ ဘုရားသခင်ကို ရှာတွေ့ပြီးတဲ့နောက် ဘယ်လောက်ပဲ စွန့်လွှတ်အသုံးခံပါစေ ဘယ်လောက်ပဲ ဒုက္ခခံပြီး အဖိုးအခကြီးကြီးမားမား ပေးဆပ်ပါစေ၊ ဒါတွေအားလုံးဟာ ဖန်ဆင်းခံတစ်ဦးအနေနဲ့ လုပ်သင့်တဲ့အရာတွေပါပဲ။ ဘုရားသခင်က လူတွေကို ဆက်ဆံပုံ၊ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးမလား၊ ခန္ဓာကိုယ်ရဲ့ ရောဂါကို ကုသပေးမလားဆိုတာနဲ့ ပတ်သက်လို့ကတော့ ဘုရားရဲ့ အထူးလုပ်ပိုင်ခွင့်အာဏာဖြစ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်မှာ ဘုရားသခင်ကို ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါလို့ တောင်းဆိုပိုင်ခွင့်မရှိဘူး။ လူတွေလုပ်သင့်တာက လက်ခံပြီး ကျိုးနွံနာခံဖို့ပဲ၊ ဒါဟာ သူတို့မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားဖြစ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်ရဲ့အသုံးခံခြင်းကြောင့် ကျွန်မကို ရောဂါကုသပေးဖို့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်ပြီး တောင်းဆိုခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို ခြိမ်းခြောက်တောင်းယူနေတာ မဟုတ်ဘူးလား။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာ စွန့်လွှတ်အသုံးခံခဲ့တဲ့အတွက် ဘုရားသခင်က ကျွန်မအတွက် အရာရာကို ချောမွေ့အောင် သေချာလုပ်ပေးရမယ်၊ ကျွန်မရောဂါကို ကုသပေးရမယ်၊ အဲဒီလိုမှမဟုတ်ရင် ကိုယ်တော်က မဖြောင့်မတ်ဘူး။ ဒါတွေက ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေပဲ မဟုတ်ဘူးလား။ ဘုရားသခင်က ကျွန်မကို ရောဂါကုသပေးရင် ဒါဟာ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းပဲ၊ ကျွန်မကို ရောဂါမကုသပေးရင်လည်း ဒါက ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းပဲ။ ကျွန်မရဲ့ရောဂါ ဘယ်လောက်ပဲ ဆိုးလာပါစေ၊ ဘုရားသခင်က ကျွန်မကို သေခွင့်ပေးရင်တောင် ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပဲ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုဂ္ဂိုလ်ရေးအကျိုးအမြတ်တွေရဲ့ ရှုထောင့်ကနေ ရှုမြင်လို့မရဘဲ၊ ကိုယ်တော်ရဲ့ အနှစ်သာရရှုထောင့်ကနေ ရှုမြင်ရမယ်။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီး ကိုယ်တော်ရဲ့ အနှစ်သာရက ဖြောင့်မတ်ခြင်းပဲ။ ကျွန်မတို့ကို ဘယ်လိုပဲဆက်ဆံပါစေ ဒါဟာ ကျွန်မတို့နဲ့ ထိုက်တန်ပြီး ဖြောင့်မတ်ပါတယ်။ ဘုရားသခင်က ပေတရုကို စာတန်လက်ထဲ အပ်ခဲ့ပုံကို ကျွန်မ စဉ်းစားမိတယ်။ ပေတရုက ဘုရားသခင်ကို မကျေမနပ်ပြောတာ၊ အထင်လွဲတာမျိုးမရှိဘဲ လက်ခံနိုင်ခဲ့တယ်၊ သူက “လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်း ပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။” “ကျွန်တော်ဟာ သေးငယ်သော ဖန်ဆင်းခံတစ်ဦးမျှသာဖြစ်ပြီး ဘုရားသခင်က ကျွန်တော့်အပေါ် ဘယ်လိုပဲလုပ်လုပ် သင့်တော်ပါတယ်။ ကိုယ်တော်က ကျွန်တော့်ကို ရောဂါကုသပေးမလား မပေးဘူးလား၊ ကောင်းမွန်တဲ့ အဆုံးသတ် ဒါမှမဟုတ် ပန်းတိုင်တစ်ခု ပေးမလား မပေးဘူးလားဆိုတာကို ကျွန်တော် လက်ခံပြီး ကျိုးနွံနာခံသင့်တယ်၊ ဘာလို့လဲဆိုတော့ ဒါက လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားရှိခြင်းကို ပြသတာဖြစ်လို့ပါပဲ” လို့တောင် ပြောခဲ့တယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အရင်က ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သမီး နားမလည်ခဲ့ဘဲ ကိုယ့်ရဲ့အယူအဆနဲ့ စိတ်ကူးတွေနဲ့ပဲ တိုင်းတာခဲ့တယ်။ ကိုယ်တော် ဘာပဲလုပ်လုပ် ဖြောင့်မတ်တယ်ဆိုတာကို အခု သမီး နားလည်သွားပါပြီ။ သမီးရဲ့ရောဂါ မပျောက်ကင်းဘဲ သေသွားရင်တောင် ကိုယ်တော်က ဖြောင့်မတ်နေတုန်းပါပဲ၊ ကိုယ်တော့်ကို သမီး ကျေးဇူးတင်ပြီး ချီးမွမ်းနေဦးမှာပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် ကျိုးနွံနာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့စိတ်နှလုံးဟာ ကြည်လင်လာပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့တယ်။ ယောဘက ဘုရားနဲ့ အပေးအယူလုပ်ဖို့ မကြိုးစားဘဲ ယုံကြည်ခဲ့တယ်။ သူဟာ ကောင်းချီးမင်္ဂလာတွေ ခံစားရသည်ဖြစ်စေ၊ ဘေးဒဏ်တွေ ခံစားရသည်ဖြစ်စေ ဘုရားသခင်ကို ချီးမွမ်းနိုင်ခဲ့တယ်။ ဒါက ဘာကြောင့်လဲဆိုတော့ သူဟာ အရာခပ်သိမ်းကနေပြီးတော့ သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကနေ ဘုရားသခင်ရဲ့ သြဇာအာဏာကို အသိအမှတ်ပြုခဲ့လို့ပဲ၊ ပြီးတော့ အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး စီစဉ်နေခဲ့တာဟာ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့တန်ခိုးဖြစ်တယ်ဆိုတာကို သူသိခဲ့လို့ပဲ။ လူတစ်ယောက်ဟာ အဆုံးမှာ ကောင်းချီးမင်္ဂလာတွေ ခံစားရသည်ဖြစ်စေ၊ ဒုက္ခဆင်းရဲခံရသည်ဖြစ်စေ ခြွင်းချက်မရှိ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်။ ယောဘမှာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားရှိတယ်၊ သူက ဘုရားသခင်ကို တစ်ခုခုလုပ်ပေးဖို့ မတောင်းဆိုခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ဆီက လာသမျှအရာအားလုံးကို အမြဲတမ်းစောင့်ဆိုင်း၊ လက်ခံပြီး ကျိုးနွံနာခံဖို့ပဲ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုခဲ့တယ်။ ယောဘဟာ ရိုးသားတယ်၊ ကြင်နာတယ်၊ ဘုရားသခင်အပေါ်မှာ စစ်မှန်တဲ့ယုံကြည်ခြင်းရှိတယ်။ အဆုံးမှာတော့ စမ်းသပ်မှုတွေအတွင်းမှာ သူ့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ကျွန်မလဲ ယောဘကို အတုယူချင်တယ်၊ ကျွန်မရဲ့ရောဂါ သက်သာလာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ဒါမှမဟုတ် ကျွန်မရဲ့အဆုံးသတ်က ဘယ်လိုပဲဖြစ်ပါစေ ဘုရားသခင်ရဲ့ အစီအစဉ်တွေနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပြီး ကိုယ့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေကို မလုပ်တော့ပါဘူး။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အတိတ်တုန်းက သမ္မာတရားကို သမီး နားမလည်ခဲ့ပါဘူး။ သမီးရဲ့ရောဂါ ပျောက်ကင်းမလား၊ ကောင်းမွန်တဲ့ အဆုံးသတ် ဒါမှမဟုတ် ပန်းတိုင်တစ်ခု ရှိနိုင်မလားဆိုတာနဲ့ပတ်သက်ပြီး အမြဲတမ်း စိတ်ပူပန်သောကရောက်ခဲ့ရပြီး ကြီးမားတဲ့ ဒုက္ခဆင်းရဲထဲမှာ နေထိုင်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တော်ရဲ့လက်ထဲကို သမီး အပ်နှံလိုပါတယ်၊ ကောင်းချီးမင်္ဂလာတွေ ခံစားရသည်ဖြစ်စေ၊ ဒုက္ခဆင်းရဲခံရသည်ဖြစ်စေ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို သမီး ကျိုးနွံနာခံပါ့မယ်”လို့ပေါ့။ ကျွန်မရဲ့ရှုထောင့်အမြင် အတော်လေး ပြောင်းလဲသွားပြီးတဲ့နောက်မှာ အရမ်းကို စိတ်အေးလက်အေးဖြစ်ပြီး လွတ်မြောက်သွားတယ်။ အဲဒီနောက်မှာ ကျန်းမာရေးကို ပြုစုဖို့ တရုတ်တိုင်းရင်းဆေးနည်းတစ်ခုကို သုံးကြည့်ခဲ့တယ်၊ မမျှော်လင့်ဘဲ ကျွန်မရဲ့အခြေအနေက တကယ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး တာဝန်တွေကိုလည်း ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီအတွေ့အကြုံကနေ ကျွန်မ သဘောပေါက်ခဲ့တာက ရောဂါကတစ်ဆင့် ထုတ်ဖော်ခြင်းမရှိဘဲနဲ့တော့ ကောင်းချီးမင်္ဂလာတွေကို လိုက်စားတဲ့ ကိုယ့်ရဲ့စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ အသိအမှတ်ပြုနိုင်ခဲ့မှာ မဟုတ်ဘူးဆိုတာပါပဲ။ ရောဂါကြောင့် ခန္ဓာကိုယ်က နာကျင်မှုတချို့ကို ခံစားခဲ့ရပေမဲ့ ကျွန်မရဲ့ လိုက်စားမှုနောက်ကွယ်က မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ ရှုထောင့်အမြင်တွေကို ကျွန်မ နည်းနည်းနားလည်လာခဲ့ပြီး အပြောင်းအလဲတချို့ကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ တာဝန်မှာ တာဝန်ထမ်းရွက်ဖို့ ဘာကြောင့် ကြောက်ရွံ့သလဲ

ယီရွှိန်၊ ဂျပန်နိုင်ငံအရင်က ကျွန်မ အသင်းတော်မှာ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူခဲ့ဖူးတယ်။ တစ်နေ့မှာ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မဆီလာပြီး...

ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်ရန် ကျွန်တော် ကံကောင်းပါသည်

ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့်...

အသက်ကြီးသူက ဘုရားသခင်အတွက် သက်သေခံနိုင်ပါသေးသည်

လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။