ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းပေါ် စတင်ခြင်း

05.09.2019

ယုံကွမ်၊ ဟေလောင်ကျန်းစီရင်စု

၁၉၉၁ တွင်၊ နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို ကျွန်တော် စတင်လိုက်လျှောက်ခဲ့သည်။ ထိုစဉ်က ဘုရားသခင်အပေါ် ယုံကြည်ခြင်းအကြောင်းနှင့် ပတ်သက်လို့ ဘာမျှ မသိခဲ့ပါ။ သို့သော်၊ အံ့သြဖွယ်ကောင်း သည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ကျွန်တော် ပျော်ခဲ့သည်။ သူ့နှုတ်ကပတ်တော်များ အလွန်ကောင်းမြတ်သည်ကို ခံစားခဲ့ရသည်။ သီချင်းဆိုသည့်အချိန်ဖြစ်စေ၊ ဆုတောင်းသည့် အချိန်ဖြစ်စေေေ ငိုကြွေးသည့်အဆင့်အထိ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်ကို မကြာခဏ တို့ထိခဲ့သည်။ ကျွန်တော့်နှလုံးသားရှိ ချိုမြိန်ခြင်းနှင့် မွေ့လျော်ခြင်းတို့သည် ကျွန်တော့်ထံ ဝမ်းသာစရာဖြစ်ရပ်ရောက်လာသလို ဖြစ်သည်။ အထူးသဖြင့်၊ ညီအစ်ကို မောင်နှမများနှင့် စုဝေးသည့်အခါ ဓမ္မတေးများ သီဆိုခြင်းဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်လည်းကောင်း သမ္မာတရား၌ မိတ်ဿဟာယဖွဲ့ခြင်းဖြင့် လည်းကောင်း သန့်ရှင်းသော ဝိညာဉ်တော်သည် ကြီးမားသောအမှုကို လုပ်ဆောင်သောကြောင့် ကျွန်တော့်နှလုံးသားတွင် ကြည်လင်ရွှင်ပြမှုနှင့် သောကကင်းဝေးခြင်းတို့ကို ခံစားခဲ့ရသည်။ ခန္ဓာကို ကျော်လွန်ပြီး တတိယ ကောင်းကင်ဘုံတွင် နေထိုင်သကဲ့သို့လည်းကောင်း၊ လောကနှင့် သက်ဆိုင် သည့် အရာအားလုံးသည် လေထဲတွင် လွှင့်ပစ်ထားခြင်းခံရသကဲ့သို့လည်းကောင်း ကျွန်တော် ခံစားခဲ့ပြီး အလွန် ဝမ်းမြောက်ကာ ပျော်ရွှင်ခဲ့ရသည်။ ထို့ကြောင့်၊ ထိုအချိန်တွင် ဘုရားသခင်၌ ယုံကြည်ခြင်းသည် သူ့ကျေးဇူးတော်နှင့် ကောင်းကြီးများကို ပျော်မွေ့ခြင်း သက်သက် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုဖြန့်ချီလေလေ (ထိုအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသင်းတော်များထံသို့ ကျမ်းပိုဒ်တစ်ပိုဒ်ပြီးတစ်ပိုဒ် အဆက်မပြတ် ပေးပို့ခဲ့သည်) ပို၍ ကျွန်တော် သိလေလေဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် “သားဦးများ” အကြောင်းကို ကျွန်တော် စတွေ့သည့်အခါ ဘုရားသခင်က သူ၏သားဦးများအပေါ် ကြီးမားသောကောင်းကြီးများ ပေးကြောင်းကို ကျွန်တော် သင်ယူခဲ့ရသောအခါ အနာဂတ်တွင် ဘုရားသခင်နှင့် အုပ်စိုးဖို့ မျှော်လင့်ခြင်းနှင့် သားဦးတစ်ယောက်ဖြစ်ရန် ကျွန်တော် ကြိုးစားခဲ့သည်။ နောက်မှာ၊ အောက်ပါအတိုင်း သူ၏နှုတ်ကပတ်တော်များကို ကျွန်တော် တွေ့ခဲ့သည်။ “နေ့ရက်တို့သည် အဆုံးသို့ ရောက်လာလိမ့်မည်၊ ကမ္ဘာပေါ်ရှိအရာအားလုံးတို့သည် အနတ္တအဖြစ်သို့ ရောက၍ အားလုံးတို့သည် အသစ်ပြန်လည် မွေးဖွားခြင်းခံရ လိမ့်မည်။ ဤအရာကိုမှတ်သားလော့။ ဤအရာကို မှတ်သားလော့။ ဒွိဟဖြစ်စရာ မရှိပေ။ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)) အဆောတလျင်ဖြစ်ခြင်းကို ကျွန်တော် ပို၍ပင်ခံစားခဲ့ပြီး ဘုရားသခင်ကို ယုံကြည်စပြုတာ နောက်ကျသွားခဲ့သည်။ ဤကောင်းကြီးကို ကျွန်တော် ရနိုင်ပါတော့မည်လား။ ကောင်းကြီးရဖို့ ပိုကြိုးစားမှ ဖြစ်မည် ဟု ကျွန်တော် စဉ်းစားခဲ့သည်။ ထို့ကြောင့်၊ တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ ကျွန်တော့်အတွက် အသင်းတော်က စီစဉ်ပေးသည့်အခါ ကျွန်တော် အလွန်ပင် စိတ်အားထက်သန်ခဲ့သည်။ အခက်အခဲကို မကြောက်ခဲ့ပါ။ သားဦးဖြစ်ခြင်း ကောင်းကြီးကို ရနိုင်မည့်အကြောင်း ဘုရားသခင်၏ နောက်တော်သို့ လိုက်ရန် အရာခပ်သိမ်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ အမှန်ဆိုရလျှင်၊ ကျွန်တော်တို့သည် သားဦးများ ဖြစ်လာနိုင်သည်ဟု သူ၏နှုတ်ကပတ်တော်တွင် သေသေချာချာ ဘုရားသခင် မပြောခဲ့ဖူးပါ။ ဘုရားသခင်သည် ကျွတော်တို့ကို သူ့သားများအဖြစ် ခေါ်ပြီး ယခုတွင် ကျွန်တော်တို့ကို ချီးမြှောက်သောကြောင့် သူ၏သားဦး မုချ ဖြစ်မည်ဟု ကျွန်တော်တို့ ယုံကြည်ရခြင်းမှာ ကျွန်တော်တို့ ရည်မှန်းချက်ကြီးပြီး ဆန္ဒရှိလွန်းသောကြောင့်သာ ဖြစ်သည်။ ကျွန်တော်သည် အလိုအလျောက်ဤသို့သားဦး ဖြစ်လာသည်ဟု ယုံကြည်ခဲ့သည်။ နောက်မှ၊ “အစေခံသူများ” အကြောင်းကို မကြာခဏ ဖော်ပြသည့် မကြာသေးမီမှ ဖြန့်ချိထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် တွေ့ခဲ့သည်။ အစေခံသူများ၏ တရားစီရင်ခြင်းကိုလည်း ပိုမိုဖော်ပြထားသည်။ ၎င်းကို ကျွန်တော် နှလုံးမသွင်းမိဘဲ၊ ကံကောင်းထောက်မစွာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို ကျွန်တော်လိုက်နေသည်။ သို့မဟုတ်လျှင် အစေခံသူ ဖြစ်သွားလိမ့်မည် ဟု ပျော်ပျော်ရွှင်ရွှင် ကျွန်တော်စဉ်းစားခဲ့သေးသည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းကြီးများနှင့် သူ၏သားဦးများအတွက် ကတိတော်များအကြောင်းကို ကျွန်တော် ဖတ်သည့်အခါ ထိုအရာ၏ အစိတ်အပိုင်းတစ်ခုသည် ကျွန်တော့်အတွက် ဖြစ်မည်ဟု ကျွန်တော် ယုံကြည်ခဲ့သည့် ပုံစံဖြစ်သည်။ သူ၏သားဦးအတွက် သူ၏နှစ်သိမ့်ခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် ယှဉ်သည့် နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ကျွန်တော့်အတွက်လည်း ရေးသားထားသည်ဟု ကျွန်တော့် ခံစားခဲ့သည်။ အထူးသဖြင့်၊ အောက်ပါအချက်ကို ကျွန်တော်တွေ့သည့်အခါ ပို၍ ပျော်ရွှင်ခဲ့သည်။ “ငါချစ်သော ငါ့သားများအပေါ်တွင် ကြီးမားသော ဘေးအန္တရာယ်များ လုံးဝကျရောက်မည်မဟုတ်ပေ။ ငါ၏သားများကို အချိန်တိုင်း၊ စက္ကန့်တိုင်း ငါကြည့်ရှုစောင့်ရှောက်မည်။ ထိုနာကျင်မှုနှင့်ဒုက္ခကို သင်တို့သည် လုံးဝ သည်းညည်းမခံရ။ တိတိကျကျဆိုရလျှင် ငါ့သားများကို ပြည့်စုံစေခြင်းငှာလည်းကောင်း၊ သူတို့အပေါ် ငါ၏စကား ပြည့်စုံစေခြင်းငှာလည်းကောင်း ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။ ဤသို့ဖြင့် သင်တို့သည် ငါ၏ အတိုင်းအဆမဲ့တန်ခိုးကို အသိအမှတ်ပြုလျက် အသက်တာကြီးပွားတိုးတက်၍ ငါ့အတွက် ဝန်ကို ထမ်းပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ငါ၏စီမံခန့်ခွဲမှုအစီစဉ် ပြီးမြောက်ရန်အတွက် သင်တို့သည် မိမိကိုယ်ကို လုံးလုံးလျားလျား ဆက်ကပ်နိုင်မည်ဖြစ်သည်။ ဤအရာအတွက် သင်တို့ ပျော်ရွှင်ဝမ်းမြောက်ပြီး ကျေနပ်ကြလော့။ အကြောင်းမူကား အရာအားလုံးကို သင်တို့ကိုအပ်ပြီး သင်တို့ထိန်းချုပ်ဖို့ ငါခွင့်ပြုသည်။ သင်တို့လက်ထဲ၌ ငါထားမည်။ သားသည် ဖခင်၏ ပိုင်ဆိုင်မှုအလုံးစုံကို အမွေဆက်ခံလျှင် ငါ၏သားဦးများဖြစ်သော သင်တို့သည်လည်း သာ၍ပင် ရဦးမည် မဟုတ်လော။ အမှန်စင်စစ် သင်တို့သည် မင်္ဂလာရှိကြ၏။ ဘေးအန္တရာယ်ကြီးများကို ရင်ဆိုင်ရမည့်အစား ထာဝရတည်မြဲသော ကောင်းကြီးများကို သင်တို့ခံစားရမည်။ အဘယ်သို့သော ဘုန်းစည်းစိမ်နည်း။ အဘယ်သို့သော ဘုန်းစည်းစိမ်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၈)) အိပ်မက် မက်နေခြင်းလား။ မယုံနိုင်လောက်သည့် မန္နက ကောင်းကင်ပေါ်မှ ကျွန်တော့်အပေါ် ရောက်လာတာပဲလားဟု ကျွန်တော် စဉ်းစားခဲ့သည်။ ၎င်းကို ကျွန်တော် အကုန် မယုံကြည်ရဲခဲ့ပါ။ သို့သော်၊ ကျွန်တော့်ယုံကြည်ခြင်းသည် အလွန်သေးငယ်သည်ဟု ညီအစ်ကိုမောင်နှမများ ပြောမည်ကို စိုးရိမ်ခဲ့သောကြောင့် မယုံကြည်ဘဲ မနေရဲခဲ့ပါ။

တစ်နေ့မှာ၊ အစည်းအဝေးတစ်ခုတွင် ပါဝင်ဖို့ စိတ်အားထက်သန်စွာ ကျွန်တော် သွားခဲ့သည်။ အသင်းတော်တွင် ခေါင်းဆောင်နှစ်ပါး လာသည်ကို ကျွန်တော် သတိထားမိခဲ့သည်။ သူတို့နှင့် ကျွန်တော် မိတ်ဿဟာယဖွဲ့သည့်အခါ သူတို့ကအစေခံသူများ ဖြစ်ကြောင်း သူတို့ ပြောခဲ့သည်။ ၎င်းကို ကြားပြီးနောက်၊ ကျွန်တော် တုန်လှုပ်သွားခဲ့ပြီး “သင်တို့က အစေခံသူများ ဆိုရင် ကျွန်တော်တို့အားလုံးက အစေခံသူများ မဟုတ်ဘူးလား” ဟု ကျွန်တော် မေးခဲ့သည်။ သူတို့က “တရုတ်ပြည်မှာရှိတဲ့သူများ အားလုံးနီးပါး အစေခံသူများ ဖြစ်ကြတယ်” ဟု မှန်ကန်စွာ ပြောခဲ့ကြသည်။ သူတို့ပြောသည့်အရာကို ကြားပြီးနောက် “မဖြစ်နိုင်လောက်ဘူး။ ဒါက အမှန်တရားလား” ဟူ၍ ကျွန်တော့်နှလုံးသား ချည့်နဲ့သွားခဲ့သည်။ သို့သော်၊ သူတို့၏ လေးလံပြီး နာကျင်မှုကို ဖော်ပြသည့် ဟန်ပန်အမူအရာနှင့် အခြားသူများ၏ မျက်နှာများလည်း အလွန် သုန်မှုန် နေသည်ကို ကျွန်တော် တွေ့သည့်အခါ ကျွန်တော် မယုံနိုင်ခဲ့ပါ။ ခေါင်းဆောင်များအနေဖြင့် သူတို့၏ မိသားစုနှင့် အလုပ်အကိုင်များကို စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခများစွာကို ခံစားလျက် ဘုရားသခင်၏ အမှုတော်အတွက် ဤမျှကြီးမားသောအဖိုးအခကို ပေးခဲ့ကြရသည်။ သူတို့နှင့်ယှဉ်လျှင် ကျွန်တော်အတော် ချို့တဲ့နေသည် ဟု ကျွန်တော် တွေးမိခဲ့သည်။ သူတို့သည် အစေခံသူများ ဖြစ်လျှင် ဒီ့အပြင် ကျွန်တော်ဘာပြော၍ ရနိုင်မည်နည်း။ ကျွန်တော်လည်း အစေခံသူတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။

အိမ်ပြန်ပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကောက်ကိုင်ပြီး အစေခံများနှင့် ပတ်သက်၍ ဘုရားသခင် ပြောသည့်အရာများကို ကြည့်ခဲ့ပြီး ဤအရာကို တွေ့ခဲ့သည်။ “ငါ့ကို အစေခံသောသူတို့၊ နားထောင်လော့။ ငါ့ကို အစေခံနေသော အချိန်၌ ငါ၏ ကျေးဇူးတော်အချို့ကို သင်သည် ခံစားရရှိနိုင်သည်။ ထိုအရာမှာ၊ သင်တို့သည် ငါ၏နောက်ပိုင်း လုပ်ဆောင်မှုများနှင့် အနာဂါတ်တွင် ဖြစ်လာမည့်အရာများ အကြောင်းကို သိလိမ့်မည်ဖြစ်သော်လည်း ထိုအရာများ၌ သင်သည် လုံးဝပျော်မွေ့လိမ့်မည် မဟုတ်ပေ။ ဤအရာမှာ ငါ၏ ကျေးဇူးတော် ဖြစ်သည်။ သင်၏ အစေခံခြင်းအမှု ပြီးဆုံးသွားသောအခါ အချိန်မဆွဲဘဲ ချက်ချင်းထွက်ခွာလော့။ ငါ၏ သားဦးတို့သည် မာနထောင်လွှားမှု မရှိသင့်ပေ၊ သို့သော်လည်း ငါသည် သင့်တို့အပေါ်၌ မဆုံးနိုင်သော ကောင်းကြီးမင်္ဂလာများကို နှင်းအပ်ထားခဲ့သောကြောင့်၊ သင်သည် ဂုဏ်ယနိုင်သည်။ ပျက်စီးရာပျက်စီးကြောင်းများ၏ ပြစ်မှတ် များဖြစ်သော ထိုသူတို့သည် မိမိတို့အပေါ်သို့ ဒုက္ခကို မယူဆောင်လာသင့်ပေ သို့မဟုတ် သင်တို့၏ကံကြမ္မာအတွက် ဝမ်းမနည်းသင့်ပေ၊- သင့်အား စာတန်၏ မျိုးဆက်ဖြစ်စေရန် မည်သူပြုလုပ်သနည်း။ ငါ့အတွက် သင်၏ အစေခံခြင်းအမှု ပြီးလျှင်၊ သင်သည် ငါ့အတွက် ဆက်လက် အသုံးမဝင်တော့သောကြောင့် သင်သည် နောက်တစ်ဖန် အနက်ဆုံးသောတွင်းထဲသို့ ပြန်သွားနိုင်ကာ၊ ငါသည် သင်တို့အား ငါ၏ ပြစ်တင်ဆုံးမခြင်း နှင့် သင်တို့အား စတင် ရိုက်နှက်ဆုံးမလိမ့်မည်။ ငါ၏ အလုပ်ကို စတင်သည်နှင့်တပြိုင်နက် ငါသည် ဘယ်သောအခါမျှ မရပ်နား၊ ငါလုပ်သောအရာသည် ပြီးမြောက်လိမ့်မည် ဖြစ်ပြီး၊ ငါပြီးမြောက်သောအရာသည် ထာဝရ တည်တံ့လိမ့်မည်။ ဤအရာသည် ငါ၏သားဦးတို့၊ ငါ၏ သားများ၊ ငါ၏ လူများနှင့် သက်ဆိုင်ကာ၊ သင်တို့အတွက်လည်း ထိုကဲ့သို့ပင် ဖြစ်သည်၊ သင့်တို့အား ငါ၏ ပြစ်တင်ဆုံးမခြင်းသည် ထာဝရကာလ တည်တံ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈၆)) ဤနှုတ်ကပတ်တော်များကို ကျွန်တော်ဖတ်ပြီးလျင် ဖတ်ပြီးချင်းအရင်က မခံစားခဲ့ဖူးသည့် နာကျင်မှုက ကျွန်တော့်ကို ပတ်ချာဝိုင်းခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာစောင်ကို ကျွန်တော် လျင်မြန်စွာ ပိတ်ခဲ့ပြီး နောက်တစ်ကြိမ် ပြန်မဖွင့်ရဲတော့ပါ။ တစ်ကြိမ် တည်းတွင် ဝမ်းနည်းခြင်း၊ ရှုပ်ထွေးခြင်းနှင့် အားမရခြင်း ခံစားချက်အားလုံး ကျွန်တော့်နှလုံးသားထဲတွင် လုံးထွေးလာကြသည်။ မနေ့က ပျော်ရွင်ခြင်းပုခက်မှာ ကျွန်တော်ရှိခဲ့ သည်။ သို့သော် ယနေ့မူ ဘုရားသခင်၏အိမ်တော်မှ နှင်ထုတ်ခြင်း ခံခဲ့သည်။ မနေ့က ဘုရားသခင်၏ သားဖြစ်ခဲ့သည်။ သို့သော်၊ ယနေ့မူ စာတန်၏မျိုးရိုးဖြစ်သော ဘုရားသခင်၏ရန်သူ ဖြစ်သွားသည်။ မနေ့က အကန့်အသတ်မရှိသော ဘုရားသခင်၏ ကောင်းကြီးများက စောင့်ကြိုခဲ့သည်။ သို့သော်၊ ယနေ့မူ အနက်ဆုံးသောတွင်းက ကျွန်တော့်ခရီးပန်းတိုင်ဖြစ်နေပြီး အပြစ်ဒဏ်ကို ထာဝရခံရမည်ဟု ကျွန်တော် စဉ်းစားခဲ့သည်။ ကောင်းကြီးမပေးလျှင် ကိစ္စမရှိပေမယ့် ဘာကြောင့် ကျွန်တော့်ကို ပြစ်တင်ဆုံးမရသေးသလဲ။ မည်သည့်အမှားကို ကျွန်တော် ပြုခဲ့သနည်း။ ဤအရာသည် မည်သည့် အတွက်ကြောင့်နည်း။ ကျွန်တော် ပို၍ စဉ်းစားလေလေ ဤအဖြစ်မှန်ကို မရင်ဆိုင်နိုင်အောင် ခံစားလေလေ ဖြစ်သည်။ ကျွန်တော့် မျက်စိကို မှိတ်ပြီး ထိုအကြောင်းကို ဆက်မစဉ်းစားလိုတော့ပါ။ အိပ်မက်တစ်ခုသာ ဖြစ်ဖို့ ကျွန်တော် အလွန် မျှော်လင့်ခဲ့သည်။

ထိုအချိန်မှစ၍ အစေခံသူအဖြစ် ကျွန်တော့်ကိုကျွန်တော် စဉ်းစားသည့်အချိန်တိုင်း ကျွန်တော့် နှလုံးသားတွင် ပြောထွက်၍ပင် မရသည့် နာကျင်မှုကို ကျွန်တော် ခံစားခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ထပ်မံ မဖတ်ရဲတော့ပါ။ သို့ပေမယ့်၊ ဘုရားသခင်သည် အလွန် ဉာဏ်ပညာရှိ၍ လူတွေကို ပြစ်တင်ဆုံးမပြီး ထုတ်ဖော်သည့် သူ့နှုတ်ကပတ်တော်များသည် နက်နဲခြင်းများနှင့် စိမ့်ဝင်ပျံ့နှံ့ရုံမက အနာဂတ်၏ကပ်ဘေးနှင့် ပတ်သက်၍ ပရောဖက်ပြုချက်များမှစ၍ နိုင်ငံတော်အမြင်နှင့် ဆင်တူသောအရာများလည်း ရှိသည်။ ဤအရာများသည် ကျွန်တော် သိလိုသည့်အရာများ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏နှုတ်ကပတ်တော်ကို ကျွန်တော် မကျောခိုင်းနိုင်သေးပါ။ ဗျာဒိတ်တော်ဖြစ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်သည့်အခါ မြည့်မြည့်ထက်သော သူ၏နှုတ်ကပတ်တော်များက ကျွန်တော့် နှလုံးသားကို အကြိမ်ကြိမ် စူးဖောက်သောကြောင့် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မလက်ခံဘဲ မနေနိုင်ပါ။ ဘုန်းအာနုဘော်ဖြစ်၍ အမျက်တော်နှင့်ပြည့်သော သူ၏တရားစီရင်ခြင်းသည် ကျွန်တော့်အပေါ်တွင် အမြဲကျရောက်နေသလို ကျွန်တော် ခံစားခဲ့သည်။ နာကျင်မှုအပြင်၊ ကျွန်တော်သည် စာတန်၏ ဖောက်ပြန်ပျက်ဆီးခြင်းကို ခံခဲ့သည်ဟူသည့် တကယ့်အမှန်တရားကို ကျွန်တော်သိခဲ့သည်။ ကျွန်တော်သည် အဆင်းနီသော နဂါးကြီး၏ သား၊ စာတန်၏ မျိုးဆက်ဖြစ်ပြီး ပျက်ဆီးခြင်း၏ ပစ်မှတ်ဖြစ်ကြောင်း ကျွန်တော် သိခဲ့သည်။ စိတ်ပျက်လက်ပျက်ဖြင့် မည်သည့်ကောင်းကြီးကိုမျှ လောဘတကြီး ကျွန်တော် မမျှော်လင့်ရဲတော့ပါ။ ကျွန်တော်သည် အစေခံသူ ဖြစ်သည်ဟူသည့် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းသည့်အချက်ကို လက်ခံရန် ကျွန်တော် ဆန္ဒရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ လူတွေ၏ အတွင်းကျကျ စိတ်နှလုံးသားများကို ဘုရားသခင် စစ်ကြောပြီး ကောင်းကြီးများကို ရလိုသည့် ကျွန်တော့် ရည်ရွယ်ချက်ကို စွန့်လွှတ်ဖို့ အမှန်တကယ် ကျွန်တော် မကြိုးစားခဲ့သည့်အကြောင်းကို သူသိခဲ့သည်။ အစေခံသူဖြစ်ရန် ဆန္ဒရှိကြောင်းကို ကျွန်တော် ခံစားသည့်အခါ ကျွန်တော့်အထဲတွင် ဖုံးကွယ်ထားသည့် ဖောက်ပြန်ပျက်ဆီးသော ကျွန်တော့် စိတ်သေဘောထားကို ပေါ်လွင်စေသည့် အခြေအနေကို ဘုရားသခင် စီစဉ်ခဲ့ပြန်သည်။ တစ်နေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ကျွန်တော် မြင်ခဲ့သည်။ “ဇိအုန်သို့ ငါ ပြန်ပြီးသည့်နောက်တွင် ကမ္ဘာမြေကြီးပေါ်ရှိ ထိုသူများသည် ငါ့အား အတိတ်ကကဲ့သို့ ဆက်လက် ချီးမွမ်းကြလိမ့်မည်။ ထိုသို့ သစ္စာရှိသော အစေခံသူများသည် ငါ့အား အစေခံဖို့ရန် ဆက်၍ စောင့်ဆိုင်း ကြသော်လည်း၊ ၎င်းတို့၏ အလုပ်တာဝန်သည် ဆုံးခန်းသို့ ရောက်ရှိနေပြီဖြစ်လိမ့်မည်။ ၎င်းတို့ အကောင်းဆုံး လုပ်နိုင်သောအရာမှာ ကမ္ဘာမြေကြီးပေါ်တွင် ရှိသော ငါ၏ အခြေအနေကို စဉ်းစားချင့်ချိန်ရန်ပင် ဖြစ်သည်။ ထိုအချိန်၌ ငါသည် ဘေးဒုက္ခ ခံစားရမည့် သူများအပေါ်သို့ ဘေးဒဏ်ကို စတင်ကာ ကျရောက်စေမည် ဖြစ်၏၊ သို့သော်လည်း ငါသည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ဟု အားလုံးက ယုံကြည်ကြသည်နှင့်အညီက ငါသည် ထိုသို့ သစ္စာရှိသော အစေခံသူများကို မုချ အပြစ်ပေးမည် မဟုတ်ဘဲ၊ ၎င်းတို့သည် ငါ၏ ကျေးဇူးတော်ကိုသာ လက်ခံရရှိကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂၀)) ဤအရာကို တွေ့မြင်ပြီးနောက် ကျွန်တော် ကိုယ့်ကိုယ်ကို စဉ်းစားခဲ့သည်။ သားဦးဖြစ်ခြင်း အဆင့်အတန်းကို ကျွန်တော် ထပ်မစဉ်းစားတော့ဘူး။ ကြီးမားသော ကောင်းကြီးများကို ထပ်မံမလိုချင်တော့ဘူး။ ယခုမှာ သစ္စာရှိသော အစေခံသူဖြစ်ဖို့သာ ကျွန်တော် ရှာဖွေတော့မည်။ ယခုမှာ ဤအရာသည် တစ်ခုတည်းသော ကျွန်တော့် ရှာဖွေခြင်း ဖြစ်သည်။ အနာဂတ်တွင် အသင်းတော်က ကျွန်တော့်ကို ဘာဘဲလုပ်ဖို့ စီစဉ်ပေးပါစေ၊ဆက်ကပ်နိုင် သလောက် ဆက်ကပ်ပြီး ကျွန်တော် လုပ်ဆောင်တော့မည်။ သစ္စာရှိသော အစေခံသူဖြစ်နိုင်သည့် အခွင့်အရေးကို ကျွန်တော် လုံးဝမဆုံးရှုံးလိုပါ။ သစ္စာရှိသော အစေခံသူပင် ဖြစ်နိုင်စွမ်းမရှိပဲ အစေခံသူသက်သက်သာ ဖြစ်ပါက ကျွန်တော့် အလုပ်ကို လုပ်ဆောင်ပြီးသည့်နောက်တွင် အနက်ဆုံးသောတွင်း သို့မဟုတ် ကန့်နှင့်လောင်သည့် ငရဲမီးအိုင်သို့ ကျွန်တော် ပြန်သွားရမည်။ ထိုသို့ဖြစ်လျှင် အဘယ့်အတွက်နည်း။ ဤအတွေးကို မည်သို့ထံမျှ ကျွန်တော် မဖော်ပြရဲပါ။ သို့သော်၊ ဘုရားသခင်၏ မျက်စိတော်များ၏ ရှာဖွေခြင်းမှ ကျွန်တော် မလွတ်နိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြောသည့်အရာကို ကျွန်တော် ဖတ်ခဲ့သည်။ “လူ့သဘာ၀ကို ငါမှလွဲ၍ မည်သူမျှ နားလည် နိုင်စွမ်း မရှိပေ။ မိမိသစ္စာရှိမှု မစင်ကြယ်သည်ကို မသိရှာဘဲ သူတို့အားလုံး ငါ့အား သစ္စာရှိသည် ဟုထင်နေကြသည်။ ဤမစင်ကြယ်မှုများသည် လူတို့အား ပျက်ဆီးစေမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အဆင်းနီသောနဂါးကြီး ၏ ကျိတ်ကြံမှုဖြစ်သည်။ ထိုအကြောင်းအရာ ရှေးရှေးကပင် ငါ ဖော်ထုတ် ပြခဲ့သည်။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်။ ဤမျှ ရိုးစင်းလှသောအရာကို ငါမနားမလည် ဘဲ ရှိမည်လော။ သင့်၏ အကြံအစည်များကို တွေ့ရအောင် သင့်၏ အသွေးအသားထဲသို့ ငါထိုးဖေါက်ဝင်ရောက်နိုင်သည်။ လူ့သဘာ၀ကို နားလည် ခြင်းသည် ငါ့အတွက် မခက်ပေ။ သို့သော် လူတို့သည် မိမိတို့၏ အကြံအစည်ကို မိမိတို့မှလွဲ၍ မည်သူမျှ မသိနိုင် ဟုထင်လျက် လူတတ် လုပ် ရန် ကြိုးစားကြသည်။ ကောင်းကင်နှင့် မြေကြီး အတွင်း၌၊ အရာအားလုံး အတွင်း၌၊ အနန္တတန်ခိုးရှင် ဘုရားသခင် တည်ရှိနေသည်ကို ထိုသူတို့ မသိကြသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၁၈))လူအများစုတွင် မျှော်လင့်ခြင်း အနည်းငယ် ခိုအောင်းနေသေးသည်။ သို့သော် ထိုမျှော်လင့်ခြင်းသည် စိတ်ပျက်စရာအဖြစ်သို့ ပြောင်းလဲသော် ရှေ့ဆက်လိုစိတ် ပျောက်ဆုံးကာ နောက်လှည့်ရန် တောင်းဆိုသည်။ မည်သူ့ကိုမဆို သူ့ဆန္ဒကိုဆန့်ကျင်လျက် ဤနေရာတွင် ငါခေါ်ထားခြင်း မဟုတ်သည်ကို ငါပြောခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် သင့်အတွက် အဘယ်အကျိုးဆက်ရှိသည်ကို အလေးအနက် စဉ်းစားရမည်။ ထို့အပြင် ဤသည်မှာ အမှန်ပင် ဖြစ်၏။ သင့်အား ခြိမ်းခြောက်သူသည် ငါမဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၁၈)) ဤအရာကို ဖတ်ပြီးနောက်၊ ကျွန်တော့်နှလုံးသား တဒိန်းဒိန်းခုန်ခဲ့သည်။ လူ့နှလုံးသား၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများကိုအမှန်တကယ် ဘုရားသခင် စစ်ဆေးပြီး လူသားကို အကုန်အစင် နားလည်ကြောင်း ကျွန်တော် ခံစားခဲ့သည်။ ကျွန်တော့်အတွင်း၌ရှိသည့် အတွေးမှန်သမျှကို ဘုရားသခင် သိသည်။ ကျွန်တော့်နှလုံးသားထဲမှာ မျှော်လင့်ချက်အနည်းငယ် လျို့ဝှက်စွာ ကျွန်တော် ထားခဲ့ပြီး ၎င်းကို ဘုရားသခင် မုန်း၍ ရွံရှာသည်။ ထိုအချိန်မှသာ ဘုရားသခင်အတွက် အနည်းငယ် ကြောက်ရွံ့ခြင်းနှလုံးသား ကျွန်တော့်တွင် ရှိသည်။ ဘုရားသခင်နှင့် နောက်ထပ် အပေးအယူမလုပ်တော့ဘဲ အစေခံသူအဖြစ် ရိုးသားစွာ ပြုမူပြီး သူ၏စီမံချက်များကို ကျွန်တော် လိုက်နာမည်ဟု ကျွန်တော် စိတ်ပိုင်းဖြတ်ခဲ့သည်။

ဤသုံးလတာကာလပတ်လုံး ကျွန်တော့်အတွေ့အကြုံသည် အစေခံသူတို့၏ စမ်းသပ်ခံရခြင်း ဖြစ်ကြောင်းကို နောက်မှသာ ကျွန်တော့် သိခဲ့သည်။ ယင်းမှာ သူ၏နှုတ်ကပတ်တော်ဖြင့် စမ်းသပ်ခြင်းခံရသူများအထဲ၌ ဘုရားသခင် ပြီးမြှောက်သည့် ပထမဆုံးအမှု ဖြစ်သည်။ အစေခံသူတို့၏ စမ်းသပ်ခံခြင်းကို ရင်ဆိုင်ပြီးနောက် ဘုရားသခင်သည် သနားတတ်ပြီး ချစ်တတ်သောဘုရားသခင် ဖြစ်သည့်အပြင်၊ ဖြောင့်မတ်ကာ လူသား၏ပုန်ကန်ပြစ်မှားခြင်းများကို သည်းမခံသည့် ဘုန်းအာနုဘော်ဖြစ်သော ဘုရားသခင်ဖစ်ကြောင်းကို ကျွန်တော် နားလည်ခဲ့သည်။ သူ၏နှုတ်ကပတ်တော်များတွင် အခွင့်အာဏာနှင့်တန်ခိုး ပါဝင်သောကြောင့် လူတို့သည် ရိုသေ ကြောက်ရွံ့သည့် နှလုံးသားကို မထားဘဲ မနေနိုင်ပါ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ဖန်ဆင်းသည့်အရာ ဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ယုံကြည်ပြီး သူ့ကို ကိုးကွယ်သင့်ကြောင်းကို ကျွန်တော် သိလာခဲ့သည်။ ၎င်းသည် မှန်ကန်ပြီး သင့်လျော်သည့်အရာ ဖြစ်သည်။ အကြောင်းရင်းများ၊ အခြေအနေများ မလိုပါ။ ရည်မှန်းချက် သို့မဟုတ် ပြင်းပြသောဆန္ဒလည်း ရှိရမည်မဟုတ်ပါ။ ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရဖို့ လူတွေ ဘုရားသခင်ကို ယုံကြည်ပါက ထိုသို့သော ယုံကြည်ခြင်းမျိုးသည် အမြတ်ထုတ်ရာရောက်ပြီး သူ့ကို လိမ်ညာခြင်းနှင့် တူသည်။ ၎င်းက အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့ခြင်း၏ ထုတ်ဖော်ချက်ဖြစ်ပီး သာ၍ပင် ဒုက္ခပေးတတ်သောအရာ ဖြစ်သည်။ လူများသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ထံတော်မှ ဘာမျှ မရသည့်အပြင် နောက်မှ သူ၏အပြစ်ဒဏ်ပေးခြင်းကို ရခဲ့လျှင်လည်း သူ့ကို သူတို့ ယုံကြည်သင့်ပါသည်။ သူသည် ဘုရားသခင် ဖြစ်သောကြောင့် လူသားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး နာခံသင့်ပါသည်။ ကျွန်တော်သည်ပင် စာတန်မှ ဆင်းသက်လာသူ အဆင်းနီသော နဂါးကြီး၏သားဖြစ်ပြီး ပျက်ဆီးမည့်သူဖြစ်ကြောင်းကို ကျွန်တော် သတိပြုမိခဲ့သည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း အလုံးစုံတို့၏ သခင်ဖြစ်ပြီး ကျွန်တော့်ကို ဘယ်လိုပဲ ဆက်ဆံပါစေ ဖြစ်သင့်ဖြစ်ထိုက်သည်။ ထိုအရာအလုံးစုံတို့သည် ဖြောင့်မတ်သည်။ သူ၏စီမံချက်များနှင့် စီစဉ်ချက်များကို မည်သည့် အခြေအနေ ဖြစ်ပါစေ ကျွန်တော် နာခံသင့်သည်။ သူ့ကို ကျွန်တော် အကျိုးသင့်အကြောင်းသင့် ပြောစရာမလိုပါ။ ထို့ပြင်၊ သူ့ကို ကျွန်တော် မတားဆီးသင့်ပါ။ ဤစမ်းသပ်ခြင်းတွင် ကျွန်တော့် အကျည်းတန်ခြင်းကိုပြန်စဉ်းစားသည့်အခါ ကျွန်တော် အမှန်ပင်ရှက်မိသည်။ မြင့်သောအဆင့်အတန်း၊ ကြီးမားသော ကောင်းကြီးများ သို့မဟုတ် ဘုရားသခင်နှင့် ဘေးချင်းယှဉ်လျက် ထိုင်ပြီး သူနှင့်အတူ အုပ်စိုးရန်ပင် ကျွန်တော် လိုချင်ခဲ့သည်။ ကျွန်တော် မျှော်လင့်ခဲ့သည့် ကောင်းကြီးများကိုမရမည့်အပြင် ကပ်ဘေးကို ခံစားရမည်ဖြစ်ကြောင်းကို ကျွန်တော် သိမြင်သည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ပြီး ထားခဲ့ဖို့ ကျွန်တော် တွေးခဲ့သေးသည်။ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ရခြင်း၏ ရည်ရွယ်ချက်သည် ကောင်းကြီးရဖို့သာဖြစ်ကြောင်း ဤလုံးဝသိသာလှသော လက္ခဏာများက ကျွန်တော့်ကို ရှင်းလင်းစွာ မြင်စေသည်။ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကျွန်တော် ကြိုးစားခဲ့သည်။ ကျွန်တော်သည် အမှန်တကယ် အရှက်ကင်းမဲ့ခဲ့ ပါသည်။ လူတစ်ယောက်တွင် ရှိသင့်သည့် ဆင်ခြင်တုံတရားသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ ကျွန်တော်သည် စာတန်၏သားစဉ်မြေးဆက်တစ်ယောက် အမှန် ဖြစ်ခဲ့ သည်။ ကျွန်တော့်ကို သိမ်းပိုက်ဖို့နှင့် ကောင်းကြီးများကို ရလိုသည့် ကျွန်တော့် ရည်ရွယ်ချက်ကို ဖျက်ဆီးရန် အစေခံသူတို့၏ စမ်းသပ်ခြင်းကို အသုံးပြုသည့် ဉာဏ်ပညာရှိသော ဘုရားသခင်၏အမှုတော်ကြောင့်သာ မဟုတ်ခဲ့လျှင် ကောင်းကြီးများကိုရှာသည့် လမ်းမှားကို ကျွန်တော် သွားနေဆဲ ဖြစ်ပေလိမ့်မည်။ ကျွန်တော့် ဖောက်ပြန်ပျက်ဆီးသော အနှစ်သာရကို ကျွန်တော် နားလည်ခဲ့မည် မဟုတ်ပါ။ အထူးသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို နာခံမှုရှိစွာ ကျွန်တော်လက်ခံခဲ့မည် မဟုတ်ပါ။ နောက်ဆုံးတွင်၊ ကျွန်တော့် ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများတွင် ကျွန်တော် မုချ အဆုံးသတ်ပြီး ကယ်တင်ခြင်းရနိုင်သည့် အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားခဲ့မည် ဖြစ်သည်။

အစေခံသူတို့၏ စမ်းသပ်ခြင်းကို ခံရပြီးနောက် ကောင်းကြီးများစွာ ရဖို့ ဘုရားသခင်ကို ယုံကြည်ပြီး ကျွန်တော့် တာဝန်ကို မလုပ်ဆောင်ရဲတော့ပါ။ ဘုရားသခင်နှင့် အပေးအယူလုပ် သည့်ရည်ရွယ်ချက်ဖြင့် ကျွန်တော် မလုပ်ရဲတော့ပါ။ ဤနည်းဖြင့် ဘုရားသခင်ကို အမြတ်ထုတ်ပြီး လိမ်ညာခြင်းသည် ရွံရှာဖွယ်ကောင်းပြီး ဆိုးညစ်ကြောင်း ကျွန်တော် ခံစားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ဤစမ်းသပ်မှုကို အသုံးပြုခြင်းဖြင့် လူသားတို့ကို ကယ်တင်ရန်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်ကြောင်းကို ကျွန်တော် နားလည်ခဲ့သည်။ လူသားကို မုန်းတီးသည့်အပိုင်း ဘုရားသခင်တွင် မရှိကြောင်း၊ ကမ္ဘာကို ဖန်ဆင်းကတည်းက လူသားအပေါ် သူ၏ချစ်ခြင်းမေတ္တာတော်သည် မပြောင်းလဲကြောင်းတို့ကို ကျွန်တော် သိခဲ့သည်။ ကျွန်တော့် နှလုံးသားတွင် ဘုရားသခင်ကို ချစ်သည့်လမ်း၊ ဘုရားသခင်ကို ကျေနပ်စေသည့်လမ်း၊ အနာဂတ်တွင် သူ့အပေါ် ကျွန်တော့် ယုံကြည်ခြင်းနှင့် ကျွန်တော့် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းတို့တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးသည့်လမ်းတို့ကို လိုက်လျှောက်ရန် ကျွန်တော် ဆန္ဒရှိခဲ့သည်။ သို့ပေမယ့် ကောင်းကြီးများကို ရလိုသည့် ရည်ရွယ်ချက်နှင့် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းတို့သည် ကျွန်တော့် နှလုံးသားထဲတွင် ခိုင်မာစွာ အမြစ်တွယ်နေ သောကြောင့် စမ်းသပ်မှုတစ်ခုကိုသာ တွေ့ကြုံပြီး ဖြေရှင်းရန် လုံးဝ မဖြစ်နိုင်ခဲ့ပါ။ နောက်တွင် ပြစ်တင်ဆုံးမခြင်းကာလနှင့် ဆိုင်သော စမ်းသပ်မှု၊ သေခြင်းနှင့် ဆိုင်သော စမ်းသပ်မှု၊ ခုနှစ်နှစ် စမ်းသပ်မှု စသည့်စမ်းသပ်မှုများကို ဘုရားသခင် ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ဤစမ်းသပ်မှုများမှ ကျွန်တော် အများဆုံး ဒုက္ခခံခဲ့ရသော်လည်း အများဆုံး ရရှိသည့် စမ်းသပ်မှုမှာ ၁၉၉၉ က ခုနှစ်နှစ် စမ်းသပ်မှု ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင်၊ ကျွန်တော်သည် အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည်။ ထိုနှစ်သည် နိုင်ငံတော်၏ ဧဝံဂေလိတရား ကြီးမားစွာ ကျယ်ပြန့်သည့်နှစ် ဖြစ်သည်။ တောင်းဆို ထားသည့် အစီအစဉ်မှာ ကယ်တင်ခြင်းကို ရဖို့ ဖြစ်နိုင်ခြေရှိသောသူ မှန်သမျှကို ကယ်တင်ရန် ကြိုးစားခြင်း ဖြစ်သည်။ ထိုအစီအစဉ်ကို ကျွန်တော် မြင်သည့်အခါ ဘုရားသခင်၏ အမှုတော်သည် ၂၀၀၀ ခုနှစ်တွင် ပြီးဆုံးမည်ဟု ထင်မှတ်ခဲ့သည်။ ထို့ကြောင့်၊ ထိုအချိန်ရောက်လာသည့်အခါ ကျွန်တော်ကိုယ်တိုင့်အတွက် ခရီးဆုံးပန်းတိုင်ကောင်းကို ရဖို့ မနက်စောစောမှ ညမိုးချုပ်သည့်အထိ ဧဝံဂေလိတရားအလုပ်ဖြင့် ကျွန်တော် အလုပ်ရှုပ်ခဲ့သည်။ အသင်းတော်အကြောင်းနှင့် ပတ်သက်လာ လျှင် တခဏသာပါဝင်ပြီး အဆိုပြုချက်များကိုသာ ကျွန်တော်ကြည့်ခဲ့သည်။ ကျွန်တော့် ရည်ရွယ်ချက်များ မှားယွင်းကြောင်း ကျွန်တော် သိနေခဲ့သော်လည်း ကောင်းကြီးများကို ရလိုသည့် ကျွန်တော့်ဆန္ဒကို ကျွန်တော် မထိန်းချုပ်နိုင်ခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းအပါအဝင် ဧဝံဂေလိအလုပ်မှအပ အခြားသောအရာကို လုပ်ခြင်းသည် ကျွန်တော့်အတွက် အတားအဆီး ဖြစ်သည်ဟု ခံစားခဲ့ရသည့့်အဆင့်ထိ ဖြစ်ခဲ့သည်။ ဤနည်းဖြင့် အလုပ်ထဲကို စိတ်အားထက်သန်စွာ ကျွန်တော့်ကိုကျွန်တော် ခြေစုံပစ်ဝင် ခဲ့သည်။

နှစ်တစ်နှစ် ကုန်ဆုံးသွားမှန်းပင် ကျွန်တော် မသိခဲ့ပါ။ ဘုရားသခင်၏အမှုတော် ပြီးစီးလျှင် ကြီးမားသည့်ကပ်ဘေး ဧကန် ကျရောက်မည်ဟု ကျွန်တော် တွေးခဲ့သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုတော်ပြီးဆုံးဖို့နှင့် ထိုဘေးဒုက္ခကို နေ့စဉ် ကျွန်တော် စောင့်ခဲ့သည်။ နွေဦးရာသီပွဲတော် ရောက်လာချိန် နီးသည့်အခါ ခုနှစ်နှစ် စမ်းသပ်မှု ခံယူရန် လိုအပ်သည်ဟု အသင်းတော် ခေါင်းဆောင်မှ မိတ်ဿဟာယတွင် ပြောသည်။ ထိုသတင်းကို ကြားပြီးနောက် ကျွန်တော် တုန်လှုပ်ပြီး ကျွန်တော့် နှလုံးသားသည်လည်း ဆောက်တည်ရာမရ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် မပြောပဲ မနေနိုင်ခဲ့ပါ။ ခုနှစ်နှစ် စမ်းသပ်မှု၊ ဟုတ်လား။ အဘယ်ကြောင့် နောက်ထပ် ခုနှစ်နှစ်သည် ကျွန်တော့်အပေါ် ကျရောက်နိုင် သနည်း။ ဤကာလတစ်လျှေက် ကျွန်တော် မည်သို့ ရှင်သန်နိုင်မည်နည်း။ အို ဘုရားသခင်၊ အကျွန်ုပ်ကို အဆုံးသတ်ဖို့ အကျွန်ုပ် တောင်းဆိုပါ၏။ ဤဆင်းရဲဒုက္ခကို ကျွန်တော် အမှန်တကယ် ဆက်မခံနိုင်တော့ပါ။ နောက်တစ်နေ့ တွင် စိတ်အားငယ်ခြင်းမှ ကျွန်တော် မရုန်းထွက်နိုင်သေးပါ။ မည်သို့ပင်ဖြစ်စေ၊ ခုနှစ်နှစ် ကျန်သေးသည်။ မနက်ဖြန်သည် နောက်တစ်နေ့ဖြစ်သည်။ အပြင်ထွက်ပြီး ဤအရာကို စိတ်ထဲမှ ဖျောက်ပစ်မည်ဟု တွေးတောခဲ့သည်။ ဘတ်စကားပေါ် ရောက်လျှင်ရောက်ချင်း ကျွန်တော့်အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်အား အပြစ်တင် သည်ကို ဤသို့ ခံစားခဲ့သည်။ “တစ်ချိန်လုံးမှာ သင်သည် လိုလားစွာ ရှာဖွေခဲ့သည်၊ သင်၏ ပေးဆပ်မှုများပြုခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို အဆုံးအထိ ချစ်မည် ဖြစ်ကြောင်း၊ သူ့အား မည်သည့်အခါမျှ မပစ်သွားကြောင်း၊ ဆင်းရဲဒုက္ခမှန်သမျှကို ခံစားပြီး၊ မည်သည့် ဝမ်းမြောက်ခြင်းကိုမဆို မျှဝေခံစားမည် ဖြစ်ကြောင်း သင်ပြောခဲ့သည်။ သင်သည် မိမိကိုယ်ကို လှည့်စားခဲ့သော သူတော်ကောင်းယောင်ဆောင်သူ တစ်ယောက်သာ ဖြစ်လေသတည်း” သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်တင်မှုကို ကျွန်တော် ခံရပြီးနောက် ကျွန်တော့်ခေါင်းကို မတ်ထောင်ပြီး “ဒါ မှန်တယ်။ အရင်တုန်းက၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ကျွန်တော်ခံစားတုန်းက သူ့အတွက် ကျွန်တော့်ကိုကျွန်တော် အသုံးချဖို့ ကတိတွေ လုပ်ခဲ့တယ်။ အခု အခက်အခဲများ ရှိပြီး ဒုက္ခဝေဒနာခံစားရဖို့ ရှိသောအခါ ကျွန်တော် ပြောခဲ့တဲ့ ကတိကို ကျွန်တော် ပျက်ချင်တယ်။ ဒါကြောင့်၊ ကျွန်တော့်ကတိတွေက လိမ်ညာခြင်း သက်သက်ပဲလား။ ဘုရားသခင်က ကျွန်တော့်ကို ချစ်ခြင်းများစွာ ပေးခဲ့တယ်။ အခုမှာတော့ ကျွန်တော် မျှော်လင့်မထားခဲ့တဲ့ အခြေအနေကို ကျွန်တော် ရင်ဆိုင်တဲ့ အခါ ဘုရားသခင်ကို ကျောခိုင်းချင်တဲ့အထိ ကျွန်တော့်မှာ မကျေမချမ်း ရှိနေတယ်။ ကျွန်တော်ဟာ အမှန်တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တာပဲ” ဟု ကျွန်တော် စဉ်းစားခဲ့သည်။ ဤအရာကို စဉ်းစားသည့်အခါ အပြင်သွားချင်စိတ်မရှိတော့ဘဲ လေးလံသည့်နှလုံးသားနှင့် အိမ်သို့ ပြန်သွားခဲ့သည်။ “နာခံရန်” အတင်းခိုင်းခြင်း ခံခဲ့ရသော်လည်း ဘုရားသခင်၏ အလုပ်တွင် ခုနှစ်နှစ်ကျန်သေးသည့်အရာကို စဉ်းစားသည့်အခါ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်နာကျင်ပြီး ခက်ခဲလွန်း သည်ဟု ကျွန်တော် ခံစားခဲ့သည်။ ကျွန်တော့်ကိုကျွန်တော် အလိုလိုက်ပြီး လုပ်သည့်အရာတိုင်းတွင် အလောတကြီးလုပ်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိခဲ့ပါ။ အချိန်မှန်မှန် နောက်တစ်နေ့ရောက်သကဲ့သို့ ကျွန်တော့်တာဝန်ကို ခေါင်းမဖော်ဘဲ နေ့တိုင်း လုပ်ဆောင်ခဲ့သည်။ ကျွန်တော်သည် အပျက်သဘောဆောင်ပြီး ရန်လိုမုန်းတီးသည့်အနေအထားဖြင့် အသက်ရှင်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို တဖြည်းဖြည်း ကျွန်တော် ဆုံးရှုံးခဲ့သည်။ ကျွန်တော့် ကိုယ်ပိုင်အခြေအနေကို ပြောင်းလဲချင်ခဲ့သော်လည်း ကျွန်တော် မတတ်နိုင်ခဲ့ပါ။

တစ်နေ့သော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်တော် တွေ့ခဲ့သည်။ “လူအချို့တို့သည် ၎င်းတို့၏ တာဝန်ကို ပထမဦးစွာ ထမ်းဆောင်ခဲ့သည့် အချိန်တွင် အားထုတ်မှု အပြည့် ရှိခဲ့ကြပြီး ထိုအားထုတ်မှုမှာ မည်သည့်အခါမျှ မကုန်ခမ်းသကဲ့သို့ ဖြစ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် ထမ်းဆောင်နေရင်း ထိုအားထုတ်မှုသည် အဘယ်အတွက်ကြောင့် ပျောက်ဆုံးသွားသကဲ့သို့ ထင်ရသနည်း။ ထိုစဉ်အချိန်က ၎င်းတို့၏လူပုဂ္ဂိုလ်နှင့် ယခုအချိန်မှ ၎င်းတို့၏လူပုဂ္ဂိုလ်တို့မှာ ကွဲပြားခြားနားသော လူနှစ်ဦးကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့ အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းမှာ မှန်သောလမ်းကြောင်းပေါ်သို့ မရောက်မီ လမ်းမှားသို့ ရောက်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် မှားသောလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့၏ ကနဦးရှာဖွေမှုအတွင်း တစ်စုံတစ်ခုကို ဖုံးကွယ်ထားခဲ့ပြီး အဓိကကျသော အခိုက်အတန့်တွင် ထိုအရာသည် ပေါ်ထွက်လာခဲ့သည်။ ဖုံးကွယ်ခဲ့သောအရာမှာ အဘယ်နည်း။ ထိုအရာမှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရင်း ၎င်းတို့၏ စိတ်နှလုံးအတွင်း တည်ရှိသော မျှော်လင့်စောင့်စားချက် တစ်ခု ဖြစ်သည်၊ ယင်းမျှော်လင့်စောင့်စားချက်မှာ ဘုရားသခင်၏နေ့ရက် မကြာမီ ရောက်ရှိလာမည် ဖြစ်သောကြောင့် ၎င်းတို့၏ ဒုက္ခဝေဒနာ အဆုံးသတ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဘုရားသခင်သည် အသွင်းသဏ္ဌာန် ပြောင်းလဲလိမ့်မည် ဖြစ်သဖြင့် ၎င်းတို့၏ ဆင်းရဲဒုက္ခ အားလုံး ပြီးဆုံးသွားမည်ဟူ၍လည်းကောင်း မျှော်လင့်စောင့်စားခြင်း ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ဆုံးရှုံးသွားသောသူများသည် အန္တရာယ်အရှိဆုံးဖြစ်ကြသည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေစေခဲ့သည်။ ကျွန်တော့်ရှာဖွေခြင်းတွင် ဘုရားသခင်၏ နေ့ရက်မကြာမီရောက်လာပြီး ဆင်းရဲဒုက္ခကို ခံစားဖို့မလိုတော့ဘဲ ကောင်းမွန်သောလမ်းဆုံးပန်းတိုင် ရောက်မည်ဟူသော လျို့ဝှက်ထားသည့် မျှော်လင့်ချက်ရှိနေခဲ့သည်။ ဤမျှော်လင့်ချက် က ကျွန်တော့်ရှာဖွေခြင်း တစ်လျှောက်လုံး အုပ်စိုးနေခဲ့သည်။ ကျွန်တော့်မျှော်လင့်ချက်သည် ဘာမျှ ဖြစ်မသွားသည့်အခါ ကျွန်တော်လဲပြိုပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့အထိ ခံစားခဲ့ရပြီး သေခြင်းဖြင့် ရှောင်လွဲဖို့ပင် ကျွန်တော် စဉ်းစားခဲ့သေးသည်။ ဘုရားသခင်၏နောက်တော်သို့ ကျွန်တော် နှစ်ပေါင်းများစွာ လိုက်ခဲ့သော်လည်း ၎င်း၏အနှစ်သာရမှာ သမ္မာတရားကို ရှာဖွေခြင်းလမ်း မဟုတ်ခဲ့သည်ကို ထိုအချိန်မှ ကျွန်တော်သိခဲ့သည်။ ဘုရားသခင်၏နေ့ကို ကျွန်တော် အမြဲ မျက်လုံးဒေါက်ထောက်ကြည့်ခဲ့သည်။ သူ၏ကောင်းကြီးများကို ရရန် သူနှင့် အပေးအယူသဘောသာ ကျွန်တော်ပြုခဲ့သည်။ ထိုကဲ့သို့သောအချိန်တွင်ပင် ဘုရားသခင်၏ အိမ်ထောင်အတွင်း တွင်သာ ကျွန်တော်မနေဘဲ မနေနိုင်ခဲ့သလိုဘုရားသခင်ကို ကျွန်တော် ကျောမခိုင်းခဲ့သော်လည်း ကျွန်တော့်အထဲတွင် ရှိသည့် ကူးစက်သည့်အရာကို ကျွန်တော် မဖြေရှင်းပါက မကြာမီ ဘုရားသခင်ကို ကျွန်တော် တားဆီးပြီး ကျောခိုင်းသွားမည် ဖြစ်သည်။ အန္တရာယ်ရှိသောအခြေအနေတွင် ကျွန်တော် ရှိနေသည်ကို မြင်တွေ့ပြီးနောက်၊ နှလုံးသားထဲမှ ဘုရားသခင်ထံ ထိုနေ့အတွက် မျှော်လင့်နေသည့် ညစ်ညမ်းမှုကို ဖယ်ရှားပစ်ရန် ကျွန်တော် ဘာလုပ်ရမည်နည်းဟု ဆုတောင်းမိခဲ့သည်။ ထို့နောက်၊ နောက်တစ်ကြိမ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော်ဖတ်ခဲ့သည်။ ထိုနှုတ်ကပတ်တော်တွင် “တရုတ်နိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဤဒုက္ခဆင်းရဲများကို ဖြတ်ကျော်နိုင်ခြင်းနှင့် ဘုရားသခင်၏ အမှုကို မွေ့လျော်နိုင်ခြင်းကြောင့် သင်တို့အားလုံးကို တိုင်းတစ်ပါးသားများ အမှန်တကယ်ပင် အားကျကြောင်းကို သင်မသိသလော။ တိုင်းတစ်ပါးသားများ၏ ဆန္ဒများမှာ၊ ကျွန်ုပ်တို့လည်း ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားလိုသည်၊ ကျွန်ုပ်တို့သည် ၎င်းအတွက် မည်သည့်ဒုက္ခကိုမဆို ခံစားမည်။ ကျွန်ုပ်တို့လည်း သမ္မာတရားကို ရလိုသည်။ ကျွန်ုပ်တို့သည် ထိုးထွင်းအမြင် အနည်းငယ် ရလိုသည်၊ ဝိညာဉ်အသက်တာ အနည်းငယ် ရလိုသည်၊ သို့သော်လည်း ဝမ်းနည်းဖွယ်ရာမှာ ကျွန်ုပ်တို့၌ ယင်းပတ်ဝန်းကျင် မရှိခြင်းပင် ဖြစ်သည်။...ဤလူစုကို အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် စုံလင်စေခြင်း၊ ၎င်းတို့ကို ဤဒုက္ခဆင်းရဲကို သည်းခံစေခြင်းမှာ ဘုရားသခင်၏ အကြီးမားဆုံး ချီးမြှောက်ခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါသည် ငါ၏ ဘုန်းကို ဣသရေလပြည်မှ အရှေ့ပြည်သို့ ယူဆောင်လာပြီးသည်မှာ အတန်ကြာပြီ’ ဟု တစ်ချိန်က အဆိုရှိခဲ့သည်။ ဤထွက်ဆိုချက်၏ အဓိပ္ပာယ်ကို သင်တို့အားလုံး ယခု နားလည်သလော။ သင်သည် ရှေ့၌ရှိသော လမ်းကို မည်ကဲ့သို့ လျှောက်လှမ်းသင့်သနည်း။ သင်သည် သမ္မာတရားကို မည်ကဲ့သို့ရှာဖွေသင့်သနည်း။ အကယ်၍ သင်သည် သမ္မာတရားကို မရှာဖွေပါက သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မည်ကဲ့သို့ရနိုင်မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို သင် ဆုံးရှုံးလျှင် ဆုံးရှုံးချင်း သင်သည် အန္တရာယ်အရှိဆုံး ဖြစ်လိမ့်မည်။ ပစ္စုပ္ပန်ကာလမှ ဒုက္ခဆင်းရဲမှာ မဖြစ်စလောက်ပင် ဖြစ်သည်။ ၎င်းသည် သင်တို့အတွက် မည်သည့်အရာကို ပြုပေးကြောင်းကို သင် သိသလော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ဆုံးရှုံးသွားသောသူများသည် အန္တရာယ်အရှိဆုံးဖြစ်ကြသည်”) ဆင်းရဲဒုက္ခကို ခံနိုင်သော လူတို့တွင် ကြီးမားသောအဓိပ္ပာယ်ရှိကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်တော် မြင်နိုင်ခဲ့ သည်။ ယင်းမှာ လူတို့ကို သမ္မာတရားအားရရှိခွင့်ပေးခြင်း ဖြစ်သည်။ ဆင်းရဲဒုက္ခဖြစ်ရခြင်းမှာ ဘုရားသခင်၏အမှုတော်ကြောင့်၊ အထူးသဖြင့် သူ၏ကျေးဇူးတော်နှင့် ချီးမြှောက်ခြင်းကြောင့် ဖြစ်သည်။ ကျွန်တော်တို့အတွက် ထူးခြားသော အခွင့်အရေး ဖြစ်သည်။ “ပစ္စုပ္ပန်ကာလမှ ဒုက္ခဆင်းရဲမှာ မဖြစ်စလောက်ပင် ဖြစ်သည်။ ၎င်းသည် သင်တို့အတွက် မည်သည့်အရာကို ပြုပေးကြောင်းကို သင် သိသလော။” ဟု ဘုရားသခင် ပြောခဲ့သည့် အတိုင်း ဆင်းရဲဒုက္ခခံခြင်းတွင် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသည်ကို ကျွန်တော် သိခဲ့သော်လည်း ဤနှုတ်ကပတ်တော်များကို စဉ်းစားရင်း ဤဆင်းရဲဒုက္ခဖြင့် ကျွန်တော်၌ ဘုရားသခင် ပြီးမြောက်လိုသည့်အရာကို ရှင်းလင်းစွာ ကျွန်တော်လုံးဝမသိခဲ့ပါ။ ဤအရာကို ဆင်ခြင်ခဲ့သည်။ ဤအချိန်တွင် ဆင်းရဲဒုက္ခခံရခြင်း၏ အဓိပ္ပာယ်ကို ကျွန်တော် နားမလည်သော်လည်း ကျွန်တော် လုပ်နိုင်သည့်အရာ တစ်ခုတည်းမှာ သမ္မာတရားကို အမှန်တကယ် ရှာဖွေခြင်း၊ သမ္မာတရားကို ပို၍ ရှာခြင်း ဖြစ်သည်။ အကြောင်းမှာ သမ္မာတရားကို ကျွန်တော် ရရှိမှ ဆင်းရဲဒုက္ခ၏ အဓိပ္ပာယ်ကို မှန်ကန်စွာ နားလည်နိုင်မည်။ ထိုသို့နားလည်မှ ကျွန်တော့်အထဲရှိ ညစ်ညမ်းမှုကိုကျွန်တော် ဖယ်ရှားနိုင်မည်။

မျက်စိတစ်မှိတ်အတွင်း ၂၀၀၉ ရောက်လာခဲ့လေပြီ။ ကျွန်တော်သတိမထားမိပဲ ခုနှစ်နှစ် ကုန်လွန်သွားခဲ့သည်။ ဤအထိ ရောက်လာနိုင်ခဲ့ပြီ။ ဤခုနှစ်နှစ်သည် ကျွန်တော် ထင်ခဲ့သလို မရှည်လျားခဲ့ဟု နောက်ဆုံးတွင် ခံစားရသည်။ ဤနှစ်အနည်းငယ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်း၊ ဘုရားသခင်၏ စမ်းသပ်မှု၊ စစ်ဆေးခြင်းတို့နှင့် ဆိုင်သည့် ထုတ်ဖော်ပြခြင်းများထဲ၌ ကျွန်တော့် မျက်နှာစစ်ကို ကျွန်တော် မြင်တွေ့ခဲ့သည်။ ကျွန်တော်သည် အဆင်းနီသော နဂါးကြီး၏ သားတစ်ယောက်ဖြစ်ကြောင်းကို ထင်ထင်ရှားရှား မြင်ခဲ့ရသည်။ အကြောင်းမှာ၊ ကျွန်တော်သည် “အကျိုးမရှိရင် အစောကြီး မထပါနဲ့။ အကျိုးက အရာအားလုံးကို ဦးဆောင်နေတယ်” ဟူသည့် အဆိပ်အတောက်များနှင့် ပြည့်နေသောကြောင့်ဖြစ်သည်။ ၎င်းသည် အဆင်းနီသော နဂါးကြီးကို အကောင်းဆုံးကိုယ်စားပြုချက် ဖြစ်သည်။ ဤအဆိပ်၏ အုပ်စိုးမှုအောက်တွင် ဘုရားသခင်အပေါ် ကျွန်တော့် ယုံကြည်ခြင်းမှာကောင်းကြီးရရှိဖို့ရန်သာဖြစ်ခဲ့သည်။ ဘုရားသခင်အတွက် ကျွန်တော့်ကိုကျွန်တော် အသုံးပြုခြင်းတွင် အချိန်အကန့်အသတ်ရှိပြီး အနည်းငယ်သော ဆင်းရဲဒုက္ခကိုခံပြီး ကြီးမားသော ကောင်းကြီးများကို ကျွန်တော် ရချင်ခဲ့သည်။ ကောင်းကြီးရလိုသည့် ခိုင်မာသောရည်ရွယ်ချက်နှင့် ကျွန်တော့်အထဲတွင်ရှိသည့် အပေးအယူလုပ်လိုသည့်စိတ်နေသဘောထားကို ဖယ်ရှားပစ်ရန် ကျွန်တော့်အပေါ် များစွာသော စမ်းသပ်မှုနှင့် စစ်ဆေးခြင်းကို ဘုရားသခင် ပြုခဲ့သည်။ ထိုသို့ပြုမှ ဘုရားသခင်အပေါ် ကျွန်တော့်ယုံကြည်ချက်ရှိ ညစ်ညမ်းမှုမှာ သန့်စင်ခြင်း ခံခဲ့ရသည်။ ကျွန်တော်သည် စာတန်၏ ဖောက်ပြန်ပျက်ဆီးသော စိတ်နေသဘောထားနှင့် ပြည့်နေကြောင်းကို ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းများတွင် ကျွန်တော် မြင်ခဲ့သည်။ ကျွန်တော် မာနထောင်လွှားခဲ့သည်။ လှည့်စားတတ်ခဲ့သည်။ တစ်ကိုယ် ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ကောင်းခဲ့သည်။ မဆင်မခြင် လုပ်တတ်သည်။ ဝတ်ကျေတမ်းကျေ လုပ်တတ်သည်။ ၎င်းတို့က ကျွန်တော့် စရိုက်မှန်ကို တိုး၍ တိုး၍ ရှင်းလင်းစွာ တွေ့မြင်စေခဲ့သည်။ ကျွန်တော်သည် စာတန်အားဖြင့် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်ဆီးခဲ့ပြီး ငရဲ၏သား ဖြစ်ကြောင်းကို မြင်စေခဲ့သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်ဖြင့် ဘုရားသခင်အပေါ် ကျွန်တော့်၏ ကျေးဇူးသိတတ်ခြင်း ကြီးထွားလာပြီး ကျွန်တော့်၏ လိုအပ်ချက်များ နည်းသွားခဲ့သည်။ ဖောက်ပြန်ပျက်ဆီးပြီး ဆိုးယုတ်သည့် စိတ်နေသဘောထားကို စွန့်ပစ်နိုင်ပြီး ဘုရားသခင်ကို မှန်ကန်စွာ နာခံကာ ကိုးကွယ်သောသူတစ်ယောက်ဖြစ်ရန်သာ ကျွန်တော် တောင်းဆိုခဲ့သည်။ ယနေ့အထိ ဘုရားသခင်၏ နောက်တော်သို့ လိုက်ရင်း လူသားအတွက် ဘုရားသခင်၏ ကယ်တင်ခြင်းသည် မလွယ်ကူကြောင်းကို နောက်ဆုံးတွင် ကျွန်တော်နားလည်ခဲ့သည်။ သူ၏အမှုတော်သည် အလွန်လက်တွေ့ကျသည်။ လူသားမျိုးနွယ်ကို သူ၏ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်းအမှုတို့သည် လူတွေ ထင်သကဲ့သို့ မရိုးရှင်းပါ။ ယခုမူ ကျွန်တော်သည် ဘုရားသခင်၏ နေ့ရက် လျင်မြန်စွာ ရောက်လာရန် မျှော်လင့်နေသည့် နုံအသောကလေးသူငယ်ကဲ့သို့ မဟုတ်တော့ပါ။ ကျွန်တော့်၏ ဖောက်ပြန်ပျက်ဆီးခြင်းသည် အလွန်နက်ရှိုင်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို အလွန်လိုအပ်သူ၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ပိုမိုလက်တွေ့ခံစားရန် ကျွန်တော် အလွန်လိုအပ်ကြောင်း အမြဲခံစားခဲ့သည်။ သာမန်လူ့သဘာဝတွင် ရှိသင့်သည့် အသိတရားနှင့် ဆင်ခြင်တုံတရားကို ကျွန်ုပ် ပိုင်ဆိုင်နိုင်ပြီး ဘုရားသခင်၏ အမှုတော်ကို မှန်ကန်စွာ တွေ့ကြုံခံစားကာ စစ်မှန်သောပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ နောက်ဆုံးတွင် ကျွန်ုပ် အသက်ရှင်နေထိုင်နိုင်လျှင် ကျွန်တော့်နှလုံးသား ကျေနပ်မည် ဖြစ်သည်။ ယခုတွင် ခုနှစ်နှစ် စမ်းသပ်ခြင်း ကျွန်တော့်အပေါ် ရောက်စဉ်က ကျွန်တော့်ကိုကျွန်တော် ထုတ်ဖော်ခဲ့သည့်အရာကို စဉ်းစားသည့်အခါ ဘုရားသခင်ထံ ကျေးဇူးအကြွေးများစွာ တင်ရှိပြီး သူ၏နှလုံးသားကို ကျွန်တော် အလွန်နာကျင်စေ ခဲ့သည်ဟု ခံစားရသည်။ ဘုရားသခင်၏ အမှုတော်သည် ၂၀၀၀ ခုနှစ်တွင် ပြီးဆုံးခဲ့ပါက လုံးဝရွံရှာဖွယ် ကောင်းသော ကျွန်တော်သည် အပြစ်ဒဏ်နှင့် ပျက်ဆီးခြင်း၏ ပစ်မှတ် ဖြစ်ခဲ့မည်မှာ သေချာသည်။ ခုနှစ်နှစ် စမ်းသပ်ခြင်းသည် ကျွန်တော့်အတွက် ဘုရားသခင်၏ သည်းခံခြင်းနှင့် သနားကရုဏာတော်ဖြစ်ပြီး ဘုရားသခင်၏ အမှန်ကန်ဆုံးနှင့် အစစ်မှန်ဆုံး ကယ်တင်ခြင်း ဖြစ်သည်။

ခုနှစ်နှစ်မှ ကျွန်တော် ထွက်လာသည်နှင့် တပြိုင်နက်၊ အရင်က နားမလည်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ပြန်ဆင်ခြင်ခဲ့သည်။ “တရုတ်နိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဤဒုက္ခဆင်းရဲများကို ဖြတ်ကျော်နိုင်ခြင်းနှင့် ဘုရားသခင်၏ အမှုကို မွေ့လျော်နိုင်ခြင်းကြောင့် သင်တို့အားလုံးကို တိုင်းတစ်ပါးသားများ အမှန်တကယ်ပင် အားကျကြောင်းကို သင်မသိသလော။ တိုင်းတစ်ပါးသားများ၏ ဆန္ဒများမှာ၊ ကျွန်ုပ်တို့လည်း ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားလိုသည်၊ ကျွန်ုပ်တို့သည် ၎င်းအတွက် မည်သည့်ဒုက္ခကိုမဆို ခံစားမည်။ ကျွန်ုပ်တို့လည်း သမ္မာတရားကို ရလိုသည်။ ကျွန်ုပ်တို့သည် ထိုးထွင်းအမြင် အနည်းငယ် ရလိုသည်၊ ဝိညာဉ်အသက်တာ အနည်းငယ် ရလိုသည်၊ သို့သော်လည်း ဝမ်းနည်းဖွယ်ရာမှာ ကျွန်ုပ်တို့၌ ယင်းပတ်ဝန်းကျင် မရှိခြင်းပင် ဖြစ်သည်။...ဤလူစုကို အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် စုံလင်စေခြင်း၊ ၎င်းတို့ကို ဤဒုက္ခဆင်းရဲကို သည်းခံစေခြင်းမှာ ဘုရားသခင်၏ အကြီးမားဆုံး ချီးမြှောက်ခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါသည် ငါ၏ ဘုန်းကို ဣသရေလပြည်မှ အရှေ့ပြည်သို့ ယူဆောင်လာပြီးသည်မှာ အတန်ကြာပြီ’ ဟု တစ်ချိန်က အဆိုရှိခဲ့သည်။ ဤထွက်ဆိုချက်၏ အဓိပ္ပာယ်ကို သင်တို့အားလုံး ယခု နားလည်သလော။” ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို ကျွန်တော်အနည်းငယ် နားလည်နိုင်ပြီး ဆင်းရဲဒုက္ခခံခြင်းသည် အမှန် အဓိပ္ပာယ်ရှိကြောင်းကို နောက်ဆုံးတွင် ကျွန်တော် ခံစားနိုင်သည်။ ဤစမ်းသပ်ချက်များကို ကြုံရစဉ် ဆင်းရဲဒုက္ခကို ခံခဲ့သော်လည်း ကျွန်တော် ရရှိခဲ့သည့်အရာသည် အလွန်မွန်မြတ်ပြီး တန်ဖိုးရှိကြောင်းကို ဆင်းရဲဒုက္ခခံပြီးမှသာ ကျွန်တော် မြင်ခဲ့ရသည်။ ဤစမ်းသပ်ချက်များကို ကြုံတွေ့ခြင်းဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သေဘောထား၊ သူ၏အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာတို့ကို ကျွန်တော် မြင်ခဲ့သည်။ ဘုရားသခင်၏ ကြင်နာသောရည်ရွယ်ချက်များကို ကျွန်တော် နားလည်ခဲ့သည်။ ဖခင်က သူ၏ကလေးကို သင်ပေးသကဲ့သို့ လူသားအတွက် ဘုရားသခင်၏ လေးနက်သော ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို ကျွန်တော် မြည်းစမ်းမိခဲ့သည်။ သူ၏နှုတ်ကပတ်တော်များထဲတွင် သြဇာအာဏာနှင့် တန်ခိုးကိုလည်း ကျွန်တော် တွေ့ကြုံခဲ့သည်။ စာတန်ကြောင့် ကျွန်တော့်၏ဖောက်ပြန်ပျက်ဆီးခြင်း အမှန်တရားကိုလည်း ကျွန်တော် မြင်ခဲ့သည်။ သူ၏ကယ်တင်ခြင်း အမှုအတွက် ဘုရားသခင်၏ အခက်အခဲ များကို ကျွန်တော် ကျေးဇူးတင်မိခဲ့သည်။ ထို့ပြင်၊ ဘုရားသခင်သည် သန့်ရှင်း၍ ဂုဏ်ပြုခြင်းကိုခံကြောင်းနှင့် လူသားများသည် အကျည်းတန်ကာ စပ်ဆုပ်ဖွယ်ကောင်းကြောင်း ကိုလည်း ကျွန်တော် မြင်ခဲ့သည်။ သူ့အပေါ် ယုံကြည်ခြင်း လမ်းမှန်သို့ ပို့ဆောင်ရန် လူသားများကို ဘုရားသခင် အဘယ်သို့ သိမ်းပိုက်ပြီး ကယ်တင်သည်ကိုလည်း ကျွန်တော် ကြုံတွေ့ခဲ့သည်။ ၎င်းကို ယခု စဉ်းစားသည့်အခါ ဘုရားသခင်သည်သာ ခက်ခဲလှသော စမ်းသပ်ချက် တစ်ခုပြီးတစ်ခု ကျွန်တော့်အပေါ် မလုပ်ခဲ့လျှင် ဤအရာတို့အား သိနားလည်ခြင်းကို ကျွန်တော် ရရှိခဲ့မည် မဟုတ်ပေ။ လူသားများ၏ အသက်တာ၌ ကြီးထွားဖို့ရန်အတွက် အခက်အခဲများနှင့် စစ်ဆေးခြင်းများသည် အလွန် အကျိုးရှိသည်။ ၎င်းတို့အားဖြင့် ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းစဉ်တွင် သမ္မာတရားတည်းဟူသော လက်တွေ့အကျဆုံးနှင့် အဖိုးတန်ဆုံး သော အရာကို သူတို့ ရရှိနိုင်သည်။ ဆင်းရဲဒုက္ခ၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို မြင်ပြီးနောက် ထမ်းစင်ပေါ် စီးပြီး ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် ကျွန်တော် အိပ်မက် မမက်တော့ပါ။ မြေပေါ်တွင် ကျွန်တော် ၏ ခြေကို အခိုင်အမာရပ်တည်ပြီး ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားရန်နှင့် ကျွန်တော့်ကို ပြောင်းလဲဖို့ သမ္မာတရားကို မှန်ကန်စွာ လိုက်ရှာရန် ကျွန်တော် ဆန္ဒရှိပါသည်။

ဘုရားသခင်၏အမှုတော်ကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခြင်းဖြင့် ယခုတွင် ဘုရားသခင် ထံတော်မှ ဤနှုတ်ကပတ်တော်များ၏ လက်တွေ့ကျသော သိနားလည်ခြင်းအနည်းငယ်ကို ကျွန်တော် ရရှိပါသည်။ “ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာတည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်းဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ဘုရားသခင်ထံတော်မှ ဤစမ်းသပ်ချက်များကို တွေ့ကြုံမခံစားခင်က ကောင်းကြီးရလိုသည့် ခိုင်မာသောရည်ရွယ်ချက်နှင့် အပေးအယူလုပ်သည့် သဘောထားနှင့် ကျွန်တော်ပြည့်ခဲ့သည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ ရည်မှန်းချက်ပန်းတိုင်တို့ကို သဘောတရားအရ ကျွန်တော် သိခဲ့သော်လည်း ကောင်းကြီးရရှိရန်သာ ကျွန်တော် အာရုံစိုက်ခဲ့သည်။ သမ္မာတရားကို အာရုံမစိုက်ခဲ့ပါ။ ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေရန်နှင့် ဘုရားသခင်အား သိကျွမ်းခြင်းကို ကျွန်တော့်၏ရှာဖွေခြင်း ပန်းတိုင်အဖြစ် ထားဖို့ ကျွန်တော့်၏ဖောက်ပြန်ပျက်ဆီးသည့်စိတ်နေသဘောထားကို မစွန့်လွှတ်ခဲ့ပါ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါ သူ၏ အဓိကအလုပ်သည် ကောင်းကြီးခံလိုသည့် လူသားများ၏ ရည်ရွယ်ချက်နှင့် အပေးအယူလုပ်လိုသည့် စိတ်ထားတို့ကို ဖြေရှင်းရန် ဖြစ်ကြောင်းကို ယခုတွင်သာ ကျွန်တော် သိနားလည်ရသည်။ အကြောင်းမှာ ဤအရာတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းမှန်သို့ ဝင်ရောက်ရန် အမှန်တကယ် အတားအဆီးများနှင့် ခလုတ်တံသင်းများ ဖြစ်သောကြောင့်ဖြစ်သည်။ လူသားအထဲတွင် ဤအရာတို့ ခိုအောင်းနေသည့်အခါ သူတို့သည် သမ္မာတရားကို ရှာဖွေမည် မဟုတ်ပါ။ သူတို့၏ရှာဖွေခြင်းတွင် မှန်ကန်သော ပန်းတိုင်ရှိမည် မဟုတ်ပါ။ လမ်းမှားဖြင့် လျှောက်လှမ်းကြမည် ဖြစ်သည်။ ဤလမ်းသည် ဘုရားသခင် အသိအမှတ်မပြုသည့် လမ်းဖြစ်သည်။ ယခုမှာ၊ ကျွန်တော့်အထဲတွင် ရှိသည့် စာတန်၏ခံတပ်ကြီးကို ဘုရားသခင်၏ သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းအမှုက ဖျက်ဆီးခဲ့ပြီ။ ကျွန်တော် မစိုးရိမ်တော့ပါ။ ကောင်းကြီးများကို ရခြင်း သို့မဟုတ် ကပ်ဘေးကို ကြုံခြင်း အတွေးတို့တွင် ကျွန်တော် မနှစ်မြုပ်တော့ပါ။ လွန်ကျူးသော ဆန္ဒများနောက်ကို သဲကြီးမဲကြီး ကျွန်တော် မလိုက်တော့ပါ။ ကပ်ဘေးကို ရှောင်ရန် ဘုရားသခင်၏ နေ့ရက်အကြောင်းနှင့် ပတ်သက်၍ အခြေအနေများ သို့မဟုတ် သတ်မှတ်ချက်များ ပြုလုပ်ခြင်းအကြောင်းများကို ကျွန်တော် မဆွေးနွေးတော့ပါ။ ဤညစ်ညမ်းမှုမရှိပဲ ပိုပေါ့ပါးပြီး လွတ်လပ်သည်ဟု ကျွန်တော် ခံစားသည်။ မြေပေါ်တွင် ခြေကို ခိုင်မာစွာချပြီး သမ္မာတရားကို ကျွန်တော် စတင်ရှာဖွေနိုင်သည်။ ဤကဲ့သို့ ပြောင်းလဲနိုင်ခြင်းသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့မှ ပေါက်ဖွားသည့် အသီးအပွင့် ဖြစ်သည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းမှန်သို့ ပို့ဆောင်ခဲ့သူမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်။ ယခုအချိန်မှစ၍ မည်သည့်စမ်းသပ်ချက်ကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ၊ မည်မျှနာကျင်သော စစ်ဆေးခြင်းကို ကျွန်တော် ခံစားရသည်ဖြစ်စေ၊ ကျွန်တော် လက်ခံကာ နာခံပြီး ၎င်းတို့ကို မှန်ကန်စွာ တွေ့ကြုံခံစားသွားပါမည်။ ၎င်းတို့မှ သမ္မာတရားကို ရှာပြီး ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေရန်နှင့် နှစ်ပေါင်းများစွာ ဘုရားသခင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို ပြန်ဆပ်ဖို့ရန် ဖောက်ပြန် ပျက်ဆီးခြင်းနှင့် ကင်းသည့်စိတ်သေဘောထားကို ကျွန်တော် ရရှိမည်ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူးရင်းစာတွင် "မျှသာ" ဟူသော စကားရပ် မပါရှိပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဤလမ်းကြောင်းပေါ် ကျွန်ုပ် ဆုံးဖြတ်ချက်ခိုင်မာသည်

ဟန်ချန် တရုတ်နိုင်ငံ ဟိုတစ်နှစ်က ဧဝံဂေလိဟောမှုနဲ့ အစ်မအဖမ်းခံရတယ်။ အစ်မကို ကွန်မြူနစ်ပါတီက အစွန်းရောက်ဂိုဏ်းကို စုစည်းအသုံးပြုပြီး...

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

လီမင် စပိန်နိုင်ငံ“သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည်...

လူ့သဘာဝကို အပြင်ပန်းသဏ္ဌာန်အားဖြင့် ပိုင်းခြားမသိမြင်နိုင်ပေ

ရန်ရွယ်၊ ယူဆီမြို့၊ ရှန်စီမြို့နယ် ကျွန်မ၏ နှလုံးသားထဲတွင် ကျွန်မ ဖခင်သည် လူကောင်းတစ်ယောက်ဟု ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့သည်။ တစ်နေ့သောအခါ...

ဖောက်ပြန်ပျက်စီးမှု၏ ချည်နှောင်မှုများ

ဝူရှီး တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ်၊ မတ်လတုန်းကပေါ့။ ရွေးကောက်ပွဲတစ်ခုကို ကျွန်မ တာဝန်ယူထားတဲ့ ဘုရားကျောင်းမှာ ကျင်းပဖို့ ကျွန်မသွားခဲ့တယ်၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။