မိမိ၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်မစစ်မှန်ခဲ့ပါ

03.02.2022

ကျွန်မမိသားစုက အ‌မြဲ တော်တော် ဆင်းရဲခဲ့တယ်၊ ငွေကြေး အရမ်းမကျပ်တည်းအောင်လို့ ဘဏ်အမှုဆောင်တစ်ယောက်ဖြစ်ဖို့၊ လူ့အဖွဲ့အစည်းမှာ အဆင့်အတန်းတစ်ခုခု ရှိဖို့ ကျွန်မအိပ်မက်မက်ခဲ့တယ်။ ကျောင်းပြီးလို့ အလုပ်စရှာတော့ ကိုယ်ရေးရာဇဝင်အများကြီး ပို့ခဲ့တယ်၊ ဒါပေမဲ့ တကယ်ကို အခက်တွေ့ခဲ့ပြီး ကိုယ်လိုချင်တဲ့ အလုပ်မျိုးကို လုံးဝ ရှာမတွေ့ခဲ့ဘူး။ လစာနည်းတဲ့ သာမန်အလုပ်တွေပဲ တွေ့ခဲ့တယ်။

၂၀၁၉ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပြီး နည်းနည်းကြာတော့ အသင်းတော်ထဲမှာ ရေလောင်းပေးတဲ့တာဝန် စလုပ်ခဲ့တယ်။ ကျွန်မတွေးမိတာက ဘုရားအတွက် အကောင်းဆုံးလုပ်ရင် သူငါ့ကို သေချာပေါက် ကောင်းချီးပေးပြီး အလုပ်ကောင်း ရှာတွေ့စေမှာပဲလို့ပေါ့။ ဒါကြောင့် ကိုယ့်တာဝန်ကို လုပ်ရင်းနဲ့ ကိုယ်ရေးရာဇဝင်တွေကို ကျွန်မ ပို့မြဲပို့နေခဲ့တယ်။ နောက်တော့ ၂၀၂၁ ခုနှစ် ဇွန်လမှာ ကုမ္ပဏီ ကိုယ်စားလှယ်တစ်ယောက်က အင်တာဗျူး လာဖြေပါဆိုပြီး ကျွန်မကို ဖုန်းဆက်လာရော။ အွန်လိုင်းပေါ်မှာ သူတို့အဖွဲ့အစည်းအကြောင်း ရှာကြည့်လိုက်တော့ သူတို့က နိုင်ငံစုံ ကုမ္ပဏီတစ်ခုဖြစ်ပြီး စီအီးအိုကလည်း ကမ္ဘာတစ်ဝှမ်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတာတွေ့တယ်။ ကျွန်မအလုပ်လုပ်ဖို့ မျှော်လင့်နေခဲ့တဲ့ ဘဏ်အကြီးစားကို သူပိုင်နေတာလေ။ အဲဒီဘဏ်မှာ အင်တာဗျူးဖြေတာတွေက ဘာမှမထူးခဲ့ဘူး။ အဲဒီကုမ္ပဏီက ကျွန်မကို အင်တာဗျူးဖို့ ဆက်သွယ်လာမယ်လို့ လုံးဝ မထင်ထားဘူး။ အံ့ဩဝမ်းသာဖြစ်ခဲ့ရတယ်။ ဘုရားက ကျွန်မကို အခွင့်အရေးပေးနေတာပဲလို့ ခံစားရသလို အဲဒီနိုင်ငံစုံ ကုမ္ပဏီမှာ ကျွန်မအလုပ်လုပ်နိုင်ရင် ဘုရားက ကျွန်မကို ကောင်းချီးပေးနေတာ ဖြစ်မယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ ဘုရားသခင်က ငါ့ကို ကူညီမှာမို့လို့ ဒီတစ်ကြိမ်တော့ သေချာပေါက် ငါအောင်မြင်ပြီး မန်နေဂျာတစ်ယောက်ရဲ့ လစာကို ရမှာပါလို့ပေါ့။ နောက်ဆုံးတော့ ကိုယ်စိတ်ကူးယဉ်ထားတဲ့ အလုပ်ကို ရဖို့ အကြောင်းဖန်လာတော့ ရင်ဖိုခဲ့ရတယ်။ မဟာဘွဲ့ကို တအားကြိုးကြိုးစားစားနဲ့ ယူခဲ့ရကျိုး နပ်မှာပဲလို့ပေါ့။ အနာဂတ်မှာ ကျွန်မဘဝ ဘယ်လိုပြောင်းမလဲ ဆိုတာကို စစိတ်ကူးကြည့်မိတယ်။ ကျွန်မမှာ ပိုက်ဆံအများကြီးရှိမယ်၊ ကိုယ်ပိုင်အိမ်ရှိမယ်၊ ကိုယ်လိုချင်တာမှန်သမျှ ဝယ်နိုင်မယ်ပေါ့။ ကမ္ဘာပတ် ခရီးသွားနိုင်မယ်၊ မိသားစုကို၊ အထူးသဖြင့် မိဘတွေကို စောင့်ရှောက်နိုင်မယ်လို့ ထင်ခဲ့တယ်။ အဲဒီမှာ စပြီးအလုပ်လုပ်တာနဲ့ အားလုံးပိုအဆင်ပြေသွားမယ်လို့ ထင်ခဲ့တာ။ အင်တာဗျုးမှာ ဝင်ဖြေမဲ့သူ သုံးယောက်ရှိမှန်း တွေ့ရတယ်၊ ကျွန်မ အရွေးမခံရမှာကို စပြီး ကြောက်လာရော။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်၊ “မဟုတ်ဘူး၊ ဒီအလုပ်က ငါ့အလုပ်ပဲ ဖြစ်မှာပါ။ ငါက ဘုရားသားသမီးပဲ၊ သူငါ့ကို သေချာပေါက် ကောင်းချီးပေးမှာ။ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ငါ့အတွက် ဘုရားက သိမ်းထားပေးမှာပါ” လို့ပေါ့။ ကိုယ့်စွမ်းဆောင်ရည်တွေအပေါ်လည်း နည်းနည်းယုံကြည်နေခဲ့တာလေ။ အင်တာဗျူးမှာ မေးခွန်းအားလုံးကို ကျွန်မဖြေခဲ့တယ်၊ အင်တာဗျူးတဲ့သူက ကျွန်မကို ပြောတယ်၊ ကျွန်မအောင်မြင်ခဲ့ရင် ရက်အနည်းငယ်အတွင်း ဖုန်းဆက်မယ်တဲ့။ ကျွန်မအရွေးခံရမယ်လို့ စိတ်ချယုံကြည်နေခဲ့တယ်။ ငါးရက်ကြာပြီးတဲ့နောက်မှာ ဖုန်းခေါ်လာမှာကို ရင်တမမနဲ့ စောင့်နေခဲ့ပေမဲ့ တစ်နေ့လုံး ဖုန်းမခေါ်လာဘူး။ တစ်ပတ်ကုန်သွားတယ်၊ သူတို့ဆီက ဖုန်းမဝင်လာသေးဘူး။ အင်တာဗျူး မအောင်မှန်း ကျွန်မသဘောပေါက်လိုက်တယ်။ ဝမ်းနည်းပက်လက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ငါဘာဖြစ်နေလို့လဲ၊ ဘာကြောင့်ကျရှုံးရတာလဲ။ ဘုရားကို ငါအားကိုးပြီး ဆုတောင်းခဲ့တာပဲကို ဘာလို့မအောင်မြင်ရတာလဲလို့ပေါ့။ တကယ်ကို အပျက်သဘောဆောင်ပြီး အားနည်းခဲ့သလို ဘုရားကို စအပြစ်တင်မိခဲ့တယ်။ နှစ်နှစ်ကျော်ကြာ ယုံကြည်သူဖြစ်ခဲ့ပြီး ကိုယ့်တာဝန်ကို တစ်ချိန်လုံး လုပ်နေခဲ့တာလေ။ ဘုရားဆီကနေ ဘယ်တော့မှ မသွေဖည်ခဲ့သလို ကိုယ့်တာဝန်ကို လက်မလျှော့ခဲ့ဖူးဘူး။ ဘာလို့ ဘုရားက ကျေးဇူးတော်နဲ့ ကောင်းချီးတွေ မပေးတာလဲပေါ့။ တစ်ပတ်လုံးလုံး စုဝေးပွဲတွေ မတက်တဲ့အထိ၊ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်တော့တဲ့အထိ ကျွန်မ ပိုစိတ်ဓာတ်ကျလာပြီး စိတ်ဆင်းရဲခဲ့ရတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ဆက်သွယ်တော့ တကယ်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး သူတို့ကို ပြန်မဖြေချင်ဘူး၊ စကားမပြောချင်ခဲ့ဘူး။ ဘာကိုမှ မလုပ်ချင်ခဲ့တာ၊ အိမ်ပြင်တောင် မထွက်ချင်ခဲ့ဘူး။ ကိုယ့်ရဲ့ ဧဝံဂေလိ တာဝန်နဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ဘုရားနှုတ်ကပတ်တော် ဝေမျှတာတွေကို ရပ်လိုက်တယ်။ ဘာလှုံ့ဆော်မှု၊ ဘာရည်မှန်းချက်မှ မရှိဘဲ ခံတွင်းတောင် ပျက်ပြီး ကိုယ့်အခန်းထဲမှာ တစ်နေ့လုံး အောင်းနေခဲ့တယ်။ ရက်အနည်းငယ်မှာပဲ ကိုယ်အလေးချိန် ကျသွားရော။

တစ်နေ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းတစ်ပုဒ် ကြားခဲ့ရတယ်- “စမ်းသပ်မှုများ၌ ဘုရားတောင့်တသောအရာမှာ လူ၏စစ်မှန်သောနှလုံးသားပင်။” “ဘုရားသခင်သည် လူတို့အား စမ်းသပ်နေသည့်အခါ မည်ကဲ့သို့သော စစ်မှန်မှုမျိုးကို သူဖန်တီးလိုခြင်း ဖြစ်သနည်း။ ဘုရားသခင်က လူတို့အား မိမိတို့၏ စိတ်နှလုံးကိုပေးရန် အဆက်မပြတ် တောင်းနေသည်။ ဘုရားသခင်သည် သင့်အား စစ်ကြောသောအခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၌၊ ဇာတိပကတိ၌ သို့မဟုတ် စာတန်၌ ရှိ မရှိကို သူ မြင်သည်။ ဘုရားသခင်သည် သင့်အား စမ်းသပ်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းရှိ မရှိ သို့မဟုတ် ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့် အနေအထား၌ ရပ်တည်ခြင်းရှိ မရှိ၊ ဘုရားသခင်မြင်ပြီး သင်၏ စိတ်နှလုံးသည် သူ့ဘက်၌ရှိ မရှိကို သူမြင်သည်။ သင်သည် ရင့်ကျက်ခြင်းမရှိဘဲ၊ စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ သင်၌ မိမိကိုယ်ကိုယ်ယုံကြည်မှု နည်းပါးပြီး သင်၌ သမ္မာတရားအား သိနားလည်ခြင်းမှာ နည်းပါးသောကြောင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ သင်ပြုဖို့လိုအပ်သည့်အရာကို အတိအကျ သိနိုင်မည် မဟုတ်ပေ။ သို့သော်လည်း အကယ်၍ သင်သည် ဘုရားသခင်ထံ စစ်မှန်စွာနှင့် ရိုးသားစွာ ဆုတောင်းနိုင်သေးပါက၊ ထို့ပြင် သင့်စိတ်နှလုံးကို သူ့အားပေးရန်၊ သူ့အား သင်၏ အချုပ်အခြာအာဏာပိုင် ဖြစ်စေရန်နှင့် တန်ဖိုးအရှိဆုံးဟု သင်ယုံကြည်သော ထိုအရာများအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်ရန် ဆန္ဒရှိပါက၊ သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနှင့်ပြီးဖြစ်လိမ့်သည်။ သင်သည် နောက်ထပ် တရားဒေသနာများကို နားထောင်ပြီး သမ္မာတရားကို ပို၍နားလည် လာသည်နှင့်အမျှ၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု သည်လည်း တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင့် တောင်းဆိုချက်များ၏ စံနှုန်းမှာ သင်မရင့်ကျက်သည့် အချိန်ကနှင့် တူတော့မည် မဟုတ်ပေ။ သူသည် သင့်အား ပိုမြင့်သော စံနှုန်းတစ်ခုကို တောင်းဆိုလိမ့်မည်။ လူတို့သည် မိမိတို့၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း ဘုရားသခင်ထံ ပေးလာသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် တဖြည်းဖြည်းချင်း ဘုရားသခင်နှင့် သာ၍နီးကပ်လာသည်၊ လူတို့သည် ဘုရားသခင်ထံ အမှန်တကယ် နီးကပ်လာနိုင်သည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ကို သာ၍ပင် ချစ်ကြောက်ရိုသေလာလိမ့်မည် ဖြစ်သည်။ ဘုရားသခင် အလိုရှိသော အရာမှာ ထိုစိတ်နှလုံးမျိုးပင် ဖြစ်သည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) အဲဒီအချိန်မှာ ကျွန်မသဘောပေါက်လိုက်တယ်၊ ဘုရားက လူတွေကို စမ်းသပ်တဲ့အခါ သူတို့ရဲ့ စိတ်နှလုံးတွေကို လေ့လာဆန်းစစ်နေတာ— သူတို့ ဘာကို ပူပန်တယ်၊ ဘုရားပြင်ဆင်ပေးတဲ့ ပတ်ဝန်းကျင်မှာ သူ့ကို ကျိုးနွံနာခံနေခြင်း ရှိမရှိဆိုတာတွေပေါ့။ ကျွန်မက သူ့ကို ကိုယ့်စိတ်နှလုံး ပေးမဲ့အစား ကိုယ့်ရဲ့စိတ်ဆန္ဒတွေ ဖြည့်ဆည်းဖို့ သူ့ကို ဘယ်လိုအသုံးချရမလဲပဲ စဉ်းစားနေခဲ့မိတယ်။ ကိုယ်လိုချင်တဲ့ အလုပ်အကိုင်၊ ဓနဥစ္စာနဲ့ ရုပ်ပိုင်းချမ်းသာမှုတွေ မရတော့ ကျွန်မအားနည်းသွားတယ်၊ စုဝေးပွဲတွေ မတက်ချင်တော့ဘူး၊ ကိုယ့်တာဝန်ကို မလုပ်ချင်တော့ဘူး။ ဒါက ဘုရားကို သစ္စာဖောက်တာပဲ၊ အဲဒီအခြေအနေမှာ ဘုရားအတွက် ကိုယ့်သက်သေခံချက်ကို ကျွန်မဆုံးရှုံးနေတာပဲ။ ဒါကြောင့် ကျွန်မဆုတောင်းခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို သမီးမဆက်ကပ်ဘူး၊ မစစ်မှန်ခဲ့ဘူးဆိုတာ ကိုယ်တော်ထုတ်ဖော်ပြလိုက်ပါပြီ၊ ကိုယ်တော့်ကို သမီးသက်သေမရပ်တည်ခဲ့သလို မကျိုးနွံမနာခံခဲ့ပါဘူး။ ဘုရားသခင်၊ သမီးအပေါ် ကျေးဇူးပြုပြီး သနားကရုဏာ ရှိတော်မူပါ။ သမီးနောင်တရချင်ပါတယ်” လို့ပေါ့။

ကျွန်မဆုတောင်းပြီးတော့ အများကြီး ပိုစိတ်အေးချမ်းသွားရော။ တခြားလူတွေရဲ့ မက်ဆေ့တွေကိုလည်း စာပြန်လိုက်တယ်။ ညီအစ်မတစ်ယောက်က ကျွန်မအခြေအနေကို မေးလာတော့ ကျွန်မကြုံနေခဲ့ရတာတွေအားလုံး သူ့ကို ကျွန်မပြောပြလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် သူပို့ပေးလာတယ်လေ။ “မည်သူမျှ ဆင်းရဲဒုက္ခမရှိဘဲ ၎င်းတို့၏ တစ်ဘဝလုံး မသွားကြပေ။ လူအချို့အတွက် ယင်းက မိသားစုနှင့်သက်ဆိုင်သည်၊ အချို့အတွက်မူ အလုပ်နှင့်သက်ဆိုင်သည်၊ အချို့အတွက် အိမ်ထောင်ရေးနှင့် သက်ဆိုင်ပြီး၊ အချို့အတွက် ကိုယ်မကျန်းမာခြင်းနှင့်သက်ဆိုင်သည်။ လူတိုင်း ဒုက္ခခံစားကြသည်။ လူအချို့က ‘လူများသည် အဘယ့်ကြောင့် ဒုက္ခခံစားရမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတစ်ခုလုံး၌ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ရှင်သန်ဖို့ဆိုသည်မှာ မည်မျှ ကောင်းလိုက်မည်နည်း။ ကျွန်ုပ်တို့ ဒုက္ခမခံ၍ မရနိုင်သလော။’ ဟု ပြောကြသည်။ မရပေ- လူတိုင်း ဒုက္ခခံစားရမည်။ ဒုက္ခက လူပုဂ္ဂိုလ်တိုင်းကို ရုပ်ခန္ဓာ အသက်၏ မြောက်မြားလှသော ခံစားရခြင်းများကို တွေ့ကြုံစေသည်၊ ဤခံစားရခြင်းများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ နိုးကြားတက်ကြွသည်ဖြစ်စေ သို့မဟုတ် မတုန်မလှုပ်ရှိသည်ဖြစ်စေ၊ ဒုက္ခက လူတိုင်းကို ကွဲပြားသော ခံစားချက်များနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ပေးသည်၊ သင့်အတွက်မှာမူ ယင်းက အသက်တာ အတွေ့အကြုံများသာ ဖြစ်ပေသည်။ ဤသည်မှ သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားအလိုတော်ကို နားလည်နိုင်ပါက သင်သည် ဘုရားသခင်က သင့်ထံမှ လိုအပ်သည့် စံနှုန်းဖြင့် ယခင်ထက် သာ၍ နီးကပ်လာလိမ့်မည်။ ယင်းက ရှုထောင့် တစ်ခုဖြစ်ပြီး ယင်းမှာ လူများကို သာ၍အတွေ့အကြုံ ရှိစေဖို့လည်း ဖြစ်သည်။ နောက်ထပ် ရှုထောင့်မှာ ဘုရားသခင်က လူသားကို ပေးသည့် တာဝန် ဖြစ်သည်။ မည်သည့်တာဝန်နည်း။ သင်သည် ဤဒုက္ခကို ကြုံရမည်။ ဤဒုက္ခကို ခံယူရမည်။ ခံယူနိုင်လျှင် ဤသည်မှာ သက်သေခံချက်ဖြစ်ပြီး ရှက်စရာမဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)”) ဘုရားနှုတ်ကပတ်တော်တွေကနေ သင်ယူခဲ့ရတာက ယုံကြည်သူဖြစ်ဖြစ်၊ မယုံကြည်သူဖြစ်ဖြစ် လူတိုင်း ဘဝမှာ ရုန်းကန်ရတာတွေ ရှိတယ်၊ ပြီးတော့ ဆင်းရဲဒုက္ခက ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဆင်းရဲဒုက္ခက နည်းနည်းမှ တန်ဖိုးမမဲ့ဘူး။ အဲဒါက ကျွန်မရဲ့ အတွေ့အကြုံကို ကြွယ်ဝစေပြီး ကျွန်မကို ဘုရားနဲ့ ပိုနီးစေတယ်။ သမ္မာတရားနဲ့ ဘုရားအလိုတော်ကို ရှာဖို့ ဘုရားရှေ့ကို ကျွန်မလာနိုင်တယ်။ ကျွန်မတို့က စာတန်ကြောင့် နက်နက်ရှိုင်းရှိုင်းကြီး ဖောက်ပြန်ပျက်စီးနေတာ။ အားလုံး လောဘတက်တယ်၊ ဂုဏ်အသရေကို အငမ်းမရဖြစ်တယ်၊ အဆင့်အတန်းနဲ့ အနာဂတ်ကောင်းတွေနောက် လိုက်ပြီး သမ္မာတရားကို မချစ်ကြဘူး။ သက်သောင့်သက်သာနဲ့ လွယ်ကူတဲ့ ဘဝတွေကို အသက်ရှင်ကြရရင် ဘုရားနဲ့ ကျွန်မတို့ ပိုလို့ဝေးသွားပြီး ပိုပိုအကျင့်ပျက်လာကြမှာပဲ။ ကျွန်မဆီ အဲဒါဖြစ်ဖို့ ဘုရားခွင့်ပြုတာဟာ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းကို ရပြီး သူ့ဆီ ပိုတိုးဝင်ချဉ်းကပ်အောင်လို့ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ ကျွန်မကို ခေါ်ဆောင်ဖို့၊ သမ္မာတရားကို ရှာဖွေစေဖို့ ဖြစ်မှန်း ကျွန်မတွက်ဆမိလိုက်တယ်။ ဘုရားရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေကို နားလည်သွားတဲ့နောက်မှာ အဲဒီအခြေအနေကို ကျွန်မ မတွန်းလှန်ချင်တော့ဘူး၊ နောက်ထပ် ဘာပဲလာပါစေ ဘုရားကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး ဆက်ကပ်အပ်နှံချင်နေခဲ့တယ်။

နောက်တော့ နောက်ကျမ်းတစ်ပိုဒ်ကို ကျွန်မဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်- လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်- ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အဖြစ်အနေမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်- ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေအမှန်ကို ထုတ်ဖော်ပြပြီး ကျွန်မကို အရမ်းအရှက်ရစေခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းက ကောင်းချီးမင်္ဂလာတွေအတွက်ပဲ ဖြစ်ခဲ့တာ၊ ကိုယ့်ကိုယ်ကိုယ် ဘုရားအတွက် အသုံးတော် ခံနေခဲ့ပေမဲ့ နောက်ဆုံးတော့ ဘုရားဆုချီးမြှင့်ပေးတာ ခံရဖို့ လုံးလုံးဖြစ်နေတယ်။ ကိုယ့်တာဝန်မှာ အချိန်နဲ့ အားအင်အများကြီး ထည့်ရင်း ဘုရားကို တက်တက်ကြွကြွ အစေခံခဲ့တယ်။ ဘုရားက ကျွန်မကို ကောင်းချီးပေးပြီး သူ့ရဲ့ကျေးဇူးတော် ချပေးမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ကိုယ်လေ့လာထားတဲ့ နယ်ပယ်ထဲက လစာမြင့် အလုပ်တစ်ခုကို နောက်ဆုံးမှာ ရအောင်လို့လေ။ ဒါဆိုရင် ပျော်စရာ ဘဝနဲ့ ဘာမှ မလိုတော့မှာ။ မိသားစုနဲ့ ကျွန်မလည်း ဆင်းရဲဒုက္ခခံစရာ လိုတော့မှာ မဟုတ်ဘူး။ အဲဒါ ကျွန်မရဲ့ အတွေးနဲ့ ရည်မှန်းချက်ပေါ့။ ဒါပေမဲ့ ယုံကြည်တာ နှစ်နှစ်ကျော်သာ ကြာသွားတယ်၊ ကျွန်မလိုက်နေခဲ့တဲ့ ကောင်းချီးတွေက တကယ်ဖြစ်မလာခဲ့ဘူး။ ကိုယ်မျှော်လင့်နေခဲ့တဲ့ အလုပ်မရတော့ ဘုရားနောက်လိုက်ပြီး အစေခံလိုတဲ့ ကျွန်မရဲ့ စိတ်ပြင်းပြမှုက ကုန်သွားတယ်။ ဖြစ်ရပ်မှန်တွေက ဘာပြလဲဆိုတော့ ဘုရားကို တစ်လျှောက်လုံး ကျွန်မလှည့်စားနေခဲ့တယ်၊ သူနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တယ်ဆိုတာပဲ။ ကျွန်မအနေနဲ့ ဘုရားအတွက် အလုပ်ကြိုးစားနေတယ်၊ စုဝေးပွဲတွေသွားပြီး ကိုယ့်တာဝန်မှာ တက်ကြွနေပုံပေါ်ပေမဲ့ တကယ်တမ်းတော့ ကျွန်မမှာ ဘုရားဆီက ပိုများတဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရဖို့ဆိုတဲ့ အတွင်းကျိတ် ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်ဖွင့်ပေးမှုကြောင့် ကျွန်မရဲ့ တစ်ကိုယ်ကောင်းစိတ်အပြင် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုအကြောင်းပဲ တွေးနေခဲ့တာတွေ၊ ဘုရားအပေါ် အတင်းတောင်းဆိုတာတွေ၊ လွန်လွန်ကဲကဲ တောင်းဆိုနေခဲ့တာတွေကို မြင်သွားတယ်။ သူ့ကို ဘုရားလို ကျွန်မမဆက်ဆံခဲ့ဘူး၊ ကိုယ့်ယုံကြည်ခြင်းနဲ့ တကယ်ဝတ်ပြုကိုးကွယ်နေခဲ့တာ မဟုတ်ဘူး။ အကြွေးရှင်လိုမျိုး ဘုရားဆီက အကြွေးတောင်းနေမိခဲ့တာ၊ ကျွန်မကို အထူးမျက်နှာသာပေးခိုင်းရင်း၊ ကိုယ့်ဆန္ဒတွေ ဖြည့်ဆည်းဖို့ သူ့ကို အသုံးချရင်းပေါ့။ ဘုရားက ကျွန်မတို့ကို အသက် ပေးနှင့်ပြီးပြီ၊ သမ္မာတရား အများကြီးကိုလည်း အကြွင်းမဲ့ ပေးပြီးပြီ။ စာတန်ကြောင့် ဖောက်ပြန်ပျက်စီးနေတဲ့ လူသားတွေကို ကယ်တင်ဖို့ ဘုရားက လူ့ဇာတိခံပြီး ဆင်းရဲဒုက္ခအများကြီး ခံခဲ့တယ်။ အဲဒါတွေအားလုံးက သမ္မာတရားကို ကျွန်မတို့ ရနိုင်ဖို့၊ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်လွှတ်ပြီး ဘုရားရဲ့ အပြည့်အဝ ကယ်တင်တာခံရဖို့ပဲ။ ကျွန်မတို့အတွက် ဘုရားရဲ့ မေတ္တာက ကြီးမားလှသလို ကျေးဇူးတော်အများကြီးကို သူပေးခဲ့တယ်။ ဒါပေမဲ့ ဘုရားရဲ့ မေတ္တာကို ကျွန်မ မမြင်နိုင်ခဲ့သလို သူ့ရဲ့ အလိုတော်ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ တောင်းဆိုဖို့ပဲ သိခဲ့တယ်။ ကျွန်မမှာ အသိတရား၊ ဆင်ခြင်တုံတရား မရှိခဲ့ဘူး။ ကျွန်မတို့ရဲ့ တကယ့်အခြေအနေတွေကို ဘုရားနှုတ်ကပတ်တော်တွေက အမြဲ ထုတ်ဖော်ပြတယ်။ တာဝန်ကို အပေးအယူ တစ်စိတ်တစ်ပိုင်းလို သဘောထားရင်းနဲ့ ဘုရားဆီက ကျွန်မတို့လိုချင်တဲ့ ကောင်းချီးတွေကို တောင်းဆိုဖို့ ကိုယ့်ရဲ့ စတေးမှုတွေကို သုံးရင် အဲဒီလို ယုံကြည်ခြင်းနဲ့ အစေခံမှုမျိုးက အပြင်လောကမှာ သူဌေးအတွက် အလုပ်လုပ်ပေးနေတာနဲ့ တူတယ်။ အဲဒါဟာ ရိုးသားစစ်မှန်မှု လုံးဝ ကင်းမဲ့ပြီး တစ်ခုခုကို ပြန်ရဖို့အတွက်ပဲ။

နောက်ပိုင်းမှာ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” ထဲက ကျမ်းနောက်တစ်ပိုဒ်ကို ကျွန်မဖတ်ရတယ်။ “၎င်းတို့ကို မည်မျှ ကြိုးစားစေကာမူ၊ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မတို့ကို ပြောတာက ကိုယ့်စိတ်နှလုံးမှာ ဘုရားအတွက် နေရာရှိသူတွေပဲ သူ့ရဲ့ စမ်းသပ်မှုတွေကတစ်ဆင့် သက်သေရပ်တည်နိုင်တယ်၊ ဒါပေမဲ့ ကိုယ့်စိတ်နှလုံးမှာ ဘုရားမရှိသူတွေက ကိုယ့်အကျိုးစီးပွားတွေကိုပဲ တွေးကြတယ် ဆိုတာပဲ။ ဇာတိအကျိုးအမြတ်တချို့ သူတို့ရမဲ့အချိန်မှာ အတင်းဖျစ်ညှစ် နာခံကြပေမဲ့ သူတို့လိုချင်တာ မရတာနဲ့ ဘုရားကို အပြစ်တင်ရင်း၊ သစ္စာဖောက်ရင်းနဲ့ ရန်သူလို မြင်ကြတယ်။ ဒါဟာ ဘုရားမုန်းပြီး ဖယ်ရှင်းပစ်မဲ့ လူစားမျိုးပဲ- သူတို့က မကောင်းဆိုးဝါးတွေလိုပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တော့ ကျွန်မ အဲဒီလိုလူစားမျိုး မဟုတ်လားလို့ သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းက ကောင်းချီးတွေအတွက် ဖြစ်နေတာလေ။ ကျွန်မမိသားစုဝင်တွေ ကျန်းမာပြီး ကိုယ့်မှာ အလုပ်ကောင်းရှိသရွေ့ ဘုရားအတွက် အလုပ်ကြိုးစားဖို့ အသင့်ပဲ။ ဒါပေမဲ့ အဲဒါတွေက ကိုယ်လိုချင်တဲ့အတိုင်း မဖြစ်လာတဲ့အခါ သပိတ်မှောက်ပြီး ဘုရားကို စောဒကတွေ တက်ခဲ့တယ်။ ဘုရားအပေါ် ဆက်ကပ်မှု၊ ကျိုးနွံနာခံမှု မရှိခဲ့ဘူး။ ဘုရားကို ကျွန်မယုံကြည်တာက မစစ်မှန်မှန်း၊ ဘုရားကို ကျွန်မလှည့်စားပြီး အပေးအယူလုပ်နေမှန်း မြင်ရတယ်၊ အဲဒီလို ယုံကြည်ခြင်းမျိုးကို သူလုံးဝ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဘုရားက နောက်ဆုံးသော ကာလမှာ အောင်မြင်သူ လူတစ်စုကို စုံလင်စေနေပြီ။ သူတို့က ဘုရားဆီ ကိုယ့်စိတ်နှလုံးကို လုံးဝ လှည့်နိုင်ကြပြီး သူ့ကို စိတ်ကျေနပ်စေဖို့ လုံးဝ အသက်ရှင်နိုင်ကြတယ်။ ဘုရားအတွက် ဆင်းရဲဒုက္ခခံဖို့ ဆုံးဖြတ်ချက် ရှိကြပြီး ယောဘလို သက်သေခံတွေဖြစ်ဖို့ အခက်အခဲတစ်လျှောက် ခိုင်ခိုင်မာမာ ရပ်နိုင်ကြတယ်။ သူတို့က နောက်ဆုံးမှာ ဘုရားစုံလင်စေမဲ့သူတွေ ဖြစ်ပြီး သူတို့ပဲ ဘုရားရဲ့ လက်ခံမှု၊ ကောင်းချီးတွေနဲ့ ထိုက်တန်မှာပါ။ ယောဘက သူ့ရဲ့ စမ်းသပ်မှုတွေကတစ်ဆင့် ဆင်းရဲဒုက္ခအများကြီး ခံခဲ့ရပေမဲ့ သူ့ရဲ့ ဆင်းရဲဒုက္ခအတွက် ဘုရားကို လုံးဝ အပြစ်မတင်ခဲ့ဘူး။ အမှန်တော့ ဘုရားအပေါ် သူ့ယုံကြည်ခြင်းဟာ လုံးဝ မယိမ်းယိုင်ခဲ့ဘူး၊ သူ့သားသမီးတွေနဲ့ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးရတဲ့အချိန်မှာ ဘုရားရဲ့ နာမကို ချီးမွမ်းနိုင်တုန်းပဲဖြစ်သလို ဘုရားရဲ့ အုပ်စိုးမှုကို ကျိုးနွံနာခံနိုင်တုန်းပဲ။ သူဟာ ဘုရားအတွက် ထူးကဲတဲ့ သက်သေတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို ကြည့်လိုက်တော့ ကျွန်မက ဘုရားတောင်းဆိုတာနဲ့ တကယ်ကို ဝေးနေခဲ့တယ်။

တစ်နေ့ ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်၊ “သင်မည်သူ့ကို သစ္စာစောင့်သိသနည်း” ထဲက နောက်ဆုံးအပိုဒ်ပါ။ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်က လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။ သင်တို့အနေဖြင့် ငါ၏နှုတ်ကပတ်တော်များကို နာခံမည်လော၊ ငြီးငွေ့မည်လော။ ငါ၏နေ့ရက်ကို သင်တို့၏ ရှေ့မှောက်၌ ချခင်းထားပြီးပြီဖြစ်ကာ သင်တို့ရင်ဆိုင်ရသောအရာမှာ ဘဝသစ်နှင့် အစပြုမှတ်အသစ် ဖြစ်သည်။ သို့သော် ဤအစပြုမှတ်အသစ်ဆိုသည်မှာ အတိတ်က အလုပ်သစ်တစ်ခု၏ အစမဟုတ်ဘဲ အလုပ်ဟောင်း၏ အဆုံးသတ်ဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ နောက်ဆုံးအလုပ်ဖြစ်၏။ ဤအစပြုမှတ်နှင့်ပတ်သက်၍ အဘယ် အရာက တစ်မူထူးခြားသည်ကို သင်တို့အားလုံး နားလည်ကြ မည်ဟု ငါယုံကြည်၏။ သို့သော် မကြာမီတစ်နေ့တွင် သင်တို့သည် ဤအစပြုမှတ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာမည် ဖြစ်သည့်အတွက် ၎င်းကို အတူတကွ ဖြတ်ကျော်ပြီး လာမည့်ဇာတ်သိမ်းပိုင်းကို ကြိုဆိုကြစို့။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် သိပ်တို့ထိစရာဖြစ်ခဲ့တာ၊ လူတွေမှာ ဘုရားကို သစ္စာဖောက်တတ်တဲ့ သဘာဝ တကယ်ကို ရှိမှန်းလည်း တွေ့ခဲ့ရတယ်။ ပစ္စည်းဥစ္စာနဲ့ ငွေတွေ၊ အဆင့်အတန်းနဲ့ ကျော်ကြားမှုတွေကိုပဲ ကျွန်မတို့ နှစ်သက်ကြတယ်၊ သမ္မာတရားကို မနှစ်သက်ကြဘူး။ ကျွန်မတို့ရဲ့ သဘာဝက ဘုရားအဖို့ စက်ဆုပ်စရာ ဖြစ်ပေမဲ့ သမ္မာတရားကို ကျွန်မတို့ လတ်တလောမှာ လိုက်စားခြင်း ရှိမရှိ၊ ကျွန်မတို့ နောင်တရခြင်း ရှိမရှိကို ကြည့်ရင်း ကျွန်မတို့ရဲ့ ပုန်ကန်တတ်ခြင်းနဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သူလျစ်လျူရှုပေးတယ်။ ဘုရားက စာတန်ရဲ့ လွှမ်းမိုးမှုကနေ ကျွန်မတို့ကို အပြည့်အဝကယ်တင်ပြီး သူ့နိုင်ငံတော်ထဲ ခေါ်ဆောင်ချင်တာ။ ဒါပေမဲ့ ဘုရားရဲ့ ကျေးဇူးတော်ကို ကျွန်မတန်ဖိုးမထား၊ သမ္မာတရားကို မလိုက်စားခဲ့ဘူး။ ဓနဥစ္စာနဲ့ ဇာတိချမ်းသာမှုတွေကို တောင့်တရင်း လစာမြင့်တဲ့ အလုပ်ကောင်းတစ်ခု ရှာတွေ့ဖို့ကို အာရုံစိုက်ခဲ့တယ်။ အရမ်းမိုက်မဲတာပဲ။ သမ္မာတရားကပဲ လူတွေကို ကယ်တင်နိုင်တယ်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်နိုင်တယ်။ အကောင်းနဲ့ အဆိုးကို ခွဲခြားသိမြင်ခွင့်ပေးပြီး စာတန်ရဲ့ လှည့်ဖြားမှုနဲ့ အန္တရာယ်ကနေ လွတ်မြောက်စေနိုင်တယ်။ သမ္မာတရားကို သိနားလည်တာက ဘုရားကို သိအောင်နဲ့ အသက်ရှင်နည်း၊ လူတစ်ဦးအနေနဲ့ အဓိပ္ပာယ်ကို ရှာတွေ့နည်းတွေ သိအောင် ကူညီနိုင်တယ်။ ငွေနဲ့ ရုပ်ဝတ္ထုသာယာမှုတွေနောက်လိုက်တာက ကျွန်မကို ပိုဖောက်ပြန်ပျက်စီးစေရင်း၊ လောဘကြီးပြီး အလိုလိုက်စေရင်း၊ ကယ်တင်ခြင်းရမဲ့ ကျွန်မရဲ့ အခွင့်အရေးကို ဆုံးရှုံးစေရင်း ဘုရားဆီကနေ ကျွန်မကို ပိုဝေးရုံဝေးစေမှာပါ။ သခင်ယေရှု ပြောခဲ့တဲ့အတိုင်းပါပဲ၊ “တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖါးကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရား သခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။(ရှင်မဿဲခရစ်ဝင် ၁၉:၂၄) ချမ်းသာလွန်းတာ၊ ဇိမ်ရှိလွန်းတာက ကျိန်းသေကောင်းတဲ့အရာတော့ မဟုတ်ဘူး။ သုတ္တံကျမ်းမှာ ပြောတယ်၊ “လူမိုက်တို့၏ ချမ်းသာကြွယ်ဝမှုသည် ပျက်စီးခြင်းသို့ ရောက်တတ်၏။” (သုတ္တံကျမ်း ၁:၃၂) သခင်ယေရှုက ကျွန်မတို့ကို သတိပေးခဲ့တယ်၊ “ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၆:၃၁-၃၃) ကပ်ဘေးတွေက တစ်ချိန်လုံး တိုးပွားနေတယ်။ အခု အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်ပြီး ကိုယ့်တာဝန်တွေမှာ အလုပ်ကြိုးစားဖို့ပဲ။ ကျွန်မတို့ တာဝန်တွေမှာ၊ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်လွှတ်ပြီး ဘုရားကို ကျိုးနွံနာခံဖို့၊ ဘုရားအမြင်မှာ ဖန်ဆင်းခံတစ်ဦးဖြစ်ခြင်းနဲ့ ထိုက်တန်လာဖို့ ကြိုးစားရမယ်။ တခြားဘယ်အရာမှ တန်ဖိုးမရှိ၊ အဓိပ္ပာယ်မရှိဘူး။ အလုပ်ကောင်း ကျွန်မရမရဆိုတာက ဘုရားလက်ထဲမှာ လုံးဝရှိမှန်းလည်း ကျွန်မသင်ယူခဲ့ရတယ်။ ဘုရားရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်ကိုယ်ကိုယ် ဘုရားလက်ထဲ လုံးဝ အပ်ထားလိုက်ဖို့ အဆင်သင့်ဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားဆီက နောက်ကျမ်းတစ်ပိုဒ် ဖတ်ရတယ်။ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်၏ ကျိန်ခြင်းခံရသည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားက ကျွန်မတို့ကို ဥစ္စာဓနပေးသည်ဖြစ်စေ၊ ဘေးဒုက္ခပေးသည်ဖြစ်စေ ကိုယ့်တာဝန်ကို ကိုယ်လုပ်ပြီး ဘုရားရဲ့ စေခိုင်းချက်ကို ပြည့်စုံစေရမှာဖြစ်မှန်း ဒီကျမ်းပိုဒ်ကနေ ကျွန်မသင်ယူခဲ့ရတယ်။ ဒါက ကျွန်မတို့ရဲ့ အကြွင်းမဲ့တာဝန်ပဲ ဖြစ်တယ်။ ပြန်တွေးကြည့်တော့ တည်ငြိမ်၊ သိက္ခာရှိတဲ့ အလုပ်တစ်ခုကို ကျွန်မလိုက်ရှာရာမှာ ကျရှုံးမှုတချို့ ကြုံရပြီးတဲ့နောက် ကျွန်မ တကယ်စိတ်ဓာတ်ကျပြီး အပျက်သဘောဆောင်လာတယ်၊ ကိုယ့်တာဝန်ကို ဆက်မလုပ်ချင်တော့ဘူး။ အဲဒါ ကိုယ့်တာဝန်အပေါ် မှန်ကန်တဲ့ သဘောထား မဟုတ်ခဲ့ဘူး။ ဖန်းဆင်းခံတွေအနေနဲ့ ကိုယ့်အပိုင်းကိုယ်လုပ်ဖို့ အားလုံးမှာ တာဝန်ရှိမှန်း ဘုရားက ကျွန်မတို့ကို ပြောနေတယ်။ ဘုရားက ကျွန်မတို့ကို ဘာပဲတွေ့ကြုံခိုင်းပါစေ၊ အားနည်းမှု ခံစားရသည်ဖြစ်စေ၊ ဘုရားအလိုတော်ကို နားမလည်သည်ဖြစ်စေ ကိုယ့်တာဝန်ကို ဆက်လုပ်ရမယ်။ ကျွန်မတို့က ဘုရားကို အကြွင်းမဲ့ ကျိုးနွံနာခံသင့်တဲ့ ဖန်ဆင်းခံတွေပဲလေ။ သူ့ကို တစ်ခုခု တောင်းဆိုပိုင်ခွင့်၊ သူနဲ့ အပေးအယူတွေ လုပ်ပိုင်ခွင့် မရှိဘူး။ ဖန်ဆင်းခံတွေအနေနဲ့ ကျွန်မတို့အပိုင်းကို လုပ်ဆောင်တာက လုပ်ကိုလုပ်ရမဲ့ တာဝန်ဖြစ်ပြီး၊ ဘယ်အပေးအယူကမှ အဲဒါကို မညစ်ညမ်းစေနိုင်ဘူး။ အဲဒါက မိဘတွေအပေါ် သားသမီးတွေက ဝတ္တရားရှိသလိုပဲ မှန်ကန်၊ သင့်တော်တယ်၊ သဘာဝကျတဲ့ ကိစ္စတွေပဲ။

အဲဒီနောက်မှာ ကိုယ့်တာဝန်ကို ပိုအလေးအနက်ထားခဲ့ပြီး ဧဝံဂေလိ ဝေမျှခြင်းကို တကယ်ခေါင်းမဖော်တမ်း လုပ်ခဲ့တယ်။ ဒီလိုအသက်ရှင်ရင်း စိတ်အေးချမ်းသွားခဲ့တယ်။ တစ်နေ့၊ ကျောင်းတစ်ကျောင်းက အင်တာဗျူးဖြေဖို့ ကမ်းလှမ်းလာရော။ တကယ်ကို ဂုဏ်သတင်းကြီးတဲ့ကျောင်းလေ။ ဒီတော့ အလုပ်ရရင် လစာမြင့်မှာ ကျွန်မသိတယ်။ ဒါပေမဲ့ အင်တာဗျူးဖြေနေတုန်း ဘုရားကို စိတ်နှလုံးထဲမှာ ပြောမိတယ်၊ “ဘုရားသခင်၊ အရာရာက ကိုယ်တော်စီစဉ်ထားတာပါ။ ဒီအင်တာဗျူးကို သမီးအောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ကိုယ်တော့်ဆီက ဒီအလုပ်ကို သမီးမတောင်းဆိုပါဘူး။ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကိုပဲ ကျိုးနွံနာခံချင်ပါတယ်။ ဒီအလုပ်မရရင်တောင် ကိုယ်တော့်ကို ချီးမွမ်းပြီး ကိုယ့်တာဝန်ကို ဆက်လုပ်နေဦးမှာပါ” လို့ပေါ့။ ရေးဖြေရလဒ်တွေ ထွက်လာတော့ ဆန်ခါတင် ထိပ်ဆုံးငါးယောက်မှာ ကျွန်မပါနေတယ်။ ကျွန်မသိပ်ပျော်ခဲ့ရတာ။ နှစ်ရက်အကြာ နှုတ်ဖြေအင်တာဗျုး အပြီးမှာ ကျွန်မ မရွေးခံရမှန်း သိလိုက်ရတယ်။ မိတ်ဆွေတစ်ယောက်က သူအရွေးခံရတယ်လို့ ပြောလာတော့ သူ့အတွက် ကျွန်မ ဝမ်းသာပေးပေမဲ့ နည်းနည်းစိတ်ပျက်မိခဲ့တယ်။ ဘုရားအုပ်စိုးမှုကို ကျိုးနွံနာခံနိုင်အောင် အတွင်းစိတ် အေးချမ်းမှုပေးပြီး ကျွန်မစိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် ကျွန်မ သိပ်တည်ငြိမ်သွားရော၊ အဲဒီနေ့ခင်းမှာ ပုံမှန်အတိုင်း ကိုယ့်တာဝန်ကို သွားလုပ်ခဲ့တယ်။ အဲဒီကျောင်းမှာ ကျွန်မကို ဘုရားက အလုပ်လုပ်စေချင်ရင် ကျွန်မအလုပ်ရပြီးဖြစ်မှာ၊ အဲဒီလိုမှမဟုတ်ရင် ဘယ်လောက်ပဲ ကြိုးစားပါစေ အလုပ်ရမှာ မဟုတ်မှန်း ကျွန်မသိခဲ့တယ်။ အားလုံး ဘုရားလက်ထဲမှာ ရှိပြီး ဘုရားကို ဘယ်သူကမှ ကျော်လွန်လို့ မရမှန်း ကျွန်မစိတ်ချယုံကြည်ခဲ့တယ်။ အဲဒါကို အဲဒီလိုတွေးလိုက်တော့ အတွင်းစိတ် လှုံ့ဆော်မှု အင်အားကို ခံစားလိုက်ရပြီး ဘာပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကို တကယ်လုပ်ချင်ခဲ့တယ်၊ ကိုယ့်ဝတ္တရားတွေကို တကယ်ဖြည့်ဆည်းချင်ခဲ့တယ်။

အဲဒီခက်ခဲတဲ့ အခြေအနေတွေဟာ တကယ်တော့ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးဖြစ်မှန်း ဒါက ကျွန်မကို တကယ်သွန်သင်ပေးခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းကို စစ်ဆေးဖို့နဲ့ ခက်ခဲတဲ့ အချိန်တွေတစ်လျှောက် ဘုရားကို ကျွန်မ သစ္စာရှိနိုင်ခြင်း ရှိမရှိဆိုတာကို မြင်ဖို့ ဘုရားက အဲဒါတွေအားလုံးကို ဖြတ်သန်းစေခဲ့တာပါ။ အမှန်တရားတွေနဲ့ ရင်ဆိုင်လိုက်ရတာက ကျွန်မရဲ့ ယုံကြည်ခြင်းဟာ ဘယ်လောက်ရောနှောနေမှန်း၊ ဘုရားကို ကျွန်မလှည့်စားနိုင်စွမ်း ရှိမှန်းကို ပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုက ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့နဲ့ ကိုယ့်ရဲ့ မှားတဲ့ လိုက်စားမှုတွေကို ပြောင်းလဲဖို့ ကူညီခဲ့တယ်။ သက်သောင့်သက်သာရှိတဲ့ အချိန်တွေမှာ ဒီအရာအားလုံးကို ကျွန်မ လုံးဝရနိုင်ခဲ့မှာ မဟုတ်ဘူး။ ဘုရားရဲ့ မေတ္တာအတွက် ကျွန်မသိပ်ကျေးဇူးတင်မိတယ်။

အောက်ခြေမှတ်စု(များ)-

က။ ကမ်းခြေသို့ ပြန်ဆိုက်- ဤသည်မှာ တရုတ်ဓလေ့သုံးစကားဖြစ်ပြီး “ဒုစရိုက်လမ်းများကို ကျောခိုင်းသည်” ဟု အဓိပ္ပာယ်ရ၏။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ

ကျန့်ရဲ့ တောင်ကိုးရီးယားနိုင်ငံယုံကြည်သူတစ်ယောက် ဖြစ်လာပြီး သိပ်မကြာမီမှာ၊ ခေါင်းဆောင်များဖြစ်သည့် ညီအစ်ကိုမောင်နှမများက စည်းဝေးပွဲများကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။