ကောင်းချီးမင်္ဂလာများအတွက် လိုအင်ဆန္ဒ ပျက်စီးသွားပြီးနောက်

23.04.2026

ဆုရီ၊ တရုတ်ပြည်

၂၀၁၁ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နှစ်နှစ်တောင် မပြည့်သေးခင်မှာပဲ ခင်ပွန်းသည်က ရောဂါနဲ့ ဆုံးသွားခဲ့တယ်။ ကလေးက ငယ်၊ မိသားစုက ငွေကြေးအဆင်မပြေ ဖြစ်နေပေမဲ့ ကျွန်မတာဝန်တွေကို ဇွဲမလျှော့ဘဲ ဆက်ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ ရွေးကောက်ခံရတော့ တွေးမိတယ်။ “ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ခွင့်ရတာက ဘုရားသခင်ရဲ့ မြှောက်စားခြင်းပဲ။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်မှပဲ ကောင်းမှုတွေကို ပိုပြီး ပြင်ဆင်နိုင်မှာ၊ ဒီလိုလုပ်မှပဲ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကိုခံရပြီး နိုင်ငံတော်ထဲ ဝင်ရမှာ” လို့ပေါ့။ ဒါနဲ့ ကလေးကို ယောက္ခမတွေဆီ အပ်ထားလိုက်ပြီး ကျွန်မအချိန်အားလုံးကို တာဝန်မှာပဲ မြှုပ်နှံထားလိုက်တယ်။ ကိုယ့်တာဝန်တွေမှာ ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ စိတ်အားထက်သန်ခဲ့ပြီး အသင်းတော်က ဘာပဲစီစဉ်ပါစေ ကျွန်မ ဘယ်တော့မှ မငြင်းခဲ့ဘူး။ နေပူမိုးရွာမရှောင် ကိုယ့်တာဝန်တွေကို ဇွဲရှိရှိ ထမ်းဆောင်ခဲ့တယ်။ ခဏကြာတော့ ကျွန်မတာဝန်ယူထားတဲ့အလုပ်က ရလဒ်တချို့ စထွက်လာတယ်။ နောက်ပိုင်းမှာ တရားဟောဆရာအနေနဲ့ ကျွန်မ ရွေးချယ်ခံရပြီး ကျွန်မတာဝန်ယူရတဲ့ အတိုင်းအတာက ပိုပိုပြီး ကြီးလာတယ်။ ဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိတယ်။ ကျွန်မက ဒုက္ခခံနိုင်တယ်၊ အဖိုးအခပေးနိုင်တယ်၊ စွန့်လွှတ်အနစ်နာခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေမှာလည်း ရလဒ်တွေ ရနေတယ်ဆိုတော့ ဘုရားသခင်က ငါ့ကို သေချာပေါက် ကောင်းချီးပေးမှာပါလို့ ယုံကြည်ခဲ့တယ်။ ဒီအတွေးနဲ့ပဲ ကိုယ့်တာဝန်တွေမှာ ပိုပြီး စိတ်ပါလက်ပါ ရှိလာတယ်။ နောက်ပိုင်းမှာ ကျွန်မဗိုက်က တစ်ခါတလေ နည်းနည်းအောင့်ပေမဲ့ သိပ်ဂရုမစိုက်ဘဲ ကိုယ့်တာဝန်တွေကိုပဲ ဆက်ထမ်းဆောင်ခဲ့တယ်။

တစ်မနက်မှာ မနက်စာစားပြီးတော့ စုဝေးပွဲနေရာတစ်ခုကို စက်ဘီးနင်းသွားတယ်။ အပေါ်ထပ်တက်နေတုန်း ဗိုက်ထဲမှာ ရစ်ပြီး နာလာပေမဲ့ အောင့်အီးသည်းခံပြီး စုဝေးပွဲပြီးအောင် လုပ်ခဲ့တယ်။ ပြီးတော့ ဆေးစစ်ဖို့ ဆေးရုံသွားတော့ ဆရာဝန်က လေးလေးနက်နက် ပြောတယ်။ “ခင်ဗျားမှာ အစာအိမ်နံရံ ပွန်းပဲ့ရောင်ရမ်းပြီး သွေးယိုနေတယ်။ ဒီအခြေအနေက အချိန်မီ ကုသဖို့ လိုတယ်။ ကောင်းကောင်း မကုရင် အစာအိမ်ကင်ဆာ ဖြစ်ဖို့ အန္တရာယ်ရှိတယ်” တဲ့။ ဆရာဝန် အဲဒီလိုပြောတာကြားတော့ ကျွန်မ နည်းနည်းလန့်သွားတယ်။ အချိန်မီ မကုလို့ တကယ်ပဲ အစာအိမ်ကင်ဆာဖြစ်ပြီး သေသွားရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်လွှတ်ရပြီး ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အသုံးခံခဲ့တာတွေ အချည်းနှီးဖြစ်သွားမှာပဲလို့ စိုးရိမ်မိတယ်။ ကျွန်မ စိတ်ထဲမှာ နည်းနည်း အားလျော့သွားတယ်။ ဒါပေမဲ့ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ်။ “နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင် ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ယင်းအတွင်းတွင် သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များ မုချ ပါဝင်သည်။ သင်၏ ဇာတိပကတိသည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ရှာဖွေမြဲရှာဖွေကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်လိုက်တော့ မျှော်လင့်ချက်ရောင်ခြည်လေး မြင်လိုက်ရသလိုပဲ။ ဒီရောဂါမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ပါရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ မညည်းညူရဘူး။ အရင်ဆုံး ကျိုးနွံနာခံပြီး ဘုရားသခင်ကို ယုံကြည်စိတ်ချမှု ရှိရမယ်။ အဆုတ်ထဲမှာ အသက်ရှူနေသရွေ့တော့ ဘုရားသခင်က ငါ့ကို အသေခံမှာ မဟုတ်ဘူးလို့ ယုံကြည်ရမယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ကိုယ့်တာဝန်တွေအတွက် ငါ အမြဲ စွန့်လွှတ်အနစ်နာခံပြီး အသုံးခံခဲ့တာတွေ၊ ကလေးက ငယ်ငယ်လေးရှိသေးပြီး မိသားစုက အခက်အခဲတွေ ကြုံနေရတဲ့အချိန်၊ ခင်ပွန်းသည် ဆုံးပါးသွားတဲ့အချိန်မှာတောင် ကိုယ့်တာဝန်တွေကို မစွန့်လွှတ်ခဲ့တာတွေကို ပြန်တွေးမိတယ်။ ဒါကြောင့် ကိုယ့်တာဝန်တွေမှာ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အသုံးခံခြင်းတွေကို ဘုရားသခင်က ထည့်တွက်မှာပါ၊ ပြီးတော့ ငါ့ကို ကာကွယ်ပြီး ရောဂါပျောက်အောင် ကုပေးမှာပါလို့ ယုံကြည်ခဲ့တယ်။

နောက်ပိုင်းမှာ တိုင်းရင်းဆေးကုဖို့၊ ဆေးသွင်းဖို့ ဆေးရုံသွားခဲ့ပြီး ပုံမှန်အတိုင်းပဲ ကိုယ့်တာဝန်တွေကို ဆက်ထမ်းဆောင်တယ်။ ဒါပေမဲ့ ဗိုက်က ခဏခဏ နာနေတုန်းပဲ။ အစာမကြေတာတွေဖြစ်တော့ ဆန်ပြုတ်ပဲ သောက်လို့ရတယ်။ တစ်ခါတလေ လေချဉ်တက်တာတွေ ဖြစ်တယ်။ ဆေးသောက်တာ နည်းနည်းကြာပေမဲ့ ရောဂါက သက်သာမလာဘဲ ပိုတောင်ဆိုးလာတယ်။ စားပြီးရင် အစာမကြေဘူး။ လည်ချောင်းထဲမှာ အစာတွေ တစ်ဆို့နေသလို အမြဲခံစားရပြီး ခဏခဏ ပျို့အန်ချင်တယ်။ ညဘက် အိပ်နေရင်တောင် ဗိုက်ထဲမှာ ပူလောင်ပြီး နာကျင်တာကို ခံစားရတယ်။ ရောဂါဝေဒနာရဲ့ နှိပ်စက်မှုကို ရင်ဆိုင်ရတော့ ကျွန်မ စိတ်ထဲမှာ အရမ်းအားငယ်မိပြီး တွေးတယ်။ “ငါ့အချိန်တွေအကုန်လုံးကို ကိုယ့်တာဝန်တွေမှာပဲ မြှုပ်နှံထားတာ၊ နေ့တိုင်း အလုပ်ရှုပ်နေတာ၊ နေမကောင်းဖြစ်ရင်တောင် ကိုယ့်တာဝန်တွေကို လျစ်လျူမရှုခဲ့ဘူးလေ။ ဒါဆို ငါ ဒီလောက် ကြိုးစားအားထုတ်ပြီး အသုံးခံခဲ့တာတောင် ဘုရားသခင်က ဘာလို့ ငါ့ကို မကာကွယ်ပေးတာလဲ။ ငါ့ရောဂါကို ဘာလို့ မပျောက်ကင်းစေတာလဲ” လို့ပေါ့။ ဘုရားသခင်အပေါ် အထင်လွဲတာတွေ၊ ညည်းညူတာတွေနဲ့ပဲ အသက်ရှင်နေထိုင်ခဲ့ပြီး အရမ်းကို အပျက်သဘောဆောင်ခဲ့တယ်။ ဘာလုပ်ဖို့မှ စိတ်မပါတော့သလို ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့၊ ဘုရားသခင်ဆီ တိုးဝင်ချဉ်းကပ်ဖို့လည်း ဆန္ဒမရှိတော့ဘူး။ ကိုယ့်တာဝန်တွေအတွက် ဝန်တာထားတဲ့စိတ်လည်း မရှိတော့လို့ အလုပ်ကဏ္ဍအားလုံးကို ထိခိုက်စေခဲ့တယ်။ ကျွန်မကို ဧည့်ခံနေတဲ့ ညီအစ်မက ကျွန်မရဲ့ မကောင်းတဲ့အခြေအနေကို သတိထားမိပြီး ဘုရားနှုတ်ကပတ်တော် ဖတ်တာကို သူနဲ့အတူ နားထောင်ဖို့ ဖိတ်ခေါ်တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သေအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူပြုပြင်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော ‘နက်နဲရာများ’ ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ပြုပြင်ခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်) နားထောင်ရင်း စဉ်းစားမိတော့ ကျွန်မ အရမ်းကို တို့ထိခံစားသွားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအခြေအနေကို တိုက်ရိုက် ထင်ဟပ်နေတာကိုး။ ရောဂါမဖြစ်ခင်တုန်းက ကိုယ့်တာဝန်တွေမှာ တက်ကြွပြီး ထက်သန်ခဲ့ပေမဲ့ အခု နေမကောင်းဖြစ်ပြီး ကျန်းမာရေးက အချိန်အတော်ကြာ မသက်သာလာတော့ ယုံကြည်ခြင်း ပျောက်ဆုံးပြီး ကိုယ့်တာဝန်တွေအတွက် ဝန်တာထားစိတ်လည်း မရှိတော့ဘူး။ ဆုတောင်းဖို့ စိတ်ပါလက်ပါရှိတာလည်း ပျောက်ဆုံးခဲ့ပြီ။ အရင်တုန်းကတော့ ကျွန်မ ဘုရားသခင်ကို အရမ်းချစ်တယ်လို့ ထင်ခဲ့တာ။ မိသားစုကို ဘေးဖယ်ထားပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်တော့ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်တဲ့လူလို့ ထင်ခဲ့တာ။ အခုကျမှ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက တော်တော်လေး သေးငယ်ပြီး ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ ကင်းမဲ့နေမှန်း မြင်လာတယ်။ ဘုရားသခင်က ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို သိလာအောင် ကူညီဖို့၊ ပြီးတော့ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ ရိုးသားမှုနဲ့ ကျိုးနွံနာခံမှုကို စုံလင်စေဖို့ ဒီရောဂါကို အသုံးပြုပြီး ကျွန်မကို စစ်ဆေးတဲ့အပြင် ထုတ်ဖော်နေတာပဲ။ ဘုရားသခင်ကို ကျွန်မ ဆက်ပြီး အထင်လွဲလို့၊ အပျက်သဘောဆောင်လို့ မဖြစ်တော့ဘူး။ ဒါကြောင့် ကျွန်မရောဂါကို ဘုရားသခင် လက်ထဲ အပ်နှံပြီး ကိုယ့်တာဝန်တွေမှာ စိတ်နှစ်ထားဖို့ ဆန္ဒရှိလာတယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မအခြေအနေ နည်းနည်း တိုးတက်လာတယ်။

၂၀၁၄ ခုနှစ် ကုန်ခါနီးမှာ ကျွန်မရဲ့ အစာအိမ်ရောဂါက ပိုဆိုးလာပြီး နည်းနည်းလေး စားလိုက်တာနဲ့ လေပွသလို ခံစားရတဲ့အပြင် ဗိုက်ထဲမှာ ခဏခဏ ရစ်ရစ်ပြီး နာလာတယ်။ ကျွန်မ စိတ်ထဲမှာ အရမ်းအားငယ်မိပြီး ဒီရောဂါကသာ ရှည်ကြာသွားရင်၊ အစာအိမ်ကင်ဆာအထိ ဆိုးရွားသွားပြီး ကျွန်မ သေသွားရင် ဘယ်လိုလုပ်မလဲလို့ စိုးရိမ်မိတယ်။ ကျွန်မ သေသွားလို့ ဘုရားသခင်ရဲ့ ကယ်တင်တာကို မခံရရင် ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အသုံးခံခဲ့တာတွေ အားလုံး အချည်းနှီးဖြစ်မသွားဘူးလား။ ငါက အမြဲတမ်း ဒုက္ခခံ၊ အဖိုးအခပေးပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့တာ၊ နေမကောင်းဖြစ်ရင်တောင် ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့တာလေ။ ဒါဆို ဘာလို့ ဘုရားသခင်ရဲ့ ကောင်းချီးနဲ့ ကာကွယ်မှုကို မတွေ့ရတာလဲ။ ကျွန်မ အမှောင်ထဲမှာ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ့်တာဝန်တွေကိုလည်း မထမ်းဆောင်ချင်တော့ဘူး။ ဒါနဲ့ အိမ်ပြန်ဆေးကုချင်တယ်လို့ အထက်ခေါင်းဆောင်ကို ပြောလိုက်တယ်။ ခေါင်းဆောင်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မနဲ့ မိတ်သဟာယပြုပေးပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ပဲ ရောဂါကုသဖို့၊ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ အကြံပေးတယ်။ ကျွန်မရောဂါက ကိုယ့်တာဝန်တွေရဲ့ အစိတ်အပိုင်းနည်းနည်းလေးကို ထမ်းဆောင်ဖို့တောင် ဟန့်တားတဲ့အထိ မဆိုးရွားသေးတာကို တွေးမိတယ်။ ပြီးတော့ ကျွန်မက အသင်းတော်ခေါင်းဆောင် ဖြစ်နေတာဆိုတော့ ကျွန်မအလုပ်ကို လွှဲပြောင်းပေးရအောင် သင့်တော်တဲ့လူကို ချက်ချင်းရှာဖို့က ခက်တယ်။ ကိုယ့်တာဝန်တွေကို စွန့်လွှတ်လိုက်ရင် ကျွန်မ တကယ်ပဲ အသိစိတ်ကင်းမဲ့တာကို ပြလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်တာဝန်တွေကို ဆက်ထမ်းဆောင်ရင် ရောဂါရဲ့ ဘောင်ခတ်တာကို ခံရမယ်။ ဒုက္ခခံစားရင်းနဲ့ ဘုရားသခင်ဆီ ကျွန်မ အော်ဟစ်ဆုတောင်းမိတယ်။ “ဘုရားသခင်၊ ဒီရောဂါကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ သမီး မသိပါဘူး။ ဒီအခြေအနေထဲမှာ သင်ခန်းစာယူဖို့နဲ့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ လမ်းပြပေးပါ” လို့ပေါ့။ အဲဒီညနေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မအခြေအနေအကြောင်း ပြောပြတယ်။ ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြတော့ နှုတ်ကပတ်တော် နှစ်ပိုဒ်က ကျွန်မကို တကယ် ထိတွေ့စေခဲ့တယ်။ ဘုရားသခင်က ဒီလိုပြောထားတယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း)လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ညီအစ်မတစ်ယောက်က ကျွန်မနဲ့ အများကြီး မိတ်သဟာယပြုပေးတယ်။ ရောဂါပျောက်ဖို့ ဘုရားသခင်ဆီ အမြဲတောင်းဆိုနေတာက ဆင်ခြင်တုံတရားမဲ့တဲ့ အပြုအမူဖြစ်ကြောင်း သူက သတိပေးတယ်။ ဘုရားနှုတ်ကပတ်တော် ဖတ်တာနဲ့ သူ့ရဲ့ မိတ်သဟာယကို နားထောင်တာကတစ်ဆင့် ကျွန်မ ရုတ်တရက် အသိဉာဏ်ပွင့်လင်းသလို ခံစားလိုက်ရတယ်။ ကောင်းချီးရဖို့သက်သက်ပဲ ဘုရားသခင်ကို ကျွန်မ ယုံကြည်နေမှန်း သဘောပေါက်လိုက်တယ်။ အစတုန်းက ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ မိသားစုနဲ့ ကလေးကို ဘေးဖယ်ထားနိုင်ခဲ့ပေမဲ့ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ ကောင်းချီးတွေကို ရဖို့၊ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ဖို့အတွက်ပဲ ဖြစ်နေတယ်။ ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်တာဝန်တွေမှာ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုနဲ့ အသုံးခံမှုတွေကို ဘုရားသခင် ထည့်တွက်ပြီး ရောဂါပျောက်ကင်းစေမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ရောဂါက မသက်သာဘဲ ပိုဆိုးလာတော့ ကျွန်မ အပျက်သဘောဆောင်ပြီး ညည်းညူလာတယ်၊ ဘာလို့ မကုပေးတာလဲဆိုပြီး ဘုရားသခင်ကို မေးခွန်းထုတ်လာတယ်။ ရောဂါအခြေအနေ ဆိုးလာတဲ့အခါ ကိုယ့်အတွက် ထွက်ပေါက်ကိုတောင် စဉ်းစားလာခဲ့ပြီးကိုယ့်တာဝန်တွေကို စွန့်လွှတ်ပြီး အိမ်ပြန်ကုသချင်လာခဲ့တယ်။ ကိုယ့်တာဝန်တွေမှာ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံရတဲ့ ကျွန်မရဲ့ ရည်မှန်းချက်တွေက မမှန်ကန်ဘူးဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ ဒုက္ခခံတာ၊ အသုံးခံတာတွေကတစ်ဆင့် ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရချင်နေခဲ့တာ။ ရည်မှန်းချက် မပြည့်ဝတော့ ဘုရားသခင်ဆီကနေ ကျောခိုင်းသွားဖို့ တွေးခဲ့တာကိုး။ ကျွန်မ ဘယ်လိုနည်းနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေခဲ့တာလဲ။ ဘယ်လိုနည်းနဲ့များ ကျွန်မဟာ ဘုရားသခင်ကို သစ္စာစောင့်သိပြီး ကျိုးနွံနာခံခဲ့တာလဲ။ ကျွန်မက ဘုရားသခင်ကို အသုံးပြုပြီး အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ သေချာတယ်။ ဘုရားသခင်ကို ဘုရားသခင်လို မဆက်ဆံဘဲ လိုတရပစ္စည်းတစ်ခုလို၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုလို ဆက်ဆံခဲ့တာပဲ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်တာ။ အဲဒီကျမှ ဒီရောဂါနဲ့ ရင်ဆိုင်ရတာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက် တကယ်ပါရှိပြီး ဒါက ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေ၊ ရည်ရွယ်ချက်တွေနဲ့ ဆန္ဒတွေကို ထုတ်ဖော်နေမှန်း နားလည်လိုက်တယ်။ ဒီလိုသာ မဟုတ်ရင် ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်လိုက်တာက ဘုရားသခင်ကို အရမ်းချစ်လို့ပဲဆိုပြီး ထင်နေဦးမှာ။ တကယ်တမ်းကျတော့ ဘုရားသခင် ကျေနပ်ဖို့ တာဝန်ထမ်းဆောင်နေတာ မဟုတ်ဘဲ မသန့်စင်တဲ့ ရည်ရွယ်ချက်တွေ၊ အပေးအယူလုပ်ချင်တဲ့ စိတ်တွေနဲ့ လုပ်နေခဲ့တာပဲ။ ဘုရားသခင်ကို ဒီလိုဆက်ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင် နောက်ဆုံးကျတော့ ဘုရားသခင်ရဲ့ ပစ်ပယ်တာကိုပဲ ခံရမှာ။

ရှာဖွေရင်းနဲ့ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်မ မသိမှန်းလည်း မြင်လိုက်ရတယ်။ ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ အခြေအနေ ပိုဆိုးလာပြီး သေသွားမှာကို အမြဲ စိုးရိမ်နေခဲ့တာ။ ကျွန်မရဲ့ ယုံကြည်ခြင်းက သေးငယ်လွန်းတယ်။ ဘုရားသခင်က ပြောသည် “လူ၏ အရာရာတိုင်းကို ဘုရားသခင် ထိန်းချုပ်ထားပြီး လူ ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဘုရားသခင်က ဆုံးဖြတ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂))လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထားသလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ ကြည့်၍ လေးလေးပင်ပင် သက်ပြင်းချကြ၏။ များစွာသောလူတို့သည် သည်းထန်စွာငိုကြွေး၍ အော်မြည်ရှိုက်ငိုကြ၏။ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် စုံစမ်းသွေးဆောင်ခြင်း၏ အလယ်တွင် ဆွဲဆောင်သိမ်းသွင်းခြင်းခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)) ဘုရားသခင်က အရာခပ်သိမ်းကို ထိန်းချုပ်ပြီး အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း၊ လူ့အသက်နဲ့ သေခြင်းက သူ့လက်ထဲမှာ ရှိကြောင်း ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ကျွန်မရောဂါ သက်သာမလား ဆိုတာကလည်း ဘုရားသခင် လက်ထဲမှာပဲ ရှိတယ်။ ဒီအချိန်ကာလအတွင်းမှာ ရောဂါရဲ့ ဘောင်ခတ်တာကို အမြဲခံခဲ့ရတယ်။ ရောဂါက ကင်ဆာအထိ ဆိုးရွားသွားပြီး အသက်အန္တရာယ် ဖြစ်မှာကို ကြောက်လို့ ဒါကြောင့် ကျန်းမာရေးကို အာရုံစိုက်ဖို့ ကိုယ့်တာဝန်တွေကို စွန့်လွှတ်ဖို့ တွေးခဲ့တာ။ နှုတ်ကတော့ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိတယ်လို့ ပြောပေမဲ့ တကယ့်လက်တွေ့ဘဝမှာ ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကို မမှီခို၊ မမျှော်ကိုးဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်ပြီး ကိုယ့်အတွက် ထွက်ပေါက်ကိုပဲ စဉ်းစားခဲ့တယ်။ သက်သာလာမလား၊ မသက်သာဘူးလား ဆိုတာ ဘုရားသခင် လက်ထဲမှာ ရှိတယ်လို့ မယုံကြည်ဘဲ ဆေးကုသမှုခံယူပြီး ကျန်းမာရေးပြန်ကောင်းအောင် အာရုံစိုက်မှသာ ရောဂါပျောက်မယ်လို့ ထင်ခဲ့တယ်။ ဒါက မယုံကြည်သူတစ်ယောက်ရဲ့ အမြင် မဟုတ်ဘူးလား။ ခင်ပွန်းသည် နေမကောင်းတုန်းက သူ့ကို ကုဖို့ နေရာအနှံ့ ခေါ်သွားခဲ့ပေမဲ့ သူ့ရောဂါက ကုလို့မရတော့ဘူးလို့ ဆရာဝန်တွေက ပြောတယ်။ အချည်းနှီးဖြစ်မဲ့ ကြိုးစားအားထုတ်မှုတွေ ဆက်မလုပ်ဖို့ မိတ်ဆွေတွေနဲ့ မိသားစုက အကြံပေးပေမဲ့ ကံကြမ္မာကို လက်ခံဖို့ ကျွန်မ ငြင်းဆန်ခဲ့တုန်းပဲ။ သူ့ရောဂါကို ကုဖို့အတွက် စုဆောင်းထားသမျှ အကုန်ထုတ်သုံးပြီး အကြွေးတောင် တင်ခဲ့ရတယ်။ သူ့ကို ပြုစုစောင့်ရှောက်ဖို့ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားပြီး သူ့ဘေးမှာ နေပေးခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့အသက်ကို ကျွန်မ မကယ်နိုင်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ကနေ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ လူတွေက ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်တဲ့အပြင် သူတစ်ပါးရဲ့ ကံကြမ္မာကိုလည်း မပြောင်းလဲပေးနိုင်ဘူး။ တကယ်တော့ အသင်းတော်မှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာပဲဖြစ်ဖြစ်၊ အိမ်ပြန်တာပဲဖြစ်ဖြစ် ဆေးကုသမှုခံယူပြီး ကိုယ့်ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း ဂရုစိုက်လို့ ရပါတယ်။ ဒါပေမဲ့ ရောဂါ သက်သာမလား၊ ပိုဆိုးမလား ဆိုတာကိုတော့ ဘုရားသခင်ကပဲ ဆုံးဖြတ်တာပါ။ လူတစ်ယောက်ရဲ့ သက်တမ်း အတိုအရှည်ကိုလည်း ဘုရားသခင်ကပဲ ဆုံးဖြတ်တာပါ။ ကျွန်မအချိန်ရောက်ပြီဆိုရင် ကိုယ့်တာဝန်တွေကို စွန့်လွှတ်ပြီး အိမ်မှာပြန်နားနေရင်တောင် ရောဂါက ဖြစ်သင့်သလောက် ဆိုးလာဦးမှာပဲ၊ ပြီးတော့ ကျွန်မအချိန်ကျရင် သေမှာပါပဲ။ ဒါပေမဲ့ ကျွန်မအချိန် မရောက်သေးဘူး၊ ကျွန်မရဲ့ အထူးတာဝန် မပြီးသေးဘူးဆိုရင် ဘုရားသခင်က စောစောစီးစီး အသေခံမှာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်မ မသိခဲ့မှန်း၊ ရောဂါပိုဆိုးလာမလား၊ သေသွားမလား ဆိုတာကို တွေးပူရင်းနဲ့ပဲ စိုးရိမ်မှုနဲ့ ကြောင့်ကြမှုတွေနဲ့တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးခဲ့မှန်း မြင်လိုက်ရတယ်။ ကျွန်မ တကယ်ကို မိုက်မဲပြီး နုံအခဲ့တာပဲ။ တကယ်တမ်းကျတော့ ဒီစိုးရိမ်ပူပန်မှုတွေက မလိုအပ်သလို ဘာကိုမှလည်း မပြောင်းလဲခဲ့ပါဘူး။ ကျွန်မ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အရာအားလုံးကို ဘုရားသခင် လက်ထဲ အပ်နှံပြီး သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေဆီ ကိုယ့်ကိုယ်ကိုယ် ပုံအပ်လိုက်ဖို့ပါပဲ။ တစ်ချိန်တည်းမှာပဲ ဆေးကုသမှုခံယူပြီး ပုံမှန်အတိုင်း အနားယူတဲ့အပြင် ကိုယ့်တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်လို့ ရပါတယ်။ ကျွန်မ ဘယ်လောက်ကြာကြာ အသက်ရှင်မလဲ၊ ရောဂါ သက်သာမလား ဆိုတာကို မကြည့်ဘဲ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံရပါမယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ဖြစ်တယ်။ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မသဘောပေါက်လိုက်တယ်။ ဒါကြောင့် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ မကြိုးစားသင့်တဲ့အပြင် ဆုလာဘ်တွေလည်း မတောင်းဆိုသင့်ဘူး။ နောင်မှာ ဘုရားသခင်က ကျွန်မကို ဘယ်လိုဆက်ဆံပါစေ၊ ကောင်းချီးပေးတာပဲဖြစ်ဖြစ်၊ ကံဆိုးမိုးမှောင်ကျတာပဲဖြစ်ဖြစ် ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာ မှန်မှန်ကန်ကန် ရပ်တည်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံတဲ့အပြင် ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။ လူတစ်ယောက်က နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကယ်တင်တာကို ခံရမလားဆိုတာက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်ခံနိုင်မလား၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး ဘုရားသခင်နဲ့ သဟဇာတဖြစ်အောင် လုပ်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ အလုပ်ကြိုးစားတာ၊ ဒုက္ခခံတာ၊ ဒါမှမဟုတ် စွန့်လွှတ်အနစ်နာခံတာတွေကတစ်ဆင့် ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရရှိတာ မဟုတ်ဘူး။ ဘုရားသခင်ကို စတွေ့ကတည်းက အပြင်ပန်း စိတ်အားထက်သန်မှုနဲ့ အလုပ်များတာလောက်ကိုပဲ ကျွန်မ ကျေနပ်နေခဲ့တာ။ သမ္မာတရားကို မလိုက်စားဘူး၊ အသက်ဝင်ရောက်မှုကိုလည်း အာရုံမစိုက်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိတာလည်း ရှားတယ်။ စွန့်လွှတ်အနစ်နာခံတာ၊ အသုံးခံတာတွေ နည်းနည်းလုပ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ခံစားခွင့်ရှိတယ်လို့ ယုံကြည်ခဲ့တယ်။ ကောင်းချီးရဖို့ မျှော်လင့်ချက်တွေ ပျက်စီးသွားတဲ့အခါ ဘုရားသခင်ကို အထင်လွဲပြီး ညည်းညူလာတယ်။ အစောပိုင်းက စွန့်လွှတ်ခဲ့တာတွေကိုတောင် နောင်တရပြီး ကိုယ့်တာဝန်တွေကို မထမ်းဆောင်ချင်တော့ဘူး။ ဘုရားသခင်က သန့်ရှင်းပြီး ဖြောင့်မတ်တယ်။ ကျွန်မလို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့သူ၊ ကောင်းချီးရဖို့ အမြဲရှာဖွေပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတဲ့သူ၊ ဘုရားသခင်ကို အသုံးပြုပြီး လှည့်ဖြားတဲ့သူက ကောင်းချီးတွေရပြီး ကောင်းကင်နိုင်ငံတော် ဝင်ချင်နေတာက တကယ့်ကို စိတ်ကူးယဉ် အိပ်မက်မက်နေတာ။ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်တာ နှစ်တွေကြာပေမဲ့ အရာရာအပေါ်ထားတဲ့ ကျွန်မအမြင်တွေနဲ့ အသက်စိတ်သဘောထားက မပြောင်းလဲသေးဘူး။ ဒုက္ခအကြီးအကျယ်ခံရရင်တောင်၊ နေ့တိုင်း အလုပ်များပြီး ပြေးလွှားနေရင်တောင် ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့သူ ဖြစ်နေဦးမှာပဲ။ နောက်ဆုံးကျတော့ ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ်ပေးခံရမှာပဲ။ ကျွန်မက ဖန်ဆင်းခံတစ်ယောက် ဖြစ်တဲ့အတွက် ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံတာက သဘာဝကျပြီး မှန်ကန်တယ်။ ဘုရားသခင်ဆီက ကောင်းချီးတွေ တောင်းဆိုဖို့ ကျွန်မမှာ အခွင့်အရေး မရှိဘူး။ အဲဒီအစား ကျွန်မ လုပ်သင့်တာက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ပဲ။ ကျွန်မရဲ့ အဆုံးသတ်နဲ့ ပန်းတိုင် ဘယ်လိုဖြစ်မလဲ ဆိုတာကတော့ ဘုရားသခင် စီစဉ်ဖို့ပါပဲ။ ဒါကို သဘောပေါက်လိုက်တော့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီရောဂါသာ မရှိရင် ယုံကြည်ခြင်းမှာ ကောင်းချီးရဖို့ ရှာဖွေတဲ့ သမီးရဲ့ မသန့်စင်တဲ့ ရည်ရွယ်ချက်ကို သိမှာ မဟုတ်ပါဘူး။ ကောင်းချီးလိုချင်တဲ့ ရည်ရွယ်ချက်ကို စွန့်လွှတ်ဖို့ သမီး ဆန္ဒရှိပါတယ်။ ရောဂါ သက်သာတာမျိုး ရှိရှိမရှိရှိ အသက်ရှူနေသရွေ့တော့ ကိုယ်တော့်အတွက် အသုံးခံပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ပါ့မယ်။ တစ်နေ့နေ့မှာ ဒီရောဂါ အရမ်းဆိုးလာပြီး သေသွားရင်တောင် သမီး ညည်းညူမှာ မဟုတ်ပါဘူး။ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပါ့မယ်” လို့ပေါ့။

တစ်နေ့မှာ ဝတ်ပြုနေတုန်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရတယ်။ “တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်အတွက် အခြေအနေအချို့ကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး သင့်အနီးတွင်ရှိသော လူတို့မှတစ်ဆင့် သင့်အား ပြုပြင်လိမ့်မည်။ သင့်အား ဒုက္ခဝေဒနာ ခံစေလိမ့်မည်။ သင့်အား သင်ခန်းစာများ ရရှိစေပြီး သမ္မာတရားကို နားလည်စေကာ အမှုအရာများကို အရှိအတိုင်း မြင်စေလိမ့်မည်။ သင်၏ အသွေးအသားကို ဒုက္ခဝေဒနာ ခံစေခြင်းအားဖြင့် ဘုရားသခင်က ဤအမှုကို ယခုပင် လုပ်ဆောင်နေသည်။ ဤသို့ဖြင့် သင်သည် သင်ခန်းစာရနိုင်ရန်အတွက်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီး သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ပေါလုက သူ၏ ကိုယ်တွင် ဆူးတစ်ချောင်းရှိသည်ဟု မကြာခဏပြောဆိုခဲ့သည်။ ဤဆူးမှာ အဘယ်နည်း။ ယင်းသည် ဖျားနာခြင်းဖြစ်ပြီး ထိုအရာမှ သူ မလွတ်မြောက်နိုင်ပေ။ ထိုဖျားနာခြင်းက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ထိုဖျားနာခြင်းသည် သူ၏ စိတ်သဘောထားနှင့် သူ၏ သဘောသဘာဝအပေါ် ဦးတည်ထားခြင်း ဖြစ်သည်ကိုလည်းကောင်း သူကောင်းစွာသိသည်။ သူသည် ဤဆူးဖြင့် စူးခြင်းကို မခံခဲ့ရလျှင်၊ ဤဖျားနာမှု၏ နောက်က ကပ်လိုက်နေခြင်းကို မခံရလျှင် သူသည် အချိန်မရွေး၊ နေရာမရွေး သူ၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ဆောက်ကောင်း တည်ဆောက်နိုင်သည်။ သို့သော် သူ၏ မကျန်းမာမှုကြောင့် သူ့တွင် အားအင်မရှိပေ။ ထို့ကြောင့် အချိန်တော်တော်များများတွင် မကျန်းမာခြင်းသည် လူတို့အတွက် ‘အကာအကွယ်ပေးသော ထီး’ တစ်ချောင်းကဲ့သို့ ဖြစ်သည်။ သင်သည် နေမကောင်းမဖြစ်ဘဲ အားအင်အပြည့်ဖြစ်နေလျှင် မကောင်းမှုတစ်မျိုးမျိုးကို ပြုလုပ်ပြီး ပြဿနာတစ်မျိုးမျိုးကို ဖြစ်စေနိုင်ခြေများသည်။ လူတို့သည် အထိန်းအကွပ်မဲ့စွာ မာနထောင်လွှားပြီး အပျော်အပါး၌ မွေ့လျော်သောအခါတွင် ၎င်းတို့၏ အသိစိတ်ကို အလွယ်တကူ ဆုံးရှုံးနိုင်သည်။ ၎င်းတို့သည် မကောင်းမှုကို ပြုလုပ်ထားပြီးသောအခါ၌ နောင်တရလိမ့်မည်ဖြစ်သော်လည်း ထိုအချိန်ရောက်လျှင် မိမိတို့ကိုယ်ကို ထိန်းနိုင်မည် မဟုတ်ပေ။ ဤအတွက်ကြောင့် အနည်းငယ် ဖျားနာမှုရှိခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ လူတို့အတွက် အကာအကွယ်တစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးအရာဖြစ်၏) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်သုံးသပ်လိုက်တော့ ဘုရားသခင်ကို ကျေးဇူးတင်တဲ့စိတ်နဲ့ ပြည့်သွားတယ်။ ဒီရောဂါသာ ကျွန်မအပေါ် မကျရောက်ခဲ့ရင် ယုံကြည်ခြင်းမှာ ကောင်းချီးရဖို့ ရှာဖွေတဲ့ မသန့်စင်တဲ့ ရည်ရွယ်ချက် ဖော်ထုတ်ခံရမှာ မဟုတ်ဘူး။ ပြီးတော့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားရာမှာ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုကို အရင်းအနှီးအဖြစ် ဆက်သုံးနေမိမှာ။ တာဝန်တွေ ပိုယူပြီး ဒုက္ခတွေ ပိုခံရလေလေ ပိုပြီး မာနထောင်လွှားလာလေ ဖြစ်မှာ။ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကောင်းချီးတွေ ရဖို့ အရင်းအနှီး ရှိတယ်လို့ ယုံကြည်နေမိမှာ။ ဘာကို လိုက်စားရမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို ထုတ်ဖော်ဖို့ ဒီရောဂါသာ ဖြစ်မလာခဲ့ရင် ဘုရားသခင်ကို ယုံကြည်ခြင်းမှာရှိတဲ့ ကျွန်မရဲ့ မသန့်စင်တဲ့ ရည်ရွယ်ချက်ကို သိမှာ မဟုတ်ဘူး။ ပြီးတော့ မှားယွင်းတဲ့ လမ်းကြောင်းပေါ် ဆက်လျှောက်နေမိမှာ။ ဘုရားသခင်ဆီက ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုခဲ့ပြီး သူ့ကို အတိုက်အခံလုပ်တဲ့အပြင် နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ်ပေးခံရတဲ့ ပေါလုလိုမျိုး ဖြစ်သွားမှာ။ ပြန်ကြည့်လိုက်ရင် ကျွန်မအပေါ် ကျရောက်ခဲ့တဲ့ ဒီရောဂါက ကျွန်မအတွက် အကာအကွယ်ပေးတဲ့ ထီးတစ်ချောင်းလိုပဲ။ ဒါက ကျွန်မကို ဘုရားသခင် ကာကွယ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ကျွန်မခန္ဓာကိုယ်က ဒုက္ခခံစားရပေမဲ့ ကျွန်မရဲ့ လိုက်စားမှု နောက်ကွယ်က မှားယွင်းတဲ့ အမြင်ကို ပြုပြင်ပေးခဲ့တယ်။ သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာဆိုရင် ဒီအရာတွေကို ရနိုင်မှာ မဟုတ်ဘူး။ ရောဂါဝေဒနာ ခံစားရဖို့ ဘုရားသခင် ခွင့်ပြုတာက ကျွန်မကို ဒုက္ခပေးဖို့ မဟုတ်ဘဲ အဲဒီအစား ကျွန်မကို ပြောင်းလဲစေဖို့၊ သမ္မာတရားကို ရှာဖွေပြီး ရောဂါကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တဲ့အပြင် သိမြင်စေဖို့၊ ဒီလိုနည်းနဲ့ သူ့ဆီ နောင်တရစေဖို့ ရည်ရွယ်တာပါ။ ရောဂါကတစ်ဆင့် ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကို ကျွန်မ သဘောပေါက်လာတယ်။ လူတွေအပေါ် ဘုရားသခင် လုပ်သမျှ အရာအားလုံးက ကယ်တင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာအတွက်ပဲ ဆိုတာကို သိလာတယ်။ ဘုရားသခင်ကို ကျွန်မ တကယ် ကျေးဇူးတင်မိတယ်။

ဒီနောက်ပိုင်းမှာ ကိုယ့်တာဝန်တွေကို ကျွန်မ စိတ်ပါလက်ပါ ထမ်းဆောင်ခဲ့တယ်။ တစ်ခါတလေ ကျွန်မက “ကျန်းမာတဲ့ ခန္ဓာကိုယ် ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ၊ ငါ့ရောဂါ ဘယ်တော့မှ သက်သာမလဲ မသိဘူး” လို့ တွေးမိပေမဲ့ ချက်ချင်းပဲ ကျွန်မက ဘုရားသခင်ကို တောင်းဆိုနေတုန်းပဲ၊ ကျိုးနွံနာခံတာမျိုး မရှိတုန်းပဲ ဆိုတာကို သတိထားမိလိုက်တယ်။ ဒါနဲ့ ဘုရားသခင်ဆီ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီရောဂါက သမီးနဲ့အတူ ဘယ်လောက်ကြာကြာ ရှိနေပါစေ၊ ရောဂါ မသက်သာရင်တောင် ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။ အသက်ရှူနေသရွေ့တော့ ကိုယ့်တာဝန်တွေကို စွဲစွဲမြဲမြဲ ထမ်းဆောင်ပါ့မယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် စိတ်နှလုံးက အများကြီး တည်ငြိမ်သွားတယ်။ အရင်တုန်းက ရောဂါထဲမှာပဲ နစ်မွန်းနေပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့ပုံတွေကို ဆင်ခြင်သုံးသပ်မိတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်တွေကတစ်ဆင့် နောင်တရဖို့ ဘုရားသခင်က အခွင့်အရေး ပေးနေတုန်းပဲ။ ဒါကြောင့် ကိုယ့်တာဝန်တွေအပေါ်ထားတဲ့ အရင်က သဘောထားကို ပြောင်းလဲပြီး ဘုရားသခင်အပေါ် တင်နေတဲ့ အကြွေးကို ပြန်ဆပ်ဖို့ ဆန္ဒရှိခဲ့တယ်။ နောက်ပိုင်းမှာ အလုပ်ထဲက လမ်းလွဲခြင်းတွေနဲ့ ပြဿနာတွေကို တွဲဖက်ညီအစ်မနဲ့အတူ အနှစ်ချုပ်တယ်။ အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အလုပ်တွေကို တစ်ခုချင်းစီ မှတ်သားပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုလို့ အကောင်အထည်ဖော်တယ်။ ပြီးတော့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရာမှာ ညီအစ်ကိုမောင်နှမတွေ ကြုံတွေ့ရတဲ့ ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းပေးတယ်။ အချိန်တစ်ခုကြာတော့ အသင်းတော်အလုပ်က ကဏ္ဍပေါင်းစုံမှာ တိုးတက်မှုတချို့ ရှိလာပြီး ညီအစ်ကိုမောင်နှမတွေကလည်း သူတို့တာဝန်တွေမှာ တက်ကြွလာကြတယ်။ ကျွန်မလည်း အများကြီး အားတက်မိပြီး အရင်ကလို ရောဂါရဲ့ ဘောင်ခတ်တာကို မခံရတော့ဘူး။ တစ်နေ့မှာ ကျွန်မရဲ့ အစာအိမ်ပြဿနာကို ကုသနိုင်မဲ့ ဆေးနည်းတစ်နည်းကို အမှတ်မထင် တွေ့လိုက်ရတယ်။ ဆေးအကြိမ်အနည်းငယ် သောက်ပြီးတဲ့နောက် ဗိုက်မနာတော့ဘဲ ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ပြီး ချီးမွမ်းမိတယ်။ ဘုရားသခင်က ဘယ်လောက် ဉာဏ်ပညာကြီးမားပြီး အနန္တတန်ခိုးရှိတယ်ဆိုတာကို တွေ့မြင်ခဲ့ရတယ်။ ဘုရားသခင် လုပ်သမျှ အရာအားလုံးက ကျွန်မကို ပြောင်းလဲစေဖို့နဲ့ သန့်စင်စေဖို့ပါပဲ။

ဒီရောဂါကို တွေ့ကြုံရတာ ခန္ဓာကိုယ်က ဒုက္ခခံစားရပေမဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို ပြုပြင်လာခဲ့ပြီး ကိုယ့်ယုံကြည်ခြင်းမှာရှိတဲ့ မသန့်စင်မှုတွေလည်း အတိုင်းအတာတစ်ခုထိ သန့်စင်သွားတယ်။ ဖန်ဆင်းခံတစ်ယောက်က ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်ဆိုတာကို နားလည်လာတယ်။ ကောင်းချီးနဲ့ ကြုံရသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခနဲ့ ကြုံရသည်ဖြစ်စေ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်ဆိုတာကိုလည်း သဘောပေါက်လာတယ်။ ကျွန်မ ရရှိခဲ့တဲ့ ဒီနားလည်မှုတွေနဲ့ ပြောင်းလဲမှုတွေ အားလုံးဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် ရရှိခဲ့တဲ့ ရလဒ်တွေပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ ရောဂါနှင့်ပတ်သက်သည့် သောကမှ လွတ်မြောက်ခြင်း

ကျွန်မအမေက ကင်ဆာဖြစ်ပြီး ကျွန်မအိမ်ထောင်မကျခင် ဆုံးပါးသွားခဲ့တယ်။ အဖေလည်း အသက် ၅၇နှစ်မှာ သွေးတိုးဖြစ်ပြီး သွေးကြောပေါက်သွားခဲ့တယ်၊...

ကယ်တင်ခြင်းရဖို့ ဂုဏ်ရှိရန် လိုသလော

ရီးရွှင် တရုတ်နိုင်ငံအိမ်နဲ့ဝေးရာမှာ အသင်းတော်တချို့ကို တာဝန်ယူရတဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မအစေခံလာတာ နှစ်ချီကြာသွားပြီ။ ကျွန်မမှာ မွေးရာပါ...

အပျက်သဘောဆောင်ခြင်းနှင့် တာဝန်များတွင် ခိုကတ်ခြင်းနောက်ကွယ်၌ ရှိသည့်အရာ

တုန်းရွှင် တရုတ်နိုင်ငံ ခေါင်းဆောင်က ကျွန်မကို အဖွဲ့စုဝေးပွဲ နှစ်ခုသုံးခုကို ကြီးကြပ်ခိုင်းတယ်။ လက်တွေ့တချို့လုပ်ပြီးတဲ့နောက်မှာ၊...

ခင်ပွန်းသည် နေမကောင်းဖြစ်ပြီးနောက် ကျွန်မ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

လင်းကျင်း၊ တရုတ်ပြည်၂၀၀၁ ခုနှစ်၊ ဩဂုတ်လမှာ ညီအစ်မတစ်ယောက်က ဘုရားသခင်ဟာ ဒုတိယအကြိမ် လူဇာတိခံပြီးပြီ၊ သမ္မာတရားကို ဖော်ပြဖို့နဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။