အနာရောဂါကြားမှ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခြင်း
ကျန်းရှင်း၊ တရုတ်ပြည်လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကျွန်မ ပြင်းထန်တဲ့ လေးဘက်နာရောဂါ ဖြစ်ခဲ့ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခဲ့ရပါတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ချစ်ရတဲ့ ရှီးဂျွမ်းရေ...
မိန်းမရဲ့ပေးစာကို ကိုယ် လက်ခံရရှိပါတယ်။ မင်းရဲ့စာထဲမှာ အခုတလော တာဝန်ထမ်းဆောင်တဲ့အခါ ညီအစ်ကိုမောင်နှမ အငယ်တွေနဲ့ တွဲဖက်လုပ်ဆောင်နေရပြီး ကိုယ့်ရဲ့ အင်အားနဲ့ ခံနိုင်ရည်က သူတို့ကို မမီနိုင်သလို ခံစားရပြီး နည်းနည်း စိတ်ဓာတ်ကျနေတယ်ဆိုတာ တွေ့ရတယ်။ အသက်ကြီးလာတာနဲ့အမျှ လုပ်နိုင်တဲ့ တာဝန်တွေ နည်းပါးသွားပြီး ကယ်တင်ခြင်းရဖို့နဲ့ ကောင်းကင်နိုင်ငံတော် ဝင်ရောက်ဖို့ မျှော်လင့်ချက်တွေ မှေးမှိန်သွားမှာကို မိန်းမ စိုးရိမ်နေတာပေါ့။ ကိုယ်လည်း အခုတလော ဒီလိုပဲ စိုးရိမ်ပူပန်တာတွေရှိခဲ့တယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကိုယ့်ရဲ့ အတွေ့အကြုံတချို့ကို မင်းနဲ့ဝေမျှဖို့ စာရေးလိုက်တာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကပေါ့၊ ညီအစ်ကို ယန်ရွှန်းနဲ့ ကိုယ်တို့နှစ်ယောက် ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာ တာဝန်ကို အတူတူ ထမ်းဆောင်ခဲ့ကြတယ်။ အားတဲ့အချိန်မှာဆိုရင် ကိုယ်က ဧဝံဂေလိ တရားဒေသနာတွေနဲ့ ကိုယ့်ရဲ့ အသက်အတွေ့အကြုံ ဆောင်းပါးတွေကိုတောင် ရေးသားခဲ့သေးတယ်။ ကိုယ် တကယ်ကို ပျော်ရွှင်ခဲ့ပြီး ဒီတာဝန်ကို အရမ်း နှစ်သက်ခဲ့တာပေါ့။ ညီအစ်ကို ယန်ရွှန်းကတော့ လူငယ်ဆိုတော့ လူငယ့်အင်အား၊ တက်ကြွမှုတွေနဲ့ ပြည့်နေပြီး သူ့ဦးနှောက်ကလည်း မြန်တယ်၊ သွက်တယ်။ နည်းပညာ ကျွမ်းကျင်မှုတွေကို လေ့လာတဲ့နေရာမှာ သူက ကိုယ့်ကို အများကြီး အကူအညီပေးခဲ့တယ်။ ကိုယ့်ရဲ့ ဉာဏ်အစွမ်းနဲ့ အင်အားက လူငယ်တစ်ယောက်ကို မမီနိုင်ပေမဲ့ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာတော့ ယန်ရွှန်းနောက်လိုက်ပြီး နည်းပညာဗဟုသုတတွေ အများကြီး ကိုယ် သင်ယူလာခဲ့ရတယ်။ ကိုယ် အရမ်းပျော်ခဲ့ပြီး ဒီတာဝန်ထမ်းဆောင်ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချမယ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဖြတ်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့ နည်းပညာ ကျွမ်းကျင်မှုတွေကို ယန်ရွှန်းနဲ့ ကိုယ် အတူတူ ဆက်လေ့လာခဲ့ကြသလို အားတဲ့အချိန်မှာ ကိုယ်က တရားဒေသနာတွေ ရေးသားတာကို လေ့ကျင့်ခဲ့တယ်။ ပြီးတော့ ဧဝံဂေလိတရား ဟောပြောတာနဲ့ပတ်သက်တဲ့ သမ္မာတရားတွေကို ပိုပြီး နားလည်သဘောပေါက်လာခဲ့တယ်။ ဒီနည်းနဲ့ တာဝန်ထမ်းဆောင်ရတာ ကိုယ့်အတွက် အရမ်းပြည့်စုံတယ်လို့ ခံစားရပြီးတော့ ဒီတာဝန်နှစ်ခုကို မျှတအောင် လုပ်ဆောင်တာက ကယ်တင်ခြင်းရဖို့နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်ဖို့ ကိုယ့်ရဲ့ မျှော်လင့်ချက်ကို ပိုတိုးပွားစေတယ်လို့ တွေးခဲ့မိတယ်။ ဒါပေမဲ့ အချိန်နည်းနည်း ကြာလာတဲ့အခါမှာတော့ ကိုယ်နဲ့ ယန်ရွှန်းကြားက ကွာဟချက် ပိုကြီးမားလာတာကို သတိထားမိလာတယ်။ ယန်ရွှန်းက ငယ်ရွယ်ပြီး နားလည်နိုင်စွမ်း ကောင်းသလို တုံ့ပြန်တာ မြန်တယ်၊ အတတ်မြန်တယ်။ ညီအစ်ကိုမောင်နှမတွေ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံရတဲ့အခါ သူက မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ပြီး သူလေ့လာထားတဲ့ ဗဟုသုတတွေကို သုံးပြီး ဖြေရှင်းပေးနိုင်တယ်။ ကိုယ်ကတော့ အခြေခံကိစ္စတွေကို ကိုင်တွယ်နိုင်ပေမဲ့ ပိုခက်ခဲတဲ့ ပြဿနာတွေကျရင် တုံ့ပြန်မှုက နှေးကွေးပြီး မေ့တတ်လာတယ်။ ပြီးတော့ သင်ထားတာတွေ သင်ပြီးသိပ်မကြာခင်မှာပဲ ခေါင်းထဲကနေ ပြန်ထွက်သွားတတ်တယ်။ ကိုးကားစရာတွေနဲ့ သင်ခန်းစာတွေကို ခဏခဏ ပြန်လှန်ကြည့်နေရသလို လုပ်ငန်းစဉ်တချို့ဆိုရင် နားလည်သဘောပေါက်ဖို့အတွက် ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့ရတယ်။ ကိုယ် နားမလည်နိုင်တဲ့ အရာတစ်ခုခု ရှိရင် ယန်ရွှန်းကပဲ ကိုင်တွယ်ဖြေရှင်းပေးရပြီး ကိုယ်ကတော့ ကူညီပေးတဲ့ အလုပ်တချို့လောက်ပဲ လုပ်နိုင်ခဲ့တယ်။ ကိုယ်တို့နှစ်ယောက် ဒေသနာတွေ စရေးကြတဲ့အခါမှာလည်း ယန်ရွှန်းက ကိုယ် မပြီးခင် ရက်ပိုင်းလောက်ကတည်းက သူ့ဒေသနာကို အရင်တင်ပြနိုင်တယ်။ ကိုယ်က သူ့ရဲ့ အရှိန်ကို မမီနိုင်တော့ဘဲ ကွာဟချက်က တော်တော်လေး ရှင်းလင်းလာတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကိုသာ အချိန်ပြန်လှည့်လို့ရနိုင်ရင် ငါလည်း အသစ်အဆန်းတွေကို ယန်ရွှန်းလိုပဲ မြန်မြန်ဆန်ဆန် မှတ်သားနိုင်ပြီး ဒီတာဝန်မှာ အရည်အချင်း ပြည့်မီမှာပဲ။ အဲဒီလိုသာဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ” လို့ပေါ့။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကျွန်တော့်ရဲ့ အင်အား၊ ခံနိုင်ရည်၊ မျက်စိအမြင်အာရုံ၊ မှတ်ဉာဏ်နဲ့ တုံ့ပြန်နိုင်တဲ့ အမြန်နှုန်းတွေက လိုက်မမီနိုင်တော့ဘူးလေ။ နောက်ပြီးတော့ သွေးတိုးနဲ့ ဆီးချိုကို ထိန်းဖို့အတွက် ကိုယ်က ဆေးသောက်ဖို့က လိုသေးတယ်။ နေ့ဘက်မှာ ကွန်ပျူတာ မျက်နှာပြင်ကို အကြာကြီး စိုက်ကြည့်ရင် မျက်လုံးတွေက ပြာလာတယ်။ ညဘက်ကျရင် အေးအေးလူလူနဲ့ တရားဒေသနာတချို့ ရေးချင်ပေမဲ့ သိပ်ကြာကြာ မထိုင်နိုင်ခင်မှာပဲ မောပန်းလာတယ်၊ အိပ်ချင်လာတယ်၊ ပြီးတော့ ခြေသလုံးတွေ ရောင်လာတယ်။ ခဏလောက် မနည်းတောင့်ခံပြီးတဲ့နောက်မှာတော့ ကျွန်တော် စပြီး ငိုက်မြည်းလာတော့တာပါပဲ။ ယန်ရွှန်းက ကိုယ့်ကို နားဖို့ တိုက်တွန်းပေမဲ့ ကိုယ်က အင်တင်တင်ဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသက်အရွယ်ကြောင့်ဖြစ်ဖြစ်၊ ဒီလို ကျန်းမာရေး ပြဿနာ အသေးအဖွဲလေးတွေကြောင့်ဖြစ်ဖြစ် ကိုယ့်တာဝန်ကို နှောင့်နှေးကြန့်ကြာတာမျိုး မဖြစ်စေချင်ဘူးလေ။ ဒီတာဝန်ကိုမှ ကျွန်တော် မလုပ်နိုင်တော့ရင် လုပ်နိုင်တဲ့ တာဝန်တွေက ပိုနည်းသွားမှာ၊ ပြီးတော့ ကယ်တင်ခြင်းရပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်နိုင်ပါ့မလား ဆိုတာကလည်း မရေမရာ ဖြစ်သွားမှာကိုး။ ယန်ရွှန်းက အသက် ၃၀ ကျော်ပဲ ရှိသေးတာဆိုတော့ လူငယ့်အင်အား၊ တက်ကြွမှုတွေနဲ့ ပြည့်နေတာပေါ့။ ကိုယ်ကတော့ အသက် ၆၀ ကျော်နေပြီလေ။ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေ၊ မှတ်ဉာဏ်နဲ့ တုံ့ပြန်နိုင်စွမ်းတွေက လူငယ်တွေကို ဘယ်လိုမှ မမီနိုင်တော့ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ပိုဖြစ်လာမိတယ်။ ငယ်ရွယ်တာက ဘယ်လောက်ကောင်းလိုက်သလဲလို့ ကိုယ် တွေးမိတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိသေးသလို ရှေ့လျောက် အနာဂတ်ကလည်း တောက်ပနေတာကိုး။ သူတို့လမ်းကြောင်းက ပိုကျယ်လာနေပေမဲ့ ကိုယ့်လမ်းကြောင်းကတော့ ပိုပိုပြီး ကျဉ်းမြောင်းလာသလို ခံစားရတယ်။ ကျွန်တော်ဟာ စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ အသက်ရှင်နေရပြီး ဆောင်းပါးတွေ၊ တရားဒေသနာတွေ ရေးဖို့ စိတ်အင်အားမရှိတော့သလို ခံစားရပြီး “ဒီတစ်ရက် ကုန်ရင်ပြီးရော” ဆိုတဲ့ သဘောထားမျိုးနဲ့ တာဝန်ကို စပြီး လုပ်ဆောင်လာမိတယ်။ ညီမ ရှီးဂျွမ်းရေ၊ ကျွန်တော့်အခြေအနေက တော်တော်ဆိုးတယ်လို့ မထင်ဘူးလား။
တစ်နေ့ကျတော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတစ်ရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို မမှတ်မိနိုင်သကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတစ်ရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။...အထူးသဖြင့်၊ မိမိတို့ အချိန်ရှိသမျှကို ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရင်းနှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ကုန်ဆုံးချင်ကြသည့် သက်ကြီးရွယ်အိုအချို့ ရှိကြသော်လည်း၊ ၎င်းတို့သည် ရုပ်ပိုင်းအရ မကျန်းမာကြပေ။ အချို့မှာသွေးတိုးရှိပြီး တချို့မှာ သွေးထဲ သကြားဓာတ် မြင့်မားကြသည်၊ တချို့မှာ အစာအိမ်ပြဿနာများ ရှိကြပြီး၊ ၎င်းတို့၏ ကာယခွန်အားက ၎င်းတို့တာဝန်၏ တောင်းဆိုချက်များကို အမီမလိုက်နိုင်သောကြောင့် ၎င်းတို့ စိုးရိမ်သောကရောက်ကြလေသည်။ ငယ်ရွယ်သောလူများက စားနိုင်၊ သောက်နိုင်သည်ကို၊ ပြေးနိုင်၊ ခုန်နိုင်သည်ကို ၎င်းတို့ မြင်ကြပြီး၊ အားကျကြလေသည်။ ငယ်ရွယ်သောလူများက ထိုသို့သော အရာများ လုပ်ဆောင်သည်ကို ၎င်းတို့ မြင်လေ၊ ‘ငါ့တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားကာ နားလည်ချင်သည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်ချင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ ငါ အလွန် အိုမင်းပြီး အသုံးမကျပါ။ ဘုရားသခင်သည် အိုမင်းသော လူများကို အလိုမရှိပါသလား။ အိုမင်းသော လူများသည် အမှန်တကယ် အသုံးမဝင်ပါသလား။ ငါတို့သည် ကယ်တင်ခြင်းကို မရနိုင်ပါသလား’ဟု တွေးလျက်၊ သာ၍ စိတ်ဖိစီးမှု ခံစားကြလေသည်။ ၎င်းတို့သည် ထိုအကြောင်းကို မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဝမ်းနည်းပြီး ပျော်ရွှင်ချမ်းမြေ့ခြင်း မခံစားနိုင်ကြပေ။ ထိုသို့သော အလွန်ကောင်းသော အချိန်ကာလတစ်ခုနှင့် ထိုသို့သော ကြီးမြတ်သည့် အခွင့်အရေးတစ်ခုကို ၎င်းတို့ မလွဲချော်ချင်ကြသည့်တိုင်၊ ငယ်ရွယ်သည့်လူများ လုပ်ဆောင်သကဲ့သို့ မိမိတို့ကိုယ်ကို အသုံးမခံနိုင်ကြသကဲ့သို့ မိမိတို့တာဝန်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ် အကြွင်းမဲ့ဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသက်ကြီးရွယ်အိုများသည် ၎င်းတို့၏ အသက်အရွယ်ကြောင့်၊ နက်ရှိုင်းသည့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းကြသည်။ အခက်အခဲ၊ အနှောင့်အယှက်၊ ဆင်းရဲဒုက္ခ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ကြုံရသည့်အချိန်တိုင်းတွင်၊ မိမိတို့၏ အသက်အရွယ်ကို ၎င်းတို့ အပြစ်တင်ကြပြီး၊ မိမိတို့ကိုယ်ကိုပင် မုန်းတီးကာ မိမိတို့ကိုယ်ကို သဘောမကျကြပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အကြောင်းမထူး၊ ဖြေရှင်းချက် မရှိသကဲ့သို့ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ ၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သည်မဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ မရှင်းမလင်းဖြစ်ကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။ ကွာခြားမှုမရှိဟု ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ တစ်စုံတစ်ဦးသည် အိုမင်းသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင်ဖြစ်သည်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ တူညီပြီး၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့်ရပ်တည်ချက်တို့သည် အတူတူပင်ဖြစ်သည်။ သို့ဖြစ်၍ သက်ကြီးရွယ်အိုများသည် ၎င်းတို့က ပို၍ အသက်ကြီးသောကြောင့်၊ လူငယ်များထက် သာ၍ နည်းပါးသော လွန်လွန်ကဲကဲ စိတ်ဆန္ဒများ ရှိသောကြောင့်၊ ၎င်းတို့က ပို၍ တည်ငြိမ်အောင် နေနိုင်သောကြောင့် ၎င်းတို့တွင် အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များဖြစ်စေ၊ စိတ်ဆန္ဒများဖြစ်စေ၊ သာ၍ နည်းပါးသော စိတ်သဘောထားများဖြစ်စေ မရှိဟု မတွေးရပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ငယ်ရွယ်သည့် လူများသည် ရာထူးအတွက် သူတစ်ပါးကို ချနင်းနိုင်ကြသည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည် ရာထူးအတွက် သူတစ်ပါးကို မချနင်းနိုင်ကြသလော။ ငယ်ရွယ်သည့်လူများသည် စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာများ လုပ်ဆောင်နိုင်ပြီး ထင်ရာမြင်ရာ ပြုမူနိုင်သည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း အလားတူ မလုပ်ဆောင်နိုင်ကြသလော။ (လုပ်ဆောင်နိုင်ကြပါသည်။) ငယ်ရွယ်သည့်လူများသည် မာနထောင်လွှားနိုင်သည်၊ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း မာနထောင်လွှားနိုင်ခြင်း မရှိကြသလော။ သို့ရာတွင်၊ သက်ကြီးရွယ်အိုများ မာနထောင်လွှားကြသည့်အခါ၊ ၎င်းတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့်၊ သိပ်ရန်မူတတ်ခြင်း မရှိကြသကဲ့သို့၊ ထိုမျှ သဘောထားမြင့်မြတ်သော မာနထောင်လွှားမှု မဟုတ်ချေ။ ငယ်ရွယ်သော လူများသည် ၎င်းတို့၏ ကွေးနိုင်ဆန့်နိုင်သော ခြေလက်များနှင့် စိတ်များကြောင့် သာ၍ သိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များကို ပြကြစဉ်တွင်၊ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ မာတောင့်သည့် ခြေလက်များနှင့် တင်းမာသော စိတ်များကြောင့် သာ၍ မသိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များ ပြကြလေသည်။ သို့ရာတွင် ၎င်းတို့၏ မာနထောင်လွှားမှု အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူပင်ဖြစ်သည်။ သက်ကြီးရွယ်အိုတစ်ဦးသည် ဘုရားသခင်ကို အချိန်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့တာဝန်ကို နှစ်ပေါင်းမည်မျှ ထမ်းဆောင်ပြီးသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရား လိုက်စားမှုတွင် မရှိပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေလိမ့်မည်ဖြစ်သည်။...ထို့ကြောင့် သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် လိုရာဆွဲပြောသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် အသက်ကြီးနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။ တစ်စုံတစ်ဦးသည် အသက် ၇၀ အရွယ်ခန့်တွင်ရှိသော်လည်း၊ သမ္မာတရားကို နားမလည်နိုင်ပါက၊ ဤသည်မှာ ၎င်းသည် သမ္မာတရားကို နားလည်နိုင်ခြင်း မရှိအောင်ပင် ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်ကြောင်း ပြပေသည်။ ထို့ကြောင့် အသက်အရွယ်သည် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ ဆက်စပ်မှုမရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင်ရဲ့ မိတ်သဟာယက ကိုယ်တို့ သက်ကြီးရွယ်အိုတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို အတိအကျ ထောက်ပြထားတာပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ် ယိုယွင်းလာပြီး တာဝန်ထမ်းဆောင်တဲ့အခါ စိန်ခေါ်မှုတချို့ ရှိလာနိုင်တယ်။ ကိုယ်တို့က ခဏခဏဆိုသလို အားမရှိဘူးလို့ ခံစားရပြီး လူငယ်တွေကို အားကျတတ်ကြတယ်။ ကိုယ့်လိုပဲပေါ့၊ ယန်ရွှန်းက ငယ်ရွယ်ပြီး မှတ်ဉာဏ်ကောင်းတယ်၊ ကျန်းမာရေးကောင်းတယ်ဆိုတာ မြင်တော့ သူက တာဝန်တွေ ပိုလုပ်နိုင်တယ်၊ ဒါကြောင့် ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက် ပိုရှိတယ်လို့ ကိုယ် ထင်ခဲ့တာ။ တစ်ချိန်တည်းမှာပဲ ကိုယ်က အသက်ကြီးလာပြီ၊ ကျန်းမာရေးက မကောင်း၊ မှတ်ဉာဏ်ကလည်း လျော့နည်းလာတော့ ဘေးကနေ ကူညီပေးတဲ့ အလုပ်လောက်ပဲ လုပ်နိုင်တော့မယ်လို့ ခံစားရတယ်။ ပြီးတော့ ဒီတာဝန်ကိုမှ ကောင်းကောင်း မထမ်းဆောင်နိုင်ရင် တခြားထမ်းဆောင်နိုင်တဲ့ တာဝန်တွေ သိပ်ကျန်တော့မှာ မဟုတ်ဘူးလို့လည်း စိတ်ပူတယ်။ ကယ်တင်ခြင်းရမယ့် မျှော်လင့်ချက် ဆုံးရှုံးသွားမှာကိုလည်း ကြောက်နေခဲ့တာ။ ဒါက ကိုယ့်ကို စိတ်မချမ်းမသာဖြစ်စေခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ် နားလည်သွားတာက ဘုရားသခင်ဟာ လူတွေရဲ့အသက်အရွယ်၊ ဒါမှမဟုတ် တာဝန်ဘယ်လောက်များများ ထမ်းဆောင်လဲဆိုတာကို ကြည့်ပြီး ကယ်တင်တာ မဟုတ်ဘူး၊ သူတို့ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုတဲ့အပေါ်မှာ မူတည်ပြီး ကယ်တင်တာ ဆိုတာပါပဲ။ သက်ကြီးရွယ်အိုတွေအနေနဲ့ ကျန်းမာရေး ယိုယွင်းတာ၊ နာမကျန်းဖြစ်တာတွေ ကြုံရနိုင်ပေမဲ့ ဒါက သမ္မာတရား လိုက်စားတာကို မတားဆီးနိုင်ပါဘူး။ ကိုယ်က အသက်ကြီးသွားခဲ့ပေမဲ့ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့အတူ ရိုးရာ အတွေးအခေါ်အမျိုးမျိုးနဲ့ အယူအဆတွေကို အများကြီး စုဆောင်းမိထားတယ်။ ပြီးတော့ ကိုယ့်ရဲ့ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကလည်း လူငယ်တွေထက် မလျော့ပါဘူး။ ဥပမာ ပြောရရင် ပြီးခဲ့တဲ့ နွေဦးတုန်းက ကိုယ် ဧဝံဂေလိတရား ဟောပြောခဲ့တုန်းကဆိုရင်ပေါ့။ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီး ကြာပြီဆိုတော့ ဧဝံဂေလိတရား ဟောပြောတဲ့ အတွေ့အကြုံတချို့ ရှိတယ်လေ။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေရှေ့မှာ အစွမ်းပြဖို့အတွက် ကိုယ့်အတွေ့အကြုံတွေကို အသုံးပြုခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ပြီး သူတို့ရဲ့ လေးစားမှုကို ရအောင် ကြွားဝါပြောခဲ့တယ်။ ကိုယ့်မှာ ဖြေရှင်းရမယ့် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီး ကျန်နေသေးတယ်၊ ဝင်ရောက်ရမယ့် သမ္မာတရားတွေ အများကြီး ရှိသေးတယ်ဆိုတာကို ကိုယ် သဘောပေါက်လိုက်တယ်။ ပြီးတော့ အဲဒါတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်တယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်တာဝန်ကို အတတ်နိုင်ဆုံး လုပ်ဆောင်ဖို့ လိုတယ်။ စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ နေပြီး သမ္မာတရား လိုက်စားတာကို လက်လျှော့လိုက်မယ့်အစား ဒါတွေက ကိုယ် လုပ်နိုင်တဲ့ အရာတွေပါပဲ။ စဉ်းစားကြည့်လိုက်တော့ ခေါင်းဆောင်က ကိုယ့်အတွက် စီစဉ်ပေးထားတဲ့ တာဝန်က တော်တော်လေး သင့်တော်တယ်လို့ ခံစားရတယ်။ ယန်ရွှန်း သူ့တာဝန်တွေနဲ့ အလုပ်ရှုပ်နေတဲ့အခါ ကိုယ်က ဘေးကနေ အကူအညီပေးတဲ့ အလုပ်တချို့ လုပ်ပေးတယ်၊ သူ အလုပ်မရှုပ်တဲ့အခါကျရင် ကိုယ်က ဆောင်းပါးတွေ၊ ဒေသနာတွေ ရေးတယ်။ ပြီးတော့ ကိုယ့်တာဝန်မှာ ထုတ်ဖော်မိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပုံမှန် အာရုံစိုက်ပြီး အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်တော့ ကိုယ့်မှာ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိနေတုန်းပါပဲ။ သက်ကြီးရွယ်အိုတွေက သမ္မာတရားကို မလိုက်စားနိုင်ဘူး၊ နားမလည်နိုင်ဘူးလို့ ဘုရားသခင် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက မမြင့်ပါဘူး။ ကျွန်တော်တို့ အစွမ်းရှိသလောက် ကိုယ့်တာဝန်တွေကို လုပ်ဆောင်ပြီး သမ္မာတရား လိုက်စားတာကို လက်မလျော့သရွေ့ အသက်အရွယ် ဘယ်လောက်ပဲ ရှိရှိ၊ အားလုံးမှာ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိပါတယ်။ ဒီအသိက ကိုယ့်စိတ်နှလုံးကို လင်းလက်သွားစေပြီး အရင်လို စိုးရိမ်ပူပန်တာမျိုး မဖြစ်တော့ဘူး။
တစ်နေ့ကျတော့ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်မိတယ်။ “မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် လူတိုင်းလူတိုင်း၏ မွေးရာပါတာဝန် ဖြစ်သည်၊ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနှင့်အတူ ယင်း၏စည်းမျဉ်းများ ပါရှိသည်၊ လူတိုင်းက မိမိ၏တာဝန်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သင့်သည်၊ ပြီးလျှင် ဤသည်မှာ ဖန်ဆင်းခံများ လုပ်ဆောင်ရမည့် အရာဖြစ်သည်။ ဤနေရာတွင် အခကြေးငွေပေးခြင်းနှင့်ပတ်သက်၍ ပြောဆိုချက်တစ်ခုခု ရှိသလော။ ဆုလာဘ်နှင့်ပတ်သက်၍ ပြောဆိုချက်တစ်ခုခုကော။ (မရှိပါ။) လုပ်ခပေးခြင်း သို့မဟုတ် ဆုလာဘ်နှင့်ဆိုင်၍ ပြောပြချက်မရှိပေ။ ယင်းမှာ ဝတ္တရားတစ်ခု ဖြစ်၏။ ‘ဝတ္တရား’ ဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဝတ္တရားဟူသည်မှာ လူတို့ ပြုလုပ်သင့်သည့် အရာတစ်ခုဖြစ်ကာ မိမိ၏ အလုပ်လုပ်ပေးခြင်းအရ ဆုလာဘ်ပေးခံရသည့် အရာတစ်ခုနှင့် မသက်ဆိုင်ပေ။ ဘုရားသခင်သည် မိမိ၏ တာဝန်ကို များစွာ ထမ်းဆောင်သည့် လူတစ်ဦးက ကြီးမားသော ဆုလာဘ်ရရှိသင့်ကြောင်း၊ မိမိ၏တာဝန်ကို အနည်းငယ်သာ ထမ်းဆောင်သည့် သို့မဟုတ် ညံ့ဖျင်းသောပုံစံဖြင့် ထမ်းဆောင်သည့် လူတစ်ဦးက ဆုလာဘ်အနည်းငယ်သာ ရရှိသင့်ကြောင်း မည်သည့်အခါမျှ ပြဋ္ဌာန်းမထားချေ။ ဘုရားသခင်က ထိုသို့သောအရာကို မည်သည့်အခါမျှ မပြောခဲ့ဖူးချေ။ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ဆိုထားသနည်း။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လူတိုင်းလူတိုင်း၏ မွေးရာပါတာဝန် ဖြစ်သည်၊ ပြီးလျှင် ယင်းမှာ ဖန်ဆင်းခံများ လုပ်ဆောင်ရမည့် အရာဖြစ်သည်ဟု ဘုရားသခင်က ဆိုသည်။ ဤသည်မှာ သမ္မာတရားဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်းတို့ မည်မျှ သနားစရာကောင်းသည်ကိုမဆိုထားနှင့်၊ အသက်၊ ဝါ၊ သို့မဟုတ် ဒုက္ခခံစားရမှု ပမာဏကို အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ၎င်းတို့၌ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့်အညီသာ ဆုံးဖြတ်ပေသည်။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေကနေ ကိုယ် နားလည်လိုက်တာက တာဝန်ဆိုတာ ဖန်ဆင်းခံတိုင်းရဲ့ မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားပဲ။ တာဝန်ပိုထမ်းဆောင်လေလေ ဆုလာဘ်ပိုကြီးလေလေ၊ တာဝန်နည်းနည်း ထမ်းဆောင်လေလေ ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာ နည်းနည်းပဲရလေလေ ဆိုတာမျိုး မရှိပါဘူး။ ဒီအတွေးတွေက ကိုယ့်ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေ သက်သက်ပါပဲ။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ဆုံးဖြတ်တာဟာ သူတို့ သမ္မာတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်မှာပဲ မူတည်ပါတယ်။ လူတစ်ယောက်က အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား လိုက်စားတဲ့လမ်းကြောင်းကို လျှောက်လှမ်းနေသရွေ့ သူတို့ဟာ ဘုရားသခင် ကယ်တင်ဖို့ ရည်ရွယ်တဲ့သူတွေပါပဲ။ ဘုရားသခင်က ဘယ်သူ့ကိုမှ မတရား မဆက်ဆံပါဘူး။ ဒါကို ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဆုံးဖြတ်ထားတာလေ။ ကိုယ်က အရာရာကို သမ္မာတရား စည်းမျဉ်းတွေအပေါ် အခြေခံပြီး မရှုမြင်ဘဲ၊ လူတစ်ယောက်ရဲ့ အကျိုးပြုမှု ပမာဏအပေါ် မူတည်ပြီး သူ ကယ်တင်ခြင်း ခံရနိုင်မလားဆိုတာကို ဆုံးဖြတ်ခဲ့မိတယ်။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်တာဖြစ်ပြီး ဘုရားသခင်ကို စော်ကားရာရောက်တာပေါ့။ ပေါလုအကြောင်း ကိုယ် တွေးမိတယ်။ သူက ဥရောပတိုက် အစိတ်အပိုင်း တော်တော်များများဆီ ဧဝံဂေလိတရား ဖြန့်ဝေခဲ့ပြီး အသင်းတော်တွေ အများကြီး တည်ထောင်ခဲ့တယ်လေ။ သူက အများကြီး အကျိုးပြုခဲ့ပုံရပေမဲ့ သမ္မာတရားကိုတော့ မလိုက်စားခဲ့ဘူး။ သူက သူ့ရဲ့ အလုပ်နဲ့ အသုံးခံမှုတွေကို အပေးအယူလုပ်ဖို့ အရင်းအနှီးအဖြစ် သဘောထားပြီး ဘုရားသခင်ဆီကနေ သရဖူကို တောင်းဆိုခဲ့တယ်။ သူက ခဏခဏဆိုသလို ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံခဲ့တယ်၊ ဘုရားသခင်အတွက် ဘယ်တော့မှ သက်သေမခံခဲ့ဘူး။ ငါအသက်ရှင်တာ ခရစ်တော်ဖြစ်တယ်လို့တောင် သူ ပြောဆိုခဲ့တာက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပြင်းပြင်းထန်ထန် ပုန်ကန်ပြစ်မှားတာပဲ။ အဆုံးမှာတော့ သူ ကယ်တင်ခြင်း မခံရဘဲ အဲဒီအစား ငရဲမှာ အပြစ်ဒဏ်ပေးခြင်း ခံခဲ့ရတယ်။ လူတစ်ယောက်က သူ့တာဝန်မှာ ဘယ်လောက် အကျိုးပြုမှုရှိသလဲ ဆိုတာက သူ ကယ်တင်ခြင်း ခံရမလားဆိုတာကို မဆုံးဖြတ်နိုင်ပါဘူး။ လူတစ်ယောက်ရဲ့ ကယ်တင်ခြင်းက သူ သမ္မာတရားကို လိုက်စားသလား၊ သူ့တာဝန်တွေကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်သလား ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ရှီးဂျွမ်းရေ၊ ကိုယ်တို့က သမ္မာတရားကို နားမလည်တဲ့အခါ ကိုယ့်ရဲ့ အယူအဆတွေ၊ စိတ်ကူးတွေကို အမှီပြုပြီး ပြဿနာတွေကို ရှုမြင်တတ်ကြတယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အထင်လွဲမှားစေတတ်တယ်လေ။
ဒီနောက်မှာတော့ ကိုယ် စပြီး ဆင်ခြင်သုံးသပ်မိတယ်၊ “ငါ့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဆင်းရဲမှုတွေရဲ့ နောက်ကွယ်မှာ ဘာရှိလဲ၊ ဘာက ဒါတွေကို တွန်းအားပေးနေတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခဲ့တယ်။ ကိုယ် ရှာဖွေနေတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ အလားအလာများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက် ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော ရိုးသားစစ်မှန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် ရိုးသားစစ်မှန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားစစ်မှန်မှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားစစ်မှန်မှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။ သို့ဖြစ်၍ အပြင်ပန်းတွင် အန္တိခရစ်များစွာတို့သည် နှင်ထုတ်ခြင်းမခံရမီတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကာ သာမန်လူတစ်ဦးထက်ပင် သာ၍ စွန့်လွှတ်ပြီး သာ၍ ဒုက္ခခံစားသည်ဟု ထင်ရသည်။ ၎င်းတို့ အသုံးခံသည့်အရာနှင့် ၎င်းတို့ အဖိုးအခပေးသည့်အရာတို့သည် ပေါလုနှင့်တူညီပြီး ၎င်းတို့ ပြေးလွှားလှုပ်ရှားကြသည်မှာလည်း ပေါလုထက် မနည်းခဲ့ပေ။ ဤသည်မှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်သည်။ ဒုက္ခခံစားပြီး အဖိုးအခပေးရန် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ သန္နိဋ္ဌာန် အရ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခြင်း မဖြစ်အပ်ချေ။ သို့ရာတွင် ဘုရားသခင်သည် လူတစ်ဦးအပေါ် သူ၏ အပြင်ပန်းအပြုအမူအရ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား၊ သူထုတ်ဖော်သည့်အရာနှင့် သူလုပ်ဆောင်သမျှ၏ သဘာဝနှင့် အနှစ်သာရတို့အရ ကြည့်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် တွေ့လိုက်ရတာက အန္တိခရစ်တွေ အသင်းတော်မှာ တာဝန်ထမ်းဆောင်တဲ့အခါ သူတို့က ဘယ်လောက်ပဲ စွန့်ပစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်၊ ဒုက္ခခံတယ်၊ အဖိုးအခပေးဆပ်တယ်လို့ ထင်ရပါစေ သူတို့က ကောင်းချီးမင်္ဂလာတွေ ရဖို့အတွက်ပဲ ဒီအရာတွေကို လုပ်ဆောင်နေကြတာပါ၊ ပြီးတော့ သူတို့က ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့အတွက် တာဝန်ကို နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုနေကြတာပါ။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ချိန်ထိုးကြည့်လိုက်တော့ လိုက်စားမှုနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ အမြင်က အန္တိခရစ်တစ်ယောက်ရဲ့ အမြင်နဲ့ တစ်ထပ်တည်း ကျနေတာကို သတိထားမိလိုက်တယ်။ ဘုရားသခင်ကို စတွေ့ကတည်းက ကျွန်တော်က အသင်းတော်ရဲ့ အစီအစဉ်တွေကို နာခံပြီး တာဝန်တွေ ထမ်းဆောင်နိုင်ပုံ ရပေမဲ့ ဒါတွေအားလုံးက ကောင်းချီးမင်္ဂလာတွေ ရချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလေ။ ကောင်းချီးမင်္ဂလာတွေ ရဖို့အတွက် ကိုယ်က တိုက်ခန်းနှစ်ခန်း ငှားပြီး ဧည့်ခံဝတ်ပြုတဲ့တာဝန်ကို လိုလိုလားလား ထမ်းဆောင်ခဲ့တယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ လဲလှယ်ဖို့အတွက် လစာကောင်းတဲ့ အလုပ်ကိုတောင် ထွက်ပြီး တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်ဖို့ လိုလားခဲ့တယ်။ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခု ရဖို့အတွက် ရောဂါဝေဒနာကြောင့် တာဝန်ထမ်းဆောင်တာကို အတားအဆီးဖြစ်ခွင့်မပေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ တာဝန်များများ ထမ်းဆောင်လေလေ ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာ များများရလေလေလို့ ကိုယ် ထင်ခဲ့တာကိုး။ ဒါပေမဲ့ အသက်ကြီးလာတဲ့အခါ၊ ကိုယ့်တာဝန်မှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ ထိရောက်မှုတွေက လူငယ်တွေကို မမီနိုင်တော့တာ မြင်တဲ့အခါမှာတော့ ဖြုတ်ချခံရမှာ၊ ဒါမှမဟုတ် တာဝန်ပြောင်းခံရမှာကို ကိုယ် စပြီးစိုးရိမ်လာတယ်။ ပြီးတော့ ကိုယ် ထမ်းဆောင်နိုင်တဲ့ တာဝန်တွေ ပိုပြီးတော့တောင် နည်းသွားပြီး ကောင်းချီးမင်္ဂလာတွေရဖို့၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်ဖို့ မျှော်လင့်ချက်တွေ ဝေးကွာသွားမှာကို ပူပန်လာတယ်။ စိုးရိမ်ပူပန်ပြီး စိတ်ဆင်းရဲတဲ့ အခြေအနေမှာ ကိုယ်နေထိုင်ခဲ့ရပြီး “ဒီတစ်ရက် ကုန်ရင်ပြီးရော” ဆိုတဲ့ သဘောထားမျိုးနဲ့ တာဝန်တွေကို လုပ်ဆောင်ခဲ့မိတယ်။ တာဝန်ဆိုတာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ဝတ္တရားဖြစ်ပြီး ဒါက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ကိုယ့်တာဝန်ကို ကောင်းချီးမင်္ဂလာတွေ ရယူဖို့ သက်သေအနေနဲ့ သဘောထားခဲ့တယ်။ ကောင်းချီးမင်္ဂလာတွေ ရနိုင်သရွေ့ စွန့်လွှတ်အဖိုးအခပေးဖို့၊ အသုံးခံဖို့၊ သည်းခံဖို့နဲ့ ပေးဆပ်ဖို့ လိုလိုလားလား ရှိခဲ့တယ်။ ဘယ်လောက်ပဲ လိုအပ်ပါစေပေါ့။ ဒါပေမဲ့ ကောင်းချီးမင်္ဂလာရဖို့ မျှော်လင့်ချက် မရှိတော့ရင် တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု မရှိတော့ဘူး။ ဒီလိုဆို ကိုယ့်မှာ ဘယ်လို အသိစိတ်များ ရှိခဲ့လို့လဲ။ ပြန်ကြည့်လိုက်တော့ ဘုရားသခင်ကို စယုံကြည်ကတည်းက နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကိုယ်တော်ရဲ့ သိုးထိန်းခြင်းနဲ့ ရေလောင်းပေးခြင်းတွေကို အများကြီး ခံစားခဲ့ရတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါကြောင့် ဘုရားသခင်ဆီကနေ ဘာမှ မတောင်းဆိုသင့်ပါဘူး။ ဘုရားသခင်က ကိုယ့်ကို အသက်ပေးထားပြီး ဘုရားအိမ်တော်ကို လာခွင့်ပြုထားတယ်၊ တာဝန်ထမ်းဆောင်ခွင့် ပေးထားတယ်၊ ဒါက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ကိုယ့်အတွက် ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခု မရှိရင်တောင် မညည်းညူသင့်ဘဲ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်ပါတယ်။ စဉ်းစားလေလေ ဘုရားသခင်ကို အကြွေးတင်နေသလို ခံစားရလေလေဖြစ်ပြီး ကိုယ်တော့်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ ကောင်းချီးမင်္ဂလာ လိုချင်တဲ့ လိုအင်ဆန္ဒကို လက်လွှတ်ပြီး လိုက်စားမှုနဲ့ပတ်သက်တဲ့ ဒီအမြင်မှားတွေထဲကနေ လွတ်မြောက်ဖို့ လိုလားခဲ့တယ်။
ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်မိတယ်။ “အသက်အရွယ် သာ၍ကြီးရင့်သော ညီအစ်ကို မောင်နှမများတွင်လည်း သူတို့ ထမ်းဆောင်ရန် အလုပ်တာဝန်များ ရှိပြီး၊ ဘုရားသခင်သည် သူတို့ကို မစွန့်ပယ်ပေ။ အသက်အရွယ် သာ၍ကြီးရင့်သော ညီအစ်ကို မောင်နှမတို့တွင်လည်း လိုလားဖွယ်ရာ သွင်ပြင်လက္ခဏာများရော မလိုလားအပ်သော သွင်ပြင်လက္ခဏာများပါ ရှိကြသည်။ ၎င်းတို့တွင် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ ပိုရှိကြသည်။ ၎င်းတို့သည် စဉ်းစားဆင်ခြင်မှုမရှိ၊ ပြီးလျှင် ပြောင်းလွယ်ပြင်လွယ်ခြင်းမရှိဘဲ အသုံးပြုကြသည့် စည်းမျဉ်းများကို နှစ်သက်သည့်အတွက်၊ သူတို့၏ လုပ်ဆောင်မှုများတွင် သူတို့သည် တင်းကျပ်သော အစဉ်အလာများစွာကို စောင့်ထိန်းကြသည်။ ယင်းမှာ မလိုလားအပ်သော သွင်ပြင်လက္ခဏာ တစ်ခု ဖြစ်သည်။ သို့ရာတွင် သာ၍ အသက်အရွယ်ကြီးသော ဤညီအစ်ကို မောင်နှမများသည် မည်သည့်အရာ ဖြစ်လာပါစေ တည်ငြိမ်စွာနှင့် တည်ကြည်စွာ နေမြဲနေနိုင်ကြသည်၊ ထိုသူတို့၏ စိတ်သဘောထားများမှာ တည်ငြိမ်ပြီး၊ ၎င်းတို့တွင် မထိန်းနိုင်မသိမ်းနိုင် စိတ်အနေအထားများ မရှိကြပေ။ ၎င်းတို့သည် အမှုအရာများကို နားလည်ရာ၌ ပို၍နှေးကွေးကောင်း နှေးကွေးနိုင်သော်လည်း၊ ဤသည်မှာ ကြီးမားသောအမှားတစ်ခု မဟုတ်ပေ။ သင်တို့သည် ကျိုးနွံနာခံနိုင် သမျှ၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို လက်ခံနိုင်သမျှ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစိစစ်သမျှ၊ သင်တို့သည် ကျိုးနွံနာခံခြင်းနှင့် လိုက်နာခြင်း၌သာ စိတ်ဝင်စားသမျှ၊ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပေါ် မည်သည့် အခါမျှ စီရင်ခြင်းမရှိပါက သို့မဟုတ် ၎င်းတို့အပေါ်မကောင်းသော စဉ်းစားချက်များ မသိုထားသမျှ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်သမျှ၊ သင်တို့သည် သတ်မှတ်ချက်များကို ပြည့်စုံပြီးနောက်- စုံလင်စေခြင်းကို ခံရနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အယောက်တိုင်း မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြခြင်းနှင့်ပတ်သက်၍) “သင်သည် သာ၍ငယ်ရွယ်သူ သို့မဟုတ် သာ၍ကြီးရင့်သူ ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ဦး ဖြစ်ပါစေ၊ သင် ထမ်းဆောင်အပ်သည့် လုပ်ငန်းတာဝန်ကို သင် သိသည်။ ငယ်ရွယ်သူတို့သည် မာနထောင်လွှားမှု မရှိကြပေ၊ သာ၍ အသက်ကြီးသောသူတို့သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် နောက်တွန့်ခြင်းလည်း မရှိကြပေ။ ထို့အပြင် သူတို့သည် အချင်းချင်း၏ အားသာချက်များကို သူတို့၏အားနည်းချက်များအား ထေမိစေရန် အသုံးပြုနိုင်ပြီး၊ သူတို့သည် မည်သည့် အစွဲမျှမရှိဘဲ၊ တစ်ဦးနှင့်တစ်ဦး အစေခံနိုင်ကြသည်။ သာ၍အသက်ကြီးသူနှင့် သာ၍ငယ်ရွယ်သူ ညီအစ်ကို မောင်နှမတို့ အကြားတွင် ချစ်ကြည်ရေး တံတားကို တည်ဆောက်ထားပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်၊ သင်တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး သာ၍ ကောင်းစွာ နားလည်နိုင်ကြသည်။ သာ၍ ငယ်ရွယ်သော ညီအစ်ကို မောင်နှမ တို့သည် သာ၍အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများအပေါ် အထင်မသေးကြသကဲ့သို့၊ သာ၍ အသက်ကြီးသော ညီအစ်ကို မောင်နှမများသည်လည်း မိမိကိုယ်ကို မှန်သည်ဟု မယူမှတ်ကြပေ။ ယင်းသည် သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်ပါသလော။ သင်တို့အားလုံးတွင် ဤကဲ့သို့သော စိတ်ပိုင်းဖြတ်မှုရှိလျှင်၊ ဘုရားသခင်၏ အလိုတော်သည် သင်တို့၏ မျိုးဆက်တွင် ဧကန် ပြည့်စုံပါလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အယောက်တိုင်း မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြခြင်းနှင့်ပတ်သက်၍) ဘုရားနှုတ်ကပတ်တော်တွေက ကိုယ့်ကို စိတ်အားတက်ကြွစေပြီး ယုံကြည်ခြင်း အများကြီး ပေးခဲ့ပါတယ်။ ကိုယ်တို့ သက်ကြီးရွယ်အိုတွေက ကျန်းမာရေး နည်းနည်း ပိုညံ့ဖျင်းပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို နားထောင်သရွေ့၊ ကိုယ်တော့်ကို ကျိုးနွံနာခံပြီး နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်သရွေ့ ကိုယ်တို့အားလုံးမှာ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိပါတယ်။ သက်ကြီးရွယ်အိုတွေက ကိုယ့်ကိုယ်ကိုယ် လူငယ်တွေနဲ့ နှိုင်းယှဉ်စရာ မလိုပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်သင့်ပါတယ်။ လူငယ်တွေက ဉာဏ်ထက်မြက်ပြီး အတတ်မြန်ကြတယ်။ လူငယ်တွေမှာ အားသာချက်တွေ ရှိပေမဲ့ သူတို့က ကိစ္စရပ်တွေကို စေ့စေ့စပ်စပ် မစဉ်းစားတတ်ကြဘူး။ သက်ကြီးရွယ်အိုတွေကျတော့ အလုပ်လုပ်တဲ့အခါ တည်ငြိမ်ပြီး လေးနက်တတ်ကြတယ်။ ဒီလိုနည်းနဲ့ အတူတူ တွဲဖက်လုပ်ဆောင်တာက တာဝန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖြည့်ဆည်းပေးနိုင်တာပေါ့။ ကိုယ် နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံရရင် ယန်ရွှန်းကို အကူအညီတောင်းတယ်၊ ယန်ရွှန်းက ခက်ခဲတဲ့ မေးခွန်းတွေ ကြုံရရင် သူက ကိုယ်နဲ့ ဆွေးနွေးတယ်လေ။ ဒီတော့ ကိုယ်တို့ မြန်မြန်ဆန်ဆန်ပဲ သဘောတူညီမှု ရကြတာပေါ့။ ကိုယ်တို့နှစ်ယောက်လုံး နားမလည်ရင် ခေါင်းဆောင်ဆီကနေ လမ်းပြမှု ရယူကြတယ်၊ နောက်ဆုံးကျတော့ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားကြတာပါပဲ။ ဒါ့အပြင် ယန်ရွှန်းအတွက်ရော၊ ကိုယ့်အတွက်ပါ တစ်ဖက်လူရဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်မှုတွေ၊ ဒါမှမဟုတ် သမ္မာတရား စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကို ဘယ်သူကပဲ သတိထားမိပါစေ၊ မာနကြောင့် ဘောင်ခတ်မခံထားရဘဲ ဒါတွေကို တစ်ယောက်ကိုတစ်ယောက် ထောက်ပြနိုင်ကြတယ်၊ ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုတဲ့အတွက် ကိုယ်တို့နှစ်ယောက်လုံး တစ်ယောက်ဆီကနေ တစ်ယောက် အကျိုးကျေးဇူးတွေ ရရှိကြတာပေါ့။ အခုဆိုရင် အသက်အရွယ်ကြောင့် တာဝန်မထမ်းဆောင်နိုင်တော့မှာကို ကိုယ် မပူပန်တော့ပါဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် ကိုယ့်တာဝန်တွေကို ဘယ်လို ကောင်းကောင်း လုပ်ရမလဲ ဆိုတာကိုပဲ အာရုံစိုက်တော့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ရှီးဂျွမ်းရေ၊ ကိုယ့်ရဲ့ ဒီအတွေ့အကြုံက မင်းကို အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရဲ့ လက်တွေ့အတွေ့အကြုံအရ ဘုရားသခင်က သက်ကြီးရွယ်အိုတွေအပေါ် မျက်နှာမလိုက်ဘူးဆိုတာ တွေ့ရတယ်။ ကိုယ့်ကို ထုတ်ဖော်ဖို့အတွက် ဒီလိုအခြေအနေမျိုးကိုသာ ဘုရားသခင် မစီစဉ်ပေးခဲ့ရင် ကိုယ့်ရဲ့ အမြင်တွေ အများကြီးက သမ္မာတရားနဲ့ မကိုက်ညီဘူးဆိုတာကို ကိုယ် သဘောပေါက်မိမှာ မဟုတ်ဘူး။ ဒီထုတ် ဖော်မှုက ကိုယ့်ကို အကျိုးအမြတ်တွေ ရစေခဲ့တယ်။ မင်းမှာ အလင်းသစ်၊ ဒါမှမဟုတ် ဉာဏ်ပွင့်မှုအသစ် ရတာမျိုး ရှိရင်လည်း ဝေမျှဖို့အတွက် ကိုယ့်ဆီ စာရေးပေးပါဦး။ မင်းဆီက စာပြန်တာကို ကိုယ် မျှော်နေပါမယ်။
လီယန်ကျီး
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျန်းရှင်း၊ တရုတ်ပြည်လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကျွန်မ ပြင်းထန်တဲ့ လေးဘက်နာရောဂါ ဖြစ်ခဲ့ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခဲ့ရပါတယ်။...
ကျန်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက်...
ရှောင်ရှီး တရုတ်ပြည်၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အနီးအနားက အသင်းတော်တော်တော်များများ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတယ်။...
ယန်ရှောင်လင်၊ တရုတ်ပြည်၁၉၉၇ ခုနှစ်မှာ ရောဂါတစ်ခုကြောင့် သခင့်ကို ကျွန်မ စယုံကြည်ခဲ့တယ်၊ မကြာခင်မှာပဲ ကျွန်မရဲ့ ရောဂါအခြေအနေ...