ကောင်းချီးများကို လိုက်စားခြင်းမှ နိုးထခြင်း
၁၉၉၄ ခုနှစ်မှာ ကျွန်မအမေက သခင်ယေရှုကို ယုံကြည်ခဲ့ပါတယ်။ သုံးလအတွင်းမှာပဲ သူ့ရဲ့ နှလုံးသွေးကြောပိတ်ရောဂါက ပျောက်သွားတယ်။ ဒါက ဘုရားရဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ အသက်လေးဆယ်ဝန်းကျင်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အလုပ်က လူတွေကို ကယ်တင်တဲ့အလုပ်ဖြစ်ပြီး ဘုရားသခင် ရှေ့မှောက်ကိုလာမှ၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်မှသာ သမ္မာတရားကို နားလည်ပြီး ရရှိနိုင်မယ်၊ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုကို ရရှိပြီး အဆုံးမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်ဖို့ အခွင့်အရေး ရနိုင်မယ်ဆိုတာကို ကျွန်မ မြင်တွေ့ခဲ့ရတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မ ကိုယ့်တာဝန်တွေကို စထမ်းဆောင်ခဲ့တယ်။ အသင်းတော်က ကျွန်မကို ဘာတာဝန်ပဲ ပေးပေး ဘယ်တော့မှ မငြင်းခဲ့ဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့လောက်ပဲ ကျွန်မ စဉ်းစားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ သွေးပေါင်ချိန်က ၂၂၀အထိ တက်လာလို့ သွေးပေါင်ကျအောင် ဆေးသွင်းကုသမှု ခံယူခဲ့ရပေမဲ့ အဲဒါကြောင့်တော့ ကျွန်မရဲ့ တာဝန်တွေ ထမ်းဆောင်မှုကို မရပ်ခဲ့ဘူး။ ကျွန်မ ထင်ခဲ့တာက၊ “ကိုယ့်တာဝန်ကို ရိုးရိုးသားသား ထမ်းဆောင်နေသရွေ့ ဘုရားသခင်က ငါ့ကို ကာကွယ်မှာပါ” လို့ ကျွန်မ တွေးခဲ့တယ်။ နှစ်တွေအကြာကြီး မိုးရွာရွာ၊ နေပူပူ ကျွန်မရဲ့ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ခဲ့ပြီး၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရတဲ့ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် ကျရောက်လာတဲ့ ရောဂါတစ်ခုက ကျွန်မရဲ့ ဇာတိရုပ်မှန်ကို ဖော်ထုတ်လိုက်ပါတော့တယ်။
၂၀၀၉ ခုနှစ်၊ ဆောင်းဦးပေါက်ချိန်မှာပေါ့။ တစ်နေ့ကျတော့ ခြေထောက်နှစ်ဖက်စလုံး ရုတ်တရက် ရောင်ရမ်းပြီး နာကျင်လာတယ်။ သိပ်မကြာခင်မှာပဲ မျက်နှာနဲ့ မျက်လုံးတွေပါ ရောင်လာပြီး မျက်နှာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အပြင် မျက်လုံးတောင် ဖွင့်မရတော့ဘူး။ သမီးက ကျွန်မကို ဆေးစစ်ဖို့ ဆေးရုံခေါ်သွားတယ်။ ကျွန်မရဲ့ ကျောက်ကပ်နှစ်ဖက်စလုံး ကျုံ့နေပြီး ဆီးဆိပ်သင့်ရောဂါ ဖြစ်လာနိုင်တယ်၊ အခြေအနေဆိုးလာရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ ဒါကိုကြားတော့ ကျွန်မ လန့်သွားတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သေဖို့ သိပ်ဝေးတော့မှာ မဟုတ်ဘူးပေါ့။ ဘုရားသခင်ကို တွေ့ရှိပြီး လပိုင်းလောက်မှာပဲ ကျွန်မ တာဝန်တွေကို စထမ်းဆောင်ခဲ့တာ၊ မိုးရွာရွာ၊ နေပူပူ၊ နေမကောင်းဖြစ်ရင်တောင်မှ ကိုယ့်တာဝန်ထမ်းဆောင်တာကို ဘယ်တော့မှ မရပ်နားခဲ့ဘူးလေ။ နှစ်တွေတစ်လျှောက်လုံး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်း ပင်ပန်းဆင်းရဲခံခဲ့ရုံသာမက ဆွေမျိုးတွေရဲ့ အထင်လွဲတာ၊ လှောင်ပြောင်တာနဲ့ စော်ကားတာတွေကိုလည်း ကျွန်မ သည်းခံခဲ့တယ်။ ဒီလောက် ကြိုးစားအားထုတ်မှုက မလုံလောက်သေးဘူးလား။ ဘုရားသခင်ရဲ့ ကာကွယ်မှုကို ရဖို့ ဒါက မလုံလောက်သေးဘူးလား။ ဘုရားသခင်ကို စယုံကြည်တုန်းက နိုင်ငံတော်ရဲ့ အသက်တာအတွက် မျှော်လင့်ချက်တွေ အများကြီးထားခဲ့တာကို ကျွန်မ ပြန်တွေးမိတယ်၊ ဒါပေမဲ့ အချိန်မရွေး အသက်အန္တရာယ်ပေးနိုင်တဲ့ ဒီလောက် ပြင်းထန်တဲ့ ရောဂါကို ရင်ဆိုင်ရတဲ့အခါ နိုင်ငံတော်ကို ဝင်ရောက်ဖို့ အခွင့်အရေး ရှိပါဦးမလားလို့ တွေးမိတော့တာပေါ့။ လှပတဲ့ ပန်းတိုင်က ကျွန်မနဲ့ ဘာမှ မဆိုင်တော့သလိုပါပဲ။ စဉ်းစားလေ၊ နစ်နာတယ်လို့ ခံစားရလေဖြစ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်စိတ်တွေ ပျောက်ဆုံးကုန်တယ်။ ကျွန်မ အပျက်သဘောဆောင်တဲ့ အခြေအနေထဲ ကျရောက်သွားတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီရောဂါကို ဘာလို့ ရင်ဆိုင်နေရလဲဆိုတာ သမီး နားမလည်ပါဘူး။ သမီးစိတ်ထဲမှာ ကိုယ်တော့်ကို စောဒကတက်မိပါတယ်။ ဒါ မှားမှန်း သမီး သိပါတယ်၊ ဒါကြောင့် ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြပေးပါ” လို့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “လူတို့သည် ‘ဘုရားသခင်ကို ယခု ကျွန်ုပ်ယုံကြည်သည့်အတွက် ကျွန်ုပ်ကို သူပိုင်ပြီး ကျွန်ုပ်ကို ဘုရားသခင် တာဝန်ယူသင့်သည်၊ ကျွန်ုပ်၏ အစားအစာနှင့် နေရာထိုင်ခင်းကို တာဝန်ယူသင့်သည်၊ ကျွန်ုပ်၏ အနာဂတ်နှင့် ကံကြမ္မာကိုသာမက ကျွန်ုပ်၏ မိသားစု လုံခြုံမှုအပါအဝင် ကျွန်ုပ်ကိုယ်တိုင်၏ လုံခြုံမှုကိုလည်း တာဝန်ယူသင့်ကာ ကျွန်ုပ်အတွက် အရာရာ အဆင်ပြေမည့်အရေး၊ အရာရာသည် အေးအေးချမ်းချမ်းနှင့် အကြောင်းထူးမရှိ ဖြစ်မည့်အရေး အာမခံသင့်သည်’ ဟု ယုံကြည်ကြသည်။ ထို့ပြင် တကယ့်အဖြစ်အပျက်များက လူတို့ အလိုရှိပြီး စိတ်ကူးသည့်အတိုင်း မဖြစ်လျှင် ၎င်းတို့က ‘ဘုရားသခင်အား ယုံကြည်ခြင်းသည် ကျွန်ုပ်က ကောင်းမည်ဟု သို့မဟုတ် လွယ်ကူမည်ဟု စိတ်ကူးခဲ့သလောက် မဖြစ်ပေ။ လက်စသတ်တော့ ကျွန်ုပ်သည် ဘုရားသခင်အား ကျွန်ုပ်၏ ယုံကြည်ခြင်း၌ ဤညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအားလုံးကို ခံစားပြီး စမ်းသပ်မှုများစွာကို ဖြတ်သန်းရန် ရှိသေးသည်ပင်။ ဘုရားသခင်က ကျွန်ုပ်ကို အဘယ့်ကြောင့် မကာကွယ်သနည်း’ ဟု စဉ်းစားကြသည်။ ဤစဉ်းစားပုံက မှန်သလော၊ သို့မဟုတ် မှားသလော။ ယင်းက သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ဆိုလျှင် ဤစဉ်းစားပုံက ၎င်းတို့သည် ဘုရားသခင်အား မလျော်ကန်သော တောင်းဆိုမှုများကို ပြုလုပ်နေကြောင်း ပြသသည် မဟုတ်လော။ ဤစဉ်းစားပုံမျိုးရှိသော လူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ဆုမတောင်းသနည်း သို့မဟုတ် သမ္မာတရားကို အဘယ့်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင်က လူတို့အား ထိုသို့သောအရာများကို ကြုံတွေ့စေခြင်းတွင် နောက်ကွယ်၌ ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် ပင်ကိုအားဖြင့် ရှိ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို လူတို့ အဘယ့်ကြောင့် နားမလည်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း အဘယ့်ကြောင့် မရှိနိုင်သနည်း။ ဘုရားသခင်သည် လူတို့အနေဖြင့် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို ရရှိနိုင်ရန်နှင့် ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုအားထားခြင်းဖြင့် အသက်ရှင်ရန်အလို့ငှာ ၎င်းတို့အား ထိုသို့သောအရာများကို ရည်ရွယ်ချက်ရှိရှိ ကြုံတွေ့စေခြင်း ဖြစ်သည်။ သို့ရာတွင် လူတို့သည် သမ္မာတရားကို ရှာဖွေရမည့်အစား မိမိတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အသုံးပြုလျက် ဘုရားသခင်ကို အကဲဖြတ်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ပြဿနာပင်။ ဤသည်မှာ မနှစ်မြို့ဖွယ်သော ဤအရာများအား သင်နားလည်ရမည့်ပုံ ဖြစ်သည်။ မည်သူမျှ ဆင်းရဲဒုက္ခမရှိဘဲ ၎င်းတို့၏ တစ်ဘဝလုံး မသွားကြပေ။ လူအချို့အတွက် ယင်းက မိသားစုနှင့်သက်ဆိုင်သည်၊ အချို့အတွက်မူ အလုပ်နှင့်သက်ဆိုင်သည်၊ အချို့အတွက် အိမ်ထောင်ရေးနှင့် သက်ဆိုင်ပြီး အချို့အတွက် ကိုယ်မကျန်းမာခြင်းနှင့်သက်ဆိုင်သည်။ လူတိုင်း ဒုက္ခခံစားရမည်။ လူအချို့က ‘လူများသည် အဘယ့်ကြောင့် ဒုက္ခခံစားရမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတစ်ခုလုံး၌ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ရှင်သန်ဖို့ဆိုသည်မှာ မည်မျှ ကောင်းလိုက်မည်နည်း။ ကျွန်ုပ်တို့ ဒုက္ခမခံ၍ မရနိုင်သလော။’ ဟု ပြောကြသည်။ မရပေ။ လူတိုင်း ဒုက္ခခံစားရမည်။ ဒုက္ခက လူပုဂ္ဂိုလ်တိုင်းကို ရုပ်ခန္ဓာ အသက်တာ၏ မြောက်မြားလှသော ခံစားရခြင်းများကို တွေ့ကြုံစေသည်၊ ဤခံစားရခြင်းများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ ဒုက္ခက လူတိုင်းကို ကွဲပြားသော ခံစားချက်များနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ပေးသည်၊ သင့်အတွက်မှာမူ ယင်းက အသက်တာထဲရှိ သင်၏အတွေ့အကြုံများသာ ဖြစ်ပေသည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်ပြီး လူများကို အတွေ့အကြုံပိုများစေဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှ သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ပါက သင်သည် ဘုရားသခင်က သင့်ထံမှ လိုအပ်သည့် စံနှုန်းဖြင့် ယခင်ထက် သာ၍ နီးကပ်လာလိမ့်မည်။ နောက်ထပ် ရှုထောင့်မှာ ယင်းသည် ဘုရားသခင်က လူသားကို ပေးသည့် တာဝန် ဖြစ်သည်။ မည်သည့်တာဝန်နည်း။ ဤသည်မှာ သင်ကြုံသင့်သည့် ဆင်းရဲဒုက္ခဖြစ်သည်။ ဤဒုက္ခကို လက်ခံပြီး ခံယူနိုင်လျှင် ဤသည်မှာ သက်သေခံချက်ဖြစ်ပြီး ရှက်စရာမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မတို့ ရင်ဆိုင်ရတဲ့ အခြေအနေတိုင်း၊ ဒုက္ခဆင်းရဲတိုင်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ အဲဒါတွေအားလုံးက လူတစ်ယောက်ရဲ့ ဝိညာဉ်ရင့်ကျက်မှု ခံနိုင်ရည်ပမာဏအတွင်းမှာပဲ ရှိပါတယ်။ ကျွန်မတို့က သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေသင့်တယ်၊ ကိုယ့်အယူအဆတွေကို ဖက်တွယ်ထားတာမျိုး၊ ကိုယ့်အမြင်နဲ့ပဲ ကြည့်တာမျိုး မလုပ်သင့်ဘူးလေ။ ဇာတိပကတိ အမြင်နဲ့သာ ကြည့်ရင် ကျွန်မတို့က ဆင်းရဲဒုက္ခထဲမှာပဲ နေရမှာဖြစ်ပြီး နာမကျန်းဖြစ်တာဟာ မကောင်းတဲ့အရာ ဖြစ်သွားမှာ။ ဒါပေမဲ့ ဒီလိုအရာတွေကို ဘုရားသခင်ဆီက ခံယူပြီး သမ္မာတရားကို ရှာဖွေရင် နာမကျန်းမှုကတစ်ဆင့် သင်ခန်းစာတွေ ယူနိုင်မယ်၊ အဲဒီအခါကျရင် ဒါက ကောင်းတဲ့အရာ ဖြစ်သွားမှာပါ။ ဒီရောဂါအပေါ် ကျွန်မရဲ့ တုံ့ပြန်ပုံကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကို ရင်ဆိုင်ရတာပဲဖြစ်ဖြစ်၊ လေဒဏ်မိုးဒဏ်၊ ခါးသီးတဲ့ အအေးဒဏ်၊ အပူဒဏ်တွေကို ကြံ့ကြံ့ခံရတာပဲဖြစ်ဖြစ် ကျွန်မရဲ့ တာဝန်တွေကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူးလို့ တွေးမိတယ်။ ဒါကြောင့် ဘုရားသခင်က ကျွန်မကို ကြီးလေးတဲ့ ရောဂါတွေကနေ ကာကွယ်ပေးသင့်တယ်၊ ပြီးတော့ အဆုံးမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်ဖို့ အသက်ရှင်မှာပဲလို့ ကျွန်မ ထင်ခဲ့တာကိုး။ ဒါဟာ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဘုရားသခင် ဖော်ထုတ်ထားတဲ့ အခြေအနေအတိုင်း အတိအကျ ဖြစ်နေတာ မဟုတ်ဘူးလား။ “လူတို့သည် ‘ဘုရားသခင်ကို ယခု ကျွန်ုပ်ယုံကြည်သည့်အတွက် ကျွန်ုပ်ကို သူပိုင်ပြီး ကျွန်ုပ်ကို ဘုရားသခင် တာဝန်ယူသင့်သည်၊ ကျွန်ုပ်၏ အစားအစာနှင့် နေရာထိုင်ခင်းကို တာဝန်ယူသင့်သည်၊ ကျွန်ုပ်၏ အနာဂတ်နှင့် ကံကြမ္မာ...ကျွန်ုပ်ကိုယ်တိုင်၏ လုံခြုံမှုကိုလည်း တာဝန်ယူသင့်...သည်’’ ဟု ယုံကြည်ကြသည်။” ကျွန်မ စိတ်ကူးထားသလို ဘုရားသခင်က မကာကွယ်ပေးတာကို မြင်လိုက်ရတဲ့အခါ ကျွန်မ ဘုရားသခင်ကို စပြီး စောဒကတက်တော့တာပဲ။ ဘုရားသခင်နဲ့ အကျိုးအကြောင်းပြ ငြင်းခုံဖို့ ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံတာတွေ၊ အသုံးခံတာတွေကို အရင်းအနှီးအနေနဲ့ အသုံးပြုခဲ့ပြီး ကိုယ့်တာဝန်တွေကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်လာခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားက ဘယ်ရောက်သွားပါလိမ့်။ ကျွန်မ အရင်က စွန့်လွှတ်အနစ်နာခံတာတွေ၊ အသုံးခံတာတွေက စစ်မှန်ရိုးသားမှုတောင် မရှိခဲ့ပါလား။ ဒီအခြေအနေကသာ ကျွန်မကို မဖော်ထုတ်ခဲ့ရင် ကောင်းချီးရဖို့ ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ မှားယွင်းတဲ့ အမြင်တွေကို ကျွန်မ သတိပြုမိခဲ့မှာ မဟုတ်ဘူး။ အဲဒါကို သဘောပေါက်လိုက်တဲ့အခါ စိတ်ထဲ သိပ်မခံစားရတော့ဘဲ ကျိုးနွံနာခံချင်စိတ် ရှိလာတယ်။ ဆေးကုသမှု ခံယူရင်းနဲ့ ကိုယ့်တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ အခြေအနေ တိုးတက်လာပြီး ရောဂါဝေဒနာလည်း နည်းနည်း သက်သာလာတယ်။ ခြေထောက်တွေ တစ်ချက်တစ်ချက် ရောင်နေတုန်းပဲ ဆိုပေမဲ့ အဲဒါကြောင့် ဘောင်ခတ်မခံရဘဲ တက်တက်ကြွကြွနဲ့ ဧဝံဂေလိတရားဆက်ဟောခဲ့တယ်။
၂၀၁၈ ခုနှစ်၊ ဆောင်းရာသီမှာ ခြေထောက်ပေါ်က အဖုတစ်ခုကို ရုတ်တရက် သတိထားမိလိုက်တယ်။ ခြေထောက်က အရမ်းနာလွန်းလို့ ခြေထောက်မထောက်နိုင်ဖြစ်ပြီး လမ်းလျှောက်ဖို့ ကျွန်မသမီးရဲ့ အကူအညီ လိုအပ်ခဲ့တယ်။ ဆေးရုံသွားပြပြီးနောက်မှာ ဆရာဝန်က ဂေါက်ရောဂါလို့ အဖြေပေးတယ်။ ကျွန်မရဲ့ ကျောက်ကပ်အညစ်အကြေး ပမာဏက ၂၀၀ ကျော် ကနေ ၅၀၀ ကျော်အထိ မြင့်တက်လာပြီး ဆီးဆိပ်သင့်ရောဂါ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ဆရာဝန်က တွေ့ရှိခဲ့တယ်။ ကျွန်မ အဖြစ်မှန်ကို ခံနိုင်ရည်မရှိမှာစိုးလို့ ဆရာဝန်က ရောဂါအခြေအနေအမှန်ကို ဖုံးကွယ်ထားခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်မက ရောဂါကို သိပ်ကိစ္စမရှိဘူးလို့ ထင်ခဲ့ပေမဲ့ လေးရက်မြောက်တဲ့နေ့မှာ သမီးက နာရေးကိစ္စ စီစဉ်ဖို့ ရုတ်တရက် မေးလာတဲ့အခါကျမှ ရောဂါအခြေအနေ ပိုဆိုးလာမှန်း ကျွန်မ သိလိုက်ရတယ်။ ကျွန်မ ရင်တုန်သွားပြီး “ငါဟာ တကယ်ကို အချိန်သိပ်မကျန်တော့တာများ ဖြစ်နိုင်လား၊ ငါ သေတော့မှာလား” လို့ တွေးမိတယ်။ အဲဒါကို မတွေးရဲလွန်းလို့ “အို ဘုရားသခင်၊ သမီးရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက ကိုယ်တော့်လက်ထဲမှာပါ။ ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီမံမှုတွေကို သမီး ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်” လို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ နောက်သုံးလေးရက်ကြာတော့ ကျွန်မရောဂါက တကယ်ပဲ နောက်ဆုံးအဆင့် ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မ လက်တွေ တုန်တာကို မထိန်းနိုင်တော့ဘဲ ခွက်ကိုတောင် မကိုင်နိုင်တော့ဘူး။ ဒီအဖြစ်မှန်ကို လက်မခံနိုင်ဖြစ်ခဲ့ရတယ်၊ ဆရာဝန်များ အမှားလုပ်မိတာလားလို့ တွေးမိပြီး။ “ငါ့ရောဂါက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဆိုးရွားသွားရတာလဲ။ ငါက ဘုရားသခင်ကို ယုံကြည်တဲ့သူပဲ၊ ဘုရားသခင်က ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ အသေခံမှာ မဟုတ်ပါဘူး” လို့ တွေးမိတယ်။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ “ငါ့မှာ ဆီးဆိပ်သင့်ရောဂါ နောက်ဆုံးအဆင့် ရှိနေပြီလို့ ဆေးစစ်ချက် အဖြေထွက်ထားတာပဲ။ မယုံလို့ ဘာထူးမှာလဲ။ ဒါက လက်တွေ့အရှိတရားပဲလေ” ပေါ့။ ကျွန်မ ဘဝဟာ အဆုံးသတ်ခါနီးပြီလို့ ခံစားရပြီး နာကျင်မှုတွေ၊ မျှော်လင့်ချက် ကင်းမဲ့တာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး၊ နိုင်ငံတော်ရဲ့ လှပမှုကို မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ဘူးလို့ တွေးမိတဲ့အခါ ကိုယ့်ကံကြမ္မာကို လက်မခံချင် ဖြစ်ခဲ့တယ်၊ “နှစ်ပေါင်းများစွာ ငါ ကြိုးစားအားထုတ်ခဲ့တာတွေကနေ ဘာအကျိုးအမြတ် ရလိုက်လို့လဲ။ ငါ ဒီအချိန်အထိ ကိုယ့်တာဝန်တွေ ထမ်းဆောင်ခဲ့တာပဲ၊ ဘာလို့ ရောဂါက ဆက်ပြီး ဆိုးလာရတာလဲ” လို့ တွေးမိတယ်။ ဘုရားသခင်က ကျွန်မအပေါ် တကယ် မတရားဘူးလို့ ခံစားခဲ့ရတယ်။ ညဘက် အိပ်ရာထဲ လှဲနေရင်းနဲ့ ကျွန်မတို့နဲ့ စီးပွားရေး အတူလုပ်ဖူးတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း တွေးမိတယ်။ သူလည်း ကျွန်မလို ရောဂါမျိုး ဖြစ်ဖူးတယ်။ ရောဂါရှိမှန်း သိပြီးနောက် အိမ်ပြန်သွားပြီး ဆယ်ရက်အတွင်း သေဆုံးသွားခဲ့တယ်။ ကျွန်မလည်း သေခြင်းတရားက နီးလာပြီး အဆုံးသတ်ဖို့ တာစူနေပြီလို့ ခံစားလိုက်ရတယ်။ ကျွန်မက သေလူတစ်ယောက်လို ဖြစ်နေပြီပဲ၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်နေလို့ကော ဘာထူးမှာလဲလို့ ခံစားခဲ့ရတာပေါ့။ ရက်ပေါင်း ၂၀ ကျော်လောက် ကျွန်မ အပျက်သဘောဆောင်သွားပြီး အင်မတန် စိတ်ဆင်းဆင်းရဲရဲနဲ့ အသက်ရှင်ခဲ့ရတယ်။ ဘုရားသခင်နဲ့ ဝေးကွာသွားမှန်း သိတဲ့အတွက် ကျွန်မကို ဉာဏ်ပွင့်စေပြီး အလင်းပေးဖို့ ဘုရားသခင်ဆီ ကျွန်မ အော်ဟစ်တောင်းလျှောက်ခဲ့တယ်။ အဲဒီအခါ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ သတိရလိုက်တယ်။
စုံစမ်းခြင်းများ၌ ယုံကြည်ခြင်း လိုအပ်
၁ စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် ခြုံငုံကြည့်လျှင် သင်သည် ဘုရားသခင်၏ အမှုတော်၌ ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ယောဘကဲ့သို့ပင် ဘုရားသခင်ကို မငြင်းဆန်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း လူတို့မွေးဖွားပြီးနောက်တွင် လူတို့ပိုင်ဆိုင်သည့် အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့ကို နုတ်ယူသည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သည့်စမ်းသပ်မှုများကို သူကြုံတွေ့ရသည်ဖြစ်စေ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။
၂ လူတို့၏ အတွေ့အကြုံများထဲ၌ ဘုရားနှုတ်ကပတ်တော်များမှ ၎င်းတို့ ကြုံတွေ့ရသော စစ်ဆေးခြင်းက မည်သည့်အရာဖြစ်ပါစေ ခြုံငုံကြည့်လျှင် ဘုရားသခင် လိုချင်သည့်အရာမှာ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြစ်၏။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ ဖြစ်သည်။...
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်စဉ်းစားပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံး ဉာဏ်အလင်းရလာတယ်။ တကယ်တော့ ဘုရားသခင်က ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေကို စီစဉ်ပေးတာပါ။ ကြီးမားတဲ့ စမ်းသပ်မှုတွေကို ကြံ့ကြံ့ခံခဲ့တဲ့ ယောဘအကြောင်း ကျွန်မ တွေးမိတယ်။ သူ့ရဲ့ ဥစ္စာပစ္စည်းတွေ လုယူခံရတယ်၊ သားသမီးတွေ သေဆုံးခဲ့တယ်၊ သူ့တစ်ကိုယ်လုံးမှာလည်း အနာစိမ်းတွေ ပေါက်နေခဲ့တယ်၊ ဒါပေမဲ့ သူ ဘယ်တော့မှ မညည်းညူခဲ့ဘဲ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ဆက်ရှိခဲ့ပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ ဘုရားသခင် ပြုလုပ်တဲ့အရာတွေက လူ့အယူအဆတွေနဲ့ မကိုက်ညီတဲ့အတွက် လူတွေက အဲဒါကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့အခါ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားမလည်တဲ့အခါ အဲဒါကို ကြုံတွေ့ခံစားဖို့ ယုံကြည်ခြင်း လိုအပ်ပါတယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးက အများကြီး ပိုကြည်လင်သွားတယ်။
အဲဒီနောက်မှာ ကျွန်မ ဆက်ပြီး ဆင်ခြင်သုံးသပ်မိတယ်။ ဆီးဆိပ်သင့်ရောဂါ နောက်ဆုံးအဆင့် ရောက်နေမှန်း သိလိုက်ရတုန်းက ကျွန်မ ကြောက်လန့်တုန်လှုပ်ပြီး အသက်ရှင်ခဲ့ရတယ်။ အမှန်တော့ ကျွန်မ သေမှာ ကြောက်နေခဲ့တာပါ။ ဒါကြောင့် ကျွန်မရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဆင်းရဲဒုက္ခမှ အဘယ်ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က မထိန်းနိုင်မသိမ်းနိုင် ကြောက်သေးများ ပါကုန် ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ ကြသည်။ ကောင်းကင်ဘုံနှင့် လူသားကိုလည်း ရိုက်ပုတ်ကန်ကျောက်ကြသည်၊ အချို့က ငိုကြွေးမြည်တမ်းခြင်းပင် ပြုလုပ်ကြသည်။ ဤသည်တို့မှာ သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ လုံးဝမဟုတ်ပေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ထဲတွင် သေခြင်းကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို အမှန်တကယ် ကျိုးနွံနာခံဖို့ နေနေသာသာ၊ ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာနှင့် အသိအမှတ်ပြုခြင်းတို့ မရှိသောကြောင့် ဤအရှက်ရစရာ ပုံစံများဖြင့် ပြုမူကြခြင်း ဖြစ်သည်။ လူတို့သည် အရာရာကို မိမိတို့ဘာသာ စီစဉ်ပြီး အုပ်စိုးချင်သောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ မိမိတို့၏ ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ် ချင်သောကြောင့်သာ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုမှ လူတို့ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတာက လူတွေက သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံမှုတွေကို နားမလည်ကြလို့ ကြောက်လန့်တုန်လှုပ်ကြတယ်ဆိုတာပါ။ လူ့အသက်ရှင်ခြင်းနဲ့ သေခြင်းက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပြီး လူတွေ သူတို့ဘာသာ ဆုံးဖြတ်လို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။ ကိုယ့်ကံကြမ္မာကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူးလေ။ ယောဘက သူ့ဘဝရဲ့ အထူးတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီးသွားတဲ့အခါ သေခြင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့တယ်လို့ ဘုရားသခင် မိန့်တော်မူပုံကို ကျွန်မ တွေးမိပြီး အတော်လေး တို့ထိခံခဲ့ရတယ်။ ယောဘက သူ့တစ်သက်လုံး ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့တယ်၊ ဘုရားသခင်နဲ့ ဘယ်တော့မှ အပေးအယူလုပ်ဖို့ မကြိုးစားခဲ့သလို တောင်းဆိုမှုတွေလည်း မလုပ်ခဲ့ဘူး။ ဘုရားသခင် ပေးသနားတဲ့အခါ သူက ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ပြီး ဘုရားသခင်က အမှုအရာတွေကို ပြန်ရုပ်သိမ်းတဲ့အခါမှာလည်း သူ ကျိုးနွံနာခံခဲ့တယ်။ ဘုရားသခင်က သူ့ကို ဘယ်လိုပဲ ဆက်ဆံပါစေ သူ ကျိုးနွံနာခံနိုင်ခဲ့ပြီး သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကျတော့ ဆီးဆိပ်သင့်ရောဂါ နောက်ဆုံးအဆင့် ရောက်နေပြီး အသက်ရှင်ဖို့ သိပ်မကျန်တော့ဘူးဆိုတာ သိလိုက်ရတဲ့အခါ ဘုရားသခင်ကို ညည်းညူခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်ကို နာခံမှု မရှိတဲ့အပြင် ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးလည်း မရှိခဲ့ပါဘူး။ ကျွန်မ ဒီလိုပုံစံမျိုးနဲ့ ဆက်သွားလို့ မရတော့ဘူး။ ယောဘရဲ့ နမူနာကို လိုက်ဖို့၊ ကိုယ့်အသက်ကို ဘုရားသခင်လက်ထဲ အပ်နှံဖို့နဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံမှုတွေရဲ့ ပြုသမျှကို ခံဖို့ ကျွန်မ ဆန္ဒရှိလာတယ်။ အသက်ရှင်နေသရွေ့ ကိုယ့်တာဝန်ကို အစွမ်းကုန် ထမ်းဆောင်မယ်၊ သေခြင်းတရား ရောက်လာတဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီမံမှုတွေကို ကျိုးနွံနာခံမယ်ပေါ့။ ဒီလို သဘောပေါက်သွားပြီးတဲ့နောက်မှာ ကျွန်မ အများကြီး စိတ်သက်သာရာ ရသွားတယ်။
နောက်ပိုင်းမှာ ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်၊ “ရောဂါဝေဒနာနဲ့ ရင်ဆိုင်ရတဲ့အခါ ငါ့ကို မတရား ဆက်ဆံတယ်ဆိုပြီး ဘုရားသခင်ကို ဘာလို့ ငါ ညည်းညူခဲ့တာလဲ” ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်၊ “လူများသည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းထက် သာ၍မလျော်ကန်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။...ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုံ့ပြန်သနည်း။ ‘လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်း ပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။’ ဘုရားသခင်သည် လူသားကို သူကယ်တင်သည့်အချိန်တွင် စာတန်ကို မဖျက်ဆီးရသည့်အကြောင်းအရင်းမှာ လူသားများကို စာတန်က မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ လူသားများကို ဖျက်ဆီးခဲ့သည့် အတိုင်းအတာနှင့် ဘုရားသခင်က လူသားတို့ကို မည်သို့ သန့်စင်ပြီး ကယ်တင်ကြောင်းတို့ကို လူသားများ ရှင်းလင်းစွာ မြင်နိုင်ဖို့ဖြစ်သည်ကို သင်သည် ယခုအခါ သိမြင်သင့်ပေသည်။ အဆုံးတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး စာတန်၏ စက်ဆုပ်ဖွယ် အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ၎င်းတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့်သက်ဆိုင်သော ကြောက်စရာကောင်းသော အပြစ်တရားကို ရှုမြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် စာတန်ကို ဖျက်ဆီးကာ လူတို့အား သူ၏ ဖြောင့်မတ်ခြင်းကို ပြလိမ့်မည်။ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အချိန်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နေသည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။ ပေတရုသည် အချို့သော အမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဉာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဆိုတာ ကျွန်မ ထင်ထားသလို တရားမျှတတာ၊ ကျိုးကြောင်းဆီလျော်တာ၊ ဒါမှမဟုတ် ကြိုးစားအားထုတ်မှုအတွက် ဆုချတာမျိုး မဟုတ်မှန်း ကျွန်မ နားလည်သွားတယ်။ ကျွန်မက ဘယ်လောက်ပဲ ပေးဆပ်ပုံရပါစေ၊ ဘုရားသခင်က ကျွန်မကို အဲဒီလောက် ပြန်ပေးရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကိုယ်တော်ရဲ့ အနှစ်သာရက ဆုံးဖြတ်တာပါ။ ဘုရားသခင် ပြုလုပ်တဲ့အရာမှန်သမျှက ဖြောင့်မတ်ပြီး နောက်ကွယ်မှာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်ရင် ဆုလာဘ် ရကိုရမယ်လို့ ကျွန်မ ထင်ခဲ့တာ၊ ကိုယ့်တာဝန်မှာ များများပေးဆပ်လေ ဘုရားသခင်က ကျွန်မကို များများ ဆုချသင့်လေပဲလို့။ ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မက စွန့်လွှတ်အနစ်နာခံတာတွေ၊ ကိုယ့်ကိုယ်ကို အသုံးခံတာတွေ ပြုလုပ်တဲ့အခါ ဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ ကောင်းချီးတွေကို ရသင့်တယ်၊ ကိုယ်တော်ရဲ့ နိုင်ငံတော်ထဲကို ခေါ်ဆောင်ခံရသင့်တယ်လို့ ထင်ခဲ့ပြီး၊ ဒီလိုမှမဟုတ်ရင် ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ကျွန်မ ထင်ခဲ့တာ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းအပေါ် ကျွန်မရဲ့ နားလည်မှုက ယုတ္တိမရှိလိုက်တာ။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်မက ဖန်ဆင်းခံလေးတစ်ယောက်ပါ။ ဘုရားသခင်က အရာရာကို ဘယ်လိုပဲ စီစဉ်ပါစေ၊ ကျွန်မကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ အဲဒါက သင့်လျော်ပြီး ဖြောင့်မတ်ပါတယ်။ ဘုရားသခင်က ကျွန်မကို ကောင်းချီးပေးရင် ကိုယ်တော် ဖြောင့်မတ်တယ်၊ ကောင်းချီးမပေးရင်လည်း ကိုယ်တော် ဖြောင့်မတ်တုန်းပါပဲ။ ကျွန်မသာ ဘုရားသခင်ကို ကိုယ့်အယူအဆတွေနဲ့ တိုင်းတာရင် ကိုယ်တော့်ကို အတိုက်အခံလုပ်နေတာ ဖြစ်ပါတယ်။ ဘုရားသခင်က တစ်ခါက မိန့်တော်မူခဲ့တာကို ကျွန်မ သတိရလိုက်တယ်၊ “မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား ညစ်ညူးစေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးသော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်းတို့ မည်မျှ သနားစရာကောင်းသည်ကိုမဆိုထားနှင့်၊ အသက်၊ ဝါ၊ သို့မဟုတ် ဒုက္ခခံစားရမှု ပမာဏကို အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ၎င်းတို့၌ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့်အညီသာ ဆုံးဖြတ်ပေသည်။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) လူတစ်ယောက်ရဲ့ ပန်းတိုင်ကို ဘုရားသခင် သတ်မှတ်တာက သူတို့မှာ သမ္မာတရား ရှိမရှိအပေါ် အခြေခံတာပါ၊ အပြင်ပန်း စွန့်လွှတ်အနစ်နာခံမှုနဲ့ အသုံးခံမှုတွေအပေါ် အခြေခံတာ မဟုတ်ပါဘူး။ သမ္မာတရား ရရှိမှသာ လူတစ်ယောက်က ကောင်းမွန်တဲ့ အဆုံးသတ်ကို ရနိုင်မှာပါ။ လူတစ်ယောက်က သမ္မာတရား မရရှိဘဲ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နှက်နေမယ်၊ ပြီးတော့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ ဘုရားသခင်ကို လှည့်စားဖို့ သူ့ရဲ့ အနစ်နာခံမှုနဲ့ အသုံးခံမှုတွေကို အသုံးပြုရင် အဲဒီလိုလူမျိုးကို ဘုရားသခင်က မုန်းတီးပြီး နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်ပါဘူး။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပါပဲ။ ကျွန်မက အပေးအယူလုပ်တဲ့ စိတ်သဘောထား၊ အလဲအလှယ်လုပ်တဲ့ စိတ်သဘောထားနဲ့ ဘုရားသခင်ကို ယုံကြည်ခဲ့တာ၊ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရဖို့ ကျွန်မရဲ့ အပြင်ပန်း ဒုက္ခခံမှုနဲ့ အသုံးခံမှုတွေကို အသုံးပြုချင်ခဲ့တာလေ။ ကျွန်မက ဘုရားသခင်ကို လှည့်စားပြီး အမြတ်ထုတ်နေခဲ့တာ။ ဒီလိုပုံစံနဲ့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ဘယ်လိုများ ရနိုင်မှာလဲ၊ ဒါမှမဟုတ် နိုင်ငံတော်ကို ကျွန်မ ဘယ်လိုများ ဝင်ရောက်နိုင်မှာလဲ။ ပေါလုရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ အသုံးခံမှုတွေအကြောင်း ကျွန်မ တွေးမိတယ်။ သူက သခင်ယေရှုရဲ့ ဧဝံဂေလိကို နေရာတိုင်းမှာ တရားဟောခဲ့တယ်၊ ဥရောပတစ်ခွင်လုံးမှာတောင် တရားဟောခဲ့ပြီး အသင်းတော်တွေ အများကြီးကို တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူ ပြောခဲ့တာက၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုဟာ ဘုရားသခင်ဆီကနေ ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုဖို့ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ အသုံးခံမှုတွေကို အရင်းအနှီးအနေနဲ့ အသုံးပြုခဲ့တယ်တဲ့၊ အဲဒါကြောင့် သူဟာ နောက်ဆုံးမှာ အပြစ်ဒဏ်ပေးခံရဖို့ ငရဲထဲ ပစ်ချခံခဲ့ရတယ်။ ဘုရားသခင်ကို ယုံကြည်မှုနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ အမြင်က ပေါလုနဲ့ အတူတူပါပဲ။ ကောင်းချီးတွေရဖို့ ကျွန်မရဲ့ လိုအင်ဆန္ဒ ပျက်စီးသွားတဲ့အခါ ဘုရားသခင်နဲ့ပတ်သက်ပြီး ကျွန်မ ညည်းညူခဲ့တယ်။ ကျွန်မသာ နောင်တမရခဲ့ရင် ပေါလုလိုပဲ အဆုံးသတ်သွားမှာ မဟုတ်ဘူးလား။
နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုတဲ့အခါ ညီအစ်မတစ်ယောက်က ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ရှာဖွေပေးတယ်၊ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်သာဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ခါးစီးခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ စာတန်ဆန်သော သဘာဝနှင့်ပတ်သက်သည့် အကောင်းဆုံးသော အထောက်အထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတာက နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီး အရာရာကို စွန့်လွှတ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာတွေ အားလုံးက ကောင်းချီးရဖို့ သက်သက်ပဲ ဆိုတာကိုပေါ့။ ဘုရားသခင် ကျွန်မကို ကာကွယ်တာ၊ ဘေးကင်းအောင်ထားတာကို လိုချင်တယ်၊ ရောဂါ ဒါမှမဟုတ် ဘေးအန္တရာယ်ကနေ ကင်းဝေးချင်တယ်။ ဒါက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတာပါပဲ။ ကျွန်မ လုပ်သမျှ အရာတိုင်းမှာ “အကျိုးအမြတ်” ကို ရှေ့တန်းတင်ထားရင်း “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” နဲ့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာ။ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ အကျိုးရှိသရွေ့ တန်တယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဘုရားသခင်ကို ယုံကြည်ရာမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ ကောင်းမွန်တဲ့ ပန်းတိုင်ကို ရစေနိုင်တယ်လို့ ကြားရတဲ့အခါ ကျွန်မ အရာရာကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်၊ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ တန်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မမှာ ဆီးဆိပ်သင့်ရောဂါ ရှိနေပြီး အသက်အန္တရာယ်တောင် ရှိနေမှန်း သိလိုက်ရတဲ့အခါ ကျွန်မ သေသွားရင် နိုင်ငံတော်ကို ဝင်ရောက်ပြီး ကောင်းချီးတွေ ရတော့မှာ မဟုတ်ဘူးလို့ တွေးမိတယ်၊ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်ကို မဖတ်ချင်၊ မဆုတောင်းချင်တော့ဘဲ ဘုရားသခင်ကိုတောင် ညည်းညူပြီး ကိုယ်တော့်ကို ငြင်းခုံဆန့်ကျင်တဲ့အပြင် မဖြောင့်မတ်ဘူးလို့ ဝေဖန်ကဲ့ရဲ့ခဲ့တယ်။ ဘုရားသခင်ဆီ တောင်းဆိုမှုတွေ ပြုလုပ်ဖို့၊ ကျွန်မရဲ့ လုပ်ရပ်တွေအတွက် အဖိုးအခ ပြန်တောင်းဖို့ ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ အသုံးခံမှုတွေကို အသုံးပြုခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားက ဘယ်ရောက်သွားပါလိမ့်။ ကျွန်မ တော်တော်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ခဲ့တာပဲ။ ဒီလို စွန့်လွှတ်အနစ်နာခံမှုမျိုးက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ဘယ်လိုလုပ် ရနိုင်မှာလဲ။ ဘုရားသခင်ရဲ့ အလုပ်က လူတွေကို ကယ်တင်ဖို့၊ ပြီးတော့ ကိုယ့်တာဝန်တွေ ထမ်းဆောင်ရာမှာ သမ္မာတရားကို လိုက်စားခြင်းကတစ်ဆင့် သူတို့ရဲ့စိတ်သဘောထား ပြောင်းလဲမှု ရရှိစေပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိစေဖို့ပါ။ ဒါပေမဲ့ ကျွန်မက ကောင်းချီးရဖို့အတွက်ပဲ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေထိုင်တာက ကျွန်မကို တကယ်ပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေတယ်ဆိုတာ ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ကျွန်မ ဒီလို ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး၊ ဘုရားသခင်ဆီ နောင်တရချင်တယ်။ နောက်ပိုင်းမှာ ကျွန်မ ဧည့်ခံဝတ်ပြုတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စိတ်ထဲမှာ ပျော်ရွှင်ဝမ်းမြောက်မှုကို ခံစားခဲ့ရတယ်။ ကိုယ့်တာဝန်တွေကို ကိုယ့်ဝတ္တရားအနေနဲ့ သဘောထားပြုမူမှသာ အဓိပ္ပာယ်ရှိတဲ့ အသက်တာကို ရှင်သန်နိုင်မယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၁၉၉၄ ခုနှစ်မှာ ကျွန်မအမေက သခင်ယေရှုကို ယုံကြည်ခဲ့ပါတယ်။ သုံးလအတွင်းမှာပဲ သူ့ရဲ့ နှလုံးသွေးကြောပိတ်ရောဂါက ပျောက်သွားတယ်။ ဒါက ဘုရားရဲ့...
ကျန်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက်...
လီယန်ကျီး၊ တရုတ်ပြည်ချစ်ရတဲ့ ရှီးဂျွမ်းရေ...မိန်းမရဲ့ပေးစာကို ကိုယ် လက်ခံရရှိပါတယ်။ မင်းရဲ့စာထဲမှာ အခုတလော တာဝန်ထမ်းဆောင်တဲ့အခါ...
ကျွန်မက ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ၊ ကျွန်မအသက် ၆၀ မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့တယ်။...